Jeon Jungkookရဲ့ ကမ်းလှမ်းချက်ကိုသဘောတူပီးနောက် သူခေါ်လိုက်တိုင်း သွားနေရတဲ့ဘဝသည်သိပ်မလွယ်ကူလှ။
"မင်းအားယားနေတိုင်း ငါ့ကို စွတ်စွတ်ခေါ်မနေနဲ့ "
"အားယားနေလို့ မင်းကိုခေါ်နေတယ် ထင်နေတာလား "
"ငါကတော့အဲ့လို ထင်တာပဲ"
Jiminသည် အိပ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုပ်ယူလိုက်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပီး ရှိုက်ဖွာနေလိုက်သည်။
ဆေးလိပ်နံကြောင့်ထင်သည် သူရောက်တည်းက laptopပေါ်က မျက်နှာမခွာတဲ့ CEO Jeonသည် မော့ကြည့်လာခဲ့သည်။
"ငါ့ရုံးခန်းထဲမှာ စည်းမဲ့ကမ်းမဲ့ တွေလာမလုပ်နဲ့ Park Jimin"
"ဆေးလိပ်သောက်တာ စည်းမဲ့ကမ်းမဲ့လား"
"စရိုက်တွေမှန်းသိသာလိုက်တာ"
Jeonစကားအဆံုး Jimin ရဲ့ နှုတ်ခမ်းလေးတစ်ဖက်ဟာ ကော့တက်လာခဲ့သည်။
"အဲ့စရိုက်တွေကို မင်းပဲ အရင်လာပတ်သက်တာမလား"
Jeonသည် ထိုင်နေရာမှ ချက်ချင်းထလာခဲ့ပီး Jiminနှုတ်ခမ်းပေါ်ကဆေးလိပ်ကို ယူပီးလွှင့်ပစ်လိုက်သည်။
ဒီဘဝင်ရူးကောင်ကတော့။
"ရူးနေတာလား!"
"ငါပြောရင် မင်းနားထောင်လိုက်လေ park Jimin"
"အိပ်မက် မက်နေလိုက်"
"အဲ့လို ငါပြောရင်ပြန်ပြောတတ်တဲ့မင်းနှုတ်ခမ်းတွေကို အပြစ်ပေးရမယ်"
Jeonသည် ပြောနေရင်းပင် Jiminရဲ့နှုတ်ခမ်းတွေပေါ်ဖိကပ်နမ်းရှိုက်လိုက်သည်။
တစ်ချိန်တည်းမှာပဲJiminရဲ့ခြေထောက်လေးတွေဟာလဲ jeonရဲ့ ရင်ဘတ်တွေပေါ် အရှိန်ပြင်းစွာ ကျရောက်လာခဲ့သည်။
ငြိမ်ခံနေရင် park Jiminဘယ်ဟုတ်တော့မလဲ။
Jeonသည် အဆင့်အတန်းတွေ ခွဲခြားနေရင်းမှ ထိုလူသားကို အနားကိုရောက်အောင်ခေါ်ထားပြန်သည်။ ရွံတယ်လို့ အချိန်ပြည့်ပြောနေပီး ထိုလူသားရဲ့ နှုတ်ခမ်းတွေကို နမ်းရှိုက်နေပြန်သည်။နားလည်ရခက်လိုက်တာများ။
_____
"မနေ့က ဘာလို့ အိပ်ပြန်မလာတာလဲ Jimin
မင်းဘဲကြီးခေါ်ထားလို့လား"
"ငါပိတ်ထိုးလိုက်ရ ဗိုက်ဆာတယ်ဘာရှိလဲ"
"မင်းဘဲကြီးက ဘာမှ မကျွေးလိုက်ဘူးလား"
"ထယ်! ငါနားငြီးတယ်ကွာ"
"မစတော့ပါဘူး ဒါနဲ့ ခနလေး မျက်နှာလေးလေးမော့ပါဦး"
"ဘာလို့လဲ"
ထယ်သည် Jiminမျက်နှာလေးကို ကိုင်ကာ သေသေချာချာလိုက်ကြည့်နေလိုက်သည်။ထို့နောက် Jiminနားလေးကပ်ကာတိုးတိုးလေးပြောလိုက်သည်။ထယ်စကားအဆုံး Jiminသည် မျက်နှာတစ်ခုလုံးရဲတက်လာခဲ့ပီး ထယ်အား ပျစ်ပျစ်နှစ်နှစ် ဆဲလေတော့သည်။
ထို့နောက် အခန်းအတွင်း ရယ်သံလွင်လွင်လေးတွေ ထွက်ပေါ်လာပြန်သည်။
__
"သားကို မေမေ ဘာပြောထားလဲ သားသိတယ်မလား"
"ဟုတ်ကဲ့"
ကလေးငယ်သည် တစ်ခုခုအမှား လုပ်ထားမိလို့နဲ့တူပါရဲ့ မျက်နှာလေးဟာငိုမဲ့မဲ့လေးဖြစ်နေပီး သူ့ရဲ့မိခင်ကို အသနားခံစွာကြည့်နေခဲ့သည်။
"သိရင် ဘာလို့ အဲ့လိုလူတွေနဲ့ အပေါင်းသင်းလုပ်နေတာလဲ kookie"
"Kookie က"
"တော်ပီ မာမီ ပြောပြမယ် သေချာ ခေါင်းထဲ ထည့်ပီး နားထောင်နော်"
ကလေးငယ်သည် ငိုမဲ့မဲ့လေးနဲ့ ခေါင်းကိုအဆက်မပြတ် ညိမ့်ရှာသည်။
"သားဖေဖေ ဘာကြောင့် မာမီတို့ကို ထားခဲ့တာလဲသိလား "
"မကောင်းတဲ့မိန်းမကြောင့်"
"အေး အဲ့လိုမကောင်းတဲ့မိန်းမတွေက သားခုပေါင်းနေတဲ့ လူတန်းစားတွေလိုမျိုးပဲ"
ကလေးလေးရဲ့ မာမီသည် 6နှစ်သားလေးရဲ့ ဦးနှောက်ထဲ ရိုက်ထည့်ထားခဲ့တဲ့စကားတွေကပြင်းပြင်ထန်ထန်။
Jungkookသည် အချိန်ကြာလာတဲ့အမျှ ဆင်းရဲတဲ့လူတွေကိုတွေ့ ရင် ပိုးမွှားတစ်ခုလိုဆက်ဆံတတ်သည်။
အခုလဲ မာမီ သည် အိပ်မက်ထဲအထိလိုက်ဆူနေခဲ့ပြန်သည်။
အကြောင်းမှာ Park Jiminကို အနားကိုခေါ်ထားလို့တဲ့လေ။
Jeonသည် အရင်လို မာမီပြောသမျှ ငြိမ်ခံမနေတော့ပဲ အတိုက်အခံပြန်ပြောနေပြန်သည်။
အိပ်ပျော်နေရင်းနဲ့မှ Jeonသည် မျက်ခုံးနှစ်ခုတွန့်ချိုးသွားလိုက်နဲ့ ချွေးတွေသည် အဆမတန်ထွက်နေခဲ့ပီး ခနအကြာမှာ လန့်နိုးလာခဲ့သည်။
ညကြီးအချိန်မတော် အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကြောင့် Jiminသည် စိတ်တိုလာခဲ့သည်။
ဘယ်သူမို့လို့ဒီလောက်ခေါ်နေတာလဲ။လူမှုရေးမရှိလိုက်တာ။ ဒီလူမှုရေးနားမလည်တဲ့အကောင်ကို ဆဲပီးမှ စက်ပိတ်အိပ်မယ်ဆိုပီးယူကြည့်လိုက်သောအခါ ဖုန်း Contactတွင် ပေါ်နေသောနာမည်သည် ဟိုဘဝင်ရူးကောင်။
"လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား ရူးနေတာလား!"
