𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑�...

Vante_Jeon_ द्वारा

68.5K 4K 62

Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim T... अधिक

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9(1)
Part 9(2)
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20(Final!)
တောင်းပန်စာ

Part 17

2.2K 138 3
Vante_Jeon_ द्वारा

Unicode

'တောက်ခနဲ' တောက်ခေါက်သံနှင့်အတူ ဒေါသထွက်နေပုံရသောJiminအားဝိုင်းတွင်စုဝေးနေသောလူတစ်စုက'ဘာဖြစ်တာလဲ'ဟူသောအကြည့်များဖြင့်။ Jiminကလျှို့ဝှက်လွန်းသည်။ သူ့မိသားစုအကြောင်းမပြောနှင့်သူ့အကြောင်းကိုတောင်အရင်းနှီးဆုံးဖြစ်သောYoongiမှာမသိရ။ တိတ်တဆိတ်စုံစမ်းခဲ့ဖူးသော်လည်း 'အချိန်တန်ရင်အားလုံးပြောပြမယ် ကျွန်တော့နောက်ကြောင်းကိုမစုံစမ်းနဲ့Min' ဟူသောလေသံခပ်မာမာလေးကြောင့် ယနေ့အချိန်ထိဘာကိုမှစုံစမ်းခြင်းမပြုခဲ့သည်မှာကြာလေပြီ။

"ကလေး" Yoongi ရဲ့ခပ်သြသြခေါ်သံအဆုံး...

"ဟူးး ကျွန်တော့်ရဲ့အကြောင်းတွေကိုပြောပြမယ်"

စကားဝိုင်းထဲရှိလူအားလုံးစိတ်ဝင်စားသွားရသည်။ စကားဝိုင်းဟူသာခေါ်တွင်တာ ထိုဝိုင်းတွင်ရှိသောလူမှာ၅ယောက်ခန့်သာ။ Jiminရဲ့ကိစ္စအားဖြေရှင်းရန်Taehyungတို့ငါးယောက်Jiminအိမ်၌စုကာစကားပြောနေကြခြင်းပင်။

ဖြေးညှင်းစွာရှင်းပြနေသောလေသံလေးနှင့်အတူJimin၏မျက်နှာမှာလည်း ဒေါသကြောင့်ခက်ထန်လာလိုက်၊ ဝမ်းနည်းမှုကြောင့်ညှိုးမှိုင်းလိုက်ဖြင့်။ လက်တွဲဖော်ဖြစ်သူကတော့စကားများအားတိတ်ဆိတ်စွာနားထောင်ရင်းအားပေးသလိုလက်ကိုတင်းတင်းဆုပ်ကိုင်လျက်။

"ဒါဆို Zankoku Gangက..."

"ဟုတ်တယ် အဲ့ဂိုဏ်းက ကျွန်တော့်ဝမ်းခွဲအစ်ကိုကိုအဘိုးကအုပ်ချုပ်ခွင့်ပေးထားတာ။ အစ်ကိုကသိပ်စိတ်ထားကောင်းတာ၊ စိတ်ထားလေးလည်းနူးနူးညံ့ညံ့လေး။ ကြားထဲမှာတစ်နှစ်လောက်ပျောက်သွားတာကိုသတိထားမိမှာပါ အဲ့တာအစ်ကိုအုပ်ချုပ်စဥ်ကာလလေ။ သူကမကောင်းတာဆိုဘာမှမလုပ်ချင်ဘူး"

လူအားလုံးငြိမ်ကျသွားသည်။

"ဒါဆို Han Yuna shiiကရော" Seokjin hyungရဲ့မေးသံအဆုံးJiminမျက်နှာဟာ ပေါက်ကွဲတော့မည့်မီးတောက်တစ်ခုလို...။

"သူ(မ)ကိုအဘိုးကမွေးစားထားတာ။ ဒါပေမဲ့အဲ့နောက်ကွယ်မှာကျွန်တော်တို့မသိတဲ့ကိစ္စတွေရှိသေးတယ်။ အဘိုးပဲသိတဲ့လျှို့ဝှက်ချက်လေးပေါ့"

"ဒါဆို Jimin shiiရဲ့အစ်ကိုဝမ်းခွဲနေရာကို သူ(မ)က..."

