ေရႊေရာင္လႊမ္းေသာလက္ထပ္ျခင္း(ျ...

By Phyomyatsoe

56K 8.3K 120

လင္းယုတုန္သည္ရွစ္နွစ္ၾကာတြဲခဲ႔ေသာခ်စ္သူကကိုးထပ္မွတြန္းခ်ခံရၿပီးေနာက္လြန္ခဲ႔ေသာရွစ္နွစ္တြင္ျပန္လည္ေမြးဖြားလာသည... More

Chapter:1(Z+U)
Chapter:2(Z+U)
Chapter:3(Z+U)
Chapter:4(Z+U)
Chapter:5(Z+U)
Chapter:6(Z+U)
Chapter:7(Z+U)
Chapter:8(Z+U)
Chapter:9(Z+U)
Chapter:10(Z+U)
Chapter:11(Z+U)
Chapter:12(Z+U)
Chapter:13(Z+U)
Chapter:14(Z+U)
Chapter:15(Z+U)
Chapter:16(Z+U)
Chapter:17(Z+U)
Chapter:18(Z+U)
Chapter(19)U+Z
Chapter(21)U+Z
Ch(22)U+Z
Chapter(23)U+Z
Chapter(24)U+Z
Chapter(25)
Chapter(25)အဆက်
Chapter(26.1)
26.2
27(Uni+Zaw)
27အဆက္(Uni+Zaw)
28.1
28.2
29
29အဆက္
Chapter(30.1)
Chapter(30.1)
Chapter(30.2)
31.1
31.2

Ch(20)U+Z

574 108 3
By Phyomyatsoe

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း
Chapter(20)စီးပွားဖက်ပါတနာ

လင်းယုတုန်က ကျင်းဖန်စာပေနှင့် သဘောတူစာချုပ်ချုပ်ဆိုထားသည်မှာ မကြာခင်သေးတာကြောင့် သူ့ဝတ္ထုအရေးအသားကောင်းမွန်လျှင်ပင် သူသည် စာရေးသူအသစ်ဆိုတာ မပြောင်းလဲနိုင်ဘူး။ဒါ့ကြောင့် အယ်ဒီတာသည် သူ့ကို စာရင်းသွင်းပေးခဲ့တယ်။သူ့နေရာက အရမ်းကောင်းနေတာ မဟုတ်ပေမဲ့ လူသစ်တန်းအုပ်စုထဲမှာ လုံးဝထိပ်တန်းလို့ပြောန်ိုင်တယ်။ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့  သူဟာ ဒေသတွင်းထိပ်တန်းဝင်ခဲ့ပြီး အခြေအနေတွေက ကွဲပြားသွားခဲ့တယ်။

စန်းချီဘွိုင်း ထိပ်ဆုံးနေရာရောက်နေတယ်။

မူးယစ်ရီဝေသစ်တောက စန်းချီဘွိုင်းကို ကျောက်စိမ်းတစ်ထောင်ဆုချခဲ့ပြီး စန်းချီဘွိုင်းကို ထိပ်တန်းစာရင်းဝင်သွားစေခဲ့သည်။ကျောက်စိမ်းတစ်ထောင်သည် ယွမ်၁၀၀,၀၀၀နှင့်ညီမျှပြီး စန်းချီဘွိုင်သည် တစ်ပတ်အတွင်း ကျောက်စိမ်း၁၀လုံးရခဲ့သည်။ဆုအများကြီးရခဲ့တာကြောင့် လင်းယုတုန်သည် ဖိုရမ်မှာဖြစ်ဖြစ် စာရေးဆရာအဖွဲ့မှာဖြစ်ဖြစ် ကျင်းဖန်စာပေကွန်ရက်၏ခေါင်းစဉ်မှာ ထူးထူးခြားခြားစာရင်းတစ်ခုအဖြစ်ပြောင်းသွားတယ်။ဒေသတွင်းထိပ်တန်းဝင်အောင်ဆုချီးမြှင့်ခံရတာကလည်း သူ့ရဲဝတ္ထုဖတ်သူဒေတာကို သွယ်ဝိုက်ထိခိုက်စေတယ်။စာရေးသူသည် အလွန်ဆုချီးမြှင့်ခံရကြောင်း စာဖတ်သူများကြားသိတဲ့အခါ သူ့ဝတ္ထုကိုဖွင့်ကြည့်ကြပြီး ဘယ်လိုစာမျိုးဖြစ်တယ်ဆိုတာ သိလိုကြတယ်။အစပိုင်းမှာ လူတိုင်း၏အတွင်းစိတ်သည် မတူဘူး။တစ်ချို့က ဒီလိုဆုမျိုးရသင့်တယ်လို့ထင်ကြတယ်။ဝတ္ထုအရမ်းကောင်းတယ်။ပြည်တွင်းစာရေးဆရာသည် သူ့ရဲ့ကျော်ကြားမှုကို ထူထောင်ရန်အတွက် မိမိကိုယ်မိမိ ဆုချခြင်းဖြစ်နိုင်သည်ဟု အချို့ကယူဆကြတယ်။သူ့ကိုဆုပေးတဲ့သူက ပိုက်ဆံကို ဂရုမစိုက်တာလဲဖြစ်နိုင်တယ်။

ထို့ကြောင့်စာဖတ်သူဖြစ်စေ စာရေးသူဖြစ်စေ လူတိုင်းသည် တွင်းထဲကျသွားပြီး ထွက်မလာတော့ဘူး။လင်းယုတုန် ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးဝတ္ထုဖြစ်တဲ့"လမ်းမှထက်ကတစ်စ္ဆေသရဲများ"ဝတ္ထုသည် ဒုံးပျံလိုအမြန်နှုန်းနှင့်ပျံနှံ့လာပြီး စာဖတ်သူအရှိန်အဟုန်သည်တောက်လောင်နေပြီး အယ်ဒီတာများပင်လျှင် ပြီးပြည့်စုံသောဝတ္ထုတစ်ပုဒ်အတွက် သူ့ကိုချီးကျူးဂုဏ်ပြုရန် လာခဲ့ကြတယ်။

လက်ရှိအယ်ဒီတာနှင့် အရင်ဘဝတုန်းကတစ်ယောက်နှင့် တစ်ယောက်တည်းဖြစ်သော်လည်းဘဲ လင်းယုတုန်သည် အရင်ဘဝတုန်းက စကားသိပ်မပြောဖြစ်ဘူး။ဒါပေမဲ့ hostနဲ့တော့မတူဘူး။လင်းယုတုန်နှင့် သူက အလုပ်တွေအပြင် စကားပိုပြောဖြစ်တယ်။

ရယ်မောနေသောအရှင်သခင်: ဒီအခြေအနေအတ်ိုင်းဆို ဒီနှစ်မှာ မင်းကဝင်ငွေအများဆုံးစာရေးသူထဲမှာပါနိုင်တယ်မလား?အေးဆေးဘဲမလား?"

စန်းချီဘွိုင်း:အင်း အေးဆေးဘဲ...ဒါဆို ဒီနေ့ကျွန်တော် စာမျက်နှာဒါဇင်ချီအောင် ရေးဖို့ဆုံးဖြတ်လိုက်ပြီ။ခင်ဗျားလိုင်းပေါ်ရှိနေမယ်မလား?

ရယ်မောနေသောအရှင်သခင်:!

ရယ်မောနေသောအရှင်သခင်:စက်ချို့ယွင်းသွားပြီ!!

အရင်ဘဝတုန်းကနှင့်အတူတူဘဲ။ဒါပေမဲ့ hostက အယ်ဒီတာအာဘော်မှာ ထက်မြတ်တဲ့နတ်ဘုရားဖြစ်ပေမဲ့ သူ့ရဲ့စာရိုက်နှုန်းက လိပ်တစ်ကောင်လိုဘဲ။လင်းယုတုန်လို တစ်နာရီလျှင် စာလုံးရေလေးငါးထောင်လောက် ရေးနိုင်စွမ်းရှိသူမဟုတ်ဘူး။

လင်းယုတုန်သည် hostအား မခံချိမခံသာဖြစ်စေပြီး editဖို့ရာ အခန်း(၁၀)ခန်းတင်လိုက်ပြီး တစ်ခန်းစီတိုင်းမှာလည်း စာလုံးရေ ငါးထောင်အပြည့်ရှိတယ်။ဒီအခန်းတွေကိုဖတ်ဖို့ အဖိုးခပေးစရာမလိုအပ်ပေမဲ့ ဆုချီမြင့်တဲ့သူရှိလာရင်လည်း သူက ဒီကောင်းမွန်တဲ့အခွင့်အရေးကို တားဆီးမှာ မဟုတ်ဘူး။

သူက တကယ်ကို သူ့ကိုဆုချီးမြင့်တဲ့သူအကြောင်းကို သိချင်သော်လည်းဘဲ...

