လူနှစ်ဦးတောင်ရှိနေသည့် အခန်းထဲတွင် လေထုကအစ တိတ်ဆိတ်နေသည်။ ပြတင်းပေါက်က လေတိုးသံတောင်မကြားရ။ အပြင်ဘက်က ကောင်းကင်ကြီးကလည်း ကြယ်ရော လရော မရှိ...မဟူရာရောင် အတိ။
ဆက်တီခုံတွင် ကြုံ့ကြုံ့လေးထိုင်ကာ အုန်းမုက်ခွက်ခေါင်းလုံးလေးကိုအောက်စိုက်ထားကာ လက်တွေအား အချင်းချင်းပွတ်သတ်ကာ စိတ်လှုပ်ရှားနေသော တိမ်တိုက်ကြိုး။ ညမီးအလင်းရောင်များ ထိန်ထိန်ညီးနေသော အပြင်ဘက်ကို ပြတင်းပေါက်ကနေတစ်ဆင့် လက်ပိုက်ကာ အေးစက်နေသော မျက်လုံးတွေနှင့် စူးစိုက်ကြည့်နေသော ခွန်းမာနမောင်။
ခွန်း၏မျက်နှာတွင် အလိုမကျမှုနှင့် ဒေါသအရိပ်များပြေးနေပြီး တိမ်တိုက်မျက်နှာတွင် စိုးရိမ်ခြင်းနှင့်အားငယ်ခြင်းတို့ တတိတိ တက်လာနေသည်။
'' မောင် မင်းကိုကြည့်နေတာကြာပြီ တိမ်တိုက်ကြိုး။ အလုပ်ကိုအကြောင်းပြပြီး မင်းပျက်စီးနေတာ ''
တိမ်တိုက်တစ်ယောက် အလုပ်လုပ်နေကတည်း ညဘက်အိမ်ပြန်နောက်ကျတာတွေ ပြန်မလာဖြစ်တာတွေ ရှိလာသည်။ မေးလိုက်လျှင်တော့ အမေ့အိမ်ပြန်အိပ်တာဟု ဖြေပြီး စုံစမ်းကြည့်လျှင် မဟုတ်ပြန်ချေ။ ပြန်လာဖြစ်သည့်နေ့တွေဆိုလျှင်လည်း ငါးရက်မှာ သုံးရက်လောက်က ဝိုင်နံ့သင်းပြီးပြန်လာသည်။
'' အဲ့လိုမဟုတ်ပါဘူး တစ်ခါတ.....''
'' ဘာတစ်ခါတလေ မင်းဟာက တစ်ခါ နှစ်ခါ ကတော့လို့လား။ ''
'' မောင်...အဲ့ဒါ....''
'' တိတ်လိုက်... မောင်ဘာမှမကြားချင်ဘူး။ ဒီပုံစံအတိုင်းဆို နောက်နေ့အလုပ်သွားဖို့မလိုတော့ဘူး ''
'' မောင့်! ! ''
တိမ်တိုက် ထိုင်နေရာကနေ ငိုက်ကနဲထရပ်ကာ ခွန်းအား မယုံနိုင်သလို ကြည့်ကာ အော်လိုက်သည်။
'' ဘာလဲ မင်းမှာ အလုပ်လုပ်မှ ဖြစ်ရမယ့်အကြောင်းအရင်းရှိနေလား ။ မင်းကိုမောင်ရှာကျွေးနိုင်တယ်ဆိုတာ မင်းမသိဘူးလား ''
''......''
'' အမေ့ကြောင့်လို့တော့ ဆင်ခြေမရှာနဲ့ ။ အမေမင်းကိုခွင့်ပြုထားတယ်ဆိုတာ မောင်သဘောတူထားလို့ဆိုတာ မမေ့နဲ့ ''
''......''
တိမ်တိုက် ဆွံ့အသွားရသည်။ ခွန်း၏ မမျှော်လင့်ထားသော အတ္တနှင့် အတွေးအပိုင်းအစတို့က ပွင့်အန်ထွက်လာချိန် တိမ်တိုက်တစ်ယောက် မျက်ရည်တွေဝဲကျလာသည်။
'' အဲ့တော့ မောင့်သဘောက မောင်ရှာတာကို ကျွန်တော်က အေးဆေးထိုင်သုံးပြီး အချိန်တန်ရင် မောင့်အောက်မှာ ငိုပေးရမယ်ပေါ့လေ ''
'' တိမ်တိုက်! ''
ခွန်း တိမ်တိုက်၏ ကြမ်းတမ်းသော ခပ်ရွဲ့ရွဲ့ စကားကြောင့် ရုတ်တရက်အံ့ဩစွာ လှည့်ကြည့်လာသည်။
'' ဘာတွေ အံ့ဩနေလဲမောင်.....မောင်ဆိုလိုတာ အဲ့သဘောမလား ''
တိမ်တိုက် လေသံက ခပ်အေးအေးပဲ တည်တည်ငြိမ်ငြိမ်ပြောနေသည်။ ခွန်း တိမ်တိုက်နားကို ကပ်လာပြီး တိမ်တိုက်လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရမ်းကာ
'' စကားကိုဘယ်လိုတွေပြောနေတာလဲ မင်း...ဟမ် ''
အပေါ်ကနေအုပ်မိုး လှုပ်ရမ်းနေသော ခွန်းကို တိမ်တိုက် မျက်လုံးလှန်ကြည့်လိုက်သည်။ ဘယ်သောအခါမှ မရှိခဲ့ဖူးသည့်အေးစက်စက် အရိပ်တွေက တိမ်တိုက်မျက်ဝန်းထဲမှာအပြည့်။
'' မောင်ကြားတဲ့အတိုင်းပဲ မောင် ''
တိမ်တိုက် ပြုံးပြီးဖြေတော့ ခွန်း တဖြည်းဖြည်း စိတ်ပူလာသည်။ ခွန်း သူ၏ စကားများကို တိမ်တိုက်တစ်ယောက် တစ်လွဲတွေးနေပြီဆိုတာကိုပင်။
'' မင်းဘာဖြစ်နေတာလဲ တိမ်တိုက်ကြိုး ''
ဆုပ်ကိုင်ထားသော လက်မောင်းထက်က ခွန်းလက်တွေကို တိမ်တို်က်ဖယ်ချလိုက်ပြီး ခွန်းကို တည့်တည့်မော့ကြည့်လိုက်သည်။
'' ဒီမှာမောင်။ ကျွန်တော်က ယောကျာ်းတစ်ယောက်။ မောင့်လိုပဲ အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ကျွန်တော့်မှာလည်းရှိတယ်။ မောင်ပြောသလိုဆို ကျွန်တော့်အရည်အချင်းနဲ့ မောင့်ကိုရှာကျွေးနိုင်တယ်။ မောင် အိမ်မှာပဲ နေနိုင်လား။ ''
'' ......''
'' မောင် ကျွန်တော့်စကားနားထောင်လေ ကျွန်တော်မောင့်ကို စိတ်ချမ်းသာအောင်ထားပြီး လိုလေသေးမရှိအောင်ထားနိုင်တယ် ''
ခွန်း တိမ်တိုက်နားကနေ ခပ်ခွာခွာ ရပ်လိုက်ချိန်တွင် နှစ်ယောက်လုံး၏ သွေးအေးတိုက်ပွဲက စတင်တော့သည်။
'' မင်း မောင့် ကိုစော်ကားနေတာလား တိမ်တိုက် ''
'' ဒီမှာ မောင်။ မောင့်စကားနားထောင်ပြီး မောင့်အနားမှာပဲ ကပ်တွယ်နေတယ်ဆိုတာ....ကျွန်တော့်မှာ ဘာအရည်အချင်း...ဘာအစွမ်းအစမှ မရှိလို့ မဟုတ်ဘူး။ မောင့့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ မောင်ဘာပဲဖြစ်နေနေ မောင် ကျွန်တော့်အပေါ်ဘယ်လိုပဲဆက်ဆံဆက်ဆံ မောင့်အနားမှာပဲနေခဲ့တာ ေမာင်။ ကျွန်တော်က မောင် တာဝန်ယူမှရမယ့် မောင့်ဆွေမျိူးမဟုတ်ဘူးမောင်။ ကျွန်တော်က မောင့်ကိုချစ်နေတဲ့ မောင့်ချစ်သူပါ။ ''
တိမ်တိုက် အသံကိုထိန်းပြောနေရင်း တုန်ခိုက်လာသည်။ ငိုသံမပါအောင်ဂရုစိုက်ရင်း စကားကိုနားနားပြီးပြောနေရသည်။
''အခု မူးတောင်မမူးတဲ့ ဝိုင်ကိုသောက်လာမိလို့ မောင်ပြောဆိုနေတာ ကြည့်ပါဦး။ မောင်လည်း အလုပ်လုပ်နေတဲ့ သူတစ်ယောက်ပဲ မောင်နားလည်မပေးနိုင်ဘူးလား။ ကျွန်တော်တို့သားအမိက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ဖောက်ရတာမောင်။.... မောင့်လို အဆင်သင့်ခင်းပြီးသားလမ်းကို ဆူးကင်းမကင်း တစ်ချက်ကြည့်ပြီး လျှောက်ရတာမဟုတ်ဘူး။ ''
တိမ်တိုက် စကားတွေကို တရစပ်ပြောနေသော်လည်း ခွန်းတိမ်တိုက်ကိုသာ စေ့စေ့ကြည့်နေသည်။ တိမ်တိုက် ၏ နောက်ဆုံးစကားတွင် ခွန်း မျက်နှာပျက်ထွက်သွားသည်။
အရှိုက်ကို တည့်တည့်ထိသွားသလိုပင်။
ခွန်း နောက်ကို ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ခြေတစ်လှမ်းဆုတ်လိုက်သည်။ တိမ်တိုက် ခွန်းကိုကြည့်ပြီး သူ့စကားလွန်သွားမှန်း သတိထားမိတော့သည်။
ခွန်း ဦးမာန်ခွန်းစစ် ခင်းပေးသော လမ်းကိုလျှောက်နေရသည်ဆိုတာ တိမ်တိုက်အသိဆုံးပင်။ ဒါကလည်း သူမသိသေးသော အပေးအယူတစ်ခုကြောင့်ဆိုတာလည်း တိမ်တိုက်သိသည်။ ခွန်း ဆန္ဒမပါသည့် လမ်းတွေဆိုတာလည်း သိထားရက်နှင့် သူစကားတွေ လွန်မိသွားသည်။
တိမ်တိုက် မျက်လုံးတို့ချက်ချင်းအရောင်ပြောင်းသွားပြီး
ခွန်းဆီလျှောက်သွားလိုက်သည်။ ခွန်း လက်ကာပြတော့...
