အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...

By daddyzhanghan

70.8K 6.1K 23

Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More

Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....

အပိုင်း(၁၂၈)

320 29 0
By daddyzhanghan

အပိုင်း(၁၂၈) ဘယ်သူလုပ်တာလဲ

"အား"

"လူသတ်သမား"

အခန်းထဲရှိ အမျိုးသမီးများသည် မျက်လုံးများကို မှိတ်ကာ ကြောက်လန့်တကြား အော်ဟစ်ကြသည်။

ကျောက်ဖုန်းပင်လျှင် ထိတ်လန့်တုန်လှုပ်သွား၏။ ကျန်းဟန်က ကင်းမြီးကောက်၏ဦးခေါင်းအစား နားရွက်ကိုသာ ပစ်ခဲ့သည်ကို တွေ့လိုက်ရပြီးမှ စိတ်သက်သာရာရသွားခဲ့သည်။

သို့သော် ထိုနောက်တွင်တော့ ခါးသည်းစွာ ပြုံးလိုက်မိပြန်၏။

ကျန်းဟန် မည်သူ့ကိုမျှ မသတ်ခဲ့သော်လည်း သူသည် ကင်းမြီးကောက်အား သေလုမျောပါး ရိုက်နှက်ပြီး ချန်ရှန်ကလပ်အား ဖရိုဖရဲဖြစ်သွားစေခဲ့သည်။ ဤပြဿနာကို ထန်ကျန့်က အေးအေးဆေးဆေး ကျော်သွားမည်မဟုတ်ချေ။

"သူဌေး...ဒါက..."

ကျောက်ဖုန်း ခေါင်းယမ်းရင်း

"ထန်ကျန့်...သူ..."

"ဘာမှ မပြောနဲ"

ကျန်းဟန်က ကင်းမြီးကောက်အား နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး သေနတ်ကို ကင်းမြီးကောက်၏ရင်ဘတ်ပေါ် ပစ်တင်ခဲ့လိုက်သည်။ သူသည် တံခါးရှိရာသို့ လှည့်လိုက်ပြီး ကျောက်ဖုန်းအား အနည်းငယ်ခေါင်းညိတ်ပြကာ အေးစက်စက်ပြောလိုက်၏။

"သူလက်စားချေဖို့ လာရဲမယ်ဆိုရင် သူ လာပါစေ"

ပြောပြီးသည်နှင့် ကျန်းဟန် အပြင်သို့ တန်း၍ ထွက်သွားလေသည်။

ကျောက်ဖုန်း အားတင်းကာ ပြုံးလိုက်၏။ ခဏကြာ တုံဆိုင်နေပြီးမှ ထန်ကျန့်၏နံပါတ်အား ခေါ်ဆိုလိုက်သည်။

"သခင်ကြီးထန် ချန်ရှန်ကလပ်မှာ ကင်းမြီးကောက် တိုက်ခိုက်ခံရတယ်"

ဖုန်းခေါ်ပြီးနောက်တွင် ဓာတ်လှေကားထဲသို့ လျှောက်ဝင်သွားသည့် ကျန်းဟန်ကို ကြည့်ရင်း ကျောက်ဖုန်း ဖျော့တော့စွာ သက်ပြင်းချလိုက်၏။

အရာအားလုံးဖြစ်ပျက်ပြီးနေပြီဖြစ်၍ နောက်ပြန်ဆုတ်မရတော့ပေ။ ကျောက်ဖုန်း ဘာလုပ်ရမှန်းမသိတော့။ ယခု သူသည် ဤနေသို့ရောက်ရှိနေပြီးဖြစ်၍ ထန်ကျန့်အား အသိပေးရုံသာရှိသည်။ တစ်ချိန်တည်းမှာပင် ကျန်းဟန်နှင့် ရင်းရင်းနီးနီးနေပြ၍လည်း မဖြစ်။ ကော်ရစ်ဒါရှိ စီစီတီဗီများက သူ၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားပြီး ထန်ကျန့်သာ သူတို့၏ရင်းနီးမှုအား တွေ့ရှိသွားပါက ဒုက္ခရောက်ပေလိမ့်မည်။

"ငါဘာလုပ်ရမလဲ..."

