💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၅)
💞💞💞
"ရှင်...."
အသင့်ကို..ဖမ်းပွေ့ထားတဲ့...ထိုလူရမ်းကားရဲ့
မျက်နှာကိုမော့ကြည့်နေမိပြီး...အသင်ဘာမှမပြော
နိုင်ဖြစ်သွားရသည်။ကျောဘက်ကနေသိုင်းဖက်ပွေ့
ထားတဲ့..သူ့ရဲ့လက်က...အသင့်ရင်ဘတ်ကိုပါ.....
ထိမိနေတာကို...သတိဝင်လာရကာ........၊
"ဒီမှာ...ရှင်...ဘယ်နေရာကိုထိထားတာလဲ...လွှတ်..
အသင်ကို..အခုလွှတ်...."
လူတွေလဲ..ဝိုင်းကြည့်နေတာမို့..အသင်လေသံခပ်အုပ်အုပ်
နှင့်ပြောလိုက်မိတော့..သူကဘေးဘီကို..တစ်ချက်ဝေ့
ကြည့်လိုက်ပြီး....၊
"လွှတ်ပေးရမှာလား...ပြီးရောလေ..."
"ဘုန်း..."
"အမလေး..."
ပြောရင်း...လက်နှစ်ဖက်ကိုတစ်ပြိုင်တည်းလွှတ်ချ
လိုက်တော့...အသင်ဖင်ထိုင်ရက်လေးပြုတ်ကျသွားရ
သည်။
"အား...လား...လား...မီးညောှင့်ရိုးတော့...
ကျိုးပါပြီ.... "
အသင်ငြီးငြူနေမိစဉ်...သူကအသင့်နားမှာ
ခြေဖျားထောက်ထိုင်လိုက်ရင်း...
"နားထောင်...မင်းဆွဲကြိုးကိုပြန်လိုချင်ရင်...
ဒီပွဲပြီးတာနဲ့.....မင်းကိုယ်တိုင်ငါ့အခန်းထဲမှာ...
လာယူပါ...မဟုတ်ရင်တော့..မင်းဆွဲကြိုးကို...
ငါလွင့်ပစ်မှာနော်...".
"ဘာပြောတယ်...ရှင်..."
အသင်ရန်မတွေ့ရသေးခင်မှာဘဲ..သူကထသွားပြီ
ဖြစ်သည်။ထိုအခါ...ဘောင်းဘီထဲလက်တစ်ဖက်ထည့်
ခပ်မိုက်မိုက်ခြေလှမ်းတွေနဲ့...စမတ်ကျကျ..
လျှောက်လှမ်းသွားတဲ့...သူ့နောက်ကို...အားလုံးရဲ့..
အကြည့်တွေကပါသွားကြပြီး...အနီးအနားကလူတွေက
အသင့်ကိုလာတွဲထူဖို့ပင်သတိမရကြတော့...။
"အရမ်းမိုက်တာပဲ...ရုပ်ရည်ရော...bodyရော
လုံးဝအလန်းနော်..."
"ဟုတ်ပါရဲ့...သူကဘယ်သူလဲမသိဘူး..."
ရိုက်ကူးရေးဘက်က...မိန်းကလေးနှစ်ယောက်ရဲ့
စကားကိုအသင်ကြားဖြစ်အောင်ကြားလိုက်သေးသည်။
ကိုယ်တိုင်လဲ...စတိုင်ကျလွန်းတဲ့သူ့ကိုကြည့်ကာ...
ခဏမျှငေးခနဲဖြစ်သွားရပြီးမှာ...ဒေါသထွက်ဖို့ရာ
သတိရသည်။
"အား...လား...လား..."
တွဲထူမဲ့သူမရှိမဲ့အတူတူ...ကိုယ့်ဘာသာကြိုးစား
ထားလိုက်ရပြီး.....၊
"လွှတ်ဆိုတာနဲ့...လွတ်ချလိုက်တာပဲ...သေနာကြီး..."
မကျေမနပ်ကျိန်ဆဲလိုက်မိကာ...ကိုယ့်နေရာကို..
