" ကျွန်တော်ချစ်ခဲ့သော သူမအမျိ...

By YaeYint0310

3.2K 187 60

အရမ်းချစ်တက်ပြီး တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးဂရုစိုက်ကြပေမဲ့ ချစ်တယ်ဆိုသော စကားလေးကို မဖွင့်ပြောကြပဲ သဝန်တိုမ... More

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 1 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 2 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 3 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 4 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 5 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 6 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 7 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 8 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 9 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 10 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 11 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 12 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part -13 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-15 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-16 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 17 )

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part - 14 ) 🔞🔞🔞

140 10 4
By YaeYint0310

ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား

           အခန်း ( ၁၄ ) 🔞🔞🔞

       နှစ်ယောက်သား ကားလေးနှင့် မောင်းလာနေတာ နာရီတွေအတော်လေးကြာနေပြီ။

" ကောင်း ဘယ်ကိုမောင်းနေတာလဲ "

" ခင်ဗျားပြောတော့ ဘယ်ကိုမောင်းမောင်းဆို ဘာလဲ ကြောက်နေတာလား "

" မဟုတ်ပါဘူးကွာ မောင်းနေတာကြာတော့ ဘယ်ရောက်နေလဲ သိချင်လို့ပါ "

" နောက် နှစ်နာရီလောက် ထပ်မောင်းရင် ရောက်ပြီ "

" မျက်နှာက အတော်လေး နာနေတာမဟုတ်လား ဆေးဆိုင်တစ်ဆိုင်ဆိုင်မှာ ဆေးဝင်ဝယ်ရအောင်လေ "

" ရပါတယ် ယောက်ျားပဲ ဒီလောက်က ဘာမှမဟုတ်ပါဘူး "

" မဟုတ်စရာလား ကောင်းမျက်နှာမှာ အတော်လေး နာနေတာ ကိုယ်တွေ့နေတာပဲကို ကဲပါ မြို့ထဲဝင်ရင် ဆေးဆိုင်အရင်ရှာကွာ "

" ကိုကို "

" ဟင် အဲ ဗျာ "

" ကိုကို ညီ့ကိုဖက်ထားပေးပါလားဗျာ "

       ရုတ်တရက် ကောင်းတစ်ယောက် သူ့အား ဖက်ထားပေးဖို့ပြောဆိုပြီး ဝမ်းနည်းစွာနဲ့ ငိုလေတော့သည်။ တော်ရုံနှင့် မငိုတက်သော ကောင်းသည် အခုချိန်မှာ ဘယ်လောက်တောင် ခံစားနေရလဲဆိုတာ မတွေးဘဲနှင့်တောင် သိနိုင်လေတော့သည်။ ကောင်းလည်း ကားလေးကို လမ်းဘေးတစ်နေရာကို ထိုးချလိုက်သည်နှင့် ဝန်းရံခသည်လည်း ကောင်းညို့မာန်အား ရင်ခွင်ထဲထည့်ကာ ဆွဲဖက်လိုက်လေတော့သည်။

  " ကောင်း ဘာမှမဖြစ်ဘူးနော် ကိုကို ဘေးမှာရှိတယ်နော် ကောင်းအရမ်းခံစားနေရရင် အားရပါးရ ငိုချလိုက် ကိုကိုဘေးမှာ ဖက်ထားပေးမယ် "

      ဒီတစ်ခါတော့ ကောင်းတော်တော်လေး စိတ်လွတ်ကိုယ်လွတ်ငိုလိုက်တာလို့ ပြောလို့ရပေသည်။ သူလည်း ကောင်းကိုဖက်ထားပေးရင်း ကောင်းရဲ့နဖူးလေးကို နမ်းပေးလိုက်သည်။

" ကိုကို ညီ့ကို နမ်းတယ် ဟုတ်လား "

    ကောင်းသည် ဝမ်းသာအားရနှင့် သူ့အားပြောလေတော့သည်။

" ကိုကို ကောင်းကို နမ်းလိုက်တာ မဟုတ်လား "

