အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...
By daddyzhanghan
70.7K 6.1K 23
Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More
Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....
အပိုင်း(၁၃၇)
298 22 0
By daddyzhanghan
အပိုင်း(၁၃၇)သီချင်းလေးပုဒ်
မြူးကြွသည့် နောက်ခံတီလုံးဖြင့် တွဲစပ်ကာ ရှုလန်သည် ပထမအပိုဒ်၏စာသားများကို စတင်သီဆိုသည်။
"မင်းကိုချစ်တာ ရလဒ်မရှိကြောင်းသိပေမဲ့ မင်းငါ့ကို ချိုမြိန်မှုတွေပေးလိမ့်မယ်လို့ ငါမျှော်လင့်ရင်း ရူးသွပ်နေဆဲ...။ ငါက အားနည်းပြီး မင်းကို လက်လှမ်းမမှီနိုင်တော့...။ ငါ့ရဲ့စိတ်ကူးယဉ်မှုတွေကို ဒီသီချင်းနဲ့ထည့်ရေးထားမယ်။ မင်းနဲ့အတူ ပျံသန်းမယ်။ မင်းနဲ့ အတူတူရှိမယ်။ မင်းနဲ့အတူ မျှဝေခံစားမယ်။ မင်းနဲ့သာဆိုရင် ငါပျော်ရွှင်တယ်။ မင်းနဲ့အတူ အရာများစွာ ငါလုပ်ချင်တယ်။ ဒါပေမယ့် မင်းကိုပဲလွမ်းတယ်"
စာသားများမှာ ရှုလန်၏နှလုံးသားထဲကို လုံးဝ ထိခတ်သွား၏။ သူမ၏အမြင်တွင် အချစ်သည် ချိုမြိန်၍ ရိုမန်တစ်ဆန်သည်။ ကံမကောင်းစွာပင် ရလဒ်မှာ ပြောင်းပြန်ဖြစ်ခဲ့၏။ ဝေ့ချန်ဒုန်၏မိသားစုမှာ ဆင်းရဲသည့်အတွက်ကြောင့် သူမ၏မိဘများက သဘောမတူခဲ့ပေ။ အခက်အခဲများစွာကို ကြုုံ့တွေ့ဖြတ်သန်းရနိုင်ကြောင်း သူမသိရှိသော်လည်း သူမသည် သူ့အား ဆက်ချစ်နေပြီး သူနှင့်အတူ ရုန်းကန်ဖြတ်သန်းခဲ့၏။
စာသားများနှင့် တေးသွားက သူမ၏စိတ်ထဲမှ မျှော်လင့်ထားသည့် အချစ်ကို ဖော်ပြနေသလိုပင်။ သူမလက်ကိုင်ထားသည့် အနာဂတ်ကို သီချင်းထဲတွင် ရေးသားထား၏။ သူမတွင် လုပ်စရာအများကြီးရှိသေးပြီး အနာဂတ်တွင် ထိုအရာအားလုံးကို ကြိုးစားကြည့်နိုင်ဖို့ မျှော်လင့်သည်။
သူမ၏အပိုဒ်ပြီးသွားသည့်အခါ ဝေ့ချန်ဒုန်က မိုက်ကို ဆွဲယူကာ စတင်သီဆိုသည်။
"ကိုယ့်ရဲ့အချစ်ကို ပိတ်ကားထက်မှာ ပြသရရင် ကိုယ့်နှလုံးသားကို ပျားရည်တွေ ဖုံးလွှမ်းထားသလိုပါပဲ။ မင်းရဲ့အကြည့်က ကိုယ့်ကို ညှို့ယူဖမ်းစားထားသလို မင်းရဲ့အလှအတွက် အရာအားလုံး ကိုယ်စွန့်လွှတ်နိုင်တယ်။ ရည်းစားဟောင်းကိုတောင် သူငယ်ချင်းတွေနဲ့ မိတ်ဆက်မပေးဘူးပေမယ့် မင်းအကြောင်းကို ကိုယ်အမြဲပြောတယ်..."
