အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...
By daddyzhanghan
70.7K 6.1K 23
Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More
Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....
အပိုင်း(၁၃၃)
306 25 0
By daddyzhanghan
အပိုင်း(၁၃၃) ဇီယန်၏စိတ်ဓာတ်ကျမှု
"ကျွန်တော် သူ့အတွက် နည်းနည်းလောက် အကျိုးဆောင်ပေးချင်ပါတယ်။ သူ့ဆီကို သီချင်းတောင်းဆိုချင်တဲ့ အဆိုတော်တွေအနေနဲ့ မစ္စတာဟန်ယန်ရဲ့ Webo အကောင့်ဖြစ်တဲ့ 'Hanyang' ဆိုတဲ့ အကောင့်မှာ မက်ဆေ့ချ်ပို့ထားလို့ရပါတယ်။ ဒါက သူ့ရဲ့သီချင်းတွေကို ရနိုင်ဖို့ အခွင့်အ‌ရေးတစ်ခုတော့ဖြစ်မှာပါ"
"ကောင်းပြီ။ အဓိကအချက်ကို သွားရအောင်။ အခုဆိုရင်တော့ ကျွန်တော်ရဲ့ ဖျော်ဖြေပွဲက ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ရွှယ်ချမ်က သူ၏လက်များကို ဝှေ့ယမ်းကာ ပရိသတ်များကို ဦးညွှတ်လိုက်ပြီး ဖျော်ဖြေပွဲအား အဆုံးသတ်လိုက်၏။
ထိုညတွင် ရွှယ်ချမ် ဖျော်ဖြေပွဲတွင် ပြောပြခဲ့သည့် အချက်အလက်များမှာ ပျံနှံ့သွားခဲ့သည်။
ထိုဖျော်ဖြေပွဲတွင် သ၏နောက်ဆုံးသီးချင်းဖြစ်သည့် "Beginner" ကို သီဆိုပြီးသည့်နောက် ရွှယ်ချမ်ပြောခဲ့သည့် စကားများကို လူတိုင်းသိရှိခဲ့ကြသည်။ အမှန်ပင် ရွှယ်ချမ်၏ပရိတ်သတ်များအပြင် ဂီတပညာရှင်အချို့နှင့် မီဒီယာကုမ္ပဏီများလည်း ထိုသတင်းကို ရရှိကြ၏။
ယခုအချိန်တွင် တော်ဝင်အင်တာတိတ်မန့်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဌာနတွင်...
မိန်ချီသည် အချိန်ဇယားတွင် မပါသည့် အွန်လိုင်းဗီဒီယိုအစည်းအဝေးကို ပြုလုပ်နေသည်။
"ဟန်ယန်အကြောင်း မင်းတို့ကြားပြီးကြပြီလား"
မိန်ချီက ချက်ချင်းပင် လိုရင်းကို တန်းသွားလိုက်၏။
ဗီဒီယိုတွင် အမျိုးသား ၅ ယောက်နှင့် အမျိုးသမီး ၁ ယောက် ပါဝင်သည်။ သူတို့အားလုံးသည် မိန်ချီ၏လက်အောက်မှလူများဖြစ်ကြသည်။
အမျိုးသားတစ်ယောက်က ခေါင်းညိတ်ကာ
"ကျွန်တော်ကြားပြီးပါပြီ။ သူ့ရဲ့ Weibo ကို အခုပဲ ကြည့်လိုက်တယ်။ အကောင့်အသစ်တစ်ခုပဲ။ ပရိုဖိုင်ပုံတောင် မရှိသေးဘူး"