       အခုလိုကျတော့လေ ကလေးတစ်ယောက်လိုနှင့် သူ့အားပြုံးရွှင်ပြီး မေးနေပြန်သည်။

" သက်သာသွားပြီလား ရင်ထဲ "

" နည်းနည်း "

" ကောင်းသိထားဖို့ကလေ ကိုကိုဘာလုပ်လုပ် ကောင်းအတွက် အမြဲထည့်စဉ်းစားထားတယ် အဲတာကိုတော့ ယုံကြည်ပေး ဟုတ်ပြီလား "

" ကိုက ကောင်းအနားကနေ မပြေးရင်ရပြီး ကျန်တာအကုန် ကောင်းရင်ဆိုင်နိုင်တယ် "

" ကောင်းသာ အထိခိုက်မခံရအောင်နေ ဟုတ်လား "

" ဒါနဲ့ ကိုကိုက ဘယ်လိုကောင်းဆီရောက်လာတာလဲ "

" စိတ်ပူလို့ ကိုယ်လိုက်ရှာနေတာ နေရာအနှံ့ပဲ အဲမှာတွေ့တာနဲ့ ဝင်လာတာ မင်းကပြဿနာတက်နေပြီလေ ထင်တဲ့အတိုင်းပဲ "

" သူတို့က စော်ကားပြောနေတာလေကွာ "

" ကိုယ်ဘာပြောထားတာလဲ တော်ရုံကိစ္စတွေကို အာရုံမထားဖို့ ဂရုစိုက်မနေဖို့ မပြောထားဘူးလား "

" ကောင်းက သည်းခံတယ် ကောင်းကိုစော်ကားတာတောင် ကောင်းကသည်းခံတယ် အခုက ခင်ဗျားကြီးကို စော်ကားနေလို့ သည်းမခံနိုင်တာ ခင်ဗျားသိလား "

       တကယ်လည်း ဝန်းရံခကိုဆို လုံးဝအထိခိုက်မခံသော ကောင်းညို့မာန်ပါ။

  " သူတို့ဘာပြောပြောပေါ့ ကောင်းဂရုစိုက်မနေနဲ့လေကွာ ကိုယ့်ကိုပြောတာပဲ ဘာမှမဖြစ်ဘူး "

" ရမှာလားဗျ ခင်ဗျားကို ပြောနေတာ ကျွန်တော်က သည်းခံနေရမှာလား "

" သည်းခံသင့် သည်းခံလိုက်ပါ ကောင်းရာ "

" ဒါဆို ကျနော်ပြဿနာဖြစ်တော့ ခင်ဗျားဘာလို့ သည်းခံပြီးမနေနိုင်တာလဲ နေနေလေဗျာ "

" မင်း "

" ဘာလဲ ကျွန်တော်ကိုထိခိုက်တော့ ခင်ဗျားသည်းမခံနိုင်ဘူး မဟုတ်လား ချက်ချင်းထဆော်ပစ်တာ အဲလိုပဲ ကျွန်တော်လည်း ခင်ဗျားကို ထိခိုက်ရင် ဘယ်သူ့ကိုမှ သည်းမခံနိုင်ဘူး "

" ကဲကဲ သွားရအောင် ညကအရမ်းညည့်နက်နေပြီ "

        ကောင်းလည်း ‌ကားလေးကိုပြန်မောင်းရင်း  ဆေးဆိုင်တွေ့တော့ ဝန်းရံခကပင် လိုတဲ့ဆေးဝါးများ ဝယ်ယူ၍ နှစ်ယောက်သား မောင်းထွက်လာကြသည်။ ကောင်းညို့မာန်နှင့် ဝန်းရံခတို့နှစ်ယောက် ညလည်းအရမ်းမိုးချုပ်နေတာမို့ နီးစပ်ရာတည်းခိုခန်းရှာကာ တည်းခဲ့ကြတော့သည်။ ဒါကလည်း ဝန်းရံခက ကောင်းညို့မာန်ကို အတင်းပြောခဲ့ခြင်းသာ။ ကောင်းရဲ့အခြေနေကိုကြည့်ပြီး ပေးနားစေချင်ပြီလေ။