ဝေ့ချန်ဒုန်သည် ဤသီချင်းကို နက်ရှိုင်းစွာ နားလည်ပေသည်။ ဤသီချင်းသည် အွန်လိုင်းအချစ်ဇာတ်လမ်းအကြောင်း ဖြစ်ကြောင်း သူသိ၏။ ထိုဇာတ်လမ်းတွင် ဇာတ်လိုက်သည် သူ၏အချစ်မှာ မရေမရာဖြင့် အဆုံးသတ်မည်ကို သိရှိသော်လည်း သူ၏ချစ်သူအား စွဲလမ်းပြီး သူ၏စိတ်ကူးယဉ်အချစ်ဖြင့် ခံစားချက်ကို ဖော်ပြလိုခဲ့သည်။
သီချင်းဆို၍ အပြီးတွင်တော့ နှစ်ယောက်လုံး ခဏလောက် ငြိမ်သက်သွားခဲ့ပြီး သီချင်း၏အနှစ်သာရကို ခံစားကြည့်လိုက်ကြ၏။
"ဒေါက် ဒေါက် ဒေါက်"
ရုတ်တရက် တံခါးခေါက်သံကြောင့် သူတို့ သတိပြန်ဝင်လာကြသည်။
ဝေ့ချန်ဒုန်သည် တံခါးဖွင့်ရန် လျှောက်သွားလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ မောပန်းနေသည့် အစားအသောက်ပို့သည့်လူကို တွေ့လိုက်ရသည်။
"အာ အစ်ကိုကြီး ကျွန်တော်ခင်ဗျားကို‌ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်နေတာ။ ဘာလို့ မကိုင်ရတာလဲဗျာ။ ကျွန်တော် လှေကားကနေ ခြေချင်တက်လာရတယ်"
"အာ" ဝေ့ချန်ဒုန်၏မျက်နှာမှာ ရဲသွား၏။ အစားအသောက်လာပို့သူ၏မျက်ရည်များဝဲနေသည့်အမူအရာကို ကြည့်ပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။ အနည်းငယ် နေရခက်သည့်အမူအရာဖြင့် "တောင်းပန်ပါတယ် ကျွန်တော် ဖုန်းက အားကုန်ပြီး ပါဝါပိတ်သွားလို့။ အားသွင်းထားတာကို မေ့သွားမိတယ်။ ကျွန်တော့်အမှားပါ တောင်းပန်ပါတယ်ဗျ"
"ကောင်းပြီ ကျွန်တော်ကို မှတ်ချက်ကောင်းကောင်းလေးပေးဦးနော်" အစားအသောက်ပို့သူသည် လက်ကို ဝှေ့ယမ်းပြကာ လှည့်ထွက်သွားသည်။
"ကောင်းပြီ ကောင်းပြီ။ ကျွန်တော် ရေးပေးပါ့မယ်" ဝေ့ချန်ဒုန်သည် ခေါင်းကို ထပ်တလဲလဲညိတ်လိုက်သည်။ ထို့နောက် သူသည် ကြက်ကြော်များကို ယူလာပြီး ကွန်ပြူတာစားပွဲပေါ်တွင်တင်ကာ "ဒါအရင်စားလိုက်ရင်း စာချုပ်ကို ကြည့်ကြတာပေါ့"
"အင်း" ရှုလျန်က ပြုံး၍ ပြန်ဖြေသည်။
သူတို့နှစ်ဦးသည် ညလယ်စာ ကြက်ကြော်ကို စားရင်း စာချုပ်ကို ကြည့်ရှုကြ၏။
"မူပိုင်ခွင့်အပြည့်အဝလွှဲပြောင်းခြင်းလား။ မဖြစ်နိုင်တာ။ ငါဘာကြီးမြင်လိုက်ရတာလဲ။ တကယ်ကြီးလား။" ဝေ့ဒုန်ချန်သည် စားနေသည့် ကြက်ကြော်ပင် ပြုတ်ကျတော့မတတ်ပြောသည်။
