Unicode
ဒီနေ့ ပြောင်းလိုက်တဲ့ ဂျူတီအပြောင်းအရွှေ့ကို အခွင့်ကောင်းယူပြီးတော့ ဥရောပဘဏ်ကနေ ငါ စောစောထွက်လာလိုက်ကာ မှောင်ရိပ်ကျနေတဲ့ အခြေအနေကို စောင့်ကြည့်ဖို့အတွက် ကျောင်းကုန်းဇီရဲ့ကုမ္ပဏီကို သွားခဲ့တယ်။
ကျောင်းကုန်းဇီရဲ့ အမူအရာက အရမ်းမကောင်းဘဲ မှောင်မိုက်နေတယ်။ သူက စကားတစ်ခွန်းမှမပြောဘဲ ရုံးစားပွဲရှေ့မှာ ထိုင်ကာ ဖုန်းကို ငေးစိုက်ကြည့်နေတယ်။ ဟောင်တာ့က သူ့နာမည်ကို ကြိမ်ဖန်များစွာ မဝံ့မရဲခေါ်နေပေမယ့် သူက ကြားပုံမပေါ်ဘူး။
"ကျောင်းကုန်းဇီ!" ဟောင်တာ့မှာ အသံကို မြှင့်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။
ကျောင်းကုန်းဇီက လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာပြီး သူ့ကို ကျိန်ဆဲလိုက်တယ်, "မင်းက ဘာလို့ အော်နေတာလဲ?!"
ဒါက ပုံမှန်ကျောင်းကုန်းဇီပါပဲ။
ကျောင်းကုန်းဇီက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်, "ဘာလဲ?"
ဟောင်တာ့က မဝံ့မရဲနဲ့ ပြောတယ်, "အဲ့ဒါက, ကျောင်းကုန်းဇီ, ဆရာ ကျွန်တော့်ကို လုပ်ခိုင်းထားတာ ပြီးသွားပါပြီ"
ကျောင်းကုန်းဇီက မျက်ခုံးပင့်လိုက်တယ်, "အိုး"
ဟောင်တာ့က ဂရုတစိုက်နဲ့ မေးတယ်, "ဆရာ, ဒီအကြောင်းကို မစ္စတာကျူးကို မပြောရသေးဘူး မဟုတ်လား?"
ကျောင်းကုန်းဇီက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ ဒါက သူ့ကို ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွားစေတဲ့အထိ ကြောက်ရွံ့စေခဲ့တယ်, "မ - မဟုတ်ဘူး...မဟုတ်ဘူး, ကျွန်တော်က မစ္စတာကျူးနဲ့ ဆရာ ရှင်းရှင်းလင်းလင်းပြောလိုက်မယ်ဆိုရင် အကောင်းဆုံးဖြစ်သွားလိမ့်မယ်လို့ ဆိုလိုတာပါ"
ကျောင်းကုန်းဇီက သူ့လည်စည်းကို ဆွဲကိုင်လိုက်ပြီး ကြမ်းတမ်းစွာပြောတယ်, " ဒီတစ်ခါတော့ မင်း တတိယလူကို ပြောရဲတယ်ဆိုရင် ငါ မင်းခေါင်းကို သေနတ်နဲ့ပစ်လိုက်မယ်"
ဟောင်တာ့က ထိတ်လန့်တကြားနဲ့ လက်ကိုမြှောက်လိုက်တယ်, "ကျွန်တော် ဘာမှမပြောပါဘူး, ကျွန်တော် သေချာပေါက် မပြောဘူး, ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး!"
ကျောင်းကုန်းဇီက အေးစက်စွာ သက်ပြင်းချလိုက်တယ်, "ငါ့အဖေ__"
"ကျွန်တော် ကျွန်တော့်ဦးလေးကိုလည်း မပြောဘူး, သခင်ကြီးကျောင်းစီကိုလည်း သေချာပေါက် မပြောဘူး!" ဟောင်တာ့က အလျင်စလို ကျိန်ဆိုလိုက်တယ်, "ကျွန်တော် မစ္စတာကျူးကိုတောင် မပြောဘူး, ဘယ်သူ့ကိုမှ မပြောပါဘူး!"
