ကိုယဝန်နဲ့ မိန်းမစိုးလေး { Za...

By NyeinHlaingZin123

8.2K 680 35

Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei M... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
paid gp
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၄ / ၅၅
အပိုင်း ၅၅ / ၅၆
အပိုင်း ၅၈ / ၅၉ / ၆၀
သီတင်းကျွတ် ပရိုမိုးရှင်း
အပိုင်း ၆၁ / ၆၂ / ၆၃ / ၆၄ / ၆၅
အပိုင်း ၆၆ / ၆၇
အပိုင်း ၆၈ / ၆၉ / ၇၀
အပိုင်း ၇၁ / ၇၂ / ၇၃
တန်ဆောင်တိုင် ပရိုမိုးရှင်း 🎇🎆🎇
အပိုင်း ၇၄ / ၇၅ / ၇၆
အပိုင်း ၇၇ / ၇၈
အပိုင်း ၇၉ / ၈၀
အပိုင်း ၈၁ / ၈၂
အပိုင်း ၈၃ / ၈၄
အပိုင်း ၈၅ / ၈၆
အပိုင်း ၈၇ / ၈၈
New year promotion
အပိုင်း ၈၉ / ၉၀
အပိုင်း ၉၁/၉၂
အခန်း ၉၃ / ၉၄
အပိုင်း ၉၅ / ၉၆
အပိုင်း ၉၇ / ၉၈ / ၉၉ / ၁၀၀
အပိုင်း ၁၀၁ / ၁၀၂
၃ နှစ်ပြည့်
၁၀၃ / ၁၀၄ / ၁၀၅
၁၀၆ / ၁၀၇ / ၁၀၈
၁၀၉ / ၁၁၀
၁၁၁ / ၁၁၂ / ၁၁၃
၁၁၄ / ၁၁၅ / ၁၁၆
အပိုင်း ၁၁၇ / ၁၁၈ / ၁၁၉ / ၁၂၀
၁၂၁ / ၁၂၂ / ၁၂၃
၁၂၄ / ၁၂၅ / ၁၂၆ / ၁၂၇
၁၂၈ / ၁၂၉ / ၁၃၀ / ၁၃၁ / ၁၃၂
၁၃၃ / ၁၃၄ / ၁၃၅ / ၁၃၆

အပိုင်း ၅၃

109 11 1
By NyeinHlaingZin123

သူမရဲ့သရုပ်ဆောင်မှုက ပရော်ဖက်ရှင်နယ်ဆန်တယ်

“ဟင်…..?”


လန်ဂျင်းယွိ စကားကိုကြားတော့ လဲ့ယောင်းယောင်းမျက်နှာမှာ အနည်းငယ် အံ့အားသင့်သွားတယ် ။ ထို့နောက် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မျက်လုံးတွေ  မှိတ်တုတ်မှိတ်တုတ်ဖြစ်လာတယ်


သူမလက်တွေက ချောမွတ်လွန်းတာကြောင့် ငရဲမင်းက စုံစမ်းစစ်ဆေးနိုင်မလား?

သူ့ရဲ့ စူးစမ်းမှုစွမ်းရည်က ပြင်းထန်လွန်းတယ်!!

ဒါပေမယ့် တကယ်တော့ လဲ့ယောင်းယောင်း ဒါကို စောစောကတည်းက သတိထားမိခဲ့တာ။

ရှောင်မုဇီ သူမကိုပြောပြထားတယ်လေ သူမက ဆင်းရဲတဲ့ နောက်ခံကနေ ဆင်းသက်လာတာတဲ့ အဲ့တာကြောင့် မိန်းမစိုးအဖြစ် သူမ ရောင်းစားခံရတာ။  ဒါပေမယ့် သူမက ဆင်းရဲတဲ့နောက်ခံကနေ ဆင်းသက်လာတာဆိုရင် သူမရဲ့ လက်တွေဟာ အလွန်ကြမ်းတမ်းနေသင့်ပါတယ်။