ကျောက်ဖုန်း စီးကရက်တစ်လိပ်ကို မီးညှိပြီး ခပ်ပြင်းပြင်း ရှိုက်လိုက်၏။ သူ၏မျက်လုံးများက နက်မှောင်နေပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။

"ငါ ထန်ကျန့်ရဲ့လျှို့ဝှက်ခန်းကို ဖောက်ဝင်ဖို့ နည်းလမ်းရှာဖို့လိုမလား"

လျှို့ဝှက်ခန်းအတွင်းသို့ ဖောက်ဝင်ခြင်းသည် နောက်ဆုံးထွက်ပေါက်ဖြစ်လေသည်။ နောက်ဆုံးအချိန်ထိ မရောက်မချင်း ကျောက်ဖုန်း ဤနည်းလမ်းအား မကြိုးစားချင်ပေ။ သို့သော် အကယ်၍ ထန်ကျန့်သာ သူ၏သူဌေးအား ဆန့်ကျင်တိုက်ခိုက်လာပါက ကျောက်ဖုန်း မသိကျိုးကျွံပြုနေမည်မဟုတ်။ သို့သော်လည်းပဲ သူဌေးအား သူကူညီပေးလျှင်ပင် သူတို့သည် ထန်ကျန့်၏ ပြိုင်ဘက်မဖြစ်နိုင်သေးချေ။

ကျောက်ဖုန်း၏အမြင်တွင် လက်ရှိအခြေအနေမှာ မတိုးသာမဆုတ်သာဖြင့် အလွန်ခေါင်းကိုက်စရာ အခြေအနေဖြစ်သည်။

အခြားတစ်ဖက်တွင်...

ကျန်းဟန် ပထမထပ်သို့ ရောက်ရှိလာပြီး အပြင်ဘက်သို့ ထွက်သွားသည့်အချိန်တွင် လော်ဘီအတွင်းရှိ လူများအပြင် ဧည့်ကြိုကောင်တာမှ စားပွဲထိုးများ လုံခြုံရေးဝန်ထမ်းများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသသည်။

"ဘာဖြစ်သွားတာလဲ"

"ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ် ပြန်ဆင်းလာနိုင်ရတာလဲ"

"အစ်ကိုကြီးကင်းမြီးကောက်က သူ့ကို မသတ်ဘူးလား"

"ဘုရားရေ...ချန်ရှန်ကလပ်မှာ ပြဿနာရှာပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်ထွက်သွားတာကို ပထမဆုံး တွေ့ဖူးတာပဲ"

"..."

လူအုပ်ကြီးမှာ အချင်းချင်း တီးတိုးပြောနေကြသည်။ သူတို့သည် ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်ဖြစ်နေကြ၏။ ခုနှစ်လွှာမှလူများ အားလုံး ရှုံးနိမ့်သွားလိမ့်မည်ဟူ၍လည်း ဘယ်တုန်းကမှ ထင်ထားခဲ့မည်မဟုတ်ကြပေ။

ကျန်းဟန်သည် ကလပ်ထဲမှ ထွက်လာပြီး သူ၏ကားဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

တစ်ချိန်တည်းမှာပင် Audi A6L ကား၏ ဘေးတွင် ရပ်နေကြသော လီအန်းနာနှင့် သူမ၏အဖော်များမှာ ထိတ်လန့်နေကြဆဲပင်။ သို့သော် ကြောက်ရွံ့ခြင်းအပြင် ကျန်းဟန်အတွက် စိုးရိမ်ပူပန်မှုများနှင့် လေးလေးနက်နက်ကျေးဇူးတင်ခြင်းများက သူမ၏မျက်နှာထက်တွင် ပေါ်လွင်နေ၏။

"အန်နာ သူက မင်းရည်းစားလား"

နောက်ဆုံးတွင် မားချန်သည် မနေနိုင်တော့ဘဲ မေးလိုက်၏။

"ရှင့် ကိစ္စမဟုတ်ဘူး"

လီအန်နာက ဘုဆတ်ဆတ်ပြောသည်။

"ငါ..."