ဒီလိုမှပဲ ကျောင်းကုန်းဇီက သူ့ကို လွှတ်ပေးလိုက်တယ်။
ဟောင်တာ့က သူ့ကို ခဏလောက် ချီတုံချတုံနဲ့ ကြည့်ပြီး ပြောတယ်, "တစ်ညတာ လင်နဲ့မယားက ကျေးဇူးတရားကို ရက်ပေါင်းတစ်ရာ ခံစားရပြီး နှစ်ပေါင်းတစ်ရာက ကုတင်ပေါ်မှာ အတူတူအိပ်ရတဲ့ ကံကြမ္မာက လာတယ် ( 一夜夫妻百日恩, 百年修得共枕眠) ဆိုတဲ့စကားကို ကျွန်တော် ခံစားမိတုန်းပဲ, အချို့အရာတွေက ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာ, ဆရာတို့ လမ်းခွဲရမယ့် အဆင့်ထိ မရောက်သေးပါဘူး, အခြေအနေက အရမ်းမှ မဆိုးရွားတာ" [T/N - ဟောင်တာ့က တရုတ်ဆိုရိုးစကားတစ်ခုကို ပြောလိုက်တာပါ, "一夜夫妻百日恩" ရဲ့အဓိပ္ပါယ်ကတော့ အိမ်ထောင်ကျပြီးတဲ့နေ့မှာတောင်မှ လင်မယားနှစ်ယောက်ရဲ့ ခံစားချက်နဲ့ဆက်စပ်မှုက တော်တော်နက်နဲတယ်။ နောက်အပိုင်းဖြစ်တဲ့"百年修得共枕眠" ကတော့ လင်မယားဖြစ်ဖို့က ခဲယဉ်းတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် စုံတွဲဖြစ်သွားတဲ့လူတွေကို ကံကြမ္မာက တစ်နည်းနည်းနဲ့ ချိတ်ဆက်ထားတယ်။ အဲ့ဒါဟာ 'ကျပန်း' မဟုတ်ဘူး။ ဒါကြောင့် ကံကြမ္မာက ယူဆောင်လာပေးခဲ့တဲ့ ကံတရားကို မင်းတို့ အတူတူတန်ဖိုးထားပါလို့ ပြောချင်တာပါ, အိုင်လည်း ရှာလို့ တွေ့တာလေးကို ပြောပြပေးတာနော်, တစ်ခုခုလိုအပ်ခဲ့ရင်လည်း ထောက်ပြပေးပါဦး<3)
အိုး, လမ်းခွဲရမယ့်အခြေအနေထိတောင် ရောက်နေပြီပဲ။ ဒါတောင် ငါက တတိယလူအနေနဲ့ သိရတာ။
နေဦး, မဟုတ်ဘူး။ ငါက စတုတ္ထလူအနေနဲ့ သိရတာဖြစ်မယ်။
တတိယလူကတော့ ကျောင်းကုန်းဇီနဲ့ ဆက်ဆံရေးရှိနေတဲ့လူပဲ။
ငါ အိမ်မပြန်ခင် လမ်းဘေးဆိုင်မှာ စားလိုက်တယ်။ ငါ အဲ့လိုစားနေတုန်း ကျောင်းကုန်းဇီက အိမ်ပြန်ရောက်နေပြီဖြစ်တယ်။ သူက ဆိုဖာပေါ်မှာ ထိုင်ပြီး ငါ့ကို ခေါင်းမော့ကြည့်တယ်။ ပြီးတော့ သူ မေးနေကျအတိုင်း ငါ အလုပ်ဆင်းတာနဲ့ အိမ်ကို ချက်ချင်းပြန်မလာဘဲ ဘယ်သွားပြီး ဘယ်သူနဲ့ လျှို့ဝှက်စွာတွေ့နေလဲလို့ မမေးလာတော့ဘူး။
သေချာပါတယ်, တစ်စုံတစ်ယောက်နဲ့ လျှို့ဝှက်တွေ့ဆုံနေတဲ့သူက ငါမဟုတ်လို့ပါပဲ။
ငါ အိပ်ခန်းဆီကို လျှောက်သွားလိုက်တယ်။ ရုတ်တရက်ပဲ ကျောင်းကုန်းဇီက ပြောလာတယ်, "မင်း ရေချိုးပြီးရင် ဒီကို လာဦး, ငါ မင်းကို ပြောစရာရှိတယ်"
ငါ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး သူ ထိုင်နေတဲ့နေရာကို ပြန်သွားလိုက်တယ်, "ဒါဆိုရင် မင်း ငါ့ကို အခုပြောလို့ရပြီ"
သူက ငါ့ကို ကြည့်တယ်။ ခဏကြာတော့ သူက ပြန်ပြောတယ်, "ရေ အရင်သွားချိုးလိုက်ပါဦး"
"ငါ့ကို အရင်ပြောလိုက်ပါ"
သူက ငြိမ်သက်သွားပြီး ပြောတယ်, "အိုကေ__"
"တကယ်တော့ ငါ ရေ အရင်သွားချိုးလိုက်ဦးမယ်" လို့ ငါ ပြောလိုက်တယ်။
"ကောင်းပြီလေ"
ငါ လေးလေးနက်နက် ရေချိုးလိုက်တယ်။
ငါ စိတ်အားထက်သန်စွာ ရေချိုးလိုက်တယ်။
ငါ သေသေချာချာ ရေချိုးလိုက်တယ်။
ကျောင်းကုန်းဇီက တံခါးလာခေါက်ပြီး မေးတယ်, "မင်း ရေချိုးတာ မပြီးသေးဘူးလား?"
"မပြီးသေးဘူး"
"အိုး, မင်း ရေချိုးနေတာ သုံးနာရီလောက်ရှိနေပြီ"
ဒါ ငါ့အိမ်ပဲ, ငါ ရေဖိုး ပေးထားတာ။ ငါသာ ဆန္ဒရှိရင် သုံးလလောက် ရေစိမ်ချိုးနေလို့ရတယ်။ ဘယ်သူမှ ငါ့ကို လာတားလို့မရဘူး!
