One Shots by Heather (Myanmar...

By Heather_Bell

19.4K 2.3K 117

Genre- One Shots (Retro Theme) 1. ဘရှိန်ရဲ့မြိုင် 2. ဘခက်ရဲ့ချစ်ဒုက္ခ 3. ဟော်လိုးဝင်းဖူးစာ More

''ဘရှိန်ရဲ့မြိုင်''
"ဟော်လိုးဝင်းဖူးစာ"

"ဘခက်ရဲ့ချစ်ဒုက္ခ"

4.3K 596 40
By Heather_Bell

ဘခက်သည် မန္တလေးမြို့၏အစွန် ရန်ကင်းတောင်အခြေက ခြံဝန်းကျယ်ကျယ်၌ တပည့်လက်သား များစွာနှင့် နေထိုင်၏။ သူ၏ မိဘများ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်ပြီး တစ်ဦးတည်း ကျန်ခဲ့ကာ မွေးမြူခြံလုပ်ငန်းဖြင့် အသက်မွေး၏။

စစ်စစ်တွင် ဘခက်မှာ ရန်ကုန်ကောလိပ်မှ ဘီအေတန်းအောင်ခဲ့သော ခေတ်သိပ္ပံဘွဲ့ရ ပညာတတ်တစ်ယောက် ဖြစ်သည်။ သို့သော်ငြားလည်း သူသည် အင်္ဂလိပ်လက်အောက်၌ အခစားရသော နယ်ပိုင်၊ မြို့ပိုင် လခစားအလုပ်ကိုမလုပ်။ မိဘများ၏ လက်ငုတ်ရင်း လုပ်ငန်း ကိုသာ ဆက်လက်လုပ်ကိုင်သည်။ ထိုနယ်တစ်ဝိုက်တွင် ဘခက်သည် အမည်နာမ တစ်လုံးနှင့် ကျော်ကြားသည်။ အကောင်းတော့ မဟုတ်ချေ။သူ၏ ရမ်းကားဆိုးတေသော အမှုများကြောင့် လူရမ်းကား၊ လူမိုက်အဖြစ် ကျော်ကြားခြင်း ဖြစ်သည်။

၎င်းကား အရပ်အမောင်းသည် ခြောက်ပေကျော်ကျော် မြင့်မားပြီး သာမန် မြန်မာ အမျိုးသားများထက် ခေါင်းတစ်လုံးသာသာ ရှိသည်။ ထွားကျိုင်းသော ကိုယ်ခန္ဓာနှင့် ညိုသော အသားအရေ ရှိသည်။ မျက်ဝန်းတစ်စုံသည် သိမ်းငှက်ပမာ စူးရဲပြီး မျက်ခုံးများကား နက်မှောင်သည်။ တစ်စုံတစ်ယောက် အလွယ်တကူ ပမာမခန့် မပြုရဲနိုင်လောက်သည့်အထိ ခက်ထန်သော အသွင်အပြင်ရှိသည်။

အထူးထူးသော ဒုစရိုက်တို့သည် ဘခက်၏ အစွဲအလမ်း၊ အလေ့အထုံဖြစ်၍ သူသည် မကောင်းမှုကို အလွန်နှစ်ခြိုက်သည်။ ရှူးဝါး (Sure) တွေ့လျှင် အချီကြီးအောကာ မြင်းပွဲ လောင်းသည်။ ဝစကီကောင်းကောင်းကို စျေးကြီးပေးမှာကာ ရေခဲစပ်၍ ပုလင်းအလဲချ တတ်သည်။ အမဲလိုက်ခြင်းကို အထူးခုံမင်ကာ အိမ်၌ သမင်ဦးချို၊ ဒရယ်ချို၊ ပြောင်ချို၊ ကျားသားရေများ အနှံ့အပြား ရှိ၏။

ထိုနယ်တလျား မိုက်သည်ဆိုသောကောင်သည် ဘခက်နှင့် ထိပ်တိုက်မတွေ့မရှိပေ။ အနိမ့်ဆုံး ထိပ်ပေါက်ခေါင်းကွဲမှ အမြင့်ဆုံး အသက်လုကာ ဆန့်ငင်ဆန့်ငင်ဖြစ်ရသည်အထိ ဘခက်က လက်ဆပြင်းသည်။ သူ,မလုပ်သည့် တစ်ခုတည်းသော မကောင်းမှုကား မိန်းမ,မလိုက်စားခြင်းသာရှိသည်။

အသက်ပင် နှစ်ဆယ့်ခုနှစ်ပြည့်လုလု။ မိုက်ကန်းသည်မှ လွဲ၍ ရုပ်ရည်၊ဥစ္စာ၊ပညာ အပြည့်အစုံ ဖြစ်သော်ငြား ယနေ့ထိ ဘခက်၌ လက်တွဲဖော် မရှိသေး။ စပ်ဟပ်ကြသူများ ရှိသော်လည်း ဘခက်ကား အနှီသမီးရှင်တို့ကို ဖုတ်လေတဲ့ငပိ ရှိသည်ဟုပင် မအောက်မေ့။ သို့နှင့် သူလည်း တစ်ကိုယ်တည်း ဖြစ်နေလေသည်။

ထိုနေ့က ညနေစောင်း ခြံဝင်းကျယ်က နောက်မှီပက်လက်ထိုင်ခုံ၌ ဘခက်တစ်ယောက် လဲလျောင်းကာ စီးကရက်ကို ဖွာရှိုက်နေ၏။ စီးကရက် အငွေ့တို့သည် ပြာမှိုင်းရီဝေကာ ဝန်းကျင်၌ လွင့်မြူးယှက်သန်းသွားသည်။

အမြင်အားဖြင့် ဘခက်သည် စိတ်အေးလက်အေး ထိုင်၍ လောကစည်းစိမ် ယူနေသည်ဟု အထင်ရှိရသော်လည်း အမှန်အားဖြင့် သူသည် ကြီးစွာသော ဝေဒနာကို ခံစားနေရခြင်း ဖြစ်သည်။ ဖြစ်တည်ရာ ဝေဒနာ၏ နေရာ အတိအကျကား စနေနံ အက္ခရာ အစပြုသော နှလုံးသားပင်။ သူ၏ စိတ်ကူးအာရုံ၌ ပြေပြစ်လှပ၊ နူးညံ့သည့် လက်ချောင်း ကလေးများသည် စီးကရက်အငွေ့များကြား ရိုးတိုးရိပ်တိပ်လာထင်ဟပ်၏။

ထိုအခိုက်အတန့်တွင် ဘခက်ခမျာ နှလုံးသားကို ပုရွက်ဆိတ်လေးကိုက်သလို ခံရခက်စွာ မရိုးမယွဖြစ်သွားသည်။

"ခက်တယ်. . .ဒါ အတော်ခက်တယ်''

တစ်ကိုယ်တည်း ရင်တွင်းဝေဒနာ သက်သာလိုသက်သာငြား ညည်းတွားကြည့်၏။ အချည်းနှီးပင်။ ပို၍ပင် ဆိုးလာကာ လေးထောင့်ကျကျ ရွေရောင်ဝင်းဝင်း မျက်မှန် ကလေးကိုပင် သူ့ခမျာ ပြန်မြင်ယောင်လာသည်။ ထိုမျက်မှန်အောက်က မျက်ဝန်းတစ်စုံ ကိုကား ဆိုဖွယ်ရာမရှိတော့။ ဆရာဝန်များဟာ လူနာကို ရောဂါကုသပေးသတဲ့။ အခု ဒီဆရာဝန်နဲ့မှပဲ ဘခက်တစ်ယောက် ရောဂါတိုးနေလေသည်။

ဖြစ်ပုံမှာ လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဘခက်နှင့် ငယ်သားအချို့ အခြားမြို့မှ မိုက်ကြေး လာခွဲသူများနှင့် မြင်းကွင်း၌ ရန်ပွဲဖြစ်ကြ၏။ အင်အားချင်း မတိမ်းမယိမ်းရှိသော်လည်း ဘခက် လက်သံပြောင်သောကြောင့် တစ်ဖက်မှာ မချိမဆံ့ခံသွားရသည်။ ဘခက်ဘက်က မောင်ထွန်းခင်ဆိုသူ တပည့်တစ်ယောက်မှာတော့ လက်ကျိုးခေါင်းပဲ့ဖြစ်သွားလေ၏။

ဒဏ်ရာအတော်များလေရာ ဘခက် လျစ်လျူမထားနိုင်၍ သကောင့်သားကိုခေါ်၍ နီးရာ အင်္ဂလိပ်ဆေးခန်းသို့ ခေါ်သွားရ၏။ ခေတ်ပညာတတ်ပေမို့ ဗန္ဓောဆရာဘာညာကို ဘခက် အယုံအကြည်မရှိ။ မြန်မြန်ထက်ထက်ချုပ်၍ ဆေးထည့်လိုက်ခြင်းသာ အဖြေဟု သူယုံ၏။ ဖြစ်ချင်တော့ ဆေးခန်းကအသစ်ဖွင့်ထားသော ဆေးခန်းဖြစ်လေ၏။

ထိုမှ သူနာပြုကတော့ တောင်ခြေဇာတိပဲဖြစ်၍ ဘခက်သိ၏။ မလှယဉ် ဆိုသူဖြစ်သည်။ အသက်နှစ်ဆယ်ဝန်းကျင် ဖြူဖြူဖွေးဖွေး ချစ်ခင်စဖွယ်လေးဖြစ်သည်။ ဆရာဝန်ကိုတော့ ဘခက်မသိ။ ဘခက်သိသည်က ထိုဆရာဝန်သည် ပန်းချီဆရာ တမေ့တမော ရေးဆွဲ ချင်လောက်သော၊ ပန်းပုဆရာ မျက်တောင်မခတ်တမ်း စျာန်ဝင်တစား ထုလုပ်ချင် လောက်သော အဆင်းအသွင် ရှိ၏။

လွန်ခဲ့သောသုံးရက်ခန့်-

"လာပါခင်ဗျာ. . .မြန်မြန်လေး. . .သွေးအတော်ထွက်နေတာပဲ''

ဆေးခန်း၌ ဘခက် ကြောင်ငေးမိသွား၍ ဆရာဝန်လေးက ကပျာကယာပြောခဲ့ရ၏။ ထိုနောက်တွင် ဆရာဝန်လေးသည် လူနာ၏ ဟက်တက်ကွဲနေသော ဦးစောင်းနားကို ဂွမ်းစနှင့် သွေးအလိမ်းလိမ်းအား ခပ်စင်စင် သုတ်ယူဖယ်ရှားကြည့်ပြီး-

"အတွင်းနက်နက်တော့ ထိပုံမရဘူး၊ ကဲ မလှယဉ် လိုအပ်တာလေးတွေ ယူခဲ့ပါဦး"

ဆရာဝန်ကလေးသည် ရူပအဆင်း၏ ခံ့ညားလှပခြင်းသာမက အသံ၏ ကောင်းခြင်း နှင့်လည်း ပြည့်စုံပါသည်။ ကြားရသူရင်ကို အေးချမ်းသွားစေသော အစွမ်းသတ္တိရှိသည်။ လူနာမဆိုနှင့် လူမိုက်ကြီး ဘခက်ပင်လျှင် သူကလေး၏ အသံကြောင့် အတန်ငယ် စိတ်နှလုံးငြိမ်းချမ်းသွားသည်။ အစမှ အဆုံး ဆရာဝန်လေး ပြုမူဆောင်ရွက်ပေးနေသည်ကို စေ့စေ့စိုက်စိုက် လိုက်ကြည့်မိရင်း သွယ်ပျောင်းသည့် လက်တို့၏ ကျင်လည်စွာ လှုပ်ရှား နေမှုက ဘခက်ကို ညှို့ငင်သွားသည်။

"ကဲ. . .ဒီလောက်ထိ ဘာများဖြစ်လာရသလဲ၊ ကျိုးတဲ့လက်ကိုလည်း ပက်တီး စည်းပြီးပါပြီ''

မလှယဉ်သည် အရှေ့က အမည်ကျော် လူမိုက်ဘခက်ကို သိရှိသူဖြစ်၍ အထူးအထွေ မပြောရန် ဆရာ့ကို တားမြစ်ချင်သော်လည်း အချိန်မမီတော့ချေ။

"မဟုတ်မှလွဲရော . . .ခင်ဗျားတို့ အချင်းများပြီး လက်လွန်လာသလား၊ ကျွန်တော် ဂတ်တဲ. . .''

"ဒေါက်တာ''

ဘခက်၏ ရှုတည်တည်မျက်နှာထားနှင့် အေးစက်စက် အငွေ့အသက်ကြီးကို လန့်၍ မလှယဉ် တားမြစ်ရသည်။ ထွန်းခင်မှာလည်း သူ့ဆရာ မျက်နှာကဲကိုသာ ကြည့်နေရသည်။

"ဘာပြုလို့လဲ. . . မလှယဉ်"

ဆရာဝန်လေးမှာ အပီအပြင် တရားရေအေး တိုက်ကျွေးဖို့ရာ ပြင်နေသောကြောင့် သူ တားမြစ်ခံရခြင်း အကြောင်းကို နားမလည်။

"ကျေးဇူးပါ. . . ဒေါက်တာ. . .ကျသလောက်လေးပြောပါ၊ ဂတ်တဲတော့ ကျွန်တော်တို့ မသွား တော့ပါဘူး''

ဘခက်၏ ခပ်သြသြ အသံကြားမှ ဆရာဝန်လေး မော့ကြည့်လာသည်။ မျက်ဝန်းများမှာ ရွှေရောင်မျက်မှန် ကာထားသည့်တိုင် ကြည်လင်တောက်ပသည်။ အကြည့်ချင်း ဆုံသွားချိန်၌ ဘခက်ခမျာ အသည်းဆိုင်၌ ငလျင်ပြင်းပြင်း လှုပ်သွားရသည်။ သို့သော် သူကား တည်တည် ကြည်ကြည်ဖြင့် ဟန်ကိုယ်ဖို့ နေလိုက်သည်။

"ဒါဖြင့်လည်းပြီးတာပဲ၊ ကျွန်တော်က ရာဇဝတ်နဲ့ မကင်းမကင်း ဖြစ်နေမှာစိုးတာ၊ လူနာက ပေါ့လို့မရဘူးနော်၊ သောက်ဆေးပါအညွှန်းပေးလိုက်မယ်၊ အင်္ဂလိပ်ဆေးတိုက်ကို သွားဝယ်ချည်''

ဆရာဝန်လေးက ထွန်းခင်ကို အကျအနဂရုတစိုက်ရှိနေရာ ဘခက်ပင် အနည်းငယ် ခိုးလုခိုးလုဖြစ်မိသည်။ ဘဝ၌ ပထမဆုံးအကြိမ် နှလုံးသားက လှုပ်ခတ်လာခြင်း ဖြစ်၍ ဘခက်ခမျာ အပိုစကားမဆိုတတ်ခဲ့။ ကျသင့်ငွေပေးပြီး ထွန်းခင်ကို ခေါ်ကာ သူ၏ မော်တော်ကားဖြင့် ဆေးခန်းမှ ခပ်လောလော ထွက်လာမိတော့သည်။ အိမ်ရောက်တော့ ဘခက်ခမျာ အကြီးအကျယ် ဒုက္ခများလေသည်။ သူသည် ဆရာဝန်လေး၏ နာမည်ကိုမှ မမေးခဲ့ရပေ။

"ဆရာ. . .ထွန်းခင်ကို ခေါ်ခဲ့ပါပြီ''

တပည့်တစ်ယောက် အသံကြားမှ အတွေးရေယာဉ်ကြောမှ ဘခက်ပြန်လည် နိုးထလာသည်။ သကောင့်သားမှာ ဦးခေါင်း၌ရော၊ လက်၌ရော ပတ်တီးနှင့်တူသည်ဆို၍ ဖြူဖြူအစပင် မရှိခဲ့။ ဘခက် မျက်မှောင်ကြုတ်သွားသည်။

"ဘယ်မလဲ မင်းဒဏ်ရာ. . .''

