အချစ်ဦး ပုံပြင်

By Garlic_Boom

249K 20.4K 3.5K

The blue sea and its bright sun. More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27
28
29
Epilouge

21

6.4K 568 97
By Garlic_Boom

Unicode

အိပ်နေရင်းနဲ့ သူ့အသားတွေ ပူတက်လာတာမို့ အဏ္ဏဝါ မျက်လုံး ဖွင့်ကြည့်လိုက်သည် ။

ရင်ခွင်ထဲမှာ ဆိုင် ရှိနေပြီး ရှုံ့မဲ့နေသော မျက်နှာလေးအပြင် မျက်ရည်တွေ ပါကျနေတာကြောင့် လန့်သွားကာ  အဏ္ဏဝါ ဆိုင့်ကို အသာလှုပ်နှိုးလိုက်ရတယ် ။

မင်းလေးက ဘာတွေ ကြောက်နေရတာလဲ သဲငယ် ရာ ။

" သဲငယ်  !!! "

သူ့အသားတွေ ပူနေတာ မဟုတ်ဘဲ ဆိုင့်ခန္ဓာကိုယ်ဆီကမို့ နဖူးဆီ လက်အမြန်ရောက်သွားကာ စမ်းကြည့်လိုက်တော့ ပူခြစ်တောက်နေတာများ ။

မျက်ရည်တွေကလည်း အဆက်မပြတ် ကျစီးနေကာ တအားဝမ်းနည်း နေသည့်ကလေးလေးပါပဲ ။ ရင်တွေနာလိုက်တာ သူ ပြောပါတယ် နေကြည်အလင်းဆိုင် ငိုရင် သူ့ရင်ဘတ်ထဲ ကပါ စုတ်ပြတ်သတ်နေအောင်နာတယ်လို့ ။

"  မငိုပါနဲ့ သဲငယ်  မင်းမျက်ရည်တွေ မကျပါနဲ့တော့   "

နဖူးပေါ် ရေစိုဝတ်တင်ပေးဖို့ ထ  ထိုင်တော့ ဆိုင့်လက်ကလေးတွေက သူ့လက်မောင်းကို  တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာများ လွတ်ထွက်သွားမှာ တအားကြောက်နေသည့်ဟန် ။

" ကိုယ်ရှိနေတယ် သဲငယ် "

သူ့ကို ဘာမှ မတုံ့ပြန်ဘဲ လက်ကလေး တွေက ပိုပြီး တင်းကြပ်လာကာ ရင်ခွင်ထဲ ပိုတိုးဝင်လာသည် ။

မျက်နှာနုနုလေးကများ တစ်ချက်တစ်ချက် ရှုံ့မဲ့သွားခဲ့ရင် အဏ္ဏဝါတို့ ကမ္ဘာပျက်မတတ် ပါပဲ ။

ဘာလို့များ သူ့အမျိုးသားလေး က အငိုသန်ရတာလဲ ။

" ကိုယ်ရှိနေတယ် သဲငယ် ထပ်ပြီး မငိုပါနဲ့ တော့ "

တရိပ်ရိပ်နဲ့ တက်လာတဲ့ အပူရှိန်တွေကြောင့် ဆိုင့်ကို ဒီအတိုင်း ထားလို့ မရတော့ တစ်ခုခုလုပ်ပေးမှရတော့မှာမို့ အဏ္ဏဝါ ညဘက်လာပေးနိုင်လောက်မည့် ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုက်ရသည် ။

" ကိုကို့ ကို  ခဏလွှတ်ပေးပါဦး ခဏပဲ ဆိုင် "

ဆိုင်က သူ့ကို ဘယ်လိုမှ လွှတ်ပေးပုံ မမြင်တာမို့ အဏ္ဏဝါ ယဲ့ယဲ့လေး သာရှိတဲ့ ခန္ဓာကိုယ် လေးအား ကောက်ပွေ့လိုက်တယ် ။

" ထားမသွားဘူး ဆိုင် ကိုယ်ရှိနေတယ် ဘယ်သွားသွား ခေါ်သွားမှာမို့ မင်းက မငိုလို့ မရဘူး လား ကွာ "

ချစ်ရသူက ငိုနေတော့ သူကရော မျက်ရည်ခိုင်ပါဦးမတဲ့လား ။ ဆယ်နှစ်ဆိုတဲ့ အချိန်တွေမှာ သဲငယ်  ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ က  ပြင်းပြင်းထန်ထန် ကို နှိပ်စက်စပြု လာပြီ ထင်ပါရဲ့  ။

" ကို   ကို "

ခြောက်အက်အက်အသံလေးထွက်လာတာမို့ အဏ္ဏဝါ သူရှိနေကြောင်း ဆိုင်သိဖို့  လက်ကလေးတွေကို အမြန်ဆုပ်ကိုင်ပေးလိုက်ရသည် ။

" ထား မ သွား ပါ နဲ့  တစ်ယောက် ထဲ ကျွန်တော် ကြောက်တယ် ကို ကို "

" ကိုယ်ရှိနေတယ်  မင်းမျက်လုံး ဖွင့်လိုက်တိုင်းမှာ ကိုယ်ရှိနေမယ် အင်း မျက်လုံး တွေ မှိတ်ထားလည်း မင်းဘေးနားမှာ ကိုယ်ရှိနေမှာပါ ကလေးရယ် "

ကလေးတွေကို ချော့မြှူသလို ခေါင်းလေးပုတ်ကာ အဏ္ဏဝါ သူ့အမျိုးသားလေး အငိုတိတ်အောင် ကြိုးစားကြည့်သည် ။

