IDOL
Galing kay Thurein__
48.2K 3.2K 580
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း Higit pa
IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking
17 (Uni)
445 45 4
Galing kay Thurein__
[ဒီအပိုင်းကို ဖတ်ရတာပိုအဆင်ပြေအောင် Just Give Me a Reason Cover Version ကိုအရင်ဆုံးနားထောင်ပြီးမှဖတ်ကြည့်ကြပါဗျ။ ဒါဆို သက်ထင်နဲ့ညီညီဆိုနေတာကိုဖတ်ရတာပိုပေါ်သွားမယ်ထင်တယ်😁 ]
💠💠💠
ထာဝစဥ်ရွှေနှင့်အတူ ဂီတာတီးပေးမည့်ယောက်ျားလေးတစ်ဦးပါ စင်ပေါ်တက်လာပြီး စင်၏အလယ်တွင်နေရာယူသည်။ ထာဝစဥ်ရွှေသည်လည်း တီဗွီဖန်သားပြင်ပေါ်တွင် ကြော်ငြာလေးတစ်ခုစနှစ်ခုစပါဖူးသည့်သူမို့ အောက်ကပရိတ်သတ်၏အာရုံစူးစိုက်မှု အတန်အသင့်လောက်တော့ အလိုလိုရပြီးသားဖြစ်သွားသည်။
ထာဝစဥ်ရွှေစင်ပေါ်ရောက်မသွားခင်အထိ ညီညီ့မှာ သူမမြင်အောင် လူတွေရဲ့နောက်မှာ ဇက်ပုနေရသည်။ ထာဝစဥ်ရွှေကမလွယ်ကြော။ မတွေ့သွားတာပိုကောင်းမယ်ထင်လို့ မမြင်အောင်ကွယ်နေလိုက်ခြင်းပင်။ စင်ပေါ်တက်သွားပြီဆိုမှ နဂိုထိုင်နေတဲ့ တံခါးပေါက်နှင့်မျက်စောင်းထိုးလေးနားတွင်ပြန်ထိုင်လိုက်သည်။
စင်ပေါ်မှာရို့ရို့လေးထိုင်လိုက်တဲ့ ထာဝစဥ်ရွှေသည် အဝါရောင်ပိတောက်ပွင့်ဝမ်းဆက်နှင့် လှတာတော့လက်ခံသည်။ ပြုံးနေလိုက်တာများ။ လောကမှာ သူစိတ်ထားအကောင်းဆုံးလူတစ်ယောက်လိုကိုပြုံးနေတာ။ စိတ်ကလေးပါလှနေရင် သူ့အတွက်ပိုကောင်းမှာ။
"အဲ့လိုပဲအမြဲတမ်းပြုံးနေ ထာဝစဥ်ရွှေရေ။ အဲ့တာမှနင်နေရာမြဲမှာ" ဟု ညီညီစိတ်ထဲကနေပဲလှမ်းပြောလိုက်တော့သည်။
ခန်းမထဲကလူတွေကတော့ စင်ပေါ်မှာ အတက်အဆင်းဖြစ်နေတဲ့သူတွေဆီမှာပဲ အာရုံရှိနေကြသည်။ ညီညီက အပေါက်ဝနားမှာနေနေရတဲ့သူမို့လို့ ပွဲတစ်ပွဲဖြစ်ဖို့ နောက်ကွယ်ကလှုပ်ရှားနေရတာတွေအများကြီးပဲ ဆိုတာသိလာရသည်။
ဆက်လာမယ့်အစီအစဥ်တွေအတိုင်း အသင့်ပြင်ထားတာရတာ၊ ဆုယူရမယ်ကျောင်းသားတွေအစဥ်လိုက်ဖြစ်နေရဲ့လား ကပေါက်ကချာဖြစ်နေလားဆိုတာ စာရင်းနဲ့အကြိမ်ကြိမ်စစ်ရတာ၊ နောက်ထွက်ရမယ့်ယိမ်းတွေကို အဆင်သင့်ပြင်ခိုင်းထားရတာ၊ လူမစုံတဲ့အခါ လူအုပ်ကြီးထဲတိုးဝှေ့ရှာရတာ စသဖြင့်အလုပ်ရှုပ်လွန်းသည်။
တာဝန်နည်းနည်းလေးမှမရှိပဲ အေးအေး ဆေးဆေးထိုင်ကြည့်ရမယ့်ပွဲမှာ တာဝန်အပြည့်နဲ့ ကောင်းကောင်းမခံစားမကြည့်ရှုရတာ တစ်မျိုးတော့ဝမ်းနည်းစရာကောင်းသည်။
များမကြာမီပဲ ဆရာတစ်ယောက် စာရွက်တစ်ရွက်ကိုကိုင်ကာ သုတ်တီးသုတ်ပြာလျှောက်လျက် နှုတ်ကလည်း"လောကအားမာန်"ဟု တတွတ်တွတ်အော်နေမှ လောကအားမာန်ယိမ်းမှန်း သိရတော့သည်။
ဆရာကလည်းခေါ်ရော အသင့်စောင့်နေကြသည့် ကျောင်းသားကျောင်းသူများက စင်ပေါ်တက်ရ
မည့်အပေါက်နားတွင်လာရပ်ကြလေသည်။ ​ယောက်ျားလေးရှစ်ယောက် မိန်းကလေး​ရှစ်ယောက် ပေါင်း​ဆယ့်ခြောက်ယောက်တောင်မို့ အပေါက်ဝနားတွင် လူကတွေပြည့်ကြပ်သွားလေရသည်။ ထာဝစဥ်ရွှေကိုတည့်တည့်မတ်မတ်မြင်နေရသည့်နေရာမှ လူတွေကွယ်သွား၍ တစ်ဖက်သို့သာလှည့်နေလိုက်တော့သည်။
သို့နှင့် စင်ပေါ်မှဂီတာသံ စတင်ထွက်လာတော့သည်။ ညီညီကတော့ ပရယ်စင်တာကျော်ထက်အောင် ရေသောက်နေတာကိုပင် စိုက်ကြည့်နေလိုက်သည်။
"တင် တင်"
ဂီတာသံထွက်လာကတည်းက သိလိုက်ပြီ။ ဒါ ပိုပို့ရဲ့"အရင်လိုပါပဲ"။ သီချင်းကတကယ်ဆိုလို့ကောင်းတဲ့သီချင်းအပြင် ထိုသီချင်းပါသည့် အခွေတစ်ခွေလုံး ပြည်လုံးကျွတ်အုံးအုံးကြွပ်ပေါက်ခဲ့တာမို့ ထာဝစဥ်ရွှေ မျက်စိမှိတ်တောင် ကောင်းကောင်းဆိုနိုင်မည်ဟု ညီညီထင်မိသည်။ တစ်နေ့ကမှ သူ့စိတ်တိုင်းကျတီးမပေးရကောင်းလား ဂီတာတီးတဲ့ကောင်လေးကိုရန်လုပ်နေသေးသည်။ ဒီနေ့တော့ အစေးကပ်မည်ဟုထင်ရတာပါပဲ။
"အချိန်တွေကြာသွားလဲ....မဟောင်းနိုင်သေးဘူး.....မင်းရဲ့အပြုံးကိုအလွတ်မှတ်မိနေတုန်း......"
