အပိုင်း(၁၅၁) အမြင့်သို့ ပစ်မြှောက်ခြင်း
တစ်ယောက်နှင့်တစ်ယောက် စက္ကန့်အနည်းငယ် ကြာအောင် စိုက်ကြည့်နေကြပြီးနောက် ဇီယန်သည် နှလုံးခုန်မြန်လာပြီး အကြည့်လွှဲလိုက်သည်။
သူ...သူ..ငါ့ကို လျှို့ဝှက်ချက် ပြောပြချင်တာလား။ သူဘာလုပ်နေတာလဲ။ သူ...သူ...ငါ့ကို လိုက်ချင်တာလား...
ဇီယန်သည် အနည်းငယ် စိတ်လှုပ်ရှားလာပြီး သူမ၏မျက်လုံးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်လာသည်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အား သူ၏လျှို့ဝှက်ချက်များကို ပြောပြသည့်အကြောင်းအရင်းက ထိုယောက်ျား၏စိတ်ထဲတွင် နီးကပ်သောဆက်ဆံရေးရှိနေသည့်အတွက်ဖြစ်ကြောင်း သူမ သိရှိသည်။
"သိပ်မကြာခင်မှာ" ကျန်းဟန်က ပြုံးလိုက်ရင်း စကားဆက်သည်။
"ဒီနေရာက သုခဘုံတစ်အဖြစ်ပြောင်းလဲသွားတာကို မင်းတွေ့ရမှာပါ"
သူ၏စကားကို ကြားသည့်အခါ ဇီယန်သည် သူ့အား ကြည့်လိုက်၏။ သူမ စကားပြောရန်ပြင်လိုက်သည့်အခိုက်တွင် ရုတ်တရက် ကြီးမားသည့် ပုံရိပ်ကြီးတစ်ခုက တောင်ထိပ်မှ ပြေးဆင်းလာသည်။
ဇီယန် လှမ်းကြည့်လိုက်သည့်အခါ သူမ၏မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာသည်။
"ဘာ....ဘာ..ကြီးလဲ"
"ချင်ပန်ဇီလား။ သူက ဘာလို့ အဲ့လောက်ကြီးနေရတာလဲ"
"အား... အဲ့ဒါကြီး လာနေပြီ"
ဇီယန်သည် မသိစိတ်က သူမ၏လက်များကို ကျန်းဟန်၏လက်မောင်းအား ဖက်တွယ်လိုက်ပြီး သူ၏ရင်ခွင်တွင် ဖိကပ်ကာ သူ့အား မှီတွယ်လိုက်သည်။ အထိအတွေ့က ကျန်းဟန်၏ နှလုံးခုန်နှုန်းကို ပို၌ မြန်လာစေသည်။
သို့သော် နောက်အခိုက်အတန့်တွင် ဇီယန်သည် ချက်ချင်း လက်အား လွှတ်လိုက်သည်။ သူမသည် မုန့်မုန့်၏ ရှေ့သို့ အမြန်ပြေးသွားကာ ကာလိုက်ပြီး သူမတို့ဆီ ပြေးလာနေသော တာဟေးအား ကြောက်ရွံ့စွာ ကြည့်လိုက်၏။
"အိုး...မေမေ မုန့်မုန့်ရှေ့က ဖယ်ပေးဦး။ တာဟေးက သမီးကို လာကြိုတာ" မုန့်မုန့်သည် ဇီယန်ထံမှ အမြန်ပြေးထွက်သွားသည်။
အဖြစ်အပျက်ကို မြင်လိုက်ရပြီးနောက် ဇီယန်မှာ အံ့ဩသွားသည်။
တာဟေးလား...
ဘာတွေဖြစ်နေတာလဲ...