" အနားမှာ နေပေးပါ တစ်ယောက်ထဲ ထားပြီး မသွားပါနဲ့ ကျွန်တော့် မှာ ကိုကို တစ်ယောက်ထဲ ရှိတော့ တာ ။ နောက်ပြန်လှည့်ကြည့်တိုင်း ဘယ်သူမှ ရှိမနေတော့ရင်တောင် ကိုကို့တစ်ယောက် ကိုတော့ ကျွန်တော် မြင်ချင်တယ် "

" စိတ်ချပါ သဲငယ် မင်းရဲ့ စိတ်မလုံခြုံဖြစ်မှုတွေကနေ ကိုကို မင်းကို ဆွဲထုတ်ပြီး  ကာကွယ်ပေးပါ့မယ် "

အင်း သူကြားရတယ် ကိုကို့ ကတိပေးသံတွေကို ။ ကိုကိုက အမြဲကတိတည်ခဲ့ပါတယ် သူကသာ ကတိမတည်နိုင်ခဲ့တာ။

တစ်ယောက်ထဲ သူမနေချင်ဘူး အထီးကျန်တဲ့ ခံစားချက်ကြီးကို မုန်းလွန်းလို့ ဆုတောင်း ပါတယ် ။ ဘယ်တစ်ဦးတစ်ယောက်မှ အထီးကျန်မှုတွေနဲ့ပြည့်နေတဲ့ဘဝကို မပိုင်ဆိုင်ရပါစေနဲ့ ။

ဆယ်နှစ်လုံးလုံး စားခဲ့ရတဲ့ ဝက်စာနဲ့တူတဲ့ အေးစက်စက် အစားအစာ တွေကို သူမုန်းတယ် ။

စောင်တစ်ထည်ကလွဲဘာမှခင်းကျင်းထားခြင်းမရှိတဲ့ တမံသလင်းမှာ အိပ်ရတာ သူမုန်းတယ် ။

ပြန်မပြောနားမထောင်လေး ဆိုပြီး အကုန်လုံး က ခြေထောက် တွေနဲ့ ဝိုင်းကန်တာ ခံရတဲ့ အဲ့ဒီဆယ်နှစ်တာကို သူမုန်းတယ် ။
ညစဥ်ညတိုင်း ကိိုကို့ကို သတိရလွန်းလို့ ခိုးငိုခဲ့ရတဲ့ ညတွေကို သူမုန်းတယ် ။

ယုံကြည်မှု တွေ အားလုံး ကို ဖျက်ဆီးသွားတဲ့ မေကြီး ကိုလည်း သူမုန်းတယ် ။

အချိန်တွေအကြာကြီး ဆိုင့်ဘေးနား ဖေကြီး  အတူတူ ရှိနေမယ် ဆိုပြီး ပေးခဲ့တဲ့ ကတိတွေမတည်တဲ့ ဖေကြီး ကိုလည်း သူမုန်းပါတယ် ။

ဘာတစ်ခုမှ ပျော်ရွှင်စရာ တွေ မရှိခဲ့တဲ့ သူ့ဘဝသူ တော့ အမုန်းဆုံးပါပဲ ။

ကိုယ့်ကိုကိုယ် စိတ္တဇ ဖြစ်နေပြီ လို့တောင်သူ ထင်မိသည် ။ အဲ့သလိုဆိုရင်တောင် ကိုကို သူ့ကို မစွန့်ပစ်လိုက်ရင် သိပ်ကောင်းမှာပဲ ။

နောက်ဆုံး နာကျင်လွန်းလို့ အားလုံးကို မေ့ပြီး အရူးတစ်ယောက်လို ဖြစ်သွားရင်တောင် ကိုကို့ ကို သူမေ့နိုင်ပါ့မလား ။

ချစ်ခဲ့ဖူးတဲ့ ဆယ့်လေးနှစ်တာလုံး ရင်နင့်နေအောင် ရူးခါနေအောင် အဏ္ဏဝါ့ကို သူချစ်ခဲ့တာပါ ။

ငယ်ဘဝရဲ့ ရူးသွပ်မှုလေးက  ကိုကို  တစ်ယောက် သာ ရှိတယ်လို့ သူသတ်မှတ်ထားတာပါ ။
ဒါမှမဟုတ် သူ အပြီးထွက်သွားလိုက်ရင်ရော ကိုကို ချောင်လေးထဲမှာ ထိုင်ပြီး ငိုများနေမလား ။

ခဏပဲ လေ ကြာလာရင် သူ့ကို  မေ့သွားလောက်မှာပါ ကိုကို က ။

" ဆိုင် "

ပင်ပန်းတယ် ကိုကို ကျွန်တော် အသက်မရှူချင်တော့ဘူးဗျာ ။

ကိုကို့ ကို တစ်ယောက်ထဲ လည်း မထားခဲ့နိုင်ဘူး ။

" ဆိုင် မျက်လုံး ဖွင့်ပါဦး သဲငယ် "

ကိုကို ငိုနေတာ လား မငိုရဘူး လေ ကိုကို မငိုပါနဲ့ ။

" နေကြည်အလင်းဆိုင် ငါမင်းနောက် လိုက်လာပစ်မှာနော် "

ဟင့်အင်း ကိုကို လာလို့ မရဘူး မလာပါနဲ့ ပျော်စရာ မကောင်းဘူး ကိုကို ။

" တောင်းပန်ပါတယ် ဘာတွေပဲ ဖြစ်ဖြစ် ကိုယ်က တောင်းပန်ပါတယ် သဲငယ် အိပ်မနေပါနဲ့တော့ "

သူ အိပ်နေတာ မှ မဟုတ်တာ အသက်မရှူချင်တော့ဘူးလို့ သူပြောတယ် လေ ။

" နေရောင်ကြည်လေး မရှိရင် ပင်လယ်ပြာလေး ကရော ဆက်ရှိနေမယ် ထင်လား သဲငယ် "