မူပိုင်ခွင့်အပြည့်အဝလွှဲပြောင်းသော သီချင်းများမှာ အလွန်ရှားပါသည်။ အများအားဖြင့် တေးရေးဆရာများသည် ရှယ်ယာပိုင်ဆိုင်ခြင်းဖြင့် စာချုပ်ချုပ်ဆိုကြပြီး အထူးသဖြင့် ထိုကဲ့သို့ မာစတာပိစ်သီချင်းများကို ရေးသားနိုင်သည့် တေးရေးဆရာများပင်ဖြစ်ကြသည်။
"အမှန်ပဲ။ ရှင်မြင်လိုက်တာတကယ်ကြီးပဲ"
ရှုလန်သည် အောက်မှပါသည့် အချက်အလက်များကို သတိပြုမိသွားပြီး နာကျင်စွာဖြင့် "အောက်က အချက်အလက်တွေကိုလည်းကြည့်ဦး ဒီသီချင်းက ယွမ် ၂ သိန်းတောင်မှ ရှိတယ်"
"ဟမ်...ယွမ် ၂ သိန်းလား" ဝေ့ချန်ဒုန်မှာ အေးခဲသွား၏။ သူ၏မျက်နှာမှာ ခါးသီးမှုများ ဖြတ်သန်းသွားပြီး "ကိုယ်တို့မှာ ယွမ် ၂ သိန်းမရှိဘူး"
နှစ်အနည်းငယ် ကြိုးစားရုန်းကန်ခဲ့ပြီးနောက်တွင် သူတို့သည် ယွမ် ၁၂၀၀၀၀ ခန့်သာ စုဆောင်းနိုင်ခဲ့ကြသည်။ သူတို့၏ လစဉ်ဝင်ငွေမှာ အတန်သင့်များသော်လည်း သူတို့၏နေထိုင်မှုစရိတ်နှင့် သီချင်းများအတွက် ကုန်ကျစရိတ်များနှင့် မကာမိကြပေ။
အားလုံးသိကြသည့်အတိုင်းပင် မြို့ကြီးတစ်မြို့တွင်နေထိုင်ပြီး တစ်လ ယွမ် ၅ ထောင်လောက် ဝင်ငွေက ဘာမှ လုပ်၍မရနိုင်ပေ။ အစားအသောက်၊ အဝတ်အစား၊ နေရေးထိုင်ရေး၊ သွားရေးလာရေးမှာ အကုန်အကျများလွန်းသောကြောင့် သူတို့ အသက်ရှင်ရပ်တည်ဖို့သာ စီမံနိုင်သည်။
"ဒါဆို ကိုယ်တို ဘယ်လိုလုပ်ကြမလဲ။ ကိုယ်တို့... ကိုယ့်သူငယ်ချင်းတွေဆီက ပိုက်ဆံချေးလိုက်မလား" ဝေ့ချန်ဒုန်က တုံ့ဆိုင်းစွာ ပြောသည်။ ဤသီချင်းကို သူတို့ လက်မလွတ်ချင်ပေ။
"ရှင့်သူငယ်ချင်းတွေဆီကလား။ ထားလိုက်ပါတော့။ ရှင် သူတို့ဆီက ချေးရင်တောင် ကျွန်မတို့ လောက်မှာမဟုတ်ဘူး" ရှုလန်က ခေါင်းယမ်းကာ ပြောသည်။
သူ၏သူငယ်ချင်းများမှာ ချမ်းသာကြွယ်ဝသူများမဟုတ်ဘဲ သာမန်လူတန်းစားများသာဖြစ်ပြီး သူတို့အားလုံးသည် သူ့အား ယွမ် သုံးထောင်မှ ငါးထောင်ခန့် ချေးပေးနိုင်ကြမည့်သူများဖြစ်သော်လည်း ယွမ် ၁ သိန်းကို တစ်ခါတည်း ချေးပေးရန်မှာ မဖြစ်နိုင်။