         တည်းခိုခန်းလေးက အရမ်းကို အဆင်ပြေတဲ့အနေအထားပါ။ ဈေးလည်းသင့်သလို သန့်ရှင်းသန့်ရပ်ပြီး အတော်လေးကို အဆင်ပြေပါသည်။

" ကောင်း အရင်ရေချိုးလိုက် "

" အင်း "

" အရမ်းမကြာစေနဲ့နော် ကြားလား "

" အင်းပါ "

     ကောင်းရေချိုးခန်းဝင်သွားတော့ ဝန်းရံခက ဆေးထည့်ပေးဖို့ ဝယ်လာသောဆေးများကို ထုတ်ပြီး ထိုင်စောင့်နေတော့သည်။ မိနစ်နှစ်ဆယ်ခန့်ကြာတော့ ကောင်းညို့မာန်ထွက်လာပါသည်။ ပုဝါဖြူလေးကို ခါးမှာပတ်ထားပြီး အပေါ်ရင်အုံလေးက အရမ်းကို ကျစ်လစ်ပြီး အားကစားလုပ်ထားသော အနေအထားတွေကြောင့် ကောင်းရဲ့ ခန္ဓာကိုယ်က အရမ်းကို ကြည့်ကောင်းနေသည်။ မျက်နှာမှာတော့ ပြဿနာဖြစ်ပြီး ထိုးကြိတ်ထားသော ဒဏ်ရာတွေကြောင့် အနည်းငယ်တော့ ကွဲကာသွေးစလေးတွေနဲ့ ညိုနေတဲ့နေရာအချို့လည်း ရှိသည်။

" လာထိုင် "

" ဘာလုပ်မလို့လဲ ကိုက "

" ဆေးထည့်ရမှာလေ မင်းရုပ်လည်းမင်းကြည့်ဦး မှန်မှာမတွေ့ဘူးလား ဒီလောက် စုတ်ပြတ်နေတာ "

" ခင်ဗျားနော် "

" ကိုယ်ပြောတာ မဟုတ်လို့လား "

" ခင်ဗျားပြောတာ ဟုတ်တယ် ဒါပေမဲ့ ဘာလို့ ကောင်းကို မင်းလို့ပြောတာလဲ "

" ဆော်ရီး ကောင်း ကိုယ်စိတ်လောသွားတာ "

" ခင်ဗျားပြောင်းလဲနေပြီး "

" မဟုတ်တာကွာ "

" ဟုတ်ပါတယ် "

" ပြောင်းလဲနေပြီဆိုရင် အခုမင်းဘေးမှာ ကိုယ်ရှိနေမှာလား "

" ကောင်းရာ လာခဲ့အနားကို ကိုယ်ဆေးထည့်ပေးမယ် "

       ကောင်းလည်း ဝန်းရံခရှိရာ ကုတင်လေးဆီသို့သွားပြီ ဘေးနားကပ်ထိုင်လိုက်သည်။ ဝန်းရံခလည်း ကောင်းရဲ့မျက်နှာလေးနား ကပ်ကာ ဆေးများထည့်ပေးလေတော့သည်။ ရေချိုးပြီး သန့်စင်ထားသောကြောင့် မျက်နှာလေးက ဒဏ်ရာလေးတွေရှိနေပေမဲ့ နဂိုကတည်းက အချောခံရှိတာရော ကိုယ်တိုင်လည်း ချစ်နေတာရောကြောင့် ကောင်းမျက်နှာလေးက အရမ်းကို ကြည့်ကောင်းနေလေတော့သည်။

       လည်သီးလေးမှာတောင် ရေလေးတွဲလွဲခိုနေပြီး ကြည့်ကောင်းသော ရင်အုံလေးကြောင့် ဝန်းရံခတစ်ယောက် မသိမသာလေး တံတွေးလေးတောင် မြိုချမိသွားသည်။ စိတ်ထဲကနေလည်း ပြောနေမိသေးသည်။

