Unicode
သုံးနှစ်ကြာပြီးတဲ့နောက်, ကျောင်းကုန်းဇီရဲ့ညီမလေးက စကားပြောပြီး လမ်းလျှောက်နိုင်တဲ့အချိန်မှာ သူက သူ(မ)ကို အနည်းငယ် ပွတ်တိုက်မိသွားရင်တောင် ကျောင်းကုန်းဇီက သူ(မ)ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်သွားပါတယ်ဆိုပြီးတော့ ထိုင်ကာ ပြောပြနိုင်လာတယ်။ ကျောင်းကုန်းဇီက ချောကလက်တစ်ပိုင်းကို စားလိုက်မိရင် သူ(မ)က မျက်ရည်ကျပြီးတော့ သူ(မ)ရဲ့အဆာပြေမုန့်တွေကို ယူသွားတယ်ဆိုပြီး ငိုယိုကာ ပြောပြနိုင်တယ်။ အားလုံးက ကျောင်းကုန်းဇီဟာ အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်ပေမယ့် သူ့ညီမလေးအပေါ်မှာ သဘောထားသေးသိမ်ပြီးတော့ အနိုင်ကျင့်ကာ လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုပြီး ခပ်တိုးတိုး ရေရွတ်ကြတယ်။
ကျောင်းမိသားစုရဲ့အိမ်ကြီး မီးလောင်သွားတယ်။
အကြောင်းရင်းကကော? ဘယ်သူမှ မသိကြဘူး။
ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ ထိခိုက်မှု မရှိခဲ့ဘူး။
အခင်းဖြစ်ပြီးနောက် ကျောင်းကုန်းဇီရဲ့အစ်ကို, အစ်မတွေအားလုံး အိမ်ကို ပြန်လာခဲ့ကြတယ်။ အကြောင်းပြချက်တစ်ခုကတော့ အိမ်ကြီးရဲ့ မိသားစုဝင်တွေကို နှစ်သိမ့်ဖို့ဖြစ်ပြီး ဒုတိယအကြောင်းရင်းကတော့ သူတို့ရဲ့ပစ္စည်းတွေကို ယူဖို့ပါပဲ။ လူတိုင်းမှာ လောလောဆယ် အသုံးမပြုရသေးတဲ့ ပစ္စည်းတွေအများကြီး ပင်မအိမ်ကြီးမှာ ရှိတယ်။ အခု ပင်မအိမ်ကြီး မီးလောင်သွားတော့ သခင်ကြီးကျောင်းစီက အားလုံးကို ဖြိုချပြီး အသစ်စက်စက်အိမ်ဆောက်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ပစ္စည်းတွေ အများကြီးက ထားစရာ နေရာမရှိတော့ဘူး။
ကျောင်းကုန်းဇီအတွက်တော့ ဒါဟာ ဘယ်ကနေမှ ထွက်မလာနိူင်တဲ့ သတင်းဆိုးပါပဲ။
သူက သူ့ညီအကိုမောင်နှမတွေ, မရီးတွေ, ယောက်ဖတွေ, တူ, တူမတွေနဲ့ အခြားသူတွေ အားလုံးကို ရန်သူ အဖြစ် ရှုမြင်လေ့ရှိတယ်။ အားလပ်ရက်ကြီးတွေနဲ့ မိသားစုတွေ့ဆုံပွဲတွေမှာတော့ သူ့မှာ ပြန်သွားရုံကလွဲပြီး ရွေးချယ်စရာမရှိဘဲ အဲ့ဒါကိုက သူရဲ့ ကန့်သတ်ချက်ဖြစ်နေပြီဖြစ်တယ်။ အခုတော့ သူ နောက်တစ်ခေါက် ပြန်သွားရတော့မယ်လေ။
သူက ထုံးစံအတိုင်း ငါ့ဆီ ဒေါသလွှဲချပြီး အော်တယ်, "မင်း ရှိနေတာ ဘာအကျိုးရှိလဲ?!"
အင်း, ငါ့ကို မီးငြိမ်းသတ်ပေးဖို့ မင်း မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော်။
ဘာပဲဖြစ်ဖြစ် ဒီလူတွေကလည်း သူ့ကို တွေ့ချင်နေတာတော့ မဟုတ်ပါဘူး။
ငါ စာ ဆက်ဖတ်နေလိုက်တယ်။
ငါ သူ့ကို လျစ်လျူရှုနေတာကို မြင်တော့ သူက ရှက်ရွံ့စိတ်နဲ့ ဒေါသတကြီး ဖြစ်သွားခဲ့တယ်, "ငါ မသွားဘူး, မင်း တစ်ယောက်တည်း သွား!"