"အင်း ကိုယ့်မိဘတွေကလည်း ပိုက်ဆံအများကြီးမရှိဘူး။ သူတိုက နည်းနည်းလောက်တော့ ပေးနိုင်ပေမယ့် မလောက်သေးဘူး" ဝေ့ချန်ဒုန်က ဝမ်းနည်းသည့်ပုံစံဖြင့် ကြက်ကြော်ကိုပင် မစားတော့ဘဲ ရပ်တန့်လိုက်၏။
"ကျွန်မမိဘတွေကတော့ ကျွန်မကို ပိုက်ဆံပေးမှာမဟုတ်တာ သေချာတယ်" ရှုလန်က ခါးသီးစွာ ပြောလိုက်သည်။ သူမ၏မိဘများမှာ ဝေ့ချန်ဒုန်အား သဘောမကျသည့်အတွက် ပိုက်ဆံသွားတောင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ လုံးဝကို မဖြစ်နိုင်ဘူးပြောလျှင် ပိုမှန်ပေမည်။
ခဏလောက် စဉ်းစားပြီးနောက် ရှုလန်က နှုတ်ခမ်းကို ကိုက်ကာ "ကျွန်မတို့ ဘာလို့ မစ္စတာဟန်ယန်ကို အရင်မဆက်သွယ်ရမှာလဲ။ သူကို ကျွန်မတို့အတွက် ချွင်းချက်ထားပေးနိုင်မလား မေးကြည့်ရအောင်"
"သူက ဘယ်လိုလုပ် ချွင်းချက်ထားပေးနိုင်ပါ့မလဲ" ဝေ့ချန်ဒုန်က ခါးသီးစွာ ပြုံးကာ "ဈေးနှုန်းက ရှင်းရှင်းလင်းလင်းကို သတ်မှတ်ပြီးသား။ ပြီးတော့ ကိုယ့်အမြင်တော့ ဒီသီချင်းက အရမ်းတန်လွန်းနေပါပြီ"
"ကျွန်မက သူ့ကို ဈေးဆစ်ဖို့ပြောတာ မဟုတ်ပါဘူး"
ရှုလန်က သက်ပြင်းချလိုက်ပြီး "ကျွန်မတို့ သူ့ကို ဆက်သွယ်ပြီး တိုက်ခန်းဝယ်သလိုမျိုး အရစ်ကျနဲ့ ပေးလို့ရမလား မေးဖို့ပြောတာ။ ကျွန်မတို့က စရံအရင်ပေးထားပြီး ကျန်ငွေကို ဒီနှစ်ထဲမှာ အကျေပေးမယ်လေ"
"ကောင်းပြီး ကိုယ်တို့သူ့ကို မေးကြည့်တာပေါ့။ ကိုယ် သူ့အကောင့်ကို အပ်လိုက်မယ်"
ဝေ့ချန်ဒုန်၏မျက်လုံးများမှာ တောက်ပသွား၏။
သူသည် မေးလ်ဘောက်ထဲမှ တွေ့သည့် ဟန်ယန်၏ QQ အကောင့်ကို သူငယ်ချင်း အပ် လိုက်သည်။ မစ္စတာဟန်ယန် အနားယူနေမည့်ချိန်ဖြစ်မလား စိုးရိမ်မိသော်လည်း သူ၏ အကောင့်ကို နှစ်မိနစ်အကြာတွင် လက်ခံလိုက်ရာ ဝေ့ချန်ဒုန်၏နှလုံးခုန်သံများကို ပို၍ မြန်လာစေသည်။
သူသည် ရှုလန်ကို ကြည့်ကာ သူမ၏အကြည့်အောက်တွင် ဒိုင်ယာလော့ဘောက်ကို ဖွင့်ကာ စာတစ်ကြောင်းရိုက်လိုက်သည်။
"မင်္ဂလာပါ မစ္စတာဟန်ဟန်။ ခင်ဗျားရဲ့သီချင်းက အရမ်းကောင်းတာပဲ။ ကျွန်တော်တို့ အရမ်းသဘောကျပါတယ်"
"အင်း"
"ဒါနဲ့ သီချင်းနာမည်က ဘာလဲခင်ဗျ" ဝေ့ချန်ဒုန်မေးလိုက်၏။
သီချင်းရဲ့နာမည်ကလား...
