ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

257K 22.7K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန်း ၁၂

4.9K 505 34
By morA_nyein

အမ်ားအျမင္မွာ ၿမိဳင္ဆိုတဲ့ ကြၽန္မဟာ ႀကီးက်ယ္ခမ္းနားတဲ့ သီရိၿမိဳင္စံအိမ္ေတာ္အတြင္း အေျခြအရံေတြ ဝန္းရံလို႔ ေျခေမႊးမီးမေလာင္း လက္ေမႊးမီးမေလာင္ ေနထိုင္ေနရေပမယ့္ ကြၽန္မရဲ႕ရင္ထဲမွာေတာ့ ေတာမီးေလာင္သလို အေတာ့္ကိုေလာင္ကြၽမ္းေနရတယ္ ။
ဒီေတာမီးေလာင္ၿမိဳက္ေနတာ ၁၂နွစ္ေတာင္ ရိွေနၿပီေလ ။
ကြၽန္မရင္ထဲက မီးေတြ ၁၂နွစ္ၾကာတာေတာင္ မၿငိမ္းေသးပါဘူးရွင္ ။
ေအးခ်မ္းလွတဲ့ ေမၿမိဳ႕ေတာင္ ကြၽန္မရဲ႕ ေလာင္ၿမိဳက္မႈကို ၿငိမ္းသတ္ေပးနိုင္စြမ္း မရိွပါဘူး ။

သီရိၿမိဳင္စံအိမ္ႀကီးရိွ ဝရံတာ၌ ေဆြးေျမ့ေျမ့ေလး ျဖစ္ေနတဲ့ မမၿမိဳင္ဟာ တစ္ေလာကလံုးနွင့္ အဆက္အသြယ္ ျပတ္ေနရွာသည္ ။ မနက္ခင္း ေနေရာင္ျခည္ေႏြးေႏြးေလးေတာင္ သူမရင္ထဲက ေလာင္မီးကိုျမင္မိပါမလား ။

" မမၿမိဳင္ ။ ေဟာ ။ မမၿမိဳင္က ဒီေရာက္ေနတာကိုး ။ ကြၽန္မက အခန္းထဲမွာ သြားရွာေနတာ ။ ဒီေန႔ အေစာႀကီးနိုးတယ္ေနာ္ မမၿမိဳင္ ။ "

အေစာႀကီးနိုးတယ္ဆို မမၿမိဳင္ အိပ္မေပ်ာ္ခဲ့ ။ ရင္နာစရာျမင္ကြင္းကို အႀကိမ္ႀကိမ္အခါခါ ေမာင္းထုတ္ဖို႔ႀကိဳးစားတိုင္း အႀကိမ္ႀကိမ္အခါခါ ျမင္ေယာင္ေနခဲ့သည့္ ညဟာ အင္မတန္ေျခာက္ျခားစရာ ျဖစ္ခဲ့ရသည္ ။

ညိဳေလးဟာ သူမရဲ႕အၿပံဳးေလးကို ဖန္ဆင္းၿပီး မမၿမိဳင္ေဘးသို႔ကပ္လာကာ လွမ္းေမးလိုက္ျခင္းပင္ ျဖစ္သည္ ။ ခါတိုင္းသာလ်ွင္ ညိဳေလးတစ္ခြန္းဆို မမၿမိဳင္ဟာ သံုးခြန္းေလာက္ ျပန္ေျပာမိမွာျဖစ္ေပမယ့္လို႔ ယခုအခ်ိန္မွာေတာ့ ဘာမွမေျပာဘဲ တိတ္ဆိတ္ေနရွာသည္ ။ ညိဳေလးကေတာ့ သတိထားမိပံုမေပၚ ။

" ဒါနဲ႔ မမၿမိဳင္ ။ မမၿမိဳင္ ေျပာတာဟုတ္တယ္သိလား ။ ညက ခါတိုင္းထက္ အခ်မ္းပိုေနတာ ။ ေအးစိမ့္ေနတာပဲ မမၿမိဳင္ရယ္ ။ မမၿမိဳင္ေပးတဲ့ မာဖလာေလးကို ေက်းဇူးတင္ရမယ္ ။ သူ႔ေၾကာင့္ ေႏြးေနရတာ ။ တကယ့္ အေႏြးဓာတ္ေလးပဲ မမၿမိဳင္ ။ "

ညိဳေလးရဲ႕စကားကို ၾကားမိသည္နွင့္တစ္ၿပိဳင္နက္ မမၿမိဳင္ရင္ထဲက ေလာင္ၿမိဳက္ေနေသာေတာမီးမ်ား ေဒါသမ်ားမီးမ်ားအျဖစ္ ေျပာင္းလဲလို႔ ေတာက္ေလာင္သြားေတာ့သည္ ။ မ်က္ဝန္းညိဳေတြဟာ မ်က္ဝန္းနီေတြအျဖစ္ ေျပာင္းလဲလို႔ မုသားစကားဆိုလိုက္ေသာ ညိဳေလးအား မ်က္ေထာက္နီႀကီးျဖင့္ ၾကည့္လိုက္သည္ ။ မ်က္ရည္ေတြ ေဝ့တက္ေနတဲ့ ထိုမ်က္ဝန္းနီနီ ။ ငိုခ်င္စိတ္ကို မာနနဲ႔ထိန္းထားတဲ့ တုန္ရီေနေသာ မမၿမိဳင္ရဲ႕ နႈတ္ခမ္း ။ အင္မတန္မွ ထိတ္လန္႔ေျခာက္ျခားစရာေကာင္းလြန္း၏ ။

ပံုမွန္မဟုတ္တဲ့ မမၿမိဳင္ရဲ႕အၾကည့္ အျပဳအမူကို ညိဳေလး သတိထားမိလိုက္သည္ ။ စိုးရိမ္မိလာ၍ မမၿမိဳင္ရဲ႕အနားကို ပိုလို႔တိုးကပ္လာမိသည္ ။

" မမၿမိဳင္ ။ ဘာေတြမ်ားျဖစ္ ။ "

ၿပီးဆံုးေအာင္မေျပာနိုင္ခဲ့ေသာ ညိဳေလးရဲ႕စကားလံုးဟာ မမၿမိဳင္ရဲ႕လက္ဖဝါးႏုႏု၌ အဆံုးသတ္လိုက္ရသည္ ။ ပါးျပင္ေပၚသို႔က်ေရာက္လာတဲ့ ထိုလက္ဖဝါးႏုႏုမွာ 'ေျဖာင္း'ခနဲဆိုေသာ အသံထုလိုက္ပါလာသလို ညိဳေလးရဲ႕လည္ပင္းမွာ အနည္းငယ္မ်ွလည္ထြက္သြားေတာ့သည္ ။

" မမၿမိဳင္ ။ "

ညိဳေလးအား ပါးရိုက္လိုက္ေသာ မမၿမိဳင္မွာ အေတာ့္ကိုမုန္းတီးေနရွာသည္ ။ သို႔ေပတည္း ဘာအတြက္ေၾကာင့္ သူမ ပါးရိုက္ခံရသလဲဆိုတာ ညိဳေလးတစ္ေယာက္ နားမလည္နိုင္ရွာဘူး ျဖစ္ေနသည္ ။

" ဘာလို႔ ။ ဘာလို႔မ်ားလဲ မမၿမိဳင္ ။ "

" ဘာလို႔လဲ ဟုတ္လား ။ နင့္လိုေကာင္မမ်ိဳးက ငါ့လိုလူကို လိမ္ေျပာရဲတယ္ေပါ့ ။ "

" မမၿမိဳင္ ။ မမၿမိဳင္ ဘာေတြေျပာေနတာလဲ ။ ကြၽန္မ ကြၽန္မ နားမလည္ဘူး ။ "

" အမွန္တရားကို မေျပာခ်င္ရင္ေတာင္ မုသားစကား မေျပာရဘူး ။ ကိုယ္ ဘာလုပ္ခဲ့သလဲ ကိုယ္ကိုယ္တိုင္သိမွာေပါ့ ။ "

" မသိဘူး ။ ကြၽန္မ ဘာလုပ္ခဲ့တာလဲ ။ ကြၽန္မ မသိဘူး ။ "

" နင္ ေျပာတဲ့အေႏြးဓာတ္ဆိုတာ ငါေပးခဲ့တဲ့ မာဖလာမဟုတ္ဘဲ ကိုျမင့္ေမာင္ မဟုတ္လား ။ ဝံပုေလြမ ။ ဒီလိုအေျခအေနျဖစ္လာမယ္သိေနလို႔ အနားမွာေခၚထားရဲ႕သားနဲ႔ ။ ဘာလို႔ ငါ့ေယာက္်ားကို နင္ကပါ ထပ္လုရတာလဲ ။ ဘာလို႔ နင့္ပန္းကို ေျခြခြင့္ေပးရတာလဲ ။ "

" မမၿမိဳင္ ။ "