မေးလိုက်သောအခါ ထွန်းခင်က မျက်နှာလို၊ မျက်နှာရလုပ်သော အမူအရာဖြင့်-

"ဆရာပဲပြောသလေ၊ လူမိုက်ဆိုတာ မိုက်ကန်းရဲရုံမကဘူး၊ အခန့်မသင့်လို့ အနှံခံရရင်လည်း ခံရဲရမယ်ဆိုတာ၊ ကျွန်တော် ခံရဲပါတယ်ဆရာ၊ ပတ်တီးလေးစည်း ဆေးလေး လိမ်းနဲ့ တသသလုပ်မနေချင်တော့လို့၊ အခုနေ ဆယ်ယောက်တစ်ယောက်လည်း ယှဉ်ချရဲပါရဲ့"

ဘခက်ခမျာ ကိုယ့်ရှူးကိုယ်ပတ်ကာ သူ့မျက်နှာ ပြိုတော့မည့်မိုးလို အုံ့သွားသည်။

"သွား. . .ခုချက်ချင်း ပက်တီးပြန်သွားရှာစည်းခဲ့''

ဘခက်၏ တစ်ချက်လွှတ်အမိန့်မှာ တပည့်များ ပျာယာခတ်သွားသည်။ ပြန်လည်းမပြောရဲချေ။

ထွန်းခင်မှာလည်း သူဘာမှားလည်း မသိသောကြောင့် ကြောင်အမ်းအမ်း။

"မင်းဒဏ်ရာသက်သာပြီ ပြောရဲပြောကြည့် ငါကိုယ်တိုင် ထိုးကြိတ်ပြီး ဆေးခန်း ပြန်ပို့မယ်''

သို့နှင့် ထွန်းခင်မှာ သူဖြည်ထားသည့် ပက်တီးတို့ကို အလျင်အမြန် ကတိုက်ကရိုက် ပြန်စည်း၍ ဆရာသမား ခေါ်ဆောင်ရာ ဆေးခန်းသို့ နောက်တစ်ကြိမ် ရောက်လာ ခဲ့ရတော့သည်။

မလှယဉ်သည် ဆေးခန်းရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသော မော်တော်ကားကို ကြည့်၍ ပိုင်ရှင်ကို အထူးအထွေ ခန့်မှန်းကြည့်စရာ မလိုပေ။

"ကိုဘခက်ပဲ. . .''

ကားတံခါးပွင့်သည်နှင့် အရပ်ထောင်ထောင်မောင်းမောင်း ဘိုင်စကုပ်မင်းသားနှယ် ခံ့၍သန့်သော လူတစ်ယောက်နှင့် ပတ်တီးအလိပ် ဗရမ်းဗတာနှင့် လူတစ်ယောက် ဆင်းလာ လေသည်။

သက္ကလပ်ဘောင်းဘီနှင့် ပြန့်နေအောင် ခေါက်ရိုးကျနသော အင်္ကျီအဖြူလက်ရှည်ကို ဝတ်ဆင်ထားသည့် ဘခက်မှာ ခါတိုင်းလို လူမိုက်အသွင်အပြင်နှင့် မဟုတ်ချေ။ ယခုမှ ဘီအေ အောင်ထားသော ပညာတတ်လူငယ်ရုပ်ကလေးက သူ့ထံ၌ ပေါ်လာသည်။

ထွန်းခင်မှာ ဆရာသမား ဘာစိတ်ကူးပေါက်၍ အပြီအပြင်ရွှိုင်းကာ သူ့ကို ဆေးခန်းတစ်ခေါက်ခေါ်သည်ကို ကနဦး၌ မရိပ်မိသော်လည်း ဖြူဖြူယဉ်ယဉ်လေးနှင့် ချစ်စရာကောင်းသည့် သူနာပြုဆရာမလေးကို တွေ့သည့်အခါ နားလည်သလိုရှိသွားတော့ သည်။

လတ်စသတ်တော့ ဂိုဏ်းချုပ်က ဤဆရာမလေးကို မျက်စိကျနေတာပဲ။

"မလှယဉ်ရေ. . . ဒီမှာ လူနာလာတယ်၊ ဟိုနေ့ကလူပဲ၊ ဒဏ်ရာလေး ဆေးပြီး ပတ်တီး ပြန်စည်းပေးလိုက်ပါဦး၊ ကျွန်တော့်ကို အရေးတကြီးလာပင့်လို့''

ဘခက် ရောက်လာချိန်၌ ဆရာဝန်လေးမှာ ရေးကြီးသုတ်ပျာ ဖြစ်နေသည်။ သူ၏ နံဘေး၌ သက်လတ်ပိုင်းခန့် လူကြီးတစ်ယောက် ထိတ်ထိတ်ပျာပျာအမူအရာနှင့် ရှိနေသည်။

"ဟုတ်. . .ဟုတ်. . .ဆရာ၊ သတိထားသွားဦး"

ဘခက်သည် ပင်ကိုယ်အားဖြင့် သူများ၏ အရေးအရာကို စိတ်မဝင်စားသည့်တိုင် ယခုမူကားဆရာဝန်လေးနှင့် ဆက်စပ်နေ၍ သူမေးမိသွားသည်။

"ဘယ်ကိုသွားရမှာလဲ''

"ဇီးကုန်း''

လူကြီးက ဤနားတစ်ဝိုက်က မဟုတ်၍ ဘခက်ကို သိပုံမရ။ ခပ်ပြတ်ပြတ်ပြန်ဖြေသည်။

"ဝေးတယ်မဟုတ်လား၊ ဘာနဲ့သွားမှာလဲ''

"လှည်းနဲ့. . .''

ထိုသို့ဖြေကာ လူကြီးနှင့် ဆရာဝန်လေးမှာ ဘခက်ရှေ့က သွားကြမည်ပြု၏။

"ခဏ. . .လိုက်ပို့မယ်''

"အဆင်သင့်တာပဲဗျာ၊ ဒါဖြင့် ကူညီပါဦး''

ဆရာဝန်လေးက သူ့လူနာထက် မည်သူမှအရေးမကြီးသောကြောင့် ထို မော်တော်ကား ပါသော လူချော၏ အကူအညီကို လက်ခံလိုက်သည်။ အနှီဆရာဝန်လေးမှာ ထိုဘခက်ဆိုသူနှင့် ပတ်သက်၍ သတိပေးစကားများကိုပင် မေ့လျော့လုလု။

နှစ်ကိုယ်တူ နီးစပ်ဖို့ရာ အကြောင်းဖန်လာ၍ ဘခက်လည်း ကားကို ခပ်မြန်မြန်စက်နှိုး၍ အနှီလူကြီးနှင့် ဆရာဝန်လေးကို တင်ကာ ဇီးကုန်းဆိုသောအရပ်သို့ ထွက်လာခဲ့သည်။

ထွန်းခင်ခမျာသာ ဇွတ်အဆွဲခေါ်ခံရပြီး မပြောမဆို ထားခဲ့ခြင်းကို ခံလိုက်ရသည်။ မလှယဉ်ကို လာဝိုက်ဖို့ရာမှ စိတ်ကူးပြောင်းပြီး ဆရာဝန်လေးနှင့် ပါသွားပြန်သည့် ဆရာသမား ကို နားမလည်နိုင်တော့။ သေချာသည်က သူ၏ ဆရာသည် သူတစ်ပါးကို ပရစိတ် သက်သက် ကူညီလောက်အောင် ကောင်းမွန်သူတော့မဟုတ်။

လမ်းခရီးမှာ ကြမ်းသည်။ သို့သော် ကိုလူချော၏ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် ကားမှာ သိပ်မယမ်း။ ဒေါက်တာနှင့် ဘခက်ကရှေ့ခန်းမှထိုင်၍ လူကြီးကအနောက်၌ ထိုင်သည်။

"ဒါထက် ခင်ဗျားနာမည်က . . .''

ဆရာဝန်လေးက စကားစလာသည်။

"ဘခက်ပါ''

"ခင်ဗျား ဒီဇာတိလား''

"ဟုတ်ပါတယ်ခင်ဗျာ''

"နို့ ခင်ဗျားကြည့်ရတာ ကောလိပ်ဆင်းတစ်ယောက်လိုပဲ''

"ဘီအေအောင်ထားပါတယ်''

"သြော်. . .''

ထိုမျှသာ အာမေဋိတ်ပြုပြီး ဆရာဝန်လေးက ဆက်မပြောတော့။

ဘခက်မှာ မျက်မှန်အောက်က မျက်ဝန်းကို မသိမသာ ခိုးကြည့်ပြီး မရိုးမယွဖြစ်လာ၍ မေးလိုက်တော့သည်။

"ဒါနဲ့ ဒေါက်တာနာမည်က. . .''

"လွန်းမောင်ပါ''

"ဒေါက်တာလွန်းမောင်ပေါ့''

"ဟုတ်ပါတယ်''

ဤတစ်ရက်တော့ အမည်လေးသိရုံမျှနှင့် အတန်ကြီးတန်ပြီဟု ဘခက် အောက်မေ့မိသည်။ ဆရာဝန်လေးမှာ စိတ်ထားကောင်းမွန်ပြီး လူမှုရေးလည်း သိတတ်သူ ဖြစ်မည်။ တစ်လျှောက်လုံးသူ၏ အသံချိုအေးကြည်ကြည်ဖြင့် ဘခက်ကို ကျေးဇူး တင်ကြောင်း အထပ်ထပ်ပြောနေသည်။

ဘခက်ကတော့ ဝသီအတိုင်း ပြုံးထေ့ထေ့ဖြင့် ရပါတယ်ဟုသာ ပြန်တုံ့ပြန်သည်။ အပြင်ပန်း တည်ငြိမ်နေသော လူမိုက်ကြီးမှာ သူ၏ ရင်ဘတ်ထဲ၌ကား ဘုရားပွဲလှည့်သလို ဒုန်းစိုင်းဆူညံနေသည်။

ထိုနေ့က ဇီးကုန်းရွာမှလူနာသည် မွေးလူနာဖြစ်သည်။ မီးဖွားရန်အခက်အခဲတွေ့နေ၍ ဆရာဝန်ပင့်ခြင်းဖြစ်သည်။ ကံကောင်းစွာပင် ချောချောမောမော မွေးဖွားနိုင်ခဲ့သည်။ လူကြီးနှင့် ဆွေမျိူးတို့မှာ ကျေးဇူးတင်သော်လည်း အခကြေးများများလည်း မတတ်နိုင်ရာ အကျပ်ရိုက်နေကြသည်။

"နေပါ၊ ခြေကြွခ မလိုပါဘူး၊ ကျွန်တော်လည်း ဒီကမိတ်ဆွေ လိုက်ပို့တဲ့ကျေးဇူးနဲ့ အဆင်ပြေပြေ ရောက်လာတာပါ''

ဆရာဝန်လေးက သူ့ကိုတွန်းပေးနေသည့် ရွာထွက်သီးနှံ၊ ပဲတို့ကိုအတင်းပင် ပြန်ပေး၍ငြင်းဆန်သည်။ လူနာနှင့်ကလေးအတွက် မှာစရာရှိသည်ကို မှာ၍ နှုတ်ဆက်သည်။

ထို ကောင်းမွန်သော စိတ်ထားလေးကို ကြည့်ရင်း ဘခက်မှာ ရောဂါပိုတိုးလာသည်။ နေရာ၌ပင် ဆရာဝန်လေးကို ပွေ့ပိုက်ထားချင်မိသည်။

အပြန်ခရီးတွင် ဆရာဝန်လေး နှင့် ဘခက်နှစ်ယောက်တည်းသာ။ ပြောစရာမလိုအောင် ဘခက်က ကားကို ဖြည်းဖြည်းမောင်းသည်။

"ဒါနဲ့ ကိုဘခက်. . .''

