ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

By xingliang_baobei

55.1K 7.9K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... More

Description
Chp(1)
Chp(2)
Chp(3)
Chp(4)
Chp (5)
Chp (6)
Chp (7)
Chp (8)
Chp (9)
Chp (10)
Chp (11)
Chp (12)
Chp(14)
Chp(15)
Chp(16)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp(13)

2.5K 389 29
By xingliang_baobei

[Unicode]

ဖိန့်ရန်တစ်ယောက် ပြတင်းပေါက်ဘေးမှာ အကြာကြီး မတ်တပ်ရပ်နေခဲ့တယ်။ ပြတင်းပေါက်က ပိတ်သွားပြီ ဒါပေမဲ့ သူ ဆူညံသံကို ကြားနေရတုန်းပဲ။

သူ ရေချိုးခန်းမီးကို ဖွင့်ပြီး မှန်ထဲကို ကြည့်မှပဲ သူ့မျက်နှာနဲ့ နားရွက်နှစ်ဖက်လုံး နီရဲနေတာကို မြင်လိုက်ရတယ်။

သူ မျက်နှာသစ်ကာ ရေချိုးခန်းကို လက်နောက်ပြန် ပိတ်လိုက်တယ်။ ပြီးတဲ့နောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်တယ်။

ဖိန့်ရန် အရင်တုန်းကလည်း ရည်းစားစာတွေ အများကြီး ရဖူးတယ်။ သူ မူလတန်းမှာ ပထမဆုံး ရည်းစားစာကို စရခဲ့တယ်။ အဲ့တုန်းက ငါးတန်း၊ ကောင်မလေးက ပိုနီတေးလေးနဲ့။ သူ(မ)အပြုံးက လန်းဆန်းတဲ့ လီမွန်ရနံ့လိုမျိုးပဲ။ နီရဲရဲ မျက်နှာနဲ့ သူ(မ)က သူ့လက်ကို စာတစ်စောင် ထည့်ပေးလာပြီး အိမ်ရောက်ရင် ဖွင့်ဖတ်ကြည့်ဖို့ ပြောလာတယ်။

ဖိန့်ရန်က နှစ်ခါတောင် ပြန်မတွေးဘဲ သူ(မ)ဆီ ယဉ်ယဉ်ကျေးကျေး ပြန်တွန်းပေးကာ ပြောလိုက်တယ် :: "သွေ့ပုချီ ရှဲ့ရှဲ့"

လော့ချင်ရှန်းလည်း တစ်ခါတုန်းက သူ့ဆီက ဒီလိုတစ်ပုံစံတည်း တောင်းပန်ခံရဖူးတယ်။

ဖိန့်ရန်က ရေတစ်ငုံ သောက်ရင်း သူ ဒီလိုတုန့်ပြန်မိတာ အတော်လေးကို ရှော့ရသွားလို့‌ပဲ ဖြစ်မှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် တွေးနေမိတယ်။

ယန်းကျွင်က သူ့ကို ဘာလို့ကြိုက်ရဝာာလဲ? ဒီအားလပ်ရက် မတိုင်ခင်တုန်းက သူတို့နှစ်ယောက် လမ်းကြုံ‌ မတွေ့ဖြစ်ဘူး။ သူတို့နှစ်ယောက်ကြားမှာ ရင်းနှီးမှုလည်း မရှိသလို အကြာကြီး စကားလက်ဆုံ ကျဖူးတာမျိုးတောင် ရှိမနေဘူး။

ဖိန့်ရန် ဖုန်းဖွင့်လိုက်တယ်။ screenပေါ်မှာ ယန်းကျွင်နဲ့ conversation ရှိနေတယ်။

အမှောင်ထဲမှာ သူ့ဖုန်းက ထပ်တုန်ခါလာပြီး ဖိန့်ရန်တစ်‌ယောက် သူ့လက်ဖဝါးက တစစ်စစ် ဖြစ်လာသလို ခံစားလိုက်ရတယ်။

ယန်းကျွင် :: [ငါက အခြေအနေကို ရှင်းပြရုံသက်သက်ပဲနော်၊ ရည်းစားစကား ပြောနေတာ မဟုတ်ဘူး။ မင်း ချက်ချင်း တုန့်ပြန်စရာ မလိုပါဘူး။]

...ဖိန့်ရန် ရှုပ်ထွေးသွားပြီ။

ဒါကို ရည်းစားစကားပြောတယ်လို့ မဆိုလိုနိုင်ဘူးပေါ့လေ?

အငြင်းစကားက သူ့လည်ချောင်းမှာ တစ်ဆို့တစ်ဆို့ ဖြစ်နေတော့တယ်။

ယန်းကျွင် :: [ဒါပေမဲ့ အခုကစပြီး ငါ မင်းကို bossလို့ ခေါ်တော့မှာ မဟုတ်ဘူးနော်]

မိုးဖွဲသွားတော့ ယန်းကျွင်က ဝရံတာကို မှီထားရင်း လန်းဆန်းတဲ့ လေကို ရှုရှိုက်လိုက်တယ်။ message ပို့ပြီးတာနဲ့ conversation က ခဏပြန်ထွက်ပြီး ပြည့်လျှံကျတော့မတတ် ဖြစ်နေတဲ့ chat box ကို တစ်ချက်စစ်ကြည့်လိုက်တယ်။

စောနတုန်းက အုပ်စုပဲ၊ သူ့ကို လိုင်းပေါ် ပြန်တက်ပြီး ဆက်killဖို့ ဆူညံပူညံ တောင်းဆိုနေကြတယ်။

ယန်းကျွင်တစ်ယောက် replyပြန်ဖို့တောင် မမှီလိုက်ဘူး၊ တစ်ဖက်အဖွဲ့က voice callကို သူ့ဆီ စိတ်အားထက်သန်စွာ တောင်းဆိုလာတော့တယ်။ ယန်းကျွင်က ပထမတစ်ကြိမ် ချလိုက်တယ်၊ ဒါပေမဲ့ သူတို့က ထပ်ခေါ်ပြန်တော့ မျက်မှောင်ကြုပ်ကာ ကိုင်လိုက်တယ်။

"ကော မင်း ဘာလုပ်နေတာလဲ? ငါ ခေါ်တာကို ဘာကိစ္စ ချပစ်ရတာလဲ?" လင်ရွှီးဟွမ့် မေးတော့တယ်။

"ငါ အလုပ်များနေလို့"

"ဒီလောက်ညနက်နေပြီကို ဘာတွေလုပ်နေရလို့ အလုပ်ရှုပ်နေရတာလဲ?"

"Messageတစ်စောင် စောင့်နေဝာာ"

လင်ရွှီးဟွမ့် အံ့အားသင့်သွားတယ် :: "ဟမ်?"

ယန်းကျွင်က ရှင်းပြချင်စိတ် ရှိမနေပါ :: "မင်း ဘာလိုချင်လို့လဲ?"

"အွန်လိုင်းပေါ် တက်ခဲ့ပြီး ဆက်ကစားရအောင်လေဗျာ! လောင်ဟယ့်နဲ့ ဟိုကောင်တွေအားလုံး အဆင်သင့် ဖြစ်နေကြပြီ။ သူတို့ ကောကို စောင့်နေကြတာ"

အနောက်ကနေ ယန်းကျွင်နာမည်ကို မကျေမနပ် ဖြစ်စွာ တဖျစ်တောက်တောက် ‌လှမ်းခေါ်နေတဲ့ ရှတတ အသံတစ်သံကို သူ ကြားနေရတယ်။

ယန်းကျွင် :: "ငါက ကျောင်းသား။ မနက်ဖြန် အတန်းရှိတယ်။"

"လောင်ဟယ့်က မင်းကို အတန်းလစ်လိုက်ပါလားတဲ့၊ ပြီးရင် ရုံးကို လာပြီး နှစ်ရက်လောက် လာပျော်ပါးပါလားတဲ့?"

"မလစ်ဘူး။ ဖုန်းချပြီ။"

လင်ရွှီးဟွမ့် :: "နေပါအုံးဟ ထပ်ပြောကြမယ်လေကွာ။ ငါ့channelထဲက လူတိုင်းက မင်းအသံကို ကြားချင်လို့ စောင့်ကြည့်နေကြတာ။ အဲ့လောက် အလောတကြီး ဖုန်းမချနဲ့လေ"

"ငါ အရမ်းလောနေတာ" ယန်းကျွင် ပြန်ဖြေလိုက်တယ်။

"ဘာတွေလောနေတာလဲ?"

လက်ထဲမှာ ဖုန်းကို ကိုင်ထားရင်း ယန်းကျွင်အသံက လေနဲ့အတူ ယှက်နွှယ်သွားတယ် :: "မင်းအတွက် မရီးတစ်ယောက် ရှာပေးဖို့ လောနေတာလေ" 

တစ်ဖက်မှ စက္ကန့်အနည်းငယ်လောက် တိတ်ကျသွားတယ်။

"?" လင်ရွှီးဟွမ့် မေးလိုက်တယ် :: "ငါ-ိုး! နောက်နေတာလား?! မင်း မိန်းမတွေကို ကြိုက်တယ်ပေါ့?"

ယန်းကျွင်က ခြောက်ကပ်ကပ် ပြန်ဖြေလိုက်တယ် :: "ငါ ယောက်ျားတွေကို ကြိုက်တာ"

"ဟားဟားဟား" နောက်နေတာလို့ မှတ်ယူလိုက်တဲ့ လင်ရွှီးဟွမ့်တစ်ယောက် တဟားဟား အော်ရယ်ရင်း "ငါ နောက်တာပါ နောက်တာပါကွာ။ ငါ့ကို စိတ်မ‌ဆိုးစမ်းပါနဲ့ ။ မင်းက တစ်ကိုယ်တော် လူပျိုကြီး လုပ်တော့မယ်လို့ ငါ ထင်ထားလို့လေ... ဘယ်လိုအမျိုးသမီးကများ မင်းရဲ့သန့်စင်မွန်မြတ်တဲ့ သမာဓိကြီး သတိပြုမိရလောက်တဲ့ထိ ထူးထူးခြားခြား အံ့ဩဖို့ ကောင်းနေတာပါလိမ့်?"

