အချစ်ဦး ပုံပြင်
By Garlic_Boom
253K 20.7K 3.6K
The blue sea and its bright sun. More
1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
Epilouge
12
6.2K 552 108
By Garlic_Boom
Unicode
သူ့ဘေးမှာ ကွေးကွေးလေး အိပ်နေသော
ဆိုင့်အား အဏ္ဏဝါ ကြည့်နေမိသည်မှာ တစ်ညလုံး ပင် ဖြစ်သည် ။
ဆိုင့် နှလုံးသားက အေးစက်စက်   သူ့အပေါ်မှာ နေရောင်ကြည်လို ခပ်နွေးနွေးလေးရယ်  ။ သူများတွေနဲ့ မတူဘူး သူကြုံသလာရသမျှလူတွေထဲ ဆိုင်က အရိုးရှင်းဆုံး နဲ့ အစစ်မှန်ဆုံး သူ ။ သူ့အတွက် တော့ နေကြည်အလင်းဆိုင် က နှစ်ယောက်မရှိတဲ့သူ ။
နေကြည်အလင်းဆိုင် နဲ့ ခဏလောက် ခွဲရမည်ဆိုသည့် စိတ်က အဏ္ဏဝါ့ အတွက်  အဆင်တော့ မပြေ။ ဒါပေမယ့် ဖွားဖွား ခေါ်တာ ဖြစ်၍ မသွားလို့လည်း မရ ။
" သဲငယ် "
" အင်း "
အင်းလို့သာ ထူးတာ နိုးလာဆိုတော့ နိုးလည်း မနိုးဘူး ။
" နှုတ်မဆက်ဘဲ ကိုယ် သွားမှာမို့ သဲငယ်က စိတ်မဆိုးနဲ့နော် "
နဖူးလေးကို ခပ်ဖွဖွနမ်းတော့ ဆိုင် က  မျက်ခုံးလေးတွေ တွန့်သွားသေးတာ ။
မရည်ရွယ်ဘဲ  လုပ်လိုက်တဲ့  အပြုအမူ တစ်ခုချင်းစီ တိုင်း က မြတ်နိုးစရာ အတိ ။
နေကြည်အလင်းဆိုင် က ထောင်ချောက်ကလေး တစ်ခု ။
ပင်လယ်ပြာလေး  ကိုယ်တိုင် နစ်ဝင်ပြီး ရုန်းထွက်မရတော့တဲ့ ထောင်ချောက်ကလေး
ပါ တဲ့ကွယ် ။
" ကိုယ်ပြန်လာတာနဲ့ အရင်ဆုံး  ချစ်တဲ့အကြောင်း တွေ ဝန်ခံပါ့မယ် သဲငယ် "
စောင်သေချာခြုံပေး ခဲ့ကာ အဏ္ဏဝါ အခန်းထဲ ကနေ ထွက်လာခဲ့သည် ။
ဦးလေးနဲ့ ဆိုင့်မေမေကို နှုတ်ဆက်ပြီး ညီမလေး ကိုလည်း လိမ်လိမ်မာမာ နေဖို့ သူမှာပြီးမှ ဖွားဖွား လွှတ်ပေးလိုက်တဲ့ ကားပေါ် တက်လာခဲ့လိုက်တယ် ။
ဘာလို့မှန်း မသိပေမဲ့ ဆိုင် တင် မဟုတ်ဘူး သူပါ စိတ်ထဲ လေးနေတာ ။
_________
" အဏ္ဏဝါ "
မျက်လုံးမဖွင့်ရသေးဘူး ဘေးကို အရင်ဆုံး ဆိုင် စမ်းကြည့်တော့ ဘာမှ မရှိ ။
" ထွက်သွားပြီလား "
ဒီလူဆိုးကောင်ကတော့ သူ့ကို တောင် မပြောသွားဘူး ။
နှုတ်ဆက်မသွားဘူးဆိုတဲ့ အသိနဲ့  အလိုလိုနေရင်းကို စိတ်က မကြည်တော့ ။
" နိုးပြီလား ဆိုင် "
" နိုးပြီ  မေကြီး အဏ္ဏဝါ သွားတာ ကြာပြီမလား "
" နည်းနည်းတော့ ကြာပြီ ဆိုင် ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူး မေကြီး ဒီအတိုင်း ဆိုင် မေးကြည့်တာ "