Jiminသည် ဖုန်းကိုင်ပီးချင်းအရင်ဦးအောင်အော်လိုက်သည်။ ခနအကြာတစ်ဖက်မှ အသံသေးသေးလေးတစ်ခုထွက်ကျလာခဲ့သည်။
"မင်း အိပ်မက်ဆိုးမက်တိုင်း ငါက အချိန်မတော်ထလာရမှာလား စိတ်ကူးယဉ်မနေနဲ့"
"......"
"မင်းဘေးနားမှာ လူတွေရိုက်သတ်လို့မကုန်ဘူးဟေ့ကောင် မလာဘူး ဒါပဲ"
Jiminသည် ဖုန်းပြန်ခေါ်နေမှာစိုး၍ဖုန်းကိုစက်ပိတ်လိုက်ပီး စောင်ကို ခေါင်းထိလုံအောင်ခြုံကာပြန်အိပ်နေလိုက်သည်။
စောက်ရေးမပါတာတွေများ။
Jeonသည် ချသွားသောဖုန်းကိုကြည့်ပီးနောက် တွေတွေလေး။
ရူးနေလို့သူ့ကို သွားပီး ဖုန်းခေါ်နေရတာ Jeon Jungkook ရူးသွားတာလား။
ဒါပေမယ့် သူနဲ့သဘောတူညီချက်လုပ်ထားတာကို ဒီလောက်တော့ လုပ်ပေးရမယ်မထင်ဘူးလား။
သွားစမ်းပါ မလာလဲ ဘာမှမဖြစ်ဘူး မင်းကဘာလို့ ပျော့ညံနေသလိုဖြစ်ရတာလဲ။
Jeonသည် အင်္ကျီတောင်ထမလဲနိုင်တော့ပါ ။တစ်ကိုယ်လုံးနာကျင်သလိုတွေ့လာတာကြောင့် ချွေးနစ်နေတဲ့ အင်္ကျီနဲ့ပဲ ထိုနေရာမှာ ပြန်ပီးအိပ်ပျော်သွားခဲ့သည်။
အိပ်နေရင်း အိပ်မက်လိုလို အပြင်လိုလိုနဲ့ ထိတွေ့နေမှုသည် မသဲမကွဲ။ ရင်ဘတ်နားလေးက လှုပ်လှုပ်ရွရွလေး ဖြစ်နေတာမို့ ထိုလှုပ်လှုပ်ရွရွလေးကို လက်နဲ့ဖမ်းထားလိုက်သည်။
"သေမလို့ လက်ကို လာကိုင်နေတာလား "
"Jiminလား"
"မဟုတ်ဘူး သေမင်း မင်းကိုသတ်မလို့လာတာ"
Jiminသည် Jeonအား အင်္ကျီတွေလဲပေးနေရင်းမှ တစ်ခွန်းမကျန်ပြန်ပြောနေပြန်သည်။
"ငါနေမကောင်းဘူး စကားကို ကောင်းကောင်းပြောပေးလို့မရဘူးလား"
"မင်းနေမကောင်းတာလေ ငါနေမကောင်းတာမှမဟုတ်တာ"
Jeonသည် ဘာစကားမှပြန်မလာပဲ မျက်လုံးလေးတွေမှိတ်သွားခဲ့သည်။
ဘာမှ ပြန်မပြောပဲ နေတဲ့အခါ Jiminသည်မနေတတ်စွာ ဘာလုပ်လို့ လုပ်ပေးရမယ်မှန်းမသိ။ပုံမှန်ဆို ကိုယ်တစ်ခွန်းဆို သူတစ်ခွန်း ပြန်ပြန်ပြောနေတဲ့သူမလား။
"မင်း သက်သာရဲ့လား Jungkook"
"မလာဘူးဆို ဘာလို့လဲ"
ကိုယ်မေးတာမဖြေပဲ သူသိချင်တာကိုထပ်မေးလာခဲ့သောသူ
"ဖုန်ထဲက ကြားခဲ့ရတဲ့ မင်းအသံက သေတော့မယ့်လူလိုပဲလေ"
Jiminသည် ဖုန်းထဲက ပုံမှန်နဲ့မတူပဲကြားနေရတဲ့အသံကြောင့် ဘယ်လိုမှဆက်အိပ်မနေနိုင်တော့ပဲ ည 2ချက်ထိုးကြီး ကားငှားကာ ရောက်လာခဲ့ခြင်းဖြစသည်။
Jiminစကားအဆုံး Jeonရဲ့ နှုတ်ခမ်းတစ်စုံသည် အပေါ်သို့ကွေးညွတ်သွားခဲ့သည်။
အချိန် တစ်ခုထိကြာတဲ့အခါ Jeonနဲ့ Jiminရဲ့ ဆက်ဆံရေးသည် အရင်လောက်တော့ဆိုးမနေတော့ပါ။
မဆိုးဘူးဆိုလို့ အဆင်ပြေနေလားဆိုလဲ အဆင်မပြေပါဘူး အမြဲတမ်း သူတစ်ခွန်း ဆို ကိုယ်ကနှစ်ခွန်းပါပဲ။
Jeonသည် လဲ အမြဲတမ်းအဆင့်အတန်းခွဲခြားကာ ရှုံချမြဲရှုံချဆဲပါပဲ။သို့သော်လဲ Jiminကို အဝေးမှာထားမယ့်အစား အနားမှာပဲခေါ်ထားဆဲခေါ်ထားမြဲပါပဲ။
တစ်ခါတလေ လူဆိုးကောင်လေးကို ရစရာမရှိအောင်ပြောပီး လူဆိုးလေးကပြန်ရိုင်းတဲ့အခါ သဘောကျစွာရယ်နေတတ်သည်။ တစ်ခါတလေ ကျပြန်ရင်လဲ လူဆိုးလေးရဲ့ ခြေထောက်လေးတွေ လက်ကလေးတွေကို အမြင်ကတ်လို့ဆိုပီးလဲ ကိုက်တတ်ပါသေးသည်။ ထိုအခါ Jiminဆီမှ ဆဲသံလေးတွေထွက်လာရင် ဆဲရမလားဆိုပီး နှုတ်ခမ်းတွေကိုရန်ရှာတတ်သေးသည်။
ထိုသို့အပြုအမူကြောင့် Jiminကို ချစ်နေလားလို့မေးလာရင် ကျနော်သူ့ကို ဘယ်တော့မှချစ်မှာမဟုတ်ပါဘူး။
သူက ကျနော်ဘဝထဲကို ဝင်လာနိုင်တဲ့လူမျိုးမဟုတ်ဘူး။
ကျနော်လက်တွဲမယ့်လူက ကျနော်တို့အသိုင်းအဝိုင်းထဲကပဲဖြစ်ရမယ်လို့ သတ်မှတ်ထားပီးသား။
Jiminအနားမှာထားရင် နည်းနည်းစိတ်သက်သာရာရလို့။
တွေ့တွေ့ချင်း အဆင်မပြေတဲ့ ကြားက အနားမှာ ခေါ်ထားချင်တဲ့စိတ်တွေဖြစ်လာလို့။
ကျနော်ဘယ်လောက်ရူးလဲဆို ကျနော့်အနားမှာ သူနေအောင် သူ့ညီမလေးအသက်နဲ့ ချိန်းခြောက်ပီး အနားမှာ ခေါ်ထားတယ်တဲ့လေ။
တကယ့်ဟာသ။
"ငါက ယူဆိုရင်ယူလိုက် စကားတွေရှည်မနေနဲ့Park Jimin"
"ငါယူပြန်ရင်လဲ မင်းကစောက်ထင်သေးဦးမယ်"
"ငါကလိုတယ်ထင်လို့ ဝယ်ပေးတာလေ "
"မယူဘူး"
"မယူလဲပီးတာပဲ"
Jeonသည် စားပွဲပေါ်မှ ကားသော့ကိုယူ ကာ အမှိုက်တောင်းထဲသို့လွှင့်ပစ်လိုက်သည်။
"Jeon!"