မ်က္ဝန္းနီနီထဲက မ်က္ရည္ၾကည္ေတြ ထိန္းမရေအာင္ စီးက်ေနမိေတာ့သည္ ။ အလိမ္ခံလိုက္ရတဲ့ ခံစားခ်က္က မမၿမိဳင္ ရင္ထဲမယ္ လွံနဲ႔ထိုးသလိုပါပင္ ။ လြန္ခဲ့တဲ့ ၁၂နွစ္ကတည္းက ကိုျမင့္ေမာင္ဆီက အေၾကာင္းအမ်ိဳးမ်ိဳးနွင့္ အလိမ္ခံရတဲ့ မမၿမိဳင္ဟာ တုံးအသသည္မ်ိဳးမဟုတ္ခဲ့ ။ ခ်စ္လြန္း၍ မသိေက်းကြၽန္ျပဳထားသည္သာ ။ ေနာက္ထပ္ ေနာက္ထပ္ ထပ္ၿပီးေတာ့ အလိမ္မခံခ်င္မိသည္ ျဖစ္ေနရွာသည္ ။

အမွန္တရားကိုမေျပာဘဲ ပါးစပ္ပိတ္ေနရင္ေတာင္ မမၿမိဳင္ ဒီလိုအျပဳအမူမ်ိဳး လုပ္လိုက္မိမွာမဟုတ္ဘဲ မသိေက်းကြၽန္ျပဳလိုက္လိမ့္မည္ ။ မမၿမိဳင္နဲ႔ စကားတစ္ခြန္းမဟုတ္ တစ္ခြန္းေလာက္ျဖစ္ျဖစ္ ေျပာခ်င္မိသည့္ ညိဳေလးမွာ အေၾကာင္းမရိွအေၾကာင္းရွာလို႔ မုသားေျပာခဲ့မိသည္ ။ ဒါေတြဟာ မမၿမိဳင္ေၾကာင့္ဆိုတာ သိပါေလ့ ။

" ဘယ္လိုလဲ ။ အေျခြခံရတာ သိပ္ကိုမွ ေကာင္းရဲ႕လား ။ "

" ဒါအတြက္ ေျဖရဦးမွာလား မမၿမိဳင္ ။ ကိုကိုျမင့္ရဲ႕ အငယ္အေနွာင္းျဖစ္တဲ့ ကြၽန္မမွာ ျငင္းပယ္ပိုင္ခြင့္မွ မရိွခဲ့တာ ။ ကြၽန္မက ကိုကိုျမင့္ရဲ႕ တရားဝင္မယားမဟုတ္ေပမယ့္ လင္ေယာက္်ား ေပ်ာ္ဖို႔အတြက္ ျဖည့္ဆည္းေပးရမွာေပါ့ ။ "

" ညိဳေလး ။ "

ေအာ္ဟစ္လိုက္တဲ့ မမၿမိဳင္ရဲ႕အသံမွာ ဟိန္းထြက္သြားေလသည္ ။ ေဒါသစိတ္ေတြ နာက်ည္းျခင္းေတြ ျပည့္နွက္ေနတဲ့ မမၿမိဳင္ရဲ႕လက္ဖဝါးႏုႏုကို ညိဳေလးအသာကိုင္ယူမိသည္ ။ ၿပီးေနာက္ မ်က္ရည္ၾကည္ေတြ စီးက်ရင္ ထိုစကားကို ရင္နာစြာျဖင့္ ေတာင္းဆိုကာေျပာသည္ ။

" ဒါေပမယ့္ ။ ကြၽန္မကို မမုန္းပါနဲ႔ေတာ့ မမၿမိဳင္ ။ မမၿမိဳင္ဆီက ရလာမယ့္အမုန္းက ကြၽန္မ အပ်ိဳရည္ပ်က္တာထက္ ပိုနာရတယ္ ။ ဒီနာက်င္မႈကိုေတာ့ ကြၽန္မ မႀကိဳက္ဘူး မမၿမိဳင္ ။ "

" ဘယ္လို ။ ငါ့အမုန္းက မင္းအပ်ိဳရည္ပ်က္တာထက္ နာတယ္ ။ ဟုတ္လား ။ "

" ဟုတ္ပါတယ္ ။ ဟုတ္ပါတယ္ မမၿမိဳင္ ။ ဒါေၾကာင့္ ကြၽန္မကို မမုန္းဘဲနဲ႔ ႀကိဳက္တာအျပစ္ေပးပါ ။ မုသားစကားနဲ႔ လိမ္ညာခဲ့မိတဲ့အတြက္ ေပးလာမယ့္အျပစ္ကို ေက်နပ္နပ္နဲ႔ လက္ခံပါမယ္ မမၿမိဳင္ ။ "

" ေသခ်ာလား ။ "

အပူမီးေတာက္ေနရွာတဲ့ ေဒါသမ်က္ဝန္းနီနီေတြကို ညိဳေလးမွာ ဘယ္လိုအင္အားမ်ိဳးနဲ႔မွ စိုက္ၾကည့္နိုင္စြမ္းမရိွ ။ ရင္ဘက္ထဲမွ ေလးလံေနလို႔ အင္အားကုန္ခံေနရသည္ ။ ဒါေတာင္ မမၿမိဳင္ေပးမယ့္ အျပစ္ကို သူမ လက္ခံဖို႔အသင့္ျဖစ္ေနေပသည္ ။

သူမရဲ႕လက္ကိုတယုတယနဲ႔ ကိုင္ထားတဲ့ ညိဳေလးရဲ႕လက္ကို ေဒါသအျပည့္နဲ႔ ခါခ်လိုက္တာေၾကာင့္ အင္အားမဲ့ေနရွာတဲ့ ညိဳေလးရဲ႕ခႏၶာကိုယ္ေလးပါ ယိုင္ထိုးသြားရွာသည္ ။ ၿပီးေနာက္ မမၿမိဳင္ဟာ ညိဳေလးအေရွ႕မွ ခ်ာခနဲလွည့္ထြက္လိုက္ၿပီး အိမ္ေတာ္ထဲသို႔ ဝင္သြားေတာ့သည္ ။

အမွတ္မရိွဘူးပဲ ေျပာေျပာ ။ အသိမရိွဘူးပဲ ေျပာေျပာ ။ ေျပာပါေစ ။ မမၿမိဳင္အတြက္ဆို ေတာက္တဲ့တစ္ေယာက္ျဖစ္ေနရွာသည့္ ညိဳေလးဟာ မမၿမိဳင္ရဲ႕အေနာက္ကို ခ်ိနဲ႔ေနတဲ့အင္အားနဲ႔ ရုန္းကန္ရင္း ထပ္လိုက္သည္ ။

" ဖ်က္ဆီးပစ္မယ္ ။ အကုန္လံုးကို ဖ်က္ဆီးပစ္မယ္ ။ "

နံရံမွာ ခ်ိတ္ကပ္ထားေသာ ဖိုးဖြားပိုင္ အေမြပစၥည္းျဖစ္ေသာ ဓားရွည္ကိုဆြဲျဖဳတ္လိုက္ေတာ့ ဓားအိမ္အတြင္းမွ ခြၽန္ထက္ေနေသာ ဓားရွည္အား ဆြဲထုတ္လိုက္ပါေတာ့သည္ ။ ' ခြၽင္ ' ဆိုေသာ အသံနဲ႔အတူတူ မမၿမိဳင္ရဲ႕ အျပဳအမူေၾကာင့္ အေနာက္မွကပ္ပါလာေသာ ညိဳေလး တုန္လႈပ္သြားခဲ့ရသည္ ။

" မမၿမိဳင္ ။ "

မ်က္ေထာက္နီႀကီးနဲ႔ မမၿမိဳင္ လွည့္ၾကည့္မိသည္ ။ အနွစ္နွစ္ အလလ ၁၂နွစ္ၾကာတဲ့ကာလပတ္လံုး သိုဝွက္ထားတဲ့ သူမရဲ႕ေဒါသမ်ားကို ဖြင့္ဟအန္ထုတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ ။

" ဖ်က္ဆီးပစ္မယ္ ။ အားလံုးကို ဖ်က္ဆီးပစ္မယ္ ။ "

" ရတယ္ ။ မမၿမိဳင္ မမုန္းဖို႔ဆို ကြၽန္မ အဖ်က္ဆီးခံမယ္ ။ မမၿမိဳင္အတြက္ ကြၽန္မ လည္စဥ္းေပးမယ္ ။ ဘယ္ေတာ့မွ ကြၽန္မကို မမုန္းရဘူး ။ "

ညိဳေလးဟာ သူမရဲ႕မ်က္ဝန္းေတြကို မွိတ္ခ်လိုက္ၿပီး မမၿမိဳင္အတြက္ လည္စဥ္းေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီ ။ ညိဳေလးရဲ႕ ထိုအျပဳအမူဟာ ေဆးခါးနဲ႔တူသည္ ။ ေသာက္ခ်င္ေပမယ့္ ခါးလြန္းလို႔ မေသာက္နိုင္ခဲ့ဘူး ။ သူမလည္စဥ္းေပးလည္း မမၿမိဳင္ ဓားမလႊဲမွာကို ႀကိဳတင္တြက္ခ်က္ထားသည္ ။

ထိုအခ်ိန္ မမၿမိဳင္ရဲ႕ ေဒါသမ်ား ေဆာင္းတြင္းမနက္ခင္းမွာ ရုတ္တရက္ႀကီး မိုးႀကိဳးမုန္တိုင္းမ်ားတိုက္သလို ျပင္းထန္လာပါေတာ့သည္ ။