ငါက ပြောလိုက်တယ်, "အိုကေလေ"
"သေလိုက်ပါတော့! ကျောင်းဝူလည်း သွားမှာမဟုတ်လား! လောင်ဇီက ဂရုမစိုက်ဘူးဆိုရင် မင်းက သူနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာမဟုတ်လား?! မင်း ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာပဲ"
သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေက အရမ်းကောင်းတာပဲ။ သူ့စိတ်ကူးက အရမ်းကောင်းတယ်ဆိုရင် သူ ဘာလို့ အစ်ကို(၅)နဲ့ ငါက မီးရှို့မှုမှာ အတူတကွ ကြံရာပါတွေပါလို့ ခုန်ပျံကျော်လွှား,တွေးပြီးတော့ မပြောတာလဲ?
ငါ စာဆက်ဖတ်နေလိုက်တယ်။
သူက ငါ့ကို အော်တယ်, "ငါလည်း သွားမယ်"
ငါက ပြောလိုက်တယ်, "အိုကေ"
"မင်း ငါ့စကားကို နားမထောင်နေဘူးမဟုတ်လား?!"
ငါ သူနဲ့ စကားဆက်မများချင်ဘူး။
ငါက သဘောထားပိုကြီးတဲ့လူ ဖြစ်ပေးလိုက်မယ်။ ငါက ပေးကမ်းရက်ရောပြီး စေတနာထက်သန်တဲ့လူလေ။ ဒါကြောင့် သူ့ကို အိမ်ပြန်လာပြီး သခင်ကြီးကျောင်းစီ ငါ့ကို ပေးထားတဲ့ မစ်ရှင်ကို ပြီးမြောက်သွားအောင် အရင်ဥာဏ်ဆင်လိုက်ရအောင်။
လူပေါင်းမြောက်မြားစွာက မိသားစုအိမ်ခြံဝင်းထဲမှာ ရှိနေကြတယ်။ သူတို့က စားသောက်ပြီးတော့ ယဉ်ကျေးစွာ စကားပြောဆိုနေကြတယ်။ မြို့တော်မှာ ဝေးကွာနေပြီး ဒီကိုပြန်မလာနိုင်တဲ့ (သူ ပြန်လာရင် ပြန်ထွက်ခွာလို့ မရမှာကို ကြောက်လို့ ဒီကိုပြန်မလာနိုင်တဲ့) အစ်ကို(၃)နဲ့ ဘယ်ကိုသွားနေမှန်း ဘယ်သူမှမသိတဲ့ အစ်ကို(၅)ကလွဲရင် တခြားလူတွေအားလုံး ပြန်လာကြတယ်။
မျှော်လင့်ထားတဲ့အတိုင်း သခင်ကြီးကျောင်းစီကတော့ ပြုံးရင်း သူ့လက်နှစ်ဖက်ကလည်း သားသမီးမြေးတွေကို လွှတ်မပေးဘဲ ဆွဲကိုင်ထားတယ်။
ကျောင်းကုန်းဇီက ဒီအရာတွေအားလုံးကို စိတ်မရှည်စွာ ကြည့်နေခဲ့ပြီး ငါတို့စားသောက်ပြီးတဲ့အချိန်မှာ သူက ငါ့ဆီ အမြန်လာပြီး ငါတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပေးတယ်။
ငါတို့ရဲ့ပစ္စည်းတွေအကုန်လုံးတွေက မြေအောက်ခန်းထဲမှာ။ သူ့ပစ္စည်းတွေကို ခွဲစီခိုင်းထားတဲ့ အစ်ကို(၃)ရယ်, ဘယ်သူမှ ရှာမတွေ့နိူင်တဲ့ အစ်ကို(၅)ရဲ့ပစ္စည်းတွေကလည်း မြေအောက်ခန်းထဲမှာ ရှိနေတာကြောင့် ငါတို့ရဲ့ဒုက္ခတွေကို တော်တော်ကယ်တင်လိုက်နိူင်တယ်။
