ဒီေနရာကထြက္မသြားရဖို႔အတြက္ နည္းမ်ိဳးစုံသုံးကာ ကုပ္ကပ္ႀကိဳးစားခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႕ကိုယ္ပင္ ကိုကိုနဲ႕ေဝးရာကိုထြက္လာခဲ့ရပါ၏။ဒီပါခ်မ္းျမကေန ထြက္လာေသာအခ်ိန္မွာ ခ်မ္းသည္ ကိုကို႔ကိုႏႈတ္ပင္မဆက္နိုင္ခဲ့ပါ။
အေျခအေနေတြက ရႈပ္ေထြးေနဆဲသာျဖစ္၍ ဘာမွတိတိက်က်အေျဖမထြက္ေသးခင္မွာပင္ ေက်ာင္းတက္ရမည့္ေနရာကို ထြက္လာခဲ့တာမို႔ အေနာက္မွာဘာေတြျဖစ္က်န္ခဲ့သလဲဆိုတာကိုလည္း မသိေတာ့ေပ။
သြားရေတာ့မယ္လို႔ အတည္ျပဳလိုက္တဲ့ညက သူတစ္ညလုံးမအိပ္နိုင္ပါ။ဘယ္သူမွမသိေအာင္ၿခံထဲဆင္းလာၿပီး ၿခံေထာင့္မာလကာပင္ေအာက္မွာ တိတ္တိတ္ကေလးထိုင္ေနမိသည္။အရင္တစ္ခါကလိုပင္ ကိုကိုမ်ား မထင္မွတ္ပဲေရာက္လာေလမလားဆိုတဲ့ ႐ူးႏွမ္းမိုက္မဲေသာ ေမွ်ာ္လင့္ခ်က္ကေလးနဲ႕ေပါ့။အဲ့ဒီညက တကယ္ပဲ ကိုကိုေရာက္လာခဲ့ရင္ ခ်မ္းသည္ ဘြားကိုေပးခဲ့ေသာကတိေတြအားလုံးကိုပင္ ေမ့ေလ်ာ့ကာ ကိုကို႔လက္ကိုဆြဲၿပီး ဒီကိစၥေတြအားလုံးနဲ႕ အေဝးဆုံးကို ထြက္ေျပးသြားလိုက္မိေလမည္လား။သူက လိုက္နိုင္ေပမယ့္ ကိုကိုကေခၚပါ့မလား။
ဒါေပမယ့္ မိုးလင္းသြားတဲ့အထိ ကိုကိုေရာက္မလာခဲ့ပါ။အပူေသာကဖိစီးေနမွာျဖစ္တဲ့ ကိုကိုတမန္သည္ ခ်မ္းေမွ်ာ္ေနလိမ့္မလားဆိုတာမ်ိဳး ေတြးဖို႔အခ်ိန္မရဘူးထင္ပါရဲ႕။သူသာလ်င္ တညလုံးမအိပ္ပဲအျပင္မွာေနခဲ့မိျခင္းရဲ႕အက်ိဳးဆက္အျဖစ္ မနက္က်ေတာ့ေခါင္းေတြကိုက္ကာ ေနလို႔မေကာင္းေတာ့။ခရီးထြက္ခါနီး အဖ်ားေသြးကေလးေငြ႕ေငြ႕နဲ႕ ျဖစ္ေနသည့္သားကို ေမေမက စိတ္မခ်နိဳင္ကာ မလႊတ္ခ်င္ေပ။
" တစ္ရက္ႏွစ္ရက္ ေသခ်ာနားၿပီးမွ သြားပါလား အစ္ကိုရယ္.."
ေဖေဖကေတာ့ မသြားခ်င္လို႔ မူလက်ီလုပ္ေနတယ္ထင္လ်က္ အခုပင္ခ်မ္းကိုလိုက္ပို႔ဖို႔ ေ႐ႊ႕ထားရတဲ့အလုပ္ေတြကလည္း ေနာက္ထပ္ရက္ေ႐ႊ႕လ်င္ ကေသာင္းကနင္းျဖစ္ကုန္မွာမို႔ မေ႐ႊ႕ခ်င္။
"ေအာင္မေလးဗ်ာ မသြားခင္က လြမ္းဖ်ားဖ်ားေနသတဲ့ ဒီေကာင္ မသြားခ်င္တာနဲ႕ပဲ ဖ်ားေအာင္လုပ္လိုက္တာလားမသိဘူး ငါနည္းနည္းမွ မသင္ကာဘူး"
ေဖေဖ့စကားေၾကာင့္ ခ်မ္းၿပဳံးရေသးသည္။
" မဟုတ္ပါဘူး ေဖေဖရာ... ဒါေလာက္ကေတာ့ေဆးေသာက္လိုက္ရင္ ခ်က္ခ်င္းက်သြားမယ့္အဖ်ားပါ.... ရက္မေ႐ႊ႕ပါဘူး ဒီေန႕ပဲသြားပါ့မယ္..."