" အားလံုးကို ဖ်က္ဆီးပစ္မယ္ ။ "

ဆိုေသာ စကားကို ငယ္သံပါေအာင္ ေအာ္ဟစ္ၿပီး မမၿမိဳင္သည္ နွစ္ဖက္ခြဲေလွကားေပၚမွာ ဓားရွည္ႀကီးအား အရူးအမူးနဲ႔ရမ္းလို႔ စံေတာ္အျပင္ဘက္ကို ေျခဗလာနဲ႔ ဆင္းသြားပါေတာ့သည္ ။

" မမၿမိဳင္ ။ "

ညိဳေလးနဲ႔ မမၿမိဳင္တို႔ရဲ႕ ထိတ္လန္႔တၾကားေအာ္ဟစ္သံေတြေၾကာင့္ ေဒၚေဒၚႏုအပါအဝင္ အေစခံမ်ားအားလံုး ေၾကာက္လန္႔တၾကားျဖင့္ စံအိမ္အျပင္ကို ထြက္ၾကည့္ေနၾကေတာ့သည္ ။

ဓားရွည္ႀကီးရမ္းလာတဲ့ မမၿမိဳင္ဟာ ျဖဴျဖဴေဖြးေဖြးစံပယ္ေတြ လွလွပပႀကီး ပြင့္ေနၿပီျဖစ္တဲ့ စံပယ္ရံုအနားသို႔ အေျပးလာေတာ့သည္ ။ ရင္နာအသည္းထဲကနာရတဲ့ မမၿမိဳင္ရဲ႕ ထိုအျပဳအမူဟာ လြန္ခဲ့တဲ့ ၁၂နွစ္က သိပ္ျႏတ္နိုးရဖူးတဲ့ စံပယ္ရံုကို ေနာက္ထပ္တစ္ႀကိမ္ ဖ်က္ဆီးဖို႔အတြက္ အေၾကာင္းဖန္ေနသည္ကို ေဒၚေဒၚႏု ခံစားမိေနသည္ ။

ဓားရွည္ႀကီးအား လက္နွစ္ဖက္နဲ႔ကိုင္ထားတဲ့ မမၿမိဳင္ဟာ စံပယ္ရံုကို ေနာက္ထပ္တစ္ႀကိမ္ ဒီဓားနဲ႔ဖ်က္ဆီးဖို႔လုပ္ခ်ိန္ ေျခဗလာျဖစ္ေနရွာတဲ့ ညိဳေလးဟာ မမၿမိဳင္ရဲ႕ခါးကိုအေျပးဖက္ရင္း ေတာင္းပန္ေနေတာ့သည္ ။

" မမၿမိဳင္ ။ ကြၽန္မ ေတာင္းပန္ပါတယ္ ။ မလုပ္ပါနဲ႔ ။ "

" လႊတ္ ။ ငါ့ကို အခုခ်က္ခ်င္း လႊတ္စမ္း ။ ဖ်က္ဆီးပစ္မယ္ ။ "

" မလုပ္ပါနဲ႔ ။ မလုပ္ပါနဲ႔ မမၿမိဳင္ ။ ဒီစံပယ္ရံုေလးက မမၿမိဳင္အတြက္စိုက္ထားတာျဖစ္လို႔ ေနာက္တစ္ႀကိမ္ ထပ္ၿပီးမဖ်က္ဆီးပါနဲ႔ မမၿမိဳင္ ။ ကြၽန္မ ေတာင္းပန္ပါတယ္ ။ "

ရုန္းေလ နစ္ေလ ျဖစ္ေနတဲ့ မမၿမိဳင္ဟာ ညိဳေလးရဲ႕တင္းက်ပ္စြာ ဖက္တြယ္ထားမႈေၾကာင့္ ႐ြံ႕ႏြံထဲနစ္ေနသလို ေျမျပင္ေပၚတက္ဖို႔အတြက္ အကူအညီမဲ့ေနရွာသည္ ။

" လႊတ္စမ္း ။ "

" စံပယ္ရံုကို ဖ်က္ဆီးမယ့္အစား ကြၽန္မကိုပဲ သတ္ပါ မမၿမိဳင္ ။ မမၿမိဳင္အတြက္ ဒီစံပယ္ေတြကိုေတာ့ ထပ္အဖ်က္ဆီးမခံနိုင္ဘူး ။ ဒီစံပယ္ရံုကို မဖ်က္ဆီးဘူးဆို ကြၽန္မ ေသရတာတန္တယ္ မမၿမိဳင္ ။ "

ညိဳေလးရဲ႕စကားလံုးဟာ သူမအေပၚ ဘယ္ေလာက္ထိ တန္ဖိုးထားတဲ့အေၾကာင္း ။ ဘယ္ေလာက္ထိ ေႏြးေထြးေစတဲ့အေၾကာင္း ခံစားမိပါသည္ ။

ရုန္းကန္ေနေသာ အင္အားမ်ားကို အသာေလ်ာ့၍ ယိုင္က်သြားပါသည္ ။ ငိုယိုေနတဲ့ ညိဳေလးဟာ မမၿမိဳင္ရဲ႕ခႏၶာကိုယ္ကို အသာထိန္းရင္း ေျမႀကီးေပၚသို႔ ထိုင္ခ်လိုက္ပါေတာ့သည္ ။ ၿပီးေတာ့ လက္ထဲက ဓားရွည္ကိုယူကာ အေဝးသို႔လႊတ္ပစ္မိေတာ့သည္ ။

" မမၿမိဳင္ ။ "

" ဘာလို႔ ။ ဘာလို႔ လိမ္ရတာလဲ ။ "

" မုသားမပါ လကာၤမေခ်ာ တဲ့ ။ မမၿမိဳင္နဲ႔ စကားေတြ အမ်ားႀကီးေျပာခ်င္လုိ႔ လိမ္မိတာပါ ။ "

မမၿမိဳင္ ေမာပန္းေနသည္ ။ သူမရဲ႕ ေဒါသမီးေတြကို ညိဳေလးဟာ ၿငိမ္းေပးနိုင္ခဲ့သည္ ။ မ်က္ဝန္းကိုအသာမွိတ္လို႔ ညိဳေလးရဲ႕ရင္ခြင္ေသးေသးေလးထဲ ဝင္ေရာက္နားခိုမိေတာ့သည္ ။ မွိတ္ထားတဲ့ မ်က္ဝန္းေတြမွ မ်က္ရည္ၾကည္ေတြစီးက်လာရသည္ ။

ငိုေနတာမဟုတ္ဘဲ နာေနတာပါ ။
ငါ့ရင္ထဲက နာေနတာ ။

ငိုေနတာမဟုတ္ဘဲ နာေနတာပါ ။ မမၿမိဳင္ ရင္ထဲက ေလးေလးပင္ပင္ခံစားခ်က္ ။ အသက္ရႈရပ္သြားေစတဲ့ အခိုက္အတန္႔ေတြကို ညိဳေလးဟာ သူမရဲ႕ခြန္အားနဲ႔ ရွင္သန္ေစခဲ့သည္ ။

ျမက္ခင္းျပင္ေပၚမွာ ရင္ထဲကနာက်င္မႈေတြနဲ႔အတူတူ ေထြးေပြ႕ထားၾကတဲ့ အမ်ိဳးသမီးေလးနွစ္ေယာက္ကို သီရိၿမိဳင္စံအိမ္ေတာ္အတြင္းရိွ ေဒၚေဒၚႏုအပါအဝင္ အေစခံမ်ား ၊ မာလီမ်ားသည္ ထိုျဖစ္စဥ္အား ေငးေမာၾကည့္ေနမိခဲ့ေတာ့သည္ ။

ထိုအခ်ိန္ သီရိၿမိဳင္ၿခံဝန္းထဲရိွ ျမင္းေဇာင္းရိွ ျမင္းမ်ားသည္ ေအာ္ဟစ္ျမည္ဟီးလာၾကၿပီး စံအိမ္ေတာ္ပတ္လည္ရိွ ထင္ရွဴးပင္မ်ားနဲျ အျခားေသာသစ္ပင္မ်ားမွ ခိုနားေနၾကလို႔ ေက်းငွက္ကေလးမ်ားကပါ အေတာင္ပ်ံ႕တစ္ဖ်ပ္ဖ်ပ္ခပ္လို႔ ေအာ္ဟစ္ကာျဖင့္ ေနေရာင္ျခည္ေႏြးေႏြးေလး ေဝဆာေနတဲ့ အျပာေရာင္ေကာင္းကင္ထဲရိွ တိမ္စိုင္ျဖဴျဖဴေလးေတြရိွရာ ဟိုးအေဝးသို႔ ပ်ံ႕သန္းသြားၾကပါေတာ့သည္ ။

ရင္ခြင္ထဲေမွးကာ အိပ္စက္ေနသလိုဟန္ရိွတဲ့ မမၿမိဳင္ကို ညိဳေလးမွာ ရင္နာနာနဲ႔ ၿပံဳးကာျဖင့္ၾကည့္ရင္း မမၿမိဳင္ရဲ႕ လက္ေမာင္းေလးအား ပြတ္သပ္ေပးေနေတာ့သည္ ။

