Unicode
'' အဟင်း နည်းနည်းများ ရှက်စရာကောင်းသွားသလား။ အရမ်းများ သိသာသွားသလား မသိဘူး ''
သစ်ဦး ထွန်းတောက်အား ပြောမိပြောရာပြောလိုက်ပြီး အိပ်ပေါ်တက်လာကာ တစ်ယောက်တည်းတီးတိုးဆိုနေလေသည်။ သူစိတ်ပူလွန်သွားပြီး စိတ်မြန်သွားသည်မဟုတ်ပါလား ။
''ဒေါက် ဒေါက် ဒေါက် ''
သစ်ဦး တစ်ယောက်တည်း အရှက်သည်းကာအတွေးများနေတုန်း အခန်းတံခါးခေါက်သံကြောင့် အတွေးတို့ခါထုတ်ကာ တံခါးဖွင့်လိုက်လေသည်။
'' ဟို လရောင်ခဏဝင်လာလို့ရမလားဟင် ''
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် မျက်နှာလေးကြောင့် သစ်ဦးခဏမျှ ကြောင်သွားလေသည်။
'' မနက်စာ မစားရသေးဘူးဆိုလို့ လရောင် လာပို့တာပါ ''
'' သြော် သြော် အဲ့ဒီနားမှာသာ ထားခဲ့ပါ ''
လရောင် မျက်နှာအား သစ်ဦး တစ်ချက်လေးမျှ မကြည့်တော့ဘဲ ကျောခိုင်းကာ ဂျာနယ်အားကောက်ကိုင်ပြီး ဆိုလိုက်လေသည်။
'' ဘာအကြောင်းများရှိသေးလို့လဲ ''
အသံမကြားတော့၍ သစ်ဦးနောက်လှည့်ကြည့်ရာမှ အခန်းထဲမှ မထွက်သေးဘဲ တစ်ခုခု ပြောချင်သလို ဖြစ်နေသည့် အနှီးကောင်မလေးကြောင့် သစ်ဦး ဆိုလိုက်လေသည်။
'' ဟို လရောင်...အင်း ဘာမှမဟုတ်တော့ပါဘူး''
'' အဟင်း ကိစ္စရှိကောလား ''
တစ်ခုခုကို ပြောချင်ပေမဲ့ မပြောတော့ဘဲ အခန်းထဲက ထွက်ရန်ပြင်နေသည့် လရောင်ကြောင့်
သစ်ဦးချောင်းလေးဟန့်ကာ မေးလိုက်လေသည်။
'' ဟို ... အားမနာတမ်းပြောရရင် ..လရောင်
ရန်ကုန်ကို တယ်လီဖုန်း ဆက်ချင်လို့ပါ။ အရေးကြီးကိစ္စမရှိရင် တယ်လီဖုန်းလေးများ ခေါ်ပေးနိုင်မလားလို့ပါ ''
'' ရန်ကုန်ကို လွမ်းနေပြီထင်ရဲ့ ''
'' အဲ့ဒီလိုတော့မဟုတ်တန်ပေမဲ့ အကျိုးအကြောင်းလေးများဖုန်းဆက်ထားရင် မိဘများကလည်း စိတ်ပူစရာမလိုတော့ဘူးထင်လို့ပါ ။ ဒီကနေ့မနက်က ကြေးနန်းရုံးသွားခဲ့ပေမဲ့ နှစ်ရက်လောက်စောင့်ရဦးမယ်ဆိုလို့..။ အပန်းမကြီးရင် တယ်လီဖုန်းလေးများခေါ်ပေးနိုင်မလားလို့ပါ။''
လရောင် အရဲစွန့်ပြီးပြောလိုက်တော့ အနှီးလူကတစ်ချက် စဥ်းစားနေဟန် ရှိသည်။
'' ကိုင်း...အလျင်လိုနေတော့ဖြင့်ဆက်ပါလေ။နို့ပေမဲ့ တယ်လီဖုန်းက ရုံးဖုန်းမို့တစ်အားမကြာရင်တော့ကောင်းမယ်။''
''ဒီလိုဆို...ကျေးဇူးပါ။လရောင် အချိန်မနှောင်းစေရပါဘူး။''
လရောင်ထိုသို့ပြောလိုက်ပြီး ကြိုးတပ်ထားသော တယ်လီဖုန်းလေးကို သစ်ဦးရှေ့သို တိုးပေးလိုက်လေသည်။
'' အို.. မခေါ်ဘူးလား ''
'' ဟို ဖြစ်နိုင်ရင်တော့ ခေါ်ပေးပါလေ လရောင်နံပါတ်လေးရွတ်ပြပါ့မယ် ''
လရောင် တစ်ခါမှ မခေါ်ဘူးတာကြောင့်ရော၊ မခေါ်တတ်တာကြောင့်ပါ သစ်ဦး ကို ခေါ်ခိုင်းလိုက်လေသည်။
သစ်ဦး စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေမဲ့ ဘာမှပြောမနေတော့ဘဲ နံပါတ်လှည့်ကာသာခေါ်ပေးလိုက်လေသည်။
'' ဟယ်လို ''
လရောင်ခဏမျှ ဖုန်းလေးကိုင်ကာစောင့်နေပြီး တစ်ဖက်ရှိ အသံကိုကြားတော့ မသိမသာ ပြုံးတတ်သွားလေသည်။
'' ဟယ်လို ခင်ထွေးလားဟင် ''
လရောင် တစ်ဖက်ရှိ အသံကို ခန့်မှန်းပြီးပြောလိုက်လေသည်။
'' ဟင်...ခင်..ခင်လေးလား။ ခင်လေးဟုတ်ပါတယ်နော် ''
'' ဟုတ်ပါတယ် ခင်ထွေးရဲ့ ''
''အမယ်လေး ခင်လေးရယ် ခင်ထွေးဖြင့်လွမ်းနေလိုက်တာ ကြေးနန်းလေးတောင်မပို့ဘူး။ အဆင်ရောပြေရဲ့လားကွယ် ''
တစ်ဖက်မှု ဝမ်းနည်းသလို အသံလေးဖြင့်မေးလာတဲ့ ခင်ထွေးကြောင့်လရောင်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလေသည်။ ခင်ထွေးကတော့ အမြဲတမ်း လရောင်ကို စိတ်မချနိုင်သူ၊စိတ်ပူပေးတတ်သူမဟုတ်ပါလား။
သစ်ဦးမိမိရှေ့တွေ မျက်လုံးလေးတွေ ပိတ်ကျအောင်ထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သော လရောင်ကြောင့် ထုံးစံအတိုင်း စည်းချက်မမှန်တော့သည့် ရင်ခုန်သံကြောင့် လရောင် ကြားသွားမှာပင် ဆိုးရိမ်နေရလေသည်။
'' လရောင် အဆင်ပြေပါတယ် ခင်ထွေးရယ်။ဒါနဲ့ ဖေဖေရောနေကောင်းတယ်မလားကွယ်။မေမေမြင့်တို့ရော။''
မေမေမြင့် ဆိုသောစကားတွင် အသံနိမ့်ချသွားသော လရောင်ကြောင့် သစ်ဦးမသိမသာ နားစိုက်ထောင်လိုက်လေသည်။
'' အကုန်ကောင်းကြပါတယ်။ခင်လေးသာ ဂရုစိုက်။ မေမြို့က လွှတ်အေးတာ။ အဲ့ဒီက မိသားစုတွေနဲ့ရော အဆင်ပြေရဲ့လား ။ခင်လေးကို အနိုင်ကျင့်သေးလား။ နို့...''