ငါတို့လေးယောက်နဲ့ ငါတို့ရဲ့ပစ္စည်းတွေက အခုတော့ သခင်ကြီးကျောင်းစီရဲ့ မျက်လုံးထဲမှာ မြေအောက်ခန်း ထဲမှာသာ အံဝင်ခွင်ကျရှိနေတာဖြစ်တယ်။ မြေအောက်ခန်းက အပေါ်ထပ်ကလောက် ပြင်းပြင်းထန်ထန် မလောင်ဘူးဆိုတော့ တကယ်ပြန်ဆောက်မယ်ဆိုရင် ငါတို့က အများကြီး အစီအစဥ်တကျ ခွဲစီနေဖို့ မလိုဘူး။
ကျောင်းကုန်းဇီက စိတ်မရှည်စွာ ပြောတယ်, "အားလုံးကို စွန့်ပစ်လိုက်, မဟုတ်ရင် စိတ်ရှုပ်စရာဖြစ်လာလိမ့်မယ်, ဘာပဲဖြစ်ဖြစ် အားလုံးက အမှိုက်တွေပဲ"
ငါ သူ့ကို လျစ်လျူရှုလိုက်ပြီး ပစ္စည်းတွေကို ထုတ်ကာ ပြန်ယူရင် အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်တယ်။
သူက အေးစက်စွာ ပြောတယ်, "ငါ့အိမ်မှာလည်း ထားစရာ နေရာမရှိဘူးနော်"
သူ လိမ်ညာခံရပြီးတော့ ဝယ်ထားမိတဲ့ပစ္စည်းတွေအားလုံးကို စွန့်ပစ်လိုက်မယ်ဆိုရင် ငါတို့မှာ နေရာလွတ်တွေရှိမှာပဲ။
ငါ ငါတို့ရဲ့တိုက်ခန်းကို ပစ္စည်းတွေအများကြီး ယူလာလိုက်တယ်။ ဧည့်ခန်းမှာ ပစ္စည်းတွေ ပြည့်ကျပ်နေတော့ လှုပ်ရှားသွားလာဖို့ ခက်ခဲသွားတယ်။
ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "အားလုံးကို လွှင့်ပစ်လိုက်ဖို့ ငါ မင်းကို ပြောခဲ့ပေမယ့် မင်းက အားလုံးကို အိမ်ပြန်ယူလာတယ်, မင်းဘာသာပဲ ခွဲစီလိုက်တော့, ငါ့ကို အကူအညီ လာမတောင်းနဲ့"
ငါက ဘာလို့ သူ့ကို အားကိုးရမှာလဲ? ငါ သူ့ကို အကူအညီတောင်းဖို့ အစကတည်းက မစီစဉ်ထားဘူး။
နောက်ဆုံးတော့ သူ ဝယ်ထားတဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့အတွက် ဒီအခွင့်အရေးကြီးကို အသုံးချဖို့ ငါ စီစဉ်နေခဲ့တာ။
ကျောင်းကုန်းဇီက ဘာအလုပ်မှ မလုပ်ရသေးဘဲ ငါ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကြောင့် မကြာခင်မှာပဲ သူက ငါ့ကို စတင်အော်ဟစ်လာတယ်, "ဘာလို့ ငါ့ပစ္စည်းတွေကို ထုတ်လာတာလဲ?! အဲ့ဒါတွေကို ပြန်ထားလိုက်! အဲ့ဒါ လောင်ဇီရဲ့ ဗီရိုလေ! ငါတို့မှာ ဗီရိုသုံးလုံးရှိတာကို လောင်ဇီက တစ်လုံးရဲ့ တစ်ဝက်လောက်ကိုပဲ သုံးထားတာ, မင်းက ငါ့ရဲ့ပစ္စည်းတွေကို လွှင့်ပစ်ချင်သေးတာလား?!"
"အားလုံးက စီးကရက်ဘူးအလွတ်တွေ, မီးခြစ်ဆံဘူးအလွတ်တွေ, ရုပ်ရှင်လက်မှတ်ဟောင်းတွေ, အော်ပရာ လက်မှတ်ဟောင်းတွေ, ဆိုဒါပုလင်းအဖုံးတွေချည်းပဲ"
ကျောင်းကုန်းဇီက အော်တယ်, "လောင်ဇီ အဲ့မှာ ဘာထည့်ထည့် မင်းနဲ့ဆိုင်လား? လောင်ဇီ အဲ့အထဲမှာ အညစ်အကြေးတွေထည့်ထားရင်တောင် မင်းကိစ္စမဟုတ်ဘူး!"