" ရေချိုးပြီး ထွက်လာခဲ့ သွန်းသွန်း နဲ့ မေကြီးကို အပြင်ခဏသွားပေးဦး "
" ဟုတ်ကဲ့ မေကြီး "
ဒါဆို အဏ္ဏဝါ့ အဖေနဲ့ သွန်းသုသုသာ က ဒီမှာ နေဦးမှာပေါ့ ။
" ခိုင် "
" ရှင် "
ဟင်းချက်နေတုန်း အနောက်မှာ လာရပ်သူကြောင့် ခိုင် ကြည့်တော့ အဏ္ဏဝါ့ အဖေဖြစ်နေသည် ။
" ခိုင့် အတွက် ကိုယ် လက်ဆောင် ပေးစရာ ရှိလို့ "
တဖြည်းဖြည်း အနားကပ်လာတာမို့ ခိုင် ဓားတစ်ချောင်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တယ် ။
အိမ်မှာ မမရယ် သူရယ် ဒီလူရယ် သုံးယောက် ထဲ ကျန်ခဲ့တာ ။ ထမင်းဝိုင်းမှာ ထဲက သူ့ကို မျက်စိပေါက်ထွက်မတတ် စိုက်ကြည့်နေတဲ့ ဒီလူကို သူရွံလိုက်တာ ။
အဏ္ဏဝါ နဲ့ သွန်းသွန်း မျက်နှာကြောင့်သာ သူသည်းခံနေတာ ။
ဆိုင့် ဖေဖေလည်း မရှိသောကြောင့် အတင့်ရဲလာသလားပဲ ။
" ရပါတယ် ကျွန်မ အတွက်  မလိုပါဘူး ကျေးဇူးပါရှင့် "
" မဟုတ်တာ ခိုင်လေး အတွက် အကိုကြီး က စေတနာနဲ့ ပေးချင်လို့ပါ "
ဗူးနီလေးကို ဖွင့်ပြလိုက်တော့ စိန်ချည်းပဲ သီးသန့် လုပ်ထားတဲ့ လည်ဆွဲလေးတစ်ခု ။
" မလိုပါဘူး ကျွန်မ ဒါတွေ သဘောမကျဘူး "
" ခိုင်လေး "
" ထွက်သွား မဟုတ်လို့ ကတော့ ကျွန်မ လက်ထဲက ဓားက ရှင့်အတွက်ပဲ "
" ကောင်းပြီ ကိုယ် နောက်ဆုတ်မှာ မဟုတ်ဘူး ခိုင် "
" တောက်စ်  "
ရွံစရာ ကောင်းလိုက်တာ သူက အိမ်ထောင်သည် ဆိုတာ သိသိရက်နဲ့ ။
ခိုင် ဒေါသထွက်လွန်းလို့ အသားများတဆတ်ဆတ်တုန်ကာ မျက်ရည်ပါ ကျလာသည် ။
မဖြစ်ဘူး ဆိုင့်ဖေဖေကို သူအမြန်ပြောရမယ် ပြီးရင် ဒီအိမ်ကနေ အမြန်ထွက်သွားခိုင်းရမယ် ။
အခန်းထဲ ဝင်ကာ ဆိုင့်ဖေဖေ  အိမ်ကို မြန်မြန်ပြန်လာဖို့ သူဖုန်းဆက်အကြောင်းကြားလိုက်သည် ။
ဆိုင်နဲ့ သွန်းသွန်း ကလည်း ကော်ဖီမှုန့်တွေ သွားယူခိုင်းထားတာမို့  ခဏနေပြန်ရောက်တော့မှာပါ ။
ခဏလေးပဲ သည်းခံရမှာ ဟုတ်တယ် ခဏလေးပဲ ခိုင် မကြာခင် ဖေကြီးရော ဆိုင်ရောပြန်လာတော့မှာ ။
နေ့လည်ဘက်ရောက်နေပြီမို့ မမအခန်းထဲ သူထမင်းသွားပို့ဖို့ ပြင်လိုက်တယ် ။
မြင်လိုက်ရတဲ့ မြင်ကွင်းက သွေးပျက်မတတ်ပင် ။
" မမ !!!!!! "
မမကို ကြည့်တော့ ကုတင်ပေါ်ကနေ ပြုတ်ကျနေပြီး ခေါင်းမှာလည်း သွေးတွေ မတရားထွက်နေသည် ။
" မမ သတိထားပါဦး မမ "
" မမ ။  ကယ်ကြပါဦး လာကြပါဦး မမ သတိထားပါဦး မမရယ်  "
ကုတင်က မြင့်ပြီး အောက်က တမံသလင်းကိုမှ ကြွေပြားခင်းထားတာမို့  ပြုတ်ကျတဲ့အရှိန်က မနည်း ။
