Unicode
အခန်း(၆၅) - ဝိညာဉ်အိမ်မက်
ထိုအချိန်မှာ ရှန်ကျစ်ရှန်းက လက်ရှိ ရှန်ကျစ်ရှန်း မဟုတ်ပေ ; သူသည် ထိုနှစ်၏ စိတ်ဓာတ်မြင့်မားသော လူငယ်လေးမျှသာဖြစ်သည်။
မူလက တော်ဝင်ပြီး လွတ်လပ်ပေါ့ပါးလှသည့် လူငယ်လေးက ဖျတ်ဆီးခံလိုက်ရကာ ပြောင်မြောက်လွန်းသော ဘဝကံကြမ္မာသည် ကြီးမားလှသည့် ပြက်လုံးတစ်ခု ဖြစ်လာခဲ့ပြီး သူသည် ဘယ်တော့မှ 'သူကိုယ်တိုင်' ပြန်မဖြစ်နိုင်တော့ဘူးဟု ယုံကြည့်နေမိ၏။ ဒါသည် လူငယ်လေး ဆွေ့ရှန်းဖြစ်ပြီး သူမဟုတ်ခဲ့။
နှစ်ပေါင်းများစွာ ကြာသွားပြီး ကိစ္စများစွာ တွေ့ကြုံပြီးနောက်မှာ နောက်ဆုံးတွင် သူသည် ပြီးပြည့်စုံသော လူငယ်ဘဝကို ပြန်လည်ရရှိခဲ့သည်။
သို့သော် ဒီလူငယ်လေး ဆွေ့ရှန်းက ယခင်ကလိုမျိုး လွယ်ကူပြီး အကန့်အသတ် မရှိသောသူတစ်ယောက် မဟုတ်နိုင်တော့။သူသည် များစွာသော အရာများအား ဆုံးရှုံးခဲ့ရပြီး ပြန်ရောက်လာခဲ့သည့် ငြိမ်သက်အေးဆေးမှု နောက်ကွယ်မှာ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေခဲ့သည်။
ရှန်ကျစ်ရှန်းသည် သူနှာခေါင်းများ ချဉ်စူးလာသလို ခံစားလိုက်ရလေသည်။ သူ့မျက်လုံးများက ပူလောင်နေပြီး ခံစားချက်မျိုးစုံက သူ့ရင်ဘက်ထဲ ထိုးတက်လာခဲ့တာကြောင့် သူ့ကို မတည်မငြိမ် ဖြစ်စေ၏။
ရန်ကျင်းက ခဏမျှ အေးခဲသွားပြီးနောက်မှာ အနားတိုးကပ်သွားပြီး ထိုလူသားလေးကို ရင်ခွင်ထဲ ဆွဲဖက်ထားပေးလိုက်သည်။
ဟိုးတုန်းက ဆွေ့ရှန်းက ရန်ကျင်းအသေးလေးကို ရင်ခွင်ထဲ ထည့်ပေးထားတုန်းကလိုမျိုးပဲ
ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ ခါးတစ်ဝိုက်အား သူ့လက်မောင်းများဖြင့် သိုင်းဖက်လိုက်ကာ ရန်ကျင်းရဲ့ လက်မောင်းကြားထဲသို့ မျက်နှာကို မြှုပ်နှံထားလိုက်ပြီး သန်မာလှသည့် နှလုံးခုန်သံကို နားထောင်နေမိသည်။ သူက ကျဆင်းလာမည့် မျက်ရည်များအား ထိန်းထားရင်း သူ့ခံစားချက်များ တည်ငြိမ်စေအောင် ကြိုးစားနေ၏။
ရန်ကျင်းက ဘာစကားမှ မဆိုပေ။ သူက ချိုမြိန်တဲ့ စကားများကို ကောင်းကောင်း မပြောတတ်သလို ဆွေ့ရှန်းက ရန်ကျင်းအသေးလေးကို ပြောပေးခဲ့သည့် စိတ်ဝင်စားဖွယ်ကောင်းသော စကားများလည်း မပြောတတ်။ သူ့အနေနဲ့ ရှန်ကျစ်ရန်းအား အနွေးထွေးဆုံးဖြင့် အစွမ်းကုန် ပွေ့ဖက်ပေးဖို့သာ လုပ်ပေးနိုင်သည်။
ရှန်ကျစ်ရှန်းသည် ဒီလိုပုံစံနဲ့ ဘယ်လောက်ကြာအောင် နေမိသည်အား မသိတော့ပေ။ နောက်ဆုံးတော့ နောက်ပြန်ဆုတ်လိုက်ပြီး ရန်ကျင်းအား လွှတ်ပေးလိုက်ကာ ကိုယ်မတ်ပြီး ထိုင်လိုက်သည်။ သို့သော်လည်း ထိုအချိန်မှာ ရန်ကျင်းက ခေါင်းငုံ့လိုက်ကာ သူ့လက်ကို မြှောက်လိုက်ပြီး ရှန်ကျစ်ရှန်းရဲ့ မျက်နှာကိုအုပ်ကိုင်လိုက်ရင်းဖြင့် အနည်းငယ် ပင့်မြှောက်လိုက်လေသည်။ ထို့နောက် ရှန်ကျစ်ရှန်း၏ မျက်လုံးထောင့်စွန်းလေးများအား နူးညံ့သော အနမ်းတစ်ခု ပေးလိုက်သည်။
ရှန်ကျစ်ရှန်းက သတိလက်လွတ် ဖြစ်သွားမိ၏။ ရန်ကျင်းရဲ့ နွေးထွေးလှသည့် အသက်ရှုသံက သူ့မျက်လုံးထောင့်လေးများဆီ လာရောက်ရိုက်ခတ်သည်ကိုသာ ခံစားလိုက်ရကာ မသိစိတ်မှ ခေါင်းမော့ကြည့်မိသည်။ ရန်ကျင်းရဲ့ နှုတ်ခမ်းများက သူ့ပါးပြင်ဆီသို့ ကျဆငးလာခဲ့ပြန်သည်။
သူ့နားတွေ ချက်ချင်းနီရဲတက်လာကာ ဒီလို အလင်းမှိန်မှိန်လေးအောက်မှာ ရန်ကျင်းက သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ပါစေနဲ့ဟု မျှော်လင့်နေမိသည်။ သူက နောက်ကို အနည်းငယ် စောင်းလိုက်ပြီး သူ့လက်ပေါ်က ရန်ကျင်းရဲ့ လက်များအား ဆုပ်ကိုင်ကာ မေးလိုက်လေသည်။
"မင်း ဘာလုပ်နေတာလဲ?"
