Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 117K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More

intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90

Chapter -48

10.2K 965 39
By Neko_san_ZP

Zawgyi


















"ရှန်ဟွာ အဲ့ကောင်နဲ့ဝေးဝေးနေ၊သူကဥာဏ်များတယ်...မင်းကို ဒုက္ခပေးမှာ ကိုယ်စိုးရိမ်တယ်" ကုဖုန်းမော့ရဲ့စကားကြောင့် လော့ရှန်ဟွာပြုံးလိုက်သည်၊ရန်ကောရှီဟာ ဥာဏ်များပေမယ့် ကောက်ကျစ်ယုတ်မာတတ်ပုံမပေါ်ပေ၊သူဟာ သူသဘောကျတဲ့အရာကို တစိုက်မတ်တန်း ရယူမည့်ပုံစံပင်၊ဒါက ရန်ကောရှီကို စမြင်တည်းက သူရဲ့ထင်မြင်ချက်တစ်ခုဖြစ်သည်၊


















---------



---------------

Unicode

နေ့လည်စာတစ်ဖြတ်နားချိန်ရောက်လာတော့ ကျောင်းသား၊ကျောင်းသူများဟာလည်း အတန်းထဲကနေ ပျော်ရွှင်စွာ ထွက်လာကျတော့သည်၊

လော့ရှန်ဟွာနဲ့ထန်းဟော်ရှဟာလည်း ကန်တင်းဆီထွက်လာတော့သည်၊ဟိုကို ရောက်တော့ ရှအန်းထျန်းဟာ ထိုင်နေပြီး သူ့တို့ကို လာထိုင်ရန် အမူအယာပြတော့သည်၊လော့ရှန်ဟွာက ရှအန်းထျန်းနဲ့ထန်းဟော်ရှကြားက ပြသာနာကို သတိမထားမိတာကြောင့် ပေါ့ပေါးပါးပါးနဲ့သာ ခုံဆီလျှောက်သွားရင်း ဝင်ထိုင်တော့သည်၊ထန်းဟော်ရှဟာ ရှအန်းထျန်းကို မကြည်ကြည့်တစ်ချက်ကြည့်လောက်ပေမယ့် ရှအန်းထျန်းဘေးနားမှာ စိတ်ပျက်လက်ပျက်ဝင်ထိုင်တော့သည်၊

"လီကုန်းရွှေနဲ့ကုဖုန်းမော့က အစားအသောက်သွားယူတယ်" ရှအန်းထျန်းဟာ ပြောလိုက်ပြီးနောက်မှာ သူဟာ ထန်းဟော်ရှကိုသာ စိုက်ကြည့်နေလိုက်သည်၊ရှအန်းထျန်းရဲ့ပယင်းရင့်ရောင်မျက်ဝန်းတစ်စုံကြောင့် ထန်းဟော်ရှနေရခက်ဖြစ်နေတာကြောင့် ရှအန်းထျန်းရဲ့​ခြေထောက်ကို စားပွဲအောက်ကနေ လှမ်းတို့ကာ သူ့ကို မကြည့်ရန် သတိပေးသည့်အကြည့်ကြည့်လိုက်သည်၊ဒါပေမယ့် တစ်ဖက်လူဟာ သူ့ပေါင်ပေါ် လက်တင်လာရုံသာမက ပွတ်သပ်လာသည့်ချိန်မှာတော့ ထန်းဟော်ရှလန့်ဖြန့်သွားကာ မတ်တပ်ထရပ်မိတော့သည်။

"ဟော်ရှ ဘာဖြစ်တာလဲ" မျက်နှာချင်းဆိုင်မှာထိုင်​နေတဲ့လော့ရှန်ဟွာလည်း ရုတ်တရက်မတ်တပ်ထရပ်လိုက်တဲ့ထန်းဟော်ရှကြောင့် ကြောင်အသွားပြီး မေးလိုက်သည်၊