'' မောင်....ကျွန်တော် အဲ့လို ပြောချင်တာ မဟုတ် ....''
'' မှန်တယ် တိမ်တိုက်...မင်းမှန်တယ်။ မောင်က
ခင်းပြီးသားလမ်းကို ချောချောမွေ့မွေ့ လျှောက်နေ ရတာ။ မောင် မလျှောက်ချင်ရင်တောင်မှလေ.....''
'' ေမာင် ကျွန်တော်မှားသွား.....''
'' မင်းမမှားဘူးတိမ်တိုက်။ မောင်မှားတာ.... အလုပ်သဘောအရဆိုတာကို မောင်နားလည်မပေးနိုင်ခဲ့ဘူး။ မောင် အတ္တကြီးသွားတာ။ မောင့်မျက်လုံးထဲက မင်းက ကလေးတစ်ယောက်လိုပဲ ရှိခဲ့တာဆိုတော့။ အခုပုံစံကို မောင်အသားမကျတာဖြစ်ပါလိမ့်မယ် ''
တိမ်တိုက်စကားတွေကိုဖြတ်ဖြတ်ပြောကာ မျက်နှာလည်းလွှဲထားသည်။ နာကျင်မှုတွေက ထွက်ကျလာသည့် စကားလုံးတိုင်းတွင်ခံပြင်းမှုများစွာပါသည်။
'' အင်းလေ မင်းလည်း လူငယ်ပဲဟာ မောင် ဒီလောက်တော့ ခွင့်ပြုပေးသင့်တာပေါ့။ ''
'' မဟုတ်ဘူး မောင် ''
တိမ်တိုက် ခွန်းလက်ကို ဆွဲလိုက်ပြီး ခေါင်းရမ်းကာပြောလိုက်သည်။
'' ဟုတ်တယ်တိမ်တိုက်။ မင်းကိုဆူတာ မောင်မှားတယ်။ အမှန်ဆို မင်းနဲ့မောင်က တရားဝင်တောင်လက်ထက်ယူထားကြတာမဟုတ်ပဲ မောင် ပိုင်စိုးပိုင်နင်း အရမ်းဖြစ်သွားတယ်။ မောင့်ကိုခွင့်လွှတ်ပါ။ နောက်ဆို မောင်စည်းစောင့်ပါ့မယ်.....''
'' ဟင့်အင်း မောင် ကျွန်တော်ပြောတာအဲ့သဘောမျိူးမဟုတ်ဘူး ဟင့်....''
တိမ်တိုက် တစ်ယောက် သူ့ကိုမျက်နှာလွှဲထားသော ခွန်းကို အနောက်မှ နေ၍ သိုင်းဖက်လိုက်ပြီး ငိုသံလေးတွေရောစွက်ကာ ပြောလာသည်။
'' မင်းကို ယူမိတာ မောင့်အတ္တကြောင့်လို့ မင်းထင်ရင် မင်း မောင့်ကိုပြန်ယူလိုက်လို့ရတယ် တိမ်တိုက် မောင်ပေးဖို့ဝန်မလေးဘူး။ မင်းသိထားရမှာက မောင်မင်းကိုချစ်တဲ့အချစ်မှာ အဲ့ဒီ့ တဏှာကိစ္စမပါခဲ့ဘူးဆိုတာပဲ။ ''
'' မဟုတ်ဘူး မောင် ။ မဟုတ်ဘူး ကျွန်တော်ပြောတာ အဲ့သဘောမဟုတ်ဘူး ။ ''
'' မောင် အရမ်းပင်ပန်းနေပြီ တိမ်တိုက်။ မောင်အိပ်တော့မယ် ''
ဖက်ထားသော တိမ်တိုက်လက်တွေကို ဖယ်ချလိုက်ကာ အခန်းထဲဝင်သွားတော့သည်။ တိမ်တိုက်တစ်ယောက်ကတော့ နေရာမှာပဲ မတ်တပ်ကြီး ရပ်ကာ ကျန်ခဲ့သည်။
မောင့်ရဲ့အနာကိုမှ ကျွန်တော်က သွားထိမိတာကိုး.....
အားနာလိုက်တာမောင်ရယ်.....
ဘယ်အရာတွေက ခွန်းကိုထိခိုက်စေသလဲဆိုတာ သူအသိဆုံးပါ...ဒါကိုသူကိုယ်တိုင်ပဲ ထပ်ထိခိုက်စေသတဲ့။
ခွန်း ရေချိူးခန်းထဲ တန်းဝင်လာလိုက်သည်။ ရေပန်းကို ဖွင့်ချလိုက်ပြီး ရေပန်းအောက်ရပ်ကာ အတွေးတွေကိုနယ်ချဲ့သည်။ နားထဲတွင်လည်း
'' အဆင်သင့်ခင်းပြီးသား လမ်း...'' ဆိုတာကိုပဲ အထပ်ထပ်ကြားနေရသည်။
တိမ်တိုက်ပြောသည့် ထိုအဆင်သင့်ခင်းပြီးသားလမ်းအတွက် ဖောင်ဒေးရှင်းကို သူကိုယ်တိုင် ချခဲ့ရတာတော့ တိမ်တိုက်မသိပေ။ ဘာလို့ဆို တိမ်တိုက် သူနိုးလာချိန်မှာ အကုန်လုံးက အဆင်သင့်ကိုး။
ရေချိူးပြီး ပြန်ထွက်လာတော့ တိမ်တိုက်က ခွန်းအတွက်ထုတ်ပေးထားသော အဝတ်ကိုကိုင်ကာ ကုတင်ခြေရင်းမှာ ငိုင်ငိုင်လေးထိုင်နေသည်။ ခွန်း သူ့အရှေ့သွားရပ်မှ ပါးပေါ်က မျက်ရည်စတွေကိုဖယ်သုတ်ပစ်လိုက်ပြီး ခွန်းကို အင်္ကျီတွေ ပေးလိုက်သည်။
ခွန်းလည်း ဘာတစ်ခွန်းမှ မဆိုပဲ တိမ်တိုက်ပေးသော အဝတ်တွေကိုလဲဝတ်လိုက်သည်။
'' ရေချိုးတော့ ခေါက်ဆွဲပြုတ်ပေးထားမယ် ''
တိမ်တိုက်အဖြေကိုတောင်မစောင့်ပဲ အခန်းထဲကထွက်လာလိုက်သည်။ တိမ်တိုက်လည်း သူ့ကို လုံးဝမကြည့်ပဲစကားပြောသွားသော ခွန်းကြောင့် စိတ်မကောင်း။
စိတ်မကောင်းဘူးဆိုတာထက် အလွန်အမင်း ဝမ်းနည်းနေတာပင်။
တိမ်တိုက် ရေဝင်ချိူးလိုက်သည်။ ခေါင်းပါ လျှော်ချလိုက်သည်။ နောက် အခန်းထဲကထွက်လာတော့ Pajama အဖြူလေးက အနက်ရောင်ကုတင်ထက်မှာ။
ခေါင်းရေစိုကို မသုတ်ပဲ ဒီတိုင်းထားကာ မီးဖိုချောင်ထဲထွက်လာသည်။ ခါတိုင်း ခေါင်းလျှော်ပြီဆို ခွန်းက ရေသုတ်ပေးနေကြမဟုတ်လား။ ယခုလည်း ခွန်း၏ အာရုံစိုက်မှုရအောင်တမင် ခေါင်းကရေတောက်စက်တောက်စက် ကျနေသည့်အတိုင်းထွက်လာလိုက်သည်။
သို့သော် အထင်နှင့်အမြင် တက်တက်စင်အောင်လွဲသည်။ ခွန်းက သူ့အား တစ်စက်လေးတောင်မကြည့်။
မီးဖိုခန်းထဲရောက်တော့ စားပွဲပေါ်တွင် တိမ်တိုက်အတွက် တစ်ပန်းကန်သာရှိသည်။ခါတိုင်း အတူစားနေကြကို....