သူမ သတိပြန်ဝင်လာချိန်တွင် ကျန်းဟန်က သူမ အနားသို့ ရောက်လာပြီး သူမ၏ကျောပြင်အား ပုတ်ကာ
"မစိုးရိမ်ပါနဲ့။ သူ့နာမည်က တာဟေး။ သူက ဒီမှာ အိမ်တော်ထိန်းလေ။ သူက ရှောင်ဟေးရဲ့ ညီအစ်ကိုဆိုလည်း ဟုတ်တယ်"
"အမ်" ဇီယန်မှာ အံ့အားသင့်သွားပြီး သူမ၏ရှေ့မှ မြင်ကွင်းကို သေချာစိုက်ကြည့်နေသည်။
သို့သော် ချင်ပန်ဇီသည် မုန့်မုန့်အား ဂရုတစိုက်ရှိပြီး အတူကစားနေသည်ကို မြင်သည့်အခါ ဇီယန်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။
ဇီယန်သည် စိတ်တည်ငြိမ်သွားသည့်အခါ ကျန်းဟန်၏လက်က သူမ၏ကျောပြင်အား ထိနေသည်ကို ခံစားမိလိုက်ပြီး ချက်ချင်း ပူလောင်လာသည်။ သူမသည် အမြန်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကျန်းဟန်အား မျက်စောင်းထိုးရင်း ရှက်ရွံစွာ ပြောသည်။
"ဘယ်သူက ကြောက်နေလို့လဲ။ ဟွန့် အားလုံး ရှင့်အမှားပဲ။ ဒီမှာ ချင်ပန်ဇီတစ်ကောင်ရှိနေတာကို ကြိုမပြောထားဘူး"
"မင်းမှ မမေးတာ..." ကျန်းဟန် ပြောစရာ စကားမဲ့သွားသည်။
"ကျွန်မက မမေးတာနဲ့ ရှင်က မပြောတော့ဘူးပေါ့။ ရှင် တမင်သက်သက်လုပ်တာမဟုတ်လား။ ရှင် ကျွန်မကို အိမ်ရှင်မတစ်ယောက်လို မဆက်ဆံဘူး"
ဇီယန်သည် ပြောလိုက်ပြီးခါမှ ရုတ်တရက် သူမ၏မျက်နှာသည် နီရဲလာကာ ကျန်းဟန်၏ဘက်မှ ခေါင်းလှည့်လိုက်သည်။
သူမ၏ရှက်ရွံ့နေသည့်ပုံစံကို တွေ့လိုက်ရသည့်အချိန်တွင် ကျန်းဟန်မှာ အံ့အားသင့်သွားပြီး နှလုံးခုန်သံများ မြန်လာသည်။
"မေမေ ဒီကိုလာ"
ကံကောင်းစွာဖြင့်ပင် သူမ ရှက်ရွံ့နေသည့်အချိန်၌ မုန့်မုန့်က သူမအား ခေါ်လိုက်သည်။
ဇီယန်သည် မုန့်မုန့်ဆီသို့ လျှောက်သွားသည်။
ကျန်းဟန် ပြုံးလိုက်ပြီး သူမ နောက်မှ လိုက်သွား၏။ သူနှင့် ဇီယန်သည် မုန့်မုန့်နှင့်အတူ မိသားစုတစ်ခုပမာ ပို၍ပို၍ ဆင်တူလာ၏။
"မေမေ တာဟေးကို မတွေ့ဖူးသေးဘူးမလား။ အမ်ဟမ့် တာဟေး။ ဒါက အလှဆုံး ငါ့ရဲ့ မေမေပဲ။ နှုတ်ဆက်လိုက်ဦး" မုန့်မုန့်သည် တာဟေးအားကြည့်ကာ လေးလေးနက်နက်ပြောသည်။
"ဝူး"
တာဟေးသည် နှုတ်ခမ်းရှုံ့ပွရှုံ့ပွလုပ်ရင်း မည်သို့ နှုတ်ဆက်ရမည်ကို စဉ်းစားနေသည်။ ခဏအကြာတွင် သူ၏လက်များကို ဇီယန်၏လက်သီးဖြင့် ထိတွေ့ရန် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
သို့သော် သူ၏လက်ဝါးပေါ်ရှိ ဆီများကို တွေ့လိုက်ရသည့်အခါ အလျင်စလို ပြန်ရုတ်လိုက်ပြီး သူ၏အမွှေးများဖြင့် သုတ်လိုက်သည်။ ထိုနောက် သူ၏လက်များကို ဇီယန်ထံသို့ ပြန်၍ ဆန့်ထုတ်လိုက်သည်။
"သူဘာလုပ်ချင်နေတာလဲ" ဇီယန်မှာ ခေတ္တကြောင်အသွား၏။
"အာ မေမေက အရမ်းတုံးတာပဲ။ တာဟေးက သူ့ရဲ့လက်ကို မေမေ့ရဲ့လက်သီးနဲ့ ဒီလိုမျိုး ထိပြီး နှုတ်ဆက်နေတာလေ" မုန့်မုန့်သည် သူမလေး၏ လက်သီးနှစ်ဖက်ကို အကြိမ်အနည်းငယ် ထိပြသည်။
ဇီယန်မှာ နားလည်သွား၏။ သူမသည် ပြုံးကာ လက်သီးကို ဆန့်ထုတ်လိုက်ပြီး တာဟေး၏ ကြီးမားသည့် လက်သီးကြီးကို ထိလိုက်သည်။
တာဟေးမှာ သူ့ကိုယ်သူ တောင့်မထားသဖြင့် သူ၏လက်သီးမှာ အတော်လေး ပျော့ပြောင်းနေသည်။ ဇီယန်သည် သူ၏လက်မှ အမွှေးများမှာ အလွန်နူးညံ့ချောမွေ့သည်ကို ခံစားမိသည်။
"ဝူး ဝူး ဟား ဟား..."