နောက်ဆုံးတော့ ငါ တံခါးဖွင့်လိုက်တဲ့အချိန်မှာ ငါ့ဆံပင်တွေ ခြောက်နေခဲ့ပြီ။
ကျောင်းကုန်းဇီက ကုတင်ခေါင်းရင်းမှာ ထိုင်နေတယ်။ သူ့ခေါင်းရဲ့ အပေါ်မှာ မီးထွန်းထားပြီး ငါ့ရဲ့စာအုပ်ကို ဖတ်နေတယ်။ ငါ့ခြေသံကိုကြားတော့ သူက ခေါင်းမော့ပြီး ငါ့ကို ကြည့်တယ်။ အဲ့နောက် သူက စာအုပ်ကို ကုတင်စင်ပေါ် ပြန်တင်လိုက်ပြီး "စကားပြောဖို့ ဧည့်ခန်းထဲသွားရအောင်" လို့ပြောကာ ထရပ်လိုက်တယ်။
"ရပ်လိုက်"
သူက ရပ်တန့်သွားတယ်။
ငါ သူ့ကို စိုက်ကြည့်လိုက်တယ်။
သူက ငါ့ကို မကြည့်ဘူး။
အဝါရောင်မီးအိမ်က သူ့ကို အရပ်ရှည်ပြီးတော့ ရုပ်ရည်ချောမောတဲ့ပုံစံပေါက်နေစေတယ်။ ငါက သူ့ကို အရမ်းကြည့်ကောင်းအောင် လုပ်ပေးခဲ့တာ။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ငါ သူ့ကို နေ့တိုင်း ပြေးခိုင်းခဲ့တယ်။ မဟုတ်ရင် သူက အခုချိန်မှာ မထင်မရှားနဲ့ ဖက်တီးတစ်ယောက်သာ ဖြစ်နေဦးမှာဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး သူ့ရဲ့ကြိုးစားအားထားမှုကနေ ရရှိခဲ့တဲ့ တစ်ခုတည်းသော အရာဖြစ်တဲ့ မာရသွန်ဆုကိုလည်း ရရှိခဲ့မှာမဟုတ်ဘူး။
ဒါပေမယ့် အဲ့ဒါကြောင့် သူက ငါနဲ့ မသက်ဆိုင်ဘူး။
စာအုပ်တွေက ငါ့ဟာ။ အိပ်ရာကလည်း ငါ့ဟာ။ ရေချိုးကန်ကလည်း ငါ့ဟာ။ ဒါပေမယ့် ကျောင်းလောင်ကတော့ ငါ့ဟာမဟုတ်ဘူး။
ဒါက ကံပဲ။ ငါက သူ့ကို သခင်ကြီးကျောင်းစီဆီကနေ ခေါ်ထုတ်သွားခဲ့ပြီး အခုချိန်မှာတော့ တခြားတစ်ယောက်ယောက်က သူ့ကို ငါ့ဆီကနေ ခေါ်ထုတ်နေတယ်။
ငယ်ငယ်တုန်းက ငါ့ကိုဝယ်မယ့်သူဟာ ငါ့ရဲ့ကံဇာတာကို ဖတ်ပြီး ငါ့ရဲ့စကားလုံးရှစ်လုံး (ကံကြမ္မာမဏ္ဍိုင်လေးခု, မွေးဖွားချိန်နဲ့ပတ်သက်တဲ့ ကံဇာတာ အမျိုးအစား) ကို တွက်ပေးဖို့အတွက် ငါ့ကို ခေါ်သွားခဲ့တယ်။ ဗေဒင်ဆရာက ငါဟာ သူ့ကို ကံကောင်းစေမယ်လို့ ပြောတယ်။ ငါဟာ ကိုယ့်အတွက်မဟုတ်ဘဲ တခြားသူတွေကို ကံကောင်းစေမယ့် Scorpio ကြယ်တစ်ပွင့်ဖြစ်တယ်လို့လည်း သူက ပြောခဲ့တယ်။
ကောင်းပါတယ်။ ငါက ကျောင်းကုန်းဇီလို စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့သူနဲ့ တစ်သက်လုံးရှိနေရမယ်ဆိုရင် တစ်လုံးတည်းသော Scorpio ကြယ်ဖြစ်တာကမှ ပိုကောင်းလိမ့်မယ်။
မီးအိမ်ရဲ့အလင်းရောင်က လူကို တုန်လှုပ်စေတယ်။ ငါ အဲ့ဒီတွန်းအားတွေကို လျှော့ချလိုက်ပြီး "ဒါဆို ဧည့်ခန်းကို သွားရအောင်လေ" လို့ အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။
ကျောင်းကုန်းဇီနဲ့ ငါ ဧည့်ခန်းထဲကို သွားပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်ကြတယ်။ သူက စာအိတ်တစ်အိတ်ကို ထုတ်ပြီးတော့ ငါ့ဆီ တွန်းပို့လိုက်ကာ "ငါ့အဖေက ဒီအကောင့်ကို မသိဘူးဆိုတော့ စိတ်ပူစရာမလိုဘဲ မင်း ပိုက်ဆံထုတ်လို့ရတယ်" လို့ ပြောတယ်။
"မလိုပါဘူး"
သူနဲ့ငါက တစ်ယောက်ရဲ့လိုအပ်ချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးရုံပါပဲ။ ငါ လျော်ကြေး မလိုအပ်ပါဘူး။ ငါသာ လျော်ကြေး တကယ်လိုအပ်တယ်ဆိုရင် သူ ဘယ်လိုမှ ပေးလို့ ရမှာမဟုတ်ဘူး။ (T/N - ဒီနေရာမှာ ကျူးရိရှင်ဆိုလိုချင်တဲ့ လျော်ကြေးက ချစ်ခြင်းမေတ္တာကို ပြောတာပါ, အမှန်တော့ နှလုံးသားတစ်ခုအတွက် နှလုံးသားတစ်ခုကပဲ တရားမျှတတာဟုတ်?)
အရာအားလုံး သတ်သတ်မှတ်မှတ်ဖြစ်သွားပြီးတော့ သူ ဟန်ဆောင်နေဖို့ မလိုအပ်တော့ဘူးဆိုပေမယ့် ကျောင်းကုန်းဇီက ဆက်ပြီးတော့ အလျှော့ပေးကာ နူးညံ့ညင်သာမနေတော့ဘူး။ သူက မျက်မှောင်ကြုတ်ပြီး အသံအနည်းငယ် မြှင့်လိုက်တယ်, "ငါ မင်းကို ပေးနေရင် ယူလိုက်နော်!"
ငါလည်း ဆက်ဟန်ဆောင်နေဖို့ မလိုအပ်တော့ဘဲ "ငါ မယူဘူးလို့ ပြောတယ်လေ, အဲ့တော့ ငါ မယူဘူး" လို့ ပြောလိုက်တယ်။
"လောင်ဇီ မင်းကို ပေးနေတာ, ဒီတိုင်း ယူလိုက်လေ!"