"ပြော ဒေါက်တာ''

"ခင်ဗျားက လူမိုက်ဆို''

"ဘယ်ကများကြားတာတုံး''

"အကုန်ပြောကြတာပဲ၊ ဆေးခန်းက ခင်ဗျား ပြန်လည်းသွားရော မလှယဥ်နဲ့သူများတွေ ပြောနေကြတာ ကြားတာပဲ၊ တကယ်ပဲလား''

ဘခက်စဉ်းစားသည်။ သူကားရေမရောသော လူမိုက်ဖြစ်သည်။ ဟုတ်သည်ဖြေလိုက်လျှင် လန့်သွားမည်လည်း စိုးသည်။ မဟုတ်ဘူးလည်း သူမလိမ်ချင်ပေ။

"နည်းနည်းပါ ဒေါက်တာ''

"ဘာကိုနည်းနည်းလဲ''

"ကျွန်တော်နည်းနည်းပဲ မိုက်တာ''

"ဟုတ်ရဲ့လားဗျာ၊ ပြောကြတာတော့ ခင်ဗျားလက်ဆက တယ်ပြင်းတယ်တဲ့၊ သေ ကောင်းပေါင်းလဲ ဖြစ်ရသူတွေ မနည်းဘူး ပြောတယ်"

ဘခက်က ယဲ့ယဲ့ပြုံးလိုက်ပြီး အေးအေးသာသာပြန်ဖြေသည်။

"ကောလာဟလတွေပါ၊ မယုံနဲ့ ဒေါက်တာ''

လွန်းမောင် ခေါင်းတဆတ်ဆတ်ညိတ်၍ တစ်ဖက်ပြန်လှည့်သွားသည်။ သူ၏စိတ်ထဲ အနှီ ဘခက်ဆိုသူကို များစွာ အာရုံထားနေမိသည်။ သို့နှင့် အတန်ကြာတွင် ထပ်မေးမိ ပြန်သည်။

"ဒါထက် ခင်ဗျားက အရက်လည်း တယ် သောက်တယ်တဲ့၊ ဟုတ်လား''

ဘခက်မှာ အနှီ မိန်းကလေးများ၏ သတင်း ပျံ့နှံ့နိုင်စွမ်းကို လေးစားမိသည်။ ဆေးခန်းကို မိနစ်ပိုင်းလောက်သာ သွားခဲ့၍ တော်ရော့မည်။ တစ်ရက်လုံးသာ သွားခဲ့လျှင် ဘခက်၏ငယ်ကျိုးငယ်နာများ ဆရာဝန်ကလေး အကုန်သိပြီလား မပြောတတ်။

"ဆေးဖြစ်ဝါးဖြစ်လောက်သောက်တာပါ''

"သိပ်မသောက်နဲ့ဗျာ၊ အဲ့ဒါ အသည်းကိုထိမယ်''

လောလောဆယ်တော့ ဆရာဝန်လေး၏ စကားက ဘခက်နှလုံးသားကို တည့်တည့်ထိ သွားသည်။

"ဟုတ် ဒေါက်တာ''

"ဒါနဲ့ ခင်ဗျားက မုဆိုးလည်းလုပ်တယ်ဆို၊ ကျားတွေဘာတွေတောင် ပစ်သတ်တယ်တဲ့"

"တစ်ခါတစ်လေပါ''

"မလုပ်ပါနဲ့ဗျာ. . .''

လွန်းမောင်သည် နဂိုစိတ်ရင်းကောင်းသူဖြစ်၍ ဝေနေယျများအပေါ် မေတ္တာဓာတ်လည်း ကြီးသည်။

"ကျားတွေကရှားလာပြီဗျ၊ သူတို့ကိုထိန်းသိမ်းရမယ်''

မည်သူမှ ချွတ်မရသည့် လူမိုက်မှာ ယခု၌ တဟုတ်ဟုတ်နှင့် နာခံနေသည်။

"ဟုတ် ဒေါက်တာ''

မကြာမီပင်မော်တော်ကားလေးသည် ဆေးခန်းရှေ့သို့ ပြန်ရောက်လာသည်။

"ကျေးဇူးပါ ကိုဘခက်ရေ၊ ကျွန်တော်နောက်တော့ ထမင်းဖြစ်ဖြစ်ဝယ်ကျွေးပါ့မယ်''

"ရပါတယ် ဒေါက်တာ ကျွန်တော်လည်း ကူညီချင်လို့ပါ''

ကြားလိုက်ရသော ထွန်းခင်မှာ သူ့ဆရာမည်သည့်အချိန်က သူတော်ကောင်း ဖြစ်သွားကြောင်း စဉ်းစားနေသည်။

"ကဲ. . .ဒါဖြင့် ခွင့်ပြုဦး၊ ကျွန်တော်ကိစ္စလေး ရှိလို့၊ ဒီနေ့အတွက် တကယ် ကျေးဇူး တင်ပါတယ်ခင်ဗျာ"

ဆိုကာ ဆရာဝန်လေးက နှုတ်ဆက်ပြီး ဝင်သွားသည်။

ထိုနေ့မှစ၍ ဘခက်သည် တစ်ပတ်လျှင် တပည့်တစ်ယောက်ကျစီ ဆေးခန်းကို ခေါ်ခေါ် သွားသည်။ အမြဲလိုလို ရန်ပွဲနွှဲနေကျသူများဖြစ်၍ ဒဏ်ရာ၊ အနာနှင့် မကင်းပေ။ ရံဖန်ရံခါ သူကိုယ်တိုင်လည်းပါသည်။

ကြာတော့ ဘခက်တပည့်များမှာ သူ၏ ဆရာက ကြောင်ကုတ်သည့် ဒဏ်ရာ လောက်ကိုပင် ဆေးခန်း ဇွတ်အတင်းခေါ်နေသောကြောင့် ပတ်ဝန်းကျင်၌ မိမိတို့၏ သိက္ခာ ကျသည်ဟု ခံစားလာရသည်။ ၎င်းတို့သည် လူမိုက်များဖြစ်၍ မိုက်ရဲ၊ သတ်ရဲသလို ကိုယ်တိုင် ခံရလည်း မမှုပေ။ ယခု ဆရာသမားလုပ်နေပုံက သူတို့ကပင် နုနေသယောင်။

တစ်ရက်တော့ ဘခက်သည် သူ၏တပည့်များထံ၌ ဆေးခန်းပြစရာ ဒဏ်ရာဟူ၍ မတွေ့ရချေ။ ယုတ်ဆွအဆုံး မမြင်ရသည့် ခေါင်းကိုက်၊ ဗိုက်နာလောက်ပင် မဖြစ်ကြဘဲ ဒေါင်ဒေါင်မြည်နေကြသည်ကို တွေ့လိုက်ရသည်။

"မင်းတို့တကယ်ဘာမှမဖြစ်ကြဘူးလား''

အားလုံးက ညီညာစွာ ဖြေသည်။

"မဖြစ်ပါဘူးဆရာ''

ဘခက် စိတ်ပျက်သွားသည်။ သူသည် အကြောင်းရှာ၍ ဆေးခန်း ဝင်ထွက်နေရခြင်း ဖြစ်ရာ အကြောင်းရှာမရလျှင် မည်သို့မည်ပုံ အစပြု၍သွားရမည်မသိတော့။

"ကဲ. . . သွားကြ၊ မင်းတို့တစ်ကောင်မှမမြင်ချင်ဘူး''

စိတ်မကြည်၍ ထိုရက်က စီးကရက်ဖွာရှိုက်ကာ သေနတ် အပစ်ပဲ ကျင့်နေသည်။ နောက်တစ်ရက်တွင် တပည့်တစ်ယောက်မှာ မစားကောင်းသည့် မှိုကို စားမိ၍ အစာအဆိပ် သင့်လေသည်။ ဘခက်မှာ သတင်းကို ကြားသည့်အခါ ချက်ချင်းပင် မျက်နှာဝင်းပ၍ ပျော်ရွှင်သွားပြီး ထိုတပည့်ကို ခေါ်ကာ ဆေးခန်းသို့လာခဲ့တော့သည်။

ဆေးခန်းရှေ့ရောက်တော့ မြင်ကွင်းက မလှပေ။

ဆရာဝန်လေးကို ဂျူတီကုတ်မပါဘဲ တွေ့ရပြီး သူ၏နံဘေး၌ ယောကျ်ားတစ်ယောက် ရှိသည်။ ဘခက်နီးနီးရှည်လျားသော အရပ်အမောင်းနှင့် ဘခက်ထက်ပို၍ သပ်ရပ်သားနား သော သွင်ဟန်ရှိသည်။ တစ်ချက်ကြည့်ရုံမျှပင် ၎င်းတို့သည် ရင်းနှီးသူများဖြစ်ကြောင်း သိသာသည်။ ရယ်မောကာ ချစ်ရည်ရွှမ်းသော မျက်ဝန်းတို့ဖြင့် စကားပြောနေကြသည်။

"ဒေါက်တာလေးရဲ့ မိတ်ဆွေထင်တယ်၊ ရင်းနှီးကြပုံပဲ''

အလိုက်မသိသော တပည့်မှာ မဆီမလျော် ပြောလာသည်။

ဘခက်သည် လွန်မင်းစွာ ဒေါသထွက်၍ ကားကို အကြမ်းပတမ်း မောင်းကာ ထိုနေရာမှ ထွက်လာသည်။ တပည့်ကိုလည်း ဆေးခန်းမပို့တော့။ ထိုနေ့မှစ၍ ဘခက်သည် အပြောင်းလဲ ကြီးပြောင်းလဲသည်။ အသဲကွဲသည့် လူမိုက်မှာ ခါတိုင်းထက်သာ၍ တိုး၍ မိုက်ကန်းပြီး စိတ်ထင်ရာအတိုင်း သောင်းကျန်းလေသည်။ အရက်ပုလင်းများမှာလည်း အခန်း၌ ပြည့်နှက် နေသည်။ အချိန်ပြည့်လိုလို မူးကာ ဒေါသပဲကြီးနေသည်။

ဒေါက်တာလွန်းမောင်သည် ယခုရက်ပိုင်း သူ၏ ဖောက်သည်ကြီးကို ဆေးခန်း၌ မတွေ့ရ၍ သတိရနေသည်။ ခါတိုင်းဆိုလျှင် လူနာ လာပို့ရင်း သူ့အတွက် မုန့်တစ်ခုခု ဝယ် လာကာ ထိုးပေးတတ်သော အနှီလူချောကို အမှုမှတ်အမှတ်မဲ့ ဖြစ်သော်လည်း ယခုမူ ထိုထူးထူးဆန်းဆန်း အပြုအမူကိုပင် သူ့မှာသတိရနေသည်။

နေများမကောင်းသလားတွေးမိတော့ ထိုလူနေမကောင်းလျှင် သူ့ဆီပဲလာရမည်ဟု တွေးမိကာ လွန်းမောင်တစ်ယောက် သူ့အဖြစ်သူ ရယ်ချင်မိသည်။ လူချောလူမိုက်ကြီးကား ပေါ်မလာဇာတ်ခင်းသွားသည်မှာ ကြာလေပြီ။

တစ်ရက်တွင် လူတစ်ယောက် ပျာယီးပျာယာနှင့် ဆေးခန်းထဲသို့ဝင်ချလာသည်။

"ဆရာလိုက်ခဲ့ပါဦး၊ အရေးကြီးလို့ပါ''

လွန်းမောင်မှာ ပင့်လျှင် ကြွရမည့်တာဝန်ရှိ၍လိုက်လာရသည်။ လာခေါ်သည်က မြင်းလှည်းနှင့်ပင်။ ဦးတည်သည်က တောင်အခြေက ခပ်ကျယ်ကျယ်ခြံဝန်းကြီး။ သစ်ပင်များ အုပ်ဆိုင်းနေသည်။

"ဆရာ အမြန်ကလေး လာပါ''

ထိုလူ လောဆော်၍ ဆေးအိတ်ကိုဆွဲကာ လွန်းမောင်အမြန်လိုက်ခဲ့ရသည်။ အိမ်မှာ အိမ်ကြီး အိမ်ကောင်းဖြစ်ပြီး အစေခံများ အများအပြားရှိသည်။

"ဒုတိယထပ်မှာ''

လှေကားကိုတက်ရင်း ထိုလူကဆိုသည်။

"ဘာဖြစ်တာလဲ''

"အဖျားကြီးပြီး သတိလစ်တာ''

အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ရှေးဟောင်း အပြင်အဆင်နှင့် အခန်းကြီးကို တွေ့ရသည်။ ခုတင်အကြီးကြီးတစ်လုံးရှိပြီး လူတစ်ယောက်လဲလျောင်းနေသည်။

"ကိုဘခက်. . .''

အနီးကပ်၌ လွန်းမောင်မှာ အံ့သြတကြီးဖြစ်သွားသည်။ အနှီလူနာကားသူ၏ မိတ်ဆွေကြီးပင်။ ယခုမူ မျက်လုံးပင်မဖွင့်နိုင်၊ အဖျားတက်၍ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေတော့သည်။ လုပ်ဆောင်ရန်ရှိသည့် ဆေးထိုးခြင်း၊ အဖျားကျအောင်ပြုလုပ်ခြင်းတို့အပြီး၌ နာရီဝက်ခန့် အကြာ လူနာ နိုးလာလေသည်။

"နိုးပြီလား''

ကြားနေကျ ကြည်လင်သည့်အသံနှင့် အိပ်မက်ထဲပင် စွဲလမ်းခဲ့ရသူကို ဝေဝေဝါးဝါး တွေ့ရ သည့်အခါ မိမိထင်ယောင်ထင်မှား ဖြစ်နေသလားဟုဘခက်တွေးမိသည်။

"သက်သာရဲ့လား၊ အဖျားတော့ကျပါပြီ''

ဆရာဝန်လေးမှာ နဖူးကို ညင်သာစွာ စမ်း၍ဆိုလာသောကြောင့် ဘခက်သည် အိပ်မက် မဟုတ်ဘဲ အမှန်တကယ် ဖြစ်နေကြောင်း သိလိုက်ရသည်။

"ဒေါက်တာရောက်နေတာပဲ''

"လာပင့်တာကိုးဗျ၊ ခင်ဗျား ဘယ်လိုများ ပစ်စလတ်ခတ်နေနေတာလဲ၊ ဒီလောက် အဖျားကြီးနေတာ ဆေးခန်းမလာဘဲနဲ့''

ဆရာဝန်၏ ဆူပူစကားကို ဘခက်ပြန်မဖြေ။ မဖြေလိုဆိုကပိုမှန်သည်။

"အရက်တွေလည်း လှိမ့်သောက်ထားတာပဲ၊ ကိုဘခက် ကိုယ့်ကိုယ်ကို သတ်သေဖို့ရာ များ လုပ်နေသလားပဲ''

"စိတ်မပူပါနဲ့၊ ကျွန်တော်သက်သာပါပြီ၊ ဒေါက်တာပြန်စရာရှိတာပြန်ပါ''

"ခေါင်းမမာနဲ့၊ ခင်ဗျားလုပ်ပုံနဲ့တော့ ကျွန်တော်နေဦးမယ်၊ ဆန်ပြုတ်လည်း ပြုတ်ခိုင်း ထားတယ်၊ ဒါပြီးဆေးသောက်''

"ပြန်ပါဒေါက်တာ''

"ဘယ်လိုလုပ်နှင်နေရတာလဲ''

လွန်းမောင်မေးလိုက်သည်ကို အနှီဘခက်ကပြန်မဖြေပေ။ သူ့ကိုစူးစိုက်စွာကြည့်၍ တစ်ဖက်ပဲလှည့်သွားသည်။

"ကိုဘခက် ကျွန်တော့်အပေါ်များတစ်ခုခုမကျေလည်တာရှိသလား''

"မရှိပါဘူး၊ ကျွန်တော်မသေနိုင်တာမို့လို့ ဒေါက်တာစိတ်မပူဘဲပြန်ပါ၊ မျှော်တဲ့သူက မျှော်နေမှာပေါ့''

လွန်းမောင်ကြောင်သွားသည်။

"ဘယ်သူမျှော်မှာလဲ၊ ဒီကနေ့လူနာပါးပါတယ်၊ အကုန်ကိုညနေဘက်ချိန်းထားတဲ့ဥစ္စာ''

"ဒေါက်တာကို လူနာမဟုတ်တဲ့သက်ဆိုင်သူလေ၊ စောင့်နေမှာပေါ့''

"ဗျာ. . .''

