ဆောင်းတွင်းချိန်ခါမို့ တစ်နယ်လုံး
ချမ်းအေးနေသည့်အချိန်အခါပင်
သို့သော် ဒေါက်တာစိမ်းမှာတော့
ချစ်သူလေးရဲ့အနွေးဓာတ်ကြောင့်
နွေးထွေးကာကြည်နူးနေရပြန်သည်
စိမ်းကိုဖက်ထားပြီးတစ်ဖွဖွနမ်းရှိုက်သည်
သူ့ရင်ခွင်ထဲခိုလှုံရချိန်တွေကိုတော့
စိမ်းမည်သည့်အရာနှင့်မျှမလဲနိုင်ပါ
:ကလေး~ မင်းမနက်ခင်အစောကြီးသွားရမှာမလား
:အွန်း
ပြိုင်ပွဲဝင်ဖို့အတွက် ဘန်ကောက်ရုံးချုပ်ကို
သွားရမည်ပြောသည်
ဒီကလေးကို စိမ်း မသွားစေချင်
:မသွားလို့မရဘူးလား တို့မင်းအနားနေဖို့
ပိတ်ရက်ကသိပ်မရှိဘူးလေကွာ
မေ့ာကြည့်ကာပြောတော့စိမ်းနဖူးနှင့်
လွိုင်းနှုတ်ခမ်းလေးမှာထိကပ်လို့သွားလေသည်
:ပြန်လာရင် အချိန်ပြည့်
အနားမှာရှိနေပေးမယ်လေနော်
ဒီတစ်ခုတော့ခွင့်ပြုပေးနော်
ခွင့်တောင်းသည့်လွိုင်းကိုမော့ကာကြည့်ရင်း
စိမ်းခွင့်မပြုချင်ပြုချင်နှင့်သာ
ခေါင်းငြိမ့်လိုက်ရတော့သည်
ထိုအခါလွိုင်းမှာစိမ်းကိုမေးစေ့လေးမှမော့စေကာ
နှုတ်ခမ်းတို့ကိုနမ်းရှိုက်သည်
စိမ်းမှာထိုကလေးရဲ့အနမ်းကိုခေါင်းမော့ကာခံယူရင်း
သူ့ခါးလေးကိုပြန်ဖက်ထားမိသည်
:မင်းဒဏ်ရာမရလာစေနဲ့နော်
:ကိုယ့်အပိုင်ဆရာဝန်မလေးရှိနေတာ
ဘာကိုတွေးပူနေမလဲ
:မင်းဒဏ်ရာတွေကို
တို့ဆေးကုပေးရတာ
ရင်နာရတယ် သိရဲ့လား
:အင်းပါ ကိုယ်ကတိပေးတယ်လေနော်
:ကတိပျက်ရင် မင်းကိုတို့ခွင့်မလွတ်ဘူး
:ဟုတ်ပါပြီ အချစ်ရယ် နာခံပါ့မယ် ဒီကလဲ
အခုတော့ဖက်ထားပါရစေအုန်း
စိမ်းကိုပိုတိုးလို့ဖက်ကာသူ့ရဲ့အငွေ့အသက်တို့ကို
စိမ်းကိုယ်ပေါ်သို့လွှမ်းခြုံစေသည်
စိမ်းရဲ့မျက်နှာအစိတ်အပိုင်းမှန်သမျှကို
တမြတ်တနိုးနှင့်အကြင်နာတို့ချွေချပေးသည်
စိမ်းရဲ့လက်ဖဝါးနုနုကိုဆုပ်ကိုင်ရင်း
သူ့ရင်ခွင်ထဲမှာစိမ်းကိုပွေ့ဖက်ထားသည်
ဖုန်းလာသံကြောင့်ကိုစိမ်းသူ့ကိုမော့ကြည့်လိုက်တော့
ကိုင်လိုက်ပါဆိုသည့်ပုံနှင့်ပြုံးကာမေးဆက်ပြသည်
: ဒေါက်တာစိမ်းဆေးရုံကိုအမြန်လာခဲ့ပေးပါ!!!
လူနာတစ်ယောက်မီးမဖွားနိုင်လို့ခွဲခန်းဝင်ရမယ်
အမြန်လာပေးပါ!!
: အရေးပေါ်နည်းနဲ့ အရင်ဆုံး
အခြေအနေထိန်းထားပေးပါ
ကျွန်မအခုလာခဲ့မယ်
လွိုင်းကိုကြည့်တော့စိမ်းသဘောဟုသာ
နှုတ်ခမ်းလှုပ်ရုံပြောသည်
:ကိုယ်လိုက်ပို့ပေးမယ်
:တို့ကိုယ်ဘာကိုယ်ဘဲသွားလိုက်မယ်
မင်း အိပ်တော့နော် မနက်အစောကြီးသွားရမှာမလား
ပါးပြင်ကိုပွတ်သပ်ကာပြောသွားသည့်စိမ်း
:ကားသော့ကဒီမှာ
:အာ~ ဒီကိုပေး
:လိုက်ပို့ပေးမယ် အန္တရာယ်များလို့
ကိုယ်လိုက်ပို့ပေးမယ်
သူ့ကိုလှည့်ကြည့်ကာခေါင်းသာငြိမ့်ပြပြီး
ဖိနပ်စီးရင်းသာ
ကားမောင်းသည့်တစ်ချိန်လုံးစိမ်းလိုသည့်ခေါင်းစည်းကြိုး အပေါ်အနွေးထည်ကအစ
သူကကားထဲမှာသိမ်းပေးထားသည့်
အထုပ်ကိုပေးသည်
ခေါင်းစည်းရင်းသူ့ပါးပြင်ကိုနမ်းလိုက်သည့်စိမ်း
: မင်း သိပ်တော်တယ်
နောက်မှbonusပေးမယ်နော်
နမ်းပြီးသည်နှင့်
ကားအပြင်သို့ပြေးကာထွက်သွားသည့်
စိမ်းကိုကြည့်ကာလွိုင်းမှာရယ်လိုက်မိသည်
*အမြဲ ဒီလိုသာဆို ချစ်ကြွမ်းဝင်နေသည့်
အချိန်တောင် ကားပေါ်မှာဘဲ ဆက်ရမလိုဖြစ်နေပြီ
.
.
