၂၁ ရက်ခန့်ကြာသောအခါ။
နလန်ထူစပြုနေပြီဖြစ်သောပန်းသွေးသည် မီးဖွားခန်းထဲ၌ရောက်နေပါသော မမစိမ်းအား သူ၏အကိုဖြစ်သူနှင့်အတူမီးဖွားခန်းရှေ့၌ထိုင်စောင့်နေလေသည်။
ဝင်သွားတာကြာပြီဖြစ်ပေမဲ့ ယခုအချိန်ထိတော့ဘာမှမသိရသေးချေ၊ မိနစ်၃၀မျှကြာသောအခါ မီးဖွားခန်းထဲမှ nurse တစ်ယောက်ထွက်လာ၍ သားယောက်ျားလေးဖွားမြင်ကြောင်းပြောသည့်အခါမှ မောင်နှမနှစ်ယောက်လုံးစိတ်အေးနိုင်ခဲ့ရသည်။
ထို့နောက်တွင်တော့ မီးဖွားပြီးချိန် လူနာအခန်းထဲ၌ မိသားစုစုံလင်စွာဖြင့် ကလေးငယ်လေးအိပ်နေသည်ကို အသံတိုးတိုး တိုးတိုးဖြင့်ပြောဆိုကာစောင့်ကြည့်နေကျလေသည်။
ထက်ကောင်းကင်တို့သားမိသားဖသုံးယောက်ကိုအနောက်မှနေကြည့်ပြီး ပန်းသွေးမျက်အိမ်မှမျက်ရည်များဝဲကာကြည့်နေမိသည်၊ ထို့နောက် အခန်းပြင်သို့တိတ်တဆိတ်ထွက်ခွာကာ မြတ်သူဇင်အား ဖုန်းဆက်၍ သူတို့အိမ်သို့ ရှေ့နေကြီးအားလာရောက်ရန်ပြောဆိုပြီးနောက် ထိုဆေးရုံမှနေ၍အိမ်ပြန်သွားလေသည်။
×
၃ လခန့်ကြာသောအခါ။
ဟိုတယ်နှစ်ပတ်လည်ပွဲဖြစ်၍ နယ်ပယ်အသီးသီးမှ လူကြီးမိတ်ဆွေများနှင့် စည်းကားစွာကျင်းပနေလျက်ရှိလေသည်၊ ထိုဧည့်သည်များထဲ၌ မြူနှင်းနှင့်ဆူးတို့အတွဲအားစကားပြောနေတုန်း မမစိမ်းလာခေါ်သဖြင့် စကားစဖျတ်ကာ နောက်တစ်နေရာသို့သွားခဲ့ရသည်။
ထိုနေ့က ပွဲ၌ ခတ္တမျှသာနေပြီးနောက် အိမ်သို့ပြန်လာခဲ့လေသည်၊ အိမ်ခန်းထဲရောက်တော့ စက်ပိတ်ထားပါသည်ဟူသောဖုန်းကို ၂ ခါမျှခေါ်ယူမိပြီးနောက် ဖုန်းကိုချကာ အိပ်ယာပေါ်၌သာလဲ၍နေလေတော့သည်။
ဘယ်အချိန်အိပ်ပျော်သွားသည်မသိ ရေမိုးချိုးကာ အောက်ဆင်းလာတော့ သူမအား ကိုထက်မှစကားပြောစရာရှိသည်ဟုဆိုသောကြောင့် ဒယ်ဒီ့စာဖတ်ခန်းထဲသို့ဝင်သွားလေသည်။
ဒေါက် ဒေါက်။
"ဝင်ခဲ့ပါ"
အခုနောက်ပိုင်း ဒယ်ဒီ့စာဖတ်ခန်းသည် ကိုထက်အတွက်ဖြစ်နေခဲ့ပြီး ကိုထက်တစ်ယောက် စားပွဲမှာ စိတ်ဝင်စားစွာအလုပ်များလုပ်နေလျှင် တစ်ခါတစ်ရံ ဒယ်ဒီနှင့်တူသည်ဟူခံစားမိသည်။
"ထိုင်ညီမလေး..."
