Unicode
အခန်း(၆၄) - အပြန်
ရှန်ကျစ်ရှန်းသည် မကြာသေးမီက စိတ်တိုဒေါသထွက်နေခဲ့သည်။
ပထမအကြောင်းရင်းမှာ သူသည် မိစ္ဆာများစွာကို ခေါင်းဖြတ်ပြီး နတ်ဆိုးများစွာကို ဖယ်ရှားပစ်ခဲ့ရခြင်းကြောင့် ၎င်း၏ စိတ်ခံစားချက်ကို မလွှဲမရှောင်သာ ထိခိုက်စေခြင်းပင်။ ဒုတိယ အကြောင်းရင်းမှာ ရန်ကျင်းက ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို အတိအကျ သိနိုင်မယ့် အချက်အလက် ရှိမနေလို့။ တတိယ အကြောင်းပြချက်ကတော့ .........
ထိုနေ့က ဂိုဏ်းချုပ်ဝန်ရဲ့ ကျိုးပဲနေတဲ့ ဓားဝိဉာဉ်နှင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်မှာ မရေရာတဲ့ ပုံရိပ်တစ်ခုကို သူမြင်လိုက်ရတယ်။
၎င်းက ဂိုဏ်းချုပ်ဝန် အဆင့်တက်နေတဲ့ အချိန်မှာ ချီသွေဖယ်သွားတဲ့ မြင်ကွင်းဖြစ်သည်။ ဂိုဏ်းချုပ်ဝန်အပြင်ကို ထိုရုပ်ပုံထဲမှာ တစ်စိတ်တစ်ပိုင်း ပုန်းကွယ်နေသည့် တစ်ခြားပုံရိပ်တစ်ခု ရှိနေသေးသည်လေ။
ထိုမသိနိုင်တဲ့လူက သူ့ဓားကို သုံးပြီး ဂိုဏ်းချုပ်ဝန် ပင်ပင်ပန်းပန်း စီစဉ်ထားရတဲ့ ကာကွယ်ရေး အခင်းအကျင်းကို ခိုးကြောင်ခိုးဝှက်နဲ့ ဖျတ်ဆီးနေခဲ့တာ။
ဒါပေမဲ့ ဒါက တကယ်တော့လည်း ကျိုးပဲ့နေတဲ့ ဓားဝိညာဉ် အကြွင်းအကျန်လေးပဲလေ။ အဲ့ဒီပုံရိပ်က ခဏတာလေးပဲ လင်းလက်သွားပြီးတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့တာပဲ။
ရှန်ကျစ်ရှန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့နှလုံးသားက ရေခဲသဖွယ် အေးစက်နေခဲ့သည်။ သူက ဓားရဲ့ တစ်ဝက်ကိုသာ မြင်လိုက်ရတာ ဆိုပေမယ့်လည်း ဒါလေးနဲ့တင် လုံလောက်နေလေပြီ။ အဲ့ဒါက စုန့်မင်းရဲ့ ဓားရိုးဆိုတာကို သူမှတ်မိတယ်။
ဂိုဏ်းချုပ်ဝန်ရဲ့ သေဆုံးမှုက တကယ့်ကို စုန့်မင်းနဲ့ ပတ်သတ်ဆက်နွယ်နေတယ်!
ယခင်က ရှန်ကျစ်ရှန်းသည် မရေရာသော သံသယများသာ ရှိခဲ့သည်။ အခုတော့ သူကစုန့်မင်းရဲ့ အပြစ်ကို သေချာလုနီးပါး ဖြစ်နေလေပြီ။
စုန့်မင်းက အစောပိုင်းမှာ သာမန်တပည့် တစ်ဦးမျှသာ ဖြစ်သည်။ သို့သော်လည်း ရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ် သိမ်းပိုက်ခံရပြီးနောက်မှာ ဂိုဏ်းချုပ်ဝန်သည် စုန့်မင်းက အလွန်လုံ့လ ဝီရီယရှိပြီး အလုပ်ကြိုးစားသည်ကို မြင်သွားခဲ့သည်။ သူက ထိုသူ့အား တပည့်အဖြစ် လက်ခံလိုက်ပြီး ရှန်ကျစ်ရှန်းကို ပိုမို ဂရုစိုက်ပေးစေချင်တာကြောင့် ဂိုဏ်းချုပ်ရာထူးကိုပင် ပေးအပ်ခဲ့တာပင်။
ဒါပေမဲ့ ဘယ်သူသိမှာလဲ.....
နောက်ဆုံး အချိန်ပိုင်းလေးမှသာ ဂိုဏ်းချုပ်ဝန်သည် စုန့်မင်းရဲ့ သိမ်မွေ့တဲ့မျက်နှာအောက်မှာ ဝံပုလွေတစ်ကောင်ရဲ့ ရည်မှန်းချက်နဲ့ အကြင်နာတရား ကင်းမဲ့လှတဲ့ ကင်းမြီးကောက်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ရှန်ကျစ်ရှန်းသည် ရက်အနည်းငယ် ကြာသည်အထိ အပြေးအလွှား သွားခဲ့သည်။ ချင်းယွင်ဂိုဏ်းသို့ ရောက်တဲ့အချိန်မှာ ကောင်းကင်က တစ်ဖြည်းဖြည်း မှောင်လာပြီး ညအချိန်ကို ရောက်နေလေပြီ။ သူက ချင်းယွင်ဂိုဏ်း၏ ကန့်သတ်ချက်များအား ကောင်းစွာ သိထားတာပင်။ ဒါ့အပြင် ဂိုဏ်းချုပ်ဝန်က သူ့အတွက် စုန့်မင်းတောင် ပြောင်းလဲအောင် မစွမ်းဆောင်နိုင်လောက်သည့် တစ်စုံတစ်ရာဖြင့် နောက်တံခါးကို တမင်ဖွင့်ပေးထားခဲ့တာကြောင့် ဂိုဏ်းထဲသို့ တိတ်တဆိတ်ဝင်ရောက်နိုင်ခဲ့သည်။
သူက သူ့ကိုယ်ပိုင် တောင်ကုန်းသို့ မပြန်သွားခဲ့ပဲ အဲ့ဒီအစား ရှစ်လျှန်တောင်သို့ ဦးတည်သွားလိုက်သည်။
နောက်ဆုံးတစ်ခေါက် ဒီကို သူရောက်တုန်းက ရန်ကျင်းက အခင်းအကျင်းတစ်ခု လုပ်ခဲ့ပြီး သူတို့ကို ဒီနေရာရောက်အောင် ကူးပြောင်းစေခဲ့သည်။ အခုချိန်မှာ ထိုရင်းနှီးနေသည့် ရှုခင်းအား ကြည့်ရင်း သူ့စိတ်များ ရှုပ်ထွေးနေမိ၏။
ဒီနေရာက သူငယ်ငယ် ကလေးဘဝတုန်းက ခပ်ဆိုးဆိုး လုပ်ပြီး ပြေးလွှားနေခဲ့တဲ့ နေရာပဲ။ ဒီနေရာက နတ်ဆိုးသားရဲ တွေ အကုန်လုံးက စွမ်းအားကြီးတာကြောင့် တပည့်အသစ်တွေအတွက် အစမ်းဖွင့်ထားတာမျိုးလည်း မလုပ်ဘူး။ သူကလေးဘဝတုန်းက.....ဂိုဏ်းချုပ်ဝန် ပြောခဲ့တာတော့ သူက ခုန်ပေါက်နေတဲ့ ကြောင်လေးတစ်ကောင်လိုပဲတဲ့။
စိတ်လှုပ်ရှားစရာ ရှိတဲ့နေရာတွေ အကုန်လုံးနဲ့ သူမသွားသင့်တဲ့ နေရာတိုင်းကို ခုန်ပေါက်ပြေးသွားရတာ သဘောကျတယ်။ သူ့ရဲ့ ကိုယ်ပိုင် အစွမ်းထက်တဲ့ ကျင့်ကြံမှုနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေကို အားကိုးပြီး ဒီတောင်တစ်ဝိုက်မှာ တိတ်တဆိတ် လျောဆင်းခဲ့တာ။
ဒီနေရာက နတ်ဆိုးသားရဲတွေ အကုန်လုံးက တစ်ခြားတောင်တွေရဲ့ အပြင်ဘက်က နတ်ဆိုးသားရဲလေးတွေထက် ပိုပြီး အစွမ်းထက်တယ်။ ကြောင်ပေါက်လေး ရှန်ကျစ်ရှန်းကတော့ ဒီနေရာကို တိတ်တဆိတ် ကြည့်ပြီးတာနဲ့တင် သူတို့နဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်မယ်လို့ ခံစားရတာကြောင့် ဘယ်လောက်ပဲ များပြားနေပါစေ နတ်ဆိုးသားရဲတိုင်းကို ဖမ်းဆီးပြီး သူတို့နဲ့ တိုက်ခိုက်မှာပဲ။
ဒီနေရာမှာ ရက်အနည်းငယ် နေထိုင်ခဲ့ပြီးတဲ့ အချိန်မှာ နတ်ဆိုးသားရဲ အုပ်စုကို မျက်ရည်ကျခါနီးထိ ရှုပ်ဖွခဲ့တယ်လေ။ ဂိုဏ်းချုပ်ဝန်မှာတော့ သူက ဒီနေရာကို ရှောင်ရှားရမယ့်အစား တမင်သက်သက် အရောက်သွားခဲ့ကြောင်း သိတဲ့အချိန်မှာ သူ့ကို အမြန်အဆန် ကယ်တင်ခဲ့တယ်။ သူ့ကို ခေါ်ထုတ်သွားတဲ့ အချိန်ခဏလေးမှာပဲ နတ်ဆိုးသားရဲ အပေါင်းက သုံးရက်တိုင်တိုင် အောင်ပွဲခံခဲ့ကြတာ။
ဒါပေမဲ့ သူဒဏ်ရာ လုံးဝ မရတာကို သိတဲ့အချိန်မှာတော့ ဂိုဏ်းချုပ်ဝန်က စိတ်သက်သာရာ ရသွားပြီး သူ့ကိုဆက်ပြီး ထိန်းသိမ်း မထားတော့ဘူး။
"အဲ့ဒီ နတ်ဆိုးသားရဲတွေ အကုန်လုံးက တော်တော်လေး ခံနိုင်ရည်ရှိကြတယ်။ မင်းက သူတို့ကို မကြောက်ဘူး ဆိုမှတော့ မကြာခဏသွားပြီး မင်းရဲ့ ကြွက်သားတွေကို လှုပ်ရှားတာလည်း ကောင်းပါတယ်"
အဲ့ဒီလိုနဲ့ ရက်အနည်းငယ် ကြာတိုင်း သူသွားတော့တာပဲ
နတ်ဆိုးသားရဲတွေ အကုန်လုံး ကြောင်ပေါက်လေး ရှန်ကျစ်ရှန်းက အထဲကို ရောက်တာနဲ့ သူ့အမြီးလေးကို ဝှေ့ယမ်းပြီး တိုက်ခိုက်ဖို့ လိုက်ရှာနေတာ မြင်တိုင်း မပျော်မရွှင် ဖြစ်ကြတယ်။
နတ်ဆိုးသားရဲများ, "......"
