NotWithStanding...(မည်သို့ပင်...

By Suu_KaNyar

532K 29.2K 1.5K

ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 ... More

မိတ်ဆက်စာ 👨‍🏫
Khoon🖤 & Tain Tyke 💛
Intro & Request
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54 🔞
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60 🔞
Episode - 61
Episode - 62
Episode - 63 🔞
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69
Episode - 70
Episode - 71 ( Ending)
ကျေးဇူးတင်လွှာ 💛💛
Extra - 2
Extra - 3 (End)
Extra - 4 (V day Special )
Extra ( 5)
Book Announcement 🌈☁️
Extra - 1

Episode - 45

5.2K 327 7
By Suu_KaNyar


တိမ်တိုက်တစ်ယောက် သတိရလာပြီး ဆေးရုံမှာ ရှိနေတာ တစ်လပင်ပြည့်တော့မည်ဖြစ်သည်။သို့သော် အခုထိ လမ်းကောင်းကောင်း ပြန်မလျှောက်နိုင်သေး။
ခွန်းမှာလည်း အားသည့်အချိန်တိုင်း တိမ်တိုက်ကိုသွားသွား
ကြည့်ပေးနေသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလဖြစ်နေသည့်အတွက် အချိန်အလုံးစုံကိုတိမ်တိုက်အား မပေးနိုင်။

ဒေါ်ယုယမြိုင်ကလွဲလျှင် ကျန်လူများက သိပ်မအားလပ်ကြတော့ပေ။ K'Cloudy အတွက် အောင်ချက်ရာခိုင်နှုန်းက အရေးကြီးနေသည်မို့ ကြိုးစားကြရတာဖြစ်သည်။ သူနာပြုဆရာမများနှင့်လေကျင့်ခန်းများပြုလုပ်ပြီးသည့်နောက် တိမ်တိုက်၏ Male nurse နှင့်သာ နေ့စဥ်လမ်းလျှောက်ရသည်။ ခွန်းအားသောရက်များတွင်တော့ သူနဲ့အတူ လမ်းလျှောက်ပေးသည်။

ညဘက်တွေဆိုလျှင်လည်း Male nurse ကသာစောင့်အိပ်ပေးလေ့ရှိသည်။ စာမေးပွဲကြီးပြီးသွားမှ အားလပ်ကြမည့်ပုံပင်။ ယခုဆိုလျှင် Male nurse လေးနှင့်တိမ်တိုက်တောင် အတော်လေးရင်းနှီးနေပြီဖြစ်သည်။

'' အကိုရှန်မင်းခက်ဆို ဒီလာတိုင်း အကိုနဲ့ဓာတ်ပုံရိုက်တာ အကိုနိုးလာရင် စမလို့ဆိုလားပဲ ''

'' ဟေ ဟုတ်လား အဲ့ကောင်ကလေ ''

'' အင်း ''

အိပ်မပျော်ကြသဖြင့် နှစ်ယောက်သား မုန့်စားကာ စကားထိုင်ပြောနေကြခြင်းဖြစ်သည်။ Male nurse လေးက တိမ်တိုက်မေ့မြောနေစဥ်က အကြောင်းများကို စီကာပတ်ကုံးပြောပြသည်။

'' ဒါနဲ့မင်းနာမည်က သုတပဲလား အပြည့်အစုံကရော ''

'' မင်းသုတဦး ပါ အကို။ အကုန်လုံးကတော့ သုတပဲခေါ်ကြတာ ''

'' ဪ အင်း....ငါခွဲစိတ်ပြီးကတည်းက မင်းရှိနေတာဆိုရင် ၂နှစ်ကျော် ၃နှစ်နီးပါးတောင်ရှိနေပြီပဲ ။မင်းအသက်လည်း ၂ဝ ကျော်နေပြီမလား ဘာလို့အလုပ်မပြောင်းတာလဲ ။မင်းကတော်တာပဲကို ''

'' အကိုဆေးရုံဆင်းမှ ကျွန်တော်ထွက်လို့ရမှာ ''

'' ဟင်ဘာလို့တုန်း ''

'' အမှန်တိုင်းပြောရရင် ကျွန်တော့်ကို ဦးမာန်ခွန်းစစ် ငှားထားတာ စာချူပ်နဲ့ ပေါ့။ လူခနခနပြောင်းတာမကြိုက်လို့တဲ့။ လစာလည်းကောင်းကောင်းပေးတယ် ''

'' ဪ ''

တိမ်တိုက် နည်းနည်း တော့ အံ့ဩမိသွားသည်။ ဦးမာန်ခွန်းစစ် က သူ့သားနှင့်ပတ်သတ်ပြီး အမြင်မကြည်လောက်ဘူးဟုထင်ထားသော်လည်း ဒီလိုလုပ်ပေးသည်ဆိုတော့ သေချာတော့စဥ်းစားရမည်။

သို့ပေမယ့် ပြန်သတိရလာကတည်းကအခုချိန်ထိ ဦးမာန်ခွန်းစစ်ကိုလုံးဝ မတွေ့ရသေး။ ဆေးရုံကဆင်းမှသာ ကျေးဇူးတင်ကြောင်း သွားပြောတော့မည်ဟုပဲစဥ်းစားထားလိုက်သည်။

ဦးမာန်ခွန်းစစ်နှင့်သူ ပြန်ပြေလည်သွားကြောင်း ခွန်းကပြော​တော့ပြောပြထားသည်။ ခွန်းကိုသိခဲ့ရသလောက် သည်လိုလွယ်လွယ်နှင့် ပြန်အဆင်ပြေသွားမည့်ပုံတော့ မပေါ်ပေ။
သူမသိသေးသော တစ်ခုခု အလယ်မှာဖြစ်ပျက်သွား၍သာ ထိုသားအဖ ဆက်ဆံရေး ကပြန်ပြေလည်သွားတာဖြစ်နိုင်သည်။

'' အကို့...အကို့...''

