အချစ်ဦး ပုံပြင်
By Garlic_Boom
253K 20.7K 3.6K
The blue sea and its bright sun. More
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
Epilouge
11
6.5K 615 94
By Garlic_Boom
Unicode
" ဒယ်ဒီ သွန်းသွန်း ကို  တစ်ကယ် ပြောနေတာ လား "
"  ကလေးကလား အလုပ်တွေဒယ်ဒီ မလုပ်ဘူး သွန်းသွန်း ။  "
ပျော်သည့်စိတ်က တစ်ဆတ်ထဲ ဝင်လာသလို ဒယ်ဒီ့ အကြောင်း သိသူပီပီ တစ်ခုခု ပြန်လုပ်ပေးရမယ် ဆိုတာ သွန်းသုသုသာ သိနေတယ် ။
" သွန်းသွန်း က ဘာပြန်လုပ်ပေးရမှာလဲ ဒယ်ဒီ "
" သမီးက သူ့ကို သဘောကျတာ မလား ဒါဆို ကျန်တဲ့ သူ့မိန်းမ ကို ဒယ်ဒီ့ဆီ ရောက်အောင် ပို့ပေးခဲ့လေ သွန်းသွန်း "
" ဘယ်လို "
ဒယ်ဒီ့ စကားကြောင့် သူခေါင်းရမ်းလိုက်မိလားမသိ ။ဒါကြီးက မဖြစ်နိုင်တာ ဒီလိုသာဆိုရင် နေကြည်အလင်းဆိုင် အပေါ်
ဘယ်တရားပါ့မလဲ ရူးများသွားမလားပဲ ။
" သေချာစဥ်းစား ပါ သွန်းသွန်း ဒယ်ဒီ တို့ ဒီမှာ ရှိနေတုန်း တစ်ယောက်ယောက် ကိစ္စ ကို အကောင် အထည်ဖော်ပြီးသား ဖြစ်အောင် လုပ်ရမယ် "
" ဒယ်ဒီ့အတွက် အများကြီး ရှိပါတယ် ။ သူ့အမေကိုတော့ လွှတ်ပေးပါ ဒယ်ဒီ "
သူ ဦးကို ချစ်ပေမယ့် ဒီလိုမျိုး ကြီး လုပ်ဖို့  တော့ စိတ်မပါ ။
ရဲတင်းနေတဲ့ စိတ်တွေဟာ လေဟာနယ်ထဲ လွင့်သွားသလားပဲ ဘယ်ရောက်သွားမှန်း ကို မသိ ။
" သွန်းသုသုသာ ဒယ်ဒီ လိုချင်ရင် သမီး ကို မကူညီဘဲလည်း ရအောင် ယူလို့ ရတယ် နော် နားလည်လား "
" မာမီ တစ်ယောက် ထဲနဲ့ တင် ဒယ်ဒီက မလုံလောက်သေးဘူးလား "
" မင်းတို့ မာမီ ကို ဒယ်ဒီ  တရားဝင် ကွာရှင်းတော့မှာ သွန်းသွန်း "
မာမီနဲ့ ကွာရှင်းပြီး ဦးတို့ အပေါ်  ဘာတွေ လုပ်ဖို့ ကြံနေတာလဲ ဒယ်ဒီ က  ။
" မလုပ်ပါနဲ့ ဒယ်ဒီ ။ သွန်းသွန်း သဘောမတူဘူးနော် "
ဟင့်အင်း သူတို့ ကြောင့်နဲ့ အေးချမ်းတဲ့ မိသားစု ဘဝလေးက ဘာလို့ ပျက်စီးရမှာလဲ ။
သူတို့ အတ္တကြောင့်နဲ့ ဦးတို့ မိသားစု က မဖြစ်ဘူး ။
" သွန်းသုသုသာ "