"ကိုကို ပန်းသွေးကိုဘာပြောစရာရှိလို့လဲဟင်"
"အင်း...ဘာပြောစရာရှိလို့လဲဆိုတော့ ကိုကိုတို့ နေဝန်းမာယာအကြောင်းပြောဖို့အချိန်တန်ပြီထင်တယ်ညီမလေး"
ပန်းသွေးဘက်ကဘာမှမပြောလာသော်ငြားလဲ ကိုယ့်ညီမတစ်ယောက်လုံးက အခတ်အခဲများစွာကိုကျော်ဖြတ်နိုင်ခဲ့သော်လဲ ဆေးရုံကဆင်းပြီးကထဲက စာမလာသတင်းမကြားပျောက်သွားသော နေဝန်းကိုသူကိုယ်တိုင်လဲနားမလည်ခဲ့ပါ။
သူကိုယ်တိုင်ခဲရာခဲစစ်သွားကယ်ထားသည့်သူချစ်တယ်လို့ပြောဖူးသည့်လူတစ်ယောက်ကိုအဘယ်ကြောင့်ထိုသို့ထားခဲ့သနည်းဆိုသည်ကိုသိချင်၍ တမင်ဟိုတယ်အကြောင်းပြကာ နေဝန်းရှိနိုင်မည့်ရှမ်းပြည်သို့သွားခဲ့ရသေးသည်။
"ကိုကို့ဘက်ကကိုယ်တိုင်ထုတ်မပြောချင်ပေမဲ့ ညီမလေးတို့နှစ်ယောက်အကြောင်းကို ကိုကိုသိနေခဲ့တယ် နောက်ပြီး နေဝန်းမာယာ ကလဲ ကိုယ်တိုင်ထုတ်ပြောဖူးထားတာမို့ ကိုကိုအခြေအနေစောင့်ကြည့်ရင်းဘာမှမပြောခဲ့တာ"
"ညီမလေး သူ့အကြောင်းမကြားချင်ဘူး ကိုကို ရယ် ညီမလေးကိုတောင် ဘာစကားတစ်ခွန်းမှပြောမသွားပဲသူထားခဲ့ရက်နိုင်ခဲ့တာ"
"မဟုတ်ဘူးညီမလေး သူညီမလေးကို ထားခဲ့တာမဟုတ်ဘူး ဒီအကြောင်းတွေကိုကို့ဆီကနားထောင်တာထပ် ကာရကံရှင်ပြောတာကိုကိုယ်တိုင်နားထောင်သင့်တယ်လို့ကိုကိုထင်တယ် ဒါကြောင့် ကိုကို ညီမလေးအတွက် လေယာဉ်လက်မှတ်စီစဉ်ပေးထားတယ် နောက်ပြီး တစ်ဆင့်သွားဖို့လာဖို့အတွက်လဲ အကုန်စီစဉ်ပေးထားတာကြောင့် ညီမလေးသူနဲ့တစ်ခါလောက်တော့သွားတွေ့လိုက်ပါလို့ကိုကိုပြောချင်တယ်"
ကားအက်ဆီးဒင့်ဖြစ်တော့သူမဘေးမှာ နေဝန်းရှိနေသည်ကိုသိသည်၊ ဒါပေမဲ့ သူမပြန်နိုးလာသည့်အခါ အရင်ကလိုသူမဘေးမှာရှိနေတက်တာ နေဝန်းမဟုတ်တော့ဘူး၊ ဘာစကားတစ်ခွန်းမှမပြောပဲသူမဘေးနားကပျောက်သွားခဲ့တာနေဝန်းဖြစ်နေခဲ့တာ။
တပ်ဆင်ထားခြင်းမရှိပါဆိုတဲ့ဖုန်းနံပါတ်ကိုအကြိမ်ကြိမ်ဆက်နေမိတာသူမဖြစ်နေတာ၊ သူနဲ့ပတ်သက်တဲ့သူတွေဆီကနေဘာသတင်းမှမရခဲ့တာ၊ သူ့နောက်ကိုစိတ်သွားတိုင်းကိုယ်မပါမလိုက်နိုင်တော့တဲ့ခြေထောက်တစ်ဖတ်နဲ့ဖြစ်နေခဲ့ရတဲ့သူမက သိမ်ငယ်စိတ်တွေဖြစ်နေခဲ့ရတာ။
အကယ်၍ သူမတို့မျက်နှာချင်းဆိုင်တွေ့ရင် အရင်လိုပုံမှန်မဟုတ်တော့တဲ့သူမကို အရင်ကလိုမေတ္တာထားနိုင်ပါအုန်းမလားဆိုတဲ့ သိမ်ငယ်စိတ်လေးနဲ့ဖြစ်နေမိတာ၊ သူ့ဆီကဆက်သွယ်မှုတစ်ခုကိုအရူးလိုစောင့်နေမိခြင်းကသူမအတွက်အမှားတစ်ခုလားဆိုတာသူမမသိဘူး။