'' ဟမ်...ဘာပြောလိုက်တာလဲ ''

တိမ်တိုက်အတွေးတွေထဲ လွင့်မြောနေတာကြောင့် သုတခေါ်တာမကြား။ သုတက နှစ်ခေါက်သုံးခေါက်ဖိခေါ်တော့မှ ကြားတော့သည်။

'' အကိုမေ့နေရင်း ဘာလို့ပြုံးပြုံးနေတာလဲမေးတာ ''

'' ငါပြုံးမိလို့လား ''

'' အင်းလေ ကျွန်တော်ဆို လန့်တောင်လန့်တယ် အကို ထထပြုံးလို့။ ပြီးတော့ တစ်ခါတလေ မျက်ရည်ကလည်းကျသေးတယ်.. မဟုတ်မှလွဲရင် အကိုသတိမေ့နေတုန်း တစ်ခြားကမ္ဘာများရောက်သွားသေးလား  ''

'' သုတ မင်းဇာတ်ကားကြည့်တာများသွားပြီထင်တယ်။ မဟုတ်ပါဘူးကွာ ''

သုတပြော၍ ပြန်စဥ်းစားသော်လည်း မှတ်ဉာဏ်က ဗလာသက်သက် ။ သူ့မှတ်ဉာဏ်က လှည်းတန်းတွင် လမ်းဖြတ်ကူးရန်စောင့်နေချိန် အထိသာရှိသည်။

'' ဟိုလေ အကိုတိမ်တိုက် ။ကျွန်တော်မေးလည်းမေးချင်တယ် မေးလည်းမမေးရဲဘူးဖြစ်နေတာ ''

'' ရတယ် ဘာလဲပြောလေ ''

သုတ ခွက်ထဲကကော်ဖီလက်ကျန်ကိုမော့ချလိုက်သည်။

'' ဟိုလေ...ကိုခွန်းနဲ့ အကိုတိမ်တိုက် က ချစ်သူတွေမလား ''

'' အင်းလေ ''

'' ဒါဆို အကိုရှန်မင်း နဲ့ကရောဟင် ''

သုတတစ်ယောက်မေးချင်နေတာအတော်လေးကြာနေပြီဖြစ်သည်။ တစ်ခါတလေ ချစ်သူဖြစ်သည့်ခွန်းထက် သူက တိမ်တိုက်ကိုပိုကဲနေတတ်သည်။

'' အကိုတို့က အချစ်ဆုံး ငယ်သူငယ်ချင်း တွေလေ ။ ဘာဖြစ်လို့လဲ ''

'' ဟင် ဟုတ်လား ကျွန်တော်က အကိုရှန်မင်းက အကို့ကိုများ ဟိုလို များလားလို့ထင်မိလို့လေ။ အကိုမေ့နေတုန်းကဆို ကိုခွန်းထက် သူကဒီကိုပိုလာတတ်တယ်။ အကို့အကြိုက်ဆိုပြီး greentea ကို set လိုက်ဝယ်ဝယ်လာပေးတတ်တယ် ။ ပြီးတော့လေ တစ်ခါတလေကျရင် အကိုရှန်မင်းက အကို့လက်ကိုကိုင်ပြီး ငိုချင်ငိုနေတာ ။ ''

'' ဟား...ဟား...ဟုတ်လား။ ဒီကောင် ဒရမ်မာတွေရိုက်ခဲ့တာပေါ့ ''

''. .....''

'' သုတ ကိုယ်တစ်ခုပြောပြမယ်။ အချစ်ဆိုတာကလေ တစ်စုံတစ်ယောက်ဆီမှာပဲ အကုန်စုပြုံနေတတ်တာမဟုတ်ဘူးကွ။ အခုမင်းထင်နေတာကိုယ်သိတယ် ။
ရှန်မင်းလောက် ကိုခွန်းက အကို့ကိုမချစ်ဘူး ဆိုသည့်သဘောမျိူးပေါ့ ''

'' .....''

သုတ ခေါင်းလေး တငြိမ့်ငြိမ့်လုပ်ပြကာ သူထင်တာ ဟုတ်သည်ဟု ထောက်ခံသည်။ တိမ်တိုက် ပြန်နိုးလာသည့်အချိန်တွင် သိပ်မသိသာတော့သော်လည်း တိမ်တိုက်မေ့နေချိန်တွင်တော့ ရှန်မင်းက ခွန်းထက် သည်းသည်းလှုပ်သည်။ သုတပြုစုပေးသည့်အချိန် စိတ်တိုင်းမကျဖြစ်နေသည်ကလည်းရှန်မင်းခက်ပင်။ ထိုစဥ်ကထင်ခဲ့သည်က ရှန်မင်းက တိမ်တိုက်နှင့်ပတ်သတ်မှုတစ်ခုခုရှိလိမ့်မည်ဟုပင်။

'' ရှန်မင်းက အကိုမမေ့ခင်ကတည်းက သူ့မှာ ရည်းစာရှိပြီးသား။ ဒါပေမယ့် သူကအကျင့်ဖြစ်နေတာကွ ။အကိုက ငယ်ငယ်ကတည်းက အားနည်းတယ်။ အဲ့ဒါကြောင့် အနီးစပ်ဆုံးဖြစ်တဲ့ရှန်မင်းက အမြဲဂရုစိုက်ပေးနေခဲ့တာ။ သူရည်းစားရတာတောင် အဲ့အကျင့်ကပြင်မရတော့လို့ သူ့ရည်းစားက လက်ခံပေး ထားရတဲ့ အခြေအနေပဲ ''

'' အဲ့တာဆို ကိုခွန်းကရော ''

'' ကိုခွန်းကကျတော့ သူ့ကိုနားလည်တဲ့သူမှ သူ့အချစ်ကိုမြင်ရတာ။ သူ့အချစ်က သာမန်လူတွေလို မသိသာဘူး။ သူပေးထားတယ်ဆိုတဲ့အချစ်တွေက ကိုယ့်ဘာသာရှာရတာ။ မြင်မြင်သာသာမရှိဘူးပေါ့။ အယ်...မင်းနားလည်အောင်ပြောရရင် မချစ်ပြတတ်ဘူးပေါ့ကွာ ''

''. ....''

'' နှစ်ယောက်လုံးက အကို့ကို မတူညီတဲ့ချစ်ခြင်းတွေနဲ့ချစ်ကြတာပါ။ ဒီလောကကြီးမှာလေ ချစ်တယ်လို့မပြောပဲ ရှင်သန်နေတဲ့အချစ်တွေမှ တစ်ပုံကြီး ''

'' အင်း ကျွန်တော် အကို့လောက် မတွေးတတ်သေးပေမယ့် နားလည်သလိုလိုတော့ရှိလာပြီ ''

'' ဪ အေးပါကွာ ။ ဒါနဲ့မင်းရော အမြဲအိပ်နေတဲ့ ကိုယ့်နားနေရတာမပျင်းဘူးလား ''

'' အမလေးဗျာ ပျင်းချိန်မရှိပါဘူး။ ကျွန်တော့်မှာ တစ်ပတ်ကိုလေးရက်လောက် ခေါင်းကျိန်းခဲ့ရတာ။ အကိုရှန်မင်း နဲ့ကိုခွန်းတို့ လာမယ့်နေဆို ကျွန်တော် သတိထားနေရပြီပဲ ။ တစ်ခါကဆို ဆောင်းတွင်းတစ်ခု အအေးပတ်မှာစိုးလို့ စောစောရေပတ်တိုက်ပေးမလို့လုပ်နေတာကို အကိုရှန်မင်းရောက်လာပြီး ရေပတ်တိုက်ပေးလို့ဆိုပြီး ထောင်းရော ''

'' ဟမ် ဘယ်လို ''

'' ဒီလိုလေ အကို့ကို သန့်ရှင်းရေးလုပ်ပေးတဲ့ကိစ္စကို ကျွန်တော့်မလုပ်ခိုင်းဘူး။သူတို့ဘာသာလုပ်မယ်လို့ ပြောထားတာ။ ''