ဘခက်၏ ခပ်ပြတ်ပြတ်စကားကို လွန်းမောင်ခမျာ နားလည်ရန်အတော်ကြိုးပမ်းယူရမည်။

"ခင်ဗျား. . .ဘာပြောလိုက်တာ''

"ဒေါက်တာ သက်ဆိုင်သူလေ၊ ကျွန်တော်သိပါတယ်၊ မသိချင်ယောင်မဆောင်ပါနဲ့၊ တွေ့လိုက်ပါတယ်၊ အဲ့ဒါဝန်ထောက်မဟုတ်လား၊ ပုံစံကတူတယ်''

လွန်းမောင် နောက်ဆုံးတော့ နားလည်သွားသည်။ သူ့မှာ ဟက်ဟက်ပက်ပက်ပင် ရယ်မိ သွားသည်။ မခံစားနိုင်၍ ဖွင့်ထုတ်မိရာမှာ အရယ်ခံရသောအခါ ဘခက်ပို၍ နာကျင်သွားသည်။

"ခင်ဗျားဗျာ၊ ကြံကြံဖန်ဖန်၊ ဘယ်ကသက်ဆိုင်သူလဲ၊ မိုးကြိုးပစ်ကုန်ပါ့မယ်''

"နို့. . .ဒေါက်တာပဲကြည်ကြည်နူးနူးပြောနေပြီး''

"မဟုတ်ပါခင်ဗျာ၊ အဲ့ဒါ ကျွန်တော်မဟုတ်ပါ၊ ကိုယ့်ကိုယ်ကို မျက်မှန်တပ်ရလို့ မျက်လုံး မှုန်လှအောက်မေ့တာ၊ ခင်ဗျားက ပိုဆိုးနေတာပဲ''

"ဗျာ''

ဒီတစ်ကြိမ်အံ့အားသင့်သွားသည်က ဘခက်ပင်။ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ရန်ကုန်က ကျွန်တော့်ဝမ်းကွဲညီ လွန်းမြိုင်ဆိုတာပါ၊ ဘေးက သူ့အဆက်ဝန်ထောက် ဒီနယ်နားတာဝန်ကျလို့ ကျွန်တော့်ဆီလာလည်ကြတာ''

". . . .''

ဒုတိယံမိ၌ ဘခက်အသံထွက်မလာတော့။ ယခုမှကွဲလွဲချက်ကြီးကို သူသိသွားသည်။ ဆရာဝန်လေးက ရွှေကိုင်းမျက်မှန်ကို မချွတ်တမ်းပင်ဝတ်ထားသည်။ ဟိုနေ့ကတွေ့သော လူငယ်လေးကမပါချေ။ ဆိုရလျှင် ဘခက်မွှန်ထူသွား၍ မသိလိုက်ခြင်းသာဖြစ်သည်။

"ဒါဆို သူတို့က. . .''

"ခင်ဗျားထင်သလိုပါပဲ''

လွန်းမောင်က ခပ်အေးအေးပြန်ဖြေသည်။

ဘခက်မှာ အလုံးကြီးကျသွားသော်လည်း သူ့မှာ ရင်တထိတ်ထိတ်နှင့် အတည်ပြု စရာကို အတည်ပြုချင်သွားသည်။

"ဒါဖြင့် ဒေါက်တာကရော. . .''

ထို မိုက်ကန်းသည့် လူချောကြီး၏ အကြည့်တို့ကို ရင်ဆိုင်ရသည်မှာ လွန်းမောင်၏ နှလုံးသား လေးကို တုန်လှုပ်သွားစေသည်။ သူကတတ်နိုင်သမျှ ဟန်ကိုယ်ဖို့၍-

"ကျွန်တော်က ဘာလဲ''

"မသိချင်ယောင်မဆောင်ပါနဲ့၊ ကျွန်တော် ဘာလို့ ဆေးခန်းကို ဒုက္ခခံပြီး လာလာ နေတာလဲဆိုတာဒေါက်တာသိမှာပါ''

ဒဲ့ဒိုးမနိုင်သေးသမျှ လွန်းမောင်မသိချင်ယောင်ဆောင်ပါမည်။ သူ့ဆီကို တစ်ဖက်သတ် စိတ်ဆိုးပြီး မလာတာက ဘယ်သူမို့လို့လဲ။

"တကယ်မသိတာပါ''

"သိလိုက်ပါဒေါက်တာ၊ ဆေးခန်းလာရအောင် ရန်ပွဲတွေကြံရဖန်ရတာလည်း ဒီနား တစ်ဝိုက် လူကုန်ရှိလှပါပြီ၊ ကျွန်တော်လာရင်ကို ကလေးကအစပြေးပုန်းနေပြီ၊ ဒေါက်တာ ဒီထက်ရက်စက်ရင် မတွေးဝံ့စရာပဲ''

အဆုံးသတ်တော့ လွန်းမောင် နားလည်သွားသည်။ အနှီလူမိုက်နှင့် တပည့်တို့ ဆေးခန်းကို တစ်ပတ်တစ်ခေါက် လာရောက်ကြခြင်းမှာ အကြောင်းမရှိ၊ အကြောင်းရှာကာ ရန်ပွဲနွှဲ၍ လာကြခြင်းဖြစ်သည်။ တစ်ခါကဆိုလျှင် ဘခက်ကိုယ်တိုင် မျက်ခုံး ကွဲလာသည်ကို လွန်းမောင်အမှတ်ရသွားသည်။

ဖြစ်ရပ်တို့ကို ဆက်စပ်ကြည့်ရလျှင် လွန်းမောင်တစ်ခုပဲ မှတ်ချက်ပြုစရာရှိသည်။

"ခင်ဗျား ဒုက္ခမသေးပါလား ကိုဘခက်ရာ''

"ဒေါက်တာသိဖို့ပါပဲ''

"ဆိုပါဦး ဆေးခန်းကဘယ်သူ့ကိုလာရှိတ်တာလဲ''

"ဒေါက်တာသိပါတယ်''

"ခင်ဗျားဖြေလေဗျာ. . .''

လူမိုက်ကြီးမှာ တစ်သက်နှင့်တစ်ကိုယ် ရည်းစားစကားမပြောဖူး၍ အခက်တွေ့ နေသည်။ ထို့ကြောင့် ပြတ်ပြတ်သားသားပဲ ဖြေလိုက်သည်။

"ဒေါက်တာကိုလေ''

လွန်းမောင်မှာ ထိုသို့ အပြောခံလိုက်ရသည့်အခါ ပါးပြင်ရဲသွားသည်။

သူ့မှာ ထပြေးရန်အကြံ အနှီလူနာ၏ အားကောင်းမောင်းသန်အင်အားနှင့် လက်ကို ဖမ်းဆွဲခြင်း ခံလိုက်ရသည်။

"ဘယ်ပြေးမလို့လဲ''

"ဆန်ပြုတ်ရပြီထင်တယ်၊ ဆေးသောက်ရဦးမှာမို့ အဲ့ဒါအရင်ယူပေးမယ်''

"နေပါ ဒေါက်တာ အဖျားထက်အရေးကြီးတဲ့ နှလုံးသားပဲကုပါ''

". . . .''

"ဖြေပါ၊ ကျွန်တော့်ကို မရက်စက်ဘူးမဟုတ်လား၊ ဒေါက်တာ သနားတတ်တာ သိပါ တယ်''

ရင်တဒိတ်ဒိတ်ခုန်၍ လွန်းမောင် အသံထွက်မလာချေ။ သူ့မှာ လက်ကောက်ဝတ်ကို ဖျစ်ညှစ်ပြီး စိုက်ကြည့်နေသူထံမှ မည်သို့ရုန်းထွက်ရမည်မသိ။

"ဒေါက်တာ  . . .''

"အမ်း. . .''

"ကျွန်တော့်ဒုက္ခကို သနားပါလေ၊ ဒေါက်တာနဲ့မှတော်တော်ဖြစ်နေလို့ပါ''

"ယုံလို့ရရဲ့လားဗျာ''

လွန်းမောင်အသံကတိုးနေသည်။

ဘခက်မှာ ထိုအမူအရာမြင်သည့်အခါ ရည်းစားသနာမထားဖူးသည့်တိုင် အခြေအနေ ဟန်ပြီဖြစ်ကြောင်း ရုတ်ခြည်းသဘောပေါက်၍ အိပ်ရာထဲငေါက်ခနဲထ၍ ဆရာဝန်ကလေး၏ ပခုံးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ မျက်ဝန်းအစုံကိုကြည့်၍ -

"အသက်နဲ့ရင်းပြီးတိုင်တည်ပါတယ်၊ ဒေါက်တာကိုတကယ်ချစ်တာပါဗျာ''

လွန်းမောင်အကြာကြီး တိတ်သွားသည်။ နွမ်းလျနေသော လူချောကိုကြည့်လေလေ သူ့မှာ သနားလာလေလေဖြစ်သည်။ သူ့အတွက်ရက်များစွာ ဒုက္ခခံရသည်ကို သိလျှင် ပိုလို့ သနားရသည်။

"အင်း. . .''

"ဗျာ . . .မကြားရဘူး''

"သနားတယ်လို့ ခင်ဗျားကို''

"ဒါဖြင့် ချစ်ရော ချစ်တယ်မလား၊ တစ်ခါတည်းပဲ ဖြေလိုက်ပါ၊ ကျွန်တော် သိပ်စိတ်မရှည်လို့''

လွန်းမောင်ရှက်သွားသည်။

ဘခက်သည် အရှက်သည်းနေသော ဆရာဝန်ကလေးကို အသဲယားလှသောကြောင့် သူ၏ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ အဖျားမှာယူပစ်လိုက်သလိုပျောက်သွားလေသည်။

ထိုနေ့မှစ၍ လူမိုက်ဘခက်မှာ သူ၏ အချစ်ဒုက္ခတို့ကို ကယ်တင် စောင်မပေးမည့် ဝေနေယျတို့ကို သနားကြင်နာတတ်သော ဆရာဝန်လေးတစ်ယောက်နှင့် ရေစက်စုံ၍ ပေါင်းဖက်သွားရလေသည်။

.........................................................................................................................................................

Zawgyi

ဘခက္သည္ မႏၲေလးၿမိဳ႕၏အစြန္ ရန္ကင္းေတာင္အေျခက ၿခံဝန္းက်ယ္က်ယ္၌ တပည့္လက္သား မ်ားစြာႏွင့္ ေနထိုင္၏။ သူ၏ မိဘမ်ား ကြယ္လြန္သြားသည္မွာ ၾကာၿပီျဖစ္ၿပီး တစ္ဦးတည္း က်န္ခဲ့ကာ ေမြးျမဴၿခံလုပ္ငန္းျဖင့္ အသက္ေမြး၏။

စစ္စစ္တြင္ ဘခက္မွာ ရန္ကုန္ေကာလိပ္မွ ဘီေအတန္းေအာင္ခဲ့ေသာ ေခတ္သိပၸံဘြဲ႕ရ ပညာတတ္တစ္ေယာက္ ျဖစ္သည္။ သို႔ေသာ္ျငားလည္း သူသည္ အဂၤလိပ္လက္ေအာက္၌ အခစားရေသာ နယ္ပိုင္၊ ၿမိဳ႕ပိုင္ လခစားအလုပ္ကိုမလုပ္။ မိဘမ်ား၏ လက္ငုတ္ရင္း လုပ္ငန္း ကိုသာ ဆက္လက္လုပ္ကိုင္သည္။ ထိုနယ္တစ္ဝိုက္တြင္ ဘခက္သည္ အမည္နာမ တစ္လုံးႏွင့္ ေက်ာ္ၾကားသည္။ အေကာင္းေတာ့ မဟုတ္ေခ်။သူ၏ ရမ္းကားဆိုးေတေသာ အမႈမ်ားေၾကာင့္ လူရမ္းကား၊ လူမိုက္အျဖစ္ ေက်ာ္ၾကားျခင္း ျဖစ္သည္။

၎ကား အရပ္အေမာင္းသည္ ေျခာက္ေပေက်ာ္ေက်ာ္ ျမင့္မားၿပီး သာမန္ ျမန္မာ အမ်ိဳးသားမ်ားထက္ ေခါင္းတစ္လုံးသာသာ ရွိသည္။ ထြားက်ိဳင္းေသာ ကိုယ္ခႏၶာႏွင့္ ညိဳေသာ အသားအေရ ရွိသည္။ မ်က္ဝန္းတစ္စုံသည္ သိမ္းငွက္ပမာ စူးရဲၿပီး မ်က္ခုံးမ်ားကား နက္ေမွာင္သည္။ တစ္စုံတစ္ေယာက္ အလြယ္တကူ ပမာမခန႔္ မျပဳရဲႏိုင္ေလာက္သည့္အထိ ခက္ထန္ေသာ အသြင္အျပင္ရွိသည္။

