(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

694K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(69) - ကျေနပ်အားရခြင်း

3.5K 615 21
By Xiao_Yiii

Unicode

အခန်း(၆၉) - ကျေနပ်အားရခြင်း

ဆွေ့ရှန်းရဲ့ ဝိညာဉ်က အရမ်းအားနည်းလွန်းတာကြောင့် အပြင်ထွက်ခဲလှသည်။ ထို့ကြောင့် ဒီလိုအရာမျိုးနဲ့ ပတ်သတ်ရင် သိပ်မသိပဲ နားလည်နိုင်ရန်အတွက် သူ့ပင်ကိုယ်သိစိတ်ကိုသာ မှီခိုနေရ၏။ ရန်ကျင်းကတော့ ဒီကမ္ဘာပေါ်မှာ အချိန်အတော်ကြာအောင် နေခဲ့တာကြောင့် သဘာဝကျကျပဲ နားလည်နေခဲ့တယ် ဆိုပေမယ့်......

သူက ဆွေ့ရှန်းကို ကြီးမြတ်တဲ့ လေးစားခြင်းမျိုးနဲ့ ကြည့်နေတုန်းပဲ

သူ့မှာ ထင်ယောင်ထင်မှား ဖြစ်တာတွေ ကဲ့ရဲ့ရှုပ်ချဖို့ ကောင်းတဲ့ အတွေးတွေ မရှိရဲဘူးလေ

သူက ရုပ်ပုံစာအုပ်အား ပိတ်လိုက်ပြီး ဘေးမှာချထားလိုက်သည်။ ပြီးနောက် ဆွေ့ရှန်းရဲ့ ဖိနပ်များ အဝေးကို ကန်ထုတ်ခံထားရကြောင်း သတိပြုမိတာကြောင့် သူက လူအား ကောက်ချီလိုက်ပြီး အိပ်ယာပေါ် တင်ပေးလိုက်လေသည်။

ရန်ကျင်းက ပြန်ဖြေဖို့ ငြင်းဆန်နေသည်အား သတိပြုမိသောအခါ ဆွေ့ရှန်းက ဒီအတိုင်း ရန်ကျင်းရဲ့ လည်တိုင်ကိုသာ သူ့လက်မောင်းများဖြင့် သိုင်းဖက်လိုက်၍ အိပ်ယာပေါ်မှာ လိမ်လိမ်မာမာနဲ့ ထိုင်ချလိုက်တော့သည်။ သို့သော်လည်း ရန်ကျင်းက ဝိညာဉ်သစ်သီးများအား သွားယူဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ လွှတ်ပေးလိုက်၏။

ဝိညာဉ်သစ်သီးများသည် ခပ်နောက်နောက်သာ မြင်နေရသည့် ကျောက်စိမ်းသေတ္တာထဲ ထည့်ထားခြင်းပင်။ ၎င်းသည် အရောင်အနေနဲ့ လွန်စွာ တောက်ပလှပြီး အရမ်းကြည့်ကောင်းလှသည်။ သို့သော်လည်း ဝိညာဉ်သစ်သီးများအား နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် စားပြီးသွားသည့် အတွေ့အကြုံအရ သစ်သီးက အရမ်းကို လှနေရင် အရသာက အရမ်းဆိုးဝါးလိမ့်မယ်လို့ ခံစားရသည်။

သူက ရန်ကျင်းရဲ့ လက်အား လှမ်းဆုပ်ကိုင်လိုက်ပြီး နောက်သို့ အနည်းငယ် ပြန်ဆွဲလိုက်သည်။

ရန်ကျင်းက သူ့ကို ကာကွယ်မှု မရှိသလို ခုခံခြင်းလည်း မရှိပေ။ သူ့ဆန္ဒအတိုင်း ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

"ဘာမှားလို့လဲ?"

ဆွေ့ရှန်းက စကားပြောမယ့်အစား သူ့အား ကုတင်ပေါ် တွန်းလှဲချလိုက်ပြီး သူ့အပေါ် တွယ်တက်ကာ လှဲချလိုက်သည်။ ခြေထောက်တစ်ဖက်က ရန်ကျင်းရဲ့ ဘေးတစ်ဖက်ကို ဖိထားပြီး လက်တစ်ဖက်ကတော့ ရန်ကျင်းရဲ့ ခေါင်းဘေးမှာ ထောက်ကန်ထား၏။ ထို့နောက် တစ်ခြားလက်တစ်ဖက်ဖြင့် သူ့လက်ချောင်းလေးများကို သုံးကာ ရန်ကျင်းရဲ့ မေးကို ဖိပြီး အနည်းငယ် ပင့်မြှောက်လိုက်လေသည်။

ပြီးတာနဲ့ တုံ့ဆိုင်းမှု အလျင်းမရှိစွာပင် အမွှေးလုံးလေး နှစ်ကောင်အား ရောင်းထုတ်လိုက်တော့သည်။

"အဲ့ဒီ ယုန်နဲ့ ရှဉ့်လေးကပြောတယ်, ငါက မင်းကို သွေးဆောင်ဖြားယောင်းနေတဲ့ မြေခွေးနတ်ဆိုးဖြစ်ပြီး မင်းကတော့ ပျော်ရွှင်မှုကို ခံစားနေတဲ့ ဧကရာဇ်တဲ့ အဲ့ဒါ ဟုတ်လား?"

သူက ရန်ကျင်းအား အပြုံးလေးဖြင့် ကြည့်နေပြီး လျော့ရဲနေသည့် ကော်လံက အနည်းငယ် ပွင့်ဟနေကာ နူးညံ့သွယ်ပျောင်းသည့် ညှပ်ရိုးလေးကို ထုတ်ဖော်နေသည်။ ရေတံခွန်များကဲ့သို့ ရှည်လျားလှသည့် ဆံနွယ်များကတော့ မူလက ဖဲကြိုးဖြင့် ချည်နှောင်ထားသော်လည်း အစောပိုင်းတုန်းက ဆိုဖာပေါ်မှာ ပျင်းရိစွာ လျော့ရဲရဲ ထိုင်နေခဲ့သဖြင့် ပြေသွားခဲ့လေသည်။ ဒီအချိန်မှာတော့ သူ့ရဲ့ ဆံနွယ်ရှည်ကြီးများက ပါးလွှာသည့် ပုခုံးကနေတစ်ဆင့် လျောကျနေကာသူ့ဆံပင်ဘေးဘက်မှာ ဒီအတိုင်းလေး ကျနေရင်း ရန်ကျင်းရဲ့ ပါးပြင်ကို ညင်သာစွာ ပွတ်တိုက်နေသည်။

ရန်ကျင်းကတော့ နှလုံးသားတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူက ခေါင်းလှည့်လိုက်ပြီး ထိုဖြူဖွေးနူးညံ့လှသည့် လည်တိုင်ကနေ မျက်လုံးကို ရှောင်ရှားဖို့ ကြိုးစားသော်လည်း ဆွေ့ရှန်းက သူ့မေးစေ့ကို ဆွဲညှစ်လိုက်ပြီး သူ့ကို လှုပ်ရှားခွင့် မပြုပေ။ သူ့အနေနဲ့ မျက်လုံးမှိတ်ထားရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့။ သူက တင်းကျပ်နေသည့် အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့က သူတို့နဲ့ မတူဘူး"

သူက ထိုနှစ်တုန်းကလို မသိနားမလည်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူး။ အချိန်တွေက သူ့ကို စွမ်းအားကြီးတဲ့ အမျိုးသားတစ်ယောက်အဖြစ် ဆွဲခေါ်ပြီးနေပြီ။ သူ့မူရင်း ငယ်ရွယ်နုပျိုတဲ့ လေးစားမှုတွေက မရေမတွက်နိုင်တဲ့ နေ့တွေညတွေကို ပွေ့ဖက်ပြီးနောက်မှာ တိတ်တဆိတ် အသွင်ကူးပြောင်းသွားခဲ့ပြီ။

သူ့အတွက်တော့ ဆွေ့ရှန်းဆိုတာ ကောင်းကင်ဘုံက နတ်သားလေးဖြစ်ပြီး အမြဲတမ်း သူ့ထက်အမြင့်မှာသာ ရပ်တည်နေခဲ့တာ။ ရလဒ်ကတော့ သူ့ခံစားချက်တွေကို နာကျင်စွာနဲ့ ချိုးနှိမ်ထားခဲ့ရပြီး ချစ်ရသူကို စော်ကားသလို ဖြစ်စေမယ့် အရိပ်အမြွက်လေးတောင် မပြဝံ့ခဲ့ဘူးလေ။

ဆွေ့ရှန်းက 'သူတို့နဲ့ မတူဘူး' ဆိုတဲ့ စကားကို ကြားတဲ့အချိန်မှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

ထို့နောက် စာအုပ်ထဲမှ သရုပ်ဖော်ပုံတစ်ခုကို အတုယူကာ ရန်ကျင်း၏ နှုတ်ခမ်းများကို ကိုက်ရန် လှဲချလိုက်၏။

သူက အရမ်းကြီး ပြင်းပြင်းထန်ထန် ကိုက်တာ မဟုတ်ပဲ ဒီအတိုင်း အနည်းငယ် ငုံခဲလိုက်ခြင်းသာ။ ဒါက လုံးဝကို မနာဘူး ; အဲ့ဒီအစား ပူပြင်းပြီး နာကျင်ထုံမွမ်းနေတဲ့ ခံစားချက်တစ်ခုက ရန်ကျင်းရဲ့ ခန္တာကိုယ်ထဲကို ဖြတ်သန်းစီးဝင်လာခဲ့တော့သည်။

သူတို့ရဲ့ နှုတ်ခမ်းများ ထိတွေ့သွားသည့် တစ်ခဏမှာပင် ဆွေ့ရှန်းက နောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်ပြီး ခေါင်းလေးစောင်းကာ မေးလေသည်။

"အခုရော, ငါတို့က သူတို့နဲ့ တူသွားပြီလား?"