ခွဲစိတ်ခန်းအတွင်းမှာအလုပ်များပြီးသွားပြီးနောက်
နာရီကိုကြည့်မိတော့မနက်၃နာရီခွဲပြီ
လွိုင်းဘန်ကောက်ကိုသွားရတော့မည်မို့
ဖုန်းဆက်ပြီးနိုးရန်ဆေးရုံအပြင်ထွက်လာစဥ်
ကားကိုမှီကာကော်ဖီသောက်နေရင်း
လက်ထဲလာနေသည့်မြည်နေသည့်ဖုန်းကို
ကြည့်နေရင်း စိမ်းကိုကြည့်လာသည်
ပြုံးရယ်သွားသည့်မျက်နှာလေးက
နုနုဖက်ဖက်လေးပင်
နီဆွေးဆွေးနှုတ်ခမ်းပါးပေါ်ကအပြုံးလေးတစ်ပွင့်
ပင်ပန်းတာတွေတောင်ပျောက်သွားရပါသည်
:မင်း ဘာလို့အိမ်မပြန်တာလဲ အိပ်ပါဆိုနေ
တို့ကိုစောင့်နေတယ် တကယ်ပါဘဲ
စကားနားမထောင်ဘူး
သူ့လက်ထဲက သောက်လက်စ ကော်ဖီဘူးကိုယူကာ
သောက်လိုက်သည့်စိမ်း
:စကားနားမထောင်တာမဟုတ်ပါဘူး
စိတ်မချလို့ကို
စိမ်းအပေါ်သို့သူ့အနွေးထည်ကို
ထပ်ခြုံပေးလိုက်သည့်လွိုင်း
လွိုင်းနှုတ်ခမ်းစွန်းမှာပေနေသည့်
ကော်ဖီစတစ်ချို့ကို
လက်မဖြင့်ပွတ်ဆွဲကာသုတ်ပေးလိုက်ရင်း
:တကယ့်မျောက်ကလေး
ပြောပါအုန်း လေယာဥ်ဘယ်ချိန်လဲ
:ခဏနေဘဲ
:ဘယ်လောက်လိုသေးလဲ
:နာရီဝက်
:ဒါဆိုတို့ကိုအဲ့နာရီဝက်အချိန်ပေးရမယ်
:ဝယ်မှရမှာပေါ့
လွိုင်းပါးပြင်ကိုလက်ဖြင့်အသာကိုင်လိုက်ရင်း
: ဒါဆို ဘာနဲ့ဝယ်ရမလဲ ပြော
: bonus ပေးမယ်ဆို
:ဟုတ်သား တို့မေ့နေတာ လွိုင်း ဒီကိုလာ
လွိုင်းလက်ကိုဆွဲကာအနားကိုဆွဲခေါ်ပြီးနမ်းမည်လုပ်တော့ လွိုင်းကစိမ်းပါးပြင်ကိုထိန်းကိုင်လာကာ
:ဆေးရုံရှေ့ကြီးမှာကို
:ရှက်လို့လား တို့ဖြင့် မင်းနဲ့ပတ်သတ်ရင်
ရှက်ဖို့အတွေးတောင်မဝင်မိပါဘူးကွာ
စိမ်းကိုပြုံးပြုံးလေးသာစိုက်ကြည့်နေပြီး
ကားထဲတွင်ထိုင်စေသည်
:မနက်စာစားကျမလား
:တို့မေ့နေတာ တို့ဗိုက်အရမ်းဆာနေပြီ
:ဒါဆို bonus အရင်ပေးရမယ်
:တို့ပြောမိလို့လား
:လူလည်မကျနဲ့နော်
ကားမောင်းနေသည့်
သူ့လက်မောင်းကိုဖက်လိုက်ကာ
အူယားလွန်းသည်မို့ကိုက်ခဲလိုက်သည့်စိမ်း
:နာတယ်
:အူယားစရာကောင်းအောင်နေလို့ပြစ်ဒဏ်
ကားကိုဂရုတစိုက်မောင်းရင်း
ပြုံးနေသည့်သူ့ကိုတစိမ့်စိမ့်ကြည့်နေတော့
:အဲ့လောက်တော့ မကြည့်ပါနဲ့လားနော်
ဒီမှာ ကိုယ် အရည်ပျော်တော့မယ်
:မင်း တို့ကိုနမ်းပါအုန်း
စိမ်းကိုလှည့်ကြည့်လာကာပြုံးရယ်ပြီး
ကားကိုဘေးသို့ထိုးရပ်လိုက်ကာ
စိမ်းဘက်ကိုလှည့်လာပြီး
ပါးပြင်လေးကိုဆွဲယူကာ
နမ်းရှိုက်လိုက်သည့်လွိုင်း
မျက်ခွံလေးတို့ဝပ်ဆင်းပြီး
လွိုင်းအနမ်းတို့ကိုခေါင်းလေးမော့ကာခံယူသည်
သူ့အနမ်းကနူးညံ့သည်ခံစားမိသလောက်ကတော့
လွိုင်းနှုတ်ခမ်းရဲတဲတဲလေးမှအနမ်းချွေလျှင်
စိမ်းပိုပြီးနှစ်သက်မိသည်
သူ့ကိုလေဆိပ်သို့လိုက်ပို့ရင်း
: ကိုယ့်ကိုကိုယ်ဂရုစိုက်နော်
မင်းကိုယ့်မင်းဂရုမစိုက်ရင်လဲ
တို့မင်းကိုခွင့်မလွတ်ဘူး
ကားပေါ်ကအိတ်ကိုဆွဲယူကာ
: ဟုတ်ပါပြီ အချစ်ရယ်
ကိုယ့်ကိုကိုယ်လဲဂရုစိုက်မယ်
ဒေါက်တာ့ ကိုလဲပြန်လာရင်ဂရုစိုက်ပေးမယ်
ဘယ်လိုလဲ
: သွား ဘာတွေလာပြောနေတာလဲ မင်းတော့
: သွားပြီနော်
: အင်း ဒဏ်ရာမရလာစေနဲ့နော်
ပြုံးရယ်ကာခေါင်းငြိမ့်ပြရင်း
လက်သန်းလေးတစ်ချောင်းကိုထောင်ပြသွားကာ
ကတိပေးသည်ဟုဆိုသွားသည်
>>>>>>>>>>>>>>>>>>>>>>>
: အဘိုး လွိုင်းဆီကဖုန်းရလား
: ဒီကောင်မလေး ပြိုင်ပွဲဝင်ပြီး
အမြန်ပြန်လာမယ်လို့ပြောတာဘဲ သမီး
ပြောမရဘူး အဲ့လိုပြိုင်ပွဲတွေဝင်ပြိုင်နေတာ
အဘိုးတော့သိပ်ဘဝင်မကျဘူး
:သူ စိမ်းစကားကိုနားမထောင်ဘူးအဘိုးရယ်
ဖုန်းမရတာတစ်ပတ်ရှိတော့မယ်
ပုံမှန်ဆိုဒီနေ့လောက်ပြန်ရောက်သင့်တာကို
: အရမ်းကြီးလည်းစိတ်ပူမနေပါနဲ့
လွိုင်းအဆင်ပြေမှာပါ
.
.
