ချစ်ခြင်းတည်စေ

By Hsu_Lynn_Nge

71.5K 2.9K 204

Seme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒ... More

Part~1
Part~2
Part~3
Part~4
Part~5
Part~6
Part~7
Part~8
Part~9
Part-10
Part-11
Part~12
Part~13
Part-14
Part~16
Part~17
Part~18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40(Completed)

Part-15

1.4K 74 2
By Hsu_Lynn_Nge

ပူပြင်းလှသောနွေကြောင့် ဆိုင်အနီးရှိကုက္ကိုပင်ကြီးတွင်စင်လေးလုပ်၍ တင်ထားသောရေချမ်းအိုးလေးထဲမှရေများပင်ခမ်းလုပြီ။လမ်းတွင် ရေချမ်းစင်များပြုလုပ်၍ထားပေးခြင်းသည်လည်းမြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့ဖြစ်သည်။ရေချမ်းအိုးထဲသို့ရေဖြည့်နေရင်း လမ်းဘက်သို့မျှော်ကြည့်နေသောကောင်လေးတစ်ယောက်လည်းရှိနေပါ၏။

"အငယ်လေးရေ ရေတွေကအောက်မှာချည်းပဲနော်။ဘာတွေအတွေးလွန်နေလို့လဲဟေ့"

လှမ်းအော်လိုက်သော မိန်းမငယ်တစ်ယောက်၏အသံကြားမှသာ အမောင်သတိပြန်၀င်သွားသည်။သူ့ကိုလှမ်းပြောနေသောအမျိုးသမီးသည် ကြီးကြီးဒေါ်မီခမ်း၏တူမဖြစ်သူ မြဂန္ဓမီဖြစ်၏။ကြီးကြီး၏သားဆုံးပြီးသည့်အချိန်မှစ၍မြဂန္ဓမီသည် ကြီးကြီးနှင့်အတူလာနေသည်။‌ရန်ကုန်ကိုကျောင်းသွားတက်နေပြီး ကျောင်းပိတ်သောကြောင့်ပြန်လာခြင်းဖြစ်သည်။

သူ့ကိုဆို မောင်အရင်းလေးကဲ့သို့ချစ်ပေးရှာသည်။တခြားသူတွေခေါ်သကဲ့လို့ "အမောင်"ဟုပင်မခေါ်။သူ့ထက်‌ေခြာက်နှစ်ငယ်သောကောင်လေးကို အငယ်လေးဟုသာခေါ်လေ့ရှိသည်။

"မလွန်ပါဘူးဗျာ မမမီကလဲ"

"ဘုတ်! အာ့!"

မြဂန္ဓမီကိုပြောရင်းနှင့်လမ်းလျှောက်လာရာမှ ရှေ့ကကျောက်ခဲကိုခလုတ်တိုက်လဲခြင်းဖြစ်သည်။မည်သို့ပင်မခံနိုင်အောင်စနေစေကာမူ အမောင်လဲကျသောအခါအနားကိုချက်ချင်းရောက်လာသူသည် မြဂန္ဓမီပင်ဖြစ်သည်။

"အငယ်လေး ဘယ်နားနာသွားသေးလဲ။မမမီမကောင်းတာပါကွယ်။အငယ်လေးကိုစနေလို့ အငယ်လေးခုလိုလဲသွားတာ"

အ‌မောင့်ကိုထူပေးနေရင်းမှ ငိုသံပါလာကာ မျက်ရည်များပင်ဝဲလာသော မမမီကြောင့် အမောင်ပါငိုချင်လာရသည်။နာကျင်စရာ‌များသော သူ့ကမ္ဘာတွင်သူ့ကိုလုံလုံလောက်လောက်ချစ်ပေးမည့် လူအနည်းစုသည်လည်း ဘုရားပေးသောဆုလာဘ်ပင်ဖြစ်သည်။မမမီစိတ်မကောင်းဖြစ်မည်စိုး၍ အမောင်ကခပ်ဟဟလေးရယ်ကာပြောလေသည်။