အချိန်ကြာလာတာနဲ့ အမျှ အဲ့ဒီ နတ်ဆိုးသားရဲတွေ အကုန်လုံးက ရှန်ကျစ်ရှန်းကို မြင်တာနဲ့ ပြေးကြတော့တာပဲ။ သူတို့အတွက်တော့ ရှန်ကျစ်ရှန်း အသေးလေးက သူတို့အတွက် အိမ်မက်ဆိုးတွေကို ယူဆောင်လာတဲ့လူလေ။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အထိ ဒီအလေ့အကျင့်က ဆက်ပြီး တည်ရှိနေသေးတာမို့ နောက်ဆုံးတစ်ခေါက် သူနဲ့ ရန်ကျင်းတို့ ဒီကို ရောက်တဲ့အချိန်မှာ နတ်ဆိုးတွေက သူ့ကို ဆက်ပြီး ရှောင်ဖယ်နေခဲ့ကြတာပဲ။
အဲ့ဒီအချိန်တုန်းက သူ့ကိုယ်သူ စာအုပ်ထဲ ကူးပြောင်းလာတယ်လို့ ထင်ခဲ့မိပြီး ရန်ကျင်းမှာ ဇာတ်ဆောင်ရဲ့ ရောင်ဝါရှိလို့ နတ်ဆိုးသားရဲတွေ ဒီလိုဖြစ်ကုန်တယ်လို့ ထင်ခဲ့မိတာ။
အတိတ်ကို ပြန်ပြောင်း သတိရမိတဲ့အချိန်မှာ ရှန်ကျစ်ရှန်းရဲ့ မျက်လုံးထဲတွင် လွမ်းဆွတ်ခြင်းများ ဖြတ်သန်းသွားရသည်။
သူက ယခင်တစ်ခေါက် ဂိုဏ်းချုပ်ဝန်ကို ပုံရိပ်ယောင်အနေဖြင့် တွေ့ခဲ့သော နေရာသို့ လျှောက်သွားလိုက်၏။ ဒီပြန့်ပြူးသည့် မြေပြင်သည် ယခင်က သူအထူးတလှယ် နှစ်သက်ခဲ့သော နေရာတစ်ခုလည်းဖြစ်သည်။ တိုက်ခိုက်ပြီးလို့ ဒါမှမဟုတ် လေ့ကျင့်ပြီးလို့ မောပန်းနွမ်းနယ်လာတဲ့ အခါတိုင်း ဒီနေရာလေးကို ငြိမ်သက်တိတ်ဆိတ်စွာ အနားယူဖို့အတွက် ရှာဖွေလေ့ရှိသည်။
ဂိုဏ်းချုပ်ဝန်သည်လည်း ဒီနေရာကိုသိပြီး အကြိမ်ပေါင်းများစွာ သူ့ဆီ လာရှာခဲ့ဘူးသည်လေ။
သေချာပေါက်ပဲ ဒီနေရာမှာ ပုံရိပ်ယောင် ကျောက်တုံးတွေ အများကြီး ရှိနေတယ်
ထိုပုံရိပ်ယောင် ကျောက်တုံးများက ကန့်သတ်ချက်များနဲ့ ပိတ်သိမ်းခံထားရပြီး သူတစ်ယောက်တည်းသာ ဖွင့်နိုင်တာပင်။ ရှန်ကျစ်ရှန်းက အလျင်အမြန်ပင် ဖွင့်လိုက်ပြီး အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ဂိုဏ်းချုပ်ဝန်၏ အသံက သူ့ရှေ့မှာ ပေါ်လာကာ သူ့အသွင်အပြင်က အနည်းငယ် ဖောက်ထွင်းမြင်နေရပြီး မြူမှုန်ကဲ့သို့ ဖြစ်နေ၏။
ရှန်ကျစ်ရှန်းရဲ့ မျက်လုံးများက အနည်းငယ် စိုစွတ်လာပြီး မရေရွတ်ပဲ မနေနိုင်တော့ပေ။
"ဆရာ..."
ရှန်ကျစ်ရှန်း ထိုတောင်ကုန်းကနေ ပြန်ထွက်လာတဲ့ အချိန်မှာတော့ ညကောင်းကင်က လုံးဝကို နက်မှောင်နေလေပြီ။
သူက တည်ငြိမ်တဲ့ မျက်နှာနဲ့ ထွက်လာတာ ဖြစ်သော်လည်းသူ့နှလုံးသားကတော့ စိတ်ဓာတ်ကျကာ လေးလံနေ၏။
သူအရင်က ဘယ်သူ့ကိုမှ စေ့စေ့စပ်စပ် မုန်းတီးတာမျိုး မရှိခဲ့ဖူးဘူး။ နတ်ဆိုးတစ်ဝက်က သူ့ခန္တာကိုယ်ကို သိမ်းပိုက်သွားတုန်းကတောင် သူ့ရဲ့ကိုယ်ပိုင် ခွန်အားမရှိခြင်းကိုပဲ အပြစ်တင်ခဲ့တာ။ ဒါပေမဲ့ စုန့်မင်း......
ရှန်ကျစ်ရှန်းက သူ့ဘေးမှ သစ်ပင်မြင့်ကြီးအား ထိုးချလိုက်တာကြောင့် ထိုသစ်ပင်အား တုန်ခါသွားစေကာ သစ်ရွက်များ ဖွေးကနဲ ကျလာစေသည်။ သူက သူ့လက်ကို ဝိညာဉ်စွမ်းအားနဲ့ မကာကွယ်ထားတဲ့အပြင် သစ်ခေါက်ကလည်း မာကျောလှသည်။ ထို့ကြောင့် သူ့လက်ချောင်းများမှတစ်ဆင့် သွေးများ စီးကျလာပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာဖြင့် တစ်စက်စီ ကျလာ၏။
သူ့အနေနဲ့ ဒဏ်ရာအား လုံးဝကို ဂရုမစိုက်မိ။ တကယ်တော့လည်း သူ့နှလုံးသားထဲက လေးလံနေတဲ့ နာကျင်မှုနဲ့ နှိုင်းယှဉ်ရင် ဒါတွေအားလုံးက အသေးအဖွဲမျှသာပဲလေ
ရန်ကျင်းအသေးလေးက သူ့ကို ဘာကြောင့် အကြိမ်ကြိမ် ချန်ထားခဲ့ချင်လဲ ဆိုတာနဲ့ ရန်ကျင်းက သူ့ကိုဆွဲချမိနေပြီလို့ ဘာကြောင့် ဆက်တိုက်ပြောနေခဲလဲ ဆိုတာ သူရုတ်တရက် နားလည်သွားပြီ။
သူ့ခန္တာကိုယ်ကို နတ်ဆိုးတစ်ဝက်က သိမ်းပိုက်သွားခဲ့တာကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ဆရာက သူ့ကို ဘယ်လိုဖြစ်လို့ ဒီလောက် စိတ်ပူပန်မှာလဲ? ဒါဆိုရင် စုန့်မင်းကရော ဘယ်လိုလုပ် ဆရာ့ကို တိုက်ခိုက်ဖို့ ကြံစည်နိုင်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် သေဆုံးစေနိုင်ခဲ့မှာလဲ?
ရှန်ကျစ်ရှန်းရဲ့ လက်များက တုန်ယင်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဒီအခိုက်အတန့်လေးမှာ သူ့စိတ်များက အလွန်ရှုပ်ထွေးနေမိသည်။ သူစုန့်မင်းကို ချက်ချင်း သတ်ပစ်ချင်ပေမယ့် ယုတ္တိဗေဒကတော့ အမှန်တရားကို ရှာဖွေဖို့ စုန့်မင်း အသက်ရှင်နေဖို့ လိုအပ်တယ်လို့ ပြောနေတယ်လေ။ စုန့်မင်းက ဂိုဏ်းချုပ်ဝန်ကို လုပ်ကြံခဲ့တာပဲ ဖြစ်ဖြစ် ရန်ကျင်းကို လုပ်ကြံခဲ့တာပဲဖြစ်ဖြစ် ဒါတွေအားလုံး သူက စုန့်မင်းဆီကနေ တစ်ခုပြီးတစ်ခု ပြန်ယူရမယ့် အရာတွေပဲ။
ရှန်ကျစ်ရှန်းက ခဏရပ်လိုက်သည်။ ရုတ်တရက် သူက လက်ကိုမြှောက်လိုက်ပြီး စာလုံးတစ်ချို့ဖြင့် သူ့မျက်နှာအား ဂိုဏ်းချုပ်ဝန်ရဲ့ မျက်နှာအဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် ရှေ့ဆက် ထွက်ခွာသွားတော့သည်။
......
ချင်းယွင်ဂိုဏ်း, ပင်မတောင်ကုန်း...
