"ကလေး...မျက်နှာလည်းမရွှင်လန်းပါလား
ဘာတွေစိတ်တိုင်းမကျဖြစ်နေလို့လဲ"
ကျောင်းပိတ်ရက် အပြင်သို့ကလေးနဲ့ထွက်
လည်ရန် စီစဥ်ထားသည့်အတိုင်း ကားနဲ့ထွက်
လာခဲ့ပေမဲ့ အရင်ကလို ခပ်မြူးမြူးမျက်နှာ
လေးကပျောက်ကွက်လုနီးပါး။
နှုတ်ခမ်းလေးဆူ၍ မျက်ဝန်းရိပ်တွေက တစ်
စုံတစ်ရာကို စိတ်အလိုမကျဖြစ်နေသည့်ဟန်
ပြသနေ၏။
သေချာသည်က အိမ်ကထွက်လာခါစက က
လေးမုန်းနေပါသည့် ဟိုကောင်နဲ့ စိတ်အခန့်မ
သင့်ဖြစ်ခဲ့ရလို့ပဲလား။
ဒါမှမဟုတ်....
ရှင်းရှင်းလင်းလင်းပြောပြရရင် သူကိုယ်တိုင်
လည်းအဲ့ကောင် ကလေးရဲ့အိမ်ကိုရောက်နေ
တာကိုလုံးဝမကြိုက်လှ။ အစတည်းက က
လေးနဲ့တွေ့တိုင်း ပြသနာဖြစ်ရပြီး ကလေးရဲ့
မာနကိုထိပါးစော်ကားနေတဲ့ အခြေအမြစ်မ
ရှိတဲ့လူ၊ တစ်နည်းပြောရရင် ကလေးနဲ့လား
လားမှမအပ်စပ်နိင်တဲ့ သူ့စိတ်ထဲလည်းအမြင်မကြည်လေတဲ့ သူနဲ့တစ်အိမ်တည်း
ကိုကိုက ဘယ်စိတ်ချနိင်မလဲကလေးရာ။
ခရီးထွက်နေသည့်အချိန်တိုလေးအတွင်းမှာ
ဘာတွေဖြစ်ပျက်သွားလဲ မသိခဲ့ပေမဲ့ အခုချိန်
မှာကလေးနဲ့အဲ့ကောင်ကို ခပ်ဝေးဝေးပဲနေခိုင်းချင်မိသည်။
ခက်သည်က....ယောက္ခထီးကြီးဦးမဟာကိုယ်တိုင်က အလုပ်တာဝန်ပေးထားသည်တဲ့။
အဟက်...ဘာတဲ့၊ ကလေးကိုအနီးကပ်စောင့်
ရှောက်ပေးမဲ့ BodyGuard။
"ကလေးကို ကိုကိုမေးချင်တယ်"
"........."
တုန့်ပြန်မေးလာမည့်စကားကို ကလေးက
လက်သင့်ခံသည့်ဟန်ဖြင့် သူ့ဘက်သို့ခေါင်း
လေးစောင်းပြီးငဲ့ကြည့်၏။
"ခုနကတစ်ယောက်ကို ကလေးဘယ်လိုမြင်
မိလဲ"
"ကိုကိုပြောချင်တဲ့စကားရဲ့ သက်ရောက်မူက
ဘယ်လိုမျိုးလဲ...နိူင်းကသူ့ကိုဘယ်လိုမြင်ရ
ဦးမလဲ...ဘယ်လိုမှမမြင်မိဘူး...ဘယ်လိုမှ
လည်း မရိပ်စားမိဘူး"
"ဒါဆို....ကလေးကသူ့ကို အရင်ကလိုမုန်းမြဲ
ပဲမလား"
"အင်း....မုန်းသေးတယ်"
မုန်းတယ် ဆိုတဲ့စကားနဲ့ မုန်းသေးတယ်ဆိုတဲ့
စကားနှစ်ခုက သိပ်ပြီးကွဲပြားတာပဲဆိုတာ
ကလေးမသိပေဘူးလား.....မုန်းသေးတယ်ဆို
တော့ တချိန်စိတ်ပြေနိင်သည်ပေါ့။
ကားကိုဖြည်းဖြည်းပုံမှန်မောင်းနေရင်း ဘေး
နားက ထိုင်နေတဲ့ကလေးကို အကဲခတ်ကြည့်