" ဖြစ်ချင်တိုင်းသာဖြစ်ရရင်လေ အခုချိန်မှာ ကောင်းကို ကိုကိုသိမ်းပိုက်နေလောက်ပြီ "

" ပြီးမှာလား ဆေးထည့်တာက "

" ပြီးပါပြီကွာ ဒေါသချည်းပဲ ကိုယ်ကလည်း ဆေးထည့်ပေးရသေးတယ် သူကလည်း ဒေါသကဖြစ်ရသေးတယ် "

" ရေသွားချိုးတော့ အိပ်တော့မယ်လေ "

" အင်း "

      ဝန်းရံခလည်း ခပ်မြန်မြန်လေးပင် ရေချိုးလိုက်ပြီး တည်ခိုးခန်းမှ ပြင်ဆင်ထားသော ညဝတ်အိပ်ကိုဝတ်ကာ ကောင်းအနားလာပြီး လဲချကာ အိပ်လိုက်တော့သည်။ မီးလေးပိတ်လိုက်တော့ ကောင်းရဲ့ခြေထောက်လေးက သူ့အကျင့်အတိုင်း ဝန်းရံခရဲ့ ခြေထောက်လေးအပေါ်သို့ လာတင်လေတော့သည်။

"ကောင်း "

" ဗျာ "

" ကိုယ့်ကို ကတိတစ်ခုပေး "

" ပြော ပေးနိုင်တာဆို ပေးမယ် "

" ပေးကိုပေးရမှာ "

" အာမခံနိုင်ဘူး "

" ကောင်း ကိုယ့်ကိုယ်ကို ထိခိုက်အောင် ဘာမှမလုပ်ရဘူး ပြီးတော့ ကိုယ့်ကို ယုံ ကြည်ပေးပါ ကိုယ်အဆုံးသတ်မှာ ကောင်းအနားပဲရှိမှာပါ "

" အဲတာဆို ကိုရော ကောင်းကို ကတိပေးနိုင်မလား "

" ပြောလေ ကောင်း "

" ကောင်းကလွဲပြီး ကိုက ဘယ်သူအနားမှာမှ ရှိမနေဖို့ "

" ကောင်းရာ "

" ဘာလဲ မပေးနိုင်ဘူး မဟုတ်လား "

" မဟုတ်ဘူး ကိုယ်လက်ရှိအနေထားကို ကောင်းသိနေတယ် မဟုတ်လား "

" အဲတာ ကိုက သတ္တိမရှိတာလေ ကိုက မပွင့်လင်းလို့လေဗျာ "

" ကိုယ်က သတ္တိမရှိတာမဟုတ်ပါဘူး ကိုယ်က အားလုံးအတွက် အဆင်ပြေဖို့နည်းကို ရှာဖွေနေတာပါ ကိုယ်မပွင့်လင်းတာ မဟုတ်ပါဘူး ကိုယ့်ရင်ထဲကို ကောင်းတန်းမြင်နေတာပဲကွာ "

" ခင်ဗျား စကားလုံးလှလှလေးတွေနဲ့ ခင်ဗျား သတ္တိမရှိတာကို ဖုံးကွယ်မနေပါနဲ့ ဒီအတိုင်းသာ သွားရင် ကိုရော ကောင်းရော ပိုပြီး နာကျင်ရလိမ့်မယ် ကောင်းကပြောပြီးသား ထပ်နာကျင်ရမယ်ဆိုရင်တောင် ကောင်းက ကောင်းရင်ထဲကအတိုင်းကိုပဲ လုပ်မှာ ကောင်းမညာဘူး "

" ဒါဆို ဝတ်ရည်ကို ကရော "

" အဲတာ ခင်ဗျားကြောင့်လေ ခင်ဗျားအခုလို မပွင့်လင်းလို သတ္တိမရှိလို့ ဝတ်ရည်ကို ကို တွဲပြတာ "

" မင်းပြောတော့ မင်းအနားမှာ ကိုယ်ပဲရှိစေချင်တာဆို မင်း ကတိမတည်တာ မဟုတ်လား "

