IDOL
By Thurein__
48.2K 3.2K 580
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More
IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking
27 (Uni)
388 38 16
By Thurein__
သုံးရက်လောက်ကြာပြီးတဲ့အခါ အစ်ကို့အတွက်သီချင်းစပ်တာပြီးသွားခဲ့သည်။ ဇာတ်လမ်းက သုခဇာတ်လမ်းကိုယူရေးထားတာဆိုတော့ သုခကိုမေးခွန်းလေးတွေတော့ စစလေးမေးခဲ့သည်။
"မင်း ငြင်းခံလိုက်ရတဲ့အချိန်တုန်းက ဘယ်လိုခံစားရလဲ"
"ပိုမပြောဘူး။ ကမ္ဘာပြိုတော့မယ့်အတိုင်းပဲ"
"ခုရော ဆက်ချစ်သွားဦးမှာလား"
"ဟင့်အင်း။ လွှတ်ချလိုက်တော့မယ်။ ဆွဲထားရတာသိပ်ပင်ပန်းတယ်"
"ဒါဆို မေ့နိုင်ပြီလား"
"အင်း"
နောက်ဆုံးမေးခွန်းမှာ သုခကိုယ်တိုင် တည််တည်ကြည်ကြည်နဲ့ အင်း လို့ဖြေတော့ ညီညီပျော်ခဲ့ရသေးသည်။ ဘာလို့ဆို သုခကို အချစ်ကိုဘဝကြီးထင် အချစ်မှာကျရှုံးပြီး လေသွားတာမျိုးမဖြစ်စေချင်။
"ငါက သူမင်းသမီးမဖြစ်ခင်ကတည်းက ကြိုက်တာ"တဲ့ဆိုလို့ နှစ်တွေအများကြီး သစ္စာရှိရှိချစ်လာပြီးမှ လူသိရှင်ကြား အငြင်းခံရလိုက်ရတဲ့အခိုက်အတန့်မှာ နှလုံးသားတစ်ခုလုံးကြေကွဲရမှာပေါ့။ အကွဲကိုအကွဲတိုင်းမထားဘဲ အကောင်းအတိုင်းပြန်ဆက်မှာကို မျှော်လင့်နေခဲ့တာ။
ခုတော့မျှော်လင့်တဲ့အတိုင်း။
ညီညီရေးချင်နေတာကလည်း အဲ့လိုဇာတ်ကြောင်းပဲ။ အချစ်ကြီး အချစ်စစ်တဲ့လူတစ်ယောက်။ ကိုယ်ချစ်တဲ့သူဆီက ခုတစ်ဘဝလုံးစာ ဆုံစည်းနိုင်ဖို့ လုံးဝမဖြစ်နိုင်တော့မှန်း သိသွားတဲ့အချိန်မှာ လုံးဝအပြိုပြိုအလဲလဲပေါ့။ ဒါပေမယ့် ပြိုလဲသွားတဲ့အတိုင်းမနေဘဲ ရအောင်ပြန်ထနိုင်ပြီး ဘဝကိုလူတစ်ယောက်အတွက်နဲ့ အချိန်တွေကုန်သွားရမှာ နှမြောတဲ့လူတစ်ယောက်။
နောက်ဆုံးသူ့ဘဝသူ ပေါ့ပါးစွာနဲ့လျှောက်လှမ်းမယ်။ ဒါပါပဲ။ သီချင်းနာမည်ကိုတော့ "မထိုက်တန်သူ"လို့ပေးထားသည်။
"ညီရယ် သီချင်းကကောင်းလိုက်တာကွာ"
အစ်ကိုက စာသားပါစာရွက်ကို အကြမ်းဖျင်းဖတ်ရင်းပြောသည်။ သံစဥ် Notes တွေပါ အကုန်
ထည့်တာမို့ သီချင်းတစ်ပုဒ်အတွက်အကုန်အပြီးအစီးလက်ဆောင်ဖြစ်သွားသည်။ သုခလည်း ကောင်းလိုက်တာဟုပြောပါသည်။
သကောင့်သားက ငိုတောင်ငိုသေးတာ။
ကိုယ်ဆိုတာကောင်းလို့တဲ့လေ။ ပေါက်ကရတွေ .... သူ့ဘာသာမမေ့နိုင်သေးတာကို။
"ကိုယ်တီးပြီးဆိုကြည့်ဦးမယ်"