"သူက တော်တော်လေး အံ့ဩစရာကောင်းတယ်။" ယန်းကျွင် ထိုသို့ဖြေပြီးနောက် ပြန်မေးလိုက်တယ် :: "မင်း အခြားဘာပြောချင်သေးလဲ?"

¶တရုတ်မှာက စကား‌ပြောရင် သူလည်း (tā) သူ(မ)လည်း (tā)ပဲ။ ‌စာရေးတော့မှ ကွဲသွားတာ။ ဒါကြောင့်မို့ လင်ရွှီးဟွမ့်က ယန်းကျွင် 'သူ' လို့ ရည်ညွှန်းပြောတာကို မသိတာပါ။¶

လင်ရွှီးဟွမ့် နောက်ဆုံးတော့ အထာပေါက်သွားပြီလေ :: "မင်းက ငါ့မရီးဖုန်းခေါ်မှာကို ‌ထိုင်စောင့်နေတာပေါ့လေ?"

"ငါတို့ တူတူမရှိသေးဘူး။ သူ့ကို အဲ့လိုမျိုး မခေါ်နဲ့" ယန်းကျွင်က ‌လမင်းကို မော့ကြည့်ရင်း "သူ ပို့လာမယ့် ငါ့messageပြန်စာကို စောင့်နေတာ"

ဝမ်းနည်း‌ဖို့ကောင်းစွာနဲ့ပဲ လင်ရွှီးဟွမ့် အခြားသတင်းတွေ ဆက်နှိုက်မထုတ်နိုင်ခင်မှာဘဲ ယန်းကျွင် ဖုန်းချပစ်လိုက်တယ်။

သူ ဒီညတော့ ပြန်စာ မရနိုင်လောက်တော့ဘူးလို့ ထင်လိုက်တယ်။ သူ ဝရံတာပြတင်းပေါက်ကို ပိတ်ပြီး ဖုန်းကို ခေါင်းအုံးဘေး လှမ်းပစ်ကာ အိပ်ဖို့ ပြင်တော့တယ်။

သူ ဘယ်လောက်ထိကြာအောင် မျက်နှာကျက်ကို စိုက်ကြည့်ပြီးပြီလဲ မသိ ဖုန်းက ရုတ်တရက် လင်းလာတယ်။

ဖိန့်ရန် :: [ကောင်းပြီ]

ပြန်စာလေးရဖို့ မိနစ်လေးဆယ် စောင့်လိုက်ရတယ်။

ယန်းကျွင်နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။ အိပ်ချင်နေတာကို တွန်းကန်ရင်း သူ ကီးဘုတ်ဖွင့်ကာ စာလုံးအနည်းငယ်ကို စိတ်လွတ်လက်လွတ် ရိုက်ပြီး ပို့လိုက်တယ်။

ယန်းကျွင် :: [အိပ်တော့မယ် ဖိန့်ရန်]

_____

နောက်တစ်နေ့ ဖိန့်ရန်က အိမ်ကဒရိုင်ဘာဦးလေးရဲ့ လိုက်ပို့ပေးမယ်ဆိုတဲ့ စကားကို ငြင်းပြီး ဘတ်စ်ကားနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ကျောင်းပြန်လာလိုက်တော့တယ်။

ဖိန့်ရန် အဆောင်ခန်းကို ရောက်တော့ သူ့အခန်းဖော်က ဂိမ်းတစ်ပွဲ ကစားပြီးရုံရှိသေး။ အခန်းဖော်က နားကြပ်ကို ဖြုတ်ပြီး ဖိန့်ရန်ကို မေးလိုက်တယ် :: "မင်း အတန်းchatကို မကြည့်ရသေးဘူးမလား?"

ဖိန့်ရန်က သူ့luggageထဲ ခေါင်းစိုက်ထားရင်း "ဟင့်အင်း ဘာလို့လဲ?"

"ကျောင်းအိုလံပစ်အကြောင်းလေ။ ငါတို့အတန်းထဲမှာ ကျောင်းသားများများစားစား မရှိတော့ အမှုဆောင်ဒါရိုက်တာက ငါတို့အားလုံးကို စာရင်းသွင်းစေချင်တယ်။ သူတို့ အခုစပြီး စာရင်းကောက်နေကြပြီ။" သူ့အခန်းဖော်က ဆက်မေးတယ် :: "မင်း ဘယ်တစ်ခုကို စာရင်းသွင်းချင်လဲ? မင်း မီတာတစ်ရာကို စာရင်းသွင်းသင့်တယ်လို့ ငါ ထင်တယ်။ မြန်မြန်ပြေးနိုင်ဖို့ မလိုပါဘူး။ ပန်းဝင်တဲ့ထိ ပြေးနိုင်ရင် ရပြီ။"

ဖိန့်ရန်က တစ်ခဏလောက် စဉ်းစားကြည့်ပြီး "ငါ မီတာသုံးထောင်ကို စာရင်းပေးမယ်"

အခန်းဖော်က 'ဪ' လို့ ရေရွတ်ပြီး သူ့ကောင်မလေးရဲ့ message ကို တည်တည်ငြိမ်ငြိမ် စာပြန်လိုက်တယ်။ စက္ကန့်တော်တော်ကြာမှ သူ မယုံကြည်နိုင်စွာ နောက်ပြန်လှည့်လာပြီး "ဟမ်?"

သူ့အခန်းဖော် ဒီလိုအလွန်အကျူး တုန့်ပြန်တာကို အပြစ်ပြောလို့လည်း မရပါဘူးလေ။ ဖိန့်ရန်က အတော်လေး အရပ်ရှည်ပေမဲ့ ပိန်ပိန်သွယ်သွယ်လေး။ တစ်ခါတုန်းကဆို သူ့အခန်းဖော်က ဖိန့်ရန်တစ်ယောက် သူတို့အတန်းထဲက မိန်းကလေးတွေထက် ပိန်သွယ်တယ်လို့တောင် သံသယဝင်သွားမိတယ်။

ဒါပေမဲ့ ဖိန့်ရန်က သူ့ရှေ့မှာ ဘယ်တုန်းကမှ အင်္ကျီမချွတ်ဖူးဘူး။ ဖိန့်ရန် ရေချိုးရင်တောင် အဝတ်အစားတွေကို ရေချိုးခန်းထဲ ယူသွားပြီး အထဲမှာပဲ လဲဝတ်တာ။ ဒါကြောင့်မို့ သူ့အခန်းဖော်မှာ မပီမပြင် ခန္ဓာကိုယ်ပုံရိပ်ကိုပဲ မြင်ဖူးတယ်။

ဖိန့်ရန်က သူအခန်းဖော်ရဲ့ မယုံကြည်နိုင်ဖြစ်နေတဲ့ အကြည့်အောက်မှာပဲ စာရင်းသွင်းလိုက်တယ်။ သူ မော့ကြည့်လိုက်တော့ သူ့အခန်းဖော်ရဲ့ အကြည့်ကို မြင်ပြီး ရယ်ပြလိုက်တယ် :: "ငါ တကယ်ပြီးအောင် ပြေးနိုင်တယ်။ စိတ်မပူနဲ့"

သူ့luggageကို သိမ်းဆည်းလို့ပြီးချိန်မှာပဲ လင်းခန်းဆီကနေ သူနဲ့အတူ နေ့လည်စာ စားချင်လားလို့ မေးထားတဲ့ message ရောက်လာတယ်။

လင်းခန်းကို ဝယ်ကျွေးမယ်ဆိုတဲ့ သူ့ကတိကို အမှတ်ရတော့ ဖိန့်ရန် ချက်ချင်း သဘောတူလိုက်တယ်။ သူတို့တွေ ကျောင်းနားက အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းဆိုလိုက်တယ်။

"မင်း ငါနဲ့ ကျောင်းကို တူတူပြန်ချင်လားလို့ မေးမလို့။ ဒါပေမဲ့ မေးတာ တအားနောက်ကျသွားတယ်လေ" လင်းခန်းက သံပုရာရည်တစ်ငုံ သောက်ပြီး အသံတိုးတိုးလေး လှမ်းမေးလိုက်တယ် :: "ဒီနေရာက တအားဈေးကြီးမနေဘူးလား? ဟော့ပေါ့အစပ်ပဲ သွားစားရ‌အောင်လေ။ ငါ ချေးမများတတ်ပါဘူး။"

ဖိန့်ရန် :: "အဲ့အတွက်တော့ စိတ်မပူနဲ့ ငါ့မှာ အသင်းဝင်ကတ် ရှိတယ်လေ။ ငါတို့တွေ discount ရမှာ။"

Maybach ကား စီးနိုင်တဲ့ သူတွေလည်း discount ကတ်ကို သုံးကြတာပါပဲ။

သိပ်ကို ဆီလျော်ပါပေတယ်။ သူနဲ့ဖိန့်ရန်ကြားက ကွာဟမှုက တစ်ဖန်နီးကပ်သွားသလို လင်းခန်း ခံစားလိုက်ရတယ်။

သူတို့ စကားပြောနေရင်း လင်းခန်း‌ဆီ ရုတ်တရက် လော့ချင်ရှန်းဖုန်း ဝင်လာခဲ့တယ်။ သူ ဖိန့်ရန်ကို ကိုးရိုးကားရား လှမ်းကြည့်မိတော့ ဖိန့်ရန်က menuကိုပဲ ငုံ့ကြည့်နေပြီး မသက်မသာ ဖြစ်နေတာမျိုး လုံးဝ ရှိမနေပေ။

ဖုန်းချပြီးနောက် လင်းခန်းက ခပ်ဖွဖွ ချောင်းဆိုးရင်း "သူက ငါ ဘတ်စ‌ကတ်ဘော ဘယ်နားထားထားတာလဲလို့ မေးနေဝာာ"

ဖိန့်ရန်က ခေါင်းညိတ်ပြပြီး ‌menu ကြည့်နေရာကနေ မော့ကြည့်လာတယ် :: "အစုံပါတာမျိုးပဲ မှာလိုက်ကြမလား?"

