<<ခင်များက မောင့်အပိုင်>>
(က)
မြူမှုန်တွေကာရံထားသော တောင်တန်းကြီးကို ဖြတ်ကျော်ပြီး အေးစက်လှသော ရာသီဥတုဒဏ်ကို သည်းခံကာ ဟိုဆော့ဟာ တောင်ပေါ်မှာရှိတဲ့ ရွာငယ်လေးကို ဦးတည်ပြီးသွားနေသည်။
တောင်တန်းတွေပတ်ပတ်လည်ကာရံထားသော မြို့တစ်မြို့ဟာ မြို့ပြကြီးလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိပေမဲ့ တောင်ပေါ်ဒေသရွာငယ်လေးတွေဆီမှ ကလေးငယ်တို့ဟာ ထိုမြို့ဆီသို့ ကျောင်းလာတက်ကြသည်။
ဒယ်ဆမ်းကျောင်းဟာ ဒယ်ဆမ်းမြို့ရှိတစ်ခုတည်းသော ကျောင်းတစ်ခုဖြစ်သည်။
ဆိုးလ်မြို့ကြီးမှ သူဌေးတစ်ဦး၏ အထောက်အပံ့ဖြင့်ရပ်တည်နေသောကျောင်းဖြစ်သည်။
ဟိုဆော့ဟာ ဒယ်ဆမ်းရဲ့ ယာယီအလုပ်သင်ဆရာငယ်တစ်ဦးပင်ဖြစ်သည်။
မွေးရပ်မြေဖြစ်သော တစ်ဖက်တောင်ပေါ်ရွာငယ်လေးမှ ဒယ်ဆမ်းတွင် အလုပ်လာလုပ်ခြင်းသာဖြစ်သည်။
ထိုတောင်တန်းဒေသတွင် တစ်ရွာနှင့် တစ်ရွာ သွားဖို့ လမ်းပန်းဆက်သွယ်ရေးလုံးဝမရှိပေ။
ထို့ကြောင့် ခြေလျင်သာသွားရသည်။
ကြာချိန်မှာလည်း သုံးရက်ခန့်မျှဖြစ်သောကြောင့် ဟိုဆော့သည် ဒယ်ဆမ်းမှာပဲ နေဖြစ်သည်။
ထို့အတူ တစ်ခြားကျောင်းလာတက်သော ကလေးငယ်များသည်လည်း မိဘများနှင့် ခွဲကာ ဒယ်ဆမ်းကျောင်းမှာ လာနေကြသည်။
ဟိုဆော့သည် ဖခင်ဖြစ်သူနေမကောင်းဟူသော သတင်းစကားကြောင့် ကျောင်းမှ ခွင့်ယူကာ ရွာငယ်လေးကို အပြေးပြန်သွားနေခြင်းဖြစ်သည်။
ရာသီဥတုဒဏ်ကြောင့် ရဲတက်နေသော ပါးမို့မို့လေးဟာ စပ်ဖျင်းဖျင်းခံစားနေရလောက်ပြီ။
ရွာထဲကို စဝင်လာပြီး အုတ်ကြိုးနီများဖြင့် ခြံစည်းရိုးကာရံထားသော အိမ်ငယ်လေးဟာ ဟိုဆော့၏ အိမ်ပင်ဖြစ်သည်။
" သားငယ်လေး ပြန်လာတယ် "
ဟိုဆော့ အမေ၏မျက်နှာမှာ ကြည်လင်ပြီး အလွန်ပျော်နေပုံရသည်။
" မေကြီး ဖေကြီးနေမကောင်းဘူးဆို "
တစ်ဦးတည်းသော သားဟိုဆော့ဟာ မိဘများကို အလွန်ချစ်ပြီး သိတတ်သော အလိမ်မာလေးဖြစ်သည်။
" သားဖေကြီးကတော့ သားကို တွေ့ချင်လို့ တမင်နောက်လိုက်တာထင်တယ် သားဖေကြီး ဒေါင်ဒေါင်မြည်ပဲ မနေ့ကတောင် ရွာထဲ ပတ်သွားနေတာ "
" သားက စိတ်ပူသွားပဲ မေကြီးရာ အခုဖေကြီး ဘယ်မလဲ "
နေကောင်းတယ်လို့ကြားပေမဲ့ လူကိုယ်တိုင်မမြင်ရ၍ ဟိုဆော့သည် စိတ်မချဖြစ်နေသည်။