နေရောင်ကြည်တွေ မလင်းတဲ့ တစ်နေ့မှာ ပင်လယ်ရေတွေ ခမ်းခြောက်သွားမယ်ဆိုတာ သူယုံပါတယ် ။

" ကိုယ်ရှိနေတယ် ဆိုင် ။ မင်းတစ်ဘဝစာ ဖူလုံဖို့ ကိုယ့်မေတ္တာတွေ လုံလုံလောက်လောက် ပေးနိုင်တာမို့ မင်းမျက်လုံး တွေ ဖွင့်လာတော့ သဲငယ် "

ကိုကို သိလားတော့ မသိဘူး အတ္တကြီးရာ ကျမလား မသိပေမယ့် ကျွန်တော် အချစ်ခံချင်တယ် ကိုကို ။ ကိုကို့မေတ္တာတွေဟာ ကျွန်တော့် အတွက် တစ်သီးတစ်သန့်ပဲ ဖြစ်စေချင်နေမိတာ ။

" ကိုကို မင်းကို ချစ်တယ် ဆိုင် "

ကျွန်တော် လည်း ကိုကို့ကို ချစ်တယ် ။

" နိုးလာပါတော့ ကွာ "

ဒီအတိုင်း လေး နေသွားလို့ရော မရဘူး လား ကိုကို ။ ကျွန်တော် ပင်ပန်းတယ် ကိုကိုရဲ့ ။

" ကိုယ်လိုက်ခဲ့ရမလား အရမ်းပင်ပန်းနေပြီဆိုရင် "

မဖြစ်ဘူး မဖြစ်ဘူး လို့ ကျွန်တော် ပြန်လာမယ် ကိုကို ။

မကြာမီ အချိန်မှာပဲ ဆရာဝန်ရောက်လာပြီး ဆေးတစ်လုံး ထိုးပေးကာ သောက်ဆေးသုံးရက်စာ ပေးပြီး ပြန်သွားလေသည် ။

ပြုစုဖို့ အတွက်လည်း သူ့ကို သေချာမှာသွားတာမို့ အဏ္ဏဝါ ဆရာဝန်ကို သေသေချာချာ  ခေါင်းငြိမ့်ပြလိုက်ရတယ် ။

ပြီးတော့ ဆိုင့်ရဲ့  စိတ်ကျန်းမာရေးနဲ့ ပက်သတ်ပြီး လည်း အထူးဂရုစိုက်ဖို့လည်း မှာသွားသေးတာ ။

အိပ်ပျော်နေတဲ့ သဲငယ်ကို တော့ စောင်သေချာခြုံပေး ကာ နဖူးပေါ်ဝဲကျနေတဲ့ ဆံသားနုနုလေးတွေကို အသာသပ်တင်ပေးပြီးမှ  တစ်ချက်ဖိကပ်နမ်းကာ  သူကတော့ စိတ်တအားရှုပ်လာတာမို့ Cigarette တစ်လိပ်ယူကာ ဝရံတာဘက်ထွက်လာလိုက်သည် ။

မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေနဲ့အတူ စိတ်ရှုပ်တာတွေပါ ပါသွားရင် ကောင်းမယ် ။

အပြည့်မဟုတ်ဘဲ တစ်ခြမ်းသာရှိတဲ့ လအလင်းအရောင်ကြောင့် ပတ်ဝန်းကျင် က သိပ်တော့ မလင်း ။

တိုက်ခတ်လာတဲ့  လေစိမ်းတွေကြောင့် သူ့အသားတွေပြန်စမ်းကြည့်တော့ အေးစက်နေတာများ ။

အပြင်မှာ ရပ်နေတာ ဘယ်လောက်တောင် ကြာသွားမှန်း မသိ ။

" ကိုကို "

ခါးတစ်ဝိုက် တင်းကြပ်လာတဲ့ လက်တွေနဲ့ အတူ နွေးလွန်းလှသည့်ခန္ဓာကိုယ်လေး ။

" အင်း ကိုယ်ရှိနေတယ် သဲငယ် "

" လိမ်တာ  ကျွန်တော့် ဘေးမှာ ကိုကို ရှိမနေဘူး "

ဖက်တွယ်ထားတဲ့ လက်တွေကို အဏ္ဏဝါ  ရှေ့ကို  ဆွဲယူလိုက်တော့ ရှိုက်သံတစ်စွန်းတစ်စ လေးထွက်လာပြီး ပုခုံးစွန်းတွေ တသိမ့်သိမ့်တုန်အောင်ငိုနေသည့်ကောင်လေးက သူ့ရင်ခွင်ထဲ အလဲလဲအပြိုပြို ။

" မငိုနဲ့နော် ကိုယ် မင်းကို ပြောနေတယ် "

" ညာတယ် ကိုကို ညာတယ် "

အင်္ကျီ ချွတ်ထားတာကြောင့် အပေါ် ပိုင်းက ဗလာဖြစ်နေကာ အဏ္ဏဝါ့ ရင်ဘတ်ကအမွှေးတွေကို အထင်သား မြင်နေရပြန်သည် ။

" မငိုနဲ့ ကိုယ့်စကား နားထောင် ဆိုင် မင်းလေး နေကောင်းသေးတာ မဟုတ်ဘူး "

စကားပြောနေရင်း ကိုကို့ အသက်ရှူသံတွေ တဖြည်းဖြည်း  ပြင်းလာတာ သူခံစားမိတယ် ။

" ကိုကို့ အင့် "

လည်တိုင်ကို မျက်နှာအပ်လာတဲ့ ကိုကို့
ကြောင့် ဆိုင့်မှာ ခြေဖျားတွေပါ ကုပ်ကပ်သွားရသည် ။

ကိုကို သူ့ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ။ တစ်ခါမှ ကိုကို သူ့ကို ဒီလိုမလုပ်ဖူးဘူးလေ ။