လင်ရွှီးဟွမ့်လည်း အလျင်အမြန် သဘောတူလိုက်တယ်။

တစ်ခဏလောက် ထိုင်နေရင်း လင်းခန်းက ဆက်လက်မချုပ်တည်းနိုင်တော့ဟန်ဖြင့် "အာ ဖိန့်ရန် ငါ အတင်းပြော‌ချင်လို့တော့ မဟုတ်ပါဘူး။ ဒီတိုင်းလေး သိချင်ရုံသက်သက်... မင်းနဲ့လော့ချင်ရှန်း ၊ မင်းတို့နှစ်ယောက် အချင်းချင်း မလိုက်ဖက်တော့လို့ဆိုပြီး တကယ်လမ်းခွဲလိုက်ကြတာလား?"

ဖိန့်ရန်က ပြန်မေးလိုက်တယ် :: "မင်း ဘယ်လိုထင်လဲ?"

"ငါ လျှောက်မခန့်မှန်းတတ်တော့ဘူး" ထိုသို့ပြောပေမဲ့လည်း လင်းခန်းက ဆက်မေးလာတယ် "စူးနျန်ကြောင့်တော့ မဟုတ်ဘူးမလား?"

ဖိန့်ရန် menuစာရွက်ကို လှန်နေရင်းတန်းလန်းမှာ ရပ်သွားပေမဲ့ ပြန်မဖြေပေ။

လင်းခန်းက အဖြောင့်အတိုင်းပဲ တွေးတတ်တဲ့ လူရိုး၊ သူ့ကောင်မလေး သူ့ကို စိတ်ဆိုးနေရင်လည်း ချက်ချင်း တန်းမသိဘဲ နာရီတော်တော်ကြာမှ သိတာမျိုး၊ သူ့သူငယ်ချင်းသာ မနေ့ညက ဒီအကြောင်းကို ပြောမလာရင် ဒီလိုမျိုး လုံးဝတွေးမိမှာ မဟုတ်ဘူး။

ပြီးတော့ ကိစ္စက၊ သူ နောက်မှ စဉ်းစားကြည့်မိတယ်။ အဲ့နှစ်ယောက်က....တကယ် သောက်ရမ်းထူးဆန်းနေတာပဲ။

"ဒါဆို အမှန်ကြီးပေါ့? အာ သေစမ်းကွာ အဲ့တာကြောင့်မို့ စူးနျန် အရင်ရက်တွေက မင်း မကောင်းကြောင်းတွေချည်း သွယ်ဝိုက်ပြောနေတာကိုး...."

လင်းခန်း မေးလိုက်တယ် :: "မင်း အကူအညီ လိုလား? ငါ့ကို အသိပေးနော်။ ငါ အဲ့လိုလုပ်တာမျိုးကို အမုန်းဆုံးပဲ!"

"မလိုတော့ဘူး။ ငါတို့ လမ်းခွဲလိုက်ပြီ။" ဖိန့်ရန်က ဒီအကြောင်းကို ဆက်ပြောချင်စိတ် တကယ် ရှိမနေပေ။

လင်းခန်းက အရိပ်အကဲ နားမလည်ပေ :: "ငါ့ကို အချိန်မရွေး ‌ရင်ဖွင့်လို့ရတယ်နော်။ ငါ လော့ချင်ရှန်းနဲ့ ခင်တာ ကြာ‌နေရင်တောင် မှန်တဲ့ဘက်ကပဲ ငါ လိုက်မှာ။ ငါ မင်းအတွက် သူ့ဆီ သွားဆဲပေးရမလား?"

သူတို့ ဒီအတိုင်း ဆက်သွားနေရင် အဆုံးသတ်မယ့် လမ်းမမြင်တော့ဘူး။ ဖိန့်ရန် ခဏလောက် တွေးပြီး အသေအချာ ပြန်ဖြေလိုက်တယ် :: "ငါ တကယ်အဆင်ပြေတယ်။ ဒါနဲ့ ငါ မင်းကို ပြောချင်တာ တစ်ခုရှိလို့"

လင်းခန်း :: "ဘာလဲ?"

"ယန်းကျွင်ကလည်း မန်ချန်ကျောင်းခွဲမှာ တက်ခဲ့တာလား?"

"ဟုတ်တယ်လေ...ဟမ်?" လင်းခန်း ရှုပ်ထွေးသွားပြီ။

ဖိန့်ရန် :: "အဲ့တုန်းက ငါ သူ့ကို မြင်ဖူးတယ်လို့ မထင်ဘူးရော"

"တကယ်ကြီး?"  လင်းခန်းတစ်ယောက် ချက်ချင်း လမ်းလွဲသွားပြီ :: "သူက အထက်တန်းတုန်းက အတော်လေး နာမည်ကြီးတာလေကွာ။ ငါတို့ အတန်းတူတူ တက်ခဲ့တာ။ ဒါပေမဲ့ ငါတို့အတန်းက မြေညီထပ်မှာ၊ မင်းတို့အတန်းနဲ့ အထပ်နည်းနည်း ဝေးတယ်။ ယန်းကျွင်က အင်တာနက်ဆိုင်PUBGပွဲစဉ်ကိုတောင် အနိုင်ရခဲ့တာလေ။ မင်း ဒီအကြောင်းကိုလည်း မကြားဖူးတာလား?"

အဲ့တုန်းက PUBGက တအားနာမည်ကြီးတယ်။ ဂိမ်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်က ဖိန့်ရန် တစ်မြို့လုံးမှာ အမြင့်ဆုံးအမှတ် ရတာထက် လူထုအာရုံစိုက်ခံရမှု ပိုများခဲ့တယ်။

ဖိန့်ရန် ရေခွက်ကို အလိုအလျောက် လှမ်းညှစ်ထားမိပြီး ခေါင်းခါပြလိုက်တယ်။

"ဒါဆို မင်း အဲ့တုန်းက တကယ်....စာကိုပဲ အာရုံစိုက်နေခဲ့ပုံပဲ။" လင်းခန်း ဆက်ပြောတယ် :: "ပြီးတော့ ငါတို့ကျောင်းလေးမှာတင် ကျော်ကြားခဲ့တာ မဟုတ်ဘူး။ တစ်ယောက်ယောက်က သူ ဆုရတဲ့ပုံကို အွန်လိုင်း‌ပေါ် တင်ခဲ့တယ်လေ။ လျှပ်တပြက် ရိုက်ထားတဲ့ ပုံဆိုပေမဲ့ အဲ့တုန်းက shareတဲ့သူ နှစ်သောင်းကျော်တယ်ကွ။ မယုံနိုင်စရာပဲ။"

ဖိန့်ရန် အခု မှတ်မိသွားပြီ။

သူ ယန်းကျွင်ကို မှတ်မိတာ မဟုတ်ဘူး၊ Weibo postကို အမှတ်ရသွားတာ။

သူ ဖုန်းသုံးနေရင်း 'မန်ချန်' ဆိုတဲ့ စကားလုံးက သူ့အာရုံကို ဖမ်းစားသွားတယ်။ သူ ပုံကိုတောင် ဝင်ကြည့်လိုက်ပေမဲ့ သေချာမကြည့်ရ‌သေးခင်မှာပဲ လော့ချင်ရှန်းက ဖုန်းscreenကို လှမ်းကာပြီး ရယ်ကျဲကျဲဖြင့် ဖိန့်ရန်ကို အခြားကောင်လေးတွေရဲ့ ပုံကို ကြည့်ခွင့်မပြုနိုင်ဘူးလို့ ပြောခဲ့တယ်။

ဖိန့်ရန် မရေမရာ ပြန်ဖြေလိုက်တယ် :: "ငါ...အခု ဝါးတားတား မှတ်မိလာသလိုပဲ။"

"မင်း ငါ့အကြောင်းကို ဘာမှတ်မိသွားတာလဲ?" ရင်းနှီးတဲ့အသံတစ်သံက ‌အနောက်မှ ထွက်လာတယ်။

သူတို့နှစ်ယောက်သား လန့်ဖျပ်သွားတယ် အထူးသဖြင့် ဖိန့်ရန်ပဲ။ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့မျက်နှာထက်မှာ လက်ပူးလက်ကြပ် အမိခံလိုက်ရလို့ အံ့အားသင့်တုန်လှုပ်ခြင်းနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ခြင်းများ ပြည့်နှက်နေတယ်။

သူ တောင့်‌တင်းစွာဖြင့် နောက်လှည့်ကြည့်လိုက်တော့ အပင်တုတွေကို ကျော်ပြီး ယန်းကျွင်ရဲ့အကြည့်နဲ့ တည့်တည့်ဆုံသွားတယ်။

ဖိန့်ရန် ရှားရှားပါးပါး ဖြစ်ဖူးတဲ့ မျက်နှာအမူအရာမျိုးပဲ။ ယန်းကျွင် နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးမှ လင်းခန်းဘက် လှည့်ကြည့်လိုက်တယ်။ သူ ရှင်းပြလိုက်တယ် :: "ခိုးနားထောင်ဖို့ မရည်ရွယ်ပါဘူး။ ငါ ဒီမှာ ထိုင်နေတာ ကြာပြီ။"

စားသောက်ဆိုင်ထဲမှာ စားပွဲတစ်လုံးနဲ့တစ်လုံးကြား အကာတွေ ရှိတယ်။ မင်း သူတို့ကို ကြည့်မနေရင် သတိပြုမိဖို့ ခဲယဉ်းတယ်။ လင်းခန်းက အံ့အားသင့်နေရာကနေ ပြန်အဆင်ပြေလာပြီး "ငါ တကယ် မင်းကို မမြင်ဘူး။ မင်းတစ်ယောက်တည်း ရောက်နေတာလား?"