ပြန်လာခဲ့တာက..ကံမကောင်းခြင်းများစွာနှင့်.....။
~~~~~~~~~~~💛💛💛
"ကြွရောက်လာတဲ့...ဧည့်သည်တော်များခင်ဗျာ..
ဒီတစ်ခါ...ONE Jewellery Show ကနေ
တင်ဆက်ပေးမှာကတော့...Oneရဲ့နောက်ဆုံးပေါ်
ဒီဇိုင်းလက်ရာဖြစ်တဲ့...ကောင်းကင်နတ်သမီးလို့
အမည်ရတဲ့လည်ဆွဲရတနာပဲဖြစ်ပါတယ်..."
"ဟုတ်ပါတယ်ရှင်...ဒီလည်ဆွဲရတနာကိုတော့...
Oneလုပ်ငန်းစုရဲ့နတ်သမီးတစ်ပါးဖြစ်တဲ့..
သလင်းနှင်းဆီက...တင်ဆက်ပြသပေးမှာဖြစ်ပါတယ်..."
"ဖြောင်း...ဖြောင်း...ဖြောင်း..."
အစီအစဉ်တင်ဆက်သူ နှစ်ဦးရဲ့ကြေညာသံအဆုံး...
လက်ခုပ်သံတွေဆူညံကုန်ကြသည်။ထိုအချိန်...
ခမ်းနားလှတဲ့...စတိတ်စင်ကြီးပေါ်မှာ...လှပစွာ
လျှောက်လှမ်းလာတဲ့...မိန်းကလေးတစ်ဦး......။
"လှလိုက်တာ..."
"အရမ်းလှတာပဲ..."
တီးတိုးသံတွေဆူညံကုန်ကြသည်။ကောင်းကင်ရောင်
ဖျော့ဖျော့..ဂါဝန်ရှည်ကြီးနှင့်...နတ်သမီးတမျှလှပ
သော...သူမက...နာမည်ကျော်မော်ဒယ်..သလင်းနှင်းဆီ...။
"အရမ်းလှတာပဲ..."
အသင်ကိုယ်တိုင်လဲ...ကင်မရာကိုကိုင်ပြီးရိုက်ဖို့မေ့နေရ
ကာ..သူမကိုငေးကြည့်နေရသည်။အရပ်ခပ်မြင့်မြင့်
Sexyကျကျခနာ္တကိုယ်အချိုးအစားနှင့်သူမက
မျက်နှာတစ်ခုလုံးရူ့မငြီးနိုင်အောင်လှသည်။
လည်တိုင်မှာဆွဲထားတဲ့...ကောင်းကင်နတ်သမီးဆိုသည့်
နီလာတစ်ရစ်၊စိန်တစ်ရစ်နှင့်လှပစွာဒီဇိုင်းဆင်ထားသော
လည်ဆွဲကြောင့်..သူမရဲ့အလှကပိုပြီးထည်ဝါနေသည်။
ပြီးတော့...သူမရဲ့နူတ်ခမ်းနဲ့မျက်ဝန်းတွေက...
ညို့ဓာတ်အပြည့်ရှိသည်။
"ဆွဲကြိုးလေးကလဲ...အရမ်းလှတာပဲ..."
သူမလည်တိုင်မှာဆွဲထားတဲ့လည်ဆွဲကိုကြည့်ငေးနေရင်း
အသင်...ကိုယ့်လည်ပင်းကိုယောင်ပြီးစမ်းကြည့်
မိသွားသည်။
ထိုအခါမျက်ဝန်းတွေကမရည်ရွယ်ပါပဲ...VVIPတန်းမှာ
ထိုင်နေသည့်သူ့ဆီရောက်သွားရသည်။
"ဪ...ဟော်...ဟော်..."
နူတ်ကနေရွဲ့ပြီးအသံထွက်လိုက်မိသည်အထိပင်...
ထိုလူရူပ်ကလဲ...တခြားယောကျာင်္းတွေလိုပဲ...
စင်ပေါ်မှာလျှောက်လှမ်းနေသည့်...သလင်းနှင်းဆီကိုပဲ
ကြည့်နေခဲ့တာလေ...