စူးပြီးထွက်လာသည့်ထာဝစဥ်ရွှေ့အသံကြီးသည် တခြားသူတော့မသိ။ ညီညီ့နားထဲကလောစွာဝင်ရောက်လျက်။ တော်သေးသည် နောက်စာသားတွေကျပြန်ထိန်းဆိုသွားလို့။
သို့ပေမယ့်လည်း ထာဝစဥ်ရွှေသည် အသံဘက်မှာပါရမီပါသူမဟုတ်တဲ့အတွက် နားထောင်ရတာအားရကျေနပ်မိသည့်အထဲတော့မပါ။ အသံမ​ကောင်းရင်တောင် စည်းချက်ကျကျဆိုတတ်ရင် နားထောင်လို့ကောင်းပေမယ့် ထာဝစဥ်ရွှေဆိုတာ စည်းဝါးမှန်နေသလားဆိုတော့ မမှန်နေပေ။
တီးလုံးထက်သူက တစ်ချက်တစ်ချက်နောက်ကျနေသည်။ တစ်ခါတစ်ခါ မြန်သွားသည်။
"အရင်လိုပါပဲ....ငါ စိတ်ကမင်းဆီပဲ ရောက်နေတယ်....ဘယ်ဆီကိုများ....နင်ရောက်လို့သွားနေလဲ......အချစ်ရယ်....အမှတ်တမဲ့များကို အမှတ်တရအဖြစ်နဲ့...."
တီးတဲ့သူကလိုက်ညှိပေးသည့်အနေဖြင့် သူမြန်သွားသည့်အခါမျိုးတွေမှာ တီးလက်စကီးကိုကျော်ပြီး မသိမသာ နောက်စာသားအစကိုတီးပေးနေတာတောင် ထာဝစဥ်ရွှေကီးမှန်အောင်မဆိုနိုင်။ ဂီတာတီးတဲ့ကောင်လေးကိုတော့ တကယ်ချီးကျူးမိသည်။ တကယ့်ပါရမီရှင်လေး။
ထာဝစဥ်ရွှေကိုကြည့်နေကြသည့် စင်အောက်ကအင်တင်တင်မျက်နှာပေါင်းများစွာကလည်း ငြိမ်သက်စွာကြည့်နေကြသည်။ ညီညီကတော့ အာဃာတတွေဘေးဖယ်ထားပြီး ကိုယ်နဲ့မတည့်သူ ကိုယ်ချစ်တဲ့ဂီတမှာပါဝင်စီးမြောနေချိန်မို့ အကောင်းမြင်စိတ်ထားပြီးနားထောင်ကြည့်နေတာတောင် အားမရမိ။
ထာဝစဥ်ရွှေတို့ ဘယ်လိုပုံပြောင်းသွားဦးမလဲ မသိပေ။ လုံးဝလုံးဝ Fail တာ သူကိုယ်သူလည်းသိမှာပါ။ သို့နှင့် ထာဝစဥ်ရွှေသီဆိုပြီးသွားသည့်တိုင် လက်ခုပ်သံသည် အားရစရာကောင်းအောင်ဆူညံမနေခဲ့။ အဖြစ်တီးရုံလောက်သာ ကျယ်လေသည်။ ညီညီကတော့ တီးပေးခဲ့လိုက်သည်။
စင်ပေါ်မှာသီချင်းဆိုရဲ့တဲ့သတ္တိကိုချီးကျူးလို့ပင်။
စင်ပေါ်ကဆင်းလာတော့ ထာဝစဥ်ရွှေသည်မျက်နှာကြီးပျက်နေခဲ့သည်။ ဒေါက်ဖိနပ်ကိုတဂွပ်ဂွက်မြည်အောင် ခေါင်းကိုငုံ့ထားလျက် လူအုပ်ကြားထဲကထွက်သွားတာတောင် လှလှလေးဖြစ်အောင်ထွက်သွားသေးသည်။
ထာဝစဉ်ရွှေရှက်သွားပုံရသည်။ ဒါရှက်စရာမှမဟုတ်တာ ထာဝစဥ်ရွှေရယ်။ စင်ပေါ်မှာတစ်ချက်မှမတွန့်ဘဲ ဆိုရဲတဲ့နင့်သတ္တိကိုနင်ပြန်ဂုဏ်ယူနေရမှာ။ သူများဆီကလုယူထားတာ ကောင်းတဲ့အရာမဟုတ်ပေမယ့် နင်ဆိုချင်လွန်းလို့မှ လုယူထားရပြီး အသုံးချခွင့်ရတဲ့အခွင့်အရေးလေ။ ငါ့ထက်နင်ကအများကြီးသာပါတယ်။
နင်က ရလာဒ်ကိုပဲကြည့်တာကိုး။ Output ကောင်းကောင်းထွက်လာချင်ရင် Input ကောင်းကောင်းသွင်းပေးရတယ်ဟ။ Input ကောင်းကောင်းသာသွင်းလိုက်။ ဗြုန်း ဆို​ပြီးတန်းပြီးမပေါက်မြောက်ရင်တောင် နင့်အရည်အချင်းကိုလူတွေသိသွားကြမှာ။ ခုတော့နင့်ခံယူချက်တွေမှားနေသေးတယ် ထာဝစဥ်ရွှေ။