တဒဂၤေလးအတြင္းမွာ မမၿမိဳင္ရဲ႕ ေဒါသမီးေတြကို ၿငိမ္းေအးေစနိုင္ခဲ့တဲ့ လူသားေလးဟာ ညိဳေလးဆိုသူသာျဖစ္သည္ ။

အင္မတန္ျပင္းထန္တဲ့ ေလထန္ေတြၾကားမွာ အေတာင္ေတြေႂကြေနတဲ့ သနားစရာ ငွက္ကေလး ကြၽန္မကို ညိဳေလးက ဒါဏ္ရာေတြေပ်ာက္ေအာင္ ကုသေပးခဲ့ၿပီ ။

ဘယ္သူမွားတယ္ ။ ဘယ္သူမွန္တယ္ ဆိုတာ အျပစ္လႊဲခ်နိုင္ေပမယ့္ ။ မမၿမိဳင္အတြက္ဆို ကြၽန္မပဲ မွားမယ္ ။ ကြၽန္မပဲ တရားခံျဖစ္မယ္ ။ ကုန္ကုန္ေျပာရရင္ မမၿမိဳင္အတြက္ဆိုၿပီး ကြၽန္မပဲျဖစ္ခ်င္တယ္ ။

X X X X X

အခ်စ္ရဲ႕ေရွ႕ေမွာက္မွာ ဒူးေထာက္အရႈံးေပးလို႔ လက္ေျမႇာက္ၿပီး ခ်စ္ခဲ့တဲ့ ကြၽန္မရဲ႕နွလံုးသားဟာ အခုေတာ့ နာလာၿပီ ။ အခ်စ္ကို ေန႔ေရာညပါ လိုလိုခ်င္ခ်င္ ေတာင္းတေနရွာတဲ့ ကြၽန္မရဲ႕နွလံုးသားဟာ ကိုျမင့္ေမာင္ဆိုတဲ့ ကြၽန္မရဲ႕ေယာက္်ားကို ေမၿမိဳ႕ရဲ႕ရာသီဥတုႀကီး ေအးစိမ့္သလို ေအးစက္လာခဲ့ၿပီ ။

ကုတင္ေပၚမွာလွဲလို႔ ၿငိမ္သက္ေနေပမယ့္ မမၿမိဳင္ရဲ႕ မ်က္ဝန္းေတြ မွိတ္မသြားေခ် ။ ေဆာင္းရဲ႕အေငြ႕အသက္ေတြအတိုင္း မမၿမိဳင္ရဲ႕ခႏၶာကိုယ္ဟာလည္း အင္မတန္မွ ေအးစက္ေနရွာသည္ ။

မမၿမိဳင္ရဲ႕အေနာက္မွ ညိဳေလးသည္ စိတ္အေနွာက္ယွက္ျဖစ္စရာ ဘာစကားတစ္ခြန္းမ်ွ မေျပာမိဘဲ မတ္တပ္ေလးသာရပ္ေနေတာ့သည္ ။ အသက္ျပင္းျပင္းရႈိက္ေနတဲ့ မမၿမိဳင္ကို ညိဳေလး စိတ္မေကာင္းျဖစ္မိသည္ ။

" ၿမိဳင္ ။ "

အခန္းတံခါးကို တြန္းဖြင့္လို႔ ဝင္လာတဲ့ ကိုျမင့္ေမာင္အား ညိဳေလးလွည့္ၾကည့္မိသည္ ။ မမၿမိဳင္ကေတာ့ တုန္လႈပ္ျခင္းမရိွဘဲ မ်က္ဝန္းေလးအသာမွိတ္လိုက္ေခ်ၿပီ ။

" ၿမိဳင့္ရဲ႕ အေျခအေန ဘယ္လိုေနေသးလဲ ။ "

လင္ေယာက္်ားရဲ႕ စိတ္ပူသံပါတဲ့စကားကို ၾကားလိုက္ရျခင္းျဖစ္သည္ ။

" အခုေတာ့ စိတ္ၿငိမ္သြားပါၿပီ ကိုကိုျမင့္ ။ "

" ဘယ္လိုျဖစ္ရတာလဲ ။ ဆံေတာ္ဂါ့ဒ္ကို ေရာက္ေရာက္ခ်င္း ဒီသတင္းကိုၾကားရတာ ။

ဒီမွာ ညိဳေလး ။ ၿမိဳင္က ဒီစံအိမ္ေတာ္ရဲ႕သခင္မ ။ ကိုကိုျမင့္ရဲ႕ တရားဝင္ဇနီးဆိုတာ မေမ့နဲ႔ ။ မင္း ၿမိဳင့္ကို မနာလိုျဖစ္ေနတယ္ဆိုတာ မင္းကိုယ္မင္းေရာ သိရဲ႕လား ။ "

" မဟုတ္ ။ မဟုတ္ ။ "

" တိတ္စမ္း ။ ဘာမွျပန္မေျပာနဲ႔ ။ အခန္းထဲက ထြက္သြားေတာ့ ။ "

ညိဳေလး မ်က္နွာညႇိဳးသြားရွာသည္ ။ အေတာ္လည္း စိတ္မေကာင္းျဖစ္သြားသည္ ။ ညိဳေလး အပ်ဳိစင္ဘဝတုန္းက ဖူးဖူးမႈတ္ထားတဲ့ ကိုကိုျမင့္ဟာ အညႇာေျခြလိုက္ၿပီးေနာက္ရက္မွာပဲ ခ်က္ခ်င္းကို ေျပာင္းလဲသြားၿပီ ။

အလြယ္တကူ ပန္းကိုေျခြခြင့္ေပးမိခဲ့သလို ျဖစ္သြားလား မမၿမိဳင္ ။ ကြၽန္မရင္ထဲက နာတယ္ ။

ေခါင္းေလးငံု႔ၿပီး အခန္းထဲမွ ထြက္သြားသည္ ။ မမၿမိဳင္ကေတာ့ ေနာက္ေက်ာေပး၍ မ်က္ဝန္းမ်ား မွိတ္ထားဆဲပင္ ။

ကိုျမင့္ေမာင္ဟာ သူ႔ရဲ႕တိုက္ပံုအက်ႌလက္ကို တစ္ပတ္မ်ွ ေခါက္တင္လိုက္ၿပီး မမၿမိဳင္လွဲအိပ္ေနေသာ ကုတင္ေပၚသို႔ ေျခခ်ထိုင္လိုက္ေတာ့သည္ ။

ၿပီးေနာက္ မမၿမိဳင္ရဲ႕ ခႏၶာကိုယ္ေပၚကို လက္တင္လိုက္ၿပီး လည္တိုင္ေလးနား မ်က္နွာကပ္လိုက္ေတာ့သည္ ။ မမၿမိဳင္ရဲ႕ လည္တိုင္နားမွာေတာ့ ကိုျမင့္ေမာင္ရဲ႕ ထြက္ေလဝင္ေလမ်ား ရစ္ပတ္ေနေတာ့သည္ ။ ထို႔ေနာက္ ထိုစကားကို တီးတိုးစြာ ေျပာသည္ ။

" ၿမိဳင္ ။ သူ ၿမိဳင့္ကို မနာလိုျဖစ္ေနတာပါ ။ ၿမိဳင္ စိတ္ထဲမွာ မထားနဲ႔ေတာ့ေနာ္ ။ အစ္ကို သူ႔ကိုဆူလိုက္ပါၿပီ ။

အစ္ကို မိန္းမပ်ိဳေတြနဲ႔ မ်က္နွာမ်ားေနေပမယ့္ ၿမိဳင့္တစ္ေယာက္ထဲကိုပဲ ခ်စ္တာ ။ ၿမိဳင္က ငယ္ခ်စ္ဦးေလးလည္း ျဖစ္သလို ။ အစ္ကုိ႔ရဲ႕ သခင္မလည္း ျဖစ္တယ္ ။

ဘာေတြမ်ားမက္ေမာစရာေကာင္းေနလို႔ အစ္ကိုကသူတို႔ကို ဘာ့ေၾကာင့္ ၿမိဳင့္ထက္ ပိုခ်စ္ရမွာလဲ ။

ေဟ ။ မဟုတ္ဘူးလား ။ "

ကိုျမင့္ေမာင္ရဲ႕စကားေၾကာင့္ ကိုျမင့္ေမာင္ကိုမမၿမိဳင္ သိပ္နာက်ည္းသြားမိၿပီ ။

မိန္းမေတြကို တန္ဖိုးမထားတဲ့ ရွင့္လိုေယာက္်ားမ်ိဳးကို တစ္ေန႔ေတာ့ ထိုက္သင့္တဲ့အျပစ္တစ္ခု ကြၽန္မကိုယ္တိုင္ဖန္တီးေပးရလိမ့္မယ္ ကိုျမင့္ေမာင္ ။
ရွင္ရမယ့္ဒါဏ္ရာက ကြၽန္မမွာရိွတဲ့ဒါဏ္ရာထက္ ပိုနက္ေစရမယ္ ကိုျမင့္ေမာင္ ။