" ဘာဖြစ်တာလဲ ခိုင် "
ကုတင်ပေါ်က တမင်ပြုတ်ကျအောင် သူလုပ်လိုက်တာလေ ဒါပေမယ့် လည်း  မသိချင်ယောင်ဟန်ဆောင်က ဦးထက်သာ မေးလိုက်ခြင်းပင်။
ခိုင့်မမ အိပ်နေတုန်း  အခန်းထဲ ဝင်ကာ အလွယ်တကူ လှမ်းယူလို့ရအောင် အနီးနားမှာ ထားပေးထားတဲ့  ရေဗူးနဲ့ဆေး ကိုခပ်ဝေးဝေးကိုရွှေ့ကာသူထားထားလိုက်ခြင်းပင် ။
လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ရောဂါသည်မို့ လှမ်းယူတာနဲ့ အရှိန်လွန်ပြီး သူ့မျက်စိရှေ့တင် ပြုတ်ကျသွားတာ အဟက် ။
သူပြောဖူးပါတယ် သူလိုချင်ရင် မရရအောင် ယူတတ်ပါတယ်ဆို ။ ဒါက အစပဲ ရှိသေးတာ ။
ပြန်လာမဲ့သူတွေအတွက် လည်း လက်ဆောင် တစ်ခုခုစီစဥ်ပေးထားပါသေးတယ် ။
" ဆေးရုံ ကို အမြန် ပို့ကြရအောင် မမ ကုတင်ပေါ် က ပြုတ်ကျလို့ "
" ဟုတ်ပြီ ဟုတ်ပြီ လာလာ ကိုယ် မ မယ် ခိုင် ဖယ်ပေး  "
ဘယ်သူမှလည်း မရှိတာမို့ ဒီလူ့ကိုပဲ သူအကူအညီတောင်းရတော့မှာ ။
" ကျေးဇူးပါပဲ "
" မလိုပါဘူး ခိုင်ရယ် သွားကြရအောင် "
ဘယ်လို ဖြစ်လို့ မမက  ပြုတ်ကျသွားရတာလဲ ခါတိုင်း  ဘာမှ မဖြစ်ပါဘူး ။
အတွေးများနေသော သူ့ကို ကားမှန်ထဲကနေ တစ်ယောက် ယောက် စိုက်ကြည့်နေတာတော့ မသိရှာ ။
ခိုင်တို့ ထွက်သွားတာနဲ့ ဘယ်လောက်မှမကြာ ဦးနေသူ ပြန်ရောက်လာတယ် ။
" ဘယ်သွားနေကြတာလဲ ဆိုင်တို့လည်း ပြန်မရောက်သေးဘူး လား ခိုင် ။ ခိုင် ရေ မေကြီး ရေ "
လူမတွေ့ရပေမဲ့ စားပွဲပေါ်မှာ တင်ထားတဲ့ အချိုရည်ခွက်လေး ကြောင့် ပြုံးမိသွားသည် ။
အလိုက်သိလွန်းတဲ့ သူ့အမျိုးသမီးလေးပါပဲ ။ အချိုရည်ခွက်ကို တစ်ကျိုက်ထဲ မော့ချပြီးတာနဲ့  အခန်းထဲ တစ်ရေးအိပ်ဖို့ ဝင်လာလိုက်တယ် ။
နေကြည်အလင်းဆိုင် အိမ်ပြန်ရောက်တာနဲ့ မေကြီးကို ရှာတော့ မတွေ့ ။ သွန်းသုသုသာ ကတော့ သူ့အခန်းထဲ  သူဝင်သွားပြီ ဖြစ်၍ ဆိုင်သာ တစ်ယောက် ထဲကျန်ခဲ့သည် ။
သေချာ စကားပြောကြည့်မှ သွန်းသုသုသာ က ခင်ဖို့ ကောင်းတဲ့ ကောင်မလေးတစ်ယောက် မှန်း ဆိုင်သိတယ် ။
" မေကြီး ရေ ဖေကြီး  အခန်းထဲ မှာလား "
ပြန်ထူးသံ မကြားရ တစ်ကယ် ပဲ အိမ်မှာ တစ်ယောက် မှ မရှိကြဘူး လား ။
သူဗိုက်ဆာပါတယ်ဆို ဘယ်တွေသွားနေကြတာလဲ ။
" ကြီးကြီး အခန်းထဲမှာလား ဟာ ဖေကြီး အခန်းထဲ အရင် ဝင်သွားကြည့်မယ် "
နေကြည်အလင်းဆိုင် ဖေကြီး အခန်းထဲ ဝင်လာတော့ ဘေးဘက်ကို စောင်းအိပ်နေသည့် ဖေကြီး  ။