" ဒီမှာပါ သားတော်မောင်လေးရဲ့ ဖေကြီးက သားမလာဘူးထင်နေတာ "
" ဟောဗျာ ပြေးကြည့်မှ ဒီအဖေနဲ့ ဒီအမေပဲရှိတာကို မလာလို့ရမလားဗျ "
" ဟား ဟား ဟား ငါ့သားက လူလိမ္မာလေးပဲ "
ဟိုဆော့၏အဖေဟာ ဟိုဆော့ကို ဖက်ရင်း ရယ်မောနေသည်။
" တော်စမ်းပါ တော့်ကြောင့် ကျုပ်သားလေး ခရီးပန်းသွားပီ မျက်နှာလေးနဲ့ နှာခေါင်းလေးတွေရဲနေတာပဲ
လာသားလေး အခန်းထဲသွားနားတော့ "
" ဒီမိန်းမကတော့ မင်းတစ်ယောက်ထဲ သားကို ချစ်တာကြနေတာပဲ
မနက်က ရွာလယ်က ကြက်တစ်ကောင်ဝယ်ထားတယ် သားကို ငါကိုယ်တိုင် ကြက်ဂျင်းဆင်းလုပ်ကျွေးမယ် "
" သားငယ်အတွက် မေကြီးက သားကြိုက်တဲ့ ကြက်ဥပူတင်းလုပ်ပေးမယ် "
" ဟီး ဖေကြီးနဲ့ မေကြီးအကောင်းဆုံး "
ဒယ်ဆမ်းမှာတုံးက အိမ်ထမင်း အိမ်ဟင်းလွမ်းနေတဲ့ ဟိုဆော့အတွက် အိမ်ပြန်ရောက်တဲ့ အချိန်က နိဗ္ဗာန်ဘုံပင်ဖြစ်သည်။
မိသားစုသုံးယောက်ဟာ ရယ်မောရင်းနဲ့ပဲ တော်ပေါ်ရွာငယ်လေးမှာ အေးချမ်းလျက်ရှိနေသည်။
(ခ)
စီအီးအိုရုံးခန်းထဲတွင် အေးစက်တည်ငြိမ်စွာထိုင်နေသော စီအီးအိုမစ္စတာကင်မ်ဟာ ဒေါသဖြစ်နေဟန်ပင်။
တစ်ခန်းလုံးဟာ အေးစက်ငြိမ်သက်နေသည်။
စီအီးအိုရှေ့တွင် ဒဏ်ရာဗလပွနဲ့ ပေတေတေရပ်သော သူမှာ ထယ်ယောင်းဖြစ်သည်။
" ကင်မ်ထယ်ယောင်း မင်းကို ရန်မဖြစ်ဖို့ ဘယ်နှခါပြောရမလဲ မင်းကို ဘယ်ဌာနပို့ပို့ ရန်ပဲဖြစ်နေတော့မှာလား "
" ဖြစ်ချင်လို့ ဖြစ်တာမှမဟုတ်တာ အဲ့ကောင်တွေက အရင်ရန်လာစတာလေ "
" တိတ်စမ်း! ပြောလိုက်ရင် အဲ့တာတွေကြည့်ပဲ ၊ စာရင်းပိုင်းပို့လည်း အဲ့ကမိန်းကလေးတွေနဲ့ စကားများတယ် ၊ အခု ပစ္စည်းတွေ ပိုင်းပို့ထားတော့လည်း လက်ပါတဲ့အထိ ရန်ဖြစ်
မင်းက စီအီးအိုရဲ့ သား!အမွေဆက်ခံသူနော်! ငါ့ကို သိက္ခာချနေတာလား "
" အဲ့တာဆို အစထဲက ရာထူးမြင့်မြင့်တစ်ခုပေးလေ!!! "
" မင်းကို နားလည်စေချင်လို့ လူ့ဘဝအကြောင်း အခုတော့ မင်းက စီအီးအိုသားဆိုပြီး ရန်ပတ်ဖြစ်နေလိုက် "
" အဖေပဲ ဟိုလိုလည်း မဟုတ် ၊ ဒီလိုလည်း မဟုတ် စိတ်ရှုပ်လာပီ သွားပီဗျာ "
" ဘယ်သွားမှာလဲ ပြန်လာခဲ့!!! "
မစ္စကင်မ်၏စကားကို လျစ်လျူရှူကာထယ်ယောင်းသည် ရုံးခန်းထဲက အမြန်ထွက်သွားပီ တံခါးကို ဆောင့်ပိတ်သွားသည်။