" သွန်းသွန်း  မြိုသိပ်နိုင်တယ် မဟုတ်ဘူး  ရအောင် မြိုသိပ်မှာပါ  ဒယ်ဒီ "
အစကတော့ ရှေ့ဆက်တိုးဖို့ သွန်းသုသုသာ စဥ်းစားခဲ့တာပါ ။ ဒါပေမဲ့ သူက ဦးတစ်ယောက်ထဲကို ဆွဲထုတ်ဖို့ ရည်ရွယ်ခဲ့တာ ဒယ်ဒီ ပြောသလို တီတီ့ကိုပါ သူတို့ ဘဝထဲက ဆွဲထုတ်သွားရင် နေကြည်အလင်းဆိုင် အပေါ်မတရားရာ ကျသွားမှာ ။ဒီလောက်တော့ သူသိပါသေးတယ် ။
ဦးကို ချစ်ပေမယ့် ဦးကို ရင်နင့်အောင် ချစ်ပေမဲ့လို့ပေါ့ ။
ကိုယ်တိုင် အစပျိုးခဲ့တဲ့ နှလုံးသားတစ်ခု ကို ကိုယ်တိုင် ပဲ ဖျက်စီးပြစ်ရတော့မယ် ။
သွန်းသုသုသာ နင့်ဘဝက ဘယ်တော့မှ ကံမကောင်းခဲ့ဘူး ။
" ကောင်းပြီ လေ တစ်ခုမှတ်ထား သွန်းသုသုသာ ငါလိုချင်ရင် မရရတဲ့ နည်းနဲ့ ရအောင် ယူလို့ရတယ် "
" ဒယ်ဒီ "
" သွားတော့ "
" ဒီကိစ္စကို ဒယ်ဒီ  လုပ်လို့ မဖြစ်ဘူး နော် သွန်းသွန်း  တောင်းပန်ပါတယ် လွှတ်ပေးပါ   "
" သွားတော့ သွန်းသုသုသာ "
ဒီခရီးကို သွန်းသွန်း  လိုက်လာမိတာ မှားပြီ ထင်ပါတယ် ဦးရယ် ။
_______
" ဆိုင် "
ဖုန်းပြောနေရင်း မျက်မှောင်တွေ ကြုတ်သွားတာမို့ အဏ္ဏဝါ တစ်ခုခုဖြစ်နေပြီမှန်း သိလိုက်သည် ။
" ဘာဖြစ်လို့လဲ "
" ငါ အရင်ပြန်ရမယ် ထင်တယ်  "
" ရောက်တာ  ဘယ်လောက် မှတောင် မရှိသေးဘူး လေ "
" အရေးကြီးလို့ ပါ ဆိုင်ရာ "
ကုတင်ပေါ်မှာ ထိုင်ကာ စိတ် ကောက်သွားပြီဖြစ်တဲ့ ဆိုင့်ဘေးနား သူဝင်ထိုင်တော့ ဟိုဘက်ကို ပိုတိုးသွားတယ် ။
" မင်းကအမြဲပဲ အဲ့လိုပဲ  အဏ္ဏဝါ "
" တောင်းပန်ပါတယ် ဆိုင်ရာ နော် ငါတစ်ကယ် အရေးကြီး လို့ပါ "
" ငါမင်းနဲ့ အတူရှိနေချင်သေးတယ် အဏ္ဏဝါ "
မျက်နှာလေးက မဲ့လာသည်မို့ အဆိုးလေးက ငိုတော့မှာလားပဲ ။
လက်ကလေး တစ်ဖက် ကို သူလှမ်းကိုင်လိုက်တော့ ဆိုင်က သူ့ခါးကို တင်းတင်းဖက်ကာ ဗိုက်ပေါ် မျက်နှာအပ်လာသည် ။
" ခဏပဲ လေ ဆိုင်ရာ "
" မဟုတ်ဘူး အဏ္ဏဝါ အခုတလော ငါခံစားချက်တွေ မကောင်းဘူး မင်းသိလား "
တစ်ခုခုကို ဆုံးရှူံးရတော့မလို ခံစားချက်ကြီးကို  နေကြည်အလင်းဆိုင် မကြိုက် ။