သူ့လေသံက အေးဆေးတည်ငြိမ်ပြီး နှာသံလေး အနည်းငယ် ပါဝင်နေသည်။ သို့ပေမယ့် ရန်ကျင်းက စကားမပြန်ပေ။ သူ့လက်များက အောက်ကို နိမ့်ဆင်းကြလာခဲ့ကာ ရှန်ကျစ်ရှန်းရဲ့ ခါးအား လက်မောင်းတစ်ဖက်တည်းဖြင့် သိမ်းပွေ့လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဒူးကွေးအောက်ကနေ ချိတ်တွယ်လိုက်သည်။ ထို့နောက် ရှန်ကျစ်ရှန်းအား အနားသို့ ဆွဲတင်၍ မြှောက်ချီလိုက်၏။
ရုတ်တရက်ကြီး မင်းသမီးပုံစံ သယ်မခံလိုက်ရတာကြောင့် ရှန်ကျစ်ရှန်းက ထိတ်လန့်သွားမိကာ အံ့အားတစ်သင့် အသံလေးတစ်ခု ထွက်လာသည်။ သူကသတိလက်လွတ်ဖြင် ရန်ကျင်းရဲ့ လည်ပင်းအား ချိတ်တွယ်လိုက်မိလေသည်။
"ငါ့ကိုပြန်ချပေး......"
ရန်ကျင်းက သူ့အား တောင်စွန်းတစ်ခုနဲ့ မနီးမဝေး နေရာထိ ချီသယ်သွားကာ အောက်ချပေးလိုက်သည်။ လက်တစ်ဖက်ကတော့ ရှန်ကျစ်ရှန်းရဲ့ ခါးအား တင်းကြပ်စွာ ဖက်ထားဆဲပင်.
ရှန်ကျစ်ရှန်းက အဝေးကို လှမ်းငေးကြည့်နေမိသည်။ သူ့မှတ်ဉာဏ်တွေ ပြန်ကောင်းလာပေမယ့် လှေကားထစ်ကို နင်းပြီး ပြုတ်ကျသေဆုံးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့မရနိုင်ပေ။ အမြင့်ကြောက်သည့် ရောဂါက ရှိနေသေးသည်သာ။ သူက အောက်ခြေမရှိသည့် ချောက်ကမ်းပါးစွန်းသို့ တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် ရန်ကျင်းရဲ့ ရင်ခွင်ထဲ ပြန်မှီထားလိုက်သည်။
ရန်ကျင်း ဘာလုပ်ချင်လဲ ဆိုတာကို သူခန့်မှန်း ကြည့်လို့ ရနိုင်သည်။ မတိုင်ခင်တုန်းက သူက အမြင့်ကြောက်ပေမယ့် ဒီနေရာက ရှုခင်းကို ကြည့်ချင်တယ်ဟု ပြောဘူးတာကြောင့်ပင်။ ရန်ကျင်းက သူ့ဆန္ဒလေးကို အကောင်အထည်ဖော်ဖို့ ကူညီပေးချင်နေတာ ဖြစ်နိုင်သည်။
ညအမှောင်ထုက မှိန်ဖျော့နေပြီး ကြယ်ရောင်များ မှိုင်းပြပြ ဖြစ်နေကာ ကြည့်စရာ ဘာမှ သိပ်မရှိသော်လည်း ရန်ကျင်းရဲ့ စိတ်ရင်းမှန်လှသည့် ရည်ရွယ်ချက်များသည် ရှန်ကျစ်ရှန်းအား အများကြီး ပိုသက်သာသွားစေသည်။
ရန်ကျင်းက သူ့လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။
သူ့လက်ဖဝါးကနေ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ရှန်ကျစ်ရှန်းက အေးခဲသွားခဲ့ကာ ရန်ကျင်းရဲ့ လက်ဖဝါးပေါ်မှာ ပေါ်လာသော ရင်းနှီးနေသည့် မြက်ညွှန့်လေးအား ကြည့်လိုက်မိသည်။
"သူလည်း.....စိတ်ဝိညာဉ်ခြေရာခံမြက်ပဲလား?"
ရန်ကျင်းက 'အင်း' ဟုပြန်ဖြေပြီးမှ နူးညံ့စွာ ထပ်ပေါင်းပြောသည်။
"သိပ်မကြာသေးခင်ကမှ ရှာတွေ့ခဲ့တာ"
သူ့စကားလုံးများရဲ့ အဓိပ္ပါယ်က မရှင်းလင်းပေ။ ရှန်ကျစ်ရှန်းသည် သူပြောတဲ့ သိပ်မကြာခင်ဆိုတာက ရှောင်းချောင်ယဟာ စိတ်ဝိညာဉ်ခြေရာခံမြက်မှန်း သိပ်မကြာခင်ကမှ သိခဲ့တယ် ဆိုတာလား ဒါမှမဟုတ် သူ့မှတ်ဉာဏ်တွေ ပြန်လည်ကောင်းမွန်လာပြီး တစ်စုံတစ်ခုကို သိသွားခဲ့တာလား ဆိုတာအား မပြောပြနိုင်ခဲ့။
ရှောင်းချောင်ယက အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့ပြီး အခုတစ်လောမှ ပြန်လည်နိုးလာခြင်းဖြစ်သည်။ သူက ရန်ကျင်းရဲ့ လက်ဖဝါးပေါ်ကနေ ပျော်ပျော်ရွှင်ရွှင် ခုန်ဆင်း၍ ရှန်ကျစ်ရှန်းရဲ့ ပုခုံးပေါ် ခုန်တက်သွားလိုက်ပြီး သူ့ဆံပင်များအား သုံး၍ လျှောဆင်းသွား၏။
"Chirp! Chirp!"
ရှောင်းချောင်ယ ထွက်သွားပြီးနောက်မှာ ရန်ကျင်းက သူ့လက်ဖဝါးအား ပိတ်လိုက်ပြီး နောက်တစ်ဖန်ပြန်ဖွင့်လိုက်ပြန်သည်။ ဒီတစ်ခေါက်တော့ သူ့လက်ဖဝါးထဲမှာ မက်မွန်ကိုင်းတစ်ကိုင်း ပေါ်လာသည်။
ပန်းပွင့်အကိုင်းအခက်ပေါ်တွင် မက်မွန်ပွင့် သုံး၊ လေးပွင့်ရှိနေဆဲဖြစ်ပြီး တစ်ခုမှာ ပွင့်အာနေဆဲဖြစ်ကာ အလှပဆုံးအချိန်၌ ရှိနေစေရန် နည်းလမ်းအချို့ဖြင့် ထိန်းသိမ်းထားသည်။
ရှန်ကျစ်ရှန်းသည် ဤပန်းပွင့်အကိုင်းအခက်ကိုမြင်သောအခါ တုံ့ဆိုင်းသွားပြီး ပြောလာ၏။
"ဒါက..."
"ဒါက ကျွန်တော့်ကို လျှို့ဝှက်နယ်မြေထဲမှာ ဆွေ့ရှန်း ပေးခဲ့တဲ့ ပန်းပွင့်အခက်ပဲ" ရန်ကျင်းက တိုးတိုးလေးပြောသည်။ သူ့အသံထဲမှာ အပြုံးဖျော့ဖျော့လေး ပါနေသည်။
"ကျွန်တော် အရမ်းပျော်ပြီး အရမ်းလည်းကြိုက်တယ်။"
ရှန်ကျစ်ရှန်းသည်လည်း မှတ်မိသွားသည်။ ဒါကတကယ့်ကို လျှို့ဝှက်မြေမှာတုန်းက မက်မွန်ခက်လေးပင်။ သူက ထိုသစ်ကိုင်းအား ဓားအဖြစ်ပြောင်း၍ ရန်ကျင်းကိုပေးခဲ့ခြင်းဖြစ်သည်။
မက်မွန်ခက်လေးက ပြီးပြည့်စုံခြင်း မရှိပေ။ အထူးသဖြင့် ထိုသရဲတစ္ဆေငယ်လေးများကို သတ်ရန် အသုံးပြုခဲ့တာကြောင့် ဖြစ်သည်။ သူက ရန်ကျင်းကို ထိုအခက်လေး ပေးခဲ့ပေမယ့် ရင်ထဲတော့ ထည့်မထားခဲ့။ ရန်ကျင်းက ဒါကို လွှတ်ပစ်ပြီးနေလောက်ပြီလို့ ထင်ခဲ့ပေမယ့်လည်း သူက း ၎င်းကို အဖိုးတန်ရတနာတစ်ခုလိုမျိုး ဒီလောက်ကြာတဲ့အထိ သိမ်းဆည်းထားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ?
ရှန်ကျစ်ရှန်းသည် ရုတ်တရက် အနည်းငယ်နောင်တရသွားသည်။ သူက ရန်ကျင်းရဲ့အင်္ကျီလက်စကို ဆွဲကိုင်လိုက်ပြီး အလေးအနက် ပြောလိုက်၏။
"ဒီပန်းက အဆင်မပြေဘူး။ ပိုလှတဲ့ ပန်းတစ်ပွင့်ကို လက်ဆောင်ပေးမယ်။"
ရန်ကျင်းက စကားမပြောပေ။ သူက သစ်ကိုင်းခက်လေးအား သူ့ရှေ့သို့ ပြန်ဆွဲယူလိုက်ပြီး မြေဆီလွှာထဲ စိုက်ထားလိုက်သည်။ သူက တိုးတိုးလေး ပြောလာ၏။
"ရှောင်းချောင်ယ"
ရှောင်းချောင်ယက တစ်ကျွိကျွိ အော်မြည်လိုက်ကာ ရှန်ကျစ်ရှန်းရဲ့ ဆံနွယ်အဖျားကနေ တွန့်ဆုတ်ဆုတ်နဲ့ လွှဲယမ်းကာ ပျံသန်းလိုက်သည်။ သူက သစ်ကိုင်းခက်လေးပေါ်မှာ လှည့်ပတ်ကာ စက်ဝိုင်းပုံစံလှည့်လိုက်သည်။ အစိမ်းရောင် အလင်းဖျော့ဖျော့လေးက သစ်ကိုင်းနဲ့ တစ်ဖြည်းဖြည်း ပေါင်းစည်းသွားလေသည်။
ထိုသစ်ခက်လေးက ပိုပိုပြီး ကြီးထွားလာခဲ့ကာ နောက်ဆုံးမှာတော့ ခိုင်ခံသည့် မက်မွန်ပင်ကြီး တစ်ပင်ဖြစ်လာသည်။ မက်မွန်ပန်းလေးများက အကိုင်းအခက်လေးများဆီမှ ဖြာထွက်ကာ ပွင့်ဖူးလာကြ၍ တစ်ချို့ကတော့ အဖူးလေးများ အဖြစ် ကျန်ရစ်၏။ လေပြေက ဝေ့ဝဲတိုက်ခတ်သွားတဲ့ အချိန်မှာ နူးညံ့သည့် ပွင့်ချပ်လေးများသည် ရှန်ကျစ်ရှန်းရဲ့ မျက်လုံးရှေ့သို့ ဖြတ်ကျော်သွားလေသည်။
ရှန်ကျစ်ရှန်းက အံ့အားသင့်သွားမိလေသည်။ ခဏမျှအကြာမှာ မြေပြင်ပေါ် ကားယားလေး ထိုင်ချ၍ ပင်ပန်းတစ်ကြီး အသက်လုရှုနေသည့် ရှောင်းချောင်ယအား ကြည့်လိုက်ပြီး သက်ပြင်းချမိသည်။
".....ရှောင်းချောင်ယက တကယ် အံ့သြဖို့ကောင်းတယ်"
ထိုစကား ကြားသောအခါ ရှောင်းချောင်ယ တစ်ယောက် စိတ်အားတက်ကြွလာတော့သည်။ သူက ဂုဏ်ယူစွာဖြင့် အရွက်များကို ပစ်လွှတ်ပြကာ ခန္ဓာကိုယ်ကို လိမ်ယှက်ပြီး ခုန်တက်လာပြန်သည်။
ရှန်ကျစ်ရှန်းသည် ၎င်း၏ အောင်ပွဲခံသည့် အမူအရာကို မြင်ပြီး ရယ်မိတော့လေသည်။ သူက ရန်ကျင်းအား စိတ်လက်ပေါ့ပါးစွာဖြင့် ပန်းပွင့်များ ဝေဆာနေသည့် သစ်ပင်အောက်တွင်ထိုင်ရန် ဆွဲခေါ်သွားသည်။
"ဒါက ရိုမန့်တစ်ဆန်ပုံရတယ်၊ လမရှိတာတော့ ဆိုးတာပဲ"
ဒီမြင်ကွင်းက အရမ်းကောင်းလွန်းလို့ အရင်က ဖြစ်နေခဲ့တဲ့ စိတ်ဒုက္ခတွေတောင် ပယ်ရှားသွားပြီး သူ့ကို ရယ်မောပျော်ရွှင်စေတယ်။ ဒီပျော်ရွှင်စရာ အလိုက်အတန့်လေးကို သူတန်ဖိုးထားမိတယ်။
ရန်ကျင်းက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလာသည်။
"အကယ်၍ ဆွေ့ရှန်း လိုချင်တယ်ဆိုရင် ရစေရမှာပေါ့"
သူက သူ့လက်ချောင်းများအား ညွှန်ပြလိုက်ပြီး ထူးဆန်းသည့် ဂါထာတစ်ပုဒ်အား ရွတ်ဆိုလိုက်သည်။ ရှန်ကျစ်ရှန်းသည် သူဘယ်လို စာသားမျိုး ရွတ်ဆိုလိုက်လဲ ဆိုတာ မသိသော်လည်း မြေပြင်ပေါ်မှ အတားအဆီးတစ်ခု တက်လာပြီး သစ်ပင်များအား ဖုံးအုပ်သွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှုခင်းသည် ရုတ်တရက် အုံ့ဆိုင်းသွားပြီးနောက် တဖြည်းဖြည်းနှင့် အမှောင်ထုကြားတွင် တောက်ပနေသော ကြယ်ပွင့်လေးများ လေထဲသို့ တဖြည်းဖြည်း ပေါ်လာသည်။ ဤအလင်းတန်းများသည် ညကောင်းကင်သို့ ဖြည်းညှင်းစွာ တက်လာပြီး ထွန်းလင်းတောက်ပလာကာ လရောင်အဖြစ် စုစည်းသွား၏။
ရှန်ကျစ်ရှန်းသည် တောက်ပသော လဝန်းကြီးအား ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူက နူးညံသည့် အပြုံးတစ်ပွင့်ဖြင့် လရောင်ခြည်တန်းလေးအား လှမ်းဖမ်းရန် လက်မြှောက်လိုက်လေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ဖြင့် ပြောလိုက်သည်။
"အားကျင်းက အရွယ်ရောက်လာတော့ လူတွေကို ပျော်အောင်တောင် လုပ်ပေးနိုင်ပြီပဲ"
သူက တောက်ပတဲ့ လရောင်အား ကြည့်နေတဲ့ အချိန်မှာ ရန်ကျင်းကတော့ သူ့ကိုသာ အရှားပါးဆုံး ရတနာအား ကြည့်သလိုမျိုး စေ့စေပစပ်စပ် ကြည့်နေသည်။
"ဆွေ့ရှန်း ပျော်ရဲ့လား?"
"ပျော်တယ်"
ရှန်ကျစ်ရှန်းက သွားဖြူလေးများ ပေါ်သည့်အထိ အပြုံးလေးဖြင့် ပြန်ဖြေသည်။ ရန်ကျင်းအား စကားပြောရန် ခေါင်းလှည့်လိုက်သည့် အချိန်မှာတော့ ရန်ကျင်းက သူနဲ့ အရမ်းကို နီးကပ်နေတာအား သိသွားလေသည်။ သူက ခေါင်းလှည့်လိုက်တာကြောင့် သူ့နှုတ်ခမ်းများက ရန်ကျင်းရဲ့ နှတ်ခမ်းများဖြင့် ပွတ်တိုက်လုနီးပါး ဖြစ်သွားသည်။
သူသည် အလိုလို နောက်ပြန်ဆုတ်ကာ ထိတွေ့မှုကို ရှောင်ရှားရန် ကြိုးစားသည်။ သို့သော် ရန်ကျင်းက သူ့ကျောအား လက်ဖြင့် ဖိထားသဖြင့် မဆုတ်နိုင်တော့ပေ။
ရန်ကျင်း၏ အကြည့်များက သူ့နှုတ်ခမ်းပေါ်သို့ ကျဆင်းသွားကာ ရှန်ကျစ်ရှန်းသည် သူဘာလုပ်ချင်နေလဲဆိုတာအား ချက်ချင်း မှန်းဆလိုက်မိသည်။ ပုံမှန်ဆိုရင်တော့ သူ့ကိုခွင့်ပြုလိမ့်မယ် ဆိုပေမယ့်...
ရှန်ကျစ်ရှန်း၏ အကြည့်များက သစ်ရွက်လေးကို မလှုပ်ခါတော့သည့် ရှောင်းချောင်ယဆီ ရောက်သွားသည်။ အဲ့ဒီအစား ထိုအရာလေးက သူတို့ကို စေ့စေ့စပ်စပ်ပင် ကြည့်နေသေးသည်။ သူက တုံ့ဆဆိုင်းစွာဖြင့် ပြောလိုက်သည်။
".....ရှောင်းချောင်ယ ကြည့်နေတယ်"
ရန်ကျင်းက သူ့နောက်ကျောကို လက်တစ်ဖက်နဲ့ ထောက်ထားပြီး ကျန်လက်ဖြင့် နောက်ကိုဆန့်ထုတ်လိုက်သည်။ အပေါ်ဝတ်အင်္ကျီက ကျောက်စိမ်းကုတင်ပေါ်မှာ ပုံနေဆဲပင်။ ရန်ကျင်းက သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်လေ၏။
လေပြေက မက်မွန်ပန်း ပွင့်ချပ်များနဲ့အတူ အပေါ်ဝတ်အား သယ်ဆောင်လိုက်သည်။ ထိုအပေါ်ဝတ် အင်္ကျီက သူတို့ခေါင်းပေါ်သို့ ညင်သာစွာ ရွှေ့လျားလာ၍ အုပ်မိုးသွားခဲ့ပြီး ပွင့်ချပ်များက သူတို့အပေါ် ဖြာဆင်းကျကုန်သည်။
ပွင့်ချပ်များ ရှန်ကျစ်ရှန်းရဲ့ နှုတ်ခမ်းဆီ ပွတ်တိုက်သွားတော့မယ့် အချိန်လေးမှာပင် ရန်ကျင်းက ရှေ့သို့ ယဲ့ယဲ့လေး မှီချလိုက်၍ သူ့နှုတ်ခမ်းများအား ရှန်ကျစ်ရှန်းရဲ့ နှုတ်ခမ်းများဖြင့် ထိတွေ့စေလိုက်ကာ ပွင့်ချပ်လေးကို လေလယ်မှာ ရပ်တန့်သွားစေသည်။
အပေါ်ဝတ်ဖြင့် ဖုံးအုပ်ခံထားလိုက်ရတာကြောင့် ရှန်ကျစ်ရှန်းမှာ အမှောင်ထုထဲ ကျရောက်သွားရ၏။
သူက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးထဲက စိတ်ရှုပ်ထွေးမှု တစ်ချို့က ညင်သာသိမ်မွေ့သည့် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ရန်ကျင်းရဲ့ နှုတ်ခမ်းထိုးစစ်အောက်မှာ ပျော်ဝင်သွားတော့သည်။
ပူပြင်းတဲ့ အသက်ရှုငွေ့, မက်မွန်ပန်းလေးရဲ့ မွှေးရနံ့....
ဤအခိုက်အတန့်လေးတွင် ထိုခံစားချက်များအားလုံးက သူ့ကမ္ဘာတစ်ခုလုံးဖြစ်လာသည်။
===================
Zaw Gyi
အခန္း(၆၅) - ဝိညာဥ္အိမ္မက္
ထိုအခ်ိန္မွာ ရွန္က်စ္ရွန္းက လက္ရွိ ရွန္က်စ္ရွန္း မဟုတ္ေပ ; သူသည္ ထိုႏွစ္၏ စိတ္ဓာတ္ျမင့္မားေသာ လူငယ္ေလးမွ်သာျဖစ္သည္။
မူလက ေတာ္ဝင္ျပီး လြတ္လပ္ေပါ့ပါးလွသည့္ လူငယ္ေလးက ဖ်တ္ဆီးခံလုိက္ရကာ ေျပာင္ေျမာက္လြန္းေသာ ဘဝကံၾကမၼာသည္ ၾကီးမားလွသည့္ ျပက္လံုးတစ္ခု ျဖစ္လာခဲ့ျပီး သူသည္ ဘယ္ေတာ့မွ 'သူကိုယ္တုိင္' ျပန္မျဖစ္နုိင္ေတာ့ဘူးဟု ယံုၾကည့္ေနမိ၏။ ဒါသည္ လူငယ္ေလး ေဆြ႔ရွန္းျဖစ္ျပီး သူမဟုတ္ခဲ့။
နွစ္ေပါင္းမ်ားစြာ ၾကာသြားျပီး ကိစၥမ်ားစြာ ေတြ႔ၾကံဳျပီးေနာက္မွာ ေနာက္ဆုံးတြင္ သူသည္ ၿပီးျပည့္စုံေသာ လူငယ္ဘဝကို ျပန္လည္ရရွိခဲ့သည္။
သို႔ေသာ္ ဒီလူငယ္ေလး ေဆြ႔ရွန္းက ယခင္ကလိုမ်ိဳး လြယ္ကူျပီး အကန္႔အသတ္ မရွိေသာသူတစ္ေယာက္ မဟုတ္နုိင္ေတာ့။သူသည္ မ်ားစြာေသာ အရာမ်ားအား ဆံုးရွံဳးခဲ့ရျပီး ျပန္ေရာက္လာခဲ့သည့္ ျငိမ္သက္ေအးေဆးမွု ေနာက္ကြယ္မွာ ဒဏ္ရာဒဏ္ခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။
ရွန္က်စ္ရွန္းသည္ သူနွာေခါင္းမ်ား ခ်ဥ္စူးလာသလို ခံစားလိုက္ရေလသည္။ သူ႔မ်က္လံုးမ်ားက ပူေလာင္ေနျပီး ခံစားခ်က္မ်ိဳးစံုက သူ႔ရင္ဘက္ထဲ ထိုးတက္လာခဲ့တာေၾကာင့္ သူ႔ကို မတည္မျငိမ္ ျဖစ္ေစ၏။
ရန္က်င္းက ခဏမ်ွ ေအးခဲသြားျပီးေနာက္မွာ အနားတိုးကပ္သြားျပီး ထိုလူသားေလးကို ရင္ခြင္ထဲ ဆြဲဖက္ထားေပးလိုက္သည္။
ဟိုးတုန္းက ေဆြ႔ရွန္းက ရန္က်င္းအေသးေလးကို ရင္ခြင္ထဲ ထည့္ေပးထားတုန္းကလိုမ်ိဳးပဲ
ရွန္က်စ္ရွန္းက ရန္က်င္းရဲ႔ ခါးတစ္ဝိုက္အား သူ႔လက္ေမာင္းမ်ားျဖင့္ သိုင္းဖက္လုိက္ကာ ရန္က်င္းရဲ႔ လက္ေမာင္းၾကားထဲသို႔ မ်က္နွာကို ျမွဳပ္နွံထားလိုက္ျပီး သန္မာလွသည့္ နွလံုးခုန္သံကုိ နားေထာင္ေနမိသည္။ သူက က်ဆင္းလာမည့္ မ်က္ရည္မ်ားအား ထိန္းထားရင္း သူ႔ခံစားခ်က္မ်ား တည္ျငိမ္ေစေအာင္ ၾကိဳးစားေန၏။
ရန္က်င္းက ဘာစကားမွ မဆိုေပ။ သူက ခ်ိဳျမိန္တဲ့ စကားမ်ားကို ေကာင္းေကာင္း မေျပာတတ္သလို ေဆြ႔ရွန္းက ရန္က်င္းအေသးေလးကို ေျပာေပးခဲ့သည့္ စိတ္ဝင္စားဖြယ္ေကာင္းေသာ စကားမ်ားလည္း မေျပာတတ္။ သူ႔အေနနဲ႔ ရွန္က်စ္ရန္းအား အေႏြးေထြးဆံုးျဖင့္ အစြမ္းကုန္ ေပြ႔ဖက္ေပးဖို႔သာ လုပ္ေပးနုိင္သည္။
ရွန္က်စ္ရွန္းသည္ ဒီလုိပံုစံနဲ႔ ဘယ္ေလာက္ၾကာေအာင္ ေနမိသည္အား မသိေတာ့ေပ။ ေနာက္ဆံုးေတာ့ ေနာက္ျပန္ဆုတ္လုိက္ျပီး ရန္က်င္းအား လႊတ္ေပးလိုက္ကာ ကိုယ္မတ္ျပီး ထိုင္လုိက္သည္။ သို႔ေသာ္လည္း ထိုအခ်ိန္မွာ ရန္က်င္းက ေခါင္းငံု႔လိုက္ကာ သူ႔လက္ကို ေျမွာက္လုိက္ျပီး ရွန္က်စ္ရွန္းရဲ႔ မ်က္နွာကိုအုပ္ကိုင္လိုက္ရင္းျဖင့္ အနည္းငယ္ ပင့္ေျမွာက္လုိက္ေလသည္။ ထို႔ေနာက္ ရွန္က်စ္ရွန္း၏ မ်က္လုံးေထာင့္စြန္းေလးမ်ားအား ႏူးညံ့ေသာ အနမ္းတစ္ခု ေပးလိုက္သည္။
ရွန္က်စ္ရွန္းက သတိလက္လြတ္ ျဖစ္သြားမိ၏။ ရန္က်င္းရဲ႔ ေႏြးေထြးလွသည့္ အသက္ရွဳသံက သူ႔မ်က္လံုးေထာင့္ေလးမ်ားဆီ လာေရာက္ရိုက္ခတ္သည္ကိုသာ ခံစားလုိက္ရကာ မသိစိတ္မွ ေခါင္းေမာ့ၾကည့္မိသည္။ ရန္က်င္းရဲ႔ နွုတ္ခမ္းမ်ားက သူ႔ပါးျပင္ဆီသို႔ က်ဆငးလာခဲ့ျပန္သည္။
သူ႔နားေတြ ခ်က္ခ်င္းနီရဲတက္လာကာ ဒီလို အလင္းမွိန္မွိန္ေလးေအာက္မွာ ရန္က်င္းက သူ႔ကို ရွင္းရွင္းလင္းလင္း မျမင္ပါေစနဲ႔ဟု ေမွ်ာ္လင့္ေနမိသည္။ သူက ေနာက္ကို အနည္းငယ္ ေစာင္းလိုက္ျပီး သူ႔လက္ေပၚက ရန္က်င္းရဲ႔ လက္မ်ားအား ဆုပ္ကိုင္ကာ ေမးလုိက္ေလသည္။
"မင္း ဘာလုပ္ေနတာလဲ?"
သူ႔ေလသံက ေအးေဆးတည္ၿငိမ္ၿပီး နွာသံေလး အနည္းငယ္ ပါဝင္ေနသည္။ သို႔ေပမယ့္ ရန္က်င္းက စကားမျပန္ေပ။ သူ႔လက္မ်ားက ေအာက္ကို နိမ့္ဆင္းၾကလာခဲ့ကာ ရွန္က်စ္ရွန္းရဲ႔ ခါးအား လက္ေမာင္းတစ္ဖက္တည္းျဖင့္ သိမ္းေပြ႔လုိက္ျပီး က်န္လက္တစ္ဖက္ျဖင့္ ဒူးေကြးေအာက္ကေန ခ်ိတ္တြယ္လိုက္သည္။ ထို႔ေနာက္ ရွန္က်စ္ရွန္းအား အနားသို႔ ဆြဲတင္၍ ေျမွာက္ခ်ီလိုက္၏။
ရုတ္တရက္ၾကီး မင္းသမီးပံုစံ သယ္မခံလုိက္ရတာေၾကာင့္ ရွန္က်စ္ရွန္းက ထိတ္လန္႔သြားမိကာ အ့ံအားတစ္သင့္ အသံေလးတစ္ခု ထြက္လာသည္။ သူကသတိလက္လြတ္ျဖင္ ရန္က်င္းရဲ႔ လည္ပင္းအား ခ်ိတ္တြယ္လုိက္မိေလသည္။
"ငါ့ကိုျပန္ခ်ေပး......"
ရန္က်င္းက သူ႔အား ေတာင္စြန္းတစ္ခုနဲ႔ မနီးမေဝး ေနရာထိ ခ်ီသယ္သြားကာ ေအာက္ခ်ေပးလိုက္သည္။ လက္တစ္ဖက္ကေတာ့ ရွန္က်စ္ရွန္းရဲ႔ ခါးအား တင္းၾကပ္စြာ ဖက္ထားဆဲပင္.