မားချန် သက်ပြင်းချလိုက်ပြီး

"ငါ တခြားအဓိပ္ပာယ်မဟုတ်ပါဘူး။ ငါသူ့ကို စိုးရိမ်လို့ပါ။ ငါတို့ရဲ့အသက်ကို ကယ်တင်ပေးလောက်တဲ့အထိ ကြင်နာမှုမျိုး သူ့မှာ ရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူက မင်းရည်းစားလားဆိုတာ ငါသိချင်ရုံပါ။ ဟုတ်တယ်ဆိုရင် ငါ အလျှော့ပေးလိုက်တော့မယ်"

လီအန်နာမှာ သူ၏စကားကိုနားထောင်ရင်း ကျန်းဟန်တွင် သမီးတစ်ယောက်ရှိနေပြီးသားဖြစ်သည့်အတွက် "မဟုတ်ဘူး" ဟု ပြောရန်ပြင်လိုက်သည်။ သို့သော် မားချန်၏နောက်ဆုံးစကားကို ကြားသည့်အခါ လီအန်နာက ချက်ချင်း ခေါင်းညိတ်ပြီး

"ဟုတ်တယ်" ဟု ပြောလိုက်၏။

"ကောင်းပြီ..."

မားချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ပတ်နာရီအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ဒါဆို ငါတို့ သုံးမိနစ်လောက် စောင့်ကြမယ်။ တကယ်လို့ သူထွက်မလာသေးဘူးဆိုရင် ငါတို့ ရဲခေါ်သင့်တယ်"

"သူလာပြီ သူထွက်လာပြီ"

လျိုလုက ရုတ်တရက် ကျန်းဟန်လာနေသည်ကို မြင်လိုက်ရ၏။

အားလုံး သူ့ဆီသို့ ပြေးသွားကြပြီး လီအန်နာမှာ ထိုအထဲတွင် အမြန်ဆုံးဖြစ်သည်။ သူမသည် ကျန်းဟန်၏ရင်ဘတ်ထဲ ပြေးဝင်တော့မလို လက်နှစ်ဖက်ကို မြှောက်ကာ ပြေးလာသည်။

သို့သော် အနားသို့ရောက်သည့်အခါ ကျန်းဟန်က ဘေးသို့ ရှောင်လိုက်ပြီး လီအန်နာကို သူ့အား ဖက်ခွင့်မပေးခဲ့ချေ။

"အစ်ကိုကျန်းဟန်..."

လီအန်နာသည် နှုတ်ခမ်းကိုကိုက်ကာ

"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်းဟန်။ အစ်ကိုသာ ရောက်မလာရင် ညီမတို့..."

ပြောနေရင်းဖြင့် လီအန်နာ၏မျက်လုံးများမှာ ရုတ်တရက် နီရဲလာ၏။

ကျန်းဟန်သာ အချိန်မီရောက်မလာပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။ ထိုအချိန်က သူမသည် မြေအောက်ဂိုဏ်းမှလူများမှာ ဤမျှ ကြမ်းတမ်းရက်စက်လိမ့်မည်ဟု မမျှော်ထားခဲ့ပချေ။

"ဟုတ်ပါတယ် အစ်ကိုကြီး။ ဒီ‌နေ့အတွက် ကျေးဇူးအများကြီးတင်ပါ"