ထန်းဟော်ရှဟာ မျက်နှာတစ်ပြင်လုံးသာမက နားနဲ့လည်ပင်းပင်နီရဲနေပေမယ့် ရုပ်ကိုတည်ထားကာ ခုံမှာပြန်ထိုင်လိုက်ပြီး လော့ရှန်ဟွာကို ဘာမှမဖြစ်ကြောင်းပြောလိုက်သည်၊ထိုနောက်မှာတော့ ရှအန်းထျန်းကို ငြိမ်ငြိမ်နေရင် သတိပေးအကြည့်ကြည့်လိုက်သည်။

"ရှန်ဟွာ မင်းတို့ရောက်နေပြီပဲ" ကုဖုန်းမော့နဲ့လီဖုန်းရွှေဟာ အစားအသောက်မှာပေးပြီးနောက်မှာ ခုံကို ပြန်ရောက်လာကာ ဝင်ထိုင်ရင်းပြောလိုက်သည်၊

လော့ရှန်ဟွာဟာ ခေါင်းညိတ်လိုက်ပြီးနောက်မှာ ကုဖုန်းမော့ကို တစ်ချက်ကြည့်လိုက်ပြီး

"ဖုန်းမော့ မင်းမျက်ဝန်းညိုနေတယ်"ပြောလိုက်တော့ ကုဖုန်းမော့ဟာ သက်ပြင်းချလိုက်ပြီး ရှေ့ရှိ ရေခွက်ကို ပင့်မရင်း သောက်လိုက်တော့သည်၊

လော့ရှန်ဟွာလည်း ရှအန်းထျန်းနဲ့လီကုန်းရွှေကို ဘာဖြစ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်၊ရှအန်းထျန်းဟာပခုံးတွန့်လိုက်ပြီး

"သူရဲ့အချစ်ဦး ဒီကျောင်းကို ပြောင်းလာတာလေ" ပြောလိုက်တော့ ထန်းဟော်ရှကော၊လော့ရှန်ဟွာပါ အံ့အားသင့်သွားတာ တစ်ပြိုင်နက်ထဲ ကုဖုန်းမော့ကို လှည့်ကြည့်လိုက်တော့သည်၊

"လျှောက်ပြောမနေနဲ့ အန်းထျန်း!!!"

"အဟက် မင်းနဲ့အဲ့တစ်ယောက် မူလတန်းတည်းက တွဲလာပြီး အလယ်တန်း ဒုတိယနှစ်မှ ပြတ်သွားတာလေ မဟုတ်ဘူးလား" ရှအန်းထျန်းပြောတာမှန်တာကြောင့် သူအသံတော့တိတ်သွားသည်၊

"မင်းနဲ့စေ့စပ်ထားတဲ့တစ်ယောက်မဟုတ်ဘူးလား သူက မင်းရဲ့အချစ်ဦး ဘယ်လိုလုပ်ဖြစ်သွားတာလဲ" လီကုန်းရွှေနဲ့ကုဖုန်းမော့ဟာ အလယ်တန်းကျောင်းသားနောက်ဆုံးနှစ်ရောက်မှ စခင်တာကြောင့် လီကုန်းရွှေဟာ ထိုကိစ္စကို သိပုံမရပေ၊

"အဲတစ်ယောက်က နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ဆိုပြီး ဖုန်းမော့က အဆက်အသွယ်ဖြတ်လိုက်တာပဲ၊ရန်မိသားစုနဲ့ကုမိသားစုတို့ရဲ့အဘိုးတွေဟာ ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်းတွေလေ..."