"ကျွန်မလည်း ကြည့်ပြီးပါပြီ"
အသက် ၂၀ နောက်ပိုင်းအရွယ် အမျိုးသမီးက ဖြေသည်။
"ဂီတနဲ့ ပတ်သက်တဲ့ ပို့စ် တစ်ခုပဲရှိတယ်။ အကောင့်ပိုင်ရှင်က Weibo စသုံးခါစသူ ဒါမှမဟုတ် အကောင့်ခွဲတစ်ခုဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ရွှယ်ချမ်ကိုယ်တိုင်က အောက်မှာ မက်ဆေ့ချ်ပေးတာဆိုတော့ အကောင့်ပိုင်ရှင်က ဟန်ယန် ဆိုတာ အတည်ပြုလို့ရပါတယ်"
"သူဖြစ်မယ်ဆိုရင်တောင် အလျင်စလိုလုပ်ဖို့မလိုဘူးလို့ ကျွန်တော်ထင်တယ်။ အခြေအနေကို အရင်ဆုံး စောင့်ကြည့်ကြရအောင်။ လူတွေက ပေါ့ပေါ့‌လေးပြောနေကြရုံနဲ့ ကျွန်တော်တို့က လှုပ်ရှားလိုက်ရင် တော်ဝင်အန်တာတိတ်မန့်ကို အရှက်ရစေလိမ့်မယ်"
လူလတ်ပိုင်းအမျိုးသားတစ်ဦးက တည်ငြိမ်စွာပြောသည်။
"အင်း ရှင်ပြောတာက အကျိုးကြောင်းသင့်ပါတယ်။ ငါတို့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းရှိနေသ၍ လုံလောက်ပါပြီ။ ဟန်ယန်က ဒီလိုများ တစ်ခုခုလုပ်ထားပြီးပြီဆိုတော့ ငါတို့ကုမ္ပဏီက C အဆင့် အဆိုတော်တွေကို အဲ့ဒီ Weibo အကောင့်မှာ မက်ဆေ့ချ်သွားပို့ထားလိုက်ပါ။ တကယ်လို့ ဟန်ယန်က အရည်အသွေးကောင်းတဲ့ သီချင်းတွေရေးနိုင်တယ်ဆိုရင် အေအဆင့် အဆိုတော်တွေကို သူ့ဆီ သီချင်းတောင်းဆိုခိုင်းရမယ်။ ဗျူဟာကျကျပဲ ကစားလိုက်ရအောင်။ ဒါက အလျင်စလိုမဖြစ်တော့ဘူး"
မိန်ချီက စိတ်ပိုင်းဖြတ်ကာ ခေါင်းညိတ်လိုက်၏။
အမှန်ပင်... ဤကဲ့သို့မြင်ကွင်းမျိုးကား မိန်ချီ၏ တော်ဝင်အန်တာတိတ်မန့်တွင်သာ ဖြစ်ပျက်ခဲ့သည်မဟုတ်ချေ။ တစ်နိုင်ငံလုံးရှိ အခြားဖျော်ဖြေရေးနယ်ပယ်မှ ကုမ္ပဏီများမှာလည်း ဤသတင်းကြောင့် ကြားဖြတ်အစည်းအဝေးလုပ်ကြလေသည်။ အရည်အသွေးပိုင်းအရဆိုလျှင် ထိုသီချင်းသုံးပုဒ်မှာ အလွန်ကောင်းမွန်သည်။ အနုပညာလက်ရာမြောက်လှပြီး ဈေးကွက်တွင်လည်း ကောင်းမွန်သည့် တုံ့ပြန်မှုကို ရရှိခဲ့သည်။
