ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 29 (part 1)

2.5K 486 22
By mizzle69

နန်ဟွိုင်လင် စနေ၊ တနင်္ဂနွေပိတ်ရက် နှစ်ရက်လုံးကို 'ကြယ်နိုင်ငံ'ရဲ့ ဇာတ်ညွှန်းဖတ်နေရင်းနဲ့ပဲ ကုန်ဆုံးလိုက်တယ်။

ဇာတ်ညွှမ်းကို အစကနေ အဆုံးထိ နှစ်ခေါက် သေသေချာချာဖတ်ပြီးပြီမို့လို့ Lu JinQinဇာတ်ကောင်ရဲ့ စရိုက်ကို တော်တော်လေး ကျေညပ်သွားပြီလို့ ခံစားရတယ်။ စေ့စေ့စပ်စပ်ပြောရမယ်ဆိုရင် ဘယ်ဇာတ်ကွက်ကိုမဆို ပထမဆုံး စကားပြောရမဲ့စာကြောင်းကို အစသိလိုက်ရုံနဲ့ သူ ကောင်းကောင်း သရုပ်ဆောင်နိုင်မယ်လို့ကို ယုံကြည်ချက်အပြည့်ရှိနေပြီ။ ပြီးတော့ ဒီဇာတ်လမ်းက ရှေးခတ်ရဲ့ မသေမျိုး နတ်ဘုရားပုံစံမျိုးဖြစ်တာကြောင့် ပြောရမဲ့စာသားတွေက မှတ်မိဖို့ တော်တော်လေးခက်တယ်။ ဒါပေမယ့် နန်ဟွိုင်လင်ရဲ့ စာကြောင်းတွေကို မှတ်နိုင်တဲ့စကေးက ထိအ်ဆုံးအဆင့်မှာရှိတယ်။ ရှုတင်မစခင် 10မိနစ်လောက်ပဲ သူ့ကို အချိန်ပေးလိုက်...စာကြောင်းအများကြီးပါတဲ့ စာပိုဒ်အရှည်ကြီးကို proတစ်ယောက်လိုပဲ တစ်လုံးမကျန်မှတ်မိအောင် လုပ်နိုင်တယ်။

တနင်္လာနေ့ မနက်စောစော 7နာရီ မထိုးခင် နန်ဟွိုင်လင် ထလာလိုက်တယ်။

ဒီနေ့က ကြယ်နိုင်ငံရဲ့မိတ်ဆက်ပွဲကို တက်ရမဲ့နေ့ဖြစ်သလို သူ့ရဲ့ဘဝမှာ ဒါမျိုးဖွင့်ပွဲမျိုးကို ပထမဆုံးတက်ဖူးမဲ့ နေ့လည်းဖြစ်တယ်။

မညက စိတ်တွေ အရမ်းလှုပ်ရှားနေတာကြောင့် မျက်စိကြောင်ပြီး အိပ်လို့လဲမပျော်ဘူး။ အိပ်ယာပေါ် ဟိုလှိမ့် ဒီလှိမ့်လုပ်နေရင်း မနက်2နာရီထိုးပြီးမှပဲ အိပ်ပျော်သွားတာ...စုစုပေါင်း သူအိပ်ခဲ့တဲ့နာရီက ငါးနာရီတောင် မပြည့်ဘူး။

ရေချိုးခန်းထဲက မှန်ရှေ့မှာရပ်ပြီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ ထင်ထားသလို မျက်လုံးအောက်မှာ မဲမဲအဝိုင်းနှစ်ဝိုင်းလဲ ရှိမနေဘူးရော်...မျက်လုံးကလည်း နီဘူး...အရမ်းထူးဆန်းတာပဲ..

နန်ဟွိုင်လင် ရေသွတ်သွတ်ချိုးနေတုန်းတန်းလန်း ရုတ်တရက် ဖေ့ချန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာတယ်။ ပြီးတော့ နုံးခွေနေတဲ့ပုံစံနဲ့ "Good morning"လို့ ပြောပြီး ရေအိမ်ရှေ့ရပ်ကာ သူ့ရဲ့ တစ်စုံတစ်ခုကိုဆွဲထုတ်ပြီး သေးပေါက်နေတယ်။

နန်ဟွိုင်လင် ငိုချင်လာတယ်..တစ်ပြိုင်နက်တည်းမှာပဲ ရယ်လည်းရယ်ချင်တယ်။ သူတို့နှစ်ယောက်က ယောကျ်ားလေးတွေပဲဖြစ်ပြီး ဘာကိုမှ ထွေထူးပြီးရှောင်နေစရာမလိုဘူးဆိုပေမယ့် ရေချိုးခန်းတစ်ခုကို မျှသုံးတာကကျတော့ တော်တော်လေး အနေရခက်စရာဖြစ်နေတုန်းပဲ မလား။ အခုထက်ထိ တစ်ယောက်ကိုတစ်ယောက် အဝတ်မပါပဲမြင်ရတာက သိပ်အသားမကျသေးလို့လဲ ဖြစ်မယ်။

ဖေ့ချန်က သေးပေါက်ပြီးတော့လည်း ထွက်မသွားဘူး။ အဲ့ဒါအပြင် လက်ဆေးနေပြီး သွားတိုက်ဖို့ သွားတိုက်ဆေးတောင် ညှစ်နေသေးတယ်။

နန်ဟွိုင်လင် ရေချိုးခြင်းကို မြန်မြန်အဆုံးသတ်ကာ ခါးမှာ ရေချိုးတာဝါကို ကောက်ပတ်ပြီး ဆံပင်ရေသုတ်ဖို့ တာဝါတစ်ခုကို ထပ်ယူလိုက်တယ်။ ထို့နောက် သူ့ရဲ့ခေါင်းကို စောင်းပြီးလှည့်လိုက်တော့ သူ မရယ်မိပဲမနေနိုင်တော့ဘူး။

ဖေ့ချန်ရဲ့ မျက်လုံးတွေက ပိတ်နေပြီး သူ့ရဲ့ပါးစပ်ထဲမှာလည်း သွားတိုက်တံက တန်းလန်းနဲ့...လက်တွေကလည်း နဲနဲလေးတောင်လှုပ်မနေဘူး...အိပ်ပျော်သွားတာလား ဘာလားပဲ...

"ဟေး.." နန်ဟွိုင်လင် သူ့ရဲ့လက်မောင်းကို လက်ညိုးလေးနဲ့ ထိုးကြည့်လိုက်တယ် "ထတော့..."

" ဟမ်? " ဖေ့ချန်ရဲ့မျက်လုံးတွေက ပြန်ပွင့်လာပြီး သူ့ကိုတွေဝေစွာငေးကြည့်နေကာ သွားတိုက်တံကိုင်ထားတဲ့လက်တွေက စပြီးလှုပ်ရှားလာတယ်။

"ခင်ဗျား ညတုန်းက ဘယ်တွေသွားခိုးနေတာလဲ?..." နန်ဟွိုင်က သွားတိုက်ဆေးညှစ်ရင်းနဲ့ ပြောနေတယ် "...ဒါမျိုး အိပ်ချင်နေရအောင်"

"သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီပါကွာ...2နာရီထိုးတဲ့အထိ ကိုယ်တို့တွေ မူးရူးနေကြလို့.." ဖေ့ချန်က စကားကို မသဲမကွဲနဲ့ ယောင်တိယောင်ဝါးပြောနေတယ်။

ကြားနေရတဲ့မပီမပြင်စကားတွေက ဘာတွေပြောနေတာလဲဆိုတာ နန်ဟွိုင်လင် သေချာနားမလည်သေးတာကြောင့် နဲနဲခန့်မှန်းကြည့်လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူနားလည်သွားပါတယ်။

ပုံမှန်အတိုင်းဆို သူ သတိပြုမိမှာ မဟုတ်ပေမယ့် အခု တကယ်ကို ဖေ့ချန်ဆီက အရက်နံ့ရနေတယ်။ ရုတ်တရက် သူ့အစာအိမ်ထဲက နာကျင်မှုအနည်းငယ်ကို ရရှိလိုက်တယ်။

နန်ဟွိုင်လင်က ဘေးဘက်ကို နဲနဲတိုးသွားကာ သွားတိုက်နေရင်း မေးလာတယ် "ခင်ဗျား ဘာလို့ တစ်ရေးလောက်ပြန်မအိပ်တာလဲ? အစောကြီးပဲ ရှိသေးတာကို"

"ဒီနေ့က တနင်္လာနေ့လေ။ ကုမ္ပဏီက မနက်စောစော အစည်းအဝေးရှိတယ်...8နာရီခွဲမှာ.." ဖေ့ချန်ရဲ့မျက်နှာက အမူအရာမဲ့နေဆဲပဲ " မင်းရော ဘာလို့ အစောကြီးထလာတာလဲ?"

နန်ဟွိုင်လင် ပြုံးလိုက်ကာ "ကျတော်က..ဒီနေ့..ကြယ်နိုင်ငံ မိတ်ဆက်ပွဲအခမ်းအနားကို တက်ဖို့ရှိလို့.."

" တကယ်ကြီး? " ဖေ့ချန်ကလည်း ပြုံးလာပြီး "ဒါဆို မင်း ဒီနေ့ပိုပြီး ကြည့်ကောင်းလာအောင် လုပ်ရတော့မှာပေါ့"

နန်ဟွိုင်လင် အဲ့လိုလုပ်တဲ့နေရာတွေမှာ မတော်ဘူး။ ဒါကြောင့် သူ ဖေ့ချန်ကို ပြောကြည့်လိုက်တယ်။

"ခင်ဗျား ကျတော့်ကို ပိုပြီး ကြည့်ကောင်းလာအောင် လုပ်ပေးမလား? ကျတော်က ဆံပင်ကို စပရေးတောင် ဖြန်းတက်တာ မဟုတ်ဘူး"

"ကိစ္စမရှိဘူး...ကိုယ်က အဲ့လိုနေရာတွေဆို အရမ်းတော်တယ်"

သူတို့နှစ်ယောက် ဆေးကြောသန့်စင်တာကို မြန်မြန် အဆုံးသတ်လိုက်ကြတယ်။ ဖေ့ချန်က နန်ဟွိုင်လင်ကို သူ့ရှေ့မှာထားကာ hair dryer(ဆံပင်လေမှုတ်စက်)နဲ့ ဆံပင်ကို တစ်ဝက်လောက်ရေခြောက်အောင် အရင်မှုတ်ပေးတယ်။ ပြီးမှ လက်တစ်ဖက်က နန်ဟွိုင်လင်ရဲ့ မျက်နှာကိုကာပေးထားပြီး နောက်တစ်ဖက်က hairစပရေး ဖျန်းပေးကာ ဆံပင်ကို အသေးအမျှင်လေးကအစ စေ့စေ့စပ်စပ်ပုံသွင်းပေးနေတယ်။

"အာဟာ...ကြည့်ပါဦး ဘယ်လိုပုံဖြစ်သွားလဲဆိုတာ?"