အောက်ခြေကနေ သင်ယူပြီး ဘဝအကြောင်းနားလည်စေချင်သော ဖခင်ဖြစ်သူနှင့် ဘယ်နေရာမှ မသည်းခံတတ်၊ မဟုတ်မခံ သားဖြစ်သူတို့ဟာ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေ မရှိခဲ့တာ ကြာပီဖြစ်သည်။
မစ္စတာကင်မ်ဟာ သားဖြစ်သူကို ဘယ်လို ပြောင်းလဲရမလဲ တွေးရင်း ပူလောင်ရင်းကျန်ခဲ့သည်။
သားအကြီးဖြစ်သူမှာလည်း တစ်ယောက်ထဲ အေးချမ်းပေမဲ့ မိသားစုကိစ္စဝင်မပါပဲ ဖာသိဖာသာဖြစ်နေသည်။
အဲ့လိုဖြစ်နေတာ မိခင်မတွေ့လိုက်ရသော အငယ်ကို ပိုပြီး ဂရုစိုက်ပေးမိလို့ သားအကြီးက အေးစက်သွားသည်ဟု မစ္စတာကင်မ် တွေးမိနေသည်။
တစ်ခါတစ်လေတော့လည်း မိခင်မရှိပဲ သားနှစ်ယောက်ကို ထိန်းကျောင်းရသည်မှာ မစ္စတာကင်မ်အတွက် စိတ်ပင်ပန်းရသည်။
(ဂ)
" ဆရာကင်မ်က သားအကြီးဆုံးဖြစ်ပြီး လုပ်ငန်းတွေကို မဦးစီးဘူးလား "
လုပ်ဖော်ကိုင်ဖက်ဆရာတစ်ဦး၏စကားကြောင့် နမ်ဂျွန်းမျက်ခုံးများပင့်တက်သွားသည်။
" ကျွန်တော် ဝါသနာမပါလို့ပါ ညီလေးထယ်ရှိတာပဲ "
" ဆရာကင်မ်က သားအကြီးပဲ နဲနဲကူရမှာပေါ့ "
မိသားစုကိစ္စကို စည်းကျော်သလိုစကားကြောင့် နမ်ဂျွန်း စိတ်တိုသွားပေမဲ့ ဘာမှ ပြန်မဖြေပဲ အပြုံးနှင့်သာတုံ့ပြန်ပြီး ထလာခဲ့သည်။
" ကျွန်တော်ပြန်တော့မယ် "
နမ်ဂျွန်းမျက်နှာပျက်ပြီး အပြုံးတုကြောင့် လုပ်ဖော်ကိုင်ဖက်ဆရာလည်း စကားပြောမှားသွားမှန်း သိသွားသည်။
ကင်မ်နမ်ဂျွန်းဟာ ဘာလို့ တည်ငြိမ်လွန်းရတာလဲ။
ကျောင်းတွင်လည်း ကိုယ့်ကိစ္စမဟုတ်ရင် မည်သည့်ကိစ္စကိုမှ ဝင်မပါသူဖြစ်သည်။
မိခင်ဖြစ်သူဆုံးပါးသွားထဲက ဖခင်ဖြစ်သူအပေါ် မဆိုးပဲ သိတတ်ခဲ့တယ်။
အရာရာတိုင်းကို ညီငယ်လေးအပေါ် ဦးစားပေးတတ်လာသည်။
အကြိုက်ဆုံး အရုပ်ကို ညီလေးဖြစ်သူ ဖျက်ဆီးခဲ့တာတောင် အပြုံးနဲ့သည်းခံခဲ့သူဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရဲ့ " သားကြီးမို့ အကြီးမို့ သိတတ်ရမယ် " ထိုစကားများကြောင့် နမ်ဂျွန်းဟာ သိတတ်လွန်သွားခဲ့တာလား အေးစက်သွားတာလား??
နမ်ဂျွန်း ခြံဝန်းအကျယ်ကြီးဆီကို ဦးတည်ပြီး စက်ဘီးလေးဖြင့်ဝင်လာခဲ့သည်။
နမ်ဂျွန်းဟာ ကျောင်းကို ဘတ်စ်သို့မဟုတ် စက်ဘီးဖြင့်သွားလေ့ရှိသည်။
ကျောင်းသားဘဝကနေ ဆရာဖြစ်တဲ့အထိပေါ့။
ထယ်ယောင်းကတော့ တက္ကသိုလ်ကျောင်းသားဘဝထဲက ပြိုင်ကားမျိုးစုံနဲ့ နောက်ဆုံးပေါ်မောဒယ်တွေကို အလွှတ်မခံဝယ်နေသူဖြစ်သည်။