'' မောင် မစားဘူးလား ''
'' ဗိုက်ပြည့်နေလို့.... ''
ခွန်းမီးဖိုခန်းထဲကထွက်ကာ အိပ်ခန်းဆီပြန်လာလိုက်ပြီး စာကြည့်စားပွဲတွင်ထိုင်ကာ ကျောင်းမှ အမှတ်စစ်စရာများ ကိုစစ်နေသည်။
တိမ်တို်က်ကတော့ ခေါက်ဆွဲပြုတ်ကို မျက်ရည်လေးစမ်းစမ်းဖြင့် စားနေတော့သည်။
စားသောက်ပြီး အခန်းထဲ ပြန်ဝင်လာတော့ခွန်း စာစစ်နေသည်ကိုမြင်သည်။ တည်ငြိမ်အေးစက်နေသော လေထုကြောင့် တိမ်တိုက် စကားပြောရန်မကြိုးစားတော့။ အိပ်ယာပေါ်သို့ ကွေးကွေးလေးတက်ကာ အိပ်လိုက်တော့သည်။
ခွန်း မတက်လာသေးဖြင့် စောင့်ရင်း ညသန်းခေါင်တောင်ရောက်သွားသည်။ ခွန်းက ခုထိ နေရာက မထသေး။
'' စောင့်မနေနဲ့ အိပ်တော့ ''
ခွန်း၏ ဩရှရှ အသံကထွက်လာသည်။ တိမ်တိုက်အလန့်တကြားဖြင့် မျက်လုံးကိုမှိတ်ချလိုက်ကာ အိပ်ချင်ယောင်ဆောင်တော့သည်။
ခွန်းတိမ်တိုက်အိပ်ပျော်သွားပြီ အထင်နှင့် ဝရံတာဘက်ထွက်လာပြီး ဆေးလိပ်သောက်ဖို့ပြင်လိုက်သည်။ အခန်းထဲက လှုပ်ရှားသံတစ်ချိူ့ကြောင့် တိမ်တိုက် နားစွင့်ကြည့်တော့ ခွန်းခြေလှမ်းတွေက ဝရံတာဘက်ဆီသို့သွားနေသည်။ နောက်ပြီး မီးခြစ် ခြစ်သံကြားရသည်။
ဖျပ်.....
တစ်ခန်းလုံး မှောင်မဲသွားတော့သည်။ တိမ်တိုက်မျက်လုံးက အမှောင်ထဲ အော်တိုပြူးကနဲပွင့်လာသည်။
မီးပျက်သွားတာလား.....။
ဝရံတာမှခွန်းကလည်း ဆေးလိပ်သောက်နေရင်း....မှောင်သွားတာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့လည်း ဘာမှမမြင်ရပေ။
တိမ်တိုက်အိပ်ပျော်နေရင် ပြသာနာမရှိသော်လည်း အိမ်မပျော်သေးလျှင် ကြောက်နေတော့မည်ဆိုတာ ခွန်းသိသည်။ တိမ်တိုက်က အမှောင်အတိဆို သေအောင်ကြောက်တတ်တာမဟုတ်လား။
ဒီအကျင့်ကလည်း ပြန်နိုးလာချိန်တွင် တစ်ပါတည်းပါလာသော အရာတစ်ခုပင်။ အရင်က အမှောင်ကိုကြောက်သည်ဆိုသော်လည်း ယခုတော့ ပိန်းပိတ်အောင်မှောင်နေတာမျိူးဆို သေမလောက်ကြောက်တတ်လာသည်။ အမှောင်ထုထဲအကြာကြီးပိတ်မိနေရာက ပြန်နိုးထလာသည့်အခါ နောက်တစ်ခါ အမှောင်ထုထဲ ပြန်မသွားချင် ။ ပြန်မလာနိုင်တော့မှာ တိမ်တိုက်အရမ်းကြောက်ရပါသည်။
ခွန်း ကွန်ဒိုကို ဖုန်းဆက်လိုက်တော့ ဖျူ့စ် ပျက်သွားသည်ဟုပြောသည်။ ဆယ်မိနစ်လောက်ကြာရင် ပြန်လာမည်ဟုလည်းပြောသည်။
ခွန်း ဆေးလိပ်မီးသတ်လိုက်ပြီး ဖုန်းမီးကိုဖွင့်လိုက်သည်။
ပြီးတော့ အခန်းထဲ ပြန်ဝင်လာပြီး တိမ်တိုက်အခြေအနေကိုကြည့်တော့....
ကုတင်ထက်မှ အဖြူရောင်အသေးလေးက ကွေးကွေးလေးအိပ်နေသည်ဟုထင်ရသည်။ ထို့ကြောင့် အိပ်ပျော်နေပြီဟုထင်ကာ ဖုန်းမီးကိုပြန်ပိတ်လိုက်တော့
'' မောင်.....''
ကုတင်ထက်မှ အသံတိုးတိုးလေး.... တကယ်တိုးတိုးလေး။
'' ဘာမှမဖြစ်ဘူး ဖျူ့စ် ပြတ်သွားတာ ခနနေပြန်လာလိမ့်မယ် ''
ခွန်း ဖုန်းမီးကို ပြန်ဖွင့်ပေးလိုက်သည်။ သူကတော့ တက်မအိပ်သေးပဲ စာကြည့်ခုံမှာသာ ထိုင်နေဆဲ။
တိမ်တိုက် ဖုန်းမီးလေးကျေးဇူးဖြစ် စိတ်သက်သာရာ ရသည်။
ဆယ်မိနစ်ဟုပြောထားသော ကွန်ဒိုက နာရီဝက်နီးနီးအထိ မီးကပြန်မလာ။ တိမ်တိုက်တစ်ယောက် လုံးဝအိပ်မပျော်သေးပေ။ ကုတင်ထက် ဟိုလှိမ့်ဒီလှိမ့်နှင့်....
ထိုစဥ် ဖုန်းမီးကပါ ရုတ်တရက်ပိတ်သွားသည်။ ဖုန်းလည်းသိပ်မသုံးသလို ဖုန်းအားလည်းသိပ်မသွင်းသော ခွန်းဖုန်းက အားကုန်ကာ ပါဝါ ပါပိတ်ကျသွားတော့သည်။ တိမ်တိုက်ဖုန်းကလည်း ဧည့်ခန်းထဲတွင်ဖြစ်သည်မို့အမှောင်ထဲရမ်းသန်းသွားဖို့ရာမဖြစ်ခြေသေး။
'' မောင်.....''
တိမ်တိုက်ဆီမှ တုန်ရီ တိုးလျသောခေါ်သံလေး ထပ်ထွက်လာသည်။
'' အင်း မောင်ရှိတယ်.... ခနလေး ''
တိမ်တိုက်ကြောက်နေပီဆိုတာ ခွန်းအသေအချာသိလိုက်သည်။ မောင် ဟုခေါ်သံအဖျားတွင် ကြောက်ရွ့ံခြင်းတွေအဖျားခတ်သွားသည်။သူ ခနခနပြောဖူးတာရှိသည်။
'' မှောင်နေတာကို မုန်းလိုက်တာ မောင်ရယ် '' တဲ့ '' မောင်နဲ့နောက်တစ်ခေါက် ခွဲရမယ်လို့ခံစားစေရတယ် '' တဲ့....
ခွန်း ဗီရိုတွေဆီဖြေးဖြေးချင်း မှန်းလျှောက်သွားလိုက်သည်။
'' မောင်...ဘယ်မှာလဲ ''
တိမ်တို်က်အသံတို့က သိသာစွာတုန်လာသည်။ သည်လို မေ့မြောနေတုန်းကလည်းအမှောင်ထဲ ခွန်းကို အကြိမ်ကြိမ်ခေါ်နေခဲ့ဖူးသည်။
🎶
သူမမြင်နိုင်တဲ့ ကိုယ့်ရဲ့ရင်မှာ အချစ်တို့အပြည့်ပါကွယ်.....