"မလိုချင်ဘူး"
"မင်း လိုချင်လား, မလိုချင်ဘူးလား?!"
"မလိုချင်ဘူး"
"မင်း ဒီလိုဆက်လုပ်နေမယ်ဆိုရင် လောင်ဇီ မင်းကိုသတ်ပစ်မှာနော်!"
"ကျောင်းလောင်, မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့ကို သေအောင် သတ်လိုက်, ငါ မသေဘူးဆိုရင် မင်း ငါ့ရဲ့နောက်ဆုံးနာမည်ကို ယူရမယ်"
ကျောင်းလောင်နဲ့ငါ နှစ်ယောက်စလုံး ဆိုဖာပေါ်မှာ ထိုင်ပြီး စိတ်တည်ငြိမ်အောင် ခဏနေကာ ဆွေးနွေးမှုကို ပြန်လည်စတင်လိုက်တယ်။
"ငါ မင်းကို ပေးနေတာ, ယူလိုက်"
"ငါ မလိုချင်ဘူး "
"မင်း ဒီမှာ နေနိုင်မှာမဟုတ်ဘူး, ငါ့အဖေက မင်းကို သွားခွင့်ပြုမှာမဟုတ်ဘူး, မင်း ဒီပိုက်ဆံတွေ လိုတယ်လေ"
"မင်းသာ သခင်ကြီးကျောင်းစီကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးတော့ လမ်းခွဲချင်တယ်လို့ပြောမယ်ဆိုရင် သူက ငါ့ကို ဘာလို့ သွားခွင့်မပြုရမှာလဲ?"
ကျောင်းကုန်းဇီက ပြောတယ်, "ငါ ပြောမှာမဟုတ်ဘူး"
ငါက ပြောလိုက်တယ်, "မင်းမှာ လုပ်ဖို့ သတ္တိရှိရင် ပြောဖို့လည်း သတ္တိရှိသင့်တယ်"
ကျောင်းကုန်းဇီက ငါ့ကို အော်တယ်, "ဘယ်သူက သတ္တိရှိရမှာလဲ?! လောင်ဇီက ဦးထုပ်အစိမ်းကြီးကြီးနဲ့ ဖုံးကွယ်ထား(လှည့်စားခံရ)ပြီး အခုတော့ လောင်ဇီက အဲ့ဒါကို ကမ္ဘာကို ကြေငြာပြရတော့မှာလား?! လောင်ဇီက ဘယ်မျက်နှာကိုမှ ထောက်စရာ မလိုတော့ဘူးလား?! ကျူးရိရှင်, မင်း ဝေးဝေးမသွားနဲ့!"
ငါ သူ့ကို ခဏလောက် ငြိမ်သက်စွာ ကြည့်နေလိုက်တယ်။
ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "မင်း ဘာတွေကြည့်နေတာလဲ?!"
ငါ အေးအေးဆေးဆေးပြောလိုက်တယ် "အရင်ဆုံး မင်း စိတ်အေးအေးထားပြီးတော့ ငါ့ကို ပြောလိုက်ပါ, ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူက မင်းကို လှည့်စားခဲ့တာလဲ?"
ဒီအခြေအနေမှာ ထူးဆန်းတဲ့အရာတစ်ခုရှိနေတယ်။
အဲ့ဒါက ငါ ခန့်မှန်းထားခဲ့တဲ့အရာပဲ။
(T/N - ဒီအပိုင်းမှာ ရှင်းပြပေးချင်တာတွေ တအားများသွားလို့ စာဖတ်နေရင်း မျက်စိရှုပ်သွားရင်လည်း နားလည်ပေးပါဦးနော်, ပြီးတော့ ဒီရက်ပိုင်းမှာ အိုင် လုပ်စရာလေးတွေ နည်းနည်းများနေလို့ Update လေးတွေ နည်းနည်းကျဲသွားတဲ့အတွက်လည်း တကယ် sorry ပါရှင်☹ အချိန်ရရင် ရသလို update ပေးပါ့မယ်နော်, ဘာလိုလိုနဲ့ ဒီအတွဲလေးကို နှုတ်ဆက်ရဖို့တောင် နီးလာပြီ ㅠ ㅠ)
Zawgyi
ဒီေန႔ ေျပာင္းလိုက္တဲ့ ဂ်ဴတီအေျပာင္းအေ႐ႊ႕ကို အခြင့္ေကာင္းယူၿပီးေတာ့ ဥေရာပဘဏ္ကေန ငါ ေစာေစာထြက္လာလိုက္ကာ ေမွာင္ရိပ္က်ေနတဲ့ အေျခအေနကို ေစာင့္ၾကည့္ဖို႔အတြက္ ေက်ာင္းကုန္းဇီရဲ႕ကုမၸဏီကို သြားခဲ့တယ္။
ေက်ာင္းကုန္းဇီရဲ႕ အမူအရာက အရမ္းမေကာင္းဘဲ ေမွာင္မိုက္ေနတယ္။ သူက စကားတစ္ခြန္းမွမေျပာဘဲ ႐ုံးစားပြဲေ႐ွ႕မွာ ထိုင္ကာ ဖုန္းကို ေငးစိုက္ၾကည့္ေနတယ္။ ေဟာင္တာ့က သူ႕နာမည္ကို ႀကိမ္ဖန္မ်ားစြာ မဝံ့မရဲေခၚေနေပမယ့္ သူက ၾကားပုံမေပၚဘူး။
"ေက်ာင္းကုန္းဇီ!" ေဟာင္တာ့မွာ အသံကို ျမႇင့္လိုက္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘူး။
ေက်ာင္းကုန္းဇီက လက္႐ွိအေျခအေနကို ျပန္လည္ေရာက္႐ွိလာၿပီး သူ႕ကို က်ိန္ဆဲလိုက္တယ္, "မင္းက ဘာလို႔ ေအာ္ေနတာလဲ?!"
