ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ (ကံကြမ္မာ...

By choyee6

658K 62.4K 5.2K

Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu... More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Character
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Please read ❤
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Return & Character
Chapter - 45
Chapter - 46
New Story announce
Chapter - 47
Chapter - 48
Chapter - 49 🚫
Chapter - 50
Chapter - 51
Chapter - 52 [Completed]
Extra
ဆက်အသင်္ခယာရှိန်း@wookie
Please read
To All My beloved Readers ❤
Final Announcement
bullshit!
New Fic Announcement
Special Extra For Water Festival
Unpublished!!
Return
Book Instock

Chapter - 44

6.7K 842 66
By choyee6

တျဖည္းျဖည္းအခ်ိန္ကား မနက္၃နာရီပင္႐ွိေနၿပီး ႏိုရာမိဘေတြမွာ ႏိုရာကိုသာ တစိမ့္စိမ့္ၾကည့္ေနဆဲ၊ Devin ကေတာ့ ကြန္ျပဴတာေပၚမွာ ေဆးမွတ္တမ္းမွန္သမ်ွ ထိုင္ဖတ္ေနသည္။ စကားတခြန္းမွမေျပာျဖစ္ေတာ့ အခန္းငယ္ထဲ တိတ္ဆိတ္လြန္းေနခဲ့ၿပီး ႏိုရာ့ဖခင္က စကားစလာခဲ့ေတာ့သည္။

"ေကာင္းဆက္? အိမ္မွာ မေသာ္တာတစ္ေယာက္တည္းမဟုတ္လား။"

"ရပါတယ္ဦးေလး။ ေမေမ့ကိုဖုန္းဆက္ထားပါတယ္။ က်ြန္ေတာ္ မနက္ျဖန္မွအိမ္ခဏျပန္မယ္။"

ခဏဆက္ထုိင္ၿပီးေနာက္ လူကအိပ္ခ်င္လာသလို ေညာင္းကိုက္လာေတာ့ အျပင္ဘက္သို႔ထြက္ခဲ့ေတာ့သည္။ အခန္းတြင္းေတာ့ အပူခ်ိန္ညႇိႏိႈင္းထားသည္မို႔ မသိသာေသာ္လည္း အခန္းျပင္ေရာက္သည္ႏွင့္ စိမ့္ခနဲ၊ ဆက္လွမ္းလာသည့္ေျခလွမ္းတို႔က ေထာင့္ခ်ိဳးေလးနားေရာက္ေတာ့ တန္႔သြားခဲ့ရသည္။ ေရဘူးတစ္ဘူးကိုကိုင္ကာ ခံုေပၚမွာ ထိုင္ေနသည့္ Shane ။ ေခါင္းငိုက္စုိက္ခ်ထားသည္မို႔ မိမိကိုမျမင္ေသးေပ။

ရာသီဥတုက ​ေအးရသည့္ၾကားထဲ မနက္၃နာရီထိုးေနသည့္တိုင္ေအာင္ Shane ထိုင္ေနသည့္အေပၚ ေကာင္းဆက္စိတ္မသက္မသာ ျဖစ္သြားရေပမယ့္ ဘာမွမေျပာခ်င္ေသးတာေၾကာင့္ အသံမျပဳပဲ ျဖတ္ေလ်ွာက္လာခဲ့သည္။

"ေကာင္းဆက္.."

ခပ္လွမ္းလွမ္းေရာက္မွ ျမင္သြားဟန္႐ွိသည့္ Shane က ေျပးလိုက္လာကာ လက္ေမာင္းတဖက္မွ ဆဲြလာၿပီး ေကာင္းဆက္႐ုန္းလိုက္ေတာ့...

"ေဆာရီး...."

ဟု ဆိုကာ ခ်က္ခ်င္းျပန္လႊတ္ေပးခဲ့သည္။ ႏွစ္ဦးသားၾကားထဲ ေျပာစရာမ႐ွိေတာ့သလို တိတ္ဆိတ္သြားခဲ့ရာမွ Shane ကပင္ စကားစလာသည္။

"စိတ္ေရာ လူေရာပင္ပန္းေနမွာေပါ့ ကုိယ္တခုခုစားဖို႔ ဝယ္ေပးရမလား။"

"ရတယ္ ဘာမွမစားခ်င္ဘူး။"

"ဒါမွမဟုတ္ ကုိယ္နဲ႔အျပင္ခဏလိုက္မလား ။ ေကာင္းဆက္အက်ီမွာ ေသြးစေတြေပေနတယ္။ ကုိယ့္အိမ္မွာ..."

"မလဲေတာ့ဘူး။ ၿပီးေတာ့ Shane "

"အင္း ကုိယ္႐ွိတယ္။ဘာလုပ္ေပးရမလဲ..."

"ခဏေလာက္ ခပ္ေဝးေဝးေနေပးမလား။"

ထိုစကားေနာက္ေတာ့ Shane မွာ တိတ္က်သြားခဲ့ၿပီး သက္ျပင္းခ်သံကိုပါ ခပ္သဲ့သဲ့ၾကားရသည္။

"ကုိယ္နားလည္ပါတယ္။ ဒီအခ်ိန္မွာ ေကာင္းဆက္ေရာ Devin ပါ စိတ္ခံစားခ်က္ျပင္းထန္ေနမွာပဲ။ ဒါေပမဲ့ အခ်ိန္မၾကာဘူး မဟုတ္လား ေကာင္းဆက္။ "

"..........."

"မၾကာဘူးလို႔ပဲ ကုိယ္မွတ္ယူလို္က္မယ္။ "

"ျပန္လိုက္ပါ​ေတာ့ Shane ။ မနက္ ၃နာရီ​ေက်ာ္​ေနၿပီ။"

"အင္း... ကုိယ္ ႏိုရာ့ကို ခဏေလာက္ ဝင္ၾကည့္ၿပီး​ေတာ့မွပဲ။"

"ဒီတုိင္းျပန္လိုက္ပါ Devin စိတ္အေျခအေန မေကာင္းသလို ႏိုရာ့မိဘေတြလဲ ဧည့္သည္လက္ခံဖို႔ အဆင္မေျပေသးဘူး။ "

"ကုိယ္ သေဘာေပါက္ပါၿပီ။ စိတ္ခ် အနားမလာပါဘူး။ ဒါေပမဲ့ လိုအပ္တာေတြနဲ႔ တစံုတခုလုပ္ဖို႔႐ွိတုိင္း စီစဥ္ေပးလို႔ရေအာင္ မနီးမေဝးမွာေတာ့ ကုိယ္႐ွိေနေပးပါရေစ။ "

ေကာင္းဆက္ဘာမွျပန္မေျဖေတာ့ Shane က တခ်က္ၾကည့္ကာ ေက်ာခိုင္းျပန္သြားခဲ့သည္။ ေနာက္တစ္ရက္ေနေတာ္ေတာ္ျမင့္မွ ႏိုရာမိဘေတြအတြက္ မနက္စာစီစဥ္ေပးၿပီးေနာက္ အိမ္သို႔ျပန္လာခဲ့သည္။ တခ်ိန္လံုးတင္းခံထားသမ်ွက ေမေမ့ကိုဖက္ကာ ငိုမိေတာ့ အေၾကာင္းစံုသိထားၿပီးတဲ့ ေမေမကလဲ အသာဖက္ထားကာ ႏွစ္သိမ့္ေပးေပမယ့္ ရင္ထဲေတာ့တစက္ကေလးမွ ေနလို႔မ​ေကာင္းေပ။

"အက်ီေတြလာယူတာ ေမေမ။ ဒီရက္ပိုင္း ​ေဆးရံုမွာပဲေနျပီး တရက္တေလေတာ့ ျပန္လာအိပ္မယ္ေနာ္။ အဲ့ဒီရက္ေတြ ညည့္နက္လဲ စိတ္မပူပါနဲ႔...။"

"ခဏေတာ့အိပ္လိုက္ပါဦး သားရယ္။ ေမေမဟင္းေလးေျပးခ်က္ဦးမယ္။ သားႏုိးလာရင္ ​ေန႔လည္စားၿပီး ဒီေန့ေတာ့ ေဆးရံုကို ​ေမေမလဲလိုက္မယ္။ ညက်မွ သားနဲ႔အတူျပန္လာမယ္ေလ။ မဇင္တို႔လင္မယားအတြက္လဲ စားဖို႔ေသာက္ဖို႔ေလး ထည့္ေပးရမယ္။ Devin ကိုေတာ့ သားကပဲ တခ်က္ဂ႐ုစိုက္လိုက္ပါ။"

"ဟုတ္ကဲ့ေမေမ ဒါဆို သားခဏအိပ္လိုက္ဦးမယ္။"

"အင္း...ဒါနဲ႔ သား... Shane ကို အရမ္းအျပစ္မတင္ပါနဲ႔

ေမေမ့ေခၚသံေၾကာင့္ ေျခလွမ္းတန္႔သြားရာက ေနာက္ဆက္တဲြစကားၾကားေတာ့ လံုးဝရပ္သြားခဲ့ရသည္။ ဘာမွျပန္မေျဖျဖစ္ေတာ့ ေမေမကပဲ ဆက္ေျပာလာခဲ့သည္။