"ခုမှလာ အော်မနေနဲ့ မင်းမလိုချင်ဘူးဆိုလို့လွှင့်ပစ်လိုက်တာလေ ငါ့အတွက်လဲအသုံးမဝင်တဲ့ပစ္စည်းမို့လို့ "
တစ်ခါတလေ Jeonရဲ့အတွေးကိုနားမလည်နိုင်ပါ။
တစ်ခါတလေနူးညံလိုက် တစ်ခါတလေကြပြန်ရင်လဲ ပစ်ပစ်ခါခါပြောပီး မတူမတန်သလိုဆက်ဆံတတ်သည်။
"Jeon ငါတို့နမ်းရအောင်"
"ရူးသွားတာလား Park Jimin"
"မင်းကားကို အလကားမယူချင်လို့ ငါ့ဆီကအနမ်းတစ်ခုပြန်ယူလိုက်"
Jeonသည် စာရင်းတွေလုပ်နေရင်းမှ အလိုမကျစွာကြည့်လာသည်။
"အရူးထမနေနဲ့"
"ကျစ်! Jeon Jungkook ငါစိတ်တွေမရှည်ဘူးနော်"
Jiminသည် ဆိုဖာပေါ်ထိုင်နေရာမှထလာပီး
Jungkookမျက်နှာကို ဆွဲယူလိုက်ကာနှုတ်ခမ်းတွေကိုဖိကပ်နမ်းရှိုက်ပစ်သည်။
စက္ကန့်အနည်းငယ်လောက်ထိကပ်ပီး ပြန်ခွာလိုက်သောအခါ Jeonသည် ခါသိမ်သိမ်လေးကို ပြန်လည်ဆွဲဖက်ထားကာ နှုတ်ခမ်းတွေကိုပြန်လည်နမ်းရှိုက်လာသည်။
"ငါ ဆွဲထိုးမိတော့မှာပဲ အသက်ရှူလို့မရတော့ဘူး"
Jeonသည် နှုတ်ခမ်းတွေမှခွာကာ လည်တိုင်နုနုလေးကို သွားချွန်ချွန်လေးနဲ့ကိုက်ချလိုက်ပြန်သည်။
"အ့! သေမလို့ကိုက်နေတာလား ချီးတဲ့"
"ဖယ်စမ်း Jeon Jungkookငါအသက်ထွက်တော့မှာပဲ!"
Jeonသည် စကားနားထောင်စွာနဲ့ပဲ နှုတ်ခမ်းတွေကို ပြန်လည်နမ်းရှိုက်လာသည်။
ဒီလိုပါပဲ ချစ်သူတွေမဟုတ်ပေမယ့်လဲ နမ်းချင်လာရင်နမ်းလိုက်ကြတာပါပဲ ။နမ်းပီးရင်လဲပီးသွားတာပဲလေ။ဘာမှထွေထွေထူးထူးမှမဟုတ်တာ။နမ်းတာလောက်နဲ့တော့ ဘာမှနစ်နာစရာအကြောင်းမရှိပါဘူး။
"Jeon Jungkook ဖယ်စမ်း! ငါရစရာမရှိတော့ဘူး"
လူဆိုးသေးသေးလေးသည် ခန္ဓာကိုယ်တစ်ခုလုံးနီရဲတောက်နေပီဖြစ်သည်။
"ထပ်နမ်းချင်သေးတယ်"
"ငါ့ကိုကြိုက်နေတာလား"
"အင်း..ကြိုက်တယ် မင်းကိုတော့မဟုတ်ဘူး မင်းနဲ့နမ်းရတာကိုကြိုက်တာ"
"F***"
လူဆိုးသေးသေးလေးသည် ဆဲလဲဆဲ လက်ခလည်ပါနှစ်ချောင်းလုံးထောင်ပြသွားပီး အမှိုက်ပုံးထဲမှကားသော့ကိုပြန်ကောက်ယူကာ တံခါးကိုဆောင့်ပိတ်သွားခဲ့သည်။
တကယ့်အရိုင်းအစိုင်းလေး။
Jeonသည် ထိုမြင်ကွင်းကိုကြည့်ကာ နောက်မှာ ပြုံးပြုံးကြီးကျန်ခဲ့လေသည်။
____
"မေမေ!"
"ငါ့ကိုပြန်မအော်နဲ့ Park Jimin!"
"မေမေပြောတဲ့ ငွေ Amountကို သားဘယ်လိုရှာပေးနိုင်မှာလဲ"
"နင်ရှာနိုင်တယ်ဆိုတာငါသိတယ်"
မေမေသည် တစ်စတစ်စပိုမိုဆိုးရွားလာပီး သိပ်စိတ်ပျက်စရာကောင်းခဲ့ပါသည်။
သူ့ယောက်ကျားဖဲကြွေးတွေဆပ်ဖို့အတွက် ရှာခိုင်းတဲ့ငွေကနည်းနည်းနောနောလား။တစ်သက်နဲ့တစ်ကိုယ်အဲ့လောက်ငွေအများကြီးကို မြင်တောင်မမြင်ဖူးခဲ့ပါ။
"မေမေတို့ ပြသနာကြားထဲ ကျနော့်ကိုပဲဘာလို့ဆွဲဆွဲထည့်နေတာလဲ"
"ငါပြသနာကလဲနင်ပြသနာပဲလေ"
"ကျနော်မပေးနိုင်ဘူးမေမေရာ အဲ့လောက်ငွေအများကြီးရှိလဲမရှိဘူး"
"မင်းညီမက အခုတလော ကျန်းမာရေးကောင်းနေပုံပဲနော်"
"မေမေ! အဲ့တာမေမေ့သမီးအရင်းပါ"
"ငါမလိုချင်ပဲရထားတာလဲ ထည့်ပြောဦးလေ"
မေမေသည် ကြည့်ရင်းကြည့်ရင်းတကယ့်ကြောက်စရာကောင်းလာခဲ့ပါသည်။မေမေမျက်ဝန်းတွေထဲမှာသူတို့မောင်နှမ ကို ဘယ်လောက်မုန်းတီးနေလဲဆိုတာပါမြင်နေရသည်။
"နင်အဖေကြောင့်ငါ့ဘဝပျက်ခဲ့ရတာ နင့်တို့နှစ်ယောက်စလုံးကို မလိုချင်ပဲငါမွေးခဲ့ရတာ ငါ့အတွက်တော့ ဒီလောက်လေးတော့မင်းလုပ်ပေးရမှာပေါ့ ငါဘဝပျက်ခဲ့တာနဲ့စာရင်ဒီလောက်လေးကအသေးအမွှားပါ"
"Jimin ဘာဖြစ်နေတာလဲ"
ထယ်သည် အပြင်မှပြန်ရောက်လာတဲ့ အခါ Jiminမေမေကိုမြင်သွားပီး Jiminရှေ့မှပိတ်ရပ်လိုက်သည်။
"ဘာကိစ္စရှိလို့ ကျနော်အိမ်ထိလာရတာလဲအန်တီ"
"ငါ့သားဆီငါလာတာလေ အကြောင်းရှိမှလာရမှာလား"
"ဟက်! ငါ့သားတဲ့လား ရယ်စရာကောင်းအောင်"
"ထယ် ငါ့ပြောလိုက်မယ်"
"ကျနော့်အိမ်ထဲကနေထွက်သွားပါအန်တီ "
"ပေါက်လွတ်ဝဲစားတွေကများ အကုန်လုံးတစ်ပုံစံတွေချည်းပဲ"
Jiminမေမေသည် ထွက်သွားမလို့ပြင်နေရင်းမှ ပြန်လှည့်လာပီး Jiminနားလေးကပ်ကာ
"အောက်မှာ တွေ့ခဲ့တဲ့ကားက မင်းကားဆို အရမ်းမိုက်တာပဲ အဟင်းးး"
မေမေသည် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကိုပြုံးပြခဲ့ပီး တရွေ့ရွေ့ထွက်ခွာသွားသည်။
မုန်းလိုက်တာများ။
Jiminသည် ဆိုဖာပေါ်သို့အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပီး မျက်နှာတစ်ခုလုံးကို လက်ဖဝါးတွေနဲ့အုပ်ချလိုက်သည်။