" ကိုယ် ဘာမှ မလုပ်ပါဘူး မင်း မကြောက်ပါနဲ့  ။ ဒီအတိုင်း နမ်းချင်လာလို့ပါ ခွင့်ပြုလို့ ရမလား "

" ကိုကို  !!!  "

" ကိုယ် တောင်းပန်ပါတယ် ဆိုင် မင်း
လက်မခံလည်း ရပါတယ် ကိုယ်မပြောခဲ့ဖူးလို့ပဲ သဘောထားလိုက် အထဲဝင်မယ် အေးတယ် "

" ကိုကို ကျွန်တော့် ကို နမ်းလို့ရတယ်"

" ဆိုင်

" အင်း ကိုကို့ သက်ဆိုင်သူ "

" ကိုယ် အမှန်တိုင်း ပြောရင် ဘယ်အရာကိုမဆို  မင်းကြည်ဖြူမှ ရှေ့ဆက်ချင်တာ ဆိုင် "

" ကျွန်တော် ကြည်ဖြူပါတယ် နမ်းတာလေးပဲလေ ဒီထပ်ပိုပြီး အဆင့်တက်ချင်ရင်တော့ ခဏလောက် စောင့်နေပေး နော် ကိုကို ။ ကိုကို့ ကိုပါ အဖျားတွေ ကူးမှာဆိုးလို့ "

" တစ်သက်လုံး စောင့်ဆိုလည်း ဖြစ်တယ် ဆိုင်  အဓိက က မင်းစိတ်ထဲ ကိုယ် အတင်းတောင်းလို့ ပေးလိုက်ရတာမျိုး မလိုချင်တာပါ "

" ကျွန်တော် နားလည်ပါတယ် ကိုကို "

ကိုကို နမ်းရအောင် သူမျက်လုံး မှိတ်ပြီး နှုတ်ခမ်းကို ရှေ့ကိုနည်းနည်း ဆူပေးထားလိုက်တော့ ကိုကို က ထရယ်သည် ။

" ဟာ ကိုကို နမ်းလို့ လွယ်အောင် လုပ်ပေးတာလေ "

" ဘယ်အချိန် ထဲက အနမ်းခံချင်နေတာလဲ ကိုယ့်ကို မှန်မှန်ပြော စမ်း "

" ဘယ်အချိန်ထဲက ရယ်လို့ တော့ ရှိမလား အခုဆို ကိုကို နဲ့ ကျွန်တော် က နှစ်ယောက် တစ်ဘဝ ဖြစ်နေပြီ လေ ။ ကိုကို က ကျွန်တော့် အိမ်ထောင်ဦးစီး ပြီးတော့ ကိုကို့ အနမ်းတွေကို ကျွန်တော် ငယ်ငယ်ထဲက လိုချင်ခဲတာ "

နီရဲရဲ မျက်နှာလေးက ရှက်နေပြီဆိုပေမဲ့ သူပြောချင်တာတွေကိုတော့ ဆက်ပြောသည်။

" အဆိုးလေး ကိုယ် မင်းကို ချစ်လိုက်ရတာ "

" ကျွန်တော် လည်း ချစ်တယ် ကိုကို ပြီးတော့ ကျွန်တော့် ကို အဖျားပျောက်တဲ့အထိ နမ်းပေး "

" မင်းကိုယ်တိုင် တောင်းဆိုတာ နော် သဲငယ် "

" ဟုတ်ကဲ့ ကိုကို "

စူးရှရှ နှုတ်ခမ်းမွေးတွေကြောင့် သူရယ်ချင်ပေမဲ့ ကိုကို့ကို အားနာလို့ မရယ်ဖြစ် ။ သူကိုယ်တိုင် လည်း ကိုကို့ ပါးပြင်နှစ်ဖက်လုံးကို အသံထွက်တဲ့အထိ နမ်းကာ  ကိုကို ခေါ်ဆောင်ရာ နိဗ္ဗာန် နောက် သူကောက်ကောက်ပါအောင် လိုက်ဖြစ်ခဲ့ပါတယ် ။

ပြောတဲ့အတိုင်း အဖျားပျောက်တဲ့အထိ  ကိုကို့ အနမ်းရိုင်းတွေကြား သာယာ ယစ်မူးပြီး ခြေထောက်တွေတောင် ပျော့ခွေ့တဲ့အထိ ကိုကိုက သူ့ကို ကူညီပေးခဲ့သည် ။

အဆုံးမရှိသော ချစ်ခြင်း တွေနဲ့ ကိုကို့ အား သူသိပ်ကိုမှ ချစ်ရပါတယ် ။

[  Recommend song - Say You Won't Let Go - James Arthur  ]

GarlicBoom
Fri/July22
3:27PM

Zawgyi

အိပ္ေနရင္းနဲ႕ သူ႕အသားေတြ ပူတက္လာတာမို႔ အဏၰဝါ မ်က္လုံး ဖြင့္ၾကည့္လိုက္သည္ ။

ရင္ခြင္ထဲမွာ ဆိုင္ ရွိေနၿပီး ရႈံ႕မဲ့ေနေသာ မ်က္ႏွာေလးအျပင္ မ်က္ရည္ေတြ ပါက်ေနတာေၾကာင့္ လန့္သြားကာ အဏၰဝါ ဆိုင့္ကို အသာလႈပ္ႏွိုးလိုက္ရတယ္ ။

မင္းေလးက ဘာေတြ ေၾကာက္ေနရတာလဲ သဲငယ္ ရာ ။

" သဲငယ္ !!! "

သူ႕အသားေတြ ပူေနတာ မဟုတ္ဘဲ ဆိုင့္ခႏၶာကိုယ္ဆီကမို႔ နဖူးဆီ လက္အျမန္ေရာက္သြားကာ စမ္းၾကည့္လိုက္ေတာ့ ပူျခစ္ေတာက္ေနတာမ်ား ။