ဗိုက်ကလည်း အသေကို အောင့်နေတာ ။
" ဘာဖြစ်လို့လဲ ဆိုင် မင်းမသွားစေချင်ရင် ငါမသွားတော့ဘူးလေ "
" မဟုတ်တာ သွားပါ ငါက ငါခံစားရတာ ပြောပြတာပါ "
" ဆိုင် မသွားစေချင်ရင် ကိုယ်မသွားဘူး ကြားလား  "
သူ့ခေါင်း က ဆံပင်တွေကို ဖွပေးနေသည့် အဏ္ဏဝါ့ ကို မော့ကြည့်တော့ သူ့ကို ပြန်ကြည့်နေတာနဲ့ တိုးသည် ။
" မသွားစေချင်ဘူး အမှန်ပြောတာ ဒါပေမဲ့ သွားပါ ငါလည်း မြန်မြန်လိုက်လာခဲ့မယ် "
" ဆိုင် "
" မတားချင်ဘူး မင်းလုပ်သမျှ ပိတ်ပင်မနေချင်ဘူး အဏ္ဏဝါ "
" ကိုယ် မြန်မြန်ပြန်လာခဲ့မယ်နော် ဆိုင် "
" ကတိပေး "
" ပေးပါတယ် ဆိုင်ရာ မျက်နှာလေး ငြိုးမနေနဲ့ ကိုယ်တစ်ကယ် မနေတတ်ဘူး ။ ဆိုင် ပျော်နေတာပဲ မြင်နေကျမို့လား မသိ "
" အဏ္ဏဝါ "
နာမည်ခေါ်ပြီး ဘာမှ မပြောဘဲ စိုက်ကြည့်နေသူကြောင့် အဏ္ဏဝါ နှုတ်ခမ်းလေး တွေ ပြုံးယောင်သန်းသွားတယ် ။
" ကိုယ့်ကို ခေါ်ပြီး တစ်ခုခုပြောလေ ဆိုင် "
" ငါမင်းကို အများကြီး လည်း သဘောကျတယ် အများကြီးလည်း ချစ်တာ သိတယ်မလား "
" ကိုယ် သိပါတယ် ဆိုင် "
" မှတ်ထားနော် တစ်လောကလုံး မှာ မင်းကို အချစ်ဆုံး က နေကြည်အလင်းဆိုင် ဆိုတဲ့ ငါပဲ ရှိတာကို ဘယ်သူမှ ငါ့ထက်မပိုဘူး မင်းကို ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး "
" ကိုယ် သိပါတယ် ဆိုင်ရာ "
" အင်း မင်းသိမှ ဖြစ်မယ် အဏ္ဏဝါ ဘယ်သူမှ မသိရင်တောင် မင်းတော့ သိမှ ဖြစ်မယ် "
ဆိုင့် လက်ကလေးတွေကို သူအသာဆုပ်ကိုင်တော့ အေးစက်စက် လက်ကလေးနှစ်ဖက်က ချွေးလေးတွေ ထွက်နေကာ သူ့ကို တစ်ကယ် စိတ်ပူနေတဲ့ပုံ ။
" ဆိုင် "
" အင်း "
" ဆိုင် ရည်မှန်းချက် က ဘာလဲ ဟင် "
" မင်းကရော အဏ္ဏဝါ "
" ကိုယ်က သင်္ဘောသား ဖြစ်ချင်တာ ဆိုင် ပင်လယ်ထဲ ရွက်လွင့်ချင်တာလေ "
" အင်း ငါကတော့ ရှင်းတယ် မင်းနဲ့ အတူ ဘွဲ့ဝတ်စုံ ဝတ်ပြီး အတူတူ ဘွဲ့ယူချင်တာ "
" ဒါဆို ဆိုင်  စာလိုက်လုပ်လေ "