: ဒေါက်တာစိမ်း
: ဟုတ်ကဲ့
:ဧည့်သည်တစ်ယောက်
တွေ့ခွင့်တောင်းနေပါတယ်
: ဟုတ် အထဲကိုဝင်ခိုင်းလိုက်ပါ
ပန်းစည်းလေးနှင့်ရောက်လာသည့်
လွိုင်းကိုကြည့်လိုက်ကာ
စိမ်းအံ့ဩသွားသလို
: ဘာလဲ ဧည့်သည်လား မင်းက
suit အပြည့်နှင့်
လိုက်ဖက်လွန်းသည့်သူ့အသားအရည်နှင့်
သူ့ရဲ့အရပ်အမောင်းဟာ
ယောကျာ်းတစ်ယောက်ထပ်ပင် သာလွန် သယောင်
ခန္ဓာကိုယ်တစ်လျှောက်
ကောက်ကြောင်းလှလှလေးတွေနှင့်
မိန်းကလေးဆန်သည်လဲပါမည်
ဆံပင်ရှည်လေးတွေကိုတော့
အရင်လိုစိတ်မရှည်စွာ
ခပ်မြှင့်မြှင့်စည်းနှောင်ထားဆဲ
: ကိုယ့်အချစ်ဆီအယူခံဝင်တာပါ
ပန်းစည်းနှင့်အခန်းဝမှာရပ်နေသည့်
သူကိုပြုံးပြီးကြည့်လိုက်သည်
: ကိုယ်ဝင်လာလို့ရမလား
: ရတာပေါ့
: ရင်ခွင်ထဲကိုရော် ဝင်ခွင့်ရှိနိုင်မလား
ပြုံးနေသည့်လွိုင်းကိုငေးကြည့်နေရာမှ
စိမ်းနှုတ်ခမ်းလေးကပြုံးတုန်းတုန်းဖြင့်
ရေးလက်စဘောပင်ကိုချလိုက်ကာ
: ဒါဆိုလဲ မင်းဆန္ဒအတိုင်းပေါ့ ကလေးရယ်
မတ်တပ်ရပ်ပြီး
လက်နှစ်ဖက်ကိုဆန့်တန်းပြတော့
လွိုင်းမှာစိမ်းကိုဖက်လိုက်သည်နှင့်
လွိုင်းကိုယ်ကသွေးများ
စိမ်း duty coat လေးအပေါ်
စွန်းထင်းသွားရသည်
: ကလေး မင်းဘာဖြစ်တာလဲ လွိုင်း
စိမ်းပခုံးပေါ်မှာပျော့ခွေသွားသည့်လွိုင်း >>>>>
စိမ်း : မဟုတ်ဘူး မဖြစ်ရဘူး လွိုင်း မဟုတ်ဘူး
ရုံးခန်းထဲမှာစိမ်းတစ်ယောက်တည်း
မည်သူမျှပင်မရှိပါဘဲ
လူနာရဲ့မှတ်တမ်းတွေကြည့်ရင်း
အိပ်ပျော်သွားသည်လား
လွိုင်းကရော်
လွိုင်းဖုန်းကိုဆက်ကြည့်တော့ ဖုန်းမကိုင်
: ဒေါက်တာနီလာစိမ်း
: ဟုတ် ဟုတ်ကဲ့
: အရေးပေါ်ခွဲစိတ်ဖို့လူနာရောက်နေပါတယ်
ခွဲစိတ်ခန်းကိုအမြန်ဆုံးလာခဲ့ပါ
: ကျွန်မ အခုလာပြီ
အခန်းထဲကပြေးထွက်သွားသည့်စိမ်းမှာ
သူ့အင်္ကျီပေါ်ကသွေးစက်လေးတစ်စက်ကိုတော့
မြင်သွားပုံမည်မထင်
ခွဲစိတ်ခန်းထဲဝင်သည်နှင့်
ရဲဗလောင်းခပ်နေသည့်သွေးအိုင်ထဲမှာ
: လွိုင်း.....လွိုင်းငယ်
မ မဟုတ်ဘူး
ထိုနေရာမှာတင်ငြိမ်သက်သွားသည့်စိမ်းကိုကြည့်ရင်း
: စိမ်း နင်မဖြစ်ရင်
ငါတာဝန်ယူလိုက်မယ်
:မောင် မဖြစ်ဘူး
ငါ....ငါလုပ်နိုင်တယ်
ကလေးငယ်ကိုဒီထပ်ပိုပြီး
အတိမ်းအစောင်းမခံနိုင်ပါ
: သေချာလား စိမ်း
နဒီမောင်ကိုကြည့်လိုက်သည့်
စိမ်းမှာခေါင်းငြိမ့်လိုက်ကာ
ရစ်ဝုံးနေသည့်မျက်ရည်စများကို
ခပ်ကြမ်းကြမ်းသုတ်ပြစ်လိုက်ပြီး
မင်းကိုတို့လက်ထဲမှာ
ဘာဆိုဘာမှအဖြစ်မခံနိုင်ဘူး
: စိတ်ကိုငြိမ်ငြိမ်ထားပါ ဒေါ်နီလာစိမ်း
အလျင်မလိုပါနဲ့ ခင်ဗျား မိသားစုဝင်တွေရဲ့
operationကို ခင်ဗျား ဖြစ်နိုင်ရင်မဝင်သင့်ဘူး
: အဲ့ဒါရှင့်အလုပ်မဟုတ်ဘူး ကိုအောင်နိုင်
ကျွန်မရဲ့ကလေးမကိုကျွန်မဘဲတာဝန်ယူနိုင်တယ်
အဆုံးစွန်ထိတာဝန်ယူသွားမယ် ရှင်ကိုမလိုအပ်ဘူး
ချက်ချင်းလှည့်ထွက်သွားသည့်နီလာစိမ်းမှာတော့
လွိုင်းအတွက်စိတ်ကိုကြိုပြီးပြင်ဆင်သွားလေသည်
................................
