ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီ...
By Cora0411
354K 56.1K 2.8K
This is just translation. All credits to Original author. More
Description
In-game terms<<ဂိမ်းဆိုင်ရာအသုံးအနှုန်းများ>>
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24 {Unicode}
Chapter 24{Zawgyi}
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58 ☘︎ Zawgyi
Chapter 58 ☘︎ Unicode
Chapter 59 ☘︎ Zawgyi
Chapter 59 ☘︎ Unicode
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64 ☘︎ Unicode // Final
Chapter 64 ☘︎ Zawgyi // Final
Chapter 65 : Extra1
Chapter 66 : Extra2
Chapter 67 : Extra3
Chapter 68 : Extra4
Chapter 33
4K 824 64
By Cora0411
ZAWGYI
__________________________________
ကျန်းရှောင်း၏WeChatမက်ဆေ့ခ်ျကို လက်ခံရရှိလိုက်တဲ့အချိန် သူအတန်ငယ်အံ့အားသင့်သွားတာမို့ သူပြန်ဖြေလိုက်သည် : [အယ်လ်ဖာ?]
[ကျန်းရှောင်း : ဟုတ်တယ်၊ သူဘယ်သူမှန်း မင်းသိလား]
[ချင်ရှို့ကျယ် : ရန်ရန့်မှာ ရင်းနှီးတဲ့အိုမီဂါသူငယ်ချင်းနှစ်ယောက်ရှိတယ်လို့ပဲ ငါသိထားတာ]
[ကျန်းရှောင်း : ဒါဆို အဲ့အယ်လ်ဖာက အတန်းဖော်လား]
[ချင်ရှို့ကျယ် : ဖြစ်နိုင်တယ်၊ ငါမင်းအတွက် စစ်ဆေးပေးမယ်]
သို့ပေမဲ့ သူချက်ချင်းလက်ငင်းမမေးလိုက်ပေ။
ကျန်းရှောင်းက ဒီသူငယ်ချင်းအကြောင်းကို သိပြီး သိပ်မကြာခင် အကယ်၍ ချင်ရှို့ကျယ်က သူ့ဝမ်းကွဲအား ထိုသူငယ်ချင်းဟုခေါ်သူအကြောင်း မေးလိုက်မည်ဆိုလျှင် ၎င်းက သူတို့၏ရည်ရွယ်ချက်အား အရမ်းသိသာသွားစေလိမ့်မည်။ ‘ခံစားချက်’ ရေးရာကဏ္ဍမှာ ယွဲ့ရန်မည်မျှပင်တုံးအရိုးစင်းနေပါစေ၊ တစ်ခုခုမှားယွင်းနေမှန်းတော့ သူသေချာပေါက်ပြောနိုင်ပေလိမ့်မည်။
ထို့ကြောင့် ချင်ရှို့ကျယ်အနေဖြင့် တစ်ခဏလောက်ကြာအောင် ကစားပြီးမှ သူ့ဝမ်းကွဲအား သီးသန့်စကားစပြောရန် စီစဉ်လိုက်၏။ အဖွင့်စကားအနေဖြင့် သူဆက်စပ်ရာအကြောင်းအရာတစ်ခုရွေးချယ်လိုက်သည်။
{Private} ငိုကြွေးနေသောတံတိုင်း : မင်း ဒီညမုန်တိုင်းရဲ့ထုတ်လွှင့်မှုကို ကြည့်လိုက်သေးလား?
{Private} A----သတ်ဖြတ်သူ : ဟုတ်တယ်၊ ခုမှပြီးသွားတာ
{Private} A----သတ်ဖြတ်သူ : စကားမစပ် ကျွန်တော့်မှာ အစ်ကို့ကိုပြောစရာရှိတယ်
{Private} ငိုကြွေးနေသောတံတိုင်း : အင်း?
{Private} A----သတ်ဖြတ်သူ : စီနီယာက မုန်တိုင်းပဲ
ချင်ရှို့ကျယ်၏လက်ချောင်းက ချော်သွားကာ သူ့ကာရိုက်တာက ပလုံခနဲဖြင့် ရေကန်ထဲချော်ကျသွားတော့သည်။
ဖြစ်ချင်တော့ သူ့နံဘေးရှိ ကြည်လင်နေမင်းဖြူက ဤသည်ကိုမျက်မြင်တွေ့သွားရာ ချက်ချင်းပင် ဒီလိုကျောက်ပေါတဲ့မြေအနေအထားတွင် လမ်းလျှောက်ရန် အကောင်းဆုံးနည်းလမ်းအား အမျိုးသမီးအိုကြီးတစ်ယောက်လိုမျိုး ချက်ချင်းပင်ရှင်းပြလာသည်။ ချင်ရှို့ကျယ်က ကမ်းခြေပေါ်တက်ကာ ကျောက်တုံးတွေပေါ် ခုန်လွှားရင်း သူ့ဆရာအားနားထောင်နေလိုက်သည်။ ဤနေရာက လှလားမလှဘူးလားဆိုတာကို မမေးခင် သူသင်ကြားပို့ချမှုပြီးဆုံးတဲ့ထိ စောင့်နေလိုက်ရ၏။
ဒီအခိုက်အတန့်တွင် သူတို့က ရေကန်အလယ်ရှိ ကျောက်တုံးကြီးတစ်တုံးပေါ်၌ပင်ဖြစ်သည်။ ယွဲ့ရန်အတွက် ကျန်းရှောင်း သူ၏ဦးနှောက်အားဖျစ်ညှစ်ကာ ရှာထားပါသော လူမသိရှုမြင်ကွင်းနေရာအား ချင်ရှို့ကျယ် ဒုတိယအကြိမ်မြောက်စူးစမ်းနေခြင်းပင်။ သို့တိုင် ၎င်းကအဓိကအချက်မဟုတ်လေဘူး။
{Private} ငိုကြွေးနေသောတံတိုင်း : ???