"Shane လဲ ဒီလိုုျဖစ္လာမယ္မထင္လို႔ပါ သားရယ္။"

"ကြၽန္ေတာ္လဲသိပါတယ္။ ဒါေပမဲ့ ​ေမေမရယ္ Devin အေမအေၾကာင္းကို သိထားသူက ဘယ္သူ႔ကိုမွ မတုိင္ပင္ပဲ သူ႔သေဘာနဲ႔သူ လုပ္ခ်ပစ္လိုက္တဲ့အေပၚမွာ ႏိုရာဒီလိုျဖစ္သြားရတယ္။ အဆိုးဆံုးက သူငယ္ခ်င္းအရင္းေပၚလဲ မတုိင္ပင္ခဲ့သလို သူ႔ရဲ႕ဘဝလက္တဲြ​ေဖာ္လို႔ သတ္မွတ္ထားတဲ့ ကြၽန္ေတာ့္ကိုလဲ....။ ထားပါေတာ့ေမေမ ကြၽန္ေတာ္ မေျပာခ်င္ေတာ့ဘူး။"

"ေမေမလဲ ဘာေျပာရမယ္မွန္းေတာင္ မသိေတာ့ဘူး။ ဒါေပမဲ့ Shane ကသူ႔အျပစ္ႀကီးလို​ေတြးၿပီး သိပ္ခံစားေနရမွာေတာ့ ေမေမသိတယ္။ သားတို႔ရဲ႕ခံစားခ်က္ကိုလဲ နားလည္ေပမယ့္...."

"ဟုတ္ကဲ့ ေမေမ။ ကြၽန္ေတာ္သိပါတယ္။"

အိပ္ရာထဲမွာလူးလွိမ့္ရင္းက အိပ္ေပ်ာ္သြားခဲ့ၿပီး ႏိုးလာခ်ိန္မွာေတာ့ ေန႔လည္စာထမင္းစားကာ လူနာေစာင့္မ်ားအတြက္ ေကာင္းႏိုးရာရာမွန္သမ်ွ သားအမိႏွစ္ဦးသယ္ေဆာင္ကာ ေဆးရံု႐ွိရာျပန္လာခဲ့သည္။ ႏိုရာ့မိခင္က ေမေမ့ကိုေတြ႔သည္ႏွင့္ ဖက္ငိုကာ တိုင္တည္​ေျပာ​ေန​ေတာ့ ခံစားရသမ်ွက အသစ္တဖန္ ျပန္ျဖစ္ပ်က္လာသလိုပင္။ ႏိုရာ့မိဘေတြထံက အၾကည့္လဲႊျပန္သည့္အခါ Devin နဲ႔ အၾကည့္ခ်င္းဆံုသည္။

"Shane ဖုန္းဆက္ေသးလား ေကာင္းဆက္။"

"ဒီမနက္ေတာ့ မဆက္ေသးပါဘူး။ ညကေတာ့ ​ေတာ္ေတာ္မိုးခ်ဳပ္မွျပန္သြားတယ္။ Devin အတြက္လဲ စားလို႔အဆင္ေျပမယ့္ အစားအေသာက္ေလးေတြ ျပင္လာခဲ့တယ္။"

သတိေတာင္မလည္ေသးတဲ့ သားျဖစ္အင္​ေၾကာင့္ ႏိုရာအေမက တခ်ိန္လံုးငိုေနကာ အစားလဲစားခ်င္စိတ္ မ႐ွိဘူးဟုဆို၍ ျငင္းဆန္သည္။ ဖခင္ကေတာ့ အေဖမို႔လားမသိ ျဖစ္သြားၿပီးကိစၥအေပၚ နစ္ျမဳပ္မ​ေနေတာ့ပဲ မိန္းမျဖစ္သူကို ႏွစ္သိမ့္​ေပးရင္း ႏိုရာကိုတၾကည့္ၾကည့္။ ထိုသို႔ျဖင့္ေန႔လည္စာ ထမင္းဝိုင္းေလးက တိတ္ဆိတ္စြာျဖင့္ ၿပီးဆံုးခဲ့သည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ခဏေလာက္ ခပ္ေဝးေဝးေနရေအာင္ဟု ေတာင္းဆိုထားသည့္ ​ေကာင္းဆက္ရဲ႕ေတာင္းဆိုခ်က္က တလခဲြ​ေက်ာ္ခန္႔ၾကာျမင့္ခဲ့ၿပီး ယခုထက္တိုင္ ဖုန္းတခ်က္မဆက္သလို၊ ဖုန္းဆက္တုိင္းလဲမကိုင္ အလုပ္လဲ ယခုထက္တုိင္မဆင္း​ေသး။ ေကာင္းဆက္တင္မဟုတ္ပဲ Devin ကပါ မိမိကိုမေတြ႔ခ်င္ေနေတာ့ အနားသြားဖို႔လဲ Shane မရဲေပ။ တံခါးေခါက္သံေၾကာင့္ အေတြးျပတ္သြားကာ ေလ်ာ့ရဲရဲထိုင္ေနမိသည့္ ကိုယ္ခႏၶာကိုယ္ အနည္းငယ္မတ္ထိုင္လိုက္သသည္။

"ဒီေန႔အတြက္ Report ပါ သူေဌး "

ေကာင္းဆက္ခြင့္ယူထားကတည္းက Report အတြက္ Edward ဆိုသူက တာဝန္ေျပာင္းယူထားခဲ့သည္။ ဖိုင္တဲြေပၚပါအခ်က္မ်ား ေသေသခ်ာခ်ာလိုက္ၾကည့္ၿပီးေနာက္....

"တျခား ထူးျခားတင္ျပစရာ႐ွိေသးလား Edward "

"မ႐ွိပါဘူး။ ခြင့္ျပဳပါဦး သူေဌး..."

"Edward ခဏ..."

ျပန္လွည့္သြားသည့္ Edward ေျခလွမ္းမ်ားက Shane ေခၚသံေၾကာင့္ တန္႔သြားကာ ျပန္လွည့္လာၿပီး အနားမွာလာရပ္သည္။ သို႔ေသာ္ Shane ကေတာ့ ဘယ္လိုေျပာရမလဲ မသိစြာ ႏႈတ္ကဘာတခြန္းမွ ထြက္လာခဲ့။ ဒါကို ရိပ္မိသည့္ Edward ထံမွလဲ သက္ျပင္းခ်သံ ထြက္လာၿပီးေနာက္...။

"ေဆးရံုစရိတ္အတြက္လား သူေဌး။ I

"အင္း...ပံုမွန္ဆို မနက္ျဖန္မွ​ေပမယ့္ မနက္ျဖန္ဆို Company ႏွစ္ပတ္လည္ပဲြဆိုေတာ့ မင္းမ်ား ဒီေန႔သြားေပးႏုိင္မလားလို႔.."

"ဟုတ္ကဲ့ ကြၽန္​ေတာ္သြားရင္းလုပ္​ေပးခဲ့ပါမယ္။ "

"ေက်းဇူးပါ။"

"သူေဌးလဲေကာင္းေကာင္း အနားယူလိုက္ပါဦး။ "

မိမိကိုေသခ်ာၾကည့္၍ ေျပာလာသည့္ Edward ကို Shane ေခါင္းညိတ္ကာ သိ႐ွိေၾကာင္းျပလိုက္ၿပီး Edward အျပင္ထြက္သြားသည္ႏွင့္ ထိုင္ခံုကိုအသာမွီကာ မ်က္လံုးတို႔ကို မွိတ္ခ်လိုက္​ေတာ့သည္။ Company ႏွစ္ပတ္လည္အတြက္ပဲြႏွင့္ ရံုးခဲြျပင္ဆင္ေရး၊ ဝန္ထမ္းအသစ္ေခၚယူျခင္း ကိစၥမ်ားေၾကာင့္ ညဆိုလ်ွင္၈နာရီေက်ာ္ခန္႔မွသာ အျမဲျပန္ျဖစ္ၿပီး အိမ္သို႔တန္းမျပန္ျဖစ္။ မုန္႔၊ေကာ္ဖီစသည့္ အစားအစာမ်ားဝယ္ယူကာ ႏိုရာႏွင့္ လူနာေစာင့္မ်ားစားရန္ သူနာျပဳမွ တဆင့္ေပးခိုင္း၍ ကိုယ္တုိင္ကေတာ့ ႏိုရာ့အခန္းကို ခပ္ေဝးေဝးတစ္ေနရာမွာသာ ထိုင္ေနတတ္သည္။