"စောစီးစွာတာဝန်ယူခြင်း၏ ရလဒ်တွေကညံ့ဖျင်းတယ်" ဆိုတဲ့ စကားရှိတယ်မဟုတ်ပါလား။

သူမရဲ့ နောက်ခံက ဆင်းရဲသောကြောင့် ငယ်စဉ်ကပင် အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့ရမယ်။  သူမရဲ့လက်သေးသေးလေးတွေက အသားမာတွေနဲ့ ပြည့်နေသင့်တာ။  ဒါပေမယ့် အဲဒီအစား ဒီခန္ဓာကိုယ်မှာ ဖြူဖွေးနူးညံ့တဲ့ အသားအရေရှိတယ်။ အဲ့တာက အမြင့်ဆုံးအဆင့် ပိုးထည်နဲ့တောင် နှိုင်းယှဉ်နိုင်နေပြီ။ ဒါ့အပြင် အဲ့တာက အစက်အပြောက်ကင်းစင်ပြီး အလွန်ဖြူဖွေးလှသည်


သူမရဲ့လက်တစ်စုံက အလွန်နူးညံ့တယ် သူမအဲ့တာကို အရမ်းကြိုက်တယ်!

ဒါပေမယ့် လက်ရှိတွင် ဒီလက်တစ်စုံက ငရဲမင်းအား သံသယဖြစ်စေသည်။  အဲဒါက သေချာပေါက် အဆင်မပြေဘူး။

သူမ တုံ့ပြန်မှု ညံ့ဖျင်းပါက ငရဲမင်းက ပို၍ပင် သံသယဖြစ်လာဖွယ်ရှိပြီး သူမ၏ မိသားစုဝင်များကို မေးမြန်းရန်အတွက်ပင် လိုက်လံရှာဖွေနိုင်သည်။ အဲဒီအခါမှာ သူမ ဘာလုပ်ရမလဲ?

သူမ ဒီအထောက်အထားနှင့်ပတ်သက်သည့် အမှန်တရားကို ရှာဖွေလိုသော်လည်း ငရဲမင်းက သူမ အမျိုးသမီးဖြစ်ကြောင်း တွေ့ရှိသွားခဲ့ရင်........

ဒါကိုတွေးရင်း လဲ့ယောင်းယောင်းရဲ့နှလုံးသားက မတည်မငြိမ်ဖြစ်သွားတယ်။  ဒါပေမယ့် သူမ မတုံးအခဲ့ပါဘူး။  အစီအစဉ်တစ်ခုရေးဆွဲဖို့ သူမ စက္ကန့်အနည်းငယ်သာယူခဲ့သည်။


ချက်ချင်းပင် သူမ၏ မျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ် နဲ့ သူမမျက်လုံးအိမ်များကြားတွင် ဝေဝါးမှုလေးတွေ လျင်မြန်စွာ ပေါ်လာခဲ့သည်။  ထို့နောက် ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်ကို ပြန်အမှတ်ရနေသကဲ့သို့ သူမ၏နှာခေါင်းမှာ ရှုံ့သွားခဲ့သည်။

လောလောဆယ် သူမရှေ့မှာ မှန်တစ်ချပ်မှ မရှိပေမယ့် လဲ့ယောင်းယောင်း ကတော့ သူမရဲ့ သရုပ်ဆောင်မှုကို လုံးဝ ဂရုမစိုက်ပါဘူး။  နောက်တစ်ခုက အဲဒီတုန်းက ကျောင်းမှာ အနုပညာဖျော်ဖြေပွဲ အမျိုးအစား တစ်ခုခုရှိတိုင်း သူမက အမြဲတမ်း အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်နေမြဲပဲ။  သူမရဲ့ နည်းစနစ်က ပြီးပြည့်စုံတဲ့အထိပါပဲ။