နန်ဟွိုင်လင် မှန်ရှေ့ကိုပြန်လှည့်ကာ ရှေ့တိုက်ရော ဘေးဘက်ရော ကြည့်နေမိရင်း သူ ဖေ့ချန်ကို မချီးကျူးပဲ မနေနိုင်တော့ဘူး။

"ခင်ဗျားက အရမ်းဆရာကျတာပဲ..ဒါကို အနောက်နိုင်ငံမှာများ သင်ခဲ့လို့လား,ဟင်?"

"အလေ့အကျင့်တွေက ဆရာကျစေတယ်လေ" ဖေ့ချန်က ခပ်ဖွဖွပြုံးကာပြောနေတယ်။ "သွား...အဝတ်သွားလဲတော့"

"အာ...ဟုတ်.." နန်ဟွိုင်လင် သူ့ရဲ့အခန်းဆီကို အ​ပြေးသွားကာ အရင်တစ်နေ့ကဝယ်ခဲ့တဲ့ ဝတ်စုံနှစ်စုံကို ဆွဲယူပြီး ရေချိုးခန်းဆီကို အပြေးပြန်သွားကာ ဖေ့ချန်ကို မေးလိုက်တယ်။ "ကျတော် ဘယ်တစ်ခုဝတ်သင့်တယ်လို့ ခင်ဗျားထင်လဲ?"

ဖေ့ချန်က တစ်ချက်ကြည့်လာပြီး ဘယ်ဘက်ကတစ်ခုကို ညွှန်ပြတယ်။ "ဒီဟာ..ပိုပြီးတော့ ထင်ထင်ပေါ်ပေါ်ရှိတယ်"

" အိုကေ " နန်ဟွိုင်လင်က ပြောပြီး ပြန်ထွက်သွားပြန်တယ်။

အဝေးရောက်သွားမှ ဖေ့ချန် အသံကိုမြှင့်ပြီးအော်မေးလိုက်တယ်။ "မင်းရဲ့ ဖိနပ်ဆိုဒ်က ဘယ်လောက်လဲ?"

" 42! "

နန်ဟွိုင်လင်က သူ့ရဲ့အခန်းထဲကို ပြန်လာကာ အဝတ်လဲပြီး လည်စည်းစည်းနေတယ်။ အဲ့ဒီအချိန်မှာ ဖေ့ချန်က သရေဖိနပ်တစ်ရံနှင့် နာရီတစ်ခုကို လက်တစ်ဖက်ချင်းစီမှာကိုင်ထားရင်း အခန်းထဲဝင်လာတယ်။

"မင်း ဘာဝတ်နေတာလဲ?" ဖေ့ချန် မျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်နေမိရင်း နန်ဟွိုင်လင် မလုပ်တက်ဘဲလုပ်နေတဲ့ ပုံမကျပန်းမကျဖြစ်နေတဲ့ အရာကိုမြင်တော့ ရယ်လိုက်မိတယ်။ သူ လက်လှမ်းကာ နန်ဟွိုင်လင်ရဲ့ တစ်ဝက်တစ်ပျက်ဖြစ်နေတဲ့လည်စည်းကို ပြန်ဖြေပြီး သူကိုယ်တိုင်အသစ်ပြန်စီးပေးလိုက်တယ်။ ပါးစပ်ကလည်း လည်စည်းတစ်ခုကို ဘယ်လိုကောင်းကောင်းစီးရမလဲဆိုတဲ့ အခြေခံကျတဲ့ အချက်တွေကိုပါ ရှင်းပြနေသေးတယ်...

လည်စည်း စည်းပေးပြီးသွားတော့ ဖေ့ချန်က နန်ဟွိုင်လင်ကို ကုတင်ပေါ်မှာထိုင်ခိုင်းပြီး သူက ဒူးတစ်ဖက်ထောက်ကာ ခုနယူလာခဲ့တဲ့ သားရေရှုးဖိနပ်ကို စီးပေးနေတယ်။

"ကျတော့်ဘာသာပဲ လုပ်..." နန်ဟွိုင်လင် ဒါရိုက်တာက သူ့ကို ဒူးထောက်ပြီး ဖိနပ်စီးပေးလောက်ရအောင်ထိတော့ မဖြစ်စေချင်ဘူး။

" ထိုင်နေ " ဖေ့ချန်က သူ့ရဲ့ခြေချင်းဝတ်ကိုကိုင်ပြီး ကျောက်စိမ်းလိုကြည်လင်ချောမွတ်ကာ ဖြူဝင်းနေတဲ့ သူ့ရဲ့ခြေထောက်ကို ရှုးဖိနပ်ထဲထည့်နေတယ်။

"ဒီဖိနပ်တွေက ကိုယ့်ကိုပေးထားတာ...ဒါပေမယ့် ဆိုဒ်အရမ်းသေးနေလို့ ကိုယ်စီးလို့မရဘူး..ဒါကြောင့် ကိုယ် မင်းကို ပေးလိုက်ပြီ..မင်းဝတ်ထားတဲ့ အင်္ကျီနဲ့လည်း အရမ်းလိုက်တယ်.. ကွက်တိပဲ"

"အဲ့ဒါ ဘယ်လောက်ပေးရတာလဲဟင်? ကျတော် ခင်ဗျားကို ပိုက်ဆံပြန်လွှဲပေးပါ့မယ်"

"မင်း ဘာလို့ အမြဲတမ်း 'ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ'ကြီးပဲ ပြောနေတာလဲ...ဟမ်?" ဖေ့ချန်က သူ့ကို ဆက်ခနဲ မော့ကြည့်လာတယ်။ "မင်း ဒါမျိုးဆက်လုပ်နေမယ်ဆိုရင် ကိုယ် မင်းကို စိတ်ပျက်မိတော့မယ်...နောက်ဆုံးအကြိမ် မင်း ကိုယ့်ကို ဒီလိုအခြေအနေမှာ လာဘ်ထိုးခဲ့တယ်လေ..အဲ့လိုမျိုး တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးလဲရတယ်..ကိုယ်တောင်းဆိုတာ မများဘူးမလား?"

နန်ဟွိုင်လင် ရယ်လိုက်မိပြီး "ခင်ဗျားရဲ့ ဗိုက်က ပေါင်မုန့်ရှစ်ခု ပျောက်သွားမှာ မကြောက်ဘူးလား?"

ဖေ့ချန်ပြန်ပြောလာတဲ့အသံက နဲနဲတောင် ကဗျာဆန်ချင်သလိုပဲ။ "မင်း ကိုယ့်ကို ကျွေးကျွေး၊ မကျွေးကျွေး ကိုယ့်ရဲ့ပေါင်မုန့်တွေက ဒီတိုင်းပဲရှိနေမှာ..လျော့သွားမှာလည်း မဟုတ်ဘူး တိုးလာမှာလည်း မဟုတ်ဘူး"

ဖေ့ချန်ရဲ့ အဲ့ဒီအပြုအမူလေးက နန်ဟွိုင်လင်ကို အရမ်းကို ပြုံးရယ်စေတာကြောင့် သူ ထပ်မေးပြီး ရစ်မနေတော့ဘူး။

ဖိနပ်စီးပေးပြီးသွားတော့ ဖေ့ချန်က သူ့ကို နာရီပတ်ပေးလာပြန်တယ်။

အဲ့တာက ဘာ brandလဲဆိုတာ နန်ဟွိုင်လင် သေချာမသိပေမယ့် အရမ်းစျေးကြီးတဲ့ပုံရတယ်ဆိုတာ ကြည့်တာနဲ့ သိတယ်။

"အဲ့နာရီက ဘယ်လောက်ပေးရလဲ?"

" တစ်မီလီယံကျော်ကျော်ပေါ့ " ဖေ့ချန်က ဘာကိုမှ စိတ်ထဲမရှိသလိုမျိုး ပြန်ဖြေလာတယ်။

နန်ဟွိုင်လင် တုန်လှုပ်သွားပြီး ချက်ချင်းပဲ နာရီကို ဖြုတ်ဖို့ ပြင်လိုက်တယ်။ "ဒါကြီး ပြန်ယူ..ပျောက်သွားရင် ကျတော် ပြန်မလျော်ပေးနိုင်ဘူး"

"ပျောက်သွားလို့ မင်း ပြန်လျော်ပေးမယ်ဆိုရင်တောင် ကိုယ် ခွင့်မပြုဘူး" ဖေ့ချန်က နန်ဟွိုင်လင်လုပ်နေတာကို တားကာ ပြောလာတယ်။ "အဲ့တာနဲ့ ပတ်သတ်ပြီး စိုးရိမ်မနေနဲ့"

နန်ဟွိုင်လင် ရုတ်တရက် သူ့ရဲ့လက်ကောက်ဝတ်မှာ စက်ဝိုင်းပုံရွှေချောင်းတွေအများကြီးကို ဝတ်ထားရသလိုမျိုး အလေးချိန်အကြီးကြီးတစ်ခု ရှိနေတယ်လို့ ခံစားလာရတယ်။

" မတ်တပ်ရပ်...ကိုယ်ကြည့်ဦးမယ် "