ကိုကိုပြောသလို တစ်ကြိမ်လောက်တော့ သူတို့နှစ်ယောက်တွေ့ပြီး မပြီးပျက်သေးတဲ့သူတို့နှစ်ဦးကိစ္စကိုဖြေရှင်းနိုင်တော့မည်ဖြစ်သည်။
×
သူရှိနေသည့်ဒေသဖြစ်၍ သူ့အငွေ့အသက်ရှိနေသည်ဆိုသောအသိနဲ့တင် ရင်ခုန်မှုကိုခံစားနေရသည်။
ဒီကိုရောက်တော့ ခြေထောက်ကပြန်ကိုက်လာ၍ ရောက်ရောက်ခြင်းတော့မသွားနိုင်ခဲ့ပေမဲ့ တစ်ရက်မျှအနားယူပြီးသည်နောက်တော့ နေဝန်းရှိသည့်နေရာသို့သူရောက်ရှိလာခဲ့သည်။
တောင်ပေါ်မြို့ဆိုပေမဲ့ ဤမြေဤရေသည်သူ့အနေဖြင့်မစိမ်းပါ၊ ဒီဘက်အထိမရောက်ပေမဲ့ တောင်ကြီးအင်းလေးကတော့များသောအားဖြင့်လာဖူးနေခြင်းကြောင့်ပင်။
ဘေးကတစ်ယောက်ကလမ်းလျောက်ရခတ်သည့်သူ့အတွက်တွဲကူပေး၍မြေနီလမ်းသွယ်သွယ်လေး၌ သွားရလာရတာအဆင်ပြေစေသည်။
ထိုနောက်ကျော ခုံတန်းသေးလေးတစ်ခုမှာ သူတို့အားကျောပေးကာထိုင်နေသည့်အမျိုးသမီးငယ်တစ်ဦး၏ပုံစံလေး၊ ခဏလေးမြင်ရရင်နှင့်သိနိုင်သည့်တစ်စိမ်းအမျိုးသမီးတစ်ဦး၏နောက်ကျောပြင်ငယ်။
"ပန်းသွေးကိုဒီနားထိပဲလိုက်ပို့ပေးပါ ရပါတယ် ပန်းသွေးဘာသာပဲသွားလိုက်တော့မယ် ပြီးရင်ဖုန်းဆက်လိုက်မယ်နော်"
"ဟုတ်မမပန်းသွေး"
ကားအက်စီးဒင့်ကြောင့် ခြေထောက်တစ်ဖတ်ကျိုးသွားရသောသူမအတွက် သေရာပါမည့်ဒဏ်ရာသည် အရင်လို အကူအညီမပါဘဲနှင့်လမ်းလျောက်ရန်အဆင်မပြေတော့ဘူးဆိုလာသည့်ဆရာဝန်၏စကားတစ်ခွန်းပင်ဖြစ်သည်။
တစ်ယောက်ထဲ ကြိုးစားကာ လမ်းလျောက်ရင်း သူမတွေ့လိုသည့်လူရှိရာသို့မရောက်ခင် လှည့်ကြည့်လာပါသောသူ့၏မျက်ဝန်းများနှင့်တွေ့ဆုံလိုက်ရသည်။
"ပန်းသွေး...ပန်းသွေး လားဟင်"
လက်တစ်ဖတ်လေထဲမြောက်ကာစမ်းတဝါးဝါးဖြင့်ရှာဖွေနေသည့်သူ့ပုံရိပ်ကိုကြည့်ရင်း ထိုနေရာ၌ပင်ခြေစုံရပ်နေမိသည်၊ အခုသူမမြင်နေရသည့်အခြေအနေသည်ဘယ်လိုဘယ်ပုံဆိုတာမခန့်မှန်းနိုင်။
အံသြမှုနှင့်အတူ သူရှိနေရာသို့အလျှင်စလိုတိုးကပ်သွားကာ လေကိုလိုက်ဖမ်းနေသောသူ၏လက်တစ်ဖတ်ကို သူမဆုတ်ကိုင်လိုက်ပြီး ပါးပြင်နှင့်ကပ်ထားမိသည်။
"ဟုတ်တယ် ပန်းသွေးလေ တောင်းပန်ပါတယ် အခုလိုတွေဖြစ်သွားတာ ပန်းသွေး မသိလိုက်လို့ တောင်းပန်ပါတယ်နော် အရမ်းနောက်ကျမှလာမိလို့လဲတောင်းပန်ပါတယ်"