လက္သီးကိုဆုပ္လို႔ နႈတ္ခမ္းကိုကိုက္ရင္း စိတ္အတြင္းမယ္ နာက်ည္းေနေတာ့သည္ ။ ရင္ဘက္ထဲကလည္း နာရသည္ ။ နွလံုးသားမွာစိုက္ေနခဲ့ေသာဓားရဲ႕ ဒါဏ္ရာနက္နက္ထဲမွာ ေလွာင္ပိတ္ခဲ့တဲ့ မမၿမိဳင္ဟာ ဓားကိုထုတ္ေနခဲ့ၿပီ ။ ဒီဓားဟာ ကိုျမင့္ေမာင္ရဲ႕ လည္တိုင္ဆီမွာ ထိုးစိုက္ဖို႔ပဲ က်န္ေတာ့သည္ ။

" ေမႊးလိုက္တာ ၿမိဳင္ရယ္ ။ "

မမၿမိဳင္ရဲ႕ခႏၶာကိုယ္အား တဏွာစိတ္နဲ႔ ကိုျမင့္ေမာင္ မႊန္ေနေတာ့သည္ ။ တဏွာစိတ္နဲ႔ လည္တိုင္ေလးအား အနမ္းေပးေနျပန္သည့္ ကိုျမင့္ေမာင္အား တြန္းထုတ္ခ်င္ေပမယ့္ ၿငိမ္ခံေနခဲ့ရသည္ ။

စည္းမေစာင့္တဲ့ ေယာက္်ားတစ္ေယာက္အား အသည္းနစ္ေအာင္ ခ်စ္ခဲ့မိတဲ့ မိန္းမတစ္ေယာက္ရဲ႕ ရလဒ္က ဘဝပ်က္တာနဲ႔ ဘယ္ျခားနားပါ့မလဲ ။

X X X X X

25.7.2022
morA_nyein

အခန္း ၁၁ အနည္းငယ္ျပင္ထားပါတယ္ရွင္ ။












အများအမြင်မှာ မြိုင်ဆိုတဲ့ ကျွန်မဟာ ကြီးကျယ်ခမ်းနားတဲ့ သီရိမြိုင်စံအိမ်တော်အတွင်း အခြွေအရံတွေ ဝန်းရံလို့ ခြေမွှေးမီးမလောင်း လက်မွှေးမီးမလောင် နေထိုင်နေရပေမယ့် ကျွန်မရဲ့ရင်ထဲမှာတော့ တောမီးလောင်သလို အတော့်ကိုလောင်ကျွမ်းနေရတယ် ။
ဒီတောမီးလောင်မြိုက်နေတာ ၁၂နှစ်တောင် ရှိနေပြီလေ ။
ကျွန်မရင်ထဲက မီးတွေ ၁၂နှစ်ကြာတာတောင် မငြိမ်းသေးပါဘူးရှင် ။
အေးချမ်းလှတဲ့ မေမြို့တောင် ကျွန်မရဲ့ လောင်မြိုက်မှုကို ငြိမ်းသတ်ပေးနိုင်စွမ်း မရှိပါဘူး ။

သီရိမြိုင်စံအိမ်ကြီးရှိ ဝရံတာ၌ ဆွေးမြေ့မြေ့လေး ဖြစ်နေတဲ့ မမမြိုင်ဟာ တစ်လောကလုံးနှင့် အဆက်အသွယ် ပြတ်နေရှာသည် ။ မနက်ခင်း နေရောင်ခြည်နွေးနွေးလေးတောင် သူမရင်ထဲက လောင်မီးကိုမြင်မိပါမလား ။

" မမမြိုင် ။ ဟော ။ မမမြိုင်က ဒီရောက်နေတာကိုး ။ ကျွန်မက အခန်းထဲမှာ သွားရှာနေတာ ။ ဒီနေ့ အစောကြီးနိုးတယ်နော် မမမြိုင် ။ "

အစောကြီးနိုးတယ်ဆို မမမြိုင် အိပ်မပျော်ခဲ့ ။ ရင်နာစရာမြင်ကွင်းကို အကြိမ်ကြိမ်အခါခါ မောင်းထုတ်ဖို့ကြိုးစားတိုင်း အကြိမ်ကြိမ်အခါခါ မြင်ယောင်နေခဲ့သည့် ညဟာ အင်မတန်ခြောက်ခြားစရာ ဖြစ်ခဲ့ရသည် ။

ညိုလေးဟာ သူမရဲ့အပြုံးလေးကို ဖန်ဆင်းပြီး မမမြိုင်ဘေးသို့ကပ်လာကာ လှမ်းမေးလိုက်ခြင်းပင် ဖြစ်သည် ။ ခါတိုင်းသာလျှင် ညိုလေးတစ်ခွန်းဆို မမမြိုင်ဟာ သုံးခွန်းလောက် ပြန်ပြောမိမှာဖြစ်ပေမယ့်လို့ ယခုအချိန်မှာတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေရှာသည် ။ ညိုလေးကတော့ သတိထားမိပုံမပေါ် ။

" ဒါနဲ့ မမမြိုင် ။ မမမြိုင် ပြောတာဟုတ်တယ်သိလား ။ ညက ခါတိုင်းထက် အချမ်းပိုနေတာ ။ အေးစိမ့်နေတာပဲ မမမြိုင်ရယ် ။ မမမြိုင်ပေးတဲ့ မာဖလာလေးကို ကျေးဇူးတင်ရမယ် ။ သူ့ကြောင့် နွေးနေရတာ ။ တကယ့် အနွေးဓာတ်လေးပဲ မမမြိုင် ။ "

ညိုလေးရဲ့စကားကို ကြားမိသည်နှင့်တစ်ပြိုင်နက် မမမြိုင်ရင်ထဲက လောင်မြိုက်နေသောတောမီးများ ဒေါသများမီးများအဖြစ် ပြောင်းလဲလို့ တောက်လောင်သွားတော့သည် ။ မျက်ဝန်းညိုတွေဟာ မျက်ဝန်းနီတွေအဖြစ် ပြောင်းလဲလို့ မုသားစကားဆိုလိုက်သော ညိုလေးအား မျက်ထောက်နီကြီးဖြင့် ကြည့်လိုက်သည် ။ မျက်ရည်တွေ ဝေ့တက်နေတဲ့ ထိုမျက်ဝန်းနီနီ ။ ငိုချင်စိတ်ကို မာနနဲ့ထိန်းထားတဲ့ တုန်ရီနေသော မမမြိုင်ရဲ့ နှုတ်ခမ်း ။ အင်မတန်မှ ထိတ်လန့်ခြောက်ခြားစရာကောင်းလွန်း၏ ။

ပုံမှန်မဟုတ်တဲ့ မမမြိုင်ရဲ့အကြည့် အပြုအမူကို ညိုလေး သတိထားမိလိုက်သည် ။ စိုးရိမ်မိလာ၍ မမမြိုင်ရဲ့အနားကို ပိုလို့တိုးကပ်လာမိသည် ။

" မမမြိုင် ။ ဘာတွေများဖြစ် ။ "

ပြီးဆုံးအောင်မပြောနိုင်ခဲ့သော ညိုလေးရဲ့စကားလုံးဟာ မမမြိုင်ရဲ့လက်ဖဝါးနုနု၌ အဆုံးသတ်လိုက်ရသည် ။ ပါးပြင်ပေါ်သို့ကျရောက်လာတဲ့ ထိုလက်ဖဝါးနုနုမှာ 'ဖြောင်း'ခနဲဆိုသော အသံထုလိုက်ပါလာသလို ညိုလေးရဲ့လည်ပင်းမှာ အနည်းငယ်မျှလည်ထွက်သွားတော့သည် ။

" မမမြိုင် ။ "

ညိုလေးအား ပါးရိုက်လိုက်သော မမမြိုင်မှာ အတော့်ကိုမုန်းတီးနေရှာသည် ။ သို့ပေတည်း ဘာအတွက်ကြောင့် သူမ ပါးရိုက်ခံရသလဲဆိုတာ ညိုလေးတစ်ယောက် နားမလည်နိုင်ရှာဘူး ဖြစ်နေသည် ။

" ဘာလို့ ။ ဘာလို့များလဲ မမမြိုင် ။ "

" ဘာလို့လဲ ဟုတ်လား ။ နင့်လိုကောင်မမျိုးက ငါ့လိုလူကို လိမ်ပြောရဲတယ်ပေါ့ ။ "

" မမမြိုင် ။ မမမြိုင် ဘာတွေပြောနေတာလဲ ။ ကျွန်မ ကျွန်မ နားမလည်ဘူး ။ "

" အမှန်တရားကို မပြောချင်ရင်တောင် မုသားစကား မပြောရဘူး ။ ကိုယ် ဘာလုပ်ခဲ့သလဲ ကိုယ်ကိုယ်တိုင်သိမှာပေါ့ ။ "

" မသိဘူး ။ ကျွန်မ ဘာလုပ်ခဲ့တာလဲ ။ ကျွန်မ မသိဘူး ။ "