တာဟေးမှာ ရယ်မောလိုက်ပြီး ရင်ဘတ်အား လက်သီးဖြင့် အကြိမ်အနည်းငယ် ထုသည်။
"ဝူး ဝူး ဝူး..."
သူသည် အလွန် ပျော်ရွှင်သွား၏။
"ခစ်ခစ်..တာဟေး အခု ငါ့မေမေကို နင်တွေ့ဖူးပြီ။ ငါ့ရဲ့ မေမေက လှတယ်မလား" မုန့်မုန့်သည် ကလေးသံလေးဖြင့် မေးသည်။
အခွင့်အရေးကို ချောင်းနေသော် ရှောင်ဟေးသည် ရလာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သည်။ သူ၏ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြပြီး ဖန်အသေးစားလေးကဲ့သို့ ပြုမူသည်။
တာဟေးမှာ ပထမတွင် အံ့ဩနေသည်။
"ဝူး"
သူသည် ဇီယန်အား ခဏလောက်ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေသည်။ သူ၏အတွေးများမှာ ဝေဝါးနေသော်လည်း သူ၏စိတ်ထဲကအတိုင်း ခေါင်းခါပြသည်။
သူမသည် လှပခြင်းမရှိဘဲ အလွန်ပိန်ပါးလွန်းလှပြီး မျောက်ဝံမများကဲ့သို့ ချစ်စရာကောင်းခြင်းမရှိဟု သူက တွေးသည်။
"အမ်"
"ဟမ်"
ဇီယန်နှင့် မုန့်မုန့်တို့မှာ တစ်ချိန်တည်းလိုလို အံ့အားသင့်သွားကြသည်။ ဇီယန်သည် တာဟေးက ခေါင်းယမ်းလိမ့်မည်ဟု မမျှော်လင့်တားပေ။
သူက ဘာကိုဆိုလိုတာလဲ...ငါ့ကို လှတယ်လို့ မထင်ဘူးပေါ့...
"ဟွန့်" မုန့်မုန့်သည် နှုတ်ခမ်းလေးစူလိုက်ပြီး ခါးထောက်ကာ မကျေမနပ်ပြောသည်။
"တာဟေး နင်ဘာကို ဆိုလိုတာလဲ။ ငါ့ရဲ့ မေမေက မလှဘူးလို့ နင်ထင်တာလား။ ဘာလို့ နင်ခေါင်းခါတာလဲ"
"ဝူး ဝူး ဝူး..."