🎶
ချစ်သူအတွက်ဆို.....
ဗီရို စမ်းဖွင့်နေရင်း ခပ်တိုးတိုးလေး သီချင်းထညည်းနေသော ခွန်း။ အထဲမှ သူ့အင်္ကျီဟုထင်ရသော ရှပ်တစ်ထည်ကိုထုတ်ပြီး လဲနေရင်း သီချင်းကိုဆက်ဆိုသည်။
🎶
လိုနေချိန်တိုင်းမှာ သူ့အနားမှာ .....
🎶
ငြိုငြင်စရာမရှိအောင် ဖြည့်ဆည်းပေးပါရစေ....
🎶
ကျောခိုင်းပြီး ထွက်မသွားပါနဲ့ အလွမ်းဒဏ်မခံနိုင်ဘူး.....
🎶
လုံခြုံတဲ့ ကိုယ့်ရင်ခွင်ထဲမှာ.....
🎶
ကြင်နာသူတစ်ယောက်သာ ခိုနားခွင့်ပြုတယ်......
🎶
ဘဝတစ်ခုလုံး ပုံအပ်ပါကွယ်.....
🎶
အဆုံးသတ်တစ်နေ့ထိ တန်ဖိုးထားပါမယ်......
(တန္ဖိုးထားပါမယ့္-ေကာင္းေကာင္း)
တိမ်တိုက် ဆေးလိပ်နံ့မခံနိုင်တာမို့ အင်္ကျီလဲလိုက်တာဖြစ်ပြီး တိမ်တိုက်အမှောင်ထဲတွင် လျှောက်တွေးနေမည်စိုးကာ သီချင်းဆိုပြနေခြင်းသာ။
တိမ်တိုက်လည်း ချွေးစေးတွေပြန်လာရင်း ခွန်းသီချင်းဆိုသံကြားမှ အဆင်ပြေတော့သည်။
သီချင်းသံတိတ်သွားသောအခါတွင်တော့ ကုတင်က အိကနဲ ကျသွားသည်ကို တိမ်တိုက်ခံစားမိသည်။ ထို့နောက် ခွန်း သူ့အနားကိုရောက်လာကာ အနောက်ကနေ ပွေ့ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲထည့်ထားလိုက်သည်။
'' အိပ်အိပ်....မောင်ရှိတယ် ''
ခေါင်းလေးကို အသာ သပ်ပေးပြီး ချော့သိပ်ရှာသည်။
'' မောင့်..ကျွန်တော်....''
'' မင်းဆီက ဘာမှမကြားချင်တော့ဘူး တိမ်တိုက် ''
ရင်ခွင်ထဲက ခေါင်းလေးဟာ အသာငြိမ့်ပြီး တိုးဝင်ကာ အိပ်စက်ခြင်းကိုစတင်လိုက်တော့သည်။ ဒီတစ်ခါမှ တိမ်တိုက်တကယ်အိပ်ပျော်သွားတာပင်။
ညက နောက်ကျမှ အိပ်ထားသည်မို့ မနက်ကျတော့ တိမ်တိုက်တော်တော်နှင့်မနိုး။
နိုးလာသည့်အချိန်တွင် ဘေးတွင် ခွန်းမရှိတော့။ အခန်းရှေ့ထွက်လာတော့လည်း မတွေ့။ ဖုန်းဆက်မည်လုပ်တော့ ဖုန်းတွင် ခွန်းဆီမှ စာတစ်စောင်ဝင်ထားသည်။
စာထဲတွင် ဦးမာန်ခွန်းစစ် ခေါ်၍ ခရီး ထွက်သွားရသည့်အကြောင်း ရေးထားသည်။
ခွန်းက အလုပ်လုပ်နေချိန် ဖုန်းဆက်တာမကြိုက်တာမို့ မဆက်ဖြစ်တော့ပေ။
ဘယ်လိုပဲ မနေ့ညက ပြသာနာတက်တက် သူအလုပ်ကိုတော့ဆက်လုပ်ရမည်။ တနင်္ဂနွေ ေန့အထိ ခွန်းက ပြန်မလာသေးပေ။
ဖုန်းဆက်တော့လည်း သေချာမဖြေပဲ အပေါ်ယံသာဖြေသည်။ သည်လိုနှင့်ကျောင်းပြန်ဖွင့်တော့ ကွန်ဒိုကို ပြန်မလာ။ ရှန်မင်းကိုလှမ်းမေးကြည့်တော့လည်း ကျောင်းတွင်းရှိသည်တဲ့လေ။
တိမ်တိုက်မသင်္ကာတာနှင့် အဝတ်ဗီရိုထဲမှ ခွန်း အင်္ကျီတွေ ကိုစစ်ကြည့်တော့ အဖြူနဲ့အစိမ်း ကျောင်းယူနီဖောင်းတွေလျော့နေသည်။ တခြား အပြင်ဝတ်ကလည်း သုံးလေးစုံလျော့နေသည်။
တိမ်တိုက်စိတ်ထဲ မတင်မကျဖြစ်ကာ ဖုန်းဆက်မေးကြည့်တော့... အလုပ်တွေများနေတာကြောင့် ကျောင်းမှာပဲနေမည်ဟု ပြောသည်။
သည်တစ်ခေါက် ခွန်းအတော်ထိသွားပြီ ဆိုတာ တိမ်တိုက်သဘောပေါက်လိုက်သည်။ ခွန်းက သူနဲ့ပတ်သက်လျှင် စိတ်ဆိုးလွယ်သည် မှန်သည်။ ပြသာနာပေါင်းမျိူးစုံလည်း တက်ဖူးသည်။ သို့သော် သည်တစ်ခေါက် ပြသာနာက အတော်လေးကြီးသွားပုံရကာ ခွန်းက ကွန်ဒိုတောင်ပြန်မလာတော့သည်အထိဖြစ်သွားသည်။
အဲ့နေ့ညက အဆင်ပြေပြီဟုထင်လိုက်လျှင်မှားပေလိမ့်မည်။ ဘာလို့ဆို ခွန်းက အမြဲ အဲ့သည်လိုပင်။ ရန်ဖြစ်တာကဖြစ်တာပင်...သူ့တာဝန်များ သူ့အချစ်များကတော့လျော့ရဲသွားခြင်းမရှိပေ။
တိမ်တိုက် နောက်တစ်နေ့ရောက်တော့ ကျောင်းကိုသွားကြည့်သည်။ ပညာရေးမှူးရုံးသွားသည်ဟုပြော၍ ပြန်လာရသည်။ သည်လိုနှင့် ကျောင်းသို့သွားကြည့်တိုင်းက ခွန်းက အလုပ်ရှုပ်နေတတ်၏ ။
သည်လောက်ဆို ခွန်း တိမ်တိုက်ကိုရှောင်နေမှန်း သိသာနေတော့ သည်။
......................
23.7.2022
(Zawgyi)
လူႏွစ္ဦးေတာင္ရွိေနသည့္ အခန္းထဲတြင္ ေလထုကအစ တိတ္ဆိတ္ေနသည္။ ျပတင္းေပါက္က ေလတိုးသံေတာင္မၾကားရ။ အျပင္ဘက္က ေကာင္းကင္ႀကီးကလည္း ၾကယ္ေရာ လေရာ မရွိ...မဟူရာေရာင္ အတိ။
ဆက္တီခုံတြင္ ႀကဳံ႕ႀကဳံ႕ေလးထိုင္ကာ အုန္းမုက္ခြက္ေခါင္းလုံးေလးကိုေအာက္စိုက္ထားကာ လက္ေတြအား အခ်င္းခ်င္းပြတ္သတ္ကာ စိတ္လႈပ္ရွားေနေသာ တိမ္တိုက္ႀကိဳး။ ညမီးအလင္းေရာင္မ်ား ထိန္ထိန္ညီးေနေသာ အျပင္ဘက္ကို ျပတင္းေပါက္ကေနတစ္ဆင့္ လက္ပိုက္ကာ ေအးစက္ေနေသာ မ်က္လုံးေတြႏွင့္ စူးစိုက္ၾကည့္ေနေသာ ခြန္းမာနေမာင္။
ခြန္း၏မ်က္ႏွာတြင္ အလိုမက်မႈႏွင့္ ေဒါသအရိပ္မ်ားေျပးေနၿပီး တိမ္တိုက္မ်က္ႏွာတြင္ စိုးရိမ္ျခင္းႏွင့္အားငယ္ျခင္းတို႔ တတိတိ တက္လာေနသည္။
'' ေမာင္ မင္းကိုၾကည့္ေနတာၾကာၿပီ တိမ္တိုက္ႀကိဳး။ အလုပ္ကိုအေၾကာင္းျပၿပီး မင္းပ်က္စီးေနတာ ''
တိမ္တိုက္တစ္ေယာက္ အလုပ္လုပ္ေနကတည္း ညဘက္အိမ္ျပန္ေနာက္က်တာေတြ ျပန္မလာျဖစ္တာေတြ ရွိလာသည္။ ေမးလိုက္လွ်င္ေတာ့ အေမ့အိမ္ျပန္အိပ္တာဟု ေျဖၿပီး စုံစမ္းၾကည့္လွ်င္ မဟုတ္ျပန္ေခ်။ ျပန္လာျဖစ္သည့္ေန႕ေတြဆိုလွ်င္လည္း ငါးရက္မွာ သုံးရက္ေလာက္က ဝိုင္နံ႕သင္းၿပီးျပန္လာသည္။
'' အဲ့လိုမဟုတ္ပါဘူး တစ္ခါတ.....''