"တူတူစားမယ့်သူ ရောက်မလာလို့" ယန်းကျွင်က စားသောက်‌ဆိုင် အပြင်ဘက်က လူတန်းကို လှမ်းကြည့်ပြီး မေးလိုက်တယ် :: "ငါတို့တွေ တစ်ခုံတည်း တူတူထိုင်ကြရင်ရော? အပြင်မှာ ခုံစောင့်နေတဲ့လူတွေ အများကြီးပဲ။"

ယန်းကျွင် ထိုင်ချလိုက်တာနဲ့ ဖိန့်ရန်တစ်ယောက် လေးယောက်ထိုင်စားပွဲက တအားကျဉ်းသွားသလို ရုတ်တရက် ခံစားလိုက်ရတယ်။

သူ လူတွေရဲ့ နောက်ကွယ်မှာ တစ်ခါမှ အတင်းမပြောဖူးဘူး။ ဘယ်သူက ထင်ထားမိမှာလဲ... ပထမဆုံး အတွေ့အကြုံမှာပဲ လူမိသွားမယ်လို့။

ဖိန့်ရန်က သူ့ဖုန်းကို ဆုပ်ကိုင်ထားရင်း မျက်လွှာချထားပြီး ဘာတစ်ခွန်းမှ ဝင်မပြောပေ။ သူ အခု သူ့တည်ရှိမှုကို အသေးဆုံး ဖြစ်စေဖို့ အကောင်းဆုံး ကြိုးစားနေတယ်။

"မင်းတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ?" ယန်းကျွင် လေးတွဲတွဲ မေးလိုက်တာကို သူ ကြားလိုက်ရတယ်။

လင်းခန်း :: "မင်း အထက်တန်းတုန်းက ဂိမ်းပြိုင်ပွဲမှာ ဆုရသွားတဲ့ အကြောင်းလေ။ ဖိန့်ရန်က မင်းတို့ တစ်ကျောင်းတည်း တူတူတက်ခဲ့မှန်းတောင် မသိဘူးတဲ့"

ယန်းကျွင်က နှိမ့်ချဖို့ မကြိုးစားပေ :: "သူက စာတအားတော်တဲ့ ကျောင်းသားလေ။ သူ ဂိမ်းဘက် အာရုံစိုက်ဖို့ အချိန်မရှိတာ ဖြစ်သင့်ပါတယ်။"

လင်းခန်းက သူ့ဖုန်းကို ငုံ့ကြည့်ပြီး မကျေမနပ် ညည်းညူလိုက်တယ် :: "ဒီအတန်းchatကလည်း ရပ်ကိုမရပ်နိုင်တော့ဘူး။ ကျောင်းအိုလံပစ်ပွဲလေးပဲကို ၊ ပြိုင်မယ့်ဟာကို စာရင်းသွင်းပြီးရင် ပြီးပြီကိုများ။ မင်းတို့တွေရော ဘယ်တစ်ခုကို စာရင်းသွင်းလိုက်လဲ?"

ယန်းကျွင် :: "ခုထိ မသွင်းရသေးဘူး။"

နှစ်ယောက်လုံးရဲ့ အကြည့်တွေက သူ့ဆီ ရောက်လာတော့ ဖိန့်ရန် ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ဖြေလိုက်တယ် :: "မီတာသုံး‌ထောင်ကို စာရင်းပေးလိုက်တယ်။"

"ဝိုးးး ငါလည်း အခု ရှင်းရှင်းလင်းလင်း သိသွားပြီ" လင်းခန်းက ပြောရင်းနဲ့မှ သူ့ဖုန်းကို ကိုင်ကာ မတ်တပ်ထရပ်လိုက်တယ် :: "ငါ သန့်စင်ခန်းထဲ ခဏသွားပြီး အမှုဆောင်ဒါရိုက်တာကို ဖုန်းခေါ်လိုက်အုံးမယ်ကွာ။"

လင်းခန်း ထွက်သွားတာနဲ့ စားပွဲမှာ တိတ်ဆိတ်ခြင်းများ ကြီးစိုးသွားတော့တယ်။

ဖိန့်ရန်တစ်ယောက် မသိလိုက်မသိဘာသာနဲ့ပဲ နှုတ်ခမ်းတင်းတင်း စေ့ထားရင်း ထွက်ပြေးဖို့ အကြောင်းပြချက်ကို ကြိုးစားပမ်းစား စဉ်းစားနေလေရဲ့။

သူ ဒီကိုးရိုးကားရားနိုင်မှုကို မဖြေရှင်းနိုင်မှတော့ ထွက်ပြေးလိုက်တာ အကောင်းဆုံးပဲ။

နောက်ဆုံးတော့ သူ အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားပြီ၊ ဒါပေမဲ့ ယန်းကျွင်က ရုတ်တရက်ကြီး စကားစလာတယ် :: "စောနက မင်း ငါ့အကြောင်း ဘာမှတ်မိလိုက်တာလဲ ဖိန့်ရန်?"

ဖိန့်ရန်က အတန်းထဲကနေ လစ်ထွက်ဖို့ ကြံနေပေမဲ့ ဆရာ မိသွားတဲ့ ကျောင်းသားတစ်ယောက်လို ခံစားနေရတယ်။ သူ့ကံကြမ္မာကို လက်ခံပြီး ပြန်ဖြေလိုက်တယ် :: "...လင်းခန်း ပြောနေတဲ့ Weibo postကို မှတ်မိသွားတာ"

ယန်းကျွင် ထိုပို့စ်ကို ပုံပြန်ဖော်ဖို့ တစ်ခဏကြာသွားတယ်။ snapက အတော်လေး ဝါးတားတား ဖြစ်နေပေမဲ့ အနည်းဆုံးတော့ ရုပ်ဆိုးမနေဘူး။

"သူတို့က အပိုတွေ လျှောက်ပြောနေတာ။ ငါက သူတို့ပြောသလောက် မတော်ပါဘူး။"

ဖိန့်ရန် :: "အင်း"

ဒီစားသောက်ဆိုင်က စားပွဲတွေက မကြီးတော့ သူ ခေါင်းငုံ့လိုက်တာနဲ့ ခပ်လျော့လျော့ ကားထားတဲ့ ယန်းကျွင်ခြေထောက်နှစ်ဖက်ကို မြင်နေရတယ်။ သူ အခုဝတ်ထားတဲ့ sneakerက ဘရန်းအကြီးစားက ဒီရာသီထုတ် limited editionပဲ။

ဒါဆို ယန်းကျွင် ငွေလိုလို့ ဂိမ်းကစားဖော်အဖြစ် အလုပ်လုပ်တယ်လို့ ပြောတုန်းက ဖိန့်ရန် ဘယ်လိုတွေ တွေးပြီး တကယ်ကြီး ယုံစားလိုက်ရတာလဲ?

သူ အတွေးနယ်ချဲ့နေတုန်း ယန်းကျွင်ဖိနပ်က ရုတ်တရက် သူ့ဖိနပ်နား ကပ်လာပြီး ဖွဖွလေး လာထိတာကို မြင်လိုက်ရတယ်။

ယန်းကျွင်က ငုံ့ကြည့်ပြီး ဖိနပ်နှစ်ရံကို အချိန်တစ်ခုကြာ နှိုင်းယှဉ်ကြည့်နေပြီးမှ ကောက်ချက်ချလာတယ် :: "မင်းခြေဖဝါးက သေးတယ်။"

________

[Zawgyi]

ဖိန႔္ရန္တစ္ေယာက္ ျပတင္းေပါက္ေဘးမွာ အၾကာႀကီး မတ္တပ္ရပ္ေနခဲ့တယ္။ ျပတင္းေပါက္က ပိတ္သြားၿပီ ဒါေပမဲ့ သူ ဆူညံသံကို ၾကားေနရတုန္းပဲ။

သူ ေရခ်ိဳးခန္းမီးကို ဖြင့္ၿပီး မွန္ထဲကို ၾကၫ့္မွပဲ သူ႔မ်က္ႏွာနဲ႔ နားရြက္ႏွစ္ဖက္လံုး နီရဲေနတာကို ျမင္လိုက္ရတယ္။

သူ မ်က္ႏွာသစ္ကာ ေရခ်ိဳးခန္းကို လက္ေနာက္ျပန္ ပိတ္လိုက္တယ္။ ၿပီးတဲ့ေနာက္ သူ႔ဖုန္းကို ေကာက္ကိုင္လိုက္တယ္။

ဖိန႔္ရန္ အရင္တုန္းကလည္း ရည္းစားစာေတြ အမ်ားႀကီး ရဖူးတယ္။ သူ မူလတန္းမွာ ပထမဆံုး ရည္းစားစာကို စရခဲ့တယ္။ အဲ့တုန္းက ငါးတန္း၊ ေကာင္မေလးက ပိုနီေတးေလးနဲ႔။ သူ(မ)အၿပံဳးက လန္းဆန္းတဲ့ လီမြန္ရနံ႔လိုမ်ိဳးပဲ။ နီရဲရဲ မ်က္ႏွာနဲ႔ သူ(မ)က သူ႔လက္ကို စာတစ္ေစာင္ ထၫ့္ေပးလာၿပီး အိမ္ေရာက္ရင္ ဖြင့္ဖတ္ၾကၫ့္ဖို႔ ေျပာလာတယ္။

ဖိန႔္ရန္က ႏွစ္ခါေတာင္ ျပန္မေတြးဘဲ သူ(မ)ဆီ ယဉ္ယဉ္ေက်းေက်း ျပန္တြန္းေပးကာ ေျပာလိုက္တယ္ :: "ေသြ့ပုခ်ီ ရွဲ႔ရွဲ႔"