သူ့ဇောနှင့်သူ သူအရှက်နှင့်သူ ညီညီ့ကိုတောင်မှ မမြင်နိုင်ပဲ ခေါင်းငုံ့လျက်ထွက်သွားသည့်ထာဝစဥ်ရွှေ့ကို ညီညီစိတ်ထဲကပင်ပြောနိုင်တော့သည်။
ထို့နောက် လောကအားမာန်ယိမ်းတက်သွားသည်။ စောနကဆရာဆီမှ "K pop Dance" ဟု သုံးလေးခါအော်ပြန်သည်။ စောစောကလိုပါပဲ ကျားခြောက်ယောက် မိန်းကလေးခြောက်ယောက်ပါသည့် Dance အဖွဲ့တစ်အဖွဲ့ အပေါက်ဝနားတွင်လာရပ်ကြပြန်သည်။ အပေါ်အောက် အနက်ရှပ် အနက်ဂျင်း အနက်ရှူး အနက်လက်ပတ် အနက်ဦးထုပ် ဆင်တူမျိုးကွဲဝတ်ဆင်ထားကြကာ အပီအပြင်ဒွန့်ကြမည့်ပုံ။ အနက်ရောင်တွေကြားကနေ ရှားရှားပါးပါး တစ်ကိုယ်လုံးစွတ်စွတ်ဖြူလေးတစ်ယောက်ပါသေးကာ
"မကြောက်ဖို့" "အားတင်းထားဖို့" "အခါခါလေ့ကျင့်ထားတာ လုပ်နိုင်တယ်ဆိုတာသတိရဖို့" ထပ်ခါထပ်ခါမှာနေလေသည်။ သူကခေါင်းဆောင်ပင်ဖြစ်မည်။
တော်လိုက်ကြတာ။ သတ္တိရှိတဲ့အပြင် ခေါင်းဆောင်နိုင်မှုစွမ်းရည်ပါအလုံအလောက်ရှိနေသည်။
သူတို့ကိုကြည့်ပြီး ညီညီပါလိုက်ရင်တွေခုန်မိ၏။ ထာဝစဥ်ရွှေ့ကိုတောင် စိတ်ထဲကဖြေသာစေမည့်စကားတွေပြောနေပေမယ့် ကိုယ်ကိုယ်တိုင်ကျလည်း ရင်တုန်နေတာ။ ကိုယ့်အလှည့်ကဘယ်တော့လည်းမသိ။ ​ကျဘမ်းခေါ်တာဆိုတော့ အချိန်မရွေးရောက်လာနိုင်သည်လေ။ ဒါကြောင့်လည်း တစ်ယိမ်းပြီးတစ်ယိမ်းနာမည်တွေခေါ်တိုင်း ညီညီ့မှာရင်တွေခုန်ရတာ။
အစ်ကိုကလည်း ခန်းမထဲမှာ။ ရုတ်တရက်ထလာရင်လည်း လူတွေအာရုံစိုက်စရာဖြစ်သွားမှာ။
ညီညီ့ကိုအဆင်ပြေရဲ့လားလို့ လှမ်းမေးပေမယ့် ပြေတယ်​ပဲပြန်ပို့လိုက်သည်။ ဒီအထိရောက်လာပြီးပြီ အစ်ကို့ကိုဒုက္ခထပ်မများစေချင်တော့။
ရင်ထဲကအတုန်ကို ပျောက်အောင်ဘာလုပ်ရမလဲ။ သီချင်းနားထောင်နေရအောင်လည်း ဒီလူအုပ်နဲ့ ဒီလိူလှုပ်ရှားဆူညံနေပုံနဲ့ အဆင်ပြေမှာမဟုတ်။ ချောင်တစ်ခုခုမှာသွားနားထောင်နေရင်လည်း ကိုယ့်အလှည့်ကိုယ်မသိလိုက်ပဲနေမည်။ အစ်ကိုလာခေါ်လာရင်လည်းမတွေ့ရင်..... မဖြစ်ဘူး မဖြစ်ဘူး။
သီချင်းနားမထောင်တော့ဘူး။
ဟူး ပြောကာမှပိုတောင်တုန်လာပြီ။
လောကအားမန်အဖွဲ့ဆင်းလာ၍ K pop Dance အဖွဲ့တက်သွားလေပြီ။ တကယ်တော်ကြတဲ့ ကျောင်းသားကျောင်းသူတွေပါ။ ညီညီပါ ရင်တုန်​တာတွေခဏပျောက်ပြီး လိုက်ကချင်မိသွားသည်အထိ။ K pop ရဲ့ ပေါက်မြောက်ခဲ့တဲ့ သီချင်းမြူးမြူးတွေကို Remix လုပ်ထားကာ တစ်ပုဒ် ပြောင်းသွားတိုင်း ကကွက်တွေမှမလွဲ။
Choreography ပိုင်းမှာလည်း သူတို့အကဆရာထပ်ထည့်ထားဟန်တူသည့်ကကွက်လေးတွေကိုလည်း တွေ့ရသည်။ ညီညီဆို ကသာကတတ်တာ စင်ပေါ်တက်ကခိုင်းရင် ခြေကြွတောင်ကြွမှာမဟုတ်။
"Hit you with that Ddu Du Ddu Du.... ဂျိမ်း(တီးလုံးပြောင်းသံ) ....ဒုန်း ဒုန်း နယ်ကာချေးချားလားကား ....."