စီစဥ္ထားတဲ့ရက္မွာပင္ ပစၥည္းေတြတင္ကာထြက္လာခဲ့ၾကေတာ့ ေမေမနဲ႕ ေဒၚခ်ိဳတို႔အုပ္စုက မ်က္ရည္တလည္လည္လက္ျပကာက်န္ခဲ့လ်က္ ဘြားကေတာ့ဘာမွမေျပာေပ။
ခ်မ္းသည္ အဝတ္အစားအသုံးအေဆာင္ေတြကို ေမေမျပင္ဆင္ထည့္သိုေပးလိုက္တဲ့အတိုင္း ဖြင့္ေတာင္မၾကည့္ပဲ ကားေပၚေကာက္တင္လာသည္။ဘာပါလဲ...ဘာမပါဘူးလဲ စိတ္မွ်ပင္မဝင္စား။သူအမိအရ မေမ့မေလ်ာ့ တန္ဖိုးထားသယ္ေဆာင္သိမ္းဝွက္ယူလာသည္မွာ တမန႔္ဓာတ္ပုံေလးတစ္ပုံသာရွိသည္။က်န္တာေတြ ဘာမွအေရးမႀကီး။
ေက်ာင္းကအေဆာင္ေပးသည့္ အခန္းေလးထဲ ေဖေဖနဲ႕အတူအိပ္ရသျဖင့္ ခ်မ္းသည္ ကိုကို႔ဓာတ္ပုံကို ေဖေဖမေတြ႕ေအာင္ ဂ႐ုတစိုက္သိမ္းဆည္းရပါေသး၏။ေလးငါးရက္အတူေနေပးဖို႔ လိုက္လာခဲ့ေပမယ့္ ခ်မ္းက ရပါတယ္ေျပာတာေကာ ဘြားသူငယ္ခ်င္းနဲ႕ဆရာမေတြက ဝိုင္းဂ႐ုစိုက္ေပးၾကတာေၾကာင့္ေကာ စိတ္ခ်ရသျဖင့္ ေဖေဖက ႏွစ္ရက္သာအတူေနၿပီးျပန္သည္။ေဖေဖျပန္သြားေသာညမွာပင္ ေမေမကဖုန္းဆက္ေလသည္။ေရာက္ကတည္းက ပါလာတဲ့ဖုန္းေတြကိုအပ္ရတာမို႔ ေက်ာင္းသားေတြဖုန္းေျပာခ်င္လ်င္ ေက်ာင္းအုပ္အိမ္နဲ႕႐ုံးခန္းက ႀကိဳးဖုန္းမ်ားကိုသာသုံးရပါသည္။
" ေနလို႔ေကာေကာင္းရဲ႕လား သားေလးရယ္... ေဖေဖ့ကိုျပန္မလႊတ္ပဲထားေရာေပါ့.."
" အဖ်ားက ေရာက္တဲ့ေန႕ထဲကေပ်ာက္ေနပါၿပီ ေမေမရာ...ကေလးလည္းမဟုတ္ပဲနဲ႕ အေဖကလိုက္ေနေပးရတာ ရွက္စရာႀကီး.. ဒီမွာကိုးတန္းကေက်ာင္းသားေတြေတာင္ သူတို႔ဘာသာသူတို႔လာေနၾကတာပဲ..."
" သား အဆင္ေျပပါ့မလား..."
" အဆင္ေျပပါတယ္.... ေမေမကလည္း..... ဘာအဆင္မေျပစရာရွိလို႔လဲ "
တဖက္မွာ ေမေမက်ိတ္ၿပီးမ်က္ရည္က်ေနပုံရပါသည္။ "ဘာငိုစရာရွိလဲကြ.."ဆိုသည့္ ေဖေဖ့ေငါက္သံကိုဖုန္းထဲမွၾကားလိုက္ရသျဖင့္ ၿပဳံးရေသးသည္။
" ေမေမ ေနာက္တစ္ပတ္ဖုန္းဆက္ရင္ေလ.... မဏိကိုလည္းေခၚထားေပးပါေနာ္..."
တစ္ပတ္တစ္ခါသာဖုန္းဆက္ခြင့္ရတာမို႔ ေနာက္တစ္ႀကိမ္ဖုန္းေျပာခြင့္ရမယ့္အခ်ိန္မွာ မဏိကိုႀကိဳၿပီးေခၚခိုင္းထားရပါသည္။ေနရာေဒသအသစ္ ပတ္ဝန္းက်င္အသစ္ မရင္းႏွီးေသာသူေတြၾကားထဲမွာ ေတာ္ေတာ္နဲ႕ေနသားမက်နိဳင္ပဲ တစ္ပတ္ဆိုေသာအခ်ိန္ကိုကုန္လြန္ေအာင္ အေတာ္ႀကီးသည္းခံေစာင့္ဆိုင္းရပါ၏။ပင္ပန္းရတဲ့ထဲ ေရာက္ေရာက္ခ်င္းပင္ စာစသင္ကာ စာကလည္းက်က္ရၿပီ။ေပါ့ေပါ့ကေလးေနခဲ့ေသာ ခ်မ္းသည္ မနက္သင္၍ ညျပန္ေမးေသာစာမ်ားအတြက္ ေခြၽးျပန္ေအာင္ပင္ စာလိုက္လုပ္ရပါ၏။တမ်ိဳးေတာ့လည္းေကာင္းပါတယ္။စာထဲမွာပဲ အရမ္းစိတ္ႏွစ္ေနရေတာ့ ကိုကို႔ကိုလြမ္းခ်င္လို႔ပင္ မလြမ္းနိုင္ဘူးေပါ့။ညဆယ္နာရီ စာသင္ခ်ိန္ကုန္လို႔ အခန္းထဲျပန္ရမွပင္ အိပ္ရာေပၚ ေျခပစ္လက္ပစ္လွဲကာ ခဏတျဖဳတ္သတိရနိုင္ေလသည္။