"ဟွန့်..."
အသင်...ဟွန့်ခနဲမဲ့လိုက်ရင်း...မျက်နှာလွှဲလိုက်မိသည်။
"ယောကျာင်္းတွေအားလုံးအတူတူချည်းပဲ...
နှာဘူးတွေ....."
မကျေမနပ်ရေရွတ်လိုက်မိရင်း....။
~~~~~~~~~~~💛💛💛
"ဒါ...ကျွန်တော့်သမီးပါ...သူဌေးလေး...သူဌေးလေး
သိမှာပါ..သလင်း...နူတ်ဆက်လိုက်လေ...ဒါ
The Sun Groupရဲ့...သူဌေးလေး...နေကုဋာ "
ဦးကျော်မော်ကပြောလျှင်...သူမကအလှပဆုံးပြုံးကာ
နေ့ထံလက်ကမ်းပေးသည်။
"တွေ့ရတာဝမ်းသာပါတယ်နော်...ကိုနေ..."
ပထမဆုံးတွေ့ဆုံမူ့မှာတင်...သူမရဲ့အပြုအမူက
ရဲတင်းလွန်းတာကြောင့်..နေ...နူတ်ခမ်းတွန့်ရုံ
ပြုံးလိုက်ကာ...၊
"ကျွန်တော်လဲတွေ့ရတာဝမ်းသာပါတယ်ဗျာ..."
နေလက်ဆွဲကာ...နူတ်ဆက်လိုက်သည်။
"သလင်းကအခု...မော်ဒယ်လုပ်နေတယ်ဆိုပေမဲ့
မကြာခင်...ဒယ်ဒီ့အလုပ်တွေကိုဝင်ကူတော့မှာလေ
ကိုနေရဲ့...ဟုတ်တယ်နော်ဒယ်ဒီ...."
သူမက...ဖခင်ဖြစ်သူရဲ့လက်မောငး်ကိုမှီတွဲကာ
ခပ်နွဲ့နွဲ့လေးပြောသည်။
"ဟုတ်တယ်...သူဌေးလေးရေ...အဲ့ဒီအခါ...သလင်းကို...
သူဌေးလေးဆီပဲ...အပ်မှဖြစ်မယ်...အဲ့ဒါမှသူလဲ...
နားလည်မှာ...ဟင်း...ဟင်း..."
ဦးကျော်မော်ကမျက်နှာကိုပြုံးကာဝင်ပြောသည်။
နေ...လက်ထဲကဝိုင်ခွက်ကိုမော့လိုက်ရင်း...
"သလင်းကိုကြည့်ရတာ...သွက်သွက်လက်လက်နဲ့
ထက်မြတ်တဲ့ပုံပါပဲ...အဆင်ပြေမှာပါ..."
"ကျေးဇူးပါနော်...ကိုနေ....."
"ဒါနဲ့...သူဌေးလေးကျွန်တော်တို့...Oneနဲ့လက်တွဲဖို့ကို
ဘယ်လိုဆုံးဖြတ်ထားပါလဲ..."
"မလောပါနဲ့ဗျာ...ကျွန်တော်မြန်မာပြည်ပြန်ရောက်ရင်...
အဖြေပေးပါ့မယ်...ဒါပေမဲ့ကောင်းတဲ့ဘက်ကိုတွေးထား
ပေးပါ..."
နေ့စကားကြောင့်...ဦးကျော်မော်မျက်နှာဝင်းပ
သွားသည်။
"ကျေးဇူးတင်ပါတယ်...သူဌေးလေးရယ်..."
"ကဲ...ဒယ်ဒီနဲ့ကိုနေရဲ့...အောင်မြင်မူ့အတွက်အကြိုပေါ့.."
သူမက...နွဲ့နွဲ့လေးပြောရင်းလက်ထဲကဖန်ခွက်ကို
မြှောက်သည်။
"ချလွမ်..."
နေဖန်ခွက်ကိုတိုက်သည်ဆိုရုံလေးတိုက်ကာ...