ငါ့မှာ သူ့ရဲ့ပစ္စည်းတွေကို နေရာမှာ ပြန်ထားလိုက်ရုံသာ တတ်နိူင်ခဲ့တယ်။
ကျောင်းကုန်းဇီက ပစ္စည်းတွေကို စုဆောင်းတဲ့အခါ ပေါ့ပေါ့ဆဆ လုပ်တယ်။ သူ စုဆောင်းပြီးရင် ပြီးသွားပြီ။ သူက အဲ့ဒါတွေကို ဒုတိယအကြိမ် ပြန်သွားမကြည့်တော့ဘူး။ တစ်ခါတလေ ငါ ပစ္စည်းတွေ လိုက်ရှာတဲ့အချိန်မှာ အဲ့ဒါတွေနဲ့ ဆော့ကစားကြည့်ရင်း သူ့စုဆောင်းမှုရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို ပြောပြလာဖို့တောင် ကြိုးစားခဲ့ပေမယ့် သူက ငါ့ကို အလုပ်ရှုပ်တဲ့အကောင်လို့ ပြောတယ်။
ကျောင်းကုန်းဇီက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့လူတစ်ယောက်ပဲ။ သူက သူ့စုဆောင်းမှုတွေကို တကယ်ဂရုမစိုက်ဘဲ သူ့ဗီရိုရဲ့ တစ်ဝက်ကို ကာကွယ်ချင်နေတာလို့ ငါ သံသယရှိမိတယ်။
ငါ ပင်မတိုက်ကြီးရဲ့ အောက်ထပ်ကနေ ရွှေ့ထားတဲ့ ပစ္စည်းတွေကို သယ်လိုက်တယ်။ ပြီးတော့ အဲ့ဒါတွေကို သန့်စင်အောင် သုတ်ပြီး ထားဖို့ နေရာတွေ ရှာတယ်။
ပထမဆုံးပစ္စည်းကတော့ ကျောင်းကုန်းဇီရဲ့ ရွှေစင်မာရသွန်ဆုဖလားဖြစ်တယ်။ ဒီဆုက သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ ရရှိခဲ့တဲ့ တစ်ခုတည်းသော ဆုဖလားဖြစ်နေတာကြောင့်သာမဟုတ်ရင် ငါ အဲ့ဒါကို ရောင်းပစ်ချင်မိမှာ။
ငါ အဲ့ဆုဖလားကို စန္ဒယားထိပ်မှာ တင်ထားလိုက်တယ်။
ကျောင်းကုန်းဇီက ငါ့ကို မေးတယ်, "ဘာလို့ အဲ့ဒါကို အဲ့ဒီမှာ ထားတာလဲ?"
"အဲ့ဒါက ကြည့်ကောင်းတယ်လေ"
ကျောင်းကုန်းဇီက ငါ့ဆီ လျှောက်လာပြီး ငါ့မေးစေ့ကိုစောင်းကာ နမ်းလိုက်တယ်, "ဟင်း, မင်း ကောင်းကောင်းလုပ်လိုက်တာပဲ"
သူ့အတွေးတွေက နားလည်ရခက်တယ်။
ငါ ဓာတ်ပုံအယ်လ်ဘမ်ကို ထပ်ထုတ်လိုက်ပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်တယ်။ အတွင်းထဲမှာတော့ အတိတ်က ဓါတ်ပုံတွေ ရှိနေတယ်။
ကျောင်းကုန်းဇီကတော့ ငါ့အနားမှာ လှည့်ပတ်ပြီးရင်း လှည့်ပတ်နေတယ်။
T/N - စိတ်ရှုပ်စရာကျောင်းကုန်းဇီတို့အတွဲလေးကတော့ Chapter - 26 ဆို ဇာတ်သိမ်းပြီဖြစ်ပါတယ်, လာမယ့်ပိတ်ရက်မှာ တွေ့ကြရအောင်ပါ👀❤
Zawgyi