ဖုန္းဆက္ေသာအခါမွာ အေဆာင္ထိလာမေခၚေနရေအာင္ ခ်မ္းက ေက်ာင္းအုပ္ႀကီးအိမ္ေပၚမွာလာေစာင့္ေနရသည္။ဆံပင္နီညိုညို အသားေဖြးဥဝင္းႏွစ္လ်က္ မ်က္လုံးေၾကာင္ကေလးေတြနဲ႕ခ်မ္းကို ေက်ာင္းအုပ္ႀကီးမိသားစုက အေတာ္ပင္အျမင္ဆန္းႏွစ္လိုပုံ ၿပဳံးၿပဳံးၿပဳံးၿပဳံးနဲ႕ေမးခြန္းမ်ားေမးေနတာကို ထိုင္ေျဖေနရေလသည္။
ဖုန္းလာေတာ့လည္း တစ္ပတ္လုံးလုံးလြမ္းဆြတ္မႈကို ေအာင့္အည္းမ်ိဳသိပ္ထားရပုံရေသာ ေမေမက ေတာ္ေတာ္နဲ႕စကားမျပတ္နိုင္ေပ။အေတာ္ေျပာၿပီး ေမာသြားမွပင္မဏိဆီကိုဖုန္းေရာက္ေတာ့သည္။မဏိကဖုန္းကိုင္ကိုင္ခ်င္းပင္ ေဒါႀကီးေမာႀကီးရန္ေတြ႕ပါသည္။
" ခ်မ္း... ေခြးေကာင္ နင္သြားမယ္ဆိုတာ ငါ့ကိုေတာင္ေျပာမသြားဘူး... အန္တီဝင္နီကလာခဲ့ပါဆိုမွပဲငါသိေတာ့တယ္ "
"ေအး... အကုန္လုံး စိတ္ရႈပ္ေနၾကမယ္ထင္လို႔ ငါမေျပာသြားေတာ့တာ... ေမေမတို႔လည္း ဒါေၾကာင့္မေျပာၾကတာထင္ပါတယ္ဟာ... နင္ကပဲခြင့္လႊတ္လိုက္ပါ."
မဏိေလသံေလးက စိတ္တိုေနရာကေန တစ္အိမ္လုံးစိတ္ညစ္ေနရသည့္ကိစၥကို သတိရသြားသလို ခ်က္ခ်င္းပင္ေပ်ာ့က်သြားလ်က္။
"ေအးဟာ...အိမ္မွာလည္း ရႈပ္ေနတာတကယ္ပဲ အန္တီစံပယ္ကလည္းေသြးတိုးလို႔ေလ... ေဆး႐ုံေတာင္တစ္ညတက္လိုက္ရေသးတယ္..."
" အန္တီသက္သာရဲ႕လား မဏိ..."
" ေအး... တစ္ညပါပဲ ပုလင္းခ်ိတ္ၿပီးသက္သာလာေတာ့ ျပန္ဆင္းလာတယ္..."
" မဏိ... နင့္ေဘးမွာ ေမေမရွိလား..."
" ေအး ဘာျဖစ္လို႔လဲ..."
" ဒါျဖင့္ ငါေမးတာကို ဟုတ္တယ္ မဟုတ္ဘူးပဲ ေျဖ.."
" အင္း.."
" ကိုကိုေလ...."
ခ်မ္းက တုန္သြားေသာအသံကိုထိန္းဖို႔ ႏႈတ္ခမ္းေလးကိုကိုက္ကာ အားယူေနရပါသည္။
" ကိုကို.. ဘယ္လိုျဖစ္သြားၿပီလဲဟင္ ... လက္...လက္ထပ္ရမယ္တဲ့လား"
မဏိသည္ ထိန္းထားတဲ့ၾကားက တုန္ေနသည့္ ခ်မ္းအသံကေလးကို က႐ုဏာသက္ရပါသည္။ဒီဘက္မွာေကာ ဘာထူးလဲ။ဒီေလာက္ထိ ျပႆနာျဖစ္ေနတုန္းကေတာင္ ေဒါသထြက္စိတ္ရႈပ္တာသာရွိသည့္ကိုကိုဟာ ခ်မ္းမရွိေတာ့ဘူးဆိုတာကိုလည္းသိေရာ စိတ္ပ်က္အားေလ်ာ့ ေၾကကြဲပ်က္သုဥ္းသြားလိုက္တဲ့မ်က္ႏွာဟာျမင္ရက္စရာမရွိပါ။ရင္ကြဲပက္လက္နဲ႕ တေလာကလုံးကိုလက္လြတ္ဆုံးရႈံးလိုက္ရသည့္ လူတစ္ေယာက္လိုပဲ ညွိုးႏြမ္းသြားလိုက္တာ။
ခ်မ္းဟာ ဘာေၾကာင့္မ်ား ဒီလိုထြက္သြားရက္ခဲ့သလဲ။အထင္လြဲတယ္ဆိုရင္ေတာင္ ဘယ္လိုျဖစ္တယ္ဆိုတဲ့ ရွင္းျပေျဖရွင္းမႈမ်ိဳးကို ေစာင့္စားလက္ခံသြားခဲ့သင့္ပါေသးတယ္ ခ်မ္းရယ္။ကိုကို႔ကို နင္မယုံဘူးလား။