တာဟေးသည် သူမပြောသည်ကို ကြားလိုက်ရသည့်အခါ အမြန်ခေါင်းညိတ်ပြပြီး သူ၏လက်ကို ဆန့်ထုတ်ကာ လက်မထောင်ပြသည်။
"ဟွန့် အရမ်းနောက်ကျသွားပြီ" ဇီယန်သည် မျက်စောင်းထိုးလိုက်သည်။
တာဟေး၏ တွန့်ဆုတ်နေသည့်အမူအရာမှတဆင့် သူသည် ထိုသို့မဆိုလိုကြောင်း သူမ သဘောပေါက်သည်။ တာဟေး၏ အလှအပသတ်မှတ်ချက်သည် လူသားများနှင့် မတူသည်မှာ သေချာပေသည်။
"အမ်ဟမ့်။ အဲ့လိုလုပ်ပါ" တာဟေး ခေါင်းညိတ်သည်ကို တွေ့သည့်အခါ မုန့်မုန့်မှာ ကျေနပ်သွားသည်။
"တာဟေး...ဟို..အပေါ်ကို ပစ်ပြီး ကစားမယ်"
"ဝူး" တာဟေးက ပြန်ပြောလိုက်ပြီး သူ၏လက်ကို အောက်နှိမ့်ကာ မုန့်မုန့်ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
သို့သော် သူ၏လက်များက မုန့်မုန့်၏ရှေ့သို့ ရောက်သည့်အခါတွင် သူမလေးသည် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။ နောက်ဆုတ်ရင်းဖြင့် သူမလေးသည် မကျေမနပ်နှင့် ပြောသည်။
"အာ တာဟေး နင်က အရမ်းတုံးတာပဲ။ မေမေ့ကို အပေါ်ပစ်ခိုင်းတာ။ မုန့်မုန့်ကို မဟုတ်ဘူး"
"ဝူး ဝူး"
တာဟေးမှာ ကို့ယို့ကားယားအမူအရာဖြစ်သွားကာ ခေါင်းကို လက်ဖြင့်ကုတ်လိုက်ပြီး ဇီယန်ဆီသို့ သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ဇီယန်၏မျက်လုံးများမှာ တဖြည်းဖြည်းပြူးကျယ်လာသည်နှင့် ရုတ်တရက် တာဟေးက သူမအား ကောက်မ၍ အပေါ်သို့ ပစ်မြှောက်လိုက်၏။
"အား..."
ပေါ့ပါးသွားသည့်ခံစားချက်က ဇီယန်အား အနည်းငယ် ကြောက်လန့်သွားစေသဖြင့် သူမ အော်ဟစ်လေသည်။
တာဟေးမှာ အံ့ဩသွား၏။
သခင်မက ဘာလို့အော်ဟစ်နေတာလဲ။ သခင်မလေးတောင် မအော်ဘူး...
တာဟေးသည် စဉ်းစားနေရင်းဖြင့် ရပ်တန့်မနေဘဲ လေပေါ်သို့ ထပ်ခါထပ်ခါ ပစ်မြှောက်နေသည်။
မုန့်မုန့သည် အနားတွင် ရပ်ကြည့်နေပြီး တခစ်ခစ်ရယ်နေ၏။ မင်းသမီးလေးးသည် သူမ၏မေမေက ဤကစားနည်းအား နှစ်သက်သည့်အတွက်ကြောင့် အမှန်တကယ် ပျော်ရွှင်နေသည်။
ကျန်းဟန်သည်လည်း လေထဲသို့ ပစ်မြှောက်ခံနေရသည့် ဇီယန်အား ပြုံးကာ ကြည့်နေသည်။ သို့သော် ရုတ်တရက် ကျန်းဟန် ကြက်သေသေသွားသည်။
ဇီယန်သည် ယနေ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှည်များကို ဖြည်ချထားသည့်အတွက် သူမအား ကြည့်ရသည်မှာ တက်ကြွလန်းဆန်းနေသည်။ သို့သော် တာဟေးက သူမအား ပစ်မြှောက်လိုက်သည့်အချိန်တွင် သူမ၏အဝတ်အစားများက လေတိုက်သဖြင့် လွင့်နေခဲ့သည်။
ကျန်းဟန်၏ရှုထောင့်မှကြည့်လျှင် အတွင်းထဲမှ ပန်းရောင်ဖျော့ဖျော့ ဇာအတွင်းခံလေးကို မြင်နေရ၏။
ဤအခိုက်တွင် ကျန်းဟန်သည် တောင့်တင်းသွားပြီး အနည်းငယ် ပူလာသည်။ သိသာစွာပင်...သူသည် လိင်ကိစ္စနှင့်မထိတွေ့ရသည်မှာ အလွန်ကြာခဲ့ပေပြီ။
"ရပြီ ရပြီ။ မုန့်မုန့်အလှည့်ရောက်ပြီ။ တာဟေး ငါ့အလှည့်ပဲ။ ငါ့ကို မြင့်မြင့်လေး မြှောက်ပေးပါ"
မုန့်မုန့်သည် လက်မောင်းလေးများကို မြှောက်ကာ အော်ပြောသည်။
"ဝူး..."