မျက်ဝန်းတွေကညစာစားပွဲထဲကလူတွေဆီဝေ့သွားရသည်။
ထိုအခါထောင့်ကျကျစားပွဲမှာ...ဘယ်သူ့ကိုမှ
ဂရုမပြုန်ိုင်ပဲ...အစားအစာတွေကိုသာအသည်းအသန်
စားနေတဲ့...ပုံရိပ်လေးတစ်ခုကြောင့်...နူတ်ခမ်းတွေက
ပြုံးမိသွားရရင်း....။
~~~~~~~~~~~💛💛💛
"တော်သေးတာပေါ့...ညစာကျွေးသေးလို့...
အူတောင်ခေါက်နေပြီ..."
ပါးစပ်နဲ့အစားကိုလဲမပြတ်စေပဲအသင်ငြီးငြူလိုက်မိ၏
Showပွဲကြီးပြီးတော့...ညစာစားပွဲနှင့်ဧည့်ခံတာမို့ခန်းမထဲမှာ
အသင်အစားစားလိုက်...ဝိုင်ချိုချိုလေးသောက်လိုက်နှင့်
ဇိမ်ကျနေစဉ်...။
"အား..ဗိုက်ကနာလာပြန်ပြီ...."
စားသွားတာပဲများသွားလို့လားမသိ...ဗိုက်ကနာလာ
ပြန်သည်။ဒါနဲ့ပဲ..စားပွဲကအမြန်ထကာ..သန့်စင်ခန်းရှိရာသို့
အမြန်ပြေးလာခဲ့သည်။အိမ်သာထဲမှာကိစ္စရှင်းပြီး
ပြန်ထွက်မည်အပြု...။
"နင်တစ်ကယ်ပြောတာလား..ဒီဒီ...ငါတို့Showပွဲကို
နေကုဋာလဲတက်တယ်ပေါ့..."
"ဟုတ်တယ်...ငါလဲသလင်းနှင်းဆီပြောတာကြားတာ
အဲ့ဒီ့ထက်သေချာတဲ့သတင်းရှိဦးမလားဟာ..."
အပြင်ဘက်ကနေကြားလိုက်ရတဲ့စကားသံတွေကြောင့်
အသင်ပြန်မထွက်ပဲနားထောင်နေမိသည်။
"နေကုဋာ ဆိုပါလား..."
အတွေးနဲ့သတင်းထောက်ပီပီစပ်စုချင်သွားရသည်။
"သတင်းထောက်တွေကြောင့်...နေကုဋာ လဲ
ဒီပွဲကိုတက်တယ်ဆိုတဲ့သတင်းကိုလျို့ဝှက်ထားတာ
နေမယ်...သူကအစကထဲကသတင်းထောက်တွေနဲ့...
ရူပ်ရူပ်ရှတ်ရှတ်တွေကိုမကြိုက်တဲ့...ဟိုက်ဘော့စ်
တစ်ယောက်ပဲလေ..."
"ဒါဆိုငါတို့လဲ...သူဘယ်သူလဲဆိုတာတွေ့ရဖို့မလွယ်ဘူး..
မျက်နှာလေးပဲဖြစ်ဖြစ်မြင်ချင်ပါတယ်ဆိုမှဟာ...
သူကအရမ်းချောတယ်လို့ကြားဖူးတယ်..."
"ဪ...အရေးထဲ...မိန်းမနောက်ပိုးကတစ်မှောင့်
ဟား...ဟား..."
"ခိ...ခိ...."
ရယ်သံတွေနဲ့...ပြန်ထွက်သွားတဲ့ခြေသံတွေတိတ်ဆိတ်
သွားမှ..အသင်ထွက်လာခဲ့သည်။
"ဒါငါ့အတွက်အခွင့်အရေးပဲ..ဒီအခွင့်အရေးမှာ
နေကုဋာ ကဘယ်သူလဲဆိုတာသိအောင်လုပ်ရမယ်
ဒါဆိုတစ်ချက်ခုတ်..နှစ်ချက်ပြတ်ပဲ..အဟိ.."