ကျန်းဟန် ကြောင်အသွားပြီး အီးမေးလ်ကို စစ်ကြည့်လိုက်သည်။ အီးမေးလ်တွင် သီချင်း၏ခေါင်းစဉ်အား ထည့်ရေးပေးဖို့ မေ့သွားသည်ကို တွေ့လိုက်ရသည့်အခါ ပြန်ဖြေလိုက်၏။
"စွန့်ပစ်ခံအချစ်(Wasted Love)"
"စွန့်ပစ်ခံအချစ်လား။ သီချင်းခေါင်းစဉ်က အနုပညာဆန်ပြီး စိတ်ကူးဉာဏ်လည်းရှိတယ်။ မစ္စတာဟန်ယန်က တကယ်ကို အရည်အချင်းရှိတဲ့သူပဲ။ ခင်ဗျားရဲ့သီခင်းအတွက် ကျေးဇူးပါ။ ကျွန်တော်တို့ကို ဒီအခွင့်အရေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဝေ့ချန်ဒုန်က စိတ်လှုပ်ရှားစွာ စာရိုက်သည်။
"ရပါတယ်"
"အဓိကအချက်ကိုပြောရအောင်" ရှုလန်သည် မစ္စတာဟန်ယန်မှာ စကားပြောရန် စိတ်မဝင်စားသည်ကို တွေ့လိုက်ရသည့်အခါ ဝေ့ချန်ဒုန်အား ပြောလိုက်သည်။
ဝေ့ချန်ဒုန်က ခေါင်းညိတ်ကာ အနည်းငယ် ရှက်ရွံ့သလို အကူအညီမဲ့သလို ခံစားလိုက်ရ၏။ နောက်ဆုံးတွင် သူသည် စာလုံးအချို့ကို ရိုက်ထည့်လိုက်၏။
"မစ္စတာဟန်ယန် ခင်ဗျားရဲ့သီချင်းက အရမ်းအရမ်းကောင်းပါတယ်။ ဈေးကလည်း ယွမ် ၂ သိန်း တန်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့မှာ ပိုက်ဆံမလောက်ဘူးဖြစ်နေတယ်။ တခြားသူဆီက ချေးရင်တော့ ယွမ် ၁၅၀၀၀၀ လောက် ရနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ယွမ် ၁၅၀၀၀၀ အရင်ပေးထားလို့ ရမလား။ ကျန်တဲ့ပိုက်ဆံကို ခြောက်လအတွင်း ကျွန်တော်တို့ ပေးပါ့မယ်"
ဤစာပိုဒ်ကို ပို့လိုက်ပြီးနောက် ဝေ့ချန်ဒုန်ရော ရှုလန်ပါ စိတ်လှုပ်ရှားလာကြသည်။
ဟန်ယန်က သူတို့၏တောင်းဆိုမှုအား လိုက်လျောပေးဖို့ စိတ်လှုပ်ရှားစွာဖြင့် စခရင်အား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြ၏။
သူတို့နှစ်ဦးသည် စက္ကန့်များကိုပင် ရေတွက်နေခဲ့ပြီး စက္ကန့်အနည်းငယ်အကြာတွင် ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ်ပြန်ကြားနေရ၏။ နောက်ဆုံးတွင် မက်ဆေ့တစ်စောင်က ဒိုင်ယာလော့ဘောက်ထဲသို့ တက်လာခဲ့သည်။ သူတို့ ခဏကြာအောင် အေးခဲတောင့်တင်းသွားကြပြီးနောက် စိတ်လှုပ်ရှားပျော်ရွှင်လာကြသည်။ နောက်ဆုံးတွင် လေးစားခြင်း၊ ကျေးဇူးတင်ခြင်း စိတ်လှုပ်ရှားခြင်းတို့ဖြင့် စိတ်ခံစားမှုများ ရောထွေးလာသည်။ စခရင်ပေါ်တွင် ဟန်ယန် ပို့လိုက်သည့် စကားလုံးများကြောင့် သူတို့၏ စိတ်အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။
"ဒါဆို ယွမ် ၁ သိန်းပဲ ပေးပါ"
ရိုးရှင်းသည့် စကားလုံးအနည်းငယ်က သူတို့၏အမြင်တွင် မစ္စတာဟန်ယန်သည် ငွေကို အညစ်အကြေးတစ်ခုအဖြစ် မှတ်ယူထားသည့် စိတ်သဘောထားရှိသော လွတ်လပ်ပေါ့ပါးသည့် တေးရေးဆရာတစ်ယောက်ဖြစ်ကြောင်း သိမြင်သွားစေသည်။
သူရိုက်လိုက်သည့်စကားလုံးများက ဝေ့ချန်ဒုန်နှင့် ရှုလန်တို့ကို စိတ်လှုပ်ရှားသွားစေသည်။ မစ္စတာဟန်ယန်မှာ ဤမျှ စိတ်သဘောထားကောင်းပြီး ပေါ့ပေါ့ပါပါးရှိသည့် လူတစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
"မဟုတ်ဘူး"