" လုပ်တာပဲ ငါမှ မရတာ မင်းကလည်း ။ မင်း သိလား တိမ်လွှာဘုန်းမို က စောကိုဆို သူဒါမသိဘူး မလား  မသိရင် ရှင်းပြတယ် စိတ်လည်း ရှည်တယ် မင်းနဲ့များ တခြားစီ ။ မင်းက ငါ့ဆို အော်ဖို့ပဲ သိတယ် "
" ဆိုင်က စောနွေဦးအိမ် ထက် ပိုတုံးတယ် တစ်ခါတစ်လေ ကိုယ်တစ်ကယ် စိတ်မချဘူး ဆိုင်က ရိုးလွန်းတယ် "
" မရိုးပါဘူး နော် မင်းထင်လို့ပါ ငါလည်ပါတယ်နော် အဏ္ဏဝါ "
" ဟုတ်ပါပြီ ကိုယ်ယုံပါ့မယ် "
" တစ်ကိုယ်ကိုယ်နဲ့ ငါလေ မင်းထက် ငါးရက်ပဲ ငယ်တာနော် မသိရင် ဖေကြီး အချိူးအတိုင်းပဲ "
" ငါးရက်ပဲ ငယ်လို့ ပူနေရတာ ဆိုင် ။ အိပ်ရေးကလည်း ပုတ်သေး အစားအသောက်ဆို ဂျီးလည်းများသေး စာကလည်းမရ ဗိုက်ကလည်း ခဏခဏအောင့်တယ်မလား တစ်ကယ် စိတ်မချဘူး နေကြည်အလင်းဆိုင် "
သူပြောတာလည်း ဟုတ်ပါတယ် ဆိုင်ကို က အမြဲအလွဲလွဲအချော်ချော် ။
ဒါပေမဲ့ အဏ္ဏဝါ က ပိုကိုပိုလွန်းတာ ။ ဒါတောင် သူ့ကို သဘောမကျဘူးပြောလို့ အဏ္ဏဝါ သာ သူ့ကို သဘောကျလာရင် နေကြည်အလင်းဆိုင် တို့ ပိုပြီး သဲသဲလှုပ်ခံရမှာလား မသိ ။
" ရယ်မနေနဲ့ ဆိုင် အင်္ကျီ တွေ ကူထည့်ပေးဦး "
" ဟာ ခိုင်းဖို့ ချည်းပဲ မင်းနော် "
" မလုပ်ပေးချင်ဘူးလား "
" ချစ်တော့ လည်း လုပ်ပေးရမှာပေါ့ မင်း အမြဲ ငါ့ဆို အနိုင်ယူဖို့ ပဲ သိတယ် အဏ္ဏဝါ မကောင်းတဲ့ ပင်လယ်ပြာကောင် "
" ဘာလဲ ပင်လယ်ပြာကောင်က  နေကြည်အလင်းဆိုင် ပေါက်ကရတွေ ပြောတတ်တယ် နော် "
" သွား ငါ့အတွက် ထမင်းသွားယူပေး ငါလုပ်ပေးထားမယ် "
" မင်း စားတာ တအားများနေပြီ ဆိုင် "
" ဘာမှ မဖြစ်ဘူး ပြီးမှ ဆေးသောက်လိုက်မယ်နော် "
နေရောင်ကြည်လေးက ဒါဆိုရင် ပင်လယ်ပြာလေး ကလည်း မလွန်ဆန်နိုင်ပါဘူး ။
_______
" မင်း ငါ့အခန်းထဲ ရောက်နေပြန်ပြီ လား သွန်းသုသုသာ "
ကုတင်ခြေရင်းမှာ ဒူးနှစ်ဖက်ပိုက်ကာ ခေါင်းကြီး ငုံ့ထားပြန်သည့် ကလေးမ ။
" သွန်းသုသုသာ မင်းကို မေးနေတယ်လေ "
ခဏအကြာမှာတော့ ရှိုက်သံတွေ ထွက်လာတာမို့ ဦးနေသူ အနားတိုးသွားလိုက်ရသည် ။
" ဘာလို့ ငိုနေတာလဲ "