ေလာ့ခ်င္ရွန္းလည္း တစ္ခါတုန္းက သူ႔ဆီက ဒီလိုတစ္ပံုစံတည္း ေတာင္းပန္ခံရဖူးတယ္။

ဖိန႔္ရန္က ေရတစ္ငံု ေသာက္ရင္း သူ ဒီလိုတုန႔္ျပန္မိတာ အေတာ္ေလးကို ေရွာ့ရသြားလို႔‌ပဲ ျဖစ္မွာပါဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ေတြးေနမိတယ္။

ယန္းကြၽင္က သူ႔ကို ဘာလို႔ႀကိဳက္ရဝာလဲ? ဒီအားလပ္ရက္ မတိုင္ခင္တုန္းက သူတို႔ႏွစ္ေယာက္ လမ္းႀကံဳ‌ မေတြ့ျဖစ္ဘူး။ သူတို႔ႏွစ္ေယာက္ၾကားမွာ ရင္းႏွီးမႈလည္း မရိွသလို အၾကာႀကီး စကားလက္ဆံု က်ဖူးတာမ်ိဳးေတာင္ ရိွမေနဘူး။

ဖိန႔္ရန္ ဖုန္းဖြင့္လိုက္တယ္။ screenေပၚမွာ ယန္းကြၽင္နဲ႔ conversation ရိွေနတယ္။

အေမွာင္ထဲမွာ သူ႔ဖုန္းက ထပ္တုန္ခါလာၿပီး ဖိန႔္ရန္တစ္‌ေယာက္ သူ႔လက္ဖဝါးက တစစ္စစ္ ျဖစ္လာသလို ခံစားလိုက္ရတယ္။

ယန္းကြၽင္ :: [ငါက အေျခအေနကို ရွင္းျပရံုသက္သက္ပဲေနာ္၊ ရည္းစားစကား ေျပာေနတာ မဟုတ္ဘူး။ မင္း ခ်က္ခ်င္း တုန႔္ျပန္စရာ မလိုပါဘူး။]

...ဖိန႔္ရန္ ရႈပ္ေထြးသြားၿပီ။

ဒါကို ရည္းစားစကားေျပာတယ္လို႔ မဆိုလိုႏိုင္ဘူးေပါ့ေလ?

အျငင္းစကားက သူ႔လည္ေခ်ာင္းမွာ တစ္ဆို႔တစ္ဆို႔ ျဖစ္ေနေတာ့တယ္။

ယန္းကြၽင္ :: [ဒါေပမဲ့ အခုကစၿပီး ငါ မင္းကို bossလို႔ ေခၚေတာ့မွာ မဟုတ္ဘူးေနာ္]

မိုးဖြဲသြားေတာ့ ယန္းကြၽင္က ဝရံတာကို မွီထားရင္း လန္းဆန္းတဲ့ ေလကို ရႈရိႈက္လိုက္တယ္။ message ပို႔ၿပီးတာနဲ႔ conversation က ခဏျပန္ထြက္ၿပီး ျပၫ့္လ်ွံက်ေတာ့မတတ္ ျဖစ္ေနတဲ့ chat box ကို တစ္ခ်က္စစ္ၾကၫ့္လိုက္တယ္။

ေစာနတုန္းက အုပ္စုပဲ၊ သူ႔ကို လိုင္းေပၚ ျပန္တက္ၿပီး ဆက္killဖို႔ ဆူညံပူညံ ေတာင္းဆိုေနၾကတယ္။

ယန္းကြၽင္တစ္ေယာက္ replyျပန္ဖို႔ေတာင္ မမွီလိုက္ဘူး၊ တစ္ဖက္အဖြဲ႔က voice callကို သူ႔ဆီ စိတ္အားထက္သန္စြာ ေတာင္းဆိုလာေတာ့တယ္။ ယန္းကြၽင္က ပထမတစ္ႀကိမ္ ခ်လိုက္တယ္၊ ဒါေပမဲ့ သူတို႔က ထပ္ေခၚျပန္ေတာ့ မ်က္ေမွာင္ၾကဳပ္ကာ ကိုင္လိုက္တယ္။

"ေကာ မင္း ဘာလုပ္ေနတာလဲ? ငါ ေခၚတာကို ဘာကိစၥ ခ်ပစ္ရတာလဲ?" လင္ရႊီးဟြမ့္ ေမးေတာ့တယ္။

"ငါ အလုပ္မ်ားေနလို႔"

"ဒီေလာက္ညနက္ေနၿပီကို ဘာေတြလုပ္ေနရလို႔ အလုပ္ရႈပ္ေနရတာလဲ?"

"Messageတစ္ေစာင္ ေစာင့္ေနဝာ"

လင္ရႊီးဟြမ့္ အံ့အားသင့္သြားတယ္ :: "ဟမ္?"

ယန္းကြၽင္က ရွင္းျပခ်င္စိတ္ ရိွမေနပါ :: "မင္း ဘာလိုခ်င္လို႔လဲ?"

"အြန္လိုင္းေပၚ တက္ခဲ့ၿပီး ဆက္ကစားရေအာင္ေလဗ်ာ! ေလာင္ဟယ့္နဲ႔ ဟိုေကာင္ေတြအားလံုး အဆင္သင့္ ျဖစ္ေနၾကၿပီ။ သူတို႔ ေကာကို ေစာင့္ေနၾကတာ"

အေနာက္ကေန ယန္းကြၽင္နာမည္ကို မေက်မနပ္ ျဖစ္စြာ တဖ်စ္ေတာက္ေတာက္ ‌လွမ္းေခၚေနတဲ့ ရွတတ အသံတစ္သံကို သူ ၾကားေနရတယ္။

ယန္းကြၽင္ :: "ငါက ေက်ာင္းသား။ မနက္ျဖန္ အတန္းရိွတယ္။"

"ေလာင္ဟယ့္က မင္းကို အတန္းလစ္လိုက္ပါလားတဲ့၊ ၿပီးရင္ ရံုးကို လာၿပီး ႏွစ္ရက္ေလာက္ လာေပ်ာ္ပါးပါလားတဲ့?"

"မလစ္ဘူး။ ဖုန္းခ်ၿပီ။"

လင္ရႊီးဟြမ့္ :: "ေနပါအံုးဟ ထပ္ေျပာၾကမယ္ေလကြာ။ ငါ့channelထဲက လူတိုင္းက မင္းအသံကို ၾကားခ်င္လို႔ ေစာင့္ၾကၫ့္ေနၾကတာ။ အဲ့ေလာက္ အေလာတႀကီး ဖုန္းမခ်နဲ႔ေလ"

"ငါ အရမ္းေလာေနတာ" ယန္းကြၽင္ ျပန္ေျဖလိုက္တယ္။

"ဘာေတြေလာေနတာလဲ?"

လက္ထဲမွာ ဖုန္းကို ကိုင္ထားရင္း ယန္းကြၽင္အသံက ေလနဲ႔အတူ ယွက္ႏႊယ္သြားတယ္ :: "မင္းအတြက္ မရီးတစ္‌ေယာက္ ရွာေပးဖို႔ ေလာေနတာေလ" 

တစ္ဖက္မွ စကၠန႔္အနည္းငယ္ေလာက္ တိတ္က်သြားတယ္။

"?" လင္ရႊီးဟြမ့္ ေမးလိုက္တယ္ :: "ငါ-ိုး! ေနာက္ေနတာလား?! မင္း မိန္းမေတြကို ႀကိဳက္တယ္ေပါ့?"

ယန္းကြၽင္က ေျခာက္ကပ္ကပ္ ျပန္ေျဖလိုက္တယ္ :: "ငါ ေယာက္်ားေတြကို ႀကိဳက္တာ"

"ဟားဟားဟား" ေနာက္ေနတာလို႔ မွတ္ယူလိုက္တဲ့ လင္ရႊီးဟြမ့္တစ္ေယာက္ တဟားဟား ေအာ္ရယ္ရင္း "ငါ ေနာက္တာပါ ေနာက္တာပါကြာ။ ငါ့ကို စိတ္မ‌ဆိုးစမ္းပါနဲ႔ ။ မင္းက တစ္ကိုယ္ေတာ္ လူပ်ိဳႀကီး လုပ္ေတာ့မယ္လို႔ ငါ ထင္ထားလို႔ေလ... ဘယ္လိုအမ်ိဳးသမီးကမ်ား မင္းရဲ့သန႔္စင္မြန္ျမတ္တဲ့ သမာဓိႀကီး သတိျပဳမိရေလာက္တဲ့ထိ ထူးထူးျခားျခား အံ့ဩဖို႔ ေကာင္းေနတာပါလိမ့္?"

"သူက ေတာ္ေတာ္ေလး အံ့ဩစရာေကာင္းတယ္။" ယန္းကြၽင္ ထိုသို႔ေျဖၿပီးေနာက္ ျပန္ေမးလိုက္တယ္ :: "မင္း အျခားဘာေျပာခ်င္ေသးလဲ?"

¶တရုတ္မွာက စကား‌ေျပာရင္ သူလည္း (tā) သူ(မ)လည္း (tā)ပဲ။ ‌စာေရးေတာ့မွ ကြဲသြားတာ။ ဒါေၾကာင့္မို႔ လင္ရႊီးဟြမ့္က ယန္းကြၽင္ 'သူ' လို႔ ရည္ၫႊန္းေျပာတာကို မသိတာပါ။¶

လင္ရႊီးဟြမ့္ ေနာက္ဆံုးေတာ့ အထာေပါက္သြားၿပီေလ :: "မင္းက ငါ့မရီးဖုန္းေခၚမွာကို ‌ထိုင္ေစာင့္ေနတာေပါ့ေလ?"