ထယ်သည် Jimin ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ကျောလေးကိုပုတ်ပေးနေခဲ့သည်။
"မင်းငိုချင်ရင် ငိုချလိုက်ပါ အရမ်းတွေမြိုသိပ်မထားပါနဲ့"
ခနအကြာ ခန္ဓာကိုယ်လေးသည် တသိမ့်သိမ့်တုန်ခါမှုနဲ့အတူ ထယ်ရင်ဘတ်နားလေးတွေ စိုစွတ်လာသည်။
သူအရမ်းပင်ပန်းနေပီလေ။
____
နီနီရဲရဲ ဂါဝန်အရှည်ဝတ်ထားသော မိန်းကလေးသည် CEO Jeonရဲ့ လက်ကိုချိတ်ကာ Partyတစ်ခုတွင် တက်ရောက်နေသောပုံ သည် Tv တွင် အကျယ့်တဝင့်ဖော်ပြနေသည်။
Jiminသည် Tv ရှေ့တွင်အအေးတစ်ခုထိုင်သောက်နေပီး ထိုမြင်ကွင်းကိုစိုက်ကြည့်ကာ
"ဒါမျိုးကျ မျက်နှာကြီးကိုဖြီးနေတာပဲ"
"မင်းက မနာလိုနေတာလား"
"ဖွီး"
ပါးစပ်ထဲမှ အအေးတွေသည် ဝတ်ထားသော အင်္ကျီပေါ်သို့ အကုန်ဖိတ်စင်ကုန်သည်။
"သွားသေလိုက်ပါလား မနာလိုပဲဖြစ်ရဦးမယ်
စိတ်ကိုမဝင်စားတာ
ဒါနဲ့ပြန်လာတာကို ဘာလို့အသံမပေးတာလဲ"
"ငါ့အိမ်ငါပြန်လာတာလေ မင်းကို အသိပေးရဦးမှာလား
ကားသံတောင်မကြားဘူးဆိုတော့ ခုနကမြင်ကွင်းကိုတော်တော်စိတ်ဝင်စားနေပုံပဲ"
"သေမလို့ငါကစိတ်ဝင်စားရမှာလား"
"စိတ်ဝင်စားလို့လဲမရပါဘူး အဲ့နေရာက မင်းနဲ့ဘယ်လိုမှ မအပ်စပ်ဘူး
ကိုယ့်နေရာကိုယ်သိတာအကောင်းဆုံး"
"Jeon Jungkookမင်း ငါ့ကိုစော်ကားဖို့ခေါ်တာဆိုရင် ငါပြန်တော့မယ် "
"ဒီလိုပဲ လူတွေက အမှန်ပြောရင်နာတတ်ကြတယ်"
"Jeon Jungkook !"
"ပြောရမယ်ဆိုရင် မင်းတို့လို လူ မျိုးတွေက ပိုက်ဆံရှိတဲ့လူတွေဆီက ချူစားဖို့ပဲတတ်တာလေ"
"မင်းဆီက ငါဘာတွေချူစားနေလို့လဲ! စောက်ရေးမပါတဲ့စကားတွေလာမပြောနဲ့ Jeon Jungkook မင်းကားပြန်ယူမလားပြန်ယူလိုက် ငါနဲ့ ထပ်ပီးမပတ်သက်နဲ့ မင်းပဲ ငါ့ကို ဆွဲထားပီး ငါ့ကိုအမြဲစော်ကားနေတယ်"
"အရမ်းတွေလဲ ဒေါသထွက်မနေပါနဲ့ မင်းကိုခေါ်လိုက်တာက နမ်းချင်လာလို့ ဒါပေမယ် ခုနကမြင်ကွင်းကိုကြည့်ပီး စိတ်ကူးတွေယဉ်နေမှာဆိုးလို့ သတိပေးတာ"
"ခွပ်!"
မျက်နှာပေါ်ကိုကျရောက်လာတဲ့ လက်သီးသေးသေးလေးကို မရှောင်လိုက်မိ။
Jeonသည်ခေါင်းတဆတ်ဆတ်ငြိမ့်ပီး ထိုစကားကိုပြောလာခဲ့သည်။
"မင်းအမေကတော့ ပျော်နေမှာပဲ "
"ဘာ!"
"အင်း ဒီနေ့မင်းအမေက ငိုယိုပီးရောက်လာလို့လေ တော်တော်သနားစရာကောင်းနေလို့ အငိုတိတ်အောင် ရေ လေးနည်းနည်းသုံးပီးချော့လိုက်ရသေးတယ်လေ
သူ့လိုလူမျိုးဆီက မွေးဖွားလာတဲ့မင်းကလဲ .."
စကားတောင်မဆုံးလိုက် Jiminသည် အပြင်သို့ပြေးထွက်သွားခဲ့သည်။
Jeonမပြောလိုက်တဲ့စကားတစ်ခွန်းလဲရှိပါသေးသည်။ထိုသည်ကား Jiminကို မနှောင့်ယှက်ဖို့နဲ့ Jiminသာ တစ်ခုခုဖြစ်သွားခဲ့ရင်......။
______
တစ်ခုလောက်မေးချင်လို့ပါ
သာသာက ဒီ fic ကိုရေးတဲ့အချိန်တုန်းက စိတ်အခြေအနေမကောင်းခဲ့တာမို့ ဇာတ်လမ်းကမချိုပါဘူး။
နောက်တစ်ပိုင်းကို ချိုချိုလေးဖတ်ချင်လား ဒါမှမဟုတ် သာသာအရင်ရေးထားတဲ့အတိုင်းပဲဖတ်ကြမလား။
ချိုချိုလေးဖတ်ချင်တယ်ဆိုရင် သာသာ အပိုင်း3ကို နည်းနည်းလေးပြင်လိုက်မလို့ပါ။
ဖတ်ရတာအဆင်မပြေရင်လဲပြောပါနော် အားမနာပါနဲ့။
RLထဲထည့်ပေးကြလို့ ချစ်တယ်နော်🙆
Fbလေးတွေရေးပေးခဲ့ကြပါဦး
ကြယ်လေးတွေနှိပ်ပေးရင်ပိုချစ်တယ်နော်🙆
Jeon Jungkookရဲ႕ ကမ္းလွမ္းခ်က္ကိုသေဘာတူပီးေနာက္ သူေခၚလိုက္တိုင္း သြားေနရတဲ့ဘဝသည္သိပ္မလြယ္ကူလွ။
"မင္းအားယားေနတိုင္း ငါ့ကို စြတ္စြတ္ေခၚမေနနဲ႕ "
"အားယားေနလို႔ မင္းကိုေခၚေနတယ္ ထင္ေနတာလား "
"ငါကေတာ့အဲ့လို ထင္တာပဲ"
Jiminသည္ အိပ္ကပ္ထဲမွ ေဆးလိပ္ဘူးကို ထုပ္ယူလိုက္ကာ ေဆးလိပ္တစ္လိပ္ကို မီးညွိလိုက္ပီး ရွိုက္ဖြာေနလိုက္သည္။
ေဆးလိပ္နံေၾကာင့္ထင္သည္ သူေရာက္တည္းက laptopေပၚက မ်က္ႏွာမခြာတဲ့ CEO Jeonသည္ ေမာ့ၾကည့္လာခဲ့သည္။
"ငါ့႐ုံးခန္းထဲမွာ စည္းမဲ့ကမ္းမဲ့ ေတြလာမလုပ္နဲ႕ Park Jimin"
"ေဆးလိပ္ေသာက္တာ စည္းမဲ့ကမ္းမဲ့လား"
"စရိုက္ေတြမွန္းသိသာလိုက္တာ"
Jeonစကားအဆံုး Jimin ရဲ႕ ႏႈတ္ခမ္းေလးတစ္ဖက္ဟာ ေကာ့တက္လာခဲ့သည္။
"အဲ့စရိုက္ေတြကို မင္းပဲ အရင္လာပတ္သက္တာမလား"
Jeonသည္ ထိုင္ေနရာမွ ခ်က္ခ်င္းထလာခဲ့ပီး Jiminႏႈတ္ခမ္းေပၚကေဆးလိပ္ကို ယူပီးလႊင့္ပစ္လိုက္သည္။
ဒီဘဝင္႐ူးေကာင္ကေတာ့။
"႐ူးေနတာလား!"