အရင်ဘဝတုန်းက သူ့ကို မကြာခဏဆိုသလို ဆုချီးမြှင့်တဲ့ စာဖတ်သူတွေအများကြီးတည်ရှိပေမဲ့ သူတို့ထဲမှာ"သစ်တောထဲမှာမူးယစ်ရီဝေ"လို့ခေါ်တဲ့ စာဖတ်သူမရှိခဲ့ဘူး။ဒီစာဖတ်သူကလည်း သူပြန်လည်မွေးဖွားလာပြီးနောက် ပြောင်းလဲမှုတွေထဲက တစ်ခုဘဲလား?

လင်းယုတုန်က ဆရာကိုပြသနာတစ်ခုအကြောင်းပြပီး ခွင့်နှစ်ရက်တောင်းလိုက်တယ်။ထို့နောက် သူက သူ့ကိုဆုချီးမြင့်တဲ့သူက ကျန်းရီဖေးအပါအဝင် တစ်ခြားဖြစ်နိုင်တဲ့ သူတွေကို ဆက်ပြီးတွေးနေခဲ့တယ်။ဒါပေမဲ့ သူ့ဦးနှောက်ထဲမှာ သူ့ကိုပွေ့ဖက်ပေးဖို့ ကျန်းရီဖေးကလက်နှစ်ဖက်မြှောက်ပြီးတောင်းဆိုနေပုံကို မြင်ယောင်လိုက်တာနှင့် လင်းယုတုန်က ကြက်သီးထလာပြီးချွေးအေးတွေထွက်လာတယ်။သူက မာနကြီးသည့်ကျန်းရီဖေးဆိုတာ ဘယ်လိုမှမယုံနိုင်ဘူး။

ဒုတိယနေ့တနင်္ဂနွေနေ့မှာ ရန်ရှူသည် လင်းယုတုန်ကိုခေါ်ပြီးလည်ပတ်ကြည့်ဖို့စီစဉ်ပေးမဲ့ လင်းယုတုန်သည် Sမြို့မှာ မြင်စရာအသစ်အဆန်းမရှိဘူးလို့ တွေးပြီး သူက မနေ့ညက လိုင်းပေါ်တင်ပြီးနောက် မြန်မြန်လေး လက်ရေးစာမူဖြည့်သွင်းဖို့ရန်လိုအပ်တာကြောင့် ရန်ရှူ၏ကြင်နာမှုကို ငြင်းပယ်လိုက်တယ်။သူက သူ့ကိုယ်သူ အခန်းထဲပိတ်ပြီး  စာလုံးရေ(၄၀၀၀၀)ကို ရေးသားခဲ့ပြီးမှ တောင့်တင်းနေတဲ့ခြေလက်တွေဆန့်ဖို့ ထလိုက်တယ်။

ဟိုတယ်မှာ သူ သန့်ရှင်းရေးလုပ်ဖို့ မလိုအပ်ဘူး။သူက သူ့ဝတ္ထုထဲက အမှားဟောင်းများကိုပြုပြင်ခဲ့တယ်။သူက notebookရှေ့မှာ တစ်နေ့လုံးထိုင်နေခဲ့ပြီး နေ့လယ်စာစားဖို့တောင် မစဉ်းစားမိဘူး။

လင်းယုတုန်သည် အချိန်ကြည့်လိုက်တော့ အနည်းငယ်နောက်ကျနေပြီကို တွေ့လိုက်ရပြီး အပြင်ဘက်မှာကြည့်လိုက်ပြီး ရာသီဥတုကလည်းအေးနေတာကြောင့် ဆာလောင်မှုကိုဖြေရှင်းရန် takewayခေါ်ပြီး ရေချိုးပြီးအိပ်ရာဝင်ပြီး ဖုန်းကိုင်ကိုင်လိုကါတယ်။သူပြန်လည်မွေးဖွားလာကတည်းက သူ့ရဲ့အင်တာနက်ကွန်ရက် ဆက်နွယ်မှုတွေက အရင်ကထက်ပိုပြီးကျဉ်းမြောင်းလာတယ်။ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စစ်မှန်တဲ့သူငယ်ချင်းမဟုတ်တဲ့သူတွေနှင့်တဖြည်းဖြည်းဝေးကွာလာပြီး သူ့ရဲ့အခန်းဖော်တွေနှင့်ကျန်းရီဖေးအပါအဝင် မိသားစုဝင်တွေနှင့်ဆွေမျိုးသားချင်းတွေအပြင် အတန်းဖော်များနှင့် ဆရာတွေသာ ဖုန်းမှတ်တမ်းမှာရှိပြီး ကျန်တဲ့သူတွေကိုဖယ်ထုတ်ထားတာကြောင့်ဖြစ်တယ်။

ထိုအကြောင်းကို လင်းယုတုန်က စဉ်းစားပြီးနောက် ကျန်းရီဖေးထံ ဖုန်းခေါ်လိုက်တယ်။ကျန်းရီဖေးက ဒီညချူထန်းရီနှင့်အတူစားချင်တယ်လို့ပြောခဲ့တာကို မှတ်မိနေသေးပြီး သူထမင်းစားနေမလား စားပြီးပြီလား အိပ်နေမလားဆိုတာ သူမသိဘူး။

ကျန်းရီဖေးက ဖုန်းဖြေတဲ့အခါ သူ အိမ်ပြန်တဲ့လမ်းမှာရှိနေတယ်။

လင်းယုတုန်က ပြုံးပြီးမေးလိုက်တယ်"ခင်ဗျားစားပြီးပြီလား?"

ကျန်းရီဖေးက လင်းယုတုန်ထံမှ ဖုန်းခေါ်လာတာကြောင့် သဘာဝကျစွာဘဲပျော်ရွှင်သွားတယ်။ဒါပေမဲ့ သူ့ခံစားချက်တွေအလွန်ကောင်းနေတာတော့မဟုတ်ဘူး။သူက ကားနောက်ခန်းမှာ အိပ်ပျော်နေတဲ့ ဝမ်းဘိုကို ကြည့်ပြီး အသံနိမ့်ပြီး ပြောလိုက်တယ်"ကိုယ်စားပြီးပြီ။အခု ကားမောင်းနေတယ်။ကားမောင်းရင်း စကားပြောရတာအဆင်မပြေဘူး။အိမ်ပြန်ရောက်ရင် ကိုယ် မင်းကို ပြန်ခေါ်လိုက်မယ်"

လင်းယုတုန်က ဆယ့်ငါးမိနစ်လောက် စောင့်ဆ်ိုင်းပြီးနောက် ကျန်းရီဖေး၏ ဖုန်းဝင်လာပြီး"ကိုယ်တို့ အရင်တစ်ခါ ကျန်းအိမ်တော်ကိုသွားတုန်းက ဝမ်ဘိုက ကိုယ့်ဒေါ်လေးကို ကြိုတင်သတိပေးဖို့ ကိုယ့်ကိုဖုန်းဆက်ခဲ့တယ်။ဝမ်ပင်းယန်က ဒါကိုသိသွားလို့ ဝမ်ဘိုကိုအလုပ်ထုတ်လိုက်တယ်။ဝမ်ဘိုမှာသားသမီးဆွေမျိုးလည်းမရှိဘူး။သူမှာ နေစရာနေရာမရှိတာကြောင့် သူ့ကိုဒီမှာနေစေချင်တယ်"

ဝမ်ဘိုက ကလေးဘဝကတည်းက ကျန်းမိသားစု၏သခင်အိုကြီးနှင့်အတူ ကြီးပြင်းလာခဲ့တာဖြစ်တယ်။သူက ကျန်းမိသားစုမျိုးဆက်သုံးဆက်ကို အဖိုးအခလက်ခံမရယူဘဲ အလုပ်အကျွေးပြုခဲ့တာဖြစ်တယ်။တစ်ချိန်က ကျန်းရီဖေးအဘိုးဆုံးသွားသည့်အခါ ဝမ်ဘိုက ကျန်းရီဖေးကို ကျန်းအိမ်တော်အတွင်းမှာပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း လင်းယုတုန် မှတ်မိသေးတယ်။

လင်းယုတုန်က"ဒီဝမ်ပင်းယန်က လွန်လွန်းတယ်"

ကျန်းရီဖေးက ဝမ်ဘိုအိပ်နေတဲ့အခန်းကိုကြည့်လိုက်တယ်။ဒီအခန်းက လင်းယုတုန် အရင်တစ်ခါက ကုတင်ရွှေ့ထားသည့်အခန်းဖြစ်တယ်။ခဏလောက်စဉ်းစားပြီးနောက် ကျန်းရီဖေးက သူ့ကိုယ်သူတောင် သတိမပြုမိလိုက်ဘဲ ညှိနှိုင်းသည့်အသံနှင့် ပြောလိုက်တယ်"တုန်တုန် ကိုယ် ဝမ်ဘိုကို ကိုယ်တို့နဲ့အတူနေစေချင်တယ်။မင်းဘယ်လိုထင်လဲ?"