နန်ဟွိုင်လင် မတ်တပ်ရပ်ပြလိုက်တယ်။ သူ့ရဲ့ အနားမှာ မိုက်မိုက်ရိုင်းရိုင်းလေထုတစ်ခု လွှမ်းခြုံထားသလို ခံစားရတယ်။

" လှည့်ကြည့် " ဖေ့ချန်က သူ့ရဲ့လက်ချောင်းတွေနဲ့ စက်ဝိုင်းပုံလှည့်ကာ အဲ့လိုလှည့်ဆိုတဲ့ ပုံစံမျိုး ပြလာတယ်။

ဒါကြောင့် နန်ဟွိုင်လင် ခန္ဓာကိုယ်ကို တစ်ပတ်ပြည့်အောင် လှည့်ပေးလိုက်ပြီး မရှိမဲ့ရှိမဲ့ ယုံကြည်ချက်လေးနဲ့ မေးလိုက်တယ်။

" အဆင်ပြေလား? "

ဖေ့ချန်က ခေါင်းညိမ့်ပြီး " ပြုံးဦး...ကိုယ်ကြည့်မလို့ "

နန်ဟွိုင်လင်, "....အို့ "

ဖေ့ချန်ကလည်း ပြုံးလာပြီး " အရမ်းအရမ်းကို ကြည့်ကောင်းတယ်..တကယ်ကိုပဲ.. "

"ဖူး....." နန်ဟွိုင်လင် အခုမှပဲ သက်ပြင်းအရှည်ကြီး ချနိုင်တော့တယ်။ "ကျတော် အခု အရမ်းကို စိတ်တွေလှုပ်ရှားနေတယ်။ ကျတော့်လက်တွေတုန်နေလား ကြည့်ဦး?"

ဖေ့ချန်က သူ့ရဲ့လက်တွေကိုဆွဲယူပြီး ခပ်ကြမ်းကြမ်းလှုပ်ကာ သူ့ရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီး "စိတ်မလှုပ်ရှားတော့နဲ့..အဆင်ပြေသွားလိမ့်မယ်..ကိုယ့်ကိုယုံ"

ဘာလို့လဲမသိဘူး ရုတ်တရက်ကြီး နန်ဟွိုင်လင် တကယ်ကြီးကို သူ့ရဲ့နှလုံးသားက နေသားတကျနဲ့ သက်တောင့်သက်သာဖြစ်သွားတာကို ခံစားရတယ်။ ထို့နောက် သူ့ရဲ့ခေါင်းကို တက်တက်ကြွကြွနဲ့ညိမ့်ပြလိုက်ပြီး "ဟုတ်..ကျတော်..လုပ်နိုင်တယ်"

အိပ်ယာပေါ်တင်ထားတဲ့ဖုန်းက ရုတ်တရက် မြည်လာတယ်။ မိန်ထျန်းကျူဆီက ဖုန်းပဲ။

"ကျတော် အသင့်ဖြစ်ပြီ။ အောက်ကို ဆင်းလာခဲ့မယ်နော်...အိုကေ..ခနနေတွေ့မယ်"

ဖုန်းကို ပြန်ချထားလိုက်ကာ နန်ဟွိုင်လင် အချိန်ကိုတစ်ချက်ကြည့်ကြည့်လိုက်တော့ ဆက်ခနဲ ဖေ့ချန်ကို ပြန်မော့ကြည့်မိသွားတယ်။

" 8နာရီ 20တဲ့ "

ဖေ့ချန်, " ဟမ်? "

"ခင်ဗျား မနက်စောစော 8နာရီခွဲမှာ အစည်းအဝေးရှိတယ်လို့ ပြောခဲ့တာ ဟုတ်ဘူးလား?"

" Fuck! " ဖေ့ချန်က အခန်းထဲက ထွက်​ပြေးသွားပြီး " ကိုယ်မေ့နေတာ! "

နန်ဟွိုင်လင် အားလည်းနာမိသလို ရယ်လည်းရယ်ချင်တယ်။ သူ ဖုန်းကိုဆွဲယူပြီး တံခါးရဲ့အပြင်ဘက်ကိုထွက်ကာ တံခါးဝနားမှာရပ်ပြီး ဖေ့ချန်ကို လှမ်းပြောလိုက်တယ်။

"ကျတော် မနက်ပိုင်းကို ဖွင့်ပွဲအခမ်းအနားတက်ဖို့ရှိတယ်။ နေ့လည်ခင်းကျရင် ဓာတ်ပုံရိုက်ဖို့ရှိတယ်။ ညနေကျရင်လည်း ဖွင့်ပွဲအတွက် ညစာစားပွဲသွားရမယ်။ အဲ့တာ ကျတော် ဒီနေ့ခင်ဗျားအတွက် ချတ်ပြုတ်ပေးဖို့ အချိန်မရှိဘူးနော်.."

"ကိုယ်က သုံးနှစ်သားကလေးလေးမဟုတ်ဘူး.. ကိုယ့်အတွက် မစိုးရိမ်နဲ့." ဖေ့ချန်က အဝတ်တွေကို မြန်မြန်ကောက်ဝတ်ကာ သူ့ရဲ့ဂျက်ကတ်အင်္ကျီကိုကောက်ယူလာပြီး အပြင်ကိုထွက်လာတယ်။ သူ နန်ဟွိုင်လင်နားရောက်တော့ အမှတ်တမဲ့ ခေါင်းကိုပွတ်ဖို့လက်မြောက်ပြီးမှ သူ ခုနတင် ပုံသွင်းပေးထားတာမှန်း သတိရသွားလို့ တော်သေးတယ်။

ဒါကြောင့် အဲ့ဒီအစား မကိုင်ရရင် မနေနိုင်တဲ့သူကပဲ  ဖြူစင်ဝင်းမွတ်နေတဲ့ မျက်နှာလေးကို ဆွဲညစ်ကာ ပြုံးရယ်ရင်း ပြောလိုက်တယ်။ "ကောင်းကောင်းလုပ်ခဲ့ 'လင်' ပေါက်လေး.."

(TN/ 'လင်'က နန်ဟွိုင်လင်ရဲ့ နာမည်နောက်ဆုံးစလုံးကို ပြောတာပါ..)

ဖေ့ချန်က ဥိးဆောင်ပြီး အရင်ထွက်သွားတယ်။

နန်ဟွိုင်လင် ဆွဲညစ်ခံထားရတဲ့ နေရာလေးကို ဖွဖွလေးထိကာ ပြုံးလိုက်မိပြီးနောက် တံခါးပေါက်ရဲ့ အပြင်ဘက်ကို လိုက်ထွက်လာခဲ့တယ်။

မိန်ထျန်းကျူက ကားနဲ့လာတာ ဖြစ်တယ်။

သူ့ကို ကားတစ်စီး အတက်နိုင်ဆုံး ချက်ချင်းစီစဥ်ပေးမယ်လို့ပြောခဲ့တဲ့ ရှန်မင်အန်က တကယ်ကို အချိန်တိုတိုလေး အတွင်းမှာပဲ ကားတစ်စီး စီစဥ်ပေးပြီးသွားပြီပေါ့..

နန်ဟွိုင်လင် ကားရှေ့ခန်းတံခါးကို ဖွင့်ပြီးဝင်ထိုင်ကာ အရင်ဆုံး မိန်ထျန်းကျူကို ပြုံးပြပြီး နှုတ်ဆက်လိုက်တယ်။

" မင်္ဂလာနံနက်ခင်းပါ အမကျူ "

" မင်္ဂလာနံနက်ခင်းပါရှင့် " မိန်ထျန်းကျူကလည်း ပြုံးပြလာတယ် " ရှင် ဒီနေ့ အရမ်းချောနေတယ်နော် "

သူ့ရဲ့ တစ်ကိုယ်ရေတစ်ကာယ ပြင်ဆင်တဲ့နေရာမှာ အလုပ်များခဲ့ပေမယ့် သူမချောသေးဘူးဆိုတာ နန်ဟွိုင်လင်သိတယ်။ သူ့ကိုချောတယ်လို့ ထင်ယောင်ထင်မှားဖြစ်သွားစေတာက သူ့ရဲ့အသုံးအဆောင်အဝတ်အစားတွေပဲ ဖြစ်လိမ့်မယ်။

မိန်ထျန်းကျူက မနက်ခင်းရုံးတက်တဲ့ ယဥ်ကြောအရမ်းပိတ်တဲ့အချိန်မှာ ကားလမ်းမပေါ်တက်ပြီး ကားမောင်းနေတယ်။

လိပ်လိုရွေ့နေတဲ့ ကားအမြန်နှုန်းမှာ မိန်ထျန်းကျူက အစီအစဥ်တကျလုပ်ရမဲ့ အရာတွေကို ပြောနေတယ်။

"မိတ်ဆက်ပွဲက 10နာရီစမှာ...ငါတို့အဲ့ကို ကြိုရောက်သွားလို့ရှိရင်...ပထမဆုံး ငါတို့ကိုငါတို့ အဲ့ဒီအစီအစဥ်ကျင်းပတဲ့နေရာနဲ့ ရင်းရင်းနှီးနှီးနဲ့အကျွမ်းတဝင်ဖြစ်သွားအောင် အရင်လုပ်မယ်။ အခမ်းအနား တရားဝင်စတင်ပြီဆိုရင် မင်း စိတ်တွေ အရမ်းလှုပ်ရှားနေစရာ မလိုဘူး..
တစ်ချိန်လုံးလိုလို ပြုံးနေပေးဖို့သာ မမေ့နဲ့။ ငါ ခန်မှန်းရသလောက်တော့ မင်းကို မေးခွန်းမေးမဲ့ သတင်းထောက် မရှိလောက်ဘူး..ဘာလို့လဲဆိုတော့ သူတို့အာရုံစိုက်တာ အဓိကမင်းသားနှင့်မင်းသမီးပဲ။ ဒီဇာတ်လမ်းကို ပိုပြီး လူတွေအာရုံစိုက်မိစေဖို့ လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက ရှန်းချုန်းနှင့် မာရှောင်ဟွမ်းက တိတ်တခိုးအတင်းအဖျင်းသတင်းလေးတွေ လွင့်ထားတာလဲ ပါတာပေါ့..ဆိုတော့ သူတို့ကိုပဲ သတင်းထောက်တွေက မေးခွန်းတွေမရပ်မနား မေးကြမှာ မြင်ယောင်နေတယ်။ မင်းလုပ်ရမှာက နားထောင်နေရုံပဲ..ပြီးရင် မီဒီယာနဲ့ ဘယ်လိုဆက်ဆံပြောဆိုရမလဲဆိုတဲ့စကေးတွေကို ကြည့်ပြီးသင်ယူထား...ဒါမှ မင်းရဲ့အနာဂတ်မှာ ဒီဟာတွေကို ပြန်ပြီး အသုံးပြုနိုင်မှာ"