ကျောင်းရဲ့ဂီတခန်းကျယ်ကြီးထဲမှာ ညီညီနဲ့အစ်ကိုနှစ်ယောက်တည်း။ နေ့လည်ကျောင်းဆင်းချိန် ထမင်းစားပြီးတွေ့ချင်တယ်လို့ ညီညီကစချိန်းခဲ့တာမို့ ဆုံမိခြင်းပင်။
ခုနောက်ပိုင်း ညီညီ့ကိုလူတွေပိုပြီး ခေါ်ပြောလာကြသည်။ ဒင်နာညက ဆိုင်မှာစားသောက်နေရင်း အစ်ကို့ပရိတ်သတ်တွေကဓာတ်ပုံလာရိုက်ကြသည်။ တစ်ပါတည်း ညီညီ့ကိုပါမှတ်မိကြပြီး
ညီညီနဲ့ပါအမှတ်တရဓာတ်ပုံရိုက်ချင်ပါတယ်ဆိုလို့ ရှက်ရှက်နဲ့ရိုက်ပေးခဲ့ရသေးသည်။ ထိုအချိန်မျိုးမှာ ညီညီ့ရင်ထဲမှာ အဆိုတော်တစ်ယောက်ရဲ့ခံစားချက်တွေလိုမျိုး ဖြစ်ဖြစ်လာတာ။ ခုဆို ညီညီ့ကို အစ်ကိုနဲ့တွဲတွဲပြီးမြင်လာကြသည်။ သီချင်းတစ်ပုဒ်လောက်အတူထွက်ပေးပါလားဆိုတာလေးတွေတောင် တစ်စတစ်စတွေ့မိသည်။ ညီညီပျော်ရ၏။
"မင်းကိုမြင်ယောင်တဲ့အချိန်တိုင်းက ကိုယ့်အတွက်နာကျင်ရဆုံးအချိန်ပဲ ××× နှလုံးသားလေးနာသွားပြီ ကိုယ်မင်းကိုမတွေ့ချင်တဲ့အထိပေါ့ ××× အရူးအမူးချစ်ခဲ့တဲ့သူက မင်းဆိုတာကို ဖျောက်ဖျက်လိုက်နိုင်ချင်ပါရဲ့ ××× စိတ်ကဆောင်လို့ ကိုယ်မပါ ×× မင်းမချစ်တဲ့စိတ်ကြောင့် လက်မှိုင်ချ ×× ပြိုတော့မယ့်မိုးလို မှိုင်းအုံ့နေချိန် × ကိုယ့်မျက်ရည်တွေ မိုးစက်တွေထက်အရင် × မြေပြင်ပေါ်ကိုသက်ဆင်း ×××"
အစ်ကိုက စာတန်းလေးအပေါ်ရေးထားတဲ့
ကော့ဒ်သင်္ကေတလေးတွေအတိုင်း ဆွဲသင့်တဲ့နေရာဆွဲ မြှင့်ရမယ့်နေမြှင့်ပြီး ပထမဆုံးတစ်ခေါက်အကြမ်းဖျင်းဆိုကြည့်နေသည်။ ကိုယ့်စာသားအပေါ်သာ ကိုယ်သိပ်အားမရတာ။ အစ်ကိုအသံနဲ့ကျတော့ လုံးဝပါဖက်။
"အခုငါ အဆင်ပြေနေပြီ ×× မင်းထားခဲ့ခြင်းအဖြစ်ကို လက်ခံနိုင်သွားပြီ ×× ငါ့ကျောပေါ်က ဝန်ထုတ်ကြီး ငါလျှော့ချနိုင်သွားပြီ ××× တလောကလုံးလည်းသိသွားကြမှာ × နောက်ဆုံးတော့ ငါမင်းကိုတကယ်ပြတ်သား× နိုင် × သွား × ပြီ × မင်းဟာ အချစ်နဲ့ မထိုက်တန်သူ......"
"ညီရေ ကိုယ်တကယ်ကြိုက်တယ်ကွာ"
"ဟီး"
အစ်ကိုချီးကျူးတော့ ညီညီ့မှာမနေတတ်။
"ဒီခေါင်းလေးက စပ်တတ်လိုက်တာကွာ။ ရွှေခေါင်းလေး ရွှေခေါင်းလေး"
ညီညီ့ဆံပင်တွေကို လက်ချောင်းတွေနဲ့ထိုးဖွသည်။ အကိုဖွတာမခံရတာတောင် ကြာခဲ့ပြီ။ အစ်ကိုရဲ့ ညီညီ့အပေါ်ပြောသမျှစကားလုံးတွေ ပြုမူသမျှအပြုအမူလေးတွေ မြင်ရသမျှမြင်ကွင်းလေးတွေ ထိတွေ့ဆက်ဆံမှုတွေအကုန် အသေးစိတ်ကမှအစ ညီညီမှတ်ထားသည်။