တစ်ခဏအတွင်းမှာပင် ရန်ကျင်းရဲ့ နီညိုရောင် မျက်လုံးများထဲတွင် မုန်တိုင်းကြီးတစ်ခု ရောက်ရှိလာသည်။ သူက သူ့ပတ်ဝန်းကျင်မှာ မုန်တိုင်းတစ်ခု ဖန်တီးလိုက်ပုံရသည့် ဆွေ့ရှန်းအား အနီးကပ် ကြည့်နေမိသည်။ ရန်ကျင်းရဲ့ အသက်ရှုသံများက လျင်မြန်စွာ ထွက်ကျလာပြီး ရုတ်တရက်ပင် ဆွေ့ရှန်းရဲ့ ပျော့ပျောင်းသည့် ခါးအား ဆုပ်ကိုင်လိုက်သည်။ သူက ဆွေ့ရှန်းအား လှန်ချလိုက်တာကြောင့် သူတို့ရဲ့ အနေအထားက ပြောင်းလဲသွားခဲ့ကာ ဆွေ့ရှန်းက အောက်ရောက်သွားပြီး ရန်ကျင်းက အပေါ်ရောက်သွားလေသည်။

ရုတ်တရက် လှန်ချခံလိုက်ရသော်လည်း ဆွေ့ရှန်းက ဒီအတိုင်း ရန်ကျင်းရဲ့ လည်ပင်းကိုသာ လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ နောက် အခိုက်အတန့် လေးမှာပင် နူးညံ့နွေးထွေးသည့် ပါးစပ်တစ်ခုက သူ့နှုတ်ခမ်းပေါ် ရောက်လာပြီး သူတို့ရဲ့ ပူပြင်းတဲ့ အသက်ရှုသံများအား ရောယှက်သွားစေသည်။ သူက သူ့မျက်လုံးများအား အနည်းငယ် ဖွင့်လိုက်ပြီး ၎င်းက အရမ်းကို ဆန်းသစ်တယ်လို့ ခံစားလိုက်ရကာ အလိုလိုပင် ပြန်လည်တုန့်ပြန်လိုက်သည်။

ရန်ကျင်းသည် ဆွေ့ရှန်းက သူ့ကို ပြန်တုန့်ပြန်လာသည်အား နားလည်လိုက်သောအခါ ချက်ချင်းပင် သတိပြန်ဝင်လာကာ တောင့်တင်းစွာဖြင့် မျက်လုံးများကို တင်းတင်းမှိတ်လိုက်မိသည်။ သူက ထိတ်လန့်တကြားနဲ့ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားကိုသာ တစ်ဖွဖွပြောပြီး အခန်းထဲက ပြေးထွက်သွားလေရဲ့!

ရန်ကျင်း ဒီလိုမျိုး ကမန်းကတန်း ဖြစ်နေတာကို မြင်ရတာ ဆွေ့ရှန်းအတွက်တော့ ပထမဆုံးပဲ။ ရန်ကျင်းပျောက်ကွယ်သွားပြီးနောက်မှာ သူက နှုတ်ခမ်းကို သပ်လိုက်ပြီး ရုတ်တရက် ဒါက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်ဟု ခံစားလိုက်ရသည်။

ဆွေ့ရှန်းက အမွှေးလုံးလေး နှစ်ကောင်ရဲ့ ရုပ်ပုံစာအုပ်များ အားလုံးကို သိမ်းဆည်းလိုက်တော့လေသည်။ အမွှေးလုံးလေး နှစ်ကောင်က ဒေါသမထွက်ရဲဘဲ ဝမ်းနည်းကြေကွဲစွာဖြင့်သာ စာအုပ်များကို ပေးလိုက်ရ၏။ ပြီးတာနဲ့ ထောင့်လေးတစ်ထောင့်မှာ နှစ်ကောင်သား ပွေ့ဖက်နေကြသည်။ သို့သော်လည်း ရန်ကျင်း ကြည့်လိုက်သည့် အချိန်မှာတော့ သူတို့ခေါင်းလေးများအား မြင့်မြင့်မြှောက်၍ လုံးဝကို အသဲမကွဲသလို ဟန်ဆောင်နေကြလေသည်။ တကယ်တော့လည်း ဆွေ့ရှန်းကို ပေးတယ်ဆိုတာက အရှင်သခင်ကြီးရဲ့ အေးဆေးတဲ့အသွင်ကို အများကြီး ထောက်ပံ့ပေးနိုင်တယ်လေ

အမွှေးလုံးလေး နှစ်ကောင်က သူရဲဘောကြောင်လှသည်။ ဒါပေမဲ့ ရန်ကျင်းလည်း ကြောက်နေတာပဲ။ သူဆွေ့ရှန်းကို မတားရဲပဲ ဒီအတိုင်း ကြည့်ရုံသာ ကြည့်နေနိုင်တဲ့အပြင် သူ့အမူအယာက ရှုပ်ထွေးနေခဲ့ပြီ။

သေချာပေါက်ပဲလေ ရုပ်ပုံစာအုပ်တွေက ဆွေ့ရှန်းအတွက် ကမ္ဘာသစ်တစ်ခုဆီ တံခါးဖွင့်ပေးခဲ့တာပဲ။ ဆွေ့ရှန်းမှာ မှတ်ဉာဏ်တွေ ဒါမှမဟုတ် လက်တွေ့အတွေ့အကြုံတွေ မရှိပေမယ့်လည်း အသစ်အသစ်တွေကို စမ်းသပ်ကြည့်ဖို့တော့ ကြောက်ရွံ့မှု ကင်းမဲ့နေဆဲပဲ။ ဒီနေရာမှာ ဘယ်သူမှ မရှိဘူးဆိုတော့ စိတ်ဝင်စားစရာတစ်ခုခုကို မြင်တာနဲ့ ဆွေ့ရှန်းက ရန်ကျင်းကို သူ့စမ်းသပ်မှုဆိုင်ရာ ပစ္စည်းတစ်ခုလိုမျိုး ဖမ်းမှာပဲ

ခဏတာလောက်တော့ ရန်ကျင်းမှာ ချိုမြိန်ခြင်းရော ညှင်းပန်းနှိပ်စက်ခြင်းပါ ခံစားနေရသည့် ရေနက်ထဲမှာ နေလိုက်ရသည်။

ရံဖန်ရံခါတွင် သူ့စိတ်ထဲရှိ ထိုလျှို့ဝှက်အတွေးများကို ထိန်းမထားနိုင်ခဲ့ပေ။ သို့သော် သူ မော့ကြည့်လိုက်ပြီး ဆွေ့ရှန်း၏ မျက်နှာကို မြင်လိုက်သည်နှင့် သူ့သံသယများကို ချက်ချင်း ရှင်းပစ်လိုက်သည်။

မဖြစ်သင့်ဘူး

ဒါက ဆွေ့ရှန်းလေ။ ဘယ်လိုများ သူ့အပေါ် မလေးမစား လုပ်လို့ ဖြစ်မှာလဲ?

သူက တုံ့ဆိုင်းနေပြီး စိတ်ထဲမှာ ရုန်းကန်နေရသည့်တိုင်အောင် ဆွေ့ရှန်းကတော့ တုံ့ဆိုင်းတာတွေ ဘာတွေ ရှိမနေဘူး သူ့ဆန္ဒအတိုင်း လုပ်တာပဲ။ သူက အရမ်းကို လွတ်လပ်ပြီး အထိန်းအကွပ်မဲ့နေကာ ငယ်ရွယ်သည့် လူငယ်ပုံစံကို သူနဲ့အတူ သယ်ဆောင်လာခဲ့သည်။

ရန်ကျင်းကတော့ ရူးတော့မလိုခံစားနေရတယ်

တစ်ညမှာတော့ သူ အစွန်းနားထိ ရောက်သွားခဲ့လေရဲ့

ရန်ကျင်းတစ်ယောက် ဆွေးတွေ ရှာဖို့ ထွက်သွားတဲ့ အချိန်မှာ ဆွေ့ရှန်းနဲ့ ထိုအမွှေးလုံးလေးနှစ်ကောင်က ခြံဝင်းထဲမှာ မြှုပ်ထားတဲ့ ဝိုင်အိုးတော်တော်များများကို ဆွဲထုတ်လာပြီး အတူတူသောက်ကြတော့တယ်လေ။

အမွှေးလုံးလေးနှစ်ကောင်က သတိရှိရှိဖြင့် ပြဿနာ ရှာကြခြင်းပင်။ ထို့ကြောင့် ရန်ကျင်းရဲ့ အသက်ရှုသံ နီးကပ်လာသည်ကို ခံစားလိုက်ရသည်နှင့် ချက်ချင်းပင် တစ်ဝက်တစ်ပျက် မူးနေသည့် ဆွေ့ရှန်းအား ခြံဝင်းထဲမှာ တစ်ယောက်တည်း ချန်ရစ်ထားခဲ့ကာ ထွက်ပြေးသွားကြတော့သည်။ သူ့ရှေ့မှာ ဝိုင်အိုးကြီးသုံးလုံးရှိကာ တစ်လုံးမှာ လုံးဝအလွတ်ဖြစ်နေသည်။

"ဒီဝိုင်က အရသာရှိတယ်......"

ရန်ကျင်းပြန်လာတာကို မြင်သောအခါ ဆွေ့ရှန်းက လွတ်နေသည့် ဝိုင်အိုးအား အပြစ်ရှိစိတ်လေးဖြင့် ကြည့်လိုက်သည်။ သူက ကြိုတင်ကာ စီးပြောလိုက်၏။

"ငါမင်းအတွက် နည်းနည်းလောက် ချန်ထားပေးချင်ပေမယ့် မင်းငါ့ကို တကယ်ပဲ အပြစ်တင်လို့ မရဘူးနော်။ အဲ့ဒီဝိုင်က အရင်ဆုံး စတာ။ သူက ငါ့ခွက်ထဲ သူ့ဘာသာ လောင်းထည့်လာတာ။ ဘယ်သူက ခံနိုင်မှာလဲ....."

အမူးလွန်နေသောကြောင့်ဆွေ့ရှန်း ၏ မျက်လုံးများသည် တောက်ပပြီး တစ်လက်လက်ဖြစ်နေသည်။ သူ့နှုတ်ခမ်းများသည် ဝိုင်များဖြင့် စွန်းထင်းနေကာ သူ့ကို ပို၍ပင် ဆွဲဆောင်မှုဖြစ်စေ၏။ မတ်တပ်ရပ်လိုက်သောအခါတွင် ယိုင်ထိုးထိုးဖြင့် ခြေလှမ်းနှစ်လှမ်း ဆုတ်သွားပြီးမှ တရွေ့ရွေ့ပြန်တိုးလာသည်။

ရန်ကျင်းက သူ့ကိုယ်သူ မထိန်းထားနိုင်တော့ပေ။ ရှေ့သို့ အမြန်အဆန်တိုးပြီး ထိုလူအား ဖမ်းထားလိုက်ရသည်။

ဆွေ့ရှန်းက ဒါကို အခွင့်ကောင်းယူလိုက်သည်။ သူက ချက်ချင်းပဲ ရန်ကျင်းရဲ့ခါးကို သိုင်းဖက်ပြီး ရန်ကျင်း ရဲ့ရင်ဘတ်မှာ သူ့မျက်နှာကို မြှုပ်ပစ်လိုက်လေသည်။ သူအများကြီး သောက်မိထားမှန်း သိတာကြောင့် ရန်ကျင်းသူ့ကို အပြစ်တင်မှာ စိုးရိမ်ပြီး အကြောင်းအရာအား လိမ္မာပါးနပ်စွာ ပြောင်းလဲလိုက်သည်လေ။

"ငါမူးနေပြီ။ အရမ်းအိပ်ချင်နေပြီ။ အိပ်ချင်တယ်..."