​ေကာင္းဆက္အသံလဲမၾကားရ၊ ၊႐ုပ္ကိုပါမျမင္ရတာၾကာေနၿပီမို႔ ရံဖန္ရံခါအခန္းျပင္မ်ား ထြက္လာေလမလား အ​ေတြးျဖင့္ ညတုိင္း မနက္၁နာရီခန္႔အထိ ​ေစာင့္ၾကည့္ခဲ့ေပမယ့္ တခါမွကိုမေတြ႔ခဲ့ရ၊ ေဆးရံုမွာမ႐ွိလို႔လား ဒီေန႔အိမ္မ်ားျပန္သလား ေတြးမိေသာ္လည္း ေမေမ့ကိုမ်က္ႏွာပူလို႔ အိမ္လဲမသြားရဲေပ။ အလုပ္ေၾကာင့္ေရာ၊ စိတ္ေရာပင္ပန္းလြန္းေနေတာ့ company က ဝန္ထမ္းေတြ သတိထားမိသည့္အထိ ညိဳးႏြမ္း​ေနခဲ့တာ မဆန္းေပ။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

"ေနာက္ထပ္ ဆယ္ခါေလာက္ပဲ အေကြးအဆန္႔လုပ္ေပးႀကီးရင္ ေပးနားမယ္ေနာ္ ႏိုရာ"

နဖူးကေခြၽးေတြက လည္ပင္းဆီ စီးက်လာသည့္အထိ လက္ေခ်ာင္းေလးေတြမွာ တပ္ဆင္ေပးထားသည့္ စက္အကူအညီ ကိရိယာကို အံတင္းတင္းႀကိတ္၍ ဆယ္ႀကိမ္ျပည့္ေအာင္ ႀကိဳးစားေနသည့္ ႏိုရာ့ႀကိဳးစားမႈ​ေအာင္ျမင္သြား​ေတာ့ Devin က လက္ခုပ္တီးကာ ပုဝါေလးတစ္ထည္ ဆဲြယူၿပီးေနာက္ ေခြၽးစတို႔ကိုသုတ္ေပး႐ွာသည္။

"မနက္စာစားရမယ့္အခ်ိန္​ေရာက္ၿပီး ဒီေန႔မနက္ေရာ ႏိုရာကဘာစားခ်င္လဲ။"

ကုတင္ေဘးတြင္ ငုတ္တုတ္ေလးထိုင္ကာ အိပ္ရာေပၚလွဲေနသည့္ ႏိုရာ့ပါးကိုခပ္ဖြဖြဆဲြကာ Devin ေမးေတာ့...

"ဘာ...ျဖစ္...ျဖစ္..စား...မယ္"

"ဒါဆို ခဏေလးေစာင့္ေနာ္ ကိုယ္သြားဝယ္လိုက္ဦးမယ္။ မသြားခင္ ႏိုရာ့ကိုအက်ီလဲေပးမယ္။ ​ေခြၽးေတြနဲ႔ဆိုေတာ့"

ႏိုရာခႏၶာကိုယ္မွ အက်ီကုိခြၽတ္လဲဖို႔ရာ အရမ္းမလြယ္ကူေလေတာ့ ေခြၽးျပန္ေနသည့္ Devin ကို ႏိုရာက ၾကည့္၍ရယ္သည္။ သူတို႔ႏွစ္ဦး ခပ္တိုးတိုးရယ္ေနၾကသည့္ ျမင္ကြင္းကို ၾကည့္ေနရသည့္ ေကာင္းဆက္ပါလုိက္ရယ္မိသည့္အထိ။ ႏိုရာ့ရဲ႕မေတာ္တဆမႈ ျဖစ္ပြားခဲ့သည္မွာ တလခြဲခန္႔ၾကာခဲ့ၿပီးျဖစ္ၿပီး အေျပာင္းအလဲမ်ားစြာကလဲ ထိုတလအတြင္းမွာ ျဖစ္ေပၚခဲ့သည္။

ခဲြစိတ္မႈအၿပီး ၄ရက္ခန္႔ၾကာၿပီးေနာက္မွ ႏိုရာသတိလည္လာခဲ့ၿပီး ေအာက္ပိုင္းေသကာ ခနၶာကုိယ္လႈပ္႐ွားမရေတာ့သည့္မေပၚ၊ မသန္စြမ္းျဖစ္သြားသည့္္အေပၚ လက္မခံႏုိင္ျဖစ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူေလးကေန အထိမခံေပါက္ကဲြလြယ္သည့္ ခ်ိန္ကိုက္ဗံုးတလံုးႏွယ္ ေျပာင္းလဲသြားခဲ့သည္။ ကံမေကာင္းသည့္ အခ်က္ေတြထဲက ကံေကာင္းမႈတခုကေတာ့ Accident ျဖစ္ပြားခ်ိန္မွာ Devin လ်ွင္ျမန္စြာ ေစာင့္ေ႐ွာက္ႏုိင္ခဲ့မႈေၾကာင့္ အဆိုးဆံုးအေျခအေနေတာ့ မျဖစ္ခဲ့ေပ။ လက္ေလးေတြ သန္မာစြာမလႈပ္ႏုိင္ေတာ့ေသာ္လည္း ေခါင္းကအေၾကာမလိုက္ခဲ့၊ ထို့အတူ စကားမေျပာနုိင္ျခင္းလဲ မျဖစ္ခဲ့။ သာမာန္လူတစ္ေယာက္လို အရမ္းသြက္သြက္ႀကီး မေျပာႏုိင္ေပမယ့္ ထိန္း၍တလံုးျခင္း ပီသစြာေျပာေနႏိုင္ခဲ့သည္။

တပတ္ေက်ာ္ခန္႔ၾကာျမင့္ၿပီးတဲ့​ေနာက္ သူ႔ဘဝသူလက္ခံလာသည့္ ႏိုရာက တစတစျဖင့္ အရင္တုန္းက ႏုိရာ့ပံုစံသို႔ ေျပာင္းလဲလာခဲ့သည္။ Devin မိဘေတြကလဲ ႏိုရာႏွင့္ သူ႔မိဘမ်ားအေပၚ လာေတာင္းပန္သြားခဲ့ၿပီး သူတုိ႔အပိုင္ေဆးရံုသို႔ေျပာင္းေရႊ႔ကာ အေကာင္းဆံုးေသာေဆးဝါးေတြ၊ အကူပစၥည္းမ်ားႏွင့္ အနီးကပ္ ​ေစာင့္ေ႐ွာက္မႈေတြေၾကာင့္ တလေက်ာ္ခန္႔ ၾကာျမင့္လာသည့္အခါ ႏိုရာ့ အ​ေျခအ​ေနမွာ အေတာ္ေလး တိုးတက္လာခဲ့သည္။ Devin ကေတာ့ သူ႔မိဘႏွစ္ပါးကို ခြင့္မလႊတ္ေသးသည့္ဟန္ စကားတလံုးမွမေျပာသလို၊ ေဆးကုသစရိတ္မ်ားအား ကုိယ္တိုင္ေပးေခ်မည္ဟု ေျပာထားခဲ့ေသာ္လည္း....

"ေကာင္း....ဆက္...ေကာင္း...ဆက္.."

ဟူေသာ ခပ္တုိးတိုး ခပ္ေလးေလးေခၚသံၾကားမွ သတိဝင္ကာ ႏိုရာကုတင္အနီးေျပးကပ္၍

"ေအး ေအး ငါဘာလုပ္ေပးရမလဲ။"

"ေမာ....တာ...ကြာ.....မင္းကို...ေခၚ...ေခၚ..ရတာ"

ေဆာင့္ေအာင့္သံေၾကာင့္ ေကာင္းဆက္ျပံဳးလိုက္ၿပီး ႏိုရာေမးဆတ္ျပရာ ​ေနရာဆီက ေရခြက္ကိုယူ၍ အသာေတ့တိုက္လိုက္ရင္းျဖင့္ ႏိုရာေနာက္တခ်က္ မ်က္စပစ္ျပလာသည့္အခါမွာေတာ့...။

"ဘာေတြးေတြးေနလဲ ​ေမးမလို႔လား။"

"အင္း..."

"ဒီလိုပါပဲ ဟိုဟိုဒီဒီေပါ့"

"Shane...အလုပ္..."

"Shane နဲ႔ကမေတြ႔ျဖစ္ဘူး။ သူလဲ ႏွစ္ပတ္လည္အတြက္ စီစဥ္ေနတာေရာ၊ ဆုိင္ခဲြေရာေလ။ အလုပ္ကခြင့္ရပါတယ္ကြ မပူပါနဲ႔။ ဒီေန႔ညလဲ ႏွစ္ပတ္လည္ေလ။"

Shane ႏွင့္မေတြ႔ျဖစ္သည္မွာ မင္းေဆးရံုေရာက္ကတည္းကပဲဟူေသာ စကားလံုးကိုေတာ့ ေကာင္းဆက္ထည့္မေျပာျဖစ္ခဲ့ေပ။ သို႔ေသာ္...