"မမမီ ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျ။ဒီမှာကြည့် အေးဆေးပဲ"

မျက်စိရှေ့တွင်အရွယ်ရောက်လာသော ကောင်လေးကိုကြည့်ကာမျက်ရည်ဝဲလာရသည်။ဒေါ်မေနွဲ့ရီ(အမောင့်အဒေါ်)ကရိုက်လိုက်ပြီဆိုလျှင် သူမနှင့်ကြီးကြီးဆီသို့သာ ငိုယို၍ရောက်လာတတ်သည်။ကြီးကြီးအပြင်သွားလျှင် သူမသည်သာအမေ သူမသည်သာအစ်မဖြစ်သည်။

ရေချိုးပြီးသနပ်ခါးလိမ်းပေးသည်မှအစ ထမင်းခွံ့ကျွေးသည်အဆုံး မြဂန္ဓမီကသာပြုလုပ်ပေးလေ့ရှိသည်။ခလုတ်တိုက်၍လဲကျလျှင် သူမနာမည်ကိုခေါ်ကာအော်ငိုတတ်သောကောင်လေးသည် ယခုမူကားထူပေးစရာပင်မလိုတော့ပဲကိုယ်တိုင်ထတတ်နေပေပြီ။၀မ်းနည်းလာလျှင်အော်ငိုတတ်သောကောင်လေးသည် ယခုမူကားဟန်ဆောင်ပြုံးတတ်နေလေပြီ။

အမောင့်ငယ်စဉ်ကအကြောင်းကိုတွေးနေမိရင်း ငိုချင်လာသည်မို့ ထိုင်နေရာမှကပျာကယာထကာ အမောင့်ကိုဖက်ထားမိလေသည်။အမောင်ကလည်း ကြောင်အစွာငြိမ်သက်နေပြီးနောက် ခပ်ရေးရေးပြုံးကာ ပြန်လည်ပွေ့ဖက်ထားမိလေသည်။အစအဆုံးမြင်လိုက်ရသောအဝေးမှ ကြီးကြီးဒေါ်မီခမ်းနှင့်ဆိုင်တွင်အလုပ်လုပ်နေသောသူဇာနွယ်တို့ပါ မျက်ရည်ကျရသည်။

"အဲ့ဒါကဘာလုပ်နေကြတာလဲ"

မာထန်လှသောအသံကြောင့် ဖက်တွယ်ထားသောလက်များဖယ်လိုက်ကာ လှည့်ကြည့်လိုက်ကြသည်။

"အငယ်လေး သူကဘယ်သူလဲ"

"သူကဒီမှာရုံးခွဲလာထောင်တာလေ။သူ့နာမည်ကကိုအဂ္ဂခွန်းပိုင်တဲ့"

"ဪ သိပြီသိပြီ။အငယ်လေးရဲ့ကယ်တင်ရှင်ရွှေမင်းသားလေးမဟုတ်လား"

မမမီသည်အတည်ပေါက်ကြီးစနောက်လိုက်သဖြင့် အမောင့်မျက်နှာလေးနီသွားရသည်။

"ဟာ မဟုတ်တာဗျာ။မမမီကလဲ"

"ဘာတွေပြောနေလို့အဲ့လောက်တောင်သဘောကျနေတာလဲ"

အနားသို့ရောက်လာကာ အမောင့်လက်ကိုပိုင်စိုးပိုင်နင်းဆွဲလိုက်သောအဂ္ဂ၏မျက်နှာသည် အချိန်မရွေးပေါက်ကွဲတော့မည့်ဗုံးတစ်လုံးကဲ့သို့ တင်းမာနေ၏။

"အစ်ကိုအဂ္ဂ သူကမမမီလေ။ကျွန်တော့်အစ်မ မမြဂန္ဓမီပေါ့။ဘဘုန်းနဲ့ကြီးကြီးပြီးရင်ကျွန်တော့်အပေါ်‌အကောင်းဆုံးလေ"