နမ်ဂျွန်း အိမ်ထဲဝင်တာနဲ့ ကြားရသော ဆူညံသံကြောင့် ဖခင်ဖြစ်သူနဲ့ ညီငယ်တို့ စကားများနေသည်ကို သိလိုက်သည်။
အိမ်အကူအဒေါ်ကြီးမှ သူ့လက်ထဲက အိတ်တွေယူပြီး လာကြိုလေသည်။
" ထယ်ယောင်း ပြဿနာရှာထားပြန်ပီလား ဒေါ်လေး "
" ဟုတ်တယ် သားလေး ၊ ဒီတစ်ခါ တော်တော်ဆိုးတယ် သားလေးထယ်ကို နယ်ကို တစ်နှစ်လောက်ပို့ပစ်မယ်ဆိုပဲ "
" ဟူး အဲ့ကောင်လေးလည်း ဘယ်တော့မှရင့်ကျက်မလဲ မသိ၊ ကျွန်တော့်အတွက် ထမင်းပဲ ပြင်ပေးတော့ ဗိုက်ဆာတယ် ပြဿနာတွေပီးရင် သူတို့ငြိမ်သွားလိမ့်မယ် "
နမ်ဂျွန်းဟာ နမ်ဂျွန်းပါပဲ ၊ ပြဿနာဖြစ်တိုင်း နမ်ဂျွန်းဘယ်သောအခါမှ ဝင်မပါခဲ့ပါ။
အခုလည်း အေးဆေးထမင်းစားပြီး နားဖို့သာ လုပ်လိုက်တော့သည်။
နမ်ဂျွန်း ရေချိုးပြီး အဆင်သင့်ပြင်ထားသော ထမင်းဝိုင်းတွင် ထိုင်ကာ ထမင်းထိုင်စားနေသည်။
ဧည့်ခန်းထဲက ထွက်လာသော မစ္စတာကင်မ်ရဲ့ မျက်နှာဟာ ရဲနေပြီး ဒေါသဖြစ်နေသည်။
ထမင်းစားခန်းမှာ အေးဆေးထမင်းစားနေသော သားကြီးကို မစ္စတာကင်မ်တွေ့တော့ စိတ်ထဲအလိုမကျပေမဲ့ မပြောရက်ခဲ့ပါဘူး။
" သားကြီး ပြန်ရောက်နေတာကြာပီလား "
" ဟုတ် အကိုကြီးလည်း အငယ်ကောင်ကို ဆူနေရတာနဲ့ အိုတော့မယ် "
စနောက်ပြီး ပြောနေသော နမ်ဂျွန်းကြောင့် မစ္စတာကင်မ် အနည်းငယ်ပြုံးမိသွားသည်။
" သားကြီး "
ထမင်းသာဂရုစိုက်စားနေသောနမ်ဂျွန်းကို မစ္စတာကင်မ်ခေါ်လိုက်သည်။
" ဗျာ "
နမ်ဂျွန်းက မစ္စတာကင်မ်ကို မော့ကြည့်လာသည်။
" ဖေဖေတို့က မိသားစုတွေနော် သားညီလေးကို နည်းနည်းဆုံးမကြည့်ပါအုံး ဖေဖေနားတော့မယ် "
နမ်ဂျွန်းတွေးရင်း ကျန်ရစ်နေခဲ့သည်။ မစ္စတာကင်မ်ကို ဘာမှ ခွန်းတုံ့မပြန်ခဲ့ပါ။
အဖေက အငယ်လေးကို ထိန်းလို့မရလို့ သူ့ကို ဆွဲထည့်သည်ဟု နမ်ဂျွန်းထင်မိသွားသည်။
နေရာတကာသိတတ်သော အကြီးတစ်ယောက်၏ တွေးမိတတ်သော အရာဖြစ်သည်။
မစ္စတာကင်မ်ကတော့ နမ်ဂျွန်းကို မိသားစုနှင့်အတူ တိုင်တိုင်ပင်ပင်နွေးနွေးထွေးထွေးဖြစ်စေချင်သည်။
ဒီလိုနဲ့ မိဘနဲ့ သားသမီးကြား နားလည်မှုက လွဲသထက်လွဲနေပြန်ပီ။
ဒါကလည်း သားသမီး အကြီးအငယ်နှစ်ယောက်ရှိသော မိသားစုတိုင်းမှာ ဖြစ်နေကြပင်ဖြစ်သည်။
ဖြေးဖြေးချင်း ညှိယူရမည်မဟုတ်လား ???