ပိုနီတေးဆံပင်နှင့် မိန်းကလေးက ရိုးရိုးသားသားဖြင့် ပြောသည်။

"ကျွန်တော် တောင်းပန်ပါတယ်။ ဒီနေ့ ကျွန်တော် ပြောမှားဆိုမှားတွေရှိခဲ့တယ်။ ခွင့်လွှတ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

မားချန်က ရှက်လွန်းသဖြင့် ခေါင်းငုံ့လိုက်၏။

"အစ်ကိုကြီး ကျေးဇူးပြုပြီး စိတ်ထားမထားပါနဲ့။ အစ်ကို အခုအားမယ်ဆိုရင် အစ်ကိုရဲ့ကြင်နာမှုကို ကျွန်တော်တို့ ပြန်ဆပ်ချင်ပါတယ်"

ဆံပင်ကောက်ကောက်နှင့် အမျိုးသားက သူ၏ဖိတ်ကြားချက်ကို ဖော်ထုတ်သည်။

သို့သော် ကျန်းဟန်က သူ့တို့အား တစ်ချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ငါ မင်းတို့ကို မတော်တဆကူညီပေးခဲ့တာ။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး"

ပြောပြီးသည်နှင့် ကျန်းဟန် ရှေ့သို့တန်း၍ ‌လျှောက်သွားသည်။

မားချန်အပါအဝင် လူတိုင်း အေးခဲသွား၏။ ကျန်းဟန်က သူ့တို့အား ဒေါသထွက်နေခဲ့ပြီး လီအန်းနာကိုသာ ကယ်တင်ရန်စဉ်းစားခဲ့သော်လည်း သူတို့ကိုပါ အမှတ်တမဲ့ဖြင့် ကယ်တင်ခဲ့၏။ သို့သော် တကယ်တမ်းတွင် လီအန်နာကိုလည်း မတော်တဆဖြင့် ကယ်တင်ပေးခဲ့သည်ကိုတော့ သူတို့အားလုံး မျှော်လင့်ထားခဲ့မည်မဟုတ်။ ကျန်းဟန် ဤနေရာသို့ လာခဲ့ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ မုန့်မုန့်၏မျက်ရည်များပင်။

ကျန်းဟန် ကားဆီသို့ လျှောက်သွားသည်။ သူကားပေါ်တက်ခါနီးတွင် လီအန်နာ ပြေးလာပြီး

"အစ်ကိုကျန်းဟန် ညီမ အစ်ကိုရဲ့ကားနဲ့လိုက်ခဲ့လို့ရမလား"

"ကောင်းပြီ"

သူက ယွမ်ရင်ဥယျာဉ်သို့ သွားမည်ဖြစ်၍ လီအန်နာ လမ်းကြုံလိုက်နိုင်သည်ဟု တွေးကာ ကျန်းဟန် ခေါင်းညိတ်သဘောတူလိုက်သည်။

လီအန်နာ၏မျက်နှာမှာ ရွှင်မြူးကာဖြင့် ကျန်းဟန်၏ကားထဲသို့ ဝင်လာခဲ့၏။ သူမ၏အမူအရာကိုကြည့်ရုံဖြင့် မားချန်သည် ယွမ်သန်းပေါင်းများစွာတန်သည့် ဇိမ်ခံကားတစ်စီးကို မောင်းနှင်ခဲ့လျှင်ပင် ဤပန်ဒါကားကိုသာ ရွေးချယ်ဖြစ်ကြောင်း သိနိုင်သည်။

မားချန်နှင့် ကျန်သူများမှာ နေရာတွင်ပင် ရပ်ကာ လီအန်နာကားပေါ်တက်ပြီး အဝေးသို့မောင်းထွက်သွာသည့် ပန်ဒါကားကို စိုက်ကြည့်နေကြ၏။

"သူက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ။ ကော်ရစ်ဒါမှာ လူ ၂၀ ကျော် မှောက်နေတယ်။ သေလား ရှင်လားလည်း မသိဘူး။ သူက တကယ်ကို စွမ်းအားကြီးတယ်"