ထိုအချိန်အတွင်း၍ ၎င်းကုမ္ပဏီအားလုံး၏ ဆုံးဖြတ်ချက်မှာ မိန်ချီ၏ဆုံးဖြတ်ချက်နှင့် ထပ်တူနီးပါးပင်။ သဘာဝကျကျပင် အေ အဆင့် အဆိုတော်များသည် ၎င်းတို့၏ အမှတ်သညှာများဖြစ်ကြသည်။ ထို့ပြင် ဟန်ယန်၏ Weibo အကောင့်မှာ သူတို့၏မျက်လုံးထဲတွင် ဈေးကွက်ရှာဖွေရန် ကြိုးစားနေသကဲ့သို့ပင်။ ကုမ္ပဏီ၏ အေအဆင့် အဆိုတော်များက သီချင်းသွားတောင်းပါက ထိုအကောင့်ပိုင်ရှင်ကို အခမဲ့ ကြော်ငြာပေးလိုက်သလိုပင်။ မည်သည့် အေအဆင့် အဆိုတော်ဖြစ်ပါစေ ပထမဆုံး မက်ဆေ့ချပို့လိုက်သည်နှင့် ထိုအဆိုတော်မှာ အနည်းငယ် တန်ဖိုးကျသွားပေလိမ့်မည်။
ဟန်ယန်သည် အလွန်ကောင်းမွန်သည့် သီချင်းသုံးပုဒ်ကို ရေးသားနိုင်ခဲ့သော်လည်း ရွှယ်ချမ်ပြောသကဲ့သို့ နှစ်ရက်အတွင်း ဤသီချင်းသုံးပုဒ်ကို ရေးသားခဲ့ခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း လူအများစုက ယူဆကြသည်။
ထိုသို့သော မီဒီယာကုမ္ပဏီကြီးများတွင် ယခင်ကတည်းက နာမည်ကျော်ကြားပြီးဖြစ်၍ ဤကိစ္စမျိုးကို အလျင်စလိုလုပ်ဆောင်ရန် ဆန္ဒမရှိသည်မှာ သဘာဝကျပေသည်။ မက်ဆေ့ချ်တစ်စောင်ရေးသားရသည်မှာ အသေးအမွှားပင်ဖြစ်လင့်ကစား သူတို့၏အမြင်တွင် သီချင်းသုံးပုဒ် ရေးသားခဲ့သည့် တေး‌ရေးဆရာတစ်ယောက်မှာ ဘာမှမဟုတ်ချေ။
အမှန်ပင် ကွဲပြားခြားနားသည့် သူအချို့လည်း ရှိကြပေသည်။ ကုမ္ပဏီများနှင့် သက်ဆိုင်ခြင်းမရှိဘဲ လွတ်လပ်သည့် အနုပညာရှင်များမှာ ခြားနားစွာ တုံ့ပြန်ကြလေသည်။
ထိုအချိန်တွင် ပြည်မကြီး၏ရေခဲမြို့တော်တွင် စုံတွဲတစ်တွဲသည် ရွှယ်ချမ်၏ဖျော်ဖြေပွဲ ဗီဒီယိုကို အင်တာနက်မှာ ကြည့်ရှုနေကြ၏။
ရှိုးပွဲ၏အဆုံးသတ်ကို တွေ့လိုက်ရချိန်တွင် သူတို့၏မျက်နှာများထက်တွင် စိတ်လှုပ်ရှားများအချို့ ပေါ်လာသည်။
"တကယ်ကြီးလား။ မက်ဆေ့ချ်ပို့ထားရင် သီချင်းကောင်းတွေ ရနိုင်ဖို့ အခွင့်အ‌ရေးရှိတယ်ပေါ့"
သူတို့စုံတွဲမှာ ဂီတအဖွဲ့တစ်ခုဖြစ်ပေည်။ အမျိုးသား၏အမည်မှာ ဝေ့ချန်ဒုန်ဖြစ်ပြီး အမျိုးသမီး၏အမည်မှာ ရှုလန်ဖြစ်သည်။ သူတို့ ဂီတတီးဝိုင်းကို WX Group ဟု ခေါ်ပြီး သူတို့နှစ်ယောက်၏မျိုးရိုးနာမည်များမှာ အစစားလုံးကြီးများဖြင့် ပေးထားခြင်းဖြစ်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် အင်တာနက်ပေါ်၌ သီချင်းများ ထုတ်လေ့ရှိသည်။ သူတို့၏ပရိသတ်များမှာ အမျိုးမျိုးသော သီချင်းနားထောင်သည့် မြူးဇစ်ပလက်ဖေါင်းများတွင် ၁ သောင်း မရှိတရှိ ပမာဏအထိ တိုးလာခဲ့သောကြောင့် သူတို့အတွက် ဖိအားများစွာ ရှိလာခဲ့သည်။
