<Unicode>
"မင်း...မင်းဘာတွေပြောနေတာလည်း"
"Hk..မယုံဘူးလာ..ငါမင်းရဲ့အနံ့အသက်တွေကိုခံစားမိတယ်"
ဘောပင်အားလှည့်ပြီး ခပ်တည်တည်ပြောလာသည့်ယွန်ဂီကြောင့် ဂျောင်ကုနည်းနည်းလန့်လာသည်။
ယွန်ဂီမှာသူ့ဘက်သို့လှည့်လာပြီး မထိတစ်ထိဖြင့်ရယ်ကာ နားနားသို့ကပ်လာသည်ကာတိုးဖွစွာဖြင့်..
"ငါမင်းရဲ့အနံ့အသက်တွေကိုခံစားနိုင်တယ်
ဘာလို့ဆို ငါကWolfမျိုးဆက်ရဲ့ဆက်ခံသူမို့..."
ယွန်ဂီမှာပြန်ခွာလိုက်ပြီး smartပြုံးပြုံးကာ ဘောပင်အားဆက်လှည့်နေသည်။
"ငါတို့ကပေါင်းစပ်လို့မရတဲ့မျိုးရိုးတွေ
ဒါပေမဲ့..ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်"
ထပ်မံပြောလာသောယွန်ဂီကြောင့် ဂျောင်ကုမှာ ယုန်သွားလေးများပေါ်သည်အထိရယ်လိုက်ပြီးခေါင်တစ်ဆတ်ဆတ်ငြိတ်လိုက်သည်။
မင်းရဲ့မျိုးနွယ်တစ်ခုလုံးကိုခြေရာခံမိရင် ငါ့အဖေကငါ့ကို မျိုးရိုးဆက်ခံသူနေရာချက်ချင်းလွှဲပြောင်းရတော့မှာပဲ ဂျောင်ကုရာ...
ယွန်ဂီမှာ သူ့အတွေးနှင့်သူကောက်ကျစ်နေခဲ့ပေမဲ့ ဂျောင်ကုမှာဖြင့် သူငယ်ချင်းရ၍အပျော်ကြီးပျော်နေခဲ့သည်။
"မနက်ဖြန်ကျရင်ငါ့အိမ်လိုက်လည်မလာ ယွန်ဂီ"
"မင်းခေါ်ရင်တော့လိုက်မှာပေါ့"
"ဒါဆိုမနက်ဖြန်လိုက်ခဲ့နော်
ခုတော့ ငါပြန်တော့မယ်"
"အင်း.."
"bye..bye..ယွန်ဂီရာ.."
ယွန်ဂီမှာခေါင်းအသာညိတ်ရင်း ကျောင်းဆင်းချိန်တွင် ကျောင်းသားများကြား၌ပြေးထွက်သွားသည့်ဂျောင်ကု အားကြည့်ပြီး ကောက်ကျစ်စွာပြုံးရင်းဆန့်ကျင်ဘက်ကိုထွက်သွားလိုက်သည်။
"ဖေကြီး...သားပြန်လာပြီး"
"အိုက်ဂူ...ဖေကြီးရဲ့ကလေးလေး"
ထယ်ယောင်းမှာ စာဖတ်နေရင်းတန်းလန်ပြန်ဝင်လာသောဂျောင်ကုကြောင့် ထယ်ယောင်းစာအုပ်အားချကာ မျက်မှန်ချွတ်လိုက်သည်။
"ကျောင်းမှာ အဆင်ပြေခဲ့ရဲ့လာ သားသား"
"ဟုတ်ဖေကြီး သူငယ်ချင်းတစ်ယောက်ရခဲ့တယ် မနက်ဖြန်ဖေကြီးနဲ့တွေ့ပေးမလို့"
"အိုက်ဂူး...ဖေကြီးရဲ့ကုကီလေးက သူငယ်ချင်းတောင်ရပြီးတဲ့လား"
"ဟီး...သားရေချိုးတော့မယ်ဖေကြီး"
ဂျောင်ကုလည်း ဖေကြီးအားနှုတ်ဆက်ပြီးအပေါ်ထပ်သို့တက်ခဲ့သည်။
မျက်နှာမှာပြုံးရွှင်နေပေမဲ့ ယွန်ဂီ၏စကားများကြောင့် အတွေးများက ရှုပ်ယှက်ခတ်နေဆဲပင်။