လင်းယုတုန်က ဒီအကြောင်းကို လေးလေးနက်နက်တွေးလိုက်ပြီး လုံးဝဖြစ်နိုင်တယ်ဟုခံစားမိတယ်။ဝမ်းဘိုက ကျန်းရီဖေး ကိုပြုစုစောင့်ရှောက်ပေးခဲ့ပြီး ကျန်းရီဖေး၏အဖေလိုဘဲ။ဒါ့အပြင် သူတို့က ဗီလာကို ပြောင်းရွှေ့မည်ဖြစ်ပြီး ဂရုတစိုက်ပေးဖို့ တစ်စုံတစ်ယောက်လိုအပ်တယ်။အိမ်တော်ထိန်းဖြစ်သည့်ဝူဘို၏အလုပ်အတွေ့အကြုံနှင့်ဆိုရင် ကိစ္စကြီးမဟုတ်တော့ဘူး။

လင်းယုတုန်က"ကျွန်တော် ဒါကို အခွင့်ကောင်းယူနေတယ်လို့ ရုတ်တရက်ဘာလို့ခံစားမိတာလဲ?ဝမ်ပင်းယန်က တကယ့်ကိုမိုက်မဲတာဘဲ"

ကျန်းရီဖေးသည် ဒီစကားကြားသည်နှင့်ပြုံးပြီးပြောလိုက်တယ်"တကယ်တော့ ဒါကိုကိုယ့်ဒေါ်လေးကသာသိသွားရင် သူမကိုအပြစ်တင်လိမ့်မယ်။တကယ်လို့သူတို့က ဝမ်ဘိုကိုပြန်ခေါ်သွားဖို့သဘောတူရင်တောင် ကိုယ်ကသူ့ကိုအဲဒီကိုပြန်လွတ်ဖို့ မရည်ရွယ်ဘူး"

လင်းယုတုန်က ကျန်းဟုန်ရင်အကြောင်းတွေးမိတာနှင့် သူ့နှလုံးသားကျပျာ်ရွှင်မှုကိုခံစားရပြီး ကူကယ်ရာမဲ့စွာမေးလိုက်တယ်"ဒေါ်လေး ပြန်သွားပြီလား?"

ကျန်းဟုန်ရင်က စစ်တပ်ထဲမှာ အလုပ်လုပ်ပြီး အရေးကြီးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတာကြောင့် သူမပြန်လာဖို့ မလွယ်ဘူး။သူမ အချိန်အကြာကြီးနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ကျန်းရီဖေးက ပြောလိုက်တယ်"မပြန်သေးဘူး။သူမက ဒီမှာလုပ်စရာကိစ္စရှိသေးတယ်။ဖြစ်နိုင်တာက သူမ မပြန်ခင်တစ်ပတ်လောက်ကြာအုန်းမယ်။ဒီနေ့ သူမ ကိုယ်တို့ကို အညစာအတူစားဖို့ ဖိတ်သေးတယ်။ကိုယ်က မင်းပြန်လာတဲ့အထိ စောင့်ဖို့ပြောလိုက်တယ်"

လင်းယုတုန်က ပြန်လာတော့မှာဖြစ်ကြောင်း ကတိပေးပြီးမှဖုန်းချလိုက်တယ်။

တနင်္လာနေ့မှာကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းသည် အလုပ်ပြန်စတင်ပြီး လင်းယုတုန်သည် ရန်ရှူ ပိုင်ရီဟီတို့နှင့်အတူ သွားပြီး လုပ်ရိုးလုပ်စဉ်အတိုင်းမှတ်ပုံတင်စာရင်းသွင်းပြီးတဲ့နောက်မှာ သူက ထပ်မနေချင်တော့ဘူး။သူ့ကို တစ်ခုခုသွားစားဖို့ဖိတ်လာတယ်။ကံမကောင်းစွာဘဲ လင်းယုတုန်က ထပ်မံငြင်းဆန်ခဲ့ပြီး ပြုံးပြီးပြောလ်ိုက်တယ်"နောင်မှာ တွေ့ဆုံဖို့ အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။ကျွန်တော် အလျှင်မလိုပါဘူး။တကယ်ဘဲ ကျွန်တော့်ကို ကျေးဇူးတင်တယ်ဆိုရင် ကျွန်တော့်ကိုတစ်နေရာ လိုက်ပို့ပေးပေါ့"

ရန်ရှူက မြန်ဆန်စွာဘဲ မေးလိုက်တယ်"ညီအကိုလင်းက ဘယ်ကိုသွားချင်တာလဲ?"

လင်းယုတုန်က ကုန်တိုက်၏အမည်ကို ပြောလိုက်တယ်။

သူရဲ့နဂိုအစီအစဉ်အရ လင်းယုတုန်က မနက်ပိုင်းမှာညှိနှုင်းပြီးညနေပ်ိုင်းမှာပြန်သွားဖို့ဖြစ်တယ်။ဒါပေမဲ့ သူက ကျန်းရီဖေးအတွက် လက်ဆောင်တစ်ခုဝယ်ပေးဖို့ ကုန်တိုက်တစ်ခုကိုသွားဖို့တွေးမိတယ်။

ကျန်းရီဖေးက သူ့ကိုအိပ်ရာလိပ်ပို့ပေးခဲ့ပြီး သူ့ကိုဖောင်တိန်တစ်ချောင်းလက်ဆောင်ပေးခဲ့ပြီး အိမ်တစ်ဝက်ကိုလည်းပေးခဲ့တယ်။အသစ်ဝယ်တဲ့ဗီလာကိုလည်း သူနှင့်ကျန်းရီဖေး၏ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူခဲ့တယ်။ဒါကို သူတို့ကျန်းအိမ်တော်ကနေ ပြန်လာပြီးနောက် ကျန်းရီဖေးပြောပြခဲ့တာဖြစ်တယ်။

တိုတိုပြောရရင် လက်ဆောင်ကို လက်ခံပြီး ပြန်မပေးတာက မဖြစ်သင့်ဘူး။သူက အချိန်အကြာကြီး ဒီအကြောင်းကို တွေးလိုက်ပြီးနောက် သူက ကျန်းရီဖေးအတွက်business bagတစ်လုံးကို ဝယ်လိုက်တယ်။၎င်းက မလေးလံတာကြောင့် လေယာဉ်ပေါ်ကို သယ်ယူသွားဖို့ အဆင်ပြေပြီး လက်ဝတ်ရတနာလိုအဆင်တန်ဆာလိုမျိုး အခြားသောအဓိပ္ပာယ်လည်း မရှိတာကြောင့် ကျန်းရီဖေးကို ပေးဖို့အတွက် ကောင်းမွန်တယ်။

လင်းယုတုန်က ငွေချေပြီးထွက်လာခဲ့တဲ့အခါ သူက ကုန်တိုက်ရှိခရီးသွားလက်မှတ်အရောင်းဌာနမှာ  နောက်တစ်နေ့အတွက်  လေယာဉ်လက်မှတ်ဝယ်လိုက်သည်။လေယာဉ်က ၉နာရီထွက်မှာဖြစ်လို့ အိမ်မှာနေ့လည်စာစားလို့ရတယ်။

ကျန်းရီဖေးက လင်းယုတုန်ကို ပြန်လာမယ့်အချိန်ကို မမေးခဲ့သော်လည်းဘဲ ကုန်းဝမ်လင်းထံက အလွယ်တကူသိရှိနိုင်တာကြောင့် လင်းယုတုန်သည် တစ်ဖက်မှာစောင့်ဆိုင်းနေသည့် ကျန်းရီဖေးကို တွေ့လိုက်ရတယ်။

"လေယာဉ်ဆင်းချိန်က ခင်ဗျား ဘယ်လိုသိတာလဲ?"လင်းယုတုန်က ထူးဆန်းတယ်လို့ခံစားရတယ်။

"ကိုယ်ဘယ်လိုသိလဲ မင်းသိချင်ရင် မင်းသိပါလိမ့်မယ်"ကျန်းရီဖေးက သတင်းပေးသူကို မပြောချင်ဘူး။

"ဟုတ်ပါပြီ။ဒါ ခင်ဗျား ရဲ့အထူးဝန်ဆောင်မှုပေါ့။ဒီမှာ ခင်ဗျားအတွက်"လင်းယုတုန်က ကျန်းရီဖေးကို ပေးဖို့ရည်ရွယ်ထားတဲ့ အိတ်ထည့်ထားသည့်ဘူးကို ကျန်းရီဖေးကို ပေးလိုက်တယ်။

"ဒါက ဘာလဲ?"ကျန်းရီဖေးက လမ်းမှာရှိနေတာကြောင့် ဖွင့်ဖို့စိတ်အားထက်သန်ခြင်းမရှိပေမဲ့  အထဲမှာ ဘာပါလဲဆိုတာ အရမ်းသိချင်နေပါသေးတယ်။လင်းယုတုန်က သူ့ကိုလက်ဆောင်ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ ။ဒါပေမ ထုပ်ပိုးထားတာကြောင့် ဘာပါလဲဆိုတာမမြင်ရဘူး။