စပ်စုတတ်တဲ့ဓာတ်အခံနှင့်..အရာရာကိုစူးစမ်းသိမြင်လိုတဲ့
ညဉ်လေးကပြန်ပေါ်လာခဲ့ပြီးနောက်အသင်ဆုံးဖြတ်ချက်
တစ်ခုကိုချလိုက်တော့သည်။
~~~~~~~~~~~💛💛💛
"ဘယ်သူဖြစ်နိုင်မလဲကြည့်စမ်း...အသင်္ချေ
နင့်ရဲ့..သတင်းထောက်မျက်လုံးနဲ့သေချာကြည့်စမ်း.."
ဧည့်ခံပွဲရဲ့မှောင်ရိပ်ကျတဲ့.. ထောင့်တစ်နေရာမှာ
ရပ်နေရင်း..အသင်ပွဲထဲကလူတွေကိုသေချာ..
အကဲခတ်နေမိစဉ်...
"ဟင်.. အမလေး..."
တစ်စုံတစ်ယောက်ကအသင့်လက်ကိုလှမ်းဆွဲလိုက်တာ
ကြောင့်..အသင်အလန့်တကြားနှင့်လှည့်ကြည့်လိုက်မိ
တော့..သူ...
"မင်း..ဒီမှာဘာလုပ်နေတာလဲ..ခိုးကြောင်ခိုးဝှက်နဲ့ "
"ဘာလုပ်လုပ်ပေါ့..ရှင့်အပူပါလား..."
အသင်..လက်ကိုရုန်းပြီးလှည့်ထွက်ရန်ပြင်တော့
သူကအသင့်လက်မောင်းကိုဆုပ်ကိုင်လိုက်ကာ
ဆွဲခေါ်လာသည်။
"ရှင်...ဘာလုပ်တာလဲ...လွှတ်..."
အသင်သူဆွဲခေါ်ရာနောက်ကိုယက်ကန်ယက်ကန်နှင့်
ပါလာရရင်း..လူရှင်းတဲ့ကော်ရစ်ဒါထောင့်ကို
ရောက်တော့..သူကအသင့်ကို
နံရံဘက်ပစ်တွန်းလိုက်ကာ..မျက်နှာနားမှာ..လက်တစ်ဖက်
ထောက်ရပ်လိုက်သည်။
"ကိုယ်ပြောထားတာမင်းမေ့နေမှာစိုးလို့..ထပ်ပြီး
သတိပေးတာ..မင်းဒီညမှဆွဲကြိုးကိုလာမယူရင်
ကိုယ့်အလွန်မဟုတ်တော့ဘူးနော်..."
"ဘာလို့လာရမှာလဲ..ရှင့်အခန်းထဲကိုနောက်တစ်ခါ
ထပ်ဝင်ရင်အသင်ရူးနေလို့ပဲ..."
"မင်းကအစထဲကဦးနှောက်မှမကောင်းတာ"
"ဘာရှင့်.."
မျက်လုံးလေးဝိုင်းကာ..သူမအော်လိုက်တိုင်း
နေသဘောကျသည်။သူမကအရုပ်မလေးနှင့်တူသည်။
"ဟုတ်တယ်လေ..အစထဲကမင်းသာဦးနှောက်ကောင်း
ခဲ့ရင်..VIPခန်းနဲ့စပွန်ဆာရတဲ့အခန်းမှားစရာမှ
မလိုတာပဲ"
"ရှင်...ရှင်နော်..တော်ပြီ...ရှင်နဲ့ပြိုင်မပြောချင်တော့ဘူး
ဖယ်..အသင်လုပ်စရာတွေရှိသေးတယ်..."
"ဘာလုပ်စရာလဲ..."
"လူရှာမလို့..."
"ဘယ်သူ့ကိုလဲ..."
"နေကုဋာ "
"ဘာရယ်...ဘယ်သူ့ကို...."