ငါကတကယ်Vampireဖြစ်နေခဲ့တာလာ။ ငါVampireဖြစ်နေရင် ဖေကြီးက ငါ့ကိုချစ်ပါအုံးမလား ။ ဖေကြီးငါ့ကိုကြောက်များကြောက်သွားမလာ။ ယွန်ဂီကိုရော ငါယုံလို့ရရဲ့လာ။
လား
လားဟူသော လား ပေါင်းများစွာက ခေါင်းထဲတွင်ပြည့်နှက်နေသည်ပင်။
ကျောင်းလွယ်အိတ်အားချပြီး ရေမိုးချိုးကာ ဖေကြီးနှင့်အတူထမင်းဆင်းစားလိုက်သည်။
ဦးဦးဟင်နရီမှာတော့ အလုပ်ကိစ္စဖြင့်ခရီးထွက်သွားသည်ဟုဖေကြီးကပြောသည်။
ထမင်းစားအပြီး ကျောင်းစာများအား လေ့လာနေလိုက်သည်။
ဒေါက်..ဒေါက်...
တံခါးခေါက်သံကြောင့် နာရီအား ဂျောင်ကုတစ်ချက်မော့ကြည့်လိုက်သည်။
9:26
"ဖေကြီးဝင်ခဲ့ပြီးနော် ကုကီ"
ဖွင့်လာသောတံခါးချပ်နှင့်အတူဖေကြီးမှာ တံခါးအားတွန်းဖွင့်ပြီးဝင်လာသည်။လက်တွင်လည်းခေါင်းအုံးနှင့်စောင်အားပိုက်ထားလျက်နှင့်ပင်။
ခေါင်းအုံးနှင့်စောင်အား
ဂျောင်ကု၏ကုတင်ပေါ်သို့ပစ်တင်လိုက်ကာ
ထယ်ယောင်းလည်းကုတင်ပေါ်တွင်လှဲချလိုက်သည်။
ထို့နောက်စောင်အားစောင်းမြှီးခြုံပြီး
ခေါင်းတစ်လုံးတည်းဖော်ကာ ဂျောင်ကုအားပြန်ကြည့်လာသည်။
"ဖေကြီးက ကုကီနဲ့အိပ်မလို့"
ဂျောင်ကုလည်း ခေါင်းတစ်ချက်ညိတ်ပြီး
စာကိုသာပြန်လုပ်နေသည်။
အခန်းလိုက်ကာများကိုလည်း အကုန်ပိတ်ထားပြီး
ပြတင်းပေါက်များကိုလည်းအကုန်ပိတ်ထားသည်။
"ကုကီ"
"ဗျား ဖေကြီး"
"မင်းဘာလို့အခန်းကိုအလုံပိတ်ထားတာလည်
သရဲကြောက်လို့လာ"
"မဟုတ်ပါဘူးဗျား ဒီတိုင်းပိတ်ထားချင်လို့"
ထယ်ယောင်းလည်းခေါင်းအသာညိတ်ပြီး နာရီတစ်ချက်မော့ကြည့်လိုက်တော့10နာရီခွဲခါနီးပြီးပင်။
"ကုကီ လာအိပ်တော့ 10ခွဲသွားပြီး"
"သားစာတွေနည်းနည်းလက်စသတ်အုံးမယ်ဖေကြီး"
ဂျောင်ကု၏စကားကြောင့်ထယ်ယောင်းမျက်မှောင်အသာကြုတ်လိုက်မိသည်။
အလယ်တန်းကလေးတွေကအဲ့လောက်ထိစာလုပ်ဖို့လိုအပ်နေလို့လာ။
ငါ့အလှည့်တုန်းကအဲ့လောက်ထိစာမလုပ်ရပါဘူး။
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကသင်ရိုးနဲ့အခုသင်ရိုးနဲ့မတူတာများလာ။
ထယ်ယောင်းမေးအားပွတ်ပြီးစဥ်းစားခန်းဝင်နေသောကြောင့် ဂျောင်ကု၏ခေါ်သံကိုပင်မကြား။
"ဖေကြီး"
"ဖေကြီးလို့!!!"