အမောင်ရှင်းပြမှဇာတ်ရည်လည်သွားဟန်ရှိကာ "ဪ"ဟုသာရေရွတ်ပါတော့၏။

"ဪ လွန်းရဲ့အစ်မလား။တွေ့ရတာ၀မ်းသာပါတယ်ခင်ဗျ"

မမမီသည် ခပ်ဟဟလေးရယ်ပြီးမှ အဂ္ဂကိုပြန်နှုတ်ဆက်၏။

"ငါ့မောင်က အငယ်လေးနဲ့မမမီကိုတမျိုးထင်သွားတာပဲ။ထင်တော့ထင်သား အဟိ"

အဂ္ဂသည် ရှက်သွားဟန်ဖြင့်လည်ပင်းလေးကိုပွတ်ကာရယ်နေပြီး မျက်နှာမှာလည်းခရမ်းချဉ်သီးမှည့်ကဲ့သို့နီရဲနေသည်။ထို့နောက်မမမီကပင် အဂ္ဂ၏လက်ကိုခပ်ဖွဖွလေးဆွဲကိုင်ထားပြီး ညိုမှိုင်းသောမျက်၀န်းတို့ဖြင့်ပြောလာ၏။

"အငယ်လေးကိုဂရုစိုက်ပေးပါ။သူ့ကမ္ဘာမှာနာကျင်စရာတွေများလို့ ပျော်ရွှင်ရတဲ့ဆုလာဘ်လေးဖြစ်ပေးပါ။မမမီရဲ့အငယ်လေးကိုအပ်ပါတယ်မောင်လေး"

အဂ္ဂသည် နှုတ်ခမ်းကိုခပ်တင်းတင်းစေ့လိုက်သည်။

"စိတ်ချပါ မမီ။ခက်ခဲသည်ဖြစ်စေ လွယ်ကူသည်ဖြစ်စေ ကျွန်တော် လွန်းလက်ကိုတစ်သက်လုံးဆွဲထားမှာပါ"

"ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးဆိုပေမယ့် မမီက‌ရန်ကုန်မှာကျောင်းတက်လာတဲ့သူမို့လို့ ဒီဆက်ဆံရေးကိုနားလည်ပေးနိုင်ပါတယ်။ဘဘုန်းကတော့ လောကီရေးရာကို၀င်စွပ်ဖက်မှာမဟုတ်ပေမယ့် ကြီးကြီးကလက်ခံပေးနိုင်ပါ့မလားမသိဘူး"

"မပူပါနဲ့မမီ။ကျွန်တော်ကိုယ်တိုင်က ဒီလမ်းကိုလျှောက်ဖို့ရွေးချယ်ထားတာမို့လို့ ဒီလမ်းကိုပြီးအောင်ဆက်လျှောက်မှာပါ"

"ဒါဆို မမီသွားတော့မယ်"

မမမီက သူတို့ကိုနှုတ်ဆက်ပြီး ဆိုင်ထဲသို့ခဏ၀င်ကာပြန်ထွက်သွားလေသည်။အဂ္ဂသည် အမောင့်ခန္ဓာကိုယ်လေးကိုသူ့ဘက်သို့ဆွဲလှည့်ယူလိုက်သည်။

"ကိုယ့်ကိုယုံလား လွန်း"

"ယုံပါတယ် အစ်ကိုအဂ္ဂ"

"ဘ၀တစ်ခုလုံးကိုပါပုံအပ်ပြီးယုံလိုက်လို့ရပါတယ် လွန်း"

အဂ္ဂစကားကြောင့် အမောင်တစ်စက္ကန့်လောက်ကြောင်အသွားသည်။အဂ္ဂမျက်နှာကိုကြည့်တော့လည်းစပ်ဖြီးဖြီး။အကောင်းပြောနေရင်းကနေ ထဖောက်သောအဂ္ဂကို အမောင်သုတလေးက ဆေးလှုပ်တိုက်ခဲ့ဟန်မရှိပေ။

"ဟာဗျာ..."