ယိမ်းတွေကြားထဲက ထူးထူးခြားခြားဖောက်ထွက်နေတဲ့ အဖွဲ့ဆိုတော့လည်း အောက်ကပရိတ်သတ်ကပါ တဟေးဟေးတဟားဟားနဲ့ သဘောတွေကျကြလျက်။ ကတဲ့သီချင်းတွေကလည်း မြန်မာနိုင်ငံမှာအင်တာနက်ခေတ်ရယ်လို့ဖြစ်မလာခင်ကတည်းက လူတိုင်းရယ်ဖုန်းကိုယ်မှာရှိတတ်တဲ့သီချင်းတွေ၊ ခုခေတ်စားလာတော့လည်း တကယ့်ကို Globalization အရကျော်ကြားခေတ်ထတဲ့သီချင်းကောင်းတွေကိုမှ ရွေးပြီး စပ်ထားတဲ့အတွက် Choreography ပိုင်းမှာလည်း လူတွေမြင်ဖူးပြီးသားရှိ၊ သံစဥ်မယ်လိုဒီကလည်း Catchy ဖြစ်ဆိုတော့ လက်ခုပ်သံတွေကို တသောသော။
နောက်ထွက်ရမယ့်ယိမ်းက နာမည်ကြီးသင်္ကြန်သီချင်းဖြစ်တဲ့ "ကျီစားသလား"သီချင်းကိုကျောင်းသားကျောင်းသူနှစ်ယောက်က ဆိုရင်း Performance လုပ်ကြမှာတဲ့။ ထို့ကြောင့် ခုနကလိုအပေါက်ဝနားမှာလူတွေအုံနေတာမျိုးမဖြစ်တော့ စင်ပေါ်မှာကနေတဲ့ K pop Dance အဖွဲ့ကတာကို အစအဆုံးကြည့်လိုက်ရသည်။
သို့နှင့်ယိမ်းတွေတစ်ယိမ်းပြီး တစ်ယိမ်းကပြသွားကြတာ နောက်အဆိုတော်ရောက်လာသည်အထိ အားလုံးမပျင်းမရိနိုင်ပဲရှိကြရလေသည်။
နေ့လယ် ၁၂နာရီကစလိုက်သည့်စုံညီသည့် နေ့လယ်နှစ်နာရီပင်ကျော်ခဲ့ပြီ။ လူကြီးအချို့ ပြန်ကုန်ကြပေမယ့် အများစုကတော့ ခမ်းမအတွင်းပင် ရှိနေကြသေး၏။ အတန်းစုံမှ ယိမ်းပေါင်းစုံ၏ မျိုးမတူသောဖျော်ဖြေမှုများအောက်တွင် စိတ်တို့သည် ယိမ်းပါနေကြသည်။
ဟိုယိမ်းကပိုကောင်းတယ်။ ဒီယိမ်းကပိုကောင်းတယ် ငြင်းကြခုံကြနှင့် ပျော်စရာကောင်းလှသည်။
သေသေချာချာလေ့ကျင့်ထားကြသည်နှင့်အညီ အကောင်းဆုံးကိုယ်ရည်သွေး၍ ချပြနိုင်ခဲ့ကြသည့် ယိမ်းများသည် အောက်ကကြည့်သည့်ပရိတ်သတ်ပင် ပျင်းလာသည်အထိကိုများပြားလွန်းသည်။ သို့သော်လည်း ​ပျင်းခွင့်မပြု။ ပျင်းလို့လည်းမရ။ အဓိကအစီအစဥ်တွေတပြုံကြီးကျန်နေသေးတာ။
ဘင်ဂျမင်ဆမ်းတုန်းကလိုမျိုးပင် လျှောက်လှမ်းမှာလူတွေအူံကြွကြွနှင့် ဖြစ်သွားပြန်သည်။ ညီညီဘေးကပင်ဖြတ်သွားမှာမို့ ညီညီပါစိတ်လှုပ်ရှားစွာ ဘယ်သူလဲသိချင်လာသည်။ မရရအောင်အတင်းခြေ​ဖျားထောက်ကြည့်လိုက်တော့ မြင်ရပါပြီ။ မိန်းကလေးအဆိုတော်တစ်ဦး။
အိုင်ရင်းဇင်မာမြင့်။ ဟာ.....ရှယ်မိုက်ပြီပဲဟေ့။
"ဟေး....."