ရှုလန်က တည်ငြိမ်သွားပြီးနောက် ဝေ့ချန်ဒုန်အား ကြည့်ကာ သမာသမတ်ကျသည့်လေသံဖြင့် "မစ္စတာဟန်ယန်က အရမ်းရက်ရောပေမယ့် ကျွန်မတို့က ဒါကို အခွင့်အရေးယူလို့မဖြစ်ဘူး။ ရှင်ပြောသလိုပဲ သီချင်းက ယွမ် ၂ သိန်းတန်တယ်။ ယွမ် ၁ သိန်းအရင်ပေးထားပြီး ကျန်တဲ့ ၁ သိန်းကို နှစ်ဝက်အတွင်း ပြန်ပေးကြမယ်"
"ကောင်းပြီ" ဝေ့ချန်ဒုန်က လေးလေးနက်နက် ခေါင်းညိတ်ကာ ယွမ် ၂ သိန်းပေးရန် ရည်ရွယ်ထားကြောင်း ရှင်းပြသည့် စာပိုဒ်ကို ရိုက်ကာ ပြန်ပို့လိုက်၏။
ကျန်းဟန်သည် ၎င်းကိုမြင်သည့်အခါ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။
"ဘာပဲဖြစ်ဖြစ်ပါ"
ဤသီချင်းမှာ ပေါ့ပေါ့ပါးပါးဖြင့်ပင် အဆုံးသတ်သွားခဲ့သည်။ သို့သော် ကျန်းဟန်က သူရေးသားပေးခဲ့သည့် သီချင်းအား နောက်တစ်နေ့တွင် အင်တာနက်၌ တင်ပေးရန် တောင်းဆိုခဲ့၏။
နောက်ဆုံးတွင်တော့ ကျန်းဟန်သည် သူ၏ သီချင်း Playlist ကို အရည်အသွေးကောင်းစေရန်သာ လိုချင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝါကျင့်ကျင့်တိုက်ခန်းတစ်ခုတွင် မိန်တုံဟုခေါ်သည့် ငယ်ရွယ်လှပသည့် မိန်းမလှလေးသည် ဆဲလ်ဖုန်းကို ကိုင်ကာ ကွာလတီမြင့် နားကြပ်ကို တပ်ဆင်၍ အိပ်ယာပေါ်တွင် ပျင်းရိစွာ လဲလျောင်းကာ နောက်ဆုံးထွက် ရေပန်းစားနေသည့် သီချင်းများကို နားထောင်ရင်း လိုက်ညည်းနေသည်။
ရုတ်တရက် ဖုန်းသံမြည်လာ၏။ မိန်တုံက သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ထထိုင်ကာ "ဝိုး သူက အရမ်းမြန်တာပဲ"
ဟန်ယန်ပို့လိုက်သည့် မေးလ်ကို တွေ့လိုက်ရသဖြင့် သူမ အမြန် ဖွင့်ကြည့်လိုက်၏။ သီချင်းခေါင်းစဉ်ကို တွေ့လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့် သွားသည်။
"9420 တဲ့လား။ နာမည်က ဂဏန်းတွေချည်းပဲပေါ့။ အရမ်းထူးခြားတာပဲ။ လာလို့ "မင်းကိုချစ်တယ်" လို့ မခေါ်တာလဲ။ ဒါပေမယ့် သီချင်းနာမည်က နားထောင်ရတာတော့ ကောင်းပြီး ဆွဲဆောင်မှုရှိတယ်။ အရင်ဆုံး သီချင်းကို နားထောင်ကြည့်လိုက်မယ်။ ဟိဟိ"
မိန်တုံသည် ရယ်လိုက်ကာ နောက်ခံတီးလုံးနှင့် အခြားဖိုင်များကို ဖွင့်ကြည့်လိုက်၏။
၎င်းင်းတို့ကို အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီးနောက် သူမသည် ဆော့ဝဲလ်ဖြင့် အသံမသွင်းဘဲမနေနိုင်တော့။ သီချင်းကို ဆိုကြည့်ပြီးနောက် ၎င်းကို တန်းဖိုးထားသည့်အနေနဖြင့် ထပ်မံဆိုကြည့်သည်။
၎င်းက သီချင်းကောင်းတစ်ပုဒ်ဆိုသည်ကို သူမသိရှိပြီး သူမ ကောင်းကောင်းမဆိုနိုင်မှာကို စိုးရိမ်နေမိ၏။
"ဟမ် အသံချိုချိုလေးနဲ့ အသံသေးသေး ရှတတလေးနဲ့ ဆိုရမယ်လို့ ပြောထားတယ်။ အဟမ်း ဒါဆို ငါ့အသံကို နည်းနည်း နှိမ့်လိုက်မယ်"
သူမသည် လည်ချောင်းကို ရှင်းပြီး နောက်ခံတီးလုံးနှင့်အတူ သီချင်းကို စတင်သီဆိုသည်။
"ပျော်ရွှင်ခြင်းလမ်းကလေးထက်မှာ လျှောက်လမ်းရင်းနဲ့...လေပြည်လေညှင်းတို့ သာယာစွာ တိုက်ခတ်လာတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားရင်း...ချစ်ခြင်းမေတ္တာနဲ့ပြည့်နေတဲ့ မျက်ဝန်းတွေ...။ ဒီအချစ်က မီးတောက်လိုပဲ ပူလောင်တဲ့ နှင်းဆီတစ်ပွင့်လိုပါပဲ..."