မိတော့ ကားမှန်ပြတင်းဝဘက်သို့ ခပ်ငေး
ငေးစောင်းငဲ့ကြည့်ရင်း နှစ်ကိုယ်ကြားအတွေ့
အထိတွေ စကားပြောဆိုပုံကအစ ခပ်စိမ်းစိမ်းလေအေးတွေ တိုက်ခတ်နေ၏။
တဖန်တိတ်ဆိတ်သွားတဲ့ သူစိမ်းပြင်ပြင်အေး
စက်နေပုံက အောက်ဆီဂျင်မရှိသည့် လေ
ဟာနယ်တစ်ခုလိုပင်။
တိုးတိုးညင်သာတဲ့ ချွဲသံပလုံစီ အသံလေးတွေတောင် ငြိမ်သက်အိပ်စက်နေပါ၏။
"ကလေး....အရင်ဆုံးဘယ်သွားမလဲ၊ဘာစား
မလဲကောတွေးပြီးပြီလား"
"ကိုကိုစိတ်ဆန္ဒရှိတဲ့နေရာသာသွားပါ၊ နိူင်းက
ဘာဖြစ်ဖြစ်ရတယ်...နိူင်း ညီးစီစီကြီးဖြစ်နေ
လို့"
ရွှင်လန်းမြူးကြွတဲ့အသံလေးတွေပျောက်
ဆုံးကာ သက်ပြင်းခပ်ရဲ့ရဲ့ခိုးချလိုက်တဲ့က
လေးကြောင့် အနည်းငယ်ခံပြင်းမူတွေဖြစ်
လာ၏။
သူမရှိတဲ့အချိန်အတိုင်းအတာလေးမှာ ကလေးရဲ့စိတ်ကို ဘယ်နတ်သိကြားတွေက
များပြောင်းလဲလိုက်တာလဲကွာ။
ကိုကိုတို့ အမြန်လက်ထပ်ဖို့လိုနေပြီကလေး။
"တီ...တီ"
ရုတ်တရက် ဖုန်းလာနေတာကြောင့် ကလေး
ကိုတစ်ချက် စောင်းငဲ့ကြည့်ပြီးဖုန်းကိုင်လိုက်
လေသည်။
"ဘာ....အရေးကြီးကိစ္စ၊ အခုလား"
"........"
"မင်းတို့ဘက်ကကြည့်ကြပ်လုပ်လို့မရဘူး
လား...ငါအခုလာမှဖြစ်မှာလား"
".........."
"Shit! ပြသနာပဲ...တောက်!"
စိတ်မကြည့်သည့် အခံရှိနေသည်မို့ အရေးတ
ကြီးကုမ္မဏီကိုပြန်သွားရမည်ဆိုသောကြောင့်
ပို၍စိတ်တိုမိ၏။ ကလေးနဲ့အတူပျော်ဖို့ထွက်
လာခဲ့ရာမှ တစ်ခုမှအချိုးမပြေ၊စိတ်တိုင်းကျ
မူမရှိလှ...ဒေါသထွက်စရာတွေပင်စုပြုံနေမိ
၏။
ကားစတီယာတိုင်ကို စိတ်လိုက်မာန်ပါလက်
သီးဖြင့် တချက်ထိုးလိုက်မိတော့ နိူင်းလေး
က မျက်ဝန်းလေးပင့်ပြီး...။
"အရေးကြီးနေရင် ကုမ္မဏီကိုသွားလိုက်ကိုကို...နိူင်း BodyGuard တွေကိုခေါ်လိုက်
မယ်.."
"မဟုတ်ဘူးနိူင်း...ကိုကိုပြောပြမယ်"
"နိူင်းဒီနေ့ စိတ်မပျော်ဘူးကိုကို...လျှောက်
လည်လည်းအပိုဖြစ်မယ်...ပြီးတော့ကိုကို
လည်းစိတ်အဆင်မပြေသလိုပဲ...ကားရပ်
ပေးတော့၊ဟိုရှေ့နားကျရင်"
"ကလေး....ကလေးလောက်ဘယ်အရာမှအ
ရေးမကြီးပါဘူးကွာ၊ ထားလိုက်ပါ"
"နိူင်း စိတ်ကိုသိတယ်မလား...ကားရပ်ပေး"
"........"