"မသိဘူး ဒီကြားထဲဘာတွေဖြစ်သွားလဲကျွန်တော်မသိလိုက်ဘူး။ အဘိုးနဲ့စိတ်ဆိုးပြီးKoreaကိုပြန်လာတယ် အစ်ကိုနဲ့ကဖုန်းအဆက်အသွယ်ပဲရှိတာ။ အခုတလောအစ်ကို့စီကဖုန်းမရတာကြာပြီ။ အစကအလုပ်ရှုပ်နေတယ်လို့ပဲထင်ထားတာ။ အခုတော့..ဟူး....."

Jiminကစိတ်ရှုပ်နေဟန် မျက်နှာအားလက်နှစ်ဖက်ဖြင့်အုပ်၍သက်ပြင်းချ၏။ Taehyungတို့လည်းမိသားစုအတွင်းရေးကိစ္စဖြစ်နေသောကြောင့်မည့်သို့ကူညီပေးရမှန်းမသိပေ။ သို့ပေမဲ့မိသားစုဖြစ်နေသော်လည်းသူတစ်ပါးဥစ္စာအားလက်နက်ဖြင့်ချိန်းခြောက်ကာဓားပြတိုက်သလိုတိုက်ယူသွားသောသူကြောင့်ဥပဒေအရဖြေရှင်းသင့်သည်မှာတော့အမှန်ပင်။

"အဘိုးကိုပြောပြလိုက်ပါလား" Yoongiရဲ့အကြံပေးစကားအဆုံး...

"အင်းအဘိုးကိုပဲပြောပြရမှာပဲ ကိုယ်မွေးထားတဲ့မျောက်ကိုယ့်ပြန်ခြောက်နေမှန်းမသိပဲဒီတိုင်းလွှတ်ပေးထားတယ်။ အစ်ကို့ကြောင့်သာပေါ့မဟုတ်ရင်ဒီတိုင်းလွှတ်ပေးထားလိုက်ပြီ"

Jiminက သူ့ရဲ့အဘိုးကိုဒေါသထွက်နေဟန်ရေရွတ်နေသည်။

"ဒါနဲ့ Jeon Dohyunကိုရောဘယ်လိုလုပ်မှာလဲ"
ဒေါသပြေသွားပုံရသောJiminကTaehyungဘေးနား၌ထိုင်နေသောလူအားအမေးပြုလိုက်သောကြောင့် စားပွဲရှိလူအားလုံးရဲ့အာရုံစူးစိုက်မှုကသူ့ထံတွင်သာ။

"Jeonကတော်ကိုမေးကြည့်တာတော့သူလည်းမသိဘူးလို့ပြောတာပဲ။ Daddyကတော့အဖြစ်အပျက်တွေကိုမယုံနိုင်လို့လားမသိအိပ်ယာထဲလဲနေတယ်၊ အဲ့ကောင်နာမည်ကိုတောင်မဟရဲဘူးဒေါသတွေထွက်လာပြီးသတိမေ့သွားမှာစိုးလို့။ "

အမေးတခြားအဖြေတခြားဖြစ်နေသည်ကိုတော့မျက်မှောက်ကြုတ်လျက်ရှိနေသောထိုလူသားကရိပ်မိမည်မထင်။ ထိုအခါမှTaehyungတို့လည်း စိတ်ရှုတ်နေသောသူ့အားဘာမှထပ်မမေးရန်ဆုံးဖြတ်လိုက်တော့သည်။ ပြဿနညတွေကထပ်ကာထပ်ကာရှုတ်လာလေပြီ။ ဘာကိုအရင်ဖြေရှင်းရမှန်းမသိအောင်အထိ။

