ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

254K 22.6K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန်း ၇

5.3K 558 31
By morA_nyein

" မမၿမိဳင္ ။ မမၿမိဳင္ အိပ္ေနၿပီလား ။ "

အေအးဓာတ္ေလးခံစားရတဲ့ ညခ်မ္းေလးတစ္ညမွာ ေကာင္းကင္ေပၚက ျပည့္ၿဖိဳးေနတဲ့ လျပည့္ဝန္းဝန္းႀကီးရဲ႕ အေဖာ္မြန္ ၾကယ္လက္လက္ကေလးေတြက သီရိၿမိဳင္စံအိမ္ႀကီးရဲ႕ ဂႏၲဝင္ဆန္တဲ့ ပန္းခ်ီကားခ်ပ္ တစ္ခုအသြင္ ။

အိပ္ခန္းတြင္းရိွ မွန္တင္ခံုအေရွ႕က ထိုင္ခံုမွာထိုင္လို႔ ဆံပင္ၿဖီးေနတဲ့ မမၿမိဳင္ကို ညိဳေလးသည္ နံရံအေပါက္ေလးေတြကတစ္ဆင့္ လွမ္းေခၚေနျခင္းပင္ ျဖစ္သည္ ။ တစ္ရက္ျခားတစ္ခါေခၚၿပီး ' မမၿမိဳင္ အိပ္ေနၿပီလား ' ဆိုၿပီး လွမ္းလွမ္းေမးတတ္ေပသည္ ။

တစ္ေန႔ကဆို မမၿမိဳင္ တကယ္ႀကီးကို အိပ္ေမာက်ေနသည္ေပါ့ ။ အလိုက္မသိသလို ျဖစ္သြားတဲ့ ညိဳေလးမွာ မမၿမိဳင္ရဲ႕ အဆူခံေလးေတြကိုေတာင္ ထိသြားေသးသည္ ။

ေနာက္တစ္ေန႔က်ေတာ့လည္း မမၿမိဳင္ဟာ သူမဟုတ္သလိုပံုစံနဲ႔ ။ ညိဳေလးမွာေတာ့ မ်က္နွာခ်င္းေတာင္ မဆိုင္ရဲ ။ ခိုးၾကည့္ေနခဲ့ရသည္ေပါ့ ။

" မမၿမိဳင္ ။ "

ဆံပင္ၿဖီးေနတဲ့ မမၿမိဳင္ စိတ္မရွည္ခ်င္ေတာ့ ဘီးကိုခံုေပၚမွာ ခ်လိုက္ၿပီး နံရံအေပၚက္ေလးရိွရာဆီသို႔သြားကာ ၾကမ္းျပင္ေပၚမွာ ထိုင္ခ်လိုက္ေပေတာ့သည္ ။

"ဘာလဲ ။ ဘာလဲ ။ ရႈပ္ရွပ္ယွက္ယွက္နဲ႔ ။ လူမွာ ေကာင္းေကာင္းေနရတယ္လို႔ကို မရိွဘူး ။ "

" ကြၽန္မ ခ်မ္းလို႔ ။ "

" အို ။ ခ်မ္းတာပဲ ဆြယ္တာဝတ္ေပါ့ ။ "

" ကြၽန္မမွာမရိွဘူး မမၿမိဳင္ ။ "

" ညည္းဆိုသည္မွာလည္း အလုပ္ေပးဖို႔ပဲ သိတယ္ ။ တကယ္ပါပဲေနာ္ ။ "

ဟု ေျပာကာ ထထြက္သြားေလသည္ ။ က်န္ခဲ့တဲ့ ညိဳေလးမွာေတာ့ တစ္ဖက္ကမမၿမိဳင္ ဘာျဖစ္ေနသလဲ မသိရ ။ " မမၿမိဳင္ ။ မမၿမိဳင္ ။ " ဟုသာ ေခၚၿပီး က်န္ခဲ့ေပေတာ့သည္ ။

ခဏေလာက္ ညိဳေလးအား ေခါင္းထဲက ထုတ္ထားၿပီး မမၿမိဳင္မွာ ဗီဒိုထဲက ညိဳေလးနဲ႔လိုက္မည္လို႔ ထင္ရေလာက္သည့္ ဆြယ္တာကို ရွာေဖြေနေပေတာ့သည္ ။

ေခါင္းထဲမွထုတ္ထားသည္က ဇာတ္သေဘာအရေျပာျခင္းသာ ။ တကယ္တမ္းေတာ့ မမၿမိဳင္ရဲ႕ နႈတ္ဖ်ားက ညိဳေလးနဲ႔ ပတ္သက္တာေတြ ေ႐႐ြတ္ေနျပန္မိေတာ့သည္ ။

" အရႈပ္ အရႈပ္ ။ ညဘက္ေတာင္ ေကာင္းေကာင္းမအိပ္ရဘူး ။ သိပ္ကို အရႈပ္ေပးတာပဲ ။ "

ထိုသို႔ျဖင့္ ဗီဒိုထဲက ဆြယ္တာအျဖဴေလးအား ဆြဲထုတ္လိုက္ေပေတာ့သည္ ။

" ဒီအျဖဴနဲ႔ဆို သိုးေပါက္ေလးနဲ႔ တူေနမွာေပါ့ ။

အို မျဖစ္ပါဘူး ။ ဝံပုေလြမဆိုေတာ့ အညိဳေရာင္ပဲ ဝတ္ ။ "

ဆိုကာျဖင့္ ဆြယ္တာအျဖဴကို ဗီဒိုထဲသို႔ ေခါက္ထည့္ျခင္းမျပဳေတာ့ဘဲ မမၿမိဳင္ကိုယ္တိုင္ ဝတ္ဆင္လိုက္ေပေတာ့သည္ ။

" အင္း ။ လွတယ္ ။ "

ကိုယ့္ငါးခ်ဥ္ကိုယ္ခ်ဥ္လိုက္ၿပီး ဗီဒိုထဲက ဆြယ္တာအညိဳေရာင္ေလးကို ယူလိုက္ပါေတာ့သည္ ။ ၿပီးေနာက္ ရင္ခြင္ေထြးေပြ႕ဟန္ခ်ီၿပီး အိပ္ခန္းအျပင္သို႔ တံခါးဖြင့္ရန္သြားဖို႔အျပင္ နံရံအေပါက္ေလးရဲ႕ တစ္ဖက္အခန္းက ညိဳေလးကေတာ့ " မမၿမိဳင္ ။ မမၿမိဳင္ " ဟု ေခၚေနဆဲပင္ ။

ဒါကုိ မမၿမိဳင္ၾကားေတာ့ အနည္းငယ္မ်ွ ၿပံဳးလိုက္ေပသည္ ။

အို ။ ဒီစံအိမ္ေတာ္ထဲမွာ ငါအခု ၿပံဳးလိုက္တာလား ။

ကိုယ္ကိုယ္တိုင္ ေမးခြန္းထုတ္ၿပီး အေျဖရွာေနျပန္ေတာ့သည္ ။ ၁၂နွစ္ၾကာသည္အထိ အၿပံဳးႏုႏုေလးကိုေတာင္ ဒီစံအိမ္ထဲမွာ ၿပံဳးမိသည့္သူမဟုတ္ ။ ႀကီးႀကီးဆီသို႔ ေရာက္မွသာ ၿပံဳးမိသည့္မမၿမိဳင္သာ ျဖစ္သည္ ။