'' ဘာတစ္ခါတေလ မင္းဟာက တစ္ခါ ႏွစ္ခါ ကေတာ့လို႔လား။ ''
'' ေမာင္...အဲ့ဒါ....''
'' တိတ္လိုက္... ေမာင္ဘာမွမၾကားခ်င္ဘူး။ ဒီပုံစံအတိုင္းဆို ေနာက္ေန႕အလုပ္သြားဖို႔မလိုေတာ့ဘူး ''
'' ေမာင့္! ! ''
တိမ္တိုက္ ထိုင္ေနရာကေန ငိုက္ကနဲထရပ္ကာ ခြန္းအား မယုံနိုင္သလို ၾကည့္ကာ ေအာ္လိုက္သည္။
'' ဘာလဲ မင္းမွာ အလုပ္လုပ္မွ ျဖစ္ရမယ့္အေၾကာင္းအရင္းရွိေနလား ။ မင္းကိုေမာင္ရွာေကြၽးနိုင္တယ္ဆိုတာ မင္းမသိဘူးလား ''
''......''
'' အေမ့ေၾကာင့္လို႔ေတာ့ ဆင္ေျခမရွာနဲ႕ ။ အေမမင္းကိုခြင့္ျပဳထားတယ္ဆိုတာ ေမာင္သေဘာတူထားလို႔ဆိုတာ မေမ့နဲ႕ ''
''......''
တိမ္တိုက္ ဆြံ႕အသြားရသည္။ ခြန္း၏ မေမွ်ာ္လင့္ထားေသာ အတၱႏွင့္ အေတြးအပိုင္းအစတို႔က ပြင့္အန္ထြက္လာခ်ိန္ တိမ္တိုက္တစ္ေယာက္ မ်က္ရည္ေတြဝဲက်လာသည္။
'' အဲ့ေတာ့ ေမာင့္သေဘာက ေမာင္ရွာတာကို ကြၽန္ေတာ္က ေအးေဆးထိုင္သုံးၿပီး အခ်ိန္တန္ရင္ ေမာင့္ေအာက္မွာ ငိုေပးရမယ္ေပါ့ေလ ''
'' တိမ္တိုက္! ''
ခြန္း တိမ္တိုက္၏ ၾကမ္းတမ္းေသာ ခပ္႐ြဲ႕႐ြဲ႕ စကားေၾကာင့္ ႐ုတ္တရက္အံ့ဩစြာ လွည့္ၾကည့္လာသည္။
'' ဘာေတြ အံ့ဩေနလဲေမာင္.....ေမာင္ဆိုလိုတာ အဲ့သေဘာမလား ''
တိမ္တိုက္ ေလသံက ခပ္ေအးေအးပဲ တည္တည္ၿငိမ္ၿငိမ္ေျပာေနသည္။ ခြန္း တိမ္တိုက္နားကို ကပ္လာၿပီး တိမ္တိုက္လက္ေမာင္းႏွစ္ဖက္ကို ဆုပ္ကိုင္ရမ္းကာ
'' စကားကိုဘယ္လိုေတြေျပာေနတာလဲ မင္း...ဟမ္ ''
အေပၚကေနအုပ္မိုး လႈပ္ရမ္းေနေသာ ခြန္းကို တိမ္တိုက္ မ်က္လုံးလွန္ၾကည့္လိုက္သည္။ ဘယ္ေသာအခါမွ မရွိခဲ့ဖူးသည့္ေအးစက္စက္ အရိပ္ေတြက တိမ္တိုက္မ်က္ဝန္းထဲမွာအျပည့္။
'' ေမာင္ၾကားတဲ့အတိုင္းပဲ ေမာင္ ''
တိမ္တိုက္ ၿပဳံးၿပီးေျဖေတာ့ ခြန္း တျဖည္းျဖည္း စိတ္ပူလာသည္။ ခြန္း သူ၏ စကားမ်ားကို တိမ္တိုက္တစ္ေယာက္ တစ္လြဲေတြးေနၿပီဆိုတာကိုပင္။
'' မင္းဘာျဖစ္ေနတာလဲ တိမ္တိုက္ႀကိဳး ''
ဆုပ္ကိုင္ထားေသာ လက္ေမာင္းထက္က ခြန္းလက္ေတြကို တိမ္တို္က္ဖယ္ခ်လိဳက္ၿပီး ခြန္းကို တည့္တည့္ေမာ့ၾကည့္လိုက္သည္။
'' ဒီမွာေမာင္။ ကြၽန္ေတာ္က ေယာက်ာ္းတစ္ေယာက္။ ေမာင့္လိုပဲ အိမ္ေထာင္တစ္ခုကို ဦးစီးနိုင္တဲ့အရည္အခ်င္း ကြၽန္ေတာ့္မွာလည္းရွိတယ္။ ေမာင္ေျပာသလိုဆို ကြၽန္ေတာ့္အရည္အခ်င္းနဲ႕ ေမာင့္ကိုရွာေကြၽးနိုင္တယ္။ ေမာင္ အိမ္မွာပဲ ေနနိုင္လား။ ''
'' ......''
'' ေမာင္ ကြၽန္ေတာ့္စကားနားေထာင္ေလ ကြၽန္ေတာ္ေမာင့္ကို စိတ္ခ်မ္းသာေအာင္ထားၿပီး လိုေလေသးမရွိေအာင္ထားနိုင္တယ္ ''
ခြန္း တိမ္တိုက္နားကေန ခပ္ခြာခြာ ရပ္လိုက္ခ်ိန္တြင္ ႏွစ္ေယာက္လုံး၏ ေသြးေအးတိုက္ပြဲက စတင္ေတာ့သည္။
'' မင္း ေမာင့္ ကိုေစာ္ကားေနတာလား တိမ္တိုက္ ''
'' ဒီမွာ ေမာင္။ ေမာင့္စကားနားေထာင္ၿပီး ေမာင့္အနားမွာပဲ ကပ္တြယ္ေနတယ္ဆိုတာ....ကြၽန္ေတာ့္မွာ ဘာအရည္အခ်င္း...ဘာအစြမ္းအစမွ မရွိလို႔ မဟုတ္ဘူး။ ေမာင့့္ကိုခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႕ ေမာင္ဘာပဲျဖစ္ေနေန ေမာင္ ကြၽန္ေတာ့္အေပၚဘယ္လိုပဲဆက္ဆံဆက္ဆံ ေမာင့္အနားမွာပဲေနခဲ့တာ ေမာင်။ ကြၽန္ေတာ္က ေမာင္ တာဝန္ယူမွရမယ့္ ေမာင့္ေဆြမ်ိဴးမဟုတ္ဘူးေမာင္။ ကြၽန္ေတာ္က ေမာင့္ကိုခ်စ္ေနတဲ့ ေမာင့္ခ်စ္သူပါ။ ''
တိမ္တိုက္ အသံကိုထိန္းေျပာေနရင္း တုန္ခိုက္လာသည္။ ငိုသံမပါေအာင္ဂ႐ုစိုက္ရင္း စကားကိုနားနားၿပီးေျပာေနရသည္။
''အခု မူးေတာင္မမူးတဲ့ ဝိုင္ကိုေသာက္လာမိလို႔ ေမာင္ေျပာဆိုေနတာ ၾကည့္ပါဦး။ ေမာင္လည္း အလုပ္လုပ္ေနတဲ့ သူတစ္ေယာက္ပဲ ေမာင္နားလည္မေပးနိုင္ဘူးလား။ ကြၽန္ေတာ္တို႔သားအမိက ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ့္လမ္းကိုယ္ေဖာက္ရတာေမာင္။.... ေမာင့္လို အဆင္သင့္ခင္းၿပီးသားလမ္းကို ဆူးကင္းမကင္း တစ္ခ်က္ၾကည့္ၿပီး ေလွ်ာက္ရတာမဟုတ္ဘူး။ ''
တိမ္တိုက္ စကားေတြကို တရစပ္ေျပာေနေသာ္လည္း ခြန္းတိမ္တိုက္ကိုသာ ေစ့ေစ့ၾကည့္ေနသည္။ တိမ္တိုက္ ၏ ေနာက္ဆုံးစကားတြင္ ခြန္း မ်က္ႏွာပ်က္ထြက္သြားသည္။
အရွိုက္ကို တည့္တည့္ထိသြားသလိုပင္။
ခြန္း ေနာက္ကို ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္း ေျခတစ္လွမ္းဆုတ္လိုက္သည္။ တိမ္တိုက္ ခြန္းကိုၾကည့္ၿပီး သူ႕စကားလြန္သြားမွန္း သတိထားမိေတာ့သည္။
ခြန္း ဦးမာန္ခြန္းစစ္ ခင္းေပးေသာ လမ္းကိုေလွ်ာက္ေနရသည္ဆိုတာ တိမ္တိုက္အသိဆုံးပင္။ ဒါကလည္း သူမသိေသးေသာ အေပးအယူတစ္ခုေၾကာင့္ဆိုတာလည္း တိမ္တိုက္သိသည္။ ခြန္း ဆႏၵမပါသည့္ လမ္းေတြဆိုတာလည္း သိထားရက္ႏွင့္ သူစကားေတြ လြန္မိသြားသည္။
တိမ္တိုက္ မ်က္လုံးတို့ခ်က္ခ်င္းအေရာင္ေျပာင္းသြားၿပီး
ခြန္းဆီေလွ်ာက္သြားလိုက္သည္။ ခြန္း လက္ကာျပေတာ့...