ယခုတွင် သူတို့သည် ရွှယ်ချမ် အတွက်
မာစတာပိစ်သီချင်းသုံးပုဒ်ကို ရေးသားပေးခဲ့သော တေးရေးဆရာ၏ ဆွဲဆောင်မှုကို ခံလိုက်ရ၏။
"သူ့ရဲ့ Weibo ကို သွားကြည့်ကြည့်ရအောင်"
ရှုလန်က သူမ၏ လက်ပ်တော့ကို အမြန်ဖွင့်ကာ 'Hanyang' ဆိုသည့် စာလုံးကို ရှာဖွေလိုက်သည်။
"ဟမ်...တစ်ခုပဲ ရှိတာလား။ ဘာလို့ ပရိုဖိုင်ပုံတောင် မတင်ထားရတာလဲ"
ဝေ့ချန်ဒုန်က အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့် ပြောသည်။
"အဲ့ဒါပဲ။ အောက်မှာ ရွှယ်ချမ်ရဲ့ မက်ဆေ့ချ်ရှိတယ် ကြည့်ကြည့်"
ရှုလန်က သေချာကြည့်ရင်း စခရင်ကို ထောက်ပြသည်။
"ဟုတ်တယ်ဟ"
ဝေ့ချန်ဒုန်က ဂရုတစိုက်ဖြင့် ကြည့်လိုက်ပြီး အားကျသည့်လေသံဖြင့်
"ထိပ်တန်းအဆိုတော်တစ်ယောက်ရဲ့ ပတ်သက်မှုနဲ့ ပရိုမိုလုပ်တာက တကယ်ကို ခြားနားတဲ့ အကျိုးသက်ရောက်မှုရှိတာပဲ။ ဖျော်ဖြေပွဲပြီးတာ ၂ နာရီကျော်ပဲ ရှိသေးတယ် သူ့ အကောင့်မှာ ပရိသတ်(ဖော်လိုဝါ) ၅ သောင်းကျော်သွားပြီ"
သူတို့တွင်တော့ ပရိတ်သတ် ၃ ထောင်ကျော်ခန့်သာ ရှိသည်ကို တွေးမိပြီး အနည်းငယ် စိတ်ဓာတ်မကျဘဲ မနေနိုင်ချေ။
"သူများကို အားကျနေစရာမလိုပါဘူး။ ငါတို့ အိပ်မက်တွေအတွက် ငါတို့ ဆက်ပြီး ကြိုးစားနေမယ်"
ရှုလန်က နှစ်သိမ့်ပေးပြီး
"အောက်မှာ မက်ဆေ့ချ်ချန်ခဲ့ရအောင်"
"ဟားဟားဟား...ကောင်းပြီ"
ဝေ့ချန်ဒုန်လည်း စိတ်ကို လန်းဆန်းသွားစေရန် ခေါင်းကို ခါယမ်းလိုက်ကြီး
"ငါတို့ ဘာရေးရမှာလဲ"
"ဒီလိုရေးလိုက်မယ်။ ချစ်ခင်ရပါသော မစ္စတာဟန်ယန်...."
"မဟုတ်ဘူး မဟုတ်ဘူး....ပိုပြီးတော့လေးစားမှုနဲ့ လေးနက်မှုတွေလိုအပ်တယ်"
ဝေ့ချန်ဒုန်က ခေါင်းကို အကြိမ်ကြိမ်ယမ်းသည်။ သူ၏ရည်းစားက တခြားယောက်ျားများကို "ချစ်ရပါသော" ဟု ပြောသည်က သူ့အား စိတ်မသက်မသာခံစားရစေသည်။
"အမ်..."