" ဘာ့ေၾကာင့္ ငါ့မ်က္နွာက ပူေႏြးလာရတာလဲ ။

အို ။ ထားပါေတာ့ေလ ။ "

တိုးတိတ္စြာေရ႐ြတ္မိၿပီး အိပ္ခန္းတံခါးကို ဆြဲဖြင့္ကာျဖင့္ တစ္ဖက္အခန္းကညိဳေလးဆီသို႔ သြားပါေတာ့သည္ ။

အခန္းတံခါးကို ေခါက္ျခင္းမရိွဘဲ ခ်က္ခ်င္းဆြဲဖြင့္လိုက္ေတာ့ ညိဳေလးမွာ နံရံေပါက္ကေနတစ္ဆင့္ မမၿမိဳင္ဟု ေခၚေနဆဲမွာ လန္႔သြားသည့္ဟန္နွင့္တူသည္ ။ ညိဳေလးရဲ႕မ်က္နွာက သရဲျမင္လို႔ လန္႔သြားသည့္ဟန္မ်ိဳး ။

" ဘာျဖစ္တာလဲ ။ "

" လန္႔သြားတာပဲ မမၿမိဳင္ကလည္း ။ "

ခြၽဲႏြဲ႕သံေလးပါတဲ့ ညိဳေလးရဲ႕စကားကို မမၿမိဳင္သေဘာက်မိေပမယ့္ မၿပံဳးမိပါ ။ ရုပ္ႀကီးကို တည္ထားလို႔ ညိဳေလးရဲ႕ကုတင္ေျခရင္းေပၚသို႔ တက္ထိုင္လိုက္ပါေတာ့သည္ ။ ၿပီးေနာက္ ၾကမ္းျပင္မွာထိုင္ေနတဲ့ ညိဳေလးအား အညိဳေရာင္ဆြယ္တာေလး ပစ္ေပးလိုက္ေတာ့သည္ ။ အလြဲမခံတဲ့ ညိဳေလးမွာ မမၿမိဳင္ပစ္ေပးတာကို အမိအရဖမ္းလိုက္နိုင္သည္ ။

" အခုေတာ့ ဒါပဲဝတ္ထားဦးေပါ့ ။ မနက္ျဖန္က်ရင္ ႀကီးႀကီးဆီသြားမွာဆိုေတာ့ မင္းအတြက္ ဆြယ္တာေတြ ဝယ္ခဲ့ေပမယ္ ။ "

" ဒီတစ္ထည္တည္းနဲ႔ ကြၽန္မလံုးေလာက္ေနပါၿပီ မမၿမိဳင္ ။ "

" အို ။ ရွည္ျပန္ၿပီ ။ လူႀကီးက ဒါဆိုဒါေပါ့ ။ ဘာလို႔ အထြန္႔တက္ေနတာလဲ ။ "

" အို႔ မမၿမိဳင္ ။ ကြၽန္မအသက္ ၃၂နွစ္ပါ ။ ကြၽန္မလည္း လူႀကီးတစ္ေယာက္ပါပဲ ။ "

" တို႔က မင္းထက္ ၅နွစ္ႀကီးတယ္ ။ ၃၇ ။ "

မ်က္ခံုးနွစ္ဖက္ကို အေပၚသို႔ပင့္ခ်ီၿပီး ေလသံခပ္ဆတ္ဆတ္ေျပာလိုက္သည္ေၾကာင့္ ညိဳေလးမွာ အခက္ေတြ႕သြားရွာေတာ့သည္ ။ ဒီထက္ပိုၿပီးေတာ့လည္း သူမ ျပန္မေျပာရဲ ။ ေျပာမိရင္လည္း မမၿမိဳင္ရဲ႕အဆူခံေတြ ထပ္ထိေနဦးမွာပဲ ။

" အင္းေပါ့ အင္းေပါ့ ။ ႀကီးေတာ့လည္း ႀကီးတယ္ေပါ့ ။ "

ညိဳေလးမွာ ဆြယ္တာေလးကို ျဖန္႔လိုက္ၿပီး ၾကည့္လိုက္ေတာ့သည္ ။ ရိုးရွင္းလွတဲ့ အေရွ႕တပ္ၾကယ္သီးပါ ဒီဇိုင္းေလးေၾကာင့္ အႀကိဳက္ေတြ႕ရသည္ ။ မမၿမိဳင္ရဲ႕ ဆြယ္တာကို လွမ္းၾကည့္လိုက္ေတာ့သည္ ။ မမၿမိဳင္ဆြယ္တာကိုၾကည့္လိုက္ သူမရဲ႕ဆြယ္တာကို ၾကည့္လိုက္နဲ႔ ညိဳေလးမွာ မခို႔တရို႔ေလး ၿပံဳးမိေတာ့သည္ ။

" ဆြယ္တာက ပံုစံတူတယ္ေနာ္ မမၿမိဳင္ ။ "

" ဟုတ္တယ္ေလ ။ ဒီနွစ္ခုက ဆင္တူဝယ္ထားတာ ။ "

" ေၾသာ္ ။ "

" ဘာေၾသာ္လဲ ။ ဘာကိုေၾသာ္လဲ ။ မႀကိဳက္ရင္ မဝတ္နဲ႔ ျပန္ေပး ။ "

" ဘယ္ကသာ မမၿမိဳင္ရာ ။ ကြၽန္မ သိပ္ႀကိဳက္တာေပါ့ ။ "

ခ်က္ခ်င္းကိုပဲ ဆြယ္တာကိုဝတ္လိုက္ပါေတာ့သည္ ။ ကုတင္ေျခရင္းက မမၿမိဳင္ကေတာ့ သေဘာက်ေနတဲ့ညိဳေလးကို ၾကည့္ရင္း မသိစိတ္ထဲက ၿပံဳးေနမိပါေတာ့သည္ ။

" ကြၽန္မ ၾကယ္ေတြကို ေမးၾကည့္ၿပီးၿပီ မမၿမိဳင္ ။ "

" ဘယ္လို ။ "

" ဒါေပမယ့္လည္း အေျဖမထြက္ပါဘူး ။ ၾကယ္ေလးေတြကေတာ့ ' မမၿမိဳင္ကို ေမး' ဆိုၿပီးေတာ့ပဲ ျပန္ေျပာတယ္ ။ "

" မင္းကဘာေမးခ်င္လို႔လဲ ။ "

ညိဳေလးဟာ ခပ္ဖြဖြေလး သက္ျပင္းတစ္ခ်က္ရိႈက္လိုက္သည္ ။

" ဒီေလာက္ပန္းေတြအမ်ားႀကီးေပါတဲ့ ေမၿမိဳ႕မွာ ဘာေၾကာင့္ မမၿမိဳင္ကို ကုိကိုျမင့္က စံပယ္ပန္း ေပးရတာလဲလို႔ေလ ။

ဘာလို႔လဲ မမၿမိဳင္ ။ "

မမၿမိဳင္မွာ ေခတၱမ်ွတိတ္ဆိတ္သြားခဲ့ေပေတာ့သည္ ။ ဒီတိတ္ဆိတ္မႈေတြထဲမွာ တစ္ခ်ိန္က အမွတ္တရေလးေတြ ပါဝင္ပတ္သက္ေနေတာ့သည္ ။