"ရဲစခန်းကိုအကြောင်းကြားလိုက်ရင်ရော" Seokjinရဲ့အကြံပေးချက်ကိုမစဥ်းစားမိသူမှာမည်သူမျှမရှိပေ။ သို့ပေမဲ့ဒုစရိုက်လုပ်ငန်းအားလုပ်နေခြင်းအားသိလျက်နဲ့မဖမ်းနိုင်ခဲ့သောအဖြစ်အပျက်များစွာသည်မျက်စိရှေ့မှောက်တွင်ရှိနေခဲ့သည်မဟုတ်လား။
အားလုံးရဲ့အတွေးများကိုသိနေဟန်Seokjinကထပ်၍ပြောသည်။

"ကျွန်တော်ပြောချင်တာက အရင်တုန်းကZankoku Gangဆိုတာအရည်အချင်းရှိသူတွေပဲအုပ်ချုပ်တဲ့ဂိုဏ်းလေ။ ဘယ်ကိစ္စမဆိုပိပိရိရိလုပ်ဆောင်နိုင်တဲ့ဂိုဏ်း။ ဒါပေမဲ့အခုသူ(မ)ကအရည်အချင်းမရှိပဲနေရာကိုလုပြီးတက်လာတဲ့လူဆိုတော့အရင်လူတွေလိုလုပ်နိုင်မှာမဟုတ်ဘူးဆိုတာကိုပဲ။ အဲ့ဒါကြောင့်ရဲတွေနဲ့ပူးပေါင်းလုပ်ဆောင်သင့်သလားလို့ပါ"

အတွင်းရေးမှူးSeokjinရဲ့စကားကိုနားထောင်ပြီးစားပွဲရှိအားလုံးရဲ့အတွေးတွေကတစ်မျိုးပြောင်းသွားလေသည်။ ဟုတ်တယ်သူတို့ဒီအချက်ကိုဘာကြောင့်မစဥ်းစားမိတာလဲ!! အရည်အချင်းမရှိတဲ့လူတစ်ယောက်အုပ်ချုပ်နေတဲ့အသင်းအဖွဲ့ကဘယ်လောက်ခိုင်မာနိုင်မည်လဲ။ သူဟာဘယ်လိုအခြေအနေနဲ့ပဲနေခဲ့ပါစေအရည်အချင်းဖြင့်တက်လာသူမဟုတ်ရင်တော့ သူရောက်နေတဲ့နေရာဟာသူနဲ့မထိုက်တန်ကြောင်းကိုပြသပေးရဦးမှာပင်။

"ဟုတ်ပြီအဲ့ဆိုကျွန်တော်ကအစ်ကိုNamjoonနဲ့တိုင်ပင်ပြီးရဲဘက်နဲ့ပူးပေါင်းထားလိုက်မယ်။ Jiminနဲ့CEO Minကထိုအမျိုးသမီးရဲ့လုပ်ဆောင်မှုတွေကိုဆက်စုံစမ်းပေးထား၊ Jeonက Jeon Dohyunရဲ့အခြေအနေကိုရအောင်ထောက်လှမ်းပေးဦး"

မမှားဘူး! သူတို့နားကြားတာမမှားလိုက်ဘူး။ တစ်မိုးအောက်Kim Taehyungက တစ်စုံတစ်ယောက်ကိုရင်းရင်းနှီးနှီးခေါ်လိုက်တယ်တဲ့!! Oh My God! ဘာတွေလဲ! သူတို့ကဘာတွေလဲ...