မ်က္ရည္ေတြကလည္း အဆက္မျပတ္ က်စီးေနကာ တအားဝမ္းနည္း ေနသည့္ကေလးေလးပါပဲ ။ ရင္ေတြနာလိုက္တာ သူ ေျပာပါတယ္ ေနၾကည္အလင္းဆိုင္ ငိုရင္ သူ႕ရင္ဘတ္ထဲ ကပါ စုတ္ျပတ္သတ္ေနေအာင္နာတယ္လို႔ ။

" မငိုပါနဲ႕ သဲငယ္ မင္းမ်က္ရည္ေတြ မက်ပါနဲ႕ေတာ့ "

နဖူးေပၚ ေရစိုဝတ္တင္ေပးဖို႔ ထ ထိုင္ေတာ့ ဆိုင့္လက္ကေလးေတြက သူ႕လက္ေမာင္းကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားတာမ်ား လြတ္ထြက္သြားမွာ တအားေၾကာက္ေနသည့္ဟန္ ။

" ကိုယ္ရွိေနတယ္ သဲငယ္ "

သူ႕ကို ဘာမွ မတုံ႕ျပန္ဘဲ လက္ကေလး ေတြက ပိုၿပီး တင္းၾကပ္လာကာ ရင္ခြင္ထဲ ပိုတိုးဝင္လာသည္ ။

မ်က္ႏွာႏုႏုေလးကမ်ား တစ္ခ်က္တစ္ခ်က္ ရႈံ႕မဲ့သြားခဲ့ရင္ အဏၰဝါတို႔ ကမၻာပ်က္မတတ္ ပါပဲ ။

ဘာလို႔မ်ား သူ႕အမ်ိဳးသားေလး က အငိုသန္ရတာလဲ ။

" ကိုယ္ရွိေနတယ္ သဲငယ္ ထပ္ၿပီး မငိုပါနဲ႕ ေတာ့ "

တရိပ္ရိပ္နဲ႕ တက္လာတဲ့ အပူရွိန္ေတြေၾကာင့္ ဆိုင့္ကို ဒီအတိုင္း ထားလို႔ မရေတာ့ တစ္ခုခုလုပ္ေပးမွရေတာ့မွာမို႔ အဏၰဝါ ညဘက္လာေပးနိုင္ေလာက္မည့္ ဆရာဝန္ကို ဖုန္းဆက္ေခၚလိုက္ရသည္ ။

" ကိုကို႔ ကို ခဏလႊတ္ေပးပါဦး ခဏပဲ ဆိုင္ "

ဆိုင္က သူ႕ကို ဘယ္လိုမွ လႊတ္ေပးပုံ မျမင္တာမို႔ အဏၰဝါ ယဲ့ယဲ့ေလး သာရွိတဲ့ ခႏၶာကိုယ္ ေလးအား ေကာက္ေပြ႕လိုက္တယ္ ။

" ထားမသြားဘူး ဆိုင္ ကိုယ္ရွိေနတယ္ ဘယ္သြားသြား ေခၚသြားမွာမို႔ မင္းက မငိုလို႔ မရဘူး လား ကြာ "

ခ်စ္ရသူက ငိုေနေတာ့ သူကေရာ မ်က္ရည္ခိုင္ပါဦးမတဲ့လား ။ ဆယ္ႏွစ္ဆိုတဲ့ အခ်ိန္ေတြမွာ သဲငယ္ ရခဲ့တဲ့ စိတ္ဒဏ္ရာေတြ က ျပင္းျပင္းထန္ထန္ ကို ႏွိပ္စက္စျပဳ လာၿပီ ထင္ပါရဲ႕ ။

" ကို ကို "

ေျခာက္အက္အက္အသံေလးထြက္လာတာမို႔ အဏၰဝါ သူရွိေနေၾကာင္း ဆိုင္သိဖို႔ လက္ကေလးေတြကို အျမန္ဆုပ္ကိုင္ေပးလိုက္ရသည္ ။

" ထား မ သြား ပါ နဲ႕ တစ္ေယာက္ ထဲ ကြၽန္ေတာ္ ေၾကာက္တယ္ ကို ကို "

" ကိုယ္ရွိေနတယ္ မင္းမ်က္လုံး ဖြင့္လိုက္တိုင္းမွာ ကိုယ္ရွိေနမယ္ အင္း မ်က္လုံး ေတြ မွိတ္ထားလည္း မင္းေဘးနားမွာ ကိုယ္ရွိေနမွာပါ ကေလးရယ္ "

ကေလးေတြကို ေခ်ာ့ျမႇူသလို ေခါင္းေလးပုတ္ကာ အဏၰဝါ သူ႕အမ်ိဳးသားေလး အငိုတိတ္ေအာင္ ႀကိဳးစားၾကည့္သည္ ။

" အနားမွာ ေနေပးပါ တစ္ေယာက္ထဲ ထားၿပီး မသြားပါနဲ႕ ကြၽန္ေတာ့္ မွာ ကိုကို တစ္ေယာက္ထဲ ရွိေတာ့ တာ ။ ေနာက္ျပန္လွည့္ၾကည့္တိုင္း ဘယ္သူမွ ရွိမေနေတာ့ရင္ေတာင္ ကိုကို႔တစ္ေယာက္ ကိုေတာ့ ကြၽန္ေတာ္ ျမင္ခ်င္တယ္ "

" စိတ္ခ်ပါ သဲငယ္ မင္းရဲ႕ စိတ္မလုံၿခဳံျဖစ္မႈေတြကေန ကိုကို မင္းကို ဆြဲထုတ္ၿပီး ကာကြယ္ေပးပါ့မယ္ "