ရွန္က်စ္ရွန္းက အေဝးကို လွမ္းေငးၾကည့္ေနမိသည္။ သူ႔မွတ္ဉာဏ္ေတြ ျပန္ေကာင္းလာေပမယ့္ ေလွကားထစ္ကို နင္းၿပီး ျပဳတ္က်ေသဆုံးခဲ့တယ္ဆိုတဲ့ အခ်က္ကိုေတာ့ ေမ့ထားလို႔မရနိုင္ေပ။ အျမင့္ေၾကာက္သည့္ ေရာဂါက ရွိေနေသးသည္သာ။ သူက ေအာက္ေျခမရွိသည့္ ေခ်ာက္ကမ္းပါးစြန္းသို႔ တစ္ခ်က္ ငံု႔ၾကည့္လုိက္ျပီးေနာက္ ရန္က်င္းရဲ႔ ရင္ခြင္ထဲ ျပန္မွီထားလိုက္သည္။
ရန္က်င္း ဘာလုပ္ခ်င္လဲ ဆုိတာကို သူခန္႔မွန္း ၾကည့္လို႔ ရနုိင္သည္။ မတုိင္ခင္တုန္းက သူက အျမင့္ေၾကာက္ေပမယ့္ ဒီေနရာက ရွဳခင္းကို ၾကည့္ခ်င္တယ္ဟု ေျပာဘူးတာေၾကာင့္ပင္။ ရန္က်င္းက သူ႔ဆႏၵေလးကို အေကာင္အထည္ေဖာ္ဖို႔ ကူညီေပးခ်င္ေနတာ ျဖစ္ႏိုင္သည္။
ညအေမွာင္ထုက မွိန္ေဖ်ာ့ေနျပီး ၾကယ္ေရာင္မ်ား မွိဳင္းျပျပ ျဖစ္ေနကာ ၾကည့္စရာ ဘာမွ သိပ္မရွိေသာ္လည္း ရန္က်င္းရဲ႔ စိတ္ရင္းမွန္လွသည့္ ရည္ရြယ္ခ်က္မ်ားသည္ ရွန္က်စ္ရွန္းအား အမ်ားၾကီး ပိုသက္သာသြားေစသည္။
ရန္က်င္းက သူ႔လက္ကို ေျမႇာက္လိုက္ၿပီး လက္ဖဝါးကို ျဖန႔္လိုက္သည္။
သူ႔လက္ဖဝါးကေန အစိမ္းေရာင္အလင္းတန္းတစ္ခု ထြက္ေပၚလာ၏။ ရွန္က်စ္ရွန္းက ေအးခဲသြားခဲ့ကာ ရန္က်င္းရဲ႔ လက္ဖဝါးေပၚမွာ ေပၚလာေသာ ရင္းနွီးေနသည့္ ျမက္ညႊန္႔ေလးအား ၾကည့္လုိက္မိသည္။
"သူလည္း.....စိတ္ဝိညာဥ္ေျခရာခံျမက္ပဲလား?"
ရန္က်င္းက 'အင္း' ဟုျပန္ေျဖျပီးမွ ႏူးည့ံစြာ ထပ္ေပါင္းေျပာသည္။
"သိပ္မၾကာေသးခင္ကမွ ရွာေတြ႔ခဲ့တာ"
သူ႔စကားလံုးမ်ားရဲ႔ အဓိပၸါယ္က မရွင္းလင္းေပ။ ရွန္က်စ္ရွန္းသည္ သူေျပာတဲ့ သိပ္မၾကာခင္ဆုိတာက ေရွာင္းေခ်ာင္ယဟာ စိတ္ဝိညာဥ္ေျခရာခံျမက္မွန္း သိပ္မၾကာခင္ကမွ သိခဲ့တယ္ ဆုိတာလား ဒါမွမဟုတ္ သူ႔မွတ္ဉာဏ္ေတြ ျပန္လည္ေကာင္းမြန္လာျပီး တစ္စံုတစ္ခုကို သိသြားခဲ့တာလား ဆုိတာအား မေျပာျပနုိင္ခဲ့။
ေရွာင္းေခ်ာင္ယက အခ်ိန္အေတာ္ၾကာေအာင္ အိပ္ေပ်ာ္ေနခဲ့ျပီး အခုတစ္ေလာမွ ျပန္လည္နိုးလာျခင္းျဖစ္သည္။ သူက ရန္က်င္းရဲ႔ လက္ဖဝါးေပၚကေန ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခုန္ဆင္း၍ ရွန္က်စ္ရွန္းရဲ႔ ပုခံုးေပၚ ခုန္တက္သြားလိုက္ျပီး သူ႔ဆံပင္မ်ားအား သံုး၍ ေလ်ွာဆင္းသြား၏။
"Chirp! Chirp!"
ေရွာင္းေခ်ာင္ယ ထြက္သြားျပီးေနာက္မွာ ရန္က်င္းက သူ႔လက္ဖဝါးအား ပိတ္လုိက္ျပီး ေနာက္တစ္ဖန္ျပန္ဖြင့္လုိက္ျပန္သည္။ ဒီတစ္ေခါက္ေတာ့ သူ႔လက္ဖဝါးထဲမွာ မက္မြန္ကိုင္းတစ္ကိုင္း ေပၚလာသည္။
ပန္းပြင့္အကိုင္းအခက္ေပၚတြင္ မက္မြန္ပြင့္ သံုး၊ ေလးပြင့္ရွိေနဆဲျဖစ္ၿပီး တစ္ခုမွာ ပြင့္အာေနဆဲျဖစ္ကာ အလွပဆုံးအခ်ိန္၌ ရွိေနေစရန္ နည္းလမ္းအခ်ိဳ႕ျဖင့္ ထိန္းသိမ္းထားသည္။
ရွန္က်စ္ရွန္းသည္ ဤပန္းပြင့္အကိုင္းအခက္ကိုျမင္ေသာအခါ တုံ႔ဆိုင္းသြားၿပီး ေျပာလာ၏။
"ဒါက..."
"ဒါက က်ြန္ေတာ့္ကို လွ်ိဳ႕ဝွက္နယ္ေျမထဲမွာ ေဆြ႔ရွန္း ေပးခဲ့တဲ့ ပန္းပြင့္အခက္ပဲ" ရန္က်င္းက တိုးတိုးေလးေျပာသည္။ သူ႔အသံထဲမွာ အျပံဳးေဖ်ာ့ေဖ်ာ့ေလး ပါေနသည္။
"က်ြန္ေတာ္ အရမ္းေပ်ာ္ၿပီး အရမ္းလည္းႀကိဳက္တယ္။"
ရွန္က်စ္ရွန္းသည္လည္း မွတ္မိသြားသည္။ ဒါကတကယ့္ကို လွ်ိဳ႔ဝွက္ေျမမွာတုန္းက မက္မြန္ခက္ေလးပင္။ သူက ထိုသစ္ကိုင္းအား ဓားအျဖစ္ေျပာင္း၍ ရန္က်င္းကိုေပးခဲ့ျခင္းျဖစ္သည္။
မက္မြန္ခက္ေလးက ျပီးျပည့္စံုျခင္း မရွိေပ။ အထူးသျဖင့္ ထိုသရဲတေစၦငယ္ေလးမ်ားကို သတ္ရန္ အသုံးျပဳခဲ့တာေၾကာင့္ ျဖစ္သည္။ သူက ရန္က်င္းကို ထိုအခက္ေလး ေပးခဲ့ေပမယ့္ ရင္ထဲေတာ့ ထည့္မထားခဲ့။ ရန္က်င္းက ဒါကို လႊတ္ပစ္ျပီးေနေလာက္ျပီလို႔ ထင္ခဲ့ေပမယ့္လည္း သူက း ၎ကို အဖိုးတန္ရတနာတစ္ခုလိုမ်ိဳး ဒီေလာက္ၾကာတဲ့အထိ သိမ္းဆည္းထားလိမ့္မယ္လုိ႔ ဘယ္သူက ထင္ခဲ့မိမွာလဲ?