"ငါတို႔ တူတူမရိွေသးဘူး။ သူ႔ကို အဲ့လိုမ်ိဳး မေခၚနဲ႔" ယန္းကြၽင္က ‌လမင္းကို ေမာ့ၾကၫ့္ရင္း "သူ ပို႔လာမယ့္ ငါ့messageျပန္စာကို ေစာင့္ေနတာ"

ဝမ္းနည္း‌ဖို႔ေကာင္းစြာနဲ႔ပဲ လင္ရႊီးဟြမ့္ အျခားသတင္းေတြ ဆက္ႏိႈက္မထုတ္ႏိုင္ခင္မွာဘဲ ယန္းကြၽင္ ဖုန္းခ်ပစ္လိုက္တယ္။

သူ ဒီညေတာ့ ျပန္စာ မရႏိုင္ေလာက္ေတာ့ဘူးလို႔ ထင္လိုက္တယ္။ သူ ဝရံတာျပတင္းေပါက္ကို ပိတ္ၿပီး ဖုန္းကို ေခါင္းအံုးေဘး လွမ္းပစ္ကာ အိပ္ဖို႔ ျပင္ေတာ့တယ္။

သူ ဘယ္ေလာက္ထိၾကာေအာင္ မ်က္ႏွာက်က္ကို စိုက္ၾကၫ့္ၿပီးၿပီလဲ မသိ ဖုန္းက ရုတ္တရက္ လင္းလာတယ္။

ဖိန႔္ရန္ :: [ေကာင္းၿပီ]

ျပန္စာေလးရဖို႔ မိနစ္ေလးဆယ္ ေစာင့္လိုက္ရတယ္။

ယန္းကြၽင္ႏႈတ္ခမ္းေတြ တြန႔္ေကြးသြားတယ္။ အိပ္ခ်င္ေနတာကို တြန္းကန္ရင္း သူ ကီးဘုတ္ဖြင့္ကာ စာလံုးအနည္းငယ္ကို စိတ္လြတ္လက္လြတ္ ရိုက္ၿပီး ပို႔လိုက္တယ္။

ယန္းကြၽင္ :: [အိပ္ေတာ့မယ္ ဖိန႔္ရန္]

_____

ေနာက္တစ္ေန့ ဖိန႔္ရန္က အိမ္ကဒရိုင္ဘာဦးေလးရဲ့ လိုက္ပို႔ေပးမယ္ဆိုတဲ့ စကားကို ျငင္းၿပီး ဘတ္စ္ကားနဲ႔ ကိုယ့္ဘာသာကိုယ္ပဲ ေက်ာင္းျပန္လာလိုက္ေတာ့တယ္။

ဖိန႔္ရန္ အေဆာင္ခန္းကို ေရာက္ေတာ့ သူ႔အခန္းေဖာ္က ဂိမ္းတစ္ပြဲ ကစားၿပီးရံုရိွေသး။ အခန္းေဖာ္က နားၾကပ္ကို ျဖဳတ္ၿပီး ဖိန႔္ရန္ကို ေမးလိုက္တယ္ :: "မင္း အတန္းchatကို မၾကၫ့္ရေသးဘူးမလား?"

ဖိန႔္ရန္က သူ႔luggageထဲ ေခါင္းစိုက္ထားရင္း "ဟင့္အင္း ဘာလို႔လဲ?"

"ေက်ာင္းအိုလံပစ္အေၾကာင္းေလ။ ငါတို႔အတန္းထဲမွာ ေက်ာင္းသားမ်ားမ်ားစားစား မရိွေတာ့ အမႈေဆာင္ဒါရိုက္တာက ငါတို႔အားလံုးကို စာရင္းသြင္းေစခ်င္တယ္။ သူတို႔ အခုစၿပီး စာရင္းေကာက္ေနၾကၿပီ။" သူ႔အခန္းေဖာ္က ဆက္ေမးတယ္ :: "မင္း ဘယ္တစ္ခုကို စာရင္းသြင္းခ်င္လဲ? မင္း မီတာတစ္ရာကို စာရင္းသြင္းသင့္တယ္လို႔ ငါ ထင္တယ္။ ျမန္ျမန္ေျပးႏိုင္ဖို႔ မလိုပါဘူး။ ပန္းဝင္တဲ့ထိ ေျပးႏိုင္ရင္ ရၿပီ။"

ဖိန႔္ရန္က တစ္ခဏေလာက္ စဉ္းစားၾကၫ့္ၿပီး "ငါ မီတာသံုးေထာင္ကို စာရင္းေပးမယ္"

အခန္းေဖာ္က 'ဪ' လို႔ ေရရြတ္ၿပီး သူ႔ေကာင္မေလးရဲ့ message ကို တည္တည္ၿငိမ္ၿငိမ္ စာျပန္လိုက္တယ္။ စကၠန႔္ေတာ္ေတာ္ၾကာမွ သူ မယံုၾကည္ႏိုင္စြာ ေနာက္ျပန္လွၫ့္လာၿပီး "ဟမ္?"

သူ႔အခန္းေဖာ္ ဒီလိုအလြန္အက်ူး တုန႔္ျပန္တာကို အျပစ္ေျပာလို႔လည္း မရပါဘူးေလ။ ဖိန႔္ရန္က အေတာ္ေလး အရပ္ရွည္ေပမဲ့ ပိန္ပိန္သြယ္သြယ္ေလး။ တစ္ခါတုန္းကဆို သူ႔အခန္းေဖာ္က ဖိန႔္ရန္တစ္ေယာက္ သူတို႔အတန္းထဲက မိန္းကေလးေတြထက္ ပိန္သြယ္တယ္လို႔ေတာင္ သံသယဝင္သြားမိတယ္။

ဒါေပမဲ့ ဖိန႔္ရန္က သူ႔ေရ႔ွမွာ ဘယ္တုန္းကမွ အက်ႌမခြၽတ္ဖူးဘူး။ ဖိန႔္ရန္ ေရခ်ိဳးရင္ေတာင္ အဝတ္အစားေတြကို ေရခ်ိဳးခန္းထဲ ယူသြားၿပီး အထဲမွာပဲ လဲဝတ္တာ။ ဒါေၾကာင့္မို႔ သူ႔အခန္းေဖာ္မွာ မပီမျပင္ ခႏၶာကိုယ္ပံုရိပ္ကိုပဲ ျမင္ဖူးတယ္။

ဖိန႔္ရန္က သူအခန္းေဖာ္ရဲ့ မယံုၾကည္ႏိုင္ျဖစ္ေနတဲ့ အၾကၫ့္ေအာက္မွာပဲ စာရင္းသြင္းလိုက္တယ္။ သူ ေမာ့ၾကၫ့္လိုက္ေတာ့ သူ႔အခန္းေဖာ္ရဲ့ အၾကၫ့္ကို ျမင္ၿပီး ရယ္ျပလိုက္တယ္ :: "ငါ တကယ္ၿပီးေအာင္ ေျပးႏိုင္တယ္။ စိတ္မပူနဲ႔"

သူ႔luggageကို သိမ္းဆည္းလို႔ၿပီးခ်ိန္မွာပဲ လင္းခန္းဆီကေန သူနဲ႔အတူ ေန့လည္စာ စားခ်င္လားလို႔ ေမးထားတဲ့ message ေရာက္လာတယ္။

လင္းခန္းကို ဝယ္ေကြၽးမယ္ဆိုတဲ့ သူ႔ကတိကို အမွတ္ရေတာ့ ဖိန႔္ရန္ ခ်က္ခ်င္း သေဘာတူလိုက္တယ္။ သူတို႔ေတြ ေက်ာင္းနားက အေနာက္တိုင္း စားေသာက္ဆိုင္တစ္ဆိုင္မွာ ဆံုဖို႔ ခ်ိန္းဆိုလိုက္တယ္။

"မင္း ငါနဲ႔ ေက်ာင္းကို တူတူျပန္ခ်င္လားလို႔ ေမးမလို႔။ ဒါေပမဲ့ ေမးတာ တအားေနာက္က်သြားတယ္ေလ" လင္းခန္းက သံပုရာရည္တစ္ငံု ေသာက္ၿပီး အသံတိုးတိုးေလး လွမ္းေမးလိုက္တယ္ :: "ဒီေနရာက တအားေဈးႀကီးမေနဘူးလား? ေဟာ့ေပါ့အစပ္ပဲ သြားစားရ‌ေအာင္ေလ။ ငါ ေခ်းမမ်ားတတ္ပါဘူး။"

ဖိန႔္ရန္ :: "အဲ့အတြက္ေတာ့ စိတ္မပူနဲ႔ ငါ့မွာ အသင္းဝင္ကတ္ ရိွတယ္ေလ။ ငါတို႔ေတြ discount ရမွာ။"

Maybach ကား စီးႏိုင္တဲ့ သူေတြလည္း discount ကတ္ကို သံုးၾကတာပါပဲ။

သိပ္ကို ဆီေလ်ာ္ပါေပတယ္။ သူနဲ႔ဖိန႔္ရန္ၾကားက ကြာဟမႈက တစ္ဖန္နီးကပ္သြားသလို လင္းခန္း ခံစားလိုက္ရတယ္။

သူတို႔ စကားေျပာေနရင္း လင္းခန္း‌ဆီ ရုတ္တရက္ ေလာ့ခ်င္ရွန္းဖုန္း ဝင္လာခဲ့တယ္။ သူ ဖိန႔္ရန္ကို ကိုးရိုးကားရား လွမ္းၾကၫ့္မိေတာ့ ဖိန႔္ရန္က menuကိုပဲ ငံု႔ၾကၫ့္ေနၿပီး မသက္မသာ ျဖစ္ေနတာမ်ိဳး လံုးဝ ရိွမေနေပ။

ဖုန္းခ်ၿပီးေနာက္ လင္းခန္းက ခပ္ဖြဖြ ေခ်ာင္းဆိုးရင္း "သူက ငါ ဘတ္စ‌ကတ္ေဘာ ဘယ္နားထားထားတာလဲလို႔ ေမးေနဝာ"

ဖိန႔္ရန္က ေခါင္းညိတ္ျပၿပီး ‌menu ၾကၫ့္ေနရာကေန ေမာ့ၾကၫ့္လာတယ္ :: "အစံုပါတာမ်ိဳးပဲ မွာလိုက္ၾကမလား?"