" ကိုသာ ကောင်းအနားမှာ ရှိနေရင် အဲလိုဖြစ်လာမှာလား "

" ကောင်း "

" ဘာလဲ "

" ကိုယ်တို့ကြောင့်နဲ့ ဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်ဘူး အဲတာ ကောင်းနားလည်လား "

" ကောင်းကတော့ အမျိုးမျိုးနဲ့ နာကျင်ရလို့ ထုံနေပြီး ထပ်နာကျင်ရမယ်ဆိုရင်တောင် ကောင်းတစ်ခုကိုပဲ လုပ်မယ် "

" ဘာကိုလဲ "

" ခင်ဗျားကို သုံးပန်လှ လက်ထဲ လုံးဝမထည့်ဘူး "

" ကောင်း ကိုယ်ကရော ဘယ်လိုခံစားနေရလဲ ကောင်းသိပါတယ် "

" ဟုတ်တယ် ကောင်းသိတယ် အဲတော့ သတ္တိမရှိတဲ့ ကို့အတွက် ကောင်းကပဲ ဗီလိန်လုပ်ပေးမယ် နောက်တစ်ခုက ကောင်းပြောရဲတယ် ကောင်းမဟုတ်တဲ့ အခြားတစ်ယောက် ကို့ဘေးမှာရှိလာတဲ့နေ့ အဲလူ မသက်သာသလို ကိုလည်း နာကျင်ရလိမ့်မယ် "

" ဘာတွေလုပ်ဦးမှာလဲ ကောင်းရာ ကောင်းကိုယ်ကောင်း ပြန်ကြည့်စမ်း ကောင်းအရမ်းနာကျင်နေတာ ကိုယ်သိပါတယ် ကျေးဇူးပြု၍ ကိုယ့်ကိုယ်ကို သနားပြီး ကောင်းနာကျင်ရမဲ့ ကိစ္စတွေမလုပ်ပါနဲ့လား "

" ကောင်း အနာကျင်ရဆုံးက ကိုယ်က ကောင်းအနားမှာ မရှိဘဲ အခြားသူရင်ခွင်ကို တိုးဝင်နေတာပဲ "

" ကောင်း ကိုယ်ပြောထားတယ်လေ ကိုယ့်ကို မယုံတာလား "

" ယုံအောင် သက်သေပြလေကွာ ပြီးတော့ ခင်ဗျားကြီး ကောင်းအကြောင်းသိတယ်နော် မရရအောင် ယူတက်တာ ပြီးတော့ ဘာမှဂရုမစိုက်တက်တာ "

" ကိုယ်အကြောင်းရော မင်းသိလား "

" သိတယ် သိလွန်းလို့ ခက်နေတာ "

" ကိုယ်ပြောပြီးသားပဲ ကောင်းက ကိုယ့်ဘဝအတွက် အရေးပါဆုံးလူပါ ဟုတ်ပြီးလား "

" ခင်ဗျား စကားကို ယုံကြည်ရအောင် ကျွန်တော်ကို စရံအနေနဲ့ တစ်ခုခုပေးပါလား ဒါမှ ကျွန်တော် အဆင်ပြေမှာ "

" မင်းက သိပ်ဂျစ်တဲ့ ကောင်ပဲ ကောင်း "

" ခင်ဗျားက ဘာလဲ ငြိုငြင်တာလား "

" ဒါပေမဲ့လည်း မင်းကို ငါရူးမတက်ချစ်တယ် ကောင်း "

      ဒီစကားလေးကိုတော့ သူ့စိတ်ထဲကနေသာ ပြောလိုက်သည်။ ထို့အတူ ကောင်းညို့မာန်လည်း ဝန်းရံခလိုပင် စိတ်ထဲပြောလိုက်သည်။

" ခင်ဗျား ကျွန်တော့်ကို ချစ်တာထက် ကျွန်တော်က ခင်ဗျားကို ပိုရူးသွပ်တယ် "