/ဝေဖန်ပေးကြပါအုံး ရီဒါတို့ရှင်/
_TBC_20.7.2022_
_ _ _
#ZawGyi
<<ခင္မ်ားက ေမာင့္အပိုင္>>
(က)
ျမဴမွုန္ေတြကာရံထားေသာ ေတာင္တန္းႀကီးကို ျဖတ္ေက်ာ္ၿပီး ေအးစက္လွေသာ ရာသီဥတုဒဏ္ကို သည္းခံကာ ဟိုေဆာ့ဟာ ေတာင္ေပၚမွာရွိတဲ့ ရြာငယ္ေလးကို ဦးတည္ၿပီးသြားေနသည္။
ေတာင္တန္းေတြပတ္ပတ္လည္ကာရံထားေသာ ၿမိဳ႕တစ္ၿမိဳ႕ဟာ ၿမိဳ႕ျပႀကီးေလာက္ ဖြံ့ၿဖိဳးတိုးတက္မွုမရွိေပမဲ့ ေတာင္ေပၚေဒသရြာငယ္ေလးေတြဆီမွ ကေလးငယ္တို႔ဟာ ထိုၿမိဳ႕ဆီသို႔ ေက်ာင္းလာတက္ၾကသည္။
ဒယ္ဆမ္းေက်ာင္းဟာ ဒယ္ဆမ္းၿမိဳ႕ရွိတစ္ခုတည္းေသာ ေက်ာင္းတစ္ခုျဖစ္သည္။
ဆိုးလ္ၿမိဳ႕ႀကီးမွ သူေဌးတစ္ဦး၏ အေထာက္အပံ့ျဖင့္ရပ္တည္ေနေသာေက်ာင္းျဖစ္သည္။
ဟိုေဆာ့ဟာ ဒယ္ဆမ္းရဲ့ ယာယီအလုပ္သင္ဆရာငယ္တစ္ဦးပင္ျဖစ္သည္။
ေမြးရပ္ေျမျဖစ္ေသာ တစ္ဖက္ေတာင္ေပၚရြာငယ္ေလးမွ ဒယ္ဆမ္းတြင္ အလုပ္လာလုပ္ျခင္းသာျဖစ္သည္။
ထိုေတာင္တန္းေဒသတြင္ တစ္ရြာႏွင့္ တစ္ရြာ သြားဖို႔ လမ္းပန္းဆက္သြယ္ေရးလုံးဝမရွိေပ။
ထို႔ေၾကာင့္ ေျခလ်င္သာသြားရသည္။
ၾကာခ်ိန္မွာလည္း သုံးရက္ခန႔္မၽွျဖစ္ေသာေၾကာင့္ ဟိုေဆာ့သည္ ဒယ္ဆမ္းမွာပဲ ေနျဖစ္သည္။
ထို႔အတူ တစ္ျခားေက်ာင္းလာတက္ေသာ ကေလးငယ္မ်ားသည္လည္း မိဘမ်ားႏွင့္ ခြဲကာ ဒယ္ဆမ္းေက်ာင္းမွာ လာေနၾကသည္။
ဟိုေဆာ့သည္ ဖခင္ျဖစ္သူေနမေကာင္းဟူေသာ သတင္းစကားေၾကာင့္ ေက်ာင္းမွ ခြင့္ယူကာ ရြာငယ္ေလးကို အေျပးျပန္သြားေနျခင္းျဖစ္သည္။
ရာသီဥတုဒဏ္ေၾကာင့္ ရဲတက္ေနေသာ ပါးမို႔မို႔ေလးဟာ စပ္ဖ်င္းဖ်င္းခံစားေနရေလာက္ၿပီ။
ရြာထဲကို စဝင္လာၿပီး အုတ္ႀကိဳးနီမ်ားျဖင့္ ၿခံစည္းရိုးကာရံထားေသာ အိမ္ငယ္ေလးဟာ ဟိုေဆာ့၏ အိမ္ပင္ျဖစ္သည္။
" သားငယ္ေလး ျပန္လာတယ္ "
ဟိုေဆာ့ အေမ၏မ်က္ႏွာမွာ ၾကည္လင္ၿပီး အလြန္ေပ်ာ္ေနပုံရသည္။
" ေမႀကီး ေဖႀကီးေနမေကာင္းဘူးဆို "
တစ္ဦးတည္းေသာ သားဟိုေဆာ့ဟာ မိဘမ်ားကို အလြန္ခ်စ္ၿပီး သိတတ္ေသာ အလိမ္မာေလးျဖစ္သည္။
" သားေဖႀကီးကေတာ့ သားကို ေတြ႕ခ်င္လို႔ တမင္ေနာက္လိုက္တာထင္တယ္ သားေဖႀကီး ေဒါင္ေဒါင္ျမည္ပဲ မေန႔ကေတာင္ ရြာထဲ ပတ္သြားေနတာ "
" သားက စိတ္ပူသြားပဲ ေမႀကီးရာ အခုေဖႀကီး ဘယ္မလဲ "