"ငါ့...ေၾကာင့္...လား"

"မဟုတ္ပါဘူး"

"မင္း...ေရာ...Devin ေရာ...Shane အေၾကာင္း မေျပာ။ ၾကာ...ၿပီ။ ငါ...ျဖစ္...သြား..တာ...သူ...နဲ႔...မဆုိင္"

စကားခပ္ေလးေလးသာ ​ေျပာႏုိင္ေသးၿပီး ပီသေအာင္တလံုးျခင္းထြက္ေနရသည့္ ႏိုရာက ခပ္တိုတိုသာေျပာလာေပမယ့္ ေကာင္းဆက္ကေတာ့ အလံုးစံုနားလည္ႏုိင္သည္။ Shane ေၾကာင့္ မဟုတ္တာသိ​ေပမယ့္ Shane နဲ႔ မိမိအၾကား၊ Shane နဲ႔ Devin အၾကား အစိုင္အခဲက အမ်ိဳးအမည္တပ္မရစြာ ထီးထီးႀကီးက်န္ေနခဲ့ရၿပီး တလခဲြအတြင္း ေျပာင္းလဲသြားသည့္ ကိစၥေတြထဲ ထိုအစိုင္အခဲကေျပမလာခဲ့။

"Devin ျပန္လာၿပီ ႏုိရာ။ မနက္စာစားၿပီး နားလိုက္ဦး။ ငါလဲျပန္မယ္။ ညေနမွ မင္းမိဘေတြနဲ႔ အတူတူျပန္လာခဲ့မယ္။"

စကားထပ္ေျပာဖို႔ရာ ၾကံစည္​ေနတဲ့ ႏိုရာ့ထံက ဘာမွထြက္မလာေသးခင္ Devin ကို ႏႈတ္ဆက္ကာ ​ေကာင္းဆက္အိမ္ျပန္လာခဲ့သည္။ တေန႔လံုးအိမ္မွာ ကူေပးၿပီးတဲ့ေနာက္ ညအိပ္ေစာင့္ရန္ ႏိုရာမိဘေတြကိုေခၚကာ ေဆးရံုသို႔ျပန္ေရာက္လာခဲ့ၿပီး ည ၉ နာရီခန္႔မွာေတာ့ ႏိုရာ့ကိုသူ႔အေမ ညလယ္စာ​ေကြၽးေပးေနခိုက္ Devin ႏွင့္အတူ ေကာ္ဖီဝယ္ရန္ ထြက္လာခဲ့ၾကသည္။ အရင္ကဆို ဒီအခ်ိန္ Shane ပို႔ေပးေနၾက​ေပမယ့္ ယေန႔ေတာ့ Company ႏွစ္ပတ္လည္ပဲြေၾကာင့္လားမသိ ေရာက္မလာခဲ့ေပ။

"ေကာင္းဆက္? နိုရာနဲ့ပတ္သတ္ျပီး ေကာင္းဆက္အမ်ားႀကီး လုပ္ေပးခဲ့တာမို႔ ဒီအခ်ိန္မွာ အကုန္ေျဖေဖ်ာက္ပစ္လို႔ ရေနပါၿပီ။"

"ဘာကိုဆိုလိုခ်င္တာလဲ Devin။"

"Shane နဲ႔ပတ္သတ္ၿပီးေတာ့ပါ။ ဒီတလခဲြအတြင္းမွာ သူ႔ကို လ်စ္လ်ဴ႐ွဴခဲ့ၾကတယ္။ ကြၽန္ေတာ္ေရာ ေကာင္းဆက္ေရာ။ အခုေတာ့ စိတ္လဲအနယ္ထုိင္လာၿပီ၊ Shane မွာ တကယ္လဲအျပစ္မ႐ွိ႐ွာပါဘူး။ ကြၽန္ေတာ္တို႔လြန္ေနၿပီလားလို႔ ​ေတြးမိတယ္။ ကြၽန္ေတာ္မေခၚမေျပာျခင္းက သူ႔အတြက္ အေရးပါတယ္ဆိုေပမယ့္ ေကာင္းဆက္ သူ႔ကို ဥေပကၡာျပဳထားတာက သူ႔ကိုပိုခံစားရေစမွာ။ ေကာင္းဆက္ကို သူကသိပ္ခ်စ္တာေလ။ Shane နဲ႔ အရင္လိုပံုစံျပန္ေနလို႔ရပါတယ္။ ကြၽန္ေတာ္နဲ႔ႏိုရာေၾကာင့္နဲ႔​ေတာ့ ဒီလိုႀကီးမေနပါနဲ႔။"

"ကြၽန္ေတာ္ သူ႔ကုိစိတ္ဆိုးတာထက္ ငါ့ကိုမတိုင္ပင္ေလျခင္း၊ Devin အေမအေၾကာင္းသိရဲ႕သားနဲ႔ စံုမွိတ္ယံုၾကည္လိုက္တဲ့အေပၚ စိတ္ခုေနရံုပါ။ အခု​ေတာ့ ႏုိရာကိုယ္တုိင္ေရာ ၊မိဘေတြကပါ သူ႔အျပစ္မဟုတ္ဘူးလို႔ ေျပာၾကတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ကိုယ္တုိင္ေရာကလဲ တျဖည္းျဖည္း အနယ္ထုိင္လာၿပီဆိုေတာ့ ဆက္သြယ္မလား စဥ္းစားေပမယ့္ ဘာေၾကာင့္ရယ္မသိဘူး အစိုင္အခဲႀကီး တခုလိုျဖစ္ၿပီး တြန္႔ဆုတ္ေနမိတယ္။"

"ဒီတလခဲြမွာ သူစိတ္ေရာ၊ လူေရာပင္ပန္းေနမွာ။ ညတုိင္း​ေရာက္လာၿပီး ကြၽန္ေတာ္တို႔ စိတ္အဆင္မေျပမွာစိုးလို႔ အေဝးမွာေနေပးတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းက တကယ္တမ္း ခ်စ္ဖို႔ေကာင္း႐ွာပါတယ္။ သနားစရာလဲေကာင္းတယ္။"

ခပ္ျပံဳးျပံဳးေလးနဲ႔ ေျပာေနတဲ့ Devin မ်က္ႏွာေပၚကေန Shane အေပၚ ေလးနက္မွုကိုျမင္ေနရသည္။ တကယ္လဲ Devin ေျပာသည့္အတုိင္း Shane မွာ ညတုိင္းအစားအေသာက္ ကိုယ္တုိင္လာပို႔သည့္အျပင္ အေဝးကေန ​ေစာင့္ၾကည့္ေနတတ္ေသးသည္။ ေဆးရံုစရိတ္ကို Devin ႐ွင္းဖို႔ၾကံရြယ္တုိင္းလဲ Edward နာမည္နဲ႔ အျမဲ ႐ွင္းၿပီးသားျဖစ္ေနတတ္ျခင္း၊ Edward ကေတာ့ ရံုးက Department တခုစီတုိင္းက ေဆးရံုစရိတ္အတြက္ စုေပါင္းေပးျခင္းဟု ဆိုေသာ္လည္း ဘယ္လိုမွ ယံုၾကည္ခ်င္စရာ မေကာင္းေပ။ ေကာင္းဆက္ၿငိမ္ေနမိေတာ့ Devin ကစကားဆက္လာသည္။

"ေနာက္ရက္ကစၿပီး အလုပ္ျပန္ဝင္လိုက္ပါ ေကာင္းဆက္။ ႏုိရာလဲ တျဖည္းျဖည္းေကာင္းလာမွာမို႔ ကြၽန္ေတာ္တို႔လဲ အရင္လို အေျခအေနကို ျပန္သြားၾကရေအာင္။ အခုလို Shane ကို ကြၽန္ေတာ္တို႔ လ်စ္လ်ဴ႐ွဴထားတာနဲ႔ ပတ္သတ္ၿပီး ႏုိရာက စိတ္မေကာင္းျဖစ္ေနတယ္ေလ။"

"ခ်က္ခ်င္းႀကီးေတာ့ ဖုန္းဆက္ေခၚေျပာရမွာ တမ်ိဳးျဖစ္ေနလို႔ အလုပ္ျပန္ဆင္းရင္းနဲ႔မွ ကြၽန္ေတာ္...."

ဝင္ေပါက္ဝဆီ ေလ်ွာက္ေနရာမွ ထိုဝင္ေပါက္ဆီသို႔ ​အ​ေရး​ေပၚလူနာတင္ယာဥ္ ဆုိက္လာၿပီး ဆရာဝန္ေတြအေျပးအလႊားျဖစ္ေနတာေၾကာင့္ ေကာင္းဆက္စကားရပ္တန္႔သြားၿပီး ႏွစ္ေယာက္သားအၾကည့္က ထိုဝင္ေပါက္ဆီသို႔ေရာက္သြားခဲ့သည္။

႐ုတ္႐ုတ္သဲသဲအေျခအေနၾကား အေနာက္တုိင္းဝတ္စံုဝတ္ထားသည့္ လူတစ္ေယာက္ကို တြန္းလွည္းႏွင့္တြန္းလာေနၿပီး ေခါင္းေပၚမွေသြးေတြက ဝတ္ဆင္ထားသည့္ အျဖဴေရာင္အတြင္းထပ္ Shirt အေပၚ ေပပြေနကာ တြန္းလွည္းေပၚမွာပါ အိုင္ထြန္းေန၍ အဝတ္ျဖင့္အုပ္ကိုင္ထားၾကသည္မို႔ မ်က္ႏွာကိုေတာ့ကြယ္​ေနၿပီး ​ေသခ်ာမျမင္ရေပ။ Devin ကေတာ့ ဆရာဝန္ပီပီ ထိုျမင္ကြင္းကို ေငးၾကည့္ေနခဲ့ရာက...