'' ဪ ''

'' အဲ့တာနဲ့ ကျွန်တော်လည်း နောက်ရက်တွေ သတိထားရတော့တာပေါ့။ တစ်ရက် ဆောင်းတွင်းပဲ သူတို့အလာကိုစောင့်ရင်း ညနေစောင်းသွားရော...ကိုခွန်းကရောက်လာပြီး နောက်ကျနေပြီ အေးကအေးနဲ့ ဘာလို့စောစော သန့်ရှင်းရေးမလုပ်ပေးထားတာလဲတဲ့ ။ ကဲ ကျွန်တော် ဘာလုပ်ရမလဲ ''

'' ဟား...ဟား...ဟား... ''

တိမ်တိုက် သဘောကျကာဗိုက်နှိပ်ပြီးရီပါတော့သည်။ တကယ်ကို သုတတစ်ယောက် ရှန်မင်းနှင့်ခွန်းကြောင့်အကြပ်တွေ့ခဲ့ပုံရသည်။

'' နောက်တော့လည်း သူတို့အကျင့်တွေနဲ့အသားကျသွားတာပါပဲ။ သူတို့ကလေ ကျွန်တော်ဘာလုပ်လုပ် သဘောကိုမကျ ကျတာ ''

'' ဒါပေမယ့် မင်းကိုကျေးဇူးပါကွာ သည်းခံပေးခဲ့လို့ ဟား...ဟား.. ''

တိမ်တိုက်ကတော့သဘောကျနေကာ သုတကတော့ သူခံခဲ့ရသည်များကိုပြန်တွေးကာစူပုတ်နေတော့သည်။

နောက်တော့ ညဥ့်နက်နေပြီမို့ နှစ်ယောက်လုံး စကားဝိုင်းသိမ်းကာ အိပ်လိုက်ကြတော့သည်။

သုတကအိပ်ပျော်သွားသော်လည်း တိမ်တိုက်က ကုတင်ပေါ်မှေးကာ ဟိုတွေးဒီတွေး။

ဘဝ၏ငယ်ရွယ်နုပျိူချိန်များကို ဆေးရုံကုတင်ပေါ်တွင်ဖြတ်သန်းခဲ့ရသည့်အတွက် ဝမ်းလည်းသာသလို ဝမ်းလည်းနည်းရသည်။ ဝမ်းသာရသည်က ခွန်းစောင့်ခိုင်းသော ၃နှစ်ကို ဘာမျှ မလွမ်းမဆွေးရပဲနဲ့ အသာလေးကျော်ဖြတ်ပြီးသွားပြီဖြစ်သည်။ နိုးလာချိန်တွင် အကုန်လုံး ကအဆင်ပြေချောမွေ့နေကြပြီး အသင့်ဖြစ်နေသည်။

သို့သော် ၃နှစ်အတွင်း ခွန်း၏ ပြောင်းလဲလာသောပုံစံကို မမြင်လိုက်ရ၍ အနည်းငယ် တော့ ဝမ်းနည်းရသည်။ ခွန်းပြောပြသည့် ခွန်း၏ ကျူရှင် ကိုလည်းရောက်ဖူးချင်နေသည်။ အပြင်ကိုလည်းထွက်ချင်နေသည်။ သူမေ့နေသောကာလအတွင်းပြောင်းလဲသွားသည့်အရာတွေအတွက် ရင်ခုန်နေရသည်။

ညကောင်းကင်တွင် အတွေးတိမ်တိုက်တို့ ဟိုတစ်စသည်တစ်စ လွင့်မျောနေချိန် အခန်းတံခါးမှာ ဂျောက်ခနဲပွင့်လာ၍ မျက်လုံးကိုဖတ်ခနဲ ပြန်မှိတ်လိုက်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ တိုးလျသောခြေသံက တိတ်ဆိတ်နေသောအခန်းတွင်း တဖြည်းဖြည်း လှမ်းနေသည်။ ရင်းနှီးနေသောကိုယ်သင်းနံ့တစ်ခုက ညင်သာစွာ သူ့နှာခေါင်းဝဆီ ရောက်လာတော့ ​အသာလေးပြုံးမိလိုက်သေးသည်။ မျက်လုံးမဖွင့်ကြည့်လျှင်တောင် ဘယ်သူဘယ်ဝါမှာ တန်းသိနိုင်အောင်ကို ထိုရနံ့က ရင်ထဲစိမ့်ဝင်နေတာပင်။
ထိုသူက တိမ်တိုက်၏ နှစ်ယောက်မရှိနိုင်သော ချစ်သူ ခွန်းမာနမောင်။

ဘာဆက်လုပ်မလဲသိချင်၍ မျက်လုံးမဖွင့်ပဲ အသာငြိမ်နေလိုက်သည်။ ခွန်းတစ်ယောက် အခုတလော ကျူရှင်မှာသာ အိပ်သည်။ တိုက်ခန်းကိုမပြန်ဖြစ်တော့။ စာမေးပွဲက သိပ်မလိုတော့တာကြောင့် ခွန်းအပေါ် pressure တွေ တဖြည်းဖြည်း ပိလာသည်။ ကလေးတွေက အကုန်အဆင်သင့်ဖြစ်နေတာကိုနားလည်သည်။ သို့သော် ဆရာတို့ထုံးစံအတိုင်း စိတ်ပူနေရသည်။

ဝါရင့်သဘာရင့်တစ်ယောက်မှ မပါသော သူတို့လူငယ်တွေလက်ထဲ ယုံယုံကြည်ကြည်အပ်လာသော မိဘတွေကိုလည်းစိတ်ပျက်စေလို့မဖြစ်။

အပင်မြင့်လေ လေတိုက်လေ ဆိုသည့်အတိုင်း အချိန်တိုအတွင်း အောင်မြင်မှုရလာသော သူတို့အဖို့ တစ်ချက်မှားတာ
နှင့် အောက်ထိ ဝိုင်းဆွဲချ ကြတော့မှာပင်။ အရည်အချင်းမရှိပဲ မိဘအားကိုးနှင့် တက်လာသည်ဟုပြောကြသော လူတစ်စု
ပါးစပ်ပိတ်သွားအောင်လည်း ကြိုးစားပြရဦးမည်။

ဟင်း....