ရှုလန်က ပြုံးကာ သူ့အား မျက်စောင်းထိုးကြည့်လိုက်ပြီး
"ဒါဆို လေးစားရပါသော လို့ ခေါ်လိုက်မယ်လေ။ အဆင်ပြေလား"
ထို့နောက် ရှုလန်သည် ဟန်ယန်၏ Weibo အကောင့်တွင် စာတစ်စောင်ရေးခဲ့လေသည်။
"လေးစားရပါသော မစ္စတာဟန်ယန်ရှင့်...ကျွန်မက သိပ်ပြီးလူသိမများတဲ့ ဂီတအဖွဲ့ဖြစ်တဲ့ WX Group က အဖွဲ့ဝင်တစ်ယောက်ပါ။ ဂီတဆိုတာ ကျွန်မတို့ရဲ့ အိပ်မက်ဖြစ်ပါတယ်ရှင့်။ ရွှယ်ချမ်ရဲ့ ဖျော်ဖြေပွဲကို ကြည့်ပြီးတော့ ကျွန်မတို့ အကြံတစ်ခုရခဲ့ပါတယ်။ မစ္စတာဟန်ယန်ရဲ့ သီချင်းတွေကို ရနိုင်မယ်လို့ အလေးအနက်မျှော်လင့်မိပါတယ်ရှင့်။ ဒါပေမဲ့...ကျွန်မတို့ မစ္စတာဟန်ယန်ရဲ့ သီချင်းကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ မစ္စတာဟန်ယန်ကို ပိုပြီးကောင်းမွန်တဲ့
လမ်းကြောင်းရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်"
မက်ဆေ့ချ်ကို ပို့လိုက်ပြီးနောက် ဝေ့ချန်ဒုန်နှင့် ရှုလန်တို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။
တကယ်တမ်းတွင် သူတို့သည် သီချင်းတစ်ပုဒ်ရဖို့ပင် အလွန်ဖြစ်နိုင်ချေနည်းပါးသည်ဟု ထင်ခဲ့ကြသည်။ အကြောင်းမှာ သူတို့မှာ လူသိများသည့် အဖွဲ့မဟုတ်ဘဲ မစ္စတာဟန်ယန်၏လှုပ်ရှားမှုများမှာ သူကိုယ်တိုင် နာမည်ရဖို့အတွက်ဖြစ်သည်ဟု ယူဆခဲ့ကြ၏။ လူကြိုက်များသည့် အေအဆင့် နှင့် ဘီအဆင့် အဆိုတော်များကို ရှာရန် သူ့အတွက် လိုအပ်သည်မှာ သေချာသလောက်ဖြစ်သောကြောင့် မိမိတို့အတွက် အခွင့်အရေးရနိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် မျှော်လင့်ချက်ရေးရေးလေးရှိနေသရွေ့ သူတို့ ကြိုးစားရပေလိမ့်မည်။ ဤခံစားချက်က ထီထိုးရသည့် ခံစားချက်လိုပင်။
သူတို့ကဲ့သို့သော် အခြားသူများလည်း အများအပြားရှိခဲ့ပေသည်။ အခွင့်အရေးတစ်ခုရယူရန် စိတ်ကူးဖြင့် လူများမှာ မက်ဆေ့ချ်တစ်စောင် ရေးခဲ့ကြ၏။
အခြားတစ်ဖက်တွက် ဇီယန်သည် စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက် အလုပ်ကြောင့်သာမက သူမ၏ပထမဆုံး အခွေကို စတင်ထွက်ရှိသည့်နေတွင် ရောင်းအားမှာ ညံ့ဖျင်းလှသောကြောင့် မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုရှိနေသည်။
အယ်လ်ဘမ်ဈေးကွက်မှာ လက်ရှိတွင် ရပ်တန့်နေသော်လည်း စံနှုန်းသတ်မှတ်ချက်များတော့ ချမှတ်ထားလေသည်။ ပထမဆုံးနေ့တွင် တစ်သောင်းကျော် ရောင်းအားသည် သာမန်အယ်လ်ဘမ်အဖြစ် သတ်မှတ်ခံရပြီး ငါးသောင်းကျော် ရောင်းအားရှိလျှင် အသေးစားအောင်မြင်မှုရှိသည်ဟု သတ်မှတ်နိုင်၏။ တစ်သိန်းကျော် ရောင်းအားသည် အရည်အသွေးမြင့် အယ်လ်ဘမ်ဖြစ်ပြီး အချို့သော လူကြိုက်များရေပန်းစားသည့် အေအဆင့် အဆိုတော်များ၏ အယ်လ်ဘမ်များသာလျှင် ပထမနေ့တွင်ပင် နှစ်သိန်းကျော်အထိ ရောင်းချနိုင်မည်ဖြစ်သည်။