ေနေကာင္းတယ္လို႔ၾကားေပမဲ့ လူကိုယ္တိုင္မျမင္ရ၍ ဟိုေဆာ့သည္ စိတ္မခ်ျဖစ္ေနသည္။
" ဒီမွာပါ သားေတာ္ေမာင္ေလးရဲ့ ေဖႀကီးက သားမလာဘူးထင္ေနတာ "
" ေဟာဗ်ာ ေျပးၾကည့္မွ ဒီအေဖနဲ႔ ဒီအေမပဲရွိတာကို မလာလို႔ရမလားဗ် "
" ဟား ဟား ဟား ငါ့သားက လူလိမၼာေလးပဲ "
ဟိုေဆာ့၏အေဖဟာ ဟိုေဆာ့ကို ဖက္ရင္း ရယ္ေမာေနသည္။
" ေတာ္စမ္းပါ ေတာ့္ေၾကာင့္ က်ဳပ္သားေလး ခရီးပန္းသြားပီ မ်က္ႏွာေလးနဲ႔ ႏွာေခါင္းေလးေတြရဲေနတာပဲ
လာသားေလး အခန္းထဲသြားနားေတာ့ "
" ဒီမိန္းမကေတာ့ မင္းတစ္ေယာက္ထဲ သားကို ခ်စ္တာၾကေနတာပဲ
မနက္က ရြာလယ္က ၾကက္တစ္ေကာင္ဝယ္ထားတယ္ သားကို ငါကိုယ္တိုင္ ၾကက္ဂ်င္းဆင္းလုပ္ေကၽြးမယ္ "
" သားငယ္အတြက္ ေမႀကီးက သားႀကိဳက္တဲ့ ၾကက္ဥပူတင္းလုပ္ေပးမယ္ "
" ဟီး ေဖႀကီးနဲ႔ ေမႀကီးအေကာင္းဆုံး "
ဒယ္ဆမ္းမွာတုံးက အိမ္ထမင္း အိမ္ဟင္းလြမ္းေနတဲ့ ဟိုေဆာ့အတြက္ အိမ္ျပန္ေရာက္တဲ့ အခ်ိန္က နိဗၺာန္ဘုံပင္ျဖစ္သည္။
မိသားစုသုံးေယာက္ဟာ ရယ္ေမာရင္းနဲ႔ပဲ ေတာ္ေပၚရြာငယ္ေလးမွာ ေအးခ်မ္းလ်က္ရွိေနသည္။
(ခ)
စီအီးအို႐ုံးခန္းထဲတြင္ ေအးစက္တည္ၿငိမ္စြာထိုင္ေနေသာ စီအီးအိုမစၥတာကင္မ္ဟာ ေဒါသျဖစ္ေနဟန္ပင္။
တစ္ခန္းလုံးဟာ ေအးစက္ၿငိမ္သက္ေနသည္။
စီအီးအိုေရွ႕တြင္ ဒဏ္ရာဗလပြနဲ႔ ေပေတေတရပ္ေသာ သူမွာ ထယ္ေယာင္းျဖစ္သည္။
" ကင္မ္ထယ္ေယာင္း မင္းကို ရန္မျဖစ္ဖို႔ ဘယ္ႏွခါေျပာရမလဲ မင္းကို ဘယ္ဌာနပို႔ပို႔ ရန္ပဲျဖစ္ေနေတာ့မွာလား "
" ျဖစ္ခ်င္လို႔ ျဖစ္တာမွမဟုတ္တာ အဲ့ေကာင္ေတြက အရင္ရန္လာစတာေလ "
" တိတ္စမ္း! ေျပာလိုက္ရင္ အဲ့တာေတြၾကည့္ပဲ ၊ စာရင္းပိုင္းပို႔လည္း အဲ့ကမိန္းကေလးေတြနဲ႔ စကားမ်ားတယ္ ၊ အခု ပစၥည္းေတြ ပိုင္းပို႔ထားေတာ့လည္း လက္ပါတဲ့အထိ ရန္ျဖစ္
မင္းက စီအီးအိုရဲ့ သား!အေမြဆက္ခံသူေနာ္! ငါ့ကို သိကၡာခ်ေနတာလား "
" အဲ့တာဆို အစထဲက ရာထူးျမင့္ျမင့္တစ္ခုေပးေလ!!! "
" မင္းကို နားလည္ေစခ်င္လို႔ လူ႔ဘဝအေၾကာင္း အခုေတာ့ မင္းက စီအီးအိုသားဆိုၿပီး ရန္ပတ္ျဖစ္ေနလိုက္ "
" အေဖပဲ ဟိုလိုလည္း မဟုတ္ ၊ ဒီလိုလည္း မဟုတ္ စိတ္ရွုပ္လာပီ သြားပီဗ်ာ "
" ဘယ္သြားမွာလဲ ျပန္လာခဲ့!!! "
မစၥကင္မ္၏စကားကို လ်စ္လ်ဴရွူကာထယ္ေယာင္းသည္ ႐ုံးခန္းထဲက အျမန္ထြက္သြားပီ တံခါးကို ေဆာင့္ပိတ္သြားသည္။
ေအာက္ေျခကေန သင္ယူၿပီး ဘဝအေၾကာင္းနားလည္ေစခ်င္ေသာ ဖခင္ျဖစ္သူႏွင့္ ဘယ္ေနရာမွ မသည္းခံတတ္၊ မဟုတ္မခံ သားျဖစ္သူတို႔ဟာ တစ္ေယာက္ႏွင့္တစ္ေယာက္ နားလည္မွုေတြ မရွိခဲ့တာ ၾကာပီျဖစ္သည္။
မစၥတာကင္မ္ဟာ သားျဖစ္သူကို ဘယ္လို ေျပာင္းလဲရမလဲ ေတြးရင္း ပူေလာင္ရင္းက်န္ခဲ့သည္။
သားအႀကီးျဖစ္သူမွာလည္း တစ္ေယာက္ထဲ ေအးခ်မ္းေပမဲ့ မိသားစုကိစၥဝင္မပါပဲ ဖာသိဖာသာျဖစ္ေနသည္။
အဲ့လိုျဖစ္ေနတာ မိခင္မေတြ႕လိုက္ရေသာ အငယ္ကို ပိုၿပီး ဂ႐ုသိုက္ေပးမိလို႔ သားအႀကီးက ေအးစက္သြားသည္ဟု မစၥတာကင္မ္ ေတြးမိေနသည္။
တစ္ခါတစ္ေလေတာ့လည္း မိခင္မရွိပဲ သားႏွစ္ေယာက္ကို ထိန္းေက်ာင္းရသည္မွာ မစၥတာကင္မ္အတြက္ စိတ္ပင္ပန္းရသည္။
(ဂ)
" ဆရာကင္မ္က သားအႀကီးဆုံးျဖစ္ၿပီး လုပ္ငန္းေတြကို မဦးစီးဘူးလား "
လုပ္ေဖာ္ကိုင္ဖက္ဆရာတစ္ဦး၏စကားေၾကာင့္ နမ္ဂၽြန္းမ်က္ခုံးမ်ားပင့္တက္သြားသည္။
" ကၽြန္ေတာ္ ဝါသနာမပါလို႔ပါ ညီေလးထယ္ရွိတာပဲ "
" ဆရာကင္မ္က သားအႀကီးပဲ နဲနဲကူရမွာေပါ့ "
မိသားစုကိစၥကို စည္းေက်ာ္သလိုစကားေၾကာင့္ နမ္ဂၽြန္း စိတ္တိုသြားေပမဲ့ ဘာမွ ျပန္မေျဖပဲ အျပဳံးႏွင့္သာတုံ႔ျပန္ၿပီး ထလာခဲ့သည္။
" ကၽြန္ေတာ္ျပန္ေတာ့မယ္ "
နမ္ဂၽြန္းမ်က္ႏွာပ်က္ၿပီး အျပဳံးတုေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ဆရာလည္း စကားေျပာမွားသြားမွန္း သိသြားသည္။
ကင္မ္နမ္ဂၽြန္းဟာ ဘာလို႔ တည္ၿငိမ္လြန္းရတာလဲ။
ေက်ာင္းတြင္လည္း ကိုယ့္ကိစၥမဟုတ္ရင္ မည္သည့္ကိစၥကိုမွ ဝင္မပါသူျဖစ္သည္။
မိခင္ျဖစ္သူဆုံးပါးသြားထဲက ဖခင္ျဖစ္သူအေပၚ မဆိုးပဲ သိတတ္ခဲ့တယ္။
အရာရာတိုင္းကို ညီငယ္ေလးအေပၚ ဦးစားေပးတတ္လာသည္။
အႀကိဳက္ဆုံး အ႐ုပ္ကို ညီေလးျဖစ္သူ ဖ်က္ဆီးခဲ့တာေတာင္ အျပဳံးနဲ႔သည္းခံခဲ့သူျဖစ္သည္။
ေဘးပတ္ဝန္းက်င္ရဲ့ " သားႀကီးမို႔ အႀကီးမို႔ သိတတ္ရမယ္ " ထိုစကားမ်ားေၾကာင့္ နမ္ဂၽြန္းဟာ သိတတ္လြန္သြားခဲ့တာလား ေအးစက္သြားတာလား??