ပထမတော့ အရမ်းမမူးသေးဘူး။ ဒါပေမဲ့ မတ်တပ်ရပ်လိုက်ပြီး လေအေးအေးလေး ခံလိုက်ရတော့ ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရတာ။ ခံစားချက်က သူ့ကို တကိုယ်လုံး ပူထူလာပြီး စိတ်တွေဝေဝါးလာစေသည်။ သူက ရန်ကျင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး လက်လွှတ်ရန် ငြင်းဆန်လိုက်သည်။

"ငါ့ကိုချီ"

နောက်ပိုင်းဖြစ်တာတွေကတော့ သေချာတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတွေ ကွက်တိကျနေတဲ့ အချိန်အခါမျိုးမှာ ချစ်သူတွေကြားက ကိလေသာ မီးတွေက တောက်လောင်မှာပဲ။ ဒီလိုပုံစံနဲ့ ဆွေ့ရှန်းကို နီးနီးကပ်ကပ် ထိတွေ့နေရတဲ့ အချိန်မှာ ရန်ကျင်းက ဘယ်လိုများ ဆက်ပြီး တောင့်ခံနိုင်မှာတဲ့လဲ?

လူတစ်ယောက်က မသိလိုက်ပါပဲ ဆွဲဆောင်ဖြားယောင်းနေခဲ့တယ်

တစ်ဖက်လူကလည်း ဆန္ဒတွေကို မျိုသိပ်ထားရတာ အရမ်းကြာနေခဲ့ပြီ

ဒီဆန္ဒတွေက ပေါ်လာတာနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီလေ။ ဆွေ့ရှန်းက သူနဲ့ ပတ်သတ်ရင် လုံးဝ အစောင့်အကြပ် မရှိဘူး။ ဒါပေမဲ့, ရန်ကျင်းက ဘာပဲလုပ်ချင်ပါစေ သူက ကျေကျေနပ်နပ်ကြီး လက်ခံမှာ။ သူက တုန်ယင်နေတဲ့ အနေအထားနဲ့ ရန်ကျင်းကို ဖက်တွယ်ထားရင်း တိုးညှင်းတဲ့ အသံလေးများ ထွက်ပေါ်နေသည်။

ရန်ကျင်း၏ မျက်လုံးများသည် ရူးသွပ်မှုဖြင့် တောက်ပနေသည်။ သူက စိတ်အရမ်းမြန်ပြီး သူ့ရင်ခွင်ထဲကလူကို နာကျင်အောင် လုပ်မိမှာ စိုးတဲ့အတွက် နူးညံ့မှုတွေကို ထိန်းသိမ်းထားခဲ့ရတာ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ အကြောင်းပြချက် အားလုံးကို ဆုံးရှုံးသွားပြီလေ။

ဆွေ့ရှန်းသည် ကြောင်ဖြူလေး တစ်ကောင်ကဲ့သို့ သက်တောင့်သက်သာရှိပြီး နူးညံ့သိမ်မွေ့သည်။ သူက ရန်ကျင်းဆီမှ ပွတ်သပ်နမ်းရှုပ်၍ ထိတွေ့ခြင်းအား ခံနေရကာ နူးညံ့သည့် အသားအရည်ပေါ်မှာ ထိန်းချုပ်မရသည့် အနီမှတ်များစွာ ချန်ရစ်ထား၏။ သူသည် ရန်ကျင်း၏ လည်ပင်းအား သိုင်းဖက်ထားရင်း မျက်လုံးများအား တစ်ဝက်မျှ မှေးမှိတ်ထားကာ အပြောင်းအလဲမြန်မှုနှင့် ကျေနပ်မှုတို့ သိသိသာသာ ရောနှောသွားသည်ကို ခံစားနေရရင်းဖြင့် သူ့အထက်မှာ ရှိနေသည့် ထိုလူကိုသာ အားကိုးနေမိသလို ခံစားနေရသည်။

ထိုအချိန်မှာပဲ စိတ်အားထက်သန်မှု အလယ်မှာ ပြတ်သားသည့် အာရုံတစ်ခုကို ရသွားသည်။ သူက ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ရန်ကျင်းရဲ့ နားထဲသို့ လေမှုတ်ထည့်လိုက်ကာ သူ့အသံလေးက ဝမ်းသာမှုအပြည့်ဖြင့် တုန်ရီနေေ၏။

"အားကျင်း ငါမင်းကိုအရမ်းကြိုက်တယ်..."

ရန်ကျင်းရဲ့ နောက်ဆုံးသော ခုခံမှုလေး လုံးဝ ကျိုးပျက်သွားလေပြီ။ သူက ဆွေ့ရှန်းအား ဖက်တွယ်ထားရင်းဖြင့် လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။

......

ရေကျသံလေးများ ကြားနေရသည်။

ရှန်ကျစ်ရှန်းသည် သူ့ကိုယ်သူ မှတ်ဉာဏ်ပုံရိပ်ယောင်များထဲက အတင်းအကြပ် ဆွဲထုတ်လိုက်ပြီး သူ့မျက်နှာက နီရဲနေ၏။ ရန်ကျင်းက သူ့ကို ဘယ်တုန်းက ပွေ့ဖက်ထားမှန်း မသိပေမယ့်လည်း သူတို့ရဲ့ ခန္ဓာကိုယ် နှစ်ခုဟာ ပျော့ပျောင်းတဲ့ ကုတင်ပေါ်မှာ ပွေ့ဖက်ထားပြီး အထူးရင်းနှီးတဲ့ အနေအထိုင်နဲ့ ရှိနေကြသည်

ရှန်ကျစ်ရှန်းက ဒေါသတကြီးဖြင့် ရန်ကျင်းရဲ့ နှဖူးအား ဖတ်ခနဲ ရိုက်ထည့်လိုက်ကာ သူ့နှဖူးပါ နာသွားသလို ခံစားလိုက်ရသည်။

"မင်းက အကြံဆိုးကြီးနဲ့ပဲ"

ရန်ကျင်းက သဘောတူဟန်ဖြင့် အသံ ထွက်လာပြီး လုံးဝကို မငြင်းဆန်ပေ။

သူ ရှန်ကျစ်ရှန်းရဲ့ တောင်းဆိုမှုကို မငြင်းဆန်နိုင်ပေမယ့် ရှန်ကျစ်ရှန်းက အရေပါးမှန်းတော့ သူသိတယ်။ ဒီမှတ်ဉာဏ်တွေကို မြင်တဲ့အချိန်မှာ ပုံရိပ်ယောင်ကြားထဲက မရုန်းထွက်ပဲ နေနိုင်မှာ မဟုတ်ဘူး။

အခုချိန်မှာ သူ့ရှေ့မှာ ရှိနေတဲ့ ရှန်ကျစ်ရှန်းက အရမ်းကို ကောင်းမွန်ပြီး သွက်လက်တက်ကြွတဲ့အပြင် တွေးခေါ်မှု မြန်ဆန်တယ်။ နောက်ပိုင်း အခက်အခဲတွေကို သူ ရှန်ကျစ်ရှန်းကို မသိစေချင်ဘူး။

ရှန်ကျစ်ရှန်းက အရမ်းကောင်းတယ်။ သူအများကြီး မခံစားရသင့်ဘူး

သို့ပေမယ့် ရှန်ကျစ်ရှန်းက ရန်ကျင်းအား အကြောင်းအရာကို ပြောင်းလဲခွင့် မပြုသလို ရန်ကျင်းရဲ့ မှတ်ဉာဏ် ပုံရိပ်ယောင်ထဲလည်း ပြန်မဝင်ပေ။ သူက ခေါင်းလေးအား အနည်းငယ်စောင်းကာ ခန့်မှန်းလိုက်သည်။

"နောက်ပိုင်းမှာ ငါအကြာကြီး မခံခဲ့ဘူး ဟုတ်တယ်မှတ်လား?"

အဆုံးမှာတော့ သူ့မှာ ထောက်ပံ့ပေးနိုင်မည့် အရိုးမရှိဘူးလေ။ ဝိညာဉ်စွမ်းအားတစ်ခုထဲနဲ့ လုပ်ထားတဲ့ ခန္တာကိုယ်က အကြာကြီး ခံမှာ မဟုတ်ဘူး။ သူ့ဝိညာဉ်ကိုလည်း ထိန်းသိမ်းထားလို့ မရနိုင်ဘူး။ ဒါပေမဲ့ ရန်ကျင်းက သူပြန်လည် မွေးဖွားနိုင်မယ့် တစ်ခြားနည်းလမ်းကို စဉ်းစားခဲ့တယ်။

ရန်ကျင်းက တီးတိုးပြောသည်။

"ဝိညာဉ်ရှာဖွေခြင်းမြက်က ရင့်မှည့်လာခဲ့တယ်။ သူက ဝိညာဉ်ကို ခိုင်ခံ့အောင် လုပ်ပေးနိုင်တဲ့အပြင် အချိန်ကိုလည်း နောက်ပြန်သွားနိုင်စေတယ်....."

သူ, စီဖေးနဲ့ ခေါင်းပြောင်ဘုန်းကြီး -- သူတို့သုံးယောက်က သူတို့ရဲ့ အသက်များအား စတေးပြီး ကမ္ဘာကြီးတစ်ခုလုံးအား လောင်းကြေးထပ်ကာ အချိန်၏ ဂီယာကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ သူတို့က အမှားအယွင်း လုံးဝ မဖြစ်ပွားသေးသည့်အချိန်သို့ ပြန်လှည့်လာကြ၏။

ဤအခက်အခဲများနှင့် ပတ်သက်၍ သာမန်လူများပင် စိတ်ကူးကြည့်လို့ မရနိုင်တာကြောင့် ရှန်ကျစ်ရှန်း အနေဖြင့် ၎င်းတို့အား ခံယူရန် မလိုအပ်ပေ။

ရန်ကျင်းက ဘာမှမပြောပေမယ့်လည်း ရှန်ကျစ်ရှန်းက အချက်တစ်ခု နှစ်ခုကိုတော့ ခန့်မှန်းလို့ ရနိုင်သည်။ သူ့နှလုံးသားက စတင် ချဉ်စူးလာရ၏။ သူက ရှက်ရွံ့မှုများအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ရန်ကျင်းအားလှည့်ဖက်ထားလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်လေးအား နမ်းလိုက်ကာ တီးတိုးပြောလိုက်လေသည်။

"....အဆင်ပြေသွားပြီ။ ငါတို့အားလုံး အခု အဆင်ပြေပြီလေ"

သူက ခဏလောက် စဉ်းစားပြီးနောက် ထပ်မေးလေသည်။

"ဒါဆို အခု ဘာတွေဖြစ်နေပြီလဲ? ဒီမှာ ဝိညာဉ်ရှာဖွေခြင်းမြက် တစ်ခုပဲရှိတာလေ အဲ့ဒါက ရှောင်းချောင်ယပဲ။ ဒါဆို ဘာလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဝမ့်လင်းမြို့မှာ နောက်တစ်ခု ထပ်တွေ့ခဲ့ရတာလဲ?"

"အရင်ဘဝတုန်းက ဝိညာဉ်ရှာဖွေခြင်းမြက်က အရွယ်ရောက်ပြီးတာနဲ့ ဝိညာဉ်တစ်ခုကို ဖန်တီးခဲ့တယ်။ ဘာလိုလဲတော့ မသိပေမယ့် သူက ကျွန်တော်တို့နဲ့အတူ ပြန်မွေးဖွားလာခဲ့တာ။ ဝမ့်လင်းမြို့မှာ ရှိတဲ့တစ်ခုက ဖြစ်နိုင်တာ......"

ရန်ကျင်းက စကားအများကြီးပြောခဲလှသည်။ သူက ခဏတာ ရပ်တန့်သွားပြီးနောက်မှာ မရေမရာသည့် အခြေအနေတစ်ခု ပြောလာ၏။

"သူ့ဝိညာဉ်တစ်ခုပဲ"

ရှန်ကျစ်ရှန်းက လန့်သွားမိသည်။ သူက တိတ်တဆိတ် ပြောလေသည်။

"အဲ့ဒီလိုလား? ရှောင်းချောင်ယက မင်းကို အရမ်းကယ်တွယ်နေတာ အံ့သြစရာ မရှိတော့ဘူး။ လတ်စသတ်တော့ မင်းက သူ့ကို ကြီးအောင် မွေးမြူခဲ့တာကိုး.....ဒါဆို မင်းဒီကို ဘယ်လိုရောက်လာတာလဲ? မင်းအခု တောင်ပေါ်မှာလား? မနေ့က ငါနိုးလာတော့ မင်းကို ရှာမတွေ့ဘူး"

ရန်ကျင်းက ခေါင်းခါပြသည်။

"ကျွန်တော်က ဒီအတိုင်း ပုံရိပ်ယောင်တစ်ခုပါ။ စာချုပ်ကြောင့်လားတော့ မသိပေမယ့် ကျွန်တော် စွန့်ပစ်မြေကနေ စီမံနိုင်တယ်"

ဒါက အခုတစ်လောကမှ သူရှာတွေ့ထားသည့် စာချုပ်၏ လုပ်ဆောင်ချက် အသစ်ဖြစ်သည်။ သူက စွန့်ပစ်မြေမှာပဲ ရှိနေသေးပြီး အချိန်အတော်ကြာအောင် ရုန်းမထွက်နိုင်သော်လည်း ရှန်ကျစ်ရှန်းကိုတော့ သူ့ရင်ထဲမှာ အမြဲတမ်း သတိရနေခဲ့သည်။

သူ့ရဲ့ အတွေးများနဲ့ စိတ်အားထက်သန်မှုများက အရမ်းပြင်းထန်တာကြောင့်လား မသိသော်လည်း စာချုပ်က ဆက်တိုက် ပူတက်လာခဲ့သည်။ ရလဒ်ကတော့ သူသည် ထိုလျှို့ဝှက်နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပြီး ရှန်ကျစ်ရှန်းအား ချိတ်ဆက်ကာ သူနဲ့ အဆက်အသွယ် မပြတ်စေခဲ့တော့ခြင်းပင်။

သို့သော် ဤလှည့်ကွက်၏ အကျိုးသက်ရောက်မှုသည် အလွန်တိုတောင်းလှသည်။ ညဘက်တွင် အချိန်တိုအတွင်းသာ ထိန်းသိမ်းထားနိုင်သည်။ နေရဲ့ ပထမဆုံးအလင်းရောင် ထွန်းလင်းလာတဲ့အခါ အကျိုးသက်ရောက်မှုက ပျောက်ကွယ်သွားလိမ့်မယ်သာ။

ရှန်ကျစ်ရှန်းက ခေါင်းမော့လိုက်ပြီး ရန်ကျင်းရဲ့ ပါးကို ဆွဲညှစ်ကာ စိတ်လှုပ်ရှားစွာဖြင့် ထအော်ပြောလေသည်။

"ဒီစာချုပ်က အရမ်းစွမ်းအားကြီးတာပဲ။ အားကျင်းရဲ့ ပုံရိပ်ယောင်က အရမ်းကို အစစ်အမှန် ဆန်လွန်းတယ်"

သူက ရန်ကျင်းရဲ့ တစ်ဖက်ကိုလည်း သွားကြည့်ချင်တာကြောင့် ဒီလုပ်ဆောင်ချက်ကို ဘယ်လိုလုပ်ထားတာလဲဟု မေးရန် လုပ်လိုက်တဲ့ အချိန်မှာပင် ထိုစကား ထွက်မလာခင်လေးမှာ အပြင်ဘက်က ကန့်သတ်စည်းက ပြင်းစွာ လှုပ်ရမ်းသွားသည်ကို ခံစားလိုက်ရသည်

—တစ်စုံတစ်ယောက်က သူလုပ်ထားတဲ့ ကန့်သတ်စည်းကို ချိုးဖြတ်ဝင်နေတာပဲ

"ဂိုဏ်းတူ တူလေး! ရှန်လေး!အာ, မင်းပြန်လာပြီလား?"

စတုတ္ထအကြီးအကဲက ချင်းယွင်ဂိုဏ်းကို ပြန်ရောက်တာနဲ့ ရှန်ကျစ်ရှန်း တံခါးပိတ် တရားကျင့်ရာကနေ ထွက်လာပြီး နှလုံးဒဏ်ရာလည်း ကောင်းသွားပြီဆိုတဲ့ သတင်းအား ကြားလိုက်ရသည်။ စတုတ္ထအကြီးအကဲက အလွန်ထိတ်လန့်သွားကာ နောက်နေ့ မနက်ထိ မစောင့်နိုင်တော့ပေ။ သူက လူများအား ရှောင်ရှားကာ ပဉ္စမတောင်ကုန်းရှိရာသို့ အပြေးအလွှား ရောက်လာခဲ့သည်။

သူက လျင်မြန်စွာ လာခဲ့ခြင်းဖြစ်ပြီး ဂျူနီယာတပည့်လေးများကိုပင် သတင်းပို့ခွင့်မပေးပဲ သူကိုယ်တိုင် တောင်ပေါ် တက်လာခဲ့ခြင်းဖြစ်၏။ သူက ရှန်ကျစ်ရှန်းကို ရှာဖို့ အရမ်းစိတ်လောနေသည့်အတွက် ရှန်ကျစ်ရှန်းရဲ့ ကန့်သတ်စည်းကို ချိုးဖြတ်ဝင်မိသွားသည်။

ထို့နောက်မှာတော့ ကြောင်တောင်တောင် ဖြစ်သွားရတော့လေသည်။

ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ ခြေထောက်များပေါ်မှာ ဘေးတစ်စောင်း ထိုင်နေသည်။ သူတို့ရဲ့ ခေါင်းများက အတူတကွ နီးကပ်နေကြပြီး ရန်ကျင်းရဲ့ လက်များက ရှန်ကျစ်ရှန်း၏ ခါးအား သိုင်းဖက်ထား၏။ ထိုအချိန်မှာ ရှန်ကျစ်ရှန်းရဲ့ လက်များကတော့ ရန်ကျင်းရဲ့ လည်ပင်းကို ဖက်တွယ်နေခဲ့သည်။ နှစ်ယောက်က အလွန်ကို နီးကပ်နေတာပင်။

စတုတ္ထအကြီးအကဲသည် မလှုပ်ရှားနိုင်လောက်အောင် ထိတ်လန့်သွားသည်ဟု သူ့ကိုယ်သူ ထင်လိုက်မိသည်။ လေတိုက်ခတ်လာရင် သူသေချာပေါက် လွင့်ပျယ်သွားမှာပဲ

သူကနောက်သို့ တောင့်တင်းစွာဖြင့် ဆုတ်သွားပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။

"ဂိုဏ်းတူ တူလေး, ဂိုဏ်းတူ တူလေးရဲ့ တပည့်, ကောင်းသောညပါ။ မင်းတို့ အလုပ်များနေတာပဲ။ ငါအရင် ပြန်နှင့်မယ်နော်....."

===============
Zaw Gyi

အခန္း(၆၉) - ေက်နပ္အားရျခင္း

ေဆြ႔ရွန္းရဲ႔ ဝိညာဥ္က အရမ္းအားနည္းလြန္းတာေၾကာင့္ အျပင္ထြက္ခဲလွသည္။ ထို႔ေၾကာင့္ ဒီလိုအရာမ်ိဳးနဲ႔ ပတ္သတ္ရင္ သိပ္မသိပဲ နားလည္နုိင္ရန္အတြက္ သူ႔ပင္ကိုယ္သိစိတ္ကိုသာ မွီခိုေနရ၏။ ရန္က်င္းကေတာ့ ဒီကမာၻေပၚမွာ အခ်ိန္အေတာ္ၾကာေအာင္ ေနခဲ့တာေၾကာင့္ သဘာဝက်က်ပဲ နားလည္ေနခဲ့တယ္ ဆိုေပမယ့္......

သူက ေဆြ႔ရွန္းကို ၾကီးျမတ္တဲ့ ေလးစားျခင္းမ်ိဳးနဲ႔ ၾကည့္ေနတုန္းပဲ

သူ႔မွာ ထင္ေယာင္ထင္မွား ျဖစ္တာေတြ ကဲ့ရဲ႔ရွဳပ္ခ်ဖို႔ ေကာင္းတဲ့ အေတြးေတြ မရွိရဲဘူးေလ

သူက ရုပ္ပံုစာအုပ္အား ပိတ္လိုက္ျပီး ေဘးမွာခ်ထားလုိက္သည္။ ျပီးေနာက္ ေဆြ႔ရွန္းရဲ႔ ဖိနပ္မ်ား အေဝးကို ကန္ထုတ္ခံထားရေၾကာင္း သတိျပဳမိတာေၾကာင့္ သူက လူအား ေကာက္ခ်ီလိုက္ျပီး အိပ္ယာေပၚ တင္ေပးလိုက္ေလသည္။

ရန္က်င္းက ျပန္ေျဖဖို႔ ျငင္းဆန္ေနသည္အား သတိျပဳမိေသာအခါ ေဆြ႔ရွန္းက ဒီအတုိင္း ရန္က်င္းရဲ႔ လည္တိုင္ကိုသာ သူ႔လက္ေမာင္းမ်ားျဖင့္ သိုင္းဖက္လုိက္၍ အိပ္ယာေပၚမွာ လိမ္လိမ္မာမာနဲ႔ ထိုင္ခ်လိုက္ေတာ့သည္။ သို႔ေသာ္လည္း ရန္က်င္းက ဝိညာဥ္သစ္သီးမ်ားအား သြားယူဖို႔ ျပင္လုိက္တဲ့ အခ်ိန္မွာေတာ့ လႊတ္ေပးလိုက္၏။

ဝိညာဥ္သစ္သီးမ်ားသည္ ခပ္ေနာက္ေနာက္သာ ျမင္ေနရသည့္ ေက်ာက္စိမ္းေသတၱာထဲ ထည့္ထားျခင္းပင္။ ၎သည္ အေရာင္အေနနဲ႔ လြန္စြာ ေတာက္ပလွျပီး အရမ္းၾကည့္ေကာင္းလွသည္။ သို႔ေသာ္လည္း ဝိညာဥ္သစ္သီးမ်ားအား နွစ္ေပါင္းမ်ားစြာ မေရမတြက္နိုင္ေအာင္ စားျပီးသြားသည့္ အေတြ႔အၾကံဳအရ သစ္သီးက အရမ္းကို လွေနရင္ အရသာက အရမ္းဆိုးဝါးလိမ့္မယ္လို႔ ခံစားရသည္။

သူက ရန္က်င္းရဲ႔ လက္အား လွမ္းဆုပ္ကိုင္လုိက္ျပီး ေနာက္သို႔ အနည္းငယ္ ျပန္ဆြဲလိုက္သည္။

ရန္က်င္းက သူ႔ကို ကာကြယ္မႈ မရွိသလို ခုခံျခင္းလည္း မရွိေပ။ သူ႔ဆႏၵအတိုင္း ကုတင္ေပၚတြင္ ထိုင္လိုက္သည္။

"ဘာမွားလို႔လဲ?"

ေဆြ႔ရွန္းက စကားေျပာမယ့္အစား သူ႔အား ကုတင္ေပၚ တြန္းလွဲခ်လိုက္ျပီး သူ႔အေပၚ တြယ္တက္ကာ လွဲခ်လိုက္သည္။ ေျခေထာက္တစ္ဖက္က ရန္က်င္းရဲ႔ ေဘးတစ္ဖက္ကို ဖိထားျပီး လက္တစ္ဖက္ကေတာ့ ရန္က်င္းရဲ႔ ေခါင္းေဘးမွာ ေထာက္ကန္ထား၏။ ထို႔ေနာက္ တစ္ျခားလက္တစ္ဖက္ျဖင့္ သူ႔လက္ေခ်ာင္းေလးမ်ားကို သံုးကာ ရန္က်င္းရဲ႔ ေမးကို ဖိျပီး အနည္းငယ္ ပင့္ေျမွာက္လုိက္ေလသည္။

ျပီးတာနဲ႔ တံု႔ဆုိင္းမွု အလ်င္းမရွိစြာပင္ အေမႊးလံုးေလး နွစ္ေကာင္အား ေရာင္းထုတ္လုိက္ေတာ့သည္။

"အဲ့ဒီ ယုန္နဲ႔ ရွဥ့္ေလးကေျပာတယ္, ငါက မင္းကို ေသြးေဆာင္ျဖားေယာင္းေနတဲ့ ေျမေခြးနတ္ဆိုးျဖစ္ျပီး မင္းကေတာ့ ေပ်ာ္ရႊင္မွုကို ခံစားေနတဲ့ ဧကရာဇ္တဲ့ အဲ့ဒါ ဟုတ္လား?"

သူက ရန္က်င္းအား အျပံဳးေလးျဖင့္ ၾကည့္ေနျပီး ေလ်ာ့ရဲေနသည့္ ေကာ္လံက အနည္းငယ္ ပြင့္ဟေနကာ ႏူးည့ံသြယ္ေပ်ာင္းသည့္ ညွပ္ရိုးေလးကို ထုတ္ေဖာ္ေနသည္။ ေရတံခြန္မ်ားကဲ့သို႔ ရွည္လ်ားလွသည့္ ဆံႏြယ္မ်ားကေတာ့ မူလက ဖဲၾကိဳးျဖင့္ ခ်ည္ေနွာင္ထားေသာ္လည္း အေစာပိုင္းတုန္းက ဆိုဖာေပၚမွာ ပ်င္းရိစြာ ေလ်ာ့ရဲရဲ ထုိင္ေနခဲ့သျဖင့္ ေျပသြားခဲ့ေလသည္။ ဒီအခ်ိန္မွာေတာ့ သူ႔ရဲ႔ ဆံႏြယ္ရွည္ၾကီးမ်ားက ပါးလႊာသည့္ ပုခံုးကေနတစ္ဆင့္ ေလ်ာက်ေနကာသူ႔ဆံပင္ေဘးဘက္မွာ ဒီအတုိင္းေလး က်ေနရင္း ရန္က်င္းရဲ႔ ပါးျပင္ကို ညင္သာစြာ ပြတ္တိုက္ေနသည္။

ရန္က်င္းကေတာ့ နွလံုးသားတစ္ခုလံုး ရပ္တန္႔သြားသလို ခံစားလုိက္ရသည္။

သူက ေခါင္းလွည့္လိုက္ျပီး ထိုျဖဴေဖြးႏူးည့ံလွသည့္ လည္တိုင္ကေန မ်က္လံုးကို ေရွာင္ရွားဖို႔ ၾကိဳးစားေသာ္လည္း ေဆြ႔ရွန္းက သူ႔ေမးေစ့ကို ဆြဲညႇစ္လိုက္ၿပီး သူ႔ကို လႈပ္ရွားခြင့္ မျပဳေပ။ သူ႔အေနနဲ႔ မ်က္လုံးမွိတ္ထား႐ုံမွတစ္ပါး ေ႐ြးခ်ယ္စရာမရွိေတာ့။ သူက တင္းက်ပ္ေနသည့္ အသံျဖင့္ ေျပာလုိက္သည္။

"က်ြန္ေတာ္တို႔က သူတို႔နဲ႔ မတူဘူး"

သူက ထိုနွစ္တုန္းကလို မသိနားမလည္တဲ့ ကေလးတစ္ေယာက္ မဟုတ္ေတာ့ဘူး။ အခ်ိန္ေတြက သူ႔ကို စြမ္းအားၾကီးတဲ့ အမ်ိဳးသားတစ္ေယာက္အျဖစ္ ဆြဲေခၚျပီးေနျပီ။ သူ႔မူရင္း ငယ္႐ြယ္ႏုပ်ိဳတဲ့ ေလးစားမွဳေတြက မေရမတြက္နုိင္တဲ့ ေန႔ေတြညေတြကို ေပြ႔ဖက္ျပီးေနာက္မွာ တိတ္တဆိတ္ အသြင္ကူးေျပာင္းသြားခဲ့ျပီ။

သူ႔အတြက္ေတာ့ ေဆြ႔ရွန္းဆိုတာ ေကာင္းကင္ဘံုက နတ္သားေလးျဖစ္ျပီး အျမဲတမ္း သူ႔ထက္အျမင့္မွာသာ ရပ္တည္ေနခဲ့တာ။ ရလဒ္ကေတာ့ သူ႔ခံစားခ်က္ေတြကို နာက်င္စြာနဲ႔ ခ်ိဳးနွိမ္ထားခဲ့ရျပီး ခ်စ္ရသူကို ေစာ္ကားသလို ျဖစ္ေစမယ့္ အရိပ္အျမြက္ေလးေတာင္ မျပဝ့ံခဲ့ဘူးေလ။

ေဆြ႔ရွန္းက 'သူတို႔နဲ႔ မတူဘူး' ဆိုတဲ့ စကားကို ၾကားတဲ့အခ်ိန္မွာ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ျပီး ခဏေလာက္ စဥ္းစားလုိက္သည္။

ထို႔ေနာက္ စာအုပ္ထဲမွ သ႐ုပ္ေဖာ္ပုံတစ္ခုကို အတုယူကာ ရန္က်င္း၏ ႏႈတ္ခမ္းမ်ားကို ကိုက္ရန္ လွဲခ်လိုက္၏။

သူက အရမ္းၾကီး ျပင္းျပင္းထန္ထန္ ကိုက္တာ မဟုတ္ပဲ ဒီအတိုင္း အနည္းငယ္ ငံုခဲလိုက္ျခင္းသာ။ ဒါက လံုးဝကို မနာဘူး ; အဲ့ဒီအစား ပူျပင္းျပီး နာက်င္ထံုမြမ္းေနတဲ့ ခံစားခ်က္တစ္ခုက ရန္က်င္းရဲ႔ ခႏာၱကိုယ္ထဲကို ျဖတ္သန္းစီးဝင္လာခဲ့ေတာ့သည္။

သူတို႔ရဲ႔ နွုတ္ခမ္းမ်ား ထိေတြ႔သြားသည့္ တစ္ခဏမွာပင္ ေဆြ႔ရွန္းက ေနာက္သုိ႔ အနည္းငယ္ ျပန္ဆုတ္လိုက္ျပီး ေခါင္းေလးေစာင္းကာ ေမးေလသည္။

"အခုေရာ, ငါတို႔က သူတို႔နဲ႔ တူသြားျပီလား?"

တစ္ခဏအတြင္းမွာပင္ ရန္က်င္းရဲ႔ နီညိဳေရာင္ မ်က္လံုးမ်ားထဲတြင္ မုန္တိုင္းၾကီးတစ္ခု ေရာက္ရွိလာသည္။ သူက သူ႔ပတ္ဝန္းက်င္မွာ မုန္တုိင္းတစ္ခု ဖန္တီးလိုက္ပံုရသည့္ ေဆြ႔ရွန္းအား အနီးကပ္ ၾကည့္ေနမိသည္။ ရန္က်င္းရဲ႔ အသက္ရွဳသံမ်ားက လ်င္ျမန္စြာ ထြက္က်လာျပီး ရုတ္တရက္ပင္ ေဆြ႔ရွန္းရဲ႔ ေပ်ာ့ေပ်ာင္းသည့္ ခါးအား ဆုပ္ကိုင္လုိက္သည္။ သူက ေဆြ႔ရွန္းအား လွန္ခ်လိုက္တာေၾကာင့္ သူတို႔ရဲ႔ အေနအထားက ေျပာင္းလဲသြားခဲ့ကာ ေဆြ႔ရွန္းက ေအာက္ေရာက္သြားျပီး ရန္က်င္းက အေပၚေရာက္သြားေလသည္။

ရုတ္တရက္ လွန္ခ်ခံလုိက္ရေသာ္လည္း ေဆြ႔ရွန္းက ဒီအတုိင္း ရန္က်င္းရဲ႔ လည္ပင္းကိုသာ လက္နွစ္ဖက္ျဖင့္ သိုင္းဖက္လိုက္သည္။ ေနာက္ အခိုက္အတန္႔ ေလးမွာပင္ ႏူးည့ံေႏြးေထြးသည့္ ပါးစပ္တစ္ခုက သူ႔နွုတ္ခမ္းေပၚ ေရာက္လာျပီး သူတို႔ရဲ႔ ပူျပင္းတဲ့ အသက္ရွဳသံမ်ားအား ေရာယွက္သြားေစသည္။ သူက သူ႔မ်က္လံုးမ်ားအား အနည္းငယ္ ဖြင့္လိုက္ျပီး ၎က အရမ္းကို ဆန္းသစ္တယ္လို႔ ခံစားလိုက္ရကာ အလိုလိုပင္ ျပန္လည္တုန္႔ျပန္လုိက္သည္။

ရန္က်င္းသည္ ေဆြ႔ရွန္းက သူ႔ကို ျပန္တုန္႔ျပန္လာသည္အား နားလည္လုိက္ေသာအခါ ခ်က္ခ်င္းပင္ သတိျပန္ဝင္လာကာ ေတာင့္တင္းစြာျဖင့္ မ်က္လံုးမ်ားကို တင္းတင္းမွိတ္လုိက္မိသည္။ သူက ထိတ္လန္႔တၾကားနဲ႔ 'ေတာင္းပန္ပါတယ္' ဆိုတဲ့ စကားကိုသာ တစ္ဖြဖြေျပာျပီး အခန္းထဲက ေျပးထြက္သြားေလရဲ႔!

ရန္က်င္း ဒီလိုမ်ိဳး ကမန္းကတန္း ျဖစ္ေနတာကို ျမင္ရတာ ေဆြ႔ရွန္းအတြက္ေတာ့ ပထမဆံုးပဲ။ ရန္က်င္းေပ်ာက္ကြယ္သြားျပီးေနာက္မွာ သူက နွုတ္ခမ္းကို သပ္လုိက္ျပီး ရုတ္တရက္ ဒါက အရမ္းကို စိတ္ဝင္စားဖို႔ ေကာင္းတယ္ဟု ခံစားလိုက္ရသည္။

ေဆြ႔ရွန္းက အေမႊးလံုးေလး နွစ္ေကာင္ရဲ႔ ရုပ္ပံုစာအုပ္မ်ား အားလံုးကို သိမ္းဆည္းလုိက္ေတာ့ေလသည္။ အေမႊးလံုးေလး နွစ္ေကာင္က ေဒါသမထြက္ရဲဘဲ ဝမ္းနည္းေၾကကြဲစြာျဖင့္သာ စာအုပ္မ်ားကို ေပးလိုက္ရ၏။ ျပီးတာနဲ႔ ေထာင့္ေလးတစ္ေထာင့္မွာ နွစ္ေကာင္သား ေပြ႔ဖက္ေနၾကသည္။ သို႔ေသာ္လည္း ရန္က်င္း ၾကည့္လုိက္သည့္ အခ်ိန္မွာေတာ့ သူတို႔ေခါင္းေလးမ်ားအား ျမင့္ျမင့္ေျမွာက္၍ လံုးဝကို အသဲမကြဲသလို ဟန္ေဆာင္ေနၾကေလသည္။ တကယ္ေတာ့လည္း ေဆြ႔ရွန္းကို ေပးတယ္ဆုိတာက အရွင္သခင္ၾကီးရဲ႔ ေအးေဆးတဲ့အသြင္ကို အမ်ားၾကီး ေထာက္ပံ့ေပးနုိင္တယ္ေလ

အေမႊးလံုးေလး နွစ္ေကာင္က သူရဲေဘာေၾကာင္လွသည္။ ဒါေပမဲ့ ရန္က်င္းလည္း ေၾကာက္ေနတာပဲ။ သူေဆြ႔ရွန္းကို မတားရဲပဲ ဒီအတိုင္း ၾကည့္ရံုသာ ၾကည့္ေနနုိင္တဲ့အျပင္ သူ႔အမူအယာက ရွဳပ္ေထြးေနခဲ့ျပီ။

ေသခ်ာေပါက္ပဲေလ ရုပ္ပံုစာအုပ္ေတြက ေဆြ႔ရွန္းအတြက္ ကမာၻသစ္တစ္ခုဆီ တံခါးဖြင့္ေပးခဲ့တာပဲ။ ေဆြ႔ရွန္းမွာ မွတ္ဉာဏ္ေတြ ဒါမွမဟုတ္ လက္ေတြ႕အေတြ႕အႀကဳံေတြ မရွိေပမယ့္လည္း အသစ္အသစ္ေတြကို စမ္းသပ္ၾကည့္ဖို႔ေတာ့ ေၾကာက္ရြံ႔မွု ကင္းမဲ့ေနဆဲပဲ။ ဒီေနရာမွာ ဘယ္သူမွ မရွိဘူးဆိုေတာ့ စိတ္ဝင္စားစရာတစ္ခုခုကို ျမင္တာနဲ႔ ေဆြ႔ရွန္းက ရန္က်င္းကို သူ႔စမ္းသပ္မွုဆုိင္ရာ ပစၥည္းတစ္ခုလိုမ်ိဳး ဖမ္းမွာပဲ

ခဏတာေလာက္ေတာ့ ရန္က်င္းမွာ ခ်ိဳျမိန္ျခင္းေရာ ညွင္းပန္းနွိပ္စက္ျခင္းပါ ခံစားေနရသည့္ ေရနက္ထဲမွာ ေနလိုက္ရသည္။

ရံဖန္ရံခါတြင္ သူ႔စိတ္ထဲရွိ ထိုလွ်ိဳ႕ဝွက္အေတြးမ်ားကို ထိန္းမထားနိုင္ခဲ့ေပ။ သို႔ေသာ္ သူ ေမာ့ၾကည့္လိုက္ၿပီး ေဆြ႔ရွန္း၏ မ်က္ႏွာကို ျမင္လိုက္သည္ႏွင့္ သူ႔သံသယမ်ားကို ခ်က္ခ်င္း ရွင္းပစ္လိုက္သည္။

မျဖစ္သင့္ဘူး

ဒါက ေဆြ႔ရွန္းေလ။ ဘယ္လိုမ်ား သူ႔အေပၚ မေလးမစား လုပ္လို႔ ျဖစ္မွာလဲ?

သူက တံု႔ဆုိင္းေနျပီး စိတ္ထဲမွာ ရုန္းကန္ေနရသည့္တိုင္ေအာင္ ေဆြ႔ရွန္းကေတာ့ တံု႔ဆုိင္းတာေတြ ဘာေတြ ရွိမေနဘူး သူ႔ဆႏၵအတုိင္း လုပ္တာပဲ။ သူက အရမ္းကို လြတ္လပ္ျပီး အထိန္းအကြပ္မဲ့ေနကာ ငယ္ရြယ္သည့္ လူငယ္ပံုစံကို သူနဲ႔အတူ သယ္ေဆာင္လာခဲ့သည္။

ရန္က်င္းကေတာ့ ရူးေတာ့မလိုခံစားေနရတယ္

တစ္ညမွာေတာ့ သူ အစြန္းနားထိ ေရာက္သြားခဲ့ေလရဲ႔

ရန္က်င္းတစ္ေယာက္ ေဆြးေတြ ရွာဖို႔ ထြက္သြားတဲ့ အခ်ိန္မွာ ေဆြ႔ရွန္းနဲ႔ ထိုအေမႊးလံုးေလးနွစ္ေကာင္က ျခံဝင္းထဲမွာ ျမွဳပ္ထားတဲ့ ဝုိင္အိုးေတာ္ေတာ္မ်ားမ်ားကို ဆြဲထုတ္လာျပီး အတူတူေသာက္ၾကေတာ့တယ္ေလ။

အေမႊးလံုးေလးနွစ္ေကာင္က သတိရွိရွိျဖင့္ ျပႆနာ ရွာၾကျခင္းပင္။ ထို႔ေၾကာင့္ ရန္က်င္းရဲ႔ အသက္ရွဳသံ နီးကပ္လာသည္ကို ခံစားလုိက္ရသည္နွင့္ ခ်က္ခ်င္းပင္ တစ္ဝက္တစ္ပ်က္ မူးေနသည့္ ေဆြ႔ရွန္းအား ျခံဝင္းထဲမွာ တစ္ေယာက္တည္း ခ်န္ရစ္ထားခဲ့ကာ ထြက္ေျပးသြားၾကေတာ့သည္။ သူ႔ေရွ႔မွာ ဝိုင္အိုးႀကီးသုံးလုံးရွိကာ တစ္လုံးမွာ လုံးဝအလြတ္ျဖစ္ေနသည္။

"ဒီဝုိင္က အရသာရွိတယ္......"

ရန္က်င္းျပန္လာတာကို ျမင္ေသာအခါ ေဆြ႔ရွန္းက လြတ္ေနသည့္ ဝိုင္အိုးအား အျပစ္ရွိစိတ္ေလးျဖင့္ ၾကည့္လုိက္သည္။ သူက ၾကိဳတင္ကာ စီးေျပာလိုက္၏။

"ငါမင္းအတြက္ နည္းနည္းေလာက္ ခ်န္ထားေပးခ်င္ေပမယ့္ မင္းငါ့ကို တကယ္ပဲ အျပစ္တင္လို႔ မရဘူးေနာ္။ အဲ့ဒီဝုိင္က အရင္ဆံုး စတာ။ သူက ငါ့ခြက္ထဲ သူ႔ဘာသာ ေလာင္းထည့္လာတာ။ ဘယ္သူက ခံနုိင္မွာလဲ....."

အမူးလြန္ေနေသာေၾကာင့္ေဆြ႔ရွန္း ၏ မ်က္လုံးမ်ားသည္ ေတာက္ပၿပီး တစ္လက္လက္ျဖစ္ေနသည္။ သူ႔ႏႈတ္ခမ္းမ်ားသည္ ဝိုင္မ်ားျဖင့္ စြန္းထင္းေနကာ သူ႔ကို ပို၍ပင္ ဆြဲေဆာင္မႈျဖစ္ေစ၏။ မတ္တပ္ရပ္လိုက္ေသာအခါတြင္ ယိုင္ထိုးထိုးျဖင့္ ေျခလွမ္းႏွစ္လွမ္း ဆုတ္သြားၿပီးမွ တေ႐ြ႕ေ႐ြ႕ျပန္တိုးလာသည္။

ရန္က်င္းက သူ႔ကိုယ္သူ မထိန္းထားနုိင္ေတာ့ေပ။ ေရွ႔သို႔ အျမန္အဆန္တိုးျပီး ထိုလူအား ဖမ္းထားလုိက္ရသည္။

ေဆြ႔ရွန္းက ဒါကို အခြင့္ေကာင္းယူလိုက္သည္။ သူက ခ်က္ခ်င္းပဲ ရန္က်င္းရဲ႕ခါးကို သိုင္းဖက္ၿပီး ရန္က်င္း ရဲ႕ရင္ဘတ္မွာ သူ႔မ်က္ႏွာကို ျမႇဳပ္ပစ္လိုက္ေလသည္။ သူအမ်ားၾကီး ေသာက္မိထားမွန္း သိတာေၾကာင့္ ရန္က်င္းသူ႔ကို အျပစ္တင္မွာ စိုးရိမ္ျပီး အေၾကာင္းအရာအား လိမၼာပါးနပ္စြာ ေျပာင္းလဲလိုက္သည္ေလ။

"ငါမူးေနျပီ။ အရမ္းအိပ္ခ်င္ေနျပီ။ အိပ္ခ်င္တယ္..."