နေတအံ့တဩနှင့်မေးလိုက်မိသည်။
"ရှင်နားမကောင်းဘူးလား..နေကုဋာလို့ပြောနေတာ
The Sunလုပ်ငန်းစုကြီးရဲ့သူဌေးနေကုဋာ
သူလဲဒီပွဲကိုတက်တယ်ကြားလို့..သူ့ကိုတွေ့ဖူးချင်လို့
ရှင်းပြီလား.."
အသင်စိတ်ပေါက်ပေါက်နှင့်ရွဲ့ပြီးဖြေလိုက်မိသည်။
"ဒါဆိုရင်တော့မင်းသူနဲ့တွေ့ခွင့်ရမှာမဟုတ်ဘူး..."
နေရယ်ချင်စိတ်ကိုထိန်းကာပြောလိုက်တော့
သူမကမျက်နှာလေးမဲ့သွား၏...။
"ဘာလို့လဲ..."
"မင်း..သိချင်လား..."
သိချင်လားဆိုပြီးကိုယ်ကိုကိုင်းကာ..သူ့မျက်နှာက
နီးကပ်လာတော့..အသင်ပခုံးလေးကျုံ့ကာမျက်နှာ
လွှဲလိုက်ရင်း...၊
"ဟင့်အင်းမသိချင်ဘူး...ရှင့်ဆီကဘာမှမသိချင်တော့ဘူး"
အသည်းအသန် ငြင်းနေမိတော့...သူကရယ်သည်။
သူရယ်လိုက်တဲ့ပုံစံကအရမ်းကိုကြည့်ကောင်းနေတာ
ကြောင့်..အသင်သတိလက်လွှတ်ငေးကြည့်နေမိသွားရတော့
နူတ်ခမ်းထောင့်လေးမှာနွေးခနဲဖြစ်သွားမှသတိဝင်လာ
ရသည်။
"မင်းရဲ့ဆွဲကြိုးကိုလာယူပါ...ကိုယ်စောင့်နေမယ်..."
သူကနူတ်ခမ်းလေးကိုလက်နှင့်တို့ထိရင်းအသင့်ကို
တစ်ချက်ကြည့်ကာလှည့်ထွက်သွားသည်။အသင်နေရာမှာတင်
ကျောက်ရုပ်လေးလိုသူ့ကိုရပ်ငေးကြည့်ကာကျန်နေခဲ့ရင်း
တဒိတ်ဒိတ်တိုးနေတဲ့...ဘယ်ဘက်ရင်အုံကိုလက်နှင့်
အသာဖိထားမိတော့သည်။
ထိုအချိန်...တစ်ဖက်ကော်ရစ်ဒါကနေအသင်တို့ကို
စောင့်ကြည့်နေသည့်ကင်မရာတစ်လုံးနှင့်လူကိုတော့
သတိမထားမိခဲ့ပါချေ....။
~~~~~~~~~~~~💛💛💛
"သက်သာရဲ့လား..Boss..."
ဇရဲ့အမေးကို..နေခေါင်းငြိမ့်ရုံအဖြေပေးလိုက်ရင်း
ဆေးကုန်သွားတဲ့..ဆေးထိုးအပ်ကိုလက်ဖျံကနေ
ဆွဲနူတ်လိုက်သည်။
"ဒီနေ့တစ်နေကုန်အရမ်းပင်ပန်းသွားလို့ဖြစ်မယ်.."
နေ..သံချောင်းကြီးနဲ့ထိုးထားသလိုနာကျင်ကိုက်ခဲ
နေသည့်..ဦးခေါင်းကိုလက်နှင့်ဖိကိုင်ကာပြောလိုက်မိသည်။
"ဒါမေပဲ့.. ရက်လည်းမပြည့်သေးပဲဆေးထိုးရတဲ့အထိ
ငါတစ်ခါမှမဖြစ်ဖူးပါဘူး..."
ငယ်စဉ်ကအက်စီးဒင့်ကြော့င့်ပြုလုပ်ခဲ့ရသည့်
ခွဲစိတ်မူ့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်..နေတစ်ခါတစ်ရံ
ခေါင်းကိုက်ဝေဒနာကိုအပြင်းအထန်ခံစားရတတ်သည်။
တစ်ခါတစ်လေဘာမှန်းမသိတဲ့ပုံရိပ်တွေခေါင်းထဲ
ပေါ်လာတဲ့အခါဆိုပိုဆိုးသည်။ထို့ကြောင့်..