အပ်ိဳေပါက္ဝင္ကာစ ၁၆နွစ္အ႐ြယ္ ၿမိဳင္လို႔ေခၚတဲ့ သခင္မေလးဟာ မႏၲေလးၿမိဳ႕ေတာ္မွ သီရိၿမိဳင္စံအိမ္ႀကီးရိွရာ ေမၿမိဳ႕သို႔ေရာက္လာခဲ့ျခင္းျဖစ္သည္ ။ အလြယ္တကူ စံပယ္ပန္းျဖဴျဖဴေလးနွစ္ပြင့္ကိုသာ ဆံႏြယ္နက္နက္ေတြၾကားထဲ ထိုးပန္ထားတဲ့ ငယ္႐ြယ္မႈေတြ ျပည့္နွက္ေနတဲ့ မမၿမိဳင္ကို သီရိၿမိဳင္စံအိမ္ေတာ္ရဲ႕ မာလီေလးကိုျမင့္ေမာင္ဟာ ျမင္ျမင္ခ်င္းေမတၱာသက္ဝင္ခဲ့ရသည္ေပါ့ကြယ္ ။

" ဘာလို႔လဲဟင္ ။ "

" ဘယ္သိမလဲ ။ သိခ်င္ရင္ ကိုျမင့္ေမာင္ကို သြားေမးေပါ့ ။ "

" ကိုကိုျမင့္ကို မေမးခ်င္ပါဘူး ။ မမၿမိဳင္ကို မနာလိုလို႔ ေမးတာဆိုၿပီး အထင္ခံရမွာျဖင့္ ကြၽန္မ ရွက္လို႔ေသမွာပဲ ။ "

" တို႔ကိုေမးေတာ့ေရာ မင္းမရွက္ဘူးလား ။ ရွက္ရင္ေရာ ေသမွာလား ။ "

" ဘယ္ကသာ မရွက္ပါဘူး ။ ေသလည္းမေသပါဘူး ။ မမၿမိဳင္အေပၚမွာ ရွက္မိတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးကို မဝင္တာ ။ အို႔ ။ ထူးဆန္းတယ္ေနာ္ မမၿမိဳင္ ။ "

" ဘာမွမထူးဆန္းဘူး ။ "

ထိုအခ်ိန္ စံအိမ္ႀကီးရိွ နီယြန္မီးသီးမ်ား တဖ်ပ္ဖ်ပ္ျဖစ္လာပါေတာ့သည္ ။

" မမၿမိဳင္ ။ မမၿမိဳင္ ။ ဘာႀကီးလဲ ။ အဲ့တာ ဘာႀကီးလဲ ။ သရဲေျခာက္တာလား ။ သရဲ မဟုတ္လား ။ "

" အို ။ ေပါက္ကရေတြ မေျပာစမ္းနဲ႔ ။ "

" မမၿမိဳင္ ကြၽန္မေၾကာက္တယ္ ။ မမၿမိဳင္ေရ ။ "

ခ်က္ခ်င္းဆိုသလို ၾကမ္းျပင္မွာထိုင္ေနတဲ့ ညိဳေလးမွာ အလင္းရဲ႕အလ်ွင္ကဲ့သို႔ မမၿမိဳင္ဆီသို႔ အေျပးသြားကာျဖင့္ အတင္းအၾကပ္ ဖက္တြယ္ထားေပေတာ့သည္ ။

" ဘုရား ။ ဘုရား ။ ဘာလို႔ အတင္းလာဖက္ေနတာလဲ ။ လႊတ္ေတာ္ ။ "

" မလႊတ္ဘူး ။ ေၾကာက္လို႔ပါဆို မမၿမိဳင္ကလည္း ။ "

မ်က္လံုးစံုမွိတ္လို႔ ေအာ္ေျပာေနတဲ့ ညိဳေလးရဲ႕ရင္ခြင္ထဲက မမၿမိဳင္လည္း အတင္းရုန္းထြက္ေနေလရဲ႕ ။ သို႔ေပမယ့္လည္း မရ ။ ေၾကာက္ေနတဲ့ ညိဳေလးကေတာ့ အကာအကြယ္ေလးတစ္ခုအျဖစ္ အတင္းကို ဖက္ထားလို႔ရယ္သာ ။

" အို ။ လႊတ္ပါလို႔ဆို ။ "

" မရုန္းပါနဲ႔ မမၿမိဳင္ရယ္ ။ ကြၽန္မ ေၾကာက္လို႔ ေသရပါလိမ့္မယ္ ။ "

" ဒုကၡပါပဲကြယ္ ။ "

ထိုအခ်ိန္ နီယြန္မီးမ်ား ပံုမွန္အတိုင္း ျပန္လင္းလာေပေတာ့သည္ ။ ညိဳေလးကေတာ့ မ်က္လံုးေတြ စံုမွိတ္လ္ု႔ ဖက္ထားဆဲပင္ ။

" လႊတ္ေတာ့ ။ မီးျပန္လင္းၿပီ ။ "

" မလႊတ္ပါဘူး ။ မမၿမိဳင္ လူညာႀကီးလုပ္ေနျပန္ၿပီ ။ "

" အို ဒီမိေက်ာင္းမ ။ မ်က္လံုးနွစ္လံုးကို ဖြင့္လိုက္ ။ တကယ္ပါပဲေနာ္ ။ "

ညိဳေလးမွာ မမၿမိဳင္ညာမွာကိုလည္း ခပ္လန္႔လန္႔ ။ ညာဘက္မ်က္လံုးကို အရင္ဖြင့္လိုက္ေတာ့မွ ။ ေဟာ ။

" မီးျပန္လင္းလာၿပီပဲ ။ "

" ဟုတ္တယ္ ။ လႊတ္ေတာ့ ။ "

ညိဳေလးမွာ အတင္းဖက္ထားတာေၾကာင့္ မမၿမိဳင္ကို ၾကည့္မိေတာ့သည္ ။ မ်က္ခံုးေလးေတြ အနည္းငယ္က်ံဳ႕လို႔ နႈတ္ခမ္းေလးက အနည္းငယ္စူေနေလသည္ ။

အၾကည့္ခ်င္း ဆံုေတြ႕သြားတဲ့အျဖစ္မွာ အမည္မသိေသာ ရင္တုန္မႈေတြ အစခ်ီလာၿပီ ။ နွစ္ဦးသားရဲ႕ ပါးျပင္ေလးေတြမွာလည္း ပူေႏြးလာၾကၿပီ ။ မမၿမိဳင္ရဲ႕ အညိဳေရာင္မ်က္ဝန္းေတြက ရင္ခုန္မႈေတြေပးေနသည္ ။ ဂနာမၿငိမ္တဲ့ မ်က္လံုးတစ္စံုနဲ႔ နႈတ္ခမ္းတစ္စံုကိုလည္း သူမတို႔အခ်င္းခ်င္း ပိုင္ဆိုင္ထားေပေတာ့သည္ ။

ဘာေၾကာင့္ငါ့ရင္ေတြ ပိုတုန္ေနရတာပါလိမ့္ ။
ဟိုတစ္ေခါက္ထပ္ ပိုၿပီးတုန္ေနတယ္ ။
ဘာ့ေၾကာင့္ တစ္ခ်ိန္က ကိုျမင့္ေမာင္ေၾကာင့္ ျဖစ္ေပၚလာခဲ့တဲ့ ရွက္႐ြံ႕မႈေတြပါ ခံစားေနရတာလဲ ။