လင္ရႊီးဟြမ့္လည္း အလ်င္အျမန္ သေဘာတူလိုက္တယ္။

တစ္ခဏေလာက္ ထိုင္ေနရင္း လင္းခန္းက ဆက္လက္မခ်ဳပ္တည္းႏိုင္ေတာ့ဟန္ျဖင့္ "အာ ဖိန႔္ရန္ ငါ အတင္းေျပာ‌ခ်င္လို႔ေတာ့ မဟုတ္ပါဘူး။ ဒီတိုင္းေလး သိခ်င္ရံုသက္သက္... မင္းနဲ႔ေလာ့ခ်င္ရွန္း ၊ မင္းတို႔ႏွစ္ေယာက္ အခ်င္းခ်င္း မလိုက္ဖက္ေတာ့လို႔ဆိုၿပီး တကယ္လမ္းခြဲလိုက္ၾကတာလား?"

ဖိန႔္ရန္က ျပန္ေမးလိုက္တယ္ :: "မင္း ဘယ္လိုထင္လဲ?"

"ငါ ေလ်ွာက္မခန႔္မွန္းတတ္ေတာ့ဘူး" ထိုသို႔ေျပာေပမဲ့လည္း လင္းခန္းက ဆက္ေမးလာတယ္ "စူးန်န္ေၾကာင့္ေတာ့ မဟုတ္ဘူးမလား?"

ဖိန႔္ရန္ menuစာရြက္ကို လွန္ေနရင္းတန္းလန္းမွာ ရပ္သြားေပမဲ့ ျပန္မေျဖေပ။

လင္းခန္းက အေျဖာင့္အတိုင္းပဲ ေတြးတတ္တဲ့ လူရိုး၊ သူ႔ေကာင္မေလး သူ႔ကို စိတ္ဆိုးေနရင္လည္း ခ်က္ခ်င္း တန္းမသိဘဲ နာရီေတာ္ေတာ္ၾကာမွ သိတာမ်ိဳး၊ သူ႔သူငယ္ခ်င္းသာ မေန့ညက ဒီအေၾကာင္းကို ေျပာမလာရင္ ဒီလိုမ်ိဳး လံုးဝေတြးမိမွာ မဟုတ္ဘူး။

ၿပီးေတာ့ ကိစၥက၊ သူ ေနာက္မွ စဉ္းစားၾကၫ့္မိတယ္။ အဲ့ႏွစ္ေယာက္က....တကယ္ ေသာက္ရမ္းထူးဆန္းေနတာပဲ။

"ဒါဆို အမွန္ႀကီးေပါ့? အာ ေသစမ္းကြာ အဲ့တာေၾကာင့္မို႔ စူးန်န္ အရင္ရက္ေတြက မင္း မေကာင္းေၾကာင္းေတြခ်ည္း သြယ္ဝိုက္ေျပာေနတာကိုး...."

လင္းခန္း ေမးလိုက္တယ္ :: "မင္း အကူအညီ လိုလား? ငါ့ကို အသိေပးေနာ္။ ငါ အဲ့လိုလုပ္တာမ်ိဳးကို အမုန္းဆံုးပဲ!"

"မလိုေတာ့ဘူး။ ငါတို႔ လမ္းခြဲလိုက္ၿပီ။" ဖိန႔္ရန္က ဒီအေၾကာင္းကို ဆက္ေျပာခ်င္စိတ္ တကယ္ ရိွမေနေပ။

လင္းခန္းက အရိပ္အကဲ နားမလည္ေပ :: "ငါ့ကို အခ်ိန္မေရြး ‌ရင္ဖြင့္လို႔ရတယ္ေနာ္။ ငါ ေလာ့ခ်င္ရွန္းနဲ႔ ခင္တာ ၾကာ‌ေနရင္ေတာင္ မွန္တဲ့ဘက္ကပဲ ငါ လိုက္မွာ။ ငါ မင္းအတြက္ သူ႔ဆီ သြားဆဲေပးရမလား?"

သူတို႔ ဒီအတိုင္း ဆက္သြားေနရင္ အဆံုးသတ္မယ့္ လမ္းမျမင္ေတာ့ဘူး။ ဖိန႔္ရန္ ခဏေလာက္ ေတြးၿပီး အေသအခ်ာ ျပန္ေျဖလိုက္တယ္ :: "ငါ တကယ္အဆင္ေျပတယ္။ ဒါနဲ႔ ငါ မင္းကို ေျပာခ်င္တာ တစ္ခုရိွလို႔"

လင္းခန္း :: "ဘာလဲ?"

"ယန္းကြၽင္ကလည္း မန္ခ်န္ေက်ာင္းခြဲမွာ တက္ခဲ့တာလား?"

"ဟုတ္တယ္ေလ...ဟမ္?" လင္းခန္း ရႈပ္ေထြးသြားၿပီ။

ဖိန႔္ရန္ :: "အဲ့တုန္းက ငါ သူ႔ကို ျမင္ဖူးတယ္လို႔ မထင္ဘူးေရာ"

"တကယ္ႀကီး?"  လင္းခန္းတစ္ေယာက္ ခ်က္ခ်င္း လမ္းလြဲသြားၿပီ :: "သူက အထက္တန္းတုန္းက အေတာ္ေလး နာမည္ႀကီးတာေလကြာ။ ငါတို႔ အတန္းတူတူ တက္ခဲ့တာ။ ဒါေပမဲ့ ငါတို႔အတန္းက ေျမညီထပ္မွာ၊ မင္းတို႔အတန္းနဲ႔ အထပ္နည္းနည္း ေဝးတယ္။ ယန္းကြၽင္က အင္တာနက္ဆိုင္PUBGပြဲစဉ္ကိုေတာင္ အႏိုင္ရခဲ့တာေလ။ မင္း ဒီအေၾကာင္းကိုလည္း မၾကားဖူးတာလား?"

အဲ့တုန္းက PUBGက တအားနာမည္ႀကီးတယ္။ ဂိမ္းၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တဲ့ အထက္တန္းေက်ာင္းသားေလးတစ္ေယာက္က ဖိန႔္ရန္ တစ္ၿမိဳ႔လံုးမွာ အျမင့္ဆံုးအမွတ္ ရတာထက္ လူထုအာရံုစိုက္ခံရမႈ ပိုမ်ားခဲ့တယ္။

ဖိန႔္ရန္ ေရခြက္ကို အလိုအေလ်ာက္ လွမ္းၫွစ္ထားမိၿပီး ေခါင္းခါျပလိုက္တယ္။

"ဒါဆို မင္း အဲ့တုန္းက တကယ္....စာကိုပဲ အာရံုစိုက္ေနခဲ့ပံုပဲ။" လင္းခန္း ဆက္ေျပာတယ္ :: "ၿပီးေတာ့ ငါတို႔ေက်ာင္းေလးမွာတင္ ေက်ာ္ၾကားခဲ့တာ မဟုတ္ဘူး။ တစ္ေယာက္ေယာက္က သူ ဆုရတဲ့ပံုကို အြန္လိုင္း‌ေပၚ တင္ခဲ့တယ္ေလ။ လ်ွပ္တျပက္ ရိုက္ထားတဲ့ ပံုဆိုေပမဲ့ အဲ့တုန္းက shareတဲ့သူ ႏွစ္ေသာင္းေက်ာ္တယ္ကြ။ မယံုႏိုင္စရာပဲ။"

ဖိန႔္ရန္ အခု မွတ္မိသြားၿပီ။

သူ ယန္းကြၽင္ကို မွတ္မိတာ မဟုတ္ဘူး၊ Weibo postကို အမွတ္ရသြားတာ။

သူ ဖုန္းသံုးေနရင္း 'မန္ခ်န္' ဆိုတဲ့ စကားလံုးက သူ႔အာရံုကို ဖမ္းစားသြားတယ္။ သူ ပံုကိုေတာင္ ဝင္ၾကၫ့္လိုက္ေပမဲ့ ေသခ်ာမၾကၫ့္ရ‌ေသးခင္မွာပဲ ေလာ့ခ်င္ရွန္းက ဖုန္းscreenကို လွမ္းကာၿပီး ရယ္က်ဲက်ဲျဖင့္ ဖိန႔္ရန္ကို အျခားေကာင္ေလးေတြရဲ့ ပံုကို ၾကၫ့္ခြင့္မျပဳႏိုင္ဘူးလို႔ ေျပာခဲ့တယ္။

ဖိန႔္ရန္ မေရမရာ ျပန္ေျဖလိုက္တယ္ :: "ငါ...အခု ဝါးတားတား မွတ္မိလာသလိုပဲ။"

"မင္း ငါ့အေၾကာင္းကို ဘာမွတ္မိသြားတာလဲ?" ရင္းႏွီးတဲ့အသံတစ္သံက ‌အေနာက္မွ ထြက္လာတယ္။

သူတို႔ႏွစ္ေယာက္သား လန႔္ဖ်ပ္သြားတယ္ အထူးသျဖင့္ ဖိန႔္ရန္ပဲ။ သူ႔မ်က္လံုးေတြ ျပဴးက်ယ္သြားၿပီး သူ႔မ်က္ႏွာထက္မွာ လက္ပူးလက္ၾကပ္ အမိခံလိုက္ရလို႔ အံ့အားသင့္တုန္လႈပ္ျခင္းနဲ႔ ရွက္ကိုးရွက္ကန္း ျဖစ္ျခင္းမ်ား ျပၫ့္ႏွက္ေနတယ္။