ခွန်း သက်ပြင်းချသံက အဝါရောင် ညမီးအိမ်လေးသာဖွင့်ထားသော အခန်းလေးအတွင်း ပင်ပန်းစွာ ထွက်လာသည်။

နောက် နွေးနေသော ခွန်း၏လက်လေးတစ်ဖက်က တိမ်တိုက်နဖူးပေါ်မှာဝဲကျနေသော ဆံပင်တို့အား အသာသပ်တင်ပေးနေသည်။ ပြီးတော့ ကုတင်ပေါ်က တိမ်တိုက် လက်မောင်းဘေးနားသို့ သူ့ခေါင်းကို မှောက်ချလိုက်သည်။ လက်ကလည်း တိမ်တိုက် လက်တစ်ဖက်ကို ဆုပ်ကိုင်ထားရင်း မိနစ်အနည်းငယ်အကြာတွင် ခွန်း အသက်ရှူသံ မှန်မှန်လေးဖြင့် အိပ်ပျော်သွားတော့သည်။ ဘယ်လောက်တောင်ပင်ပန်းနေခဲ့တာမို့ ခနလေးနဲ့အိပ်ပျော်သွားရတာလဲ

ထိုတော့မှ မျက်လုံးအသာဖွင့်ကာ လက်မောင်းနားကခွန်းကိုကြည့်ရင်း အသာပြုံးမိသည်။

' မောင့်ကို နားအလည်ဆုံးကလေ ကျွန်တော်ပဲ...
မောင် ဘယ်လောက်ကျွန်တော့်ကိုချစ်လဲဆိုတာ ကျွန်တော်ကလွဲရင် ဘယ်သူကပိုသိမှာတဲ့လဲ ... အဆိုးဆုံးအခြေအနေတွေမှာတောင်မှ မောင်ပေးတဲ့အချစ်တွေ ကျွန်တော် မြင်နိုင်သေးတာပဲ... မောင်က ကျွန်တော့်ကိုသိပ်ချစ်တာ ကျွန်တော်သိတာပေါ့ '

' မောင်က လေပြည်ဆို ကျွန်တော့်ကို
သယ်ဆောင်သွားပါ...
မောင်ထားရာနေ စေရာလွင့်မယ့်
မောင့်တိမ်တိုက်လေးက ကျွန်တော်ပေါ့.... '

...................

မနက်နိုးလာတော့ မျက်လုံးဖွင့်ဖွင့်ချင်း ဘေးကိုကြည့်မိတော့ ခွန်းမရှိတော့။ ညကဘယ်ချိန်အိပ်ပျော်သွားမှန်းမသိလိုက်ပေ။ အခန်းထဲဝေ့ဝိုက်ကြည့်လိုက်တော့ သုတတစ်ယောက်ကိုသာတွေ့သည်။

'' သုတ ''

'' ဗျာ အကို..နိုးပြီလား ''

'' ကိုခွန်းရော ''

'' ဗျာ ဒီနေ့မလာဘူး မဟုတ်ဘူးလား ''

'' မဟုတ်ဘူးလေ ညက ကိုခွန်းလာတယ်လေ ''

'' အကို အိပ်မက် မက်နေတာနေမှာပါ ကျွန်တော်နိုးကတည်းက အခန်းထဲမှာ အကိုနဲ့ ကျွန်တော် နှစ်ယောက်ပဲရှိတာ ''

တိမ်တိုက်မယုံကြည်စွာ ခွန်းဆုပ်ကိုင်သွားသော သူ့လက်ကို နမ်းကြည့်တော့ ခွန်း ကိုယ်သင်းနံ့တောင်ကျန်နေသေးသည်။ ဒါဆို ဘယ်သူမှ မနိုးခင် ပြန်သွားတာလား။

တောင်!!

တွေးနေရင်း မက်ဆေ့ချ် ဝင်လာ၍ ကြည့်လိုက်တော့

💬 Morning Mg's Cloudy <3

ခွန်းဆီမှ စာဖြစ်သည်။ မနက်တိုင်းပို့နေကျဖြစ်ပြီး အိပ်ခါနီးတိုင်းလည်း Goodnight ဆိုပြီး ပို့လေ့ရှိသည်။

တိမ်တိုက်လည်း ခေါင်းရှုပ်ခံမနေတော့ပဲ မျက်နှာသစ်ရန် သုတကိုအကူအညီတောင်းလိုက်သည်။ သိပ်မကြာခင် ဒေါ်ယုယမြိုင် တစ်ယောက် မနက်စာလေးကိုင်ကာ ဝင်လာသည်။

'' သား မေမေ ချင်းပြည်နယ် ဘက် အလုပ်ကိစ္စနဲ့ ခရီးခနထွက်ရမယ်။ သိပ်မကြာပါဘူး ၂ရက် ၃ ရက်ပဲ ။ ''

'' မေမေ တစ်ယောက်တည်းလား ''

တိမ်တိုက် ဝယ်လာပေးသော မနက်စာကို ပလုတ်ပလောင်းစားရင်းမေးသည်။ သူ့အမေ ဒေါ်ယုယမြိုင်က အရင်လို ရိုးရိုးအေးအေးရွှေဆိုင်ပိုင်ရှင်မဟုတ်တော့။အခုတကယ့်ကို ထက်မြက်တဲ့သူဌေးမကြီးတစ်ယောက်​ဖြစ်နေပြီ။

'' မဟုတ်ဘူး ဆိုင်က ကလေးမလေး ၂ယောက်ပါမယ် ''

'' အင်း အင်း သွားလေ။ ဒေါ်ယုယမြိုင်တို့များနော်..သူဌေးမကြီးဖြစ်နေပြီဆိုတော့ အလုပ်ခရီးတွေဘာတွေနဲ့။ ပိုက်ဆံက ဖြေးဖြေးရှာပါ ခွန်မယ့်ရယ် ဒီမှာဖြုန်းပေးမယ့် သားကတစ်ယောက်တည်းရှိတာနော် ''

'' အမလေး ဖြုန်းစမ်းပါတော် ။ မင်းနိုးလာရင် ဖြုန်းရအောင် အပြည့်ရှာထားပေးတယ် ''

'' အား..အရမ်းချစ်တာ ၃နှစ်လောက် လှဲနေလိုက်တာ အတော်လေးအကျိူးရှိတာပဲ။ ပြန်နိုးလာတော့ အားလုံးရယ်ဒီပဲ။ဘာအလုပ်မှ မလုပ်ဘူးနော် ထိုင်စားမှာ ရှာကျွေးမယ့်သူနှစ်ယောက်တောင် ရှိတာ ဟဲဟဲ ''

ဒေါ်ယုယမြိုင် တိမ်တိုက်ကို အံကြိတ်ကာ မျက်စောင်းထိုးတော့ တိမ်တိုက် သူ့သွားတက်လေးတွေပေါ်အောင်ရီပြသည်။

'' အေးပါ အေးပါ ငါ့သားကြီးကိုတော့ ခိုင်းစားဖို့မကြံလေနဲ့ တိမ်တိုက် ''

ပလုတ်ပလောင်းဖြင့် မျက်လုံးနှစ်ဖက်ကိုပိတ်ကာ လျှာထုတ်ပြပြီးပြောင်ပြလိုက်သေးသည်။

'' ဒါနဲ့ မေမေ က တကယ်သဘောတူတာလား ''

'' တူတော့မတူချင်ပါဘူး သားခွန်းကို သနားလို့ တူပေးလိုက်တာ။မဟုတ်ရင် ငါကငါ့သားကြီးကို ဘယ်သူနဲ့မှ သဘောမတူဘူး ။ ''