: မင်း မင်းဘာပြောလိုက်တာလဲ မောင်ခန့်ရှိုန်
:ကျွန်တော့်ညီမကိုကျွန်တော်ဘဲ
ပြန်ခေါ်တော့မယ် ဦးပင်လုံ
ခင်ဗျားတို့တာဝန်ကျေပါတယ်
ကျွန်တော်ခင်ဗျားတို့ကိုကျေးဇူးလဲတင်တယ်
: လွိုင်းမြန်မာအခုဆေးရုံတတ်နေတယ်
ဆိုတာရော်မင်းသိထားရဲ့လားကွ
ဘယ်လိုစိတ်နဲ့မင်းကငါ့မြေးကို
ငါ့ဆီကခေါ်ထုတ်သွားချင်ရတာလဲ
:ခင်ဗျားတို့ရဲ့မြေးအရင်းမှမဟုတ်တာ
ဘာတွေလာပြောနေရတာလဲ
: လွိုင်းမြန်မာဆိုတာငါ့မြေးဘဲ
မင်းတို့နဲ့ဟိုးအရင်ကတည်းက
ဘာမှမဆိုင်တော့ဘူးကွ
: သူကကျွန်တော့်ညီမအရင်းဗျ
: ဟေ့ရောင် မင်းတို့စွန့်ပစ်ခဲ့တာလေ
ခွေးစိတ်ပေါက်နေတဲ့မင်းတို့မိသားစုက
ဘာမှမသိနားမလည်တဲ့ကလေးကို
: ဒီမှာ အခုကျွန်တော်တို့တွေနားလည်သွားပြီ
ဒါကြောင့်ကျွန်တော့ညီမကိုကျွန်တော်ပြန်ခေါ်မယ်ဗျာ
ခင်ဗျားကို ကျွန်တော်ဒါဘဲပြောမယ် ဦးပင်လုံ
အခန်းဝမှရပ်ကာကြည့်နေသည့်စိမ်းမှာတော့
သက်ပြင်းချရင်းသာ
: ဆရာ
: ဟေ ငါမြေး ဘာလဲ လွိုင်းသတိရလာပြီလား
: မဟုတ်ပါဘူး ခုဏက
အဘိုးဘယ်သူနဲ့ဖုန်းပြောနေတာလဲဟင်
: ဒီလိုပါဘဲ အလုပ်အကြောင်း နဲ့
သာကြောင်းမာကြောင်းပေါ့
: စိမ်းကိုမညာပါနဲ့ အဘိုးရယ်
သမီးကိုပြောပြပါ
: ခက်တော့နေပြီကွာ
: သမီးကိုပြောပြပေးပါ
: အေး ဒါဆိုလဲနားထောင်
ကိုထက်ရှိုန် ရှင်ဒီကိစ္စကိုမြန်မြန်
လက်စသတ်မှဖြစ်မယ်
နေပါအုန်းကွာ မင်းကလဲ
ငါ့သမီးတွေကငယ်သေးတယ် ကြီးတော့မှ တစ်နေရာရာဖြစ်ဖြစ်
သေခံချင်ရင်ရှင်တစ်ယောက်တည်းသေခံရှင်
ကျွန်မကတော့မွေးလဲမွေးခဲ့ရသေးတယ်
ကိုယ့်ကိုပြန်ထိုက်မယ့်ကလေးကိုတော့
ဘယ်မေတ္တာမှမထားနိုင်ဘူးရှင်
မင်းကကလေးအမေဖြစ်ပြီ
ဘာလဲကွဟမ်
သူတို့ကိုသွားထားလိုက်ပါတော့ရှင်
ကျွန်မစိတ်တွေမကောင်းလွန်းလို့ပါ
တစ်ယောက်တော့ငါမွေးမယ်ကွာ
ထိုက်လဲငါ့ဆီလာထိုက်
မင်းကိုမထိစေရဘူးကွာ ရပြီလားအဲ့လိုဆို
ရှင့်အသိထဲကတစ်ယောက်ယောက်ကိုပေးလိုက်
ဒါမှမဟုတ်တစ်နေရာရာမှသွားထားခဲ့လိုက်
မင်းကမရက်စက်ရာမကျဘူးလားကွ
မသိဘူးတော့ ကျွန်မတော့အထိမခံနိုင်ဘူး
ရှင့်ဘာရှင်ဘာလုပ်လုပ်ရှင်ကြိုက်သလိုလုပ်
ဟာကွာ ဒီမိန်းမတော့ နာတော့မယ်
အမွှာနှစ်ယောက်ထဲကတစ်ယောက်ကိုပွေ့ချီကာထွက်သွားသည့်ထက်ရှိုန်နှင့်ဒေါ်ဥမ္မာနွယ်တို့ကိုအကွယ်မှလျှပ်တပြတ်ကြားသိသွားသည့် ဦးပင်လုံ
မင်းတို့ကွာ ကလေးကိုဒီလိုတော့မလုပ်သင့်ပါဘူး
ကျုပ်ကိုဘာမှလာမပြောနဲ့ဦးပင်လုံ
ခင်ဗျားမွေးမှာလားမွေးမယ်ဆိုခေါ်သွားဗျာ
ကျုပ်မိန်းမကတော့ပြန်ခေါ်မလာခဲ့ဖို့မှာလိုက်တယ်
မင်းတို့ကွာ တော်တော်
ရက်စက်ကျတဲ့လူတွေဘဲခက်တော့နေပြီ
: ဒါဆို အဘိုးလွိုင်းသိရင်စိတ်ထပ်ဆိုးနေရင်
ဘယ်လိုလုပ်ကြမလဲ
သူတို့လက်ထဲတော့လွိုင်းကို
ထပ်မထည့်လိုက်ပါနဲ့
လွိုင်းကို.....
: အဘိုးလဲလွိုင်းကိုပြန်မထည့်ပါဘူး
ဒီကလေးကိုသူတို့တွေမလိုချင်လို့
စွန့်ပြစ်ထားကြတာဘဲကို
အခုမှဘာထဖြစ်ကြတယ်မသိဘူး
: စိမ်းတို့တစ်ခုခုလုပ်မှဖြစ်တော့မယ်
........................................................
:မင်းပြောတော့ ကိုယ့်ကိိုကိုယ်ဂရုစိုက်ပါ့မယ်ဆို
ဒါလား မင်းကိုယ်မင်း ဂရုစိုက်တာ
:ဒေါက်တာ ~
အားမရှိသည့် ပျော့ဖက်ဖက်အသံလေးကို
ဂရုမပြုမိဘဲစိတ်ဆိုးဖို့ပြင်နေသည့်စိမ်း
ရင်ဘက်ကိုဖိကိုင်ရင်း ဒေါက်တာကို
အနောက်မှပွေ့ဖက်ဖို့ကြံစဥ်ပင်မဲ့
ခြေထောက်ကလှုပ်မရသည်မို့
အံ့ကြိတ်ကာအားလျော့လိုက်ရသည်
:မင်း ကို တို့အလျော့ပေးရတာများနေပြီနော် လွိုင်းမြန်မာ အခု တို့တိုက်မဲ့ဆေးကိုမငြင်းဘဲ
ချက်ချင်းသောက်ပါ တို့ဒီထပ်စိတ်မဆိုးချင်ဘူး
ဆေးထည့်ပေးပြီးလွိုင်းဘက်ကိုလှည့်မိတော့
ကျိုးထားသည့်ခြေထောက်လေးကိုဖိကိုင်ပြီး
ရှုပ်မဲ့နေသည့်မျက်နှာလေးကြောင့်
သနားသွားရပြန်သည်
*ဒီကလေးတော့
...............................................