{Private}A----သတ်ဖြတ်သူ : အမှန်ပဲနော်၊ အစ်ကိုမယုံရင် သူ့ကိုမေးကြည့်လိုက်
{Private} ငိုကြွေးနေသောတံတိုင်း : …
ချင်ရှို့ကျယ်၏ပါးစပ်တွန့်လိမ်သွားပြီး ရုတ်တရက်ဆိုသလိုပင် သူ့ဝမ်းကွဲဟာ ကြွေလွင့်တော့မဲ့ကြယ်ဖြစ်မှန်းသိခဲ့စဉ်က ခံစားချက်မျိုး တစ်ဖန်ပြန်ရလိုက်သည်။
သူ့အားကြီးမြတ်တဲ့နတ်ဘုရားတွေက ဝန်းရံထား၏ အထူးသဖြင့် အဆန်းကြယ်ဆုံးမုန်တိုင်းပင်၊ ၎င်းကလုံးဝအတိကို အစစ်အမှန်မဟုတ်သလို ခံစားရသည်။ သူ အသက်ပြင်းပြင်းတစ်ချက်ရှုကာ စိတ်တည်ငြိမ်အောင်လုပ်နေရင်း ဆုံးဖြတ်ထားမှုနှင့်အတူ သူ၏မပြီးဆုံးသေးသောတာဝန်အားဆက်လုပ်လိုက်သည်။
{Private} ငိုကြွေးနေသောတံတိုင်း : ငါအံ့သြသွားတာ
{Private}A----သတ်ဖြတ်သူ : တူတူပဲ
{Private} ငိုကြွေးနေသောတံတိုင်း : မင်းအခုဘာလုပ်နေတာလဲ
{Private}A----သတ်ဖြတ်သူ : သူငယ်ချင်းတစ်ယောက်အဆင့်တက်အောင် အကျဉ်းတိုက်ဖြစ်စဉ်ဆီခေါ်သွားပေးနေတာ
{Private} ငိုကြွေးနေသောတံတိုင်း : မင်းအဆင့်တက်အောင်လုပ်ရတာကို မုန်းတယ်မဟုတ်ဘူးလား? အဲ့ဒါက လက်တွေ့ဘဝက သူငယ်ချင်းလား?
{Private}A----သတ်ဖြတ်သူ : ဟုတ်တယ်
{Private} ငိုကြွေးနေသောတံတိုင်း : ငါအဲ့သူငယ်ချင်းကိုသိလား
ယွဲ့ရန်တစ်ခဏလောက်တိတ်ဆိတ်သွားပြီး သူ့အဖေ၏တောင်းဆိုမှုအား သတိရသွားရာ ဝေဝေဝါးဝါးအဖြေတစ်ခုပေးလိုက်သည်။
{Private}A----သတ်ဖြတ်သူ : အစ်ကိုအရင်ကသူ့ကိုတွေ့ဖူးတယ်
ချင်ရှို့ကျယ်က ထိုသူငယ်ချင်းဟာ ရန်ရန်၏အတန်းဖော်ဖြစ်လောက်မှန်း သိသည်။ သူ၏ခေါင်းအတွင်းမှာ ဖြစ်နိုင်သမျှသောသင့်တော်သူတွေအား တွေးကြည့်ပြီးနောက် သိသာလောက်သောမည်သည့်အယ်လ်ဖာကိုမှ သူရှာမတွေ့ချေ။ ထိုသူငယ်ချင်းက ဒီတိုင်းရိုးရိုးအတန်းဖော်တစ်ယောက်ပဲ ဖြစ်နိုင်တာပဲလေ။ ထို့ကြောင့် သူအကြောင်းအရာအား ခပ်မြန်မြန်အဆုံးသတ်လိုက်ကာ ကျန်းရှောင်းထံပြန်အစီရင်ခံလိုက်သည်။
[ချင်ရှို့ကျယ် : ကြီးမြတ်လှတဲ့မုန်တိုင်းနတ်ဘုရားခင်ဗျ။ ကျွန်တော်အဖြေကို ရခဲ့ပါပြီ။ သူကသာမန်အတန်းဖော်လေးပါ]
[ကျန်းရှောင်း : အိုကေ ]
[ချင်ရှို့ကျယ် : မင်းမှာ အခြားငါ့ကိုပြောချင်တာများမရှိတော့ဘူးလား?]