"Shane.."

ခပ္တိုးတိုးအာေမဋိတ္သံၾကားေတာ့မွ ေကာင္းဆက္ထိုေနရာသို႔ျပန္ၾကည့္ၿပီး တြန္းလွည္းေနာက္မွပါလာသည့္ လူေတြထံ အၾကည့္ေရာက္သြားသည္။ Edward ႏွင့္ Company မွ လူေတြျဖစ္ၿပီး အကုန္ဝတ္ေကာင္းစားလွႏွင့္။ တြန္းလွည္းေပၚမွာေတာ့ Shane က ေသြးသံရဲရဲၾကား လဲေလ်ာင္းေနခဲ့သည္။ ႏွစ္ေယာက္သားတိုင္ပင္မထားရပါပဲ ေျပးသြားၾကၿပီးေနာက္ ေကာင္းဆက္ကေတာ့ ​ေျကာင္ျကည့္ေနသည္မွလဲြ၍ ဘာမွမလုပ္နုိင္ခဲ့။ Devin မွာမူ ဆရာဝန္ပီပီ သတိမလစ္ဟင္းပဲ Shane ဦးေခါင္းကို အဝတ္ျဖင့္ဖိထားေပးသည့္ ဆရာဝန္ေနရာမွာ ေနရာဝင္ယူကာ....

"ဘာျဖစ္လာတာလဲ!! ဘာနဲ႔ထိခုိက္လာတာလဲ"

(AN - တရက္ျခား up ႏုိင္ေအာင္ႀကိဳးစားသြားေပးမယ္ေနာ္)

5000 words

Unicode

တဖြည်းဖြည်းအချိန်ကား မနက်၃နာရီပင်ရှိနေပြီး နိုရာမိဘတွေမှာ နိုရာကိုသာ တစိမ့်စိမ့်ကြည့်နေဆဲ၊ Devin ကတော့ ကွန်ပြူတာပေါ်မှာ ဆေးမှတ်တမ်းမှန်သမျှ ထိုင်ဖတ်နေသည်။ စကားတခွန်းမှမပြောဖြစ်တော့ အခန်းငယ်ထဲ တိတ်ဆိတ်လွန်းနေခဲ့ပြီး နိုရာ့ဖခင်က စကားစလာခဲ့တော့သည်။

"ကောင်းဆက်? အိမ်မှာ မသော်တာတစ်ယောက်တည်းမဟုတ်လား။"

"ရပါတယ်ဦးလေး။ မေမေ့ကိုဖုန်းဆက်ထားပါတယ်။ ကျွန်တော် မနက်ဖြန်မှအိမ်ခဏပြန်မယ်။"

ခဏဆက်ထိုင်ပြီးနောက် လူကအိပ်ချင်လာသလို ညောင်းကိုက်လာတော့ အပြင်ဘက်သို့ထွက်ခဲ့တော့သည်။ အခန်းတွင်းတော့ အပူချိန်ညှိနှိုင်းထားသည်မို့ မသိသာသော်လည်း အခန်းပြင်ရောက်သည်နှင့် စိမ့်ခနဲ၊ ဆက်လှမ်းလာသည့်ခြေလှမ်းတို့က ထောင့်ချိုးလေးနားရောက်တော့ တန့်သွားခဲ့ရသည်။ ရေဘူးတစ်ဘူးကိုကိုင်ကာ ခုံပေါ်မှာ ထိုင်နေသည့် Shane ။ ခေါင်းငိုက်စိုက်ချထားသည်မို့ မိမိကိုမမြင်သေးပေ။

ရာသီဥတုက အေးရသည့်ကြားထဲ မနက်၃နာရီထိုးနေသည့်တိုင်အောင် Shane ထိုင်နေသည့်အပေါ် ကောင်းဆက်စိတ်မသက်မသာ ဖြစ်သွားရပေမယ့် ဘာမှမပြောချင်သေးတာကြောင့် အသံမပြုပဲ ဖြတ်လျှောက်လာခဲ့သည်။

"ကောင်းဆက်.."

ခပ်လှမ်းလှမ်းရောက်မှ မြင်သွားဟန်ရှိသည့် Shane က ပြေးလိုက်လာကာ လက်မောင်းတဖက်မှ ဆွဲလာပြီး ကောင်းဆက်ရုန်းလိုက်တော့...

"ဆောရီး...."

ဟု ဆိုကာ ချက်ချင်းပြန်လွှတ်ပေးခဲ့သည်။ နှစ်ဦးသားကြားထဲ ပြောစရာမရှိတော့သလို တိတ်ဆိတ်သွားခဲ့ရာမှ Shane ကပင် စကားစလာသည်။

"စိတ်ရော လူရောပင်ပန်းနေမှာပေါ့ ကိုယ်တခုခုစားဖို့ ဝယ်ပေးရမလား။"

"ရတယ် ဘာမှမစားချင်ဘူး။"

"ဒါမှမဟုတ် ကိုယ်နဲ့အပြင်ခဏလိုက်မလား ။ ကောင်းဆက်အကျီမှာ သွေးစတွေပေနေတယ်။ ကိုယ့်အိမ်မှာ..."

"မလဲတော့ဘူး။ ပြီးတော့ Shane "

"အင်း ကိုယ်ရှိတယ်။ဘာလုပ်ပေးရမလဲ..."

"ခဏလောက် ခပ်ဝေးဝေးနေပေးမလား။"

ထိုစကားနောက်တော့ Shane မှာ တိတ်ကျသွားခဲ့ပြီး သက်ပြင်းချသံကိုပါ ခပ်သဲ့သဲ့ကြားရသည်။

"ကိုယ်နားလည်ပါတယ်။ ဒီအချိန်မှာ ကောင်းဆက်ရော Devin ပါ စိတ်ခံစားချက်ပြင်းထန်နေမှာပဲ။ ဒါပေမဲ့ အချိန်မကြာဘူး မဟုတ်လား ကောင်းဆက်။ "

"..........."

"မကြာဘူးလို့ပဲ ကိုယ်မှတ်ယူလိုက်မယ်။ "

"ပြန်လိုက်ပါတော့ Shane ။ မနက် ၃နာရီကျော်နေပြီ။"

"အင်း... ကိုယ် နိုရာ့ကို ခဏလောက် ဝင်ကြည့်ပြီးတော့မှပဲ။"

"ဒီတိုင်းပြန်လိုက်ပါ Devin စိတ်အခြေအနေ မကောင်းသလို နိုရာ့မိဘတွေလဲ ဧည့်သည်လက်ခံဖို့ အဆင်မပြေသေးဘူး။ "

"ကိုယ် သဘောပေါက်ပါပြီ။ စိတ်ချ အနားမလာပါဘူး။ ဒါပေမဲ့ လိုအပ်တာတွေနဲ့ တစုံတခုလုပ်ဖို့ရှိတိုင်း စီစဉ်ပေးလို့ရအောင် မနီးမဝေးမှာတော့ ကိုယ်ရှိနေပေးပါရစေ။ "

ကောင်းဆက်ဘာမှပြန်မဖြေတော့ Shane က တချက်ကြည့်ကာ ကျောခိုင်းပြန်သွားခဲ့သည်။ နောက်တစ်ရက်နေတော်တော်မြင့်မှ နိုရာမိဘတွေအတွက် မနက်စာစီစဉ်ပေးပြီးနောက် အိမ်သို့ပြန်လာခဲ့သည်။ တချိန်လုံးတင်းခံထားသမျှက မေမေ့ကိုဖက်ကာ ငိုမိတော့ အကြောင်းစုံသိထားပြီးတဲ့ မေမေကလဲ အသာဖက်ထားကာ နှစ်သိမ့်ပေးပေမယ့် ရင်ထဲတော့တစက်ကလေးမှ နေလို့မကောင်းပေ။

"အကျီတွေလာယူတာ မေမေ။ ဒီရက်ပိုင်း ဆေးရုံမှာပဲနေပြီး တရက်တလေတော့ ပြန်လာအိပ်မယ်နော်။ အဲ့ဒီရက်တွေ ညည့်နက်လဲ စိတ်မပူပါနဲ့...။"