'' ဪ ကျေးဇူးပါ​ ဒေါ်ယုယ ။ ကျွန်တော့်ကို အခုလိုချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ''

တိမ်တိုက် ရွဲ့ကာပြောတော့ ဒေါ်ယုယမြိုင် အားပါးတရ ရီတော့သည်။ သည်လိုပေါက်ကရတွေပြန်ပြောနိုင်ဖို့ သူမ ဘယ်လောက် မျှော်လင့်ခဲ့ရသလဲ။
ဘာတွေပဲ ပုံပေးရ ပေးရ သည်ကလေး ပြန်နိုးလာဖို့ အကြိမ်ကြိမ် မျှော်လင့်ခဲ့တာပင်။

'' ဟိုတနေ့က မမသက်တို့လာသေးတယ် သိလား။ နောက်လထဲ သူတောင်မင်္ဂလာဆောင်တော့မှာ တဲ့ ''

'' အင်းဟုတ်တယ်။ မေမေ့ဆိုင်မှာပဲ လက်ထပ်လက်စွပ်လာမှာသွားတယ် ။ သူအလုပ်ကထွက်လိုက်ပြီတဲ့လားသား ။ ''

'' ထွက်လိုက်ပြီတဲ့...ယောကျာ်း လုပ်စားပဲထိုင်စားတော့မှာတဲ့ ''

'' အနားရတာပေါ့ကွယ် သူလည်းမငယ်တော့ဘူး ''

ဒေါ်ယုယမြိုင် တစ်ယောက် ထောက်ခံသလိုပြောတော့

'' ဟိုလေ ခွန်မယ့် သားလည်း မငယ်တော့ဘူးနော် ဟဲဟဲ ''

မရဲတရဲလေး ပြောရှာသော ကလေးပေါက်စ ။

'' ဟယ်တိမ်တိုက်ရယ် နင်ဘယ်လိုယွနေတာတုန်း။ သူ့ကြည့်တော့ ဆေးရုံကိုအိမ်လိုနေနေပြီးတော့ လင်က ယူချင်သေးတယ် ''

တိမ်တိုက် တစ်ယောက် မျက်နှာကို တည်လိုက်ပြီး ခေါင်းတရမ်းရမ်းသာလုပ်နေလိုက်တော့သည်။ ခွန်း ကိုသိပ်သဘောကျနေပုံရသော ဒေါ်ယုယမြိုင်ကြောင့် တိမ်တိုက် ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်တော့။

နေ့လည်လောက်ကျတော့ ဒေါ်ယုယမြိုင်ပြန်သွားပြီး အဆုမတို့ သူငယ်ချင်း တစ်စု တိမ်တိုက် ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြသည်။ မုန့်တွေ သစ်သီးတွေလည်း တစ်ပုံတစ်ပင်ပါလာသည်။

မည်သို့ပဲ ဖြစ်ဖြစ် သည်သုံးယောက်ကတော့ အမြဲပေါ်ပေါ်လာတတ်သည်။ ရင်းနှီးသည်တော့မဟုတ်ပဲ ဒီတိုင်းတွေ့လျှင်တော့ ဟက်ဟက်ပက်ပက်ရှိကြသည်။ မေ့နေတုန်းကလည်း သုံးလေးငါးခါလောက် လာကြသည်ဟု သုတက ပြောပြသည်။ ပြောပြတုန်းကဆိုလျှင် သုတက '' အရပ်ပုပု ဆံပင်ကောက်ကောက် နဲ့ မျက်နှာကချစ်စရာလေးလေ '' ဆိုပြီး ပြောပြတုန်းကအတော်
စဥ်းစားလိုက်ရသည်။ နောက်မှ အဆုမတို့ဖြစ်မှန်းသိတာပင်။

၂၄နှစ်အရွယ် မိန်းမပျိူလေးများဖြစ်သည့် သူတို့အုပ်စုကတော့ ဘွဲ့ရပြီးကတည်းက ဝါသနာပါရာ လမ်းကြောင်းကိုရွေးချယ်လျှောက်လှမ်းနေကြတာဖြစ်သည်။

ယခုဆိုလျှင် အဆုက အောင်မြင်နေသော စာရေးဆရာမပေါက်စလေးဖြစ်နေပြီဖြစ်သည်။ သူရေးသော စာများက ရသ စာပေများဖြစ်ပြီး လူသားနှစ်ဦး အချစ်ကိုအခြေခံကာ အမျိူးမျိူးရေးဖွဲ့ထားသောစာပေများဖြစ်သည်။ ထိုလူသားနှစ်ဦးက ယောကျာ်း မိန်းမ လည်းဖြစ်ချင်ဖြစ်မည်။ ယောက်ျား.. ယောက်ျား ချင်းလည်းဖြစ်ချင်ဖြစ်မည်။ မိန်းမ...မိန်းမ ချင်းလည်းဖြစ်ချင်ဖြစ် မည်။

အကေ ကတော့ နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေပြီး အပြည့်ကတော့ ဒီဇိုင်နာ သင်တန်းတက်နေလေသည်။

အကေ - ဟဲ့ အဆု ဟိုးကအဆင်က နင့်ကိုရှိတ်နေတယ်နော်...

အဆု - သိတယ် အသာနေ...

အပြည့်နှင့် တိမ်တိုက်တို့ စကားပြောနေစဥ်အနောက်က အဆုတို့နှစ်ယောက်ကတော့ တိုးတိုးတိုးတိုးနှင့် တွတ်ထိုးနေသည်။

အကေ - ငယ်မယ့်ပုံပဲနော်

အဆု - အေးလေ မောင်ပေါ့ အဟိ

အပြည့် - ဟဲ့နင်တို့နှစ်ယောက်က တိမ်တိုက်ဆီလာတာလား ဟိုနားကကလေးဆီလာကြတာလား

တိုးတိုးလေးပြောနေပေမယ့် အကုန်ကြားနေရအောင်ကို ပြောတတ်ကြသော အဆုတို့အား အပြည့်ဝင်ဟန့်ရတော့သည်။
အပြည့်အသံထွက်လာမှ သုတလည်း အဆုကိုငေးနေရာမှ မျက်စိလွှဲတော့သည်။

နောက်တော့ စကားတွေ ပြောကြ ကာ သုံးယောက်သားပြန်လာကြတော့သည်။
အဆုတို့ပြန်သွားတာနှင့် သုတကအနားရောက်လာပြီး အဆု အကောင့်ကိုအတင်းတောင်းတော့သည်။ တိမ်တိုက်လည်း ပြလိုက်ပြီး

'' လင်လိုချင်ရင်တော့ သူနဲ့ပေါင်း ။ ''

'' ဗျာ ''

'' အဆုက ရည်းစားမထားဘူးလေ သူထားမယ့်ရည်းစားကို သူများကျွေးပစ်တာ။ မင်း လင်လိုချင်ရင်တော့ သူကို လိုက် ဟား...ဟား... ''

'' ဟာ အကိုကဗျာ ''

သုတ တစ်ယောက်ရှက်သွားကာ အခန်းထဲက ထွက်သွားတော့သည်။ တိမ်တိုက်ကတော့ ရီမောလျက်ပင်အခန်းထဲ ကျန်ခဲ့တော့သည်။

..................