"အမ် ဟမ်...ဘာတုန်းကွ"
ဂျောင်ကု၏အသံကြောင့်ထယ်ယောင်းကိုယ်လေးအနည်းငယ်တုန်တက်သွားသည်။
ဒီကလေးတော်တော်vocalကောင်းတာပဲကွ။
"သားခေါ်နေတာကို မကြားရလောက်တဲ့အထိဖေကြီးဘာတွေတွေးနေတာလည်"
"မင်းအတွက်အမေရှာပေးမလို့လေ"
"ဖေကြီး!!!!"
ထယ်ယောင်းမှာ နောက်ရုံဖြင့်ပြန်ဖြေလိုက်သော်လည်း ဂျောင်ကုမှာမျက်လုံးများ အနီရောင်တောက်သွားသည်အထိဒေါသထွက်သွားပုံပင်။
ထယ်ယောင်းလည်း ခပ်ကြောက်ကြောက်ဖြင့်အနောက်အနည်းငယ်ဆုတ်ကာ..
"ဟဲဟဲ..မင်းကလည်းကွား ဖေကြီးကနောက်တာပါသားသားရ"
"အဲ့လိုမနောက်နဲ့ သားမကြိုက်ဘူး!!"
"ဟုတ်ပါပြီး မနောက်တော့ဘူး လာအိပ်တော့လာ"
ဂျောင်ကုမှာ စာဖတ်မီးအိမ်လေးအားပိတ်လိုက်ပြီး ဆူပုတ်ပုတ်ဖြင့်ကုတင်ပေါ်တက်လာသည်။ ဖေကြီးနောက်တွင်ဝင်လှဲပြီး ဖေကြီး၏ခါးအား အနောက်မှသိမ်းကြုံးဖက်လိုက်သည်။
ထယ်ယောင်းမှာ မျက်နှာချင်းဆိုင်လှည့်လာမည်လုပ်တော့ ဂျောင်ကုမှာ လှည့်ခွင့်မပေး။
"ဒီတိုင်းပဲနေဖေကြီး
လှည့်မလာနဲ့ ဒီတိုင်းလေးပဲဖတ်ထားချင်တယ်"
"အင်း..အိပ်တော့ ဖေကြီးရဲ့ကုကီလေး"
ခဏခန့်အကြာတွင် ဖေကြီးမှာအသက်ရှူသံမှန်မှန်ဖြင့်အိပ်ပျော်သွားသည်။
အချိန်မှာလည်း12နာရီခန့်ရှိပြီးဖြစ်သောကြောင့် ဗီဇအတိုင်း ဂျောင်ကု၏ လည်ချောင်းမှာ ပူစပ်ပူလောင်ဖြစ်လာပြီး တစ်ခုခုအားအငမ်းမရ ကိုက်ဆွဲချင်စိတ်များပေါ်လာသည်။
"ဖေကြီးရဲ့လည်တိုင်..."
ဆေးမိထားသလိုဖြစ်နေသောအသိဥာဏ်များနှင့်အတူ
အမှောင်ထဲတွင်မြင်ရသော ဖေကြီး၏ဖြူသွယ်သွယ်လည်တိုင်လေးက သူ့အားသုံးဆောင်ရန် ဖိတ်ခေါ်နေသလိုပင်။
မဖြစ်ဘူး...ဖေကြီးကမင်းရဲ့ကျေးဇူးရှင် မင်းဒီလိုလုပ်လို့မရဘူး။
ကိုက်လိုက်ပါကွဟျောင့်ရ အဲ့ဒီလည်တိုင်ကသွေးတွေကစောက်ရမ်းချိုတာ!
မင်းအဲ့လိုလုပ်လို့မရဘူးနော်ဂျောင်ကု ဖေကြီးက မင်းကိုသားအရင်းတစ်ယောက်လိုစောင့်ရှောက်ထားတာ ဖေကြီးကိုနာအောင်မလုပ်နဲ့!