"ငါတို့အကြောင်းပဲ...ဟူး...ဟူး..."
သီချင်းကို ဆိုပြီးသွားသည့်အခါ သူမ မြန်မြန်ဖွင့်၍ နားထောင်ကြည့်လိုက်၏။
နားထောင်နေရင်းဖြင့် သူမ တဖြည်းဖြည်း အံ့ဩလာပြီး ပါးစပ်မှာ ကျယ်လောင်စွာ ပွင့်ဟလာကာ မယုံကြည်နိုင်ဖွယ်အမူအရာဖြင့် "အိုး ဘုရားရေ...ငါ့အသံက အရမ်းကိုချိုလိုက်တာ"
...
ပေကျင်းမြို့တော်တွင်...
ကောင်းမွန်စွာ အလှဆင်ထားသည့် အခန်းကြီးတစ်ခုအတွင်း၍ အဆိုတော် ဒုန်တျန်သည် ဟန်ယန်ပို့ထားသည့် နောက်ခံတီးလုံးကို စတယ်ရီယိုစပီကာဖြင့် ဖွင့်ထားရင်း သူ၏ကွန်ပြူတာစခရင်ကို စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူသည် စက်ပစ္စည်းများကို တပ်ဆင်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် သီဆိုသည်။
"နေ့ရောညပါ မင်းကို ထပ်တွေ့ချင်တယ်။ ပျားပန်းခတ်လှုပ်ရှားရှုပ်နေတာတွေက ငါ့ရဲ့မျက်လုံးကို ဖုံးကွယ်ထားတယ်။ အဲဒီနေ့အကြောင်းကို နောက်တစ်ကြိမ် ထပ်ပြောဦးမလား........."
သီဆိုပြီးသွားသည့်နောက်တွင် သူသည် သီချင်းကို လုံးဝ သဘောကျသွား၏။ ခဏလောက် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် "ငြိမ်ချမ်းရေးတံတား(Bridge of Peace)..." ဟူသည့် စကားလုံးများကို ဖွင့်ဟပြောလိုက်သည်။
...
ဟောင်ကောင်မြို့၏အခြားတစ်ဖက်ခြမ်းရှိ တိုက်ခန်းတစ်ခုတွင် အဆိုတော် ရွှယ်ကောသည် သီချင်းတစ်ပုဒ်ကို စိတ်နှစ်ကာသီဆိုနေသည်။
"အင်တာနက်မှာ မင်းရဲ့သတင်းတွေကို ငါတွေ့နေရဆဲပဲ... ငါဆိုခဲ့တဲ့သီချင်းတွေကို မင်းရဲ့ဖုန်းထဲမှာ သိမ်းထားနိုင်တယ်... ငါတို့ရဲ့ အချစ်တွေကို မင်းရဲ့နှလုံးသားထဲမှာ မြှုပ်နှံလိုက်ပြီး လျှို့ဝှက်ချက်တစ်ခုဖြစ်လာခဲ့တယ်...ငါတို့ တစ်ယောက်ကိုတစ်ယောက် တွေးနေတာလည်း ဖြစ်နိုင်တာပဲ...ငါတို့ရဲ့အချစ်က မမ်မိုရီတစ်ခုဖြစ်သွားခဲ့ပြီလို့ ငါ့ကိုယ်ငါ အကြိမ်ကြိမ်ပြောခဲ့တယ်..."
-အပိုင်း(၁၃၇)ပြီး
wunzinnosp
Continue Reading
You'll Also Like
149K 15.3K 62
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.1M 34.5K 51
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
621K 18.2K 50
" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်
1M 36.5K 42