ထိုနေရာက ဂိုဏ်းချုပ်ဝန် နေထိုင်ခဲ့သည့် နေရာဖြစ်ပြီး လောလောဆယ်မှာ စုန့်မင်းနေသည့် နေရာလည်းဖြစ်သည်။
ညအချိန်ဖြစ်သောကြောင့် အိမ်အတွင်းမှာ တစ်ချောင်းတည်းသော ဖယောင်းတိုင်တစ်တိုင်က မီးတောက်လေး လင်းနေပြီး လေမတိုက်ဘဲ မီးတောက်တစ်ချက် တောက်လောင်သွားခဲ့သည်။
စုန့်မင်းက စားပွဲခုံရှေ့တွင် ထိုင်နေကာ သူ့မျက်နှာက မှောင်မိုက်နေပြီး ဖယောင်းတိုင်မှ အလင်းရောင်က သူ့အရိပ်အား နံရံပေါ်တွင် တင်ကျန်နေစ၏။ အရိပ်က မလိုအပ်ပဲ ယိမ်းယိုင်နေတာကြောင့် အရိပ်နှစ်ခု ရှိသကဲ့သို့ ဖြစ်နေသည်။
"အခု ငါတို့ဘာလုပ်ကြမလဲ? ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းတို့ရဲ့ လက္ခဏာကို မတွေ့ရတာ ခဏလောက် ကြာနေပြီ။ သူတို့က ငါတို့ ဒီလောက် သူတို့အတွက် ဒုက္ခကြီးကြီးမားမား ပေးထားတာတောင် ထွက်မလာကြဘူး။ ဒါပေမဲ့ အဲ့ဒါတောင် ရန့်ရှန်ကိုတော့ သေအောင် လုပ်နိုင်တုန်းပဲ"
စုန့်မင်းရဲ့ အသံမှာ ဒေါသသံ ပါနေသည်။
"အခု လူတိုင်းက နတ်ဆိုးတွေ မိစ္ဆာတွေကို သတ်ဖို့ပဲ အလုပ်များနေကြပြီး ရန်ကျင်းအတွက် လုပ်ထားတဲ့ ပြဿနာတွေက လျော့ပါးလာပြီ"
"ဘာတွေ စိတ်ပူစရာရှိလို့လဲ? ရန်ကျင်းက သဘာဝအလျောက် မွေးလာတဲ့ နတ်ဆိုးမိစ္ဆာလေ။ ငါတို့သာသူ့ကို နတ်ဆိုးဖြစ်လာအောင် လှုံ့ဆော်နိုင်သ၍ ငါတို့ဆီက အားထုတ်မှု မရှိပဲ လူတွေကို သတ်ပစ်လိမ့်မယ်။ ဒါဆိုရင် မလုံလောက်ဘူးလား? ရှန်ကျစ်ရှန်းနဲ့ ပတ်သတ်လို့တော့......" စုန့်မင်းက ပါးစပ်ကို တင်းတင်းစေ့ထားသော်လည် သူ့ခန္တာကိုယ်ထဲကနေ နောက်ထပ် အေးစက်စက် အသံတစ်ခု ထွက်ပေါ်နေသည်။
"ငါသူ့ခန္တာကိုယ်ကို လိုချင်တယ်။ ဒီလိုမျိုး ငါနဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ ခန္တာကိုယ်မျိုး ဘယ်တုန်းကမှ မတွေ့ဖူးဘူး။ အဲ့ဒီ ရေသူထီးက သူများကိစ္စ ဝင်စွက်ဖက်တာကို ငါတော်တော်လေး အပြစ်တင်မိတယ်...."
ထိုအသံအား ကြားသောအခါ စုန့်မင်းက စိတ်ဆိုးသွားသည်။ သူက မနေနိုင်စွာဖြင့် စားပွဲခုံအား ရိုက်ချလိုက်တာကြောင့် အသံဗလံများ ထွက်ပေါ်သွားစေ၏။ သူက အေးစက်စက်သာ ပြောလာလေသည်။
"မင်း တစ်ခြား အငယ်တန်း တပည့်တွေဆီမှာ နေလို့ မရဘူးလား? ဘာလို့ ငါ့ဆီ လာရတာလဲ?"
"အိုး....အကယ်၍ ငါသာ ရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ်ကို ဒီလောက် နှစ်တွေ အများကြီး မသိမ်းပိုက်ထားခဲ့ဘူးဆိုရင် မင်းသူ့ဆရာရဲ့ ရာထူးကို ယူဖို့ အခွင့်အရေးလေးတောင် ရှိမှာမဟုတ်ဘူး။ မင်းငါ့ကို ကျေးဇူးတင်သင့်တယ်။"
အက်ကွဲကွဲ အသံကြီးက ကြောက်မက်ဖွယ် ရယ်သံတစ်ခု ထုတ်လာသည်။
"မင်းခန္တာကိုယ်ကလည်း ကောင်းတာပါပဲ။ အကယ်၍ ငါသာ ရှန်ကျစ်ရှန်းရဲ့ ခန္တာကိုယ်ထဲ မပြန်နိုင်ဘူးဆိုရင် မင်းနဲ့အတူတူ နေတာကလည်း သိပ်ဆိုးမှာ မဟုတ်ဘူး"
"ထွက်သွားစမ်းပါ!"
ကြိမ်းမောင်းနေသည့် စုန့်မင်းရဲ့မျက်နှာက စိတ်မရှည်မှုများ ပြနေသည်။
သို့သော်လည်း သူစကားဆက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ဖယောင်းတိုင်မီးက ရုတ်တရက် တစ်ဖြတ်ဖြတ် ခါပြီး လှုပ်ရမ်းလာ၏။ စုန့်မင်းက ပြတင်းပေါက်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
"ဘယ်သူလဲ!?"
ပိတ်ထားသည့် တံခါးက ကျွီခနဲ ပွင့်ဟလာခဲ့ကာ အပြင်ဘက်မှ တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ မူလက ပြတင်းပေါက်ကို ပိတ်ထားခဲ့သည့် မင်းတုံးသည်လည်း နှစ်ခြမ်းကွဲထွက်သွားခဲ့ကာ ဘုတ်ဆိုတဲ့ အသံနဲ့အတူ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ စုန့်မင်း၏ နှလုံးသားက ထူးဆန်းစွာ တစ်ဒုတ်ဒုတ် ခုန်လာမိတော့၏။
ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ ခံစားလိုက်ရလေသည်။ ပြတင်းပေါက် အပြည့်အဝ ပွင့်သွားသည်နှင့် ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသောလူကို သူတွေ့လိုက်ရသည်။
ဒါက လူမဟုတ်နိုင်ဘူး
စုန့်မင်းက ထိတ်လန့်သွားသည်။ သူ့ ခြေထောက်က တစ်ဆတ်ဆတ် လှုပ်ယမ်းလာပြီး တုန်တုန်ယင်ယင်အသံနဲ့ ပြောလိုက်လေသည်။
"ဆရာ... မဟုတ်ဘူး၊ ဂိုဏ်းခေါင်းဆောင် ဝန်..."
ဤမျက်နှာသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သော်လည်း သန်းခေါင်ယံအချိန်များ၌ သူ့အိပ်မက်များကို အမြဲတစေ ခြောက်ခြားမှု ဖြစ်စေခဲ့သူပင်။ ရင်းနှီးနေတဲ့ မျက်နှာက မထင်မှတ်ပဲ သူ့ရှေ့မှာ တစ်ဖန် ပေါ်လာပြန်ပြီ!
စုန့်မင်းရဲ့ နှဖူးက အေးစက်ပြီး ချွေးသီးများ ထလာသည်။ ထိုအချိန်မှာတော့ သူ့ခန္တာကိုယ်ထဲမှာ ပုန်းကွယ်နေသည့် နတ်ဆိုးတစ်ဝက်က တိတ်ဆိတ်ကျသွားခဲ့၏။ နတ်ဆိုးတစ်ဝက်သည်လည်း ဂိုဏ်းချုပ်ဝန်အား သဘာဝကျကျပင် မှတ်မိနေသည်။ ဂိုဏ်းချုပ်ဝန် အသက်ရှင်နေစဉ်မှာ ရှန်ကျစ်ရှန်းရဲ့ ခန္ဓာကိုယ်နဲ့ သူ့ကို ရင်ဆိုင်ရမှာကို ကြောက်ရွံ့နေခဲ့ရသည်။ အခုလည်း မည်သည့် ပြဿနာမှ မရှာရဲပေ။
ဂိုဏ်းချုပ်ဝန်က ပြတင်းပေါက် အပြင်ဘက်မှာ ရပ်နေပြီး အထဲကိုလည်း ဝင်မလာခဲ့။ သူက အေးစက်လှသည့် အကြည့်ဖြင့် ကြည့်နေရုံသာ။ စုန့်မင်းအား အချိန်အတော်ကြာအောင် ကြည့်ပြီးနောက်မှာတော့ သူ့နှုတ်ခမ်းထောင့်စွန်းက ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါပြန်လာပြီ စုန့်မင်း"
ထိုအသံက ဂိုဏ်းချုပ်ဝန်၏ အသံနဲ့ တစ်ပုံစံတည်းနီးပါး ဖြစ်နေတာကြောင့် စုန့်မင်းအားသတိလက်လွတ်ဖြင့် နောက်ဆုတ်သွားစေမိပြီး စားပွဲနဲ့ တိုက်မိသွားစေသည်။
သူ့မှာ နာကျင်မှုကို ဂရုမစိုက်နိုင်ပဲ အံကို တင်းတင်းဖိကြိတ်၍ ဂိုဏ်းချုပ်ဝန် တိတ်တဆိတ် ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ ခဏအကြာမှာတော့ သွားစိထားသည့် လေသံဖြင့်စကားတစ်ခွန်းကို ဖြစ်ညှစ်ထုတ်လာ၏။
"သူ ပြန်လာပြီ..."
.....