" နင် ပြောတဲ့အနွေးဓာတ်ဆိုတာ ငါပေးခဲ့တဲ့ မာဖလာမဟုတ်ဘဲ ကိုမြင့်မောင် မဟုတ်လား ။ ဝံပုလွေမ ။ ဒီလိုအခြေအနေဖြစ်လာမယ်သိနေလို့ အနားမှာခေါ်ထားရဲ့သားနဲ့ ။ ဘာလို့ ငါ့ယောက်ျားကို နင်ကပါ ထပ်လုရတာလဲ ။ ဘာလို့ နင့်ပန်းကို ခြွေခွင့်ပေးရတာလဲ ။ "

" မမမြိုင် ။ "

မျက်ဝန်းနီနီထဲက မျက်ရည်ကြည်တွေ ထိန်းမရအောင် စီးကျနေမိတော့သည် ။ အလိမ်ခံလိုက်ရတဲ့ ခံစားချက်က မမမြိုင် ရင်ထဲမယ် လှံနဲ့ထိုးသလိုပါပင် ။ လွန်ခဲ့တဲ့ ၁၂နှစ်ကတည်းက ကိုမြင့်မောင်ဆီက အကြောင်းအမျိုးမျိုးနှင့် အလိမ်ခံရတဲ့ မမမြိုင်ဟာ တုံးအသသည်မျိုးမဟုတ်ခဲ့ ။ ချစ်လွန်း၍ မသိကျေးကျွန်ပြုထားသည်သာ ။ နောက်ထပ် နောက်ထပ် ထပ်ပြီးတော့ အလိမ်မခံချင်မိသည် ဖြစ်နေရှာသည် ။

အမှန်တရားကိုမပြောဘဲ ပါးစပ်ပိတ်နေရင်တောင် မမမြိုင် ဒီလိုအပြုအမူမျိုး လုပ်လိုက်မိမှာမဟုတ်ဘဲ မသိကျေးကျွန်ပြုလိုက်လိမ့်မည် ။ မမမြိုင်နဲ့ စကားတစ်ခွန်းမဟုတ် တစ်ခွန်းလောက်ဖြစ်ဖြစ် ပြောချင်မိသည့် ညိုလေးမှာ အကြောင်းမရှိအကြောင်းရှာလို့ မုသားပြောခဲ့မိသည် ။ ဒါတွေဟာ မမမြိုင်ကြောင့်ဆိုတာ သိပါလေ့ ။

" ဘယ်လိုလဲ ။ အခြွေခံရတာ သိပ်ကိုမှ ကောင်းရဲ့လား ။ "

" ဒါအတွက် ဖြေရဦးမှာလား မမမြိုင် ။ ကိုကိုမြင့်ရဲ့ အငယ်အနှောင်းဖြစ်တဲ့ ကျွန်မမှာ ငြင်းပယ်ပိုင်ခွင့်မှ မရှိခဲ့တာ ။ ကျွန်မက ကိုကိုမြင့်ရဲ့ တရားဝင်မယားမဟုတ်ပေမယ့် လင်ယောက်ျား ပျော်ဖို့အတွက် ဖြည့်ဆည်းပေးရမှာပေါ့ ။ "

" ညိုလေး ။ "

အော်ဟစ်လိုက်တဲ့ မမမြိုင်ရဲ့အသံမှာ ဟိန်းထွက်သွားလေသည် ။ ဒေါသစိတ်တွေ နာကျည်းခြင်းတွေ ပြည့်နှက်နေတဲ့ မမမြိုင်ရဲ့လက်ဖဝါးနုနုကို ညိုလေးအသာကိုင်ယူမိသည် ။ ပြီးနောက် မျက်ရည်ကြည်တွေ စီးကျရင် ထိုစကားကို ရင်နာစွာဖြင့် တောင်းဆိုကာပြောသည် ။

" ဒါပေမယ့် ။ ကျွန်မကို မမုန်းပါနဲ့တော့ မမမြိုင် ။ မမမြိုင်ဆီက ရလာမယ့်အမုန်းက ကျွန်မ အပျိုရည်ပျက်တာထက် ပိုနာရတယ် ။ ဒီနာကျင်မှုကိုတော့ ကျွန်မ မကြိုက်ဘူး မမမြိုင် ။ "

" ဘယ်လို ။ ငါ့အမုန်းက မင်းအပျိုရည်ပျက်တာထက် နာတယ် ။ ဟုတ်လား ။ "

" ဟုတ်ပါတယ် ။ ဟုတ်ပါတယ် မမမြိုင် ။ ဒါကြောင့် ကျွန်မကို မမုန်းဘဲနဲ့ ကြိုက်တာအပြစ်ပေးပါ ။ မုသားစကားနဲ့ လိမ်ညာခဲ့မိတဲ့အတွက် ပေးလာမယ့်အပြစ်ကို ကျေနပ်နပ်နဲ့ လက်ခံပါမယ် မမမြိုင် ။ "

" သေချာလား ။ "

အပူမီးတောက်နေရှာတဲ့ ဒေါသမျက်ဝန်းနီနီတွေကို ညိုလေးမှာ ဘယ်လိုအင်အားမျိုးနဲ့မှ စိုက်ကြည့်နိုင်စွမ်းမရှိ ။ ရင်ဘက်ထဲမှ လေးလံနေလို့ အင်အားကုန်ခံနေရသည် ။ ဒါတောင် မမမြိုင်ပေးမယ့် အပြစ်ကို သူမ လက်ခံဖို့အသင့်ဖြစ်နေပေသည် ။

သူမရဲ့လက်ကိုတယုတယနဲ့ ကိုင်ထားတဲ့ ညိုလေးရဲ့လက်ကို ဒေါသအပြည့်နဲ့ ခါချလိုက်တာကြောင့် အင်အားမဲ့နေရှာတဲ့ ညိုလေးရဲ့ခန္ဓာကိုယ်လေးပါ ယိုင်ထိုးသွားရှာသည် ။ ပြီးနောက် မမမြိုင်ဟာ ညိုလေးအရှေ့မှ ချာခနဲလှည့်ထွက်လိုက်ပြီး အိမ်တော်ထဲသို့ ဝင်သွားတော့သည် ။

အမှတ်မရှိဘူးပဲ ပြောပြော ။ အသိမရှိဘူးပဲ ပြောပြော ။ ပြောပါစေ ။ မမမြိုင်အတွက်ဆို တောက်တဲ့တစ်ယောက်ဖြစ်နေရှာသည့် ညိုလေးဟာ မမမြိုင်ရဲ့အနောက်ကို ချိနဲ့နေတဲ့အင်အားနဲ့ ရုန်းကန်ရင်း ထပ်လိုက်သည် ။

" ဖျက်ဆီးပစ်မယ် ။ အကုန်လုံးကို ဖျက်ဆီးပစ်မယ် ။ "

နံရံမှာ ချိတ်ကပ်ထားသော ဖိုးဖွားပိုင် အမွေပစ္စည်းဖြစ်သော ဓားရှည်ကိုဆွဲဖြုတ်လိုက်တော့ ဓားအိမ်အတွင်းမှ ချွန်ထက်နေသော ဓားရှည်အား ဆွဲထုတ်လိုက်ပါတော့သည် ။ ' ချွင် ' ဆိုသော အသံနဲ့အတူတူ မမမြိုင်ရဲ့ အပြုအမူကြောင့် အနောက်မှကပ်ပါလာသော ညိုလေး တုန်လှုပ်သွားခဲ့ရသည် ။

" မမမြိုင် ။ "

မျက်ထောက်နီကြီးနဲ့ မမမြိုင် လှည့်ကြည့်မိသည် ။ အနှစ်နှစ် အလလ ၁၂နှစ်ကြာတဲ့ကာလပတ်လုံး သိုဝှက်ထားတဲ့ သူမရဲ့ဒေါသများကို ဖွင့်ဟအန်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ။

" ဖျက်ဆီးပစ်မယ် ။ အားလုံးကို ဖျက်ဆီးပစ်မယ် ။ "

" ရတယ် ။ မမမြိုင် မမုန်းဖို့ဆို ကျွန်မ အဖျက်ဆီးခံမယ် ။ မမမြိုင်အတွက် ကျွန်မ လည်စဉ်းပေးမယ် ။ ဘယ်တော့မှ ကျွန်မကို မမုန်းရဘူး ။ "

ညိုလေးဟာ သူမရဲ့မျက်ဝန်းတွေကို မှိတ်ချလိုက်ပြီး မမမြိုင်အတွက် လည်စဉ်းပေးဖို့ အဆင်သင့်ဖြစ်နေပြီ ။ ညိုလေးရဲ့ ထိုအပြုအမူဟာ ဆေးခါးနဲ့တူသည် ။ သောက်ချင်ပေမယ့် ခါးလွန်းလို့ မသောက်နိုင်ခဲ့ဘူး ။ သူမလည်စဉ်းပေးလည်း မမမြိုင် ဓားမလွှဲမှာကို ကြိုတင်တွက်ချက်ထားသည် ။

ထိုအချိန် မမမြိုင်ရဲ့ ဒေါသများ ဆောင်းတွင်းမနက်ခင်းမှာ ရုတ်တရက်ကြီး မိုးကြိုးမုန်တိုင်းများတိုက်သလို ပြင်းထန်လာပါတော့သည် ။

" အားလုံးကို ဖျက်ဆီးပစ်မယ် ။ "