အေတြးေတြဟာ ဂယက္ထေနေပေတာ့သည္ ။ ညိဳေလးလည္း ထို႔အတူပါပင္ ။

ဘာလို႔ ငါ့လက္ေတြ အရက္သမားလို တုန္ေနရတာလဲ ။
ၿပီးေတာ့ ငါ့ဘယ္ဘက္ရင္အံုကေရာ ။
ဘာလို႔လဲ ။
ပုိဆိုးတာက ကိုကိုျမင့္ေၾကာင့္ျဖစ္လာတဲ့ ရင္ခုန္မႈမ်ိဳးထပ္ ပိုေနတာပဲ ။

" လႊတ္ ။ လႊတ္ေတာ့ေလ ။ "

" ဟုတ္သား ။ "

အရွက္ႀကီးရွက္မိေနၾကတဲ့ အမ်ိဳးသမီးနွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေလးဖယ္ရွားလိုက္ၾကပါေတာ့သည္ ။ ႀကိဳးမ်ွင္ေလးဟာလည္း တန္းေနလို႔ ။ အေရာင္ေတြေရာေထြးျခင္းမရိွတဲ့ အျဖဴေရာင္ႀကိဳးမ်ွင္ေလး တစ္ေခ်ာင္းေပါ့ ။

" ဟို ။ မီးပ်က္တာကို ေၾကာက္တာမဟုတ္ပါဘူး ။ ဒီလို မီးက ။ မီးက တဖ်ပ္ဖ်ပ္ျဖစ္ေနတာကို ေၾကာက္တာပါ ။

ဟို ။ သရဲလို႔ပဲ ထင္မိတာေပါ့ ။ "

" အို ။ ဒီမွာလည္း ဘာေျပာေနလို႔လဲ ။ "

" မမၿမိဳင္က အရမ္းရုန္းတာပါ ။ "

" လႊတ္မွမလႊတ္ပဲ ရုန္းမွာေပါ့ ။ "

" သရဲေၾကာက္လို႔ပါဆိုမွ ဘယ္လိုလုပ္လႊတ္မွာလဲလို႔ ။ "

" ေနာက္ခါ လာမဖက္နဲ႔ ။ "

" ကြၽန္မက ေၾကာက္လို႔ဖက္လိုက္တာပါေနာ္ ။ "

" ဗုေဒၶါ ။ အမေလး ငါေသြးတက္ေတာ့မွာပဲ ။

ေၾကာက္လည္း လာမဖက္နဲ႔ ေတာက္တဲ့မေရ ။ တကယ္ပါပဲ ။ "

ေျပာေျပာဆိုဆိုနွင့္ ညိဳေလးေဘးမွ ထထြက္သြားကာျဖင့္ အိပ္ခန္းတံခါးကိုသြားဖြင့္ေပေတာ့သည္ ။ ထိုအခ်ိန္ ညိဳေလးဟာ ကုတင္ေပၚကထလိုက္ကာျဖင့္ မမၿမိဳင္အား ဟန္႔လိုက္ပါေတာ့သည္ ။

" မနက္ျဖန္ ဂႏၶမာၿမိဳင္စံအိမ္က ႀကီးႀကီးကိုသြားေတြ႕မွာဆိုေတာ့ ကြၽန္မကို အေဖာ္ေခၚပါလား မမၿမိဳင္ ။ "

လိုက္ခ်င္တယ္လည္း မဟုတ္ ။
လိုက္မယ္လို႔လည္း မဟုတ္ ။
သင္းကိုပဲ အေဖာ္ေခၚရဦးမယ္ ။
ရႈပ္ရႈပ္ယွက္ယွက္ ေအ ။

" ေကာင္းတာေပါ့ ။ မင္းအတြက္ ဆြယ္တာဝယ္ရမွာဆိုေတာ့ အကူလိုတာနဲ႔ ကြက္တိပဲ ။ "

ထိုစကားေၾကာင့္ ညိဳေလးဟာ လွစ္ခနဲ ၿပံဳးလိုက္ေတာ့သည္ ။

" ဒါဆို မနက္က်ရင္ မမၿမိဳင္ကို လာနႈိးမယ္ေနာ္ ။ "

" မလိုဘူး ။ "

ဘာလို႔အထူးအဆန္းလုပ္ ေျပာေနရတာလဲ ညိဳေလးရယ္ ။ ေန႔ထူးေန႔ျမတ္မဟုတ္တာေတာင္ မမၿမိဳင္ကို မနက္တိုင္း အသံေပး ရုပ္ျပေနက် မဟုတ္ဘူးလား ။ မိဖုရားမမၿမိဳင္ကို မနက္ခင္းတိုင္း ခစားေနက်ပဲေလ ။

" ဒီည အေအးဓာတ္ပိုမွာတဲ့ ။ "

ဟု ေျပာကာျဖင့္ အိပ္ခန္းတံခါးဖြင့္ကာ မမၿမိဳင္ ထြက္သြားေပေတာ့သည္ ။

ဒီစကားလံုးေလးေတြမွာ ႏူးညံ့တဲ့ဂရုစိုက္မႈေလးေတြ ပါဝင္ေနသည္ ။ ဒီဂရုစိုက္မႈေလးကို ေျပာခဲ့တဲ့ မမၿမိဳင္ကိုယ္တိုင္လည္း သိမွာမဟုတ္သလို ေမြးရာပါနားနွစ္ဖက္နဲ႔ ၾကားခဲ့ရတဲ့ ညိဳေလးကိုယ္တိုင္လည္း သိမည္ မဟုတ္ပါေပ ။

" အိပ္မယ္ ။ အိပ္မယ္ ။ "

ညိဳေလးကေတာ့ ကုတင္ေပၚတက္လို႔ ေစာင္ၿခံဳကာ ေခါင္းခ်လိုက္ေပမယ့္လို႔ မ်က္ဝန္းေတြကေတာ့ မွိတ္သြားျခင္းမရိွေပ ။ ကိုယ္ေပၚက ဆြယ္တာေလးရဲ႕ အေႏြးဓာတ္ကိုသာ နွာဖ်ားေလးနဲ႔ရွဴလိုက္ထုတ္လိုက္ျဖင့္ အရူးလိုျဖစ္ေနေပေတာ့သည္ ။

" မမၿမိဳင္ရဲ႕ ကိုယ္သင္းနံ႔ေလးပဲ ။ "

ထိုနည္းတူ မမၿမိဳင္ကလည္း အခန္းထဲကမွတ္တင္ခံုရိွ ထိုင္ခံုေလးမွာထိုင္လို႔ မွန္ကိုၾကည့္ၿပီး လွစ္ခနဲၿပံဳးလိုက္မိေတာ့သည္ ။ ၿပီးေနာက္ သစ္သားဗူးေသးေသးေလးကို ဖြင့္လိုက္ကာျဖင့္ ၅ျပားေစ့ေလးကို ယူၾကည့္လိုက္ပါေတာ့သည္ ။

" ေဘာ္လီၾကားက ၅ျပားေစ့ ။ အဟီး ။ "

သေဘာက်တဲ့ရယ္သံ ၊ ႏူးညံ့တဲ့ရယ္သံနဲ႔ ရယ္လိုက္မိသည္ကို သူမကိုယ္တိုင္ေတာင္ သိမည္မဟုတ္ ။

အခ်စ္ဆိုတဲ့အရာေလးမွာ အရာဝတၳဳတစ္ခုကိုျဖစ္ေစ သက္ရိွတစ္ဦးကို ျဖစ္ေစ ခ်စ္တတ္ရင္ ကန္ေရျပင္လို ေအးခ်မ္းသလို ။ မခ်စ္တတ္ျပန္ရင္လည္း မီးပံုလို ပူေလာင္ရတယ္ ။