''ကဲ..ကဲတန်ပါခင်ထွေးရယ် အမေးအမြန်းကလည်းပုလိပ်စစ်နေသလားအောင်းမေ့ရတယ်။အဲ့သည်လောက်ပူတတ်ရန်ကော။''
လရောင် ခင်ထွေး၏ အမေးအမြန်းစကားများကို ဖြတ်ပြောကာ ထိုသို့ဆိုလိုက်တော့ ခင်ထွေးဘက်မှ ရင်သံလွှင့်လွှင့်လေး ဖုန်းထဲမှတစ်ဆင့်ပျံ့လွင့်လာလေသည်။
''စိတ်မချရင်ဖြင့် လရောင်ဆီ ခုလိုက်လာလိုက်ပေါ့။ များမကြာ ခင်ရောက်နေတာပဲ။ အဲ့အခါမှ ကိုယ်တိုင် မျက်နှာချင်းဆိုင် လာပြော ''
'' အို..ဒါကတော့ ခင်ထွေးကတတ်မှမတတ်နိုင်ဘဲကိုကွဲ့ ။တတ်နိုင်သလောက်လေး အားပေးရအောင်မေးရတာပေါ့''
လရောင် ခင်ထွေးစကားများအနားထောင်ရင်း၊ ခင်ထွေးကိုတစ်ပြန် ပြန်စရင်းသာ မျက်နှာထပ်တွင် အပြုံးပန်းများပွင့်လန်းနေလေ၏။
'' ဘယ်ဆီကလဲ၊ ဘယ်သူလဲ မိခင်ထွေး ဘာလို့အဲ့သည်လောက် တဟီးဟီး တဟားဟားနဲ့ လေကျောရှည်နေရသလဲ''
'' ဟိုခင်လေးဆီကပါ''
''ပေးစမ်းငါ့ကို ''
တစ်ဖက်က မေမေးကြီး၏ အသံတွင်တော့ လရောင် အပြုံးတို့ ခဏမျှ ပျောက်ကွယ်သွားလေသည်။
သည်တစ်ချိန်တွင်တော့ သစ်ဦး စိုက်ကြည့်နေရင်းပင် သိသိသာသာ သတိထားမိလေ၏။
'' ပြော ! လရောင်ခင် ဘာအရေးကြောင့် တယ်လီဖုန်းဆက်တာလဲ ''
'' ဟို...လရောင်ဒီအတိုင်း အကျိုးအကြောင်းလေးပြောဖို့ပါ''
'' ငါသိပ်မအားဘူး၊ဝိုင်းကောင်းတစ်ပွဲသွားစရာရှိတယ် အရေးမကြီးရင် မဆက်နဲ့ ''
'' ဟို...လရောင်က...''
''ဒါပဲ မဟုတ်လား။အဲ့သည်မှာနေရင်လိမ်လိမ်မာမာနေ။မကလက်နဲ့ ။ပိပိရိရိရှိပါစေ။ အကြောင်းတွေပေါ်ကုန်ရင်တော့ နင် အိမ်ပြန်လာဖို့မစဥ်းစားနဲ့ကြားသလား ''
'' ဟုတ်ကဲ့ပါ..မေမေမြင့်...အဲ့မာမီ ''
သစ်ဦး အပြုံးလေးများ ဝေဝေဆာဆာ ပွင့်လန်းနေသည့် လရောင်၏ မျက်နှာလေးကို မျက်တောင်မခက်ပဲ စိုက်ကြည့်နေရာမှ မိမိစိုက်ကြည့်နေသော မျက်နှာကလေးသည် အပြုံးတို့ကွယ်ပျောက်ပြီး ဝမ်းနည်းသည့်ဟန် နှင့် မျက်ရည်ကြည်တို့ဖြင့် မျက်လုံးအိမ်တွင် နေရာယူထားသည့် အချိန်တွင်တော့ သစ်ဦး၏ မျက်ခုံးတန်းတို့သည် သိသိသာသာပင် တွန့်သွားလေသည်။ တစ်ဖက်ဖုန်းထဲ မှ လူတစ်ယောက်ကို
မကျေနပ်သည့်ဟန် စိုက်ကြည့်နေမိလေသည်။
'' သည်လိုဆို လရောင် တယ်လီဖုန်းချလိုက်တော့မယ်နော် ''
လရောင် တယ်လီဖုန်းအား အသာချလိုက်ပြီး ဝေ့တက်နေသော မျက်ဝန်းအိမ်ရှိ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး သစ်ဦးရှိ ရာသို့
ကြည့်လိုက်လေသည်။
'' ဟို .. ဘာပြုလို့လဲဟင်။မနက်စာက ခံတွင်းမတွေ့လို့လား။ လရောင် ပြန်ပြင်ပေးရမလား ''
'' ဟင်..သြော် ကျုပ်မစားရသေးဘူး။ ထားခဲ့ပါလေ ။ စားပြီးကာမှ ထွန်းတောက် လာသိမ်းလိမ့်မယ်။ ''
'' သည်လိုဆိုရင်ဖြင့် လရောင်ကို
ခွင့်ပြုပါဦး ။ တယ်လီးဖုန်းပေးဆက်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ် ''
လရောင် သစ်ဦး၏ မျက်လုံးကိုရှောင်ကာ ခက်တိုတိုပြောလိုက်ပြီး အခန်းထဲမှ ထွက်ရန်ပြင်လိုက်လေသည်။
'' ဟို ...ခဏ ''
''ဟင် ဘာအကြောင်းများရှိလိုပါလဲ ''
လရောင် အခန်းဝ ရောင်သည်နှင့် နောက်ကျောဘက်မှ ထွက်ပေါ်လာသော အသံကြောင့် ပြန်လှည့်ကြည့်ကာမေးလိုက်လေသည်။
'' ဟို..လရောင်ခင်လည်း မေမြို့ရောက်နေတာ ၄၊၅ ရက်ရှိနေပြီမဟုတ်ပါလား။ မေမေ့ကိုကြီးပြုစုနေရတော့ ပျင်းနေပြီလားလို့ပါ ။ ဒီကနေ့ ကျုပ်ကလည်း မနက်ပိုင်း အလုပ်မရှိတော့ မြို့ထဲ သွားမလို့ပါလေ။လရောင်လိုက်ချင်ရင်တော့ လိုက်ခဲ့ပေါ့ ။လှော်ကား ဥယာဥ် ထဲလည်း ကျုပ်သွားမယ့်နေရာက တန်းနေတောကျုပ် လှော်ကားထဲ ဝင်ပေးပါ့မယ်။''
'' ဟို လရောင်လိုက်ချင်ပါတယ်။ နို့ပေမဲ့ မေမေကြီးက တစ်ယောက်တည်းဖြစ်နေမှာ..''