နေပါဦး အိပ်နေတာ လေ ချွေးတွေ ဘာလို့ ထွက်နေတာလဲ ။ ရာသီဥတုက အိုက်စပ်မနေပါဘူး ။
တဖြည်းဖြည်း ခန္ဓာကိုယ် က အတုန်တုန်အရီရီ ဖြစ်လာတာ မို့ ဆိုင် ဖေကြီးကို ဆွဲထူလိုက်ရသည် ။
" ဖေကြီး ဆိုင်လေ "
" ထွက်သွား !!!! "
" အာ့ "
သူ့ဘက်လှည့်ပြီး တွန်းထုတ်လိုက်တဲ့  ဖေကြီး အပြုအမူ  က ကြောက်စရာ ပင် ။
လက်က အကြောကြီးတွေ ထောင်နေကာ မျက်နှာကြီး ကလည်း ရဲတွတ်နေသေးသည် ။
" ဖေကြီး ဆိုင်ဆိုင် လေ ကျွန်တော် ပါ "
" ထွက်သွား လို့ နေကြည်အလင်းဆိုင်   !!!!!! "
သူ့ကို တစ်ခါမှ မအော်ဖူးတဲ့ ဖေကြီး ကအော်လိုက်တာမို့ နောက်ကို ဆိုင်  ခြေတစ်လှမ်း ဆုတ်လိုက်မိတယ် ။
ဟင့်အင်း ထွက်မသွားနိုင်ပါဘူး ဖေကြီးကို တစ်ယောက် ထဲ ထားပြီး တော့ ။
" ဘာဖြစ်နေတာလဲ ဖေကြီး "
" မထိနဲ့ ငါ့အသား "
ခလွမ်း ဒုန်း
ပစ္စည်းတွေ ရိုက်ခွဲပြစ်ကာ နံရံကို လက်သီးနဲ့ ထိုးနေတဲ့ ဖေကြီး ကြောင့် ဆိုင် အရဲစွန့်ပြီး ဖေကြီး ခါးကို သွားဖက်တော့ ဖေကြီး က သူ့အင်္ကျီကို ဆွဲဖြဲပြစ်လာသည် ။
" ဟင့်အင်း မလုပ်ပါနဲ့  ဆိုင်လေ ဆိုင်ပါ ဖေကြီး အီးးးးးးး "
သူငိုနေပေမဲ့ ဖေကြီး က သူ့အင်္ကျီ တွေကို ဆက်ဖြဲနေဆဲ ။
" ဆိုင် ကြောက်တယ် ဖေကြီး အီးးးးးး တောင်းပန်ပါတယ် ဆိုင် ကြောက်လို့ပါ "
" သား  "
ဦးနေသူ ခိုင်ထားခဲ့တဲ့  အချိုရည်သောက်ပြီးထဲက ခန္ဓာကိုယ် က ပုံမှန် မဟုတ်တာ ကို သတိပြုမိလာတယ် ။
တစ်ကိုယ်လုံး ပူထူလာပြီး စိတ်တွေ ကြွလာတာ ။ အာသာပြင်းပြလာပြီး သူထိန်းနေရင်း နဲ့ကို စိတ်တွေလွတ်ထွက်ကုန်တာ ။
အခုလည်း သူ့သားကို သူ အားးးးးးးး ဘာတွေလုပ်မိတာလဲ ။
သူ့သားလေး သူ့သားလေးက မျက်ရည်တွေ ကျနေတယ် ။
ဆွဲထားတဲ့ သားလက်ကို သူချက်ချင်း လွှတ်ပေးလိုက်တော့ သားက ရှိုက်ကြီးတငင် ကို ငိုချလာသည် ။
စောက်သုံးမကျတဲ့ ကောင်ကွာ မင်းသေရမှာ မင်းသေသွားရမှာ ။
ခွပ် ခွပ် ခွပ်
" မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဖေကြီး  ဖေကြီး ဆိုင်ပါ ဖေကြီး ဘာဖြစ်နေတာလဲ ဟင် ပြောပါဦး ဖေကြီး ရဲ့   "
နံရံကို ခေါင်းနဲ့ ပြေးဆောင့်နေတဲ့ ဖေကြီး ။ ဘာတွေ ဖြစ်ကုန်တာလဲ ။ သူတို့ မိသားစု လေးက ဘယ်သူ့ကို မှ ဒုက္ခမပေးဖူးပါဘူး ။ ဘာလို့ ဖေကြီး ကို ဒီလိုလုပ်ရတာလဲ ။
" ထွက်သွားစမ်း "
" ဦး "
" သွန်းသွန်း  "