သုံးႏွစ္ၾကာၿပီးတဲ့ေနာက္, ေက်ာင္းကုန္းဇီရဲ႕ညီမေလးက စကားေျပာၿပီး လမ္းေလွ်ာက္ႏိုင္တဲ့အခ်ိန္မွာ သူက သူ(မ)ကို အနည္းငယ္ ပြတ္တိုက္မိသြားရင္ေတာင္ ေက်ာင္းကုန္းဇီက သူ(မ)ကို ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ တိုက္သြားပါတယ္ဆိုၿပီးေတာ့ ထိုင္ကာ ေျပာျပႏိုင္လာတယ္။ ေက်ာင္းကုန္းဇီက ေခ်ာကလက္တစ္ပိုင္းကို စားလိုက္မိရင္ သူ(မ)က မ်က္ရည္က်ၿပီးေတာ့ သူ(မ)ရဲ႕အဆာေျပမုန္႔ေတြကို ယူသြားတယ္ဆိုၿပီး ငိုယိုကာ ေျပာျပႏိုင္တယ္။ အားလုံးက ေက်ာင္းကုန္းဇီဟာ အသက္သုံးဆယ္နီးပါး႐ွိေနၿပီျဖစ္ေပမယ့္ သူ႕ညီမေလးအေပၚမွာ သေဘာထားေသးသိမ္ၿပီးေတာ့ အႏိုင္က်င့္ကာ လူေကာင္းတစ္ေယာက္မဟုတ္ဘူးဆိုၿပီး ခပ္တိုးတိုး ေရ႐ြတ္ၾကတယ္။
ေက်ာင္းမိသားစုရဲ႕အိမ္ႀကီး မီးေလာင္သြားတယ္။
အေၾကာင္းရင္းကေကာ? ဘယ္သူမွ မသိၾကဘူး။
ကံေကာင္းေထာက္မစြာနဲ႔ ဘယ္သူမွ ထိခိုက္မႈ မ႐ွိခဲ့ဘူး။
အခင္းျဖစ္ၿပီးေနာက္ ေက်ာင္းကုန္းဇီရဲ႕အစ္ကို, အစ္မေတြအားလုံး အိမ္ကို ျပန္လာခဲ့ၾကတယ္။ အေၾကာင္းျပခ်က္တစ္ခုကေတာ့ အိမ္ႀကီးရဲ႕ မိသားစုဝင္ေတြကို ႏွစ္သိမ့္ဖို႔ျဖစ္ၿပီး ဒုတိယအေၾကာင္းရင္းကေတာ့ သူတို႔ရဲ႕ပစၥည္းေတြကို ယူဖို႔ပါပဲ။ လူတိုင္းမွာ ေလာေလာဆယ္ အသုံးမျပဳရေသးတဲ့ ပစၥည္းေတြအမ်ားႀကီး ပင္မအိမ္ႀကီးမွာ ႐ွိတယ္။ အခု ပင္မအိမ္ႀကီး မီးေလာင္သြားေတာ့ သခင္ႀကီးေက်ာင္းစီက အားလုံးကို ၿဖိဳခ်ၿပီး အသစ္စက္စက္အိမ္ေဆာက္ဖို႔အတြက္ ဆုံးျဖတ္လိုက္တယ္။ ဒါေၾကာင့္ ပစၥည္းေတြ အမ်ားႀကီးက ထားစရာ ေနရာမ႐ွိေတာ့ဘူး။
ေက်ာင္းကုန္းဇီအတြက္ေတာ့ ဒါဟာ ဘယ္ကေနမွ ထြက္မလာႏိူင္တဲ့ သတင္းဆိုးပါပဲ။
သူက သူ႕ညီအကိုေမာင္ႏွမေတြ, မရီးေတြ, ေယာက္ဖေတြ, တူ, တူမေတြနဲ႔ အျခားသူေတြ အားလုံးကို ရန္သူ အျဖစ္ ႐ႈျမင္ေလ့႐ွိတယ္။ အားလပ္ရက္ႀကီးေတြနဲ႔ မိသားစုေတြ႕ဆုံပြဲေတြမွာေတာ့ သူ႕မွာ ျပန္သြား႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာမ႐ွိဘဲ အဲ့ဒါကိုက သူရဲ႕ ကန္႔သတ္ခ်က္ျဖစ္ေနၿပီျဖစ္တယ္။ အခုေတာ့ သူ ေနာက္တစ္ေခါက္ ျပန္သြားရေတာ့မယ္ေလ။
သူက ထုံးစံအတိုင္း ငါ့ဆီ ေဒါသလႊဲခ်ၿပီး ေအာ္တယ္, "မင္း ႐ွိေနတာ ဘာအက်ိဳး႐ွိလဲ?!"
အင္း, ငါ့ကို မီးၿငိမ္းသတ္ေပးဖို႔ မင္း ေမွ်ာ္လင့္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။
ဘာပဲျဖစ္ျဖစ္ ဒီလူေတြကလည္း သူ႕ကို ေတြ႕ခ်င္ေနတာေတာ့ မဟုတ္ပါဘူး။
ငါ စာ ဆက္ဖတ္ေနလိုက္တယ္။
ငါ သူ႕ကို လ်စ္လ်ဴ႐ႈေနတာကို ျမင္ေတာ့ သူက ႐ွက္႐ြံ႕စိတ္နဲ႔ ေဒါသတႀကီး ျဖစ္သြားခဲ့တယ္, "ငါ မသြားဘူး, မင္း တစ္ေယာက္တည္း သြား!"