''တွန်းတောက်ရှိပါတယ်လေ။ပူစရာမလိုပါဘူး။ ကျုပ် ခြံထဲ မှာပျိုးဖို့ ပျိုးပင်လေးတွေပါ တစ်ခါတည်းဝယ်မလို့ပါ''
'' သည်လိုဆို သာလို့ကောင်းတာပေါ့။ အနှောက်အယှက်မဖြစ်ရင်ဖြင့် လရောင်လိုက်ခဲ့ပါ့မယ် ''
လရောင် မျက်နှာ ထက်တွင် အပြုံးလေးများဖြင့်သာ သစ်ဦးအားပြောလိုက်သည်။
'' ကဲ့ဒီလိုဆို လရောင်လည်း ပြင်ဆင်လိုက်ပါဦး။ ကျုပ်လည်းမနက်စာ စားလိုက်ပါဦးမယ်''
'' အဲ့သည်လို လုပ်လိုက်ပါ့မယ်။''
လရောင် သစ်ဦး မျက်နှာအားကြည့်ပြီး အပြုံးလေးနဲ့သာပြောကာ အခန်းထဲမှ တက်ကြွစွာထွက်သွားလေသည်။
အခန်းထဲမှ အပြုံးလေးဖြင့် ထွက်သွားသည့် လရောင်ကို သစ်ဦး ကြည့်ပြီး မိမိကိုယ်တိုင်ပင် မသိလိုက်ပါပဲ နှစ်နှစ်ချက်ချက်ပြုံးမိလေသည်။ အင်း... ထိုမျက်နှာကလေး တစ်ချက်မဲ့သွားသည့် မနေနိုင်လောက်အောင် ၊ ထိုမျက်နှာလေးထက်တွင် အပြုံးလေးတွေ နဲ့သာ ဝေဆာနေအောင် အမြဲ ဖြည့်ဆည်း ပေးချင်သည်က မည်သို့ကြောင့်ပါနည်း။ လရောင်ခင် ဆိုသော ထိုသူလေး ပြုံးဖို့အတွက်ဆို လကမ္ဘာ ကိုယ်ပင် အလည်ခေါ်ကာ သွားချင်နေသော မိုးသစ်ဦးမောင် ပါလေ။ ခုလည်း မိမိကိုယ်ကိုယ် ပင်မသိလိုက်ပါပဲ တစ်ခါမျှ မလစ်ဟင်းဖူးသော အလုပ်ကိုပင်ပစ်၍ သွားရန် ပြောမိပြန်ပါသည်။
သစ်ဦး မနက်စာ ပန်းကန်လေးကို ကြည့်ကာ မိမိအဖြစ်ကို မိမိပြန်တွေးရင်း ရှက်ပြုံးလေးသာပြုံးမိလေတော့သည်။
>>>>>>
<<<<<<
'' အမယ် ကိုယ့်ဆရာ တယ်ခန့်နေသကိုး။ ရုံးမှာ ဒီကနေ့ ဘာပွဲမှလည်းမရှိပါဘူး ။ ''
အရင်ကထက် တောက်တောက်ပြောင်ပြောင်နှင့် ပြင်လို့ဆင်လို့ ဆင်းလာသည့် ဆရာဖြစ်သူကို ထွန်းတောက် တစ်ပတ်လည်ကာ ကြည့်ရင်းဆိုလိုက်လေသည်။
'' ငါ့ဒီကနေ့ ရုံးမလာဘူး ထွန်းတောက် ညနေပိုင်းမှ လတ်မှတ်ထိုးစရာရှိတာတွေ လာထိုးလှည့်မယ် ''
'' အိုးမိုင်ဂေါ့ ရှိသမျှဘုရားကယ်ပါ ကျုပ်အိမ်မက်များမက်နေသလား ။ ကျုပ်ဆရာ အလုပ်သရဲ ကြီးက အပျက်စဖူးအပျက်ထူးပါ့လားဗျို့ ။ ကော်မရှင်နာ မင်းကြီးက နားခိုင်းတာတောင် မနားတဲ့ ကျုပ်ဆရာကို ဘယ်အရေးကများ ပြုစားလိုက်သလဲ ။ ''
'' အဟင်း ...ဒါကတော့ အရေးအကြောင်းဆိုတာ ပြောမရဘူးလေ ခုလည်း မသွားမဖြစ်လို့သွားမှာပါ။ မင်းနှဲ့ လေကြာကိုရှည်တယ်။''
သစ်ဦး ရှက်ကို ရှက်ကန်းနှင့်ပြောလိုက်ပြီးနောက်ပိတ် ရှုးဖိနပ်ကို မှော်ဇာ နဲ့ တွဲ၍ ဝတ်နေလေသည်။
'' အားလားလား...အလိုလေး တယ်လှပါ့လားအစ်မလေးရယ် ကျုပ်နှဲ့ လူတောင်မှားတယ် ''
ထွန်းတောက်၏ စကားကြောင့် သစ်ဦး ဖိနပ်စီးနေရင်းမှ လည်ပြန်လှည့်ကြည့်မိလေသည်။ အညိုရောင် ဇာအင်္ကျီ လက်ရှည် ကလေးနှင့် ချိတ်ထဘီ အညိုရောင်လေးကို တွဲ၍ ဝတ်ဆင်ကာ ၊ ရှည်လျားသည့် ဆံပင်ရှည် ကြီးကို ဇာပဝါ အညိုလေးနှင့် တွဲချည်ထားသော လရောင်ကြောင့် သစ်ဦး အကြည့်မခွာနိုင်ဖြစ်ရပြန်ပါဘီ။ မျက်နှာချေးမှုန် မလိမ်း၊ ဖူးဖူးငုံငုံ နှုတ်ခမ်းလေးအားဆေးကူစရာမလိုဘဲ မည်သည့် အကူအညီမှ မပါဘဲ ယဥ်ယဥ်ကလေးနှင့် လှနေပြန်သည်။
'' အဟမ်း ကိုယ့်ဆရာရေ စိတ်ထိန်း ၊ စိတ်ထိန်း၊ အသိကို သတိ နဲ့ ထိန်းမှပေါ့ တော်ကြာ ပါးစပ်ထဲ ယင်ကောင် ဝင်ဥ သွားမှာဖြင့်...''