ဆံပင်ကောက်ကောက်နှင့်လူက အံ့ဩတကြီးပြောသည်။

"အမှန်ပဲ။ သူ ပန်ဒါကားကို မောင်းတာကြည့်ပြီး ငါသူ့ကို အထင်သေးခဲ့မိတယ်။ ငါ ဘယ်လောက်တောင် ရူးမိုက်သလဲ။ သူက အတွေ့အကြုံကြွယ်ဝတဲ့သူ ဖြစ်ရမယ်"

မားချန်က အမှတ်တမဲ့ဖြင့် ပြော၏။

"အန်နာက တကယ့်နတ်သားလေးကို ရှာတွေ့ခဲ့တာပဲ"

လျိုလု၏မျက်ဝန်းများက အံ့ဩမှုများဖြင့် ပြည့်နေသည်။

ယနေ့သည် သူတို့အားလုံးအတွက် မေ့မရနိုင်သည့် နေ့တစ်နေ့ပင်ဖြစ်တော့သည်။

ပန်ဒါကားထဲတွင်တော့...

လီအန်နာ ကားပေါ်ရောက်သည်နှင့် သူမ၏အမူအရာမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေ၏။ ကျန်းဟန်အား အကြိမ်ပေါင်းများစွာ ခိုးကြည့်ရင်း မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"အစ်ကိုကျန်းဟန် ညီမတို့ အဖမ်းခံရတာကို အစ်ကို ဘယ်လိုသိတာလဲ"

"ငါမသိဘူး"

ကျန်းဟန်က ဘာသိဘာသာပင် ပြန်ဖြေ၏။

"ဒါဆို..."

လီအန်းနာ အနည်းငယ် အံ့ဩပြီး ဆို့နင့်သွားသည်။ သူမ၏နှလုံးသားထဲတွင် ကျန်းဟန် သူမအတွက် တိုက်ခိုက်ခဲ့သည်ဟု ထင်ထားခဲ့၏။ သို့သော် တစ်ချိန်တည်းမှာပင် ကျန်းဟန်က လိမ်ပြောမည့်လူစားမျိုး မဟုတ်ကြောင်း သူမ ယုံကြည်သည်။

"ငါ ဒီနေ့ ကင်းမြီးကောက်ကို လာရှာတာ"

ကျန်းဟန်က သူမအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အင်း..."

လီအန်နာ ‌ခေါင်းငုံ့ကာ နှုတ်ခမ်းအား ကိုက်လိုက်မိပြီး တစ်စုံတစ်ရာ ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။

"ဒါပေမဲ့ မင်း အဖမ်းခံရတယ်ဆိုတာ သိခဲ့ရင် မင်းနဲ့ ရှောင်လီရဲ့ ဆက်ဆံရေးကြောင့် ငါ ရပ်ကြည့်နေမှာ မဟုတ်ပါဘူး"

ကျန်းဟန်က ထပ်ပေါင်း ပြောလိုက်သည်။

သူ၏စကားများက လီအန်နာကို ပြုံးသွားစေခဲ့သည်။

"ကျေးဇူးပါ အစ်ကိုကျန်းဟန်"

"အင်း"

......

ကျန်းဟန် ချန်ရှန်ကလပ်မှ ထွက်သွားပြီး နာရီဝက်အကြာတွင် အနက်ရောင်ကား တစ်ဒါဇင်ကျော်သည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့သည်။ အနက်ရောင် ဘန်တလေ Bentley နှစ်စီး‌ ရှေ့နောက် ဝန်းရံထားသည့် အလယ်တွင် Rolls-Royce Phantom တစ်စီး လိုက်ပါလာ၏။ ထိုကားသုံးစီးမှလွဲ၍ ကျန်ကားများအားလုံးမှာ မာစီးဒီးဘန့်ဇ် Mercedes-Benz များဖြစ်သည်။