အထူးထူးေသာ ဒုစ႐ိုက္တို႔သည္ ဘခက္၏ အစြဲအလမ္း၊ အေလ့အထုံျဖစ္၍ သူသည္ မေကာင္းမႈကို အလြန္ႏွစ္ၿခိဳက္သည္။ ရွဴးဝါး (Sure) ေတြ႕လွ်င္ အခ်ီႀကီးေအာကာ ျမင္းပြဲ ေလာင္းသည္။ ဝစကီေကာင္းေကာင္းကို ေစ်းႀကီးေပးမွာကာ ေရခဲစပ္၍ ပုလင္းအလဲခ် တတ္သည္။ အမဲလိုက္ျခင္းကို အထူးခုံမင္ကာ အိမ္၌ သမင္ဦးခ်ိဳ၊ ဒရယ္ခ်ိဳ၊ ေျပာင္ခ်ိဳ၊ က်ားသားေရမ်ား အႏွံ႔အျပား ရွိ၏။

ထိုနယ္တလ်ား မိုက္သည္ဆိုေသာေကာင္သည္ ဘခက္ႏွင့္ ထိပ္တိုက္မေတြ႕မရွိေပ။ အနိမ့္ဆုံး ထိပ္ေပါက္ေခါင္းကြဲမွ အျမင့္ဆုံး အသက္လုကာ ဆန္႔ငင္ဆန္႔ငင္ျဖစ္ရသည္အထိ ဘခက္က လက္ဆျပင္းသည္။ သူ,မလုပ္သည့္ တစ္ခုတည္းေသာ မေကာင္းမႈကား မိန္းမ,မလိုက္စားျခင္းသာရွိသည္။

အသက္ပင္ ႏွစ္ဆယ့္ခုႏွစ္ျပည့္လုလု။ မိုက္ကန္းသည္မွ လြဲ၍ ႐ုပ္ရည္၊ဥစၥာ၊ပညာ အျပည့္အစုံ ျဖစ္ေသာ္ျငား ယေန႔ထိ ဘခက္၌ လက္တြဲေဖာ္ မရွိေသး။ စပ္ဟပ္ၾကသူမ်ား ရွိေသာ္လည္း ဘခက္ကား အႏွီသမီးရွင္တို႔ကို ဖုတ္ေလတဲ့ငပိ ရွိသည္ဟုပင္ မေအာက္ေမ့။ သို႔ႏွင့္ သူလည္း တစ္ကိုယ္တည္း ျဖစ္ေနေလသည္။

ထိုေန႔က ညေနေစာင္း ၿခံဝင္းက်ယ္က ေနာက္မွီပက္လက္ထိုင္ခုံ၌ ဘခက္တစ္ေယာက္ လဲေလ်ာင္းကာ စီးကရက္ကို ဖြာရႈိက္ေန၏။ စီးကရက္ အေငြ႕တို႔သည္ ျပာမႈိင္းရီေဝကာ ဝန္းက်င္၌ လြင့္ျမဴးယွက္သန္းသြားသည္။

အျမင္အားျဖင့္ ဘခက္သည္ စိတ္ေအးလက္ေအး ထိုင္၍ ေလာကစည္းစိမ္ ယူေနသည္ဟု အထင္ရွိရေသာ္လည္း အမွန္အားျဖင့္ သူသည္ ႀကီးစြာေသာ ေဝဒနာကို ခံစားေနရျခင္း ျဖစ္သည္။ ျဖစ္တည္ရာ ေဝဒနာ၏ ေနရာ အတိအက်ကား စေနနံ အကၡရာ အစျပဳေသာ ႏွလုံးသားပင္။ သူ၏ စိတ္ကူးအာ႐ုံ၌ ေျပျပစ္လွပ၊ ႏူးညံ့သည့္ လက္ေခ်ာင္း ကေလးမ်ားသည္ စီးကရက္အေငြ႕မ်ားၾကား ႐ိုးတိုးရိပ္တိပ္လာထင္ဟပ္၏။

ထိုအခိုက္အတန္႔တြင္ ဘခက္ခမ်ာ ႏွလုံးသားကို ပု႐ြက္ဆိတ္ေလးကိုက္သလို ခံရခက္စြာ မ႐ိုးမယြျဖစ္သြားသည္။

"ခက္တယ္. . .ဒါ အေတာ္ခက္တယ္''

တစ္ကိုယ္တည္း ရင္တြင္းေဝဒနာ သက္သာလိုသက္သာျငား ညည္းတြားၾကည့္၏။ အခ်ည္းႏွီးပင္။ ပို၍ပင္ ဆိုးလာကာ ေလးေထာင့္က်က် ေ႐ြေရာင္ဝင္းဝင္း မ်က္မွန္ ကေလးကိုပင္ သူ႔ခမ်ာ ျပန္ျမင္ေယာင္လာသည္။ ထိုမ်က္မွန္ေအာက္က မ်က္ဝန္းတစ္စုံ ကိုကား ဆိုဖြယ္ရာမရွိေတာ့။ ဆရာဝန္မ်ားဟာ လူနာကို ေရာဂါကုသေပးသတဲ့။ အခု ဒီဆရာဝန္နဲ႔မွပဲ ဘခက္တစ္ေယာက္ ေရာဂါတိုးေနေလသည္။

ျဖစ္ပုံမွာ လြန္ခဲ့သည့္ ရက္ပိုင္းခန္႔က ဘခက္ႏွင့္ ငယ္သားအခ်ိဳ႕ အျခားၿမိဳ႕မွ မိုက္ေၾကး လာခြဲသူမ်ားႏွင့္ ျမင္းကြင္း၌ ရန္ပြဲျဖစ္ၾက၏။ အင္အားခ်င္း မတိမ္းမယိမ္းရွိေသာ္လည္း ဘခက္ လက္သံေျပာင္ေသာေၾကာင့္ တစ္ဖက္မွာ မခ်ိမဆံ့ခံသြားရသည္။ ဘခက္ဘက္က ေမာင္ထြန္းခင္ဆိုသူ တပည့္တစ္ေယာက္မွာေတာ့ လက္က်ိဳးေခါင္းပဲ့ျဖစ္သြားေလ၏။

ဒဏ္ရာအေတာ္မ်ားေလရာ ဘခက္ လ်စ္လ်ဴမထားႏိုင္၍ သေကာင့္သားကိုေခၚ၍ နီးရာ အဂၤလိပ္ေဆးခန္းသို႔ ေခၚသြားရ၏။ ေခတ္ပညာတတ္ေပမို႔ ဗေႏၶာဆရာဘာညာကို ဘခက္ အယုံအၾကည္မရွိ။ ျမန္ျမန္ထက္ထက္ခ်ဳပ္၍ ေဆးထည့္လိုက္ျခင္းသာ အေျဖဟု သူယုံ၏။ ျဖစ္ခ်င္ေတာ့ ေဆးခန္းကအသစ္ဖြင့္ထားေသာ ေဆးခန္းျဖစ္ေလ၏။

ထိုမွ သူနာျပဳကေတာ့ ေတာင္ေျခဇာတိပဲျဖစ္၍ ဘခက္သိ၏။ မလွယဥ္ ဆိုသူျဖစ္သည္။ အသက္ႏွစ္ဆယ္ဝန္းက်င္ ျဖဴျဖဴေဖြးေဖြး ခ်စ္ခင္စဖြယ္ေလးျဖစ္သည္။ ဆရာဝန္ကိုေတာ့ ဘခက္မသိ။ ဘခက္သိသည္က ထိုဆရာဝန္သည္ ပန္းခ်ီဆရာ တေမ့တေမာ ေရးဆြဲ ခ်င္ေလာက္ေသာ၊ ပန္းပုဆရာ မ်က္ေတာင္မခတ္တမ္း စ်ာန္ဝင္တစား ထုလုပ္ခ်င္ ေလာက္ေသာ အဆင္းအသြင္ ရွိ၏။

လြန္ခဲ့ေသာသုံးရက္ခန္႔-

"လာပါခင္ဗ်ာ. . .ျမန္ျမန္ေလး. . .ေသြးအေတာ္ထြက္ေနတာပဲ''

ေဆးခန္း၌ ဘခက္ ေၾကာင္ေငးမိသြား၍ ဆရာဝန္ေလးက ကပ်ာကယာေျပာခဲ့ရ၏။ ထိုေနာက္တြင္ ဆရာဝန္ေလးသည္ လူနာ၏ ဟက္တက္ကြဲေနေသာ ဦးေစာင္းနားကို ဂြမ္းစႏွင့္ ေသြးအလိမ္းလိမ္းအား ခပ္စင္စင္ သုတ္ယူဖယ္ရွားၾကည့္ၿပီး-

"အတြင္းနက္နက္ေတာ့ ထိပုံမရဘူး၊ ကဲ မလွယဥ္ လိုအပ္တာေလးေတြ ယူခဲ့ပါဦး"

ဆရာဝန္ကေလးသည္ ႐ူပအဆင္း၏ ခံ့ညားလွပျခင္းသာမက အသံ၏ ေကာင္းျခင္း ႏွင့္လည္း ျပည့္စုံပါသည္။ ၾကားရသူရင္ကို ေအးခ်မ္းသြားေစေသာ အစြမ္းသတၱိရွိသည္။ လူနာမဆိုႏွင့္ လူမိုက္ႀကီး ဘခက္ပင္လွ်င္ သူကေလး၏ အသံေၾကာင့္ အတန္ငယ္ စိတ္ႏွလုံးၿငိမ္းခ်မ္းသြားသည္။ အစမွ အဆုံး ဆရာဝန္ေလး ျပဳမူေဆာင္႐ြက္ေပးေနသည္ကို ေစ့ေစ့စိုက္စိုက္ လိုက္ၾကည့္မိရင္း သြယ္ေပ်ာင္းသည့္ လက္တို႔၏ က်င္လည္စြာ လႈပ္ရွား ေနမႈက ဘခက္ကို ညႇိဳ႕ငင္သြားသည္။

"ကဲ. . .ဒီေလာက္ထိ ဘာမ်ားျဖစ္လာရသလဲ၊ က်ိဳးတဲ့လက္ကိုလည္း ပက္တီး စည္းၿပီးပါၿပီ''

မလွယဥ္သည္ အေရွ႕က အမည္ေက်ာ္ လူမိုက္ဘခက္ကို သိရွိသူျဖစ္၍ အထူးအေထြ မေျပာရန္ ဆရာ့ကို တားျမစ္ခ်င္ေသာ္လည္း အခ်ိန္မမီေတာ့ေခ်။

"မဟုတ္မွလြဲေရာ . . .ခင္ဗ်ားတို႔ အခ်င္းမ်ားၿပီး လက္လြန္လာသလား၊ ကြၽန္ေတာ္ ဂတ္တဲ. . .''

"ေဒါက္တာ''

ဘခက္၏ ရႈတည္တည္မ်က္ႏွာထားႏွင့္ ေအးစက္စက္ အေငြ႕အသက္ႀကီးကို လန္႔၍ မလွယဥ္ တားျမစ္ရသည္။ ထြန္းခင္မွာလည္း သူ႔ဆရာ မ်က္ႏွာကဲကိုသာ ၾကည့္ေနရသည္။

"ဘာျပဳလို႔လဲ. . . မလွယဥ္"

ဆရာဝန္ေလးမွာ အပီအျပင္ တရားေရေအး တိုက္ေကြၽးဖို႔ရာ ျပင္ေနေသာေၾကာင့္ သူ တားျမစ္ခံရျခင္း အေၾကာင္းကို နားမလည္။

"ေက်းဇူးပါ. . . ေဒါက္တာ. . .က်သေလာက္ေလးေျပာပါ၊ ဂတ္တဲေတာ့ ကြၽန္ေတာ္တို႔ မသြား ေတာ့ပါဘူး''

ဘခက္၏ ခပ္ၾသၾသ အသံၾကားမွ ဆရာဝန္ေလး ေမာ့ၾကည့္လာသည္။ မ်က္ဝန္းမ်ားမွာ ေ႐ႊေရာင္မ်က္မွန္ ကာထားသည့္တိုင္ ၾကည္လင္ေတာက္ပသည္။ အၾကည့္ခ်င္း ဆုံသြားခ်ိန္၌ ဘခက္ခမ်ာ အသည္းဆိုင္၌ ငလ်င္ျပင္းျပင္း လႈပ္သြားရသည္။ သို႔ေသာ္ သူကား တည္တည္ ၾကည္ၾကည္ျဖင့္ ဟန္ကိုယ္ဖို႔ ေနလိုက္သည္။

"ဒါျဖင့္လည္းၿပီးတာပဲ၊ ကြၽန္ေတာ္က ရာဇဝတ္နဲ႔ မကင္းမကင္း ျဖစ္ေနမွာစိုးတာ၊ လူနာက ေပါ့လို႔မရဘူးေနာ္၊ ေသာက္ေဆးပါအၫႊန္းေပးလိုက္မယ္၊ အဂၤလိပ္ေဆးတိုက္ကို သြားဝယ္ခ်ည္''

ဆရာဝန္ေလးက ထြန္းခင္ကို အက်အနဂ႐ုတစိုက္ရွိေနရာ ဘခက္ပင္ အနည္းငယ္ ခိုးလုခိုးလုျဖစ္မိသည္။ ဘဝ၌ ပထမဆုံးအႀကိမ္ ႏွလုံးသားက လႈပ္ခတ္လာျခင္း ျဖစ္၍ ဘခက္ခမ်ာ အပိုစကားမဆိုတတ္ခဲ့။ က်သင့္ေငြေပးၿပီး ထြန္းခင္ကို ေခၚကာ သူ၏ ေမာ္ေတာ္ကားျဖင့္ ေဆးခန္းမွ ခပ္ေလာေလာ ထြက္လာမိေတာ့သည္။ အိမ္ေရာက္ေတာ့ ဘခက္ခမ်ာ အႀကီးအက်ယ္ ဒုကၡမ်ားေလသည္။ သူသည္ ဆရာဝန္ေလး၏ နာမည္ကိုမွ မေမးခဲ့ရေပ။

"ဆရာ. . .ထြန္းခင္ကို ေခၚခဲ့ပါၿပီ''

တပည့္တစ္ေယာက္ အသံၾကားမွ အေတြးေရယာဥ္ေၾကာမွ ဘခက္ျပန္လည္ ႏိုးထလာသည္။ သေကာင့္သားမွာ ဦးေခါင္း၌ေရာ၊ လက္၌ေရာ ပတ္တီးႏွင့္တူသည္ဆို၍ ျဖဴျဖဴအစပင္ မရွိခဲ့။ ဘခက္ မ်က္ေမွာင္ၾကဳတ္သြားသည္။

"ဘယ္မလဲ မင္းဒဏ္ရာ. . .''