"ခဏတော့အိပ်လိုက်ပါဦး သားရယ်။ မေမေဟင်းလေးပြေးချက်ဦးမယ်။ သားနိုးလာရင် နေ့လည်စားပြီး ဒီနေ့တော့ ဆေးရုံကို မေမေလဲလိုက်မယ်။ ညကျမှ သားနဲ့အတူပြန်လာမယ်လေ။ မဇင်တို့လင်မယားအတွက်လဲ စားဖို့သောက်ဖို့လေး ထည့်ပေးရမယ်။ Devin ကိုတော့ သားကပဲ တချက်ဂရုစိုက်လိုက်ပါ။"

"ဟုတ်ကဲ့မေမေ ဒါဆို သားခဏအိပ်လိုက်ဦးမယ်။"

"အင်း...ဒါနဲ့ သား... Shane ကို အရမ်းအပြစ်မတင်ပါနဲ့

မေမေ့ခေါ်သံကြောင့် ခြေလှမ်းတန့်သွားရာက နောက်ဆက်တွဲစကားကြားတော့ လုံးဝရပ်သွားခဲ့ရသည်။ ဘာမှပြန်မဖြေဖြစ်တော့ မေမေကပဲ ဆက်ပြောလာခဲ့သည်။

"Shane လဲ ဒီလိုုဖြစ်လာမယ်မထင်လို့ပါ သားရယ်။"

"ကျွန်တော်လဲသိပါတယ်။ ဒါပေမဲ့ မေမေရယ် Devin အမေအကြောင်းကို သိထားသူက ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ သူ့သဘောနဲ့သူ လုပ်ချပစ်လိုက်တဲ့အပေါ်မှာ နိုရာဒီလိုဖြစ်သွားရတယ်။ အဆိုးဆုံးက သူငယ်ချင်းအရင်းပေါ်လဲ မတိုင်ပင်ခဲ့သလို သူ့ရဲ့ဘဝလက်တွဲဖော်လို့ သတ်မှတ်ထားတဲ့ ကျွန်တော့်ကိုလဲ....။ ထားပါတော့မေမေ ကျွန်တော် မပြောချင်တော့ဘူး။"

"မေမေလဲ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။ ဒါပေမဲ့ Shane ကသူ့အပြစ်ကြီးလိုတွေးပြီး သိပ်ခံစားနေရမှာတော့ မေမေသိတယ်။ သားတို့ရဲ့ခံစားချက်ကိုလဲ နားလည်ပေမယ့်...."

"ဟုတ်ကဲ့ မေမေ။ ကျွန်တော်သိပါတယ်။"

အိပ်ရာထဲမှာလူးလှိမ့်ရင်းက အိပ်ပျော်သွားခဲ့ပြီး နိုးလာချိန်မှာတော့ နေ့လည်စာထမင်းစားကာ လူနာစောင့်များအတွက် ကောင်းနိုးရာရာမှန်သမျှ သားအမိနှစ်ဦးသယ်ဆောင်ကာ ဆေးရုံရှိရာပြန်လာခဲ့သည်။ နိုရာ့မိခင်က မေမေ့ကိုတွေ့သည်နှင့် ဖက်ငိုကာ တိုင်တည်ပြောနေတော့ ခံစားရသမျှက အသစ်တဖန် ပြန်ဖြစ်ပျက်လာသလိုပင်။ နိုရာ့မိဘတွေထံက အကြည့်လွဲှပြန်သည့်အခါ Devin နဲ့ အကြည့်ချင်းဆုံသည်။

"Shane ဖုန်းဆက်သေးလား ကောင်းဆက်။"

"ဒီမနက်တော့ မဆက်သေးပါဘူး။ ညကတော့ တော်တော်မိုးချုပ်မှပြန်သွားတယ်။ Devin အတွက်လဲ စားလို့အဆင်ပြေမယ့် အစားအသောက်လေးတွေ ပြင်လာခဲ့တယ်။"

သတိတောင်မလည်သေးတဲ့ သားဖြစ်အင်ကြောင့် နိုရာအမေက တချိန်လုံးငိုနေကာ အစားလဲစားချင်စိတ် မရှိဘူးဟုဆို၍ ငြင်းဆန်သည်။ ဖခင်ကတော့ အဖေမို့လားမသိ ဖြစ်သွားပြီးကိစ္စအပေါ် နစ်မြုပ်မနေတော့ပဲ မိန်းမဖြစ်သူကို နှစ်သိမ့်ပေးရင်း နိုရာကိုတကြည့်ကြည့်။ ထိုသို့ဖြင့်နေ့လည်စာ ထမင်းဝိုင်းလေးက တိတ်ဆိတ်စွာဖြင့် ပြီးဆုံးခဲ့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ခဏလောက် ခပ်ဝေးဝေးနေရအောင်ဟု တောင်းဆိုထားသည့် ကောင်းဆက်ရဲ့တောင်းဆိုချက်က တလခွဲကျော်ခန့်ကြာမြင့်ခဲ့ပြီး ယခုထက်တိုင် ဖုန်းတချက်မဆက်သလို၊ ဖုန်းဆက်တိုင်းလဲမကိုင် အလုပ်လဲ ယခုထက်တိုင်မဆင်းသေး။ ကောင်းဆက်တင်မဟုတ်ပဲ Devin ကပါ မိမိကိုမတွေ့ချင်နေတော့ အနားသွားဖို့လဲ Shane မရဲပေ။ တံခါးခေါက်သံကြောင့် အတွေးပြတ်သွားကာ လျော့ရဲရဲထိုင်နေမိသည့် ကိုယ်ခန္ဓာကိုယ် အနည်းငယ်မတ်ထိုင်လိုက်သသည်။

"ဒီနေ့အတွက် Report ပါ သူဌေး "

ကောင်းဆက်ခွင့်ယူထားကတည်းက Report အတွက် Edward ဆိုသူက တာဝန်ပြောင်းယူထားခဲ့သည်။ ဖိုင်တွဲပေါ်ပါအချက်များ သေသေချာချာလိုက်ကြည့်ပြီးနောက်....

"တခြား ထူးခြားတင်ပြစရာရှိသေးလား Edward "

"မရှိပါဘူး။ ခွင့်ပြုပါဦး သူဌေး..."

"Edward ခဏ..."

ပြန်လှည့်သွားသည့် Edward ခြေလှမ်းများက Shane ခေါ်သံကြောင့် တန့်သွားကာ ပြန်လှည့်လာပြီး အနားမှာလာရပ်သည်။ သို့သော် Shane ကတော့ ဘယ်လိုပြောရမလဲ မသိစွာ နှုတ်ကဘာတခွန်းမှ ထွက်လာခဲ့။ ဒါကို ရိပ်မိသည့် Edward ထံမှလဲ သက်ပြင်းချသံ ထွက်လာပြီးနောက်...။

"ဆေးရုံစရိတ်အတွက်လား သူဌေး။ I

"အင်း...ပုံမှန်ဆို မနက်ဖြန်မှပေမယ့် မနက်ဖြန်ဆို Company နှစ်ပတ်လည်ပွဲဆိုတော့ မင်းများ ဒီနေ့သွားပေးနိုင်မလားလို့.."

"ဟုတ်ကဲ့ ကျွန်တော်သွားရင်းလုပ်ပေးခဲ့ပါမယ်။ "

"ကျေးဇူးပါ။"

"သူဌေးလဲကောင်းကောင်း အနားယူလိုက်ပါဦး။ "

မိမိကိုသေချာကြည့်၍ ပြောလာသည့် Edward ကို Shane ခေါင်းညိတ်ကာ သိရှိကြောင်းပြလိုက်ပြီး Edward အပြင်ထွက်သွားသည်နှင့် ထိုင်ခုံကိုအသာမှီကာ မျက်လုံးတို့ကို မှိတ်ချလိုက်တော့သည်။ Company နှစ်ပတ်လည်အတွက်ပွဲနှင့် ရုံးခွဲပြင်ဆင်ရေး၊ ဝန်ထမ်းအသစ်ခေါ်ယူခြင်း ကိစ္စများကြောင့် ညဆိုလျှင်၈နာရီကျော်ခန့်မှသာ အမြဲပြန်ဖြစ်ပြီး အိမ်သို့တန်းမပြန်ဖြစ်။ မုန့်၊ကော်ဖီစသည့် အစားအစာများဝယ်ယူကာ နိုရာနှင့် လူနာစောင့်များစားရန် သူနာပြုမှ တဆင့်ပေးခိုင်း၍ ကိုယ်တိုင်ကတော့ နိုရာ့အခန်းကို ခပ်ဝေးဝေးတစ်နေရာမှာသာ ထိုင်နေတတ်သည်။

ကောင်းဆက်အသံလဲမကြားရ၊ ၊ရုပ်ကိုပါမမြင်ရတာကြာနေပြီမို့ ရံဖန်ရံခါအခန်းပြင်များ ထွက်လာလေမလား အတွေးဖြင့် ညတိုင်း မနက်၁နာရီခန့်အထိ စောင့်ကြည့်ခဲ့ပေမယ့် တခါမှကိုမတွေ့ခဲ့ရ၊ ဆေးရုံမှာမရှိလို့လား ဒီနေ့အိမ်များပြန်သလား တွေးမိသော်လည်း မေမေ့ကိုမျက်နှာပူလို့ အိမ်လဲမသွားရဲပေ။ အလုပ်ကြောင့်ရော၊ စိတ်ရောပင်ပန်းလွန်းနေတော့ company က ဝန်ထမ်းတွေ သတိထားမိသည့်အထိ ညိုးနွမ်းနေခဲ့တာ မဆန်းပေ။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