"အိမ်ပြန်ရအောင် အိမ်ရောက်မှဖွင့်ကြည့်လို့ရတယ်"

"ကောင်းပြီ။ကျေးဇူးပါ"ကျန်းရီဖေး ကားပါကင်ကဆင်းမှ'အိမ်ပြန်ရအောင်'ဆိုသည့်စကားကို သတိရတယ်။

လင်းယုတုန်က ကျန်းရီဖေးရဲ့မျက်လုံးတွေက အပျော်တွေကို မြင်ရပြီး သူလည်း စိတ်သက်သာရာရပြီး ပျောရွှင်လာတယ်။အပြန်လမ်းမှာ သံစဉ်ချိုချိုလေးပါပေါင်းလိုက်တော့ ဆိုးဝါးတဲ့ရာသီဥတုကိုတောင် သက်ရောက်မှုမရှိတော့ဘူး။

ကျန်းရီဖေးက သူတို့အ်ိရောက်တော့ ပြောလိုက်တယ်"တုန်တုန် ကိုယ်လက်ဆောင်ဖွင့်ကြည့်လိုက်အုံးမယ်။မင်း ခစလောက် အနားယူလိုက်အုံး မဟုတ်ရင်လည်း ဝမ်ဘိုနဲ့ စကားစမြည်ပြောပေါ့"

လင်းယုတုန်က ခေါင်းငြိမ့်လိုက်ပြီး ဝမ်ဘိုနှင့် စကားပြောနေလိုက်တယ်။

ကျန်းရီဖေးက အိပ်ခန်းထဲဝင်ပြီး အထုတ်ဖြေဖို့ အလုပ်များနေတယ်။သူက အတွင်းထဲက သေတ္တာကို မပြောနဲ့ အထုပ်ကိုတောင် အလွန်ဂရုတစိုက်နှင့် ဖွင့်နေပြီး ထုပ်ပိုးထားတဲ့ စာက္ကူကိုတောင် မပျက်စီးစေဘူး။နောက်တော့ ချစ်ခြင်းမေတ္တာတရားကင်းမဲ့ပြီး ချစ်မြတ်နိုးရသူများကို လက်ဆောင်ပေးသည့် ပစ္စည်းတစ်စုံတစ်ရာမရှိတာကြောင့် အကူအညီမဲ့စွာ ထုပ်ပိုးထားသောစက္ကူကိုကြည့်လိုက်တယ်။ခဏကြာတော့ အနက်ရောင်သားရေအိတ်ကို ယူပြီးတံခါးဖွင့်ပြီး ထွက်လာခဲ့တယ်။သူက တံခါးဝမှာရပ်လိုက်ပြီး ဝမ်ဘိုနှင့် စကားပြောနေတဲ့ လင်းယုတုန်ကို မေးလိုက်တယ်။

"တုန်တုန်  ချောလား?"

လင်းယုတုန်က ထိုလေသံကြောင့် ဘာဖြစ်သွားမှန်း မသိသဖြင့် အနည်းငယ်ရယ်စရာဖြစ်နေသည်ကို မြင်ပြီး ဖြည်းညှင်းစွာခေါင်းငြိမ့်လိုက်တယ်။"ချောတယ်"

ကျန်းရီဖေးက ရိုးသားစွာ ပြောလိုက်တယ်"ကိုယ် အရမ်းကြိုက်တယ်။ကျေးဇူးတင်ပါတယ်"

လင်းယုတုန်က ပြုံးပြီး ပြောလိုက်တယ်"အဆင်ပြေတယ်"

ကျန်းရီဖေးက အိပ်ခန်းထဲကို ပြန်ဝင်ကာ တံခါးပိတ်လိုက်ပြီး ထုပ်ပိုးထားတဲ့ဘူးကို လုံခြုံအောင်ထားဖို့အတွက် အံဆွဲထဲမှာ ဂရုတစိုက်ထည့်လိုက်တယ်။သူက ဒီအိတ်ကို ဒီတစ်သက်မပြောင်းတော့ဘူးလို့ ဆုံးဖြတ်ပြီး သေတဲ့အထိ ဒီအိတ်ကိုသုံးမယ်လို့ဆုံးဖြတ်လိုက်တယ်။

ဒီအချိန်မှာ ဝမ်ဘိုသည် လင်းယုတုန်ကို တွေ့ရတာ ကျေနပ်နေပုံရတယ်။

"သခင်လေး သခင်မလေးက အတော်အဆင်ပြေပုံရတယ်။သခင်လေးက အရင်ကဆိုရင် ပျော်စရာမရှိသလောက်ဘဲ"

လင်းယုတုန်က စဉ်းစားကြည့်တော့ သူတို့အတူတူနေတဲ့တစ်လျှောက်လုံးမှာ အတော်လေးလိုက်ဖက်ညီပုံရတယ်။သူက ရယ်ပြီးပြောလိုက်တယ်"ရီဖေးက အရမ်းကောင်းတယ်။ဒါနဲ့ ဝမ်ဘို ခင်ဗျား ခဏလောက်အနားယူလိုက်အုံး။ကျွန်တော် နေ့လယ်စာ ပြင်ဆင်ပေးလိုက်အုံးမယ်"

ဝမ်ဘိုက ဒါမကောင်းဘူးလို့ပြာချင်ခဲ့တယ်။မင်းကိုဘယ်လိုလုပ်ပြီး ချက်ပြုတ်ခွင့်ပေးရမလဲ?ဒါပေမဲ့ သူကိုယ်တိုင်ကလည်း မချက်ပြုတ်နိုင်ကြောင်းတွေးမိပြီး သူကူညီပေးဖို့သာတတ်နိုင်တယ်။ကျန်းရီဖေးက ရုတ်တရက် အခန်းအပြင်ကို ထွက်လာပြီး လင်းယုတုန်လက်ကို ဆွဲပြီးပြောလိုက်တယ်"ရှောင်တုန် မင်း ဒီမနက်မှ လေယာဉ်တစ်တန် ကားတစ်တန်စီးလာခဲ့ရတာ။မင်း ပင်ပမ်းနေမှာ။ဘယ်လိုလုပ် မင်းကိုချက်ပြုတ်စေရမှာလဲ?မင်း ကိုယ့်ကို ကူညီပေးအုံး။ပြီးတော့မှ ကိုယ်တို့ အပြင်ထွက်စားကြမယ်"

လင်းယုတုန်က အခန်းထဲရောက်တာနှင့် ကျန်းရီဖေးလက်ထဲက သူ့လက်ကို အလျင်စလိုဆွဲထုတ်လိုက်တယ်။သူက ကျန်းရီဖေးက ပုံမှန်မဟုတ်တာမြင်တော့ အသံနိမ့်ပြီး မေးလိုက်တယ်"ရီဖေး ခင်ဗျားဘာလုပ်တာလဲ?"

ကျန်းရီဖေးက သူ့နှုတ်ခမ်းတွေကို လင်းယုတုန်နားနှင့် ထိလုနီးပါးတိုးသွားပြီး လင်းယုတုန်ကို တီးတိုးပြောလိုက်တယ်"ဝမ်ဘိုကို ကိုယ်တို့အခန်းခွဲအိပ်တယ်ဆိုတာ မသိစေနဲ့။မဟုတ်ရင် သူ ကိုယ့်ဒေါ်လေးကို ပြောပြလိမ့်မယ်။အဲဒီလိုဆိုရင် ကိုယ့်ဒေါ်လေးက ကိုယ်တို့လိမ်ထားတာကို သိသွားလိမ့်မယ်။အဲဒီအချိန်ကျရင် မိသားစုထဲမှာ မလိုလားအပ်တဲ့ပြသနာတွေ ဖြစ်လာစေလိမ့်မယ်"

အိုး....အာ!ဘာကြောင့် သူက ဒီအကြောင်းကို မတွေးမိရတာလဲ?

လင်းယုတုန်က ပြောစရာစကားမရှိတော့ဘူး။ဒါကြောင့် ဒီအချိန်မှာလည်း သူက ကျန်းရီဖေးနှင့်အတူ တစ်ခန်းထဲအိပ်ရမှာလား?