ကိုယ်လေးစားအားကျအတုယူပြီး ချစ်ရတဲ့လူနဲ့ ကိုယ့်ရဲ့ဆုံတွေ့ဖြတ်ကျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေဟာ မေ့ပစ်ဖို့ မေ့သွားဖို့နှမြောမိလွန်းသည်။ ကိုရီးယားကိုရောက်သွားရင် အစ်ကိုနဲ့အဆက်အသွယ်ပြတ်သွားမှာ။ ခုလိုရွှေရောင်အချိန်လေးတွေ ထပ်မရတော့ဘူးလေ။ အစ်ကိုလည်းလူရွေးပွဲဝင်ပြိုင်မယ်ဆိုဦးတော့ ခဏတာတော့ဝေးသွားရဦးမှာပင်။
"အစ်ကိုသဘောကျတယ်ဆိုတော့ ကျွန်တော်ပျော်ပါတယ်"
"ညီညီ ဟိုကိုရောက်လည်း အစ်ကို့ကိုဆက်သွယ်နော်။ ဖုန်းမကိုင်ရလည်း ရအောင်ကြံပြီးဆက်သွယ်နော်။ မေ့မသွားနဲ့ဦး။ အစ်ကို့မှာဒီညီလေးတစ်ယောက်ရှိတာ"
"ဟုတ်"
ညီညီက သူ​စတွေ့ဖူးကလို အူတူတူနဲ့လူကြောက်တဲ့ပုံမဟုတ်တော့။ သပ်သပ်ရပ်ရပ်နဲ့ မျက်နှာလေးထင်းပြီး ဝတ်တတ်စားတတ်လာခဲ့ပြီ။ သူနဲ့ဆိုအမြဲပြုံးရွှင်နေတတ်ပြီး မျက်လုံးလေးတွေအရောင်လက်နေတတ်သည်။ နောက်ဆုံး သူ့လမ်းသူလျှောက်ဖို့ အဆင်သင့်တောင်ဖြစ်နေပြီလေ။ ကိုယ်ကတွဲမလျှောက်န်ုင်ရင်တောင် အားပေးပေးရမှာပေါ့။
"အတန်းပြန်တော့လေ ညီညီ ကျောင်းပြန်တက်​တော့မယ်"
"ဟုတ် အာ့ဆိုပြန်တော့မယ်။ နောက်ရက်ကျမတွေ့ရတော့မှာစိုးလို့ ထပ်နှုတ်ဆက်မယ်နော်။ ဘိုင့် အစ်ကို"
"အစ်ကိုအားရင် လေဆိပ်ကိုပါလိုက်ခဲ့ပါ့မယ်"
"ဟုတ်"
အင်း။ ဒီလိုနဲ့ ကိုယ့်မှာလေးရက်ပဲကျန်တော့သည်။
..........
ဧည့်ခန်းတွင် ဒယ်ဒီနဲ့မာမီ တီဗွီကြည့်နေသည်။ ဖေဖေက ဘောလုံးပွဲမကြိုက်ပေမယ့် သတင်းဆို တာနဲ့ ပြည်တွင်းပြည်ပအကုန်ကြိုက်သည်။ မေမေကျ အိန္ဒိယကားတွေကလွဲရင် အကုန်ကြိုက်သည်။ ရောင်စဥ် ဧည့်ခန်းရောက်လာတော့ နှစ်ယောက်သားကြည့်နေကြတာ မြန်မာကားတစ်ကား။ နိုင်ငံကျော်ရုပ်ရှင်ကားတစ်ကားဖြစ်သည့် "မီ"ကိုပင်။
ဒယ်ဒီပြောနေတာကြာပြီ။ မီ လိုမျိုး အရည်အသွေးပြည့် ဇာတ်ကားတစ်ကားရိုက်ချင်တယ်တဲ့။ ဒီဇင်ဘာပိတ်ရက်က ကုမ္ပဏီကိုအလည်သွားရင်း သတင်းသဲ့သဲ့ကြားမိတာ နာမည်ကြီးဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်ညွှန်းတစ်ခုရိုက်ဖို့ပြင်နေတယ်ဆိုပဲ။
ဝတ္ထုမူပျက်မှာစိုး၍ ရုပ်ရှင် မရိုက်ကြရန်ဝိုင်းကန့်ကွက်နေတဲ့ကြားက ဖြစ်အောင်ရိုက်ပေးပါ့မယ်လို့ကတိပေးပြီး ဝယ်ထားရတဲ့ နိုင်ငံကျော်ဝတ္ထုဇာတ်ညွှန်းတဲ့။
မင်းသမီးဇာတ်တဲ့။ အရွယ်သုံးရွယ်မို့ မင်းသမီးသုံးယောက်ဖြစ်ပြီး တစ်ရွယ်စီတိုင်းကလုပ်ကွက်အပြည့်ရတဲ့ဇာတ်တဲ့။ ဘယ်အရွယ်တွေလဲမေးကြည့်တော့ ကလေးအရွယ် အပျိုအရွယ် အမေအရွယ်ပါတဲ့။ အက္ခရာအကျဆူံးကတော့ အပျိုအရွယ်တဲ့လေ။