သိပ်မကြာခင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ကျင်းပသည့်အချိန်သို့ရောက်လာတော့သည်။ K'Cloudy တွင်တော့ စာမေးပွဲအတွက်လိုအပ်သည်များကို သေချာမှာတမ်းခြွေနေသော ခွန်းနှင့် အလေးအနက်နားထောင်နေကြသော ကလေးများရှိကြသည်။

ဆရာဆရာမများကလည်း ကိုယ်တာဝန်ယူထားရသည့် ဘာသာအတွက် အစွမ်းကုန်ကြိုးစားနေကြသည်။ တစ်ဘာသာပြီးတစ်ဘာသာ ဖြေပြီးတိုင်း ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့သွားသလိုပင်။ ကိုယ့် 'ဘာသာ' ပြီးသွားသောဆရာ ဆရာမများက နားရသော်လည်း ခွန်းကတော့ ဘာသာတိုင်းအတွက် စိတ်ပူကာ မနားရပေ။

အရင်နှစ်က အောင်ချက်မဆိုးလှသော်လည်း ဒီနှစ်ပိုကောင်းအောင် ကြိုးစားရမည်ဖြစ်သည်။ အရင်နှစ်ကထက် ကျသွားလို့မဖြစ်။ ထို့ကြောင့် စိတ်ရောလူရောပင်ပန်းကာ ခွန်းတစ်ယောက် နည်းနည်းတောင်ပိန်သွားသည်။

နာရီလက်တံက ၁၂ သို့ရောက်ချိန်တွင် ကျောင်းတွင်း Alarm က ထမြည်ပြီးနောက် ပျော်ရွှင်နေကြသည်ကို ဟန်မဆောင်နိုင်သော အပြုံးတို့က ကျောင်းပေါက်ဝမှထွက်လာသော ကျောင်းသားတော်တော်များများတွင် တွေ့ရသည်။
တစ်ချိူ့ က အားမလိုအားမရဖြစ်စွာထွက်လာကြသည်။ တစ်ချိူ့က ကျေနပ်နေသော အပြုံးဖြင့် ထွက်လာကြသည်။

ခွန်းကျူရှင်က ကျောင်းသားများကတော့ အတိုင်းအထက်အလွန်ကို ပျော်ရွှင်စွာပင်ထွက်လာကြတာကို တွေ့ရသည်။ စာမေးပွဲ ဖြေနိုင်လို့လား ဒါမှမဟုတ် စာမေးပွဲ ပြီးလျှင် ခွန်းပို့ပေးမည့် Trip ကြောင့်လားတော့ မသဲကွဲ။

ခွန်းက စာမေးပွဲကြီးပြီးသည်နှင့်တစ်ရက်နားခိုင်းပြီး နှစ်ရက်မြောက်နေ့တွင် အပန်းဖြေခရီးတစ်ခုခု ပို့ပေးမည်ဟု ပြောထားသောကြောင့်ဖြစ်သည်။

'' ဆရာ သဘက်ခါနော် ဟိဟိ ''

စာစစ်ဌာန ကျောင်းရှေ့မှာ ရပ်စောင့်နေသော ခွန်းနား ဝိုင်းလာကြ ကာ တစ်ယောက်တစ်ပေါက် မေးကြတော့သည်။

'' ကဲ ကဲ အကုန် ကားပေါ်တက်..ဆရာပြောမယ်... ကျူရှင်ကို အရင်ပြန် ။
ဆရာရှန်မင်း စောင့်နေလိမ့်မယ်။ အဲ့မှာ အစီအစဉ် ကို အသေးစိတ်နားထောင်သွား ။ ဟုတ်ပြီလား ''

'' ရေး...''

တစ်အုပ်စုလုံး အော်ကာ ဖယ်ရီ Bus ပေါ်အသီးသီးတက်ကြသည်။ ခွန်းကတော့ ထိုခရီးတွင်ပါဝင်လိမ့်မည်မဟုတ်။ ဘာလို့ဆို သူ့တိမ်တိုက်ကို သူပစ်ထားတာကြာနေပြီမို့ တိမ်တိုက်ကိုအချိန်ပေးရမည့်အလှည့်ဖြစ်သည်။

ခွန်း သူ့ကားပေါ်တက်ကာ ဆေးရုံဘက်သို့ ထွက်လာလိုက်သည်။ လမ်းတွင် ရှန်မင်းတို့ကို ဖုန်းဆက်ကာ မှာစရာရှိသည်များထပ်မှာသည်။

'' ခရီးမှာ ဘာပြသာနာမှ မဖြစ်စေချင်ဘူး ရှန်မင်း။ နည်းနည်း ဂရုစိုက်ပေး။ အခုအချိန် အကုန်လုံး ကအပျော်လွန်နေကြတာ။ ကိုယ်အကုန်စီစဥ်ပြီးသား ဟိုရောက်ရင် တည်းမယ့်နေရာလည်းဘိုကင်ယူပြီးပြီ။ ညနေကျ ကိုယ် လိုတာတွေ mail ပို့လိုက်မယ် ''

တစ်ဖက်က ဖုန်းချသွားချိန်တွင် ဆေးရုံဝင်းထဲသို့ ကွေ့ဝင်ကာ ပါကင်ထိုးလိုက်ပြီး တိမ်တိုက်ရှိရာအခန်းသို့တက်လာလိုက်သည်။

ထိုအချိန် တိမ်တိုက် တစ်ယောက် ကုတင်ပေါ်က ဆင်းကြည့်ရန် ကြိုးစားနေသည်။ ယခုဆိုလျှင် နှစ်လနီးပါးဖြစ်နေပြီ...အကူမပါပဲ လမ်းမလျှောက်နိုင်သေး။ ​ခြေထောက်တွေက မရဲတရဲ ဖြစ်နေသေးသည်။ ထို့ကြောင့်ကိုယ့်ကိုယ်ကို အားမရသလို စိတ်ဓာတ်ကလည်း ကျချင်နေပြီဖြစ်သည်။

ခါတိုင်း သုတက အနားရှိနေသဖြင့် အကုန်ကူညီပေးနေတာကြောင့် အဆင်ပြေနေတာဖြစ်သော်လည်း ကိုယ့်အစွမ်းအစနှင့်က ဘာမှ မဖြစ်လာသေးပေ။ လမ်းလျှောက်ရတာအဆင်မပြေ၍ စိတ်ဓာတ်ကျနေသည်ကတစ်ကြောင်း...ခွန်းကပါ မရောက်လာသည်မှာ တစ်ပတ်နီးနီး ရှိနေပြီဖြစ်သောကြောင့် အားငယ်တာက တစ်ကြောင်း....တိမ်တိုက်စိတ်တွင်းသို့ သိမ်ငယ်ခြင်းများ တွတ်ထိုးဝင်ရောက်လာသည်။

