ပါးပြင်တစ်ဖက်တစ်ချက်မှာအေးခနဲ့..။သေ
ချာတာက သူ့ရဲ့နှုတ်ခမ်းညိုညိုတွေက ခပ်ဖွ
ဖွအထိအတွေနဲ့အတူ ပါးပြင်မို့မို့ကိုထိခတ်
သွား၏။
ကွဲအက်တဲ့မြေကြီးတိမ်လွှာကြားထဲကအညွှန့်အညှောင့်လေးအဖြစ်ရအောင်ထိုးထွက်
တတ်တဲ့ အပင်ငယ်လေးတွေကတချိန်မှာပွင့်
ဝေဆာတဲ့ လှပတဲ့ပန်းလေးတစ်ပွင့်ဖန်ဆင်း
ပေးပါ၏။
မာကျောတဲ့မြေစိုင်မြေခဲတွေကိုရအောင်ထိုး
ဖောက်ပြီးရှင်သန်လေသလို မြင့်မားခေါင်
ခိုက်လှတဲ့မာနဆိုတဲ့ အတ္တဆန်ဆန်တွေရဲ့
ကြား အချစ်ဆိုတဲ့အရာကကျည်ဆန်တစ်ခု
ကဲ့သို့ ထုတ်ချည်းပေါက်ဝင်ရောက်နေခဲ့လေ
ပြီ။
အင်း.....နှလုံးသားတည့်တည့်ကို သ်ိပ်ကို
လက်တည့်ချက်ပဲ။
"ခွင့်ပြုမယ်မလား"
ဟု တည်စေရာမိုင်က ခွင့်တောင်းလေ၏။
"ငါစဥ်းစားလိုက်ဦးမယ်...မင်းဘယ်နေ့သွား
မှာလဲ....ပြန်လာမယ်မလား"
နိူင်းရဲ့ ထိုစကားကိုကြားတော့ တည်စေရာမိုင်က ဟက်ဟက်ပက်ပက်ရယ်မောလေ၏။
တချက် ငိုင်ခနဲ့ဖြစ်သွားရလေတဲ့ နိူင်းရဲ့ပုံစံ
လေးက ထုံပေပေလေးဖြစ်နေသည့် ဟန်ပန်
အမူအရာလေးကသိပ်ကိုချစ်ဖို့ကောင်း၏။
"ဟေ့...ဘာရယ်တာလဲ"
"သန်ဘက်ခါ...မစိုးရိမ်ပါနဲ့၊ ပြန်လာမှာပါစောင့်နေမယ်မဟုတ်လား"
ဟုပြောတော့ ငိုင်တွေနေရာမှ မျက်ခုံးလေးပင့်၍....။
"မင်းဟာက အဲ့လောက်တောင်မြန်လှချည်လား...စောင့်မနေပါဘူး...နော်"
"ငါအသက်မသေသေးရင်တော့ ပြန်တွေ့ရတာပေါ့"
"မင်းစကားကို ကောင်းတဲ့ဘက်ကပြောစမ်းပါ....ချီးပဲ!"
နိူင်းရဲ့ ရွဲ့တဲ့တဲ့စကားတွေကို ကြားရသူနား
ရည်ဝနေတဲ့သူအဖို့ အနီးကပ်တရင်းတနှီး
ပေါင်းဖက်နေရတဲ့သူဆိုတော့ ဓာတ်သိနေပြီး
သားမို့ငြင်းခုန်နေတာမျိုး တစ်စုံတစ်ရာမပြု
တော့ပဲ...သူလေးကိုသာတိုး၍ဖက်အိပ်လိုက်
လေသည်။
>>>>>>>>>>
ကျယ်ဝန်းသည့်အခန်းတစ်ခု.....
တည်နေရာက ချောင်ကျကျနေရာတစ်ခုဆို
လည်းမမှား...အမှောင်ဘက်သို့သက်ရောက်
လှတဲ့အခန်းတွင်းအပြင်အဆင်အချို့နဲ့အတူ
မှောင်ခိုပစ္စည်းဟု ယူဆရသော အရာတွေက
အလျိုလျိုကျဲပြန့်လျက်။
ဒူးထောက်၍ ခေါင်းငုံ့ကာ မတတ်သာသည့်
အဆုံးမာန်လျော့ထားရသည့် မျက်နှာပေး
တွေနဲ့အတူ မကျေနပ်ချက်မျက်ဝန်းတွေက
ပေါ်လွင်နေပေမဲ့ ဘာမျှမစွမ်းဆောင်နိင်ချေ။
"ရောက်လာပြီလား"
ဟု ဒန်နီယယ်အမေးကို တည်စေရာမိုင်က
ခေါင်းငြိမ့်ပြ၏။
မှောင်ခိုပစ္စည်းတွေကို သိုဝှက်ထားတဲ့ ဂိုဏ်း
ကသစ္စာဖောက်တစ်ယောက်ကို ခြေရာခံဖမ်း
မိလေတော့...ထိုသစ္စာဖောက်ကနေရာမှာရှာ
မတွေ....။
ကြည့်ရတာ တစ်နေရာမှာ တည်စေရာမိုင်
ရောက်လာမှာစိုးသောကြောင့် ရှောင်တိမ်း
ထွက်ပြေးသွားလေပြီလား။
"မာကို....သူဘယ်မှာလဲ"
မာကို ဆိုတဲ့ဂိုဏ်းသားက Blaak Drangon
ဂိုဏ်းကဂိုဏ်းသားတစ်ယောက်ဖြစ်ပေမဲ့
လောဘကြီးတယ်၊အကြံအစည်သိပ်ကြီးမား
တယ်။
နောက်ကွယ်မှာ နေရာတစ်ချို့ကလူမိုက်အ
ချို့ကိုစုစည်းပြီး ဂိုဏ်းတစ်ခုအဖြစ်တည်
ထောင်ဖို့ကြံစည်နေသူ....။
တစ်နည်းအားဖြင့်...ဂိုဏ်းခေါင်းဆောင်တစ်
ယောက်ဖြစ်ချင်တဲ့ သူရူးတစ်ယောက်။
မာကိုရဲ့ ကုတ်ခြစ်စုဆောင်းထားတဲ့တပည့်
အချို့ကမြေပြင်ပေါ် ပြားပြားဝပ်၍ဒူးထောက်ကာ ဒယ်နီယယ်နှင့် ဂိုဏ်းကတပည့်
အချို့ကဝိုင်း၍ သေနတ်ဖြင့်ချိန်ထားကြလေ
သောကြောင့် တုတ်တုတ်ပင်မလှုပ်ရဲ။