ရောင်စဥ်လုပ်ကြည့်ချင်လိုက်တာ။ အဲ့လိုခက်ခက်ခဲခဲဇာတ်ကောင်မျိုး ရိုက်ရရင် တစ်နှစ်လုံးမှာတစ်ကားပဲရိုက်ရလည်းရတယ်။ ပရိတ်သတ်အကြိုက်လိုက်ရိုက်တာထက် ကိုယ်ကိုယ်တိုင်အားထုတ်ရမယ့် ဇာတ်ကောင်မျိုးကို ရောင်စဥ်ကပိုကြိုက်တာ။
ဒယ်ဒီဆီ ဘယ်မင်းသမီးကိုကမ်းလှမ်းပြီးပြီးလဲလို့ မေးမကြည့်ရဲ။ သူနဲ့ကိုယ်နဲ့လောင်းထားတာလေ။ ဒါတောင် ကြော်ညာတွေမဂ္ဂဇင်းတွေ လက်ခံထားလို့ဆိုပြီး ဆူမယ်လုပ်သေးတာ။ ခုတော့ ရောင်စဥ့်သဘောတူညီချက်ကိုပြောင်းရတော့မယ်ထင်သည်။ ခုနကဇာတ်ကောင်ပါတဲ့တစ်ကားပဲရိုက်ခွင့်ပေး နောက်ထပ်ဘာကားမှ အထက်တန်းမပြီးမချင်းမရိုက်တော့ဘူးဟု အများကြီးနဲ့တစ်ခုလဲရမယ့် သဘောတူညီချက်လုပ်ရတော့မည်။
"ဒယ်ဒီ"
ဒယ်ဒီရောမာမီပါ လှည့်ကြည့်လာပြီး ထိုင်နေတဲ့ဆိုဖာပေါ် ရောင်စဥ့်ကိုလာထိုင်ဆိုတဲ့သဘောနဲ့ ဘေးတစ်ဖက်စီကိုတိုးပေးကြလေသည်။
"လာလေ သမီး။ ဒီမှာဇာတ်ကားကောင်းနေပြီ"
"မကြည့်ဖူးတာလည်းမဟုတ်ဘဲနဲ့။ ဘယ်နှစ်ခေါက်ရှိနေပြီလဲ"
"​ဇာတ်​ကားကောင်းဆိုတာ ရိုးသွားတယ်လို့မရှိဘူးလေ"
ရောင်စဥ့်မှာ လိုရင်းကိစ္စအတွက် စကားစရှာမရ။ နည်းနည်းလေးမှ သိသာလို့မဖြစ်။ ဒယ်ဒီကသိပ်ပါးနပ်တာ။
"ဒယ်ဒီ့ကုမ္ပဏီကလည်း အဲ့လိုကားမျိုးတစ်ကားလောက်ရိုက်လိုက်လေ။ ဒါရိုက်တာကိုလည်း ကိုဏကြီးတို့ ကိုထူးပိုင်တို့ ခီမောင်နှံတို့ဆီအပ်လိုက်ပေါ့။ ဘတ်ဂျက်များများသုံးပေးပါ ဒယ်ဒီရယ်။ ခုနောက်ပိုင်းကားတွေအတော်အများ ပေါ့ပျက်ပျက်နဲ့"
"စဥ်းစားနေ​ပါတယ်ကွာ။ 7Colours အကြောင်းလည်းသိသားနဲ့။ ဘယ်တုန်းကအပေါစားတွေ ထုတ်ဖူးလို့လဲ။ ခုတောင်တကယ့်အကြီးစားကြီးထုတ်ဖို့ပြင်နေတာ"
အိုး။ စကားစရပြီ။ ရောင်စဥ်စကားဆက်နှိုက်လို့ရပေပြီ။
"ဘယ်လိုအကြီးစားလဲ ဒယ်ဒီ"
"ဒယ်ဒီတို့နှာတဖျားလေးလက်ဦးသွားလို့ရလာတဲ့ လူတိုင်းအကြိုက်ဝတ္ထုတစ်ပုဒ်လေ။ အာရှထိပေါက်အောင်ရိုက်မယ်"
ရောင်စဥ့်ရင်ထဲ သိမ့်ခနဲ။ ဒယ်ဒီက သူ့ကုမ္ပဏီကထွက်လာမယ့် ဇာတ်ကားတိုင်းပေါ်မှာမျှော်မှန်းချက်အကြီးကြီးထားနေကျ။ ဒါပေမယ့် ခုတစ်ကားအပေါ် ပိုပြီးမျှော်မှန်း​ထားတယ်ထင်သည်။ ဒယ်ဒီကလုပ်မယ်ဆိုရင်တကယ်ဖြစ်အောင်လုပ်တတ်တာ။ အာရှထိပေါက်အောင်လုပ်မယ့်ကားမှာ ကိုယ်ပါလိုက်ချင်ပါဘိ။
"သရုပ်ဆောင်တွေကဘယ်သူလဲဟင်"
ဒယ်ဒီက စစ်ဆေးမေးမြန်းနေသည့် ရောင်စဥ့်ကိုဝေ့ကြည့်လာသည်။ ရိပ်မိသွားတာလား။
"စဥ်းစားတုန်းပါ။ ပေါပေါပဲပဲမရွေးဘူး။ သေချာစိစစ်ပြီးရွေးမှာ"
လူမရွေးရသေးဘူးဆိုတဲ့သဘော။ ကိုယ်ပါလို့ရအောင်ဘယ်လိုလုပ်ရမလဲ။ အကြံပေါ်စမ်း အကြံပေါ်စမ်း။ တည့်ပဲပြောလိုက်ရမလား။ ဟုတ်တယ် ကွေ့ပတ်ပြောတာကိုယ့်ပုံစံမှမဟုတ်တာ။ တည့်ပဲပြောမယ်။ ကိုယ်စဥ်းစားထားတဲ့အပေးအယူက ဒယ်ဒီလုံးဝလက်ခံဖို့သေချာသလောက်ပဲလေ။
ရောင်စဥ်ပြောမလို့ပြင်စဥ်မှာပဲ ဒယ်ဒီကအရင်ကြားဖြတ်ဝင်ပြောလေသည်။ ဒယ်ဒီ့မေးခွန်းကြောင့် ရောင်စဥ်မှာကြောင်အသွား၏။
"သက်မင်းခန့်ထင်က ဂေးလား"
ရုတ်တရက်ဘာဖြေရမှန်းမသိ။ ဘာမေးလိုက်မှန်းကို ချက်ချင်းဖော်မရတာ။ မိဘချင်းအလုပ်နယ်ပယ်မှာ သိကြပေမယ့် လူ အရင်းကြီးတော့ဟုတ်မနေ။ ကိုသက်ထင်သီချင်းမှာ ရောင်စဥ်သရုပ်ဝင်ဆောင်ပေးဖို့ ဒယ်ဒီခွင့်ပြုလိုက်တုန်းကရယ် ရောင်စဥ့်ပွဲဦးထွက်ဇာတ်ကားအတွက် ပန်းစည်းပို့ပေးတဲ့အချိန် နှစ်ချိန်ကသာပဲ အနီးကပ်ဆုံးဆက်ဆံမှုလို့ပြောရမလား။
ကြားထဲ ဇာတ်ဝင်တေးဆိုဖို့ ကိုသက်ထင်တို့ ကုမ္ပဏီကအဆိုတော်တွေနဲ့အလုပ်တွဲလုပ်တုန်းကလည်း ဆိုင်ရာလူတွေလုပ်သွားတာ။ CEO ချင်းကအဲ့လောက်မရင်းနှီး။
ဒါဆို ကိုသက်ထင်အကြောင်းဘာလို့မေးတာလဲ။
"ဘာလို့လဲ ဒယ်ဒီ။ မဟုတ်ဘူးထင်တာပဲ"
မဟုတ်ပါဘူးလို့ ယတိပြတ် ဖြေလိုက်ရင် သမီးကဘယ်လိုသိလဲဆိုပြီးပြန်လာဦးမှာ။ ဒယ်ဒီအကွက်တွေကြိုမြင်နေတယ်။
"ဟိုတလောကမှ သမီးနဲ့သတင်းတွေထွက်ပြီး ခုလည်းကောင်လေးတစ်ယောက်နဲ့ သတင်းတွေထွက်နေပြန်ပြီလေ"
"ဟင် ဘယ်သူနဲ့လဲ"
ရောင်စဥ်တကယ်မသိရပါ။ အစ်ကိုက
ယောကျ်ားလေးတစ်ယောက်နဲ့ သတင်းတွေထွက်တယ်တဲ့လား။ ဆိုရှယ်မီဒီယာအပေါ်မှာ ကိုသက်ထင်နဲ့ပတ်သတ်ပြီးမြင်တာဆိုလို့ ဂုဏ်ရည်ညီညီနဲ့သီချင်းဆိုတာ.....။
ဟင် ဂုဏ်ရည်ညီညီနဲ့သတင်းထွက်နေတာလား။
"အာ့တော့ ဒယ်ဒီကဘယ်သိမလဲ။ မဟုတ်ပါဘူး ဂေး ဂေး မဂေးဂေး ကိစ္စမရှိပါဘူး။  ဒယ်ဒီက Boy love ဇာတ်ညွှန်းတစ်ခုရထားလို့ Chemistry မိမယ့်သူနှစ်ယောက်ရှာနေတာ။ အသစ်လည်းဖြစ်ရမယ်ဆိုပြီးရှာနေတဲ့အချိန် သူတို့ဆိုထားတဲ့ဗီဒီယိုတွေတက်လာတာနဲ့ ကမ်းလှမ်းမလို့စဥ်းစားနေတာ"
ရောင်စဥ့်စိတ်ထဲ မရိုးမယွ။ ငြိမ်သာနားထောင်နေရတယ် ဘာကိုအလိုမကျမှန်းမသိပေ။ ဂုဏ်ရည်ညီညီတို့ရဲ့ စန်းထချိန်လားဘာလား။