ဒီလိုပဲ မမၿမိဳင္ရဲ႕အခ်စ္က ကန္ေရျပင္ေလးနဲ႔တူတယ္ ။ ကိုျမင့္ေမာင္အေပၚထားတဲ့ သူမရဲ႕အခ်စ္မွာ ငယ္စဥ္အခါက မီးပံုေလးျဖစ္ခဲ့ေပမယ့္ ခ်စ္တတ္လာတဲ့အခါမွာေတာ့ ကန္ေရျပင္ေလးျဖစ္သြားခဲ့ေတာ့တယ္ ။

မီးပံုထဲအတင္းတိုးမယ့္ ပိုးဖလံမ်ိဳး သူမ မလုပ္ေတာ့ဘူး ။ ဒါေပမယ့္ တစ္ခ်ိန္မွာ သူမကုယ္တိုင္ ပိုးဖလံ ျပန္ျဖစ္လာဦးမလားဆိုတာ မေသခ်ာတဲ့ အခိုက္အတန္႔ တစ္ခုပဲ ။

တစ္ခ်ိန္ကေတာ့ ပိုးဖလံဟာ သူမ တစ္ေယာက္ထဲပဲ ။ မေသခ်ာတဲ့ အခိုက္အတန္႔မွာေတာ့ ။

X X X X X

morA_nyein
4.7.2022










" မမမြိုင် ။ မမမြိုင် အိပ်နေပြီလား ။ "

အအေးဓာတ်လေးခံစားရတဲ့ ညချမ်းလေးတစ်ညမှာ ကောင်းကင်ပေါ်က ပြည့်ဖြိုးနေတဲ့ လပြည့်ဝန်းဝန်းကြီးရဲ့ အဖော်မွန် ကြယ်လက်လက်ကလေးတွေက သီရိမြိုင်စံအိမ်ကြီးရဲ့ ဂန္တဝင်ဆန်တဲ့ ပန်းချီကားချပ် တစ်ခုအသွင် ။

အိပ်ခန်းတွင်းရှိ မှန်တင်ခုံအရှေ့က ထိုင်ခုံမှာထိုင်လို့ ဆံပင်ဖြီးနေတဲ့ မမမြိုင်ကို ညိုလေးသည် နံရံအပေါက်လေးတွေကတစ်ဆင့် လှမ်းခေါ်နေခြင်းပင် ဖြစ်သည် ။ တစ်ရက်ခြားတစ်ခါခေါ်ပြီး ' မမမြိုင် အိပ်နေပြီလား ' ဆိုပြီး လှမ်းလှမ်းမေးတတ်ပေသည် ။

တစ်နေ့ကဆို မမမြိုင် တကယ်ကြီးကို အိပ်မောကျနေသည်ပေါ့ ။ အလိုက်မသိသလို ဖြစ်သွားတဲ့ ညိုလေးမှာ မမမြိုင်ရဲ့ အဆူခံလေးတွေကိုတောင် ထိသွားသေးသည် ။

နောက်တစ်နေ့ကျတော့လည်း မမမြိုင်ဟာ သူမဟုတ်သလိုပုံစံနဲ့ ။ ညိုလေးမှာတော့ မျက်နှာချင်းတောင် မဆိုင်ရဲ ။ ခိုးကြည့်နေခဲ့ရသည်ပေါ့ ။

" မမမြိုင် ။ "

ဆံပင်ဖြီးနေတဲ့ မမမြိုင် စိတ်မရှည်ချင်တော့ ဘီးကိုခုံပေါ်မှာ ချလိုက်ပြီး နံရံအပေါ်က်လေးရှိရာဆီသို့သွားကာ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပေတော့သည် ။

"ဘာလဲ ။ ဘာလဲ ။ ရှုပ်ရှပ်ယှက်ယှက်နဲ့ ။ လူမှာ ကောင်းကောင်းနေရတယ်လို့ကို မရှိဘူး ။ "

" ကျွန်မ ချမ်းလို့ ။ "

" အို ။ ချမ်းတာပဲ ဆွယ်တာဝတ်ပေါ့ ။ "

" ကျွန်မမှာမရှိဘူး မမမြိုင် ။ "

" ညည်းဆိုသည်မှာလည်း အလုပ်ပေးဖို့ပဲ သိတယ် ။ တကယ်ပါပဲနော် ။ "

ဟု ပြောကာ ထထွက်သွားလေသည် ။ ကျန်ခဲ့တဲ့ ညိုလေးမှာတော့ တစ်ဖက်ကမမမြိုင် ဘာဖြစ်နေသလဲ မသိရ ။ " မမမြိုင် ။ မမမြိုင် ။ " ဟုသာ ခေါ်ပြီး ကျန်ခဲ့ပေတော့သည် ။

ခဏလောက် ညိုလေးအား ခေါင်းထဲက ထုတ်ထားပြီး မမမြိုင်မှာ ဗီဒိုထဲက ညိုလေးနဲ့လိုက်မည်လို့ ထင်ရလောက်သည့် ဆွယ်တာကို ရှာဖွေနေပေတော့သည် ။

ခေါင်းထဲမှထုတ်ထားသည်က ဇာတ်သဘောအရပြောခြင်းသာ ။ တကယ်တမ်းတော့ မမမြိုင်ရဲ့ နှုတ်ဖျားက ညိုလေးနဲ့ ပတ်သက်တာတွေ ရေရွတ်နေပြန်မိတော့သည် ။

" အရှုပ် အရှုပ် ။ ညဘက်တောင် ကောင်းကောင်းမအိပ်ရဘူး ။ သိပ်ကို အရှုပ်ပေးတာပဲ ။ "

ထိုသို့ဖြင့် ဗီဒိုထဲက ဆွယ်တာအဖြူလေးအား ဆွဲထုတ်လိုက်ပေတော့သည် ။

" ဒီအဖြူနဲ့ဆို သိုးပေါက်လေးနဲ့ တူနေမှာပေါ့ ။

အို မဖြစ်ပါဘူး ။ ဝံပုလွေမဆိုတော့ အညိုရောင်ပဲ ဝတ် ။ "

ဆိုကာဖြင့် ဆွယ်တာအဖြူကို ဗီဒိုထဲသို့ ခေါက်ထည့်ခြင်းမပြုတော့ဘဲ မမမြိုင်ကိုယ်တိုင် ဝတ်ဆင်လိုက်ပေတော့သည် ။

" အင်း ။ လှတယ် ။ "

ကိုယ့်ငါးချဉ်ကိုယ်ချဉ်လိုက်ပြီး ဗီဒိုထဲက ဆွယ်တာအညိုရောင်လေးကို ယူလိုက်ပါတော့သည် ။ ပြီးနောက် ရင်ခွင်ထွေးပွေ့ဟန်ချီပြီး အိပ်ခန်းအပြင်သို့ တံခါးဖွင့်ရန်သွားဖို့အပြင် နံရံအပေါက်လေးရဲ့ တစ်ဖက်အခန်းက ညိုလေးကတော့ " မမမြိုင် ။ မမမြိုင် " ဟု ခေါ်နေဆဲပင် ။