       ဝန်းရံခတစ်ယောက် ဘာမှထပ်မပြောပဲ ရုတ်တရက် ကောင်းရဲ့ ခန္ဓာကိုယ်လေးကို ဆွဲဖက်လိုက်လေတော့သည်။ ကောင်းလည်း အလိုက်သင့်ပါလာလေတော့ မျက်နှာလေးကို အနီးကပ်ပြီး နှုတ်ခမ်းလေးကို စုပ်ယူနမ်းလိုက်လေတော့သည်။ ရုတ်တရက်မထင်ထားသောကြောင့် ကောင်းညို့မာန်တစ်ယောက် တစ်ချက်တော့ ကြောင်တောင်တောင်နိုင်သွားသည်။

" ဘယ်လိုလဲ ကျေနပ်ပြီးလား ကောင်း "

" ဒီလောက်နဲ့တော့ ဘယ်ရမလဲ ခင်ဗျားကြီးရ "

      ကောင်းညို့မာန်လည်း ‌ဝန်းရံခကို ပက်လက်အိပ်တဲ့အနေအထားသို့ထားကာ သူလည်း အပေါ်ကနေ မှောက်အိပ်ချက်လျှက် ‌ဝန်းရံခရဲ့ လက်နှစ်ဖက်ကို အတင်းဆုပ်ကိုင်ကာ ဆန့်ထုတ်ပြီး ပါးလေးကို အားရပါးရ နမ်းလိုက်သည်။ ထို့နောက် ‌နှုတ်ခမ်းလေးကို ဖြည်းဖြည်းချင်း နမ်းလိုက်သည်။ နှစ်ယောက်လုံး ပင့်ရှိုက်သံတွေ မြန်ဆန်လာလေတာ အတိုင်းသား ကြားသိနေရသည်။

      ဝန်းရံခကလည်း အတင်းပြန်ရုန်းကာ ကောင်းကို အောက်သို့ပို့စေပြီး သူက ကောင်းရဲ့ နှုတ်ခမ်းကို ထပ်နမ်းကာ လည်တိုင်လေးဆီသို့ အနမ်းခြွေပစ်လေတော့သည်။

" ကို ခင်ဗျားကြီး သတ္တိရှိလာပြီ "

" ‌မင်း လိုအပ်နေတာ ဒါပဲ မဟုတ်လား "

" ခင်ဗျားက ကျွန်တော်လိုအပ်လို့ ပေးတာလား ခင်ဗျားစိတ်က မပါဘူးလား "

" ကိုယ်တိုင်က မပေးချင်ပဲ အခုလိုနေနေမှာလား "

" ကျွန်တော်က ဒီထက်လိုအပ်သေးတယ် "

" ကောင်း "

" ကိုကို "

" ကိုကိုလေ ကောင်းကို အရမ်း ... "

" ပြွတ်... "

      ကောင်းတစ်ယောက် ဝန်းရံခစကားမဆုံးသေးခင် ထပ်ပြီး နမ်းပစ်လိုက်ပြန်သည်။

" ခင်ဗျား စကားကို ကျွန်တော်သိတယ် ကျွန်တော်က ဒီထက်ပိုတယ် ရူးမတက်ပဲ "

" ကောင်း "

" အင်း ကိုယ်လေ "

" ဒီထက် ကျွန်တော်ပိုလိုအပ်နေပြီ ကိုကိုကောင်းကိုပေးမှာလား "

" ကောင်း မင်းရဲ့ လည်သီလေးကို ကိုကို အရမ်းသဘောကျတာ "

" ရင်အုံကိုရော သဘောမကျဘူးလား "

" ကောင်းကရော ကိုယ့်ကို "

" အကုန်ကြိုက်တယ် "

" အဲယာကွန်းက အေးတယ်ကွာ "

" ခဏနေမအေးတော့ဘူး ကောင်းနွေးသွားအောင် လုပ်ပေးမယ် "