ဂိုဏ်းချုပ်ဝန်၏ အသွင်အပြင်အား စုန့်မင်းကို 'မြင်အောင်ပြ' ပြီးတာနဲ့ ရှန်ကျစ်ရှန်းသည် တစ်ခြားအကြီးအကဲများကို ဆက်ပြီး မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထိုနှစ်များမှာ စတုတ္ထ အကြီးအကဲက သူ့ကို ကယ်တင်နိုင်ဖို့ သူ့ဆရာနဲ့အတူ ကြိုးကြိုးစားစား လုပ်ခဲ့ပြီး သူ့အခြေအနေအား ယေဘူယျအားဖြင့် ခန့်မှန်းနိုင်ခဲ့သည်။ နောက်ဆက်တွဲကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန်ရောက်မှသာ စတုတ္ထအကြီးအကဲနဲ့ ဆွေးနွေးတော့မည်လေ။
များပြားလှသည့် ကိစ္စများကို တစ်ခါတည်းနဲ့ သိရှိ ကြုံတွေ့ရပြီးနောက်မှာ သူ့စိတ်အခြေအနေက အဆက်မပြတ် ကမောက်ကမ ဖြစ်နေခဲ့ရသည်။ ရှန်ကျစ်ရှန်းသည် သူ့နှလုံးသား၏ အတွင်းပိုင်းမှ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတာပင်။
သူ့အခန်းကို ပြန်ရောက်တဲ့ အချိန်မှာတော့ ပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်မိသည်။
သူထွက်သွားတဲ့ အချိန်တုန်းက တံခါးပိတ် တရားကျင့်နေတယ်ဟု ကြေညာခဲ့တာကြောင့် သူ့ဂျူနီယာ တပည့်များက မလာခဲ့ကြပေ။ သူက ကန့်သတ်ချက် တစ်ခုအား ထားခဲ့ပေမယ့်လည်း စုန့်မင်းက သူထွက်သွားပြိးတာနဲ့ ရုပ်သေးသစ်သားကို လုယူသွားတာကြောင့် ပျက်စီးသွားလောက်ပြီလေ။
ရလဒ်ကတော့ ပစ္စည်းတွေ အကုန်လုံး ပြန့်ကျဲနေခဲ့သည်။
ရှန်ကျစ်ရှန်းက ခဏတာ လျှောက်ကြည့်နေမိ၏။ ဗလာဖြစ်နေတဲ့ အခန်းထဲမှာ သူတစ်ယောက်တည်း။ ရန်ကျင်းလည်း မရှိဘူး ရှောင်းချောင်ယလည်း မရှိဘူး ဘာသံမှလည်း မရှိဘူး။ တောင်ထိပ်တစ်ခုလုံးက အရမ်း အထီးကျန်ဖို့ ကောင်းတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲနေတာ။
စားပွဲခုံပေါ်မှာ အေးစက်စက် လက်ဖက်ရည်ကြမ်း တစ်ခွက်ပဲ ရှိနေတယ်။
ရှန်ကျစ်ရှန်းက သူ့အတွက် ရန်ကျင်းဝယ်ပေးခဲ့သည့် ကျောက်စိမ်းကုတင်နား လျှောက်သွားလိုက်ပြီး ဖွဖွလေး ထိမိသည်။ ပင်ပန်းနွမ်းလျစွာနဲ့ ထိုပေါ်က ရွက်ကြွေများကို ဖယ်ရှားလိုက်ပြီး ကုတင်ပေါ်မှာ လှဲချလိုက်၏။
ညကောင်းကင်တွင် ကြယ်များသည် တိတ်တဆိတ် လင်းလက်နေသည်။ သူတို့ကို ခဏလောက် စိုက်ကြည့်နေရင်း ဝမ်းနည်းမှု က သူ့ကို လွှမ်းမိုးလာပြန်သည်။
တကယ်တော့ ရှန်ကျစ်ရှန်းက သူ့စိတ်ခံစားချက်များအား ထိန်းညှိနိုင်သည့် လူတစ်ယောက်ဖြစ်သည်။ များသောအားဖြင့် သူ့ကိုယ်သူ ခံစားချက် တစ်ခုခုကို စွဲလန်းစေဖို့ ဘယ်တော့မှ ခွင့်မပြုခဲ့ပေ။ သို့ပေမယ့် ဒီတစ်ခေါက်တော့ သူ သိပ်အဆင်မပြေဘူး။
အမျိုးမျိုးသော စိတ်ခံစားမှုများ သူ့နှလုံးသားထဲတွင် အမြစ်တွယ်လာကာ အခြားသူများကို စကားပြောချင်စိတ် ဖြစ်စေသည်။
ဒါပေမဲ့ သူ တစ်ယောက်တည်းလေ
ရှန်ကျစ်ရှန်းက အသက်ကို ပြင်းပြင်း ရှုလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ရှုထုတ်၍ မျက်လုံးများ မှိတ်လိုက်တော့သည်။
သူက ကြက်အိပ်ကြက်နိုး အိပ်ပျော်နေပြီး သူ့အိမ်မက်များက ထူးဆန်းကာ ဖရိုဖရဲ ဖြစ်နေသည့် အတိတ်ဖြစ်ရပ်များအား မြင်မက်နေမိ၏။ အိမ်မက်များက သူ့အတွက် မသက်မသာ ဖြစ်စေတာကြောင့် သူ့မျက်ခုံးများကို ကြုတ်နေစေသည်။
နောက်ဆုံးအိမ်မက်သည် စုန်းနဂါးက သူ့နှလုံးသားအား လက်သည်းချွန်များနဲ့ ထိုးစိုက်လိုက်တာဖြစ်ပြီး ဂိုဏ်းချုပ်ဝန်ရဲ့ စိတ်ပူပန် စိုးရိမ်နေတဲ့ မျက်နှာနဲ့ အဆုံးသတ်သွားသည်။
ရှန်ကျစ်ရှန်းက ရုတ်တရက် လန့်နိုးလာပြီး သူ့ရင်ဘတ်က ပြင်းထန်စွာ တုန်ခါနေသည်။ သူက မြန်ဆန်စွာအသက်ရှုနေမိရင်းဖြင့် ချွေးအေးများက သူ့နှဖူးပေါ် လိမ့်ဆင်းလာ၏။
ထိုအချိန်သည် အာရုံဦးမရောက်ခင် အမှောင်ဆုံး အချိန်ပင်။ သူ့မျက်လုံးများ ဖွင့်လိုက်သည့် အချိန်မှာ အိပ်ယာဘေးတွင် တစ်စုံတစ်ယောက် မတ်တပ်ရပ်နေသည်အား မြင်လိုက်ရတာကြောင့် ထိတ်လန့်သွားမိသည်။
၎င်းက အလွန်ရင်းနှီးလှသည့် ပုံရိပ်ဖြစ်၏။ ထိုလူက အပေါ်ဝတ်ရုံအား လက်ထဲမှာ ကိုင်ထားပြီး သူ့ကို ခြုံပေးဖို့ လုပ်နေတာပင်။
ရှန်ကျစ်ရှန်းသည် ထိုလူ၏ လက်ကောက်ဝတ်ကို အလိုလို ဆုပ်ကိုင်လိုက်သည်။ ထို့နောက်တွင်တော့ သူသည် သွေးနီရဲနေသော မျက်လုံးတစ်စုံကို မြင်လိုက်ရပြီး "အားကျင်း" ဟု ညည်းတွားလိုက်မိလေသည်။
ရန်ကျင်းက ရပ်တန့်သွားသည်။ သူက သူ့အသွင်အပြင်အား သတိရသွားပုံပေါ်ပြီး သူ့မျက်လုံးများအား ရှန်ကျစ်ရှန်းကို မမြင်စေချင်တာကြောင့် မသက်မသာဖြင့် ခေါင်းစောင်းလိုက်သည်။
သို့သော်လည်း ရှန်ကျစ်ရှန်းက ရုတ်တရက် လက်ကို လွှတ်ပေးလိုက်ပြီး သူ့လက်မောင်းများကို ဆန့်တန်းလိုက်သည်။ အမှောင်ထုထဲမှာ ရန်ကျင်းက အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ဝမ်းနည်းပူဆွေးနေသည့် စကားလုံးတစ်လုံးကို ကြားလိုက်ရသည်။
"ဖက်ပေး"
24.7.2022
=============
Zawgyi
အခန္း(၆၄) - အျပန္
ရွန္က်စ္ရွန္းသည္ မၾကာေသးမီက စိတ္တိုေဒါသထြက္ေနခဲ့သည္။
ပထမအေၾကာင္းရင္းမွာ သူသည္ မိစာၦမ်ားစြာကို ေခါင္းျဖတ္ၿပီး နတ္ဆိုးမ်ားစြာကို ဖယ္ရွားပစ္ခဲ့ရျခင္းေၾကာင့္ ၎၏ စိတ္ခံစားခ်က္ကို မလႊဲမေရွာင္သာ ထိခိုက္ေစျခင္းပင္။ ဒုတိယ အေၾကာင္းရင္းမွာ ရန္က်င္းက ဘယ္ေနရာမွာ ရွိေနလဲ ဆိုတာကို အတိအက် သိနုိင္မယ့္ အခ်က္အလက္ ရွိမေနလို႔။ တတိယ အေၾကာင္းျပခ်က္ကေတာ့ .........
ထိုေန႔က ဂိုဏ္းခ်ဳပ္ဝန္ရဲ႔ က်ိဳးပဲေနတဲ့ ဓားဝိဥာဥ္ႏွင့္ ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့တဲ့ အခ်ိန္မွာ မေရရာတဲ့ ပုံရိပ္တစ္ခုကို သူျမင္လိုက္ရတယ္။
၎က ဂိုဏ္းခ်ဳပ္ဝန္ အဆင့္တက္ေနတဲ့ အခ်ိန္မွာ ခ်ီေသြဖယ္သြားတဲ့ ျမင္ကြင္းျဖစ္သည္။ ဂိုဏ္းခ်ဳပ္ဝန္အျပင္ကို ထိုရုပ္ပံုထဲမွာ တစ္စိတ္တစ္ပိုင္း ပုန္းကြယ္ေနသည့္ တစ္ျခားပံုရိပ္တစ္ခု ရွိေနေသးသည္ေလ။
ထိုမသိနုိင္တဲ့လူက သူ႔ဓားကို သံုးျပီး ဂိုဏ္းခ်ဳပ္ဝန္ ပင္ပင္ပန္းပန္း စီစဥ္ထားရတဲ့ ကာကြယ္ေရး အခင္းအက်င္းကို ခိုးေၾကာင္ခိုးဝွက္နဲ႔ ဖ်တ္ဆီးေနခဲ့တာ။
ဒါေပမဲ့ ဒါက တကယ္ေတာ့လည္း က်ိဳးပဲ့ေနတဲ့ ဓားဝိညာဥ္ အၾကြင္းအက်န္ေလးပဲေလ။ အဲ့ဒီပံုရိပ္က ခဏတာေလးပဲ လင္းလက္သြားျပီးေတာ့ လံုးဝကို ေပ်ာက္ကြယ္သြားခဲ့တာပဲ။
ရွန္က်စ္ရွန္းက လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လုိက္ျပီး သူ႔နွလံုးသားက ေရခဲသဖြယ္ ေအးစက္ေနခဲ့သည္။ သူက ဓားရဲ႔ တစ္ဝက္ကိုသာ ျမင္လိုက္ရတာ ဆိုေပမယ့္လည္း ဒါေလးနဲ႔တင္ လံုေလာက္ေနေလျပီ။ အဲ့ဒါက စုန္႔မင္းရဲ႔ ဓားရိုးဆိုတာကို သူမွတ္မိတယ္။
ဂိုဏ္းခ်ဳပ္ဝန္ရဲ႔ ေသဆံုးမွုက တကယ့္ကို စုန္႔မင္းနဲ႔ ပတ္သတ္ဆက္ႏြယ္ေနတယ္!