Jungkookကလွဲ၍စားပွဲရှိလူအားလုံးမှာTaehyungရဲ့ရင်းနှီးသောအသုံးအနှုန်းကြောင့်အံသြမှင်သက်လျက်။ ပို၍ထူးဆန်းဖို့ကောင်းတာကထိုရင်းနှီးတဲ့အသုံးအနှုန်းကို Jungkookဘက်ကသာမာန်လိုဆက်ဆံနေတာကိုပဲ။

သူဝင်ပြောမှတိတ်ဆိတ်သွားသောအခြေအနေတစ်ခုကြောင့်Taehyungကြောင်'အ'ကာ အားလုံးကိုကြည့်မိစဥ် Jungkookကလွဲ၍အကုန်လုံးကလည်းမေးရိုးများပြုတ်နေသလိုပါးစပ်များပွင့်အ၍ပြန်ကြည့်နေကြပြန်သည်။ ဘာလဲ ငါပြောတဲ့အထဲမှာအမှားတစ်ခုခုများပါသွားလို့လား???

"အဟမ်း Taehyung ခုဏကသူ့ကိုဘယ်လိုခေါ်လိုက်တာ...?"
Jiminက Taehyungဘေး၌ထိုင်နေသူအားလက်ညိုးထိုး၍မေးသည်။ မျက်နှာမှာလည်းပြုံးစိစိဖြင့်။ ထိုအခါမှTaehyungသူပြောမိသည်ကိုသတိရ၍ပါးပြင်မှာပူလောင်သွားသလိုခံစားလိုက်ရသည်။ ဘေးနားကလူကိုကြည့်မိတော့လည်းသူ့ကိုပြုံး၍ကြည့်နေသည်မှာမြတ်နိုးမှုအတိဖြင့်။ သူ့ကိုအကူအညီတောင်းသလိုကြည့်လိုက်ပါတယ်ဆို ပိုရှက်အောင်လုပ်နေသလားလို့တောင်ထင်မှတ်ရသည်အထိ။ ထိုအခါမှဘေးနားကလူတွေကလည်းချောင်း 'တဟွတ်ဟွတ်' ဆိုး၍မျက်နှာလွဲကုန်ကြသည်။ လုပ်ချောင်းကြီးဆိုးနေကြပြီးတော့...