    ကောင်းသည်လည်း ပြောပြီးတာနဲ့ ဝန်းရံခရဲ့ ညအိပ်အင်္ကျီလေးကို ဆွဲချွတ်လိုက်တော့သည်။ ဝန်းရံခလည်း ကောင်းညို့မာန်ရဲ့ အင်္ကျီကို ဆွဲယူလိုက်ကာ နှစ်ယောက်လုံး တင်းကြပ်စွာ ဖက်ထားလိုက်ကြရင်း လည်တိုင်လေးကို ကိုယ်စီနမ်းကြရင်း ပင့်ရှိုက်သံတွေက အဆမတန် ပြင်းထန်လာလေတော့သည်။

" ကိုယ်တို့ ဆက်သွားရအောင် "

" ကျွန်တော်လည်း ခင်ဗျားနဲ့ ဆက်သွားချင်နေပြီး မရတော့ဘူး "

" ကောင်း "

" ကို "

" ပြွတ် "

" ကတိတစ်ခုပေးရမယ် ကောင်း ဘယ်သူနဲ့မှ အခုလို မနေရတော့ဘူးနော် "

" ကိုယ်ရောပဲ တစ်ခုခုသာဆိုရင် ကောင်းသတ်မှာနော် ကို ကောင်း‌အကြောင်း သိတယ်နော် "

" မင်းလည်း တစ်ခုခုဆို ဒီထက် ပိုနာကျင်ရမှာနော် "

" ကတိပေးတယ် အဲတာတွေမပြောနဲ့တော့ ကျွန်တော်တို့ ရှေ့ဆက်ကြရအောင်ဗျာ "

       နှစ်ယောက်သား အနမ်းတွေခြွေရင်း ပင့်ရှိုက်သံတွေ ပြင်းထန်လာကာ အနမ်းတွေလည်း နေရာပြောင်းယူရင်း ရင်အုံလေးက ချက်ပေါက်လေးအထိ ဆင်းသက်လာကြာကာ တစ်ယောက်နဲ့တစ်ယောက် ခြေ‌ထောက်ချင်းပါ ပူးကပ်လျှက် နှလုံးခုန်သံတို့က စည်းချက်ညီကာ ထကြွနေလေတော့သည်။

ဆက်ရန်
အခန်း ( ၁၅ )

ချစ်ခြင်းအားဖြင့်
ရဲရင့်မာန်

# ရဲရင့်မာန်

Zawgyi


           အခန်း ( ၁၄ ) 🔞🔞🔞









" ကိုကို "

" ဟင် အဲ ဗျာ "










" နည်းနည်း "














" မင်း "






" အင်း "


" အင်းပါ "


" လာထိုင် "

" ဘာလုပ်မလို့လဲ ကိုက "


" ခင်ဗျားနော် "





" မဟုတ်တာကွာ "

" ဟုတ်ပါတယ် "









" အင်း "


"ကောင်း "

" ဗျာ "



" ပေးကိုပေးရမှာ "

" အာမခံနိုင်ဘူး "



" ပြောလေ ကောင်း "


" ကောင်းရာ "






" ဒါဆို ဝတ်ရည်ကို ကရော "




" ကောင်း "

" ဘာလဲ "



" ဘာကိုလဲ "



























" ကောင်း "

" ကိုကို "


" ပြွတ်... "



" ကောင်း "

" အင်း ကိုယ်လေ "




" ကောင်းကရော ကိုယ့်ကို "

" အကုန်ကြိုက်တယ် "

" အဲယာကွန်းက အေးတယ်ကွာ "





" ကောင်း "

" ကို "

" ပြွတ် "






ဆက်ရန်
အခန်း ( ၁၅ )

ချစ်ခြင်းအားဖြင့်
ရဲရင့်မာန်

# ရဲရင့်မာန်

Continue Reading

You'll Also Like

296K 13.3K 36
જ⁀➴ᡣ𐭩 hidden, various hazbin hotel characters x female reader જ⁀➴ᡣ𐭩 𝑰𝒏 𝒘𝒉𝒊𝒄𝒉 we follow an angel named y/n, who had her bes...
978K 41.1K 82
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.6M 53.4K 67
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
909K 36.1K 46
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...