အဓိက အချက်မှာ ယနေ့ ဇီယန်၏အယ်လ်ဘမ်သည် တစ်နေ့တာရောင်းအား တစ်ထောင်ကျော်သာ ရှိခဲ့၏။ ထွက်ရှိခဲ့သည်မှာ ၁၂ နာရီကျော်သာ ကြာမြင့်ခဲ့သော်လည်း ရလဒ်မှာ ဆိုးရွားနေသည်ကို မြင်နိုင်သည်။
ဇီယန်သည် အနည်းငယ် စိတ်ဓာတ်ကျနေပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေ၏။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်ပင် မရှိတော့ဘဲ ကျိုးဖေးနှင့် စားသောက်ဆိုင်တွင်သာ အိပ်နေခဲ့သည်။
ညနက်လာသည့်အခါ မုန့်မုန့်အား အိပ်ပျော်အောင် သိပ်ပေးပြီးနောက် ဇီယန်သည် အိပ်၍ မပျော်သလို ခံစားနေရသည်။ ကျိုးဖေးသည် တစ်ဖက်တွင် ရွှယ်ချမ်၏ ဖျော်ဖြေပွဲ ဗီဒီယိုကို သူမ၏ကိုယ်ပိုင်မိုဘိုင်းဖုန်းဖြင့် ကြည့်ရှုနေရင်း တစ်ဖက်တွင် ရုံသုံးမိုဘိုင်းဖုန်းဖြင့် ဇီယန်၏ အယ်လ်ဘမ် ရောင်းချမှုကို အချက်အလက်များကို စစ်ဆေးကြည့်ရှုနေသည်။
"အခွေရောင်းအား ဘယ်လိုရှိလဲ"
ဇီယန် တိုးတိုးလေး မေးသည်။
"၁၇၀၀ ကျော်"
ကျိုးဖေးက နားကြပ်ကို ဖြတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ဖြေ၏။
"အင်း"
ဇီယန် အားနည်းသည့်လေသံဖြင့် တုံ့ပြန်သည်။
ဖျော်ဖြေရေးလောကထဲသို့ စတင်ဝင်ရောက်စဉ်က သူမ၏ပထမဆုံး အယ်လ်ဘမ်မှာ ပထမနေ့တွင် ရောင်းအား သုံးသောင်းကျော်ခဲ့သော်လည်း ယခုတွင် နှစ်ထောင်ပင် မရှိသေးချေ။ ဤသည်က ဇီယန်ကို တရုတ်စကားပုံတစ်ခုအား သတိရသွားစေသည်။
"အဘိုးကြီးလျန်ပိုက လူငယ်လေးတစ်ယောက်လို စားနေတုန်းပဲလား" ဆိုသည့် စကားပုံပင်။
(လျန်ပိုဆိုတာ ငယ်စဉ်က အလွန်ရဲစွမ်းသတ္တိရှိပြီး လိမ္မာပါးနပ်သည့် ရှေးခေတ်တရုတ်ပြည်မှ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ပြောင်းလဲတတ်သည့် အရာများကို ဖော်ပြလိုလျှင် ၎င်းကို သုံးနှုန်းလေ့ရှိသည်)
ဇီယန်သည် ဖျော်ဖြေရေးလောကသို့ ပြန်လာခဲ့ပြီး အောင်မြင်မှုများ ပြန်လည်ရရှိရန် မျှော်လင့်ခဲ့သည်။ ဒါက ခက်ခဲလိမ့်မည်မှန်း သူမ သိသော်လည်း ဤမျှ ခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မူလက တော်ဝင်အင်တာတိတ်မန့်ကုမ္ပဏီသို့ ပြန်လာသည့်အခါတွင် သူမသည် တစ်ဝက်လောက် ကြိုးစားအားထုတ်လိုက်လျှင် ရလဒ်နှစ်ဆခန့် ရနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုတွင် မျှော်လင့်ထားသလို မဖြစ်သည့်ပုံပင်။
"ဒါဆို ရှုလောယွီရဲ့အခွေရော ‌ရောင်းအားဘယ်လိုရှိလဲ"
ဇီယန် စိတ်ပျက်လက်ပျက်ဖြင့် မေးသည်။
ဇီယန်သည် ရှုလောယွီကို ကျော်တက်နိုင်ရန် ယခင်က ယုံကြည်မှုရှိခဲ့သည်။ သို့သော် ယခု သူမ၏အယ်လ်ဘမ်ရောင်းအားမှာ အလွန်ဆိုးရွားနေသည်ကို ကြားသိရသည့်အခါ သူမကိုယ်သူမ ယုံကြည်မှုမရှိတော့ချေ။
"သူ..."