ငါက ေျပာလိုက္တယ္, "အိုေကေလ"
"ေသလိုက္ပါေတာ့! ေက်ာင္းဝူလည္း သြားမွာမဟုတ္လား! ေလာင္ဇီက ဂ႐ုမစိုက္ဘူးဆိုရင္ မင္းက သူနဲ႔ ထြက္ေျပးဖို႔ ႀကိဳးစားေနတာမဟုတ္လား?! မင္း ဒါကို ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္ေနတာပဲ"
သူ႕ရဲ႕ စိတ္ကူးစိတ္သန္းေတြက အရမ္းေကာင္းတာပဲ။ သူ႕စိတ္ကူးက အရမ္းေကာင္းတယ္ဆိုရင္ သူ ဘာလို႔ အစ္ကို(၅)နဲ႔ ငါက မီး႐ိႈ႕မႈမွာ အတူတကြ ၾကံရာပါေတြပါလို႔ ခုန္ပ်ံေက်ာ္လႊား,ေတြးၿပီးေတာ့ မေျပာတာလဲ?
ငါ စာဆက္ဖတ္ေနလိုက္တယ္။
သူက ငါ့ကို ေအာ္တယ္, "ငါလည္း သြားမယ္"
ငါက ေျပာလိုက္တယ္, "အိုေက"
"မင္း ငါ့စကားကို နားမေထာင္ေနဘူးမဟုတ္လား?!"
ငါ သူနဲ႔ စကားဆက္မမ်ားခ်င္ဘူး။
ငါက သေဘာထားပိုႀကီးတဲ့လူ ျဖစ္ေပးလိုက္မယ္။ ငါက ေပးကမ္းရက္ေရာၿပီး ေစတနာထက္သန္တဲ့လူေလ။ ဒါေၾကာင့္ သူ႕ကို အိမ္ျပန္လာၿပီး သခင္ႀကီးေက်ာင္းစီ ငါ့ကို ေပးထားတဲ့ မစ္႐ွင္ကို ၿပီးေျမာက္သြားေအာင္ အရင္ဥာဏ္ဆင္လိုက္ရေအာင္။
လူေပါင္းေျမာက္ျမားစြာက မိသားစုအိမ္ျခံဝင္းထဲမွာ ႐ွိေနၾကတယ္။ သူတို႔က စားေသာက္ၿပီးေတာ့ ယဥ္ေက်းစြာ စကားေျပာဆိုေနၾကတယ္။ ၿမိဳ႕ေတာ္မွာ ေဝးကြာေနၿပီး ဒီကိုျပန္မလာႏိုင္တဲ့ (သူ ျပန္လာရင္ ျပန္ထြက္ခြာလို႔ မရမွာကို ေၾကာက္လို႔ ဒီကိုျပန္မလာႏိုင္တဲ့) အစ္ကို(၃)နဲ႔ ဘယ္ကိုသြားေနမွန္း ဘယ္သူမွမသိတဲ့ အစ္ကို(၅)ကလြဲရင္ တျခားလူေတြအားလုံး ျပန္လာၾကတယ္။
ေမွ်ာ္လင့္ထားတဲ့အတိုင္း သခင္ႀကီးေက်ာင္းစီကေတာ့ ျပဳံးရင္း သူ႕လက္ႏွစ္ဖက္ကလည္း သားသမီးေျမးေတြကို လႊတ္မေပးဘဲ ဆြဲကိုင္ထားတယ္။
ေက်ာင္းကုန္းဇီက ဒီအရာေတြအားလုံးကို စိတ္မ႐ွည္စြာ ၾကည့္ေနခဲ့ၿပီး ငါတို႔စားေသာက္ၿပီးတဲ့အခ်ိန္မွာ သူက ငါ့ဆီ အျမန္လာၿပီး ငါတို႔ရဲ႕ပစၥည္းေတြကို ထုပ္ပိုးေပးတယ္။
ငါတို႔ရဲ႕ပစၥည္းေတြအကုန္လုံးေတြက ေျမေအာက္ခန္းထဲမွာ။ သူ႕ပစၥည္းေတြကို ခြဲစီခိုင္းထားတဲ့ အစ္ကို(၃)ရယ္, ဘယ္သူမွ ႐ွာမေတြ႕ႏိူင္တဲ့ အစ္ကို(၅)ရဲ႕ပစၥည္းေတြကလည္း ေျမေအာက္ခန္းထဲမွာ ႐ွိေနတာေၾကာင့္ ငါတို႔ရဲ႕ဒုကၡေတြကို ေတာ္ေတာ္ကယ္တင္လိုက္ႏိူင္တယ္။