မဏိသည္ ဘြားနဲ႕အန္တီစံပယ္တို႔ ဘယ္သို႔ညွိႏွိုင္းေျဖရွင္းလိုက္ရသည္ကိုသိေနေပမယ့္ အေသးစိတ္ျပန္ေျပာေနလိုစိတ္မရွိ။သားကိုလည္း ဒီလိုမိန္းမလက္ထဲမထည့္လိုက္နိုင္။ လူေတြပါးစပ္ေပါက္ထဲသတင္းပ်ံ့မွာလည္းေၾကာက္လွသည့္ မိမိတို႔ဘက္ကအားနည္းခ်က္ေၾကာင့္ အန္တီစံပယ့္ခမ်ာ မဟုတ္မွန္းအသိသိနဲ႕ပင္ ေ႐ႊဥဩကို ေအာက္က်ိဳ႕ေတာင္းပန္ရရွာသည္။နည္းမ်ိဳးစုံကမ္းလွမ္း၍ သေဘာတူညီခ်က္ယူရသည္။
" လက္ထပ္ေပးဖို႔ေတာ့ ဘယ္နည္းနဲ႕မွ မျဖစ္နိုင္ဘူး..တရားစြဲလို႔လည္း မင္းနိုင္မယ္မထင္နဲ႕... အရက္ေသာက္ထားတဲ့ ေယာက်ာ္းေလးတစ္ေယာက္ထဲရွိေနတဲ့ေနရာကို သိသိႀကီးနဲ႕ေရာက္လာတာက မင္း.... ၿပီးေတာ့ ေဆးဘက္ဆိုင္ရာစစ္ေဆးမႈေတြလည္းလုပ္မယ္ သက္ေသေတြေခၚမယ္...က်န္တဲ့အခ်ိန္ေတြမွာလည္း မင္းအေနအထိုင္ဘယ္လိုရွိလဲ ျမင္ထားတဲ့လူေတြအမ်ားႀကီး မင္းဘက္ကလူဘယ္ႏွစ္ေယာက္ရွိမယ္လို႔ထင္သလဲ.... ငါတို႔ဘက္က အားနည္းခ်က္က တမန႔္နာမည္ပ်က္မွာစိုးလို႔ ႐ုံးမေရာက္ပဲ တိုးတိုးတိတ္တိတ္ေျဖရွင္းခ်င္တာ.. ဒီတစ္ခုထဲနဲ႕ မင္းကိုညွိႏွိုင္းေနတယ္မွတ္ပါ.... မင္းမွန္တယ္ထင္လို႔လည္းမဟုတ္ ငါ့တူမွားတယ္ ထင္ေနလို႔လည္းမဟုတ္ဘူး...."
အစပိုင္းက အေလ်ာ့ေပးလိုက္ေလ်ာကာ ေခ်ာ့ေမာ့ေနေသးသည့္ မဏိတို႔ေမေမသည္ပင္ ညီမအတြက္မခံခ်င္လွကာ သည္းမခံနိုင္ေတာ့ပဲ ခပ္တင္းတင္းတစ္ခြန္းဝင္ေျပာေတာ့မွ တကယ္ပဲသူ႕ကိုယ္သူလည္းမယုံတာလား။ဒီထက္ တင္းေနလို႔မသင့္ေတာ့ဘူးထင္ေနတာလားမသိပဲ အနည္းငယ္အေလ်ာ့ေပးကာညွိႏွိုင္းဖို႔ကိုလက္ခံသည္။
ဘဝတူ မိန္းကေလးခ်င္းျဖစ္တာေတာင္ ထိုမိန္းမလုပ္ရပ္ကို စက္ဆုပ္မုန္းတီးလွသျဖင့္ ျပန္လည္းမစဥ္းစားလို။ကိုကိုဟာ ဝဋ္ေႂကြးရွိလို႔သာ ဒီလိုမိန္းမဆီမွာ လုပ္ဇာတ္ဆင္ခံရတာပါ။ကိုယ္စိတ္ႏွလုံးညွိုးႏြမ္းပင္ပန္းရတာပါ။
" ဟင့္အင္း... အဲ့ဒီလိုမလုပ္ရပါဘူး.... အဲ့ဒီလိုကိစၥမ်ိဳးရွိလာမွာမဟုတ္ဘူး ခ်မ္း..."
ရက္သတၱပတ္လုံးလုံး ရင္ထဲမွာစို႔နင္လ်က္ ဖိစီးေနေသာအလုံးႀကီးျပဳတ္က်သြားသလို ခ်မ္းသည္ အသက္ကိုတအားႀကီးပင္ရွိုက္ရႈလိုက္မိလ်က္ မ်က္လုံးအိမ္ထဲမွာ မ်က္ရည္ၾကည္ေတြျပည့္သိုင္းအုံဖြဲ႕လာေလသည္။
" ခ်မ္း.... နင္..အနည္းဆုံးေတာ့... ႏႈတ္ဆက္ခဲ့သင့္တယ္သိလား.. နင္သိပ္လြန္တယ္..."
မဏိက နာမည္မတပ္ပဲ အံကေလးႀကိတ္ကာေလသံတိုးတိုးနဲ႕အျပစ္တင္သည္။
ခ်မ္းကလြန္သတဲ့လား..... လြန္ပါေစေတာ့ ကိုကိုရယ္...
ႏႈတ္ဆက္တယ္ဆိုတာ ခြဲခြာမယ့္လူေတြအတြက္သာလိုအပ္တာပါ...ခ်မ္းနဲ႕ကိုကိုက ဘယ္ေတာ့မွ ခြဲခြာမယ့္လူေတြမွမဟုတ္တာ... လူခ်င္းေဝးရင္ေတာင္ ႏွလုံးသားခ်င္းကေတာ့အၿမဲနီးေနမွာပဲေလ... ေနာ္..ကိုကိုေနာ္...