ခိုင်နဲ့ အတူ အပြင်က အခုမှ  ပြန်လာတာ မို့ အိမ်မှာ ဖြစ်နေတာတွေ လည်း တစ်ခုမှ သူမသိ ။
" သွန်းသုသုသာ "
" ဦး အင့် "
သူ့ကို အတင်းဆွဲဖက်ပြီး ခုနကထက် ပိုဆိုးစွာ ငိုလာတာမို့ ဦးနေသူ ခေါင်းသာ နာနာကုတ်မိတယ် ။
" မင်း ဘာဖြစ်နေတာလဲ ငါ့အခန်းထဲ က ထွက်သွားပေး သွန်းသုသုသာ "
" ဦး သွန်းသွန်း ကို မမုန်းပါနဲ့ နော် "
မိုးလည်း မချုပ်သေးတာမို့ တစ်ယောက် ယောက်များ ဝင်လာရင် အခက်တွေ့ကုန်တော့မှာပဲ ။
သိက္ခာတရားကို အလေးထားသူ မို့ သူ့ကို  ဒီလိုမျိုးတွေ စွတ်စွဲလာမှာ ဦးနေသူ မလိုချင် ။
သွန်းသုသုသာ အဖေလည်း ရောက်နေတာမလား ။
" ငါပြောမယ် သွန်းသုသုသာ ငါမင်းကို မုန်းလည်း မမုန်းဘူး ချစ်လည်း ချစ်မှာ မဟုတ်ဘူး ။ မင်းက ငါ့အတွက် ဒီအတိုင်း သူစိမ်းတစ်ယောက်ပဲ ငါ့သား သဘောကျနေတဲ့ ကောင်လေးရဲ့ ညီမလေး မို့ ငါမင်းကို နွေးနွေးထွေးထွေး ဆက်ဆံပေးတာ မင်းမှ မဟုတ်ဘူး နေကြည်အလင်းဆိုင် နဲ့ ပက်သတ်သမျှ လူတိုင်း ကို ငါရော ခိုင်ရောက ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာ တခြားရည်ရွယ်ချက်တွေ မပါဘူး "
" သိပါတယ် သွန်းသွန်း သိပါတယ် ဦးရယ် "
သူ့ကြောင့် ဘယ်လောက်တောင် များ ဦးက စိတ်ရှုပ်နေခဲ့ရပြီလဲ ။ သွန်းသုသုသာ ကိုယ့်လက်ကိုသာ နာနာကိုက်ထားမိသည် ။
" သိရင် ဒီလောက်နဲ့ ရပ်လိုက်ပါ တော့ ကလေးမ ။ မင်းအတွက် ကောင်းမွန်တဲ့ အဖော်တစ်ယောက်တော့ အချိန်တန်ရင် တွေ့မှာပါ သွန်းသုသုသာ "
ကောင်းမွန်တဲ့ အဖော်တစ်ယောက်တဲ့လား မလိုတော့ပါဘူး ဦးရယ် ။ တစ်သက်မှာ တစ်ခါပဲ ချစ်မိပြီး  ကံမကောင်းခဲ့တဲ့ မိန်းမပါ ။
ဒီဘဝမှာ ဦးကလွဲပြီး ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဖို့ သွန်းသွန်း ဆုံးဖြတ်ပြီးပါပြီ ။
" ပြောစရာရှိတယ် ဦး သွန်းသွန်း ပြောတာ သေချာ နားထောင်ပါ "
" လက်မှာ သွေးတွေထွက်နေပြီ သွန်းသုသုသာ "
သွေးထွက်အောင် ပဲ သူကိုက်ပြစ်ခဲ့တာပါ အသားနာတာလောက်ကတော့ သူ့ ရင်ထဲက ဒဏ်ရာ  နာတာကို မမှီလောက်ပါဘူး ။