ယာဉ်တန်းကြီးသည် လမ်းမပေါ်တွင် မောင်းနှင်သွားစဉ် လမ်းဘေးနှစ်ဘက်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွား၏။ သို့သော် လူနာတင်ကား ငါးစီးရပ်ထားပြီး ဆရာဝန်များအတွင်းအပြင် အလုပ်များနေသည့် ချန်ရှန်ကလပ်၏ဝင်ပေါက်တွင်တော့ လူများ၏မျက်လုံးများမှာ ပို၍ စူးစိုက်နေခဲ့သည်။ အဝေးမှကြည့်လျှင် ဒဏ်ရာရနေသည့် လူအများအပြားကို အလျင်အမြန် သယ်ထုတ်လာသည်အား တွေ့နိုင်သည်။

"အိုး ဘုရားရေ...အဲ့ဒါ ဘယ်သူ့ကားတန်းကြီးလဲ"

"တိုးတိုးနေ။ အလယ်မှာ Rolls-Royce ကားကို မမြင်ဘူးလား။ အဲ့ဒါ ရုံဟဲဂိုဏ်းရဲ့ သခင်ကြီးထန်, ထန်ကျန့်ရဲ့ကားပဲ"

လူအုပ်ထဲမှ ဗဟုသုတကြွယ်ဝသည့် လူတစ်ယောက် ပြောသည်။

"ဘယ်သူမှ မျက်စိကန်းမနေပါဘူး။ ဟိုမှာကြည့်လိုက် လူနာတင်ကားတွေ။ လူ ၂၀ ကျော်ကို သယ်ထုတ်လာတာ။ နိုက်ကလပ်မှာ ဆိုးရွားတာ တစ်ခုခုဖြစ်သွားတာဖြစ်မယ်"

"ရုံဟဲဂိုဏ်းရဲ့သခင်ကြီးထန်...အိုး..သူက တကယ့်ပုဂ္ဂိုလ်ကြီးပဲ။ ဒါပေမဲ့...သူ့နယ်မြေမှာ ဘယ်သူက ဒီလောက် ကြီးကြီးမားမားလုပ်နိုင်မှာလဲ။ ကြောက်စရာပဲ"

လူများ အချင်းချင်း တီးတိုးပြောနေချိန်တွင် ကားတန်းကြီးမှာ ချန်ရှန်ကလပ်ရှေ့တွင် ရပ်တန့်သွားသည်။

ခဏအကြာတွင် ထန်ကျန့်သည် အလယ်ရှိ Rolls-Royce Phantom ကားထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်အတွင်း ရှေ့နောက် လိုက်ပါလာသည့် Bentley နှစ်စီးမှ ပုံမှန်မဟုတ်သည့် အရှိန်အဝါဖြင့် လူငါးယောက် ဆင်းလာသည်။ သူတို့သည် ထန်ကျန့်၏ အရေးပါဆုံးလူများဖြစ်ပြီး ၎င်းတို့အနက်မှ တစ်‌ဦးမှာ မဟာဉာဏ်ကြီးရှင်ဖြစ်ပြီး ကျန်လေးဦးမှာ ထိပ်တန်းလူဆိုးများဖြစ်ကြသည်။

ကျန်သည့်အနက်ရောင် Mercedes-Benz ကားများမှ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့် ထန်ကျန့်၏သက်တော်စောင့်များမှာ ဂရုမစိုက်ဟန် ကြမ်းကြုတ်ရက်စက်သည့်အမူအရာဖြင့် ဆင်းလာခဲ့ကြ၏။

ထန်ကျန်က ကလပ်ထဲသို့ ဦးဆောင်ဝင်သွားသည်။ ဤအခိုက်အတန့်တွင် သူသည် မျက်ခုံးများမှာ အနည်းငယ်ရှုံ့နေပြီး မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေကာ သူ၏အပြုံးမှာ ပျောက်ကွယ်နေသည်။