"ကားရပ်ပေးလို့ ပြောနေတယ်မလား"
နိူင်း အသံကိုခပ်မြင့်မြင်ဖိပြောလိုက်ပြီး မမာ
မကျောလေသံလေးဖြင့် ပြောလိုက်၏။
"ကျွီ"
ကားရပ်လိုက်သည့် ချက်ချင်း နိူင်းကားပေါ်မှ
ဆင်းကာ လမ်းမဘေးနားရပ်၍ ကားလမ်းမ
ဘက်ကိုသာငေးကြည့်နေလိုက်၏။
"ကလေး....ကိုကို့ကိုစိတ်ဆိုးသွားတာလား"
"ကိုကိုသွားတော့....နိူင်းအေးဆေးနေချင်တယ်၊ ညကျဖုန်းဆက်လိုက်မယ်"
ပြတ်သားတိကျ၍ စိတ်ဓာတ်မာကျောလွန်း
တဲ့ကလေးရဲ့စိတ်ကိုသိနေတဲ့သူတစ်ယောက်မို့ သူ့ရဲ့တောင်းပန်စကားတွေက အရာမဝင်မှာသိထားပါသည်။
ကလေးစိတ်ချမ်းသာပျော်ရွှင်အောင် ထိုနေ
ရာမှထွက်လာခဲ့ရုံမှအပါး၊ တခြားမရှိတာမို့
ကုမ္ပဏီကို သာမောင်းလာခဲ့လိုက်လေ၏။
နိူင်း ရောက်ရှိနေသည့်နေရာရဲ့ ဘေးပတ်ဝန်း
ကျင်ကိုကြည့်ရှုမိလေတော့ အနောက်မှာခရစ်ယာန်ဘုရားကျောင်း ကတည်ရှိနေပါ၏။
ခရစ်ယာန် ဘုရားကျောင်းရဲ့သီလရှင်တွေရဲ့
ဖော်ရွေ့တဲ့အပြုံးတွေကိုကြည့်ရင်း နိူင်းစိတ်
ကူးတစ်ခုရသွားလေ၏။
"မင်းအခုဘယ်မှာလဲ"
"ဘာလုပ်ဖို့ဖုန်းခေါ်တာလဲ...ဘေးမှာမင်းအစ်
မရှိတယ်...အခုပန်းဆိုင်မှာ"
"အကိုမိုင်...ဒီပန်းအိုးနဲ့ပန်းပင်လေးကလှတယ်မလား...ဘယ်လိုမြင်လဲ"
ဖုန်းထဲ၌ အစ်မလတ်ရဲ့အသံကို ထပ်ဆင့်ကြားလိုက်ရသည်မို့ တကယ်ပဲပန်းဆိုင်မှာနှစ်
ယောက်သားရှိနေတာပေါ့။
"မင်းအခုငါ့ဆီလာခဲ့"
"ဘာလို့လာရမှာလဲ...မင်းရဲ့ချစ်လှစွာသော
ကိုကိုရှိတယ်လေ...သူကကော"
"မင်းတော်တော်စကားရှည်တာပဲ...အခုငါ
တစ်ယောက်တည်း မင်းအခုလာမှာလားမ
လာဘူးလား၊ငါအန္တာရယ်တစ်ခုခုဖြစ်ရင်မင်း
တာဝန်ပဲနော်၊ မင်းမုဆိုးဖိုဖြစ်ချင်လို့လား"
"အဟက်၊နောက်ဆုံးတော့...ကိုတို့လက်ထပ်
ထားတာကို အတည်ပြုလိုက်ပြီပေါ့..."