ပထမေတာ့ အရမ္းမမူးေသးဘူး။ ဒါေပမဲ့ မတ္တပ္ရပ္လုိက္ျပီး ေလေအးေအးေလး ခံလိုက္ရေတာ့ ႐ုတ္တရက္ မူးေဝသြားသလို ခံစားလိုက္ရတာ။ ခံစားခ်က္က သူ႔ကို တကိုယ္လုံး ပူထူလာၿပီး စိတ္ေတြေဝဝါးလာေစသည္။ သူက ရန္က်င္းကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားျပီး လက္လႊတ္ရန္ ျငင္းဆန္လုိက္သည္။

"ငါ့ကိုခ်ီ"

ေနာက္ပို္င္းျဖစ္တာေတြကေတာ့ ေသခ်ာတာပဲေလ။ ဘာျဖစ္လို႔လဲဆုိေတာ့ အေျခအေနေတြ ကြက္တိက်ေနတဲ့ အခ်ိန္အခါမ်ိဳးမွာ ခ်စ္သူေတြၾကားက ကိေလသာ မီးေတြက ေတာက္ေလာင္မွာပဲ။ ဒီလိုပံုစံနဲ႔ ေဆြ႔ရွန္းကို နီးနီးကပ္ကပ္ ထိေတြ႔ေနရတဲ့ အခ်ိန္မွာ ရန္က်င္းက ဘယ္လိုမ်ား ဆက္ျပီး ေတာင့္ခံနုိင္မွာတဲ့လဲ?

လူတစ္ေယာက္က မသိလိုက္ပါပဲ ဆြဲေဆာင္ျဖားေယာင္းေနခဲ့တယ္

တစ္ဖက္လူကလည္း ဆႏၵေတြကို မ်ိဳသိပ္ထားရတာ အရမ္းၾကာေနခဲ့ျပီ

ဒီဆႏၵေတြက ေပၚလာတာနဲ႔ ထိန္းမနုိင္သိမ္းမရ ျဖစ္ျပီေလ။ ေဆြ႔ရွန္းက သူနဲ႔ ပတ္သတ္ရင္ လံုးဝ အေစာင့္အၾကပ္ မရွိဘူး။ ဒါေပမဲ့, ရန္က်င္းက ဘာပဲလုပ္ခ်င္ပါေစ သူက ေက်ေက်နပ္နပ္ၾကီး လက္ခံမွာ။ သူက တုန္ယင္ေနတဲ့ အေနအထားနဲ႔ ရန္က်င္းကို ဖက္တြယ္ထားရင္း တိုးညွင္းတဲ့ အသံေလးမ်ား ထြက္ေပၚေနသည္။

ရန္က်င္း၏ မ်က္လုံးမ်ားသည္ ႐ူးသြပ္မႈျဖင့္ ေတာက္ပေနသည္။ သူက စိတ္အရမ္းျမန္ျပီး သူ႔ရင္ခြင္ထဲကလူကို နာက်င္ေအာင္ လုပ္မိမွာ စိုးတဲ့အတြက္ ႏူးည့ံမွုေတြကို ထိန္းသိမ္းထားခဲ့ရတာ။ ဒါေပမဲ့ ဘယ္ေလာက္ပဲ ၾကိဳးစားပါေစ အေၾကာင္းျပခ်က္ အားလံုးကို ဆံုးရွံဳးသြားျပီေလ။

ေဆြ႔ရွန္းသည္ ေၾကာင္ျဖဴေလး တစ္ေကာင္ကဲ့သို႔ သက္ေတာင့္သက္သာရွိၿပီး ႏူးညံ့သိမ္ေမြ႕သည္။ သူက ရန္က်င္းဆီမွ ပြတ္သပ္နမ္းရွဳပ္၍ ထိေတြ႔ျခင္းအား ခံေနရကာ ႏူးည့ံသည့္ အသားအရည္ေပၚမွာ ထိန္းခ်ဳပ္မရသည့္ အနီမွတ္မ်ားစြာ ခ်န္ရစ္ထား၏။ သူသည္ ရန္က်င္း၏ လည္ပင္းအား သိုင္းဖက္ထားရင္း မ်က္လံုးမ်ားအား တစ္ဝက္မွ် ေမွးမွိတ္ထားကာ အေျပာင္းအလဲျမန္မႈႏွင့္ ေက်နပ္မႈတို႔ သိသိသာသာ ေရာေႏွာသြားသည္ကို ခံစားေနရရင္းျဖင့္ သူ႔အထက္မွာ ရွိေနသည့္ ထိုလူကိုသာ အားကိုးေနမိသလို ခံစားေနရသည္။

ထိုအခ်ိန္မွာပဲ စိတ္အားထက္သန္မႈ အလယ္မွာ ျပတ္သားသည့္ အာရံုတစ္ခုကို ရသြားသည္။ သူက ေခါင္းကို အနည္းငယ္ေမာ့လုိက္ျပီး ရန္က်င္းရဲ႔ နားထဲသို႔ ေလမွုတ္ထည့္လုိက္ကာ သူ႔အသံေလးက ဝမ္းသာမႈအျပည့္ျဖင့္ တုန္ရီေနေ၏။

"အားက်င္း ငါမင္းကိုအရမ္းႀကိဳက္တယ္..."

ရန္က်င္းရဲ႔ ေနာက္ဆံုးေသာ ခုခံမွုေလး လံုးဝ က်ိဳးပ်က္သြားေလျပီ။ သူက ေဆြ႔ရွန္းအား ဖက္တြယ္ထားရင္းျဖင့္ လက္ေျမွာက္ အရွံဳးေပးလိုက္ရေတာ့သည္။

......

ေရက်သံေလးမ်ား ၾကားေနရသည္။

ရွန္က်စ္ရွန္းသည္ သူ႔ကိုယ္သူ မွတ္ဉာဏ္ပံုရိပ္ေယာင္မ်ားထဲက အတင္းအၾကပ္ ဆြဲထုတ္လုိက္ျပီး သူ႔မ်က္နွာက နီရဲေန၏။ ရန္က်င္းက သူ႔ကို ဘယ္တုန္းက ေပြ႔ဖက္ထားမွန္း မသိေပမယ့္လည္း သူတို႔ရဲ႕ ခႏၶာကိုယ္ ႏွစ္ခုဟာ ေပ်ာ့ေပ်ာင္းတဲ့ ကုတင္ေပၚမွာ ေပြ႕ဖက္ထားၿပီး အထူးရင္းႏွီးတဲ့ အေနအထိုင္နဲ႔ ရွိေနၾကသည္

ရွန္က်စ္ရွန္းက ေဒါသတၾကီးျဖင့္ ရန္က်င္းရဲ႔ နွဖူးအား ဖတ္ခနဲ ရိုက္ထည့္လုိက္ကာ သူ႔နွဖူးပါ နာသြားသလို ခံစားလုိက္ရသည္။

"မင္းက အၾကံဆုိးၾကီးနဲ႔ပဲ"

ရန္က်င္းက သေဘာတူဟန္ျဖင့္ အသံ ထြက္လာျပီး လံုးဝကို မျငင္းဆန္ေပ။

သူ ရွန္က်စ္ရွန္းရဲ႔ ေတာင္းဆိုမွုကို မျငင္းဆန္နုိင္ေပမယ့္ ရွန္က်စ္ရွန္းက အေရပါးမွန္းေတာ့ သူသိတယ္။ ဒီမွတ္ဉာဏ္ေတြကို ျမင္တဲ့အခ်ိန္မွာ ပံုရိပ္ေယာင္ၾကားထဲက မရုန္းထြက္ပဲ ေနနုိင္မွာ မဟုတ္ဘူး။

အခုခ်ိန္မွာ သူ႔ေရွ႔မွာ ရွိေနတဲ့ ရွန္က်စ္ရွန္းက အရမ္းကို ေကာင္းမြန္ျပီး သြက္လက္တက္ၾကြတဲ့အျပင္ ေတြးေခၚမွု ျမန္ဆန္တယ္။ ေနာက္ပုိင္း အခက္အခဲေတြကို သူ ရွန္က်စ္ရွန္းကို မသိေစခ်င္ဘူး။

ရွန္က်စ္ရွန္းက အရမ္းေကာင္းတယ္။ သူအမ်ားၾကီး မခံစားရသင့္ဘူး

သို႔ေပမယ့္ ရွန္က်စ္ရွန္းက ရန္က်င္းအား အေၾကာင္းအရာကို ေျပာင္းလဲခြင့္ မျပဳသလုိ ရန္က်င္းရဲ႔ မွတ္ဉာဏ္ ပံုရိပ္ေယာင္ထဲလည္း ျပန္မဝင္ေပ။ သူက ေခါင္းေလးအား အနည္းငယ္ေစာင္းကာ ခန္႔မွန္းလိုက္သည္။

"ေနာက္ပိုင္းမွာ ငါအၾကာၾကီး မခံခဲ့ဘူး ဟုတ္တယ္မွတ္လား?"

အဆံုးမွာေတာ့ သူ႔မွာ ေထာက္ပံ့ေပးနုိင္မည့္ အရိုးမရွိဘူးေလ။ ဝိညာဥ္စြမ္းအားတစ္ခုထဲနဲ႔ လုပ္ထားတဲ့ ခႏာၱကိုယ္က အၾကာၾကီး ခံမွာ မဟုတ္ဘူး။ သူ႔ဝိညာဥ္ကိုလည္း ထိန္းသိမ္းထားလုိ႔ မရနုိင္ဘူး။ ဒါေပမဲ့ ရန္က်င္းက သူျပန္လည္ ေမြးဖြားနုိင္မယ့္ တစ္ျခားနည္းလမ္းကို စဥ္းစားခဲ့တယ္။

ရန္က်င္းက တီးတိုးေျပာသည္။

"ဝိညာဥ္ရွာေဖြျခင္းျမက္က ရင့္မွည့္လာခဲ့တယ္။ သူက ဝိညာဥ္ကို ခုိင္ခံ့ေအာင္ လုပ္ေပးနုိင္တဲ့အျပင္ အခ်ိန္ကိုလည္း ေနာက္ျပန္သြားနုိင္ေစတယ္....."

သူ, စီေဖးနဲ႔ ေခါင္းေျပာင္ဘုန္းၾကီး -- သူတို႔သံုးေယာက္က သူတို႔ရဲ႔ အသက္မ်ားအား စေတးျပီး ကမာၻၾကီးတစ္ခုလံုးအား ေလာင္းေၾကးထပ္ကာ အခ်ိန္၏ ဂီယာကို ေျပာင္းျပန္လွန္ႏိုင္ခဲ့သည္။ သူတို႔က အမွားအယြင္း လုံးဝ မျဖစ္ပြားေသးသည့္အခ်ိန္သို႔ ျပန္လွည့္လာၾက၏။

ဤအခက္အခဲမ်ားႏွင့္ ပတ္သက္၍ သာမန္လူမ်ားပင္ စိတ္ကူးၾကည့္လုိ႔ မရႏိုင္တာေၾကာင့္ ရွန္က်စ္ရွန္း အေနျဖင့္ ၎တို႔အား ခံယူရန္ မလိုအပ္ေပ။

ရန္က်င္းက ဘာမွမေျပာေပမယ့္လည္း ရွန္က်စ္ရွန္းက အခ်က္တစ္ခု နွစ္ခုကိုေတာ့ ခန္႔မွန္းလို႔ ရနုိင္သည္။ သူ႔နွလံုးသားက စတင္ ခ်ဥ္စူးလာရ၏။ သူက ရွက္ရြံ႔မွုမ်ားအားလံုးကို ေဘးဖယ္ထားလုိက္ျပီး ရန္က်င္းအားလွည့္ဖက္ထားလုိက္သည္။ ထို႔ေနာက္ သူ႔နွုတ္ခမ္းေထာင့္ေလးအား နမ္းလုိက္ကာ တီးတိုးေျပာလိုက္ေလသည္။

"....အဆင္ေျပသြားျပီ။ ငါတို႔အားလံုး အခု အဆင္ေျပျပီေလ"

သူက ခဏေလာက္ စဥ္းစားျပီးေနာက္ ထပ္ေမးေလသည္။

"ဒါဆုိ အခု ဘာေတြျဖစ္ေနျပီလဲ? ဒီမွာ ဝိညာဥ္ရွာေဖြျခင္းျမက္ တစ္ခုပဲရွိတာေလ အဲ့ဒါက ေရွာင္းေခ်ာင္ယပဲ။ ဒါဆို ဘာလို႔ လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းက ဝမ့္လင္းျမိဳ႔မွာ ေနာက္တစ္ခု ထပ္ေတြ႔ခဲ့ရတာလဲ?"