ငါတို႔ေလးေယာက္နဲ႔ ငါတို႔ရဲ႕ပစၥည္းေတြက အခုေတာ့ သခင္ႀကီးေက်ာင္းစီရဲ႕ မ်က္လုံးထဲမွာ ေျမေအာက္ခန္း ထဲမွာသာ အံဝင္ခြင္က်႐ွိေနတာျဖစ္တယ္။ ေျမေအာက္ခန္းက အေပၚထပ္ကေလာက္ ျပင္းျပင္းထန္ထန္ မေလာင္ဘူးဆိုေတာ့ တကယ္ျပန္ေဆာက္မယ္ဆိုရင္ ငါတို႔က အမ်ားႀကီး အစီအစဥ္တက် ခြဲစီေနဖို႔ မလိုဘူး။
ေက်ာင္းကုန္းဇီက စိတ္မ႐ွည္စြာ ေျပာတယ္, "အားလုံးကို စြန္႔ပစ္လိုက္, မဟုတ္ရင္ စိတ္႐ႈပ္စရာျဖစ္လာလိမ့္မယ္, ဘာပဲျဖစ္ျဖစ္ အားလုံးက အမိႈက္ေတြပဲ"
ငါ သူ႕ကို လ်စ္လ်ဴ႐ႈလိုက္ၿပီး ပစၥည္းေတြကို ထုတ္ကာ ျပန္ယူရင္ အဆင္သင့္ျဖစ္ေအာင္ ျပင္ထားလိုက္တယ္။
သူက ေအးစက္စြာ ေျပာတယ္, "ငါ့အိမ္မွာလည္း ထားစရာ ေနရာမ႐ွိဘူးေနာ္"
သူ လိမ္ညာခံရၿပီးေတာ့ ဝယ္ထားမိတဲ့ပစၥည္းေတြအားလုံးကို စြန္႔ပစ္လိုက္မယ္ဆိုရင္ ငါတို႔မွာ ေနရာလြတ္ေတြ႐ွိမွာပဲ။
ငါ ငါတို႔ရဲ႕တိုက္ခန္းကို ပစၥည္းေတြအမ်ားႀကီး ယူလာလိုက္တယ္။ ဧည့္ခန္းမွာ ပစၥည္းေတြ ျပည့္က်ပ္ေနေတာ့ လႈပ္႐ွားသြားလာဖို႔ ခက္ခဲသြားတယ္။
ေက်ာင္းကုန္းဇီက ေအးစက္စြာေျပာတယ္, "အားလုံးကို လႊင့္ပစ္လိုက္ဖို႔ ငါ မင္းကို ေျပာခဲ့ေပမယ့္ မင္းက အားလုံးကို အိမ္ျပန္ယူလာတယ္, မင္းဘာသာပဲ ခြဲစီလိုက္ေတာ့, ငါ့ကို အကူအညီ လာမေတာင္းနဲ႔"
ငါက ဘာလို႔ သူ႕ကို အားကိုးရမွာလဲ? ငါ သူ႕ကို အကူအညီေတာင္းဖို႔ အစကတည္းက မစီစဥ္ထားဘူး။
ေနာက္ဆုံးေတာ့ သူ ဝယ္ထားတဲ့ အမိႈက္ေတြကို စြန္႔ပစ္ဖို႔အတြက္ ဒီအခြင့္အေရးႀကီးကို အသုံးခ်ဖို႔ ငါ စီစဥ္ေနခဲ့တာ။
ေက်ာင္းကုန္းဇီက ဘာအလုပ္မွ မလုပ္ရေသးဘဲ ငါ့ကို စူးစူးစိုက္စိုက္ၾကည့္ေနတာေၾကာင့္ မၾကာခင္မွာပဲ သူက ငါ့ကို စတင္ေအာ္ဟစ္လာတယ္, "ဘာလို႔ ငါ့ပစၥည္းေတြကို ထုတ္လာတာလဲ?! အဲ့ဒါေတြကို ျပန္ထားလိုက္! အဲ့ဒါ ေလာင္ဇီရဲ႕ ဗီ႐ိုေလ! ငါတို႔မွာ ဗီ႐ိုသုံးလုံး႐ွိတာကို ေလာင္ဇီက တစ္လုံးရဲ႕ တစ္ဝက္ေလာက္ကိုပဲ သုံးထားတာ, မင္းက ငါ့ရဲ႕ပစၥည္းေတြကို လႊင့္ပစ္ခ်င္ေသးတာလား?!"
"အားလုံးက စီးကရက္ဘူးအလြတ္ေတြ, မီးျခစ္ဆံဘူးအလြတ္ေတြ, ႐ုပ္႐ွင္လက္မွတ္ေဟာင္းေတြ, ေအာ္ပရာ လက္မွတ္ေဟာင္းေတြ, ဆိုဒါပုလင္းအဖုံးေတြခ်ည္းပဲ"
ေက်ာင္းကုန္းဇီက ေအာ္တယ္, "ေလာင္ဇီ အဲ့မွာ ဘာထည့္ထည့္ မင္းနဲ႔ဆိုင္လား? ေလာင္ဇီ အဲ့အထဲမွာ အညစ္အေၾကးေတြထည့္ထားရင္ေတာင္ မင္းကိစၥမဟုတ္ဘူး!"