" တစ်ကယ်လို့ ဦး မထင်မှတ်ထားတာ တစ်ခုခုဖြစ်လာခဲ့ရင် ပြီးတော့ အဲ့တစ်ခုခုက ဦးဘဝအတွက် အကြီးမားဆုံး ရိုက်ချက်တစ်ခုအဖြစ် ပြောင်းသွားခဲ့မယ်ဆိုရင် အဲ့ရိုက်ချက်က သွန်းသုသုသာ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး ဆိုတာပါပဲ ဦး "
" ဘာတွေပြောနေတာလဲ သွန်းသုသုသာ ဘာတွေ ဖြစ်လာမှာမို့လို့လဲ "
" မသိဘူး ဦး ဒါပေမဲ့ စိတ်ချပါ သွန်းသွန်း အတတ်နိုင်ဆုံး ဦးတို့ ကို မထိခိုက်အောင် ကြိုးစားမှာပါ "
သွန်းသုသုသာ ပြောနေသော စကားများကို ဦးနေသူ နားမလည်ပါ ။ ဒီကလေးမ အရင်နေ့ကပဲ သူ့ကို သဘောကျကြောင်းတွေပြောပြီး အခုလည်း ကာကွယ်မယ်ဆိုပါလား ။
" ငါလည်း တစ်ခုတော့ ပြောထားလိုက်မယ် သွန်းသုသုသာ ဘာကိစ္စပဲ ဖြစ်လာလာ နောက်ဆုံးနစ်နာမှာက ခိုင်နဲ့ နေကြည်အလင်းဆိုင် သာဆိုရင် မင်းရော လုပ်တဲ့သူကို ရော ငါလုံးဝ ခွင့်လွတ်မှာ မဟုတ်ဘူး ဆိုတာပဲ "
ဦးရဲ့ အမုန်းကို  သွန်းသုသုသာ  မခံနိုင်တာမို့ ဒယ်ဒီ့ကို ရအောင် တားရမယ် ။
ဘာပဲ လုပ်ရလုပ်ရ ဒယ်ဒီရှေ့ဆက်မတိုးနိုင်အောင် သူလုပ်ရမယ် ။
" သွန်းသွန်း နားလည်ပါပြီ ဦး "
သူ ထထွက်ဖို့ ပြင်တော့ ဦးက ခဏပြန်ထိုင်ခိုင်းလာသည် ။
" ဆေးထည့်ရအောင် ကလေးမ ။ ငါမင်းကို သဘောမကျဘူး ဆိုပေမဲ့ ထိခိုက်ဒဏ်ရာနေတာမို့ မျက်နှာလွဲ ခဲပြစ်တော့ မလုပ်နိုင်ဘူး "
" ဟင့်အင်း "
" သွန်းသုသုသာ ဘာဖြစ်လို့လဲ "
" ဦးက ဒီအတိုင်း အမြင်မတော်လို့ လုပ်ပေးတာ  ဒါပေမဲ့ သွန်းသွန်း အတွက် က ပိုပြီး မက်မောမိသွားလိမ့်မယ် ဦး ရေစက်ကို ဒီလောက်နဲ့ပဲ ဖြတ်ကြတာပေါ့ အစစအရာရာ အတွက် ကျေးဇူးအများကြီးတင်ပါတယ် "
စိတ်အလိုတွေ မလိုက်ချင်တော့ပါဘူး ဦးရယ် ။ ဦးကို ဒီထပ်ပိုပြီး မတွယ်တာမိခင်မှာ ။
ညဘက်ထမင်းဝိုင်းမှာ လူစုံပေမဲ့ အကုန်လုံး က အသံတစ်စပင်မထွက်ကြ ။
" စားလေ ညီမလေး "
ထမင်းကို တို့တိ တို့တိ လုပ်နေတဲ့ သွန်းသွန်း ကြောင့် အဏ္ဏဝါ စိတ်ပူနေတာအမှန်ပင် ။