ယခင္က ရွန္က်စ္ရွန္းသည္ မေရရာေသာ သံသယမ်ားသာ ရွိခဲ့သည္။ အခုေတာ့ သူကစုန္႔မင္းရဲ႕ အျပစ္ကို ေသခ်ာလုနီးပါး ျဖစ္ေနေလၿပီ။
စုန္႔မင္းက အေစာပိုင္းမွာ သာမန္တပည့္ တစ္ဦးမွ်သာ ျဖစ္သည္။ သို႔ေသာ္လည္း ရွန္က်စ္ရွန္းရဲ႔ ခႏာၱကိုယ္ သိမ္းပိုက္ခံရျပီးေနာက္မွာ ဂိုဏ္းခ်ဳပ္ဝန္သည္ စုန္႔မင္းက အလြန္လံု႔လ ဝီရီယရွိျပီး အလုပ္ၾကိဳးစားသည္ကို ျမင္သြားခဲ့သည္။ သူက ထိုသူ႔အား တပည့္အျဖစ္ လက္ခံလုိက္ျပီး ရွန္က်စ္ရွန္းကို ပိုမို ဂရုစိုက္ေပးေစခ်င္တာေၾကာင့္ ဂိုဏ္းခ်ဳပ္ရာထူးကိုပင္ ေပးအပ္ခဲ့တာပင္။
ဒါေပမဲ့ ဘယ္သူသိမွာလဲ.....
ေနာက္ဆံုး အခ်ိန္ပိုင္းေလးမွသာ ဂိုဏ္းခ်ဳပ္ဝန္သည္ စုန္႔မင္းရဲ႔ သိမ္ေမြ႔တဲ့မ်က္နွာေအာက္မွာ ဝံပုေလြတစ္ေကာင္ရဲ႔ ရည္မွန္းခ်က္နဲ႔ အၾကင္နာတရား ကင္းမဲ့လွတဲ့ ကင္းျမီးေကာက္ကို ျမင္ေတြ႔ခဲ့ရျခင္းျဖစ္သည္။
ရွန္က်စ္ရွန္းသည္ ရက္အနည္းငယ္ ၾကာသည္အထိ အေျပးအလႊား သြားခဲ့သည္။ ခ်င္းယြင္ဂိုဏ္းသို႔ ေရာက္တဲ့အခ်ိန္မွာ ေကာင္းကင္က တစ္ျဖည္းျဖည္း ေမွာင္လာျပီး ညအခ်ိန္ကို ေရာက္ေနေလျပီ။ သူက ခ်င္းယြင္ဂိုဏ္း၏ ကန္႔သတ္ခ်က္မ်ားအား ေကာင္းစြာ သိထားတာပင္။ ဒါ့အျပင္ ဂိုဏ္းခ်ဳပ္ဝန္က သူ႔အတြက္ စုန္႔မင္းေတာင္ ေျပာင္းလဲေအာင္ မစြမ္းေဆာင္နုိင္ေလာက္သည့္ တစ္စံုတစ္ရာျဖင့္ ေနာက္တံခါးကို တမင္ဖြင့္ေပးထားခဲ့တာေၾကာင့္ ဂိုဏ္းထဲသို႔ တိတ္တဆိတ္ဝင္ေရာက္ႏိုင္ခဲ့သည္။
သူက သူ႔ကိုယ္ပိုင္ ေတာင္ကုန္းသို႔ မျပန္သြားခဲ့ပဲ အဲ့ဒီအစား ရွစ္လွ်န္ေတာင္သို႔ ဦးတည္သြားလုိက္သည္။
ေနာက္ဆံုးတစ္ေခါက္ ဒီကို သူေရာက္တုန္းက ရန္က်င္းက အခင္းအက်င္းတစ္ခု လုပ္ခဲ့ျပီး သူတို႔ကို ဒီေနရာေရာက္ေအာင္ ကူးေျပာင္းေစခဲ့သည္။ အခုခ်ိန္မွာ ထိုရင္းနွီးေနသည့္ ရွဳခင္းအား ၾကည့္ရင္း သူ႔စိတ္မ်ား ရွဳပ္ေထြးေနမိ၏။
ဒီေနရာက သူငယ္ငယ္ ကေလးဘဝတုန္းက ခပ္ဆိုးဆိုး လုပ္ျပီး ေျပးလႊားေနခဲ့တဲ့ ေနရာပဲ။ ဒီေနရာက နတ္ဆိုးသားရဲ ေတြ အကုန္လံုးက စြမ္းအားၾကီးတာေၾကာင့္ တပည့္အသစ္ေတြအတြက္ အစမ္းဖြင့္ထားတာမ်ိဳးလည္း မလုပ္ဘူး။ သူကေလးဘဝတုန္းက.....ဂိုဏ္းခ်ဳပ္ဝန္ ေျပာခဲ့တာေတာ့ သူက ခုန္ေပါက္ေနတဲ့ ေၾကာင္ေလးတစ္ေကာင္လုိပဲတဲ့။
စိတ္လွုပ္ရွားစရာ ရွိတဲ့ေနရာေတြ အကုန္လံုးနဲ႔ သူမသြားသင့္တဲ့ ေနရာတိုင္းကို ခုန္ေပါက္ေျပးသြားရတာ သေဘာက်တယ္။ သူ႔ရဲ႔ ကိုုယ္ပိုင္ အစြမ္းထက္တဲ့ က်င့္ၾကံမွုနဲ႔ ထိုးထြင္းသိျမင္နုိင္စြမ္းေတြကို အားကိုးျပီး ဒီေတာင္တစ္ဝိုက္မွာ တိတ္တဆိတ္ ေလ်ာဆင္းခဲ့တာ။
ဒီေနရာက နတ္ဆိုးသားရဲေတြ အကုန္လံုးက တစ္ျခားေတာင္ေတြရဲ႔ အျပင္ဘက္က နတ္ဆိုးသားရဲေလးေတြထက္ ပိုျပီး အစြမ္းထက္တယ္။ ေၾကာင္ေပါက္ေလး ရွန္က်စ္ရွန္းကေတာ့ ဒီေနရာကို တိတ္တဆိတ္ ၾကည့္ျပီးတာနဲ႔တင္ သူတို႔နဲ႔ ရင္ဆုိင္တိုက္ခုိက္နုိင္မယ္လို႔ ခံစားရတာေၾကာင့္ ဘယ္ေလာက္ပဲ မ်ားျပားေနပါေစ နတ္ဆိုးသားရဲတိုင္းကို ဖမ္းဆီးျပီး သူတို႔နဲ႔ တိုက္ခိုက္မွာပဲ။
ဒီေနရာမွာ ရက္အနည္းငယ္ ေနထိုင္ခဲ့ျပီးတဲ့ အခ်ိန္မွာ နတ္ဆိုးသားရဲ အုပ္စုကို မ်က္ရည္က်ခါနီးထိ ရွုပ္ဖြခဲ့တယ္ေလ။ ဂိုဏ္းခ်ဳပ္ဝန္မွာေတာ့ သူက ဒီေနရာကို ေရွာင္ရွားရမယ့္အစား တမင္သက္သက္ အေရာက္သြားခဲ့ေၾကာင္း သိတဲ့အခ်ိန္မွာ သူ႔ကို အျမန္အဆန္ ကယ္တင္ခဲ့တယ္။ သူ႔ကို ေခၚထုတ္သြားတဲ့ အခ်ိန္ခဏေလးမွာပဲ နတ္ဆိုးသားရဲ အေပါင္းက သံုးရက္တုိင္တုိင္ ေအာင္ပြဲခံခဲ့ၾကတာ။
ဒါေပမဲ့ သူဒဏ္ရာ လံုးဝ မရတာကို သိတဲ့အခ်ိန္မွာေတာ့ ဂိုဏ္းခ်ဳပ္ဝန္က စိတ္သက္သာရာ ရသြားျပီး သူ႔ကိုဆက္ျပီး ထိန္းသိမ္း မထားေတာ့ဘူး။
"အဲ့ဒီ နတ္ဆိုးသားရဲေတြ အကုန္လံုးက ေတာ္ေတာ္ေလး ခံနုိင္ရည္ရွိၾကတယ္။ မင္းက သူတို႔ကို မေၾကာက္ဘူး ဆိုမွေတာ့ မၾကာခဏသြားျပီး မင္းရဲ႔ ၾကြက္သားေတြကို လွုပ္ရွားတာလည္း ေကာင္းပါတယ္"
အဲ့ဒီလိုနဲ႔ ရက္အနည္းငယ္ ၾကာတုိင္း သူသြားေတာ့တာပဲ
နတ္ဆိုးသားရဲေတြ အကုန္လံုး ေၾကာင္ေပါက္ေလး ရွန္က်စ္ရွန္းက အထဲကို ေရာက္တာနဲ႔ သူ႔အျမီးေလးကို ေဝွ႔ယမ္းျပီး တိုက္ခိုက္ဖို႔ လိုက္ရွာေနတာ ျမင္တိုင္း မေပ်ာ္မရႊင္ ျဖစ္ၾကတယ္။
နတ္ဆိုးသားရဲမ်ား, "......"