" အိုကေ " နန်ဟွိုင်လင် ခေါင်းညိမ့်ပြလိုက်တယ်။ "ကျတော် မှတ်ထားပါ့မယ်"

ရှန်ချုန်းကလည်း ပေါ်ပြူလာမင်းသားတစ်ယောက်ဖြစ်သလို မာရှောင်ဟွမ်းကလည်း ပေါ်ပြူလာဖြစ်တဲ့ မင်းသမီးပဲ။ သူတို့နယ်ပယ်မှာတော့ နှစ်ယောက်လုံးက ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လူသိများကျော်ကြားတဲ့ ကြယ်ပွင့်တွေပဲ။

ဟိုတလောက သူတို့နှစ်ယောက်ရဲ့ တိတ်တခိုးသတင်းတွေ အင်တာနက်ပေါ်မှာ ထွက်လာခဲ့ပြီး သူတို့ရဲ့ဖန်တွေက သူတို့ကို ပိုပြီးတော့ ပေါ်ပြူလာဖြစ်အောင်တောင် လုပ်ပေးနေကြတယ်။

ဒုတိယမင်းသမီး ကျန်းကျားဝမ်ကလည်း စပြီးပေါ်ပြူလာဖြစ်နေတဲ့ တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်တယ်။ သူမရဲ့ထင်ပေါ်မှုက ခေါင်းဆောင် မင်းသားနှင့်မင်းသမီးကို မယှဥ်ပြိုင်နိုင်ပေမယ့် သူမရဲ့ Weiboက ဖန် 3မီလီယံကျော်တောင်ရှိတယ်။ မကြာသေးခင်က နာမည်ကြီး ဒါရိုက်တာရဲ့ မတော်တဆ လိမ်မှုကိစ္စ အနှောင့်အယှက်ပေးခံရတယ်လို့ ဟိုလိုလိုဒီလိုလိုသတင်းတွေ ထွက်ခဲ့တာကြောင့် သူမကလည်း အွန်လိုင်းပေါ်မှာ လှိုင်းတော်တော်များများကို ပြုလုပ်နိုင်ခဲ့တယ်။ အခုလိုအချိန်မှာ သတင်းထောက်တွေက သူမကိုလည်း မေးခွန်းတွေမေးဖို့ လစ်လက်နေကြမှာ မဟုတ်ဘူး။

ဒါကြောင့် ကြယ်နိုင်ငံက ရှုတင်မစခင်မှာတောင် အွန်လိုင်းပေါ်မှာ လူအများရဲ့ စိတ်ဝင်တစား ဆွေးနွေးမှုတွေအများကြီးကို ရရှိခဲ့တယ်။ အဓိက ကတော့ ဖန်တွေအချင်းချင်းပွဲဖြစ်ပြီး တစ်ကွဲတစ်ပြားဖြစ်သွားအောင် လုပ်တာပဲ။ ပိုပြီးတော့ ပွဲဖြစ်အောင် ခွဲနိုင်လေလေ...ပိုပြီးတော့ နာမည်ကြီးလေလေပဲ..ဒါကပဲ အနုပညာအသိုင်းအဝိုင်းရဲ့ ထုံးစံလိုတောင် ဖြစ်နေပြီ။

သူတို့နဲ့ယှဥ်ရင် နန်ဟွိုင်လင်တစ်ယောက်တည်းကပဲ Weiboမှာ ဖော်လိုဝါတစ်ရာလောက်ပဲရှိတာ။ အမှန်တိုင်းပြောရမယ်ဆိုရင် လျစ်လျူရှုခံရနိုင်တဲ့ အရိပ်အယောင်တွေ ရှိနေတာလဲ အံ့သြစရာတော့ မဟုတ်ပါဘူး။

သူ အဲ့ဒီအကြောင်းကို စဥ်းစားလိုက်မိတော့ အစက စိတ်လှုပ်ရှားနေရာကနေ ရုတ်တရက် တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာခဲ့တယ်။

_____________

13. 7. 22 ( Wed )

TN/ ဒီအပိုင်းကြီးက အရမ်း Roတာနော် ဟိုအတွဲ...ဟိုအတွဲ..

Part 2ကျန်ပါသေးတယ်နော်...
Mizzle စာမေးပွဲရှိလို့ ပြီးအောင်ရေးရင် စောင့်ရတာကြာနေမှာဆိုးလို့...တင်ပေးလိုက်တာ

------

ဒီနေ့ အပြင်မှာ မိုးတွေရွာတော့
စိတ်တွေကလဲ ဟိုရောက်ဒီရောက်ပေါ့...
သိတယ်မလား...ဂယောင်ချောက်ချားအတွေးတွေ..ပေါက်ကရတွေပေါ့...

အဲ့အချိန်မှာ ဘဲမရှိတဲ့ ကောင်မလေးတစ်ယောက်က အချစ်အကြောင်းကို စဥ်းစားနေမိရောတဲ့...ဟီး ဟီး..နဲနဲတော့ ရယ်ဖို့ကောင်းနေတယ်..

အချစ်ကို လူတွေကလည်း ကိုယ့်ခံစားချက်နဲ့ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ခဲ့ကြသလို စာရေးဆရာ၊ ကဗျာဆရာတွေကလည်း အမျိုးမျိုးသီကြူးပြီး ရေးခဲ့ကြတာပဲ...

Mizzleအတွက်တော့ အချစ်က ရိုးရှင်းပါတယ်... လူတစ်ယောက်ကို သူ့ရဲ့ ကောင်းတဲ့အချက်တွေတင်မကဘူး ဆိုးတဲ့အခြမ်းကိုရောပါ ကိုယ်က လက်ခံပေးနေနိုင်ပီဆိုရင်..သေချာတယ်..သူ့ကို ချစ်နေပြီ...
အဲ့လိုပဲ...ကိုယ်ချစ်နေတယ် ထင်တဲ့လူကို အဆိုးတွေ စမြင်လာပြီ စိတ်ပျက်ချင်စရာတွေ စလာပြီဆိုရင်တော့ သေချာတယ် သူ့ကိုချစ်နေတဲ့ ကိုယ့်အချစ်တွေက ပေါ့လျော့လာပြီ...

အနှစ်ချုပ်ကတော့ သူ့ကို တကယ် ချစ်..မချစ်သိချင်ရင် သူ့ရဲ့မကောင်းတဲ့အချက်တွေကို လက်ခံနိုင်လား တွေးကြည့်လိုက်

အပြစ်မမြင်ဘဲ ချစ်တဲ့သူတို့ ဘာတို့ပေါ့..

ဒါကတော့ Mizzleခံယူထားတဲ့ အချစ်ပေါ့...
အမြင်မတူတဲ့ သူတွေလည်း ရှိမှာပါ

Youတို့ရော မိုးအေးတဲ့နေ့လေးမှာ အချစ်ကို အဓိပ္ပါယ်ဖွင့်ဖူးလား?
Mizzle သိချင်တယ်..ယူတို့ရဲ့ အချစ်ကရော ဘယ်လိုလဲဆိုတာ...commentမှာ ပြောပြသွားမလား?

Mizzle ...စောင့်နေမယ် commentလေးတွေကို...

_______

Zawgyi

နန္ဟြိုင္လင္ စေန၊ တနဂၤေနြပိတ္ရက္ ႏွစ္ရက္လံုးကို 'ၾကယ္ႏိုင္ငံ'ရဲ့ ဇာတ္ၫႊန္းဖတ္ေနရင္းနဲ႔ပဲ ကုန္ဆံုးလိုက္တယ္။

ဇာတ္ၫႊမ္းကို အစကေန အဆံုးထိ ႏွစ္ေခါက္ ေသေသခ်ာခ်ာဖတ္ၿပီးၿပီမို႔လို႔ Lu JinQinဇာတ္ေကာင္ရဲ့ စရိုက္ကို ေတာ္ေတာ္ေလး ေက်ညပ္သြားၿပီလို႔ ခံစားရတယ္။ ေစ့ေစ့စပ္စပ္ေျပာရမယ္ဆိုရင္ ဘယ္ဇာတ္ကြက္ကိုမဆို ပထမဆံုး စကားေျပာရမဲ့စာေၾကာင္းကို အစသိလိုက္ရံုနဲ႔ သူ ေကာင္းေကာင္း သရုပ္ေဆာင္ႏိုင္မယ္လို႔ကို ယံုၾကည္ခ်က္အျပည့္ရိွေနၿပီ။ ၿပီးေတာ့ ဒီဇာတ္လမ္းက ေရွးခတ္ရဲ့ မေသမ်ိဳး နတ္ဘုရားပံုစံမ်ိဳးျဖစ္တာေၾကာင့္ ေျပာရမဲ့စာသားေတြက မွတ္မိဖို႔ ေတာ္ေတာ္ေလးခက္တယ္။ ဒါေပမယ့္ နန္ဟြိုင္လင္ရဲ့ စာေၾကာင္းေတြကို မွတ္ႏိုင္တဲ့စေကးက ထိအ္ဆံုးအဆင့္မွာရိွတယ္။ ရႈတင္မစခင္ 10မိနစ္ေလာက္ပဲ သူ႔ကို အခ်ိန္ေပးလိုက္...စာေၾကာင္းအမ်ားႀကီးပါတဲ့ စာပိုဒ္အရွည္ႀကီးကို proတစ္ေယာက္လိုပဲ တစ္လံုးမက်န္မွတ္မိေအာင္ လုပ္ႏိုင္တယ္။