"ပြီးတော့ နောက်မျိုးဆက်တွေကလည်း သိပ်ခင်ကျတယ်၊ဒါကြောင့်
ဖုန်းမော့နဲ့ရန်ကောရှီတွဲတော့ လူကြီးတွေကလည်း ဘာမှဝင်မပါခဲ့ဘူးလေ" ရှအန်းထျန်းစကားကြောင့် သူတို့လည်းနားလည်သွားတော့သည်၊ တစ်ဖက်လူကြီးတွေက ကုဖုန်မော့စိတ်ဆိုးနေသေးတယ်ထင်ပေမယ့် စေ့စပ်လက်ထပ်မည့်ကိစ္စကို မငြင်းပယ်ခဲ့သည့်အပြင် ရှေ့ဆက်တိုးခဲ့ပုံရသည်၊

"ရန်ကောရှီ ကျောင်းသားသစ်..." လော့ရှန်ဟွာနဲ့ထန်းဟော်ရှ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ပြောလိုက်တော့သည်၊ဒီနေ့ သူတို့အတန်းကို ပြောင်းလာတဲ့ကျောင်းသားမဟုတ်ဘူးလား၊ဘယ်လိုတောင် ကြီးမားတဲ့တိုက်ဆိုင်မှုကြီးလဲဟ၊

"ရန်ကောရှီဆိုတာ ဒီနေ့ ငါတို့အတန်းကိုပြောင်းလာတဲ့ကျောင်းသားပဲ" လော့ရှန်ဟွာဟာ စဉ်းစားတွေးတောရင်းပြောလိုက်သည်၊

"ရှန်ဟွာ အဲ့ကောင်နဲ့ဝေးဝေးနေ၊သူကဉာဏ်များတယ်...မင်းကို ဒုက္ခပေးမှာ ကိုယ်စိုးရိမ်တယ်" ကုဖုန်းမော့ရဲ့စကားကြောင့် လော့ရှန်ဟွာပြုံးလိုက်သည်၊ရန်ကောရှီဟာ ဉာဏ်များပေမယ့် ကောက်ကျစ်ယုတ်မာတတ်ပုံမပေါ်ပေ၊သူဟာ သူသဘောကျတဲ့အရာကို တစိုက်မတ်တန်း ရယူမည့်ပုံစံပင်၊ဒါက ရန်ကောရှီကို စမြင်တည်းက သူရဲ့ထင်မြင်ချက်တစ်ခုဖြစ်သည်၊

ရန်ကောရှီဟာ ကုဖုန်းမော့ကို အရပြန်ယူလိမ့်မည်...။

"ကျွန်တော် ဒီမှာထိုင်လို့ရလားမသိဘူး စီနီယာတို့" အသံသေးသေးနဲ့ယောကျာ်းတစ်ယောက်အသံကြောင့် လော့ရှန်ဟွာတို့လှည့်ကြည့်လိုက်တော့ ဒီနေ့ သူတို့အတန်းထဲကို ပြောင်းလာတဲ့ကျောင်းသားသစ် မုချန်းရုံဖြစ်နေသည်။

မုချန်းရုံရဲ့မျက်ဝန်းများဟာ လီကုန်းရွှေဆီမှာ ရပ်တန့်သွားတော့သည်၊သူသိရသည့်အတိုင်းပင် စီနီယာတွေဟာ တစ်ကယ်ကိုခန့်ညားချောမောကျရုံသာမက လီကုန်းရွှေဆိုသည့်စီနီယာဟာ သူအကြိုက်ပုံစံပေ၊

အခြားခုံနေရာတွေလည်း လွတ်မနေတော့တာကြောင့် ကုဖုန်းမော့တို့လည်း ထိုင်ခိုင်းလိုက်တော့သည်၊လူတစ်ယောက်တိုးလာရုံဖြင့် ဘာမှဖြစ်မသွားပေ၊ဒါပေမယ့် စကားဝိုင်းကတော့ တိတ်ဆိတ်သွားတော့သည်၊သူစိမ်းတစ်ယောက်ရှိနေတာကြောင့် သူတို့ဟာ ကိုယ့်နေ့လည်စာကို အေးဆေးသာစားသောက်နေတော့သည်၊