"ချီးပဲ...လူယုတ်မာ၊မင်းလာမှာလား၊မလာ
ဘူးလား...အဲ့တစ်ခွန်းပဲပြော"
"လာစေချင်ရင်...ယောင်္ကျားလို့ခေါ်"
"ဘာ!...သေတောင်မခေါ်ဘူး...သေချင်ဆိုး"
သောက်ကျိုးနည်း....ဒီကောင်က်ို ယောင်္ကျား
လို့ခေါ်မဲ့အစား၊ကိုယ့်လျှာပဲကိုယ်ပြန်ဖြတ်
လိုက်မယ်၊ သေတောင်မခေါ်ဘူး။
"ဒါဆိုမလာဘူးပေါ့...ဖုန်းချတော့မယ်၊bye"
"ယော...ယောင်္ကျား...လာခဲ့နော်"
ပြောပြီးသားပဲ....မင်းရဲ့ဘဝတင်မဟုဘူး၊အ
ရိပ်အသံကအစအကုန်အပိုင်ယူမှာပါလို့။
"တုတ်တုတ်မှမလှုပ်ပဲစောင့်နေ၊ အမြန်လာခဲ့
မယ်...မိန်းမလေး"
ဖုန်းထဲကနေတောင် လူကိုအနိင်ယူဖို့ပဲသိတဲ့
အတ္တသမား၊ သူ့ဆန္ဒအတိုင်းသူအနိင်ရပြီးသူ့
စကားကိုတတွေမတိမ်းနာခံရတဲ့သူ ဖြစ်ချင်
နေတာ။
ငါ့မာနကို ချိုးနှိမ့်ပြီး ယောင်္ကျားလို့ခေါ်ခံလိုက်ရလို့ သိပ်ပြီးပျော်နေမှာပေါ့။
အဟင်း....သိပ်မှားသွားပြီ၊တည်စေရာမိုင်။
အချိန်တစ်ခုမကြာလိုက်...ရပ်စောင့်နေတဲ့အ
နားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်
လာပါတဲ့ ကားအနက်ရောင်တစ်စီး။
ဒင်းက အမြန်တော့ရောက်လာသားပဲ။
"ယောင်္ကျားအမြန်လာတယ်နော်...မိန်းမလေး
ဆိုစမ်းပါဦး...ချွဲလို့ကောင်းတဲ့ကိုကိုဆိုတဲ့လူ
ကဘယ်ရောက်သွားလဲ"
"ငါအနားမှာမရှိမှတော့...သူမရှိလို့ပေါ့..မင်း
ကိုမေးစရာရှိလို့"
"မေးစရာတစ်ခုအတွက်နဲ့ ဒီကိုခေါ်လိုက်တာ
လား၊ လမင်းကိုတောင် တခြားတပည့်တွေကို
ခေါ်ပြီးအိမ်ကိုပြန်လိုက်ပို့ခိုင်းလိုက်ရတာ"
"သြော်...အဲ့တော့မင်းကမလာချင်ပဲလာရပြီး
သိပ်ကိုနောက်ဆံတင်းနေတယ်ဆိုပါတော့"
"မင်းမခနဲ့နေနဲ့၊ ငါကဖြစ်သင့်တာကိုပြောပြ
နေတာ၊ ကဲ!...အခုကောဘာမေးမလို့လဲ၊အ
မြန်မေးကွာ"
"မင်းမွေးနေ့ဘယ်နေ့လဲ"
"မင်းဘာလို့သိချင်တာလဲ...ဘာလုပ်ဖို့လဲ"
"ကျစ်! ငါမေးတာဖြေပေးလို့မရဘူးလား...
လျှာကိုရှည်တယ်"
"12ရက်...2လပိုင်း"
"ဟုတ်ပြီ"
သိချင်တာသိရလို့ ပြုံးသွားတဲ့မဲ့ပြုံးကို တည်
စေရာမိုင်းသိပ်သဘောမတွေ့လှ။ နောက်
ကျောမလုံချင်လှအောင် ခပ်တွေတွေရပ်ကြည့်နေရင်းမှ နိူင်းဘာဆက်လုပ်မလဲစောင့်
ကြည့်နေ၏။
နိူင်းရဲ့ မာနနဲ့ဆို သူ့ကိုယောင်္ကျားလို့ခေါ်ခိုင်း
သည်ကိုလွယ်လွယ်အေးဆေးသက်သာစွာ
ငြိမ်ခံနေမဲ့လူစားမျိုးမဟုတ်လှ။
ဘေးဘီဝဲရာသို့ အကဲခတ်ကြည့်လိုက်လေ
တော့ ခရစ်ယာန်ဘုရားကျောင်းကြီးကမား
မားမတ်မတ်တည်ရှိနေမူနဲ့အတူ၊ ဓမ္မတေးသီ
ချင်းသံတွေကြားနေရလေ၏။
"ကျေးဇူးတင်ပါတယ်...အခုလိုမိဘမဲ့ကလေး
တွေအတွက်လှူဒါန်းပေးတာကို"
အနားသို့တဖန် လာရပ်တဲ့ နိူင်းနဲ့အတူသီလ
ရှင်တို့ကို စပ်စုလိုစိတ်တော့မရှိပေမဲ့ ပြောတဲ့
စကားတွေကတော့ကြားနေရပါ၏။
"မလိုပါဘူး....12ရက်နေ့2လပိုင်းမှာကျရောက်မဲ့ ကျွန်တော်ရဲ့ခွေးလေးအတွက်အလှူ
မွေးနေ့အတွက်မို့ ဆုတောင်းပေးတာနဲ့လှူဒါန်း
ရတာနဲ့တင်ကျေနပ်နေပါပြီ"
"မင်း!!"