သူ့မှာ ဒီညီမလေး တစ်ယောက် ပဲ ရှိတာ ။
" သွန်းသွန်း ဝပြီ ကိုကို သွားနားတော့မယ်နော် စာလည်း နည်းနည်း ကြည့်စရာ ရှိသေးလို့ ။ တီတီ ချက်တာ အရမ်းစားကောင်းပါတယ်နော် "
ထမင်း တစ်လုပ်တောင် စားမသွားတဲ့ ညီမလေးက တီတီချက်တာ အရမ်းစားကောင်းပါတယ်တဲ့ ။
ဒယ်ဒီ့ကို ကြည့်တော့လည်း ဘာမသာ မပြောတာ  ဆိုင့်မေမေကို စိုက်ကြည့်နေတဲ့ အကြည့်တွေကို  အဏ္ဏဝါ သဘောမကျ ။
ဦးလေးကလည်း မျက်နှာ မကောင်း ဆိုင့်မေမေကတော့ ထမင်းစားပြီး တာနဲ့ အချိုပွဲ ပြင်ပေးကည ကြီးကြီး အခန်းထဲ တန်းဝင်သွားသည် ။
ဆိုင် တစ်ယောက်သာ  အစားမပျက် ။ ဟိုဟာထည့်စားလိုက် ဒီဟာထည့်စားလိုက်နဲ့ ကျန်တဲ့ သူတွေ ဘာဖြစ်နေမှန်း စိတ်မဝင်စား ။
ဒါလည်း ကောင်းပါတယ် ဆိုင် ဘာမှ မသိတာ ကောင်းတယ် အဖြူထည်လေးမို့ အစွန်းအထင်း ကင်းစေချင်တာ သူ့ဆန္ဒ ။
GarlicBoom
Mon/July4
2:25PM
Zawgyi
" ဘယ်လို "
" သွန်းသုသုသာ "
" ဒယ်ဒီ "
" သွားတော့ "
" သွားတော့ သွန်းသုသုသာ "
_______
" ဆိုင် "
" ဘာဖြစ်လို့လဲ "
" ခဏပဲ လေ ဆိုင်ရာ "
" ဆိုင် "
" ကတိပေး "
" အဏ္ဏဝါ "
" ကိုယ် သိပါတယ် ဆိုင် "
" ကိုယ် သိပါတယ် ဆိုင်ရာ "
" ဆိုင် "
" အင်း "
" မင်းကရော အဏ္ဏဝါ "
" ဆိုင်က စောနွဦေးအိမ် ထက် ပိုတုံးတယ် တစ်ခါတစ်လေ ကိုယ်တစ်ကယ် စိတ်မချဘူး ဆိုင်က ရိုးလွန်းတယ် "
" တစ်ကိုယ်ကိုယ်နဲ့ ငါလေ မင်းထက် ငါးရက်ပဲ ငယ်တာနော် မသိရင် ဖေကြီး အချိုးအတိုင်းပဲ "
" မလုပ်ပေးချင်ဘူးလား "
_______
" ဘာလို့ ငိုနေတာလဲ "
" သွန်းသုသုသာ "
" ဦး အင့် "
" ဟင့်အင်း "
" စားလေ ညီမလေး "
GarlicBoom
Mon/July4
2:25PM
Continue Reading
You'll Also Like
43.1K 1.6K 6
Mature on ထားပါတယ်။ အဆင်မပြေရင် မဖတ်ကြဖို့ တောင်းဆိုပါတယ်။ S 1 မဖတ်ပဲနဲ့ S 2 ကနေပဲ စဖတ်လဲ အဆင်ပြေပါတယ်။ Note - အထွန်းသည် ငပျင်းတစ်ယောက်ဖြစ်တာကြောင့်...
3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
1.2M 61.9K 50