'' ေမာင္....ကြၽန္ေတာ္ အဲ့လို ေျပာခ်င္တာ မဟုတ္ ....''
'' မွန္တယ္ တိမ္တိုက္...မင္းမွန္တယ္။ ေမာင္က
ခင္းၿပီးသားလမ္းကို ေခ်ာေခ်ာေမြ႕ေမြ႕ ေလွ်ာက္ေန ရတာ။ ေမာင္ မေလွ်ာက္ခ်င္ရင္ေတာင္မွေလ.....''
'' ေမာင် ကြၽန္ေတာ္မွားသြား.....''
'' မင္းမမွားဘူးတိမ္တိုက္။ ေမာင္မွားတာ.... အလုပ္သေဘာအရဆိုတာကို ေမာင္နားလည္မေပးနိုင္ခဲ့ဘူး။ ေမာင္ အတၱႀကီးသြားတာ။ ေမာင့္မ်က္လုံးထဲက မင္းက ကေလးတစ္ေယာက္လိုပဲ ရွိခဲ့တာဆိုေတာ့။ အခုပုံစံကို ေမာင္အသားမက်တာျဖစ္ပါလိမ့္မယ္ ''
တိမ္တိုက္စကားေတြကိုျဖတ္ျဖတ္ေျပာကာ မ်က္ႏွာလည္းလႊဲထားသည္။ နာက်င္မႈေတြက ထြက္က်လာသည့္ စကားလုံးတိုင္းတြင္ခံျပင္းမႈမ်ားစြာပါသည္။
'' အင္းေလ မင္းလည္း လူငယ္ပဲဟာ ေမာင္ ဒီေလာက္ေတာ့ ခြင့္ျပဳေပးသင့္တာေပါ့။ ''
'' မဟုတ္ဘူး ေမာင္ ''
တိမ္တိုက္ ခြန္းလက္ကို ဆြဲလိုက္ၿပီး ေခါင္းရမ္းကာေျပာလိုက္သည္။
'' ဟုတ္တယ္တိမ္တိုက္။ မင္းကိုဆူတာ ေမာင္မွားတယ္။ အမွန္ဆို မင္းနဲ႕ေမာင္က တရားဝင္ေတာင္လက္ထက္ယူထားၾကတာမဟုတ္ပဲ ေမာင္ ပိုင္စိုးပိုင္နင္း အရမ္းျဖစ္သြားတယ္။ ေမာင့္ကိုခြင့္လႊတ္ပါ။ ေနာက္ဆို ေမာင္စည္းေစာင့္ပါ့မယ္.....''
'' ဟင့္အင္း ေမာင္ ကြၽန္ေတာ္ေျပာတာအဲ့သေဘာမ်ိဴးမဟုတ္ဘူး ဟင့္....''
တိမ္တိုက္ တစ္ေယာက္ သူ႕ကိုမ်က္ႏွာလႊဲထားေသာ ခြန္းကို အေနာက္မွ ေန၍ သိုင္းဖက္လိုက္ၿပီး ငိုသံေလးေတြေရာစြက္ကာ ေျပာလာသည္။
'' မင္းကို ယူမိတာ ေမာင့္အတၱေၾကာင့္လို႔ မင္းထင္ရင္ မင္း ေမာင့္ကိုျပန္ယူလိုက္လို႔ရတယ္ တိမ္တိုက္ ေမာင္ေပးဖို႔ဝန္မေလးဘူး။ မင္းသိထားရမွာက ေမာင္မင္းကိုခ်စ္တဲ့အခ်စ္မွာ အဲ့ဒီ့ တဏွာကိစၥမပါခဲ့ဘူးဆိုတာပဲ။ ''
'' မဟုတ္ဘူး ေမာင္ ။ မဟုတ္ဘူး ကြၽန္ေတာ္ေျပာတာ အဲ့သေဘာမဟုတ္ဘူး ။ ''
'' ေမာင္ အရမ္းပင္ပန္းေနၿပီ တိမ္တိုက္။ ေမာင္အိပ္ေတာ့မယ္ ''
ဖက္ထားေသာ တိမ္တိုက္လက္ေတြကို ဖယ္ခ်လိဳက္ကာ အခန္းထဲဝင္သြားေတာ့သည္။ တိမ္တိုက္တစ္ေယာက္ကေတာ့ ေနရာမွာပဲ မတ္တပ္ႀကီး ရပ္ကာ က်န္ခဲ့သည္။
ေမာင့္ရဲ႕အနာကိုမွ ကြၽန္ေတာ္က သြားထိမိတာကိုး.....
အားနာလိုက္တာေမာင္ရယ္.....
ဘယ္အရာေတြက ခြန္းကိုထိခိုက္ေစသလဲဆိုတာ သူအသိဆုံးပါ...ဒါကိုသူကိုယ္တိုင္ပဲ ထပ္ထိခိုက္ေစသတဲ့။
ခြန္း ေရခ်ိဴးခန္းထဲ တန္းဝင္လာလိုက္သည္။ ေရပန္းကို ဖြင့္ခ်လိဳက္ျပီး ေရပန္းေအာက္ရပ္ကာ အေတြးေတြကိုနယ္ခ်ဲ့သည္။ နားထဲတြင္လည္း
'' အဆင္သင့္ခင္းၿပီးသား လမ္း...'' ဆိုတာကိုပဲ အထပ္ထပ္ၾကားေနရသည္။
တိမ္တိုက္ေျပာသည့္ ထိုအဆင္သင့္ခင္းၿပီးသားလမ္းအတြက္ ေဖာင္ေဒးရွင္းကို သူကိုယ္တိုင္ ခ်ခဲ့ရတာေတာ့ တိမ္တိုက္မသိေပ။ ဘာလို႔ဆို တိမ္တိုက္ သူနိုးလာခ်ိန္မွာ အကုန္လုံးက အဆင္သင့္ကိုး။
ေရခ်ိဴးၿပီး ျပန္ထြက္လာေတာ့ တိမ္တိုက္က ခြန္းအတြက္ထုတ္ေပးထားေသာ အဝတ္ကိုကိုင္ကာ ကုတင္ေျခရင္းမွာ ငိုင္ငိုင္ေလးထိုင္ေနသည္။ ခြန္း သူ႕အေရွ႕သြားရပ္မွ ပါးေပၚက မ်က္ရည္စေတြကိုဖယ္သုတ္ပစ္လိုက္ၿပီး ခြန္းကို အကၤ်ီေတြ ေပးလိုက္သည္။
ခြန္းလည္း ဘာတစ္ခြန္းမွ မဆိုပဲ တိမ္တိုက္ေပးေသာ အဝတ္ေတြကိုလဲဝတ္လိုက္သည္။
'' ေရခ်ိဳးေတာ့ ေခါက္ဆြဲျပဳတ္ေပးထားမယ္ ''
တိမ္တိုက္အေျဖကိုေတာင္မေစာင့္ပဲ အခန္းထဲကထြက္လာလိုက္သည္။ တိမ္တိုက္လည္း သူ႕ကို လုံးဝမၾကည့္ပဲစကားေျပာသြားေသာ ခြန္းေၾကာင့္ စိတ္မေကာင္း။
စိတ္မေကာင္းဘူးဆိုတာထက္ အလြန္အမင္း ဝမ္းနည္းေနတာပင္။
တိမ္တိုက္ ေရဝင္ခ်ိဴးလိုက္သည္။ ေခါင္းပါ ေလွ်ာ္ခ်လိဳက္သည္။ ေနာက္ အခန္းထဲကထြက္လာေတာ့ Pajama အျဖဴေလးက အနက္ေရာင္ကုတင္ထက္မွာ။
ေခါင္းေရစိုကို မသုတ္ပဲ ဒီတိုင္းထားကာ မီးဖိုေခ်ာင္ထဲထြက္လာသည္။ ခါတိုင္း ေခါင္းေလွ်ာ္ၿပီဆို ခြန္းက ေရသုတ္ေပးေနၾကမဟုတ္လား။ ယခုလည္း ခြန္း၏ အာ႐ုံစိုက္မႈရေအာင္တမင္ ေခါင္းကေရေတာက္စက္ေတာက္စက္ က်ေနသည့္အတိုင္းထြက္လာလိုက္သည္။
သို႔ေသာ္ အထင္ႏွင့္အျမင္ တက္တက္စင္ေအာင္လြဲသည္။ ခြန္းက သူ႕အား တစ္စက္ေလးေတာင္မၾကည့္။
မီးဖိုခန္းထဲေရာက္ေတာ့ စားပြဲေပၚတြင္ တိမ္တိုက္အတြက္ တစ္ပန္းကန္သာရွိသည္။ခါတိုင္း အတူစားေနၾကကို....