---------------------------
----------------------
ေရႊေရာင္လႊမ္းေသာလက္ထပ္ျခင္း
Chapter(20)စီးပြားဖက္ပါတနာ

လင္းယုတုန္က က်င္းဖန္စာေပနွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုထားသည္မွာ မၾကာခင္ေသးတာေၾကာင့္ သူ႕ဝတၳဳအေရးအသားေကာင္းမြန္လ်ွင္ပင္ သူသည္ စာေရးသူအသစ္ဆိုတာ မေျပာင္းလဲနိုင္ဘူး။ဒါ့ေၾကာင့္ အယ္ဒီတာသည္ သူ႕ကို စာရင္းသြင္းေပးခဲ့တယ္။သူ႕ေနရာက အရမ္းေကာင္းေနတာ မဟုတ္ေပမဲ့ လူသစ္တန္းအုပ္စုထဲမွာ လံုးဝထိပ္တန္းလို႔ေျပာနိုု္င္တယ္။ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့  သူဟာ ေဒသတြင္းထိပ္တန္းဝင္ခဲ့ၿပီး အေျခအေနေတြက ကြဲျပားသြားခဲ့တယ္။

စန္းခ်ီဘိြဳင္း ထိပ္ဆံုးေနရာေရာက္ေနတယ္။

မူးယစ္ရီေဝသစ္ေတာက စန္းခ်ီဘိြဳင္းကို ေက်ာက္စိမ္းတစ္ေထာင္ဆုခ်ခဲ့ၿပီး စန္းခိီ်ဘြိဳင္းကို ထိပ္တန္းစာရင္းဝင္သြားေစခဲ့သည္။ေက်ာက္စိမ္းတစ္ေထာင္သည္ ယြမ္၁၀၀,၀၀၀နွင့္ညီမ်ွၿပီး စန္းခ်ီဘိြဳင္သည္ တစ္ပတ္အတြင္း ေက်ာက္စိမ္း၁၀လံုးရခဲ့သည္။ဆုအမ်ားႀကီးရခဲ့တာေၾကာင့္ လင္းယုတုန္သည္ ဖိုရမ္မွာျဖစ္ျဖစ္ စာေရးဆရာအဖြဲ႕မွာျဖစ္ျဖစ္ က်င္းဖန္စာေပကြန္ရက္၏ေခါင္းစဥ္မွာ ထူးထူးျခားျခားစာရင္းတစ္ခုအျဖစ္ေျပာင္းသြားတယ္။ေဒသတြင္းထိပ္တန္းဝင္ေအာင္ဆုခ်ီးႁမွင့္ခံရတာကလည္း သူ႕ရဲဝတၳဳဖတ္သူေဒတာကို သြယ္ဝိုက္ထိိခိုက္ေစတယ္။စာေရးသူသည္ အလြန္ဆုခ်ီးႁမွင့္ခံရေၾကာင္း စာဖတ္သူမ်ားၾကားသိတဲ့အခါ သူ႕ဝတၳဳကိုဖြင့္ၾကည့္ၾကၿပီး ဘယ္လိုစာမ်ိဳးျဖစ္တယ္ဆိုတာ သိလိုၾကတယ္။အစပိုင္းမွာ လူတိုင္း၏အတြင္းစိတ္သည္ မတူဘူး။တစ္ခ်ိဳ႕က ဒီလိုဆုမ်ိဳးရသင့္တယ္လို႔ထင္ၾကတယ္။ဝတၳဳအရမ္းေကာင္းတယ္။ျပည္တြင္းစာေရးဆရာသည္ သူ႕ရဲ႕ေက်ာ္ၾကားမႈကို ထူေထာင္ရန္အတြက္ မိမိကိုယ္မိမိ ဆုခ်ျခင္းျဖစ္နိုင္သည္ဟု အခိိ်ဳ႕ကယူဆၾကတယ္။သူ႕ကိုဆုေပးတဲ့သူက ပိုက္ဆံကို ဂရုမစိုက္တာလဲျဖစ္နိုင္တယ္။

ထို႔ေၾကာင့္စာဖတ္သူျဖစ္ေစ စာေရးသူျဖစ္ေစ လူတိုင္းသည္ တြင္းထဲက်သြားၿပီး ထြက္မလာေတာ့ဘူး။လင္းယုတုန္ ျပန္လည္ေမြးဖြားလာၿပီးေနာက္ ပထမဆံုးဝတၳဳျဖစ္တဲ့"လမ္းမွထက္ကတစ္ေစၦသရဲမ်ား"ဝတၳဳသည္ ဒံုးပ်ံလိုအျမန္ႏႈန္းနွင့္ပ်ံနွံ႔လာၿပီး စာဖတ္သူအရွိန္အဟုန္သည္ေတာက္ေလာင္ေနၿပီး အယ္ဒီတာမ်ားပင္လ်ွင္ ၿပီးျပည့္စုံေသာဝတၳဳတစ္ပုဒ္အတြက္ သူ႕ကိုခ်ီးက်ဴးဂုဏ္ျပဳရန္ လာခဲ့ၾကတယ္။

လက္ရွိအယ္ဒီတာနွင့္ အရင္ဘဝတုန္းကတစ္ေယာက္နွင့္ တစ္ေယာက္တည္းျဖစ္ေသာ္လည္းဘဲ လင္းယုတုန္သည္ အရင္ဘဝတုန္းက စကားသိပ္မေျပာျဖစ္ဘူး။ဒါေပမဲ့ hostနဲ႔ေတာ့မတူဘူး။လင္းယုတုန္နွင့္ သူက အလုပ္ေတြအျပင္ စကားပိုေျပာျဖစ္တယ္။

ရယ္ေမာေနေသာအရွင္သခင္: ဒီအေျခအေနအတိုု္္င္းဆို ဒီနွစ္မွာ မင္းကဝင္ေငြအမ်ားဆံုးစာေရးသူထဲမွာပါနိုင္တယ္မလား?ေအးေဆးဘဲမလား?"

စန္းခ်ီဘြိဳင္း:အင္း ေအးေဆးဘဲ...ဒါဆို ဒီေန႔က်ြန္ေတာ္ စာမ်က္နွာဒါဇင္္ခ်ီေအာင္ ေရးဖို႔ဆံုးျဖတ္လိုက္ၿပီ။ခင္ဗ်ားလိုင္းေပၚရွိေနမယ္မလား?

ရယ္ေမာေနေသာအရွင္သခင္:!

ရယ္ေမာေနေသာအရွင္သခင္:စက္ခ်ိဳ႕ယြင္းသြားၿပီ!!

အရင္ဘဝတုန္းကနွင့္အတူတူဘဲ။ဒါေပမဲ့ hostက အယ္ဒီတာအာေဘာ္မွာ ထက္ျမတ္တဲ့နတ္ဘုရားျဖစ္ေပမဲ့ သူ႕ရဲ႕စာရိုက္ႏႈန္းက လိပ္တစ္ေကာင္လိုဘဲ။လင္းယုတုန္လို တစ္နာရီလ်ွင္ စာလံုးေရေလးငါးေထာင္ေလာက္ ေရးနိုင္စြမ္းရွိသူမဟုတ္ဘူး။

လင္းယုတုန္သည္ hostအား မခံခ်ိမခံသာျဖစ္ေစၿပီး editဖို႔ရာ အခန္း(၁၀)ခန္းတင္လိုက္ၿပီး တစ္ခန္းစီတိုင္းမွာလည္း စာလံုးေရ ငါးေထာင္အျပည့္ရွိတယ္။ဒီအခန္းေတြကိုဖတ္ဖို႔ အဖိုးခေပးစရာမလိုအပ္ေပမဲ့ ဆုခ်ီျမင့္တဲ့သူရွိလာရင္လည္း သူက ဒီေကာင္းမြန္တဲ့အခြင့္အေရးကို တားဆီးမွာ မဟုတ္ဘူး။

သူက တကယ္ကို သူ႕ကိုဆုခ်ီးျမင့္တဲ့သူအေၾကာင္းကို သိခ်င္ေသာ္လည္းဘဲ...

အရင္ဘဝတုန္းက သူ႕ကို မၾကာခဏဆိုသလို ဆုခ်ီးႁမွင့္တဲ့ စာဖတ္သူေတြအမ်ားႀကီးတည္ရွိေပမဲ့ သူတို႔ထဲမွာ"သစ္ေတာထဲမွာမူးယစ္ရီေဝ"လို႔ေခၚတဲ့ စာဖတ္သူမရွိခဲ့ဘူး။ဒီစာဖတ္သူကလည္း သူျပန္လည္ေမြးဖြားလာၿပီးေနာက္ ေျပာင္းလဲမႈေတြထဲက တစ္ခုဘဲလား?