"ငါေျပာရင္ မင္းနားေထာင္လိုက္ေလ park Jimin"
"အိပ္မက္ မက္ေနလိုက္"
"အဲ့လို ငါေျပာရင္ျပန္ေျပာတတ္တဲ့မင္းႏႈတ္ခမ္းေတြကို အျပစ္ေပးရမယ္"
Jeonသည္ ေျပာေနရင္းပင္ Jiminရဲ႕ႏႈတ္ခမ္းေတြေပၚဖိကပ္နမ္းရွိုက္လိုက္သည္။
တစ္ခ်ိန္တည္းမွာပဲJiminရဲ႕ေျခေထာက္ေလးေတြဟာလဲ jeonရဲ႕ ရင္ဘတ္ေတြေပၚ အရွိန္ျပင္းစြာ က်ေရာက္လာခဲ့သည္။
ၿငိမ္ခံေနရင္ park Jiminဘယ္ဟုတ္ေတာ့မလဲ။
Jeonသည္ အဆင့္အတန္းေတြ ခြဲျခားေနရင္းမွ ထိုလူသားကို အနားကိုေရာက္ေအာင္ေခၚထားျပန္သည္။ ႐ြံတယ္လို႔ အခ်ိန္ျပည့္ေျပာေနပီး ထိုလူသားရဲ႕ ႏႈတ္ခမ္းေတြကို နမ္းရွိုက္ေနျပန္သည္။နားလည္ရခက္လိုက္တာမ်ား။
_____
"မေန႕က ဘာလို႔ အိပ္ျပန္မလာတာလဲ Jimin
မင္းဘဲႀကီးေခၚထားလို႔လား"
"ငါပိတ္ထိုးလိုက္ရ ဗိုက္ဆာတယ္ဘာရွိလဲ"
"မင္းဘဲႀကီးက ဘာမွ မေကြၽးလိုက္ဘူးလား"
"ထယ္! ငါနားၿငီးတယ္ကြာ"
"မစေတာ့ပါဘူး ဒါနဲ႕ ခနေလး မ်က္ႏွာေလးေလးေမာ့ပါဦး"
"ဘာလို႔လဲ"
ထယ္သည္ Jiminမ်က္ႏွာေလးကို ကိုင္ကာ ေသေသခ်ာခ်ာလိုက္ၾကည့္ေနလိုက္သည္။ထို႔ေနာက္ Jiminနားေလးကပ္ကာတိုးတိုးေလးေျပာလိုက္သည္။ထယ္စကားအဆုံး Jiminသည္ မ်က္ႏွာတစ္ခုလုံးရဲတက္လာခဲ့ပီး ထယ္အား ပ်စ္ပ်စ္ႏွစ္ႏွစ္ ဆဲေလေတာ့သည္။
ထို႔ေနာက္ အခန္းအတြင္း ရယ္သံလြင္လြင္ေလးေတြ ထြက္ေပၚလာျပန္သည္။
__
"သားကို ေမေမ ဘာေျပာထားလဲ သားသိတယ္မလား"
"ဟုတ္ကဲ့"
ကေလးငယ္သည္ တစ္ခုခုအမွား လုပ္ထားမိလို႔နဲ႕တူပါရဲ႕ မ်က္ႏွာေလးဟာငိုမဲ့မဲ့ေလးျဖစ္ေနပီး သူ႕ရဲ႕မိခင္ကို အသနားခံစြာၾကည့္ေနခဲ့သည္။
"သိရင္ ဘာလို႔ အဲ့လိုလူေတြနဲ႕ အေပါင္းသင္းလုပ္ေနတာလဲ kookie"
"Kookie က"
"ေတာ္ပီ မာမီ ေျပာျပမယ္ ေသခ်ာ ေခါင္းထဲ ထည့္ပီး နားေထာင္ေနာ္"
ကေလးငယ္သည္ ငိုမဲ့မဲ့ေလးနဲ႕ ေခါင္းကိုအဆက္မျပတ္ ညိမ့္ရွာသည္။
"သားေဖေဖ ဘာေၾကာင့္ မာမီတို႔ကို ထားခဲ့တာလဲသိလား "
"မေကာင္းတဲ့မိန္းမေၾကာင့္"
"ေအး အဲ့လိုမေကာင္းတဲ့မိန္းမေတြက သားခုေပါင္းေနတဲ့ လူတန္းစားေတြလိုမ်ိဳးပဲ"
ကေလးေလးရဲ႕ မာမီသည္ 6ႏွစ္သားေလးရဲ႕ ဦးေႏွာက္ထဲ ရိုက္ထည့္ထားခဲ့တဲ့စကားေတြကျပင္းျပင္ထန္ထန္။
Jungkookသည္ အခ်ိန္ၾကာလာတဲ့အမွ် ဆင္းရဲတဲ့လူေတြကိုေတြ႕ ရင္ ပိုးမႊားတစ္ခုလိုဆက္ဆံတတ္သည္။
အခုလဲ မာမီ သည္ အိပ္မက္ထဲအထိလိုက္ဆူေနခဲ့ျပန္သည္။
အေၾကာင္းမွာ Park Jiminကို အနားကိုေခၚထားလို႔တဲ့ေလ။
Jeonသည္ အရင္လို မာမီေျပာသမွ် ၿငိမ္ခံမေနေတာ့ပဲ အတိုက္အခံျပန္ေျပာေနျပန္သည္။
အိပ္ေပ်ာ္ေနရင္းနဲ႕မွ Jeonသည္ မ်က္ခုံးႏွစ္ခုတြန႔္ခ်ိဳးသြားလိုက္နဲ႕ ေခြၽးေတြသည္ အဆမတန္ထြက္ေနခဲ့ပီး ခနအၾကာမွာ လန႔္နိုးလာခဲ့သည္။
ညႀကီးအခ်ိန္မေတာ္ အဆက္မျပတ္ျမည္ေနတဲ့ ဖုန္းသံေၾကာင့္ Jiminသည္ စိတ္တိုလာခဲ့သည္။
ဘယ္သူမို႔လို႔ဒီေလာက္ေခၚေနတာလဲ။လူမႈေရးမရွိလိုက္တာ။ ဒီလူမႈေရးနားမလည္တဲ့အေကာင္ကို ဆဲပီးမွ စက္ပိတ္အိပ္မယ္ဆိုပီးယူၾကည့္လိုက္ေသာအခါ ဖုန္း Contactတြင္ ေပၚေနေသာနာမည္သည္ ဟိုဘဝင္႐ူးေကာင္။
"လူအိပ္ခ်ိန္ဆိုတာ နားမလည္ဘူးလား ႐ူးေနတာလား!"
Jiminသည္ ဖုန္းကိုင္ပီးခ်င္းအရင္ဦးေအာင္ေအာ္လိုက္သည္။ ခနအၾကာတစ္ဖက္မွ အသံေသးေသးေလးတစ္ခုထြက္က်လာခဲ့သည္။
"မင္း အိပ္မက္ဆိုးမက္တိုင္း ငါက အခ်ိန္မေတာ္ထလာရမွာလား စိတ္ကူးယဥ္မေနနဲ႕"
"......"