"အရင္ဘဝတုန္းက ဝိညာဥ္ရွာေဖြျခင္းျမက္က အ႐ြယ္ေရာက္ၿပီးတာနဲ႔ ဝိညာဥ္တစ္ခုကို ဖန္တီးခဲ့တယ္။ ဘာလိုလဲေတာ့ မသိေပမယ့္ သူက က်ြန္ေတာ္တို႔နဲ႔အတူ ျပန္ေမြးဖြားလာခဲ့တာ။ ဝမ့္လင္းျမိဳ႔မွာ ရွိတဲ့တစ္ခုက ျဖစ္နုိင္တာ......"

ရန္က်င္းက စကားအမ်ားၾကီးေျပာခဲလွသည္။ သူက ခဏတာ ရပ္တန္႔သြားျပီးေနာက္မွာ မေရမရာသည့္ အေျခအေနတစ္ခု ေျပာလာ၏။

"သူ႔ဝိညာဥ္တစ္ခုပဲ"

ရွန္က်စ္ရွန္းက လန္႔သြားမိသည္။ သူက တိတ္တဆိတ္ ေျပာေလသည္။

"အဲ့ဒီလိုလား? ေရွာင္းေခ်ာင္ယက မင္းကို အရမ္းကယ္တြယ္ေနတာ အ့ံၾသစရာ မရွိေတာ့ဘူး။ လတ္စသတ္ေတာ့ မင္းက သူ႔ကို ၾကီးေအာင္ ေမြးျမဴခဲ့တာကိုး.....ဒါဆို မင္းဒီကို ဘယ္လိုေရာက္လာတာလဲ? မင္းအခု ေတာင္ေပၚမွာလား? မေန႔က ငါနိုးလာေတာ့ မင္းကို ရွာမေတြ႔ဘူး"

ရန္က်င္းက ေခါင္းခါျပသည္။

"က်ြန္ေတာ္က ဒီအတိုင္း ပံုရိပ္ေယာင္တစ္ခုပါ။ စာခ်ဳပ္ေၾကာင့္လားေတာ့ မသိေပမယ့္ က်ြန္ေတာ္ စြန္႔ပစ္ေျမကေန စီမံနုိင္တယ္"

ဒါက အခုတစ္ေလာကမွ သူရွာေတြ႔ထားသည့္ စာခ်ဳပ္၏ လုပ္ေဆာင္ခ်က္ အသစ္ျဖစ္သည္။ သူက စြန္႔ပစ္ေျမမွာပဲ ရွိေနေသးျပီး အခ်ိန္အေတာ္ၾကာေအာင္ ႐ုန္းမထြက္ႏိုင္ေသာ္လည္း ရွန္က်စ္ရွန္းကိုေတာ့ သူ႔ရင္ထဲမွာ အျမဲတမ္း သတိရေနခဲ့သည္။

သူ႔ရဲ႔ အေတြးမ်ားနဲ႔ စိတ္အားထက္သန္မွုမ်ားက အရမ္းျပင္းထန္တာေၾကာင့္လား မသိေသာ္လည္း စာခ်ဳပ္က ဆက္တုိက္ ပူတက္လာခဲ့သည္။ ရလဒ္ကေတာ့ သူသည္ ထိုလွ်ိဳ႔ဝွက္နည္းပညာကို ကြၽမ္းက်င္ပိုင္ႏိုင္သြားခဲ့ျပီး ရွန္က်စ္ရွန္းအား ခ်ိတ္ဆက္ကာ သူနဲ႔ အဆက္အသြယ္ မျပတ္ေစခဲ့ေတာ့ျခင္းပင္။

သို႔ေသာ္ ဤလွည့္ကြက္၏ အက်ိဳးသက္ေရာက္မႈသည္ အလြန္တိုေတာင္းလွသည္။ ညဘက္တြင္ အခ်ိန္တိုအတြင္းသာ ထိန္းသိမ္းထားႏိုင္သည္။ ေနရဲ႕ ပထမဆုံးအလင္းေရာင္ ထြန္းလင္းလာတဲ့အခါ အက်ိဳးသက္ေရာက္မႈက ေပ်ာက္ကြယ္သြားလိမ့္မယ္သာ။

ရွန္က်စ္ရွန္းက ေခါင္းေမာ့လိုက္ျပီး ရန္က်င္းရဲ႔ ပါးကို ဆြဲညွစ္ကာ စိတ္လွဳပ္ရွားစြာျဖင့္ ထေအာ္ေျပာေလသည္။

"ဒီစာခ်ဳပ္က အရမ္းစြမ္းအားၾကီးတာပဲ။ အားက်င္းရဲ႔ ပံုရိပ္ေယာင္က အရမ္းကို အစစ္အမွန္ ဆန္လြန္းတယ္"

သူက ရန္က်င္းရဲ႔ တစ္ဖက္ကိုလည္း သြားၾကည့္ခ်င္တာေၾကာင့္ ဒီလုပ္ေဆာင္ခ်က္ကို ဘယ္လိုလုပ္ထားတာလဲဟု ေမးရန္ လုပ္လိုက္တဲ့ အခ်ိန္မွာပင္ ထိုစကား ထြက္မလာခင္ေလးမွာ အျပင္ဘက္က ကန္႔သတ္စည္းက ျပင္းစြာ လွုပ္ရမ္းသြားသည္ကို ခံစားလိုက္ရသည္

—တစ္စံုတစ္ေယာက္က သူလုပ္ထားတဲ့ ကန္႔သတ္စည္းကို ခ်ိဳးျဖတ္ဝင္ေနတာပဲ

"ဂိုဏ္းတူ တူေလး! ရွန္ေလး!အာ, မင္းျပန္လာျပီလား?"

စတုတၳအၾကီးအကဲက ခ်င္းယြင္ဂိုဏ္းကို ျပန္ေရာက္တာနဲ႔ ရွန္က်စ္ရွန္း တံခါးပိတ္ တရားက်င့္ရာကေန ထြက္လာျပီး နွလံုးဒဏ္ရာလည္း ေကာင္းသြားျပီဆုိတဲ့ သတင္းအား ၾကားလိုက္ရသည္။ စတုတၳအၾကီးအကဲက အလြန္ထိတ္လန္႔သြားကာ ေနာက္ေန႔ မနက္ထိ မေစာင့္နိုင္ေတာ့ေပ။ သူက လူမ်ားအား ေရွာင္ရွားကာ ပဥၥမေတာင္ကုန္းရွိရာသို႔ အေျပးအလႊား ေရာက္လာခဲ့သည္။

သူက လ်င္ျမန္စြာ လာခဲ့ျခင္းျဖစ္ျပီး ဂ်ဴနီယာတပည့္ေလးမ်ားကိုပင္ သတင္းပို႔ခြင့္မေပးပဲ သူကိုယ္တုိင္ ေတာင္ေပၚ တက္လာခဲ့ျခင္းျဖစ္၏။ သူက ရွန္က်စ္ရွန္းကို ရွာဖို႔ အရမ္းစိတ္ေလာေနသည့္အတြက္ ရွန္က်စ္ရွန္းရဲ႔ ကန္႔သတ္စည္းကို ခ်ိဳးျဖတ္ဝင္မိသြားသည္။

ထို႔ေနာက္မွာေတာ့ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားရေတာ့ေလသည္။

ရွန္က်စ္ရွန္းက ရန္က်င္းရဲ႔ ေျခေထာက္မ်ားေပၚမွာ ေဘးတစ္ေစာင္း ထုိင္ေနသည္။ သူတို႔ရဲ႔ ေခါင္းမ်ားက အတူတကြ နီးကပ္ေနၾကျပီး ရန္က်င္းရဲ႔ လက္မ်ားက ရွန္က်စ္ရွန္း၏ ခါးအား သိုင္းဖက္ထား၏။ ထိုအခ်ိန္မွာ ရွန္က်စ္ရွန္းရဲ႔ လက္မ်ားကေတာ့ ရန္က်င္းရဲ႔ လည္ပင္းကို ဖက္တြယ္ေနခဲ့သည္။ နွစ္ေယာက္က အလြန္ကို နီးကပ္ေနတာပင္။

စတုတၳအၾကီးအကဲသည္ မလွဳပ္ရွားနုိင္ေလာက္ေအာင္ ထိတ္လန္႔သြားသည္ဟု သူ႔ကိုယ္သူ ထင္လိုက္မိသည္။ ေလတိုက္ခတ္လာရင္ သူေသခ်ာေပါက္ လြင့္ပ်ယ္သြားမွာပဲ

သူကေနာက္သို႔ ေတာင့္တင္းစြာျဖင့္ ဆုတ္သြားျပီး တည္ျငိမ္ခ်င္ေယာင္ ေဆာင္လုိက္သည္။

"ဂိုဏ္းတူ တူေလး, ဂိုဏ္းတူ တူေလးရဲ႔ တပည့္, ေကာင္းေသာညပါ။ မင္းတို႔ အလုပ္မ်ားေနတာပဲ။ ငါအရင္ ျပန္နွင့္မယ္ေနာ္....."

===============

Continue Reading

You'll Also Like

159K 7.7K 6
ဒါက main story မဟုတ္ပါဘူး... extra ေလးပါ! Extra ဆုိတဲ့အတုိင္းပဲ Main story ကို ဖတ္ထားမွ နားလည္မွာေလးေတြ ရွိပါတယ္! Main story ကို မဖတ္ရေသးရင္ေတာ့ 🚨...
79K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
14.1K 940 59
(ဂျင်ဝမ်သည် သူရဲ့ချစ်လှစွာသော ငါးဟာ ချောမောလှပတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်ဆိုတာ Part-32 မှာသိခဲ့ရပါတယ်။) တစ်နေ့တွင် လီယုသည် ငါးအဖြစ်သို့ က...
282K 43.6K 74
Title - Rebirth As a fatuous and self-indulgent ruler Type- Web novel(CN) Genre- Historical, Martial Arts,Romance,Slice of life,Yoai Author- Blood En...