ရှက်ရယ်ရယ်ပြီးထွက်ပြေးသွားသော အမောင့်ကိုကြည့်ကာတဟားဟားအော်ရယ်ရင်းကျန်ခဲ့လေသည်။

.....................................

"ကောင်လေး မင်းအစပ်စားတာများပြီ။တော်တော့ မစားနဲ့"

ပြောလည်းပြော သရက်သီးသုပ်ပန်းကန်ကိုပါဆွဲယူလိုက်သော မဟာ့ကို သုတကဘုကြည့်ကြည့်လေသည်။

"သူများစားတာလာပိတ်ပင်နေတာ ခင်ဗျားနောင်ဘ၀ကျရင်ပြိတ္တာဖြစ်လိမ့်မယ်"

"မင်းသိလို့လား။ဒါမှမဟုတ်ပြောမရဘူးနော် မင်းကကိုယ့်ရဲ့ပြိတ္တာကတော်လေးဖြစ်ချင်ဖြစ်နေမှာ"

သုတကစိတ်မရှည်မလိုတစ်ချက်ကြည့်ပြီး ကျစ်ခနဲစုတ်သပ်လိုက်သည်။

" ကျစ်! ဒီဘဲကြီးကတော့..."

"ဘဲကြီးဂုဏောအနန္တော၊ဘဲကြီးသရဏံဂစ္ဆာမိ၊ဘဲကြီးစကားမပယ်ရှား၊ဘဲကြီးရိုသေအသက်ရှည် တဲ့ ကောင်လေးရဲ့။မသေခင်အသက်ရှည်ကြောင်းအနာမဲ့ကြောင်းလေးလုပ်သင့်တယ်နော်"

(ဒီစာသားလေးကလေpageတစ်ခုကနေပြီးတော့ခွင့်တောင်းပြီးယူသုံးထားတာမို့crdပေးပါတယ်)

"ငလူးမသားကြီး -ီးပဲ"

သုတမျက်နှာနီရဲ‌ေနခြင်းသည်ဒေါသထွက်၍လား ငရုတ်သီးစပ်၍လားမသဲကွဲတော့။မဟာ့လက်ထဲမှ သရက်သီးပန်းကန်ကိုပြန်ဆွဲယူ၍စားနေလေသည်။မဟာသည်ကား ပြောမနိုင်ဆိုမနိုင်သောအနှီကောင်လေးအား "ငါမနိုင်မသားလေး"ဟုခပ်တိုးတိုးဆဲရေးကာ နှီးယပ်တောင်လေးဖြင့်ယပ်ခပ်ပေးနေလေတော့သည်။

#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။

*လင်းငယ်ခုရက်ပိုင်းစိတ်တွေရှုပ်နေလို့အပ်ပုဒိတ်နောက်ကျသွားပါတယ်။သည်းခံပြီးတော့ သားတို့ကိုဆက်ချစ်ပေးကြပါအုံးနော်။သားတို့ကိုချစ်သေးလားဟင်။မျက်စိလေးတွေကြယ်လေးတွေတော့ အား‌ဆေးလေးအဖြစ်လိုချင်မိပါတယ်။

Zawgyi

ပူျပင္းလွေသာေႏြေၾကာင့္ ဆိုင္အနီးရွိကုကၠိဳပင္ႀကီးတြင္စင္ေလးလုပ္၍ တင္ထားေသာေရခ်မ္းအိုးေလးထဲမွေရမ်ားပင္ခမ္းလုၿပီ။လမ္းတြင္ ေရခ်မ္းစင္မ်ားျပဳလုပ္၍ထားေပးျခင္းသည္လည္းျမန္မာလူမ်ိဳးတို႔၏ ခ်စ္စရာဓေလ့ျဖစ္သည္။ေရခ်မ္းအိုးထဲသို႔ေရျဖည့္ေနရင္း လမ္းဘက္သို႔ေမွ်ာ္ၾကည့္ေနေသာေကာင္ေလးတစ္ေယာက္လည္းရွိေနပါ၏။