အန်ကယ်ဦးထွန်းမြတ်စီစဉ်ပေးထားတဲ့ဆေးကို..
နေ၁၅ရက်တစ်ခါထိုးရသည်။အခုလဲဆေးထိုးထားတာ
ရက်မကြာသေးပဲနောက်တစ်လုံးထပ်ထိုးရသည်။
"မနက်ဖြန်လေယာဉ်ဘယ်အချိန်ထွက်မှာလဲ.."
"၉နာရီဖလိုက်နဲ့ပါ..boss"
"ငါမရလောက်ဘူး..လေယာဉ်ချိန်ပြောင်းပြီး
စီစဉ်လိုက်တော့..."
"ဟုတ်ကဲ့...ကျွန်တော်စီစဉ်လိုက်ပါ့မယ်...
ဒါဆို..bossအနားယူလိုက်ပါတော့..."
နေခေါင်းငြိမ့်ပြလိုက်တော့..ဇကအခန်းထဲကထွက်
သွားသည်။နေ...ခေါင်းတစ်ခုလုံးနာကျင်ကိုက်ခဲ
နေပေမဲ့..မအိပ်ချင်သေးပဲ..ဘောင်းဘီအိတ်ထဲက
ဆွဲကြိုးလေးကိုထုတ်ယူလိုက်သည်။
သံဇဉ်ပုံလော့ကတ်လေးနှင့်ဆွဲကြိုးလေးကို
နေစိုက်ကြည့်နေမိရင်း...ထိုခဏမှာ...
နေ...တစ်စုံတစ်ယောက်ကိုစောင့်နေမိသလို
ခံစားနေမိရင်း....။
"အသင်္ချေ...မင်းကိုယ့်ဆီလာကိုလာရမယ်"
~~~~~~~~~~💛💛💛
"ဒါ...အသင့်အတွက်ကိုကို့ရဲ့မွေးနေ့လက်ဆောင်.."
"လော့ကတ်လေးကအရမ်းလှတာပဲ..သံစဉ်ပုံလေးနဲ့
ကိုကို..ဒါကရွှေအစစ်လား..."
"အစစ်ပေါ့..အသင့်အတွက်..ကိုကိုမုန့်ဖိုးစုပြီး
ဝယ်ထားတာ...လာ...ကိုကိုဆွဲပေးမယ်..."
ကိုကိုကအသင်ဆွဲထားတဲ့ကြိုးလေးကိုဖြုတ်ကာ
လော့ကတ်လေးကိုထည့်ပြးသေချာပြန်ဆွဲပေးသည်။
"တစ်သက်လုံးမချွတ်ရဘူးနော်..."
"အင်း..."
အသင်ခေါင်းငြိမ့်လိုက်တော့...ကိုကိုကပါးလေးကို
ဖွဖွဆွဲသည်။
"လိမ္မာတယ်..."
အသင်ဟိုတယ်ခန်းထဲကအိပ်ရာထက်မှာ ငူငူလေးထိုင်နေမိရင်း
အတိတ်ကအကြောင်းကိုပြန်မြင်ယောင်မိကာ
စိတ်မောသလိုသက်ပြင်းလေးချလိုက်မိသည်။
"လော့ကတ်သီးကလုံးဝပျောက်လို့မဖြစ်ဘူး"
"ဒီညမင်းရဲ့ဆွဲကြိုးကိုလာယူပါ..ကိုယ်စောင့်နေမယ်"
ထီမထင်မျက်ဝန်းတွေနှင့်သူ့ကိုမြင်ယောင်မိတော့
အသင်လန့်သွားရပြန်သည်။
"ငါတော့သေချင်တယ်.ဘာလုပ်ရမှန်းကိုမသိတော့ဘူး
တစ်ကယ်ပဲ......."