ဒါ့အပြင် အိမ်မှာဒုက္ခရောက်တဲ့အခါတိုင်း သူမဟာ ဒီလှုပ်ရှားမှုကို အသုံးပြုပြီး သူမအဖေရဲ့ နှလုံးသားကို ချက်ချင်းပျော့ပျောင်းသွားအောင်လုပ်တတ်တယ်။


ဤအခိုက်အတန့်တွင် ငရဲမင်း၏အမူအရာမှာ မပြောင်းလဲပေမယ့် သူ့မျက်လုံးများမှ စူးစမ်းမှုအပိုင်းက သိသိသာသာ လျော့နည်းသွားသည်။

ဒါကိုမြင်တော့ လဲ့ယောင်းယောင်းက စိတ်ထဲကနေ အောင်ပွဲခံဆိုင်းဘုတ်ကို မိမိကိုယ်ကိုမပေးဘဲ မနေနိုင်တော့ဘူး။  သို့သော်လည်း သူမမျက်နှာတွင် ငိုကြွေးနေသည့်အမူအရာများ ရှိနေသေးသည်။  ခဏအကြာတွင် သူမ၏နှာခေါင်းက အနီရောင်တောက်တောက်ဖြင့် တုန်ရီနေလေသည်။

လဲ့ယောင်းယောင်း သူမ၏ အခြေအနေကို ပြောပြနေသည်။  သူမ တွက်ချက်ပြီး အချိန်ကျပြီလို့ဆုံးဖြတ်လိုက်၏ ။  သူမ ငရဲမင်းရဲ့ ချောမောလှပသော မျက်နှာကို သူရဲဘောကြောင်စွာ စိုက်ကြည့်ကာ ဝမ်းနည်းစွာနဲ့ စကားပြန်ပြောရင်း မျက်လုံးများကို ချက်ချင်း ပင်အောက်ကိုစိုက်ကြည့်လိုက်သည်။

“ ဒီအစေခံက ချို့တဲ့နွမ်းပါပေမယ့် ဒီအစေခံရဲ့မိဘတွေက ငယ်စဉ်ကတည်းကကျွန်တော့်ကို အမှန်တကယ် ချစ်မြတ်နိုးပေးကြတယ်။ ကျွန်​​တော့်​ကို အလုပ်​ကြမ်း​လုပ်​ဖို့ ဘယ်​တော့​မှ မ​ခိုင်း​​ခဲ့ဘူး။  ဒါ့အပြင် ငယ်စဉ်ကတည်းက ဒီအစေခံရဲ့ ကျန်းမာရေးက အလွန်ညံ့ဖျင်းခဲ့တယ်  ဆေးက ဒီအစေခံရဲ့အသက်ကို ရှင်သန်စေခဲ့တဲ့အရာပါပဲ။  ရလဒ်အနေနဲ့ ဒီအစေခံရဲ့မိဘတွေက ပိုက်ဆံအများကြီးကုန်သွားတာပေါ့။ ဒါပေမယ့်လည်း ဒီလွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ဒီအစေခံရဲ့ ကျန်းမာရေးက အနည်းငယ် တိုးတက်ကောင်းမွန်လာခဲ့တယ်။  ဝမ်းနည်းစရာကတော့ ကျွန်တော်တို့ရဲ့မိသားစုအခြေအနေက ပိုမိုဆိုးရွားလာခဲ့တယ်။ ကျွန်​တော့်ရဲ့မိဘ​တွေက အသက်​အရွယ်တွေကြီးလာပြီးတော့ ကျွန်​​တော့်​မှာ ​ကျွေးမွေးဖို့ ​မွေးချင်း​တွေ အများကြီးရှိပါတယ်​.......”