'' တယ် ဒီငနဲ ငါ့ လုပ်ထည့်လိုက်ရ ''
ပြုံးစိစိ မျက်နှာထားနဲ့ အရှိုက်ထည့်ထည့်ကို ထိအောင် ပြောထည့်လိုက်သည့် တပည့် ဖြစ်သူကြောင့်သစ်ဦးမှာ ရယ်ရခက်၊ငိုရခက်ဖြင့်သာ ပြောလိုက်လေတော့သည်။
'' အဟမ်း နေမမြင့်ခင်သွားကြတာပေါ့ လရောင် ။ ဒါနဲ့ ဒီပုံစံ နဲ့ သွားမှာလား ။''
'' ဟင် အဆင်မပြေလို့လားကွဲ့''
'' အပေါ်ထပ် ထက်ဝတ်ခဲ့ပါ။ မော်တော်ကားစီးရင် အေးမယ်။ နောက် နှင်းမကွဲသေးဘူး။''
'' ဟို လရောင်မှာက အပေါ်ထပ် က နှစ်ထည်ပဲ ပါတာ။ ခု ဟာက...''
'' ကဲ ရော့ပါလေ။ ကျုပ်က ရပါတယ်။ ''
သစ်ဦး အလျှင်အမြန်ဖြင့်သာ ထပ်ဝတ်ထားသော အပေါ်ထပ်ဆွယ်တာလေး ကို ချွတ်လိုက်ပြီး လရောင်ကိုယ်ပေါ်လွှားပေးလိုက်လေသည်။
'' ကျေး...ကျေးဇူးတင်ပါတယ်''
လရောင် ရှက်ကိုးရှက်ကန်းနှင့်သာ မော်တော်ကားလေးပေါ်တက်လိုက်လေသည်။
'' အိုးဟိုး...တယ်ကြည့်ကောင်းသဗျို့။ဝမ်းစမိုး..တူးစမိုး..ဟိုးဟိုး ''
'' တယ် ထွန်းတောက် ငါလုပ်ထည့်လိုက် မျက်နှာပိုးကိုမသေဘူး ''
ဘေးနားကနေ မျက်နှာပိုးမသေ စနောက်နေသည့် ထွန်းတောက်ကြောင့် သစ်ဦး ရှက်ကိုးရှက်ကန်းနှင့်သာ ပြောလိုက်ပြီး မော်တော်ကားပေါ်တက်လိုက်လေသည်။
အိုဗါလင်းမော်တော်ကားလေးတစ်စီးသည် မြို့အုပ်မင်း အိမ်မှ အေးချမ်းလှသည့် မေမြို့၏ မြို့ထဲသို့တရွှေ့ရွှေ့ နှင့်သာ ခရီးနှင်နေလေသည်။
>>>>>>>
<<<<<<<
19.7.2022
T.B.C____
အဟမ်း ဆုရဲ့ficလေးကိုသဘောကျရဲ့လားဟင် ပျင်းစရာများကောင်းနေသလားကွယ် သဘောကျရင်ဖြင့် reviewလေးတွေ မျှော်နေပါ့မယ်💙
Zawgyi__
'' အဟင္း နည္းနည္းမ်ား ရွက္စရာေကာင္းသြားသလား။ အရမ္းမ်ား သိသာသြားသလား မသိဘူး ''
သစ္ဦး ထြန္းေတာက္အား ေျပာမိေျပာရာေျပာလိုက္ၿပီး အိပ္ေပၚတက္လာကာ တစ္ေယာက္တည္းတီးတိုးဆိုေနေလသည္။ သူစိတ္ပူလြန္သြားၿပီး စိတ္ျမန္သြားသည္မဟုတ္ပါလား ။
''ေဒါက္ ေဒါက္ ေဒါက္ ''
သစ္ဦး တစ္ေယာက္တည္း အရွက္သည္းကာအေတြးမ်ားေနတုန္း အခန္းတံခါးေခါက္သံေၾကာင့္ အေတြးတို႔ခါထုတ္ကာ တံခါးဖြင့္လိုက္ေလသည္။
'' ဟို လေရာင္ခဏဝင္လာလို႔ရမလားဟင္ ''
တံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရသည့္ မ်က္ႏွာေလးေၾကာင့္ သစ္ဦးခဏမွ် ေၾကာင္သြားေလသည္။
'' မနက္စာ မစားရေသးဘူးဆိုလို႔ လေရာင္ လာပို႔တာပါ ''
'' ေၾသာ္ ေၾသာ္ အဲ့ဒီနားမွာသာ ထားခဲ့ပါ ''
လေရာင္ မ်က္ႏွာအား သစ္ဦး တစ္ခ်က္ေလးမွ် မၾကည့္ေတာ့ဘဲ ေက်ာခိုင္းကာ ဂ်ာနယ္အားေကာက္ကိုင္ၿပီး ဆိုလိုက္ေလသည္။
'' ဘာအေၾကာင္းမ်ားရွိေသးလို႔လဲ ''
အသံမၾကားေတာ့၍ သစ္ဦးေနာက္လွည့္ၾကည့္ရာမွ အခန္းထဲမွ မထြက္ေသးဘဲ တစ္ခုခု ေျပာခ်င္သလို ျဖစ္ေနသည့္ အႏွီးေကာင္မေလးေၾကာင့္ သစ္ဦး ဆိုလိုက္ေလသည္။
'' ဟို လေရာင္...အင္း ဘာမွမဟုတ္ေတာ့ပါဘူး''
'' အဟင္း ကိစၥရွိေကာလား ''
တစ္ခုခုကို ေျပာခ်င္ေပမဲ့ မေျပာေတာ့ဘဲ အခန္းထဲက ထြက္ရန္ျပင္ေနသည့္ လေရာင္ေၾကာင့္