တစ်ယောက်ထဲအကြံခက်သွားရပြန်တဲ့အသင်
လက်ဖနောင့်နဲ့ကိုယ့်ခေါင်းကိုယ်သာခပ်နာနာထုလိုက်
မိလေတော့သည်။
~~~~~~~ဆက်ရန်
#Hazel
💞စေတန်ရဲ့သတို့သမီး💞
အပိုင်း(၅)
💞💞💞
"ရှင်...."
အသင်ကို..အခုလွှတ်...."
ကြည့်လိုက်ပြီး....၊
"ဘုန်း..."
"အမလေး..."
သည်။
"အား...လား...လား...မီးညှောင့်ရိုးတော့...
ကျိုးပါပြီ.... "
ငါလွင့်ပစ်မှာနော်...".
"ဘာပြောတယ်...ရှင်..."
လုံးဝအလန်းနော်..."
သတိရသည်။
"အား...လား...လား..."
ထားလိုက်ရပြီး.....၊
~~~~~~~~~~~💛💛💛
"လှလိုက်တာ..."
"အရမ်းလှတာပဲ..."
"အရမ်းလှတာပဲ..."
Sexyကျကျခန္တာကိုယ်အချိုးအစားနှင့်သူမက
မိသွားသည်။
"ဪ...ဟော်...ဟော်..."
ကြည့်နေခဲ့တာလေ...
"ဟွန့်..."
နှာဘူးတွေ....."
~~~~~~~~~~~💛💛💛
နေ့ထံလက်ကမ်းပေးသည်။
ပြုံးလိုက်ကာ...၊
သူမက...ဖခင်ဖြစ်သူရဲ့လက်မောင်းကိုမှီတွဲကာ
နားလည်မှာ...ဟင်း...ဟင်း..."
"ကျေးဇူးပါနော်...ကိုနေ....."
ပေးပါ..."
သွားသည်။
မြှောက်သည်။
"ချလွမ်..."
ဂရုမပြုနိုင်ပဲ...အစားအစာတွေကိုသာအသည်းအသန်
ပြုံးမိသွားရရင်း....။
~~~~~~~~~~~💛💛💛
အူတောင်ခေါက်နေပြီ..."
ဇိမ်ကျနေစဉ်...။
ပြန်ထွက်မည်အပြု...။
နေကုဋာလဲတက်တယ်ပေါ့..."
"နေကုဋာ ဆိုပါလား..."
တစ်ယောက်ပဲလေ..."
ဟား...ဟား..."
"ခိ...ခိ...."
~~~~~~~~~~~💛💛💛
အကဲခတ်နေမိစဉ်...
"ဟင်.. အမလေး..."
တော့..သူ...
ဆွဲခေါ်လာသည်။
"ရှင်...ဘာလုပ်တာလဲ...လွှတ်..."
ထောက်ရပ်လိုက်သည်။
"ဘာရှင့်.."
မလိုတာပဲ"
"ဘာလုပ်စရာလဲ..."
"လူရှာမလို့..."
"ဘယ်သူ့ကိုလဲ..."
"နေကုဋာ "
"ဘာရယ်...ဘယ်သူ့ကို...."
ရှင်းပြီလား.."
"ဘာလို့လဲ..."
"မင်း..သိချင်လား..."
လွှဲလိုက်ရင်း...၊
ရသည်။
အသာဖိထားမိတော့သည်။
သတိမထားမိခဲ့ပါချေ....။
~~~~~~~~~~~~💛💛💛
"သက်သာရဲ့လား..Boss..."
ဆွဲနူတ်လိုက်သည်။
စီစဉ်လိုက်တော့..."
"ဟုတ်ကဲ့...ကျွန်တော်စီစဉ်လိုက်ပ့ါမယ်...
ခံစားနေမိရင်း....။
~~~~~~~~~~💛💛💛
လော့ကတ်လေးကိုထည့်ပြီးသေချာပြန်ဆွဲပေးသည်။
"အင်း..."
ဖွဖွဆွဲသည်။
"လိမ္မာတယ်..."
တစ်ကယ်ပဲ......."
မိလေတော့သည်။
~~~~~~~ဆက်ရန်
#Hazel