"အငယ္ေလးေရ ေရေတြကေအာက္မွာခ်ည္းပဲေနာ္။ဘာေတြအေတြးလြန္ေနလို႔လဲေဟ့"

လွမ္းေအာ္လိုက္ေသာ မိန္းမငယ္တစ္ေယာက္၏အသံၾကားမွသာ အေမာင္သတိျပန္၀င္သြားသည္။သူ႔ကိုလွမ္းေျပာေနေသာအမ်ိဳးသမီးသည္ ႀကီးႀကီးေဒၚမီခမ္း၏တူမျဖစ္သူ ျမဂႏၶမီျဖစ္၏။ႀကီးႀကီး၏သားဆုံးၿပီးသည့္အခ်ိန္မွစ၍ျမဂႏၶမီသည္ ႀကီးႀကီးႏွင့္အတူလာေနသည္။‌ရန္ကုန္ကိုေက်ာင္းသြားတက္ေနၿပီး ေက်ာင္းပိတ္ေသာေၾကာင့္ျပန္လာျခင္းျဖစ္သည္။

သူ႔ကိုဆို ေမာင္အရင္းေလးကဲ့သို႔ခ်စ္ေပးရွာသည္။တျခားသူေတြေခၚသကဲ့လို႔ "အေမာင္"ဟုပင္မေခၚ။သူ႔ထက္‌ေျခာက္ႏွစ္ငယ္ေသာေကာင္ေလးကို အငယ္ေလးဟုသာေခၚေလ့ရွိသည္။

"မလြန္ပါဘူးဗ်ာ မမမီကလဲ"

"ဘုတ္! အာ့!"

ျမဂႏၶမီကိုေျပာရင္းႏွင့္လမ္းေလွ်ာက္လာရာမွ ေရွ႕ကေက်ာက္ခဲကိုခလုတ္တိုက္လဲျခင္းျဖစ္သည္။မည္သို႔ပင္မခံႏိုင္ေအာင္စေနေစကာမူ အေမာင္လဲက်ေသာအခါအနားကိုခ်က္ခ်င္းေရာက္လာသူသည္ ျမဂႏၶမီပင္ျဖစ္သည္။

"အငယ္ေလး ဘယ္နားနာသြားေသးလဲ။မမမီမေကာင္းတာပါကြယ္။အငယ္ေလးကိုစေနလို႔ အငယ္ေလးခုလိုလဲသြားတာ"

အ‌ေမာင့္ကိုထူေပးေနရင္းမွ ငိုသံပါလာကာ မ်က္ရည္မ်ားပင္ဝဲလာေသာ မမမီေၾကာင့္ အေမာင္ပါငိုခ်င္လာရသည္။နာက်င္စရာ‌မ်ားေသာ သူ႔ကမာၻတြင္သူ႔ကိုလုံလုံေလာက္ေလာက္ခ်စ္ေပးမည့္ လူအနည္းစုသည္လည္း ဘုရားေပးေသာဆုလာဘ္ပင္ျဖစ္သည္။မမမီစိတ္မေကာင္းျဖစ္မည္စိုး၍ အေမာင္ကခပ္ဟဟေလးရယ္ကာေျပာေလသည္။

"မမမီ ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူးဗ်။ဒီမွာၾကည့္ ေအးေဆးပဲ"

မ်က္စိေရွ႕တြင္အ႐ြယ္ေရာက္လာေသာ ေကာင္ေလးကိုၾကည့္ကာမ်က္ရည္ဝဲလာရသည္။ေဒၚေမႏြဲ႕ရီ(အေမာင့္အေဒၚ)က႐ိုက္လိုက္ၿပီဆိုလွ်င္ သူမႏွင့္ႀကီးႀကီးဆီသို႔သာ ငိုယို၍ေရာက္လာတတ္သည္။ႀကီးႀကီးအျပင္သြားလွ်င္ သူမသည္သာအေမ သူမသည္သာအစ္မျဖစ္သည္။