ခန်းမထဲကအော်သံကြီးများ ဟီးထနေတာပဲ။
"အိုင်ရင်း အိုင်ရင်း အိုင်ရင်း"
အိုင်ရင်းသည် နိုင်ငံ​တစ်ဝှမ်း ပေါများလွန်းသည့်သူ့ရဲ့အပေါက်မြောက်ဆုံးသောသီချင်းတွေထဲကမှ "မင်းနဲ့မှချစ်တတ်ပြီ" "ချစ်သူ့ဆွဲအား" "လွမ်းနေလို့" "ယိမ်းလိုက်" စသည့် သီချင်းလေးပုဒ်ကိုဆိုပြသွားခဲ့သည်။
အဆိုပညာအပေါ်ပိုင်နိုင်မှု၊ အသံ၏ကြည်လင်ချိုသားမှု၊ ဆိုနိုင်မှု ဝမ်းစာပြည့်ဝမှူတို့ဖြင့် အရစ်အဆွဲအနိမ့်အမြင့် သိပ်နားထောင်ကောင်းသည့် အိုင်ရင်းကိုပရိတ်သတ်များက လက်ခုပ်သံများခေါင်မိုးပွင့်မတတ်ချီးမြှင့်ပေးခဲ့ကြသည်။
"ညီညီ အဆင်သင့်ပြင်တော့ ကိုယ်တို့အလှည့်ရောက်တော့မယ်"
နောက်က ရုတ်တရက်ကြီးရောက်ချလာတဲ့ အစ်ကိုရဲ့သတိပေးစကားကြောင့် တစ်ကိုယ်လုံးတုန်သွားရတော့သည်။ ခုလေးတင် မအိုင်ရင်းဆိုတဲ့အပေါ်နစ်မြောရင်း ကိုယ်ကြောက်နေတာတွေပါ ခဏပျောက်နေတာ။ သူတို့အလှည့်ရောက်တော့မယ်တဲ့။ ရှိပြီးသားသတ္တိတွေပါ ချက်ချင်းအငွေ့ပျံကုန်သလို ဒူးတွေပါတုန်လာသည်ဟုပင် ခံစားရသည်။
"ညီညီ"
ညီညီ့လက်ကို အစ်ကိုကကိုင်လာသည်။ သတိပြန်ဝင်ဖို့ ထပ်အသိပေးခံလိုက်ရသလိုမျိုး အသက်ကိုယဲ့ယဲ့လေးသာရှူမိလျက်။ အစ်ကိုကတော့ ကိုင်ထားသည့်လက်ကိုမလွှတ်ပဲ တင်းတင်းညှစ်ထားရင်း အားတင်းထား မကြောက်နဲ့ဆိုသည့် မျက်လုံးများနှင့်အားပေးသည်။
ဟုတ်ပြီ ဘာကြောက်စရာရှိလဲ။ စိတ်ကိုဖြေ စိတ်ကိုဖြေ။ အသက်ကိုမှန်မှန်ရှူ။
"စင်ပေါ်တက်တဲ့အချိန်ထိရင်တုန်နေရင် အမှားလုပ်မိလိမ့်မယ်ညီရ။ ညီဆိုပြတာပဲ သူတို့နားထောင်ရမှာ။ ညီညီကောင်းအောင်ဆိူပြရင် သူတို့ကောင်းကောင်းနားထောင်ရမယ်။ သူတို့ကိုကောင်းကောင်းလေးနားထောင်စေချင်တဲ့ စေတနာနဲ့ ညီ့ရင်ထဲကအကြောက်တွေကို အစားထိုးဖျောက်လိုက်။ ဟုတ်ပြီလား"
အစ်ကို့စကားသံတွေကိုပဲ နားထဲပြန်ကြားယောင်နေလိုက်သည်။ အရင်ဆုံး အစ်ကိုကအရင် တစ်ကိုယ်တော်တက်ဆိုမှာ။ ဆိုပြီးမှ ညီညီ့ကိုအတူဆိုဖို့ဖိတ်ခေါ်မှာမို့ စင်ပေါ်ကိုညီညီက တစ်ယောက်တည်းတက်ရမှာဖြစ်သည်။ အစ်ကိုနဲ့အတူတက်ရမှာမဟုတ်။ အစ်ကိုကလည်းဒါကိုသိဟန်ရှိသည်။ ဒါကြောင့် မကြောက်ဖို့ပဲတွင်တွင် မှာနေသည်။
အစီအစဥ်ကဆက်သွားနေပြီ။ အစ်ကို့ကိုဖိတ်ခေါ်တဲ့အသံ စင်ပေါ်မှထွက်လာပြီ။ ညီညီကစိတ်ချပါလို့တစ်ခွန်းပြောလိုက်၍ အစ်ကိုကနောက်​တ
ကြည့်ကြည့်နဲ့စင်ပေါ်တက်သွားရတော့သည်။
အစောကတည်းက ညီညီနဲ့အစ်ကိုရဲ့နီးကပ်နေမှုကို လျှောက်လှမ်းကလူတွေက စိုက်ကြည့်နေကြလေသည်။ ခုလိုတစ်ယောက်တည်းကြီးကျန်ခဲ့တော့ သူတို့ကဘာမှမပြောပေမယ့် ကိုယ့်တစ်ယောက်တည်းကျောမလုံစွာကျန်ခဲ့၏။
"ဟေး....."
"သက်မင်း...ခန့်ထင်........သက်မင်း...ခန့် ထင်"
"မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ သက်မင်းခန့်ထင်ဖြစ်ပါတယ်ဗျား...."
"ဟေး..."
သက်ထင် အသံကိုဖိဆွဲဆွဲ၍နှုတ်ဆက်လိုက်တော့ အားပေးသံကြီးကဝေါခနဲ လျှံတက်လာသည်။
"ညီလေးရေ မင်းပရိတ်သတ်ကတော့အပြည့်ပဲနော်။ အပီဆိုပစ်လိုက်တော့"
"အဟဲဟဲ ဟုတ်ကဲ့ အစ်ကို" 
"ဒါဆိုရင် ပရိတ်သတ်ကြီး....ကျွန်တော်တို့နားထောင်လိုက်ကြရအောင်လား"
"ဟေး....."