ဒါက ပုံမွန္ေက်ာင္းကုန္းဇီပါပဲ။
ေက်ာင္းကုန္းဇီက မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္တယ္, "ဘာလဲ?"
ေဟာင္တာ့က မဝံ့မရဲနဲ႔ ေျပာတယ္, "အဲ့ဒါက, ေက်ာင္းကုန္းဇီ, ဆရာ ကြၽန္ေတာ္႕ကို လုပ္ခိုင္းထားတာ ၿပီးသြားပါၿပီ"
ေက်ာင္းကုန္းဇီက မ်က္ခုံးပင့္လိုက္တယ္, "အိုး"
ေဟာင္တာ့က ဂ႐ုတစိုက္နဲ႔ ေမးတယ္, "ဆရာ, ဒီအေၾကာင္းကို မစၥတာက်ဴးကို မေျပာရေသးဘူး မဟုတ္လား?"
ေက်ာင္းကုန္းဇီက သူ႕ကို ေအးစက္စြာ စိုက္ၾကည့္လိုက္တယ္။ ဒါက သူ႕ကို ေျခလွမ္းႏွစ္လွမ္း ေနာက္ဆုတ္သြားေစတဲ့အထိ ေၾကာက္႐ြံ႕ေစခဲ့တယ္, "မ - မဟုတ္ဘူး...မဟုတ္ဘူး, ကြၽန္ေတာ္က မစၥတာက်ဴးနဲ႔ ဆရာ ႐ွင္း႐ွင္းလင္းလင္းေျပာလိုက္မယ္ဆိုရင္ အေကာင္းဆုံးျဖစ္သြားလိမ့္မယ္လို႔ ဆိုလိုတာပါ"
ေက်ာင္းကုန္းဇီက သူ႕လည္စည္းကို ဆြဲကိုင္လိုက္ၿပီး ၾကမ္းတမ္းစြာေျပာတယ္, " ဒီတစ္ခါေတာ့ မင္း တတိယလူကို ေျပာရဲတယ္ဆိုရင္ ငါ မင္းေခါင္းကို ေသနတ္နဲ႔ပစ္လိုက္မယ္"
ေဟာင္တာ့က ထိတ္လန္႔တၾကားနဲ႔ လက္ကိုေျမႇာက္လိုက္တယ္, "ကြၽန္ေတာ္ ဘာမွမေျပာပါဘူး, ကြၽန္ေတာ္ ေသခ်ာေပါက္ မေျပာဘူး, ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ မေျပာဘူး!"
ေက်ာင္းကုန္းဇီက ေအးစက္စြာ သက္ျပင္းခ်လိုက္တယ္, "ငါ့အေဖ__"
"ကြၽန္ေတာ္ ကြၽန္ေတာ္႕ဦးေလးကိုလည္း မေျပာဘူး, သခင္ႀကီးေက်ာင္းစီကိုလည္း ေသခ်ာေပါက္ မေျပာဘူး!" ေဟာင္တာ့က အလ်င္စလို က်ိန္ဆိုလိုက္တယ္, "ကြၽန္ေတာ္ မစၥတာက်ဴးကိုေတာင္ မေျပာဘူး, ဘယ္သူ႕ကိုမွ မေျပာပါဘူး!"
ဒီလိုမွပဲ ေက်ာင္းကုန္းဇီက သူ႕ကို လႊတ္ေပးလိုက္တယ္။
ေဟာင္တာ့က သူ႕ကို ခဏေလာက္ ခ်ီတုံခ်တုံနဲ႔ ၾကည့္ၿပီး ေျပာတယ္, "တစ္ညတာ လင္နဲ႔မယားက ေက်းဇူးတရားကို ရက္ေပါင္းတစ္ရာ ခံစားရၿပီး ႏွစ္ေပါင္းတစ္ရာက ကုတင္ေပၚမွာ အတူတူအိပ္ရတဲ့ ကံၾကမၼာက လာတယ္ ( 一夜夫妻百日恩, 百年修得共枕眠) ဆိုတဲ့စကားကို ကြၽန္ေတာ္ ခံစားမိတုန္းပဲ, အခ်ိဳ႕အရာေတြက ပြင့္ပြင့္လင္းလင္း ေဆြးေႏြးရမွာ, ဆရာတို႔ လမ္းခြဲရမယ့္ အဆင့္ထိ မေရာက္ေသးပါဘူး, အေျခအေနက အရမ္းမွ မဆိုး႐ြားတာ" [T/N - ေဟာင္တာ့က တ႐ုတ္ဆို႐ိုးစကားတစ္ခုကို ေျပာလိုက္တာပါ, "一夜夫妻百日恩" ရဲ႕အဓိပၸါယ္ကေတာ့ အိမ္ေထာင္က်ၿပီးတဲ့ေန႔မွာေတာင္မွ လင္မယားႏွစ္ေယာက္ရဲ႕ ခံစားခ်က္နဲ႔ဆက္စပ္မႈက