ဒါကို မမမြိုင်ကြားတော့ အနည်းငယ်မျှ ပြုံးလိုက်ပေသည် ။

အို ။ ဒီစံအိမ်တော်ထဲမှာ ငါအခု ပြုံးလိုက်တာလား ။

ကိုယ်ကိုယ်တိုင် မေးခွန်းထုတ်ပြီး အဖြေရှာနေပြန်တော့သည် ။ ၁၂နှစ်ကြာသည်အထိ အပြုံးနုနုလေးကိုတောင် ဒီစံအိမ်ထဲမှာ ပြုံးမိသည့်သူမဟုတ် ။ ကြီးကြီးဆီသို့ ရောက်မှသာ ပြုံးမိသည့်မမမြိုင်သာ ဖြစ်သည် ။

" ဘာ့ကြောင့် ငါ့မျက်နှာက ပူနွေးလာရတာလဲ ။

အို ။ ထားပါတော့လေ ။ "

တိုးတိတ်စွာရေရွတ်မိပြီး အိပ်ခန်းတံခါးကို ဆွဲဖွင့်ကာဖြင့် တစ်ဖက်အခန်းကညိုလေးဆီသို့ သွားပါတော့သည် ။

အခန်းတံခါးကို ခေါက်ခြင်းမရှိဘဲ ချက်ချင်းဆွဲဖွင့်လိုက်တော့ ညိုလေးမှာ နံရံပေါက်ကနေတစ်ဆင့် မမမြိုင်ဟု ခေါ်နေဆဲမှာ လန့်သွားသည့်ဟန်နှင့်တူသည် ။ ညိုလေးရဲ့မျက်နှာက သရဲမြင်လို့ လန့်သွားသည့်ဟန်မျိုး ။

" ဘာဖြစ်တာလဲ ။ "

" လန့်သွားတာပဲ မမမြိုင်ကလည်း ။ "

ချွဲနွဲ့သံလေးပါတဲ့ ညိုလေးရဲ့စကားကို မမမြိုင်သဘောကျမိပေမယ့် မပြုံးမိပါ ။ ရုပ်ကြီးကို တည်ထားလို့ ညိုလေးရဲ့ကုတင်ခြေရင်းပေါ်သို့ တက်ထိုင်လိုက်ပါတော့သည် ။ ပြီးနောက် ကြမ်းပြင်မှာထိုင်နေတဲ့ ညိုလေးအား အညိုရောင်ဆွယ်တာလေး ပစ်ပေးလိုက်တော့သည် ။ အလွဲမခံတဲ့ ညိုလေးမှာ မမမြိုင်ပစ်ပေးတာကို အမိအရဖမ်းလိုက်နိုင်သည် ။

" အခုတော့ ဒါပဲဝတ်ထားဦးပေါ့ ။ မနက်ဖြန်ကျရင် ကြီးကြီးဆီသွားမှာဆိုတော့ မင်းအတွက် ဆွယ်တာတွေ ဝယ်ခဲ့ပေမယ် ။ "

" ဒီတစ်ထည်တည်းနဲ့ ကျွန်မလုံးလောက်နေပါပြီ မမမြိုင် ။ "

" အို ။ ရှည်ပြန်ပြီ ။ လူကြီးက ဒါဆိုဒါပေါ့ ။ ဘာလို့ အထွန့်တက်နေတာလဲ ။ "

" အို့ မမမြိုင် ။ ကျွန်မအသက် ၃၂နှစ်ပါ ။ ကျွန်မလည်း လူကြီးတစ်ယောက်ပါပဲ ။ "

" တို့က မင်းထက် ၅နှစ်ကြီးတယ် ။ ၃၇ ။ "

မျက်ခုံးနှစ်ဖက်ကို အပေါ်သို့ပင့်ချီပြီး လေသံခပ်ဆတ်ဆတ်ပြောလိုက်သည်ကြောင့် ညိုလေးမှာ အခက်တွေ့သွားရှာတော့သည် ။ ဒီထက်ပိုပြီးတော့လည်း သူမ ပြန်မပြောရဲ ။ ပြောမိရင်လည်း မမမြိုင်ရဲ့အဆူခံတွေ ထပ်ထိနေဦးမှာပဲ ။

" အင်းပေါ့ အင်းပေါ့ ။ ကြီးတော့လည်း ကြီးတယ်ပေါ့ ။ "

ညိုလေးမှာ ဆွယ်တာလေးကို ဖြန့်လိုက်ပြီး ကြည့်လိုက်တော့သည် ။ ရိုးရှင်းလှတဲ့ အရှေ့တပ်ကြယ်သီးပါ ဒီဇိုင်းလေးကြောင့် အကြိုက်တွေ့ရသည် ။ မမမြိုင်ရဲ့ ဆွယ်တာကို လှမ်းကြည့်လိုက်တော့သည် ။ မမမြိုင်ဆွယ်တာကိုကြည့်လိုက် သူမရဲ့ဆွယ်တာကို ကြည့်လိုက်နဲ့ ညိုလေးမှာ မခို့တရို့လေး ပြုံးမိတော့သည် ။

" ဆွယ်တာက ပုံစံတူတယ်နော် မမမြိုင် ။ "

" ဟုတ်တယ်လေ ။ ဒီနှစ်ခုက ဆင်တူဝယ်ထားတာ ။ "

" သြော် ။ "

" ဘာသြော်လဲ ။ ဘာကိုသြော်လဲ ။ မကြိုက်ရင် မဝတ်နဲ့ ပြန်ပေး ။ "

" ဘယ်ကသာ မမမြိုင်ရာ ။ ကျွန်မ သိပ်ကြိုက်တာပေါ့ ။ "

ချက်ချင်းကိုပဲ ဆွယ်တာကိုဝတ်လိုက်ပါတော့သည် ။ ကုတင်ခြေရင်းက မမမြိုင်ကတော့ သဘောကျနေတဲ့ညိုလေးကို ကြည့်ရင်း မသိစိတ်ထဲက ပြုံးနေမိပါတော့သည် ။

" ကျွန်မ ကြယ်တွေကို မေးကြည့်ပြီးပြီ မမမြိုင် ။ "

" ဘယ်လို ။ "

" ဒါပေမယ့်လည်း အဖြေမထွက်ပါဘူး ။ ကြယ်လေးတွေကတော့ ' မမမြိုင်ကို မေး' ဆိုပြီးတော့ပဲ ပြန်ပြောတယ် ။ "

" မင်းကဘာမေးချင်လို့လဲ ။ "

ညိုလေးဟာ ခပ်ဖွဖွလေး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည် ။

" ဒီလောက်ပန်းတွေအများကြီးပေါတဲ့ မေမြို့မှာ ဘာကြောင့် မမမြိုင်ကို ကိုကိုမြင့်က စံပယ်ပန်း ပေးရတာလဲလို့လေ ။

ဘာလို့လဲ မမမြိုင် ။ "

မမမြိုင်မှာ ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပေတော့သည် ။ ဒီတိတ်ဆိတ်မှုတွေထဲမှာ တစ်ချိန်က အမှတ်တရလေးတွေ ပါဝင်ပတ်သက်နေတော့သည် ။