@SxinNatNwe
/29.4.2023/
စကားပြောသည့်အပိုင်းတွေမှာ ( : ) ထည့်ပေးဖို့ ပျင်းနေလို့ပါ sorry ပါ *0>0*
Zawgyi
ေဆာင္းတြင္းခ်ိန္ခါမို႔ တစ္နယ္လုံး
ခ်မ္းေအးေနသည့္အခ်ိန္အခါပင္
သို႔ေသာ္ ေဒါက္တာစိမ္းမွာေတာ့
ခ်စ္သူေလးရဲ႕အႏြေးဓာတ္ေၾကာင့္
ႏြေးေထြးကာၾကည္ႏူးေနရျပန္သည္
စိမ္းကိုဖက္ထားၿပီးတစ္ဖြဖြနမ္းရွိုက္သည္
သူ႕ရင္ခြင္ထဲခိုလႈံရခ်ိန္ေတြကိုေတာ့
စိမ္းမည္သည့္အရာႏွင့္မွ်မလဲနိုင္ပါ
:ကေလး~ မင္းမနက္ခင္အေစာႀကီးသြားရမွာမလား
:အြန္း
ၿပိဳင္ပြဲဝင္ဖို႔အတြက္ ဘန္ေကာက္႐ုံးခ်ဳပ္ကို
သြားရမည္ေျပာသည္
ဒီကေလးကို စိမ္း မသြားေစခ်င္
:မသြားလို႔မရဘူးလား တို႔မင္းအနားေနဖို႔
ပိတ္ရက္ကသိပ္မရွိဘူးေလကြာ
ေမ့ာၾကည့္ကာေျပာေတာ့စိမ္းနဖူးႏွင့္
လြိုင္းႏႈတ္ခမ္းေလးမွာထိကပ္လို႔သြားေလသည္
:ျပန္လာရင္ အခ်ိန္ျပည့္
အနားမွာရွိေနေပးမယ္ေလေနာ္
ဒီတစ္ခုေတာ့ခြင့္ျပဳေပးေနာ္
ခြင့္ေတာင္းသည့္လြိုင္းကိုေမာ့ကာၾကည့္ရင္း
စိမ္းခြင့္မျပဳခ်င္ျပဳခ်င္ႏွင့္သာ
ေခါင္းၿငိမ့္လိုက္ရေတာ့သည္
ထိုအခါလြိုင္းမွာစိမ္းကိုေမးေစ့ေလးမွေမာ့ေစကာ
ႏႈတ္ခမ္းတို႔ကိုနမ္းရွိုက္သည္
စိမ္းမွာထိုကေလးရဲ႕အနမ္းကိုေခါင္းေမာ့ကာခံယူရင္း
သူ႕ခါးေလးကိုျပန္ဖက္ထားမိသည္
:မင္းဒဏ္ရာမရလာေစနဲ႕ေနာ္
:ကိုယ့္အပိုင္ဆရာဝန္မေလးရွိေနတာ
ဘာကိုေတြးပူေနမလဲ
:မင္းဒဏ္ရာေတြကို
တို႔ေဆးကုေပးရတာ
ရင္နာရတယ္ သိရဲ႕လား
:အင္းပါ ကိုယ္ကတိေပးတယ္ေလေနာ္
:ကတိပ်က္ရင္ မင္းကိုတို႔ခြင့္မလြတ္ဘူး
:ဟုတ္ပါၿပီ အခ်စ္ရယ္ နာခံပါ့မယ္ ဒီကလဲ
အခုေတာ့ဖက္ထားပါရေစအုန္း
စိမ္းကိုပိုတိုးလို႔ဖက္ကာသူ႕ရဲ႕အေငြ႕အသက္တို႔ကို
စိမ္းကိုယ္ေပၚသို႔လႊမ္းၿခဳံေစသည္
စိမ္းရဲ႕မ်က္ႏွာအစိတ္အပိုင္းမွန္သမွ်ကို
တျမတ္တနိုးႏွင့္အၾကင္နာတို႔ေခြၽခ်ေပးသည္
စိမ္းရဲ႕လက္ဖဝါးႏုႏုကိုဆုပ္ကိုင္ရင္း
သူ႕ရင္ခြင္ထဲမွာစိမ္းကိုေပြ႕ဖက္ထားသည္
ဖုန္းလာသံေၾကာင့္ကိုစိမ္းသူ႕ကိုေမာ့ၾကည့္လိုက္ေတာ့
ကိုင္လိုက္ပါဆိုသည့္ပုံႏွင့္ၿပဳံးကာေမးဆက္ျပသည္
: ေဒါက္တာစိမ္းေဆး႐ုံကိုအျမန္လာခဲ့ေပးပါ!!!
လူနာတစ္ေယာက္မီးမဖြားနိုင္လို႔ခြဲခန္းဝင္ရမယ္
အျမန္လာေပးပါ!!
: အေရးေပၚနည္းနဲ႕ အရင္ဆုံး
အေျခအေနထိန္းထားေပးပါ
ကြၽန္မအခုလာခဲ့မယ္
လြိုင္းကိုၾကည့္ေတာ့စိမ္းသေဘာဟုသာ
ႏႈတ္ခမ္းလႈပ္႐ုံေျပာသည္
:ကိုယ္လိုက္ပို႔ေပးမယ္
:တို႔ကိုယ္ဘာကိုယ္ဘဲသြားလိုက္မယ္
မင္း အိပ္ေတာ့ေနာ္ မနက္အေစာႀကီးသြားရမွာမလား
ပါးျပင္ကိုပြတ္သပ္ကာေျပာသြားသည့္စိမ္း
:ကားေသာ့ကဒီမွာ
:အာ~ ဒီကိုေပး
:လိုက္ပို႔ေပးမယ္ အႏၱရာယ္မ်ားလို႔
ကိုယ္လိုက္ပို႔ေပးမယ္
သူ႕ကိုလွည့္ၾကည့္ကာေခါင္းသာၿငိမ့္ျပၿပီး
ဖိနပ္စီးရင္းသာ
ကားေမာင္းသည့္တစ္ခ်ိန္လုံးစိမ္းလိုသည့္ေခါင္းစည္းႀကိဳး အေပၚအႏြေးထည္ကအစ
သူကကားထဲမွာသိမ္းေပးထားသည့္
အထုပ္ကိုေပးသည္
ေခါင္းစည္းရင္းသူ႕ပါးျပင္ကိုနမ္းလိုက္သည့္စိမ္း
: မင္း သိပ္ေတာ္တယ္ ေနာက္မွbonusေပးမယ္ေနာ္
နမ္းၿပီးသည္ႏွင့္
ကားအျပင္သို႔ေျပးကာထြက္သြားသည့္
စိမ္းကိုၾကည့္ကာလြိုင္းမွာရယ္လိုက္မိသည္
*အၿမဲ ဒီလိုသာဆို ခ်စ္ႂကြမ္းဝင္ေနသည့္
အခ်ိန္ေတာင္ ကားေပၚမွာဘဲ ဆက္ရမလိုျဖစ္ေနၿပီ
.
.