လင္းယုတုန္က ဆရာကိုျပသနာတစ္ခုအေၾကာင္းျပပီး ခြင့္နွစ္ရက္ေတာင္းလိုက္တယ္။ထို႔ေနာက္ သူက သူ႕ကိုဆုခ်ီးျမင့္တဲ့သူက က်န္းရီေဖးအပါအဝင္ တစ္ျခားျဖစ္နိုင္တဲ့ သူေတြကို ဆက္ၿပီးေတြးေနခဲ့တယ္။ဒါေပမဲ့ သူ႕ဦးေနွာက္ထဲမွာ သူ႕ကိုေပြ႕ဖက္ေပးဖို႔ က်န္းရီေဖးကလက္နွစ္ဖက္ေႁမွာက္ၿပီးေတာင္းဆိုေနပံုကို ျမင္ေယာင္လိုက္တာနွင့္ လင္းယုတုန္က ၾကက္သီးထလာၿပီးေခ်ြးေအးေတြထြက္လာတယ္။သူက မာနႀကီးသည့္က်န္းရီေဖးဆိုတာ ဘယ္လိုမွမယံုနိုင္ဘူး။

ဒုတိယေန႔တနဂၤေႏြေန႔မွာ ရန္ရွဴသည္ လင္းယုတုန္ကိုေခၚၿပီးလည္ပတ္ၾကည့္ဖို႔စီစဥ္ေပးမဲ့ လင္းယုတုန္သည္ Sၿမိဳ႕မွာ ျမင္စရာအသစ္အဆန္းမရွိဘူးလို႔ ေတြးၿပီး သူက မေန႔ညက လိုင္းေပၚတင္ၿပီးေနာက္ ျမန္ျမန္ေလး လက္ေရးစာမူျဖည့္သြင္းဖို႔ရန္လိုအပ္တာေၾကာင့္ ရန္ရွဴ၏ၾကင္နာမႈကို ျငင္းပယ္လိုက္တယ္။သူက သူ႕ကိုယ္သူ အခန္းထဲပိတ္ၿပီး  စာလံုးေရ(၄၀၀၀၀)ကို ေရးသားခဲ့ၿပီးမွ ေတာင့္တင္းေနတဲ့ေျခလက္ေတြဆန္႔ဖို႔ ထလိုက္တယ္။

ဟိုတယ္မွာ သူ သန္႔ရွင္းေရးလုပ္ဖို႔ မလိုအပ္ဘူး။သူက သူ႕ဝတၳဳထဲက အမွားေဟာင္းမ်ားကိုျပဳျပင္ခဲ့တယ္။သူက notebookေရွ႕မွာ တစ္ေန႔လံုးထိုင္ေနခဲ့ၿပီး ေန႔လယ္စာစားဖို႔ေတာင္ မစဥ္းစားမိဘူး။

လင္းယုတုန္သည္ အခ်ိန္ၾကည့္လိုက္ေတာ့ အနည္းငယ္ေနာက္က်ေနၿပီကို ေတြ႕လိုက္ရၿပီး အျပင္ဘက္မွာၾကည့္လိုက္ၿပီး ရာသီဥတုကလည္းေအးေနတာေၾကာင့္ ဆာေလာင္မႈကိုေျဖရွင္းရန္ takewayေခၚၿပီး ေရခ်ိဳးၿပီးအိပ္ရာဝင္ၿပီး ဖုန္းကိုင္ကိုင္လိုကါတယ္။သူျပန္လည္ေမြးဖြားလာကတည္းက သူ႕ရဲ႕အင္တာနက္ကြန္ရက္ ဆက္ႏြယ္မႈေတြက အရင္ကထက္ပိုၿပီးက်ဥ္းေျမာင္းလာတယ္။ဘာေၾကာင့္လဲဆိုေတာ့ သူ႕ရဲ႕စစ္မွန္တဲ့သူငယ္ခ်င္းမဟုတ္တဲ့သူေတြႏွင့္တျဖည္းျဖည္းေဝးကြာလာၿပီး သူ႕ရဲ႕အခန္းေဖာ္ေတြနွင့္က်န္းရီေဖးအပါအဝင္ မိသားစုဝင္ေတြႏွင့္ေဆြမ်ိဳးသားခ်င္းေတြအျပင္ အတန္းေဖာ္မ်ားနွင့္ ဆရာေတြသာ ဖုန္းမွတ္တမ္းမွာရွိၿပီး က်န္တဲ့သူေတြကိုဖယ္ထုတ္ထားတာေၾကာင့္ျဖစ္တယ္။

ထိုအေၾကာင္းကို လင္းယုတုန္က စဥ္းစားၿပီးေနာက္ က်န္းရီေဖးထံ ဖုန္းေခၚလိုက္တယ္။က်န္းရီေဖးက ဒီညခ်ဴထန္းရီႏွင့္အတူစားခ်င္တယ္လို႔ေျပာခဲ့တာကို မွတ္မိေနေသးၿပီး သူထမင္းစားေနမလား စားၿပီးၿပီလား အိပ္ေနမလားဆိုတာ သူမသိဘူး။

က်န္းရီေဖးက ဖုန္းေျဖတဲ့အခါ သူ အိမ္ျပန္တဲ့လမ္းမွာရွိေနတယ္။

လင္းယုတုန္က ၿပံဳးၿပီးေမးလိုက္တယ္"ခင္ဗ်ားစားၿပီးၿပီလား?"

က်န္းရီေဖးက လင္းယုတုန္ထံမွ ဖုန္းေခၚလာတာေၾကာင့္ သဘာဝက်စြာဘဲေပ်ာ္ရႊင္သြားတယ္။ဒါေပမဲ့ သူ႕ခံစားခ်က္ေတြအလြန္ေကာင္းေနတာေတာ့မဟုတ္ဘူး။သူက ကားေနာက္ခန္းမွာ အိပ္ေပ်ာ္ေနတဲ့ ဝမ္းဘိုကို ၾကည့္ၿပီး အသံနိမ့္ၿပီး ေျပာလိုက္တယ္"ကိုယ္စားၿပီးၿပီ။အခု ကားေမာင္းေနတယ္။ကားေမာင္းရင္း စကားေျပာရတာအဆင္မေျပဘူး။အိမ္ျပန္ေရာက္ရင္ ကိုယ္ မင္းကို ျပန္ေခၚလိုက္မယ္"

လင္းယုတုန္က ဆယ့္ငါးမိနစ္ေလာက္ ေစာင့္ဆိုု္င္းၿပီးေနာက္ က်န္းရီေဖး၏ ဖုန္းဝင္လာၿပီး"ကိုယ္တို႔ အရင္တစ္ခါ က်န္းအိမ္ေတာ္ကိုသြားတုန္းက ဝမ္ဘိုက ကိုယ့္ေဒၚေလးကို ႀကိဳတင္သတိေပးဖို႔ ကိုယ့္ကိုဖုန္းဆက္ခဲ့တယ္။ဝမ္ပင္းယန္က ဒါကိုသိသြားလို႔ ဝမ္ဘိုကိုအလုပ္ထုတ္လိုက္တယ္။ဝမ္ဘိုမွာသားသမီးေဆြမ်ိဳးလည္းမရွိဘူး။သူမွာ ေနစရာေနရာမရွိတာေၾကာင့္ သူ႕ကိုဒီမွာေနေစခ်င္တယ္"

ဝမ္ဘိုက ကေလးဘဝကတည္းက က်န္းမိသားစု၏သခင္အိုႀကီးနွင့္အတူ ႀကီးျပင္းလာခဲ့တာျဖစ္တယ္။သူက က်န္းမိသားစုမ်ိဳးဆက္သံုးဆက္ကို အဖိုးအခလက္ခံမရယူဘဲ အလုပ္အေက်ြးျပဳခဲ့တာျဖစ္တယ္။တစ္ခ်ိန္က က်န္းရီေဖးအဘုိးဆံုးသြားသည့္အခါ ဝမ္ဘိုက က်န္းရီေဖးကို က်န္းအိမ္ေတာ္အတြင္းမွာျပဳစုေစာင့္ေရွာက္ေပးခဲ့ေၾကာင္း လင္းယုတုန္ မွတ္မိေသးတယ္။

လင္းယုတုန္က"ဒီဝမ္ပင္းယန္က လြန္လြန္းတယ္"

က်န္းရီေဖးက ဝမ္ဘိုအိပ္ေနတဲ့အခန္းကိုၾကည့္လိုက္တယ္။ဒီအခန္းက လင္းယုတုန္ အရင္တစ္ခါက ကုတင္ေရႊ႕ထားသည့္အခန္းျဖစ္တယ္။ခဏေလာက္စဥ္းစားၿပီးေနာက္ က်န္းရီေဖးက သူ႕ကိုယ္သူေတာင္ သတိမျပဳမိလုိက္ဘဲ ၫွိႏႈိင္းသည့္အသံနွင့္ ေျပာလိုက္တယ္"တုန္တုန္ ကိုယ္ ဝမ္ဘိုကို ကိုယ္တို႔နဲ႔အတူေနေစခ်င္တယ္။မင္းဘယ္လိုထင္လဲ?"