"မာကို ကမရှိတော့ဘူး"
"မရှိရအောင်...သူဘယ်ရောက်သွားတာလဲ
မင်းအသက်ရှည်ချင်သေးတယ်မလား"
"မာကို ကလွန်ခဲ့တဲ့တစ်ပတ်ကပဲဆေးလွန်ပြီး
သေပြီ"
"1သန်းတန်တဲ့ ဆေးတွေကကော ဘယ်သူကို
ဆက်သွယ်သေးလဲ"
"အဲ့ဒါတော့မသိဘူး၊မာကိုကလျို့ဝှက်တယ်
အဲ့ဆေးတွေကလည်း အစအနတောင်ရှာမ
တွေ့ခဲ့ဘူး"
ဒယ်နီယယ်က တည်စေရာမိုင်ကို အသာငဲ့
ကြည့်တော့ မာကျောပြတ်သားပြီးမေးရိုးတွေ
ထောင်ထနေတဲ့ သွေးအေးလွန်းတဲ့အကြည့်ကစူးရှ ထက်လွန်းလှ၏။
"ငါ့ကို အချိန်လာဖြုန်းနေတာပဲ"
"မင်းဘယ်လိုလုပ်ချင်လဲ၊ မာကိုကပြိုင်ဘက်
ဂိုဏ်းတွေနဲ့ဆက်သွယ်ခဲ့ပုံပဲ"
"ကနေဒါမှာ ရှိတဲ့ဂိုဏ်းတွေဆီကိုသာသတင်း
မရောက်စေနဲ့၊ အတွင်းဂိုဏ်းသားတစ်ယောက်စည်းကျော်သွားတာ သိရင် ဂိုဏ်းအ
ခြေမငြိမ်နိင်ဘူးလို့ သတ်မှတ်လိမ့်မယ်"
"ပြည်ပဂိုဏ်းတွေက ပူးပေါင်းပေးမယ်ထင်
လား၊ သူတို့နယ်နိမိတ်အထိ မင်းသွားရမှာ
နော်"
"ဘုရားသခင်ပဲ သိလိမ့်မယ်"
ထိုနေရာမှ တည်စေရာမိုင် ခြေလှမ်းတွေတစ်
လှမ်းချင်းလှမ်းကာ ထွက်လာပြီးမကြာ၊အထဲ
၌သေနတ်ပစ်သံများကို ဆူညံ့စွာကြားလိုက်
ရ၏။
ကျူပင်ခုတ် ကျူငုတ်ကျန်လို့မဖြစ်၊မာကိုသေပြီဆိုတာ သိပ်မယုံကြည်ရဲ၊သေပြီဆိုရင်
တောင် တခြားဂိုဏ်းတွေနှင့်သတင်းဖလှယ်
ခဲ့မှာပင်။
နောက်ထပ်ဂိုဏ်းသားတွေ သစ္စာမဖောက်ရဲ
အောင်စံနမူနာအဖြစ် ရက်စက်စွာ လုပ်ပြမှ
ရပေမည်ဆိုပေမဲ့ တည်စေရာမိုင်က အဲ့လောက်ထိ သတ်တာဖြတ်တာစိတ်ဝင်စားသူ
မဟုတ်၊သွေးအေးရက်စက်သည်ဆိုသည့်စ
ကားကသတ်ဖြတ်ပြမှ သုံးနှုန်းတတ်တဲ့စကားဆိုသိပ်မှားလိမ့်မည်။
ကျားတစ်ကောင်လို ရန်သူနဲ့သားကောင်အ
ပေါ်ပစ်မှတ်ကိုသေချာချိန်ပြီး အမဲလိုက်တတ်
တဲ့ဗီဇကို ရိုက်သွင်းထားတဲ့သူတစ်ယောက်။
သူချစ်တဲ့သူ၊ သူသိပ်မြတ်နိုးတဲ့ သူအတွက်
တည်ရှိနေတဲ့နေရာက အားကိုးချင်စရာတစ်ခုဖြစ်သလို ကြောက်ဖို့လည်းကောင်းလှ၏။
ပြသနာရှိသည်က အခုသွားမည့်ခရီးကပိုပြီး
အန္တာရယ်ကြီးလာတာဖြစ်၏။
အခုလောက်ဆို ကနေဒါမှာ နှင်းတွေပိတ်နေ
အောင်ကျဆင်းနေလောက်လေပြီ။
အဖြူရောင်တွေခြယ်မှုန်းထားသည့် တိုရွန်မြို့က သိပ်ကိုလှပနေလေတော့မည်။
>>>>>>>>
မနက်စောစောထနေကျ အကျင့်မဟုတ်ပေ
မဲ့ နိူင်းအစောထလိုက်၏။
နိူင်းအတွက်သီးသန့် နေ့စဥ်ဝတ္တရားကိုလုပ်
ကိုင်ပေးတဲ့ကောင်မလေးတွေလာမနိူးခင်ပေါ့။ ဒါက သူပထမဆုံးဆိုလည်းမမှား။
မျိုသိပ်ထားရတဲ့အချစ်တွေကပင်ပန်းလွန်း
လှ၏။ အိပ်ရာနံဘေးမှာ မင်းမရှိတဲ့နေ့ရက်
တွေကနောက်နေများမှာတော့ ချမ်းအေးတဲ့
ဆောင်းညတစ်ညထက်ရှည်ကြာတော့မည်
ထင်လေသည်။
နာကျည်းခံပြင်းမူတွေမာနတရားတွေက
ငါ့ကို အိမ်မက်ဆိုးတွေအဖြစ် တစ်ချိန်မှာ
ခြောက်လှန့်မှာသိပ်ကိုကြောက်နေလေပြီ။
မာနတွေကို ကြာရိုးလိုတစ်ဆစ်ချိုးလို့ သူခရီး
မသွားခင်အပိုင်းခြားလေးမှာ လျော့ချလိုက်
ရတော့မလား။
ကိုယ်လက်သန့်စင်ပြီးတာနဲ့၊ အခန်းတံခါးကို
အသာလှစ်ဟ၍ဖွင့်ကာ ခြေဖျားလေးထောက်ပြီး ဖေဖေ့ရဲ့စာကြည့်ခန်းရှေ့ကအ
ဖြတ်။
"တည်စေရာမိုင်ရဲ့ ဒီတစ်ခေါက်ခရီးကသိပ်
အန္တာရယ်များတယ်...အရင်တစ်ခေါက်နဲ့မ
တူဘူး"
"ပြိုင်ဘက်ဂိုဏ်းတွေက ပြည်ပကဂိုဏ်းတွေ
နဲ့မပူးပေါင်းသရွေ့အန္တရယ်ကင်းပါတယ်..