ခြဲစိတ္ခန္းအတြင္းမွာအလုပ္မ်ားၿပီးသြားၿပီးေနာက္
နာရီကိုၾကည့္မိေတာ့မနက္၃နာရီခြဲၿပီ
လြိုင္းဘန္ေကာက္ကိုသြားရေတာ့မည္မို႔
ဖုန္းဆက္ၿပီးနိုးရန္ေဆး႐ုံအျပင္ထြက္လာစဥ္
ကားကိုမွီကာေကာ္ဖီေသာက္ေနရင္း
လက္ထဲလာေနသည့္ျမည္ေနသည့္ဖုန္းကို
ၾကည့္ေနရင္း စိမ္းကိုၾကည့္လာသည္
ၿပဳံးရယ္သြားသည့္မ်က္ႏွာေလးက
ႏုႏုဖက္ဖက္ေလးပင္
နီေဆြးေဆြးႏႈတ္ခမ္းပါးေပၚကအၿပဳံးေလးတစ္ပြင့္
ပင္ပန္းတာေတြေတာင္ေပ်ာက္သြားရပါသည္
:မင္း ဘာလို႔အိမ္မျပန္တာလဲ အိပ္ပါဆိုေန
တို႔ကိုေစာင့္ေနတယ္ တကယ္ပါဘဲ
စကားနားမေထာင္ဘူး
သူ႕လက္ထဲက ေသာက္လက္စ ေကာ္ဖီဘူးကိုယူကာ
ေသာက္လိုက္သည့္စိမ္း
:စကားနားမေထာင္တာမဟုတ္ပါဘူး
စိတ္မခ်လိဳ႕ကို
စိမ္းအေပၚသို႔သူ႕အႏြေးထည္ကို
ထပ္ၿခဳံေပးလိုက္သည့္လြိုင္း
လြိုင္းႏႈတ္ခမ္းစြန္းမွာေပေနသည့္
ေကာ္ဖီစတစ္ခ်ိဳ႕ကို
လက္မျဖင့္ပြတ္ဆြဲကာသုတ္ေပးလိုက္ရင္း
:တကယ့္ေမ်ာက္ကေလး
ေျပာပါအုန္း ေလယာဥ္ဘယ္ခ်ိန္လဲ
:ခဏေနဘဲ
:ဘယ္ေလာက္လိုေသးလဲ
:နာရီဝက္
:ဒါဆိုတို႔ကိုအဲ့နာရီဝက္အခ်ိန္ေပးရမယ္
:ဝယ္မွရမွာေပါ့
လြိုင္းပါးျပင္ကိုလက္ျဖင့္အသာကိုင္လိုက္ရင္း
: ဒါဆို ဘာနဲ႕ဝယ္ရမလဲ ေျပာ
: bonus ေပးမယ္ဆို
:ဟုတ္သား တို႔ေမ့ေနတာ လြိုင္း ဒီကိုလာ
လြိုင္းလက္ကိုဆြဲကာအနားကိုဆြဲေခၚၿပီးနမ္းမည္လုပ္ေတာ့ လြိုင္းကစိမ္းပါးျပင္ကိုထိန္းကိုင္လာကာ
:ေဆး႐ုံေရွ႕ႀကီးမွာကို
:ရွက္လို႔လား တို႔ျဖင့္ မင္းနဲ႕ပတ္သတ္ရင္
ရွက္ဖို႔အေတြးေတာင္မဝင္မိပါဘူးကြာ
စိမ္းကိုၿပဳံးၿပဳံးေလးသာစိုက္ၾကည့္ေနၿပီး
ကားထဲတြင္ထိုင္ေစသည္
:မနက္စာစားက်မလား
:တို႔ေမ့ေနတာ တို႔ဗိုက္အရမ္းဆာေနၿပီ
:ဒါဆို bonus အရင္ေပးရမယ္
:တို႔ေျပာမိလို႔လား
:လူလည္မက်နဲ႕ေနာ္
ကားေမာင္းေနသည့္
သူ႕လက္ေမာင္းကိုဖက္လိုက္ကာ
အူယားလြန္းသည္မို႔ကိုက္ခဲလိုက္သည့္စိမ္း
:နာတယ္
:အူယားစရာေကာင္းေအာင္ေနလို႔ျပစ္ဒဏ္
ကားကိုဂ႐ုတစိုက္ေမာင္းရင္း
ၿပဳံးေနသည့္သူ႕ကိုတစိမ့္စိမ့္ၾကည့္ေနေတာ့
:အဲ့ေလာက္ေတာ့ မၾကည့္ပါနဲ႕လားေနာ္
ဒီမွာ ကိုယ္ အရည္ေပ်ာ္ေတာ့မယ္
:မင္း တို႔ကိုနမ္းပါအုန္း
စိမ္းကိုလွည့္ၾကည့္လာကာၿပဳံးရယ္ၿပီး
ကားကိုေဘးသို႔ထိုးရပ္လိုက္ကာ
စိမ္းဘက္ကိုလွည့္လာၿပီး
ပါးျပင္ေလးကိုဆြဲယူကာ
နမ္းရွိုက္လိုက္သည့္လြိုင္း
မ်က္ခြံေလးတို႔ဝပ္ဆင္းၿပီး
လြိုင္းအနမ္းတို႔ကိုေခါင္းေလးေမာ့ကာခံယူသည္
သူ႕အနမ္းကႏူးညံ့သည္ခံစားမိသေလာက္ကေတာ့
လြိုင္းႏႈတ္ခမ္းရဲတဲတဲေလးမွအနမ္းေခြၽလွ်င္
စိမ္းပိုၿပီးႏွစ္သက္မိသည္
သူ႕ကိုေလဆိပ္သို႔လိုက္ပို႔ရင္း
: ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ေနာ္
မင္းကိုယ့္မင္းဂ႐ုမစိုက္ရင္လဲ
တို႔မင္းကိုခြင့္မလြတ္ဘူး
ကားေပၚကအိတ္ကိုဆြဲယူကာ
: ဟုတ္ပါၿပီ အခ်စ္ရယ္
ကိုယ့္ကိုကိုယ္လဲဂ႐ုစိုက္မယ္
ေဒါက္တာ့ ကိုလဲျပန္လာရင္ဂ႐ုစိုက္ေပးမယ္
ဘယ္လိုလဲ
: သြား ဘာေတြလာေျပာေနတာလဲ မင္းေတာ့
: သြားၿပီေနာ္
: အင္း ဒဏ္ရာမရလာေစနဲ႕ေနာ္
ၿပဳံးရယ္ကာေခါင္းၿငိမ့္ျပရင္း
လက္သန္းေလးတစ္ေခ်ာင္းကိုေထာင္ျပသြားကာ
ကတိေပးသည္ဟုဆိုသြားသည္
>>>>>>>>>>>>>>>>>>>>>>>
: အဘိုး လြိုင္းဆီကဖုန္းရလား
: ဒီေကာင္မေလး ၿပိဳင္ပြဲဝင္ၿပီး
အျမန္ျပန္လာမယ္လို႔ေျပာတာဘဲ သမီး
ေျပာမရဘူး အဲ့လိုၿပိဳင္ပြဲေတြဝင္ၿပိဳင္ေနတာ
အဘိုးေတာ့သိပ္ဘဝင္မက်ဘဴး
:သူ စိမ္းစကားကိုနားမေထာင္ဘူးအဘိုးရယ္
ဖုန္းမရတာတစ္ပတ္ရွိေတာ့မယ္
ပုံမွန္ဆိုဒီေန႕ေလာက္ျပန္ေရာက္သင့္တာကို
: အရမ္းႀကီးလည္းစိတ္ပူမေနပါနဲ႕
လြိုင္းအဆင္ေျပမွာပါ
.
.