လင္းယုတုန္က ဒီအေၾကာင္းကို ေလးေလးနက္နက္ေတြးလိုက္ၿပီး လံုးဝျဖစ္နိုင္တယ္ဟုခံစားမိတယ္။ဝမ္းဘိုက က်န္းရီေဖး ကိုျပဳစုေစာင့္ေရွာက္ေပးခဲ့ၿပီး က်န္းရီေဖး၏အေဖလိုဘဲ။ဒါ့အျပင္ သူတို႔က ဗီလာကို ေျပာင္းေရႊ႕မည္ျဖစ္ၿပီး ဂရုတစိုက္ေပးဖို႔ တစ္စံုတစ္ေယာက္လိုအပ္တယ္။အိမ္ေတာ္ထိန္းျဖစ္သည့္ဝူဘို၏အလုပ္အေတြ႕အႀကံဳနွင့္ဆိုရင္ ကိစၥႀကီးမဟုတ္ေတာ့ဘူး။

လင္းယုတုန္က"က်ြန္ေတာ္ ဒါကို အခြင့္ေကာင္းယူေနတယ္လို႔ ရုတ္တရက္ဘာလို႔ခံစားမိတာလဲ?ဝမ္ပင္းယန္က တကယ့္ကိုမိုက္မဲတာဘဲ"

က်န္းရီေဖးသည္ ဒီစကားၾကားသည္နွင့္ၿပံဳးၿပီးေျပာလိုက္တယ္"တကယ္ေတာ့ ဒါကိုကိုယ့္ေဒၚေလးကသာသိသြားရင္ သူမကိုအျပစ္တင္လိမ့္မယ္။တကယ္လို႔သူတို႔က ဝမ္ဘိုကိုျပန္ေခၚသြားဖို႔သေဘာတူရင္ေတာင္ ကိုယ္ကသူ႕ကိုအဲဒီကိုျပန္လြတ္ဖို႔ မရည္ရြယ္ဘူး"

လင္းယုတုန္က က်န္းဟုန္ရင္အေၾကာင္းေတြးမိတာနွင့္ သူ႕ႏွလံုးသားက်ပ်ာ္ရႊင္မႈကိုခံစားရၿပီး ကူကယ္ရာမဲ့စြာေမးလိုက္တယ္"ေဒၚေလး ျပန္သြားၿပီလား?"

က်န္းဟုန္ရင္က စစ္တပ္ထဲမွာ အလုပ္လုပ္ၿပီး အေရးႀကီးတဲ့ေနရာမွာ တာဝန္ထမ္းေဆာင္ေနတာေၾကာင့္ သူမျပန္လာဖို႔ မလြယ္ဘူး။သူမ အခ်ိန္အၾကာႀကီးေနဖို႔ဆိုတာ မျဖစ္နိုင္ဘူး။

က်န္းရီေဖးက ေျပာလိုက္တယ္"မျပန္ေသးဘူး။သူမက ဒီမွာလုပ္စရာကိစၥရွိေသးတယ္။ျဖစ္နိုင္တာက သူမ မျပန္ခင္တစ္ပတ္ေလာက္ၾကာအုန္းမယ္။ဒီေန႔ သူမ ကိုယ္တို႔ကို အညစာအတူစားဖို႔ ဖိတ္ေသးတယ္။ကိုယ္က မင္းျပန္လာတဲ့အထိ ေစာင့္ဖို႔ေျပာလိုက္တယ္"

လင္းယုတုန္က ျပန္လာေတာ့မွာျဖစ္ေၾကာင္း ကတိေပးၿပီးမွဖုန္းခ်လိုက္တယ္။

တနလၤာေန႔မွာကုန္သြယ္ေရးနွင့္စက္မႈလုပ္ငန္းသည္ အလုပ္ျပန္စတင္ၿပီး လင္းယုတုန္သည္ ရန္ရွဴ ပိုင္ရီဟီတို႔နွင့္အတူ သြားၿပီး လုပ္ရိုးလုပ္စဥ္အတိုင္းမွတ္ပံုတင္စာရင္းသြင္းၿပီးတဲ့ေနာက္မွာ သူက ထပ္မေနခ်င္ေတာ့ဘူး။သူ႕ကို တစ္ခုခုသြားစားဖို႔ဖိတ္လာတယ္။ကံမေကာင္းစြာဘဲ လင္းယုတုန္က ထပ္မံျငင္းဆန္ခဲ့ၿပီး ၿပံဳးၿပီးေျပာလို္က္တယ္"ေနာင္မွာ ေတြ႕ဆံုဖို႔ အခြင့္အေရးေတြ အမ်ားႀကီးရွိပါေသးတယ္။က်ြန္ေတာ္ အလ်ွင္မလိုပါဘူး။တကယ္ဘဲ က်ြန္ေတာ့္ကို ေက်းဇူးတင္တယ္ဆိုရင္ က်ြန္ေတာ့္ကိုတစ္ေနရာ လိုက္ပို႔ေပးေပါ့"

ရန္ရွဴက ျမန္ဆန္စြာဘဲ ေမးလိုက္တယ္"ညီအကိုလင္းက ဘယ္ကိုသြားခ်င္တာလဲ?"

လင္းယုတုန္က ကုန္တိုက္၏အမည္ကို ေျပာလိုက္တယ္။

သူရဲ႕နဂိုအစီအစဥ္အရ လင္းယုတုန္က မနက္ပိုင္းမွာၫွိႏႈင္းၿပီးညေနပို္င္းမွာျပန္သြားဖို႔ျဖစ္တယ္။ဒါေပမဲ့ သူက က်န္းရီေဖးအတြက္ လက္ေဆာင္တစ္ခုဝယ္ေပးဖို႔ ကုန္တိုက္တစ္ခုကိုသြားဖို႔ေတြးမိတယ္။

က်န္းရီေဖးက သူ႕ကိုအိပ္ရာလိပ္ပို႔ေပးခဲ့ၿပီး သူ႕ကိုေဖာင္တိန္တစ္ေခ်ာင္းလက္ေဆာင္ေပးခဲ့ၿပီး အိမ္တစ္ဝက္ကိုလည္းေပးခဲ့တယ္။အသစ္ဝယ္တဲ့ဗီလာကိုလည္း သူနွင့္က်န္းရီေဖး၏ပိုင္ဆိုင္မႈအျဖစ္ ဝယ္ယူခဲ့တယ္။ဒါကို သူတို႔က်န္းအိမ္ေတာ္ကေန ျပန္လာၿပီးေနာက္ က်န္းရီေဖးေျပာျပခဲ့တာျဖစ္တယ္။

တိုတိုေျပာရရင္ လက္ေဆာင္ကို လက္ခံၿပီး ျပန္မေပးတာက မျဖစ္သင့္ဘူး။သူက အခ်ိန္အၾကာႀကီး ဒီအေၾကာင္းကို ေတြးလိုက္ၿပီးေနာက္ သူက က်န္းရီေဖးအတြက္business bagတစ္လံုးကို ဝယ္လိုက္တယ္။၄င္းက မေလးလံတာေၾကာင့္ ေလယာဥ္ေပၚကို သယ္ယူသြားဖို႔ အဆင္ေျပၿပီး လက္ဝတ္ရတနာလိုအဆင္တန္ဆာလိုမ်ိဳး အျခားေသာအဓိပၸာယ္လည္း မရွိတာေၾကာင့္ က်န္းရီေဖးကို ေပးဖို႔အတြက္ ေကာင္းမြန္တယ္။

လင္းယုတုန္က ေငြေခ်ၿပီးထြက္လာခဲ့တဲ့အခါ သူက ကုန္တိုက္ရွိခရီးသြားလက္မွတ္အေရာင္းဌာနမွာ  ေနာက္တစ္ေန႔အတြက္  ေလယာဥ္လက္မွတ္ဝယ္လိုက္သည္။ေလယာဥ္က ၉နာရီထြက္မွာျဖစ္လို႔ အိမ္မွာေန႔လည္စာစားလို႔ရတယ္။

က်န္းရီေဖးက လင္းယုတုန္ကို ျပန္လာမယ့္အခ်ိန္ကို မေမးခဲ့ေသာ္လည္းဘဲ ကုန္းဝမ္လင္းထံက အလြယ္တကူသိရွိနိုင္တာေၾကာင့္ လင္းယုတုန္သည္ တစ္ဖက္မွာေစာင့္ဆိုင္းေနသည့္ က်န္းရီေဖးကို ေတြ႕လိုက္ရတယ္။

"ေလယာဥ္ဆင္းခ်ိန္က ခင္ဗ်ား ဘယ္လိုသိတာလဲ?"လင္းယုတုန္က ထူးဆန္းတယ္လို႔ခံစားရတယ္။

"ကိုယ္ဘယ္လိုသိလဲ မင္းသိခ်င္ရင္ မင္းသိပါလိမ့္မယ္"က်န္းရီေဖးက သတင္းေပးသူကို မေျပာခ်င္ဘူး။

"ဟုတ္ပါၿပီ။ဒါ ခင္ဗ်ား ရဲ႕အထူးဝန္ေဆာင္မႈေပါ့။ဒီမွာ ခင္ဗ်ားအတြက္"လင္းယုတုန္က က်န္းရီေဖးကို ေပးဖို႔ရည္ရြယ္ထားတဲ့ အိတ္ထည့္ထားသည့္ဘူးကို က်န္းရီေဖးကို ေပးလိုက္တယ္။

"ဒါက ဘာလဲ?"က်န္းရီေဖးက လမ္းမွာရွိေနတာေၾကာင့္ ဖြင့္ဖို႔စိတ္အားထက္သန္ျခင္းမရွိေပမဲ့  အထဲမွာ ဘာပါလဲဆိုတာ အရမ္းသိခ်င္ေနပါေသးတယ္။လင္းယုတုန္က သူ႕ကိုလက္ေဆာင္ေပးတာ ပထမဆံုးအႀကိမ္ျဖစ္ေပမဲ့ ။ဒါေပမ ထုပ္ပိုးထားတာေၾကာင့္ ဘာပါလဲဆိုတာမျမင္ရဘူး။