ထိုနေ့ကလူ၅ယောက်ခန့်ရှိသောစားပွဲဝိုင်းတွင် 'စ'သလိုနှင့်ချောင်းဆိုးနေသောကောင်လေးတစ်ယောက်ရယ် ထိုကောင်လေးအားပြုံးကာကြည့်နေသောလက်တွဲဖော်တစ်ဦးရယ် အစခံရ၍ရှက်နေသောကောင်လေးနှင့်ထိုကောင်လေးကမြတ်နိုးမှုအပြည့်နှင့်ကြည့်နေသောကောင်လေးတစ်ဦးရယ် CEOဖြစ်သူရဲ့အနာဂါတ်လှပနေပုံကိုတွေးကာစိတ်ချသလိုပြုံးနေသောအမျိုးသားတစ်ဦးရှိခဲ့ပါသည်။ virusဖြစ်ပေမဲ့အန္တရယ်မပြုတဲ့Happy virusလေးဟာ ကူးစက်တက်ပါကြောင်း....။

~~~
TBC...
**Thanks for reading**


Zawgyi

'ေတာက္ခနဲ' ေတာက္ေခါက္သံႏွင့္အတူ ေဒါသထြက္ေနပုံရေသာJiminအားဝိုင္းတြင္စုေဝးေနေသာလူတစ္စုက'ဘာျဖစ္တာလဲ'ဟူေသာအၾကည့္မ်ားျဖင့္။ Jiminကလွ်ို႔ဝွက္လြန္းသည္။ သူ႕မိသားစုအေၾကာင္းမေျပာႏွင့္သူ႕အေၾကာင္းကိုေတာင္အရင္းႏွီးဆုံးျဖစ္ေသာYoongiမွာမသိရ။ တိတ္တဆိတ္စုံစမ္းခဲ့ဖူးေသာ္လည္း 'အခ်ိန္တန္ရင္အားလုံးေျပာျပမယ္ ကြၽန္ေတာ့ေနာက္ေၾကာင္းကိုမစုံစမ္းနဲ႕Min' ဟူေသာေလသံခပ္မာမာေလးေၾကာင့္ ယေန႕အခ်ိန္ထိဘာကိုမွစုံစမ္းျခင္းမျပဳခဲ့သည္မွာၾကာေလၿပီ။

"ကေလး" Yoongi ရဲ႕ခပ္ၾသၾသေခၚသံအဆုံး...

"ဟူးး ကြၽန္ေတာ့္ရဲ႕အေၾကာင္းေတြကိုေျပာျပမယ္"

စကားဝိုင္းထဲရွိလူအားလုံးစိတ္ဝင္စားသြားရသည္။ စကားဝိုင္းဟူသာေခၚတြင္တာ ထိုဝိုင္းတြင္ရွိေသာလူမွာ၅ေယာက္ခန့္သာ။ Jiminရဲ႕ကိစၥအားေျဖရွင္းရန္Taehyungတို႔ငါးေယာက္Jiminအိမ္၌စုကာစကားေျပာေနၾကျခင္းပင္။

ေျဖးညွင္းစြာရွင္းျပေနေသာေလသံေလးႏွင့္အတူJimin၏မ်က္ႏွာမွာလည္း ေဒါသေၾကာင့္ခက္ထန္လာလိုက္၊ ဝမ္းနည္းမႈေၾကာင့္ညွိုးမွိုင္းလိုက္ျဖင့္။ လက္တြဲေဖာ္ျဖစ္သူကေတာ့စကားမ်ားအားတိတ္ဆိတ္စြာနားေထာင္ရင္းအားေပးသလိုလက္ကိုတင္းတင္းဆုပ္ကိုင္လ်က္။

"ဒါဆို Zankoku Gangက..."

"ဟုတ္တယ္ အဲ့ဂိုဏ္းက ကြၽန္ေတာ့္ဝမ္းခြဲအစ္ကိုကိုအဘိုးကအုပ္ခ်ဳပ္ခြင့္ေပးထားတာ။ အစ္ကိုကသိပ္စိတ္ထားေကာင္းတာ၊ စိတ္ထားေလးလည္းႏူးႏူးညံ့ညံ့ေလး။ ၾကားထဲမွာတစ္ႏွစ္ေလာက္ေပ်ာက္သြားတာကိုသတိထားမိမွာပါ အဲ့တာအစ္ကိုအုပ္ခ်ဳပ္စဥ္ကာလေလ။ သူကမေကာင္းတာဆိုဘာမွမလုပ္ခ်င္ဘူး"