အပျိုပေါက်ဝင်ကာစ ၁၆နှစ်အရွယ် မြိုင်လို့ခေါ်တဲ့ သခင်မလေးဟာ မန္တလေးမြို့တော်မှ သီရိမြိုင်စံအိမ်ကြီးရှိရာ မေမြို့သို့ရောက်လာခဲ့ခြင်းဖြစ်သည် ။ အလွယ်တကူ စံပယ်ပန်းဖြူဖြူလေးနှစ်ပွင့်ကိုသာ ဆံနွယ်နက်နက်တွေကြားထဲ ထိုးပန်ထားတဲ့ ငယ်ရွယ်မှုတွေ ပြည့်နှက်နေတဲ့ မမမြိုင်ကို သီရိမြိုင်စံအိမ်တော်ရဲ့ မာလီလေးကိုမြင့်မောင်ဟာ မြင်မြင်ချင်းမေတ္တာသက်ဝင်ခဲ့ရသည်ပေါ့ကွယ် ။

" ဘာလို့လဲဟင် ။ "

" ဘယ်သိမလဲ ။ သိချင်ရင် ကိုမြင့်မောင်ကို သွားမေးပေါ့ ။ "

" ကိုကိုမြင့်ကို မမေးချင်ပါဘူး ။ မမမြိုင်ကို မနာလိုလို့ မေးတာဆိုပြီး အထင်ခံရမှာဖြင့် ကျွန်မ ရှက်လို့သေမှာပဲ ။ "

" တို့ကိုမေးတော့ရော မင်းမရှက်ဘူးလား ။ ရှက်ရင်ရော သေမှာလား ။ "

" ဘယ်ကသာ မရှက်ပါဘူး ။ သေလည်းမသေပါဘူး ။ မမမြိုင်အပေါ်မှာ ရှက်မိတယ်ဆိုတဲ့ ခံစားချက်မျိုးကို မဝင်တာ ။ အို့ ။ ထူးဆန်းတယ်နော် မမမြိုင် ။ "

" ဘာမှမထူးဆန်းဘူး ။ "

ထိုအချိန် စံအိမ်ကြီးရှိ နီယွန်မီးသီးများ တဖျပ်ဖျပ်ဖြစ်လာပါတော့သည် ။

" မမမြိုင် ။ မမမြိုင် ။ ဘာကြီးလဲ ။ အဲ့တာ ဘာကြီးလဲ ။ သရဲခြောက်တာလား ။ သရဲ မဟုတ်လား ။ "

" အို ။ ပေါက်ကရတွေ မပြောစမ်းနဲ့ ။ "

" မမမြိုင် ကျွန်မကြောက်တယ် ။ မမမြိုင်ရေ ။ "

ချက်ချင်းဆိုသလို ကြမ်းပြင်မှာထိုင်နေတဲ့ ညိုလေးမှာ အလင်းရဲ့အလျှင်ကဲ့သို့ မမမြိုင်ဆီသို့ အပြေးသွားကာဖြင့် အတင်းအကြပ် ဖက်တွယ်ထားပေတော့သည် ။

" ဘုရား ။ ဘုရား ။ ဘာလို့ အတင်းလာဖက်နေတာလဲ ။ လွှတ်တော် ။ "

" မလွှတ်ဘူး ။ ကြောက်လို့ပါဆို မမမြိုင်ကလည်း ။ "

မျက်လုံးစုံမှိတ်လို့ အော်ပြောနေတဲ့ ညိုလေးရဲ့ရင်ခွင်ထဲက မမမြိုင်လည်း အတင်းရုန်းထွက်နေလေရဲ့ ။ သို့ပေမယ့်လည်း မရ ။ ကြောက်နေတဲ့ ညိုလေးကတော့ အကာအကွယ်လေးတစ်ခုအဖြစ် အတင်းကို ဖက်ထားလို့ရယ်သာ ။

" အို ။ လွှတ်ပါလို့ဆို ။ "

" မရုန်းပါနဲ့ မမမြိုင်ရယ် ။ ကျွန်မ ကြောက်လို့ သေရပါလိမ့်မယ် ။ "

" ဒုက္ခပါပဲကွယ် ။ "

ထိုအချိန် နီယွန်မီးများ ပုံမှန်အတိုင်း ပြန်လင်းလာပေတော့သည် ။ ညိုလေးကတော့ မျက်လုံးတွေ စုံမှိတ်လ်ု့ ဖက်ထားဆဲပင် ။

" လွှတ်တော့ ။ မီးပြန်လင်းပြီ ။ "

" မလွှတ်ပါဘူး ။ မမမြိုင် လူညာကြီးလုပ်နေပြန်ပြီ ။ "

" အို ဒီမိကျောင်းမ ။ မျက်လုံးနှစ်လုံးကို ဖွင့်လိုက် ။ တကယ်ပါပဲနော် ။ "

ညိုလေးမှာ မမမြိုင်ညာမှာကိုလည်း ခပ်လန့်လန့် ။ ညာဘက်မျက်လုံးကို အရင်ဖွင့်လိုက်တော့မှ ။ ဟော ။

" မီးပြန်လင်းလာပြီပဲ ။ "

" ဟုတ်တယ် ။ လွှတ်တော့ ။ "

ညိုလေးမှာ အတင်းဖက်ထားတာကြောင့် မမမြိုင်ကို ကြည့်မိတော့သည် ။ မျက်ခုံးလေးတွေ အနည်းငယ်ကျုံ့လို့ နှုတ်ခမ်းလေးက အနည်းငယ်စူနေလေသည် ။

အကြည့်ချင်း ဆုံတွေ့သွားတဲ့အဖြစ်မှာ အမည်မသိသော ရင်တုန်မှုတွေ အစချီလာပြီ ။ နှစ်ဦးသားရဲ့ ပါးပြင်လေးတွေမှာလည်း ပူနွေးလာကြပြီ ။ မမမြိုင်ရဲ့ အညိုရောင်မျက်ဝန်းတွေက ရင်ခုန်မှုတွေပေးနေသည် ။ ဂနာမငြိမ်တဲ့ မျက်လုံးတစ်စုံနဲ့ နှုတ်ခမ်းတစ်စုံကိုလည်း သူမတို့အချင်းချင်း ပိုင်ဆိုင်ထားပေတော့သည် ။

ဘာကြောင့်ငါ့ရင်တွေ ပိုတုန်နေရတာပါလိမ့် ။
ဟိုတစ်ခေါက်ထပ် ပိုပြီးတုန်နေတယ် ။
ဘာ့ကြောင့် တစ်ချိန်က ကိုမြင့်မောင်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ရှက်ရွံ့မှုတွေပါ ခံစားနေရတာလဲ ။

အတွေးတွေဟာ ဂယက်ထနေပေတော့သည် ။ ညိုလေးလည်း ထို့အတူပါပင် ။

ဘာလို့ ငါ့လက်တွေ အရက်သမားလို တုန်နေရတာလဲ ။
ပြီးတော့ ငါ့ဘယ်ဘက်ရင်အုံကရော ။
ဘာလို့လဲ ။
ပိုဆိုးတာက ကိုကိုမြင့်ကြောင့်ဖြစ်လာတဲ့ ရင်ခုန်မှုမျိုးထပ် ပိုနေတာပဲ ။

" လွှတ် ။ လွှတ်တော့လေ ။ "

" ဟုတ်သား ။ "

အရှက်ကြီးရှက်မိနေကြတဲ့ အမျိုးသမီးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာလေးဖယ်ရှားလိုက်ကြပါတော့သည် ။ ကြိုးမျှင်လေးဟာလည်း တန်းနေလို့ ။ အရောင်တွေရောထွေးခြင်းမရှိတဲ့ အဖြူရောင်ကြိုးမျှင်လေး တစ်ချောင်းပေါ့ ။