သည်လိုနဲ့ တကယ်လမ်းမလျှောက်နိုင်တော့ရင်ကော....ဆိူသည့်စိတ်ကြောင့် ယခု သုတမရှိတုန်း ကိုယ့်ဘာသာကြိုးစားကြည့်သည်။ ကုတင်အောက် ခြေထောက်ကို စုံရပ်ကာ မတ်တပ်ရပ်ကြည့်သည်။ တုန်နေ​ေသာ်လည်းအဆင်ပြေတာမို့ တစ်ဖက်ကိုအားယူကာ ရှေ့ကိုတစ်လှမ်းလှမ်းကြည့်သည်။ ဒူးတို့ပိုတုန်လာသည်။ နောက်တစ်လှမ်းလှမ်းကြည့်သည်။ ခြေထောက်များ နာပြီး တဆတ်ဆတ်တုန်လာတော့သည်။ နာလွန်း၍ ကျတော့မည့် မျက်ရည်စကိုပြန်သိမ်းကာ နောက်တစ်လှမ်းလှမ်းလိုက်ချိန်တွင်

ဝုန်း! !

မခံနိုင်တော့သော ခြေထောက်များကြောင့် တိမ်တိုက် ကြမ်းပြင်ပေါ်ကို ဝုန်းခနဲလဲကြသည်။ ထိုအခြေအနေကြောင့်တိမ်တိုက် ကိုယ့်ကိုယ်ကို စိတ်ပျက်သွားသည်။

ထိုစဥ်...

'' တိမ်တိုက် ''

စိုးရိမ်တကြီးခေါ်ကာ ပြေးလာသူကြောင့် ထိန်းထားသော မျက်ရည်တို့အား တားဆီးမရအောင် ထွက်ကျလာတော့သည်။

ခွန်း တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သွေးပျက်မတတ်။ အားမရှိစွာ ကြမ်းပြင်ပေါ်သို့ပုံကျနေသော တိမ်တိုက်က သူ့ခြေထောက်တွေကိုဖိနှိပ်လျက်။

'' မောင့်...အီး....ခြေထောက်က အီး..ဟီး.....လျှောက်လို့မရဘူး ''

'' အို... ကလေးရယ်... ''

တိမ်တိုက် ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲပွေ့ထားကာ ဆံပင်တို့အားဖွဖွသပ်ပေးကာချော့မြူလေသည်။​

'' လျှောက်လို့ရမှာပါကွာ.... ''

'' အီး...ဟင့် ဘယ်လောက်ကြာနေပြီလဲ ။ ဒီခြေထောက် ဖြန်း..ဖြန်း ဒီခြေထောက်က သုံးစားမရတော့ဘူး ။ ''

သူ့ခြေထောက် သူတဖြန်းဖြန်းရိုက်ကာ ငိုရင်း ပြောလေတော့ ခွန်းတစ်ယောက် မျက်စိပျက်မျက်နှာပျက်ဖြစ်ကုန်သည်။ တိမ်တိုက်၏ သည်လိုပုံစံက သူ့ရင်တွေကို အစိမ်းလိုက်ခွဲနေသလိုပင်။

'' မောင်လာပြီလေကွာ... မောင်နဲ့အတူကြိုးစားကြမယ်နော်...။ မောင့်ကိုယုံတယ်မလား ''

ခေါင်းလုံးလုံးလေးအား အပေါ်မှ တစ်ချက်နမ်းရှိုက်လိုက်ကာ ပြောတော့ မျက်ရည်တွေရွှဲနေသော မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည့်လာသည်။
ခွန်း တိမ်တိုက်ကို ဒကောက်ကွေးမှ ပွေ့ချီပြီး ကုတင်ပေါ်ပြန်တင်ပေးလိုက်ကာ မျက်ရည်တို့ကို သုတ်ပေးလိုက်သည်။

'' မောင် ပစ်ထားမိသွားတယ် ကလေးရယ်။ အခုကစပြီး မောင် ရှိနေမှာမို့ အားမငယ်နဲ့တော့နော်။ မောင်တို့ အတူတူကြိုးစားရင် လမ်းပြန်လျှောက်နိုင်မှာပါ ''

ဒီလိုပါပဲ... မောင်ပေးတဲ့ ယုံကြည်မှုနဲ့ အသက်ဆက်နေရတာ။

................

အဲ့သည့်နေကစလို့ ခွန်းက တိမ်တိုက်နဲ့သာ တစ်ချိန်လုံး လာနေနေသည်။ ဦးမာန်ခွန်းစစ်ခေါ်မှသာ သွားလေ့ရှိပြီးကျန်အချိန်များတွင်ဆေးရုံမှာသာနေတော့သည်။ နေ့တိုင်း တိမ်တိုက်နှင့် လမ်းကူလျှောက်သည်။

ထူးဆန်းသည် နှစ်လနီးပါး သူများတွေနှင့် လေ့ကျင့်လာသောခြေထောက်က ခွန်းနှင့် တစ်ပတ်သာသာ လေ့ကျင့်ပြီးချိန်တွင် အတော်တိုးတက်လာသည်။ ခါတိုင်းခွန်းကတွဲပေးရသော်လည်း ယခုအခါ တွဲပေးစရာမလိုတော့ပဲ လျှောက်နိုင်နေပြီ။ အကြာကြီးတော့လျှောက်လို့မရသေးပေ။ လျှောက်လိုက် နားလိုက်လုပ်နေရသည်။

တစ်ရက် အခန်းအတွင်း လမ်းလျှောက်နေစဥ် သက်တန့်ရောင် ရောက်လာသည်။ ခွန်းက ခုံမှာ တိမ်တိုက်ကို ထိုင်ကြည့်နေသည်။

'' တိမ်တိုက်တောင် လမ်းကောင်းကောင်းလျှောက်နေပြီပဲ ''

'' ဪ သက်တန့် ဘယ်ကလှည့်လာတာလဲ။.... မောင်ရေ ကူပါဦး ''

သက်တန့်ကိုစကားလှည့်ပြောပြီး ခုံမှာ ထိုင်ချင်သည့်အတွက် ခွန်းကိုအကူအညီလှမ်းတောင်းသည်။ ခွန်းက လာတွဲပေးကာ နေရာချပေးပြီး ဘေးမှာ ဝင်ထိုင်လိုက်သည်။

'' လာနှုတ်ဆတ်တာ တိမ်တိုက်ရဲ့။ တို့ နိုင်ငံခြားသွားတော့မှာမို့ ''

'' ဟင် ရုတ်တရက်ကြီးပါလားကွာ။ ပညာတော်သင်လား အလုပ်ကိစ္စလား ''