သစ္ဦးေခ်ာင္းေလးဟန္႔ကာ ေမးလိုက္ေလသည္။
'' ဟို ... အားမနာတမ္းေျပာရရင္ ..လေရာင္
ရန္ကုန္ကို တယ္လီဖုန္း ဆက္ခ်က္လို႔ပါ။ အေၾကာင္းမရွိရင္ တယ္လီဖုန္းေလးမ်ား ေခၚေပးႏိုင္မလားလို႔ပါ ''
'' ရန္ကုန္ကို လြမ္းေနၿပီထင္ရဲ႕ ''
'' အဲ့ဒီလိုေတာ့မဟုတ္တန္ေပမဲ့ အက်ိဳးအေၾကာင္းေလးမ်ားဖုန္းဆက္ထားရင္ မိဘမ်ားကလည္း စိတ္ပူစရာမလိုေတာ့ဘူးထင္လို႔ပါ ။ ဒီကေန႔မနက္က ေၾကးနန္း႐ုံးသြားခဲ့ေပမဲ့ ႏွစ္ရက္ေလာက္ေစာင့္ရဦးမယ္ဆိုလို႔..။ အပန္းမႀကီးရင္ တယ္လီဖုန္းေလးမ်ားေခၚေပးႏိုင္မလားလို႔ပါ။''
လေရာင္ အရဲစြန္႔ၿပီးေျပာလိုက္ေတာ့ အႏွီးလူကတစ္ခ်က္ စဥ္းစားေနဟန္ ရွိသည္။
'' ကိုင္း...အလ်င္လိုေနေတာ့ျဖင့္ဆက္ပါေလ။ႏို႔ေပမဲ့ တယ္လီဖုန္းက ႐ုံးဖုန္းမို႔တစ္အားမၾကာရင္ေတာ့ေကာင္းမယ္။''
''ဒီလိုဆို...ေက်းဇူးပါ။လေရာင္ အခ်ိန္မေႏွာင္းေစရပါဘူး။''
လေရာင္ထိုသို႔ေျပာလိုက္ၿပီး ႀကိဳးတပ္ထားေသာ တယ္လီဖုန္းေလးကို သစ္ဦးေရွ႕သို တိုးေပးလိုက္ေလသည္။
'' အို.. မေခၚဘူးလား ''
'' ဟို ျဖစ္ႏိုင္ရင္ေတာ့ ေခၚေပးပါေလ လေရာင္နံပါတ္ေလးရြတ္ျပပါ႔မယ္ ''
လေရာင္ တစ္ခါမွ မေခၚဘူးတာေၾကာင့္ေရာ၊ မေခၚတတ္တာေၾကာင့္ပါ သစ္ဦး ကို ေခၚခိုင္းလိုက္ေလသည္။
သစ္ဦး စိတ္ထဲတြင္ အနည္းငယ္ ဇေဝဇဝါ ျဖစ္သြားေပမဲ့ ဘာမွေျပာမေနေတာ့ဘဲ နံပါတ္လွည့္ကာသာေခၚေပးလိုက္ေလသည္။
'' ဟယ္လို ''
လေရာင္ခဏမွ် ဖုန္းေလးကိုင္ကာေစာင့္ေနၿပီး တစ္ဖက္ရွိ အသံကိုၾကားေတာ့ မသိမသာ ၿပဳံးတတ္သြားေလသည္။
'' ဟယ္လို ခင္ေထြးလားဟင္ ''
လေရာင္ တစ္ဖက္ရွိ အသံကို ခန္႔မွန္းၿပီးေျပာလိုက္ေလသည္။
'' ဟင္...ခင္..ခင္ေလးလား။ ခင္ေလးဟုတ္ပါတယ္ေနာ္ ''
'' ဟုတ္ပါတယ္ ခင္ေထြးရဲ႕ ''
''အမယ္ေလး ခင္ေလးရယ္ ခင္ေထြးျဖင့္လြမ္းေနလိုက္တာ ေၾကးနန္းေလးေတာင္မပို႔ဘူး။ အဆင္ေရာေျပရဲ႕လားကြယ္ ''
တစ္ဖက္မႈ ဝမ္းနည္းသလို အသံေလးျဖင့္ေမးလာတဲ့ ခင္ေထြးေၾကာင့္လေရာင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးမိေလသည္။ ခင္ေထြးကေတာ့ အၿမဲတမ္း လေရာင္ကို စိတ္မခ်ႏိုင္သူ၊စိတ္ပူေပးတတ္သူမဟုတ္ပါလား။
သစ္ဦးမိမိေရွ႕ေတြ မ်က္လုံးေလးေတြ ပိတ္က်ေအာင္ထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္ေသာ လေရာင္ေၾကာင့္ ထုံးစံအတိုင္း စည္းခ်က္မမွန္ေတာ့သည့္ ရင္ခုန္သံေၾကာင့္ လေရာင္ ၾကားသြားမွာပင္ ဆိုးရိမ္ေနရေလသည္။
'' လေရာင္ အဆင္ေျပပါတယ္ ခင္ေထြးရယ္။ဒါနဲ႔ ေဖေဖေရာေနေကာင္းတယ္မလားကြယ္။ေမေမျမင့္တို႔ေရာ။''
ေမေမျမင့္ ဆိုေသာစကားတြင္ အသံနိမ့္ခ်သြားေသာ လေရာင္ေၾကာင့္ သစ္ဦးမသိမသာ နားစိုက္ေထာင္လိုက္ေလသည္။
'' အကုန္ေကာင္းၾကပါတယ္။ခင္ေလးသာ ဂ႐ုစိုက္။ ေမၿမိဳ႕က လႊတ္ေအးတာ။ အဲ့ဒီက မိသားစုေတြနဲ႔ေရာ အဆင္ေျပရဲ႕လား ။ခင္ေလးကို အႏိုင္က်င့္ေသးလား။ ႏို႔...''