ဤအခိုက်တွင် လဲ့ယောင်းယောင်းက တမင်တကာ ရပ်တန့်ပြီး နှာရှုံ့လိုက်ပြန်သည်။ မျက်ရည်တစ်စက်က သူမ၏လက်ထောင့်ကနေ*ပေါက် *  ခနဲကျလာပြီး မင်းသား ယွေ့ရဲ့ ကြီးမားသောလက်ဖဝါးပေါ်သို့ ကျသွားခဲ့သည်။


လဲ့ယောင်းယောင်း မျက်ရည်တစ်စက်က အလွန်ပေါ့ပါးသော်လည်း ထူးဆန်းသောအကြောင်းပြချက်ကြောင့် လန်ဂျင်းယွိက ဂျင် တစ်ထောင်အလေးချိန်ရှိသလိုခံစားလိုက်ရတယ် (1 ဂျင် = 500g)


ဘာကြောင့်လဲဆိုတော့ ဒီမျက်ရည်တစ်စက်က လူတစ်ဦးတစ်ယောက်ရဲ့ နာကျင်မှုနှင့် ဝမ်းနည်းမှုများကြောင့်ဖြစ်သည်။

ထို့ကြောင့် လန်ဂျင်းယွိအတွက် ဒီမျက်ရည်စက်လေးတွေက ပူလောင်နေလေသည်။ သူ့လက်မှာ လောင်နေတဲ့ မီးတောက်လိုမျိုးပဲ.......


ဒါပေမယ့် ရင်ထဲကတော့ သူမိန်းမစိုးလေးကို မနာလိုဖြစ်မိတယ်။

"သူ့" နောက်ခံကမကောင်းသော်လည်း "သူ့" မိဘတွေရဲအမြင်မှာ သူကအမြဲတမ်း ရတနာလေးပါပဲ။ သူ့အတွက်ကရော...?

သူက အကန့်အသတ်မရှိတဲ့ ကြွယ်ဝချမ်းသာမှုဖြင့် မွေးဖွားလာခဲ့ပြီး မည်သည့်အရာမှ မချို့တဲ့ခဲ့သော်လည်း သူလုံးဝ မပျော်ရွှင်ခဲ့ပေ။  ဧကရာဇ်နန်းတော်တွင်  မိသားစုချစ်ခြင်းမေတ္တာက အသုံးမဝင်ဘူး........ သူ့အမေ သူ့ကို ဆက်ဆံတဲ့ပုံစံ.......

သူ မခံမရပ်နိုင်ဖြစ်မိတဲ့ ကလေးဘဝအကြောင်းကို တွေးတောရင်း လန်ဂျင်းယွိ မျက်မှောင်ကြုတ်ကာ မျက်လုံးများကို တင်းတင်းမှိတ်ထားလေး  သူ့ရဲ့ နာကျင်တဲ့အမူအရာကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး။

သူက သူ့အားနည်းချက်ကို မည်သူ့ကိုမဆို မြင်ခွင့်ပေးမယ့် အမျိုးအစားထဲမှာမပါပေ။  သူ့ရဲ့ အမှောင်မိုက်ဆုံး အမှတ်တရတွေကို သူ့နှလုံးသားထဲမှာပဲ မြှုပ်နှံထားတယ်။


သူငယ်ငယ်တုန်းက သူ့အမေရဲ့ အချစ်ကိုအကြာကြီး တောင့်တခဲ့တယ်။  ဒါတောင် သူ့အမေက.........


အတိတ်ကို တွေးတောရင်း မင်းသား ယွေ့က သူ့စိတ်ခံစားချက်များကို ဖိနှိပ်ထားသလိုမျိုး မသိစိတ်က သူ့လက်သီးများကို တင်းကြပ်စွာဆုပ်ထားသည်။

သို့သော် တစ်စက္ကန့်မျှသာ ကြာပြီးတော့ သူ့လက်ကို ဖြည်လိုက်တယ်။ သူ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး အမူအရာကတော့ကင်းမဲ့နေဆဲပဲ ။ သူ့စိတ်ထဲကိုဖြတ်ပြီး အခြားသူတွေ မြင်ရဖို့ဆိုတာ ခက်ခဲတယ်။


စူးရှသောအသံဖြင့် အမိန့်ပေးသည့်အတိုင်း သူ့မျက်လုံးများကို တင်းတင်းမှိတ်ထား၏

“ ဆက်လုပ် ”

“ ဟင်?!”