[ကျန်းရှောင်း : မင်းတို့မှမမေးခဲ့ဘဲနဲ့]
[ချင်ရှို့ကျယ် : …အကယ်၍ ငါတို့မေးခဲ့ရင် မင်းအမှန်အတိုင်းပြောပြမှာလား ]
[ကျန်းရှောင်း : ဖြစ်ကောင်းဖြစ်နိုင်ပါတယ်]
ချင်ရှို့ကျယ် ကျန်းရှောင်း၏စရိုက်အကြောင်းတွေးကြည့်လိုက်မိသည်။ သို့ပေမဲ့ ယခုမှမေးဖို့က အဓိပ္ပါယ်မရှိသလိုခံစားရပြီး သူသည်လည်းဆက်မေးဖို့အရမ်းပင်ပျင်းရိနေသည်။ တက္ကသိုလ်စတာနဲ့ ကျန်းရှောင်းအား သူ့ကိုကျွေးမွေးခိုင်းရမည်။ အခုအတွက်ကတော့ သူ၏ချိုသာရိုးအတဲ့ဆရာနှင့်အတူ အချိန်ဖြုန်းဖို့ပဲ အာရုံစိုက်ထားရမည်။
ကျန်းရှောင်းသည်တော့ ယွဲ့ရန်ပြီးစီးတာအားစောင့်မျှော်နေလျက်၊ မအိပ်ခင် လူငယ်လေးနဲ့ အချိန်အချို့ကုန်ဆုံးချင်တာကြောင့်ပင်။ ဝမ်းနည်းစရာကောင်းစွာနဲ့ ကိစ္စတွေက သူ့ဆုတောင်းတွေနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်၏။ ယွဲ့ရန်က သူ့သူငယ်ချင်းဓားသမားဖြစ်သူ ဆင်းသွားပြီး မကြာခင် သူလည်းအော့ဖ်လိုင်းဖြစ်သွား၏။
သူနှစ်စက္ကန့်လောက် တိတ်ဆိတ်သွားကာ သူသည်လည်းအော့ဖ်လိုင်းလုပ်ဖို့ပဲတတ်နိုင်ပေသည်။ နောက်တစ်နေ့မှာ သူ၏အလိမ်အညာအား ဆက်ထိန်းထားနိုင်ရန် ညရောက်တဲ့အထိ လိုင်းပြန်မတက်ခဲ့ချေ။ ဆင့်ခေါ်သူလေးက သူ့အားအစပြုကာ ရှာဖွေလာရတဲ့အတွက် သူပျော်ရွှင်နေရသည်။
{Private} A----သတ်ဖြတ်သူ : နိဟောင်
{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : နိဟောင်
{Private} A----သတ်ဖြတ်သူ : ကျွန်တော့်မှာ ခင်ဗျားကိုမေးစရာလေးရှိလို့။ ဆည်းဆာတိမ်တိုက်နဲ့ ငွေဖြူရောင်ပုလဲသွယ်တို့မှာ ဘယ်ကိရိယာကပိုကောင်းလဲ?
ကျန်းရှောင်း၏ မျက်လုံးတို့ အန္တယ်ရာယ်ရှိစွာ ကျဉ်းမြောင်းသွား၏။
ထိုကိရိယာနှစ်ခုလုံးက အစောပိုင်းအဆင့် ဓားသမားတွေအတွက်ကောင်းပေသည်။
တတိယအကြိမ်ပဲ ၊ သူတွေးလိုက်သည်။
ဤသည်က ထိုအယ်လ်ဖာဓားသမားအတွက် ဆင့်ခေါ်သူလေး သူ့အားရှာခဲ့တဲ့တတိယအကြိမ်မြောက်ပင်။
{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : ငွေဖြူရောင်ပုလဲသွယ်က ပိုကောင်းတယ်
{Private} A----သတ်ဖြတ်သူ : ကျေးဇူးပါပဲ
{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : မင်းရဲ့သူငယ်ချင်းနဲ့ကစားနေပြန်တာလား? ကိုယ်ရောကူညီပေးရမလား ? ကိုယ်ကဓားသမားကိုကစားတာဆိုတော့လေ
{Private} A----သတ်ဖြတ်သူ : မလိုပါဘူး၊ ကျွန်တော်ဆိုရင်ပဲလုံလောက်ပါပြီ
{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : ကိုယ်တစ်ခါတည်း သူ့ကိုသင်ပေးသွားလို့ရနိုင်တယ်လေ
ယွဲ့ရန် မနီးမဝေးတွင် အားနည်းတဲ့မွန်းစတားတွေနှင့် တိုက်ခိုက်နေကာ နောက်တော့ ထိုအားနည်းတယ်လို့ပြောလို့ရတဲ့မွန်းစတားတွေဆီကနေ ကသုတ်ကရက် ထွက်ပြေးနေသော သူ့ဖခင်အား တိတ်တဆိတ်ကြည့်လိုက်သည်။ ဒီလိုအသစ်လေးကို အခြားကစားတွေ carryလုပ်ပေးရန် ခွင့်ပြုပေးဖို့ သူအရမ်းရှက်ရွံ့မိ၏။ ၎င်းက အခွံမာသီးအားခွဲရန် တူကြီးကြီးတစ်ခုကို သုံးနေသလိုပင်..မဟုတ်သေးဘူး ထိုဖော်ပြချက်က ဒီအခြေအနေနဲ့ မကိုက်ညီသလိုဘဲ
ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်အတွက်တော့ သူ့အဖေကို သူပဲcarryလုပ်ပေးတာက ပိုကောင်းသည်။
ထို့ကြောင့် သူ့သူငယ်ချင်း အဆင့်မြင့်သွားမှပဲဟုပြောကာ တစ်ဖန်ထပ်ငြင်းလိုက်သည်။
ကျန်းရှောင်း၏စိတ်အခြေအနေက ပိုလို့တောင်မှုန်မှိုင်းသွားရ၏။ ထိုဓားသမားသူငယ်ချင်းက သာမန်အတန်းဖော်လောက် မရိုးရှင်းလောက်ဟူ၍ပဲ သူဆက်တွေးနေမိသည်။
ရန်ရန်က အနည်းငယ်tsundere ဖြစ်တာမို့ အခြားသူတွေ နီးကပ်ဖို့ရန် အနည်းငယ်ခက်ခဲနေသည်။ မနေ့ညက ထိုဓားသမား၏ရုတ်ခြည်းပွေ့ဖက်မှုနဲ့ ခေါင်းပုတ်ပေးမှုကို သူသည်းခံနိုင်တယ်ဆိုရုံမျှသာဖြစ်သည်။ ဒီအယ်လ်ဖာပေါ်မှ ဆဲလ်တိုင်းက အလံနီပြလို့ အော်ဟစ်နေချေပြီ။
သူချင်ရှို့ကျယ်အား တစ်ဖန်ထပ်ရှာကာ သူ့အားဒုတိယအကြိမ်မြောက် စစ်ဆေးပေးရန် ပြောလိုက်သည်။
ကျန်းရှောင်း၏ ခွဲခြမ်းစိတ်ဖြာမှုအား ဖတ်ပြီးနောက် ချင်ရှို့ကျယ်စာပြန်လိုက်၏ : [ တစ်ဖက်လူရဲ့ကာရိုက်တာက အဲ့လိုဖြစ်နေတာလဲဖြစ်နိုင်တာပဲလေ၊ ဒါ့ကြောင့်မို့ ရန်ရန်က ကျင့်သားရနေတာနေမှာပေါ့]
[ကျန်းရှောင်း : ဒါပေမဲ့ အဲ့ဒါက သူတို့ဆက်ဆံရေးဟာ မဆိုးရွားဘူးလို့ ဆိုလိုတာပဲလေ]
တစ်ခဏမျှတွေးတောပြီးနောက် ချင်ရှို့ကျယ်၎င်းအားသဘောတူလိုက်သည်။
အကယ်၍ ဆက်ဆံရေးကသာ ပုံမှန်ဆိုရင် ရန်ရန်က တစ်ဖက်လူအဆင့်တက်အောင်ကူညီဖို့ စိတ်ရှည်မည်မဟုတ်ပေ။ အယ်လ်ဖာကသာ သူ့ဝမ်းကွဲညီလေးကို လိုက်ကပ်နေတာမဟုတ်ဘူးဆိုရင်…တကယ်လို့ အဲ့လိုသာဆိုရင်တော့ ကျန်းရှောင်းမှာ အချစ်ပြိုင်ဘက်တစ်ယောက်ရှိနေပြီလို့ ဆိုလိုတာပဲ
[ချင်ရှို့ကျယ် : ကောင်းပြီ ငါမင်းအတွက် အချိန်မီစုံစမ်းပေးမယ်]
တစ်ခဏမျှ တန့်သွားပြီးနောက် သူတစ်ခုထပ်ပြောလိုက်သည် : [ စိတ်လျှော့ထားပါကွာ၊ ရန်ရန်က ခုမှ သူ့ပထမဆုံးestrus periodပြီးထားတာ၊ ပြီးတော့ သူ့pheromoneတွေကိုလဲ အရင်ကကျောင်းမှာတစ်ခုမှ မဖုံးထားခဲ့ဖူးဘူး။ သူ့ကိုစိတ်ဝင်စားတဲ့အယ်လ်ဖာတစ်ယောက်ယောက်ရှိပါ့မလားလို့ ငါသံသယရှိမိတယ်]
[ကျန်းရှောင်း : ငါသူ့ကိုစိတ်ဝင်စားတယ်]
[ချင်ရှို့ကျယ်သတိပေးလိုက်၏ : အဲ့ဒါက မင်းသူ့အတွက်မကျရှုံးသွားခင် မင်းတို့ကောင်တွေ လိုင်းပေါ်မှာ အချင်းချင်းအပြန်အလှန်ဆက်သွယ်ခဲ့တာကြောင့်ပဲ။ တကယ်လို့များ မင်းသူ့ကို အစစ်အမှန်ဘဝမှာ အရင်သိခဲ့ဖူးပြီး သူ့pheromoneတွေနဲ့ အဆက်အဆံရှိခဲ့မယ်ဆိုရင် ရလဒ်ကကွဲပြားနိုင်တာပဲ]
[ကျန်းရှောင်း : ဘယ်လိုပဲဖြစ်ဖြစ် အားလုံးတူညီနေမှာပဲ၊ သူကအရမ်းကိုနှစ်လိုဖွယ်ကောင်းတယ်]
[ချင်ရှို့ကျယ် ချက်ချင်းပျော်ရွှင်သွားသည် : မင်းရဲ့ဒီစကားအတွက်နဲ့ ငါမင်းဘက်မှာရပ်တည်ပေးမယ်၊ ငါဒီကိစ္စကို အောက်ခြေထိတူးပြီးပြန်လာမှကိုစောင့်နေ]