"ကျွန်တော်က မုချန်းရုံပါဗျ" မုချန်းရုံဟာ ချိုချိုသာသာပြုံးရင်း မိတ်ဆက်လာပေမယ့် ဘယ်သူမှ အရေးပြန်မလုပ်တာကြောင့် သူ့မျက်နှာအမူအရာဟာ ပျက်သွားတော့သည်၊ဒါပေမယ့် သူဟာ ချက်ချင်းပြုံးလိုက်ပြီး လီကုန်းရွှေဘက်လှည့်ကာ မေးလိုက်သည်၊

"စီနီယာက လီကုန်းရွှေမလားဗျ"

"အင်း"လီကုန်းရွှေဟာ မုချန်းရုံနဲ့အမေးကို အေးစက်စက်သာပြန်ဖြေလိုက်သည်၊သူကြည့်ရတာ စိတ်မပါမှုကို ဖုံးကွယ်ထားရန် အကြောင်းမရှိကြောင်း ပြသနေတော့သည်၊မူချန်းရုံဟာ အင်တင်တင်ဖြစ်သွားပေမယ့် လီကုန်းရွှေပေါ် စိတ်ဝင်စားမှုဟာတော့ ပိုမိုထိုးတက်သွားတော့သည်၊သူရဲ့ပရိယာလ်အောက်မှာ လွတ်မြောက်သွားတဲ့လူဆိုတာ မရှိပေ၊ အခုချိန်မှာ အေးစက်စက်ဆက်ဆံခံရရင်တောင် တစ်ချိန်ချိန်မှာ သူ့ကိုဒူးထောက်မတက်ချစ်ပြလာမည်ဟု မုချန်းရုံဟာ ယုံကြည်လှသည်၊

"နို့မကြိုက်ဘူး" လော့ရှန်ဟွာဟာ သူ့လက်ထဲက ဗူးကိုကြည့်ကာညည်းညူလိုက်တော့သည်၊ဘယ်ရောက်ရောက် နွားနို့ပဲသောက်နေရတာ မဟုတ်သေးပေ၊သူဟာ နို့ကို မမြင်ချင်လောက်တဲ့အထိ မုန်းတီးမိတော့မည်၊

"မင်းက အခုမှ ဖွံ့ဖြိုးဆဲအရွယ်လေ အာဟာရဖြည့်စွတ်စာတွေ များများစားပေးရမယ်" ထန်းဟော်ရှဟာ ဆရာပေါက်စလေးလို ဝင်ပြောတော့သည်၊

"မင်းနဲ့ငါ အသက်တူတူပဲ " လော့ရှန်ဟွာဟာ မကျေမနပ်ပြောလိုက်ပြီးနောက်မှာ နွားနို့ဗူးကို စိတ်မသာမယာနဲ့ကြည့်လိုက်သည်၊

"ရှန်ဟွာ ဒါသောက်ကြည့်လေ အသီးဖျော်ရည်ကလည်း အာဟာကဖြည့်စွတ်စာပါပဲ " လီကုန်းရွှေဟာ သူယူလာတဲ့ ပန်းသီးဖျော်ရည်ဗူးကို ပေးလိုက်ပြီး သူကလည်း လော့ရှန်ဟွာရဲ့နွားနို့ဗူးကို လှမ်းယူလိုက်တော့သည်၊

လော့ရှန်ဟွာမျက်နှာဟာ ကြည်လင်သွားကာ သူဟာ ဖျော်ရည်ဗူးကို ဖောက်သောက်လိုက်ပြီး လီကုန်းရွှေကို လက်မထောင်ပြလိုက်တော့သည်၊လီကုန်းရွှေဟာ နူတ်ခမ်းများကော့ကွေးသွားတဲ့အထိ ပြုံးလိုက်သည်၊ထိုနောက်မှာ သူလည်း နွားနို့ကိုဖောက်သောက်လိုက်တော့သည်၊ သူမကြိုက်နှစ်သက်သည့်နွားနို့အရသာဟာ အခုတော့ မဆိုးဘူးဟု ဆိုရမည်၊