ဒါပေမဲ့"
ထိုဒါပေမဲ့ စကားတစ်ဖြတ်မှာ နိူင်းသိချင်စိတ်
ဇောကြီးစွာဖြင့် ပို၍နားစိုက်ထောင်မိ၏။နှလုံးသားမှာလည်း အဆမတန်ခုန်နေတဲ့နှလုံးခုန်နှုန်းတွေက တားဆီးမရနိင်လွန်းစွာ။
ထိုလူရဲ့ တဖန်ဆက်ပြောလာမည့်စကားကို
နိူင်းမျှော်လင့်နေမိ၏။ ဖေဖေနဲ့ထိုလူကတည်
စေရာမိုင်ရဲ့လုပ်ဆောင်မူနဲ့ ဒီတစ်ခေါက်ခရီး
ရဲ့အကျိုးအမြတ်ကိုတွက်ဆနေပုံပင်။
"တည်စေရာမိုင်ရဲ့ ပါးနပ်မူနဲ့တိုက်ခိုက်နိင်မူ
ကိုပဲအားကိုးရမှာပဲ၊ မဟုတ်ရင် အသက်အာမမခံနိင်ဘူး"
မျက်ရည်ဝဲခနဲ့ ဖြစ်သွားရလောက်အောင်
နိူင်းရဲ့မျက်နှာလေးက တကြိမ်တစ်ခါမှမဖြစ်
ဖူးခဲ့လေတဲ့ ညိုးငယ်ဖျော့တော့စွာ အရိပ်တွေ
ပြည့်သိပ့်နေပါ၏။
မင်း သိပ်မိုက်ရူးရဲဆန်လွန်းတယ်...။
"တည်စေရာမိုင်လိုလူကို လက်လွှတ်မခံသင့်
ဘူး၊သိပ်ကိုတော်လွန်းထက်မြက်လွန်းတယိ
အားကိုးစရာလို့ဆိုနိင်သလို၊ အင်အားကြီး
လွန်းတယ်"
"ဒါဆိုသူ့ကို သမက်အဖြစ်တော်လိုက်ရင်ကော"
"ဆိုလိုတာက"
"ချမ်းသာတဲ့သမက်၊ ပညာတတ်လွန်းတဲ့သမက်လည်းရှိစေချင်သလို၊အားကိုးရပြီး
ဂိုဏ်းကိုမျက်နှာလွှဲနိင်လောက်တဲ့သမက်လည်းရှိသင့်တယ်မလား"
ဖေဖေရဲ့ စကားက ဘာကိုဆိုလိုချင်လည်း
သိပ်သိတာပေါ့၊နိူင်း ရိပ်စားမိလေသည် ဖေ
ဖေကသူ့ကိူ မမလတ်နဲ့များ သဘောတူဖို့ကြံ
စည်နေတာလား။
ဒီကိစ္စကို တချိန်မှာ နှစ်ကိုယ်ကြားတည့်တိုး
မေးလာမည်ဆိုလျှင် သူ...သူဘာပြောလိမ့်မ
လဲ။ခေါင်းငြိမ့်လက်ခံလိုက်မည်ဆိုရင် လူမသိအောင်လက်ထပ်ထားသည့်ငါကကော
ဘယ်လိုအပယ်ခံပုံစံနဲ့ကျန်နေခဲ့ရမှာလဲ။
မုန်း....မုန်းနေတာမလားနိူင်း၊ မင်းသူ့ကိုမုန်း
နေတာပဲလေ၊သူ့လက်ကမရရတဲ့နည်းနဲ့လွတ်
မြောက်ချင်တာမလား၊ ဘာလို့ရင်ထဲပူလောင်
သလိုခံစားနေရတာလဲ။
အခန်းထဲ တိုးတိတ်ငြိမိသက်စွာ ပြန်ဝင်လာ
လိုက်ပြီး အိပ်ရာပေါ်ငူငိုင်စွာထိုင်နေရာမှ..ဖုန်း
နံပါတ်တစ်ခုကိုသတိတရနဲ့ဆက်လိုက်လေ
သည်။
"အင်း....ဘာဖြစ်လို့လဲ"
"ငါနေမကောင်းလို့...မင်းစောစာအခန်းထဲလာလို့ရလား"
>>>>>>>>
"မင်းတို့စောစောသွားနားတော့၊ ဒီနေ့စိတ်မအီ
မသာဖြစ်နေလို့ စောစောအနားယူချင်ပြီ"
"ဒါပေမဲ့...ကျွန်မတို့ သခင်လေးကိုညအိပ်ယာ
ဝင်ချိန်ထိ"
"ငါကသွားဆိုသွားတော့ပေါ့၊ ဘာလို့အထွန့်
တတ်နေတာလဲ၊ဘယ်တုန်းကငါ့စကားကိုမ
နာခံတတ်သွားတာ၊ကြည့်ရတာ အလုပ်ပြုတ်
ချင်နေကြတယ်ထင်တယ်"
"ရှင်...မဟုတ်ပါဘူး၊ကျွန်မတို့ သွားပါမယ်"
နိူင်း ပိုပိုသာသာလေးဖိပြောလိုက်မှ ကြောက်
လန့်စွာဖြင့် အခန်းထဲကထွက်သွားကြတာ
များတစ်ချိုးတည်း။
နိူင်းရဲ့အမိန့်အာဏာက ဒီအိမ်ကြီးထဲမှာအများကြီးအကျိုးသက်ရောက်မူရှိတာသိနေ
ကြလေသောကြောင့်ပင်။နိူင်းစိတ်မကြည်ပြီ
ဆိုအော်ငေါက်တတ်တဲ့ အကျင့်လေးကော
ပေါ့။
အလုပ်သမားကောင်မလေးတွေထွက်သွား
သည်နှင့် အရိပ်အခြည်ကြည့်ကာ ရေချိုး
ခန်းထဲဝင်၍မွှေးပျံသန့်ရှင်းနေအောင် ရေချိုး
လိုက်အောင်ရေချိုးလိုက်ပြီး ညဝတ်အပါး
တစ်ထည်ကိုဝတ်လိုက်ကာ ရေချိုးပြီးခါစမို့
ဖြူဖွေးနုဖက်ကာ အိထွေးနေလေ၏။
တံခါးဖွင့်သံနဲ့အတူ ကုတင်ပေါ်မျက်လုံးအ
ဝိုင်းသားလေးဖြင့်ငုတ်တုတ်လေးထိုင်နေတဲ့
ကောင်လေးတစ်ယောက်။