တာဝေးက တုံ့ပြန်လိုက်ပြီး ဇီယန်အား နောက်ဆုံးတွင် အောက်ချပေးလိုက်၏။
ဇီယန်သည် မြက်ခင်းပေါ် ခြေထောက်လိုက်သော်လည်း သူမ၏ခြေထောက်များမှာ အားနည်းလွန်းနေသဖြင့် မတ်တပ်ပင် မရပ်နိုင်အောင်ဖြစ်သွားသည်။
သို့သော် ကျန်းဟန်သည် သူမအား တစ်ချိန်လုံးစိုက်ကြည့်နေသည်။ ဇီယန်သည် မြက်ခင်းပေါ်လဲကျခါနီးတွင် ယောက်ျားပီသသည့် ခန္ဓာကိုယ်ပေါ်သို့ မှီကျသွားပြီး သူမအား သူ၏ရင်ခွင်ထဲသို့ ဆွဲပွေ့ထိန်းပေးလိုက်သည်။
"အမ်.."
ဇီယန်မှာ အော်လိုက်မိပြီး ကျန်းဟန်အား မော့ကြည့်လိုက်ရာ သူ၏ယောက်ျားပီသမှုက သူမအား အသက်ရှုကြပ်သွားစေသည်။
သူမသည် အလန့်တကြားဖြင့် ခေါင်းပြန်ငုံ့လိုက်၏။ သူမ၏ လည်တိုင်သွယ်လျလျမှ နားရွက်များအထိ နီရဲတက်လာပြီး နောက်ဆုံးတွင် သူမ၏ နူးညံ့လှပသည့် ပါးပြင်များအထိ ပြည့်လွှမ်းသွားသည်။
အသက်ကို ခပ်ပြင်းပြင်းရှူသွာင်းလိုက်ပြီးမှသာ ပြန်၍ တည်ငြိမ်လာသည်။ သူမသည် ပြုံးနေသည့် ကျန်းဟန်အား မော့ကြည့်ကာ
"နင်က ဘာရယ်တာလဲ။ အားလုံးရှင့်အပြစ်ပဲ။ ကျွန်မကို လွှတ်ဦး"
ဇီယန်သည် မတ်တပ်ထရပ်လိုက်ပြီး ကျန်းဟန်၏လက်များကို တွန်းထုတ်လိုက်သည်။
ရှက်ရွံ့နေသည့် ဇနီးလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။
"ဘာလို့ အဲ့လောက်ကြောက်နေရတာလဲ" ကျန်းဟန်က အကူအညီမဲ့စွာ ပြောသည်။
တာဟေးသည် သူမအား တအားအမြင့်ကြီး ပစ်မြှောက်ခြင်းမရှိဘဲ ပေါ့ပါးလွတ်လပ်သည့် ခံစားချက်ကို ခံစားရစေသည်။ ၎င်းက အနည်းငယ် စိတ်လှုပ်ရှားဖို့ကောင်းသည် မဟုတ်ပါလား။
"ဘယ်သူက ကြောက်နေလို့လဲ...ဟွန့်... ကျွန်မက အဆင်သင့်မဖြစ်သေးရုံပဲနော်" ဇီယန်သည် ခေါင်းမာစွာပင် ငြင်းလိုက်ပြီး ကစားနေသည့်မုန့်မုန့်အား ကြည့်လိုက်ကာ မနိုင်စိန်လေးဆိုသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။
"ဒီကောင်မလေးကတော့.."
"အိုး...ဟူး..." မုန့်မုန့်သည် မိနစ်အနည်းငယ်ကစားပြီးနောက်တွင် ကလေးသံလေးဖြင့် အော်လိုက်သည်။
"ရပြီ ရပြီ အောက်ချတော့"
တာဟေးသည် မုန့်မုန့်၏စကားကို ကြားသည့်အခါ အောက်ချပေးလိုက်၏။
ထိုအချိန်တွင် ရှောင်ဟေးမှာ အနည်းငယ်စိတ်ဓာတ်ကျနေသည်။ သူ၏လျှာကို ရှေ့နောက် ဟောဟဲလုပ်ရင်း "သေးစမ်း...ဒီမျောက်မသား တာဟေးက ဖားယားတဲ့နေရာမှာ သောက်ရမ်းတော်တာပဲ" ဟု တွေးနေသည်။
"မေမေ အပေါ်ကို ပစ်မြှောက်ကစားရတာ ပျော်ဖို့ကောင်းလားဟင်" မုန့်မုန့်သည် ဇီယန်၏ရှေ့သို့ ပြေားလာပြီး ခေါင်းလေးမော့ကာ မေးသည်။
"ဒါပေါ့" ဇီယန်သည် မုန့်မုန့်အား ထောက်ခံလိုက်သော်လည်း သူမ၏နှုတ်ခမ်းထောင့်မှာတော့ တွန့်သွား၏။
"မေမေ နောက်ထပ်နည်းနည်းလောက် ကစားချင်လား" မုန့်မုန့်သည် ရိုးသားစွာပင် မေးသည်။
"အာ..."