မုချန်းရုံဟာ သူကျတော့အေးစက်စွာဆက်ဆံသည့်လူဟာ လော့ရှန်ဟွာကိုတော့ ဆန့်ကျင်ဘက်ပင်၊ဒါဟာ သူ့ကို မနာလိုဖြစ်စေကာ လော့ရှန်ဟွာပေါ် မုန်းတီးစိတ်ဖြစ်ပေါ်စေသည်၊ဒါပေမယ့် သူဟာ ချက်ချင်းပြုံးလိုက်ကာ လီကုန်းရွှေဘက်ကို ကြည့်လိုက်ပြီး လီကုန်းရွှေဘက်က ရေခွက်ကို ယူကာသောက်လိုက်သည်၊

သူဟာ တမင်တကာယူသောက်လိုက်တာဖြစ်ပြီး လီကုန်းရွှေသာ ယူသောက်ရင် သွယ်ဝှက်အနမ်းဟု ဆိုလိုလို့ရသည်၊ဒါပေမယ့် လီကုန်းရွှေဟာ ဘယ်ဘက်က ကုဖုန်းမော့ရဲ့ခွက်ကိုသာ ယူသောက်လိုက်တော့သည်၊ ကုဖုန်းမော့ဟာ မျက်မှောင်ကြုတ်သွားကာ

"အဲ့တာ ငါ့ခွက်လေ!"လို့ပြောပေမယ့် အရေးမစိုက်စွာဖြင့်သာ ရေကို သောက်တော့သည်၊

"စည်းကမ်းကို မရှိဘူး" ကုဖုန်းမော့ဟာ မုချန်းရုံကိုကြည့်ကာ ပြောလိုက်ပြီးနောက်မှာ သူရဲ့အအေးဗူးကိုသာ ဖောက်သောက်လိုက်တော့သည်၊ကုဖုန်းမော့စကားကြောင့် မုချန်းရုံဟာ ရှက်သွားပေမယ့် သူဟာ သူ့အပြစ်ကို မမြင်ပေ၊တကယ်လို့ လီကုန်းရွှေသာ ကုဖုန်းမော့ခွက်ကို မသောက်ခဲ့ရင် ယခုလို သူအပြစ်တင်ခံရမည်မဟုတ်ပေ

တစ်ချိန်မှာ လီကုန်းရွှေဟာ သူ့ဆီခစားလာခဲ့ရင် ဒီကိစ္စနဲ့ပတ်သတ်ပြီး လီကုန်းရွှေကို ပြန်ကလဲစားချေမည်ဟုလည်း ငြိုးထားတော့သည်၊

---------

စာရေးဆရာပြောစရာရှိသည်၊

Daddyရဲ့ကလေးလေး ပြန်လည်စတင်တော့ပါမယ်ဗျ၊ အရင်တစ်ခေါက်က paidဝင်ထားတဲ့သူတွေ S.sပြပြီးတော့ Akaisawa Nekota(fb acc)ကို လာပေးပါဗျ၊ paid ဝင်ချင်တဲ့သူတွေလည်း လာလို့ရပါတယ်ဗျ

Continue Reading

You'll Also Like

16K 1.6K 44
Nomin(သူတို့အခေါ် JenJaem) နှစ်ယောက်ရဲ့ moment တွေထဲက အနှစ်သက်ရဆုံး moment တွေအကြောင်းကိုမျှဝေချင်လို့ ဒါလေးကို ဖန်တီးခဲ့တာပါ
201K 14.4K 139
ခံစားချက်​​တွေကို သိမ်းထားချင်​လို့..... ဘာရယ်​​တော့မှုတ်​ပါဘူး.... ​ပေါ​တော​တော က​ဗျာလိုလို စာလိုလို​လေး​တွေ​ပေါ့...
19.3K 2K 52
အချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton S...
28.8K 4K 11
Oh Sehun ♡ LuHan ရှိခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... ချစ်​ခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... လွမ်းဆွတ်​​နေရပါသည်​။ တစ်​ချိန်​က သူ... ရှိခဲ့ဖူးပါသည်​။ တစ...