ေမးလိုက္ေသာအခါ ထြန္းခင္က မ်က္ႏွာလို၊ မ်က္ႏွာရလုပ္ေသာ အမူအရာျဖင့္-

"ဆရာပဲေျပာသေလ၊ လူမိုက္ဆိုတာ မိုက္ကန္းရဲ႐ုံမကဘူး၊ အခန္႔မသင့္လို႔ အႏွံခံရရင္လည္း ခံရဲရမယ္ဆိုတာ၊ ကြၽန္ေတာ္ ခံရဲပါတယ္ဆရာ၊ ပတ္တီးေလးစည္း ေဆးေလး လိမ္းနဲ႔ တသသလုပ္မေနခ်င္ေတာ့လို႔၊ အခုေန ဆယ္ေယာက္တစ္ေယာက္လည္း ယွဥ္ခ်ရဲပါရဲ႕"

ဘခက္ခမ်ာ ကိုယ့္ရွဴးကိုယ္ပတ္ကာ သူ႔မ်က္ႏွာ ၿပိဳေတာ့မည့္မိုးလို အုံ႔သြားသည္။

"သြား. . .ခုခ်က္ခ်င္း ပက္တီးျပန္သြားရွာစည္းခဲ့''

ဘခက္၏ တစ္ခ်က္လႊတ္အမိန္႔မွာ တပည့္မ်ား ပ်ာယာခတ္သြားသည္။ ျပန္လည္းမေျပာရဲေခ်။

ထြန္းခင္မွာလည္း သူဘာမွားလည္း မသိေသာေၾကာင့္ ေၾကာင္အမ္းအမ္း။

"မင္းဒဏ္ရာသက္သာၿပီ ေျပာရဲေျပာၾကည့္ ငါကိုယ္တိုင္ ထိုးႀကိတ္ၿပီး ေဆးခန္း ျပန္ပို႔မယ္''

သို႔ႏွင့္ ထြန္းခင္မွာ သူျဖည္ထားသည့္ ပက္တီးတို႔ကို အလ်င္အျမန္ ကတိုက္က႐ိုက္ ျပန္စည္း၍ ဆရာသမား ေခၚေဆာင္ရာ ေဆးခန္းသို႔ ေနာက္တစ္ႀကိမ္ ေရာက္လာ ခဲ့ရေတာ့သည္။

မလွယဥ္သည္ ေဆးခန္းေရွ႕ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ခ်လာေသာ ေမာ္ေတာ္ကားကို ၾကည့္၍ ပိုင္ရွင္ကို အထူးအေထြ ခန္႔မွန္းၾကည့္စရာ မလိုေပ။

"ကိုဘခက္ပဲ. . .''

ကားတံခါးပြင့္သည္ႏွင့္ အရပ္ေထာင္ေထာင္ေမာင္းေမာင္း ဘိုင္စကုပ္မင္းသားႏွယ္ ခံ့၍သန္႔ေသာ လူတစ္ေယာက္ႏွင့္ ပတ္တီးအလိပ္ ဗရမ္းဗတာႏွင့္ လူတစ္ေယာက္ ဆင္းလာ ေလသည္။

သကၠလပ္ေဘာင္းဘီႏွင့္ ျပန္႔ေနေအာင္ ေခါက္႐ိုးက်နေသာ အက်ႌအျဖဴလက္ရွည္ကို ဝတ္ဆင္ထားသည့္ ဘခက္မွာ ခါတိုင္းလို လူမိုက္အသြင္အျပင္ႏွင့္ မဟုတ္ေခ်။ ယခုမွ ဘီေအ ေအာင္ထားေသာ ပညာတတ္လူငယ္႐ုပ္ကေလးက သူ႔ထံ၌ ေပၚလာသည္။

ထြန္းခင္မွာ ဆရာသမား ဘာစိတ္ကူးေပါက္၍ အၿပီအျပင္႐ႊိုင္းကာ သူ႔ကို ေဆးခန္းတစ္ေခါက္ေခၚသည္ကို ကနဦး၌ မရိပ္မိေသာ္လည္း ျဖဴျဖဴယဥ္ယဥ္ေလးႏွင့္ ခ်စ္စရာေကာင္းသည့္ သူနာျပဳဆရာမေလးကို ေတြ႕သည့္အခါ နားလည္သလိုရွိသြားေတာ့ သည္။

လတ္စသတ္ေတာ့ ဂိုဏ္းခ်ဳပ္က ဤဆရာမေလးကို မ်က္စိက်ေနတာပဲ။

"မလွယဥ္ေရ. . . ဒီမွာ လူနာလာတယ္၊ ဟိုေန႔ကလူပဲ၊ ဒဏ္ရာေလး ေဆးၿပီး ပတ္တီး ျပန္စည္းေပးလိုက္ပါဦး၊ ကြၽန္ေတာ့္ကို အေရးတႀကီးလာပင့္လို႔''

ဘခက္ ေရာက္လာခ်ိန္၌ ဆရာဝန္ေလးမွာ ေရးႀကီးသုတ္ပ်ာ ျဖစ္ေနသည္။ သူ၏ နံေဘး၌ သက္လတ္ပိုင္းခန္႔ လူႀကီးတစ္ေယာက္ ထိတ္ထိတ္ပ်ာပ်ာအမူအရာႏွင့္ ရွိေနသည္။

"ဟုတ္. . .ဟုတ္. . .ဆရာ၊ သတိထားသြားဦး"

ဘခက္သည္ ပင္ကိုယ္အားျဖင့္ သူမ်ား၏ အေရးအရာကို စိတ္မဝင္စားသည့္တိုင္ ယခုမူကားဆရာဝန္ေလးႏွင့္ ဆက္စပ္ေန၍ သူေမးမိသြားသည္။

"ဘယ္ကိုသြားရမွာလဲ''

"ဇီးကုန္း''

လူႀကီးက ဤနားတစ္ဝိုက္က မဟုတ္၍ ဘခက္ကို သိပုံမရ။ ခပ္ျပတ္ျပတ္ျပန္ေျဖသည္။

"ေဝးတယ္မဟုတ္လား၊ ဘာနဲ႔သြားမွာလဲ''

"လွည္းနဲ႔. . .''

ထိုသို႔ေျဖကာ လူႀကီးႏွင့္ ဆရာဝန္ေလးမွာ ဘခက္ေရွ႕က သြားၾကမည္ျပဳ၏။

"ခဏ. . .လိုက္ပို႔မယ္''

"အဆင္သင့္တာပဲဗ်ာ၊ ဒါျဖင့္ ကူညီပါဦး''

ဆရာဝန္ေလးက သူ႔လူနာထက္ မည္သူမွအေရးမႀကီးေသာေၾကာင့္ ထို ေမာ္ေတာ္ကား ပါေသာ လူေခ်ာ၏ အကူအညီကို လက္ခံလိုက္သည္။ အႏွီဆရာဝန္ေလးမွာ ထိုဘခက္ဆိုသူႏွင့္ ပတ္သက္၍ သတိေပးစကားမ်ားကိုပင္ ေမ့ေလ်ာ့လုလု။

ႏွစ္ကိုယ္တူ နီးစပ္ဖို႔ရာ အေၾကာင္းဖန္လာ၍ ဘခက္လည္း ကားကို ခပ္ျမန္ျမန္စက္ႏႈိး၍ အႏွီလူႀကီးႏွင့္ ဆရာဝန္ေလးကို တင္ကာ ဇီးကုန္းဆိုေသာအရပ္သို႔ ထြက္လာခဲ့သည္။

ထြန္းခင္ခမ်ာသာ ဇြတ္အဆြဲေခၚခံရၿပီး မေျပာမဆို ထားခဲ့ျခင္းကို ခံလိုက္ရသည္။ မလွယဥ္ကို လာဝိုက္ဖို႔ရာမွ စိတ္ကူးေျပာင္းၿပီး ဆရာဝန္ေလးႏွင့္ ပါသြားျပန္သည့္ ဆရာသမား ကို နားမလည္ႏိုင္ေတာ့။ ေသခ်ာသည္က သူ၏ ဆရာသည္ သူတစ္ပါးကို ပရစိတ္ သက္သက္ ကူညီေလာက္ေအာင္ ေကာင္းမြန္သူေတာ့မဟုတ္။

လမ္းခရီးမွာ ၾကမ္းသည္။ သို႔ေသာ္ ကိုလူေခ်ာ၏ ကြၽမ္းက်င္ပိုင္ႏိုင္မႈေၾကာင့္ ကားမွာ သိပ္မယမ္း။ ေဒါက္တာႏွင့္ ဘခက္ကေရွ႕ခန္းမွထိုင္၍ လူႀကီးကအေနာက္၌ ထိုင္သည္။

"ဒါထက္ ခင္ဗ်ားနာမည္က . . .''

ဆရာဝန္ေလးက စကားစလာသည္။

"ဘခက္ပါ''

"ခင္ဗ်ား ဒီဇာတိလား''

"ဟုတ္ပါတယ္ခင္ဗ်ာ''

"ႏို႔ ခင္ဗ်ားၾကည့္ရတာ ေကာလိပ္ဆင္းတစ္ေယာက္လိုပဲ''

"ဘီေအေအာင္ထားပါတယ္''

"ေၾသာ္. . .''

ထိုမွ်သာ အာေမဋိတ္ျပဳၿပီး ဆရာဝန္ေလးက ဆက္မေျပာေတာ့။

ဘခက္မွာ မ်က္မွန္ေအာက္က မ်က္ဝန္းကို မသိမသာ ခိုးၾကည့္ၿပီး မ႐ိုးမယြျဖစ္လာ၍ ေမးလိုက္ေတာ့သည္။

"ဒါနဲ႔ ေဒါက္တာနာမည္က. . .''

"လြန္းေမာင္ပါ''

"ေဒါက္တာလြန္းေမာင္ေပါ့''

"ဟုတ္ပါတယ္''

ဤတစ္ရက္ေတာ့ အမည္ေလးသိ႐ုံမွ်ႏွင့္ အတန္ႀကီးတန္ၿပီဟု ဘခက္ ေအာက္ေမ့မိသည္။ ဆရာဝန္ေလးမွာ စိတ္ထားေကာင္းမြန္ၿပီး လူမႈေရးလည္း သိတတ္သူ ျဖစ္မည္။ တစ္ေလွ်ာက္လုံးသူ၏ အသံခ်ိဳေအးၾကည္ၾကည္ျဖင့္ ဘခက္ကို ေက်းဇူး တင္ေၾကာင္း အထပ္ထပ္ေျပာေနသည္။

ဘခက္ကေတာ့ ဝသီအတိုင္း ၿပဳံးေထ့ေထ့ျဖင့္ ရပါတယ္ဟုသာ ျပန္တုံ႔ျပန္သည္။ အျပင္ပန္း တည္ၿငိမ္ေနေသာ လူမိုက္ႀကီးမွာ သူ၏ ရင္ဘတ္ထဲ၌ကား ဘုရားပြဲလွည့္သလို ဒုန္းစိုင္းဆူညံေနသည္။

ထိုေန႔က ဇီးကုန္း႐ြာမွလူနာသည္ ေမြးလူနာျဖစ္သည္။ မီးဖြားရန္အခက္အခဲေတြ႕ေန၍ ဆရာဝန္ပင့္ျခင္းျဖစ္သည္။ ကံေကာင္းစြာပင္ ေခ်ာေခ်ာေမာေမာ ေမြးဖြားႏိုင္ခဲ့သည္။ လူႀကီးႏွင့္ ေဆြမ်ိဴးတို႔မွာ ေက်းဇူးတင္ေသာ္လည္း အခေၾကးမ်ားမ်ားလည္း မတတ္ႏိုင္ရာ အက်ပ္႐ိုက္ေနၾကသည္။

"ေနပါ၊ ေျခႂကြခ မလိုပါဘူး၊ ကြၽန္ေတာ္လည္း ဒီကမိတ္ေဆြ လိုက္ပို႔တဲ့ေက်းဇူးနဲ႔ အဆင္ေျပေျပ ေရာက္လာတာပါ''

ဆရာဝန္ေလးက သူ႔ကိုတြန္းေပးေနသည့္ ႐ြာထြက္သီးႏွံ၊ ပဲတို႔ကိုအတင္းပင္ ျပန္ေပး၍ျငင္းဆန္သည္။ လူနာႏွင့္ကေလးအတြက္ မွာစရာရွိသည္ကို မွာ၍ ႏႈတ္ဆက္သည္။

ထို ေကာင္းမြန္ေသာ စိတ္ထားေလးကို ၾကည့္ရင္း ဘခက္မွာ ေရာဂါပိုတိုးလာသည္။ ေနရာ၌ပင္ ဆရာဝန္ေလးကို ေပြ႕ပိုက္ထားခ်င္မိသည္။

အျပန္ခရီးတြင္ ဆရာဝန္ေလး ႏွင့္ ဘခက္ႏွစ္ေယာက္တည္းသာ။ ေျပာစရာမလိုေအာင္ ဘခက္က ကားကို ျဖည္းျဖည္းေမာင္းသည္။

"ဒါနဲ႔ ကိုဘခက္. . .''