တနလၤာေန့ မနက္ေစာေစာ 7နာရီ မထိုးခင္ နန္ဟြိုင္လင္ ထလာလိုက္တယ္။

ဒီေန့က ၾကယ္ႏိုင္ငံရဲ့မိတ္ဆက္ပြဲကို တက္ရမဲ့ေန့ျဖစ္သလို သူ႔ရဲ့ဘဝမွာ ဒါမ်ိဳးဖြင့္ပြဲမ်ိဳးကို ပထမဆံုးတက္ဖူးမဲ့ ေန့လည္းျဖစ္တယ္။

မညက စိတ္ေတြ အရမ္းလႈပ္ရွားေနတာေၾကာင့္ မ်က္စိေၾကာင္ၿပီး အိပ္လို႔လဲမေပ်ာ္ဘူး။ အိပ္ယာေပၚ ဟိုလိွမ့္ ဒီလိွမ့္လုပ္ေနရင္း မနက္2နာရီထိုးၿပီးမွပဲ အိပ္ေပ်ာ္သြားတာ...စုစုေပါင္း သူအိပ္ခဲ့တဲ့နာရီက ငါးနာရီေတာင္ မျပည့္ဘူး။

ေရခ်ိဳးခန္းထဲက မွန္ေရ႔ွမွာရပ္ၿပီး သူ႔ကိုယ္သူ ျပန္ၾကည့္လိုက္ေတာ့ ထင္ထားသလို မ်က္လံုးေအာက္မွာ မဲမဲအဝိုင္းႏွစ္ဝိုင္းလဲ ရိွမေနဘူးေရာ္...မ်က္လံုးကလည္း နီဘူး...အရမ္းထူးဆန္းတာပဲ..

နန္ဟြိုင္လင္ ေရသြတ္သြတ္ခ်ိဳးေနတုန္းတန္းလန္း ရုတ္တရက္ ေဖ့ခ်န္က တံခါးကို တြန္းဖြင့္ၿပီး ဝင္လာတယ္။ ၿပီးေတာ့ ႏံုးေခြေနတဲ့ပံုစံနဲ႔ "Good morning"လို႔ ေျပာၿပီး ေရအိမ္ေရ႔ွရပ္ကာ သူ႔ရဲ့ တစ္စံုတစ္ခုကိုဆြဲထုတ္ၿပီး ေသးေပါက္ေနတယ္။

နန္ဟြိုင္လင္ ငိုခ်င္လာတယ္..တစ္ၿပိဳင္နက္တည္းမွာပဲ ရယ္လည္းရယ္ခ်င္တယ္။ သူတို႔ႏွစ္ေယာက္က ေယာက်္ားေလးေတြပဲျဖစ္ၿပီး ဘာကိုမွ ေထြထူးၿပီးေရွာင္ေနစရာမလိုဘူးဆိုေပမယ့္ ေရခ်ိဳးခန္းတစ္ခုကို မ်ွသံုးတာကက်ေတာ့ ေတာ္ေတာ္ေလး အေနရခက္စရာျဖစ္ေနတုန္းပဲ မလား။ အခုထက္ထိ တစ္ေယာက္ကိုတစ္ေယာက္ အဝတ္မပါပဲျမင္ရတာက သိပ္အသားမက်ေသးလို႔လဲ ျဖစ္မယ္။

ေဖ့ခ်န္က ေသးေပါက္ၿပီးေတာ့လည္း ထြက္မသြားဘူး။ အဲ့ဒါအျပင္ လက္ေဆးေနၿပီး သြားတိုက္ဖို႔ သြားတိုက္ေဆးေတာင္ ၫွစ္ေနေသးတယ္။

နန္ဟြိုင္လင္ ေရခ်ိဳးျခင္းကို ျမန္ျမန္အဆံုးသတ္ကာ ခါးမွာ ေရခ်ိဳးတာဝါကို ေကာက္ပတ္ၿပီး ဆံပင္ေရသုတ္ဖို႔ တာဝါတစ္ခုကို ထပ္ယူလိုက္တယ္။ ထို႔ေနာက္ သူ႔ရဲ့ေခါင္းကို ေစာင္းၿပီးလွည့္လိုက္ေတာ့ သူ မရယ္မိပဲမေနႏိုင္ေတာ့ဘူး။

ေဖ့ခ်န္ရဲ့ မ်က္လံုးေတြက ပိတ္ေနၿပီး သူ႔ရဲ့ပါးစပ္ထဲမွာလည္း သြားတိုက္တံက တန္းလန္းနဲ႔...လက္ေတြကလည္း နဲနဲေလးေတာင္လႈပ္မေနဘူး...အိပ္ေပ်ာ္သြားတာလား ဘာလားပဲ...

"ေဟး.." နန္ဟြိုင္လင္ သူ႔ရဲ့လက္ေမာင္းကို လက္ညိုးေလးနဲ႔ ထိုးၾကည့္လိုက္တယ္ "ထေတာ့..."

" ဟမ္? " ေဖ့ခ်န္ရဲ့မ်က္လံုးေတြက ျပန္ပြင့္လာၿပီး သူ႔ကိုေတြေဝစြာေငးၾကည့္ေနကာ သြားတိုက္တံကိုင္ထားတဲ့လက္ေတြက စၿပီးလႈပ္ရွားလာတယ္။

"ခင္ဗ်ား ညတုန္းက ဘယ္ေတြသြားခိုးေနတာလဲ?..." နန္ဟြိုင္က သြားတိုက္ေဆးၫွစ္ရင္းနဲ႔ ေျပာေနတယ္ "...ဒါမ်ိဳး အိပ္ခ်င္ေနရေအာင္"

"သူငယ္ခ်င္းတစ္ေယာက္ရဲ့ ေမြးေန့ပါတီပါကြာ...2နာရီထိုးတဲ့အထိ ကိုယ္တို႔ေတြ မူးရူးေနၾကလို႔.." ေဖ့ခ်န္က စကားကို မသဲမကြဲနဲ႔ ေယာင္တိေယာင္ဝါးေျပာေနတယ္။

ၾကားေနရတဲ့မပီမျပင္စကားေတြက ဘာေတြေျပာေနတာလဲဆိုတာ နန္ဟြိုင္လင္ ေသခ်ာနားမလည္ေသးတာေၾကာင့္ နဲနဲခန္႔မွန္းၾကည့္လိုက္ရတယ္။ ဘာပဲျဖစ္ျဖစ္ ေနာက္ဆံုးေတာ့ သူနားလည္သြားပါတယ္။

ပံုမွန္အတိုင္းဆို သူ သတိျပဳမိမွာ မဟုတ္ေပမယ့္ အခု တကယ္ကို ေဖ့ခ်န္ဆီက အရက္နံ႔ရေနတယ္။ ရုတ္တရက္ သူ႔အစာအိမ္ထဲက နာက်င္မႈအနည္းငယ္ကို ရရိွလိုက္တယ္။

နန္ဟြိုင္လင္က ေဘးဘက္ကို နဲနဲတိုးသြားကာ သြားတိုက္ေနရင္း ေမးလာတယ္ "ခင္ဗ်ား ဘာလို႔ တစ္ေရးေလာက္ျပန္မအိပ္တာလဲ? အေစာႀကီးပဲ ရိွေသးတာကို"

"ဒီေန့က တနလၤာေန့ေလ။ ကုမၸဏီက မနက္ေစာေစာ အစည္းအေဝးရိွတယ္...8နာရီခြဲမွာ.." ေဖ့ခ်န္ရဲ့မ်က္ႏွာက အမူအရာမဲ့ေနဆဲပဲ " မင္းေရာ ဘာလို႔ အေစာႀကီးထလာတာလဲ?"

နန္ဟြိုင္လင္ ၿပံဳးလိုက္ကာ "က်ေတာ္က..ဒီေန့..ၾကယ္ႏိုင္ငံ မိတ္ဆက္ပြဲအခမ္းအနားကို တက္ဖို႔ရိွလို႔.."

" တကယ္ႀကီး? " ေဖ့ခ်န္ကလည္း ၿပံဳးလာၿပီး "ဒါဆို မင္း ဒီေန့ပိုၿပီး ၾကည့္ေကာင္းလာေအာင္ လုပ္ရေတာ့မွာေပါ့"

နန္ဟြိုင္လင္ အဲ့လိုလုပ္တဲ့ေနရာေတြမွာ မေတာ္ဘူး။ ဒါေၾကာင့္ သူ ေဖ့ခ်န္ကို ေျပာၾကည့္လိုက္တယ္။

"ခင္ဗ်ား က်ေတာ့္ကို ပိုၿပီး ၾကည့္ေကာင္းလာေအာင္ လုပ္ေပးမလား? က်ေတာ္က ဆံပင္ကို စပေရးေတာင္ ျဖန္းတက္တာ မဟုတ္ဘူး"

"ကိစၥမရိွဘူး...ကိုယ္က အဲ့လိုေနရာေတြဆို အရမ္းေတာ္တယ္"

သူတို႔ႏွစ္ေယာက္ ေဆးေၾကာသန္႔စင္တာကို ျမန္ျမန္ အဆံုးသတ္လိုက္ၾကတယ္။ ေဖ့ခ်န္က နန္ဟြိုင္လင္ကို သူ႔ေရ႔ွမွာထားကာ hair dryer(ဆံပင္ေလမႈတ္စက္)နဲ႔ ဆံပင္ကို တစ္ဝက္ေလာက္ေရေျခာက္ေအာင္ အရင္မႈတ္ေပးတယ္။ ၿပီးမွ လက္တစ္ဖက္က နန္ဟြိုင္လင္ရဲ့ မ်က္ႏွာကိုကာေပးထားၿပီး ေနာက္တစ္ဖက္က hairစပေရး ဖ်န္းေပးကာ ဆံပင္ကို အေသးအမ်ွင္ေလးကအစ ေစ့ေစ့စပ္စပ္ပံုသြင္းေပးေနတယ္။

"အာဟာ...ၾကည့္ပါၪီး ဘယ္လိုပံုျဖစ္သြားလဲဆိုတာ?"