"နေမကောင်းဘူးဆို..ဘယ်လိုဖြစ်ပြီးငုတ်
တုတ်ကြီးလည်း....မှန်းစမ်း၊ရေချိုးထားတာ
လား"
"နေမကောင်းရင်ငုတ်တုတ်မထိုင်ရဘူးလို့
မင်းကိုဘယ်သူကတရားဟောထားလို့လဲ"
"မင်းရဲ့အစေခံတွေကော၊ရွှေမင်းသားလေး
အနားမှာမနေပေးဘူးလား၊ ဒီချိန်ငါ့ကိုမလာ
ခိုင်းပါဘူး ထူးထူးဆန်းဆန်း"
"မင်းတော်တော်စကားများတာပဲ...ငါနှင်ထုတ်ထားလို့မရှိဘူး၊အလုပ်နားကုန်ကြပြီ"
"ဘာလို့ နှင်ထုတ်ထားတာလဲ၊ရေချိုးထားတာကကော ငါ့အတွက်လား"
"သေတော့မလို့တဲ့....ရပြီလား၊အကြောကို
ရှည်တယ်၊မင်းလက်ထဲကဘာကြီးလဲ"
တည်စေရာမိုင်ရဲ့လက်ထဲက အထုပ်ကိုမျက်
စပစ်၍မေးလိုက်၏။
"ဒါလား...မင်းနေမကောင်းဘူးဆိုလို့၊ဆန်ပြုတ်ဝယ်လာပေးတာ"
"အတုံ့အလှည့်ပေါ့လေ"
"သက်သာရဲ့လား၊ အရမ်းကိုယ်တွေပူနေလား...နေမကောင်းနေတယ်ဆိုပြီး ရေချိုး
ထားရတယ်လို့ကွာ"
မကျေမချမ်းတဲ့အပြောနဲ့အတူ နိူင်းရဲ့နဖူးပြင်
ကို ကိုယ်ပူစမ်းသပ်လေတဲ့ခပ်နွေးနွေးလက်
ဖဝါးပြင်ကြောင့် နိူင်းမျက်နှာလေး ရှက်ရွံသ
လိုဖြစ်သွားလေ၏။
"ဆန်ပြုတ်လေးသောက်ပြီးဆေးသောက်
လိုက်နော်....ဟ"
"မင်းခွံကျွေးမလို့လား....စောက်ဆန်းကြီး"
"ရွံလို့လား၊ ညားနေတာပဲ ကလေးထွက်တော့
မယ်...ဒီတခါချိုချဥ်စုပ်ခိုင်းရမယ်"
"တော်တော်ယုတ်မာတဲ့လူ"
အကျင့်ဆိုးလေးအတိုင်း ဆဲဆိုလိုက်ပေမဲ့
သူ့ခွံပေးတဲ့ ဆန်ပြုတ်ကို သောက်ရင်းပြုံးမိ
လေ၏။ ပုခုံးလေးကိုတွန့်ကာ ခေါင်းလေးကို
ခါပြီး ထပ်မသောက်ချင်တော့တဲ့အကြောင်း
ငြင်းဆန်ပြလိုက်သည်။
"တော်ပြီ....မသောက်ချင်တော့ဘူး"
"နည်းလိုက်တာ၊အားရှိအောင်နေ...နောက်ဆံ
မတင်းချင်ဘူး"
ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်အသာတင်ပြီး
ဆေးတိုက်ဖို့အတွက်ပြင်နေသည့် တည်စေရာမိုင်ရဲ့လှုပ်ရှားပုံကို စိုက်ကြည့်နေရင်းမှ။
"မင်း ဒီညငါနဲ့အတူနေဦးမှာလား"
"မင်းမှနေမကောင်းတာ၊ ငါအတင်းအကြပ်မ
ယူချင်ဘူး"
"ငါကစေတနာနဲ့ပေးနေတာနော်၊ဟိုကျငတ်နေမှာစိုးလို့"
"အဟတ်...သိပ်ကိုသိတတ်နေတယ်ပေါ့"
"အဆင်ပြေတာမို့၊ဒီည ငါ့ကိုအပိုင်သိမ်းလို့
ရတယ်၊ ဒီညမှာ မင်းစိတ်ကြိုက်ခြယ်လှယ်
လို့ရသလို မင်းကသခင်ပဲ"
"ကလေးရသွားခဲ့ရင်ကော၊ အကာအကွယ်
မသုံး၊ အင်းးးးမဖြစ်နိင်ပေမဲ့လို့ပေါ့"
"ကောင်းတာပေါ့၊ မင်းပြန်လာတာကလေးနဲ့
အတူစောင့်လို့ရတယ်လေ"
တခုခုစောင့်ဆိုင်းနေတဲ့အမူအရာလေးနဲ့တစ်
စုံတစ်ခုကို မျှော်လင့်စောင့်စားနေတဲ့ နိူင်းကို
ကြည့်ပြီး အံ့သြနေသလိုကြည့်နေမိ၏။
"ဒါ...ဘယ်လဲ"
"ဆေးလိပ်ခဏသွားသောက်မို့"
"ဆေးလိပ်သောက်တတ်တာ မင်းရဲ့အကျင့်
လား"
"ငါဆေးလိပ်သောက်ရင် နှောက်ယှက်တာမ
ကြိုက်ဘူး"
"ဆေးလိပ်တွေကိုသောက်တာမကြိုက်သလို
ငါကမသောက်ပါနဲ့လို့မပိတ်ပင်ချင်ဘူး၊ ဘာလို့ဆိုမင်းကောငါကောယောကျ်ားတွေချည်း
ပဲမို့ဆေးလိပ်ရဲ့လွတ်လပ်မူအရသာကိုသိထားကြလို့ပဲ"
ဝရံတာဘက်ဆီသို့ဦးတည်ပြီးလှမ်းမဲ့ခြေလှမ်းတွေက ရပ်တန်စွာလက်ထဲ၌လည်း
စီးကရက်ဗူးကိုကိုင်ထားရက် နိူင်းကိူရပ်ကြည့်နေမိ၏။
"ကို"
"........."
"ဆေးလိပ်တွေကိုမသောက်နဲ့လို့ငါ့ဘက်က
တစ်ခွန်းပြောမိတိုင်း မင်းတစ်ရက်အသက်
ပိုရှည်ပါစေ"
✨✨✨✨✨✨
Upပေးလိုက်ပြီနော်...