စင်ပေါ်ကတီးဝိုင်းက ဒရမ်သမားစီက Timing သံ "တပ် တပ်"ဟူ၍လေးချက်ထွက်လာသည်။ သက်ထင်မှာမိုက်တစ်လုံးသာရှိပြီး မိုက်ရှေ့ရောက်လာပြီဆိုတာနဲ့ သီချင်းဆိုဖို့ကအလ်ုလိုတက်ကြွလာပြီးသား။
တီးလုံးသံထွက်လာပြီ။ ခပ်မြူးမြူးလေးနဲ့မို့ အောက်ကလူထုကလည်းတလှုပ်လှုပ်။ သီချင်းကလည်း တစ်ယောက်သောသူအတွက်ရည်ရွယ်လျက်။
"ရည်ရွယ်ချက်ဆိုတာ ပြည့်မှကောင်းတယ်လို့ ×× ကိုယ်ပြောပြီးပြီးချင်းမှာပဲ×× စိတ်အားထက်လာတဲ့ မင်းအကြည့်တွေက×× ကိုယ့်ကိုယ်ပါအားတက်လာစေတယ်"
"အို ရေး ရေး ...အို ရေး ရေး "
"ပုံစံက အားပျော့ပြီး လဲကျတော့မယ့်အားအင်လောက်ပေမယ့် ××× လေ့ကျင့်နိုင်တာ အကြိမ်ပေါင်းမနည်း ×× စိတ်လှုပ်ရှားနေပုံပေါက်နေပေမယ့် မင်းဟာတကယ်ကို သတ္တိခဲ×××"
"ဝမ်း တူး"
"စိတ်ချလိုက် မင်းတကယ်လုပ်န်ိုင်တယ် ×× မင်းရှေ့မှာ အနာဂတ်စူးစူးကြီးရှိနေတယ် ×× It's Ok ×× မင်းကောင်းကောင်းဖြတ်ကျော်နိုင်မှာ×× ဘာကြောင့်လဲ × ဆိုတော့× မင်းဟာ စူပါသတ္တိခဲ×××"
"Super Star... Super Star... Su Su Su Su Supar Star"
ပရိတ်သတ်ကလည်း သံပြိုင်လိုက်ဆိုသည်။ ခမ်းမကြီးတစ်ခုလုံးကို ဟိန်းထွက်နေတော့သည်။ ထူးတော့ထူးဆန်းသား။ သက်ထင်ရဲ့စမ်းလို့ပြောရမလား။ သူ့သီချင်းက လူတွေအကုန်လုံးကိုရလို့။
"ဟေး....."
အားပေးသံကြီးကို လျှံထွက်နေသည်။ ကျောင်းမှာတစ်ခါမှမဆိုခဲ့ဖူးတော့ ကိုယ့်ကျောင်းမှာကိုယ်ဒီလောက်ပရိတ်သတ်များမှန်း မသိခဲ့။ ခုနှစ်က သက်ထင်အတွက် တက္ကသိုလ်ဝင်တန်းမို့ နှစ်စကတည်းက ပွဲတွေအကုန် ပယ်ထားခဲ့တော့ သက်ထင်ဖို့ခုနှစ်အတွက်ပွဲငတ်နေသလိုဖြစ်နေသည်။ ခုလိုအားရပါးရဆိုလိုက်ရမှ အာယားပြေသွားသလိုရှိသည်။ ပထမပုဒ်ဆိုအပြီးမှာပဲ ပျော်ရွှင်ပီတိနဲ့အတူ စိတ်လှုပ်ရှားမှု စိုးရိမ်မှုကပါ အတူတွဲဝင်လာသည်။
သူ ညီညီ့ကို စင်ပေါ်ခေါ်ရတော့မယ်လေ။ ပရိတ်သတ်ရဲ့တုံ့ပြန်မှုကောင်းအောင်ရော ညီညီ့ကိုပါအားရှိအောင် ကိုယ်ကအရင်စုစည်းပေးလိုက်ပြီးပြီ။ တစ်ပုဒ်တည်းနဲ့အားကုန်သုံးဆိုလိုက်ချင်ပေမယ့် ညီညီနဲ့နွဲရမယ့်သီချင်းအတွက်လည်း အားချန်ထားရသေးသည်။ သူအခုခေါ်ရပါတော့မည်။
"နောက်တစ်ပုဒ် နောက်တစ်ပုဒ်"
"ဟုတ်ကဲ့ ကျွန်တော့်ကိုခုလိုအများကြီးအားပေးကြတာ တကယ်ဝမ်းသာတယ်။ နောက်နှစ်တွေမှာ ဆိုခွင့်ရတော့မလားမသိပေမယ့် ဆိုခွင့်ရနေတဲ့အခု ကျွန်တော်ကိုယ်တိုင်က နောက်ထပ်သီချင်းတစ်ပုဒ်နဲ့ထပ်ဖျော်ဖြေချင်တယ်"
မောဟိုက်နေ၍ စကားကိုတစ်လုံးချင်း နားနားပြောသည်။
"ဟေး....."
"ထူးထူးခြားခြားလေးဖြစ်သွားအောင် ကိုယ်တိုင်တီးကိုယ်တိုင်ဆိုပါ့မယ်။ အတူဆိုဖို့တစ်ယောက်ကို ဖိတ်ခေါ်ချင်ပါတယ်"
"ဟေး....."