''ကဲ..ကဲတန္ပါခင္ေထြးရယ္ အေမးအျမန္းကလည္းပုလိပ္စစ္ေနသလားေအာင္းေမ့ရတယ္။အဲ့သည္ေလာက္ပူတတ္ရန္ေကာ။''
လေရာင္ ခင္ေထြး၏ အေမးအျမန္းစကားမ်ားကို ျဖတ္ေျပာကာ ထိုသို႔ဆိုလိုက္ေတာ့ ခင္ေထြးဘက္မွ ရင္သံလႊင့္လႊင့္ေလး ဖုန္းထဲမွတစ္ဆင့္ပ်ံ႕လြင့္လာေလသည္။
''စိတ္မခ်ရင္ျဖင့္ လေရာင္ဆီ ခုလိုက္လာလိုက္ေပါ႔။ မ်ားမၾကာ ခင္ေရာက္ေနတာပဲ။ အဲ့အခါမွ ကိုယ္တိုင္ မ်က္ႏွာခ်င္းဆိုင္ လာေျပာ ''
'' အို..ဒါကေတာ့ ခင္ေထြးကတတ္မွမတတ္ႏိုင္ဘဲကိုကြဲ႕ ။တတ္ႏိုင္သေလာက္ေလး အားေပးရေအာင္ေမးရတာေပါ႔''
လေရာင္ ခင္ေထြးစကားမ်ားအနားေထာင္ရင္း၊ ခင္ေထြးကိုတစ္ျပန္ ျပန္စရင္းသာ မ်က္ႏွာထပ္တြင္ အၿပဳံးပန္းမ်ားပြင့္လန္းေနေလ၏။
'' ဘယ္ဆီကလဲ၊ ဘယ္သူလဲ မိခင္ေထြး ဘာလို႔အဲ့သည္ေလာက္ တဟီးဟီး တဟားဟားနဲ႔ ေလေက်ာရွည္ေနရသလဲ''
'' ဟိုခင္ေလးဆီကပါ''
''ေပးစမ္းငါ႔ကို ''
တစ္ဖက္က ေမေမးႀကီး၏ အသံတြင္ေတာ့ လေရာင္ အၿပဳံးတို႔ ခဏမွ် ေပ်ာက္ကြယ္သြားေလသည္။
သည္တစ္ခ်ိန္တြင္ေတာ့ သစ္ဦး စိုက္ၾကည့္ေနရင္းပင္ သိသိသာသာ သတိထားမိေလ၏။
'' ေျပာ ! လေရာင္ခင္ ဘာအေရးေၾကာင့္ တယ္လီဖုန္းဆက္တာလဲ ''
'' ဟို...လေရာင္ဒီအတိုင္း အက်ိဳးအေၾကာင္းေလးေျပာဖို႔ပါ''
'' ငါသိပ္မအားဘူး၊ဝိုင္းေကာင္းတစ္ပြဲသြားစရာရွိတယ္ အေရးမႀကီးရင္ မဆက္နဲ႔ ''
'' ဟို...လေရာင္က...''
''ဒါပဲ မဟုတ္လား။အဲ့သည္မွာေနရင္လိမ္လိမ္မာမာေန။မကလက္နဲ႔ ။ပိပိရိရိရွိပါေစ။ အေၾကာင္းေတြေပၚကုန္ရင္ေတာ့ နင္ အိမ္ျပန္လာဖို႔မစဥ္းစားနဲ႔ၾကားသလား ''
'' ဟုတ္ကဲ့ပါ..ေမေမျမင့္...အဲ့မာမီ ''
သစ္ဦး အၿပဳံးေလးမ်ား ေဝေဝဆာဆာ ပြင့္လန္းေနသည့္ လေရာင္၏ မ်က္ႏွာေလးကို မ်က္ေတာင္မခက္ပဲ စိုက္ၾကည့္ေနရာမွ မိမိစိုက္ၾကည့္ေနေသာ မ်က္ႏွာကေလးသည္ အၿပဳံးတို႔ကြယ္ေပ်ာက္ၿပီး ဝမ္းနည္းသည့္ဟန္ ႏွင့္ မ်က္ရည္ၾကည္တို႔ျဖင့္ မ်က္လုံးအိမ္တြင္ ေနရာယူထားသည့္ အခ်ိန္တြင္ေတာ့ သစ္ဦး၏ မ်က္ခုံးတန္းတို႔သည္ သိသိသာသာပင္ တြန္႔သြားေလသည္။ တစ္ဖက္ဖုန္းထဲ မွ လူတစ္ေယာက္ကို
မေက်နပ္သည့္ဟန္ စိုက္ၾကည့္ေနမိေလသည္။
'' သည္လိုဆို လေရာင္ တယ္လီဖုန္းခ်လိုက္ေတာ့မယ္ေနာ္ ''
လေရာင္ တယ္လီဖုန္းအား အသာခ်လိုက္ၿပီး ေဝ့တက္ေနေသာ မ်က္ဝန္းအိမ္ရွိ မ်က္ရည္မ်ားကို အလ်င္အျမန္ သုတ္လိုက္ၿပီး သစ္ဦးရွိ ရာသို႔
ၾကည့္လိုက္ေလသည္။
'' ဟို .. ဘာျပဳလို႔လဲဟင္။မနက္စာက ခံတြင္းမေတြ႕လို႔လား။ လေရာင္ ျပန္ျပင္ေပးရမလား ''
'' ဟင္..ေၾသာ္ က်ဳပ္မစားရေသးဘူး။ ထားခဲ့ပါေလ ။ စားၿပီးကာမွ ထြန္းေတာက္ လာသိမ္းလိမ့္မယ္။ ''
'' သည္လိုဆိုရင္ျဖင့္ လေရာင္ကို
ခြင့္ျပဳပါဦး ။ တယ္လီးဖုန္းေပးဆက္တဲ့အတြက္ေတာ့ ေက်းဇူးတင္ပါတယ္ ''