အခ်ိန္ၾကာလာတာနဲ႔ အမ်ွ အဲ့ဒီ နတ္ဆိုးသားရဲေတြ အကုန္လံုးက ရွန္က်စ္ရွန္းကို ျမင္တာနဲ႔ ေျပးၾကေတာ့တာပဲ။ သူတို႔အတြက္ေတာ့ ရွန္က်စ္ရွန္း အေသးေလးက သူတို႔အတြက္ အိမ္မက္ဆိုးေတြကို ယူေဆာင္လာတဲ့လူေလ။ နွစ္ေပါင္းမ်ားစြာ ၾကာျပီးတဲ့အထိ ဒီအေလ့အက်င့္က ဆက္ျပီး တည္ရွိေနေသးတာမို႔ ေနာက္ဆံုးတစ္ေခါက္ သူနဲ႔ ရန္က်င္းတို႔ ဒီကို ေရာက္တဲ့အခ်ိန္မွာ နတ္ဆိုးေတြက သူ႔ကို ဆက္ျပီး ေရွာင္ဖယ္ေနခဲ့ၾကတာပဲ။
အဲ့ဒီအခ်ိန္တုန္းက သူ႔ကိုယ္သူ စာအုပ္ထဲ ကူးေျပာင္းလာတယ္လို႔ ထင္ခဲ့မိျပီး ရန္က်င္းမွာ ဇာတ္ေဆာင္ရဲ႔ ေရာင္ဝါရွိလို႔ နတ္ဆိုးသားရဲေတြ ဒီလိုျဖစ္ကုန္တယ္လို႔ ထင္ခဲ့မိတာ။
အတိတ္ကို ျပန္ေျပာင္း သတိရမိတဲ့အခ်ိန္မွာ ရွန္က်စ္ရွန္းရဲ႔ မ်က္လံုးထဲတြင္ လြမ္းဆြတ္ျခင္းမ်ား ျဖတ္သန္းသြားရသည္။
သူက ယခင္တစ္ေခါက္ ဂိုဏ္းခ်ဳပ္ဝန္ကို ပံုရိပ္ေယာင္အေနျဖင့္ ေတြ႔ခဲ့ေသာ ေနရာသို႔ ေလွ်ာက္သြားလိုက္၏။ ဒီျပန္႔ျပဴးသည့္ ေျမျပင္သည္ ယခင္က သူအထူးတလွယ္ နွစ္သက္ခဲ့ေသာ ေနရာတစ္ခုလည္းျဖစ္သည္။ တိုက္ခုိက္ျပီးလို႔ ဒါမွမဟုတ္ ေလ့က်င့္ျပီးလို႔ ေမာပန္းႏြမ္းနယ္လာတဲ့ အခါတိုင္း ဒီေနရာေလးကို ၿငိမ္သက္တိတ္ဆိတ္စြာ အနားယူဖို႔အတြက္ ရွာေဖြေလ့ရွိသည္။
ဂိုဏ္းခ်ဳပ္ဝန္သည္လည္း ဒီေနရာကိုသိျပီး အၾကိမ္ေပါင္းမ်ားစြာ သူ႔ဆီ လာရွာခဲ့ဘူးသည္ေလ။
ေသခ်ာေပါက္ပဲ ဒီေနရာမွာ ပံုရိပ္ေယာင္ ေက်ာက္တံုးေတြ အမ်ားၾကီး ရွိေနတယ္
ထိုပံုရိပ္ေယာင္ ေက်ာက္တံုးမ်ားက ကန္႔သတ္ခ်က္မ်ားနဲ႔ ပိတ္သိမ္းခံထားရျပီး သူတစ္ေယာက္တည္းသာ ဖြင့္နုိင္တာပင္။ ရွန္က်စ္ရွန္းက အလ်င္အျမန္ပင္ ဖြင့္လိုက္ျပီး အလင္းတန္းတစ္ခု လင္းလက္သြားသည္။ ဂိုဏ္းခ်ဳပ္ဝန္၏ အသံက သူ႔ေရွ႔မွာ ေပၚလာကာ သူ႔အသြင္အျပင္က အနည္းငယ္ ေဖာက္ထြင္းျမင္ေနရျပီး ျမဴမွုန္ကဲ့သို႔ ျဖစ္ေန၏။
ရွန္က်စ္ရွန္းရဲ႔ မ်က္လံုးမ်ားက အနည္းငယ္ စိုစြတ္လာျပီး မေရရြတ္ပဲ မေနနိုင္ေတာ့ေပ။
"ဆရာ..."
ရွန္က်စ္ရွန္း ထိုေတာင္ကုန္းကေန ျပန္ထြက္လာတဲ့ အခ်ိန္မွာေတာ့ ညေကာင္းကင္က လံုးဝကို နက္ေမွာင္ေနေလျပီ။
သူက တည္ျငိမ္တဲ့ မ်က္နွာနဲ႔ ထြက္လာတာ ျဖစ္ေသာ္လည္းသူ႔နွလံုးသားကေတာ့ စိတ္ဓာတ္က်ကာ ေလးလံေန၏။
သူအရင္က ဘယ္သူ႔ကိုမွ ေစ့ေစ့စပ္စပ္ မုန္းတီးတာမ်ိဳး မရွိခဲ့ဖူးဘူး။ နတ္ဆိုးတစ္ဝက္က သူ႔ခႏာၱကိုယ္ကို သိမ္းပိုက္သြားတုန္းကေတာင္ သူ႔ရဲ႔ကိုယ္ပိုင္ ခြန္အားမရွိျခင္းကိုပဲ အျပစ္တင္ခဲ့တာ။ ဒါေပမဲ့ စုန္႔မင္း......
ရွန္က်စ္ရွန္းက သူ႔ေဘးမွ သစ္ပင္ျမင့္ၾကီးအား ထုိးခ်လုိက္တာေၾကာင့္ ထိုသစ္ပင္အား တုန္ခါသြားေစကာ သစ္ရြက္မ်ား ေဖြးကနဲ က်လာေစသည္။ သူက သူ႔လက္ကို ဝိညာဥ္စြမ္းအားနဲ႔ မကာကြယ္ထားတဲ့အျပင္ သစ္ေခါက္ကလည္း မာေက်ာလွသည္။ ထို႔ေၾကာင့္ သူ႔လက္ေခ်ာင္းမ်ားမွတစ္ဆင့္ ေသြးမ်ား စီးက်လာျပီး ေျမျပင္ေပၚသို႔ ျဖည္းညွင္းစြာျဖင့္ တစ္စက္စီ က်လာ၏။
သူ႔အေနနဲ႔ ဒဏ္ရာအား လံုးဝကို ဂရုမစိုက္မိ။ တကယ္ေတာ့လည္း သူ႔နွလံုးသားထဲက ေလးလံေနတဲ့ နာက်င္မွုနဲ႔ နွိဳင္းယွဥ္ရင္ ဒါေတြအားလံုးက အေသးအဖြဲမွ်သာပဲေလ
ရန္က်င္းအေသးေလးက သူ႔ကို ဘာေၾကာင့္ အၾကိမ္ၾကိမ္ ခ်န္ထားခဲ့ခ်င္လဲ ဆိုတာနဲ႔ ရန္က်င္းက သူ႔ကိုဆြဲခ်မိေနျပီလို႔ ဘာေၾကာင့္ ဆက္တိုက္ေျပာေနခဲလဲ ဆိုတာ သူရုတ္တရက္ နားလည္သြားျပီ။
သူ႔ခႏာၱကိုယ္ကို နတ္ဆိုးတစ္ဝက္က သိမ္းပိုက္သြားခဲ့တာေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူ႔ဆရာက သူ႔ကို ဘယ္လိုျဖစ္လို႔ ဒီေလာက္ စိတ္ပူပန္မွာလဲ? ဒါဆိုရင္ စုန္႔မင္းကေရာ ဘယ္လိုလုပ္ ဆရာ႔ကို တို္က္ခိုက္ဖို႔ ၾကံစည္နုိင္ျပီး ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ ေသဆံုးေစနုိင္ခဲ့မွာလဲ?
ရွန္က်စ္ရွန္းရဲ႔ လက္မ်ားက တုန္ယင္ေနျပီး လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။
ဒီအခိုက္အတန္႔ေလးမွာ သူ႔စိတ္မ်ားက အလြန္ရွုပ္ေထြးေနမိသည္။ သူစုန္႔မင္းကို ခ်က္ခ်င္း သတ္ပစ္ခ်င္ေပမယ့္ ယုတၱိေဗဒကေတာ့ အမွန္တရားကို ရွာေဖြဖို႔ စုန္႔မင္း အသက္ရွင္ေနဖို႔ လိုအပ္တယ္လို႔ ေျပာေနတယ္ေလ။ စုန္႔မင္းက ဂိုဏ္းခ်ဳပ္ဝန္ကို လုပ္ၾကံခဲ့တာပဲ ျဖစ္ျဖစ္ ရန္က်င္းကို လုပ္ၾကံခဲ့တာပဲျဖစ္ျဖစ္ ဒါေတြအားလံုး သူက စုန္႔မင္းဆီကေန တစ္ခုျပီးတစ္ခု ျပန္ယူရမယ့္ အရာေတြပဲ။
ရွန္က်စ္ရွန္းက ခဏရပ္လုိက္သည္။ ရုတ္တရက္ သူက လက္ကိုေျမွာက္လုိက္ျပီး စာလံုးတစ္ခ်ိဳ႔ျဖင့္ သူ႔မ်က္နွာအား ဂိုဏ္းခ်ဳပ္ဝန္ရဲ႔ မ်က္နွာအျဖစ္သို႔ ေျပာင္းလဲလုိက္ျပီးေနာက္ ေရွ႔ဆက္ ထြက္ခြာသြားေတာ့သည္။
......
ခ်င္းယြင္ဂိုဏ္း, ပင္မေတာင္ကုန္း...