: ေဒါက္တာစိမ္း
: ဟုတ္ကဲ့
:ဧည့္သည္တစ္ေယာက္
ေတြ႕ခြင့္ေတာင္းေနပါတယ္
: ဟုတ္ အထဲကိုဝင္ခိုင္းလိုက္ပါ
ပန္းစည္းေလးႏွင့္ေရာက္လာသည့္
လြိုင္းကိုၾကည့္လိုက္ကာ
စိမ္းအံ့ဩသြားသလို
: ဘာလဲ ဧည့္သည္လား မင္းက
suit အျပည့္ႏွင့္
လိုက္ဖက္လြန္းသည့္သူ႕အသားအရည္ႏွင့္
သူ႕ရဲ႕အရပ္အေမာင္းဟာ
ေယာက်ာ္းတစ္ေယာက္ထပ္ပင္ သာလြန္ သေယာင္
ခႏၶာကိုယ္တစ္ေလွ်ာက္
ေကာက္ေၾကာင္းလွလွေလးေတြႏွင့္
မိန္းကေလးဆန္သည္လဲပါမည္
ဆံပင္ရွည္ေလးေတြကိုေတာ့
အရင္လိုစိတ္မရွည္စြာ
ခပ္ျမႇင့္ျမႇင့္စည္းႏွောင္ထားဆဲ
: ကိုယ့္အခ်စ္ဆီအယူခံဝင္တာပါ
ပန္းစည္းႏွင့္အခန္းဝမွာရပ္ေနသည့္
သူကိုၿပဳံးၿပီးၾကည့္လိုက္သည္
: ကိုယ္ဝင္လာလို႔ရမလား
: ရတာေပါ့
: ရင္ခြင္ထဲကိုေရာ္ ဝင္ခြင့္ရွိနိုင္မလား
ၿပဳံးေနသည့္လြိုင္းကိုေငးၾကည့္ေနရာမွ
စိမ္းႏႈတ္ခမ္းေလးကၿပဳံးတုန္းတုန္းျဖင့္
ေရးလက္စေဘာပင္ကိုခ်လိဳက္ကာ
: ဒါဆိုလဲ မင္းဆႏၵအတိုင္းေပါ့ ကေလးရယ္
မတ္တပ္ရပ္ၿပီး
လက္ႏွစ္ဖက္ကိုဆန့္တန္းျပေတာ့
လြိုင္းမွာစိမ္းကိုဖက္လိုက္သည္ႏွင့္
လြိုင္းကိုယ္ကေသြးမ်ား
စိမ္း duty coat ေလးအေပၚ
စြန္းထင္းသြားရသည္
: ကေလး မင္းဘာျဖစ္တာလဲ လြိုင္း
စိမ္းပခုံးေပၚမွာေပ်ာ့ေခြသြားသည့္လြိုင္း >>>>>
စိမ္း : မဟုတ္ဘူး မျဖစ္ရဘူး လြိုင္း မဟုတ္ဘူး
႐ုံးခန္းထဲမွာစိမ္းတစ္ေယာက္တည္း
မည္သူမွ်ပင္မရွိပါဘဲ
လူနာရဲ႕မွတ္တမ္းေတြၾကည့္ရင္း
အိပ္ေပ်ာ္သြားသည္လား
လြိုင္းကေရာ္
လြိုင္းဖုန္းကိုဆက္ၾကည့္ေတာ့ ဖုန္းမကိုင္
: ေဒါက္တာနီလာစိမ္း
: ဟုတ္ ဟုတ္ကဲ့
: အေရးေပၚခြဲစိတ္ဖို႔လူနာေရာက္ေနပါတယ္
ခြဲစိတ္ခန္းကိုအျမန္ဆုံးလာခဲ့ပါ
: ကြၽန္မ အခုလာၿပီ
အခန္းထဲကေျပးထြက္သြားသည့္စိမ္းမွာ
သူ႕အကၤ်ီေပၚကေသြးစက္ေလးတစ္စက္ကိုေတာ့
ျမင္သြားပုံမည္မထင္
ခြဲစိတ္ခန္းထဲဝင္သည္ႏွင့္
ရဲဗေလာင္းခပ္ေနသည့္ေသြးအိုင္ထဲမွာ
: လြိုင္း.....လြိုင္းငယ္
မ မဟုတ္ဘူး
ထိုေနရာမွာတင္ၿငိမ္သက္သြားသည့္စိမ္းကိုၾကည့္ရင္း
: စိမ္း နင္မျဖစ္ရင္
ငါတာဝန္ယူလိုက္မယ္
:ေမာင္ မျဖစ္ဘူး
ငါ....ငါလုပ္နိုင္တယ္
ကေလးငယ္ကိုဒီထပ္ပိုၿပီး
အတိမ္းအေစာင္းမခံနိုင္ပါ
: ေသခ်ာလား စိမ္း
နဒီေမာင္ကိုၾကည့္လိုက္သည့္
စိမ္းမွာေခါင္းၿငိမ့္လိုက္ကာ
ရစ္ဝုံးေနသည့္မ်က္ရည္စမ်ားကို
ခပ္ၾကမ္းၾကမ္းသုတ္ျပစ္လိုက္ၿပီး
မင္းကိုတို႔လက္ထဲမွာ
ဘာဆိုဘာမွအျဖစ္မခံနိုင္ဘူး
: စိတ္ကိုၿငိမ္ၿငိမ္ထားပါ ေဒၚနီလာစိမ္း
အလ်င္မလိုပါနဲ႕ ခင္ဗ်ား မိသားစုဝင္ေတြရဲ႕
operationကို ခင္ဗ်ား ျဖစ္နိုင္ရင္မဝင္သင့္ဘူး
: အဲ့ဒါရွင့္အလုပ္မဟုတ္ဘူး ကိုေအာင္နိုင္
ကြၽန္မရဲ႕ကေလးမကိုကြၽန္မဘဲတာဝန္ယူနိုင္တယ္
အဆုံးစြန္ထိတာဝန္ယူသြားမယ္ ရွင္ကိုမလိုအပ္ဘူး
ခ်က္ခ်င္းလွည့္ထြက္သြားသည့္နီလာစိမ္းမွာေတာ့
လြိုင္းအတြက္စိတ္ကိုႀကိဳၿပီးျပင္ဆင္သြားေလသည္
................................