Zawgyi
ပါးျပင္တစ္ဖက္တစ္ခ်က္မွာေအးခနဲ႕..။ေသ
ခ်ာတာက သူ႕ရဲ႕ႏႈတ္ခမ္းညိုညိုေတြက ခပ္ဖြ
ဖြအထိအေတြနဲ႕အတူ ပါးျပင္မို႔မို႔ကိုထိခတ္
သြား၏။
ကြဲအက္တဲ့ေျမႀကီးတိမ္လႊာၾကားထဲကအၫႊန့္အေညွာင့္ေလးအျဖစ္ရေအာင္ထိုးထြက္
တတ္တဲ့ အပင္ငယ္ေလးေတြကတခ်ိန္မွာပြင့္
ေဝဆာတဲ့ လွပတဲ့ပန္းေလးတစ္ပြင့္ဖန္ဆင္း
ေပးပါ၏။
မာေက်ာတဲ့ေျမစိုင္ေျမခဲေတြကိုရေအာင္ထိုး
ေဖာက္ၿပီးရွင္သန္ေလသလို ျမင့္မားေခါင္
ခိုက္လွတဲ့မာနဆိုတဲ့ အတၱဆန္ဆန္ေတြရဲ႕
ၾကား အခ်စ္ဆိုတဲ့အရာကက်ည္ဆန္တစ္ခု
ကဲ့သို႔ ထုတ္ခ်ည္းေပါက္ဝင္ေရာက္ေနခဲ့ေလ
ၿပီ။
"ခြင့္ျပဳမယ္မလား"
ဟု တည္ေစရာမိုင္က ခြင့္ေတာင္းေလ၏။
"ငါစဥ္းစားလိုက္ဦးမယ္...မင္းဘယ္ေန႕သြား
မွာလဲ....ျပန္လာမယ္မလား"
နိူင္းရဲ႕ ထိုစကားကိုၾကားေတာ့ တည္ေစရာမိုင္က ဟက္ဟက္ပက္ပက္ရယ္ေမာေလ၏။
တခ်က္ ငိုင္ခနဲ႕ျဖစ္သြားရေလတဲ့ နိူင္းရဲ႕ပုံစံ
ေလးက ထုံေပေပေလးျဖစ္ေနသည့္ ဟန္ပန္
အမူအရာေလးကသိပ္ကိုခ်စ္ဖို႔ေကာင္း၏။
"ေဟ့...ဘာရယ္တာလဲ"
"သန္ဘက္ခါ...မစိုးရိမ္ပါနဲ႕၊ ျပန္လာမွာပါေစာင့္ေနမယ္မဟုတ္လား"
ဟုေျပာေတာ့ ငိုင္ေတြေနရာမွ မ်က္ခုံးေလးပင့္၍....။
"မင္းဟာက အဲ့ေလာက္ေတာင္ျမန္လွခ်ည္လား...ေစာင့္မေနပါဘူး...ေနာ္"
"ငါအသက္မေသေသးရင္ေတာ့ ျပန္ေတြ႕ရတာေပါ့"
"မင္းစကားကို ေကာင္းတဲ့ဘက္ကေျပာစမ္းပါ....ခ်ီးပဲ!"
နိူင္းရဲ႕ ႐ြဲ႕တဲ့တဲ့စကားေတြကို ၾကားရသူနား
ရည္ဝေနတဲ့သူအဖို႔ အနီးကပ္တရင္းတႏွီး
ေပါင္းဖက္ေနရတဲ့သူဆိုေတာ့ ဓာတ္သိေနၿပီး
သားမို႔ျငင္းခုန္ေနတာမ်ိဳး တစ္စုံတစ္ရာမျပဳ
ေတာ့ပဲ...သူေလးကိုသာတိုး၍ဖက္အိပ္လိုက္
ေလသည္။
>>>>>>>>>>
က်ယ္ဝန္းသည့္အခန္းတစ္ခု.....
တည္ေနရာက ေခ်ာင္က်က်ေနရာတစ္ခုဆို
လည္းမမွား...အေမွာင္ဘက္သို႔သက္ေရာက္
လွတဲ့အခန္းတြင္းအျပင္အဆင္အခ်ိဳ႕နဲ႕အတူ
ေမွာင္ခိုပစၥည္းဟု ယူဆရေသာ အရာေတြက
အလ်ိဳလ်ိဳက်ဲျပန့္လ်က္။
ဒူးေထာက္၍ ေခါင္းငုံ႕ကာ မတတ္သာသည့္
အဆုံးမာန္ေလ်ာ့ထားရသည့္ မ်က္ႏွာေပး
ေတြနဲ႕အတူ မေက်နပ္ခ်က္မ်က္ဝန္းေတြက
ေပၚလြင္ေနေပမဲ့ ဘာမွ်မစြမ္းေဆာင္နိင္ေခ်။
"ေရာက္လာၿပီလား"
ဟု ဒန္နီယယ္အေမးကို တည္ေစရာမိုင္က
ေခါင္းၿငိမ့္ျပ၏။
ေမွာင္ခိုပစၥည္းေတြကို သိုဝွက္ထားတဲ့ ဂိုဏ္း
ကသစၥာေဖာက္တစ္ေယာက္ကို ေျခရာခံဖမ္း
မိေလေတာ့...ထိုသစၥာေဖာက္ကေနရာမွာရွာ
မေတြ....။
ၾကည့္ရတာ တစ္ေနရာမွာ တည္ေစရာမိုင္
ေရာက္လာမွာစိုးေသာေၾကာင့္ ေရွာင္တိမ္း
ထြက္ေျပးသြားေလၿပီလား။
"မာကို....သူဘယ္မွာလဲ"
မာကို ဆိုတဲ့ဂိုဏ္းသားက Blaak Drangon
ဂိုဏ္းကဂိုဏ္းသားတစ္ေယာက္ျဖစ္ေပမဲ့
ေလာဘႀကီးတယ္၊အႀကံအစည္သိပ္ႀကီးမား
တယ္။
ေနာက္ကြယ္မွာ ေနရာတစ္ခ်ိဳ႕ကလူမိုက္အ
ခ်ိဳ႕ကိုစုစည္းၿပီး ဂိုဏ္းတစ္ခုအျဖစ္တည္
ေထာင္ဖို႔ႀကံစည္ေနသူ....။
တစ္နည္းအားျဖင့္...ဂိုဏ္းေခါင္းေဆာင္တစ္
ေယာက္ျဖစ္ခ်င္တဲ့ သူ႐ူးတစ္ေယာက္။
မာကိုရဲ႕ ကုတ္ျခစ္စုေဆာင္းထားတဲ့တပည့္
အခ်ိဳ႕ကေျမျပင္ေပၚ ျပားျပားဝပ္၍ဒူးေထာက္ကာ ဒယ္နီယယ္ႏွင့္ ဂိုဏ္းကတပည့္
အခ်ိဳ႕ကဝိုင္း၍ ေသနတ္ျဖင့္ခ်ိန္ထားၾကေလ
ေသာေၾကာင့္ တုတ္တုတ္ပင္မလႈပ္ရဲ။
"မာကို ကမရွိေတာ့ဘူး"
"မရွိရေအာင္...သူဘယ္ေရာက္သြားတာလဲ
မင္းအသက္ရွည္ခ်င္ေသးတယ္မလား"
"မာကို ကလြန္ခဲ့တဲ့တစ္ပတ္ကပဲေဆးလြန္ၿပီး
ေသၿပီ"
"1သန္းတန္တဲ့ ေဆးေတြကေကာ ဘယ္သူကို
ဆက္သြယ္ေသးလဲ"
"အဲ့ဒါေတာ့မသိဘူး၊မာကိုကလ်ိဳ႕ဝွက္တယ္
အဲ့ေဆးေတြကလည္း အစအနေတာင္ရွာမ
ေတြ႕ခဲ့ဘူး"
ဒယ္နီယယ္က တည္ေစရာမိုင္ကို အသာငဲ့
ၾကည့္ေတာ့ မာေက်ာျပတ္သားၿပီးေမးရိုးေတြ
ေထာင္ထေနတဲ့ ေသြးေအးလြန္းတဲ့အၾကည့္ကစူးရွ ထက္လြန္းလွ၏။
"ငါ့ကို အခ်ိန္လာျဖဳန္းေနတာပဲ"
"မင္းဘယ္လိုလုပ္ခ်င္လဲ၊ မာကိုကၿပိဳင္ဘက္
ဂိုဏ္းေတြနဲ႕ဆက္သြယ္ခဲ့ပုံပဲ"
"ကေနဒါမွာ ရွိတဲ့ဂိုဏ္းေတြဆီကိုသာသတင္း
မေရာက္ေစနဲ႕၊ အတြင္းဂိုဏ္းသားတစ္ေယာက္စည္းေက်ာ္သြားတာ သိရင္ ဂိုဏ္းအ
ေျခမၿငိမ္နိင္ဘူးလို႔ သတ္မွတ္လိမ့္မယ္"
"ျပည္ပဂိုဏ္းေတြက ပူးေပါင္းေပးမယ္ထင္
လား၊ သူတို႔နယ္နိမိတ္အထိ မင္းသြားရမွာ
ေနာ္"
"ဘုရားသခင္ပဲ သိလိမ့္မယ္"
ထိုေနရာမွ တည္ေစရာမိုင္ ေျခလွမ္းေတြတစ္
လွမ္းခ်င္းလွမ္းကာ ထြက္လာၿပီးမၾကာ၊အထဲ
၌ေသနတ္ပစ္သံမ်ားကို ဆူညံ့စြာၾကားလိုက္
ရ၏။
က်ဴပင္ခုတ္ က်ဴငုတ္က်န္လို႔မျဖစ္၊မာကိုေသၿပီဆိုတာ သိပ္မယုံၾကည္ရဲ၊ေသၿပီဆိုရင္
ေတာင္ တျခားဂိုဏ္းေတြႏွင့္သတင္းဖလွယ္
ခဲ့မွာပင္။
ေနာက္ထပ္ဂိုဏ္းသားေတြ သစၥာမေဖာက္ရဲ
ေအာင္စံနမူနာအျဖစ္ ရက္စက္စြာ လုပ္ျပမွ
ရေပမည္ဆိုေပမဲ့ တည္ေစရာမိုင္က အဲ့ေလာက္ထိ သတ္တာျဖတ္တာစိတ္ဝင္စားသူ
မဟုတ္၊ေသြးေအးရက္စက္သည္ဆိုသည့္စ
ကားကသတ္ျဖတ္ျပမွ သုံးႏႈန္းတတ္တဲ့စကားဆိုသိပ္မွားလိမ့္မည္။
က်ားတစ္ေကာင္လို ရန္သူနဲ႕သားေကာင္အ
ေပၚပစ္မွတ္ကိုေသခ်ာခ်ိန္ၿပီး အမဲလိုက္တတ္
တဲ့ဗီဇကို ရိုက္သြင္းထားတဲ့သူတစ္ေယာက္။
သူခ်စ္တဲ့သူ၊ သူသိပ္ျမတ္နိုးတဲ့ သူအတြက္
တည္ရွိေနတဲ့ေနရာက အားကိုးခ်င္စရာတစ္ခုျဖစ္သလို ေၾကာက္ဖို႔လည္းေကာင္းလွ၏။
ျပသနာရွိသည္က အခုသြားမည့္ခရီးကပိုၿပီး
အႏၱာရယ္ႀကီးလာတာျဖစ္၏။
အခုေလာက္ဆို ကေနဒါမွာ ႏွင္းေတြပိတ္ေန
ေအာင္က်ဆင္းေနေလာက္ေလၿပီ။
အျဖဴေရာင္ေတြျခယ္မႈန္းထားသည့္ တို႐ြန္ၿမိဳ႕က သိပ္ကိုလွပေနေလေတာ့မည္။
>>>>>>>>
မနက္ေစာေစာထေနက် အက်င့္မဟုတ္ေပ
မဲ့ နိူင္းအေစာထလိုက္၏။
နိူင္းအတြက္သီးသန့္ ေန႕စဥ္ဝတၱရားကိုလုပ္
ကိုင္ေပးတဲ့ေကာင္မေလးေတြလာမနိူးခင္ေပါ့။ ဒါက သူပထမဆုံးဆိုလည္းမမွား။
မ်ိဳသိပ္ထားရတဲ့အခ်စ္ေတြကပင္ပန္းလြန္း
လွ၏။ အိပ္ရာနံေဘးမွာ မင္းမရွိတဲ့ေန႕ရက္
ေတြကေနာက္ေနမ်ားမွာေတာ့ ခ်မ္းေအးတဲ့
ေဆာင္းညတစ္ညထက္ရွည္ၾကာေတာ့မည္
ထင္ေလသည္။
နာက်ည္းခံျပင္းမူေတြမာနတရားေတြက
ငါ့ကို အိမ္မက္ဆိုးေတြအျဖစ္ တစ္ခ်ိန္မွာ
ေျခာက္လွန့္မွာသိပ္ကိုေၾကာက္ေနေလၿပီ။
မာနေတြကို ၾကာရိုးလိုတစ္ဆစ္ခ်ိဳးလို႔ သူခရီး
မသြားခင္အပိုင္းျခားေလးမွာ ေလ်ာ့ခ်လိဳက္
ရေတာ့မလား။
ကိုယ္လက္သန့္စင္ၿပီးတာနဲ႕၊ အခန္းတံခါးကို
အသာလွစ္ဟ၍ဖြင့္ကာ ေျခဖ်ားေလးေထာက္ၿပီး ေဖေဖ့ရဲ႕စာၾကည့္ခန္းေရွ႕ကအ
ျဖတ္။
"တည္ေစရာမိုင္ရဲ႕ ဒီတစ္ေခါက္ခရီးကသိပ္
အႏၱာရယ္မ်ားတယ္...အရင္တစ္ေခါက္နဲ႕မ
တူဘူး"
"ၿပိဳင္ဘက္ဂိုဏ္းေတြက ျပည္ပကဂိုဏ္းေတြ
နဲ႕မပူးေပါင္းသေ႐ြ႕အႏၱရယ္ကင္းပါတယ္..
ဒါေပမဲ့"
ထိုဒါေပမဲ့ စကားတစ္ျဖတ္မွာ နိူင္းသိခ်င္စိတ္
ေဇာႀကီးစြာျဖင့္ ပို၍နားစိုက္ေထာင္မိ၏။ႏွလုံးသားမွာလည္း အဆမတန္ခုန္ေနတဲ့ႏွလုံးခုန္ႏႈန္းေတြက တားဆီးမရနိင္လြန္းစြာ။
ထိုလူရဲ႕ တဖန္ဆက္ေျပာလာမည့္စကားကို
နိူင္းေမွ်ာ္လင့္ေနမိ၏။ ေဖေဖနဲ႕ထိုလူကတည္
ေစရာမိုင္ရဲ႕လုပ္ေဆာင္မူနဲ႕ ဒီတစ္ေခါက္ခရီး
ရဲ႕အက်ိဳးအျမတ္ကိုတြက္ဆေနပုံပင္။
"တည္ေစရာမိုင္ရဲ႕ ပါးနပ္မူနဲ႕တိုက္ခိုက္နိင္မူ
ကိုပဲအားကိုးရမွာပဲ၊ မဟုတ္ရင္ အသက္အာမမခံနိင္ဘူး"
မ်က္ရည္ဝဲခနဲ႕ ျဖစ္သြားရေလာက္ေအာင္
နိူင္းရဲ႕မ်က္ႏွာေလးက တႀကိမ္တစ္ခါမွမျဖစ္
ဖူးခဲ့ေလတဲ့ ညိုးငယ္ေဖ်ာ့ေတာ့စြာ အရိပ္ေတြ
ျပည့္သိပ့္ေနပါ၏။
မင္း သိပ္မိုက္႐ူးရဲဆန္လြန္းတယ္...။
"တည္ေစရာမိုင္လိုလူကို လက္လႊတ္မခံသင့္
ဘူး၊သိပ္ကိုေတာ္လြန္းထက္ျမက္လြန္းတယိ
အားကိုးစရာလို႔ဆိုနိင္သလို၊ အင္အားႀကီး
လြန္းတယ္"
"ဒါဆိုသူ႕ကို သမက္အျဖစ္ေတာ္လိုက္ရင္ေကာ"
"ဆိုလိုတာက"
"ခ်မ္းသာတဲ့သမက္၊ ပညာတတ္လြန္းတဲ့သမက္လည္းရွိေစခ်င္သလို၊အားကိုးရၿပီး
ဂိုဏ္းကိုမ်က္ႏွာလႊဲနိင္ေလာက္တဲ့သမက္လည္းရွိသင့္တယ္မလား"
ေဖေဖရဲ႕ စကားက ဘာကိုဆိုလိုခ်င္လည္း
သိပ္သိတာေပါ့၊နိူင္း ရိပ္စားမိေလသည္ ေဖ
ေဖကသူ႕ကိူ မမလတ္နဲ႕မ်ား သေဘာတူဖို႔ႀကံ
စည္ေနတာလား။
ဒီကိစၥကို တခ်ိန္မွာ ႏွစ္ကိုယ္ၾကားတည့္တိုး
ေမးလာမည္ဆိုလွ်င္ သူ...သူဘာေျပာလိမ့္မ
လဲ။ေခါင္းၿငိမ့္လက္ခံလိုက္မည္ဆိုရင္ လူမသိေအာင္လက္ထပ္ထားသည့္ငါကေကာ
ဘယ္လိုအပယ္ခံပုံစံနဲ႕က်န္ေနခဲ့ရမွာလဲ။
မုန္း....မုန္းေနတာမလားနိူင္း၊ မင္းသူ႕ကိုမုန္း
ေနတာပဲေလ၊သူ႕လက္ကမရရတဲ့နည္းနဲ႕လြတ္
ေျမာက္ခ်င္တာမလား၊ ဘာလို႔ရင္ထဲပူေလာင္
သလိုခံစားေနရတာလဲ။
အခန္းထဲ တိုးတိတ္ၿငိမိသက္စြာ ျပန္ဝင္လာ
လိုက္ၿပီး အိပ္ရာေပၚငူငိုင္စြာထိုင္ေနရာမွ..ဖုန္း
နံပါတ္တစ္ခုကိုသတိတရနဲ႕ဆက္လိုက္ေလ
သည္။
"အင္း....ဘာျဖစ္လို႔လဲ"
"ငါေနမေကာင္းလို႔...မင္းေစာစာအခန္းထဲလာလို႔ရလား"
>>>>>>>>
"မင္းတို႔ေစာေစာသြားနားေတာ့၊ ဒီေန႕စိတ္မအီ
မသာျဖစ္ေနလို႔ ေစာေစာအနားယူခ်င္ၿပီ"
"ဒါေပမဲ့...ကြၽန္မတို႔ သခင္ေလးကိုညအိပ္ယာ
ဝင္ခ်ိန္ထိ"
"ငါကသြားဆိုသြားေတာ့ေပါ့၊ ဘာလို႔အထြန့္
တတ္ေနတာလဲ၊ဘယ္တုန္းကငါ့စကားကိုမ
နာခံတတ္သြားတာ၊ၾကည့္ရတာ အလုပ္ျပဳတ္
ခ်င္ေနၾကတယ္ထင္တယ္"
"ရွင္...မဟုတ္ပါဘူး၊ကြၽန္မတို႔ သြားပါမယ္"
နိူင္း ပိုပိုသာသာေလးဖိေျပာလိုက္မွ ေၾကာက္
လန့္စြာျဖင့္ အခန္းထဲကထြက္သြားၾကတာ
မ်ားတစ္ခ်ိဳးတည္း။
နိူင္းရဲ႕အမိန့္အာဏာက ဒီအိမ္ႀကီးထဲမွာအမ်ားႀကီးအက်ိဳးသက္ေရာက္မူရွိတာသိေန
ၾကေလေသာေၾကာင့္ပင္။နိူင္းစိတ္မၾကည္ၿပီ
ဆိုေအာ္ေငါက္တတ္တဲ့ အက်င့္ေလးေကာ
ေပါ့။
အလုပ္သမားေကာင္မေလးေတြထြက္သြား
သည္ႏွင့္ အရိပ္အျခည္ၾကည့္ကာ ေရခ်ိဳး
ခန္းထဲဝင္၍ေမႊးပ်ံသန့္ရွင္းေနေအာင္ ေရခ်ိဳး
လိုက္ေအာင္ေရခ်ိဳးလိုက္ၿပီး ညဝတ္အပါး
တစ္ထည္ကိုဝတ္လိုက္ကာ ေရခ်ိဳးၿပီးခါစမို႔
ျဖဴေဖြးႏုဖက္ကာ အိေထြးေနေလ၏။
တံခါးဖြင့္သံနဲ႕အတူ ကုတင္ေပၚမ်က္လုံးအ
ဝိုင္းသားေလးျဖင့္ငုတ္တုတ္ေလးထိုင္ေနတဲ့
ေကာင္ေလးတစ္ေယာက္။