နန္ဟြိုင္လင္ မွန္ေရ႔ွကိုျပန္လွည့္ကာ ေရ႔ွတိုက္ေရာ ေဘးဘက္ေရာ ၾကည့္ေနမိရင္း သူ ေဖ့ခ်န္ကို မခ်ီးက်ူးပဲ မေနႏိုင္ေတာ့ဘူး။

"ခင္ဗ်ားက အရမ္းဆရာက်တာပဲ..ဒါကို အေနာက္ႏိုင္ငံမွာမ်ား သင္ခဲ့လို႔လား,ဟင္?"

"အေလ့အက်င့္ေတြက ဆရာက်ေစတယ္ေလ" ေဖ့ခ်န္က ခပ္ဖြဖြၿပံဳးကာေျပာေနတယ္။ "သြား...အဝတ္သြားလဲေတာ့"

"အာ...ဟုတ္.." နန္ဟြိုင္လင္ သူ႔ရဲ့အခန္းဆီကို အ​ေျပးသြားကာ အရင္တစ္ေန့ကဝယ္ခဲ့တဲ့ ဝတ္စံုႏွစ္စံုကို ဆြဲယူၿပီး ေရခ်ိဳးခန္းဆီကို အေျပးျပန္သြားကာ ေဖ့ခ်န္ကို ေမးလိုက္တယ္။ "က်ေတာ္ ဘယ္တစ္ခုဝတ္သင့္တယ္လို႔ ခင္ဗ်ားထင္လဲ?"

ေဖ့ခ်န္က တစ္ခ်က္ၾကည့္လာၿပီး ဘယ္ဘက္ကတစ္ခုကို ၫႊန္ျပတယ္။ "ဒီဟာ..ပိုၿပီးေတာ့ ထင္ထင္ေပၚေပၚရိွတယ္"

" အိုေက " နန္ဟြိုင္လင္က ေျပာၿပီး ျပန္ထြက္သြားျပန္တယ္။

အေဝးေရာက္သြားမွ ေဖ့ခ်န္ အသံကိုျမႇင့္ၿပီးေအာ္ေမးလိုက္တယ္။ "မင္းရဲ့ ဖိနပ္ဆိုဒ္က ဘယ္ေလာက္လဲ?"

" 42! "

နန္ဟြိုင္လင္က သူ႔ရဲ့အခန္းထဲကို ျပန္လာကာ အဝတ္လဲၿပီး လည္စည္းစည္းေနတယ္။ အဲ့ဒီအခ်ိန္မွာ ေဖ့ခ်န္က သေရဖိနပ္တစ္ရံႏွင့္ နာရီတစ္ခုကို လက္တစ္ဖက္ခ်င္းစီမွာကိုင္ထားရင္း အခန္းထဲဝင္လာတယ္။

"မင္း ဘာဝတ္ေနတာလဲ?" ေဖ့ခ်န္ မ်က္ေမွာင္ျကုတ္ကာ စူးစိုက္ၾကည့္ေနမိရင္း နန္ဟြိုင္လင္ မလုပ္တက္ဘဲလုပ္ေနတဲ့ ပံုမက်ပန္းမက်ျဖစ္ေနတဲ့ အရာကိုျမင္ေတာ့ ရယ္လိုက္မိတယ္။ သူ လက္လွမ္းကာ နန္ဟြိုင္လင္ရဲ့ တစ္ဝက္တစ္ပ်က္ျဖစ္ေနတဲ့လည္စည္းကို ျပန္ေျဖၿပီး သူကိုယ္တိုင္အသစ္ျပန္စီးေပးလိုက္တယ္။ ပါးစပ္ကလည္း လည္စည္းတစ္ခုကို ဘယ္လိုေကာင္းေကာင္းစီးရမလဲဆိုတဲ့ အေျခခံက်တဲ့ အခ်က္ေတြကိုပါ ရွင္းျပေနေသးတယ္...

လည္စည္း စည္းေပးၿပီးသြားေတာ့ ေဖ့ခ်န္က နန္ဟြိုင္လင္ကို ကုတင္ေပၚမွာထိုင္ခိုင္းၿပီး သူက ဒူးတစ္ဖက္ေထာက္ကာ ခုနယူလာခဲ့တဲ့ သားေရရႈးဖိနပ္ကို စီးေပးေနတယ္။

"က်ေတာ့္ဘာသာပဲ လုပ္..." နန္ဟြိုင္လင္ ဒါရိုက္တာက သူ႔ကို ဒူးေထာက္ၿပီး ဖိနပ္စီးေပးေလာက္ရေအာင္ထိေတာ့ မျဖစ္ေစခ်င္ဘူး။

" ထိုင္ေန " ေဖ့ခ်န္က သူ႔ရဲ့ေျခခ်င္းဝတ္ကိုကိုင္ၿပီး ေက်ာက္စိမ္းလိုၾကည္လင္ေခ်ာမြတ္ကာ ျဖဴဝင္းေနတဲ့ သူ႔ရဲ့ေျခေထာက္ကို ရႈးဖိနပ္ထဲထည့္ေနတယ္။

"ဒီဖိနပ္ေတြက ကိုယ့္ကိုေပးထားတာ...ဒါေပမယ့္ ဆိုဒ္အရမ္းေသးေနလို႔ ကိုယ္စီးလို႔မရဘူး..ဒါေၾကာင့္ ကိုယ္ မင္းကို ေပးလိုက္ၿပီ..မင္းဝတ္ထားတဲ့ အက်ႌနဲ႔လည္း အရမ္းလိုက္တယ္.. ကြက္တိပဲ"

"အဲ့ဒါ ဘယ္ေလာက္ေပးရတာလဲဟင္? က်ေတာ္ ခင္ဗ်ားကို ပိုက္ဆံျပန္လႊဲေပးပါ့မယ္"

"မင္း ဘာလို႔ အၿမဲတမ္း 'ပိုက္ဆံ၊ ပိုက္ဆံ၊ ပိုက္ဆံ'ႀကီးပဲ ေျပာေနတာလဲ...ဟမ္?" ေဖ့ခ်န္က သူ႔ကို ဆက္ခနဲ ေမာ့ၾကည့္လာတယ္။ "မင္း ဒါမ်ိဳးဆက္လုပ္ေနမယ္ဆိုရင္ ကိုယ္ မင္းကို စိတ္ပ်က္မိေတာ့မယ္...ေနာက္ဆံုးအႀကိမ္ မင္း ကိုယ့္ကို ဒီလိုအေျခအေနမွာ လာဘ္ထိုးခဲ့တယ္ေလ..အဲ့လိုမ်ိဳး တစ္ပတ္ကို ႏွစ္ႀကိမ္လုပ္ေပးလဲရတယ္..ကိုယ္ေတာင္းဆိုတာ မမ်ားဘူးမလား?"

နန္ဟြိုင္လင္ ရယ္လိုက္မိၿပီး "ခင္ဗ်ားရဲ့ ဗိုက္က ေပါင္မုန္႔ရွစ္ခု ေပ်ာက္သြားမွာ မေၾကာက္ဘူးလား?"

ေဖ့ခ်န္ျပန္ေျပာလာတဲ့အသံက နဲနဲေတာင္ ကဗ်ာဆန္ခ်င္သလိုပဲ။ "မင္း ကိုယ့္ကို ေကြၽးေကြၽး၊ မေကြၽးေကြၽး ကိုယ့္ရဲ့ေပါင္မုန္႔ေတြက ဒီတိုင္းပဲရိွေနမွာ..ေလ်ာ့သြားမွာလည္း မဟုတ္ဘူး တိုးလာမွာလည္း မဟုတ္ဘူး"

ေဖ့ခ်န္ရဲ့ အဲ့ဒီအျပဳအမူေလးက နန္ဟြိုင္လင္ကို အရမ္းကို ၿပံဳးရယ္ေစတာေၾကာင့္ သူ ထပ္ေမးၿပီး ရစ္မေနေတာ့ဘူး။

ဖိနပ္စီးေပးၿပီးသြားေတာ့ ေဖ့ခ်န္က သူ႔ကို နာရီပတ္ေပးလာျပန္တယ္။

အဲ့တာက ဘာ brandလဲဆိုတာ နန္ဟြိုင္လင္ ေသခ်ာမသိေပမယ့္ အရမ္းေစ်းႀကီးတဲ့ပံုရတယ္ဆိုတာ ၾကည့္တာနဲ႔ သိတယ္။

"အဲ့နာရီက ဘယ္ေလာက္ေပးရလဲ?"

" တစ္မီလီယံေက်ာ္ေက်ာ္ေပါ့ " ေဖ့ခ်န္က ဘာကိုမွ စိတ္ထဲမရိွသလိုမ်ိဳး ျပန္ေျဖလာတယ္။

နန္ဟြိုင္လင္ တုန္လႈပ္သြားၿပီး ခ်က္ခ်င္းပဲ နာရီကို ျဖဳတ္ဖို႔ ျပင္လိုက္တယ္။ "ဒါႀကီး ျပန္ယူ..ေပ်ာက္သြားရင္ က်ေတာ္ ျပန္မေလ်ာ္ေပးႏိုင္ဘူး"

"ေပ်ာက္သြားလို႔ မင္း ျပန္ေလ်ာ္ေပးမယ္ဆိုရင္ေတာင္ ကိုယ္ ခြင့္မျပဳဘူး" ေဖ့ခ်န္က နန္ဟြိုင္လင္လုပ္ေနတာကို တားကာ ေျပာလာတယ္။ "အဲ့တာနဲ႔ ပတ္သတ္ၿပီး စိုးရိမ္မေနနဲ႔"

နန္ဟြိုင္လင္ ရုတ္တရက္ သူ႔ရဲ့လက္ေကာက္ဝတ္မွာ စက္ဝိုင္းပံုေရႊေခ်ာင္းေတြအမ်ားႀကီးကို ဝတ္ထားရသလိုမ်ိဳး အေလးခ်ိန္အႀကီးႀကီးတစ္ခု ရိွေနတယ္လို႔ ခံစားလာရတယ္။

" မတ္တပ္ရပ္...ကိုယ္ၾကည့္ၪီးမယ္ "