အခန်းထဲ ကို ဝင်လာတဲ့ သွန်းသွန်း ကြောင့် ဆိုင် အမြန်ဆုံး ထကွယ်ကာ အပြင်ကို တွန်းထုတ်ရသည် ။
" ဦးက ဘာဖြစ်တာလဲ "
" သွန်းသွန်း ညီမလေး  ထွက်သွား သွားလို့  ဖေကြီး က ပုံမှန် မဟုတ်ဘူး "
" ဘာကို ပုံမှန် မဟုတ်တာလဲ နေကြည်အလင်းဆိုင်  ဖယ် ပေး သွန်းသွန်း ကြည့်မယ် "
" ဦး "
ပုံမှန် မဟုတ်တဲ့ ဦးကို သွန်းသုသုသာ ကြည့်နေရင်း ဒယ်ဒီ က ဒယ်ဒီ လိုချင်ရင် သမီး မကူညီလည်း ရအောင် ယူလို့ ရတယ် နော် လို့ ပြောခဲ့တဲ့ ဒယ်ဒီ့စကားသံများ ပြန်ကြားယောင်လာသည် ။
ဒါ ဒါက အပြင်းဆုံး လိင်စိတ်ကြွဆေး တွေ ဦး သုံးမိသွားတာမလား ။
စိတ်ကြွနေတဲ့ အချိန်အတွင်း တစ်ခုခုမှ မလုပ်ရရင် ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်တတ်ကြတာ သူသိတယ် ။
သူသာဝင်မလာခဲ့ရင် ဦး အသိစိတ်လွတ်တဲ့ တစ်ချက်မှာ  နေကြည်အလင်းဆိုင် ကို တစ်ခုခုလုပ်မိသွားမှာ ။
ဒယ်ဒီက သူ့အပေါ် ကို  သိပ်ရက်စက်တာပဲ ။
" ထွက်သွားကြ !!!!! "
" နေကြည်အလင်းဆိုင် အပြင်ထွက် "
" သွန်းသွန်း နင်ဘာလုပ်မလို့လဲ "
ဝတ်ထားတဲ့ အင်္ကျီ ကြယ်သီး တွေကို သွန်းသုသုသာ ကြောင့် ဆိုင် လှမ်းတားရပြန်သည် ။
" ဦးကို ဘာမှ မဖြစ်စေချင်ရင် နင်အပြင်ထွက်ပေး နေကြည်အလင်းဆိုင် "
" ဟင့်အင်း "
သူသိပြီ ဖေကြီး ဘာလို့ ဒီလို ဖြစ်နေလဲ ဆိုတာ သူသိပြီ ။ အစောတုန်းက သူ့ကို အင်္ကျီ ဆွဲဖြဲလိုက်တာရယ် အခု သွန်းသွန်း  က ကြယ်သီး တွေ ချွတ်နေတာ  ဘာလုပ်မို့လဲ ဆိုတာ ကို  ။
" မရဘူး သွန်းသုသုသာ "
ဖေကြီး ကို ပြန်ကြည့်တော့လည်း အခန်းထောင့်မှာ ထိုင်နေကာ ရီဝေဝေ နဲ့ ပါးစပ်က ပြောချင်တာ ပြောနေသည် ။
" နင် သိလား ဒီအတိုင်း ဆက်လွှတ်ထားရင် ဦး တစ်ခုခုဖြစ်သွားလိမ့်မယ် "
" အဲ့လို ဆိုရင်တောင် နင်တော့ မဖြစ်ဘူး သွန်းသုသုသာ "
" ဒါဆို နင်လား "
" သွန်းသုသုသာ  !!!!! "
နှစ်ယောက် လုံး မျက်ရည်တွေနဲ့ တစ်ယောက် ကို တစ်ယောက် ပြန်ကြည့်နေမိတယ် ။
" ငါ ဦးကို ချစ်တယ် နေကြည်အလင်းဆိုင် မြင်မြင်ချင်း ကို ချစ်တာ ။ နင်စိတ်ချပါ ဒီနေ့ပြီးတာနဲ့ ငါလုံးဝ ပျောက်ကွယ်သွားမှာပါ "
" မဖြစ်ဘူး လေ ညီမလေး ရယ် "
ဆိုင် ရင်တွေလည်း နာလှပါပြီ ။ တစ်ဖက်က ကိုယ့်အဖေ တစ်ယောက် က ကိုယ့်ညီမအရွယ်သာရှိသည့် သွန်းသွန်း ။
" တောင်းပန်ပါတယ် ငါ တောင်းပန်ပါတယ် နေကြည်အလင်းဆိုင် ရယ် "