လူအားလုံးၿငိမ္က်သြားသည္။

"ဒါဆို Han Yuna shiiကေရာ" Seokjin hyungရဲ႕ေမးသံအဆုံးJiminမ်က္ႏွာဟာ ေပါက္ကြဲေတာ့မည့္မီးေတာက္တစ္ခုလို...။

"သူ(မ)ကိုအဘိုးကေမြးစားထားတာ။ ဒါေပမဲ့အဲ့ေနာက္ကြယ္မွာကြၽန္ေတာ္တို႔မသိတဲ့ကိစၥေတြရွိေသးတယ္။ အဘိုးပဲသိတဲ့လွ်ို႔ဝွက္ခ်က္ေလးေပါ့"

"ဒါဆို Jimin shiiရဲ႕အစ္ကိုဝမ္းခြဲေနရာကို သူ(မ)က..."

"မသိဘူး ဒီၾကားထဲဘာေတြျဖစ္သြားလဲကြၽန္ေတာ္မသိလိုက္ဘူး။ အဘိုးနဲ႕စိတ္ဆိုးၿပီးKoreaကိုျပန္လာတယ္ အစ္ကိုနဲ႕ကဖုန္းအဆက္အသြယ္ပဲရွိတာ။ အခုတေလာအစ္ကို႔စီကဖုန္းမရတာၾကာၿပီ။ အစကအလုပ္ရႈပ္ေနတယ္လို႔ပဲထင္ထားတာ။ အခုေတာ့..ဟူး....."

Jiminကစိတ္ရႈပ္ေနဟန္ မ်က္ႏွာအားလက္ႏွစ္ဖက္ျဖင့္အုပ္၍သက္ျပင္းခ်၏။ Taehyungတို႔လည္းမိသားစုအတြင္းေရးကိစၥျဖစ္ေနေသာေၾကာင့္မည့္သို႔ကူညီေပးရမွန္းမသိေပ။ သို႔ေပမဲ့မိသားစုျဖစ္ေနေသာ္လည္းသူတစ္ပါးဥစၥာအားလက္နက္ျဖင့္ခ်ိန္းေျခာက္ကာဓားျပတိုက္သလိုတိုက္ယူသြားေသာသူေၾကာင့္ဥပေဒအရေျဖရွင္းသင့္သည္မွာေတာ့အမွန္ပင္။

"အဘိုးကိုေျပာျပလိုက္ပါလား" Yoongiရဲ႕အႀကံေပးစကားအဆုံး...

"အင္းအဘိုးကိုပဲေျပာျပရမွာပဲ ကိုယ္ေမြးထားတဲ့ေမ်ာက္ကိုယ့္ျပန္ေျခာက္ေနမွန္းမသိပဲဒီတိုင္းလႊတ္ေပးထားတယ္။ အစ္ကို႔ေၾကာင့္သာေပါ့မဟုတ္ရင္ဒီတိုင္းလႊတ္ေပးထားလိုက္ၿပီ"

Jiminက သူ႕ရဲ႕အဘိုးကိုေဒါသထြက္ေနဟန္ေရ႐ြတ္ေနသည္။

"ဒါနဲ႕ Jeon Dohyunကိုေရာဘယ္လိုလုပ္မွာလဲ"
ေဒါသေျပသြားပုံရေသာJiminကTaehyungေဘးနား၌ထိုင္ေနေသာလူအားအေမးျပဳလိုက္ေသာေၾကာင့္ စားပြဲရွိလူအားလုံးရဲ႕အာ႐ုံစူးစိုက္မႈကသူ႕ထံတြင္သာ။

"Jeonကေတာ္ကိုေမးၾကည့္တာေတာ့သူလည္းမသိဘူးလို႔ေျပာတာပဲ။ Daddyကေတာ့အျဖစ္အပ်က္ေတြကိုမယုံနိုင္လို႔လားမသိအိပ္ယာထဲလဲေနတယ္၊ အဲ့ေကာင္နာမည္ကိုေတာင္မဟရဲဘူးေဒါသေတြထြက္လာၿပီးသတိေမ့သြားမွာစိုးလို႔။ "