ငါ့မွာ သူ႕ရဲ႕ပစၥည္းေတြကို ေနရာမွာ ျပန္ထားလိုက္႐ုံသာ တတ္ႏိူင္ခဲ့တယ္။
ေက်ာင္းကုန္းဇီက ပစၥည္းေတြကို စုေဆာင္းတဲ့အခါ ေပါ့ေပါ့ဆဆ လုပ္တယ္။ သူ စုေဆာင္းၿပီးရင္ ၿပီးသြားၿပီ။ သူက အဲ့ဒါေတြကို ဒုတိယအႀကိမ္ ျပန္သြားမၾကည့္ေတာ့ဘူး။ တစ္ခါတေလ ငါ ပစၥည္းေတြ လိုက္႐ွာတဲ့အခ်ိန္မွာ အဲ့ဒါေတြနဲ႔ ေဆာ့ကစားၾကည့္ရင္း သူ႕စုေဆာင္းမႈရဲ႕ ေနာက္ကြယ္က သမိုင္းေၾကာင္းကို ေျပာျပလာဖို႔ေတာင္ ႀကိဳးစားခဲ့ေပမယ့္ သူက ငါ့ကို အလုပ္႐ႈပ္တဲ့အေကာင္လို႔ ေျပာတယ္။
ေက်ာင္းကုန္းဇီက တကယ္ကို စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့လူတစ္ေယာက္ပဲ။ သူက သူ႕စုေဆာင္းမႈေတြကို တကယ္ဂ႐ုမစိုက္ဘဲ သူ႕ဗီ႐ိုရဲ႕ တစ္ဝက္ကို ကာကြယ္ခ်င္ေနတာလို႔ ငါ သံသယ႐ွိမိတယ္။
ငါ ပင္မတိုက္ႀကီးရဲ႕ ေအာက္ထပ္ကေန ေ႐ႊ႕ထားတဲ့ ပစၥည္းေတြကို သယ္လိုက္တယ္။ ၿပီးေတာ့ အဲ့ဒါေတြကို သန္႔စင္ေအာင္ သုတ္ၿပီး ထားဖို႔ ေနရာေတြ ႐ွာတယ္။
ပထမဆုံးပစၥည္းကေတာ့ ေက်ာင္းကုန္းဇီရဲ႕ ေ႐ႊစင္မာရသြန္ဆုဖလားျဖစ္တယ္။ ဒီဆုက သူ႕ကိုယ္ပိုင္ အရည္အခ်င္းနဲ႔ ရ႐ွိခဲ့တဲ့ တစ္ခုတည္းေသာ ဆုဖလားျဖစ္ေနတာေၾကာင့္သာမဟုတ္ရင္ ငါ အဲ့ဒါကို ေရာင္းပစ္ခ်င္မိမွာ။
ငါ အဲ့ဆုဖလားကို စႏၵယားထိပ္မွာ တင္ထားလိုက္တယ္။
ေက်ာင္းကုန္းဇီက ငါ့ကို ေမးတယ္, "ဘာလို႔ အဲ့ဒါကို အဲ့ဒီမွာ ထားတာလဲ?"
"အဲ့ဒါက ၾကည့္ေကာင္းတယ္ေလ"
ေက်ာင္းကုန္းဇီက ငါ့ဆီ ေလွ်ာက္လာၿပီး ငါ့ေမးေစ့ကိုေစာင္းကာ နမ္းလိုက္တယ္, "ဟင္း, မင္း ေကာင္းေကာင္းလုပ္လိုက္တာပဲ"
သူ႕အေတြးေတြက နားလည္ရခက္တယ္။
ငါ ဓာတ္ပုံအယ္လ္ဘမ္ကို ထပ္ထုတ္လိုက္ၿပီး သပ္သပ္ရပ္ရပ္ျပင္ဆင္လိုက္တယ္။ အတြင္းထဲမွာေတာ့ အတိတ္က ဓါတ္ပုံေတြ ႐ွိေနတယ္။
ေက်ာင္းကုန္းဇီကေတာ့ ငါ့အနားမွာ လွည့္ပတ္ၿပီးရင္း လွည့္ပတ္ေနတယ္။
T/N - စိတ္႐ႈပ္စရာေက်ာင္းကုန္းဇီတို႔အတြဲေလးကေတာ့ Chapter - 26 ဆို ဇာတ္သိမ္းၿပီျဖစ္ပါတယ္, လာမယ့္ပိတ္ရက္မွာ ေတြ႕ၾကရေအာင္ပါ👀❤