'' ေမာင္ မစားဘူးလား ''
'' ဗိုက္ျပည့္ေနလို႔.... ''
ခြန္းမီးဖိုခန္းထဲကထြက္ကာ အိပ္ခန္းဆီျပန္လာလိုက္ၿပီး စာၾကည့္စားပြဲတြင္ထိုင္ကာ ေက်ာင္းမွ အမွတ္စစ္စရာမ်ား ကိုစစ္ေနသည္။
တိမ္တို္က္ကေတာ့ ေခါက္ဆြဲျပဳတ္ကို မ်က္ရည္ေလးစမ္းစမ္းျဖင့္ စားေနေတာ့သည္။
စားေသာက္ၿပီး အခန္းထဲ ျပန္ဝင္လာေတာ့ခြန္း စာစစ္ေနသည္ကိုျမင္သည္။ တည္ၿငိမ္ေအးစက္ေနေသာ ေလထုေၾကာင့္ တိမ္တိုက္ စကားေျပာရန္မႀကိဳးစားေတာ့။ အိပ္ယာေပၚသို႔ ေကြးေကြးေလးတက္ကာ အိပ္လိုက္ေတာ့သည္။
ခြန္း မတက္လာေသးျဖင့္ ေစာင့္ရင္း ညသန္းေခါင္ေတာင္ေရာက္သြားသည္။ ခြန္းက ခုထိ ေနရာက မထေသး။
'' ေစာင့္မေနနဲ႕ အိပ္ေတာ့ ''
ခြန္း၏ ဩရွရွ အသံကထြက္လာသည္။ တိမ္တိုက္အလန့္တၾကားျဖင့္ မ်က္လုံးကိုမွိတ္ခ်လိဳက္ကာ အိပ္ခ်င္ေယာင္ေဆာင္ေတာ့သည္။
ခြန္းတိမ္တိုက္အိပ္ေပ်ာ္သြားၿပီ အထင္ႏွင့္ ဝရံတာဘက္ထြက္လာၿပီး ေဆးလိပ္ေသာက္ဖို႔ျပင္လိုက္သည္။ အခန္းထဲက လႈပ္ရွားသံတစ္ခ်ိဴ႕ေၾကာင့္ တိမ္တိုက္ နားစြင့္ၾကည့္ေတာ့ ခြန္းေျခလွမ္းေတြက ဝရံတာဘက္ဆီသို႔သြားေနသည္။ ေနာက္ၿပီး မီးျခစ္ ျခစ္သံၾကားရသည္။
ဖ်ပ္.....
တစ္ခန္းလုံး ေမွာင္မဲသြားေတာ့သည္။ တိမ္တိုက္မ်က္လုံးက အေမွာင္ထဲ ေအာ္တိုျပဴးကနဲပြင့္လာသည္။
မီးပ်က္သြားတာလား.....။
ဝရံတာမွခြန္းကလည္း ေဆးလိပ္ေသာက္ေနရင္း....ေမွာင္သြားတာေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့လည္း ဘာမွမျမင္ရေပ။
တိမ္တိုက္အိပ္ေပ်ာ္ေနရင္ ျပသာနာမရွိေသာ္လည္း အိမ္မေပ်ာ္ေသးလွ်င္ ေၾကာက္ေနေတာ့မည္ဆိုတာ ခြန္းသိသည္။ တိမ္တိုက္က အေမွာင္အတိဆို ေသေအာင္ေၾကာက္တတ္တာမဟုတ္လား။
ဒီအက်င့္ကလည္း ျပန္နိုးလာခ်ိန္တြင္ တစ္ပါတည္းပါလာေသာ အရာတစ္ခုပင္။ အရင္က အေမွာင္ကိုေၾကာက္သည္ဆိုေသာ္လည္း ယခုေတာ့ ပိန္းပိတ္ေအာင္ေမွာင္ေနတာမ်ိဴးဆို ေသမေလာက္ေၾကာက္တတ္လာသည္။ အေမွာင္ထုထဲအၾကာႀကီးပိတ္မိေနရာက ျပန္နိုးထလာသည့္အခါ ေနာက္တစ္ခါ အေမွာင္ထုထဲ ျပန္မသြားခ်င္ ။ ျပန္မလာနိုင္ေတာ့မွာ တိမ္တိုက္အရမ္းေၾကာက္ရပါသည္။
ခြန္း ကြန္ဒိုကို ဖုန္းဆက္လိုက္ေတာ့ ဖ်ဴ႕စ္ ပ်က္သြားသည္ဟုေျပာသည္။ ဆယ္မိနစ္ေလာက္ၾကာရင္ ျပန္လာမည္ဟုလည္းေျပာသည္။
ခြန္း ေဆးလိပ္မီးသတ္လိုက္ၿပီး ဖုန္းမီးကိုဖြင့္လိုက္သည္။
ၿပီးေတာ့ အခန္းထဲ ျပန္ဝင္လာၿပီး တိမ္တိုက္အေျခအေနကိုၾကည့္ေတာ့....
ကုတင္ထက္မွ အျဖဴေရာင္အေသးေလးက ေကြးေကြးေလးအိပ္ေနသည္ဟုထင္ရသည္။ ထို႔ေၾကာင့္ အိပ္ေပ်ာ္ေနၿပီဟုထင္ကာ ဖုန္းမီးကိုျပန္ပိတ္လိုက္ေတာ့
'' ေမာင္.....''
ကုတင္ထက္မွ အသံတိုးတိုးေလး.... တကယ္တိုးတိုးေလး။
'' ဘာမွမျဖစ္ဘူး ဖ်ဴ႕စ္ ျပတ္သြားတာ ခနေနျပန္လာလိမ့္မယ္ ''
ခြန္း ဖုန္းမီးကို ျပန္ဖြင့္ေပးလိုက္သည္။ သူကေတာ့ တက္မအိပ္ေသးပဲ စာၾကည့္ခုံမွာသာ ထိုင္ေနဆဲ။
တိမ္တိုက္ ဖုန္းမီးေလးေက်းဇူးျဖစ္ စိတ္သက္သာရာ ရသည္။
ဆယ္မိနစ္ဟုေျပာထားေသာ ကြန္ဒိုက နာရီဝက္နီးနီးအထိ မီးကျပန္မလာ။ တိမ္တိုက္တစ္ေယာက္ လုံးဝအိပ္မေပ်ာ္ေသးေပ။ ကုတင္ထက္ ဟိုလွိမ့္ဒီလွိမ့္ႏွင့္....
ထိုစဥ္ ဖုန္းမီးကပါ ႐ုတ္တရက္ပိတ္သြားသည္။ ဖုန္းလည္းသိပ္မသုံးသလို ဖုန္းအားလည္းသိပ္မသြင္းေသာ ခြန္းဖုန္းက အားကုန္ကာ ပါဝါ ပါပိတ္က်သြားေတာ့သည္။ တိမ္တိုက္ဖုန္းကလည္း ဧည့္ခန္းထဲတြင္ျဖစ္သည္မို႔အေမွာင္ထဲရမ္းသန္းသြားဖို႔ရာမျဖစ္ေျခေသး။
'' ေမာင္.....''