ဆိုသော စကားကို ငယ်သံပါအောင် အော်ဟစ်ပြီး မမမြိုင်သည် နှစ်ဖက်ခွဲလှေကားပေါ်မှာ ဓားရှည်ကြီးအား အရူးအမူးနဲ့ရမ်းလို့ စံတော်အပြင်ဘက်ကို ခြေဗလာနဲ့ ဆင်းသွားပါတော့သည် ။

" မမမြိုင် ။ "

ညိုလေးနဲ့ မမမြိုင်တို့ရဲ့ ထိတ်လန့်တကြားအော်ဟစ်သံတွေကြောင့် ဒေါ်ဒေါ်နုအပါအဝင် အစေခံများအားလုံး ကြောက်လန့်တကြားဖြင့် စံအိမ်အပြင်ကို ထွက်ကြည့်နေကြတော့သည် ။

ဓားရှည်ကြီးရမ်းလာတဲ့ မမမြိုင်ဟာ ဖြူဖြူဖွေးဖွေးစံပယ်တွေ လှလှပပကြီး ပွင့်နေပြီဖြစ်တဲ့ စံပယ်ရုံအနားသို့ အပြေးလာတော့သည် ။ ရင်နာအသည်းထဲကနာရတဲ့ မမမြိုင်ရဲ့ ထိုအပြုအမူဟာ လွန်ခဲ့တဲ့ ၁၂နှစ်က သိပ်နြတ်နိုးရဖူးတဲ့ စံပယ်ရုံကို နောက်ထပ်တစ်ကြိမ် ဖျက်ဆီးဖို့အတွက် အကြောင်းဖန်နေသည်ကို ဒေါ်ဒေါ်နု ခံစားမိနေသည် ။

ဓားရှည်ကြီးအား လက်နှစ်ဖက်နဲ့ကိုင်ထားတဲ့ မမမြိုင်ဟာ စံပယ်ရုံကို နောက်ထပ်တစ်ကြိမ် ဒီဓားနဲ့ဖျက်ဆီးဖို့လုပ်ချိန် ခြေဗလာဖြစ်နေရှာတဲ့ ညိုလေးဟာ မမမြိုင်ရဲ့ခါးကိုအပြေးဖက်ရင်း တောင်းပန်နေတော့သည် ။

" မမမြိုင် ။ ကျွန်မ တောင်းပန်ပါတယ် ။ မလုပ်ပါနဲ့ ။ "

" လွှတ် ။ ငါ့ကို အခုချက်ချင်း လွှတ်စမ်း ။ ဖျက်ဆီးပစ်မယ် ။ "

" မလုပ်ပါနဲ့ ။ မလုပ်ပါနဲ့ မမမြိုင် ။ ဒီစံပယ်ရုံလေးက မမမြိုင်အတွက်စိုက်ထားတာဖြစ်လို့ နောက်တစ်ကြိမ် ထပ်ပြီးမဖျက်ဆီးပါနဲ့ မမမြိုင် ။ ကျွန်မ တောင်းပန်ပါတယ် ။ "

ရုန်းလေ နစ်လေ ဖြစ်နေတဲ့ မမမြိုင်ဟာ ညိုလေးရဲ့တင်းကျပ်စွာ ဖက်တွယ်ထားမှုကြောင့် ရွံ့နွံထဲနစ်နေသလို မြေပြင်ပေါ်တက်ဖို့အတွက် အကူအညီမဲ့နေရှာသည် ။

" လွှတ်စမ်း ။ "

" စံပယ်ရုံကို ဖျက်ဆီးမယ့်အစား ကျွန်မကိုပဲ သတ်ပါ မမမြိုင် ။ မမမြိုင်အတွက် ဒီစံပယ်တွေကိုတော့ ထပ်အဖျက်ဆီးမခံနိုင်ဘူး ။ ဒီစံပယ်ရုံကို မဖျက်ဆီးဘူးဆို ကျွန်မ သေရတာတန်တယ် မမမြိုင် ။ "

ညိုလေးရဲ့စကားလုံးဟာ သူမအပေါ် ဘယ်လောက်ထိ တန်ဖိုးထားတဲ့အကြောင်း ။ ဘယ်လောက်ထိ နွေးထွေးစေတဲ့အကြောင်း ခံစားမိပါသည် ။

ရုန်းကန်နေသော အင်အားများကို အသာလျော့၍ ယိုင်ကျသွားပါသည် ။ ငိုယိုနေတဲ့ ညိုလေးဟာ မမမြိုင်ရဲ့ခန္ဓာကိုယ်ကို အသာထိန်းရင်း မြေကြီးပေါ်သို့ ထိုင်ချလိုက်ပါတော့သည် ။ ပြီးတော့ လက်ထဲက ဓားရှည်ကိုယူကာ အဝေးသို့လွှတ်ပစ်မိတော့သည် ။

" မမမြိုင် ။ "

" ဘာလို့ ။ ဘာလို့ လိမ်ရတာလဲ ။ "

" မုသားမပါ လကာင်္မချော တဲ့ ။ မမမြိုင်နဲ့ စကားတွေ အများကြီးပြောချင်လို့ လိမ်မိတာပါ ။ "

မမမြိုင် မောပန်းနေသည် ။ သူမရဲ့ ဒေါသမီးတွေကို ညိုလေးဟာ ငြိမ်းပေးနိုင်ခဲ့သည် ။ မျက်ဝန်းကိုအသာမှိတ်လို့ ညိုလေးရဲ့ရင်ခွင်သေးသေးလေးထဲ ဝင်ရောက်နားခိုမိတော့သည် ။ မှိတ်ထားတဲ့ မျက်ဝန်းတွေမှ မျက်ရည်ကြည်တွေစီးကျလာရသည် ။

ငိုနေတာမဟုတ်ဘဲ နာနေတာပါ ။
ငါ့ရင်ထဲက နာနေတာ ။

ငိုနေတာမဟုတ်ဘဲ နာနေတာပါ ။ မမမြိုင် ရင်ထဲက လေးလေးပင်ပင်ခံစားချက် ။ အသက်ရှုရပ်သွားစေတဲ့ အခိုက်အတန့်တွေကို ညိုလေးဟာ သူမရဲ့ခွန်အားနဲ့ ရှင်သန်စေခဲ့သည် ။

မြက်ခင်းပြင်ပေါ်မှာ ရင်ထဲကနာကျင်မှုတွေနဲ့အတူတူ ထွေးပွေ့ထားကြတဲ့ အမျိုးသမီးလေးနှစ်ယောက်ကို သီရိမြိုင်စံအိမ်တော်အတွင်းရှိ ဒေါ်ဒေါ်နုအပါအဝင် အစေခံများ ၊ မာလီများသည် ထိုဖြစ်စဉ်အား ငေးမောကြည့်နေမိခဲ့တော့သည် ။

ထိုအချိန် သီရိမြိုင်ခြံဝန်းထဲရှိ မြင်းဇောင်းရှိ မြင်းများသည် အော်ဟစ်မြည်ဟီးလာကြပြီး စံအိမ်တော်ပတ်လည်ရှိ ထင်ရှူးပင်များနြဲ အခြားသောသစ်ပင်များမှ ခိုနားနေကြလို့ ကျေးငှက်ကလေးများကပါ အတောင်ပျံ့တစ်ဖျပ်ဖျပ်ခပ်လို့ အော်ဟစ်ကာဖြင့် နေရောင်ခြည်နွေးနွေးလေး ဝေဆာနေတဲ့ အပြာရောင်ကောင်းကင်ထဲရှိ တိမ်စိုင်ဖြူဖြူလေးတွေရှိရာ ဟိုးအဝေးသို့ ပျံ့သန်းသွားကြပါတော့သည် ။

ရင်ခွင်ထဲမှေးကာ အိပ်စက်နေသလိုဟန်ရှိတဲ့ မမမြိုင်ကို ညိုလေးမှာ ရင်နာနာနဲ့ ပြုံးကာဖြင့်ကြည့်ရင်း မမမြိုင်ရဲ့ လက်မောင်းလေးအား ပွတ်သပ်ပေးနေတော့သည် ။

တဒင်္ဂလေးအတွင်းမှာ မမမြိုင်ရဲ့ ဒေါသမီးတွေကို ငြိမ်းအေးစေနိုင်ခဲ့တဲ့ လူသားလေးဟာ ညိုလေးဆိုသူသာဖြစ်သည် ။

အင်မတန်ပြင်းထန်တဲ့ လေထန်တွေကြားမှာ အတောင်တွေကြွေနေတဲ့ သနားစရာ ငှက်ကလေး ကျွန်မကို ညိုလေးက ဒါဏ်ရာတွေပျောက်အောင် ကုသပေးခဲ့ပြီ ။

ဘယ်သူမှားတယ် ။ ဘယ်သူမှန်တယ် ဆိုတာ အပြစ်လွှဲချနိုင်ပေမယ့် ။ မမမြိုင်အတွက်ဆို ကျွန်မပဲ မှားမယ် ။ ကျွန်မပဲ တရားခံဖြစ်မယ် ။ ကုန်ကုန်ပြောရရင် မမမြိုင်အတွက်ဆိုပြီး ကျွန်မပဲဖြစ်ချင်တယ် ။