"မင္းေဘးနားမွာ လူေတြရိုက္သတ္လို႔မကုန္ဘူးေဟ့ေကာင္ မလာဘူး ဒါပဲ"
Jiminသည္ ဖုန္းျပန္ေခၚေနမွာစိုး၍ဖုန္းကိုစက္ပိတ္လိုက္ပီး ေစာင္ကို ေခါင္းထိလုံေအာင္ၿခဳံကာျပန္အိပ္ေနလိုက္သည္။
ေစာက္ေရးမပါတာေတြမ်ား။
Jeonသည္ ခ်သြားေသာဖုန္းကိုၾကည့္ပီးေနာက္ ေတြေတြေလး။
႐ူးေနလို႔သူ႕ကို သြားပီး ဖုန္းေခၚေနရတာ Jeon Jungkook ႐ူးသြားတာလား။
ဒါေပမယ့္ သူနဲ႕သေဘာတူညီခ်က္လုပ္ထားတာကို ဒီေလာက္ေတာ့ လုပ္ေပးရမယ္မထင္ဘူးလား။
သြားစမ္းပါ မလာလဲ ဘာမွမျဖစ္ဘူး မင္းကဘာလို႔ ေပ်ာ့ညံေနသလိုျဖစ္ရတာလဲ။
Jeonသည္ အကၤ်ီေတာင္ထမလဲနိုင္ေတာ့ပါ ။တစ္ကိုယ္လုံးနာက်င္သလိုေတြ႕လာတာေၾကာင့္ ေခြၽးနစ္ေနတဲ့ အကၤ်ီနဲ႕ပဲ ထိုေနရာမွာ ျပန္ပီးအိပ္ေပ်ာ္သြားခဲ့သည္။
အိပ္ေနရင္း အိပ္မက္လိုလို အျပင္လိုလိုနဲ႕ ထိေတြ႕ေနမႈသည္ မသဲမကြဲ။ ရင္ဘတ္နားေလးက လႈပ္လႈပ္႐ြ႐ြေလး ျဖစ္ေနတာမို႔ ထိုလႈပ္လႈပ္႐ြ႐ြေလးကို လက္နဲ႕ဖမ္းထားလိုက္သည္။
"ေသမလို႔ လက္ကို လာကိုင္ေနတာလား "
"Jiminလား"
"မဟုတ္ဘူး ေသမင္း မင္းကိုသတ္မလို႔လာတာ"
Jiminသည္ Jeonအား အကၤ်ီေတြလဲေပးေနရင္းမွ တစ္ခြန္းမက်န္ျပန္ေျပာေနျပန္သည္။
"ငါေနမေကာင္းဘူး စကားကို ေကာင္းေကာင္းေျပာေပးလို႔မရဘူးလား"
"မင္းေနမေကာင္းတာေလ ငါေနမေကာင္းတာမွမဟုတ္တာ"
Jeonသည္ ဘာစကားမွျပန္မလာပဲ မ်က္လုံးေလးေတြမွိတ္သြားခဲ့သည္။
ဘာမွ ျပန္မေျပာပဲ ေနတဲ့အခါ Jiminသည္မေနတတ္စြာ ဘာလုပ္လို႔ လုပ္ေပးရမယ္မွန္းမသိ။ပုံမွန္ဆို ကိုယ္တစ္ခြန္းဆို သူတစ္ခြန္း ျပန္ျပန္ေျပာေနတဲ့သူမလား။
"မင္း သက္သာရဲ႕လား Jungkook"
"မလာဘူးဆို ဘာလို႔လဲ"
ကိုယ္ေမးတာမေျဖပဲ သူသိခ်င္တာကိုထပ္ေမးလာခဲ့ေသာသူ
"ဖုန္ထဲက ၾကားခဲ့ရတဲ့ မင္းအသံက ေသေတာ့မယ့္လူလိုပဲေလ"
Jiminသည္ ဖုန္းထဲက ပုံမွန္နဲ႕မတူပဲၾကားေနရတဲ့အသံေၾကာင့္ ဘယ္လိုမွဆက္အိပ္မေနနိုင္ေတာ့ပဲ ည 2ခ်က္ထိုးႀကီး ကားငွားကာ ေရာက္လာခဲ့ျခင္းျဖစသည္။
Jiminစကားအဆုံး Jeonရဲ႕ ႏႈတ္ခမ္းတစ္စုံသည္ အေပၚသို႔ေကြးၫြတ္သြားခဲ့သည္။
အခ်ိန္ တစ္ခုထိၾကာတဲ့အခါ Jeonနဲ႕ Jiminရဲ႕ ဆက္ဆံေရးသည္ အရင္ေလာက္ေတာ့ဆိုးမေနေတာ့ပါ။
မဆိုးဘူးဆိုလို႔ အဆင္ေျပေနလားဆိုလဲ အဆင္မေျပပါဘူး အၿမဲတမ္း သူတစ္ခြန္း ဆို ကိုယ္ကႏွစ္ခြန္းပါပဲ။
Jeonသည္ လဲ အၿမဲတမ္းအဆင့္အတန္းခြဲျခားကာ ရႈံခ်ၿမဲရႈံခ်ဆဲပါပဲ။သို႔ေသာ္လဲ Jiminကို အေဝးမွာထားမယ့္အစား အနားမွာပဲေခၚထားဆဲေခၚထားၿမဲပါပဲ။
တစ္ခါတေလ လူဆိုးေကာင္ေလးကို ရစရာမရွိေအာင္ေျပာပီး လူဆိုးေလးကျပန္ရိုင္းတဲ့အခါ သေဘာက်စြာရယ္ေနတတ္သည္။ တစ္ခါတေလ က်ျပန္ရင္လဲ လူဆိုးေလးရဲ႕ ေျခေထာက္ေလးေတြ လက္ကေလးေတြကို အျမင္ကတ္လို႔ဆိုပီးလဲ ကိုက္တတ္ပါေသးသည္။ ထိုအခါ Jiminဆီမွ ဆဲသံေလးေတြထြက္လာရင္ ဆဲရမလားဆိုပီး ႏႈတ္ခမ္းေတြကိုရန္ရွာတတ္ေသးသည္။
ထိုသို႔အျပဳအမူေၾကာင့္ Jiminကို ခ်စ္ေနလားလို႔ေမးလာရင္ က်ေနာ္သူ႕ကို ဘယ္ေတာ့မွခ်စ္မွာမဟုတ္ပါဘူး။
သူက က်ေနာ္ဘဝထဲကို ဝင္လာနိုင္တဲ့လူမ်ိဳးမဟုတ္ဘူး။
က်ေနာ္လက္တြဲမယ့္လူက က်ေနာ္တို႔အသိုင္းအဝိုင္းထဲကပဲျဖစ္ရမယ္လို႔ သတ္မွတ္ထားပီးသား။
Jiminအနားမွာထားရင္ နည္းနည္းစိတ္သက္သာရာရလို႔။
ေတြ႕ေတြ႕ခ်င္း အဆင္မေျပတဲ့ ၾကားက အနားမွာ ေခၚထားခ်င္တဲ့စိတ္ေတြျဖစ္လာလို႔။
က်ေနာ္ဘယ္ေလာက္႐ူးလဲဆို က်ေနာ့္အနားမွာ သူေနေအာင္ သူ႕ညီမေလးအသက္နဲ႕ ခ်ိန္းေျခာက္ပီး အနားမွာ ေခၚထားတယ္တဲ့ေလ။
တကယ့္ဟာသ။
"ငါက ယူဆိုရင္ယူလိုက္ စကားေတြရွည္မေနနဲ႕Park Jimin"
"ငါယူျပန္ရင္လဲ မင္းကေစာက္ထင္ေသးဦးမယ္"
"ငါကလိုတယ္ထင္လို႔ ဝယ္ေပးတာေလ "
"မယူဘူး"
"မယူလဲပီးတာပဲ"
Jeonသည္ စားပြဲေပၚမွ ကားေသာ့ကိုယူ ကာ အမွိုက္ေတာင္းထဲသို႔လႊင့္ပစ္လိုက္သည္။
"Jeon!"