ေတာ္ေတာ္နက္နဲတယ္။ ေနာက္အပိုင္းျဖစ္တဲ့"百年修得共枕眠" ကေတာ့ လင္မယားျဖစ္ဖို႔က ခဲယဥ္းတယ္လို႔ ဆိုလိုတာပါ။ ဒါေၾကာင့္ စုံတြဲျဖစ္သြားတဲ့လူေတြကို ကံၾကမၼာက တစ္နည္းနည္းနဲ႔ ခ်ိတ္ဆက္ထားတယ္။ အဲ့ဒါဟာ 'က်ပန္း' မဟုတ္ဘူး။ ဒါေၾကာင့္ ကံၾကမၼာက ယူေဆာင္လာေပးခဲ့တဲ့ ကံတရားကို မင္းတို႔ အတူတူတန္ဖိုးထားပါလို႔ ေျပာခ်င္တာပါ, အိုင္လည္း ႐ွာလို႔ ေတြ႕တာေလးကို ေျပာျပေပးတာေနာ္, တစ္ခုခုလိုအပ္ခဲ့ရင္လည္း ေထာက္ျပေပးပါဦး<3)
အိုး, လမ္းခြဲရမယ့္အေျခအေနထိေတာင္ ေရာက္ေနၿပီပဲ။ ဒါေတာင္ ငါက တတိယလူအေနနဲ႔ သိရတာ။
ေနဦး, မဟုတ္ဘူး။ ငါက စတုတၳလူအေနနဲ႔ သိရတာျဖစ္မယ္။
တတိယလူကေတာ့ ေက်ာင္းကုန္းဇီနဲ႔ ဆက္ဆံေရး႐ွိေနတဲ့လူပဲ။
ငါ အိမ္မျပန္ခင္ လမ္းေဘးဆိုင္မွာ စားလိုက္တယ္။ ငါ အဲ့လိုစားေနတုန္း ေက်ာင္းကုန္းဇီက အိမ္ျပန္ေရာက္ေနၿပီျဖစ္တယ္။ သူက ဆိုဖာေပၚမွာ ထိုင္ၿပီး ငါ့ကို ေခါင္းေမာ့ၾကည့္တယ္။ ၿပီးေတာ့ သူ ေမးေနက်အတိုင္း ငါ အလုပ္ဆင္းတာနဲ႔ အိမ္ကို ခ်က္ခ်င္းျပန္မလာဘဲ ဘယ္သြားၿပီး ဘယ္သူနဲ႔ လွ်ိဳ႕ဝွက္စြာေတြ႕ေနလဲလို႔ မေမးလာေတာ့ဘူး။
ေသခ်ာပါတယ္, တစ္စုံတစ္ေယာက္နဲ႔ လွ်ိဳ႕ဝွက္ေတြ႕ဆုံေနတဲ့သူက ငါမဟုတ္လို႔ပါပဲ။
ငါ အိပ္ခန္းဆီကို ေလွ်ာက္သြားလိုက္တယ္။ ႐ုတ္တရက္ပဲ ေက်ာင္းကုန္းဇီက ေျပာလာတယ္, "မင္း ေရခ်ိဳးၿပီးရင္ ဒီကို လာဦး, ငါ မင္းကို ေျပာစရာ႐ွိတယ္"
ငါ ေျခလွမ္းေတြကို ရပ္တန္႔လိုက္ၿပီး သူ ထိုင္ေနတဲ့ေနရာကို ျပန္သြားလိုက္တယ္, "ဒါဆိုရင္ မင္း ငါ့ကို အခုေျပာလို႔ရၿပီ"
သူက ငါ့ကို ၾကည့္တယ္။ ခဏၾကာေတာ့ သူက ျပန္ေျပာတယ္, "ေရ အရင္သြားခ်ိဳးလိုက္ပါဦး"
"ငါ့ကို အရင္ေျပာလိုက္ပါ"
သူက ၿငိမ္သက္သြားၿပီး ေျပာတယ္, "အိုေက__"
"တကယ္ေတာ့ ငါ ေရ အရင္သြားခ်ိဳးလိုက္ဦးမယ္" လို႔ ငါ ေျပာလိုက္တယ္။
"ေကာင္းၿပီေလ"
ငါ ေလးေလးနက္နက္ ေရခ်ိဳးလိုက္တယ္။
ငါ စိတ္အားထက္သန္စြာ ေရခ်ိဳးလိုက္တယ္။
ငါ ေသေသခ်ာခ်ာ ေရခ်ိဳးလိုက္တယ္။
ေက်ာင္းကုန္းဇီက တံခါးလာေခါက္ၿပီး ေမးတယ္, "မင္း ေရခ်ိဳးတာ မၿပီးေသးဘူးလား?"
"မၿပီးေသးဘူး"
"အိုး, မင္း ေရခ်ိဳးေနတာ သုံးနာရီေလာက္႐ွိေနၿပီ"
ဒါ ငါ့အိမ္ပဲ, ငါ ေရဖိုး ေပးထားတာ။ ငါသာ ဆႏၵ႐ွိရင္ သုံးလေလာက္ ေရစိမ္ခ်ိဳးေနလို႔ရတယ္။ ဘယ္သူမွ ငါ့ကို လာတားလို႔မရဘူး!
ေနာက္ဆုံးေတာ့ ငါ တံခါးဖြင့္လိုက္တဲ့အခ်ိန္မွာ ငါ့ဆံပင္ေတြ ေျခာက္ေနခဲ့ၿပီ။
ေက်ာင္းကုန္းဇီက ကုတင္ေခါင္းရင္းမွာ ထိုင္ေနတယ္။ သူ႕ေခါင္းရဲ႕ အေပၚမွာ မီးထြန္းထားၿပီး ငါ့ရဲ႕စာအုပ္ကို ဖတ္ေနတယ္။ ငါ့ေျခသံကိုၾကားေတာ့ သူက ေခါင္းေမာ့ၿပီး ငါ့ကို ၾကည့္တယ္။ အဲ့ေနာက္ သူက စာအုပ္ကို ကုတင္စင္ေပၚ ျပန္တင္လိုက္ၿပီး "စကားေျပာဖို႔ ဧည့္ခန္းထဲသြားရေအာင္" လို႔ေျပာကာ ထရပ္လိုက္တယ္။
"ရပ္လိုက္"
သူက ရပ္တန္႔သြားတယ္။
ငါ သူ႕ကို စိုက္ၾကည့္လိုက္တယ္။
သူက ငါ့ကို မၾကည့္ဘူး။
အဝါေရာင္မီးအိမ္က သူ႕ကို အရပ္႐ွည္ၿပီးေတာ့ ႐ုပ္ရည္ေခ်ာေမာတဲ့ပုံစံေပါက္ေနေစတယ္။ ငါက သူ႕ကို အရမ္းၾကည့္ေကာင္းေအာင္ လုပ္ေပးခဲ့တာ။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ ငါ သူ႕ကို ေန႔တိုင္း ေျပးခိုင္းခဲ့တယ္။ မဟုတ္ရင္ သူက အခုခ်ိန္မွာ မထင္မ႐ွားနဲ႔ ဖက္တီးတစ္ေယာက္သာ ျဖစ္ေနဦးမွာျဖစ္ၿပီး သူ႕ဘဝတစ္ေလွ်ာက္လုံး သူ႕ရဲ႕ႀကိဳးစားအားထားမႈကေန ရ႐ွိခဲ့တဲ့ တစ္ခုတည္းေသာ အရာျဖစ္တဲ့ မာရသြန္ဆုကိုလည္း ရ႐ွိခဲ့မွာမဟုတ္ဘူး။
ဒါေပမယ့္ အဲ့ဒါေၾကာင့္ သူက ငါနဲ႔ မသက္ဆိုင္ဘူး။
စာအုပ္ေတြက ငါ့ဟာ။ အိပ္ရာကလည္း ငါ့ဟာ။ ေရခ်ိဳးကန္ကလည္း ငါ့ဟာ။ ဒါေပမယ့္ ေက်ာင္းေလာင္ကေတာ့ ငါ့ဟာမဟုတ္ဘူး။
ဒါက ကံပဲ။ ငါက သူ႕ကို သခင္ႀကီးေက်ာင္းစီဆီကေန ေခၚထုတ္သြားခဲ့ၿပီး အခုခ်ိန္မွာေတာ့ တျခားတစ္ေယာက္ေယာက္က သူ႕ကို ငါ့ဆီကေန ေခၚထုတ္ေနတယ္။
ငယ္ငယ္တုန္းက ငါ့ကိုဝယ္မယ့္သူဟာ ငါ့ရဲ႕ကံဇာတာကို ဖတ္ၿပီး ငါ့ရဲ႕စကားလုံး႐ွစ္လုံး (ကံၾကမၼာမ႑ိဳင္ေလးခု, ေမြးဖြားခ်ိန္နဲ႔ပတ္သက္တဲ့ ကံဇာတာ အမ်ိဳးအစား) ကို တြက္ေပးဖို႔အတြက္ ငါ့ကို ေခၚသြားခဲ့တယ္။ ေဗဒင္ဆရာက ငါဟာ သူ႕ကို ကံေကာင္းေစမယ္လို႔ ေျပာတယ္။ ငါဟာ ကိုယ့္အတြက္မဟုတ္ဘဲ တျခားသူေတြကို ကံေကာင္းေစမယ့္ Scorpio ၾကယ္တစ္ပြင့္ျဖစ္တယ္လို႔လည္း သူက ေျပာခဲ့တယ္။
ေကာင္းပါတယ္။ ငါက ေက်ာင္းကုန္းဇီလို စိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းတဲ့သူနဲ႔ တစ္သက္လုံး႐ွိေနရမယ္ဆိုရင္ တစ္လုံးတည္းေသာ Scorpio ၾကယ္ျဖစ္တာကမွ ပိုေကာင္းလိမ့္မယ္။
မီးအိမ္ရဲ႕အလင္းေရာင္က လူကို တုန္လႈပ္ေစတယ္။ ငါ အဲ့ဒီတြန္းအားေတြကို ေလွ်ာ့ခ်လိုက္ၿပီး "ဒါဆို ဧည့္ခန္းကို သြားရေအာင္ေလ" လို႔ ေအးေအးေဆးေဆး ျပန္ေျပာလိုက္တယ္။
ေက်ာင္းကုန္းဇီနဲ႔ ငါ ဧည့္ခန္းထဲကို သြားၿပီး ဆိုဖာေပၚမွာ ထိုင္လိုက္ၾကတယ္။ သူက စာအိတ္တစ္အိတ္ကို ထုတ္ၿပီးေတာ့ ငါ့ဆီ တြန္းပို႔လိုက္ကာ "ငါ့အေဖက ဒီအေကာင့္ကို မသိဘူးဆိုေတာ့ စိတ္ပူစရာမလိုဘဲ မင္း ပိုက္ဆံထုတ္လို႔ရတယ္" လို႔ ေျပာတယ္။
"မလိုပါဘူး"
သူနဲ႔ငါက တစ္ေယာက္ရဲ႕လိုအပ္ခ်က္ေတြကို တစ္ေယာက္က ျဖည့္ဆည္းေပး႐ုံပါပဲ။ ငါ ေလ်ာ္ေၾကး မလိုအပ္ပါဘူး။ ငါသာ ေလ်ာ္ေၾကး တကယ္လိုအပ္တယ္ဆိုရင္ သူ ဘယ္လိုမွ ေပးလို႔ ရမွာမဟုတ္ဘူး။ (T/N - ဒီေနရာမွာ က်ဴးရိ႐ွင္ဆိုလိုခ်င္တဲ့ ေလ်ာ္ေၾကးက ခ်စ္ျခင္းေမတၱာကို ေျပာတာပါ, အမွန္ေတာ့ ႏွလုံးသားတစ္ခုအတြက္ ႏွလုံးသားတစ္ခုကပဲ တရားမွ်တတာဟုတ္?)