အသံတစ်ဝက်လောက်လျော့ကျသွားလေသည်။ သဘောမတူမကြိုက်လို့မဟုတ်ဘဲ အတူဆိူမယ်ဆိုသည့်တစ်ယောက်အပေါ် အာရုံပြောင်းကုန်ကြလို့ပင်။ သက်ထင်တော့ ကိုယ်လုပ်နိုင်တဲ့အထိ ပရိတ်သတ်ရဲ့အာရုံကို ရသမျှစုစည်းထားလိုက်ပြီ။ ကျန်တာ ညီညီ့အပေါ်မှာသာရှိတော့သည်။
"ညီလေးကို​ဖိတ်ခေါ်ပါတယ်ခင်ဗျာ"
သက်ထင် သိတာပေါ့။ ဒီကောင်လေးကို အပေါက်ဝထိသွားခေါ်ရမယ်ဆိုတာ။ သက်ထင်ကိုယ်တိုင် တံခါးပေါက်ဆီလျှောက်ရန်ပြင်စဥ်မှာပဲ အနက်ရောင်ကိုယ်ထည်တစ်ခုက သူ့ဆီသို့ဝင်ချလာလေသည်။ နည်းနည်းလေးမှ ကိုင်းမနေ
သည့်ကိုယ်ဟန်နှင့် ခြေတံများဟာ ဖြောင့်စင်းလျက်။ ရင်ကိုဖွင့်ထား လက်သီးကျစ်ကျစ်ဆုပ်ထားကာ တက်လာသည့် ခန္ဓာကိုယ်ပိန်ပိန်လေးကြောင့် သက်ထင်ပြုံးလိုက်သည်။
ဒါမှပေါ့ကွ ညီညီရ။
ပရိတ်သတ်ဆီမှ အသံတိုးပေါက်စလေးတွေထွက်လာသည်။ အတန်းကြီး ကျောင်းသားလေးယောက်လောက်က စန္ဒယားကိုစင်အလည်တွင်ချပေးသည်။ ဘေးတွင် ဂီတာတီးပြီးဆိုမည့် အစ်ကိုအတွက်ထိုင်ခုံပါပါသည်။ အပေါ်အောက် နက်မှောင်နေကာ ဆင်တူဖြစ်နေသည့် မတိမ်းမယိမ်းလူငယ်နှစ်ယောက်သည် ပရိတ်သတ်ကိုဦးညွှတ်လိုက်သည်။
"သူကတော့ ကျွန်တော်ရဲ့ညီလေး ဂုဏ်ရည်ညီညီဖြစ်ပါတယ်ခင်ဗျာ။ သူနဲ့ကျွန်တော်နဲ့ သီချင်းတစ်ပုဒ်အတူတွဲဆိုပြီးဖျော်ဖြေပါ့မယ်"
ပရိတ်သတ်ဆီက အသံတွေဝေဝါးနေလေသည်။ မကြိုက်ဘူးလည်းမဟုတ်ဘူး။ ကြိုက်တယ်လည်းမဟုတ်။ ထူးဆန်နေးကြတာ။ ညီညီ့ကိုဘယ်သူလဲ တို့ကျောင်းကလား စသဖြင့်တီးတိုးမေးကုန်ကြ၍ ထွက်လာသည့်အသံတွေ။ လုံးဝအံ့သြသွားနေကြတာကတော့ ညီညီ့အတန်းထဲကလူတွေပါပဲ။ သက်နှင်းကလွဲ၍ပေါ့။
ညီညီ စန္ဒယားခုံတွင်ထိုင်လိုက်သည်။ အောက်ကလူထု၏အရှိန်သည် ကိုယ့်အပေါ်ဖိနေသည်။ ရင်ထဲတလှပ်လှပ်နဲ့ လှိုက်လှိုက်တုန်နေသည်။
အားလုံးကငါ့ကိုကြည့်နေကြပါလားဆိုတာကြီးကို ခဏခဏတွေးမိပြီး လက်တွေအကြောကပ်ချင်လာသည်။ အစ်ကို့ကိုတစ်ချက်လှည့်ကြည့်တော့ ခေါင်းတစ်ချက်ငြှိမ့်ပြသည်။ ညီညီဒီနေ့အကောင်းဆုံးလုပ်မှရမည်။
ညီညီဆိုမှာကို ဒီနေ့ မေမေနဲ့အစ်ကို့အပြင် နောက်ထပ်စိတ်ဝင်တစားကြည့်နေမယ့်သူတစ်ဦးရှိနေသေးသည်။ သူ့ကိုလာကြည့်ဖို့ခေါ်ခဲ့ပေမယ့် သူလာလားမသိပါ။ သူရှိတယ်လို့သတ်မှတ်ပြီး သူအတွက်ပါဆိုပြလိုက်တယ်လို့သတ်မှတ်လိုက်မည်။
ဟူး.....။
လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း မျက်လုံးတွေမှိတ်ထားလိုက်သည်။ အပူငွေ့တွေအများပြီးပါသွားသလို ရင်ထဲပေါ့သွားကာ စန္ဒယားခလုပ်များအပေါ် လက်ချောင်း​တွေ တင်လိုက်သည်။
သီဆိုဖျော်ဖြေမှုခရီး စတင်ခဲ့လေပြီ။
"တုန် တုန် တာ တန် တင် တုန် တင်...တုန် တာ တင်....တုန်...တင်...."
"Right from the start, you were a thief You stole my heart .... And I... your willing victim...."
မိုက်ခ်သည် တစ်မိုက်ခန့်အကွာလောက်တွင်ရှိကာ အသံဆွဲမှုအနေအထားကောင်းစွာနှင့် ကြည်လင်စွာပြန်ထွက်လာလေသည်။
"I let you see the parts of me....that waren't all that pretty..... And with every touch you fixed them......"
ညီညီဆိုနေရင်း သတိပြုမိတာက ဆိုနေရင်း ကိုယ်ထင်ထားသလောက်ကြီး အဆင်မပြေတာမျိုးဖြစ်မနေတာ သတိပြုမိလိုက်သည်။ Solo အပိုင်းမို့ အချီအချအေးအေးလေးနှင့်ဆိုနိုင်နေတာကို မယုံမိရဲသေး။ အာရုံက သီချင်းထဲကနေထွက်မသွားအောင်ပဲနှစ်ထားရသည်။
ဆိုနေရင်းကီးချော်သွားလို့မဖြစ်သလို တီးနေတဲ့လက်ချောင်းတွေလည်း မှားနှိပ်မိလို့မဖြစ်။
"Now you've been talking in your sleep.....Oh Oh"
အရှိုက်သံလေးပါပါလာ​တော့ အောက်ကပရိတ်သတ်ဆီက အပြုံးလေးတွေခဏတာမြင်လိုက်ရသည်။ ဆိုလိုတာတော့ ဒီကောင်လေးမိုက်တယ်ပေါ့။ ကိုယ်တိုင်တီးကိုယ်တိုင်ဆိုနေသည့် ညီညီ့ကိုစိတ်ဝင်တစားကြည့်နေကြလေပြီ။
"Tell me that you've had enough...... Of our love....Our love........