သူတို့ ကလပ်ထဲသို့ ဝင်လာသည့်အခါ အရှိန်အဝါမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အတွက်ကြောင့် ဧည့်ကြိုများနှင့် လမ်းသွားလမ်းလာများမှာ ထိတ်လန့်သွားကြသည်။

သို့သော် ထန်ကျန့်နှင့် သူ၏အစောင့်များက လျစ်လျူရှုထားပြီး ခုနှစ်လွှာသို့ တန်း၍ တက်သွားခဲ့သည်။

"သခင်ကြီးထန်"

ကျောက်ဖုန်းက ခေါင်းအနည်းငယ်ညိတ်ကာ ပြောသည်။

"ကင်းမြီးကောက် ဘယ်မှာလဲ"

ထန်ကျန့်က လေးနက်သည့်လေသံဖြင့် ပြော၏။

သူနှင့်ရင်းနီးသည့်သူတိုင်း သူဒေါသထွက်နေပြီဆိုတာကို သိလိုက်ကြသည်။

"အထဲမှာပါ"

ကျောက်ဖုန်းက ပြန်ဖြေပြီး အခန်းနံပါတ် ၁ သို့ ခေါ်ဆောင်သွားသည်။

အခန်းနံပါတ် ၁ သို့ လူ ၂၀ နီးပါး ဝင်ရောက်သွားကြသည်။ အတွင်းရှိ မြင်ကွင်းကို တွေ့လိုက်ရသည့်အခါ သူတို့၏မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားကြ၏။

ကင်းမြီးကောက်ပါအဝင် ထိုနေရာတွင် လူငါးယောက်မှာ အပြင်သို့ သယ်ထုတ်ရန် ရှိနေသေးသည်။

"သူ့ဒဏ်ရာက ဘယ်လောက်ပြင်းလဲ"

ကင်းမြီးကောက်၏ ကောက်ဆွဲကဲ့သို့ တွန့်လိမ်ကောက်ကွေးနေသည့် ခန္ဓာကိုယ်ကို ကြည့်ရင်း ထန်ကျန့်က တိုးညှင်းစွာ ပြောသည်။

"ဒဏ်ရာရသူ ၄၈ ယောက်ရှိပြီး ၃၆ ယောက်က တံတောင်နဲ့ လက်တွေ ကျိုးသွားပါတယ်။ ၁၁ ယောက်က တံတောင်နဲ့ ဒူးတွေ ကျိုးသွားပါတယ်။ ကင်းမြီးကောက်ကတော့ ခြေလက်တွေနဲ့ အရိုးတွေးအားလုံး ကျိုးသွားပြီး ဘယ်လက်က ဖောက်ထွက်သွားပါတယ်။ ပြီးတော့ သူ့နားရွက်တွေကလည်း ကျည်ဆန်ကြောင့် ပေါက်ပြဲကုန်ပါတယ်။ ကျွန်တော်စိုးရိမ်တာက...ရှေ့လျှောက်.. သူ...အိပ်ယာထဲမှာပဲ နေရတော့မယ်"

ကျောက်ဖုန်းက ပြန်ဖြေသည်။

ထန်ကျန့်၏သက်တော်စောင့်များအပါအဝင် လူတိုင်း သူ၏စကားကို ကြားပြီးနောက် ထိတ်လန့်ခြောက်ခြားသွားကြ၏။

"ဒါကို ဘယ်သူလုပ်တာလဲ"

ထန်ကျန့်၏မျက်နှာထက်တွင် ရက်စက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

-အပိုင်း(၁၂၈) ပြီး

Continue Reading

You'll Also Like

1.2M 135K 70
Love has no race!
351K 35.7K 110
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
93.3K 15.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.1M 37.4K 55
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd