ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...
Par Juliexin__
1.9M 332K 9.6K
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... Plus
Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး
*173* အရမ်းကံကောင်းတာဘဲ
6.1K 1.2K 38
Par Juliexin__
ထိုလူတွေ အကုန်လုံးက ရုန်ယိတို့အုပ်စုကို ထိတ်လန့်နေတဲ့ အမူအယာတွေနဲ့ ကြည့်လာကြသည်။
ရုန်ယိတို့အုပ်စုမှာလည်း ထိုသူတွေ ဘာလုပ်နေမှန်း မသိကြ..။
ရှေ့ဆုံးမှာ ဒူးထောက်နေတဲ့ အဘိုးကြီးတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလာ၏။
"နတ်ဘုရားတွေ!.. နတ်ဘုရားတွေက ကျုပ်တို့ သေမျိုးလောကကြီးကို ကြွလာကြတယ်!!"
ယင်ကျင်းရဲ့  "...."
ရုန်ယိ "!!!"
ရုန်ယိခန္ဓာကိုယ် "!!!"
ထိုအဘိုးကြီးနောက်က လူတွေမှာလည်း လေပေါ်ပျံနေတဲ့ ကလေးတစ်ယောက်နဲ့ မျက်လုံးစိမ်းစိမ်း ဆံပင်စိမ်းစိမ်းလေးတွေနဲ့ မိစ္ဆာကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် စိတ်လှုပ်ရှားလာကြတော့သည်။
"သူတို့က တစ်ကယ့် နတ်ဘုရားတွေကွ!"
အဘိုးကြီးမှာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။
"နောက်ဆုံးတော့ မိုးနတ်မင်းကြီးက ကျုပ်တို့ကို ကြည့်လာပြီဘဲ.. ကျုပ်တို့ကို ကယ်တင်ဖို့ မသေမျိုးနတ်ဘုရားတွေကိုပါ လွှတ်ပေးလာတယ်"
"ကောင်းလိုက်တာ!.. ကောင်းလိုက်တာ!.. ကျုပ်တို့တော့ အကယ်ခံရတော့မယ်"
ရုန်ယိမှာတော့ ဘာတွေဖြစ်ပျက်နေမှန်း မတွေးတောနိုင်သေး..။ သူတို့ရပ်နေတဲ့နေရာကို ငုံ့ကြည့်လိုက်တဲ့အခါ သူတို့က နေရာကူးပြောင်းတဲ့အစီအရင်လိုမျိုး အရာတစ်ခုပေါ်မှာ ရပ်နေမိကြတာကို တွေ့လိုက်ရသည်။
ယင်ကျင်းရဲ့က အသံပို့လွှတ်ကာ ပြောလာ၏။
"ကိုယ်တို့အခု သေမျိုးလောကကို ရောက်နေတာ"
ရုန်ယိက တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ကို နတ်ဘုရားတွေလို့အထင်မှားပြီး ပူဇော်ခံနေရတာထင်တယ်နော်"
ရုန်ယိခန္ဓာကိုယ်က ရှေ့ကရပ်နေတဲ့ လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
"သေမျိုးတွေ.. ခင်ဗျားတို့က ကျုပ်တို့ကို ဘာလုပ်ပေးစေချင်တာလဲ"
ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့မှာတော့ နှုတ်ခမ်းထောင့်တွေ တွန့်ခနဲ ဖြစ်သွားရသည်။
"သူကတော့ အမြန်ကို ဝင်သရုပ်ဆောင်ပစ်လိုက်တာဘဲ"
"နတ်ဘုရားတို့ရယ်.."
ရှေ့ဆုံးက ဒူးထောကိနေတဲ့ အဘိုးကြီးက ဆို့နင့်စွာပြောလာသည်။
"ကျုပ်တို့ဆီမှာ မိုးခေါင်တဲ့ကပ်ဘေးကို ခံစားနေရတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ.. ဒီလို.. ဒီလိုမျိုးသာ ဆက်သွားနေမယ်ဆိုရင်တော့ ကျုပ်တို့လည်း အသက်ဆက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူးဗျာ.. ကျုပ်တို့မိသားစုတွေကို ကျွေးမွေးနိုင်ဖို့ အပင်တွေစိုက်လို့ရအောင် မိုးလေးရွာအောင် လုပ်ပေးကြပါ"
ရုန်ယိခန္ဓာကိုယ်က ထင်းချောင်းကဲ့သို့ ပိန်လှီနေကြတဲ့ ရွာသားတွေကိုကြည့်လိုက်ပြီး
"လတ်စသတ်တော့ သူတို့က မိုးရွာအောင် ဆုတောင်းနေကြတာကိုး.. ဒါက လွယ်လွယ်လေးပါ"
သူက မိုးသက်လေပြင်းအင်းစာရွက်တစ်ခုထုတ်ယူကာ လေထဲကိုပစ်တင်လိုက်သည်။ ထို့နောက် ကောင်းကင်ယံထက်မှာ မိုးခြိမ်းသံတွေ ထွက်ပေါ်လာပြီး မိုးက စတင်ကာ သဲသဲမဲမဲရွာချလာတော့လေသည်။
ယင်ကျင်းရဲ့ကလည်း အစီအရင်တစ်ခုပြုလုပ်ကာ မိုးဆက်ပြီးရွာနေအောင် လုပ်ပေးထားလိုက်သည်။
"မိုးရွာပြီဟ!.. နောက်ဆုံးတော့ မိုးရွာလာပြီ!!
ရွာသားတွေမှာ ဝမ်းသာပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြပြီးနောက် သူတို့ကို နောက်တစ်ခါ ထပ်မံဦးညွှတ်လာကြပြန်၏။
"ကျေးဇူးတင်ပါတယ်ဗျာ.. ကျေးဇူးတင်ပါတယ်"
ရုန်ယိတို်တစ်တွေမှာ ဒီလို ကန်တော့ခံရတာနဲ့ပတ်သက်ပြီး ကျင့်သားမရကြတာကြောင့် ရပ်နေတဲ့ အစီအရင်ပေါ်ကနေ အမြန်ဆင်းလိုက်ပြီး မေးကြည့်လိုက်သည်။
"အခု ကျွန်တော်တို့ ကျင့်ကြံရေးလောကကို ဘယ်လိုပြန်သွားကြမလဲ"
"သေမျိုးလောကမှာ ကျင့်ကြံရေးလောကကို သွားလို့ရတဲ့ ဝင်ပေါက်တစ်ခုရှိတယ်.. အဲ့တာကိုတွေ့တာနဲ့ ကိုယ်တို့ပြန်သွားလို့ရပြီ"
ယင်ကျင်းရဲ့က လေသံခပ်တိုးတိုးနဲ့ ပြောပြလာသည်။
"ကိုယ်မှတ်မိသလောက်တော့ အဲ့ဝင်ပေါက်က ယွမ်ချွမ်တောင်လို့ခေါ်တဲ့ နေရာမှာရှိတာ.. အဲ့ကနေ ဖြတ်ပြီးရင် တုံထန်းနယ်မြေကိုရောက်တော့ တစ်ခါတည်း ကိုယ့်အမေဆီ သွားလို့ရတယ်"
ရုန်ယိက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
"ကောင်းပြီလေ.. ကျွန်တော်လည်း ကျွန်တော့်အမေဆီစာပို့ပြီး ကလေးတွေကိုပါ တုံထန်းနယ်မြေကို ခေါ်လာခဲ့ဖို့ပြောလိုက်မယ်"
ရုန်ယိခန္ဓာကိုယ်က ရွာသားတွေကို တောင်ရဲ့တည်နေရာကိုမေးမြန်းပြီးနောက် မသွားခင် သူတို့ကို မိုးသက်လေပြင်းအင်းစာရွက်တွေ ထပ်ပေးခဲ့လိုက်သေးသည်။
သူတို့တွေ ပျံသန်းထွက်ခွာသွားကြတာတွေ့တဲ့အခါ ရွာသားတွေကလည်း သူတို့ကို တစ်ဖန် ထပ်ပြီး ဦးညွှတ်ကန်တော့လိုက်ကြပြန်၏။
ယွမ်ချွမ်တောင်က သူတို့ လျှို့ဝှက်နယ်မြေကနေထွက်လာခဲ့တဲ့နေရာကနေ သိပ်မဝေးလှပေ။ ထိုနေရာကိုရောက်ဖို့ နာရီဝက်လောက်သာ ပျံသန်းသွားလိုက်ရ၏။ ထို့နောက် တောင်ထဲကနေ ထွက်နေတဲ့ ဝိညာဥ်စွမ်းအားတွေကနေတစ်ဆင့် ဝင်ပေါက်ကို ရှာတွေ့လိုက်ကြသည်။
ဝင်ပေါက်နားမှာတော့ ရုန်ယိတစ်ယောက် ဆံပင်ရွှေအိုရောင် မျက်ဝန်းပြာပြာတွေနဲ့ လူတစ်အုပ်ကို တွေ့လိုက်ရပြီး ထိုသူတို့မှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ ဘာလုပ်နေကြမှန်းလဲ မသိရပေ။
ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို အသံပို့လွှတ်ကာ ပြောလာသည်။
"ဒီရှေးခေတ်မှာ နိုင်ငံခြားသားတွေလည်း ရှိနေမယ်လို့ ငါမထင်ထားမိဘူးကွ"
ထိုအချိန် ထိုလူအုပ်နားက ဖြတ်သွားတဲ့ သစ်ခုတ်သမားမှာတော့ အသက်ထွက်မတတ်ကို ထိတ်လန့်သွားရလေသည်။
"ဘုရားရေ!.. မကောင်းဆိုးဝါးတွေဟ!!!"
ဆံပင်ရွှေအိုရောင်နဲ့အမျိုးသမီးတစ်ယောက်က ရွှေရောင်တုတ်တံလေးထုတ်ကာ ထိုသစ်ခုတ်သမားကို သူတို့ဆီ ပြန်ပျံသန်းလာအောင် မန္တန်တစ်မျိုး ရွတ်ဆိုလိုက်သည်။ ပြီးနောက်မှာတော့ ထိုသူတွေက သနားစရာသစ်ခုတ်သမား နားမလည်တဲ့စကားတွေ ပြောနေကြတော့လေသည်။
"မကောင်းဆိုးဝါးအရှင်တို့ရယ်.. ကျုပ်ကို ပြန်လွှတ်ပေးပါ.. ကျုပ်မှာ မိသားစုကို လုပ်ကျွေးရပါဦးမယ်ဗျာ.. သူတို့က ကျုပ်ပြန်လာတာကို စောင့်နေကြတုန်းဗျ.. ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးကြပါ"
သူ့မှာ ကြောက်လွန်းလို့  ဘောင်းဘီထဲတောင် သေးတွေထွက်ကျကုန်တော့သည်။
ထိုသူတွေက ဒါကိုတွေ့တဲ့အခါ ရယ်မောလာကြ၏။
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာကာ သစ်ခုတ်သမားကို ချုပ်နှောင်ထားနဲ့ မန္တန်ကို ပျက်ပျယ်သွားစေလေသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
ဆံပင်ရွှေအိုရောင်နဲ့ အမျိုးသမီးက မျက်လုံးတွေမှေးစင်းသွားပြီး ဝေဟင်ထက်မော့ကြည့်လိုက်တဲ့အခါ လူတစ်အုပ်က မြေပြင်ပေါ် ဆင်းလာတာကို တွေ့လိုက်ရသည်။
ရုန်ယိခန္ဓာကိုယ်က သစ်ခုတ်သမားကို အော်ပြောလိုက်သည်။
"ခင်ဗျား ဘာလို့အဲ့မှာရပ်နေသေးတာလဲ.. ပြေးတော့လေ!"
သစ်ခုတ်သမားမှာ ဒီနေရာကနေပြီးတော့ ဖနှောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးတော့သည်။ သူ့မှာ ရှိုက်ငိုနေဆဲဖြစ်ကာ လမ်းမှာလည်း မကြာခဏလဲကျနေသေး၏။
ရွှေအိုရောင်ဆံပင်နဲ့လူအုပ်က ချက်ချင်းဘဲ သူတို့မှော်တုတ်တံတွေကို ရုန်ယိဘက်ကို ချိန်ရွယ်လာတော့သည်။
ယင်ကျင်းရဲ့က ဝတ်ရုံလက်စကို တစ်ချက်ယမ်းကာ ထိုသူတွေကို လွင့်ထွက်သွားစေလိုက်ပြီးနောက် ရုန်ယိတို့ကို ခေါ်ကာ ကျင့်ကြံရေးလောကရဲ့ ဝင်ပေါက်ထဲကို အမြန်ဝင်လိုက်သည်။ ထို့နောက် ထိုလူအုပ် ဝင်လိုက်မလာနိုင်အောင်လို့ ဝင်ပေါက်ကို စည်းချပစ်လိုက်လေသည်။
ယင်ကျင်းရဲ့မှာ မျက်မှောင်တွေကြုတ်သွားပြီး ပြောလာသည်။
"အဲ့လူတွေက မိစ္ဆာကျင့်ကြံသူတွေနဲ့လည်း မတူဘူး"
ထိုလူတွေမှာ ထူးခြားကွဲပြားနေတဲ့ ရုပ်ရည်သွင်ပြင်ရှိနေတဲ့အပြင် မှော်အတတ်ကိုပါ သုံးနိုင်စွမ်းရှိနေတာက သူ့ကို ပိုပြီး ထူးဆန်းသလိုခံစားနေရစေ၏။
ရုန်ယိမှာတော့ အတော်လေး အံ့သြသွားမိသည်။
"ခင်ဗျား သူတို့ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူးလား"
"မတွေ့ဖူးဘူး.. သူတို့ရဲ့ မှော်အတတ်ကလည်း အတော်လေးထူးဆန်းတယ်.. သေမျိုးလောကထဲမှာ ဘယ်လိုလုပ်ပြီး ဒီလို ကျင့်ကြံသူတွေ ရှိနေရတာလဲ"
"ကျင့်ကြံရေးလောကမှာလည်း အဲ့လို ကျင့်ကြံသူမျိုးတွေ မရှိဘူးပေါ့"
ယင်ကျင်းရဲ့က ခေါင်းအသာခါပြလာသည်။
ရုန်ယိခန္ဓာကိုယ်က သူတို့စကားကို ဝင်ဖြတ်လိုက်တော့သည်။
"အဲ့လူတွေအကြောင်းကို မေ့ထားလိုက်စမ်းပါတော့.. ငါတို့ ဘေးကင်းဖို့ကိုသာ အရင်ဂရုစိုက်ကြပါ"
ရုန်ယိမှာ သူ သူ့ရင်ဘက်သူဖိပြီး အသက်ပြင်းပြင်းရှူနေတာ မြင်လိုက်ရတဲ့အခါ ထူးဆန်းသွားပြီး မေးကြည့်လိုက်သည်။
"မင်းအဆင်ရော ပြေရဲ့လား.. ရင်ဘက်အောင့်လို့လား.. တော်တော်နာနေတာလား"
ယင်ကျင်းရဲ့ကလည်း စိုးရိမ်တကြီး မေးလာသည်။
"ဘယ်နား နာနေတာလဲ.. တော်တော် နာနေတာလား"
ရုန်ယိခန္ဓာကိုယ်က သူတို့ကို မျက်ဆံလှန်ပြလိုက်ကာ
"ငါက ဒဏ်ရာရနေတာမှမဟုတ်တာ.. ဒီအတိုင်း.."
ရုန်ယိ - "ဘာဖြစ်လဲ"
"ကြောက်နေတာ"
ရုန်ယိမှာ နားမလည်နိုင်သေး..
"ဘာကိုလဲ"
ရုန်ယိခန္ဓာကိုယ်မှာ တဒင်္ဂ ဆွံ့အသွားပြီး
" ငါက မကြာခင်မှာ ယောက္ခမနဲ့ တွေ့ရတော့မှာလေ.. မင်းက ဘယ်လိုထင်လို့တုန်း"
ရုန်ယိ "....."
"....."
ယင်ကျင်းရဲ့မှာ အတတ်နိုင်ဆုံး ထိန်းထားပေမဲ့ မနေနိုင်ဘဲ အသံထွက်ရယ်မိသွားသည်။
ရုန်ယိခန္ဓာကိုယ်က ရုန်ယိကို မေးလာသည်။
"မင်း ဘယ်လိုလုပ် မစိုးရိမ် မကြောက်လန့်ဘဲ နေနေနိုင်တာလဲ"
ရုန်ယိက သူ့နဖူးသူ လက်နဲ့အုပ်လိုက်မိပြီး
" ငါအစကတော့ မကြောက်ဘူး.. ဒါပေမဲ့ မင်းစကားတွေက ငါ့ကိုပါ အဲ့အခြေအနေရောက်အောင် ဆွဲသွင်းသွားပြီ.. ငါလည်းအခု နည်းနည်းတော့ ကြောက်လာသလိုဘဲ"
"ရယ်တာရပ်ပါတော့ ကလေးတွေအဖေရာ"
ရုန်ယိခန္ဓာကိုယ်က ယင်ကျင်းရဲ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
"ကျွန်တော်တို့နှစ်ယောက်လုံး တစ်ကယ့်ကို တင်းကြပ်ကြပ်ကြီး ခံစားနေရတာနော်"
ယင်ကျင်းရဲ့က ရယ်နေတာ မနည်းရပ်လိုက်ရပြီး
"ကိုယ့်အမေက အရမ်းကောင်းတဲ့သူပါ"
"သူက ခင်ဗျားအပေါ်မှာ ကောင်းတာကတော့ သဘာဝဘဲလေဗျာ.. ဒါပေမဲ့ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးကျတော့ မတူတော့ဘူး.. ဟိုးအရင်တည်းက ဒီနှစ်ဖက်က အချင်းချင်း အဆင်ပြေဖို့ဆိုတာ ခက်ရခက်နဲ့ကို.. သူက သူ့သားကို အပိုင်သိမ်းသွားမဲ့သူကိုတော့ သေချာပေါက်ကို ဘယ်သဘောကျပါ့မလဲ"
"ကျွန်တော့်အမေ ချယ်ရီသီးလေးနဲ့ စန်စန်လေးတို့ကို တုံထန်းနယ်မြေကိုခေါ်လာပြီးတဲ့အထိ စောင့်သင့်တယ်ထင်တယ်.. ပြီးမှ အားလုံးအတူတူ ခင်ဗျားအမေဆီ သွားတွေ့ကြမယ်လေ.. ကလေးတွေပါတော့ ကိစ္စတွေ ပိုပြီး အဆင်ပြေချောမွေ့နိုင်တာပေါ့"
ရုန်ယိက သူ့အတွေးကို ထုတ်ပြောလိုက်သည်။
ရုန်ယိခန္ဓာကိုယ်ကလည်း ခေါင်းငြိမ့်ထောက်ခံလာ၏။
"ဟုတ်တယ် ဟုတ်တယ်..  ငါတို့ ကျုံးဟိုင်မှာ လုပ်စရာကိစ္စတွေလည်း အများကြီးကျန်သေးတယ်.. ချီယွဲ့ရှီတို့ကိုလည်း မနှုတ်ဆက်ရသေးဘူး.. အခု ဒီအတိုင်းကြီး တုံထန်းနယ်မြေကို ထွက်သွားလိုက်မယ်ဆိုရင် သူတို့ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးလို့ ထင်သွားကြလိမ့်မယ်.. ငါတို့ ကျုံးဟိုင်နယ်မြေကို အရင်ပြန်သွားသင့်တယ်"
ရုန်ယိက ထပ်ဖြည့်ပြောလာသည်။
"ငါတို့ ယောက္ခမအတွက် လက်ဆောင်လည်း ပြင်ရဦးမယ်လေ"
"ဟုတ်သား..  လက်ဆောင်လည်း ပြင်မှရမှာပေါ့!.. ဘယ်လိုလက်ဆောင်ဆို ပိုကောင်းမလဲ.. ဒါနဲ့ သူ့ကျင့်ကြံဆင့်ကရော ဘယ်လောက်ထိမြင့်လဲ.. ကလေးတွေအဖေကတောင် လေလွင့်မသေမျိုးအဆင့်ဆိုတော့ သူအမေရဲ့ ကျင့်ကြံဆင့်ကလည်း နိမ့်မှာတော့မဟုတ်ဘူး.. သူ့အတွက် မွမ်းမံခြင်းအင်းကွက် အစုံလိုက် ပြင်ပေးကြရင်ရော ဘယ်လိုလဲ"
"ဒီအကြံလည်းကောင်းသား.. ဒါပေမဲ့ အင်းကွက်တွေချည်းဘဲဆိုရင် အရမ်း မရိုးရှင်းလွန်းဘူးလား"
ပထမဆုံးအကြိမ်အတွက် သူတို့ အရမ်းကြောက်ရွံ့နေကြတာ မြင်ရတဲ့အခါ ယင်ကျင်းရဲ့မှာ ရယ်လည်းရယ်ချင်သလို အကူအညီမဲ့သလိုလည်း ခံစားလိုက်ရသည်။ မဟာယာနအဆင့်က ကျင့်ကြံသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အခါဖြစ်စေ မိစ္ဆာသားရဲကြီးနဲ့ ရင်ဆိုင်တဲ့အခါဖြစ်စေ သူတို့မှာ မျက်တောင်တောင် မခတ်ခဲ့။ ဒါပေမဲ့အခုတော့ သူ့အမေကြောင့် သူတို့မှာ ရင်တထိတ်ထိ်တ်ဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ပြီးတော့လည်း ဒါတွေအားလုံးက သူ့အတွက်ကြောင့်သာ..။ သူ မနေနိုင်ဘဲ လက်ဆန့်ကာ သူတို့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးလိုက်ချင်မိသည်။
ထိုအတွေးပေါ်လာတာနဲ့ လက်ဆန့်ကာ သူတို့ကို ပွေ့ဖက်လိုက်ပြီး
"ကိုယ့်အမေက မိသားစုရဲ့ ခေါင်းဆောင်ဆိုပေမဲ့ သူ့ဆီမှာ သခင်မကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုး မရှိဘူး.. တစ်ခြား ဂိုဏ်းတွေ မိသားစုကြီးတွေက သခင်မတွေထက်တောင်မှ ပိုပြီး လိုက်လျောညီထွေ နေတတ်သေးတယ်.. ဒါတောင်မှ မင်းတို့ ကြောက်နေသေးတယ်ဆိုရင်လည်း ကိုယ်အာမခံနိုင်တယ်.. အကယ်၍ ကိုယ့်အမေကသာ မင်းတို့အပေါ် သဘောမကျတဲ့ အရိပ်အယောင်လေး ပြလာခဲ့ရင် ချက်ချင်း မင်းတို့ကို ယင်အိမ်တော်ကနေ ခေါ်ထုတ်လာပြီး ဘယ်သောအခါမှ အဲ့နေရာကို ခြေမချတော့ဘူး"
ရုန်ယိနဲ့ သူ့ခန္ဓာကိုယ်တို့က ယင်ကျင်းရဲ့ကို ကြည့်လာကြသည်။ အချိန်အတော်လေးကြာတော့မှ ပြိုင်တူပြောလာကြ၏။
"ဒါပေမဲ့ ကျွန်တော်တို့ ကြောက်နေသေးတုန်းဘဲ"
ဒီတစ်ကြိမ်တော့ ဘာလုပ်လို့လုပ်ရမှန်း မသိတော့တဲ့သူက ယင်ကျင်းရဲ့ ဖြစ်သွားရသည်။
ရုန်ယိက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ကျွန်တော်တော့ အရင်ဆုံး ခင်ဗျားအိမ်နားမှာဘဲ ခဏလောက်နေကြမလားလို့.. လက်ဆောင်အဆင်သင့်ဖြစ်ပြီး ကလေးတွေပါ ရောက်လာမှ ခင်ဗျားအမေကို သွားတွေ့ကြမယ်လေ"
ရုန်ယိခန္ဓာကိုယ်ကလည်း ခေါင်းငြိမ့်ပြလာသည်။
"ဟုတ်တယ်..  ဒါက မခက်ပါဘူး.. ဒါပေမဲ့ ကျွန်တော်တို့ကို စိတ်ထဲ အသင့်ဖြစ်အောင် ပြင်ထားဖို့ အချိန်လေးတော့ ပေးရမယ်လေ"
"အင်း"
ယင်ကျင်းရဲ့က သူတို့ကို တည်းခိုဆောင်တစ်ခုကို ခေါ်သွားပြီး ရှို့ကျို့ဆီကို စာပို့လွှတ်လိုက်သည်။
ရုန်ယိက မျက်မှောင်တွေ ကြုံ့ထားရင်း
"ရှန်းလွီ့နဲ့ ပုချီတို့ရော ဘယ်ရောက်သွားကြလဲမသိဘူး.. သူတို့ကိုပါ ဒီလာခဲ့ဖို့ စာပို့လိုက်ဦးမယ်"
မဟာယာနအဆင့်က တပည့်နှစ်ယောက်ပါ ဘေးနားရှိနေရင် သူတို့ ယင်မိသားစုထဲသွားတဲ့အခါ ပိုပြီး အဆင်ပြေချောမွေ့ပေလိမ့်မည်။
ရုန်ယိခန္ဓာကိုယ်က ပြောလာ၏။
"ဟုတ်တယ်  သူတို့ကိုပါ ဒီကိုခေါ်လိုက်..  သူတို့က ငါတို့ကို ကာကွယ်ပေးနိုင်တယ်"
ယင်ကျင်းရဲ့က ရုန်ယိဘေးနားမှာ ထိုင်ချလိုက်ပြီး အသံကိုနှိမ့်ကာပြောလာသည်။
"ထွက်ခဲ့"
"ဘာကိုလဲ"
ရုန်ယိနဲ့ သူ့ခန္ဓာကိုယ်တို့မှာ နားမလည်မှုအပြည့်နဲ့ ယင်ကျင်းရဲ့ကို ကြည့်လိုက်မိကြသည်။ ထို့နောက် အရိပ်တစ်ခုက သူတို့ရှေ့မှာ ပေါ်လာ၏။
"အရိပ်မိစ္ဆာ!... မင်းက ဘာကိစ္စ ဒီရောက်နေတာလဲ"
သူတို့က တစ်သံတည်း မေးလိုက်ကြသည်။
"မင်းပြောတော့ အဲ့လမ်းကြောင်းက လူတွေကို မတူတဲ့နေရာတွေကို ပို့ပေးတာဆို"
"အဲ့ထဲက မထွက်ခင်တုန်းက ကျွန်တော့်ဘာသာ ခင်ဗျားတို့ရဲ့အရိပ်မှာ ကပ်လိုက်တာ"
"ဒီတော့ ပြောရရင် မင်းက တစ်လမ်းလုံး ငါတို့နောက်လိုက်လာတာပေါ့"
"ဟုတ်တယ်"
ရုန်ယိက ယင်ကျင်းရဲ့ကို မေးလိုက်သည်။
"သူ ကျွန်တော်တို့နောက် လိုက်လာတာ ခင်ဗျားသတိမထားမိခဲ့ဘူးလား"
"ပထမတော့ သတိမထားမိဘူး.. နောကျမှသူလိုကျလာတာ သိတာ..  သူ့မှာ ကိုယ်တို့ကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးထင်လို့ လိုက်ခွင့်ပေးထားလိုက်တာ"
ရုန်ယိမှာ စိတ်ထဲနားမလည်နိုင်စွာနဲ့ အရိပ်မိစ္ဆာကို မေးကြည့်လိုက်သည်။
"မင်း ဘာလို့ ငါတို့နောက်ကို လိုက်လာတာလဲ"
"သခင်က ပြောထားတယ်.. အကယ်၍ သေတ္တာလေးထဲက ပစ္စည်းကို တစ်ယောက်ယောက်ယူသွားခဲ့မယ်ဆိုရင်.. ကျွန်တော်က သူ့နောကျကို လိုက်ရမယ်တဲ့"
ယင်ကျင်းရဲ့ _  "ဘာပစ္စည်းလဲ"
"သစ်သားသေတ္တာလေးပါ"
ရုန်ယိခန္ဓာကိုယ်က မေးလိုက်၏။
"လိုက်ပြီးရင် ဘာလုပ်ရမယ်လို့ရော မင်းသခင်က ပြောထားခဲ့သေးလား"
"သူပြောတာက သူမရှိတော့ရင် ကျွန်တော့်မှာ သွားစရာနေရာမရှိတော့မှာမလို့..သေတ္တာကိုယူသွားတဲ့သူနောက်ကို လိုက်ခိုင်းတာတဲ့"
ရုန်ယိ "......"
ယင်ကျင်းရဲ့မှာ မျက်လုံးတွေ မှေးကျဥ်းသွား၏။
"မင်းသခင်က ဘယ်သူလဲ"
"ဗုဒ္ဓလမ်းစဥ် ဆရာသခင် ဟွမ်ရှန်းပါ"
ယင်ကျင်းရဲ့ မျက်ခုံးတွေ ပင့်လိုက်ပြီး
"ဒီလျှို့ဝှက်နယ်မြေက သူ့ဟာကိုး"
ရုန်ယိ "ခင်ဗျား သူ့ကို သိလို့လား"
"သူက တစ်ခါ ကိုယ့်အဖေကြောင့် ယင်မိသားစုဆီ လာဖူးတယ် ကိုယ်လည်း သူ့ကို အဲ့တစ်ခါဘဲ တွေ့ဖူးတာ..  သူက ကျင့်ကြံခြင်းလောကရဲ့ မဟာအကြီးအကဲတစ်ယောက်ဖြစ်ခဲ့ပြီး လူအများအပြားက သူ့ကိုလေးစားခဲ့ကြတယ်.. အဆင့်တက်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာနိုင်ပေမဲ့  သူက လက်လျှော့ခဲ့တယ်လေ"
"ဘာလို့လဲ"
"တိကျတဲ့ အကြောင်းပြချက်ကိုတော့မသိဘူး.. ဒါပေမဲ့ တစ်ချို့ကတော့ သူ့ရဲ့ မပြီးမြောက်သေးတဲ့ဆန္ဒတွေကြောင့်လို့ ပြောကြတယ်.. ဒါပေမဲ့ ကိုယ်မထင်ထားခဲ့မိဘူး.. နောက်ဆုံး သူ ဒီလို....."
ယင်ကျင်းရဲ့ သူ့အတွက် စိတ်မကောင်းဖြစ်မိသွားသည်။ မသေဆုံးခင်က ထိုလူက ဘယ်လောက်တောင် လေးစားဖို့ကောင်းတဲ့သူဖြစ်ခဲ့သလဲ.. ဒါပေမဲ့ နောက်ဆုံးမှာတော့ လူမသိသူမသိနဲ့ တိတ်ဆိတ်စွာ ဆုံးပါးသွားခဲ့ရသည်။
ထိုအချိန်မှာ ကျန်းမုက သူတို့ဆီ ပျံသန်းလာ၏။
"ဖေဖေ.. ညီလေးက သေးပေါက်ချထားတယ်"
ရုန်ယိတစ်ယောက် သူ့နဖူးသူအုပ်ကိုင်ထားရင်း အိပ်ရာပေါ်မှာဆော့ကစားနေတဲ့ ကလေးလေးကို ကြည့်လိုက်မိသည်။
"ကျွန်တော် ဒီကလေးကို မေ့နတော..  သူ့ကို ဘယ်လိုပြန်ပို့ပေးကြမလဲ"
ဒါပေမဲ့ ရုန်ယိခန္ဓာကိုယ်ကတော့ ဒါကို လုံးဝကို စိုးရိမ်မနေပေ။
"ငါ သူ့အမေကို စာတစ်စောင် ချန်ထားပေးခဲ့တယ်မဟုတ်ဘူးလား.. အဲ့စာကိုတွေ့ရင် သူ့အမေက ယင်မိသားစုကိုလာပြီး သူ့ကို လာရှာလိမ့်မယ်"
"မင်းပေးတဲ့စာကို သူရှာတွေ့မယ်ဆိုတာ သေချာလို့လား"
ရုန်ယိမှာ သူ့ခေါင်းထဲ ချာချာလည်နေသလိုခံစားလိုက်ရသည်။
"ထားတော့.. အခု ကလေးရဲ့သေးစိုအဝတ်တွေ သွားလဲပေးလိုက်ဦး"
ရုန်ယိခန္ဓာကိုယ်မှာ မကျေမနပ်ဖြစ်သွားကာ
"ဘာလို့ ငါလဲ"
"မင်းခိုးလာတဲ့ကလေးအတွက် မင်းမှာ တာဝန်ရှိတာပေါ့"
ရုန်ယိခန္ဓာကိုယ်က အိပ်ရာနားကို တွန့်ဆုတ် တွန့်ဆုတ်နဲ့ကပ်သွားကာ အိပ်ရာပေါ်က သေးကွက်ကြီးကို ကြည့်လိုက်သည်။
"ငါ့ဘိုးဘေးလေးရယ်.. နောက်တစ်ခါ သေးပေါက်ချင်ရင် အရင်ဆုံးပြောနော် ဟုတ်ပြီလား"
"ဟုတ်"
ကလေးလေးက ပြန်ဖြေလာ၏။
"လိမ္မာတယ်"
ရုန်ယိခန္ဓာကိုယ်က သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
ရုန်ယိက သူ့ကို တစ်ချက်စိုက်ကြည့်ကာ
"ကလေးကို ညင်ညင်သာသာလုပ်ဦး.. သူ့ကြောင့်သာမဟုတ်ရင် ငါတို့  အဆင့်မြင့်ဆေးပင်တွေ ဒီလောက်ရမှာမဟုတ်ဘူး.. မဟုတ်လို့ကတော့ ငါတို့ လူတွေအများကြီးရင်းတာတောင်  ရမဲ့ပါဝင်ပစ္စည်းက အခုနှစ်ဆယ်ထက်ပိုမှာ မဟုတ်ဘူး.. ဘယ်လောက်တောင် ဆုံးရှုံးလိုက်ရမလဲဆိုတာ"
"ငါသိပါတယ်"
ရုန်ယိခန္ဓာကိုယ်က မိစ္ဆာကလေးလေးကို ချီလိုက်သည်။
"ဘိုးဘေးလေးရေ... ငါမင်းရဲ့ ဘောင်းဘီလေးကို လဲပေးမယ်နော်.. ကျန်းမုရဲ့ သိုလှောင်လက်စွပ်ထဲမှာ စန်စန့်ဘောင်းဘီတွေရှိနေတာ ကျေးဇူးတင်ရမယ်.. မဟုတ်ရင် မင်းတော့ ဖင်တုံးလုံးလေး နေရတော့မှာ.. အာ... မင်းက ငါ့ကို နတ်ဘုရားအဆင့်ဆေးပင်တွေအများကြီး ပေးထားတာဆိုတော့ ငါမင်းကို နောက်တစ်ကြိမ် ရေချိုးပေးလိုက်ပါ့မယ်လေ"
သူကလေးကိုချီပြီး လိုက်ကာနောက်ကို ဝင်သွားလိုက်သည်။
ရုန်ယိက ယင်ကျင်းရဲ့ကို ပြောလိုက်သည်။
"ပါဝင်ပစ္စည်း အခုနှစ်ဆယ်က ခင်ဗျားနဲ့ ကျန်းမုအတွက် မှော်လက်နက်တွေ လုပ်ပေးဖို့ မလောက်ဘူး.. ဒါ့အပြင်ကိုမှ အဲ့ထဲက တစ်ဝက်က မှော်လက်နက်လုပ်ပြီး ကျန်တဲ့တစ်ဝက်ကို မှော်ကိရိယာလုပ်ရမှာ..  လေလွင့်မသေမျိုးအဆင့်အတွက် နည်းနည်းနဲ့ မြေကမ္ဘာတစ္ဆေအဆင့်အတွက် နည်းနည်းဘဲရှိတော့ ခင်ဗျားတို့အတွက် မှော်လက်နက်တစ်ခုတောင် လုပ်ဖို့မလုံလောက်ဘူး.. အာ ဒါနဲ့  ကျွန်တော်တို့နဲ့မတွေ့ခင်ကရော ရှာတွေ့ထားတာရှိသေးလား"
ယင်ကျင်းရဲ့က ခေါင်းခါပြီး
"လျှို့ဝှက်နယ်မြေထဲဝင်ပြီးပြီးချင်းဘဲ အဲ့ဂူထဲကို ရောက်သွားတာ.. ဒီတော့ ဘာပစ္စည်းမှ ရှာဖို့အခွင့်အရေးမရလိုက်ဘူး.. မင်းတို့ရော ဘာပစ္စည်းမှ ရှာမတွေ့ခဲ့ကြဘူးလား"
"ကျွန်တော်လည်း မရခဲ့ဘူး..အော် ဟုတ်သားဘဲ  ကျောက်နံရံကြီးမပွင့်ခင်တုန်းကတော့ အဆင့်သတ်မှတ်လို့မရတဲ့ ပါဝင်ပစ္စည်းတွေ ယူလာသေးတယ်"
ရုန်ယိက တစ်ခုထုတ်ကာ စားပွဲပေါ်တင်ပေးလိုက်သည်။
"ဖြုန်းတီးသလိုမဖြစ်ရအောင်လို့ ဒါတွေသုံးပြီး ကျွန်တော်တို့သားတွေအတွက် မှော်ကိရိယာလေးတွေ လုပ်ပေးဖို့ စီစဥ်ထားတယ်"
ယင်ကျင်းရဲ့က ယူပြီး သေသေချာချာစစ်ဆေးကြည့်လိုက်သည်။
"ဒါက အဆင့်သတ်မှတ်လို့မရတဲ့ ပါဝင်ပစ္စည်းလား"
"ဟုတ်တယ်လေ.. မတွေ့ဘူးလား"
ယင်ကျင်းရဲ့က နောက်တစ်ခါ သေချာ ထပ်စစ်ဆေးကြည့်လိုက်၏။
"ဝိညာဥ်စွမ်းအားတွေက သိ်ပ်သည်းလွန်းနေတယ်.. အဆင့်သတ်မှတ်လို့မရတဲ့ ဟာနဲ့ မတူဘူး"
"ဟမ်"
ရုန်ယိလည်း သူ့ဆီကနေထွက်နေတဲ့ ဝိညာဥ်စွမ်းအားက သန့်စင်လွန်းပြီး အဆင့်သတ်မှတ်လို့မရတဲ့ဟာတွေနဲ့မတူမှန်း ခံစားမိသည်။
"ထူးဆန်းလိုက်တာ.. ကျွန်တော်တူးထုတ်လာတုန်းက အဲ့တာတွေမှာ သေချာပေါက် ဒီလောက်စွမ်းအားမသိပ်သည်းပါဘူး.. အဲ့တာကြောင့်ဘဲ ကျွန်တော့်ဆီကနေ ဘယ်သူမှ လာမလုယူကြတာပေါ့"
အရိပ်မိစ္ဆာက ဒါကို ယူကြည့်လိုက်ပြီး
"ကျွန်တော့်သခင်က ပါဝင်ပစ္စည်းတွေရဲ့ အဆင့်အမှန်ကို ဖုံးကွယ်ဖို့ ဆေးပင်တွေကနေ အထူးပြုလုပ်ထားတဲ့ ဆေးရည်တစ်မျိုးနဲ့ သူတို့ကို သုတ်လိမ်းပြီး ဖုံးအုပ်ထားတာလေ"
သူက စားပွဲပေါ်က လက်ဖက်ရည်အိုးကို ယူပြီး ပါဝင်ပစ္စည်းတွေပေါ်လောင်းချကာ အပေါ်က ဆေးရည်တွေကို ဆေးချပစ်လိုက်ပြီး ပုံစံအစစ်အမှန်ပေါ်ထွက်လာစေလိုက်၏။
"ကြည့်ဦး!.. ဒါက တစ်ကယ်ကြီးကို လေလွင့်မသေမျိုးအဆင့်အတွက် ပစ္စည်းဘဲ!!"
"ဟားဟားး..."
ဒါကိုတွေ့လိုက်ရတဲ့အခါ ရုန်ယိတစ်ယောက်မှာ မရယ်ဘဲမနေနိုင်တော့။
"ဘုရားရေ.. ဒါတွေက ဒီလောက်အဆင့်မြင့်တဲ့ ပါဝင်ပစ္စည်းတွေမှန်း ထင်မထားခဲ့ဘူး.. ကျွန်တော်တို့တော့ ပွပေါက်တိုးတာဘဲ.. တစ်ကယ့်ကို အချီကြီးရတာဗျ"
ရုန်ယိခန္ဓာကိုယ်က ပြေးထွက်လာကာ မေးလာ၏။
"မင်း ဘယ်နှစ်ခု ယူလာတာလဲ"
"ငါ အဲ့တုန်းက မရေထားလိုက်ဘူး.. ဒါပေမဲ့ တော်တော်လေးတော့များတယ်"
ရုန်ယိက ပြောနေရင်းနဲ့ ယူလာတာတွေအကုန်လုံး ထုတ်ယူလိုက်သည်။
***********
Zawgyi
ယင်ကျင်းရဲ့ "...."
ရုန်ယိ "!!!"
ရုန်ယိခန္ဓာကိုယ် "!!!"
ထိုအဘိုးကြီးနောက်က လူတွေမှာလည်း လေပေါ်ပျံနေတဲ့ ကလေးတစ်ယောက်နဲ့ မျက်လုံးစိမ်းစိမ်း ဆံပင်စိမ်းစိမ်းလေးတွေနဲ့ မိစ်ဆာကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် စိတ်လှုပ်ရှားလာကြတော့သည်။
"နတ်ဘုရားတို့ရယ်.."
ရုန်ယိတိုတစ်တွေမှာ ဒီလို ကန်တော့ခံရတာနဲ့ပတ်သက်ပြီး ကျင့်သားမရကြတာကြောင့် ရပ်နေတဲ့ အစီအရင်ပေါ်ကနေ အမြန်ဆင်းလိုက်ပြီး မေးကြည့်လိုက်သည်။
"အဲ့လူတွေက မိစ်ဆာကျင့်ကြံသူတွေနဲ့လည်း မတူဘူး"
ရုန်ယိ - "ဘာဖြစ်လဲ"
"ကြောက်နေတာ"
"ဘာကိုလဲ"
ရုန်ယိ "....."
"....."
"အင်း"
"ထွက်ခဲ့"
"ဘာကိုလဲ"
"အရိပ်မိစ်ဆာ!... မင်းက ဘာကိစ္စ ဒီရောက်နေတာလဲ"
"ဟုတ်တယ်"
ရုန်ယိမှာ စိတ်ထဲနားမလည်နိုင်စွာနဲ့ အရိပ်မိစ်ဆာကို မေးကြည့်လိုက်သည်။
"သစ်သားသေတ္တာလေးပါ"
ရုန်ယိ "......"
"မင်းသခင်က ဘယ်သူလဲ"
"ဘာလို့လဲ"
"ဘာလို့ ငါလဲ"
"ဟုတ်"
ကလေးလေးက ပြန်ဖြေလာ၏။
"လိမ္မာတယ်"
"ငါသိပါတယ်"
ရုန်ယိခန္ဓာကိုယ်က မိစ်ဆာကလေးလေးကို ချီလိုက်သည်။
"ပါဝင်ပစ္စည်း အခုနှစ်ဆယ်က ခင်ဗျားနဲ့ ကျန်းမုအတွက် မှော်လက်နက်တွေ လုပ်ပေးဖို့ မလောက်ဘူး.. ဒါ့အပြင်ကိုမှ အဲ့ထဲက တစ်ဝက်က မှော်လက်နက်လုပ်ပြီး ကျန်တဲ့တစ်ဝက်ကို မှော်ကိရိယာလုပ်ရမှာ.. လေလွင့်မသေမျိုးအဆင့်အတွက် နည်းနည်းနဲ့ မြေကမ္ဘာတစ်ဆေအဆင့်အတွက် နည်းနည်းဘဲရှိတော့ ခင်ဗျားတို့အတွက် မှော်လက်နက်တစ်ခုတောင် လုပ်ဖို့မလုံလောက်ဘူး.. အာ ဒါနဲ့ ကျွန်တော်တို့နဲ့မတွေ့ခင်ကရော ရှာတွေ့ထားတာရှိသေးလား"
"ဝိညာဉ်စွမ်းအားတွေက သိပ်သည်းလွန်းနေတယ်.. အဆင့်သတ်မှတ်လို့မရတဲ့ ဟာနဲ့ မတူဘူး"
"ဟမ်"
အရိပ်မိစ်ဆာက ဒါကို ယူကြည့်လိုက်ပြီး
"ဟားဟားး..."
***********
4.7.2022
Continuer la Lecture
Vous Aimerez Aussi
176K 19.5K 99
ဘာသာပြန်သူ - စွဲညို့အသင်း
538K 62.8K 182
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
91.7K 9.9K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...
1.5K 118 5
သူမ ကမ္ဘာတစ်ခုကို ဖြတ်သန်းလာခဲ့တယ် ။ သို့ပေမယ့် အဲ့ဒီ့ကမ္ဘာဟာ ဖျက်ဆီးခံလိုက်ရတယ် ။ ယုတ်မာတဲ့ စာရေးဆရာဟာ သူမ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကမ္ဘာကို စံချိန်မမှီ...