မှတ်မှတ်ရရ ဆရာမရဲ့မွေးနေ့နေ့ကတည်းက တဟုန်ထိုးထလာတဲ့စန်း။ စုံညီမှာလည်း Hall တစ်ခုလုံး အုံးအုံးကြွက်ကြွက်လုပ်ခဲ့တာ။ ကြားထဲဘယ်လိုဆုံဖြစ်ပြီးမသိ ဆိုဖြစ်ကြတဲ့ Video ကလည်း ပျံသွားတာ မမြင်ချင်မှမဆုံး။ နာမည်ကြီးချင်လို့ ကိုသက်ထင်ကိုကပ်တယ်လို့ကလည်း ပြောမရ။ ကိုသက်ထင်ရောသက်နှင်းရော ကိုယ်တိုင်ကအရေးပေးနေတာ မြင်ရတာပဲလေ။
ခုလည်း လူတိုင်းကို ခေါင်းထဲမထည့်တတ်တဲ့
ဒယ်ဒီ့ရဲ့ခေါင်းထဲမှာ ဂုဏ်ရည်ညီညီရှိနေခဲ့ပြီ။ ဂုဏ်ရည်ညီညီ့ရဲ့စန်းကတော့ အံ့မခန်းပါပဲ။ ဇာတ်ကားကမ်းလှမ်းဖို့စဥ်းစားနေတာတဲ့။
ဒါ့အပြင် Boy Love ဇာတ်လမ်း ပါဆိုတော့ LGBT ကိုအလေးပိုပေးလာတဲ့ဒီခေတ်ကြီးမှာသာ တွဲဖက်က အစ်ကိုနဲ့ဆိုရင် ဂုဏ်ရည်ညီညီတို့ တစ်ကားတည်းနဲ့ဟိုးဟိုးကျော်ပြီပဲ။
အစ်ကိုကအဆိုတော်မို့လို့ ရုပ်ရှင်ရိုက်ဖို့ကိစ္စကိုလက်မခံလောက်ဘူးမထင်ပါ။ ဂုဏ်ရည်ညီညီနဲ့မို့လို့ကိုလက်ခံမှာလို့ ရောင်စဥ်သိနေသည်။ ဂုဏ်ရည်ညီညီဆိုရင်လည်း သူ့ကိုတစေနှိမ်နေတဲ့ ထာဝစဥ်ရွှေလိုလူမျိုးတောင် မျက်နှာမော်မ
ကြည့်ရဲတဲ့အထိကို အရည်အချင်းတွေရှိနေကြောင်း ပြခဲ့ပြီးပြီ။ တစ်နည်းအားဖြင့် အနုပညာဘက်မှာအထုံပါတဲ့သူဆိုတော့ လက်ခံမှာအသေအချာပါပဲ။
ခေတ်ရေစီးကြောင်းကိုကောင်းကောင်းသိတဲ့ဒယ်ဒီက အောင်မြင်မှာဆို ဇာတ်လမ်းဆို Bl GL တွေရွေးနေမှာမဟုတ်။ ပရိတ်သတ်ရဲ့အားပေးမှုကိုရနေတဲ့နှစ်ယောက် ဒါ့အပြင် လူအများပိုကြည့်ချင်ကြတဲ့ ဇာတ်လမ်းမျိုး။ အကြီးမားဆုံးထုတ်လုပ်ရေးလုပ်ငန်းကထုတ်ချလိုက်တဲ့ ဒီကားက ကံကောင်းရင်ထိုးဖောက်ပြီးပေါက်ဦးမှာ။ Bl Gl Series တွေရဲ့သဘောသဘာဝအရ လူနှစ်ယောက်က ဇာတ်ကားတစ်ခုမှာအတူသရုပ်ဆောင်လိုက်ပြီဆိုရင် ဇာတ်ကားပြီးသွား
သည့်တိုင် ဒီလူအတွဲဟာ သူတို့ရဲ့ရင်ထဲက ထာဝရအတွဲပဲ။
ပြင်ပမှာ ချစ်သူရည်းစားရှိရင်တောင် လုံးဝမကြိုက်ကြတာ။ သရုပ်ဆောင်နှစ်ယောက်ကလည်း ပရိတ်သတ်တွေသူတို့အပေါ်အချစ်တိူးစေဖို့အတွက် နှစ်ကိုယ်ကြား romance moment လေးတွေ လုပ်လုပ်ပြရတာ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အပေါ် တကယ်ဂရုစိုက်ပေးတဲ့စိတ်ရင်းပါပါသွားတဲ့အခါ တကယ့်ချစ်သူရည်းစားအတွဲတွေလိုမြင်ချင်တဲ့သူတွေအတွက်တော့ အတွဲအစစ်လိုပဲ။
ကိုသက်ထင်နဲ့ဂုဏ်ရည်လည်း ဒီလိုသာအနေနီးနီးနေပြရင်း တကယ်ကြိုက်သွားခဲ့ရင်။
ဗုဒ္ဓေါ။ ရောင်စဥ်တွေးမကြည့်ရဲ။
ဟင့်အင်း အဲ့လိုမဖြစ်ရဘူး။ သူများတက်လမ်းကိုပိတ်ပင်တာမျိုးဖြစ်သွားပေမယ့် နှလုံးသားရေးရာနဲ့ဆိုင်တဲ့ကိစ္စမို့ ရောင်စဥ်သဘောလုံးဝမကျပါ။ ရောင်စဥ်နဲ့ဆိုင်တဲ့ကိစ္စတော့မဟုတ်သေးပေမယ့် သေချာပေါက်ဆိုင်လာမယ့်ကိစ္စလို့ကို​သိနေမိတာ။ ကိုသက်ထင်ရောရောင်စဥ်ရောက အချိန်တစ်ခုကိုစောင့်နေကြတဲ့ နှစ်ဦး နှစ်ဖက်ချစ်နေကြသူတွေပါ။
Bl fan တွေကတစ်ယူသန်တယ်ရယ်။ သူတိူ့မြတ်နိုးရာရုပ်ရှင်ထဲကလူနှစ်ယောက်ကို အမြဲတမ်းတွဲမြင်ချင်ကြတယ်ဆိုပေမယ့် ဒီဇာတ်ရုပ်အတွက်ရွေးခံလိုက်ရတဲ့ လူနှစ်ယောက်ကချစ်သူရည်းစားတွေဖြစ်ပြီးမှ လာရွေးကြတာမဟုတ်။ အမြဲတမ်းအတူဘယ်ရှိနေနိုင်ပါ့မလဲ။ ​ဇာတ်ကားအတူရိုက်တာနဲ့ ကြိုက်ကိုကြိုက်ရမယ်လို့လည်း ဘယ်သူကသတ်မှတ်ထားလို့လဲ။
ဇာတ်ကားတိုင်းကိုလည်း ဒီလူနဲ့ပဲအမြဲတွဲသရုပ်ဆောင်ရမှာမဟုတ်ဘူးလေ။ သူတို့ရဲ့ ပြင်ပပါဆင်နယ်လိုက်ဖ်ရှိသေးတာကို ဖန်တွေအနေနဲ့သတိရပေးရမယ်။ ခုက သူတို့မှာ ချစ်သူရည်းစားရှိနေရင်ကို ဘယ်လောက်ပဲကြိုက်ကြိုက် ဝိုင်းအပြစ်ပြောကြတော့တာ။ "စော်ကြီးရှိနေရဲ့သားနဲ့ Bl ကားဘာလို့ရိုက်လဲ၊ အတန်းရှင်းလာရှာတာလား"တို့မျိုး ဆိုးဆိုးရွားရွားတွေတောင်တွေ့ရသေးတာ။
ဒါဆို မိန်းကလေးချစ်သူမရှိဘဲ ယောက်ျားလေးချစ်သူရှိတဲ့ လူဆိုရင်ရော။ ဇာတ်လမ်းထဲကတွဲဖက်မဟုတ်တာနဲ့ သွားပုတ်ခတ်ကြဦးမှာလား။ သေချာတာကတော့ မလုပ်လောက်ဘူးဆိုတာပါပဲ။ ဘာလို့ဆို အပြင်ကတကယ့်ယောက်ျားလေးအတွဲဖြစ်နေလို့ အလိုလိုအမြင်ကြည်ပေးချင်ကြတဲ့စိတ့်တွေကြောင့်။ ဒါမျိူးတွေကလုပ်ကိုမလုပ်သင့်တာပါ။
ရောင်စဥ်ကတော့ ဇာတ်ကားရိုက်နေတဲ့အချိန် ပြသနေတဲ့အချိန် တွဲမြင်ရရင်ရပြီ။ နောက်ဇာတ်ကားတွေထုတ်ဖို့ရှိလာတော့လည်း မြတ်နိုးရာနှစ်​ယောက်ကိုထပ်မြင်ရမှာမို့ ထပ်ပျော်ကြပေါ့။ ကျန်တဲ့အချိန်မှာတော့ သူတို့ကိုသူတို့ဘဝနဲ့သူတို့ရှိနေတာကို နားလည်ပေးစေချင်တာ။
အမြဲတမ်းကြီးအတူမြင်ချင်နေချင်တာနဲ့ပဲ သူတို့ရဲ့ကိုယ်ပိုင်ဘဝကိုပါ သူတို့ကိုယ်တိုင်ချုပ်တည်းလိုက်ရတာမျိုးအထိမရောက်စေချင်တာပါ။
ကိုသက်ထင်မဟုတ်ဘဲ တခြားသူတစ်ယောက်နဲ့ဆိုရင် ရိုက်ချင်သလောက်ရိုက်ပါစေ။
အာရှကျော်ကျော် ကမ္ဘာကျော်ကျော် ရောင်စဥ်ကိုယ်တိုင် ကိုယ့်အတန်းဖော်တစ်ယောက်အောင်မြင်မယ့်ကိန်း လက်ခုပ်တီးပေးမှာ။
ခုတော့မဖြစ်ပါ။ ရောင်စဥ်တားရလိမ့်မည်။
"ကမ်းလှမ်းဖို့ကိစ္စကအတည်ဖြစ်ပြီလား ဒယ်ဒီ"