ခ်မ္းက မ်က္ခမ္းစပ္အစြန္းေလးကေန ဖ်တ္ခနဲျပဳတ္က်လာေသာ မ်က္ရည္ေပါက္ကေလးကို လူမျမင္ေအာင္ေခါင္းငုံ႕ လက္ညွိုးေလးနဲ႕ပြတ္သုတ္လိုက္ကာ။
"မဏိ.... ဘြားကို... ငါက ေက်းဇူးတင္ပါတယ္လို႔ ေျပာေပးပါဟာ.... အဲ့ဒါေလးေသခ်ာေပါက္ေျပာေပးစမ္းပါ...."
တိုးတိတ္စြာဆိုလ်က္ ဖုန္းေလးကို သူ႕အိမ္ခြက္ေပၚ အသာအယာျပန္တင္လိုက္ပါသည္။ရပါၿပီ.. ဒါေလာက္ဆိုရင္ ေက်နပ္ပါၿပီ။ၿပီးေတာ့ ဒီတခ်ိန္လုံး ဘြားနဲ႕ပတ္သတ္ၿပီး သူ႕ရင္ထဲမွာ ခိုေအာင္းတြယ္ၿငိေနခဲ့သည့္ သံသယေလးတစ္ခုကိုလည္း အခုအခ်ိန္မွစတင္ကာအၿပီးတိုင္ပင္ စြန႔္ပစ္လိုက္ပါၿပီ။
________________________________________________________________________________________________________________________________________________________________
ဒီနေရာကထွက်မသွားရဖို့အတွက် နည်းမျိုးစုံသုံးကာ ကုပ်ကပ်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပင် ကိုကိုနဲ့ဝေးရာကိုထွက်လာခဲ့ရပါ၏။ဒီပါချမ်းမြကနေ ထွက်လာသောအချိန်မှာ ချမ်းသည် ကိုကို့ကိုနှုတ်ပင်မဆက်နိုင်ခဲ့ပါ။
အခြေအနေတွေက ရှုပ်ထွေးနေဆဲသာဖြစ်၍ ဘာမှတိတိကျကျအဖြေမထွက်သေးခင်မှာပင် ကျောင်းတက်ရမည့်နေရာကို ထွက်လာခဲ့တာမို့ အနောက်မှာဘာတွေဖြစ်ကျန်ခဲ့သလဲဆိုတာကိုလည်း မသိတော့ပေ။
သွားရတော့မယ်လို့ အတည်ပြုလိုက်တဲ့ညက သူတစ်ညလုံးမအိပ်နိုင်ပါ။ဘယ်သူမှမသိအောင်ခြံထဲဆင်းလာပြီး ခြံထောင့်မာလကာပင်အောက်မှာ တိတ်တိတ်ကလေးထိုင်နေမိသည်။အရင်တစ်ခါကလိုပင် ကိုကိုများ မထင်မှတ်ပဲရောက်လာလေမလားဆိုတဲ့ ရူးနှမ်းမိုက်မဲသော မျှော်လင့်ချက်ကလေးနဲ့ပေါ့။အဲ့ဒီညက တကယ်ပဲ ကိုကိုရောက်လာခဲ့ရင် ချမ်းသည် ဘွားကိုပေးခဲ့သောကတိတွေအားလုံးကိုပင် မေ့လျော့ကာ ကိုကို့လက်ကိုဆွဲပြီး ဒီကိစ္စတွေအားလုံးနဲ့ အဝေးဆုံးကို ထွက်ပြေးသွားလိုက်မိလေမည်လား။သူက လိုက်နိုင်ပေမယ့် ကိုကိုကခေါ်ပါ့မလား။
ဒါပေမယ့် မိုးလင်းသွားတဲ့အထိ ကိုကိုရောက်မလာခဲ့ပါ။အပူသောကဖိစီးနေမှာဖြစ်တဲ့ ကိုကိုတမန်သည် ချမ်းမျှော်နေလိမ့်မလားဆိုတာမျိုး တွေးဖို့အချိန်မရဘူးထင်ပါရဲ့။သူသာလျင် တညလုံးမအိပ်ပဲအပြင်မှာနေခဲ့မိခြင်းရဲ့အကျိုးဆက်အဖြစ် မနက်ကျတော့ခေါင်းတွေကိုက်ကာ နေလို့မကောင်းတော့။ခရီးထွက်ခါနီး အဖျားသွေးကလေးငွေ့ငွေ့နဲ့ ဖြစ်နေသည့်သားကို မေမေက စိတ်မချနိုင်ကာ မလွှတ်ချင်ပေ။
" တစ်ရက်နှစ်ရက် သေချာနားပြီးမှ သွားပါလား အစ်ကိုရယ်.."
ဖေဖေကတော့ မသွားချင်လို့ မူလကျီလုပ်နေတယ်ထင်လျက် အခုပင်ချမ်းကိုလိုက်ပို့ဖို့ ရွှေ့ထားရတဲ့အလုပ်တွေကလည်း နောက်ထပ်ရက်ရွှေ့လျင် ကသောင်းကနင်းဖြစ်ကုန်မှာမို့ မရွှေ့ချင်။
"အောင်မလေးဗျာ မသွားခင်က လွမ်းဖျားဖျားနေသတဲ့ ဒီကောင် မသွားချင်တာနဲ့ပဲ ဖျားအောင်လုပ်လိုက်တာလားမသိဘူး ငါနည်းနည်းမှ မသင်ကာဘူး"
ဖေဖေ့စကားကြောင့် ချမ်းပြုံးရသေးသည်။
" မဟုတ်ပါဘူး ဖေဖေရာ... ဒါလောက်ကတော့ဆေးသောက်လိုက်ရင် ချက်ချင်းကျသွားမယ့်အဖျားပါ.... ရက်မရွှေ့ပါဘူး ဒီနေ့ပဲသွားပါ့မယ်..."