"အဲ့ဒါဆိုပြန်လိုက်ပါဦးမယ်"
ဇောင်ကြွားကြွားမျက်နှာအမူအရာလေးနဲ့
ပြုံးပြကာ သူ့ကိုမျက်စောင်းထိုး၍ ကားဆီရာ
သို့သွားကာ ကားတံခါးကိုဖွင့်ပြီး မာနမင်း
သားလေးကအခန့်သားဝင်ထိုင်နေပါ၏။
ခနဲ့တဲ့တဲ့အမူအရာနဲ့ နှုတ်ခမ်းကခပ်မဲ့မဲ့အပြုံး
နဲ့ပေါ့။
မှတ်ပြီလား၊ နိူင်းကိုဘာမှတ်နေလဲ...ငါ့ကိုတစ်ချက်ထိရင်၊ ငါကနှစ်ချက်ပြန်ထိရမှကြိုက်တာ...အခုတော့ခွေးကြီးအဖြစ်ခံပေ
ဦးတော့။
"မင်းဘာလုပ်လိုက်တာလဲ...ဘာအချိုးလဲ"
"ဘာလုပ်လို့လဲ"
"မင်းကဒီလိုပုံစံနဲ့အနိင်ပိုင်းလို့ရမယ်ပေါ့ က
လေးကလားဆန်လိုက်တာ"
ချက်ချင်းဆိုသလို ပစ္စည်းတစ်ခုကို အလျင်
အမြန်ဆွဲထုတ်လိုက်ကာ နိူင်းရဲ့ဘယ်ဘက်
လက်နဲ့သူရဲ့ညာဘက်လက်ကို လက်ထိပ််ခတ်
လိုက်လေ၏။
"လွှတ်...ဘာလုပ်တာလဲလူယုတ်မာ"
"ခွေးလေးဆိုတော့ သခင်နဲ့မကွဲကွာအောင်
သံကြိုးနဲ့ချည်ထားသလို လက်ထိပ်ခတ်ထား
တာမှားလို့လား"
"အခုဖြုတ်ပေး...ငါ့ကိုအဲ့လိုအနိင်အထက်ပြု
တာမကြိုက်တာမသိဘူးလား...အခုချက်
ချင်းလွှတ်ပေး..."