"ဒယ်ဒီကစည်းစိမ်ပုံပေးပြီး ကမ်းလှမ်းရင်တောင် ရမယ်မထင်ပါဘူးကွာ။ ကောင်လေးကပေါ့သေးသေးထဲကမဟုတ်ဘူးလေ။ သမီးလည်းသိတာပဲ"
"ကိုသက်ထင်က လက်မခံဘူးတဲ့လား"
"သက်ထင်မဟုတ်ဘူး။ ဟိုကောင်လေးကိုပြောတာ။ သမီးနဲ့တစ်ခန်းတည်းဆို"
"ဟုတ်တယ် ဒယ်ဒီ။ သူကပေါ့သေးသေးထဲကမဟုတ်ဘူးဆိုတာက ဘာလဲဟင်။ နောက်ကြောင်းမကောင်းလို့လား"
"ဘယ်ကသာ။ ဒေါ်မေရည်ချိုရဲ့သားတစ်ယောက်က ဇာတ်ကားရိုက်ဖို့အစီအစဥ်ရှိမယ်လို့ ဒယ်ဒီက မထင်ပါဘူး"
ဒေါ်မေရည်ချို .....။ ဘယ်မှာကြားဖူးပါလိမ့်။ ရင်းနှီးနေတဲ့နာမည်ပေမယ့် ရုတ်တရက်ဖော်မရ။ ဂုဏ်ရည်ညီညီရဲ့မိသားစုအကြောင်းမသိတာမို့ စိတ်ဝင်စားလာမိသည်။
ဟင်။ ဒေါ်မေရည်ချို။ မြန်မာနိုင်ငံရဲ့အာဂအမျိုးသမီးတစ်ယောက်။ ဟင်....ဂုဏ်ရည်ညီညီက သူ့ရဲ့သားတဲ့လား။ ဘယ်လို။ ဦးညီညီလွင်... ဂုဏ်ရည်ညီညီ ဟင်။ ညီညီ...တူနေတာ။ မှန်နေတာပဲ။ ရောင်စဥ့်မှာကြက်သီးတွေဖြန်းဖြန်းထနေတော့တာပဲ။
"သူက ဒေါ်မေရည်ချိုရဲ့သားလား"
"ဟုတ်တယ်လေ သြော် အဟင်းဟင်း သမီးမသိဘူးလား"
"ဟင့်အင်း သူ့ကိုသာမန်ပဲထင်တာ။ သူကပုန်းလျှိုး ကွယ်လျှိုးနဲ့ဆိုတော့ သူ့ကိုမထင်လိုက်ဘူး။ ဒါနဲ့သူက ဘာလို့လက်မခံဘူးလို့ထင်တာလဲ ဒယ်ဒီက"
"ဒီလိုပဲသိနေတာပေါ့။ ဒါပေမယ့်ကြိုးစားကြည့်ရမှာပေါ့။ ဒယ်ဒီကမရရအောင်လုပ်တတ်တယ်လေ"
ရောင်စဥ့် တားမယ်လို့စဥ်းစားထားတာတွေလည်းထုတ်မပြောမိတော့။ ဂုဏ်ရည်ညီညီကတော့ တကယ်ကိုနှစ်ခါတောင်အံ့သြစေမိတာပါပဲ။ ရင်ထဲမှာတလှပ်လှပ်နဲ့ နားနဲ့ဆက်ဆက်ကြားရတဲ့စကားတွေကို အတင်းယုံနေရသည်။
ဂုဏ်ရည်ညီညီ့အပေါ် ထာဝစဥ်ရွှေ အထင်သေးအမြင်သေးသလောက်တော့မရှိပေမယ့် ဂုဏ်ရည်ညီညီ့ကို ရောင်စဥ်နည်းနည်းသဘောမကျဘဲ အထင်သေးမိခဲ့သေးပါသည်။ ဒါပေမယ့် ကိုယ်အထင်သေးမိထားတဲ့သူက ကိုယ့်ထက်ပင်မြင့်နေသောအခါ ရောင်စဥ် ကိုယ့်ကိုယ်ကိုယ်ရှက်လိုက်တာ။ ကိုယ့်စိတ်ယုတ်ကိုဘယ်သူမှမသိပေမယ့် ကိုယ်ပဲသိနေတာကကို ရှက်စရာအကောင်းဆုံးကိစ္စကြီးပင်။
ဂုဏ်ရည်ညီညီရဲ့အကြောင်းကိုသိပြီးနောက်မှာ ရောင်စဥ်သည် ပိုလို့တောင်စိတ်မချတော့ပါ။
ကိုသက်ထင်ကို ကိုယ်ကစပြီးငြင်းမိခဲ့ပေမယ့် ကိုယ်ကပဲစပြီးလမ်းဖွင့်ပေးရတော့မည်။
တခြားသူနောက်မပါခင်ပေါ့။
..........
#Thurein
March 9 2:02 PM
Continue Reading
You'll Also Like
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1M 54.1K 46