ေရခ်ိဳးၿပီးသနပ္ခါးလိမ္းေပးသည္မွအစ ထမင္းခြံ႕ေကြၽးသည္အဆုံး ျမဂႏၶမီကသာျပဳလုပ္ေပးေလ့ရွိသည္။ခလုတ္တိုက္၍လဲက်လွ်င္ သူမနာမည္ကိုေခၚကာေအာ္ငိုတတ္ေသာေကာင္ေလးသည္ ယခုမူကားထူေပးစရာပင္မလိုေတာ့ပဲကိုယ္တိုင္ထတတ္ေနေပၿပီ။၀မ္းနည္းလာလွ်င္ေအာ္ငိုတတ္ေသာေကာင္ေလးသည္ ယခုမူကားဟန္ေဆာင္ၿပဳံးတတ္ေနေလၿပီ။

အေမာင့္ငယ္စဥ္ကအေၾကာင္းကိုေတြးေနမိရင္း ငိုခ်င္လာသည္မို႔ ထိုင္ေနရာမွကပ်ာကယာထကာ အေမာင့္ကိုဖက္ထားမိေလသည္။အေမာင္ကလည္း ေၾကာင္အစြာၿငိမ္သက္ေနၿပီးေနာက္ ခပ္ေရးေရးၿပဳံးကာ ျပန္လည္ေပြ႕ဖက္ထားမိေလသည္။အစအဆုံးျမင္လိုက္ရေသာအေဝးမွ ႀကီးႀကီးေဒၚမီခမ္းႏွင့္ဆိုင္တြင္အလုပ္လုပ္ေနေသာသူဇာႏြယ္တို႔ပါ မ်က္ရည္က်ရသည္။

"အဲ့ဒါကဘာလုပ္ေနၾကတာလဲ"

မာထန္လွေသာအသံေၾကာင့္ ဖက္တြယ္ထားေသာလက္မ်ားဖယ္လိုက္ကာ လွည့္ၾကည့္လိုက္ၾကသည္။

"အငယ္ေလး သူကဘယ္သူလဲ"

"သူကဒီမွာ႐ုံးခြဲလာေထာင္တာေလ။သူ႔နာမည္ကကိုအဂၢခြန္းပိုင္တဲ့"

"ဪ သိၿပီသိၿပီ။အငယ္ေလးရဲ႕ကယ္တင္ရွင္ေ႐ႊမင္းသားေလးမဟုတ္လား"

မမမီသည္အတည္ေပါက္ႀကီးစေနာက္လိုက္သျဖင့္ အေမာင့္မ်က္ႏွာေလးနီသြားရသည္။

"ဟာ မဟုတ္တာဗ်ာ။မမမီကလဲ"

"ဘာေတြေျပာေနလို႔အဲ့ေလာက္ေတာင္သေဘာက်ေနတာလဲ"

အနားသို႔ေရာက္လာကာ အေမာင့္လက္ကိုပိုင္စိုးပိုင္နင္းဆြဲလိုက္ေသာအဂၢ၏မ်က္ႏွာသည္ အခ်ိန္မေ႐ြးေပါက္ကြဲေတာ့မည့္ဗုံးတစ္လုံးကဲ့သို႔ တင္းမာေန၏။

"အစ္ကိုအဂၢ သူကမမမီေလ။ကြၽန္ေတာ့္အစ္မ မျမဂႏၶမီေပါ့။ဘဘုန္းနဲ႔ႀကီးႀကီးၿပီးရင္ကြၽန္ေတာ့္အေပၚ‌အေကာင္းဆုံးေလ"

အေမာင္ရွင္းျပမွဇာတ္ရည္လည္သြားဟန္ရွိကာ "ဪ"ဟုသာေရ႐ြတ္ပါေတာ့၏။

"ဪ လြန္းရဲ႕အစ္မလား။ေတြ႕ရတာ၀မ္းသာပါတယ္ခင္ဗ်"