နန္ဟြိုင္လင္ မတ္တပ္ရပ္ျပလိုက္တယ္။ သူ႔ရဲ့ အနားမွာ မိုက္မိုက္ရိုင္းရိုင္းေလထုတစ္ခု လႊမ္းၿခံဳထားသလို ခံစားရတယ္။

" လွည့္ၾကည့္ " ေဖ့ခ်န္က သူ႔ရဲ့လက္ေခ်ာင္းေတြနဲ႔ စက္ဝိုင္းပံုလွည့္ကာ အဲ့လိုလွည့္ဆိုတဲ့ ပံုစံမ်ိဳး ျပလာတယ္။

ဒါေၾကာင့္ နန္ဟြိုင္လင္ ခႏၶာကိုယ္ကို တစ္ပတ္ျပည့္ေအာင္ လွည့္ေပးလိုက္ၿပီး မရိွမဲ့ရိွမဲ့ ယံုၾကည္ခ်က္ေလးနဲ႔ ေမးလိုက္တယ္။

" အဆင္ေျပလား? "

ေဖ့ခ်န္က ေခါင္းညိမ့္ၿပီး " ၿပံဳးၪီး...ကိုယ္ၾကည့္မလို႔ "

နန္ဟြိုင္လင္, "....အို႔ "

ေဖ့ခ်န္ကလည္း ၿပံဳးလာၿပီး " အရမ္းအရမ္းကို ၾကည့္ေကာင္းတယ္..တကယ္ကိုပဲ.. "

"ဖူး....." နန္ဟြိုင္လင္ အခုမွပဲ သက္ျပင္းအရွည္ႀကီး ခ်ႏိုင္ေတာ့တယ္။ "က်ေတာ္ အခု အရမ္းကို စိတ္ေတြလႈပ္ရွားေနတယ္။ က်ေတာ့္လက္ေတြတုန္ေနလား ၾကည့္ၪီး?"

ေဖ့ခ်န္က သူ႔ရဲ့လက္ေတြကိုဆြဲယူၿပီး ခပ္ၾကမ္းၾကမ္းလႈပ္ကာ သူ႔ရဲ့မ်က္လံုးေတြကို စိုက္ၾကည့္ၿပီး "စိတ္မလႈပ္ရွားေတာ့နဲ႔..အဆင္ေျပသြားလိမ့္မယ္..ကိုယ့္ကိုယံု"

ဘာလို႔လဲမသိဘူး ရုတ္တရက္ႀကီး နန္ဟြိုင္လင္ တကယ္ႀကီးကို သူ႔ရဲ့ႏွလံုးသားက ေနသားတက်နဲ႔ သက္ေတာင့္သက္သာျဖစ္သြားတာကို ခံစားရတယ္။ ထို႔ေနာက္ သူ႔ရဲ့ေခါင္းကို တက္တက္ႂကြၾကြနဲ႔ညိမ့္ျပလိုက္ၿပီး "ဟုတ္..က်ေတာ္..လုပ္ႏိုင္တယ္"

အိပ္ယာေပၚတင္ထားတဲ့ဖုန္းက ရုတ္တရက္ ျမည္လာတယ္။ မိန္ထ်န္းက်ူဆီက ဖုန္းပဲ။

"က်ေတာ္ အသင့္ျဖစ္ၿပီ။ ေအာက္ကို ဆင္းလာခဲ့မယ္ေနာ္...အိုေက..ခနေနေတြ့မယ္"

ဖုန္းကို ျပန္ခ်ထားလိုက္ကာ နန္ဟြိုင္လင္ အခ်ိန္ကိုတစ္ခ်က္ၾကည့္ၾကည့္လိုက္ေတာ့ ဆက္ခနဲ ေဖ့ခ်န္ကို ျပန္ေမာ့ၾကည့္မိသြားတယ္။

" 8နာရီ 20တဲ့ "

ေဖ့ခ်န္, " ဟမ္? "

"ခင္ဗ်ား မနက္ေစာေစာ 8နာရီခြဲမွာ အစည္းအေဝးရိွတယ္လို႔ ေျပာခဲ့တာ ဟုတ္ဘူးလား?"

" Fuck! " ေဖ့ခ်န္က အခန္းထဲက ထြက္​ေျပးသြားၿပီး " ကိုယ္ေမ့ေနတာ! "

နန္ဟြိုင္လင္ အားလည္းနာမိသလို ရယ္လည္းရယ္ခ်င္တယ္။ သူ ဖုန္းကိုဆြဲယူၿပီး တံခါးရဲ့အျပင္ဘက္ကိုထြက္ကာ တံခါးဝနားမွာရပ္ၿပီး ေဖ့ခ်န္ကို လွမ္းေျပာလိုက္တယ္။

"က်ေတာ္ မနက္ပိုင္းကို ဖြင့္ပြဲအခမ္းအနားတက္ဖို႔ရိွတယ္။ ေန့လည္ခင္းက်ရင္ ဓာတ္ပံုရိုက္ဖို႔ရိွတယ္။ ညေနက်ရင္လည္း ဖြင့္ပြဲအတြက္ ညစာစားပြဲသြားရမယ္။ အဲ့တာ က်ေတာ္ ဒီေန့ခင္ဗ်ားအတြက္ ခ်တ္ျပဳတ္ေပးဖို႔ အခ်ိန္မရိွဘူးေနာ္.."

"ကိုယ္က သံုးႏွစ္သားကေလးေလးမဟုတ္ဘူး.. ကိုယ့္အတြက္ မစိုးရိမ္နဲ႔." ေဖ့ခ်န္က အဝတ္ေတြကို ျမန္ျမန္ေကာက္ဝတ္ကာ သူ႔ရဲ့ဂ်က္ကတ္အက်ႌကိုေကာက္ယူလာၿပီး အျပင္ကိုထြက္လာတယ္။ သူ နန္ဟြိုင္လင္နားေရာက္ေတာ့ အမွတ္တမဲ့ ေခါင္းကိုပြတ္ဖို႔လက္ေျမာက္ၿပီးမွ သူ ခုနတင္ ပံုသြင္းေပးထားတာမွန္း သတိရသြားလို႔ ေတာ္ေသးတယ္။

ဒါေၾကာင့္ အဲ့ဒီအစား မကိုင္ရရင္ မေနႏိုင္တဲ့သူကပဲ  ျဖဴစင္ဝင္းမြတ္ေနတဲ့ မ်က္ႏွာေလးကို ဆြဲညစ္ကာ ၿပံဳးရယ္ရင္း ေျပာလိုက္တယ္။ "ေကာင္းေကာင္းလုပ္ခဲ့ 'လင္' ေပါက္ေလး.."

(TN/ 'လင္'က နန္ဟြိုင္လင္ရဲ့ နာမည္ေနာက္ဆံုးစလံုးကို ေျပာတာပါ..)

ေဖ့ခ်န္က ၪိးေဆာင္ၿပီး အရင္ထြက္သြားတယ္။

နန္ဟြိုင္လင္ ဆြဲညစ္ခံထားရတဲ့ ေနရာေလးကို ဖြဖြေလးထိကာ ၿပံဳးလိုက္မိၿပီးေနာက္ တံခါးေပါက္ရဲ့ အျပင္ဘက္ကို လိုက္ထြက္လာခဲ့တယ္။

မိန္ထ်န္းက်ူက ကားနဲ႔လာတာ ျဖစ္တယ္။

သူ႔ကို ကားတစ္စီး အတက္ႏိုင္ဆံုး ခ်က္ခ်င္းစီစဥ္ေပးမယ္လို႔ေျပာခဲ့တဲ့ ရွန္မင္အန္က တကယ္ကို အခ်ိန္တိုတိုေလး အတြင္းမွာပဲ ကားတစ္စီး စီစဥ္ေပးၿပီးသြားၿပီေပါ့..

နန္ဟြိုင္လင္ ကားေရ႔ွခန္းတံခါးကို ဖြင့္ၿပီးဝင္ထိုင္ကာ အရင္ဆံုး မိန္ထ်န္းက်ူကို ၿပံဳးျပၿပီး ႏႈတ္ဆက္လိုက္တယ္။

" မဂၤလာနံနက္ခင္းပါ အမက်ူ "

" မဂၤလာနံနက္ခင္းပါရွင့္ " မိန္ထ်န္းက်ူကလည္း ၿပံဳးျပလာတယ္ " ရွင္ ဒီေန့ အရမ္းေခ်ာေနတယ္ေနာ္ "

သူ႔ရဲ့ တစ္ကိုယ္ေရတစ္ကာယ ျပင္ဆင္တဲ့ေနရာမွာ အလုပ္မ်ားခဲ့ေပမယ့္ သူမေခ်ာေသးဘူးဆိုတာ နန္ဟြိုင္လင္သိတယ္။ သူ႔ကိုေခ်ာတယ္လို႔ ထင္ေယာင္ထင္မွားျဖစ္သြားေစတာက သူ႔ရဲ့အသံုးအေဆာင္အဝတ္အစားေတြပဲ ျဖစ္လိမ့္မယ္။

မိန္ထ်န္းက်ူက မနက္ခင္းရံုးတက္တဲ့ ယဥ္ေၾကာအရမ္းပိတ္တဲ့အခ်ိန္မွာ ကားလမ္းမေပၚတက္ၿပီး ကားေမာင္းေနတယ္။

လိပ္လိုေရြ့ေနတဲ့ ကားအျမန္ႏႈန္းမွာ မိန္ထ်န္းက်ူက အစီအစဥ္တက်လုပ္ရမဲ့ အရာေတြကို ေျပာေနတယ္။