"ေျပာ ေဒါက္တာ''

"ခင္ဗ်ားက လူမိုက္ဆို''

"ဘယ္ကမ်ားၾကားတာတုံး''

"အကုန္ေျပာၾကတာပဲ၊ ေဆးခန္းက ခင္ဗ်ား ျပန္လည္းသြားေရာ မလွယဥ္နဲ႔သူမ်ားေတြ ေျပာေနၾကတာ ၾကားတာပဲ၊ တကယ္ပဲလား''

ဘခက္စဥ္းစားသည္။ သူကားေရမေရာေသာ လူမိုက္ျဖစ္သည္။ ဟုတ္သည္ေျဖလိုက္လွ်င္ လန္႔သြားမည္လည္း စိုးသည္။ မဟုတ္ဘူးလည္း သူမလိမ္ခ်င္ေပ။

"နည္းနည္းပါ ေဒါက္တာ''

"ဘာကိုနည္းနည္းလဲ''

"ကြၽန္ေတာ္နည္းနည္းပဲ မိုက္တာ''

"ဟုတ္ရဲ႕လားဗ်ာ၊ ေျပာၾကတာေတာ့ ခင္ဗ်ားလက္ဆက တယ္ျပင္းတယ္တဲ့၊ ေသ ေကာင္းေပါင္းလဲ ျဖစ္ရသူေတြ မနည္းဘူး ေျပာတယ္"

ဘခက္က ယဲ့ယဲ့ၿပဳံးလိုက္ၿပီး ေအးေအးသာသာျပန္ေျဖသည္။

"ေကာလာဟလေတြပါ၊ မယုံနဲ႔ ေဒါက္တာ''

လြန္းေမာင္ ေခါင္းတဆတ္ဆတ္ညိတ္၍ တစ္ဖက္ျပန္လွည့္သြားသည္။ သူ၏စိတ္ထဲ အႏွီ ဘခက္ဆိုသူကို မ်ားစြာ အာ႐ုံထားေနမိသည္။ သို႔ႏွင့္ အတန္ၾကာတြင္ ထပ္ေမးမိ ျပန္သည္။

"ဒါထက္ ခင္ဗ်ားက အရက္လည္း တယ္ ေသာက္တယ္တဲ့၊ ဟုတ္လား''

ဘခက္မွာ အႏွီ မိန္းကေလးမ်ား၏ သတင္း ပ်ံ႕ႏွံ႔ႏိုင္စြမ္းကို ေလးစားမိသည္။ ေဆးခန္းကို မိနစ္ပိုင္းေလာက္သာ သြားခဲ့၍ ေတာ္ေရာ့မည္။ တစ္ရက္လုံးသာ သြားခဲ့လွ်င္ ဘခက္၏ငယ္က်ိဳးငယ္နာမ်ား ဆရာဝန္ကေလး အကုန္သိၿပီလား မေျပာတတ္။

"ေဆးျဖစ္ဝါးျဖစ္ေလာက္ေသာက္တာပါ''

"သိပ္မေသာက္နဲ႔ဗ်ာ၊ အဲ့ဒါ အသည္းကိုထိမယ္''

ေလာေလာဆယ္ေတာ့ ဆရာဝန္ေလး၏ စကားက ဘခက္ႏွလုံးသားကို တည့္တည့္ထိ သြားသည္။

"ဟုတ္ ေဒါက္တာ''

"ဒါနဲ႔ ခင္ဗ်ားက မုဆိုးလည္းလုပ္တယ္ဆို၊ က်ားေတြဘာေတြေတာင္ ပစ္သတ္တယ္တဲ့"

"တစ္ခါတစ္ေလပါ''

"မလုပ္ပါနဲ႔ဗ်ာ. . .''

လြန္းေမာင္သည္ နဂိုစိတ္ရင္းေကာင္းသူျဖစ္၍ ေဝေနယ်မ်ားအေပၚ ေမတၱာဓာတ္လည္း ႀကီးသည္။

"က်ားေတြကရွားလာၿပီဗ်၊ သူတို႔ကိုထိန္းသိမ္းရမယ္''

မည္သူမွ ခြၽတ္မရသည့္ လူမိုက္မွာ ယခု၌ တဟုတ္ဟုတ္ႏွင့္ နာခံေနသည္။

"ဟုတ္ ေဒါက္တာ''

မၾကာမီပင္ေမာ္ေတာ္ကားေလးသည္ ေဆးခန္းေရွ႕သို႔ ျပန္ေရာက္လာသည္။

"ေက်းဇူးပါ ကိုဘခက္ေရ၊ ကြၽန္ေတာ္ေနာက္ေတာ့ ထမင္းျဖစ္ျဖစ္ဝယ္ေကြၽးပါ့မယ္''

"ရပါတယ္ ေဒါက္တာ ကြၽန္ေတာ္လည္း ကူညီခ်င္လို႔ပါ''

ၾကားလိုက္ရေသာ ထြန္းခင္မွာ သူ႔ဆရာမည္သည့္အခ်ိန္က သူေတာ္ေကာင္း ျဖစ္သြားေၾကာင္း စဥ္းစားေနသည္။

"ကဲ. . .ဒါျဖင့္ ခြင့္ျပဳဦး၊ ကြၽန္ေတာ္ကိစၥေလး ရွိလို႔၊ ဒီေန႔အတြက္ တကယ္ ေက်းဇူး တင္ပါတယ္ခင္ဗ်ာ"

ဆိုကာ ဆရာဝန္ေလးက ႏႈတ္ဆက္ၿပီး ဝင္သြားသည္။

ထိုေန႔မွစ၍ ဘခက္သည္ တစ္ပတ္လွ်င္ တပည့္တစ္ေယာက္က်စီ ေဆးခန္းကို ေခၚေခၚ သြားသည္။ အၿမဲလိုလို ရန္ပြဲႏႊဲေနက်သူမ်ားျဖစ္၍ ဒဏ္ရာ၊ အနာႏွင့္ မကင္းေပ။ ရံဖန္ရံခါ သူကိုယ္တိုင္လည္းပါသည္။

ၾကာေတာ့ ဘခက္တပည့္မ်ားမွာ သူ၏ ဆရာက ေၾကာင္ကုတ္သည့္ ဒဏ္ရာ ေလာက္ကိုပင္ ေဆးခန္း ဇြတ္အတင္းေခၚေနေသာေၾကာင့္ ပတ္ဝန္းက်င္၌ မိမိတို႔၏ သိကၡာ က်သည္ဟု ခံစားလာရသည္။ ၎တို႔သည္ လူမိုက္မ်ားျဖစ္၍ မိုက္ရဲ၊ သတ္ရဲသလို ကိုယ္တိုင္ ခံရလည္း မမႈေပ။ ယခု ဆရာသမားလုပ္ေနပုံက သူတို႔ကပင္ ႏုေနသေယာင္။

တစ္ရက္ေတာ့ ဘခက္သည္ သူ၏တပည့္မ်ားထံ၌ ေဆးခန္းျပစရာ ဒဏ္ရာဟူ၍ မေတြ႕ရေခ်။ ယုတ္ဆြအဆုံး မျမင္ရသည့္ ေခါင္းကိုက္၊ ဗိုက္နာေလာက္ပင္ မျဖစ္ၾကဘဲ ေဒါင္ေဒါင္ျမည္ေနၾကသည္ကို ေတြ႕လိုက္ရသည္။

"မင္းတို႔တကယ္ဘာမွမျဖစ္ၾကဘူးလား''

အားလုံးက ညီညာစြာ ေျဖသည္။

"မျဖစ္ပါဘူးဆရာ''

ဘခက္ စိတ္ပ်က္သြားသည္။ သူသည္ အေၾကာင္းရွာ၍ ေဆးခန္း ဝင္ထြက္ေနရျခင္း ျဖစ္ရာ အေၾကာင္းရွာမရလွ်င္ မည္သို႔မည္ပုံ အစျပဳ၍သြားရမည္မသိေတာ့။

"ကဲ. . . သြားၾက၊ မင္းတို႔တစ္ေကာင္မွမျမင္ခ်င္ဘူး''

စိတ္မၾကည္၍ ထိုရက္က စီးကရက္ဖြာရႈိက္ကာ ေသနတ္ အပစ္ပဲ က်င့္ေနသည္။ ေနာက္တစ္ရက္တြင္ တပည့္တစ္ေယာက္မွာ မစားေကာင္းသည့္ မႈိကို စားမိ၍ အစာအဆိပ္ သင့္ေလသည္။ ဘခက္မွာ သတင္းကို ၾကားသည့္အခါ ခ်က္ခ်င္းပင္ မ်က္ႏွာဝင္းပ၍ ေပ်ာ္႐ႊင္သြားၿပီး ထိုတပည့္ကို ေခၚကာ ေဆးခန္းသို႔လာခဲ့ေတာ့သည္။

ေဆးခန္းေရွ႕ေရာက္ေတာ့ ျမင္ကြင္းက မလွေပ။

ဆရာဝန္ေလးကို ဂ်ဴတီကုတ္မပါဘဲ ေတြ႕ရၿပီး သူ၏နံေဘး၌ ေယာက်္ားတစ္ေယာက္ ရွိသည္။ ဘခက္နီးနီးရွည္လ်ားေသာ အရပ္အေမာင္းႏွင့္ ဘခက္ထက္ပို၍ သပ္ရပ္သားနား ေသာ သြင္ဟန္ရွိသည္။ တစ္ခ်က္ၾကည့္႐ုံမွ်ပင္ ၎တို႔သည္ ရင္းႏွီးသူမ်ားျဖစ္ေၾကာင္း သိသာသည္။ ရယ္ေမာကာ ခ်စ္ရည္႐ႊမ္းေသာ မ်က္ဝန္းတို႔ျဖင့္ စကားေျပာေနၾကသည္။

"ေဒါက္တာေလးရဲ႕ မိတ္ေဆြထင္တယ္၊ ရင္းႏွီးၾကပုံပဲ''

အလိုက္မသိေသာ တပည့္မွာ မဆီမေလ်ာ္ ေျပာလာသည္။

ဘခက္သည္ လြန္မင္းစြာ ေဒါသထြက္၍ ကားကို အၾကမ္းပတမ္း ေမာင္းကာ ထိုေနရာမွ ထြက္လာသည္။ တပည့္ကိုလည္း ေဆးခန္းမပို႔ေတာ့။ ထိုေန႔မွစ၍ ဘခက္သည္ အေျပာင္းလဲ ႀကီးေျပာင္းလဲသည္။ အသဲကြဲသည့္ လူမိုက္မွာ ခါတိုင္းထက္သာ၍ တိုး၍ မိုက္ကန္းၿပီး စိတ္ထင္ရာအတိုင္း ေသာင္းက်န္းေလသည္။ အရက္ပုလင္းမ်ားမွာလည္း အခန္း၌ ျပည့္ႏွက္ ေနသည္။ အခ်ိန္ျပည့္လိုလို မူးကာ ေဒါသပဲႀကီးေနသည္။

ေဒါက္တာလြန္းေမာင္သည္ ယခုရက္ပိုင္း သူ၏ ေဖာက္သည္ႀကီးကို ေဆးခန္း၌ မေတြ႕ရ၍ သတိရေနသည္။ ခါတိုင္းဆိုလွ်င္ လူနာ လာပို႔ရင္း သူ႔အတြက္ မုန္႔တစ္ခုခု ဝယ္ လာကာ ထိုးေပးတတ္ေသာ အႏွီလူေခ်ာကို အမႈမွတ္အမွတ္မဲ့ ျဖစ္ေသာ္လည္း ယခုမူ ထိုထူးထူးဆန္းဆန္း အျပဳအမူကိုပင္ သူ႔မွာသတိရေနသည္။

ေနမ်ားမေကာင္းသလားေတြးမိေတာ့ ထိုလူေနမေကာင္းလွ်င္ သူ႔ဆီပဲလာရမည္ဟု ေတြးမိကာ လြန္းေမာင္တစ္ေယာက္ သူ႔အျဖစ္သူ ရယ္ခ်င္မိသည္။ လူေခ်ာလူမိုက္ႀကီးကား ေပၚမလာဇာတ္ခင္းသြားသည္မွာ ၾကာေလၿပီ။

တစ္ရက္တြင္ လူတစ္ေယာက္ ပ်ာယီးပ်ာယာႏွင့္ ေဆးခန္းထဲသို႔ဝင္ခ်လာသည္။

"ဆရာလိုက္ခဲ့ပါဦး၊ အေရးႀကီးလို႔ပါ''

လြန္းေမာင္မွာ ပင့္လွ်င္ ႂကြရမည့္တာဝန္ရွိ၍လိုက္လာရသည္။ လာေခၚသည္က ျမင္းလွည္းႏွင့္ပင္။ ဦးတည္သည္က ေတာင္အေျခက ခပ္က်ယ္က်ယ္ၿခံဝန္းႀကီး။ သစ္ပင္မ်ား အုပ္ဆိုင္းေနသည္။

"ဆရာ အျမန္ကေလး လာပါ''

ထိုလူ ေလာေဆာ္၍ ေဆးအိတ္ကိုဆြဲကာ လြန္းေမာင္အျမန္လိုက္ခဲ့ရသည္။ အိမ္မွာ အိမ္ႀကီး အိမ္ေကာင္းျဖစ္ၿပီး အေစခံမ်ား အမ်ားအျပားရွိသည္။

"ဒုတိယထပ္မွာ''

ေလွကားကိုတက္ရင္း ထိုလူကဆိုသည္။

"ဘာျဖစ္တာလဲ''

"အဖ်ားႀကီးၿပီး သတိလစ္တာ''

အခန္းတံခါးကို ဖြင့္လိုက္သည့္အခါ ေရွးေဟာင္း အျပင္အဆင္ႏွင့္ အခန္းႀကီးကို ေတြ႕ရသည္။ ခုတင္အႀကီးႀကီးတစ္လုံးရွိၿပီး လူတစ္ေယာက္လဲေလ်ာင္းေနသည္။

"ကိုဘခက္. . .''