" ဟို ။ မီးပျက်တာကို ကြောက်တာမဟုတ်ပါဘူး ။ ဒီလို မီးက ။ မီးက တဖျပ်ဖျပ်ဖြစ်နေတာကို ကြောက်တာပါ ။

ဟို ။ သရဲလို့ပဲ ထင်မိတာပေါ့ ။ "

" အို ။ ဒီမှာလည်း ဘာပြောနေလို့လဲ ။ "

" မမမြိုင်က အရမ်းရုန်းတာပါ ။ "

" လွှတ်မှမလွှတ်ပဲ ရုန်းမှာပေါ့ ။ "

" သရဲကြောက်လို့ပါဆိုမှ ဘယ်လိုလုပ်လွှတ်မှာလဲလို့ ။ "

" နောက်ခါ လာမဖက်နဲ့ ။ "

" ကျွန်မက ကြောက်လို့ဖက်လိုက်တာပါနော် ။ "

" ဗုဒ္ဓေါ ။ အမလေး ငါသွေးတက်တော့မှာပဲ ။

ကြောက်လည်း လာမဖက်နဲ့ တောက်တဲ့မရေ ။ တကယ်ပါပဲ ။ "

ပြောပြောဆိုဆိုနှင့် ညိုလေးဘေးမှ ထထွက်သွားကာဖြင့် အိပ်ခန်းတံခါးကိုသွားဖွင့်ပေတော့သည် ။ ထိုအချိန် ညိုလေးဟာ ကုတင်ပေါ်ကထလိုက်ကာဖြင့် မမမြိုင်အား ဟန့်လိုက်ပါတော့သည် ။

" မနက်ဖြန် ဂန္ဓမာမြိုင်စံအိမ်က ကြီးကြီးကိုသွားတွေ့မှာဆိုတော့ ကျွန်မကို အဖော်ခေါ်ပါလား မမမြိုင် ။ "

လိုက်ချင်တယ်လည်း မဟုတ် ။
လိုက်မယ်လို့လည်း မဟုတ် ။
သင်းကိုပဲ အဖော်ခေါ်ရဦးမယ် ။
ရှုပ်ရှုပ်ယှက်ယှက် အေ ။

" ကောင်းတာပေါ့ ။ မင်းအတွက် ဆွယ်တာဝယ်ရမှာဆိုတော့ အကူလိုတာနဲ့ ကွက်တိပဲ ။ "

ထိုစကားကြောင့် ညိုလေးဟာ လှစ်ခနဲ ပြုံးလိုက်တော့သည် ။

" ဒါဆို မနက်ကျရင် မမမြိုင်ကို လာနှိုးမယ်နော် ။ "

" မလိုဘူး ။ "

ဘာလို့အထူးအဆန်းလုပ် ပြောနေရတာလဲ ညိုလေးရယ် ။ နေ့ထူးနေ့မြတ်မဟုတ်တာတောင် မမမြိုင်ကို မနက်တိုင်း အသံပေး ရုပ်ပြနေကျ မဟုတ်ဘူးလား ။ မိဖုရားမမမြိုင်ကို မနက်ခင်းတိုင်း ခစားနေကျပဲလေ ။

" ဒီည အအေးဓာတ်ပိုမှာတဲ့ ။ "

ဟု ပြောကာဖြင့် အိပ်ခန်းတံခါးဖွင့်ကာ မမမြိုင် ထွက်သွားပေတော့သည် ။

ဒီစကားလုံးလေးတွေမှာ နူးညံ့တဲ့ဂရုစိုက်မှုလေးတွေ ပါဝင်နေသည် ။ ဒီဂရုစိုက်မှုလေးကို ပြောခဲ့တဲ့ မမမြိုင်ကိုယ်တိုင်လည်း သိမှာမဟုတ်သလို မွေးရာပါနားနှစ်ဖက်နဲ့ ကြားခဲ့ရတဲ့ ညိုလေးကိုယ်တိုင်လည်း သိမည် မဟုတ်ပါပေ ။

" အိပ်မယ် ။ အိပ်မယ် ။ "

ညိုလေးကတော့ ကုတင်ပေါ်တက်လို့ စောင်ခြုံကာ ခေါင်းချလိုက်ပေမယ့်လို့ မျက်ဝန်းတွေကတော့ မှိတ်သွားခြင်းမရှိပေ ။ ကိုယ်ပေါ်က ဆွယ်တာလေးရဲ့ အနွေးဓာတ်ကိုသာ နှာဖျားလေးနဲ့ရှူလိုက်ထုတ်လိုက်ဖြင့် အရူးလိုဖြစ်နေပေတော့သည် ။

" မမမြိုင်ရဲ့ ကိုယ်သင်းနံ့လေးပဲ ။ "

ထိုနည်းတူ မမမြိုင်ကလည်း အခန်းထဲကမှတ်တင်ခုံရှိ ထိုင်ခုံလေးမှာထိုင်လို့ မှန်ကိုကြည့်ပြီး လှစ်ခနဲပြုံးလိုက်မိတော့သည် ။ ပြီးနောက် သစ်သားဗူးသေးသေးလေးကို ဖွင့်လိုက်ကာဖြင့် ၅ပြားစေ့လေးကို ယူကြည့်လိုက်ပါတော့သည် ။

" ဘော်လီကြားက ၅ပြားစေ့ ။ အဟီး ။ "

သဘောကျတဲ့ရယ်သံ ၊ နူးညံ့တဲ့ရယ်သံနဲ့ ရယ်လိုက်မိသည်ကို သူမကိုယ်တိုင်တောင် သိမည်မဟုတ် ။

အချစ်ဆိုတဲ့အရာလေးမှာ အရာဝတ္ထုတစ်ခုကိုဖြစ်စေ သက်ရှိတစ်ဦးကို ဖြစ်စေ ချစ်တတ်ရင် ကန်ရေပြင်လို အေးချမ်းသလို ။ မချစ်တတ်ပြန်ရင်လည်း မီးပုံလို ပူလောင်ရတယ် ။

ဒီလိုပဲ မမမြိုင်ရဲ့အချစ်က ကန်ရေပြင်လေးနဲ့တူတယ် ။ ကိုမြင့်မောင်အပေါ်ထားတဲ့ သူမရဲ့အချစ်မှာ ငယ်စဉ်အခါက မီးပုံလေးဖြစ်ခဲ့ပေမယ့် ချစ်တတ်လာတဲ့အခါမှာတော့ ကန်ရေပြင်လေးဖြစ်သွားခဲ့တော့တယ် ။

မီးပုံထဲအတင်းတိုးမယ့် ပိုးဖလံမျိုး သူမ မလုပ်တော့ဘူး ။ ဒါပေမယ့် တစ်ချိန်မှာ သူမကုယ်တိုင် ပိုးဖလံ ပြန်ဖြစ်လာဦးမလားဆိုတာ မသေချာတဲ့ အခိုက်အတန့် တစ်ခုပဲ ။

တစ်ချိန်ကတော့ ပိုးဖလံဟာ သူမ တစ်ယောက်ထဲပဲ ။ မသေချာတဲ့ အခိုက်အတန့်မှာတော့ ။

X X X X X

morA_nyein
4.7.2022

Continue Reading

You'll Also Like

359K 32.6K 49
မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။
247K 13.5K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
224K 14.2K 33
မချစ်ရင်နေပါ... မုန်းတော့မမုန်းလိုက်နဲ့....
2.9M 260K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...