ထိုေနရာက ဂိုဏ္းခ်ဳပ္ဝန္ ေနထုိင္ခဲ့သည့္ ေနရာျဖစ္ျပီး ေလာေလာဆယ္မွာ စုန္႔မင္းေနသည့္ ေနရာလည္းျဖစ္သည္။
ညအခ်ိန္ျဖစ္ေသာေၾကာင့္ အိမ္အတြင္းမွာ တစ္ေခ်ာင္းတည္းေသာ ဖေယာင္းတိုင္တစ္တိုင္က မီးေတာက္ေလး လင္းေနျပီး ေလမတိုက္ဘဲ မီးေတာက္တစ္ခ်က္ ေတာက္ေလာင္သြားခဲ့သည္။
စုန္႔မင္းက စားပြဲခံုေရွ႔တြင္ ထုိင္ေနကာ သူ႔မ်က္နွာက ေမွာင္မိုက္ေနျပီး ဖေယာင္းတိုင္မွ အလင္းေရာင္က သူ႔အရိပ္အား နံရံေပၚတြင္ တင္က်န္ေနစ၏။ အရိပ္က မလိုအပ္ပဲ ယိမ္းယိုင္ေနတာေၾကာင့္ အရိပ္နွစ္ခု ရွိသကဲ့သို႔ ျဖစ္ေနသည္။
"အခု ငါတို႔ဘာလုပ္ၾကမလဲ? ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းတို႔ရဲ႔ လကၡဏာကို မေတြ႔ရတာ ခဏေလာက္ ၾကာေနျပီ။ သူတို႔က ငါတို႔ ဒီေလာက္ သူတို႔အတြက္ ဒုကၡၾကီးၾကီးမားမား ေပးထားတာေတာင္ ထြက္မလာၾကဘူး။ ဒါေပမဲ့ အဲ့ဒါေတာင္ ရန္႔ရွန္ကိုေတာ့ ေသေအာင္ လုပ္နုိင္တုန္းပဲ"
စုန္႔မင္းရဲ႔ အသံမွာ ေဒါသသံ ပါေနသည္။
"အခု လူတုိင္းက နတ္ဆိုးေတြ မိစာၦေတြကို သတ္ဖို႔ပဲ အလုပ္မ်ားေနၾကျပီး ရန္က်င္းအတြက္ လုပ္ထားတဲ့ ျပႆနာေတြက ေလ်ာ့ပါးလာျပီ"
"ဘာေတြ စိတ္ပူစရာရွိလို႔လဲ? ရန္က်င္းက သဘာဝအေလ်ာက္ ေမြးလာတဲ့ နတ္ဆိုးမိစာၦေလ။ ငါတို႔သာသူ႔ကို နတ္ဆိုးျဖစ္လာေအာင္ လွံဳ႔ေဆာ္နုိင္သ၍ ငါတို႔ဆီက အားထုတ္မွု မရွိပဲ လူေတြကို သတ္ပစ္လိမ့္မယ္။ ဒါဆိုရင္ မလံုေလာက္ဘူးလား? ရွန္က်စ္ရွန္းနဲ႔ ပတ္သတ္လို႔ေတာ့......" စုန္႔မင္းက ပါးစပ္ကို တင္းတင္းေစ့ထားေသာ္လည္ သူ႔ခႏာၱကိုယ္ထဲကေန ေနာက္ထပ္ ေအးစက္စက္ အသံတစ္ခု ထြက္ေပၚေနသည္။
"ငါသူ႔ခႏာၱကိုယ္ကို လုိခ်င္တယ္။ ဒီလိုမ်ိဳး ငါနဲ႔ အံဝင္ခြင္က် ျဖစ္တဲ့ ခႏာၱကိုယ္မ်ိဳး ဘယ္တုန္းကမွ မေတြ႔ဖူးဘူး။ အဲ့ဒီ ေရသူထီးက သူမ်ားကိစၥ ဝင္စြက္ဖက္တာကို ငါေတာ္ေတာ္ေလး အျပစ္တင္မိတယ္...."
ထိုအသံအား ၾကားေသာအခါ စုန္႔မင္းက စိတ္ဆိုးသြားသည္။ သူက မေနနုိင္စြာျဖင့္ စားပြဲခံုအား ရိုက္ခ်လိုက္တာေၾကာင့္ အသံဗလံမ်ား ထြက္ေပၚသြားေစ၏။ သူက ေအးစက္စက္သာ ေျပာလာေလသည္။
"မင္း တစ္ျခား အငယ္တန္း တပည့္ေတြဆီမွာ ေနလို႔ မရဘူးလား? ဘာလို႔ ငါ့ဆီ လာရတာလဲ?"
"အိုး....အကယ္၍ ငါသာ ရွန္က်စ္ရွန္းရဲ႔ ခႏာၱကိုယ္ကို ဒီေလာက္ နွစ္ေတြ အမ်ားၾကီး မသိမ္းပိုက္ထားခဲ့ဘူးဆိုရင္ မင္းသူ႔ဆရာရဲ႔ ရာထူးကို ယူဖို႔ အခြင့္အေရးေလးေတာင္ ရွိမွာမဟုတ္ဘူး။ မင္းငါ့ကို ေက်းဇူးတင္သင့္တယ္။"
အက္ကြဲကြဲ အသံၾကီးက ေၾကာက္မက္ဖြယ္ ရယ္သံတစ္ခု ထုတ္လာသည္။
"မင္းခႏာၱကိုယ္ကလည္း ေကာင္းတာပါပဲ။ အကယ္၍ ငါသာ ရွန္က်စ္ရွန္းရဲ႔ ခႏာၱကိုယ္ထဲ မျပန္နုိင္ဘူးဆိုရင္ မင္းနဲ႔အတူတူ ေနတာကလည္း သိပ္ဆိုးမွာ မဟုတ္ဘူး"
"ထြက္သြားစမ္းပါ!"
ၾကိမ္းေမာင္းေနသည့္ စုန္႔မင္းရဲ႔မ်က္နွာက စိတ္မရွည္မွုမ်ား ျပေနသည္။
သို႔ေသာ္လည္း သူစကားဆက္ဖို႔ ျပင္လုိက္တဲ့အခ်ိန္မွာ ဖေယာင္းတိုင္မီးက ရုတ္တရက္ တစ္ျဖတ္ျဖတ္ ခါျပီး လွုပ္ရမ္းလာ၏။ စုန္႔မင္းက ျပတင္းေပါက္ဘက္သို႔ ဆတ္ခနဲ လွည့္ၾကည့္လုိက္သည္။
"ဘယ္သူလဲ!?"
ပိတ္ထားသည့္ တံခါးက က်ြီခနဲ ပြင့္ဟလာခဲ့ကာ အျပင္ဘက္မွ တြန္းဖြင့္ျခင္း ခံလုိက္ရသည္။ မူလက ျပတင္းေပါက္ကို ပိတ္ထားခဲ့သည့္ မင္းတံုးသည္လည္း နွစ္ျခမ္းကြဲထြက္သြားခဲ့ကာ ဘုတ္ဆိုတဲ့ အသံနဲ႔အတူ ၾကမ္းျပင္ေပၚ ျပဳတ္က်သြားခဲ့သည္။ စုန္႔မင္း၏ နွလံုးသားက ထူးဆန္းစြာ တစ္ဒုတ္ဒုတ္ ခုန္လာမိေတာ့၏။
ေၾကာက္စရာေကာင္းတဲ့ အရာတစ္ခု ျဖစ္ေပၚလာေတာ့မယ္လို႔ ခံစားလိုက္ရေလသည္။ ျပတင္းေပါက္ အျပည့္အဝ ပြင့္သြားသည္ႏွင့္ ျပတင္းေပါက္အျပင္ဘက္တြင္ ရပ္ေနေသာလူကို သူေတြ႕လိုက္ရသည္။
ဒါက လူမဟုတ္နုိင္ဘူး
စုန္႔မင္းက ထိတ္လန႔္သြားသည္။ သူ႔ ေျခေထာက္က တစ္ဆတ္ဆတ္ လႈပ္ယမ္းလာၿပီး တုန္တုန္ယင္ယင္အသံနဲ႔ ေျပာလုိက္ေလသည္။
"ဆရာ... မဟုတ္ဘူး၊ ဂိုဏ္းေခါင္းေဆာင္ ဝန္..."
ဤမ်က္ႏွာသည္ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ကြယ္သြားခဲ့ေသာ္လည္း သန္းေခါင္ယံအခ်ိန္မ်ား၌ သူ႔အိပ္မက္မ်ားကို အၿမဲတေစ ေျခာက္ျခားမွု ျဖစ္ေစခဲ့သူပင္။ ရင္းႏွီးေနတဲ့ မ်က္ႏွာက မထင္မွတ္ပဲ သူ႔ေရွ႔မွာ တစ္ဖန္ ေပၚလာျပန္ျပီ!
စုန္႔မင္းရဲ႔ နွဖူးက ေအးစက္ျပီး ေခ်ြးသီးမ်ား ထလာသည္။ ထိုအခ်ိန္မွာေတာ့ သူ႔ခႏာၱကိုယ္ထဲမွာ ပုန္းကြယ္ေနသည့္ နတ္ဆိုးတစ္ဝက္က တိတ္ဆိတ္က်သြားခဲ့၏။ နတ္ဆိုးတစ္ဝက္သည္လည္း ဂိုဏ္းခ်ဳပ္ဝန္အား သဘာဝက်က်ပင္ မွတ္မိေနသည္။ ဂိုဏ္းခ်ဳပ္ဝန္ အသက္ရွင္ေနစဥ္မွာ ရွန္က်စ္ရွန္းရဲ႕ ခႏၶာကိုယ္နဲ႔ သူ႔ကို ရင္ဆိုင္ရမွာကို ေၾကာက္႐ြံ႕ေနခဲ့ရသည္။ အခုလည္း မည္သည့္ ျပႆနာမွ မရွာရဲေပ။
ဂိုဏ္းခ်ဳပ္ဝန္က ျပတင္းေပါက္ အျပင္ဘက္မွာ ရပ္ေနျပီး အထဲကိုလည္း ဝင္မလာခဲ့။ သူက ေအးစက္လွသည့္ အၾကည့္ျဖင့္ ၾကည့္ေနရံုသာ။ စုန္႔မင္းအား အခ်ိန္အေတာ္ၾကာေအာင္ ၾကည့္ျပီးေနာက္မွာေတာ့ သူ႔နွုတ္ခမ္းေထာင့္စြန္းက ရုတ္တရက္ လွုပ္ရွားလာခဲ့ျပီး တိုးတိုးေလး ေျပာလုိက္သည္။
"ငါျပန္လာျပီ စုန္႔မင္း"
ထိုအသံက ဂိုဏ္းခ်ဳပ္ဝန္၏ အသံနဲ႔ တစ္ပံုစံတည္းနီးပါး ျဖစ္ေနတာေၾကာင့္ စုန္႔မင္းအားသတိလက္လြတ္ျဖင့္ ေနာက္ဆုတ္သြားေစမိျပီး စားပြဲနဲ႔ တုိက္မိသြားေစသည္။
သူ႔မွာ နာက်င္မႈကို ဂ႐ုမစိုက္နိုင္ပဲ အံကို တင္းတင္းဖိၾကိတ္၍ ဂိုဏ္းခ်ဳပ္ဝန္ တိတ္တဆိတ္ ထြက္ခြာသြားသည္ကို ၾကည့္ေနမိသည္။ ခဏအၾကာမွာေတာ့ သြားစိထားသည့္ ေလသံျဖင့္စကားတစ္ခြန္းကို ျဖစ္ညွစ္ထုတ္လာ၏။
"သူ ျပန္လာၿပီ..."