အရာအားလုံး သတ္သတ္မွတ္မွတ္ျဖစ္သြားၿပီးေတာ့ သူ ဟန္ေဆာင္ေနဖို႔ မလိုအပ္ေတာ့ဘူးဆိုေပမယ့္ ေက်ာင္းကုန္းဇီက ဆက္ၿပီးေတာ့ အေလွ်ာ့ေပးကာ ႏူးညံ့ညင္သာမေနေတာ့ဘူး။ သူက မ်က္ေမွာင္ၾကဳတ္ၿပီး အသံအနည္းငယ္ ျမႇင့္လိုက္တယ္, "ငါ မင္းကို ေပးေနရင္ ယူလိုက္ေနာ္!"
ငါလည္း ဆက္ဟန္ေဆာင္ေနဖို႔ မလိုအပ္ေတာ့ဘဲ "ငါ မယူဘူးလို႔ ေျပာတယ္ေလ, အဲ့ေတာ့ ငါ မယူဘူး" လို႔ ေျပာလိုက္တယ္။
"ေလာင္ဇီ မင္းကို ေပးေနတာ, ဒီတိုင္း ယူလိုက္ေလ!"
"မလိုခ်င္ဘူး"
"မင္း လိုခ်င္လား, မလိုခ်င္ဘူးလား?!"
"မလိုခ်င္ဘူး"
"မင္း ဒီလိုဆက္လုပ္ေနမယ္ဆိုရင္ ေလာင္ဇီ မင္းကိုသတ္ပစ္မွာေနာ္!"
"ေက်ာင္းေလာင္, မင္းမွာ သတၱိ႐ွိတယ္ဆိုရင္ ငါ့ကို ေသေအာင္ သတ္လိုက္, ငါ မေသဘူးဆိုရင္ မင္း ငါ့ရဲ႕ေနာက္ဆုံးနာမည္ကို ယူရမယ္"
ေက်ာင္းေလာင္နဲ႔ငါ ႏွစ္ေယာက္စလုံး ဆိုဖာေပၚမွာ ထိုင္ၿပီး စိတ္တည္ၿငိမ္ေအာင္ ခဏေနကာ ေဆြးေႏြးမႈကို ျပန္လည္စတင္လိုက္တယ္။
"ငါ မင္းကို ေပးေနတာ, ယူလိုက္"
"ငါ မလိုခ်င္ဘူး "
"မင္း ဒီမွာ ေနႏိုင္မွာမဟုတ္ဘူး, ငါ့အေဖက မင္းကို သြားခြင့္ျပဳမွာမဟုတ္ဘူး, မင္း ဒီပိုက္ဆံေတြ လိုတယ္ေလ"
"မင္းသာ သခင္ႀကီးေက်ာင္းစီကို ႐ွင္း႐ွင္းလင္းလင္း ႐ွင္းျပၿပီးေတာ့ လမ္းခြဲခ်င္တယ္လို႔ေျပာမယ္ဆိုရင္ သူက ငါ့ကို ဘာလို႔ သြားခြင့္မျပဳရမွာလဲ?"
ေက်ာင္းကုန္းဇီက ေျပာတယ္, "ငါ ေျပာမွာမဟုတ္ဘူး"
ငါက ေျပာလိုက္တယ္, "မင္းမွာ လုပ္ဖို႔ သတၱိ႐ွိရင္ ေျပာဖို႔လည္း သတၱိ႐ွိသင့္တယ္"
ေက်ာင္းကုန္းဇီက ငါ့ကို ေအာ္တယ္, "ဘယ္သူက သတၱိ႐ွိရမွာလဲ?! ေလာင္ဇီက ဦးထုပ္အစိမ္းႀကီးႀကီးနဲ႔ ဖုံးကြယ္ထား(လွည့္စားခံရ)ၿပီး အခုေတာ့ ေလာင္ဇီက အဲ့ဒါကို ကမ႓ာကို ေၾကျငာျပရေတာ့မွာလား?! ေလာင္ဇီက ဘယ္မ်က္ႏွာကိုမွ ေထာက္စရာ မလိုေတာ့ဘူးလား?! က်ဴးရိ႐ွင္, မင္း ေဝးေဝးမသြားနဲ႔!"
ငါ သူ႕ကို ခဏေလာက္ ၿငိမ္သက္စြာ ၾကည့္ေနလိုက္တယ္။
ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "မင္း ဘာေတြၾကည့္ေနတာလဲ?!"
ငါ ေအးေအးေဆးေဆးေျပာလိုက္တယ္ "အရင္ဆုံး မင္း စိတ္ေအးေအးထားၿပီးေတာ့ ငါ့ကို ေျပာလိုက္ပါ, ဘယ္အခ်ိန္ ဘယ္ေနရာမွာ ဘယ္သူက မင္းကို လွည့္စားခဲ့တာလဲ?"
ဒီအေျခအေနမွာ ထူးဆန္းတဲ့အရာတစ္ခု႐ွိေနတယ္။
အဲ့ဒါက ငါ ခန္႔မွန္းထားခဲ့တဲ့အရာပဲ။
(T/N - ဒီအပိုင္းမွာ ႐ွင္းျပေပးခ်င္တာေတြ တအားမ်ားသြားလို႔ စာဖတ္ေနရင္း မ်က္စိ႐ႈပ္သြားရင္လည္း နားလည္ေပးပါဦးေနာ္, ၿပီးေတာ့ ဒီရက္ပိုင္းမွာ အိုင္ လုပ္စရာေလးေတြ နည္းနည္းမ်ားေနလို႔ Update ေလးေတြ နည္းနည္းက်ဲသြားတဲ့အတြက္လည္း တကယ္ sorry ပါ႐ွင္☹ အခ်ိန္ရရင္ ရသလို update ေပးပါ့မယ္ေနာ္, ဘာလိုလိုနဲ႔ ဒီအတြဲေလးကို ႏႈတ္ဆက္ရဖို႔ေတာင္ နီးလာၿပီ ㅠ ㅠ)