(Just give me a reason.... just a little bit's enough......)"
အစ်ကိုပါ ဟာမိုနီလိုက်လာပြီး သီချင်းတူရိသာသံတစ်ခုထပ်ပေါင်းလာသည်။ ခုချိန်ထိသီချင်းသည် အဆင်ပြေပြေဆိုနေဆဲ။ အစကတော့ ညီညီမလုပ်နိုင်ခဲ့ဘူးထင်ပေမယ့် ကိုယ်တကယ်စလုပ်နေခဲ့ပြီ။ ဆိုရတဲ့အပေါ် ကြောက်နေတာတွေတဖြည်းဖြည်းလျော့လာသည်။ အရှိန်ရလာတာနဲ့အမျှ အားတွေတက်လာလေပြီ။
"I'm sorry , I don't understand ..... Where all of this is coming from.....
I thought that we were fine...
(Oh we had everything) ......"
အလယ်ပိုဒ်တစ်ခုလုံး အ​စ်ကိုကဦးဆောင်လျက်ဆိုသည်။ အပိုဒ်နားတစ်ခါ Our love နေရာတစ်ချက်အမြင့်သံအော်ပြီး Just give me a reason တစ်ပုဒ်ပြန်ဝင်သည်။ စာပုဒ်ချင်းတူသော်လည်း ကီးပြောင်းသွားသည်။ ပထမတစ်ခါဟာမိုနီလိုက်ရတဲ့အစ်ကိုနဲ့ ခုတစ်ပိုဒ်မှာ သံပြိုင်ဆိုရသည်။ တစ်ချက်တစ်ချက်သံရှည်ဟစ်ရင်း အသံဆွဲပြသည်။
သီချင်းရဲ့ Tempo နေရာသို့ရောက်လေပြီ။ အားကောင်းလာသည့် Battle သည်ပိုပြင်းထန်လာတော့မည်။
ညီညီရောသက်ထင်ပါ အားတွေကိုလည်ချောင်းဝသို့စုလိုက်သည်။ တစ်ကယ်ကိုဆိုရတာမလွယ်
သည့်သီချင်းမို့ နှစ်ယောက်လုံးအတွက် စိန်ခေါ်မှုအသစ်တစ်ရပ်ပင်ဖြစ်နေလေသည်။
"Oh tears dust and rust....."
ညီညီကလည်း အော်သည်။
"I'll fix it for us ...."
အစ်ကိုလည်း အသံကိုပြားလိုက်ချပြီး အော်သည်။ တစ်ယောက်တပြန်ကြည့်နေမိဖို့လည်း မမေ့။
"We're collecting dust, but our love's enough...."
"You're holding it in....."
"You're pouring a drink"
"No.... nothing is as bad as it seems"
အစ်ကိုက ညီညီ့ကိုအောင်မြင်စွာလမ်းကြောင်းပေးနိုင်ခဲ့လေပြီ။
"We'll come clean.....!!"
အခက်ခဲဆုံးနေရာမို့ အသက်တစ်ချက်အောင့်ရင်းဆိုချလိုက်ရာ ညီညီ့အသံသည် စူးရှပြီးပီပီသသ။ ခမ်းမကြီးတစ်ခုလုံးဟိန်းထွက်သွားကာ ပရိတ်သတ်ဆီကအံသြဘနန်း မျက်တောင်မခတ်နိုင်။
"ဝိုး....."
သီချင်းနိဂုံးအပိုဒ်ရောက်လာပြီ။ ချောချောမွေ့မွေ့နှင့် အဆုံးသတ်ဖို့သာကျန်တော့သည်။
"Just give me a reason...... Just a little......"
နှစ်ကျော့ပြန်ဆိုပြီးနောက် သီချင်းအရှိန်က လျော့လျော့လာသည်။
"Oh that we're not broken just bent and we can learn to love again...... "
သီချင်းကိုအောင်မြင်စွာအဆုံးသတ်လိုက်နိုင်သည်။ တစ်ဆက်တည်းမှာပဲ ကြည်လင်သည့်စန္ဒယားသံကလည်းတစ်ဆက်တည်းထွက်လာလျက်။
"တုန် တုန် တာ တန် တင် တုန် တင်...တုန် တာ တင်....တုန်...တင်...."
သီချင်းသံလုံးဝရပ်သွားခဲ့ချေပြီ။ ဟူးခနဲ အသက်ရှူထုတ်ပစ်လိုက်ကာ လည်ချောင်းတစ်ခုလုံး အလုပ်အပြ​ည့်လုပ်လိုက်ရသလို ရင်ဘတ်ထဲမှာအားရကျေနပ်မိသည်။
သူလုပ်နိုင်ခဲ့ပြီ။
ညီညီလုပ်နိုင်ခဲ့ချေပြီ။
ပရိတ်သတ်သည် ငြိမ်သက်စွာကြည့်နေကြဆဲ။
မကြိုက်မနှစ်သက်လို့ပင် အားမပေးကြသလား လက်ခုပ်တီးဖို့မေ့နေကြသလားလို့ ညီညီလက်ခုပ်သံကို မျှော်လင့်ချက်လေးနှင့်တွေးနေခိုက်
ညီညီမယုံနိုင်အောင်ကြားလိုက်ရတဲ့အသံကြီးသည် ........
..............
#Thurein
March 25 1:02PM
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
373K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
439K 23.1K 51
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...