စီစဉ်ထားတဲ့ရက်မှာပင် ပစ္စည်းတွေတင်ကာထွက်လာခဲ့ကြတော့ မေမေနဲ့ ဒေါ်ချိုတို့အုပ်စုက မျက်ရည်တလည်လည်လက်ပြကာကျန်ခဲ့လျက် ဘွားကတော့ဘာမှမပြောပေ။
ချမ်းသည် အဝတ်အစားအသုံးအဆောင်တွေကို မေမေပြင်ဆင်ထည့်သိုပေးလိုက်တဲ့အတိုင်း ဖွင့်တောင်မကြည့်ပဲ ကားပေါ်ကောက်တင်လာသည်။ဘာပါလဲ...ဘာမပါဘူးလဲ စိတ်မျှပင်မဝင်စား။သူအမိအရ မမေ့မလျော့ တန်ဖိုးထားသယ်ဆောင်သိမ်းဝှက်ယူလာသည်မှာ တမန့်ဓာတ်ပုံလေးတစ်ပုံသာရှိသည်။ကျန်တာတွေ ဘာမှအရေးမကြီး။
ကျောင်းကအဆောင်ပေးသည့် အခန်းလေးထဲ ဖေဖေနဲ့အတူအိပ်ရသဖြင့် ချမ်းသည် ကိုကို့ဓာတ်ပုံကို ဖေဖေမတွေ့အောင် ဂရုတစိုက်သိမ်းဆည်းရပါသေး၏။လေးငါးရက်အတူနေပေးဖို့ လိုက်လာခဲ့ပေမယ့် ချမ်းက ရပါတယ်ပြောတာကော ဘွားသူငယ်ချင်းနဲ့ဆရာမတွေက ဝိုင်းဂရုစိုက်ပေးကြတာကြောင့်ကော စိတ်ချရသဖြင့် ဖေဖေက နှစ်ရက်သာအတူနေပြီးပြန်သည်။ဖေဖေပြန်သွားသောညမှာပင် မေမေကဖုန်းဆက်လေသည်။ရောက်ကတည်းက ပါလာတဲ့ဖုန်းတွေကိုအပ်ရတာမို့ ကျောင်းသားတွေဖုန်းပြောချင်လျင် ကျောင်းအုပ်အိမ်နဲ့ရုံးခန်းက ကြိုးဖုန်းများကိုသာသုံးရပါသည်။
" နေလို့ကောကောင်းရဲ့လား သားလေးရယ်... ဖေဖေ့ကိုပြန်မလွှတ်ပဲထားရောပေါ့.."
" အဖျားက ရောက်တဲ့နေ့ထဲကပျောက်နေပါပြီ မေမေရာ...ကလေးလည်းမဟုတ်ပဲနဲ့ အဖေကလိုက်နေပေးရတာ ရှက်စရာကြီး.. ဒီမှာကိုးတန်းကကျောင်းသားတွေတောင် သူတို့ဘာသာသူတို့လာနေကြတာပဲ..."
" သား အဆင်ပြေပါ့မလား..."
" အဆင်ပြေပါတယ်.... မေမေကလည်း..... ဘာအဆင်မပြေစရာရှိလို့လဲ "
တဖက်မှာ မေမေကျိတ်ပြီးမျက်ရည်ကျနေပုံရပါသည်။ "ဘာငိုစရာရှိလဲကွ.."ဆိုသည့် ဖေဖေ့ငေါက်သံကိုဖုန်းထဲမှကြားလိုက်ရသဖြင့် ပြုံးရသေးသည်။
" မေမေ နောက်တစ်ပတ်ဖုန်းဆက်ရင်လေ.... မဏိကိုလည်းခေါ်ထားပေးပါနော်..."
တစ်ပတ်တစ်ခါသာဖုန်းဆက်ခွင့်ရတာမို့ နောက်တစ်ကြိမ်ဖုန်းပြောခွင့်ရမယ့်အချိန်မှာ မဏိကိုကြိုပြီးခေါ်ခိုင်းထားရပါသည်။နေရာဒေသအသစ် ပတ်ဝန်းကျင်အသစ် မရင်းနှီးသောသူတွေကြားထဲမှာ တော်တော်နဲ့နေသားမကျနိုင်ပဲ တစ်ပတ်ဆိုသောအချိန်ကိုကုန်လွန်အောင် အတော်ကြီးသည်းခံစောင့်ဆိုင်းရပါ၏။ပင်ပန်းရတဲ့ထဲ ရောက်ရောက်ချင်းပင် စာစသင်ကာ စာကလည်းကျက်ရပြီ။ပေါ့ပေါ့ကလေးနေခဲ့သော ချမ်းသည် မနက်သင်၍ ညပြန်မေးသောစာများအတွက် ချွေးပြန်အောင်ပင် စာလိုက်လုပ်ရပါ၏။တမျိုးတော့လည်းကောင်းပါတယ်။စာထဲမှာပဲ အရမ်းစိတ်နှစ်နေရတော့ ကိုကို့ကိုလွမ်းချင်လို့ပင် မလွမ်းနိုင်ဘူးပေါ့။ညဆယ်နာရီ စာသင်ချိန်ကုန်လို့ အခန်းထဲပြန်ရမှပင် အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲကာ ခဏတဖြုတ်သတိရနိုင်လေသည်။
ဖုန်းဆက်သောအခါမှာ အဆောင်ထိလာမခေါ်နေရအောင် ချမ်းက ကျောင်းအုပ်ကြီးအိမ်ပေါ်မှာလာစောင့်နေရသည်။ဆံပင်နီညိုညို အသားဖွေးဥဝင်းနှစ်လျက် မျက်လုံးကြောင်ကလေးတွေနဲ့ချမ်းကို ကျောင်းအုပ်ကြီးမိသားစုက အတော်ပင်အမြင်ဆန်းနှစ်လိုပုံ ပြုံးပြုံးပြုံးပြုံးနဲ့မေးခွန်းများမေးနေတာကို ထိုင်ဖြေနေရလေသည်။
ဖုန်းလာတော့လည်း တစ်ပတ်လုံးလုံးလွမ်းဆွတ်မှုကို အောင့်အည်းမျိုသိပ်ထားရပုံရသော မေမေက တော်တော်နဲ့စကားမပြတ်နိုင်ပေ။အတော်ပြောပြီး မောသွားမှပင်မဏိဆီကိုဖုန်းရောက်တော့သည်။မဏိကဖုန်းကိုင်ကိုင်ချင်းပင် ဒေါကြီးမောကြီးရန်တွေ့ပါသည်။