လဲ့ယောင်းယောင်း ကတော့ လက်ရှိမှာ သနားစရာကောင်းအောင် သရုပ်ဆောင်နေတုန်းပါပဲ။ သူမ အံ့သြသွားတယ် ။ ထို့နောက် သူမက မင်းသား ယွေ့ မျက်နှာကိုကြည့်ကာ သူစူးစမ်းမနေတော့ကြောင်း သတိပြုမိလိုက်သည်။ သူမ၏နှလုံးခုန်သံကတစ်ဟုန်ထိုးတက်နေလေ၏


အနီးကပ်ခေါ်သံမှ သူမ လွတ်သွားပြန်သည်။

သူမအဲ့တာကို သိတယ်!  သူမရဲ့သရုပ်ဆောင်ချက်က အရမ်းပရော်ဖက်ရှင်နယ်ဆန်တာမို့ ဘယ်သူကမှအဲ့အပေါ်မှာမကျဆုံးပဲမနေဘူး?!

အရင်တုန်းကတော့ မင်းသမီးတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့် သူမရဲ့အိပ်မက်တွေက လက်တွေ့မဖြစ်လာခင်မှာ သူမ ဒီမှာပဲ အဆုံးသတ်ခဲ့ရတယ်...


လဲ့ယောင်းယောင်း သက်ပြင်းချလိုက်တယ်။  ဒါပေမယ့် သူ့မရဲ့လက်တွေက မငြိမ်နေဘူး  သူမ အောက်ကိုငုံ့ကြည့်လိုက်တော့ ငရဲမင်းရဲ့ ခြေထောက်အောက်ဘက်ကို ဆိတ်မိလိုက်မှန်း သိလိုက်ရတယ်။  သူမ အလွန်တုန်လှုပ်သွားပြီး ဆုပ်ကိုင်ထားသော လက်ကို ချက်ချင်း ဖြေလျော့လိုက်သည်။


သေစမ်း !  သူမဘာတွေလုပ်နေတာလဲ?  သူမ ငရဲမင်းရဲခြေထောက်ကို ဆိတ်ရဲရသလား?


ငရဲမင်း၏အမူအရာကို စောင့်ကြည့်ရန် သူမမော့ကြည့်ရင်း သူမ အံ့ဩသွားသည်။ ငရဲမင်းက မျက်လုံးတွေကိုမှိတ်ထားပြီး သတိမထားမိဘူး။  ထို့ကြောင့် လဲ့ယောင်းယောင်းက သူမ၏ ရင်ခုန်နေသော နှလုံးသားကို ဖြေလျှော့ကာ သူ့ကိုဆက်လက် ပြုစုပေးခဲ့သည်။

လဲ့ယောင်းယောင်း ငရဲမင်း၏ ခြေထောက်အောက်ပိုင်းကို အဆက်မပြတ် နှိပ်နယ်ပေးလိုက်သည်  သူမလက်တွေအားပျော့သွားသလို ခံစားလိုက်ရပေမယ့် ငရဲမင်းက သူမကို ရပ်ဖို့ပြောဖို့အတွက် စီစဉ်နေပုံမရပါဘူး။

သူဌေးက ရပ်ဖို့မပြောဘူးဆိုရင် ဆက်လုပ်ဖို့ကလွဲပြီး သူမမှာ ရွေးချယ်စရာမရှိဘူး။

ယခုမူ၊ သူမ ငရဲမင်းကို မခံချိမခံသာဖြစ်နေတဲ့အကြည့်ဖြင့် စတင်ကြည့်နေပါပြီ....