သူ ေတာင့္‌တင္းစြာျဖင့္ ေနာက္လွၫ့္ၾကၫ့္လိုက္ေတာ့ အပင္တုေတြကို ေက်ာ္ၿပီး ယန္းကြၽင္ရဲ့အၾကၫ့္နဲ႔ တၫ့္တၫ့္ဆံုသြားတယ္။

ဖိန႔္ရန္ ရွားရွားပါးပါး ျဖစ္ဖူးတဲ့ မ်က္ႏွာအမူအရာမ်ိဳးပဲ။ ယန္းကြၽင္ ႏွစ္စကၠန႔္ေလာက္ စိုက္ၾကၫ့္ေနၿပီးမွ လင္းခန္းဘက္ လွၫ့္ၾကၫ့္လိုက္တယ္။ သူ ရွင္းျပလိုက္တယ္ :: "ခိုးနားေထာင္ဖို႔ မရည္ရြယ္ပါဘူး။ ငါ ဒီမွာ ထိုင္ေနတာ ၾကာၿပီ။"

စားေသာက္ဆိုင္ထဲမွာ စားပြဲတစ္လံုးနဲ႔တစ္လံုးၾကား အကာေတြ ရိွတယ္။ မင္း သူတို႔ကို ၾကၫ့္မေနရင္ သတိျပဳမိဖို႔ ခဲယဉ္းတယ္။ လင္းခန္းက အံ့အားသင့္ေနရာကေန ျပန္အဆင္ေျပလာၿပီး "ငါ တကယ္ မင္းကို မျမင္ဘူး။ မင္းတစ္ေယာက္တည္း ေရာက္ေနတာလား?"

"တူတူစားမယ့္သူ ေရာက္မလာလို႔" ယန္းကြၽင္က စားေသာက္‌ဆိုင္ အျပင္ဘက္က လူတန္းကို လွမ္းၾကၫ့္ၿပီး ေမးလိုက္တယ္ :: "ငါတို႔ေတြ တစ္ခံုတည္း တူတူထိုင္ၾကရင္ေရာ? အျပင္မွာ ခံုေစာင့္ေနတဲ့လူေတြ အမ်ားႀကီးပဲ။"

ယန္းကြၽင္ ထိုင္ခ်လိုက္တာနဲ႔ ဖိန႔္ရန္တစ္ေယာက္ ေလးေယာက္ထိုင္စားပြဲက တအားက်ဉ္းသြားသလို ရုတ္တရက္ ခံစားလိုက္ရတယ္။

သူ လူေတြရဲ့ ေနာက္ကြယ္မွာ တစ္ခါမွ အတင္းမေျပာဖူးဘူး။ ဘယ္သူက ထင္ထားမိမွာလဲ... ပထမဆံုး အေတြ့အႀကံဳမွာပဲ လူမိသြားမယ္လို႔။

ဖိန႔္ရန္က သူ႔ဖုန္းကို ဆုပ္ကိုင္ထားရင္း မ်က္လႊာခ်ထားၿပီး ဘာတစ္ခြန္းမွ ဝင္မေျပာေပ။ သူ အခု သူ႔တည္ရိွမႈကို အေသးဆံုး ျဖစ္ေစဖို႔ အေကာင္းဆံုး ႀကိဳးစားေနတယ္။

"မင္းတို႔ ဘာအေၾကာင္းေတြ ေျပာေနၾကတာလဲ?" ယန္းကြၽင္ ေလးတြဲတြဲ ေမးလိုက္တာကို သူ ၾကားလိုက္ရတယ္။

လင္းခန္း :: "မင္း အထက္တန္းတုန္းက ဂိမ္းၿပိဳင္ပြဲမွာ ဆုရသြားတဲ့ အေၾကာင္းေလ။ ဖိန႔္ရန္က မင္းတို႔ တစ္ေက်ာင္းတည္း တူတူတက္ခဲ့မွန္းေတာင္ မသိဘူးတဲ့"

ယန္းကြၽင္က ႏိွမ့္ခ်ဖို႔ မႀကိဳးစားေပ :: "သူက စာတအားေတာ္တဲ့ ေက်ာင္းသားေလ။ သူ ဂိမ္းဘက္ အာရံုစိုက္ဖို႔ အခ်ိန္မရိွတာ ျဖစ္သင့္ပါတယ္။"

လင္းခန္းက သူ႔ဖုန္းကို ငံု႔ၾကၫ့္ၿပီး မေက်မနပ္ ညည္းၫူလိုက္တယ္ :: "ဒီအတန္းchatကလည္း ရပ္ကိုမရပ္ႏိုင္ေတာ့ဘူး။ ေက်ာင္းအိုလံပစ္ပြဲေလးပဲကို ၊ ၿပိဳင္မယ့္ဟာကို စာရင္းသြင္းၿပီးရင္ ၿပီးၿပီကိုမ်ား။ မင္းတို႔ေတြေရာ ဘယ္တစ္ခုကို စာရင္းသြင္းလိုက္လဲ?"

ယန္းကြၽင္ :: "ခုထိ မသြင္းရေသးဘူး။"

ႏွစ္ေယာက္လံုးရဲ့ အၾကၫ့္ေတြက သူ႔ဆီ ေရာက္လာေတာ့ ဖိန႔္ရန္ ေရြးခ်ယ္စရာ မရိွေတာ့ဘဲ ျပန္ေျဖလိုက္တယ္ :: "မီတာသံုး‌ေထာင္ကို စာရင္းေပးလိုက္တယ္။"

"ဝိုးးး ငါလည္း အခု ရွင္းရွင္းလင္းလင္း သိသြားၿပီ" လင္းခန္းက ေျပာရင္းနဲ႔မွ သူ႔ဖုန္းကို ကိုင္ကာ မတ္တပ္ထရပ္လိုက္တယ္ :: "ငါ သန႔္စင္ခန္းထဲ ခဏသြားၿပီး အမႈေဆာင္ဒါရိုက္တာကို ဖုန္းေခၚလိုက္အံုးမယ္ကြာ။"

လင္းခန္း ထြက္သြားတာနဲ႔ စားပြဲမွာ တိတ္ဆိတ္ျခင္းမ်ား ႀကီးစိုးသြားေတာ့တယ္။

ဖိန႔္ရန္တစ္ေယာက္ မသိလိုက္မသိဘာသာနဲ႔ပဲ ႏႈတ္ခမ္းတင္းတင္း ေစ့ထားရင္း ထြက္ေျပးဖို႔ အေၾကာင္းျပခ်က္ကို ႀကိဳးစားပမ္းစား စဉ္းစားေနေလရဲ့။

သူ ဒီကိုးရိုးကားရားႏိုင္မႈကို မေျဖရွင္းႏိုင္မွေတာ့ ထြက္ေျပးလိုက္တာ အေကာင္းဆံုးပဲ။

ေနာက္ဆံုးေတာ့ သူ အေၾကာင္းျပခ်က္တစ္ခုကို ရွာေတြ့သြားၿပီ၊ ဒါေပမဲ့ ယန္းကြၽင္က ရုတ္တရက္ႀကီး စကားစလာတယ္ :: "ေစာနက မင္း ငါ့အေၾကာင္း ဘာမွတ္မိလိုက္တာလဲ ဖိန႔္ရန္?"

ဖိန႔္ရန္က အတန္းထဲကေန လစ္ထြက္ဖို႔ ႀကံေနေပမဲ့ ဆရာ မိသြားတဲ့ ေက်ာင္းသားတစ္ေယာက္လို ခံစားေနရတယ္။ သူ႔ကံၾကမၼာကို လက္ခံၿပီး ျပန္ေျဖလိုက္တယ္ :: "...လင္းခန္း ေျပာေနတဲ့ Weibo postကို မွတ္မိသြားတာ"

ယန္းကြၽင္ ထိုပို႔စ္ကို ပံုျပန္ေဖာ္ဖို႔ တစ္ခဏၾကာသြားတယ္။ snapက အေတာ္ေလး ဝါးတားတား ျဖစ္ေနေပမဲ့ အနည္းဆံုးေတာ့ ရုပ္ဆိုးမေနဘူး။

"သူတို႔က အပိုေတြ ေလ်ွာက္ေျပာေနတာ။ ငါက သူတို႔ေျပာသေလာက္ မေတာ္ပါဘူး။"

ဖိန႔္ရန္ :: "အင္း"

ဒီစားေသာက္ဆိုင္က စားပြဲေတြက မႀကီးေတာ့ သူ ေခါင္းငံု႔လိုက္တာနဲ႔ ခပ္ေလ်ာ့ေလ်ာ့ ကားထားတဲ့ ယန္းကြၽင္ေျခေထာက္ႏွစ္ဖက္ကို ျမင္ေနရတယ္။ သူ အခုဝတ္ထားတဲ့ sneakerက ဘရန္းအႀကီးစားက ဒီရာသီထုတ္ limited editionပဲ။

ဒါဆို ယန္းကြၽင္ ေငြလိုလို႔ ဂိမ္းကစားေဖာ္အျဖစ္ အလုပ္လုပ္တယ္လို႔ ေျပာတုန္းက ဖိန႔္ရန္ ဘယ္လိုေတြ ေတြးၿပီး တကယ္ႀကီး ယံုစားလိုက္ရတာလဲ?

သူ အေတြးနယ္ခ်ဲ့ေနတုန္း ယန္းကြၽင္ဖိနပ္က ရုတ္တရက္ သူ႔ဖိနပ္နား ကပ္လာၿပီး ဖြဖြေလး လာထိတာကို ျမင္လိုက္ရတယ္။

ယန္းကြၽင္က ငံု႔ၾကၫ့္ၿပီး ဖိနပ္ႏွစ္ရံကို အခ်ိန္တစ္ခုၾကာ ႏိႈင္းယွဉ္ၾကၫ့္ေနၿပီးမွ ေကာက္ခ်က္ခ်လာတယ္ :: "မင္းေျခဖဝါးက ေသးတယ္။"

________

Continue Reading

You'll Also Like

350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
848K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...