.....
ဂိုဏ္းခ်ဳပ္ဝန္၏ အသြင္အျပင္အား စုန္႔မင္းကို 'ျမင္ေအာင္ျပ' ျပီးတာနဲ႔ ရွန္က်စ္ရွန္းသည္ တစ္ျခားအၾကီးအကဲမ်ားကို ဆက္ျပီး မေနွာင့္ယွက္ဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။ ထိုနွစ္မ်ားမွာ စတုတၳ အၾကီးအကဲက သူ႔ကို ကယ္တင္နုိင္ဖို႔ သူ႔ဆရာနဲ႔အတူ ၾကိဳးၾကိဳးစားစား လုပ္ခဲ့ျပီး သူ႔အေျခအေနအား ေယဘူယ်အားျဖင့္ ခန႔္မွန္းႏိုင္ခဲ့သည္။ ေနာက္ဆက္တြဲကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ မနက္ျဖန္ေရာက္မွသာ စတုတၳအၾကီးအကဲနဲ႔ ေဆြးေႏြးေတာ့မည္ေလ။
မ်ားျပားလွသည့္ ကိစၥမ်ားကို တစ္ခါတည္းနဲ႔ သိရွိ ၾကံဳေတြ႔ရျပီးေနာက္မွာ သူ႔စိတ္အေျခအေနက အဆက္မျပတ္ ကေမာက္ကမ ျဖစ္ေနခဲ့ရသည္။ ရွန္က်စ္ရွန္းသည္ သူ႔နွလံုးသား၏ အတြင္းပိုင္းမွ ပင္ပန္းႏြမ္းနယ္မႈကို ခံစားေနရတာပင္။
သူ႔အခန္းကို ျပန္ေရာက္တဲ့ အခ်ိန္မွာေတာ့ ပတ္ဝန္းက်င္ကို တိတ္တဆိတ္ ၾကည့္မိသည္။
သူထြက္သြားတဲ့ အခ်ိန္တုန္းက တံခါးပိတ္ တရားက်င့္ေနတယ္ဟု ေၾကညာခဲ့တာေၾကာင့္ သူ႔ဂ်ဴနီယာ တပည့္မ်ားက မလာခဲ့ၾကေပ။ သူက ကန္႔သတ္ခ်က္ တစ္ခုအား ထားခဲ့ေပမယ့္လည္း စုန္႔မင္းက သူထြက္သြားျပိးတာနဲ႔ ရုပ္ေသးသစ္သားကို လုယူသြားတာေၾကာင့္ ပ်က္စီးသြားေလာက္ျပီေလ။
ရလဒ္ကေတာ့ ပစၥည္းေတြ အကုန္လံုး ျပန္႔က်ဲေနခဲ့သည္။
ရွန္က်စ္ရွန္းက ခဏတာ ေလွ်ာက္ၾကည့္ေနမိ၏။ ဗလာျဖစ္ေနတဲ့ အခန္းထဲမွာ သူတစ္ေယာက္တည္း။ ရန္က်င္းလည္း မရွိဘူး ေရွာင္းေခ်ာင္ယလည္း မရွိဘူး ဘာသံမွလည္း မရွိဘူး။ ေတာင္ထိပ္တစ္ခုလံုးက အရမ္း အထီးက်န္ဖို႔ ေကာင္းတဲ့ ေနရာတစ္ခုအျဖစ္ ေျပာင္းလဲေနတာ။
စားပြဲခံုေပၚမွာ ေအးစက္စက္ လက္ဖက္ရည္ၾကမ္း တစ္ခြက္ပဲ ရွိေနတယ္။
ရွန္က်စ္ရွန္းက သူ႔အတြက္ ရန္က်င္းဝယ္ေပးခဲ့သည့္ ေက်ာက္စိမ္းကုတင္နား ေလွ်ာက္သြားလုိက္ျပီး ဖြဖြေလး ထိမိသည္။ ပင္ပန္းႏြမ္းလ်စြာနဲ႔ ထိုေပၚက ရြက္ေၾကြမ်ားကို ဖယ္ရွားလိုက္ျပီး ကုတင္ေပၚမွာ လွဲခ်လိုက္၏။
ညေကာင္းကင္တြင္ ၾကယ္မ်ားသည္ တိတ္တဆိတ္ လင္းလက္ေနသည္။ သူတို႔ကို ခဏေလာက္ စိုက္ၾကည့္ေနရင္း ဝမ္းနည္းမႈ က သူ႔ကို လႊမ္းမိုးလာျပန္သည္။
တကယ္ေတာ့ ရွန္က်စ္ရွန္းက သူ႔စိတ္ခံစားခ်က္မ်ားအား ထိန္းညွိနုိင္သည့္ လူတစ္ေယာက္ျဖစ္သည္။ မ်ားေသာအားျဖင့္ သူ႔ကိုယ္သူ ခံစားခ်က္ တစ္ခုခုကို စြဲလန္းေစဖို႔ ဘယ္ေတာ့မွ ခြင့္မျပဳခဲ့ေပ။ သို႔ေပမယ့္ ဒီတစ္ေခါက္ေတာ့ သူ သိပ္အဆင္မေျပဘူး။
အမ်ိဳးမ်ိဳးေသာ စိတ္ခံစားမႈမ်ား သူ႔ႏွလုံးသားထဲတြင္ အျမစ္တြယ္လာကာ အျခားသူမ်ားကို စကားေျပာခ်င္စိတ္ ျဖစ္ေစသည္။
ဒါေပမဲ့ သူ တစ္ေယာက္တည္းေလ
ရွန္က်စ္ရွန္းက အသက္ကို ျပင္းျပင္း ရွဳလုိက္ျပီး ျဖည္းညွင္းစြာ ျပန္ရွဳထုတ္၍ မ်က္လံုးမ်ား မွိတ္လုိက္ေတာ့သည္။
သူက ၾကက္အိပ္ၾကက္နိုး အိပ္ေပ်ာ္ေနျပီး သူ႔အိမ္မက္မ်ားက ထူးဆန္းကာ ဖရိုဖရဲ ျဖစ္ေနသည့္ အတိတ္ျဖစ္ရပ္မ်ားအား ျမင္မက္ေနမိ၏။ အိမ္မက္မ်ားက သူ႔အတြက္ မသက္မသာ ျဖစ္ေစတာေၾကာင့္ သူ႔မ်က္ခံုးမ်ားကို ၾကဳတ္ေနေစသည္။
ေနာက္ဆံုးအိမ္မက္သည္ စုန္းနဂါးက သူ႔နွလံုးသားအား လက္သည္းခ်ြန္မ်ားနဲ႔ ထိုးစိုက္လုိက္တာျဖစ္ျပီး ဂိုဏ္းခ်ဳပ္ဝန္ရဲ႔ စိတ္ပူပန္ စိုးရိမ္ေနတဲ့ မ်က္နွာနဲ႔ အဆံုးသတ္သြားသည္။
ရွန္က်စ္ရွန္းက ႐ုတ္တရက္ လန႔္ႏိုးလာၿပီး သူ႔ရင္ဘတ္က ျပင္းထန္စြာ တုန္ခါေနသည္။ သူက ျမန္ဆန္စြာအသက္ရွုေနမိရင္းျဖင့္ ေခ်ြးေအးမ်ားက သူ႔နွဖူးေပၚ လိမ့္ဆင္းလာ၏။
ထိုအခ်ိန္သည္ အာရံုဦးမေရာက္ခင္ အေမွာင္ဆံုး အခ်ိန္ပင္။ သူ႔မ်က္လံုးမ်ား ဖြင့္လိုက္သည့္ အခ်ိန္မွာ အိပ္ယာေဘးတြင္ တစ္စံုတစ္ေယာက္ မတ္တပ္ရပ္ေနသည္အား ျမင္လိုက္ရတာေၾကာင့္ ထိတ္လန္႔သြားမိသည္။
၎က အလြန္ရင္းနွီးလွသည့္ ပံုရိပ္ျဖစ္၏။ ထိုလူက အေပၚဝတ္ရံုအား လက္ထဲမွာ ကိုင္ထားျပီး သူ႔ကို ျခံဳေပးဖို႔ လုပ္ေနတာပင္။
ရွန္က်စ္ရွန္းသည္ ထိုလူ၏ လက္ေကာက္ဝတ္ကို အလိုလို ဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သူသည္ ေသြးနီရဲေနေသာ မ်က္လုံးတစ္စုံကို ျမင္လိုက္ရၿပီး "အားက်င္း" ဟု ညည္းတြားလိုက္မိေလသည္။
ရန္က်င္းက ရပ္တန္႔သြားသည္။ သူက သူ႔အသြင္အျပင္အား သတိရသြားပံုေပၚျပီး သူ႔မ်က္လံုးမ်ားအား ရွန္က်စ္ရွန္းကို မျမင္ေစခ်င္တာေၾကာင့္ မသက္မသာျဖင့္ ေခါင္းေစာင္းလုိက္သည္။
သို႔ေသာ္လည္း ရွန္က်စ္ရွန္းက ရုတ္တရက္ လက္ကို လႊတ္ေပးလိုက္ျပီး သူ႔လက္ေမာင္းမ်ားကို ဆန္႔တန္းလိုက္သည္။ အေမွာင္ထုထဲမွာ ရန္က်င္းက အမူအရာကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေသာ္လည္း ဝမ္းနည္းပူေဆြးေနသည့္ စကားလုံးတစ္လုံးကို ၾကားလိုက္ရသည္။
"ဖက္ေပး"
24.7.2022
=============