"ေနမေကာင္းဘူးဆို..ဘယ္လိုျဖစ္ၿပီးငုတ္
တုတ္ႀကီးလည္း....မွန္းစမ္း၊ေရခ်ိဳးထားတာ
လား"
"ေနမေကာင္းရင္ငုတ္တုတ္မထိုင္ရဘူးလို႔
မင္းကိုဘယ္သူကတရားေဟာထားလို႔လဲ"
"မင္းရဲ႕အေစခံေတြေကာ၊ေ႐ႊမင္းသားေလး
အနားမွာမေနေပးဘူးလား၊ ဒီခ်ိန္ငါ့ကိုမလာ
ခိုင္းပါဘူး ထူးထူးဆန္းဆန္း"
"မင္းေတာ္ေတာ္စကားမ်ားတာပဲ...ငါႏွင္ထုတ္ထားလို႔မရွိဘူး၊အလုပ္နားကုန္ၾကၿပီ"
"ဘာလို႔ ႏွင္ထုတ္ထားတာလဲ၊ေရခ်ိဳးထားတာကေကာ ငါ့အတြက္လား"
"ေသေတာ့မလို႔တဲ့....ရၿပီလား၊အေၾကာကို
ရွည္တယ္၊မင္းလက္ထဲကဘာႀကီးလဲ"
တည္ေစရာမိုင္ရဲ႕လက္ထဲက အထုပ္ကိုမ်က္
စပစ္၍ေမးလိုက္၏။
"ဒါလား...မင္းေနမေကာင္းဘူးဆိုလို႔၊ဆန္ျပဳတ္ဝယ္လာေပးတာ"
"အတုံ႕အလွည့္ေပါ့ေလ"
"သက္သာရဲ႕လား၊ အရမ္းကိုယ္ေတြပူေနလား...ေနမေကာင္းေနတယ္ဆိုၿပီး ေရခ်ိဳး
ထားရတယ္လို႔ကြာ"
မေက်မခ်မ္းတဲ့အေျပာနဲ႕အတူ နိူင္းရဲ႕နဖူးျပင္
ကို ကိုယ္ပူစမ္းသပ္ေလတဲ့ခပ္ႏြေးႏြေးလက္
ဖဝါးျပင္ေၾကာင့္ နိူင္းမ်က္ႏွာေလး ရွက္႐ြံသ
လိုျဖစ္သြားေလ၏။
"ဆန္ျပဳတ္ေလးေသာက္ၿပီးေဆးေသာက္
လိုက္ေနာ္....ဟ"
"မင္းခြံေကြၽးမလို႔လား....ေစာက္ဆန္းႀကီး"
"႐ြံလို႔လား၊ ညားေနတာပဲ ကေလးထြက္ေတာ့
မယ္...ဒီတခါခ်ိဳခ်ဥ္စုပ္ခိုင္းရမယ္"
"ေတာ္ေတာ္ယုတ္မာတဲ့လူ"
အက်င့္ဆိုးေလးအတိုင္း ဆဲဆိုလိုက္ေပမဲ့
သူ႕ခြံေပးတဲ့ ဆန္ျပဳတ္ကို ေသာက္ရင္းၿပဳံးမိ
ေလ၏။ ပုခုံးေလးကိုတြန့္ကာ ေခါင္းေလးကို
ခါၿပီး ထပ္မေသာက္ခ်င္ေတာ့တဲ့အေၾကာင္း
ျငင္းဆန္ျပလိုက္သည္။
"ေတာ္ၿပီ....မေသာက္ခ်င္ေတာ့ဘူး"
"နည္းလိုက္တာ၊အားရွိေအာင္ေန...ေနာက္ဆံ
မတင္းခ်င္ဘူး"
ဆန္ျပဳတ္ပန္းကန္ကို စားပြဲေပၚအသာတင္ၿပီး
ေဆးတိုက္ဖို႔အတြက္ျပင္ေနသည့္ တည္ေစရာမိုင္ရဲ႕လႈပ္ရွားပုံကို စိုက္ၾကည့္ေနရင္းမွ။
"မင္း ဒီညငါနဲ႕အတူေနဦးမွာလား"
"မင္းမွေနမေကာင္းတာ၊ ငါအတင္းအၾကပ္မ
ယူခ်င္ဘူး"
"ငါကေစတနာနဲ႕ေပးေနတာေနာ္၊ဟိုက်ငတ္ေနမွာစိုးလို႔"
"အဟတ္...သိပ္ကိုသိတတ္ေနတယ္ေပါ့"
"အဆင္ေျပတာမို႔၊ဒီည ငါ့ကိုအပိုင္သိမ္းလို႔
ရတယ္၊ ဒီညမွာ မင္းစိတ္ႀကိဳက္ျခယ္လွယ္
လို႔ရသလို မင္းကသခင္ပဲ"
"ကေလးရသြားခဲ့ရင္ေကာ၊ အကာအကြယ္
မသုံး၊ အင္းးးးမျဖစ္နိင္ေပမဲ့လို႔ေပါ့"
"ေကာင္းတာေပါ့၊ မင္းျပန္လာတာကေလးနဲ႕
အတူေစာင့္လို႔ရတယ္ေလ"
တခုခုေစာင့္ဆိုင္းေနတဲ့အမူအရာေလးနဲ႕တစ္
စုံတစ္ခုကို ေမွ်ာ္လင့္ေစာင့္စားေနတဲ့ နိူင္းကို
ၾကည့္ၿပီး အံ့ၾသေနသလိုၾကည့္ေနမိ၏။
"ဒါ...ဘယ္လဲ"
"ေဆးလိပ္ခဏသြားေသာက္မို႔"
"ေဆးလိပ္ေသာက္တတ္တာ မင္းရဲ႕အက်င့္
လား"
"ငါေဆးလိပ္ေသာက္ရင္ ႏွောက္ယွက္တာမ
ႀကိဳက္ဘူး"
"ေဆးလိပ္ေတြကိုေသာက္တာမႀကိဳက္သလို
ငါကမေသာက္ပါနဲ႕လို႔မပိတ္ပင္ခ်င္ဘူး၊ ဘာလို႔ဆိုမင္းေကာငါေကာေယာက်္ားေတြခ်ည္း
ပဲမို႔ေဆးလိပ္ရဲ႕လြတ္လပ္မူအရသာကိုသိထားၾကလို႔ပဲ"
ဝရံတာဘက္ဆီသို႔ဦးတည္ၿပီးလွမ္းမဲ့ေျခလွမ္းေတြက ရပ္တန္စြာလက္ထဲ၌လည္း
စီးကရက္ဗူးကိုကိုင္ထားရက္ နိူင္းကိူရပ္ၾကည့္ေနမိ၏။
"ကို"
"........."
"ေဆးလိပ္ေတြကိုမေသာက္နဲ႕လို႔ငါ့ဘက္က
တစ္ခြန္းေျပာမိတိုင္း မင္းတစ္ရက္အသက္
ပိုရွည္ပါေစ"
✨✨✨✨✨✨
Upေပးလိုက္ၿပီေနာ္...