ကျိုးဖေး တုံ့ဆိုင်းနေပြီး သူမ၏အမူအရာမှာ အနည်းငယ် ရှက်ရွံ့သွား၏။
"သူမရဲ့အယ်လ်ဘမ်က နှစ်သောင်းပဲ ရှိပါသေးတယ်"
"နှစ်သောင်းလား"
ဇီယန်၏မျက်ဝန်းများတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ယှက်သန်းသွား၏။
"အစ်မယန် ငါထင်တာ..."
ကျိုးဖေးက သူမအား နှစ်ပေးပေးချင်သည်။
သူမ၏စကား မစရသေးခင်မှာပင် ဇီယန်က ခေါင်းယမ်းကာ
"မနက်ကျမှ အလုပ်ကိစ္စပြောကြမယ်။ အခု အိပ်ကြရ‌အောင်"
ပြောပြီးသည်နှင့် ဇီယန်သည် ကိုယ်ကိုလှည့်ကာ မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်ဖြင့် ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်သည်။ သူမ၏မျက်လုံးများမှာ ပို၍ပို၍ ပင်ပန်းနွမ်းနယ်လာကာ တဖြည်းဖြည်း အိပ်ပျော်နေသည့် မင်းသမီးမုန့်မုန့်ပေါ်တွင် ရစ်ဝဲသွားသည်။ မင်းသမီးလေး၏ နူးညံ့သိမ်မွေ့သည့် ပါးပြင်လေးကို ကြည့်ရင်း ဇီယန် အနည်းငယ် တည်ငြိမ်သွားသည်။
နောက်တစ်နေ့မနက် အိပ်ယာထချိန်တွင် ဇီယန်၏မျက်နှာမှာ ခပ်တင်းတင်းဖြစ်သွားသည်။ သွားတိုက် မျက်နှာသစ်ပြီးနောက် ဒုတိယထပ် ဧည့်ခန်းတွင် ထိုက်လိုက်ကြသည်။
ဇီယန် ခဏလောက် စဉ်းစားလိုက်ပြီး သက်ပြင်းဖျော့ဖျော့ချရင်း
"ဖေးဖေး အလုပ်သွားရအောင်"
"အခုလား"
ကျိုးဖေး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"အင်း"
"မနက်စာ မစားတော့ဘူးလား"
ကျန်းဟန်က မုန့်မုန့်၏ဆံပင်အား ဖြီးသင်ရင်း မေးသည်။
"ကျွန်မ စားချင်စိတ်မရှိဘူး"
ဇီယန် အနည်းငယ် မအီမသာဖြစ်သွားသည်။ ကျန်းဟန် ပြလုပ်ပေးသော အရသာရှိသည့် အစားအသောက်များပင် သူမအား ဆွဲဆောင်နိုင်မှုနည်းလာသည်။
"မနက်စာ မစားဘဲနေလို့ ဘယ်လိုဖြစ်မှာလဲ။ မင်းတို့အတွက် ကြက်ဥထမင်းကြော်နဲ့ ခေါက်ဆွဲပြုတ်ရှိတယ်မဟုတ်လား။ ပြီးရင် မင်းအတွက် ငါ တခြားတစ်ခုခုလုပ်ပေးမယ်"
ကျန်းဟန် ‌ခေါင်းကို အသာယမ်းကာ ပြောသည်။
"ဟုတ်တယ် မေမေ မုန့်မုန့်နဲ့ မနက်စာစားရမယ်။ မေမေ ဗိုက်ပြည့်မှ အလုပ်သွားလို့ရမှာ"
မုန့်မုန့်သည် နှုတ်ခမ်းလေးကို စူကာ အလေးအနက်ပြောသည်။
ထိုစကားကို ကြားပြီးနောက် ဇီယန်အနည်းငယ် ကြောင်သွားပြီး ကျန်းဟန်အား ကြည့်လိုက်သည်။ ဒါက သူအတွက် သူ၏စိုးရိမ်မှုကို ပထမဆုံးအကြိမ် ထုတ်ပြခြင်းဟုပင် ယူဆရသည်။