ကျန်းရှောင်း သူ့သူငယ်ချင်းကို ယုံကြည်တာကြောင့် ယွဲ့ရန်ပြီးတဲ့အချိန်ကိုသာ ဆက်စောင့်နေလိုက်သည်။
ကံကောင်းစွာနဲ့ ဒီတစ်ကြိမ်မှာတော့ ဆင့်ခေါ်သူလေးဟာ အဆင့်တင်တာပြီးပြီးချင်း လိုင်းပေါ်ကဆင်းမသွားခဲ့ချေ။ ညခင်း ဆယ်နာရီလောက် အမှောင်ဖုံးတဲ့လနဲ့ နေမင်းနက်တို့ သူတို့၏ထုတ်လွှင့်မှုအား အပြီးသတ်ပြီးနောက်တွင် TSSM၏နတ်ဘုရားငါးပါးဟာ နောက်ဆုံး၌ arenaခန်းထဲတွင် အတူတူစုစည်းကြလေသည်။
အမှန်တရားကို သိသွားတဲ့အချိန် ကျန်းရှောင်းက ရှော့ခ်ရသွားသလို ဟန်ဆောင်ကာ ယွဲ့ရန်အား အေးတိအေးစက်ဖြင့် နှုတ်ဆက်လိုက်၏။
တစ်ဖက်လူက သတာဝကျကျပင် တူညီစွာ ပြုမူလာပြီး “နိဟောင်”ဆိုပြီး ရိုးရှင်းစွာပင် ပြန်ဖြေလာသည်။
လူတိုင်းရှိနေတော့ အမှောင်ဖုံးတဲ့လက ဂျူပီတာကြယ်တာရာနဲ့စပ်လျဉ်း၍ အရာအားလုံးရှင်းပြလိုက်သည်။
“ဒီတော့ ဒါကအကျဉ်းချုပ်ပဲ။ တကယ်လို့ ငါတို့အဖြေအသစ်မရဘူးဆိုရင် ကြယ်လေးက မျက်နှာနှစ်ဖက်ဆင့်ခေါ်သူနဲ့တိုက်ခိုက်ရမယ်၊ တကယ်လို့မင်းတို့မှာ ကြယ်လေးနဲ့တူတူလေ့ကျင့်ဖို့ အချိန်ရှိရင်တော့ တော်တော်ကောင်းမယ်”
ကျန်းရှောင်းပြောလိုက်သည်
“ကောင်းပြီ”
နေမင်းနက်က ကြားဖြတ်ပြောလာသည်
“မင်းဇနီးကဘယ်မှာလဲ? ဒီနောက်ပိုင်း ငါဘာလို့မင်းတို့နှစ်ယောက်ယောက်ကို အတူတူမမြင်ရတာလဲ?”
ကျန်းရှောင်းဖြေလိုက်သည်
“သူအနားယူနေတယ်”
“အဲ့ဖြစ်ရပ်ကနေ စိတ်ထိခိုက်သွားတာကြောင့်လား” နေမင်းနက်က သူ့လျှာအားခေါက်လိုက်သည်။
“မင်းကိုယ်မင်း ယောကျ်ားတစ်ယောက်လို့ ဘယ်လိုခေါ်နိုင်ရတာလဲ! မင်းပေါင်ပေ့လေးကို သွားချော့”
ကျန်းရှောင်းမျက်နှာထက် အပြုံးဖျော့ဖျော့တစ်ခုပေါ်ပေါက်လာပြီး သူအသာအယာမျှဝေလိုက်သည်
“ငါချော့ခဲ့ပါတယ်၊ ဒါပေမဲ့ ငါ့ပေါင်ပေ့လေးက ဒီအချိန်အတောအတွင်းတော့ မကစားချင်သေးဘူးတဲ့။ နေ့တိုင်း ငါ့ဘေးနားမှာထိုင်ပြီး ငါဆော့တာကိုစောင့်ကြည့်တာနဲ့တင် သူ့အတွက် လုံလောက်အောင်ကျေနပ်ဖို့ကောင်းနေပြီလို့ ပြောတယ်”
ယွဲ့ရန် : “…”
နေမင်းနက်နဲ့ အမှောင်ဖုံးတဲ့လက နှစ်ယောက်အတူတူအပြုံးတစ်ပွင့်ဖြင့် “အိုး~”ဟု သံရှည်ဆွဲလိုက်စဉ် ကြည်လင်နေမင်းဖြူကတော့ ဂရုထဲမှာ ခွေးစာကျွေးနေတာကိုရပ်တန့်ရန် ဓားသမားအား ဆူပူကြိမ်းမောင်းနေ၏။
နေမင်းနက်၏ ထပ်တလဲလဲပြောဆိုနေမှုနောက် ကပ်လျက်လိုက်ကာ
“ လုပ်စမ်းပါ၊ သူ့ကိုပါခေါ်လိုက်။ အနည်းဆုံးတော့ သူ့ကိုကြယ်လေးနဲ့မိတ်ဆက်ပေးရအောင်လေ”
ကျန်းရှောင်းပြောလိုက်သည်
“သူဒီနေရာမှာရှိတယ်။ စကားပြောလိုက်လေ၊ သူငါတို့ပြောတာကြားနိုင်တယ်”
ယွဲ့ရန် : “…”
နေမင်းနက်က မကျေနပ်ပင်။
“ဒါဆို မင်းဘေးရွေ့ပြီး သူ့ကိုမိုက်ခ်ပေးလိုက်”
ကျန်းရှောင်းငြင်းဆန်လိုက်သည်
“မရဘူး၊ ငါ့ပေါင်ပေ့လေးက ရှက်နေတယ်”
ယွဲ့ရန် ဒါကိုထပ်သည်းညည်းမခံနိုင်တော့ဘဲ သူ့ကီးဘုတ်အားအရှိန်ဖြင့်နှိပ်လိုက်တော့သည်။
{Private} A----သတ်ဖြတ်သူ : ဒီခေါင်းစဉ်ကြီးကို အခြားတစ်နေရာကို ယူသွားလိုုက်စမ်းပါဗျ!
ကျန်းရှောင်းက နောက်တစ်ဖန် ခပ်ဖွဖွပြုံးလိုက်ရင်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်
“အိုကေ”
ထို့နောက် နောက်တစ်ခဏမှာ သူ့နားကြပ်ကနေ သူ့စီနီယာ၏ အေးစက်စက်အသံအား ယွဲ့ရန်တစ်ဖန်ပြန်ကြားလိုက်ရသည်။ ၎င်းကအလွန်ပင်သဘာဝဆန်၏
“ပေါင်ပေ့လေးက အိပ်ငိုက်နေပြီလား? မင်းအရင်ဆုံးနားနှင့်လေ၊ ကိုယ်ခဏနေလာခဲ့မယ်”
ယွဲ့ရန် : “…”
အမှောင်ဖုံးတဲ့လနဲ့ အခြားသူတွေ ချက်ချင်းပေါက်ကွဲကုန်တော့သည်။
နေမင်းနက်ကရှုတ်ချလိုက်၏
“ဟေ့ ညတောင်အတော်လေးနက်နေပြီ၊ မင်းအနည်းဆုံးတော့ single dogလေးတွေရဲ့ခံစားချက်တွေကို ထည့်တွေးပေးလို့ရနိုင်မလား”
ကြည်လင်နေမင်းဖြူကလည်း နှာမှုတ်ကာ
“ကျေးဇူးပြုပြီးတော့ ခွေးစာတွေကို မင်းအတွက်မင်းပဲသိမ်းထားလို့ရနိုင်မလား”
အမှောင်ဖုံးတဲ့လကလည်း ကွန်ပလိန်းတက်လာသည်။
“ကြည့်အုံးကြယ်လေး! ငါအပိုတွေပြောတာမဟုတ်ဘူးနော်”
မျက်နှာသေအမူအရာဖြင့် ယွဲ့ရန်တီးတိုးဆိုလိုက်သည်
“ငါမြင်တယ်”
ကျန်းရှောင်းက ကိစ္စတွေကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲရန် အခွင့်အရေးအား အရယူလိုက်သည်။
“PK?”
ယွဲ့ရန်လက်ခံလိုက်သည်။
“သေချာတာပေါ့”
ဒါကိုမြင်တော့ အခြားသူတွေက သူတို့၏နောက်ပြောင်မှုတွေအား အဝေးဖယ်လိုက်ကာပွဲကြည့်ပရိတ်သတ်အခန်းထဲအား ဝင်ရောက်လိုက်သည်။
တိုက်ပွဲကွင်းပြင်ထက်မှနှစ်ယောက်ကတော့ ‘စတင်သည်’အား နှိပ်ကာ countdownရေတွက်တာ ပြီးသည်အထိစောင့်ဆိုင်းနေကြ၏။ ဇီးရိုးရောက်သွားတာနဲ့ နှစ်ယောက်သား တစ်ယောက်ဆီတစ်ယောက် ပြေးဝင်ကြတော့သည်။
ဒါက ဒီသုံးနှစ်အတွင်း ယွဲ့ရန် မုန်တိုင်းနဲ့တိုက်ခိုက်သည့်ပထမဆုံးအကြိမ်ပင်။
သူ့စီနီယာက လွန်ခဲ့တဲ့သုံးနှစ်ကထက် အများကြီးပိုသန်မာလာသည်ကို သူသိပြီး စိတ်ပိုင်းဆိုင်ရာအရလည်း ပြင်ဆင်ထားခဲ့ပြီးသား။ သို့တိုင် တစ်ဖက်လူနဲ့ သူအမှန်တကယ် တိုက်ခိုက်လိုက်တာနဲ့ သူချက်ချင်းပင် ကြမ်းတမ်းစွာအဆုံးသတ်ခံလိုက်ရမှန်း တွေ့ရှိလိုက်ရသည်။ မုန်တိုင်းက သူ့သားရဲတွေအားလုံးကို တိုက်ရိုက်ပဲ သတ်ဖြတ်လိုက်ကာ သူတို့အားcooldownဖြစ်သွားစေသည်။ သူ၏အကူအညီတွေမပါဘဲ သူက သေဖို့ထိုင်စောင့်နေတဲ့ဘဲလေးတစ်ကောင်လိုပင်။
“ပြန်စကြမလား”
ယွဲ့ရန်သဘောတူလိုက်သည်
“အိုကေ”
ထို့ကြောင့် နှစ်ဦးသား ဒုတိယမြောက်အလှည့်ကို စတင်လိုက်ကြသည်။
သူတောင်းဆိုလိုက်၏
“နောက်တစ်ခေါက်”
ကျန်းရှောင်း ပွဲစဉ်အားရပ်တန့်လိုက်သည်။
“ ကိုယ့်အထင်တော့ ကိုယ့်ပေါင်ပေ့လေးအိပ်နေပြီလားဆိုတာ သွားစစ်ဆေးကြည့်ဖို့လိုမယ်ထင်တယ်”
ယွဲ့ရန် : “…”
ကျန်းရှောင်းမေးလိုက်သည်
“မင်းဘယ်လိုထင်လဲ”
“…” ယွဲ့ရန်၏အတွင်းဘက်မှာတော့ ဒေါသူပုန်ထနေလေပြီ။ “သွားဗျာ”
ရယ်ချင်စိတ်အား တောင့်ခံရင်း ကျန်းရှောင်း ပြိုင်ပွဲစင်မြင့်မှထွက်ခွာကာ ပွဲကြည့်ခန်းထဲသွားလိုက်ပြီး အခြားသူတွေအား အခြေအနေအကြောင်းသတင်းပေးလိုက်သည်။
ကျန်သူတွေက ပြိုင်ပွဲစင်မြင့်တွင်းမှ စကားပြောခန်းကို မကြားနိုင်ချေ။ ကျန်းရှောင်းက သူ့ဇနီးလေးကို သွားစစ်ဆေးကြည့်ချင်နေတာကို သူတို့မြင်တော့ ချက်ချင်းပင် သူတို့အားလုံး မနာလိုအားကျမှုဖြင့် စိမ်းပုပ်သွားခဲ့ကြပြီး မည်သူကမျှ သူ့အားသံသယမဝင်ခဲ့။
ကျန်းရှောင်းက afkဖြစ်သွားသလို ဟန်ဆောင်ကာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်ဖြစ်လာခဲ့သည်။
သူယွဲ့ရန်နဲ့ မတိုက်ခိုက်ချင်တာကြောင့် မဟုတ်ပေ၊ သူ ယွဲ့ရန်အတွက် ငါးစာချန်ထားချင်တာဖြစ်၏။ သို့မှသာ နောက်ရက်အနည်းငယ်အတွင်း သူတို့ဘာသာ အချိန်တွေပိုပြီးကုန်ဆုံးနိုင်မှာလေ။
ညလယ်မရောက်ခင်အထိ သူတို့ဆက်PKနေကြဆဲပင်။
ဆင့်ခေါ်သူတစ်ယောက်အနေဖြင့် ကစားသည့် ကြည်လင်နေမင်းဖြူကတော့ ရှုံးနိမ့်မှုများစွာခံစားလိုက်ရသည်။ သူအော်ဟစ်လိုက်သည်
“ မင်းတို့အားလုံး စောင့်နေလိုက်ကြ! မနက်ဖြန်ကျ မင်းတို့ကောင်တွေကို တိုက်ခိုက်ဖို့ ငါဘုန်းတော်ကြီးအမျိုးအစားအကောင့်တစ်ခု ဖန်တီးပြမယ်”
နေမင်းနက်က ရယ်လိုက်၏
“ သွားလုပ်ချေ! ငါကတော့ မင်းကိုမကြောက်ပေါင်။ လာမဲ့ရက်အနည်းငယ်အတွင်း မွမ်းမံချက်အသစ်တစ်ခုရှိပြီး အဲ့ထဲမှာ arenaအတွက် ရှုပ်ထွေးတဲ့စင်မြင့်အသစ်တွေပါလာလိမ့်မယ်။ မင်းကိုသတ်ပြီး ငါပျော်စရာတွေ အများကြီးရှာရတော့မှာပေါ့”
ယွဲ့ရန် သိချင်စိတ်ဖြစ်သွားရသည်။
“မြေပုံအသစ်တွေလား”
“အမှန်ပဲ ၊ ဂိမ်းကုမ္ပဏီက နှစ်ကုန်မှာ ကျင်းပမဲ့ နှစ်ယောက်တွဲပွဲစဉ်တွေအတွက် ပြင်ဆင်နေတာလေ” အမှောင်ဖုံးတဲ့လ ရှင်းပြလိုက်သည်။
“ဒါ့အပြင် arenaမြေပုံကိုလဲ အသစ်မမွမ်းမံတာ အတော်ကြာနေပြီ။ အခု အသစ်တစ်ခုခုလုပ်ဖို့ အချိန်ပဲလေ”
ယွဲ့ရန် စိတ်လှုပ်ရှားစွာ ‘အိုး’ဟု ရေရွတ်လိုက်မိသည်။
အမှောင်ဖုံးတဲ့လက ကြယ်လေးအား သူနဲ့အတူ အသင်းဖွဲ့ချင်လားလို့ မေးချင်ပေမဲ့ လက်ရှိ အရှက်မဲ့နေမင်းနက်ပါ ရှိနေတာကိုမြင်တော့ သူ့မေးခွန်းအား ပြန်မျိုချလိုက်၏။ သူနောက်မှ သီးသန့်ထပ်မေးဖို့ စီစဉ်ထားသည်။
သူတို့အချင်းချင်း တစ်ဖက်လူကို ဂွတ်နိုက်လို့ပြောပြီးနောက် အိပ်စက်ရန် အော့ဖ်လိုင်းလုပ်လိုက်ကြသည်။
နောက်တစ်နေ့ ယွဲ့ရန် သူ့အဖေအား အဆင့်ဆက်မြှင့်ပေးလိုက်သည်။ ရံဖန်ရံခါ သူ့ဂိုဏ်းထဲရှိ ချစ်စရာလေးတွေဖြင့် အကျဉ်းတိုက်ဖြစ်စဉ်လုပ်ပြီးနောက် ကျန်းရှောင်းနှင့်အခြားသူတွေဖြင့် PKပွဲအနည်းငယ်ကစားသည်။ သူ့နေ့ရက်တွေက ထိုသို့ပင် ကုန်ဆုံးသွား၏။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွားခဲ့သည်။ မွမ်းမံချက်အသစ်နှင့်အတူ arenaစင်မြင့်အသစ်တွေ အများကြီးကို အမှန်တကယ်ပင် ပေါင်းထည့်ထားခဲ့သည်။
သူတို့ငါးဦးညနေခင်းဘက်မှာ ဆုံတွေ့ကြပြီး မြေပုံအသစ်တစ်ခုကို ကျပန်းရွေးချယ်လိုက်ရာ သူတို့အထဲရောက်သွားချိန် ၎င်းကသစ်တောမြေပုံတစ်ခုဖြစ်နေမှန်း သူတို့တွေ့ရှိလိုက်ရသည်။
စင်မြင့်က နေ့အချိန်မှာ သစ်တောမြေပုံ တစ်စိတ်တစ်ပိုင်းအား ယူထားတာပင်။
သူရိန်နေမင်းက သူတို့ဦးခေါင်းထက်မှ တောက်ပနေပြီး သူတို့မျက်စိဖြင့် မြင်နိုင်သလောက် သက်ဝင်လှုပ်ရှားမှုများဖြင့် ကွင်းပြင်တစ်ခုပင်။
ကြည်လင်နေမင်းဖြူက ချက်ချင်းပင် ကျည်ကျည်ကျာကျာပြောလာသည်
“အိုး ဟေ့ကောင်တွေ! ငါအရင်ကဒီကိုရောက်ဖူးတယ်။ လာကြ ငါမင်းတို့ ခပ်မိုက်မိုက်အရာလေးတစ်ခုပြမယ်”
ထိုဟာပြီးနောက် အခြားသူတွေက သူ့နောက်မှ စိတ်ရှုပ်ထွေးမှုဖြင့်လိုက်လာရင်း သူကလမ်းကိုဦးဆောင်သွားသည်။ သူတို့ အလယ်ဗဟိုရှိ သစ်ပင်ကြီးတစ်ခုဆီမရောက်ခင် ဆယ်မိနစ်လောက် လမ်းလျှောက်ခဲ့ရ၏။ ၎င်းနောက် သူတို့၏လမ်းပြက စပျစ်နွယ်တစ်လျှောက်ခုန်တက်သွားတာအား မြင်လိုက်ရသည်။
“ငါ့နောက်ကလိုက်ခဲ့ကြ၊ မင်းတို့ ဒီကနေ ထိပ်ကိုတက်လို့ရတယ်” သူ သူတို့အား သစ်ပင်၏ထိပ်ဆီခေါ်သွားရင် ဂုဏ်ယူမှုဖြင့်ပြောလိုက်သည်။
“အဲ့အမာခံဖန်က ငါ့ကိုပြောခဲ့တယ်၊ သူ့ရဲ့ဝမ်းနည်းအထီးကျန်နေတဲ့သူငယ်ချင်းတစ်ယောက်က စိတ်ဝင်စားစရာကောင်းတဲ့ လူမသိနေရာအချို့ကို ရှာတွေ့ခဲ့တယ်တဲ့။ ပြီးတော့ ငါ့ကိုအဲ့ထဲကနေရာအချို့ဆီခေါ်သွားပေးတယ်။ ဒီနေရာက အဲ့ထဲကတစ်ခုပဲ။ မင်းတို့ကောင်တွေရော ဘယ်လိုထင်လဲ? ဒီနေရာကမလှဘူးလား?”
ယွဲ့ရန်နှင့်ကျန်းရှောင်း : “…”
နေမင်းနက်နှင့် အမှောင်ဖုံးတဲ့လ : “…”
ကြည်လင်နေမင်းဖြူက စောင့်ဆိုင်းနေကာ မေးလိုက်သည်
“မင်းတို့ကောင်တွေ ဘာလို့ဘာမှမပြောတာလဲ”
ယွဲ့ရန်နှင့်ကျန်းရှောင်းက ပြောပြလို့မရသည့်အကြောင်းအရင်းတစ်ခုအတွက် ဆက်လက်တိတ်ဆိတ်နေကြသည်။
အဲ့အချိန် နေမင်းနက်နဲ့ အမှောင်ဖုံးတဲ့လတို့က သူတို့၏ပါးစပ်တွေကို တစ်ချိန်တည်းမှာပင်ဖွင့်လာကြသည်။
နေမင်းနက်က မျက်နှာသေဖြင့်
“ညီအစ်ကိုရေ သူကမင်းကိုလိုက်နေတာကွ!”
အမှောင်ဖုံးတဲ့လကလည်း နှုတ်မှလွှတ်ခနဲထွက်သွားသည်
“သူမင်းကိုလိုက်နေတာထင်တယ်”
နေမင်းဖြူက ကြောင်တောင်တောင်ဖြင့်
“…ဘာကြီး၊”
“အိုး ငါတကယ်ကြီးကို အခိုင်အမာယုံကြည်တယ်ကွာ” နေမင်းနက်က အံ့အားသင့်စွာပြောလာသည်။
“ဒီနေရာကိုကြည့်လိုက်။ လှပပြီး လူသူမရှိဘူး။ ငယ်ရွယ်တဲ့စုံတွဲအတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပဲ။ မင်းနားလည်ပြီလား?”
ကြည်လင်နေမင်းဖြူက အကြောင်းပြနိုင်ဖို့ ကြိုးစားဆဲပင်။
“ဒါပေမဲ့ သူ့သူငယ်ချင်းက ဒီနေရာကို ရှာတွေ့ခဲ့တာလေ”
“ပြီးတော့ မင်းကအဲ့ဒါကိုယုံတယ်ပေါ့” နေမင်းနက်က ကျစ်ခနဲစုပ်သပ်လိုက်သည်။
“သူ့ရဲ့အဲ့သူငယ်ချင်းဆိုတာကြီးက သေချာပေါက်စိတ်ကူးယဉ်ကြီးပဲ။ အနည်းဆုံးပြောရမယ်ဆိုရင် သူ့မှာတကယ်ပဲအဲ့သူငယ်ချင်းရှိခဲ့တယ်ဆိုရင်တောင်မှ အဲ့လူက ဝမ်းနည်းအထီးကျန်နေတဲ့သူတော့ မဟုတ်ဘူး။ သူ့မှာ ချစ်ရတဲ့အသည်းလေးတစ်ယောက်ရှိနေပြီး သူတို့ရဲ့အနာဂတ်ဒိတ်တွေအတွက် ပြင်ဆင်ထားတာပဲဖြစ်ရမယ်!”
ကျန်းရှောင်း : “…”
ယွဲ့ရန် : “???”