အင္း သူၾကားရတယ္ ကိုကို႔ ကတိေပးသံေတြကို ။ ကိုကိုက အၿမဲကတိတည္ခဲ့ပါတယ္ သူကသာ ကတိမတည္နိုင္ခဲ့တာ။

တစ္ေယာက္ထဲ သူမေနခ်င္ဘူး အထီးက်န္တဲ့ ခံစားခ်က္ႀကီးကို မုန္းလြန္းလို႔ ဆုေတာင္း ပါတယ္ ။ ဘယ္တစ္ဦးတစ္ေယာက္မွ အထီးက်န္မႈေတြနဲ႕ျပည့္ေနတဲ့ဘဝကို မပိုင္ဆိုင္ရပါေစနဲ႕ ။

ဆယ္ႏွစ္လုံးလုံး စားခဲ့ရတဲ့ ဝက္စာနဲ႕တူတဲ့ ေအးစက္စက္ အစားအစာ ေတြကို သူမုန္းတယ္ ။

ေစာင္တစ္ထည္ကလြဲဘာမွခင္းက်င္းထားျခင္းမရွိတဲ့ တမံသလင္းမွာ အိပ္ရတာ သူမုန္းတယ္ ။

ျပန္မေျပာနားမေထာင္ေလး ဆိုၿပီး အကုန္လုံး က ေျခေထာက္ ေတြနဲ႕ ဝိုင္းကန္တာ ခံရတဲ့ အဲ့ဒီဆယ္ႏွစ္တာကို သူမုန္းတယ္ ။
ညစဥ္ညတိုင္း ကိိုကို႔ကို သတိရလြန္းလို႔ ခိုးငိုခဲ့ရတဲ့ ညေတြကို သူမုန္းတယ္ ။

ယုံၾကည္မႈ ေတြ အားလုံး ကို ဖ်က္ဆီးသြားတဲ့ ေမႀကီး ကိုလည္း သူမုန္းတယ္ ။

အခ်ိန္ေတြအၾကာႀကီး ဆိုင့္ေဘးနား ေဖႀကီး အတူတူ ရွိေနမယ္ ဆိုၿပီး ေပးခဲ့တဲ့ ကတိေတြမတည္တဲ့ ေဖႀကီး ကိုလည္း သူမုန္းပါတယ္ ။

ဘာတစ္ခုမွ ေပ်ာ္႐ႊင္စရာ ေတြ မရွိခဲ့တဲ့ သူ႕ဘဝသူ ေတာ့ အမုန္းဆုံးပါပဲ ။

ကိုယ့္ကိုကိုယ္ စိတၱဇ ျဖစ္ေနၿပီ လို႔ေတာင္သူ ထင္မိသည္ ။ အဲ့သလိုဆိုရင္ေတာင္ ကိုကို သူ႕ကို မစြန့္ပစ္လိုက္ရင္ သိပ္ေကာင္းမွာပဲ ။

ေနာက္ဆုံး နာက်င္လြန္းလို႔ အားလုံးကို ေမ့ၿပီး အ႐ူးတစ္ေယာက္လို ျဖစ္သြားရင္ေတာင္ ကိုကို႔ ကို သူေမ့နိုင္ပါ့မလား ။

ခ်စ္ခဲ့ဖူးတဲ့ ဆယ့္ေလးႏွစ္တာလုံး ရင္နင့္ေနေအာင္ ႐ူးခါေနေအာင္ အဏၰဝါ့ကို သူခ်စ္ခဲ့တာပါ ။

ငယ္ဘဝရဲ႕ ႐ူးသြပ္မႈေလးက ကိုကို တစ္ေယာက္ သာ ရွိတယ္လို႔ သူသတ္မွတ္ထားတာပါ ။
ဒါမွမဟုတ္ သူ အၿပီးထြက္သြားလိုက္ရင္ေရာ ကိုကို ေခ်ာင္ေလးထဲမွာ ထိုင္ၿပီး ငိုမ်ားေနမလား ။

ခဏပဲ ေလ ၾကာလာရင္ သူ႕ကို ေမ့သြားေလာက္မွာပါ ကိုကို က ။

" ဆိုင္ "

ပင္ပန္းတယ္ ကိုကို ကြၽန္ေတာ္ အသက္မရႉခ်င္ေတာ့ဘူးဗ်ာ ။

ကိုကို႔ ကို တစ္ေယာက္ထဲ လည္း မထားခဲ့နိုင္ဘူး ။

" ဆိုင္ မ်က္လုံး ဖြင့္ပါဦး သဲငယ္ "

ကိုကို ငိုေနတာ လား မငိုရဘူး ေလ ကိုကို မငိုပါနဲ႕ ။

" ေနၾကည္အလင္းဆိုင္ ငါမင္းေနာက္ လိုက္လာပစ္မွာေနာ္ "

ဟင့္အင္း ကိုကို လာလို႔ မရဘူး မလာပါနဲ႕ ေပ်ာ္စရာ မေကာင္းဘူး ကိုကို ။

" ေတာင္းပန္ပါတယ္ ဘာေတြပဲ ျဖစ္ျဖစ္ ကိုယ္က ေတာင္းပန္ပါတယ္ သဲငယ္ အိပ္မေနပါနဲ႕ေတာ့ "

သူ အိပ္ေနတာ မွ မဟုတ္တာ အသက္မရႉခ်င္ေတာ့ဘူးလို႔ သူေျပာတယ္ ေလ ။

" ေနေရာင္ၾကည္ေလး မရွိရင္ ပင္လယ္ျပာေလး ကေရာ ဆက္ရွိေနမယ္ ထင္လား သဲငယ္ "

ေနေရာင္ၾကည္ေတြ မလင္းတဲ့ တစ္ေန႕မွာ ပင္လယ္ေရေတြ ခမ္းေျခာက္သြားမယ္ဆိုတာ သူယုံပါတယ္ ။