အေမးတျခားအေျဖတျခားျဖစ္ေနသည္ကိုေတာ့မ်က္ေမွာက္ၾကဳတ္လ်က္ရွိေနေသာထိုလူသားကရိပ္မိမည္မထင္။ ထိုအခါမွTaehyungတို႔လည္း စိတ္ရႈတ္ေနေသာသူ႕အားဘာမွထပ္မေမးရန္ဆုံးျဖတ္လိုက္ေတာ့သည္။ ျပႆနညေတြကထပ္ကာထပ္ကာရႈတ္လာေလၿပီ။ ဘာကိုအရင္ေျဖရွင္းရမွန္းမသိေအာင္အထိ။

"ရဲစခန္းကိုအေၾကာင္းၾကားလိုက္ရင္ေရာ" Seokjinရဲ႕အႀကံေပးခ်က္ကိုမစဥ္းစားမိသူမွာမည္သူမွ်မရွိေပ။ သို႔ေပမဲ့ဒုစရိုက္လုပ္ငန္းအားလုပ္ေနျခင္းအားသိလ်က္နဲ႕မဖမ္းနိုင္ခဲ့ေသာအျဖစ္အပ်က္မ်ားစြာသည္မ်က္စိေရွ႕ေမွာက္တြင္ရွိေနခဲ့သည္မဟုတ္လား။
အားလုံးရဲ႕အေတြးမ်ားကိုသိေနဟန္Seokjinကထပ္၍ေျပာသည္။

"ကြၽန္ေတာ္ေျပာခ်င္တာက အရင္တုန္းကZankoku Gangဆိုတာအရည္အခ်င္းရွိသူေတြပဲအုပ္ခ်ဳပ္တဲ့ဂိုဏ္းေလ။ ဘယ္ကိစၥမဆိုပိပိရိရိလုပ္ေဆာင္နိုင္တဲ့ဂိုဏ္း။ ဒါေပမဲ့အခုသူ(မ)ကအရည္အခ်င္းမရွိပဲေနရာကိုလုၿပီးတက္လာတဲ့လူဆိုေတာ့အရင္လူေတြလိုလုပ္နိုင္မွာမဟုတ္ဘူးဆိုတာကိုပဲ။ အဲ့ဒါေၾကာင့္ရဲေတြနဲ႕ပူးေပါင္းလုပ္ေဆာင္သင့္သလားလို႔ပါ"

အတြင္းေရးမႉးSeokjinရဲ႕စကားကိုနားေထာင္ၿပီးစားပြဲရွိအားလုံးရဲ႕အေတြးေတြကတစ္မ်ိဳးေျပာင္းသြားေလသည္။ ဟုတ္တယ္သူတို႔ဒီအခ်က္ကိုဘာေၾကာင့္မစဥ္းစားမိတာလဲ!! အရည္အခ်င္းမရွိတဲ့လူတစ္ေယာက္အုပ္ခ်ဳပ္ေနတဲ့အသင္းအဖြဲ႕ကဘယ္ေလာက္ခိုင္မာနိုင္မည္လဲ။ သူဟာဘယ္လိုအေျခအေနနဲ႕ပဲေနခဲ့ပါေစအရည္အခ်င္းျဖင့္တက္လာသူမဟုတ္ရင္ေတာ့ သူေရာက္ေနတဲ့ေနရာဟာသူနဲ႕မထိုက္တန္ေၾကာင္းကိုျပသေပးရဦးမွာပင္။

"ဟုတ္ၿပီအဲ့ဆိုကြၽန္ေတာ္ကအစ္ကိုNamjoonနဲ႕တိုင္ပင္ၿပီးရဲဘက္နဲ႕ပူးေပါင္းထားလိုက္မယ္။ Jiminနဲ႕CEO Minကထိုအမ်ိဳးသမီးရဲ႕လုပ္ေဆာင္မႈေတြကိုဆက္စုံစမ္းေပးထား၊ Jeonက Jeon Dohyunရဲ႕အေျခအေနကိုရေအာင္ေထာက္လွမ္းေပးဦး"

မမွားဘူး! သူတို႔နားၾကားတာမမွားလိုက္ဘူး။ တစ္မိုးေအာက္Kim Taehyungက တစ္စုံတစ္ေယာက္ကိုရင္းရင္းႏွီးႏွီးေခၚလိုက္တယ္တဲ့!! Oh My God! ဘာေတြလဲ! သူတို႔ကဘာေတြလဲ...

Jungkookကလြဲ၍စားပြဲရွိလူအားလုံးမွာTaehyungရဲ႕ရင္းႏွီးေသာအသုံးအႏႈန္းေၾကာင့္အံၾသမွင္သက္လ်က္။ ပို၍ထူးဆန္းဖို႔ေကာင္းတာကထိုရင္းႏွီးတဲ့အသုံးအႏႈန္းကို Jungkookဘက္ကသာမာန္လိုဆက္ဆံေနတာကိုပဲ။