လေရာင္ သစ္ဦး၏ မ်က္လုံးကိုေရွာင္ကာ ခက္တိုတိုေျပာလိုက္ၿပီး အခန္းထဲမွ ထြက္ရန္ျပင္လိုက္ေလသည္။
'' ဟို ...ခဏ ''
''ဟင္ ဘာအေၾကာင္းမ်ားရွိလိုပါလဲ ''
လေရာင္ အခန္းဝ ေရာင္သည္ႏွင့္ ေနာက္ေက်ာဘက္မွ ထြက္ေပၚလာေသာ အသံေၾကာင့္ ျပန္လွည့္ၾကည့္ကာေမးလိုက္ေလသည္။
'' ဟို..လေရာင္ခင္လည္း ေမၿမိဳ႕ေရာက္ေနတာ ၄၊၅ ရက္ရွိေနၿပီမဟုတ္ပါလား။ ေမေမ့ကိုႀကီးျပဳစုေနရေတာ့ ပ်င္းေနၿပီလားလို႔ပါ ။ ဒီကေန႔ က်ဳပ္ကလည္း မနက္ပိုင္း အလုပ္မရွိေတာ့ ၿမိဳ႕ထဲ သြားမလို႔ပါေလ။လေရာင္လိုက္ခ်င္ရင္ေတာ့ လိုက္ခဲ့ေပါ႔ ။ေလွာ္ကား ဥယာဥ္ ထဲလည္း က်ဳပ္သြားမယ့္ေနရာက တန္းေနေတာက်ဳပ္ ေလွာ္ကားထဲ ဝင္ေပးပါ႔မယ္။''
'' ဟို လေရာင္လိုက္ခ်င္ပါတယ္။ ႏို႔ေပမဲ့ ေမေမႀကီးက တစ္ေယာက္တည္းျဖစ္ေနမွာ..''
''တြန္းေတာက္ရွိပါတယ္ေလ။ပူစရာမလိုပါဘူး။ က်ဳပ္ ၿခံထဲ မွာပ်ိဳးဖို႔ ပ်ိဳးပင္ေလးေတြပါ တစ္ခါတည္းဝယ္မလို႔ပါ''
'' သည္လိုဆို သာလို႔ေကာင္းတာေပါ႔။ အေႏွာက္အယွက္မျဖစ္ရင္ျဖင့္ လေရာင္လိုက္ခဲ့ပါ႔မယ္ ''
လေရာင္ မ်က္ႏွာ ထက္တြင္ အၿပဳံးေလးမ်ားျဖင့္သာ သစ္ဦးအားေျပာလိုက္သည္။
'' ကဲ့ဒီလိုဆို လေရာင္လည္း ျပင္ဆင္လိုက္ပါဦး။ က်ဳပ္လည္းမနက္စာ စားလိုက္ပါဦးမယ္''
'' အဲ့သည္လို လုပ္လိုက္ပါ႔မယ္။''
လေရာင္ သစ္ဦး မ်က္ႏွာအားၾကည့္ၿပီး အၿပဳံးေလးနဲ႔သာေျပာကာ အခန္းထဲမွ တက္ႂကြစြာထြက္သြားေလသည္။
အခန္းထဲမွ အၿပဳံးေလးျဖင့္ ထြက္သြားသည့္ လေရာင္ကို သစ္ဦး ၾကည့္ၿပီး မိမိကိုယ္တိုင္ပင္ မသိလိုက္ပါပဲ ႏွစ္ႏွစ္ခ်က္ခ်က္ၿပဳံးမိေလသည္။ အင္း... ထိုမ်က္ႏွာကေလး တစ္ခ်က္မဲ့သြားသည့္ မေနႏိုင္ေလာက္ေအာင္ ၊ ထိုမ်က္ႏွာေလးထက္တြင္ အၿပဳံးေလးေတြ နဲ႔သာ ေဝဆာေနေအာင္ အၿမဲ ျဖည့္ဆည္း ေပးခ်င္သည္က မည္သို႔ေၾကာင့္ပါနည္း။ လေရာင္ခင္ ဆိုေသာ ထိုသူေလး ၿပဳံးဖို႔အတြက္ဆို လကမၻာ ကိုယ္ပင္ အလည္ေခၚကာ သြားခ်င္ေနေသာ မိုးသစ္ဦးေမာင္ ပါေလ။ ခုလည္း မိမိကိုယ္ကိုယ္ ပင္မသိလိုက္ပါပဲ တစ္ခါမွ် မလစ္ဟင္းဖူးေသာ အလုပ္ကိုပင္ပစ္၍ သြားရန္ ေျပာမိျပန္ပါသည္။
သစ္ဦး မနက္စာ ပန္းကန္ေလးကို ၾကည့္ကာ မိမိအျဖစ္ကို မိမိျပန္ေတြးရင္း ရွက္ၿပဳံးေလးသာၿပဳံးမိေလေတာ့သည္။
>>>>>>
<<<<<<
'' အမယ္ ကိုယ့္ဆရာ တယ္ခန္႔ေနသကိုး။ ႐ုံးမွာ ဒီကေန႔ ဘာပြဲမွလည္းမရွိပါဘူး ။ ''
အရင္ကထက္ ေတာက္ေတာက္ေျပာင္ေျပာင္ႏွင့္ ျပင္လို႔ဆင္လို႔ ဆင္းလာသည့္ ဆရာျဖစ္သူကို ထြန္းေတာက္ တစ္ပတ္လည္ကာ ၾကည့္ရင္းဆိုလိုက္ေလသည္။
'' ငါ႔ဒီကေန႔ ႐ုံးမလာဘူး ထြန္းေတာက္ ညေနပိုင္းမွ လတ္မွတ္ထိုးစရာရွိတာေတြ လာထိုးလွည့္မယ္ ''