" အဲ့လိုဆိုရင် တောင် မဖြစ်ဘူး သွန်းသွန်း လာခဲ့ "
သူ သွန်းသွန်း လက်ကို ဆောင့်ဆွဲလိုက်တော့ ဟိုက အတင်းရုန်းကာ ပြန်တွန်းထုတ်လာသည် ။
" သွန်းသွန်း  "
ဒုန်း
သွန်းသုသုသာ မီးအိမ်ယူကာ  နေကြည်အလင်းဆိုင် ခေါင်းကို ရိုက်ချလိုက်တယ် ။
" ငါ တောင်းပန်ပါတယ် ငါ့ကြောင့် "
အမြင်တွေ ဝေဝါးလာကာ ပစ်လဲကျသွားတာမို့  ဆိုင် သွန်းသွန်း ခြေထောက် တွေကို ဖက်တွယ်ထားမိသည် ။
" မ လုပ် ရ ဘူး သွန်း သု သု သာ "
မေ့သွားသူကို သွန်းသွန်း အပြင်ထုတ်ကာ ဦးရှေ့ထိုင်ချလိုက်တယ် ။
" ဦး "
" ထွက်သွား "
ရင်ခွင်ထဲ ဆွဲထည့်ကာ ဦးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိသည် ။
" မသွားဘူး "
" ငါ့ကို မထိနဲ့ "
" ဦးကို ချစ်တယ် "
နာကျင်နေသော နှလုံးသားနုနုလေးက ကွဲအက်ပျက်စီးသွားခဲ့ပါပြီ ။
သွန်းသုသုသာ ကိုယ်တိုင်ကိုယ်ကျ  ဖျက်စီးခဲ့တာပါ ။
GarlicBoom
Tue/July5
4:44PM
Zawgyi
" သဲငယ် "
" အင်း "
ပါ တဲ့ကွယ် ။
_________
" အဏ္ဏဝါ "
" ထွက်သွားပြီလား "
" နိုးပြီလား ဆိုင် "
" ဟုတ်ကဲ့ မေကြီး "
" ခိုင် "
" ရှင် "
" ခိုင်လေး "
" တောက်စ် "
" မမ !!!!!! "
" မမ သတိထားပါဦး မမ "
" ဘာဖြစ်တာလဲ ခိုင် "
" ကျေးဇူးပါပဲ "
" ဖေကြီး ဆိုင်လေ "
" ထွက်သွား !!!! "
" အာ့ "
" ဘာဖြစ်နေတာလဲ ဖေကြီး "
" မထိနဲ့ ငါ့အသား "
ခလွမ်း ဒုန်း
" သား  "
ခွပ် ခွပ် ခွပ်
" ထွက်သွားစမ်း "
" ဦး "
" သွန်းသွန်း  "
" ဦးက ဘာဖြစ်တာလဲ "
" ဦး "
" ထွက်သွားကြ !!!!! "
" ဟင့်အင်း "
" မရဘူး သွန်းသုသုသာ "
" ဒါဆို နင်လား "
" သွန်းသုသုသာ  !!!!! "
" မဖြစ်ဘူး လေ ညီမလေး ရယ် "
" သွန်းသွန်း  "
ဒုန်း
" ဦး "
" ထွက်သွား "
" မသွားဘူး "
" ငါ့ကို မထိနဲ့ "
" ဦးကို ချစ်တယ် "
GarlicBoom
Tue/July5
4:44PM
Continue Reading
You'll Also Like
55.3K 3K 43
ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထ...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
5M 406K 153
(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့တာလေ။ နေရှင်းခ.. ငါတို့နှစ်ယောက်ရဲ့ ဆုံစ...
395K 23.8K 38
"မန္တလေးမြို့မှာဒီကျုံးကြီးနဲ့ပန်းဝါတွေတည်ရှိနေသလိုပဲ နေးဆီမှာလည်းကိုယ့်ရဲ့နှလုံးသားကထာဝရတည်ရှိနေမှာပါ"