X X X X X

အချစ်ရဲ့ရှေ့မှောက်မှာ ဒူးထောက်အရှုံးပေးလို့ လက်မြှောက်ပြီး ချစ်ခဲ့တဲ့ ကျွန်မရဲ့နှလုံးသားဟာ အခုတော့ နာလာပြီ ။ အချစ်ကို နေ့ရောညပါ လိုလိုချင်ချင် တောင်းတနေရှာတဲ့ ကျွန်မရဲ့နှလုံးသားဟာ ကိုမြင့်မောင်ဆိုတဲ့ ကျွန်မရဲ့ယောက်ျားကို မေမြို့ရဲ့ရာသီဥတုကြီး အေးစိမ့်သလို အေးစက်လာခဲ့ပြီ ။

ကုတင်ပေါ်မှာလှဲလို့ ငြိမ်သက်နေပေမယ့် မမမြိုင်ရဲ့ မျက်ဝန်းတွေ မှိတ်မသွားချေ ။ ဆောင်းရဲ့အငွေ့အသက်တွေအတိုင်း မမမြိုင်ရဲ့ခန္ဓာကိုယ်ဟာလည်း အင်မတန်မှ အေးစက်နေရှာသည် ။

မမမြိုင်ရဲ့အနောက်မှ ညိုလေးသည် စိတ်အနှောက်ယှက်ဖြစ်စရာ ဘာစကားတစ်ခွန်းမျှ မပြောမိဘဲ မတ်တပ်လေးသာရပ်နေတော့သည် ။ အသက်ပြင်းပြင်းရှိုက်နေတဲ့ မမမြိုင်ကို ညိုလေး စိတ်မကောင်းဖြစ်မိသည် ။

" မြိုင် ။ "

အခန်းတံခါးကို တွန်းဖွင့်လို့ ဝင်လာတဲ့ ကိုမြင့်မောင်အား ညိုလေးလှည့်ကြည့်မိသည် ။ မမမြိုင်ကတော့ တုန်လှုပ်ခြင်းမရှိဘဲ မျက်ဝန်းလေးအသာမှိတ်လိုက်ချေပြီ ။

" မြိုင့်ရဲ့ အခြေအနေ ဘယ်လိုနေသေးလဲ ။ "

လင်ယောက်ျားရဲ့ စိတ်ပူသံပါတဲ့စကားကို ကြားလိုက်ရခြင်းဖြစ်သည် ။

" အခုတော့ စိတ်ငြိမ်သွားပါပြီ ကိုကိုမြင့် ။ "

" ဘယ်လိုဖြစ်ရတာလဲ ။ ဆံတော်ဂါ့ဒ်ကို ရောက်ရောက်ချင်း ဒီသတင်းကိုကြားရတာ ။

ဒီမှာ ညိုလေး ။ မြိုင်က ဒီစံအိမ်တော်ရဲ့သခင်မ ။ ကိုကိုမြင့်ရဲ့ တရားဝင်ဇနီးဆိုတာ မမေ့နဲ့ ။ မင်း မြိုင့်ကို မနာလိုဖြစ်နေတယ်ဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား ။ "

" မဟုတ် ။ မဟုတ် ။ "

" တိတ်စမ်း ။ ဘာမှပြန်မပြောနဲ့ ။ အခန်းထဲက ထွက်သွားတော့ ။ "

ညိုလေး မျက်နှာညှိုးသွားရှာသည် ။ အတော်လည်း စိတ်မကောင်းဖြစ်သွားသည် ။ ညိုလေး အပျိုစင်ဘဝတုန်းက ဖူးဖူးမှုတ်ထားတဲ့ ကိုကိုမြင့်ဟာ အညှာခြွေလိုက်ပြီးနောက်ရက်မှာပဲ ချက်ချင်းကို ပြောင်းလဲသွားပြီ ။

အလွယ်တကူ ပန်းကိုခြွေခွင့်ပေးမိခဲ့သလို ဖြစ်သွားလား မမမြိုင် ။ ကျွန်မရင်ထဲက နာတယ် ။

ခေါင်းလေးငုံ့ပြီး အခန်းထဲမှ ထွက်သွားသည် ။ မမမြိုင်ကတော့ နောက်ကျောပေး၍ မျက်ဝန်းများ မှိတ်ထားဆဲပင် ။

ကိုမြင့်မောင်ဟာ သူ့ရဲ့တိုက်ပုံအင်္ကျီလက်ကို တစ်ပတ်မျှ ခေါက်တင်လိုက်ပြီး မမမြိုင်လှဲအိပ်နေသော ကုတင်ပေါ်သို့ ခြေချထိုင်လိုက်တော့သည် ။

ပြီးနောက် မမမြိုင်ရဲ့ ခန္ဓာကိုယ်ပေါ်ကို လက်တင်လိုက်ပြီး လည်တိုင်လေးနား မျက်နှာကပ်လိုက်တော့သည် ။ မမမြိုင်ရဲ့ လည်တိုင်နားမှာတော့ ကိုမြင့်မောင်ရဲ့ ထွက်လေဝင်လေများ ရစ်ပတ်နေတော့သည် ။ ထို့နောက် ထိုစကားကို တီးတိုးစွာ ပြောသည် ။

" မြိုင် ။ သူ မြိုင့်ကို မနာလိုဖြစ်နေတာပါ ။ မြိုင် စိတ်ထဲမှာ မထားနဲ့တော့နော် ။ အစ်ကို သူ့ကိုဆူလိုက်ပါပြီ ။

အစ်ကို မိန်းမပျိုတွေနဲ့ မျက်နှာများနေပေမယ့် မြိုင့်တစ်ယောက်ထဲကိုပဲ ချစ်တာ ။ မြိုင်က ငယ်ချစ်ဦးလေးလည်း ဖြစ်သလို ။ အစ်ကို့ရဲ့ သခင်မလည်း ဖြစ်တယ် ။

ဘာတွေများမက်မောစရာကောင်းနေလို့ အစ်ကိုကသူတို့ကို ဘာ့ကြောင့် မြိုင့်ထက် ပိုချစ်ရမှာလဲ ။

ဟေ ။ မဟုတ်ဘူးလား ။ "

ကိုမြင့်မောင်ရဲ့စကားကြောင့် ကိုမြင့်မောင်ကိုမမမြိုင် သိပ်နာကျည်းသွားမိပြီ ။

မိန်းမတွေကို တန်ဖိုးမထားတဲ့ ရှင့်လိုယောက်ျားမျိုးကို တစ်နေ့တော့ ထိုက်သင့်တဲ့အပြစ်တစ်ခု ကျွန်မကိုယ်တိုင်ဖန်တီးပေးရလိမ့်မယ် ကိုမြင့်မောင် ။
ရှင်ရမယ့်ဒါဏ်ရာက ကျွန်မမှာရှိတဲ့ဒါဏ်ရာထက် ပိုနက်စေရမယ် ကိုမြင့်မောင် ။

လက်သီးကိုဆုပ်လို့ နှုတ်ခမ်းကိုကိုက်ရင်း စိတ်အတွင်းမယ် နာကျည်းနေတော့သည် ။ ရင်ဘက်ထဲကလည်း နာရသည် ။ နှလုံးသားမှာစိုက်နေခဲ့သောဓားရဲ့ ဒါဏ်ရာနက်နက်ထဲမှာ လှောင်ပိတ်ခဲ့တဲ့ မမမြိုင်ဟာ ဓားကိုထုတ်နေခဲ့ပြီ ။ ဒီဓားဟာ ကိုမြင့်မောင်ရဲ့ လည်တိုင်ဆီမှာ ထိုးစိုက်ဖို့ပဲ ကျန်တော့သည် ။

" မွှေးလိုက်တာ မြိုင်ရယ် ။ "

မမမြိုင်ရဲ့ခန္ဓာကိုယ်အား တဏှာစိတ်နဲ့ ကိုမြင့်မောင် မွှန်နေတော့သည် ။ တဏှာစိတ်နဲ့ လည်တိုင်လေးအား အနမ်းပေးနေပြန်သည့် ကိုမြင့်မောင်အား တွန်းထုတ်ချင်ပေမယ့် ငြိမ်ခံနေခဲ့ရသည် ။

စည်းမစောင့်တဲ့ ယောက်ျားတစ်ယောက်အား အသည်းနစ်အောင် ချစ်ခဲ့မိတဲ့ မိန်းမတစ်ယောက်ရဲ့ ရလဒ်က ဘဝပျက်တာနဲ့ ဘယ်ခြားနားပါ့မလဲ ။

X X X X X

25.7.2022
morA_nyein

အခန်း ၁၁ အနည်းငယ်ပြင်ထားပါတယ်ရှင် ။

Continue Reading

You'll Also Like

4.4K 196 18
အခ်စ္​ဆိုတာ ယံုၾကည္​မႈသက္​သက္​ပဲလား? ​ေလာကမွာ အခ်စ္​စစ္​ အခ်စ္​မွန္​ဆိုတာ ရွိရဲ႕လား? လူ​ေတြရဲ႕ ယံုၾကည္​​ေနတဲ့ ခံစားမႈ​ေတြ အခ်စ္​​ေတြဆိုတဲ့ အရာ​ေတြ...
2.5K 342 19
အနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အ...
13.4K 1.1K 14
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။
3M 261K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...