"ကိုယ်ကသာတောင်းပန်ရမှာပါ ပန်းသွေးရဲ့ခံစားချက်ကိုမသိပဲ ကိုယ်လွှတ်ရုန်းပြီး ကိုယ့်အတွက်ပဲတွေးခဲ့မိတာ ပန်းသွေးအနားမှာကိုယ်ရှိမနေပေးနိုင်ခဲ့တာတွေအတွက်ကော"
ပန်းသွေးနှင့်အတူထိခိုက်မိတုန်းက နေဝန်းသည် ပန်းသွေးအား မထိခိုက်စေရန်သူ၏ကိုယ်ခန္ဓာနှင့်ကွယ်လိုက်သဖြင့် ပေါက်ကွဲသည့်အရှိန်ရယ်ကြောင့် ဦးနှောက်အတွင်းပိုင်းထိခိုက်သွားကာ အမြင်အာရုံကြောထိခိုက်သွား၍ ခဏတာ blind ဖြစ်သွားသည့်အနေအထားဖြစ်သွားခဲ့ရသဖြင့် ပန်းသွေးအား မသိစေလိုရန်အလိုငှာ သတိရသည်နှင့် ချက်ချင်းဆိုလို ထွက်သွားခဲ့လေသည်။
ယခုမှသာလျှင် နေဝန်း၏အကြောင်းစုံကိုသိရှိခဲ့ရပြီးနှစ်ဦးကြား၌ရှိသော နားမလည်နိုင်မှုများဖြေလျော့သွားခဲ့လေသည်။
"ပန်းသွေးထိခိုက်သွားတယ်ဆိုတာကိုယ်သိပါတယ် ဒါပေမဲ့ ထက်ကောင်းကင်လာပြောပြမှအကြောင်းစုံကိုယ်သိခဲ့ရတာ နောက် အဲ့အချိန်တုန်းကချက်ချင်းကိုယ်ပန်းသွေးအနားလာခဲ့ချင်ပေမဲ့ ကိုယ့်အခြေအနေက ကိုယ့်ကိုလှောင်ရယ်နေသလိုဖြစ်နေခဲ့တာ"
"ပန်းသွေးအခုအားလုံးနားလည်သွားပြီမို့ ကိုယ့်ဘာသာအားငယ်မနေပါနဲ့တော့နော် ပန်းသွေးဖြစ်နေတဲ့သိမ်ငယ်စိတ်လဲမရှိတော့တာမို့ ပန်းသွေး နေဝန်းအနားကနေ ဘယ်မှမသွားနိုင်တော့ဘူး နောက်ပြီး ပန်းအနားကနေလဲ ထပ်ပြီးထွက်သွားဖို့မတွေးပါနဲ့တော့နော်"
"ကိုယ်နောက်ထပ်ဘယ်တော့မှအဲ့လိုထပ်လုပ်တော့မှာမဟုတ်လို့ပန်းသွေးစိတ်မပူနဲ့တော့နော် နောက်ပြီး ကိုယ့်ကိုအခုလိုနားလည်ပေးပြီးကိုယ့်ဆီလိုက်လာတာနဲ့တင်ကိုယ်ကကျေးဇူးတင်နေမိပြီ"
"ဟိုးအရင်ကထဲက ပန်းသွေးမပြောဖြစ်ခဲ့တဲ့စကားတွေကိုအခုပဲပြောလိုက်တော့မယ် ပန်းသွေးလဲ နေဝန်းကို ချစ်ခြင်းမေတ္တာတွေရှိတယ် နေဝန်းကိုချစ်တယ် ဒါကိုနေဝန်းလက်ခံပေးနိုင်မလားဟင်"
နှစ်ဦးသားကျလာသည့်မျက်ရည်များကိုအပြန်အလှန်ဖယ်ရှားပေးနေကာ ရယ်မောနေခဲ့ကျပါတော့သည်။
မည်သို့ပင်အခတ်အခဲကြုံတွေ့နေရပါစေ ချစ်မေတ္တာမှန်လျှင်တော့ တနေ့သေချာပေါက် ချစ်ရသူနှင့်ပြန်ဆုံတွေ့ပါလိမ့်မည်။
ပန်းသွေးသည်လဲ နေဝန်းကိုချစ်သည်။
နေဝန်းသည်လဲ ပန်းသွေးကိုချစ်သည်။
ပြီးပါပြီ။
နောက်အသစ်တစ်ပုဒ်မှာပြန်တွေ့ပါအုန်းမည်။
စ လယ် ဆုံး ဖတ်ရှုပေးပါသော စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။
×
trollZ
3.7.2022