"အိမ္ျပန္ရေအာင္ အိမ္ေရာက္မွဖြင့္ၾကည့္လို႔ရတယ္"

"ေကာင္းၿပီ။ေက်းဇူးပါ"က်န္းရီေဖး ကားပါကင္ကဆင္းမွ'အိမ္ျပန္ရေအာင္'ဆိုသည့္စကားကို သတိရတယ္။

လင္းယုတုန္က က်န္းရီေဖးရဲ႕မ်က္လံုးေတြက အေပ်ာ္ေတြကို ျမင္ရၿပီး သူလည္း စိတ္သက္သာရာရၿပီး ေပ်ာရႊင္လာတယ္။အျပန္လမ္းမွာ သံစဥ္ခ်ိဳခ်ိဳေလးပါေပါင္းလိုက္ေတာ့ ဆိုးဝါးတဲ့ရာသီဥတုကိုေတာင္ သက္ေရာက္မႈမရွိေတာ့ဘူး။

က်န္းရီေဖးက သူတို႔အိ္ေရာက္ေတာ့ ေျပာလိုက္တယ္"တုန္တုန္ ကိုယ္လက္ေဆာင္ဖြင့္ၾကည့္လိုက္အုံးမယ္။မင္း ခစေလာက္ အနားယူလိုက္အုံး မဟုတ္ရင္လည္း ဝမ္ဘိုနဲ႔ စကားစျမည္ေျပာေပါ့"

လင္းယုတုန္က ေခါင္းၿငိမ့္လိုက္ၿပီး ဝမ္ဘိုနွင့္ စကားေျပာေနလိုက္တယ္။

က်န္းရီေဖးက အိပ္ခန္းထဲဝင္ၿပီး အထုတ္ေျဖဖို႔ အလုပ္မ်ားေနတယ္။သူက အတြင္းထဲက ေသတၱာကုိ မေျပာနဲ႔ အထုပ္ကိုေတာင္ အလြန္ဂရုတစိုက္နွင့္ ဖြင့္ေနၿပီး ထုပ္ပိုးထားတဲ့ စာကၠဴကိုေတာင္ မပ်က္စီးေစဘူး။ေနာက္ေတာ့ ခ်စ္ျခင္းေမတၱာတရားကင္းမဲ့ၿပီး ခ်စ္ျမတ္နိုးရသူမ်ားကို လက္ေဆာင္ေပးသည့္ ပစၥည္းတစ္စံုတစ္ရာမရွိတာေၾကာင့္ အကူအညီမဲ့စြာ ထုပ္ပိုးထားေသာစကၠဴကုိၾကည့္လိုက္တယ္။ခဏၾကာေတာ့ အနက္ေရာင္သားေရအိတ္ကို ယူၿပီးတံခါးဖြင့္ၿပီး ထြက္လာခဲ့တယ္။သူက တံခါးဝမွာရပ္လိုက္ၿပီး ဝမ္ဘိုနွင့္ စကားေျပာေနတဲ့ လင္းယုတုန္ကို ေမးလိုက္တယ္။

"တုန္တုန္  ေခ်ာလား?"

လင္းယုတုန္က ထိုေလသံေၾကာင့္ ဘာျဖစ္သြားမွန္း မသိသျဖင့္ အနည္းငယ္ရယ္စရာျဖစ္ေနသည္ကို ျမင္ၿပီး ျဖည္းၫွင္းစြာေခါင္းၿငိမ့္လိုက္တယ္။"ေခ်ာတယ္"

က်န္းရီေဖးက ရိုးသားစြာ ေျပာလိုက္တယ္"ကိုယ္ အရမ္းႀကိဳက္တယ္။ေက်းဇူးတင္ပါတယ္"

လင္းယုတုန္က ၿပံဳးၿပီး ေျပာလိုက္တယ္"အဆင္ေျပတယ္"

က်န္းရီေဖးက အိပ္ခန္းထဲကို ျပန္ဝင္ကာ တံခါးပိတ္လိုက္ၿပီး ထုပ္ပိုးထားတဲ့ဘူးကို လံုၿခံဳေအာင္ထားဖို႔အတြက္ အံဆြဲထဲမွာ ဂရုတစိုက္ထည့္လိုက္တယ္။သူက ဒီအိတ္ကုိ ဒီတစ္သက္မေျပာင္းေတာ့ဘူးလို႔ ဆံုးျဖတ္ၿပီး ေသတဲ့အထိ ဒီအိတ္ကိုသံုးမယ္လို႔ဆံုးျဖတ္လိုက္တယ္။

ဒီအခ်ိန္မွာ ဝမ္ဘိုသည္ လင္းယုတုန္ကို ေတြ႕ရတာ ေက်နပ္ေနပံုရတယ္။

"သခင္ေလး သခင္မေလးက အေတာ္အဆင္ေျပပံုရတယ္။သခင္ေလးက အရင္ကဆိုရင္ ေပ်ာ္စရာမရွိသေလာက္ဘဲ"

လင္းယုတုန္က စဥ္းစားၾကည့္ေတာ့ သူတို႔အတူတူေနတဲ့တစ္ေလ်ွာက္လံုးမွာ အေတာ္ေလးလိုက္ဖက္ညီပံုရတယ္။သူက ရယ္ၿပီးေျပာလိုက္တယ္"ရီေဖးက အရမ္းေကာင္းတယ္။ဒါနဲ႔ ဝမ္ဘို ခင္ဗ်ား ခဏေလာက္အနားယူလိုက္အံုး။က်ြန္ေတာ္ ေန႔လယ္စာ ျပင္ဆင္ေပးလိုက္အုံးမယ္"

ဝမ္ဘိုက ဒါမေကာင္းဘူးလို႔ျပာခ်င္ခဲ့တယ္။မင္းကိုဘယ္လိုလုပ္ၿပီး ခ်က္ျပဳတ္ခြင့္ေပးရမလဲ?ဒါေပမဲ့ သူကိုယ္တိုင္ကလည္း မခ်က္ျပဳတ္နိုင္ေၾကာင္းေတြးမိၿပီး သူကူညီေပးဖို႔သာတတ္နိုင္တယ္။က်န္းရီေဖးက ရုတ္တရက္ အခန္းအျပင္ကို ထြက္လာၿပီး လင္းယုတုန္လက္ကို ဆြဲၿပီးေျပာလိုက္တယ္"ေရွာင္တုန္ မင္း ဒီမနက္မွ ေလယာဥ္တစ္တန္ ကားတစ္တန္စီးလာခဲ့ရတာ။မင္း ပင္ပမ္းေနမွာ။ဘယ္လိုလုပ္ မင္းကိုခ်က္ျပဳတ္ေစရမွာလဲ?မင္း ကိုယ့္ကို ကူညီေပးအံုး။ၿပီးေတာ့မွ ကိုယ္တို႔ အျပင္ထြက္စားၾကမယ္"

လင္းယုတုန္က အခန္းထဲေရာက္တာနွင့္ က်န္းရီေဖးလက္ထဲက သူ႕လက္ကို အလ်င္စလိုဆြဲထုတ္လိုက္တယ္။သူက က်န္းရီေဖးက ပံုမွန္မဟုတ္တာျမင္ေတာ့ အသံနိမ့္ၿပီး ေမးလိုက္တယ္"ရီေဖး ခင္ဗ်ားဘာလုပ္တာလဲ?"

က်န္းရီေဖးက သူ႕ႏႈတ္ခမ္းေတြကို လင္းယုတုန္နားနွင့္ ထိလုနီးပါးတိုးသြားၿပီး လင္းယုတုန္ကို တီးတိုးေျပာလိုက္တယ္"ဝမ္ဘိုကို ကိုယ္တို႔အခန္းခြဲအိပ္တယ္ဆိုတာ မသိေစနဲ႔။မဟုတ္ရင္ သူ ကိုယ့္ေဒၚေလးကို ေျပာျပလိမ့္မယ္။အဲဒီလိုဆိုရင္ ကိုယ့္ေဒၚေလးက ကိုယ္တို႔လိမ္ထားတာကို သိသြားလိမ့္မယ္။အဲဒီအခ်ိန္က်ရင္ မိသားစုထဲမွာ မလိုလားအပ္တဲ့ျပသနာေတြ ျဖစ္လာေစလိမ့္မယ္"

အိုး....အာ!ဘာေၾကာင့္ သူက ဒီအေၾကာင္းကို မေတြးမိရတာလဲ?

လင္းယုတုန္က ေျပာစရာစကားမရွိေတာ့ဘူး။ဒါေၾကာင့္ ဒီအခ်ိန္မွာလည္း သူက က်န္းရီေဖးနွင့္အတူ တစ္ခန္းထဲအိပ္ရမွာလား?

---------------------------
----------------------


Continue Reading

You'll Also Like

3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1M 121K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
307K 34.8K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...