"မိတ္ဆက္ပြဲက 10နာရီစမွာ...ငါတို႔အဲ့ကို ႀကိဳေရာက္သြားလို႔ရိွရင္...ပထမဆံုး ငါတို႔ကိုငါတို႔ အဲ့ဒီအစီအစဥ္က်င္းပတဲ့ေနရာနဲ႔ ရင္းရင္းႏွီးႏွီးနဲ႔အကြၽမ္းတဝင္ျဖစ္သြားေအာင္ အရင္လုပ္မယ္။ အခမ္းအနား တရားဝင္စတင္ၿပီဆိုရင္ မင္း စိတ္ေတြ အရမ္းလႈပ္ရွားေနစရာ မလိုဘူး..
တစ္ခ်ိန္လံုးလိုလို ၿပံဳးေနေပးဖို႔သာ မေမ့နဲ႔။ ငါ ခန္မွန္းရသေလာက္ေတာ့ မင္းကို ေမးခြန္းေမးမဲ့ သတင္းေထာက္ မရိွေလာက္ဘူး..ဘာလို႔လဲဆိုေတာ့ သူတို႔အာရံုစိုက္တာ အဓိကမင္းသားႏွင့္မင္းသမီးပဲ။ ဒီဇာတ္လမ္းကို ပိုၿပီး လူေတြအာရံုစိုက္မိေစဖို႔ လြန္ခဲ့တဲ့တစ္ပတ္ေလာက္တည္းက ရွန္းခ်ဳန္းႏွင့္ မာေရွာင္ဟြမ္းက တိတ္တခိုးအတင္းအဖ်င္းသတင္းေလးေတြ လြင့္ထားတာလဲ ပါတာေပါ့..ဆိုေတာ့ သူတို႔ကိုပဲ သတင္းေထာက္ေတြက ေမးခြန္းေတြမရပ္မနား ေမးၾကမွာ ျမင္ေယာင္ေနတယ္။ မင္းလုပ္ရမွာက နားေထာင္ေနရံုပဲ..ၿပီးရင္ မီဒီယာနဲ႔ ဘယ္လိုဆက္ဆံေျပာဆိုရမလဲဆိုတဲ့စေကးေတြကို ၾကည့္ၿပီးသင္ယူထား...ဒါမွ မင္းရဲ့အနာဂတ္မွာ ဒီဟာေတြကို ျပန္ၿပီး အသံုးျပဳႏိုင္မွာ"

" အိုေက " နန္ဟြိုင္လင္ ေခါင္းညိမ့္ျပလိုက္တယ္။ "က်ေတာ္ မွတ္ထားပါ့မယ္"

ရွန္ခ်ဳန္းကလည္း ေပၚျပဴလာမင္းသားတစ္ေယာက္ျဖစ္သလို မာေရွာင္ဟြမ္းကလည္း ေပၚျပဴလာျဖစ္တဲ့ မင္းသမီးပဲ။ သူတို႔နယ္ပယ္မွာေတာ့ ႏွစ္ေယာက္လံုးက ကိုယ့္လမ္းေၾကာင္းနဲ႔ကိုယ္ လူသိမ်ားေက်ာ္ၾကားတဲ့ ၾကယ္ပြင့္ေတြပဲ။

ဟိုတေလာက သူတို႔ႏွစ္ေယာက္ရဲ့ တိတ္တခိုးသတင္းေတြ အင္တာနက္ေပၚမွာ ထြက္လာခဲ့ၿပီး သူတို႔ရဲ့ဖန္ေတြက သူတို႔ကို ပိုၿပီးေတာ့ ေပၚျပဴလာျဖစ္ေအာင္ေတာင္ လုပ္ေပးေနၾကတယ္။

ဒုတိယမင္းသမီး က်န္းက်ားဝမ္ကလည္း စၿပီးေပၚျပဴလာျဖစ္ေနတဲ့ တက္သစ္စမင္းသမီးတစ္ေယာက္ျဖစ္တယ္။ သူမရဲ့ထင္ေပၚမႈက ေခါင္းေဆာင္ မင္းသားႏွင့္မင္းသမီးကို မယွဥ္ၿပိဳင္ႏိုင္ေပမယ့္ သူမရဲ့ Weiboက ဖန္ 3မီလီယံေက်ာ္ေတာင္ရိွတယ္။ မၾကာေသးခင္က နာမည္ႀကီး ဒါရိုက္တာရဲ့ မေတာ္တဆ လိမ္မႈကိစၥ အေနွာင့္အယွက္ေပးခံရတယ္လို႔ ဟိုလိုလိုဒီလိုလိုသတင္းေတြ ထြက္ခဲ့တာေၾကာင့္ သူမကလည္း အြန္လိုင္းေပၚမွာ လိႈင္းေတာ္ေတာ္မ်ားမ်ားကို ျပဳလုပ္ႏိုင္ခဲ့တယ္။ အခုလိုအခ်ိန္မွာ သတင္းေထာက္ေတြက သူမကိုလည္း ေမးခြန္းေတြေမးဖို႔ လစ္လက္ေနၾကမွာ မဟုတ္ဘူး။

ဒါေၾကာင့္ ၾကယ္ႏိုင္ငံက ရႈတင္မစခင္မွာေတာင္ အြန္လိုင္းေပၚမွာ လူအမ်ားရဲ့ စိတ္ဝင္တစား ေဆြးေနြးမႈေတြအမ်ားႀကီးကို ရရိွခဲ့တယ္။ အဓိက ကေတာ့ ဖန္ေတြအခ်င္းခ်င္းပြဲျဖစ္ၿပီး တစ္ကြဲတစ္ျပားျဖစ္သြားေအာင္ လုပ္တာပဲ။ ပိုၿပီးေတာ့ ပြဲျဖစ္ေအာင္ ခြဲႏိုင္ေလေလ...ပိုၿပီးေတာ့ နာမည္ႀကီးေလေလပဲ..ဒါကပဲ အႏုပညာအသိုင္းအဝိုင္းရဲ့ ထံုးစံလိုေတာင္ ျဖစ္ေနၿပီ။

သူတို႔နဲ႔ယွဥ္ရင္ နန္ဟြိုင္လင္တစ္ေယာက္တည္းကပဲ Weiboမွာ ေဖာ္လိုဝါတစ္ရာေလာက္ပဲရိွတာ။ အမွန္တိုင္းေျပာရမယ္ဆိုရင္ လ်စ္လ်ူရႈခံရႏိုင္တဲ့ အရိပ္အေယာင္ေတြ ရိွေနတာလဲ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။

သူ အဲ့ဒီအေၾကာင္းကို စဥ္းစားလိုက္မိေတာ့ အစက စိတ္လႈပ္ရွားေနရာကေန ရုတ္တရက္ တည္တည္ၿငိမ္ၿငိမ္ ျပန္ျဖစ္လာခဲ့တယ္။

_____________

13. 7. 22 ( Wed )

TN/ ဒီအပိုင္းႀကီးက အရမ္း Roတာေနာ္ ဟိုအတြဲ...ဟိုအတြဲ..

Part 2က်န္ပါေသးတယ္ေနာ္...
Mizzle စာေမးပြဲရိွလို႔ ၿပီးေအာင္ေရးရင္ ေစာင့္ရတာၾကာေနမွာဆိုးလို႔...တင္ေပးလိုက္တာ

------

ဒီေန့ အျပင္မွာ မိုးေတြရြာေတာ့
စိတ္ေတြကလဲ ဟိုေရာက္ဒီေရာက္ေပါ့...
သိတယ္မလား...ဂေယာင္ေခ်ာက္ခ်ားအေတြးေတြ..ေပါက္ကရေတြေပါ့...

အဲ့အခ်ိန္မွာ ဘဲမရိွတဲ့ ေကာင္မေလးတစ္ေယာက္က အခ်စ္အေၾကာင္းကို စဥ္းစားေနမိေရာတဲ့...ဟီး ဟီး..နဲနဲေတာ့ ရယ္ဖို႔ေကာင္းေနတယ္..

အခ်စ္ကို လူေတြကလည္း ကိုယ့္ခံစားခ်က္နဲ႔ကို အဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ခဲ့ၾကသလို စာေရးဆရာ၊ ကဗ်ာဆရာေတြကလည္း အမ်ိဳးမ်ိဳးသီၾကဴးၿပီး ေရးခဲ့ၾကတာပဲ...

Mizzleအတြက္ေတာ့ အခ်စ္က ရိုးရွင္းပါတယ္... လူတစ္ေယာက္ကို သူ႔ရဲ့ ေကာင္းတဲ့အခ်က္ေတြတင္မကဘူး ဆိုးတဲ့အျခမ္းကိုေရာပါ ကိုယ္က လက္ခံေပးေနႏိုင္ပီဆိုရင္..ေသခ်ာတယ္..သူ႔ကို ခ်စ္ေနၿပီ...
အဲ့လိုပဲ...ကိုယ္ခ်စ္ေနတယ္ ထင္တဲ့လူကို အဆိုးေတြ စျမင္လာၿပီ စိတ္ပ်က္ခ်င္စရာေတြ စလာၿပီဆိုရင္ေတာ့ ေသခ်ာတယ္ သူ႔ကိုခ်စ္ေနတဲ့ ကိုယ့္အခ်စ္ေတြက ေပါ့ေလ်ာ့လာၿပီ...

အႏွစ္ခ်ဳပ္ကေတာ့ သူ႔ကို တကယ္ ခ်စ္..မခ်စ္သိခ်င္ရင္ သူ႔ရဲ့မေကာင္းတဲ့အခ်က္ေတြကို လက္ခံႏိုင္လား ေတြးၾကည့္လိုက္

အျပစ္မျမင္ဘဲ ခ်စ္တဲ့သူတို႔ ဘာတို႔ေပါ့..

ဒါကေတာ့ Mizzleခံယူထားတဲ့ အခ်စ္ေပါ့...
အျမင္မတူတဲ့ သူေတြလည္း ရိွမွာပါ

Youတို႔ေရာ မိုးေအးတဲ့ေန့ေလးမွာ အခ်စ္ကို အဓိပၸါယ္ဖြင့္ဖူးလား?
Mizzle သိခ်င္တယ္..ယူတို႔ရဲ့ အခ်စ္ကေရာ ဘယ္လိုလဲဆိုတာ...commentမွာ ေျပာျပသြားမလား?

Mizzle ...ေစာင့္ေနမယ္ commentေလးေတြကို...

Continue Reading

You'll Also Like

249K 37.6K 64
This is a translation novel. Author permission not yet sought but I have to translate because I like it very much. So I apologize to the original a...
258K 16.7K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
16.1K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...