"ခုမွလာ ေအာ္မေနနဲ႕ မင္းမလိုခ်င္ဘူးဆိုလို႔လႊင့္ပစ္လိုက္တာေလ ငါ့အတြက္လဲအသုံးမဝင္တဲ့ပစၥည္းမို႔လို႔ "
တစ္ခါတေလ Jeonရဲ႕အေတြးကိုနားမလည္နိုင္ပါ။
တစ္ခါတေလႏူးညံလိုက္ တစ္ခါတေလၾကျပန္ရင္လဲ ပစ္ပစ္ခါခါေျပာပီး မတူမတန္သလိုဆက္ဆံတတ္သည္။
"Jeon ငါတို႔နမ္းရေအာင္"
"႐ူးသြားတာလား Park Jimin"
"မင္းကားကို အလကားမယူခ်င္လို႔ ငါ့ဆီကအနမ္းတစ္ခုျပန္ယူလိုက္"
Jeonသည္ စာရင္းေတြလုပ္ေနရင္းမွ အလိုမက်စြာၾကည့္လာသည္။
"အ႐ူးထမေနနဲ႕"
"က်စ္! Jeon Jungkook ငါစိတ္ေတြမရွည္ဘူးေနာ္"
Jiminသည္ ဆိုဖာေပၚထိုင္ေနရာမွထလာပီး
Jungkookမ်က္ႏွာကို ဆြဲယူလိုက္ကာႏႈတ္ခမ္းေတြကိုဖိကပ္နမ္းရွိုက္ပစ္သည္။
စကၠန႔္အနည္းငယ္ေလာက္ထိကပ္ပီး ျပန္ခြာလိုက္ေသာအခါ Jeonသည္ ခါသိမ္သိမ္ေလးကို ျပန္လည္ဆြဲဖက္ထားကာ ႏႈတ္ခမ္းေတြကိုျပန္လည္နမ္းရွိုက္လာသည္။
"ငါ ဆြဲထိုးမိေတာ့မွာပဲ အသက္ရႉလို႔မရေတာ့ဘူး"
Jeonသည္ ႏႈတ္ခမ္းေတြမွခြာကာ လည္တိုင္ႏုႏုေလးကို သြားခြၽန္ခြၽန္ေလးနဲ႕ကိုက္ခ်လိဳက္ျပန္သည္။
"အ့! ေသမလို႔ကိုက္ေနတာလား ခ်ီးတဲ့"
"ဖယ္စမ္း Jeon Jungkookငါအသက္ထြက္ေတာ့မွာပဲ!"
Jeonသည္ စကားနားေထာင္စြာနဲ႕ပဲ ႏႈတ္ခမ္းေတြကို ျပန္လည္နမ္းရွိုက္လာသည္။
ဒီလိုပါပဲ ခ်စ္သူေတြမဟုတ္ေပမယ့္လဲ နမ္းခ်င္လာရင္နမ္းလိုက္ၾကတာပါပဲ ။နမ္းပီးရင္လဲပီးသြားတာပဲေလ။ဘာမွေထြေထြထူးထူးမွမဟုတ္တာ။နမ္းတာေလာက္နဲ႕ေတာ့ ဘာမွနစ္နာစရာအေၾကာင္းမရွိပါဘူး။
"Jeon Jungkook ဖယ္စမ္း! ငါရစရာမရွိေတာ့ဘူး"
လူဆိုးေသးေသးေလးသည္ ခႏၶာကိုယ္တစ္ခုလုံးနီရဲေတာက္ေနပီျဖစ္သည္။
"ထပ္နမ္းခ်င္ေသးတယ္"
"ငါ့ကိုႀကိဳက္ေနတာလား"
"အင္း..ႀကိဳက္တယ္ မင္းကိုေတာ့မဟုတ္ဘူး မင္းနဲ႕နမ္းရတာကိုႀကိဳက္တာ"
"F***"
လူဆိုးေသးေသးေလးသည္ ဆဲလဲဆဲ လက္ခလည္ပါႏွစ္ေခ်ာင္းလုံးေထာင္ျပသြားပီး အမွိုက္ပုံးထဲမွကားေသာ့ကိုျပန္ေကာက္ယူကာ တံခါးကိုေဆာင့္ပိတ္သြားခဲ့သည္။
တကယ့္အရိုင္းအစိုင္းေလး။
Jeonသည္ ထိုျမင္ကြင္းကိုၾကည့္ကာ ေနာက္မွာ ၿပဳံးၿပဳံးႀကီးက်န္ခဲ့ေလသည္။
____
"ေမေမ!"
"ငါ့ကိုျပန္မေအာ္နဲ႕ Park Jimin!"
"ေမေမေျပာတဲ့ ေငြ Amountကို သားဘယ္လိုရွာေပးနိုင္မွာလဲ"
"နင္ရွာနိုင္တယ္ဆိုတာငါသိတယ္"
ေမေမသည္ တစ္စတစ္စပိုမိုဆိုး႐ြားလာပီး သိပ္စိတ္ပ်က္စရာေကာင္းခဲ့ပါသည္။
သူ႕ေယာက္က်ားဖဲေႂကြးေတြဆပ္ဖို႔အတြက္ ရွာခိုင္းတဲ့ေငြကနည္းနည္းေနာေနာလား။တစ္သက္နဲ႕တစ္ကိုယ္အဲ့ေလာက္ေငြအမ်ားႀကီးကို ျမင္ေတာင္မျမင္ဖူးခဲ့ပါ။
"ေမေမတို႔ ျပသနာၾကားထဲ က်ေနာ့္ကိုပဲဘာလို႔ဆြဲဆြဲထည့္ေနတာလဲ"
"ငါျပသနာကလဲနင္ျပသနာပဲေလ"
"က်ေနာ္မေပးနိုင္ဘူးေမေမရာ အဲ့ေလာက္ေငြအမ်ားႀကီးရွိလဲမရွိဘူး"
"မင္းညီမက အခုတေလာ က်န္းမာေရးေကာင္းေနပုံပဲေနာ္"
"ေမေမ! အဲ့တာေမေမ့သမီးအရင္းပါ"
"ငါမလိုခ်င္ပဲရထားတာလဲ ထည့္ေျပာဦးေလ"
ေမေမသည္ ၾကည့္ရင္းၾကည့္ရင္းတကယ့္ေၾကာက္စရာေကာင္းလာခဲ့ပါသည္။ေမေမမ်က္ဝန္းေတြထဲမွာသူတို႔ေမာင္ႏွမ ကို ဘယ္ေလာက္မုန္းတီးေနလဲဆိုတာပါျမင္ေနရသည္။
"နင္အေဖေၾကာင့္ငါ့ဘဝပ်က္ခဲ့ရတာ နင့္တို႔ႏွစ္ေယာက္စလုံးကို မလိုခ်င္ပဲငါေမြးခဲ့ရတာ ငါ့အတြက္ေတာ့ ဒီေလာက္ေလးေတာ့မင္းလုပ္ေပးရမွာေပါ့ ငါဘဝပ်က္ခဲ့တာနဲ႕စာရင္ဒီေလာက္ေလးကအေသးအမႊားပါ"
"Jimin ဘာျဖစ္ေနတာလဲ"
ထယ္သည္ အျပင္မွျပန္ေရာက္လာတဲ့ အခါ Jiminေမေမကိုျမင္သြားပီး Jiminေရွ႕မွပိတ္ရပ္လိုက္သည္။
"ဘာကိစၥရွိလို႔ က်ေနာ္အိမ္ထိလာရတာလဲအန္တီ"
"ငါ့သားဆီငါလာတာေလ အေၾကာင္းရွိမွလာရမွာလား"
"ဟက္! ငါ့သားတဲ့လား ရယ္စရာေကာင္းေအာင္"
"ထယ္ ငါ့ေျပာလိုက္မယ္"
"က်ေနာ့္အိမ္ထဲကေနထြက္သြားပါအန္တီ "
"ေပါက္လြတ္ဝဲစားေတြကမ်ား အကုန္လုံးတစ္ပုံစံေတြခ်ည္းပဲ"