" ကိုယ္ရွိေနတယ္ ဆိုင္ ။ မင္းတစ္ဘဝစာ ဖူလုံဖို႔ ကိုယ့္ေမတၱာေတြ လုံလုံေလာက္ေလာက္ ေပးနိုင္တာမို႔ မင္းမ်က္လုံး ေတြ ဖြင့္လာေတာ့ သဲငယ္ "

ကိုကို သိလားေတာ့ မသိဘူး အတၱႀကီးရာ က်မလား မသိေပမယ့္ ကြၽန္ေတာ္ အခ်စ္ခံခ်င္တယ္ ကိုကို ။ ကိုကို႔ေမတၱာေတြဟာ ကြၽန္ေတာ့္ အတြက္ တစ္သီးတစ္သန့္ပဲ ျဖစ္ေစခ်င္ေနမိတာ ။

" ကိုကို မင္းကို ခ်စ္တယ္ ဆိုင္ "

ကြၽန္ေတာ္ လည္း ကိုကို႔ကို ခ်စ္တယ္ ။

" နိုးလာပါေတာ့ ကြာ "

ဒီအတိုင္း ေလး ေနသြားလို႔ေရာ မရဘူး လား ကိုကို ။ ကြၽန္ေတာ္ ပင္ပန္းတယ္ ကိုကိုရဲ႕ ။

" ကိုယ္လိုက္ခဲ့ရမလား အရမ္းပင္ပန္းေနၿပီဆိုရင္ "

မျဖစ္ဘူး မျဖစ္ဘူး လို႔ ကြၽန္ေတာ္ ျပန္လာမယ္ ကိုကို ။

မၾကာမီ အခ်ိန္မွာပဲ ဆရာဝန္ေရာက္လာၿပီး ေဆးတစ္လုံး ထိုးေပးကာ ေသာက္ေဆးသုံးရက္စာ ေပးၿပီး ျပန္သြားေလသည္ ။

ျပဳစုဖို႔ အတြက္လည္း သူ႕ကို ေသခ်ာမွာသြားတာမို႔ အဏၰဝါ ဆရာဝန္ကို ေသေသခ်ာခ်ာ ေခါင္းၿငိမ့္ျပလိုက္ရတယ္ ။

ၿပီးေတာ့ ဆိုင့္ရဲ႕ စိတ္က်န္းမာေရးနဲ႕ ပက္သတ္ၿပီး လည္း အထူးဂ႐ုစိုက္ဖို႔လည္း မွာသြားေသးတာ ။

အိပ္ေပ်ာ္ေနတဲ့ သဲငယ္ကို ေတာ့ ေစာင္ေသခ်ာၿခဳံေပး ကာ နဖူးေပၚဝဲက်ေနတဲ့ ဆံသားႏုႏုေလးေတြကို အသာသပ္တင္ေပးၿပီးမွ တစ္ခ်က္ဖိကပ္နမ္းကာ သူကေတာ့ စိတ္တအားရႈပ္လာတာမို႔ Cigarette တစ္လိပ္ယူကာ ဝရံတာဘက္ထြက္လာလိုက္သည္ ။

မႈတ္ထုတ္လိုက္တဲ့ အခိုးအေငြ႕ေတြနဲ႕အတူ စိတ္ရႈပ္တာေတြပါ ပါသြားရင္ ေကာင္းမယ္ ။

အျပည့္မဟုတ္ဘဲ တစ္ျခမ္းသာရွိတဲ့ လအလင္းအေရာင္ေၾကာင့္ ပတ္ဝန္းက်င္ က သိပ္ေတာ့ မလင္း ။

တိုက္ခတ္လာတဲ့ ေလစိမ္းေတြေၾကာင့္ သူ႕အသားေတြျပန္စမ္းၾကည့္ေတာ့ ေအးစက္ေနတာမ်ား ။

အျပင္မွာ ရပ္ေနတာ ဘယ္ေလာက္ေတာင္ ၾကာသြားမွန္း မသိ ။

" ကိုကို "

ခါးတစ္ဝိုက္ တင္းၾကပ္လာတဲ့ လက္ေတြနဲ႕ အတူ ႏြေးလြန္းလွသည့္ခႏၶာကိုယ္ေလး ။

" အင္း ကိုယ္ရွိေနတယ္ သဲငယ္ "

" လိမ္တာ ကြၽန္ေတာ့္ ေဘးမွာ ကိုကို ရွိမေနဘူး "

ဖက္တြယ္ထားတဲ့ လက္ေတြကို အဏၰဝါ ေရွ႕ကို ဆြဲယူလိုက္ေတာ့ ရွိုက္သံတစ္စြန္းတစ္စ ေလးထြက္လာၿပီး ပုခုံးစြန္းေတြ တသိမ့္သိမ့္တုန္ေအာင္ငိုေနသည့္ေကာင္ေလးက သူ႕ရင္ခြင္ထဲ အလဲလဲအၿပိဳၿပိဳ ။

" မငိုနဲ႕ေနာ္ ကိုယ္ မင္းကို ေျပာေနတယ္ "

" ညာတယ္ ကိုကို ညာတယ္ "

အကၤ်ီ ခြၽတ္ထားတာေၾကာင့္ အေပၚ ပိုင္းက ဗလာျဖစ္ေနကာ အဏၰဝါ့ ရင္ဘတ္ကအေမႊးေတြကို အထင္သား ျမင္ေနရျပန္သည္ ။

" မငိုနဲ႕ ကိုယ့္စကား နားေထာင္ ဆိုင္ မင္းေလး ေနေကာင္းေသးတာ မဟုတ္ဘူး "

စကားေျပာေနရင္း ကိုကို႔ အသက္ရႉသံေတြ တျဖည္းျဖည္း ျပင္းလာတာ သူခံစားမိတယ္ ။

" ကိုကို႔ အင့္ "