"မလွှတ်ပေးတော့ဘာလုပ်ချင်လဲ"
"အောက်တန်းကျတဲ့ကောင်...လူယုတ်မာ"
တည်စေရာမိုင် ရဲ့ခပ်ပြတ်ပြတ်စကားနဲ့အ
လျော့မပေးတဲ့စိတ်ကိုသိနေပြီးသားမို့ သူထပ်
မတောင်းဆိုတော့ပဲ ငြိမ်နေလိုက်တော့သည်။
မင်းနဲ့ငါက ဘယ်တော့မှ နီးစပ်နိင်မှာမဟုတ်
ပါဘူး။
>>>>>>>>>>>>
"ဖေဖေ...သမီးဒီပန်းအိုးလေးကို စားပွဲပေါ်
အလှတင်ထားချင်လို့...ဖေဖေလည်းဒီပန်း
လေးတွေသိပ်ကြိုက်တာမလား"
carnationပန်းလေးတွေနဲ့အလှဆင်ထားတဲ့
ပန်းအိုးလေးကို စာကြည့်စားပွဲပေါ်တင်ကာ
ပြုံးပြသော သမီးလတ်လမင်းမဟာ။
"ဒီနေ့ပျော်စရာတစ်ခုခုရှိနေတဲ့ပုံပဲ"
"သွားချင်နေတဲ့ပန်းဆိုင်လေးကို..အကိုမိုင်နဲ့
အတူတူသွားခဲ့ရလို့ပါ...ဖေဖေအတွက်လည်း
ပန်းလေးတွေဝယ်လာခဲ့တာ"
"တည်စေရာမိုင်က သိပ်တော်တဲ့ လူငယ်တစ်
ယောက်လို့ဖေဖေမြင်မိတယ်၊သမီးကော"
"ရှင်! ဟုတ်..လမင်းကောပါပဲ၊ သွားတော့မယ်နော်ဖေဖေ"
ရှက်ပြုံးလေးနဲ့ အမြန်လှစ်ထွက်သွားတဲ့သမီး
လတ်ကိုကြည့်ပြီး ဦးမဟာ တစ်စုံတစ်ခုကို
စဥ်းစားနေမိလေသည်။
>>>>>>>>>
"မင်းလက်က...မကလိလို့မရဘူးလား..စားလို့ဝရင်လည်းငြိမ်ငြိမ်မနေဘူး"
ကုတင်ပေါ် နှစ်ယောက်သားလှဲနေရင်း တည်စေရာမိုင်ရဲ့ရင်ခွင်ထဲဝင်ကာ မျက်လုံးလေး
မှိန်းကာငြိမ်နေလေသည့် နိူင်း။
"မကြိုက်ဘူးလား...မိန်းမလေးကမအိပ်သေး
ဘူးလား"
"မင်းလက်ကသရမ်းနေမှတော့ဘယ်လိုလုပ်
ငြိမ်ငြိမ်အိပ်လို့ရမလဲ"
အခုတော့လည်း နှစ်ယောက်သားကမနက်က
ရန်ဖြစ်တာသူတို့မဟုတ်သည့်အတိုင်း၊ တည်
စေရာမိုင်ရဲ့လက်မောင်းကိုခေါင်းအုံးကာ ကိုယ်လုံးတီးလေးနဲ့ ရင်ခွင်ထဲပစ်ဝင်နေသလို
တည်စေရာမိုင်ကလည်း လက်ကအငြိမ်မနေစွာ တင်လုံးလေးတွေကိုပွတ်သပ်နေ၏။
"မကြာခင် ခရီးသွားစရာရှိတယ်"
"မင်းပြန်လာတာမှမကြာသေးဘူးလေ..ဘယ်
ကိုသွားရဦးမှာ"
"ကနေဒါနိင်ငံ"
"မသွားနဲ့...ငါခွင့်မပြုဘူး"
"စိတ်ပူနေတယ်ပေါ့...အချစ်က"
"သေလေ၊ မင်းတစ်ခုခုဖြစ်ရင်မုဆိုးဖိုဖြစ်မှာ
စိုးလို့နားလည်လား"
"ကျိန်းသေပေါက်ပြန်လာခဲ့မယ်၊ ပြန်လာရင်
ငါ့ကို အချိန်တစ်ခုပေးနိင်လား..မင်းနဲ့လုပ်စ
ရာတစ်ခုရှိလို့..ကတိပေးမလား"
"ဘာအတွက်ကတိလဲ"
"အပြင်မှာလူမသိအောင်ချိန်းတွေ့ရအောင်"
✨✨✨✨✨✨✨
Upပေးလိုက်ပြီနော်....
Zawgyi
ပြသနေ၏။
ဒါမှမဟုတ်....
တာကိုလုံးဝမကြိုက်လှ။ အစတည်းက က
"........."
မိလဲ"
ဘယ်လိုမျိုးလဲ...နိုင်းကသူ့ကိုဘယ်လိုမြင်ရ
လည်း မရိပ်စားမိဘူး"
ပဲမလား"
"အင်း....မုန်းသေးတယ်"
ဟာနယ်တစ်ခုလိုပင်။
"ကိုကိုစိတ်ဆန္ဒရှိတဲ့နေရာသာသွားပါ၊ နိုင်းက
ဘာဖြစ်ဖြစ်ရတယ်...နိုင်း ညီးစီစီကြီးဖြစ်နေ
လို့"
လာ၏။
"တီ...တီ"
လေသည်။
"........"