အနီးကပ္၌ လြန္းေမာင္မွာ အံ့ၾသတႀကီးျဖစ္သြားသည္။ အႏွီလူနာကားသူ၏ မိတ္ေဆြႀကီးပင္။ ယခုမူ မ်က္လုံးပင္မဖြင့္ႏိုင္၊ အဖ်ားတက္၍ တစ္ကိုယ္လုံး ျခစ္ျခစ္ေတာက္ ပူေနေတာ့သည္။ လုပ္ေဆာင္ရန္ရွိသည့္ ေဆးထိုးျခင္း၊ အဖ်ားက်ေအာင္ျပဳလုပ္ျခင္းတို႔အၿပီး၌ နာရီဝက္ခန္႔ အၾကာ လူနာ ႏိုးလာေလသည္။

"ႏိုးၿပီလား''

ၾကားေနက် ၾကည္လင္သည့္အသံႏွင့္ အိပ္မက္ထဲပင္ စြဲလမ္းခဲ့ရသူကို ေဝေဝဝါးဝါး ေတြ႕ရ သည့္အခါ မိမိထင္ေယာင္ထင္မွား ျဖစ္ေနသလားဟုဘခက္ေတြးမိသည္။

"သက္သာရဲ႕လား၊ အဖ်ားေတာ့က်ပါၿပီ''

ဆရာဝန္ေလးမွာ နဖူးကို ညင္သာစြာ စမ္း၍ဆိုလာေသာေၾကာင့္ ဘခက္သည္ အိပ္မက္ မဟုတ္ဘဲ အမွန္တကယ္ ျဖစ္ေနေၾကာင္း သိလိုက္ရသည္။

"ေဒါက္တာေရာက္ေနတာပဲ''

"လာပင့္တာကိုးဗ်၊ ခင္ဗ်ား ဘယ္လိုမ်ား ပစ္စလတ္ခတ္ေနေနတာလဲ၊ ဒီေလာက္ အဖ်ားႀကီးေနတာ ေဆးခန္းမလာဘဲနဲ႔''

ဆရာဝန္၏ ဆူပူစကားကို ဘခက္ျပန္မေျဖ။ မေျဖလိုဆိုကပိုမွန္သည္။

"အရက္ေတြလည္း လွိမ့္ေသာက္ထားတာပဲ၊ ကိုဘခက္ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ရာ မ်ား လုပ္ေနသလားပဲ''

"စိတ္မပူပါနဲ႔၊ ကြၽန္ေတာ္သက္သာပါၿပီ၊ ေဒါက္တာျပန္စရာရွိတာျပန္ပါ''

"ေခါင္းမမာနဲ႔၊ ခင္ဗ်ားလုပ္ပုံနဲ႔ေတာ့ ကြၽန္ေတာ္ေနဦးမယ္၊ ဆန္ျပဳတ္လည္း ျပဳတ္ခိုင္း ထားတယ္၊ ဒါၿပီးေဆးေသာက္''

"ျပန္ပါေဒါက္တာ''

"ဘယ္လိုလုပ္ႏွင္ေနရတာလဲ''

လြန္းေမာင္ေမးလိုက္သည္ကို အႏွီဘခက္ကျပန္မေျဖေပ။ သူ႔ကိုစူးစိုက္စြာၾကည့္၍ တစ္ဖက္ပဲလွည့္သြားသည္။

"ကိုဘခက္ ကြၽန္ေတာ့္အေပၚမ်ားတစ္ခုခုမေက်လည္တာရွိသလား''

"မရွိပါဘူး၊ ကြၽန္ေတာ္မေသႏိုင္တာမို႔လို႔ ေဒါက္တာစိတ္မပူဘဲျပန္ပါ၊ ေမွ်ာ္တဲ့သူက ေမွ်ာ္ေနမွာေပါ့''

လြန္းေမာင္ေၾကာင္သြားသည္။

"ဘယ္သူေမွ်ာ္မွာလဲ၊ ဒီကေန႔လူနာပါးပါတယ္၊ အကုန္ကိုညေနဘက္ခ်ိန္းထားတဲ့ဥစၥာ''

"ေဒါက္တာကို လူနာမဟုတ္တဲ့သက္ဆိုင္သူေလ၊ ေစာင့္ေနမွာေပါ့''

"ဗ်ာ. . .''

ဘခက္၏ ခပ္ျပတ္ျပတ္စကားကို လြန္းေမာင္ခမ်ာ နားလည္ရန္အေတာ္ႀကိဳးပမ္းယူရမည္။

"ခင္ဗ်ား. . .ဘာေျပာလိုက္တာ''

"ေဒါက္တာ သက္ဆိုင္သူေလ၊ ကြၽန္ေတာ္သိပါတယ္၊ မသိခ်င္ေယာင္မေဆာင္ပါနဲ႔၊ ေတြ႕လိုက္ပါတယ္၊ အဲ့ဒါဝန္ေထာက္မဟုတ္လား၊ ပုံစံကတူတယ္''

လြန္းေမာင္ ေနာက္ဆုံးေတာ့ နားလည္သြားသည္။ သူ႔မွာ ဟက္ဟက္ပက္ပက္ပင္ ရယ္မိ သြားသည္။ မခံစားႏိုင္၍ ဖြင့္ထုတ္မိရာမွာ အရယ္ခံရေသာအခါ ဘခက္ပို၍ နာက်င္သြားသည္။

"ခင္ဗ်ားဗ်ာ၊ ႀကံႀကံဖန္ဖန္၊ ဘယ္ကသက္ဆိုင္သူလဲ၊ မိုးႀကိဳးပစ္ကုန္ပါ့မယ္''

"ႏို႔. . .ေဒါက္တာပဲၾကည္ၾကည္ႏူးႏူးေျပာေနၿပီး''

"မဟုတ္ပါခင္ဗ်ာ၊ အဲ့ဒါ ကြၽန္ေတာ္မဟုတ္ပါ၊ ကိုယ့္ကိုယ္ကို မ်က္မွန္တပ္ရလို႔ မ်က္လုံး မႈန္လွေအာက္ေမ့တာ၊ ခင္ဗ်ားက ပိုဆိုးေနတာပဲ''

"ဗ်ာ''

ဒီတစ္ႀကိမ္အံ့အားသင့္သြားသည္က ဘခက္ပင္။ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။

"ရန္ကုန္က ကြၽန္ေတာ့္ဝမ္းကြဲညီ လြန္းၿမိဳင္ဆိုတာပါ၊ ေဘးက သူ႔အဆက္ဝန္ေထာက္ ဒီနယ္နားတာဝန္က်လို႔ ကြၽန္ေတာ့္ဆီလာလည္ၾကတာ''

". . . .''

ဒုတိယံမိ၌ ဘခက္အသံထြက္မလာေတာ့။ ယခုမွကြဲလြဲခ်က္ႀကီးကို သူသိသြားသည္။ ဆရာဝန္ေလးက ေ႐ႊကိုင္းမ်က္မွန္ကို မခြၽတ္တမ္းပင္ဝတ္ထားသည္။ ဟိုေန႔ကေတြ႕ေသာ လူငယ္ေလးကမပါေခ်။ ဆိုရလွ်င္ ဘခက္မႊန္ထူသြား၍ မသိလိုက္ျခင္းသာျဖစ္သည္။

"ဒါဆို သူတို႔က. . .''

"ခင္ဗ်ားထင္သလိုပါပဲ''

လြန္းေမာင္က ခပ္ေအးေအးျပန္ေျဖသည္။

ဘခက္မွာ အလုံးႀကီးက်သြားေသာ္လည္း သူ႔မွာ ရင္တထိတ္ထိတ္ႏွင့္ အတည္ျပဳ စရာကို အတည္ျပဳခ်င္သြားသည္။

"ဒါျဖင့္ ေဒါက္တာကေရာ. . .''

ထို မိုက္ကန္းသည့္ လူေခ်ာႀကီး၏ အၾကည့္တို႔ကို ရင္ဆိုင္ရသည္မွာ လြန္းေမာင္၏ ႏွလုံးသား ေလးကို တုန္လႈပ္သြားေစသည္။ သူကတတ္ႏိုင္သမွ် ဟန္ကိုယ္ဖို႔၍-

"ကြၽန္ေတာ္က ဘာလဲ''

"မသိခ်င္ေယာင္မေဆာင္ပါနဲ႔၊ ကြၽန္ေတာ္ ဘာလို႔ ေဆးခန္းကို ဒုကၡခံၿပီး လာလာ ေနတာလဲဆိုတာေဒါက္တာသိမွာပါ''

ဒဲ့ဒိုးမႏိုင္ေသးသမွ် လြန္းေမာင္မသိခ်င္ေယာင္ေဆာင္ပါမည္။ သူ႔ဆီကို တစ္ဖက္သတ္ စိတ္ဆိုးၿပီး မလာတာက ဘယ္သူမို႔လို႔လဲ။

"တကယ္မသိတာပါ''

"သိလိုက္ပါေဒါက္တာ၊ ေဆးခန္းလာရေအာင္ ရန္ပြဲေတြႀကံရဖန္ရတာလည္း ဒီနား တစ္ဝိုက္ လူကုန္ရွိလွပါၿပီ၊ ကြၽန္ေတာ္လာရင္ကို ကေလးကအစေျပးပုန္းေနၿပီ၊ ေဒါက္တာ ဒီထက္ရက္စက္ရင္ မေတြးဝံ့စရာပဲ''

အဆုံးသတ္ေတာ့ လြန္းေမာင္ နားလည္သြားသည္။ အႏွီလူမိုက္ႏွင့္ တပည့္တို႔ ေဆးခန္းကို တစ္ပတ္တစ္ေခါက္ လာေရာက္ၾကျခင္းမွာ အေၾကာင္းမရွိ၊ အေၾကာင္းရွာကာ ရန္ပြဲႏႊဲ၍ လာၾကျခင္းျဖစ္သည္။ တစ္ခါကဆိုလွ်င္ ဘခက္ကိုယ္တိုင္ မ်က္ခုံး ကြဲလာသည္ကို လြန္းေမာင္အမွတ္ရသြားသည္။

ျဖစ္ရပ္တို႔ကို ဆက္စပ္ၾကည့္ရလွ်င္ လြန္းေမာင္တစ္ခုပဲ မွတ္ခ်က္ျပဳစရာရွိသည္။

"ခင္ဗ်ား ဒုကၡမေသးပါလား ကိုဘခက္ရာ''

"ေဒါက္တာသိဖို႔ပါပဲ''

"ဆိုပါဦး ေဆးခန္းကဘယ္သူ႔ကိုလာရွိတ္တာလဲ''

"ေဒါက္တာသိပါတယ္''

"ခင္ဗ်ားေျဖေလဗ်ာ. . .''

လူမိုက္ႀကီးမွာ တစ္သက္ႏွင့္တစ္ကိုယ္ ရည္းစားစကားမေျပာဖူး၍ အခက္ေတြ႕ ေနသည္။ ထို႔ေၾကာင့္ ျပတ္ျပတ္သားသားပဲ ေျဖလိုက္သည္။

"ေဒါက္တာကိုေလ''

လြန္းေမာင္မွာ ထိုသို႔ အေျပာခံလိုက္ရသည့္အခါ ပါးျပင္ရဲသြားသည္။

သူ႔မွာ ထေျပးရန္အႀကံ အႏွီလူနာ၏ အားေကာင္းေမာင္းသန္အင္အားႏွင့္ လက္ကို ဖမ္းဆြဲျခင္း ခံလိုက္ရသည္။

"ဘယ္ေျပးမလို႔လဲ''

"ဆန္ျပဳတ္ရၿပီထင္တယ္၊ ေဆးေသာက္ရဦးမွာမို႔ အဲ့ဒါအရင္ယူေပးမယ္''

"ေနပါ ေဒါက္တာ အဖ်ားထက္အေရးႀကီးတဲ့ ႏွလုံးသားပဲကုပါ''

". . . .''

"ေျဖပါ၊ ကြၽန္ေတာ့္ကို မရက္စက္ဘူးမဟုတ္လား၊ ေဒါက္တာ သနားတတ္တာ သိပါ တယ္''

ရင္တဒိတ္ဒိတ္ခုန္၍ လြန္းေမာင္ အသံထြက္မလာေခ်။ သူ႔မွာ လက္ေကာက္ဝတ္ကို ဖ်စ္ညႇစ္ၿပီး စိုက္ၾကည့္ေနသူထံမွ မည္သို႔႐ုန္းထြက္ရမည္မသိ။

"ေဒါက္တာ  . . .''

"အမ္း. . .''

"ကြၽန္ေတာ့္ဒုကၡကို သနားပါေလ၊ ေဒါက္တာနဲ႔မွေတာ္ေတာ္ျဖစ္ေနလို႔ပါ''

"ယုံလို႔ရရဲ႕လားဗ်ာ''

လြန္းေမာင္အသံကတိုးေနသည္။

ဘခက္မွာ ထိုအမူအရာျမင္သည့္အခါ ရည္းစားသနာမထားဖူးသည့္တိုင္ အေျခအေန ဟန္ၿပီျဖစ္ေၾကာင္း ႐ုတ္ျခည္းသေဘာေပါက္၍ အိပ္ရာထဲေငါက္ခနဲထ၍ ဆရာဝန္ကေလး၏ ပခုံးကိုလက္ႏွစ္ဖက္ျဖင့္ကိုင္ကာ မ်က္ဝန္းအစုံကိုၾကည့္၍ -

"အသက္နဲ႔ရင္းၿပီးတိုင္တည္ပါတယ္၊ ေဒါက္တာကိုတကယ္ခ်စ္တာပါဗ်ာ''

လြန္းေမာင္အၾကာႀကီး တိတ္သြားသည္။ ႏြမ္းလ်ေနေသာ လူေခ်ာကိုၾကည့္ေလေလ သူ႔မွာ သနားလာေလေလျဖစ္သည္။ သူ႔အတြက္ရက္မ်ားစြာ ဒုကၡခံရသည္ကို သိလွ်င္ ပိုလို႔ သနားရသည္။

"အင္း. . .''

"ဗ်ာ . . .မၾကားရဘူး''

"သနားတယ္လို႔ ခင္ဗ်ားကို''

"ဒါျဖင့္ ခ်စ္ေရာ ခ်စ္တယ္မလား၊ တစ္ခါတည္းပဲ ေျဖလိုက္ပါ၊ ကြၽန္ေတာ္ သိပ္စိတ္မရွည္လို႔''

လြန္းေမာင္ရွက္သြားသည္။

ဘခက္သည္ အရွက္သည္းေနေသာ ဆရာဝန္ကေလးကို အသဲယားလွေသာေၾကာင့္ သူ၏ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။ အဖ်ားမွာယူပစ္လိုက္သလိုေပ်ာက္သြားေလသည္။

ထိုေန႔မွစ၍ လူမိုက္ဘခက္မွာ သူ၏ အခ်စ္ဒုကၡတို႔ကို ကယ္တင္ ေစာင္မေပးမည့္ ေဝေနယ်တို႔ကို သနားၾကင္နာတတ္ေသာ ဆရာဝန္ေလးတစ္ေယာက္ႏွင့္ ေရစက္စုံ၍ ေပါင္းဖက္သြားရေလသည္။

.........................................................................................................................................................

Continue Reading

You'll Also Like

652K 6.9K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
393K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...