လည္တိုင္ကို မ်က္ႏွာအပ္လာတဲ့ ကိုကို႔
ေၾကာင့္ ဆိုင့္မွာ ေျခဖ်ားေတြပါ ကုပ္ကပ္သြားရသည္ ။

ကိုကို သူ႕ကို ဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ ။ တစ္ခါမွ ကိုကို သူ႕ကို ဒီလိုမလုပ္ဖူးဘူးေလ ။

" ကိုယ္ ဘာမွ မလုပ္ပါဘူး မင္း မေၾကာက္ပါနဲ႕ ။ ဒီအတိုင္း နမ္းခ်င္လာလို႔ပါ ခြင့္ျပဳလို႔ ရမလား "

" ကိုကို !!! "

" ကိုယ္ ေတာင္းပန္ပါတယ္ ဆိုင္ မင္း
လက္မခံလည္း ရပါတယ္ ကိုယ္မေျပာခဲ့ဖူးလို႔ပဲ သေဘာထားလိုက္ အထဲဝင္မယ္ ေအးတယ္ "

" ကိုကို ကြၽန္ေတာ့္ ကို နမ္းလို႔ရတယ္"

" ဆိုင္

" အင္း ကိုကို႔ သက္ဆိုင္သူ "

" ကိုယ္ အမွန္တိုင္း ေျပာရင္ ဘယ္အရာကိုမဆို မင္းၾကည္ျဖဴမွ ေရွ႕ဆက္ခ်င္တာ ဆိုင္ "

" ကြၽန္ေတာ္ ၾကည္ျဖဴပါတယ္ နမ္းတာေလးပဲေလ ဒီထပ္ပိုၿပီး အဆင့္တက္ခ်င္ရင္ေတာ့ ခဏေလာက္ ေစာင့္ေနေပး ေနာ္ ကိုကို ။ ကိုကို႔ ကိုပါ အဖ်ားေတြ ကူးမွာဆိုးလို႔ "

" တစ္သက္လုံး ေစာင့္ဆိုလည္း ျဖစ္တယ္ ဆိုင္ အဓိက က မင္းစိတ္ထဲ ကိုယ္ အတင္းေတာင္းလို႔ ေပးလိုက္ရတာမ်ိဳး မလိုခ်င္တာပါ "

" ကြၽန္ေတာ္ နားလည္ပါတယ္ ကိုကို "

ကိုကို နမ္းရေအာင္ သူမ်က္လုံး မွိတ္ၿပီး ႏႈတ္ခမ္းကို ေရွ႕ကိုနည္းနည္း ဆူေပးထားလိုက္ေတာ့ ကိုကို က ထရယ္သည္ ။

" ဟာ ကိုကို နမ္းလို႔ လြယ္ေအာင္ လုပ္ေပးတာေလ "

" ဘယ္အခ်ိန္ ထဲက အနမ္းခံခ်င္ေနတာလဲ ကိုယ့္ကို မွန္မွန္ေျပာ စမ္း "

" ဘယ္အခ်ိန္ထဲက ရယ္လို႔ ေတာ့ ရွိမလား အခုဆို ကိုကို နဲ႕ ကြၽန္ေတာ္ က ႏွစ္ေယာက္ တစ္ဘဝ ျဖစ္ေနၿပီ ေလ ။ ကိုကို က ကြၽန္ေတာ့္ အိမ္ေထာင္ဦးစီး ၿပီးေတာ့ ကိုကို႔ အနမ္းေတြကို ကြၽန္ေတာ္ ငယ္ငယ္ထဲက လိုခ်င္ခဲတာ "

နီရဲရဲ မ်က္ႏွာေလးက ရွက္ေနၿပီဆိုေပမဲ့ သူေျပာခ်င္တာေတြကိုေတာ့ ဆက္ေျပာသည္။

" အဆိုးေလး ကိုယ္ မင္းကို ခ်စ္လိုက္ရတာ "

" ကြၽန္ေတာ္ လည္း ခ်စ္တယ္ ကိုကို ၿပီးေတာ့ ကြၽန္ေတာ့္ ကို အဖ်ားေပ်ာက္တဲ့အထိ နမ္းေပး "

" မင္းကိုယ္တိုင္ ေတာင္းဆိုတာ ေနာ္ သဲငယ္ "

" ဟုတ္ကဲ့ ကိုကို "

စူးရွရွ ႏႈတ္ခမ္းေမြးေတြေၾကာင့္ သူရယ္ခ်င္ေပမဲ့ ကိုကို႔ကို အားနာလို႔ မရယ္ျဖစ္ ။ သူကိုယ္တိုင္ လည္း ကိုကို႔ ပါးျပင္ႏွစ္ဖက္လုံးကို အသံထြက္တဲ့အထိ နမ္းကာ ကိုကို ေခၚေဆာင္ရာ နိဗၺာန္ ေနာက္ သူေကာက္ေကာက္ပါေအာင္ လိုက္ျဖစ္ခဲ့ပါတယ္ ။

ေျပာတဲ့အတိုင္း အဖ်ားေပ်ာက္တဲ့အထိ ကိုကို႔ အနမ္းရိုင္းေတြၾကား သာယာ ယစ္မူးၿပီး ေျခေထာက္ေတြေတာင္ ေပ်ာ့ေခြ႕တဲ့အထိ ကိုကိုက သူ႕ကို ကူညီေပးခဲ့သည္ ။

အဆုံးမရွိေသာ ခ်စ္ျခင္း ေတြနဲ႕ ကိုကို႔ အား သူသိပ္ကိုမွ ခ်စ္ရပါတယ္ ။

[ Recommend song - Say You Won't Let Go - James Arthur ]

GarlicBoom
Fri/July22
3:27PM



Continue Reading

You'll Also Like

2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.1M 56.9K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.3M 95.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
788K 65.7K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...