"နောက်ထပ် ဆယ်ခါလောက်ပဲ အကွေးအဆန့်လုပ်ပေးကြီးရင် ပေးနားမယ်နော် နိုရာ"

နဖူးကချွေးတွေက လည်ပင်းဆီ စီးကျလာသည့်အထိ လက်ချောင်းလေးတွေမှာ တပ်ဆင်ပေးထားသည့် စက်အကူအညီ ကိရိယာကို အံတင်းတင်းကြိတ်၍ ဆယ်ကြိမ်ပြည့်အောင် ကြိုးစားနေသည့် နိုရာ့ကြိုးစားမှုအောင်မြင်သွားတော့ Devin က လက်ခုပ်တီးကာ ပုဝါလေးတစ်ထည် ဆွဲယူပြီးနောက် ချွေးစတို့ကိုသုတ်ပေးရှာသည်။

"မနက်စာစားရမယ့်အချိန်ရောက်ပြီး ဒီနေ့မနက်ရော နိုရာကဘာစားချင်လဲ။"

ကုတင်ဘေးတွင် ငုတ်တုတ်လေးထိုင်ကာ အိပ်ရာပေါ်လှဲနေသည့် နိုရာ့ပါးကိုခပ်ဖွဖွဆွဲကာ Devin မေးတော့...

"ဘာ...ဖြစ်...ဖြစ်..စား...မယ်"

"ဒါဆို ခဏလေးစောင့်နော် ကိုယ်သွားဝယ်လိုက်ဦးမယ်။ မသွားခင် နိုရာ့ကိုအကျီလဲပေးမယ်။ ချွေးတွေနဲ့ဆိုတော့"

နိုရာခန္ဓာကိုယ်မှ အကျီကိုချွတ်လဲဖို့ရာ အရမ်းမလွယ်ကူလေတော့ ချွေးပြန်နေသည့် Devin ကို နိုရာက ကြည့်၍ရယ်သည်။ သူတို့နှစ်ဦး ခပ်တိုးတိုးရယ်နေကြသည့် မြင်ကွင်းကို ကြည့်နေရသည့် ကောင်းဆက်ပါလိုက်ရယ်မိသည့်အထိ။ နိုရာ့ရဲ့မတော်တဆမှု ဖြစ်ပွားခဲ့သည်မှာ တလခွဲခန့်ကြာခဲ့ပြီးဖြစ်ပြီး အပြောင်းအလဲများစွာကလဲ ထိုတလအတွင်းမှာ ဖြစ်ပေါ်ခဲ့သည်။

ခွဲစိတ်မှုအပြီး ၄ရက်ခန့်ကြာပြီးနောက်မှ နိုရာသတိလည်လာခဲ့ပြီး အောက်ပိုင်းသေကာ ခန္ဓာကိုယ်လှုပ်ရှားမရတော့သည့်မပေါ်၊ မသန်စွမ်းဖြစ်သွားသည့််အပေါ် လက်မခံနိုင်ဖြစ်ပြီး ပျော်ပျော်နေတတ်သူလေးကနေ အထိမခံပေါက်ကွဲလွယ်သည့် ချိန်ကိုက်ဗုံးတလုံးနှယ် ပြောင်းလဲသွားခဲ့သည်။ ကံမကောင်းသည့် အချက်တွေထဲက ကံကောင်းမှုတခုကတော့ Accident ဖြစ်ပွားချိန်မှာ Devin လျှင်မြန်စွာ စောင့်ရှောက်နိုင်ခဲ့မှုကြောင့် အဆိုးဆုံးအခြေအနေတော့ မဖြစ်ခဲ့ပေ။ လက်လေးတွေ သန်မာစွာမလှုပ်နိုင်တော့သော်လည်း ခေါင်းကအကြောမလိုက်ခဲ့၊ ထို့အတူ စကားမပြောနိုင်ခြင်းလဲ မဖြစ်ခဲ့။ သာမာန်လူတစ်ယောက်လို အရမ်းသွက်သွက်ကြီး မပြောနိုင်ပေမယ့် ထိန်း၍တလုံးခြင်း ပီသစွာပြောနေနိုင်ခဲ့သည်။

တပတ်ကျော်ခန့်ကြာမြင့်ပြီးတဲ့နောက် သူ့ဘဝသူလက်ခံလာသည့် နိုရာက တစတစဖြင့် အရင်တုန်းက နိုရာ့ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ Devin မိဘတွေကလဲ နိုရာနှင့် သူ့မိဘများအပေါ် လာတောင်းပန်သွားခဲ့ပြီး သူတို့အပိုင်ဆေးရုံသို့ပြောင်းရွှေ့ကာ အကောင်းဆုံးသောဆေးဝါးတွေ၊ အကူပစ္စည်းများနှင့် အနီးကပ် စောင့်ရှောက်မှုတွေကြောင့် တလကျော်ခန့် ကြာမြင့်လာသည့်အခါ နိုရာ့ အခြေအနေမှာ အတော်လေး တိုးတက်လာခဲ့သည်။ Devin ကတော့ သူ့မိဘနှစ်ပါးကို ခွင့်မလွှတ်သေးသည့်ဟန် စကားတလုံးမှမပြောသလို၊ ဆေးကုသစရိတ်များအား ကိုယ်တိုင်ပေးချေမည်ဟု ပြောထားခဲ့သော်လည်း....

"ကောင်း....ဆက်...ကောင်း...ဆက်.."

ဟူသော ခပ်တိုးတိုး ခပ်လေးလေးခေါ်သံကြားမှ သတိဝင်ကာ နိုရာကုတင်အနီးပြေးကပ်၍

"အေး အေး ငါဘာလုပ်ပေးရမလဲ။"

"မော....တာ...ကွာ.....မင်းကို...ခေါ်...ခေါ်..ရတာ"

ဆောင့်အောင့်သံကြောင့် ကောင်းဆက်ပြုံးလိုက်ပြီး နိုရာမေးဆတ်ပြရာ နေရာဆီက ရေခွက်ကိုယူ၍ အသာတေ့တိုက်လိုက်ရင်းဖြင့် နိုရာနောက်တချက် မျက်စပစ်ပြလာသည့်အခါမှာတော့...။

"ဘာတွေးတွေးနေလဲ မေးမလို့လား။"

"အင်း..."

"ဒီလိုပါပဲ ဟိုဟိုဒီဒီပေါ့"

"Shane...အလုပ်..."

"Shane နဲ့ကမတွေ့ဖြစ်ဘူး။ သူလဲ နှစ်ပတ်လည်အတွက် စီစဉ်နေတာရော၊ ဆိုင်ခွဲရောလေ။ အလုပ်ကခွင့်ရပါတယ်ကွ မပူပါနဲ့။ ဒီနေ့ညလဲ နှစ်ပတ်လည်လေ။"

Shane နှင့်မတွေ့ဖြစ်သည်မှာ မင်းဆေးရုံရောက်ကတည်းကပဲဟူသော စကားလုံးကိုတော့ ကောင်းဆက်ထည့်မပြောဖြစ်ခဲ့ပေ။ သို့သော်...

"ငါ့...ကြောင့်...လား"

"မဟုတ်ပါဘူး"

"မင်း...ရော...Devin ရော...Shane အကြောင်း မပြော။ ကြာ...ပြီ။ ငါ...ဖြစ်...သွား..တာ...သူ...နဲ့...မဆိုင်"

စကားခပ်လေးလေးသာ ပြောနိုင်သေးပြီး ပီသအောင်တလုံးခြင်းထွက်နေရသည့် နိုရာက ခပ်တိုတိုသာပြောလာပေမယ့် ကောင်းဆက်ကတော့ အလုံးစုံနားလည်နိုင်သည်။ Shane ကြောင့် မဟုတ်တာသိပေမယ့် Shane နဲ့ မိမိအကြား၊ Shane နဲ့ Devin အကြား အစိုင်အခဲက အမျိုးအမည်တပ်မရစွာ ထီးထီးကြီးကျန်နေခဲ့ရပြီး တလခွဲအတွင်း ပြောင်းလဲသွားသည့် ကိစ္စတွေထဲ ထိုအစိုင်အခဲကပြေမလာခဲ့။

"Devin ပြန်လာပြီ နိုရာ။ မနက်စာစားပြီး နားလိုက်ဦး။ ငါလဲပြန်မယ်။ ညနေမှ မင်းမိဘတွေနဲ့ အတူတူပြန်လာခဲ့မယ်။"