ရွန္က်စ္ရွန္းသည္ ႐ုတ္တရက္ အနည္းငယ္ေနာင္တရသြားသည္။ သူက ရန္က်င္းရဲ႕အက်ၤီလက္စကို ဆြဲကိုင္လိုက္ၿပီး အေလးအနက္ ေျပာလုိက္၏။
"ဒီပန္းက အဆင္မေျပဘူး။ ပိုလွတဲ့ ပန္းတစ္ပြင့္ကို လက္ေဆာင္ေပးမယ္။"
ရန္က်င္းက စကားမေျပာေပ။ သူက သစ္ကိုင္းခက္ေလးအား သူ႔ေရွ႔သို႔ ျပန္ဆြဲယူလုိက္ျပီး ေျမဆီလႊာထဲ စိုက္ထားလုိက္သည္။ သူက တိုးတိုးေလး ေျပာလာ၏။
"ေရွာင္းေခ်ာင္ယ"
ေရွာင္းေခ်ာင္ယက တစ္က်ြိက်ြိ ေအာ္ျမည္လုိက္ကာ ရွန္က်စ္ရွန္းရဲ႔ ဆံႏြယ္အဖ်ားကေန တြန္႔ဆုတ္ဆုတ္နဲ႔ လႊဲယမ္းကာ ပ်ံသန္းလုိက္သည္။ သူက သစ္ကုိင္းခက္ေလးေပၚမွာ လွည့္ပတ္ကာ စက္ဝိုင္းပုံစံလွည့္လိုက္သည္။ အစိမ္းေရာင္ အလင္းေဖ်ာ့ေဖ်ာ့ေလးက သစ္ကုိင္းနဲ႔ တစ္ျဖည္းျဖည္း ေပါင္းစည္းသြားေလသည္။
ထိုသစ္ခက္ေလးက ပိုပိုျပီး ၾကီးထြားလာခဲ့ကာ ေနာက္ဆံုးမွာေတာ့ ခိုင္ခံသည့္ မက္မြန္ပင္ၾကီး တစ္ပင္ျဖစ္လာသည္။ မက္မြန္ပန္းေလးမ်ားက အကိုင္းအခက္ေလးမ်ားဆီမွ ျဖာထြက္ကာ ပြင့္ဖူးလာၾက၍ တစ္ခ်ိဳ႔ကေတာ့ အဖူးေလးမ်ား အျဖစ္ က်န္ရစ္၏။ ေလေျပက ေဝ့ဝဲတိုက္ခတ္သြားတဲ့ အခ်ိန္မွာ ႏူးည့ံသည့္ ပြင့္ခ်ပ္ေလးမ်ားသည္ ရွန္က်စ္ရွန္းရဲ႔ မ်က္လံုးေရွ႔သို႔ ျဖတ္ေက်ာ္သြားေလသည္။
ရွန္က်စ္ရွန္းက အ့ံအားသင့္သြားမိေလသည္။ ခဏမ်ွအၾကာမွာ ေျမျပင္ေပၚ ကားယားေလး ထိုင္ခ်၍ ပင္ပန္းတစ္ၾကီး အသက္လုရွဳေနသည့္ ေရွာင္းေခ်ာင္ယအား ၾကည့္လုိက္ျပီး သက္ျပင္းခ်မိသည္။
".....ေရွာင္းေခ်ာင္ယက တကယ္ အ့ံၾသဖို႔ေကာင္းတယ္"
ထိုစကား ၾကားေသာအခါ ေရွာင္းေခ်ာင္ယ တစ္ေယာက္ စိတ္အားတက္ၾကြလာေတာ့သည္။ သူက ဂုဏ္ယူစြာျဖင့္ အ႐ြက္မ်ားကို ပစ္လႊတ္ျပကာ ခႏၶာကိုယ္ကို လိမ္ယွက္ျပီး ခုန္တက္လာျပန္သည္။
ရွန္က်စ္ရွန္းသည္ ၎၏ ေအာင္ပြဲခံသည့္ အမူအရာကို ျမင္ၿပီး ရယ္မိေတာ့ေလသည္။ သူက ရန္က်င္းအား စိတ္လက္ေပါ့ပါးစြာျဖင့္ ပန္းပြင့္မ်ား ေဝဆာေနသည့္ သစ္ပင္ေအာက္တြင္ထိုင္ရန္ ဆြဲေခၚသြားသည္။
"ဒါက ႐ိုမန္႔တစ္ဆန္ပုံရတယ္၊ လမရွိတာေတာ့ ဆိုးတာပဲ"
ဒီျမင္ကြင္းက အရမ္းေကာင္းလြန္းလို႔ အရင္က ျဖစ္ေနခဲ့တဲ့ စိတ္ဒုကၡေတြေတာင္ ပယ္ရွားသြားျပီး သူ႔ကို ရယ္ေမာေပ်ာ္ရႊင္ေစတယ္။ ဒီေပ်ာ္ရႊင္စရာ အလုိက္အတန္႔ေလးကို သူတန္ဖိုးထားမိတယ္။
ရန္က်င္းက သူ႔ကို တစ္ခ်က္ၾကည့္ျပီး ေျပာလာသည္။
"အကယ္၍ ေဆြ႔ရွန္း လိုခ်င္တယ္ဆိုရင္ ရေစရမွာေပါ့"
သူက သူ႔လက္ေခ်ာင္းမ်ားအား ညႊန္ျပလိုက္ျပီး ထူးဆန္းသည့္ ဂါထာတစ္ပုဒ္အား ရြတ္ဆိုလိုက္သည္။ ရွန္က်စ္ရွန္းသည္ သူဘယ္လို စာသားမ်ိဳး ရြတ္ဆိုလိုက္လဲ ဆုိတာ မသိေသာ္လည္း ေျမျပင္ေပၚမွ အတားအဆီးတစ္ခု တက္လာျပီး သစ္ပင္မ်ားအား ဖံုးအုပ္သြားသလို ခံစားလုိက္ရသည္။
ပတ္ဝန္းက်င္ရႈခင္းသည္ ႐ုတ္တရက္ အုံ႔ဆိုင္းသြားၿပီးေနာက္ တျဖည္းျဖည္းႏွင့္ အေမွာင္ထုၾကားတြင္ ေတာက္ပေနေသာ ၾကယ္ပြင့္ေလးမ်ား ေလထဲသို႔ တျဖည္းျဖည္း ေပၚလာသည္။ ဤအလင္းတန္းမ်ားသည္ ညေကာင္းကင္သို႔ ျဖည္းညႇင္းစြာ တက္လာျပီး ထြန္းလင္းေတာက္ပလာကာ လေရာင္အျဖစ္ စုစည္းသြား၏။
ရွန္က်စ္ရွန္းသည္ ေတာက္ပေသာ လဝန္းၾကီးအား ၾကည့္ရန္ ေခါင္းေမာ့လိုက္သည္။ သူက ႏူးညံသည့္ အျပံဳးတစ္ပြင့္ျဖင့္ လေရာင္ျခည္တန္းေလးအား လွမ္းဖမ္းရန္ လက္ေျမွာက္လုိက္ေလသည္။ ထို႔ေနာက္ သက္ျပင္းတစ္ခ်က္ျဖင့္ ေျပာလုိက္သည္။
"အားက်င္းက အရြယ္ေရာက္လာေတာ့ လူေတြကို ေပ်ာ္ေအာင္ေတာင္ လုပ္ေပးနုိင္ျပီပဲ"
သူက ေတာက္ပတဲ့ လေရာင္အား ၾကည့္ေနတဲ့ အခ်ိန္မွာ ရန္က်င္းကေတာ့ သူ႔ကိုသာ အရွားပါးဆံုး ရတနာအား ၾကည့္သလိုမ်ိဳး ေစ့ေစပစပ္စပ္ ၾကည့္ေနသည္။
"ေဆြ႔ရွန္း ေပ်ာ္ရဲ႔လား?"