".........."
"Shit! ပြသနာပဲ...တောက်!"
၏။
သီးဖြင့် တချက်ထိုးလိုက်မိတော့ နိုင်းလေး
"အရေးကြီးနေရင် ကုမ္မဏီကိုသွားလိုက်ကိုကို...နိုင်း BodyGuard တွေကိုခေါ်လိုက်
မယ်.."
"မဟုတ်ဘူးနိုင်း...ကိုကိုပြောပြမယ်"
"နိုင်းဒီနေ့ စိတ်မပျော်ဘူးကိုကို...လျှောက်
"နိုင်း စိတ်ကိုသိတယ်မလား...ကားရပ်ပေး"
"........"
နိုင်း အသံကိုခပ်မြင့်မြင်ဖိပြောလိုက်ပြီး မမာ
"ကျွီ"
ကားရပ်လိုက်သည့် ချက်ချင်း နိုင်းကားပေါ်မှ
"ကိုကိုသွားတော့....နိုင်းအေးဆေးနေချင်တယ်၊ ညကျဖုန်းဆက်လိုက်မယ်"
နိုင်း ရောက်ရှိနေသည့်နေရာရဲ့ ဘေးပတ်ဝန်း
ဖော်ရွေ့တဲ့အပြုံးတွေကိုကြည့်ရင်း နိုင်းစိတ်
ကူးတစ်ခုရသွားလေ၏။
"မင်းအခုဘယ်မှာလဲ"
ယောက်သားရှိနေတာပေါ့။
"မင်းအခုဘယ်မှာလဲ"
ယောက်သားရှိနေတာပေါ့။
"မင်းအခုငါ့ဆီလာခဲ့"
သောက်ကျိုးနည်း...ဒီကောင်ကို ယောင်္ကျားလို့ခေါ်မဲ့အစားကိုယ်လျှာကိုဖြတ်လိုက်မယ်..သေတောင်မခေါ်ဘူး
မယ်...မိန်းမလေး"
နေတာ။
ကဘယ်ရောက်သွားလဲ"
ကိုမေးစရာရှိလို့"
မြန်မေးကွာ"
"မင်းမွေးနေ့ဘယ်နေ့လဲ"
လျှာကိုရှည်တယ်"
"12ရက်...2လပိုင်း"
"ဟုတ်ပြီ"
ကျောမလုံချင်လှအောင် ခပ်တွေတွေရပ်ကြည့်နေရင်းမှ နိုင်းဘာဆက်လုပ်မလဲစောင့်
ကြည့်နေ၏။
နိုင်းရဲ့ မာနနဲ့ဆို သူ့ကိုယောင်္ကျားလို့ခေါ်ခိုင်း
အနားသို့တဖန် လာရပ်တဲ့ နိုင်းနဲ့အတူသီလ
"မင်း!!"
နဲ့ပေါ့။
မှတ်ပြီလား၊ နိုင်းကိုဘာမှတ်နေလဲ...ငါ့ကိုတစ်ချက်ထိရင်၊ ငါကနှစ်ချက်ပြန်ထိရမှကြိုက်တာ...အခုတော့ခွေးကြီးအဖြစ်ခံပေ
ဦးတော့။
"ဘာလုပ်လို့လဲ"
လေးကလားဆန်လိုက်တာ"
အမြန်ဆွဲထုတ်လိုက်ကာ နိုင်းရဲ့ဘယ်ဘက်
လက်နဲ့သူရဲ့ညာဘက်လက်ကို လက်ထိပ်ခတ်
လိုက်လေ၏။
တာမှားလို့လား"
ချင်းလွှတ်ပေး..."
ပါဘူး။
>>>>>>>>>>>>
စဉ်းစားနေမိလေသည်။
>>>>>>>>>
မှိန်းကာငြိမ်နေလေသည့် နိုင်း။
ဘူးလား"
ကိုသွားရဦးမှာ"
"ကနေဒါနိင်ငံ"
စိုးလို့နားလည်လား"
"ဘာအတွက်ကတိလဲ"
✨✨✨✨✨✨✨
Upပေးလိုက်ပြီနော်....