သူဝင္ေျပာမွတိတ္ဆိတ္သြားေသာအေျခအေနတစ္ခုေၾကာင့္Taehyungေၾကာင္'အ'ကာ အားလုံးကိုၾကည့္မိစဥ္ Jungkookကလြဲ၍အကုန္လုံးကလည္းေမးရိုးမ်ားျပဳတ္ေနသလိုပါးစပ္မ်ားပြင့္အ၍ျပန္ၾကည့္ေနၾကျပန္သည္။ ဘာလဲ ငါေျပာတဲ့အထဲမွာအမွားတစ္ခုခုမ်ားပါသြားလို႔လား???

"အဟမ္း Taehyung ခုဏကသူ႕ကိုဘယ္လိုေခၚလိုက္တာ...?"
Jiminက Taehyungေဘး၌ထိုင္ေနသူအားလက္ညိုးထိုး၍ေမးသည္။ မ်က္ႏွာမွာလည္းၿပဳံးစိစိျဖင့္။ ထိုအခါမွTaehyungသူေျပာမိသည္ကိုသတိရ၍ပါးျပင္မွာပူေလာင္သြားသလိုခံစားလိုက္ရသည္။ ေဘးနားကလူကိုၾကည့္မိေတာ့လည္းသူ႕ကိုၿပဳံး၍ၾကည့္ေနသည္မွာျမတ္နိုးမႈအတိျဖင့္။ သူ႕ကိုအကူအညီေတာင္းသလိုၾကည့္လိုက္ပါတယ္ဆို ပိုရွက္ေအာင္လုပ္ေနသလားလို႔ေတာင္ထင္မွတ္ရသည္အထိ။ ထိုအခါမွေဘးနားကလူေတြကလည္းေခ်ာင္း 'တဟြတ္ဟြတ္' ဆိုး၍မ်က္ႏွာလြဲကုန္ၾကသည္။ လုပ္ေခ်ာင္းႀကီးဆိုးေနၾကၿပီးေတာ့...

ထိုေန႕ကလူ၅ေယာက္ခန့္ရွိေသာစားပြဲဝိုင္းတြင္ 'စ'သလိုႏွင့္ေခ်ာင္းဆိုးေနေသာေကာင္ေလးတစ္ေယာက္ရယ္ ထိုေကာင္ေလးအားၿပဳံးကာၾကည့္ေနေသာလက္တြဲေဖာ္တစ္ဦးရယ္ အစခံရ၍ရွက္ေနေသာေကာင္ေလးႏွင့္ထိုေကာင္ေလးကျမတ္နိုးမႈအျပည့္ႏွင့္ၾကည့္ေနေသာေကာင္ေလးတစ္ဦးရယ္ CEOျဖစ္သူရဲ႕အနာဂါတ္လွပေနပုံကိုေတြးကာစိတ္ခ်သလိုၿပဳံးေနေသာအမ်ိဳးသားတစ္ဦးရွိခဲ့ပါသည္။ virusျဖစ္ေပမဲ့အႏၱရယ္မျပဳတဲ့Happy virusေလးဟာ ကူးစက္တက္ပါေၾကာင္း....။

~~~

TBC...
**Thanks for reading**




पढ़ना जारी रखें

आपको ये भी पसंदे आएँगी

92.3K 2.1K 52
Book 2 -The Bruised Boxer Series With Maddison's scholarship on the line, Ashton takes up a deal, putting him at the forefront of the boxing ring. Ma...
40.8M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
2.6K 156 6
ချစ်မြတ်နိုးခြင်းသာ စစ်မှန်သောအကြောင်းတရားဖြစ်ခဲ့ပါရင်...။ Started date:November 14,2022.