"ကောင်းပါပြီ ဒါဆို မေမေ သမီးနဲ့ မနက်စာစားပြီးမှ အလုပ်သွားပါ့မယ်"
ဇီယန် နူးညံ့စွာ ပြုံးလိုက်သည်။
ကျန်းဟန်၏စိုးရိမ်ပူပန်မှုက သူမ၏စိတ်ဓာတ်ကျနေသည့်အခြေအနေမှ ကောင်းမွန်သည့်အနေအထားသို့ ပြောင်းလဲသွားစေသည်။
မုန့်မုန့်၏ ဆံပင်ကို ဖြီးသင်ပေးပြီးနောက် ကျန်းဟန်သည် အောက်ထပ်သို့ တန်း၍ဆင်းသွားကာ သခွားသီးနှင့် ခရမ်းချဉ်သီးများယူရန် လခြမ်းတောင်သို့ ကားမောင်းသွား၏။
တာဟေးနှင့် ရှောင်ဟေးသည် ထိုအချိန်အတွင်း ကျန်းဟန်နှင့်တစ်ချိန်လုံးလျှောက်လိုက်နေခဲ့သည်။ တာဟေး၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် ရည်ရွယ်ချက်ရှိရှိလား မရည်ရွယ်ဘဲလားမသိ ကျန်းဟန်ကို ကြက်များရှိရာသို့ မမြင်နိုင်ရန် ကာဆီးထားပြီး သူ၏မျက်နှာတွင် အနည်းငယ် နေရခက်သည့်အမူအရာပင် ရှိနေသည်။
သူသာ စကားပြောနိုင်လျှင် သူ၏စိတ်ထဲရှိသည့်အတိုင်းထုတ်ပြောမိမည်။
"အာ...သွားပြီ...ငါကြက်တွေ အများကြီး မစားလိုက်သင့်ဘူး။ အခု ဘာလုပ်ရမလဲ" ဟူ၍ပင်။
တာဟေးခေါင်းဆောင်၍ နှစ်ရက်အတွင်း၍ နှစ်ကောင်သား ကြက် ၁၂ ကောင် စားပစ်ခဲ့ပြီး အဝေးမှ ကြည့်လျှင်ပင် ကြက်အရေအတွက် သိသိသာသာ လျော့နည်းသွားကြောင်း မြင်နိုင်သည်။ ထို့ကြောင့် တာဟေးသည် အရေအတွက် ညီမျှ သွားစေရန် အရွယ်ရောက်ပြီးသည့် ဘဲနှင့် ငန်း အချို့ကို စားရန် ကြံစည်ခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ တာဟေးနှင့် ရှောင်ဟေးတို ငန်းနှစ်ကောင်သတ်ပြီး မီးကင်ရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် ကျန်းဟန် ရောက်ရှိလာသည်။ ၎င်းက ထိုနှစ်ကောင်အား ထိတ်လန့်သွားစေသည်။ နှစ်ကောင်သား မီးကို အမြန်ငြှိမ်းကာ 'ကျွန်တော်က ချစ်ဖို့ကောင်းတဲ့ကောင်လေးပါ' ဆိုသည့် အမူအရာဖြင့် အိမ်မွေးတိရစ္ဆာန်ဧရိယာသို့ တိတ်တိတ်လေးပြန်ပြေးသွားကြသည်။
-အပိုင်း(၁၃၃) ပြီး
Continue Reading
You'll Also Like
831K 80K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
149K 15.3K 62
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1M 36.4K 42
338K 26.8K 29
Mini Story Uni Life Style Sweet Romance