Jiminေမေမသည္ ထြက္သြားမလို႔ျပင္ေနရင္းမွ ျပန္လွည့္လာပီး Jiminနားေလးကပ္ကာ
"ေအာက္မွာ ေတြ႕ခဲ့တဲ့ကားက မင္းကားဆို အရမ္းမိုက္တာပဲ အဟင္းးး"
ေမေမသည္ အဓိပၸာယ္ပါေသာ အၿပဳံးတစ္ခုကိုၿပဳံးျပခဲ့ပီး တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားသည္။
မုန္းလိုက္တာမ်ား။
Jiminသည္ ဆိုဖာေပၚသို႔အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိဳက္ပီး မ်က္ႏွာတစ္ခုလုံးကို လက္ဖဝါးေတြနဲ႕အုပ္ခ်လိဳက္သည္။
ထယ္သည္ Jimin ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲဆြဲသြင္းလိုက္ကာ ေက်ာေလးကိုပုတ္ေပးေနခဲ့သည္။
"မင္းငိုခ်င္ရင္ ငိုခ်လိဳက္ပါ အရမ္းေတြၿမိဳသိပ္မထားပါနဲ႕"
ခနအၾကာ ခႏၶာကိုယ္ေလးသည္ တသိမ့္သိမ့္တုန္ခါမႈနဲ႕အတူ ထယ္ရင္ဘတ္နားေလးေတြ စိုစြတ္လာသည္။
သူအရမ္းပင္ပန္းေနပီေလ။
____
နီနီရဲရဲ ဂါဝန္အရွည္ဝတ္ထားေသာ မိန္းကေလးသည္ CEO Jeonရဲ႕ လက္ကိုခ်ိတ္ကာ Partyတစ္ခုတြင္ တက္ေရာက္ေနေသာပုံ သည္ Tv တြင္ အက်ယ့္တဝင့္ေဖာ္ျပေနသည္။
Jiminသည္ Tv ေရွ႕တြင္အေအးတစ္ခုထိုင္ေသာက္ေနပီး ထိုျမင္ကြင္းကိုစိုက္ၾကည့္ကာ
"ဒါမ်ိဳးက် မ်က္ႏွာႀကီးကိုၿဖီးေနတာပဲ"
"မင္းက မနာလိုေနတာလား"
"ဖြီး"
ပါးစပ္ထဲမွ အေအးေတြသည္ ဝတ္ထားေသာ အကၤ်ီေပၚသို႔ အကုန္ဖိတ္စင္ကုန္သည္။
"သြားေသလိုက္ပါလား မနာလိုပဲျဖစ္ရဦးမယ္
စိတ္ကိုမဝင္စားတာ
ဒါနဲ႕ျပန္လာတာကို ဘာလို႔အသံမေပးတာလဲ"
"ငါ့အိမ္ငါျပန္လာတာေလ မင္းကို အသိေပးရဦးမွာလား
ကားသံေတာင္မၾကားဘူးဆိုေတာ့ ခုနကျမင္ကြင္းကိုေတာ္ေတာ္စိတ္ဝင္စားေနပုံပဲ"
"ေသမလို႔ငါကစိတ္ဝင္စားရမွာလား"
"စိတ္ဝင္စားလို႔လဲမရပါဘူး အဲ့ေနရာက မင္းနဲ႕ဘယ္လိုမွ မအပ္စပ္ဘူး
ကိုယ့္ေနရာကိုယ္သိတာအေကာင္းဆုံး"
"Jeon Jungkookမင္း ငါ့ကိုေစာ္ကားဖို႔ေခၚတာဆိုရင္ ငါျပန္ေတာ့မယ္ "
"ဒီလိုပဲ လူေတြက အမွန္ေျပာရင္နာတတ္ၾကတယ္"
"Jeon Jungkook !"
"ေျပာရမယ္ဆိုရင္ မင္းတို႔လို လူ မ်ိဳးေတြက ပိုက္ဆံရွိတဲ့လူေတြဆီက ခ်ဴစားဖို႔ပဲတတ္တာေလ"
"မင္းဆီက ငါဘာေတြခ်ဴစားေနလို႔လဲ! ေစာက္ေရးမပါတဲ့စကားေတြလာမေျပာနဲ႕ Jeon Jungkook မင္းကားျပန္ယူမလားျပန္ယူလိုက္ ငါနဲ႕ ထပ္ပီးမပတ္သက္နဲ႕ မင္းပဲ ငါ့ကို ဆြဲထားပီး ငါ့ကိုအၿမဲေစာ္ကားေနတယ္"
"အရမ္းေတြလဲ ေဒါသထြက္မေနပါနဲ႕ မင္းကိုေခၚလိုက္တာက နမ္းခ်င္လာလို႔ ဒါေပမယ္ ခုနကျမင္ကြင္းကိုၾကည့္ပီး စိတ္ကူးေတြယဥ္ေနမွာဆိုးလို႔ သတိေပးတာ"
"ခြပ္!"
မ်က္ႏွာေပၚကိုက်ေရာက္လာတဲ့ လက္သီးေသးေသးေလးကို မေရွာင္လိုက္မိ။
Jeonသည္ေခါင္းတဆတ္ဆတ္ၿငိမ့္ပီး ထိုစကားကိုေျပာလာခဲ့သည္။
"မင္းအေမကေတာ့ ေပ်ာ္ေနမွာပဲ "
"ဘာ!"
"အင္း ဒီေန႕မင္းအေမက ငိုယိုပီးေရာက္လာလို႔ေလ ေတာ္ေတာ္သနားစရာေကာင္းေနလို႔ အငိုတိတ္ေအာင္ ေရ ေလးနည္းနည္းသုံးပီးေခ်ာ့လိုက္ရေသးတယ္ေလ
သူ႕လိုလူမ်ိဳးဆီက ေမြးဖြားလာတဲ့မင္းကလဲ .."
စကားေတာင္မဆုံးလိုက္ Jiminသည္ အျပင္သို႔ေျပးထြက္သြားခဲ့သည္။
Jeonမေျပာလိုက္တဲ့စကားတစ္ခြန္းလဲရွိပါေသးသည္။ထိုသည္ကား Jiminကို မေႏွာင့္ယွက္ဖို႔နဲ႕ Jiminသာ တစ္ခုခုျဖစ္သြားခဲ့ရင္......။
______
တစ္ခုေလာက္ေမးခ်င္လို႔ပါ
သာသာက ဒီ fic ကိုေရးတဲ့အခ်ိန္တုန္းက စိတ္အေျခအေနမေကာင္းခဲ့တာမို႔ ဇာတ္လမ္းကမခ်ိဳပါဘူး။
ေနာက္တစ္ပိုင္းကို ခ်ိဳခ်ိဳေလးဖတ္ခ်င္လား ဒါမွမဟုတ္ သာသာအရင္ေရးထားတဲ့အတိုင္းပဲဖတ္ၾကမလား။
ခ်ိဳခ်ိဳေလးဖတ္ခ်င္တယ္ဆိုရင္ သာသာ အပိုင္း3ကို နည္းနည္းေလးျပင္လိုက္မလို႔ပါ။
ဖတ္ရတာအဆင္မေျပရင္လဲေျပာပါေနာ္ အားမနာပါနဲ႕။
RLထဲထည့္ေပးၾကလို႔ ခ်စ္တယ္ေနာ္🙆
Fbေလးေတြေရးေပးခဲ့ၾကပါဦး
ၾကယ္ေလးေတြႏွိပ္ေပးရင္ပိုခ်စ္တယ္ေနာ္🙆