"ေပ်ာ္တယ္"
ရွန္က်စ္ရွန္းက သြားျဖဴေလးမ်ား ေပၚသည့္အထိ အျပံဳးေလးျဖင့္ ျပန္ေျဖသည္။ ရန္က်င္းအား စကားေျပာရန္ ေခါင္းလွည့္လိုက္သည့္ အခ်ိန္မွာေတာ့ ရန္က်င္းက သူနဲ႔ အရမ္းကို နီးကပ္ေနတာအား သိသြားေလသည္။ သူက ေခါင္းလွည့္လိုက္တာေၾကာင့္ သူ႔နွုတ္ခမ္းမ်ားက ရန္က်င္းရဲ႔ နွတ္ခမ္းမ်ားျဖင့္ ပြတ္တိုက္လုနီးပါး ျဖစ္သြားသည္။
သူသည္ အလိုလို ေနာက္ျပန္ဆုတ္ကာ ထိေတြ႔မွုကို ေရွာင္ရွားရန္ ႀကိဳးစားသည္။ သို႔ေသာ္ ရန္က်င္းက သူ႔ေက်ာအား လက္ျဖင့္ ဖိထားသျဖင့္ မဆုတ္ႏိုင္ေတာ့ေပ။
ရန္က်င္း၏ အၾကည့္မ်ားက သူ႔ႏႈတ္ခမ္းေပၚသို႔ က်ဆင္းသြားကာ ရွန္က်စ္ရွန္းသည္ သူဘာလုပ္ခ်င္ေနလဲဆုိတာအား ခ်က္ခ်င္း မွန္းဆလိုက္မိသည္။ ပံုမွန္ဆိုရင္ေတာ့ သူ႔ကိုခြင့္ျပဳလိမ့္မယ္ ဆိုေပမယ့္...
ရွန္က်စ္ရွန္း၏ အၾကည့္မ်ားက သစ္ရြက္ေလးကို မလွဳပ္ခါေတာ့သည့္ ေရွာင္းေခ်ာင္ယဆီ ေရာက္သြားသည္။ အဲ့ဒီအစား ထိုအရာေလးက သူတို႔ကို ေစ့ေစ့စပ္စပ္ပင္ ၾကည့္ေနေသးသည္။ သူက တံု႔ဆဆိုင္းစြာျဖင့္ ေျပာလုိက္သည္။
".....ေရွာင္းေခ်ာင္ယ ၾကည့္ေနတယ္"
ရန္က်င္းက သူ႔ေနာက္ေက်ာကို လက္တစ္ဖက္နဲ႔ ေထာက္ထားၿပီး က်န္လက္ျဖင့္ ေနာက္ကိုဆန႔္ထုတ္လုိက္သည္။ အေပၚဝတ္အက်ၤီက ေက်ာက္စိမ္းကုတင္ေပၚမွာ ပံုေနဆဲပင္။ ရန္က်င္းက သူ႔လက္ကို ျဖည္းညွင္းစြာ ေျမွာက္လုိက္ေလ၏။
ေလေျပက မက္မြန္ပန္း ပြင့္ခ်ပ္မ်ားနဲ႔အတူ အေပၚဝတ္အား သယ္ေဆာင္လုိက္သည္။ ထိုအေပၚဝတ္ အက်ၤီက သူတို႔ေခါင္းေပၚသို႔ ညင္သာစြာ ေရႊ႔လ်ားလာ၍ အုပ္မိုးသြားခဲ့ျပီး ပြင့္ခ်ပ္မ်ားက သူတို႔အေပၚ ျဖာဆင္းက်ကုန္သည္။
ပြင့္ခ်ပ္မ်ား ရွန္က်စ္ရွန္းရဲ႔ နွုတ္ခမ္းဆီ ပြတ္တုိက္သြားေတာ့မယ့္ အခ်ိန္ေလးမွာပင္ ရန္က်င္းက ေရွ႔သို႔ ယဲ့ယဲ့ေလး မွီခ်လိုက္၍ သူ႔နွုတ္ခမ္းမ်ားအား ရွန္က်စ္ရွန္းရဲ႔ နွဳတ္ခမ္းမ်ားျဖင့္ ထိေတြ႔ေစလုိက္ကာ ပြင့္ခ်ပ္ေလးကို ေလလယ္မွာ ရပ္တန္႔သြားေစသည္။
အေပၚဝတ္ျဖင့္ ဖံုးအုပ္ခံထားလိုက္ရတာေၾကာင့္ ရွန္က်စ္ရွန္းမွာ အေမွာင္ထုထဲ က်ေရာက္သြားရ၏။
သူက ေခါင္းေမာ့လိုက္ျပီး သူ႔မ်က္လံုးထဲက စိတ္ရွုပ္ေထြးမွု တစ္ခ်ိဳ႔က ညင္သာသိမ္ေမြ႔သည့္ အျပံဳးတစ္ခုအျဖစ္ ေျပာင္းလဲသြားခဲ့ကာ ရန္က်င္းရဲ႔ နွုတ္ခမ္းထိုးစစ္ေအာက္မွာ ေပ်ာ္ဝင္သြားေတာ့သည္။
ပူျပင္းတဲ့ အသက္ရွဳေငြ႔, မက္မြန္ပန္းေလးရဲ႔ ေမႊးရနံ႔....
ဤအခိုက္အတန႔္ေလးတြင္ ထိုခံစားခ်က္မ်ားအားလံုးက သူ႔ကမာၻတစ္ခုလုံးျဖစ္လာသည္။
===================