'' အိုးမိုင္ေဂါ႔ ရွိသမွ်ဘုရားကယ္ပါ က်ဳပ္အိမ္မက္မ်ားမက္ေနသလား ။ က်ဳပ္ဆရာ အလုပ္သရဲ ႀကီးက အပ်က္စဖူးအပ်က္ထူးပါ႔လားဗ်ိဳ႕ ။ ေကာ္မရွင္နာ မင္းႀကီးက နားခိုင္းတာေတာင္ မနားတဲ့ က်ဳပ္ဆရာကို ဘယ္အေရးကမ်ား ျပဳစားလိုက္သလဲ ။ ''
'' အဟင္း ...ဒါကေတာ့ အေရးအေၾကာင္းဆိုတာ ေျပာမရဘူးေလ ခုလည္း မသြားမျဖစ္လို႔သြားမွာပါ။ မင္းႏွဲ႔ ေလၾကာကိုရွည္တယ္။''
သစ္ဦး ရွက္ကို ရွက္ကန္းႏွင့္ေျပာလိုက္ၿပီးေနာက္ပိတ္ ရႈးဖိနပ္ကို ေမွာ္ဇာ နဲ႔ တြဲ၍ ဝတ္ေနေလသည္။
'' အားလားလား...အလိုေလး တယ္လွပါ႔လားအစ္မေလးရယ္ က်ဳပ္ႏွဲ႔ လူေတာင္မွားတယ္ ''
ထြန္းေတာက္၏ စကားေၾကာင့္ သစ္ဦး ဖိနပ္စီးေနရင္းမွ လည္ျပန္လွည့္ၾကည့္မိေလသည္။ အညိဳေရာင္ ဇာအကႌ် လက္ရွည္ ကေလးႏွင့္ ခ်ိတ္ထဘီ အညိဳေရာင္ေလးကို တြဲ၍ ဝတ္ဆင္ကာ ၊ ရွည္လ်ားသည့္ ဆံပင္ရွည္ ႀကီးကို ဇာပဝါ အညိဳေလးႏွင့္ တြဲခ်ည္ထားေသာ လေရာင္ေၾကာင့္ သစ္ဦး အၾကည့္မခြာႏိုင္ျဖစ္ရျပန္ပါဘီ။ မ်က္ႏွာေခ်းမႈန္ မလိမ္း၊ ဖူးဖူးငုံငုံ ႏႈတ္ခမ္းေလးအားေဆးကူစရာမလိုဘဲ မည္သည့္ အကူအညီမွ မပါဘဲ ယဥ္ယဥ္ကေလးႏွင့္ လွေနျပန္သည္။
'' အဟမ္း ကိုယ့္ဆရာေရ စိတ္ထိန္း ၊ စိတ္ထိန္း၊ အသိကို သတိ နဲ႔ ထိန္းမွေပါ႔ ေတာ္ၾကာ ပါးစပ္ထဲ ယင္ေကာင္ ဝင္ဥ သြားမွာျဖင့္...''
'' တယ္ ဒီငနဲ ငါ႔ လုပ္ထည့္လိုက္ရ ''
ၿပဳံးစိစိ မ်က္ႏွာထားနဲ႔ အရႈိက္ထည့္ထည့္ကို ထိေအာင္ ေျပာထည့္လိုက္သည့္ တပည့္ ျဖစ္သူေၾကာင့္သစ္ဦးမွာ ရယ္ရခက္၊ငိုရခက္ျဖင့္သာ ေျပာလိုက္ေလေတာ့သည္။
'' အဟမ္း ေနမျမင့္ခင္သြားၾကတာေပါ႔ လေရာင္ ။ ဒါနဲ႔ ဒီပုံစံ နဲ႔ သြားမွာလား ။''
'' ဟင္ အဆင္မေျပလို႔လားကြဲ႕''
'' အေပၚထပ္ ထက္ဝတ္ခဲ့ပါ။ ေမာ္ေတာ္ကားစီးရင္ ေအးမယ္။ ေနာက္ ႏွင္းမကြဲေသးဘူး။''
'' ဟို လေရာင္မွာက အေပၚထပ္ က ႏွစ္ထည္ပဲ ပါတာ။ ခု ဟာက...''
'' ကဲ ေရာ့ပါေလ။ က်ဳပ္က ရပါတယ္။ ''
သစ္ဦး အလွ်င္အျမန္ျဖင့္သာ ထပ္ဝတ္ထားေသာ အေပၚထပ္ဆြယ္တာေလး ကို ခြၽတ္လိုက္ၿပီး လေရာင္ကိုယ္ေပၚလႊားေပးလိုက္ေလသည္။
'' ေက်း...ေက်းဇူးတင္ပါတယ္''
လေရာင္ ရွက္ကိုးရွက္ကန္းႏွင့္သာ ေမာ္ေတာ္ကားေလးေပၚတက္လိုက္ေလသည္။
'' အိုးဟိုး...တယ္ၾကည့္ေကာင္းသဗ်ိဳ႕။ဝမ္းစမိုး..တူးစမိုး..ဟိုးဟိုး ''
'' တယ္ ထြန္းေတာက္ ငါလုပ္ထည့္လိုက္ မ်က္ႏွာပိုးကိုမေသဘူး ''
ေဘးနားကေန မ်က္ႏွာပိုးမေသ စေနာက္ေနသည့္ ထြန္းေတာက္ေၾကာင့္ သစ္ဦး ရွက္ကိုးရွက္ကန္းႏွင့္သာ ေျပာလိုက္ၿပီး ေမာ္ေတာ္ကားေပၚတက္လိုက္ေလသည္။
အိုဗါလင္းေမာ္ေတာ္ကားေလးတစ္စီးသည္ ၿမိဳ႕အုပ္မင္း အိမ္မွ ေအးခ်မ္းလွသည့္ ေမၿမိဳ႕၏ ၿမိဳ႕ထဲသို႔တေရႊ႕ေရႊ႕ ႏွင့္သာ ခရီးႏွင္ေနေလသည္။
>>>>>>>
<<<<<<<
19.7.2022
T.B.C____
အဟမ္း ဆုရဲ႕ficေလးကိုသေဘာက်ရဲ႕လားဟင္ ပ်င္းစရာမ်ားေကာင္းေနသလားကြယ္ သေဘာက်ရင္ျဖင့္ reviewေလးေတြ ေမွ်ာ္ေနပါ႔မယ္💙