နာလည်းခဏလေးပဲလေ ဘာတွေ တွေဝေနေတာလည်း အဲ့ဒီလည်တိုင်ဖြူဖြူလေးက စွဲကိုက်ချင်စရာကောင်းမနေဘူးလာ!
အတွေးများမှာ ဆိုးတစ်လှည့် ကောင်းတစ်လှည့် လွန်ဆွဲရင်း ဂျောင်ကု၏အသိဥာဏ်များမှာ အစိုးမရဖြစ်လာသည်။
မဖြစ်ဘူးနော်.. မင်းအဲ့လိုလုပ်ရင် ဖေကြီးကမင်းကိုမုန်းသွားမှာ..
ဖေကြီးက မုန်းသွားမှာဆိုသည့်စကားက ဂျောင်ကု၏ စိတ်ရိုင်းများကို ရေဖြင့်ပတ်ပြီးငြိမ်းလိုက်သလိုပင်။
"ဖေကြီး သားကို မ..မမုန်းရဘူး"
ဖေကြီး၏ခါးအားဖက်ထားသော လက်အား ပြန်သိမ်းကာတစ်ဖက်သို့လှည့်ပြီး ခန္ဓာကိုယ်ကို ကြုံ့ကာကွေးလိုက်ပြီး လက်ဖမိုးအား သွေးဆို့သည်အထိကိုက်နေလိုက်ကာ မိုးလင်းချိန်ကိုသာစောင့်နေလိုက်သည်။
မိုးလင်းခါနီးမှာပင် မှေးကနဲပြန်ပြီးအိပ်ပျော်သွားကာ အရာအားလုံးတိတ်ဆိတ်သွားသည်။
မနက်မိုးလင်းတော့ထုံးစံအတိုင်းပင်ဖေကြီးကသူ့ကိုနိုးသည်။ မနက်စာကိုဖေကြီးနှင့်ပင် အတူတူသွားပြီး ဆရာဂျီမင်နှင့်အတူကျောင်းသို့ထွက်ခဲ့သည်။
"Hey...ယွန်ဂီ.."
"လာပြီးလာ ဂျောင်ကု"
"အေး
မင်းကဘာလို့အစောကြီးရောက်နေရတာလည်"
"လာအိပ်တာ"
ယွန်ဂီ၏စကားကြောင့် ဂျောင်ကုမျက်ခုံးအား အသာပင့်ကာကြည့်လိုက်တော့ ယွန်ဂီမှာ ပုခုံးတစ်ချက်တွန့်ပြရင်း ပြန်မှောက်အိပ်လိုက်ပြန်သည်။
စာသင်ချိန်တစ်ချိန်ပြီး တစ်ချိနိကုန်လွန်လာပေမဲ့ ယွန်ဂီမှာ တစ်ချက်မှမနိုး။
ကျောင်းဆင်းချိန်ရောက်မှပင် နိုးလာသောယွန်ဂီ။
"အော်..နိုးလာသေးသားပဲ ငါကမင်းကိုသေပြီးထင်နေတာ"
"ဂျောင်ကုမင်းငါ့ကိုမေးစရာမရှိဘူးလာ"
ယွန်ဂီ၏အမေးကြောင့် ဂျောင်ကုမှာခဏခန့်တွေဝေသွားပြီး ခေါင်းခါကာ အသာလေးပြုံးလိုက်သည်။
"မင်းပြောတာတွေကိုငါအပြည့်အဝမယုံသေးပေမဲ့ မင်းကငါ့ကိုထိခိုက်အောင်လုပ်မဲ့သူမဟုတ်မှန်း ငါအလိုလိုသိနေတယ်"
ဂျောင်ကု၏အဖြေကြောင့် ယွန်ဂီမှာခဏခန့်ပင်ငြိမ်သက်သွားသည်။
သူ့ကိုထိခိုက်အောင်လုပ်တော့မည့်လူကို သူကယုံနေတယ်တဲ့လား။
ဂျွန်ဂျောင်ကုက တကယ်ပဲဘယ်လိုလူမျိုးပါလိမ့်။