" ချမ်း... ခွေးကောင် နင်သွားမယ်ဆိုတာ ငါ့ကိုတောင်ပြောမသွားဘူး... အန်တီဝင်နီကလာခဲ့ပါဆိုမှပဲငါသိတော့တယ် "
"အေး... အကုန်လုံး စိတ်ရှုပ်နေကြမယ်ထင်လို့ ငါမပြောသွားတော့တာ... မေမေတို့လည်း ဒါကြောင့်မပြောကြတာထင်ပါတယ်ဟာ... နင်ကပဲခွင့်လွှတ်လိုက်ပါ."
မဏိလေသံလေးက စိတ်တိုနေရာကနေ တစ်အိမ်လုံးစိတ်ညစ်နေရသည့်ကိစ္စကို သတိရသွားသလို ချက်ချင်းပင်ပျော့ကျသွားလျက်။
"အေးဟာ...အိမ်မှာလည်း ရှုပ်နေတာတကယ်ပဲ အန်တီစံပယ်ကလည်းသွေးတိုးလို့လေ... ဆေးရုံတောင်တစ်ညတက်လိုက်ရသေးတယ်..."
" အန်တီသက်သာရဲ့လား မဏိ..."
" အေး... တစ်ညပါပဲ ပုလင်းချိတ်ပြီးသက်သာလာတော့ ပြန်ဆင်းလာတယ်..."
" မဏိ... နင့်ဘေးမှာ မေမေရှိလား..."
" အေး ဘာဖြစ်လို့လဲ..."
" ဒါဖြင့် ငါမေးတာကို ဟုတ်တယ် မဟုတ်ဘူးပဲ ဖြေ.."
" အင်း.."
" ကိုကိုလေ...."
ချမ်းက တုန်သွားသောအသံကိုထိန်းဖို့ နှုတ်ခမ်းလေးကိုကိုက်ကာ အားယူနေရပါသည်။
" ကိုကို.. ဘယ်လိုဖြစ်သွားပြီလဲဟင် ... လက်...လက်ထပ်ရမယ်တဲ့လား"
မဏိသည် ထိန်းထားတဲ့ကြားက တုန်နေသည့် ချမ်းအသံကလေးကို ကရုဏာသက်ရပါသည်။ဒီဘက်မှာကော ဘာထူးလဲ။ဒီလောက်ထိ ပြဿနာဖြစ်နေတုန်းကတောင် ဒေါသထွက်စိတ်ရှုပ်တာသာရှိသည့်ကိုကိုဟာ ချမ်းမရှိတော့ဘူးဆိုတာကိုလည်းသိရော စိတ်ပျက်အားလျော့ ကြေကွဲပျက်သုဉ်းသွားလိုက်တဲ့မျက်နှာဟာမြင်ရက်စရာမရှိပါ။ရင်ကွဲပက်လက်နဲ့ တလောကလုံးကိုလက်လွတ်ဆုံးရှုံးလိုက်ရသည့် လူတစ်ယောက်လိုပဲ ညှိုးနွမ်းသွားလိုက်တာ။
ချမ်းဟာ ဘာကြောင့်များ ဒီလိုထွက်သွားရက်ခဲ့သလဲ။အထင်လွဲတယ်ဆိုရင်တောင် ဘယ်လိုဖြစ်တယ်ဆိုတဲ့ ရှင်းပြဖြေရှင်းမှုမျိုးကို စောင့်စားလက်ခံသွားခဲ့သင့်ပါသေးတယ် ချမ်းရယ်။ကိုကို့ကို နင်မယုံဘူးလား။
မဏိသည် ဘွားနဲ့အန်တီစံပယ်တို့ ဘယ်သို့ညှိနှိုင်းဖြေရှင်းလိုက်ရသည်ကိုသိနေပေမယ့် အသေးစိတ်ပြန်ပြောနေလိုစိတ်မရှိ။သားကိုလည်း ဒီလိုမိန်းမလက်ထဲမထည့်လိုက်နိုင်။ လူတွေပါးစပ်ပေါက်ထဲသတင်းပျံ့မှာလည်းကြောက်လှသည့် မိမိတို့ဘက်ကအားနည်းချက်ကြောင့် အန်တီစံပယ့်ခမျာ မဟုတ်မှန်းအသိသိနဲ့ပင် ရွှေဥဩကို အောက်ကျို့တောင်းပန်ရရှာသည်။နည်းမျိုးစုံကမ်းလှမ်း၍ သဘောတူညီချက်ယူရသည်။
" လက်ထပ်ပေးဖို့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး..တရားစွဲလို့လည်း မင်းနိုင်မယ်မထင်နဲ့... အရက်သောက်ထားတဲ့ ယောကျာ်းလေးတစ်ယောက်ထဲရှိနေတဲ့နေရာကို သိသိကြီးနဲ့ရောက်လာတာက မင်း.... ပြီးတော့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေလည်းလုပ်မယ် သက်သေတွေခေါ်မယ်...ကျန်တဲ့အချိန်တွေမှာလည်း မင်းအနေအထိုင်ဘယ်လိုရှိလဲ မြင်ထားတဲ့လူတွေအများကြီး မင်းဘက်ကလူဘယ်နှစ်ယောက်ရှိမယ်လို့ထင်သလဲ.... ငါတို့ဘက်က အားနည်းချက်က တမန့်နာမည်ပျက်မှာစိုးလို့ ရုံးမရောက်ပဲ တိုးတိုးတိတ်တိတ်ဖြေရှင်းချင်တာ.. ဒီတစ်ခုထဲနဲ့ မင်းကိုညှိနှိုင်းနေတယ်မှတ်ပါ.... မင်းမှန်တယ်ထင်လို့လည်းမဟုတ် ငါ့တူမှားတယ် ထင်နေလို့လည်းမဟုတ်ဘူး...."