စကားထပ်ပြောဖို့ရာ ကြံစည်နေတဲ့ နိုရာ့ထံက ဘာမှထွက်မလာသေးခင် Devin ကို နှုတ်ဆက်ကာ ကောင်းဆက်အိမ်ပြန်လာခဲ့သည်။ တနေ့လုံးအိမ်မှာ ကူပေးပြီးတဲ့နောက် ညအိပ်စောင့်ရန် နိုရာမိဘတွေကိုခေါ်ကာ ဆေးရုံသို့ပြန်ရောက်လာခဲ့ပြီး ည ၉ နာရီခန့်မှာတော့ နိုရာ့ကိုသူ့အမေ ညလယ်စာကျွေးပေးနေခိုက် Devin နှင့်အတူ ကော်ဖီဝယ်ရန် ထွက်လာခဲ့ကြသည်။ အရင်ကဆို ဒီအချိန် Shane ပို့ပေးနေကြပေမယ့် ယနေ့တော့ Company နှစ်ပတ်လည်ပွဲကြောင့်လားမသိ ရောက်မလာခဲ့ပေ။

"ကောင်းဆက်? နိုရာနဲ့ပတ်သတ်ပြီး ကောင်းဆက်အများကြီး လုပ်ပေးခဲ့တာမို့ ဒီအချိန်မှာ အကုန်ဖြေဖျောက်ပစ်လို့ ရနေပါပြီ။"

"ဘာကိုဆိုလိုချင်တာလဲ Devin။"

"Shane နဲ့ပတ်သတ်ပြီးတော့ပါ။ ဒီတလခွဲအတွင်းမှာ သူ့ကို လျစ်လျူရှူခဲ့ကြတယ်။ ကျွန်တော်ရော ကောင်းဆက်ရော။ အခုတော့ စိတ်လဲအနယ်ထိုင်လာပြီ၊ Shane မှာ တကယ်လဲအပြစ်မရှိရှာပါဘူး။ ကျွန်တော်တို့လွန်နေပြီလားလို့ တွေးမိတယ်။ ကျွန်တော်မခေါ်မပြောခြင်းက သူ့အတွက် အရေးပါတယ်ဆိုပေမယ့် ကောင်းဆက် သူ့ကို ဥပေက္ခာပြုထားတာက သူ့ကိုပိုခံစားရစေမှာ။ ကောင်းဆက်ကို သူကသိပ်ချစ်တာလေ။ Shane နဲ့ အရင်လိုပုံစံပြန်နေလို့ရပါတယ်။ ကျွန်တော်နဲ့နိုရာကြောင့်နဲ့တော့ ဒီလိုကြီးမနေပါနဲ့။"

"ကျွန်တော် သူ့ကိုစိတ်ဆိုးတာထက် ငါ့ကိုမတိုင်ပင်လေခြင်း၊ Devin အမေအကြောင်းသိရဲ့သားနဲ့ စုံမှိတ်ယုံကြည်လိုက်တဲ့အပေါ် စိတ်ခုနေရုံပါ။ အခုတော့ နိုရာကိုယ်တိုင်ရော ၊မိဘတွေကပါ သူ့အပြစ်မဟုတ်ဘူးလို့ ပြောကြတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ရောကလဲ တဖြည်းဖြည်း အနယ်ထိုင်လာပြီဆိုတော့ ဆက်သွယ်မလား စဉ်းစားပေမယ့် ဘာကြောင့်ရယ်မသိဘူး အစိုင်အခဲကြီး တခုလိုဖြစ်ပြီး တွန့်ဆုတ်နေမိတယ်။"

"ဒီတလခွဲမှာ သူစိတ်ရော၊ လူရောပင်ပန်းနေမှာ။ ညတိုင်းရောက်လာပြီး ကျွန်တော်တို့ စိတ်အဆင်မပြေမှာစိုးလို့ အဝေးမှာနေပေးတယ်။ ကျွန်တော့်သူငယ်ချင်းက တကယ်တမ်း ချစ်ဖို့ကောင်းရှာပါတယ်။ သနားစရာလဲကောင်းတယ်။"

ခပ်ပြုံးပြုံးလေးနဲ့ ပြောနေတဲ့ Devin မျက်နှာပေါ်ကနေ Shane အပေါ် လေးနက်မှုကိုမြင်နေရသည်။ တကယ်လဲ Devin ပြောသည့်အတိုင်း Shane မှာ ညတိုင်းအစားအသောက် ကိုယ်တိုင်လာပို့သည့်အပြင် အဝေးကနေ စောင့်ကြည့်နေတတ်သေးသည်။ ဆေးရုံစရိတ်ကို Devin ရှင်းဖို့ကြံရွယ်တိုင်းလဲ Edward နာမည်နဲ့ အမြဲ ရှင်းပြီးသားဖြစ်နေတတ်ခြင်း၊ Edward ကတော့ ရုံးက Department တခုစီတိုင်းက ဆေးရုံစရိတ်အတွက် စုပေါင်းပေးခြင်းဟု ဆိုသော်လည်း ဘယ်လိုမှ ယုံကြည်ချင်စရာ မကောင်းပေ။ ကောင်းဆက်ငြိမ်နေမိတော့ Devin ကစကားဆက်လာသည်။

"နောက်ရက်ကစပြီး အလုပ်ပြန်ဝင်လိုက်ပါ ကောင်းဆက်။ နိုရာလဲ တဖြည်းဖြည်းကောင်းလာမှာမို့ ကျွန်တော်တို့လဲ အရင်လို အခြေအနေကို ပြန်သွားကြရအောင်။ အခုလို Shane ကို ကျွန်တော်တို့ လျစ်လျူရှူထားတာနဲ့ ပတ်သတ်ပြီး နိုရာက စိတ်မကောင်းဖြစ်နေတယ်လေ။"

"ချက်ချင်းကြီးတော့ ဖုန်းဆက်ခေါ်ပြောရမှာ တမျိုးဖြစ်နေလို့ အလုပ်ပြန်ဆင်းရင်းနဲ့မှ ကျွန်တော်...."

ဝင်ပေါက်ဝဆီ လျှောက်နေရာမှ ထိုဝင်ပေါက်ဆီသို့ အရေးပေါ်လူနာတင်ယာဉ် ဆိုက်လာပြီး ဆရာဝန်တွေအပြေးအလွှားဖြစ်နေတာကြောင့် ကောင်းဆက်စကားရပ်တန့်သွားပြီး နှစ်ယောက်သားအကြည့်က ထိုဝင်ပေါက်ဆီသို့ရောက်သွားခဲ့သည်။

ရုတ်ရုတ်သဲသဲအခြေအနေကြား အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လူတစ်ယောက်ကို တွန်းလှည်းနှင့်တွန်းလာနေပြီး ခေါင်းပေါ်မှသွေးတွေက ဝတ်ဆင်ထားသည့် အဖြူရောင်အတွင်းထပ် Shirt အပေါ် ပေပွနေကာ တွန်းလှည်းပေါ်မှာပါ အိုင်ထွန်းနေ၍ အဝတ်ဖြင့်အုပ်ကိုင်ထားကြသည်မို့ မျက်နှာကိုတော့ကွယ်နေပြီး သေချာမမြင်ရပေ။ Devin ကတော့ ဆရာဝန်ပီပီ ထိုမြင်ကွင်းကို ငေးကြည့်နေခဲ့ရာက...

"Shane.."

ခပ်တိုးတိုးအာမေဋိတ်သံကြားတော့မှ ကောင်းဆက်ထိုနေရာသို့ပြန်ကြည့်ပြီး တွန်းလှည်းနောက်မှပါလာသည့် လူတွေထံ အကြည့်ရောက်သွားသည်။ Edward နှင့် Company မှ လူတွေဖြစ်ပြီး အကုန်ဝတ်ကောင်းစားလှနှင့်။ တွန်းလှည်းပေါ်မှာတော့ Shane က သွေးသံရဲရဲကြား လဲလျောင်းနေခဲ့သည်။ နှစ်ယောက်သားတိုင်ပင်မထားရပါပဲ ပြေးသွားကြပြီးနောက် ကောင်းဆက်ကတော့ ကြောင်ကြည့်နေသည်မှလွဲ၍ ဘာမှမလုပ်နိုင်ခဲ့။ Devin မှာမူ ဆရာဝန်ပီပီ သတိမလစ်ဟင်းပဲ Shane ဦးခေါင်းကို အဝတ်ဖြင့်ဖိထားပေးသည့် ဆရာဝန်နေရာမှာ နေရာဝင်ယူကာ....

"ဘာဖြစ်လာတာလဲ!! ဘာနဲ့ထိခိုက်လာတာလဲ"

(AN - တရက်ခြား up နိုင်အောင်ကြိုးစားသွားပေးမယ်နော်)

5000 words





























Continue Reading

You'll Also Like

94.1K 5.7K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
1.1M 116K 49
#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေပးၾကပါရန္ႏွင့္ အေၾကာင္းအရာ လြဲေခ်ာ္မႈမ်...
236K 42.7K 54
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
138K 16.4K 11
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."