: မင္း မင္းဘာေျပာလိုက္တာလဲ ေမာင္ခန့္ရွိုန္
:ကြၽန္ေတာ့္ညီမကိုကြၽန္ေတာ္ဘဲ
ျပန္ေခၚေတာ့မယ္ ဦးပင္လုံ
ခင္ဗ်ားတို႔တာဝန္ေက်ပါတယ္
ကြၽန္ေတာ္ခင္ဗ်ားတို႔ကိုေက်းဇူးလဲတင္တယ္
: လြိုင္းျမန္မာအခုေဆး႐ုံတတ္ေနတယ္
ဆိုတာေရာ္မင္းသိထားရဲ႕လားကြ
ဘယ္လိုစိတ္နဲ႕မင္းကငါ့ေျမးကို
ငါ့ဆီကေခၚထုတ္သြားခ်င္ရတာလဲ
:ခင္ဗ်ားတို႔ရဲ႕ေျမးအရင္းမွမဟုတ္တာ
ဘာေတြလာေျပာေနရတာလဲ
: လြိုင္းျမန္မာဆိုတာငါ့ေျမးဘဲ
မင္းတို႔နဲ႕ဟိုးအရင္ကတည္းက
ဘာမွမဆိုင္ေတာ့ဘူးကြ
: သူကကြၽန္ေတာ့္ညီမအရင္းဗ်
: ေဟ့ေရာင္ မင္းတို႔စြန့္ပစ္ခဲ့တာေလ
ေခြးစိတ္ေပါက္ေနတဲ့မင္းတို႔မိသားစုက
ဘာမွမသိနားမလည္တဲ့ကေလးကို
: ဒီမွာ အခုကြၽန္ေတာ္တို႔ေတြနားလည္သြားၿပီ
ဒါေၾကာင့္ကြၽန္ေတာ့ညီမကိုကြၽန္ေတာ္ျပန္ေခၚမယ္ဗ်ာ
ခင္ဗ်ားကို ကြၽန္ေတာ္ဒါဘဲေျပာမယ္ ဦးပင္လုံ
အခန္းဝမွရပ္ကာၾကည့္ေနသည့္စိမ္းမွာေတာ့
သက္ျပင္းခ်ရင္းသာ
: ဆရာ
: ေဟ ငါေျမး ဘာလဲ လြိုင္းသတိရလာၿပီလား
: မဟုတ္ပါဘူး ခုဏက
အဘိုးဘယ္သူနဲ႕ဖုန္းေျပာေနတာလဲဟင္
: ဒီလိုပါဘဲ အလုပ္အေၾကာင္း နဲ႕
သာေၾကာင္းမာေၾကာင္းေပါ့
: စိမ္းကိုမညာပါနဲ႕ အဘိုးရယ္
သမီးကိုေျပာျပပါ
: ခက္ေတာ့ေနၿပီကြာ
: သမီးကိုေျပာျပေပးပါ
: ေအး ဒါဆိုလဲနားေထာင္
ကိုထက္ရွိုန္ ရွင္ဒီကိစၥကိုျမန္ျမန္
လက္စသတ္မွျဖစ္မယ္
ေနပါအုန္းကြာ မင္းကလဲ
ငါ့သမီးေတြကငယ္ေသးတယ္ ႀကီးေတာ့မွ တစ္ေနရာရာျဖစ္ျဖစ္
ေသခံခ်င္ရင္ရွင္တစ္ေယာက္တည္းေသခံရွင္
ကြၽန္မကေတာ့ေမြးလဲေမြးခဲ့ရေသးတယ္
ကိုယ့္ကိုျပန္ထိုက္မယ့္ကေလးကိုေတာ့
ဘယ္ေမတၱာမွမထားနိုင္ဘူးရွင္
မင္းကကေလးအေမျဖစ္ၿပီ
ဘာလဲကြဟမ္
သူတို႔ကိုသြားထားလိုက္ပါေတာ့ရွင္
ကြၽန္မစိတ္ေတြမေကာင္းလြန္းလို႔ပါ
တစ္ေယာက္ေတာ့ငါေမြးမယ္ကြာ
ထိုက္လဲငါ့ဆီလာထိုက္
မင္းကိုမထိေစရဘူးကြာ ရၿပီလားအဲ့လိုဆို
ရွင့္အသိထဲကတစ္ေယာက္ေယာက္ကိုေပးလိုက္
ဒါမွမဟုတ္တစ္ေနရာရာမွသြားထားခဲ့လိုက္
မင္းကမရက္စက္ရာမက်ဘဴးလားကြ
မသိဘူးေတာ့ ကြၽန္မေတာ့အထိမခံနိုင္ဘူး
ရွင့္ဘာရွင္ဘာလုပ္လုပ္ရွင္ႀကိဳက္သလိုလုပ္
ဟာကြာ ဒီမိန္းမေတာ့ နာေတာ့မယ္
အမႊာႏွစ္ေယာက္ထဲကတစ္ေယာက္ကိုေပြ႕ခ်ီကာထြက္သြားသည့္ထက္ရွိုန္ႏွင့္ေဒၚဥမၼာႏြယ္တို႔ကိုအကြယ္မွလွ်ပ္တျပတ္ၾကားသိသြားသည့္ ဦးပင္လုံ
မင္းတို႔ကြာ ကေလးကိုဒီလိုေတာ့မလုပ္သင့္ပါဘူး
က်ဳပ္ကိုဘာမွလာမေျပာနဲ႕ဦးပင္လုံ
ခင္ဗ်ားေမြးမွာလားေမြးမယ္ဆိုေခၚသြားဗ်ာ
က်ဳပ္မိန္းမကေတာ့ျပန္ေခၚမလာခဲ့ဖို႔မွာလိုက္တယ္
မင္းတို႔ကြာ ေတာ္ေတာ္
ရက္စက္က်တဲ့လူေတြဘဲခက္ေတာ့ေနၿပီ
: ဒါဆို အဘိုးလြိုင္းသိရင္စိတ္ထပ္ဆိုးေနရင္
ဘယ္လိုလုပ္ၾကမလဲ
သူတို႔လက္ထဲေတာ့လြိုင္းကို
ထပ္မထည့္လိုက္ပါနဲ႕
လြိုင္းကို.....
: အဘိုးလဲလြိုင္းကိုျပန္မထည့္ပါဘူး
ဒီကေလးကိုသူတို႔ေတြမလိုခ်င္လို႔
စြန့္ျပစ္ထားၾကတာဘဲကို
အခုမွဘာထျဖစ္ၾကတယ္မသိဘူး
: စိမ္းတို႔တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္
........................................................
:မင္းေျပာေတာ့ ကိုယ့္ကိိုကိုယ္ဂ႐ုစိုက္ပါ့မယ္ဆို
ဒါလား မင္းကိုယ္မင္း ဂ႐ုစိုက္တာ
:ေဒါက္တာ ~
အားမရွိသည့္ ေပ်ာ့ဖက္ဖက္အသံေလးကို
ဂ႐ုမျပဳမိဘဲစိတ္ဆိုးဖို႔ျပင္ေနသည့္စိမ္း
ရင္ဘက္ကိုဖိကိုင္ရင္း ေဒါက္တာကို
အေနာက္မွေပြ႕ဖက္ဖို႔ႀကံစဥ္ပင္မဲ့
ေျခေထာက္ကလႈပ္မရသည္မို႔
အံ့ႀကိတ္ကာအားေလ်ာ့လိုက္ရသည္
:မင္း ကို တို႔အေလ်ာ့ေပးရတာမ်ားေနၿပီေနာ္ လြိုင္းျမန္မာ အခု တို႔တိုက္မဲ့ေဆးကိုမျငင္းဘဲ
ခ်က္ခ်င္းေသာက္ပါ တို႔ဒီထပ္စိတ္မဆိုးခ်င္ဘူး
ေဆးထည့္ေပးၿပီးလြိုင္းဘက္ကိုလွည့္မိေတာ့
က်ိဳးထားသည့္ေျခေထာက္ေလးကိုဖိကိုင္ၿပီး
ရႈပ္မဲ့ေနသည့္မ်က္ႏွာေလးေၾကာင့္
သနားသြားရျပန္သည္
*ဒီကေလးေတာ့
...............................................
@SxinNatNwe
/29.4.2023/
စကားေျပာသည့္အပိုင္းေတြမွာ ( : ) ထည့္ေပးဖို႔ ပ်င္းေနလို႔ပါ sorry ပါ *0>0*