မမမီသည္ ခပ္ဟဟေလးရယ္ၿပီးမွ အဂၢကိုျပန္ႏႈတ္ဆက္၏။

"ငါ့ေမာင္က အငယ္ေလးနဲ႔မမမီကိုတမ်ိဳးထင္သြားတာပဲ။ထင္ေတာ့ထင္သား အဟိ"

အဂၢသည္ ရွက္သြားဟန္ျဖင့္လည္ပင္းေလးကိုပြတ္ကာရယ္ေနၿပီး မ်က္ႏွာမွာလည္းခရမ္းခ်ဥ္သီးမွည့္ကဲ့သို႔နီရဲေနသည္။ထို႔ေနာက္မမမီကပင္ အဂၢ၏လက္ကိုခပ္ဖြဖြေလးဆြဲကိုင္ထားၿပီး ညိဳမႈိင္းေသာမ်က္၀န္းတို႔ျဖင့္ေျပာလာ၏။

"အငယ္ေလးကိုဂ႐ုစိုက္ေပးပါ။သူ႔ကမာၻမွာနာက်င္စရာေတြမ်ားလို႔ ေပ်ာ္႐ႊင္ရတဲ့ဆုလာဘ္ေလးျဖစ္ေပးပါ။မမမီရဲ႕အငယ္ေလးကိုအပ္ပါတယ္ေမာင္ေလး"

အဂၢသည္ ႏႈတ္ခမ္းကိုခပ္တင္းတင္းေစ့လိုက္သည္။

"စိတ္ခ်ပါ မမီ။ခက္ခဲသည္ျဖစ္ေစ လြယ္ကူသည္ျဖစ္ေစ ကြၽန္ေတာ္ လြန္းလက္ကိုတစ္သက္လုံးဆြဲထားမွာပါ"

"ပုံမွန္မဟုတ္တဲ့ဆက္ဆံေရးဆိုေပမယ့္ မမီက‌ရန္ကုန္မွာေက်ာင္းတက္လာတဲ့သူမို႔လို႔ ဒီဆက္ဆံေရးကိုနားလည္ေပးႏိုင္ပါတယ္။ဘဘုန္းကေတာ့ ေလာကီေရးရာကို၀င္စြပ္ဖက္မွာမဟုတ္ေပမယ့္ ႀကီးႀကီးကလက္ခံေပးႏိုင္ပါ့မလားမသိဘူး"

"မပူပါနဲ႔မမီ။ကြၽန္ေတာ္ကိုယ္တိုင္က ဒီလမ္းကိုေလွ်ာက္ဖို႔ေ႐ြးခ်ယ္ထားတာမို႔လို႔ ဒီလမ္းကိုၿပီးေအာင္ဆက္ေလွ်ာက္မွာပါ"

"ဒါဆို မမီသြားေတာ့မယ္"

မမမီက သူတို႔ကိုႏႈတ္ဆက္ၿပီး ဆိုင္ထဲသို႔ခဏ၀င္ကာျပန္ထြက္သြားေလသည္။အဂၢသည္ အေမာင့္ခႏၶာကိုယ္ေလးကိုသူ႔ဘက္သို႔ဆြဲလွည့္ယူလိုက္သည္။

"ကိုယ့္ကိုယုံလား လြန္း"

"ယုံပါတယ္ အစ္ကိုအဂၢ"

"ဘ၀တစ္ခုလုံးကိုပါပုံအပ္ၿပီးယုံလိုက္လို႔ရပါတယ္ လြန္း"

အဂၢစကားေၾကာင့္ အေမာင္တစ္စကၠန႔္ေလာက္ေၾကာင္အသြားသည္။အဂၢမ်က္ႏွာကိုၾကည့္ေတာ့လည္းစပ္ၿဖီးၿဖီး။အေကာင္းေျပာေနရင္းကေန ထေဖာက္ေသာအဂၢကို အေမာင္သုတေလးက ေဆးလႈပ္တိုက္ခဲ့ဟန္မရွိေပ။

"ဟာဗ်ာ..."