တိမ္တိုက္ဆီမွ တုန္ရီ တိုးလ်ေသာေခၚသံေလး ထပ္ထြက္လာသည္။
'' အင္း ေမာင္ရွိတယ္.... ခနေလး ''
တိမ္တိုက္ေၾကာက္ေနပီဆိုတာ ခြန္းအေသအခ်ာသိလိုက္သည္။ ေမာင္ ဟုေခၚသံအဖ်ားတြင္ ေၾကာက္႐ြ႕ံျခင္းေတြအဖ်ားခတ္သြားသည္။သူ ခနခနေျပာဖူးတာရွိသည္။
'' ေမွာင္ေနတာကို မုန္းလိုက္တာ ေမာင္ရယ္ '' တဲ့ '' ေမာင္နဲ႕ေနာက္တစ္ေခါက္ ခြဲရမယ္လို႔ခံစားေစရတယ္ '' တဲ့....
ခြန္း ဗီရိုေတြဆီေျဖးေျဖးခ်င္း မွန္းေလွ်ာက္သြားလိုက္သည္။
'' ေမာင္...ဘယ္မွာလဲ ''
တိမ္တို္က္အသံတို႔က သိသာစြာတုန္လာသည္။ သည္လို ေမ့ေျမာေနတုန္းကလည္းအေမွာင္ထဲ ခြန္းကို အႀကိမ္ႀကိမ္ေခၚေနခဲ့ဖူးသည္။
သူမျမင္နိုင္တဲ့ ကိုယ့္ရဲ႕ရင္မွာ အခ်စ္တို႔အျပည့္ပါကြယ္.....
ခ်စ္သူအတြက္ဆို.....
ဗီရို စမ္းဖြင့္ေနရင္း ခပ္တိုးတိုးေလး သီခ်င္းထညည္းေနေသာ ခြန္း။ အထဲမွ သူ႕အကၤ်ီဟုထင္ရေသာ ရွပ္တစ္ထည္ကိုထုတ္ၿပီး လဲေနရင္း သီခ်င္းကိုဆက္ဆိုသည္။
လိုေနခ်ိန္တိုင္းမွာ သူ႕အနားမွာ .....
ၿငိဳျငင္စရာမရွိေအာင္ ျဖည့္ဆည္းေပးပါရေစ....
ေက်ာခိုင္းၿပီး ထြက္မသြားပါနဲ႕ အလြမ္းဒဏ္မခံနိုင္ဘူး.....
လုံၿခဳံတဲ့ ကိုယ့္ရင္ခြင္ထဲမွာ.....
ၾကင္နာသူတစ္ေယာက္သာ ခိုနားခြင့္ျပဳတယ္......
ဘဝတစ္ခုလုံး ပုံအပ္ပါကြယ္.....
အဆုံးသတ္တစ္ေန႕ထိ တန္ဖိုးထားပါမယ္......
(တန္ဖိုးထားပါမယ့္-ေကာင္းေကာင္း)
တိမ္တိုက္ ေဆးလိပ္နံ႕မခံနိုင္တာမို႔ အကၤ်ီလဲလိုက္တာျဖစ္ၿပီး တိမ္တိုက္အေမွာင္ထဲတြင္ ေလွ်ာက္ေတြးေနမည္စိုးကာ သီခ်င္းဆိုျပေနျခင္းသာ။
တိမ္တိုက္လည္း ေခြၽးေစးေတြျပန္လာရင္း ခြန္းသီခ်င္းဆိုသံၾကားမွ အဆင္ေျပေတာ့သည္။
သီခ်င္းသံတိတ္သြားေသာအခါတြင္ေတာ့ ကုတင္က အိကနဲ က်သြားသည္ကို တိမ္တိုက္ခံစားမိသည္။ ထို႔ေနာက္ ခြန္း သူ႕အနားကိုေရာက္လာကာ အေနာက္ကေန ေပြ႕ဖက္လိုက္ၿပီး သူ႕ရင္ခြင္ထဲထည့္ထားလိုက္သည္။
'' အိပ္အိပ္....ေမာင္ရွိတယ္ ''
ေခါင္းေလးကို အသာ သပ္ေပးၿပီး ေခ်ာ့သိပ္ရွာသည္။
'' ေမာင့္..ကြၽန္ေတာ္....''
'' မင္းဆီက ဘာမွမၾကားခ်င္ေတာ့ဘူး တိမ္တိုက္ ''
ရင္ခြင္ထဲက ေခါင္းေလးဟာ အသာၿငိမ့္ၿပီး တိုးဝင္ကာ အိပ္စက္ျခင္းကိုစတင္လိုက္ေတာ့သည္။ ဒီတစ္ခါမွ တိမ္တိုက္တကယ္အိပ္ေပ်ာ္သြားတာပင္။
ညက ေနာက္က်မွ အိပ္ထားသည္မို႔ မနက္က်ေတာ့ တိမ္တိုက္ေတာ္ေတာ္ႏွင့္မနိုး။
နိုးလာသည့္အခ်ိန္တြင္ ေဘးတြင္ ခြန္းမရွိေတာ့။ အခန္းေရွ႕ထြက္လာေတာ့လည္း မေတြ႕။ ဖုန္းဆက္မည္လုပ္ေတာ့ ဖုန္းတြင္ ခြန္းဆီမွ စာတစ္ေစာင္ဝင္ထားသည္။
စာထဲတြင္ ဦးမာန္ခြန္းစစ္ ေခၚ၍ ခရီး ထြက္သြားရသည့္အေၾကာင္း ေရးထားသည္။
ခြန္းက အလုပ္လုပ္ေနခ်ိန္ ဖုန္းဆက္တာမႀကိဳက္တာမို႔ မဆက္ျဖစ္ေတာ့ေပ။
ဘယ္လိုပဲ မေန႕ညက ျပသာနာတက္တက္ သူအလုပ္ကိုေတာ့ဆက္လုပ္ရမည္။ တနဂၤႏြေ ေန့အထိ ခြန္းက ျပန္မလာေသးေပ။
ဖုန္းဆက္ေတာ့လည္း ေသခ်ာမေျဖပဲ အေပၚယံသာေျဖသည္။ သည္လိုႏွင့္ေက်ာင္းျပန္ဖြင့္ေတာ့ ကြန္ဒိုကို ျပန္မလာ။ ရွန္မင္းကိုလွမ္းေမးၾကည့္ေတာ့လည္း ေက်ာင္းတြင္းရွိသည္တဲ့ေလ။
တိမ္တိုက္မသကၤာတာႏွင့္ အဝတ္ဗီရိုထဲမွ ခြန္း အကၤ်ီေတြ ကိုစစ္ၾကည့္ေတာ့ အျဖဴနဲ႕အစိမ္း ေက်ာင္းယူနီေဖာင္းေတြေလ်ာ့ေနသည္။ တျခား အျပင္ဝတ္ကလည္း သုံးေလးစုံေလ်ာ့ေနသည္။
တိမ္တိုက္စိတ္ထဲ မတင္မက်ျဖစ္ကာ ဖုန္းဆက္ေမးၾကည့္ေတာ့... အလုပ္ေတြမ်ားေနတာေၾကာင့္ ေက်ာင္းမွာပဲေနမည္ဟု ေျပာသည္။
သည္တစ္ေခါက္ ခြန္းအေတာ္ထိသြားၿပီ ဆိုတာ တိမ္တိုက္သေဘာေပါက္လိုက္သည္။ ခြန္းက သူနဲ႕ပတ္သက္လွ်င္ စိတ္ဆိုးလြယ္သည္ မွန္သည္။ ျပသာနာေပါင္းမ်ိဴးစုံလည္း တက္ဖူးသည္။ သို႔ေသာ္ သည္တစ္ေခါက္ ျပသာနာက အေတာ္ေလးႀကီးသြားပုံရကာ ခြန္းက ကြန္ဒိုေတာင္ျပန္မလာေတာ့သည္အထိျဖစ္သြားသည္။
အဲ့ေန႕ညက အဆင္ေျပၿပီဟုထင္လိုက္လွ်င္မွားေပလိမ့္မည္။ ဘာလို႔ဆို ခြန္းက အၿမဲ အဲ့သည္လိုပင္။ ရန္ျဖစ္တာကျဖစ္တာပင္...သူ႕တာဝန္မ်ား သူ႕အခ်စ္မ်ားကေတာ့ေလ်ာ့ရဲသြားျခင္းမရွိေပ။
တိမ္တိုက္ ေနာက္တစ္ေန႕ေရာက္ေတာ့ ေက်ာင္းကိုသြားၾကည့္သည္။ ပညာေရးမႉး႐ုံးသြားသည္ဟုေျပာ၍ ျပန္လာရသည္။ သည္လိုႏွင့္ ေက်ာင္းသို႔သြားၾကည့္တိုင္းက ခြန္းက အလုပ္ရႈပ္ေနတတ္၏ ။
သည္ေလာက္ဆို ခြန္း တိမ္တိုက္ကိုေရွာင္ေနမွန္း သိသာေနေတာ့ သည္။
......................
23.7.2022