အစပိုင်းက အလျော့ပေးလိုက်လျောကာ ချော့မော့နေသေးသည့် မဏိတို့မေမေသည်ပင် ညီမအတွက်မခံချင်လှကာ သည်းမခံနိုင်တော့ပဲ ခပ်တင်းတင်းတစ်ခွန်းဝင်ပြောတော့မှ တကယ်ပဲသူ့ကိုယ်သူလည်းမယုံတာလား။ဒီထက် တင်းနေလို့မသင့်တော့ဘူးထင်နေတာလားမသိပဲ အနည်းငယ်အလျော့ပေးကာညှိနှိုင်းဖို့ကိုလက်ခံသည်။
ဘဝတူ မိန်းကလေးချင်းဖြစ်တာတောင် ထိုမိန်းမလုပ်ရပ်ကို စက်ဆုပ်မုန်းတီးလှသဖြင့် ပြန်လည်းမစဉ်းစားလို။ကိုကိုဟာ ဝဋ်ကြွေးရှိလို့သာ ဒီလိုမိန်းမဆီမှာ လုပ်ဇာတ်ဆင်ခံရတာပါ။ကိုယ်စိတ်နှလုံးညှိုးနွမ်းပင်ပန်းရတာပါ။
" ဟင့်အင်း... အဲ့ဒီလိုမလုပ်ရပါဘူး.... အဲ့ဒီလိုကိစ္စမျိုးရှိလာမှာမဟုတ်ဘူး ချမ်း..."
ရက်သတ္တပတ်လုံးလုံး ရင်ထဲမှာစို့နင်လျက် ဖိစီးနေသောအလုံးကြီးပြုတ်ကျသွားသလို ချမ်းသည် အသက်ကိုတအားကြီးပင်ရှိုက်ရှုလိုက်မိလျက် မျက်လုံးအိမ်ထဲမှာ မျက်ရည်ကြည်တွေပြည့်သိုင်းအုံဖွဲ့လာလေသည်။
" ချမ်း.... နင်..အနည်းဆုံးတော့... နှုတ်ဆက်ခဲ့သင့်တယ်သိလား.. နင်သိပ်လွန်တယ်..."
မဏိက နာမည်မတပ်ပဲ အံကလေးကြိတ်ကာလေသံတိုးတိုးနဲ့အပြစ်တင်သည်။
ချမ်းကလွန်သတဲ့လား..... လွန်ပါစေတော့ ကိုကိုရယ်...
နှုတ်ဆက်တယ်ဆိုတာ ခွဲခွာမယ့်လူတွေအတွက်သာလိုအပ်တာပါ...ချမ်းနဲ့ကိုကိုက ဘယ်တော့မှ ခွဲခွာမယ့်လူတွေမှမဟုတ်တာ... လူချင်းဝေးရင်တောင် နှလုံးသားချင်းကတော့အမြဲနီးနေမှာပဲလေ... နော်..ကိုကိုနော်...
ချမ်းက မျက်ခမ်းစပ်အစွန်းလေးကနေ ဖျတ်ခနဲပြုတ်ကျလာသော မျက်ရည်ပေါက်ကလေးကို လူမမြင်အောင်ခေါင်းငုံ့ လက်ညှိုးလေးနဲ့ပွတ်သုတ်လိုက်ကာ။
"မဏိ.... ဘွားကို... ငါက ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဟာ.... အဲ့ဒါလေးသေချာပေါက်ပြောပေးစမ်းပါ...."
တိုးတိတ်စွာဆိုလျက် ဖုန်းလေးကို သူ့အိမ်ခွက်ပေါ် အသာအယာပြန်တင်လိုက်ပါသည်။ရပါပြီ.. ဒါလောက်ဆိုရင် ကျေနပ်ပါပြီ။ပြီးတော့ ဒီတချိန်လုံး ဘွားနဲ့ပတ်သတ်ပြီး သူ့ရင်ထဲမှာ ခိုအောင်းတွယ်ငြိနေခဲ့သည့် သံသယလေးတစ်ခုကိုလည်း အခုအချိန်မှစတင်ကာအပြီးတိုင်ပင် စွန့်ပစ်လိုက်ပါပြီ။
________________________________________________________________________________________________________________________________________________________________