ဟယ်လို?!  ဘဝကို ဘယ်လိုပျော်ပျော်နေရမလဲဆိုတာ ရှင်ပဲသိတယ်။  ကျွန်မက စက်မဟုတ်ဘူးဆိုတာ ရှင်မသိဘူးလား?ဒီနှုန်းနဲ့ဆို ငါ့လက်တွေ အလွန်အကျွံပျက်စီးပြီး အသုံးဝင်တော့မှာမဟုတ်ဘူး!


သို့သော် ရှင်းနေသည်မှာ သူမက ထိုအတွေးများကို ကျယ်လောင်စွာ မပြောရဲပေ။ သူမ အတွင်းစိတ်ကနေသာ ညည်းညူဖို့ သတ္တိရှိတယ်


သူမ၏ နာကြည်းမှု အလင်းတန်းတွေက ပြင်းထန်လွန်းတာလား  ဒါမှမဟုတ် ငရဲမင်း ရုတ်တရက် မျက်လုံးပွင့်လာတာကြောင့် ဘုရားသခင်က သူမရဲ့ ဆုတောင်းသံတွေကို ကြားခဲ့တာများဖြစ်နိုင်လား သူနိုးလာပုံရတယ်။

ဒီအချိန်မှာ သူ့မျက်လုံးတွေက မအေးစက်နေတော့ဘူး  သူ့ရဲ့ ငိုက်မျဉ်းနေတဲ့ မျက်လုံးတွေနဲ့ လဲ့ယောင်းယောင်း ကို စူးစူးစိုက်စိုက်ကြည့်နေသည့် ပုံစံက အလွန်မှုန်ဝါးနေ၏။


ဒါကိုမြင်တော့ လဲ့ယောင်းယောင်းက သူမရဲ့ နှလုံးခုန်နှုန်း တိုးလာသလို ခံစားလိုက်ရတယ်။  သူမရဲ့ တစ်ကိုယ်လုံး လျှပ်စီးကြောင်းကြောင့် ဓာတ်လိုက်သွားသလို ခံစားရတယ်။  သူမရဲ့ ခြေလက်လေးချောင်းမှ လျှပ်စစ်စီးကြောင်းတွေ စီးဆင်းသွားသလိုပဲ.......


ဘုရားရေ!  ငရဲမင်း သူမကို ကြည့်နေပုံက........ ပျက်ဆီးလွန်းတယ်! အရမ်း အရမ်း အရမ်းကို sexy ကျတယ်...!

မင်းသား ယွေ့ စစ်ရေးလှုပ်ရှားမှုလုပ်ရင် သူလုပ်ရမှာက ဟိုမှာရပ်ပြီး လူအုပ်ကြားထဲမှာ သူ့မျက်လုံးတွေကို ပွတ်လိုက်လို့ကတော့ ယောက်ျားတွေရော မိန်းမတွေရော ရူးသွားကြလိမ့်မယ်ဆိုတာ လဲ့ယောင်းယောင်း လောင်းကြေးထပ်ရဲတယ်......

လဲ့ယောင်းယောင်း စိတ်ထဲကနေ သက်ပြင်းချလိုက်ပြန်သည်။  ထို့နောက် လန်ဂျင်းယွိက သူ၏ ပြီးပြည့်စုံသော နှုတ်ခမ်းပါးများကို ဖွင့်ကာ "အထက်ကို နှိပ်ပေး !”လို့ပြောလိုက်တယ်

“အမ်...?”


#1.7.2022

Continue Reading

You'll Also Like

49.6K 4.8K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
380K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
107K 9.2K 94
ကျန်းရွှယ်နင် ဟာ ​​လူကောင်းတစ်ယောက်မဟုတ် ဧကရီဘုရင်မဖြစ်လာဖို့ အတွက်နဲ့ သူမဟာ ပရိယာယ်မျိုးစုံနဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး လူ‌ပေါင်းများစွ...
125K 19.2K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...