ကျောင်းဆင်းတော့ ဦးဦးဟင်နရီက သူတို့အားလာကြိုသည်။ ယွန်ဂီလည်း ဂျောင်ကုနှင့်အတူ လိုက်သွားပြီး လမ်းတစ်လျှောက်အားအကဲခတ်နေသည်။
ခမ်းနားသောအိမ်တစ်လုံးရှိသည့်ခြံဝင်းထဲသို့မောင်းဝင်သွားသောကားလေးကြောင့် ဂျောင်ကုမှာ လူချမ်းသားအသိုင်းအဝိုင်းမှဖြစ်ကြောင်း ယွန်ဂီသိလိုက်သည်။
သို့ပေမဲ့ယွန်ဂီတစ်ချက်မှအံသြဟန်မပြ။ဘာလို့ဆို ယွန်ဂီတို့မျိုးရိုးမှာ သြဇာကြီးသောအသိုင်းအဝိုင်းမှဖြစ်သောကြောင့်ပင်။
"ရောက်ပြီးယွန်ဂီ လာအိမ်ထဲလိုက်ခဲ့"
"အင်း"
ဂျောင်ကုနောက်မှလိုက်မဝင်သွားခင် ခြံထဲတွင်စာဖတ်နေသော လူတစ်ယောက်ကို မျက်လုံးထောင့်မှယွန်ဂီဖျတ်ကနဲမြင်လိုက်သည်။
မျက်မှန်ဝိုင်းဝိုင်းလေးကိုမှ ရွှေရောင်ကြိုးလေးနှင့်သွယ်ထားပြီး ခပ်အုပ်အုပ်ဆံပင်ရှိသည့်ကောင်လေးတစ်ယောက်။
ယွန်ဂီထက်အသက်ကြီးဟန်ပေါ်မည့်ပုံပင်။
အပြာရောင် လက်ရှည်လေးနှင့်အတူညစာအုပ်ထိုင်ဖတ်နေသည့်ထိုကောင်လေးမှာ အဝေးကပင်ကြည့်ကောင်းလွန်းလှသည်။
သူ့အားကြည့်နေမှန်းသတိထားမိသွားဟန်ပေါ်သည်။ ရုတ်တရက်ခေါင်းမော့ပြီးပြန်ကြည့်လာတော့ ယွန်ဂီနှင့်မျက်လုံးချင်းစုံသွားသည်။
"လှတယ်..."
ယွန်ဂီ၏နှုတ်ခမ်းတို့မှာကွေးညွှတ်သွားပြီး တစ်စုံတစ်ယောက်၏ခြေရင်းမှာပင် နှလုံးသားငယ်အား မျိုးစေ့လေးအဖြစ် မြှုပ်နှံလိုက်တော့သည်။..
..
..
<Zawgyi>
ခုတော့ ငါပြန်တော့မယ်"
"အင်း.."
"bye..bye..ယွန်ဂီရာ.."
"ဖေကြီး...သားပြန်လာပြီး"
လား
ဒေါက်..ဒေါက်...
9:26
"ကုကီ"
"ဗျား ဖေကြီး"
သရဲကြောက်လို့လာ"
"ဖေကြီး"
"ဖေကြီးလို့!!!"
"အမ် ဟမ်...ဘာတုန်းကွ"
"ဖေကြီး!!!!"
"ဒီတိုင်းပဲနေဖေကြီး
"ဖေကြီးရဲ့လည်တိုင်..."
ဆေးမိထားသလိုဖြစ်နေသောအသိဉာဏ်များနှင့်အတူ
အတွေးများမှာ ဆိုးတစ်လှည့် ကောင်းတစ်လှည့် လွန်ဆွဲရင်း ဂျောင်ကု၏အသိဉာဏ်များမှာ အစိုးမရဖြစ်လာသည်။
"Hey...ယွန်ဂီ.."
"လာပြီးလာ ဂျောင်ကု"
"အေး
"လာအိပ်တာ"
"အင်း"
"လှတယ်..."
..
..