ဇီယန်မှာ ရုတ်တရက် ကြောင်အသွားသည်။ သူမသည် ခေါင်းအား အလန့်တကြား ခါယမ်းလိုက်ပြီး "မေမေတို့ တစ်ချိန်လုံးကစားနေလို့မရဘူးလေ။ မေမေတို့ အနားယူဖို့လိုသေးတယ်" ဟု ပြောလိုက်သည်။
ကျန်းဟန်မှာ မရယ်ဘဲ မနေနိုင်တော့။ ဇီယန်သည်လည်း ဤကဲ့သို့ ချစ်စရာကောင်းသည့် တစဖက်ခြမ်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မထင်ထားခဲ့ချေ။
"အွန်း....ကောင်းပြီ" မုန့်မုန့်က သူမ၏စကားကို နာခံသည်။
"ဒါဆို သွားကြမယ်။ ခွေးကလေးတွေနဲ့ သွားပြီးကစားမယ်။ တာဟေး ငါ နင့်ရဲ့ဂုတ်ပေါ်ထိုင်ဦးမယ်။ ရှောင်ဟေး ရှေ့ကသွား"
သူမ၏စကားကို ကြားသည့်အခါ တာဟေးက ခါးကုန်ကာ သူမလေးအား ကောက်ကိုင်လိုက်ပြီး ပုခုံးပေါ်တင်ပေးရန်ပြင်လိုက်စဉ် ဇီယန်နှင့် ကျန်းဟန်သည် ရှေ့မှသွားကြသည်။
"အာ..ဖေဖေ မေမေ့ရဲ့လက်ကို ဘာလို့မကိုင်ထားတာလဲ"
ပြောနေရင်းဖြင့် မုန့်မုန့်သည် ကျန်းဟန်၏လက်နှင့် ဇီယန်၏လက်အား ဆုပ်ကိုင်လိုက်သည်။ သူတို့၏လက်များအတူတူဆုပ်ကိုင်မထားမချင်း သူမလေးသည် မကျေနပ်သေးဘဲ တာဟေး၏ပုခုံးပေါ်အား မတက်ပေ။ သူတို့နှစ်ရောက် လက်တွဲကိုင်လိုက်မှသာ ကျေနပ်သွားသည်။ မင်းသမီးလေးသည် ကျန်းဟန်နှင့်ဇီယန်အား ကြည့်ရင်း အလွန်ပျော်ရွှင်နေ၏။
အမှန်ပင်။ ဤသို့မှသာလျှင် သူတို့သည် ချစ်သူစုံတွဲတစ်တွဲနှင့်တူညီသွားခဲ့သည်။
ဇီယန်၏လက်ကို ဆုပ်ကိုင်ထားရင်း ကျန်းဟန်သည် သူမ၏အသားအရည်မှာ နူးညံ့ချောမွေ့သည်ဟု ခံစားလိုက်ရ၏။ သူနှင့် ဇီယန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ ဇီယန်၏မျက်န်းများတွင် ရှက်ရွံ့နေမှုကို တွေ့လိုက်ရသည်။
နှစ်ယောက်သား ရှေ့မှ အရင်ဆုံး လျှောက်သွားကြသည်။ ယန်မိုးကြိုးသစ်ပင်အနားသို့ရောက်သည့်အခါ တာဟေးနှင့် ရှောင်ဟေးက သူတို့နှစ်ယောက်အား ကျော်တက်သွား ရှေ့မှဦးဆောင်၍ အိမ်မွေးတိရိစ္ဆာန်ဧရိယာသို့ သွားကြသည်။
"ရှင် ကျွန်မကို မလွှတ်တော့ဘူးလား" ဇီယန်မှာ အနည်းငယ် ရှက်ရွံ့နေ၏။ သူမသည် လက်အား ညင်သာစွာ ဆွဲဖယ်လိုက်သော်လည်း မအောင်မြင်သည့်အတွက် ရှက်ရွံ့စွာ ပြောလိုက်ခြင်းဖြစ်သည်။
-အပိုင်း(၁၅၁) ပြီး
wunzinnosp