နမ္ဂၽြန္း ၿခံဝန္းအက်ယ္ႀကီးဆီကို ဦးတည္ၿပီး စက္ဘီးေလးျဖင့္ဝင္လာခဲ့သည္။
နမ္ဂၽြန္းဟာ ေက်ာင္းကို ဘတ္စ္သို႔မဟုတ္ စက္ဘီးျဖင့္သြားေလ့ရွိသည္။
ေက်ာင္းသားဘဝကေန ဆရာျဖစ္တဲ့အထိေပါ့။
ထယ္ေယာင္းကေတာ့ တကၠသိုလ္ေက်ာင္းသားဘဝထဲက ၿပိဳင္ကားမ်ိဳးစုံနဲ႔ ေနာက္ဆုံးေပၚေမာဒယ္ေတြကို အလႊတ္မခံဝယ္ေနသူျဖစ္သည္။
နမ္ဂၽြန္း အိမ္ထဲဝင္တာနဲ႔ ၾကားရေသာ ဆူညံသံေၾကာင့္ ဖခင္ျဖစ္သူနဲ႔ ညီငယ္တို႔ စကားမ်ားေနသည္ကို သိလိုက္သည္။
အိမ္အကူအေဒၚႀကီးမွ သူ႔လက္ထဲက အိတ္ေတြယူၿပီး လာႀကိဳေလသည္။
" ထယ္ေယာင္း ျပႆနာရွာထားျပန္ပီလား ေဒၚေလး "
" ဟုတ္တယ္ သားေလး ၊ ဒီတစ္ခါ ေတာ္ေတာ္ဆိုးတယ္ သားေလးထယ္ကို နယ္ကို တစ္ႏွစ္ေလာက္ပို႔ပစ္မယ္ဆိုပဲ "
" ဟူး အဲ့ေကာင္ေလးလည္း ဘယ္ေတာ့မွရင့္က်က္မလဲ မသိ၊ ကၽြန္ေတာ့္အတြက္ ထမင္းပဲ ျပင္ေပးေတာ့ ဗိုက္ဆာတယ္ ျပႆနာေတြပီးရင္ သူတို႔ၿငိမ္သြားလိမ့္မယ္ "
နမ္ဂၽြန္းဟာ နမ္ဂၽြန္းပါပဲ ၊ ျပႆနာျဖစ္တိုင္း နမ္ဂၽြန္းဘယ္ေသာအခါမွ ဝင္မပါခဲ့ပါ။
အခုလည္း ေအးေဆးထမင္းစားၿပီး နားဖို႔သာ လုပ္လိုက္ေတာ့သည္။
နမ္ဂၽြန္း ေရခ်ိဳးၿပီး အဆင္သင့္ျပင္ထားေသာ ထမင္းဝိုင္းတြင္ ထိုင္ကာ ထမင္းထိုင္စားေနသည္။
ဧည့္ခန္းထဲက ထြက္လာေသာ မစၥတာကင္မ္ရဲ့ မ်က္ႏွာဟာ ရဲေနၿပီး ေဒါသျဖစ္ေနသည္။
ထမင္းစားခန္းမွာ ေအးေဆးထမင္းစားေနေသာ သားႀကီးကို မစၥတာကင္မ္ေတြ႕ေတာ့ စိတ္ထဲအလိုမက်ေပမဲ့ မေျပာရက္ခဲ့ပါဘူး။
" သားႀကီး ျပန္ေရာက္ေနတာၾကာပီလား "
" ဟုတ္ အကိုႀကီးလည္း အငယ္ေကာင္ကို ဆူေနရတာနဲ႔ အိုေတာ့မယ္ "
စေနာက္ၿပီး ေျပာေနေသာ နမ္ဂၽြန္းေၾကာင့္ မစၥတာကင္မ္ အနည္းငယ္ျပဳံးမိသြားသည္။
" သားႀကီး "
ထမင္းသာဂ႐ုစိုက္စားေနေသာနမ္ဂၽြန္းကို မစၥတာကင္မ္ေခၚလိုက္သည္။
" ဗ်ာ "
နမ္ဂၽြန္းက မစၥတာကင္မ္ကို ေမာ့ၾကည့္လာသည္။
" ေဖေဖတို႔က မိသားစုေတြေနာ္ သားညီေလးကို နည္းနည္းဆုံးမၾကည့္ပါအုံး ေဖေဖနားေတာ့မယ္ "
နမ္ဂၽြန္းေတြးရင္း က်န္ရစ္ေနခဲ့သည္။ မစၥတာကင္မ္ကို ဘာမွ ခြန္းတုံ႔မျပန္ခဲ့ပါ။
အေဖက အငယ္ေလးကို ထိန္းလို႔မရလို႔ သူ႔ကို ဆြဲထည့္သည္ဟု နမ္ဂၽြန္းထင္မိသြားသည္။
ေနရာတကာသိတတ္ေသာ အႀကီးတစ္ေယာက္၏ ေတြးမိတတ္ေသာ အရာျဖစ္သည္။
မစၥတာကင္မ္ကေတာ့ နမ္ဂၽြန္းကို မိသားစုႏွင့္အတူ တိုင္တိုင္ပင္ပင္ေႏြးေႏြးေထြးေထြးျဖစ္ေစခ်င္သည္။
ဒီလိုနဲ႔ မိဘနဲ႔ သားသမီးၾကား နားလည္မွုက လြဲသထက္လြဲေနျပန္ပီ။
ဒါကလည္း သားသမီး အႀကီးအငယ္ႏွစ္ေယာက္ရွိေသာ မိသားစုတိုင္းမွာ ျဖစ္ေနၾကပင္ျဖစ္သည္။
ေျဖးေျဖးခ်င္း ညႇိယူရမည္မဟုတ္လား ???
_TBC_20.7.2022_
_ _ _