ရွက္ရယ္ရယ္ၿပီးထြက္ေျပးသြားေသာ အေမာင့္ကိုၾကည့္ကာတဟားဟားေအာ္ရယ္ရင္းက်န္ခဲ့ေလသည္။

.....................................

"ေကာင္ေလး မင္းအစပ္စားတာမ်ားၿပီ။ေတာ္ေတာ့ မစားနဲ႔"

ေျပာလည္းေျပာ သရက္သီးသုပ္ပန္းကန္ကိုပါဆြဲယူလိုက္ေသာ မဟာ့ကို သုတကဘုၾကည့္ၾကည့္ေလသည္။

"သူမ်ားစားတာလာပိတ္ပင္ေနတာ ခင္ဗ်ားေနာင္ဘ၀က်ရင္ၿပိတၱာျဖစ္လိမ့္မယ္"

"မင္းသိလို႔လား။ဒါမွမဟုတ္ေျပာမရဘူးေနာ္ မင္းကကိုယ့္ရဲ႕ၿပိတၱာကေတာ္ေလးျဖစ္ခ်င္ျဖစ္ေနမွာ"

သုတကစိတ္မရွည္မလိုတစ္ခ်က္ၾကည့္ၿပီး က်စ္ခနဲစုတ္သပ္လိုက္သည္။

" က်စ္! ဒီဘဲႀကီးကေတာ့..."

"ဘဲႀကီးဂုေဏာအနေႏၲာ၊ဘဲႀကီးသရဏံဂစာၦမိ၊ဘဲႀကီးစကားမပယ္ရွား၊ဘဲႀကီး႐ိုေသအသက္ရွည္ တဲ့ ေကာင္ေလးရဲ႕။မေသခင္အသက္ရွည္ေၾကာင္းအနာမဲ့ေၾကာင္းေလးလုပ္သင့္တယ္ေနာ္"

(ဒီစာသားေလးကေလpageတစ္ခုကေနၿပီးေတာ့ခြင့္ေတာင္းၿပီးယူသုံးထားတာမို႔crdေပးပါတယ္)

"ငလူးမသားႀကီး -ီးပဲ"

သုတမ်က္ႏွာနီရဲ‌ေနျခင္းသည္ေဒါသထြက္၍လား င႐ုတ္သီးစပ္၍လားမသဲကြဲေတာ့။မဟာ့လက္ထဲမွ သရက္သီးပန္းကန္ကိုျပန္ဆြဲယူ၍စားေနေလသည္။မဟာသည္ကား ေျပာမႏိုင္ဆိုမႏိုင္ေသာအႏွီေကာင္ေလးအား "ငါမႏိုင္မသားေလး"ဟုခပ္တိုးတိုးဆဲေရးကာ ႏွီးယပ္ေတာင္ေလးျဖင့္ယပ္ခပ္ေပးေနေလေတာ့သည္။

#Hsu Lynn Nge
#အခုမွစေရးတာျဖစ္လို႔မွားတာရွိရင္ေထာက္ျပၾကပါဗ်။အေကာင္းဆုံးႀကိဳးစားထားပါတယ္ဗ်။

*လင္းငယ္ခုရက္ပိုင္းစိတ္ေတြရႈပ္ေနလို႔အပ္ပုဒိတ္ေနာက္က်သြားပါတယ္။သည္းခံၿပီးေတာ့ သားတို႔ကိုဆက္ခ်စ္ေပးၾကပါအုံးေနာ္။သားတို႔ကိုခ်စ္ေသးလားဟင္။မ်က္စိေလးေတြၾကယ္ေလးေတြေတာ့ အား‌ေဆးေလးအျဖစ္လိုခ်င္မိပါတယ္။

Continue Reading

You'll Also Like

212K 8K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
559K 56.2K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
968K 50.7K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...