'' ပညာတော်သင်ပေါ့။ ''

'' အင်း ကောင်းပါတယ် ။ ''

သက်တန့်နှင့် စကားတွေပြောနေကြရင်း ခွန်းက ဖုန်းဝင်လာသဖြင့် အခန်းပြင်ထွက်ပြောသည်။

'' တိမ်တိုက်က အရမ်းကံကောင်းတယ်နော်။ ကောင်းမွန်တဲ့ချစ်ခြင်းတွေက ယူ့ဆီမှာပဲ အကုန်လာစုနေတာ ''

'' မဟုတ်တာ သက်တန့် ရယ်။ ကံကောင်း မကောင်းက ကိုယ့်ရွေးချယ်မှုပေါ့မှာပဲမူတည်တာပါ။ သက်တန့်က လူရွေးမှားခဲ့ရုံလေးပါ။ တစ်နေ့ ထိုက်တန်တဲ့သူပေါ်လာမှာ ''

'' ဪ ချစ်သူတွေလို့ မပြောရဘူး တစ်လေသံထဲ ''

'' ဟုတ်လား ဟား...ဟား... ''

နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အားရပါးရရီကြတော့သည်။ ထိုအချိန် အခန်းတွင်းသို့ထပ်ဝင်လာသူက ရှန်မင်းနှင့်ကိုကို။
သက်တန့်မျက်နှာချက်ချင်းတည်သွားပြီး

'' ဒါဆို တို့ပြန်ဦးမယ်တိမ်တိုက်။ နောက်တစ်ပတ်ထဲ ထွက်ဖြစ်မှာ ကြိုလာနှုတ်ဆတ်တာ။ ဘိုင့်ဘိုင့်နော် ''

သက်တန့် ကိုကိုတို့ကို တစ်ချက်ပြုံးပြပြီး ထိုနေရာမှထွက်လာခဲ့တော့သည်။

ကိုယ့်အတွက်မဟုတ်သည့် ရပ်ဝန်းတွေဆိီက ပြတ်ပြတ်သားသားပင် ရုန်းထွက်လိုက်ချင်ပြီ

တစ်ချိူ့အရာတွေကလေ ပြတ်သားလိုက်ဖို့ ထိုက်တန်တာမို့
နောက်ဆံမတင်းတာ အကောင်းဆုံးပဲ

27.6.2022

(Zawgyi)

တိမ္တိုက္တစ္ေယာက္ သတိရလာၿပီး ေဆး႐ုံမွာ ရွိေနတာ တစ္လပင္ျပည့္ေတာ့မည္ျဖစ္သည္။သို႔ေသာ္ အခုထိ လမ္းေကာင္းေကာင္း ျပန္မေလွ်ာက္နိုင္ေသး။
ခြန္းမွာလည္း အားသည့္အခ်ိန္တိုင္း တိမ္တိုက္ကိုသြားသြား
ၾကည့္ေပးေနေသာ္လည္း တကၠသိုလ္ဝင္တန္း စာေမးပြဲကာလျဖစ္ေနသည့္အတြက္ အခ်ိန္အလုံးစုံကိုတိမ္တိုက္အား မေပးနိုင္။

ေဒၚယုယၿမိဳင္ကလြဲလွ်င္ က်န္လူမ်ားက သိပ္မအားလပ္ၾကေတာ့ေပ။ K'Cloudy အတြက္ ေအာင္ခ်က္ရာခိုင္ႏႈန္းက အေရးႀကီးေနသည္မို႔ ႀကိဳးစားၾကရတာျဖစ္သည္။ သူနာျပဳဆရာမမ်ားႏွင့္ေလက်င့္ခန္းမ်ားျပဳလုပ္ၿပီးသည့္ေနာက္ တိမ္တိုက္၏ Male nurse ႏွင့္သာ ေန႕စဥ္လမ္းေလွ်ာက္ရသည္။ ခြန္းအားေသာရက္မ်ားတြင္ေတာ့ သူနဲ႕အတူ လမ္းေလွ်ာက္ေပးသည္။

ညဘက္ေတြဆိုလွ်င္လည္း Male nurse ကသာေစာင့္အိပ္ေပးေလ့ရွိသည္။ စာေမးပြဲႀကီးၿပီးသြားမွ အားလပ္ၾကမည့္ပုံပင္။ ယခုဆိုလွ်င္ Male nurse ေလးႏွင့္တိမ္တိုက္ေတာင္ အေတာ္ေလးရင္းႏွီးေနၿပီျဖစ္သည္။

'' အကိုရွန္မင္းခက္ဆို ဒီလာတိုင္း အကိုနဲ႕ဓာတ္ပုံရိုက္တာ အကိုနိုးလာရင္ စမလို႔ဆိုလားပဲ ''

'' ေဟ ဟုတ္လား အဲ့ေကာင္ကေလ ''

'' အင္း ''

အိပ္မေပ်ာ္ၾကသျဖင့္ ႏွစ္ေယာက္သား မုန့္စားကာ စကားထိုင္ေျပာေနၾကျခင္းျဖစ္သည္။ Male nurse ေလးက တိမ္တိုက္ေမ့ေျမာေနစဥ္က အေၾကာင္းမ်ားကို စီကာပတ္ကုံးေျပာျပသည္။

'' ဒါနဲ႕မင္းနာမည္က သုတပဲလား အျပည့္အစုံကေရာ ''

'' မင္းသုတဦး ပါ အကို။ အကုန္လုံးကေတာ့ သုတပဲေခၚၾကတာ ''

'' ဪ အင္း....ငါခြဲစိတ္ၿပီးကတည္းက မင္းရွိေနတာဆိုရင္ ၂ႏွစ္ေက်ာ္ ၃ႏွစ္နီးပါးေတာင္ရွိေနၿပီပဲ ။မင္းအသက္လည္း ၂ဝ ေက်ာ္ေနၿပီမလား ဘာလို႔အလုပ္မေျပာင္းတာလဲ ။မင္းကေတာ္တာပဲကို ''

'' အကိုေဆး႐ုံဆင္းမွ ကြၽန္ေတာ္ထြက္လို႔ရမွာ ''

'' ဟင္ဘာလို႔တုန္း ''

'' အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ့္ကို ဦးမာန္ခြန္းစစ္ ငွားထားတာ စာခ်ဴပ္နဲ႕ ေပါ့။ လူခနခနေျပာင္းတာမႀကိဳက္လို႔တဲ့။ လစာလည္းေကာင္းေကာင္းေပးတယ္ ''

'' ဪ ''

တိမ္တိုက္ နည္းနည္း ေတာ့ အံ့ဩမိသြားသည္။ ဦးမာန္ခြန္းစစ္ က သူ႕သားႏွင့္ပတ္သတ္ၿပီး အျမင္မၾကည္ေလာက္ဘူးဟုထင္ထားေသာ္လည္း ဒီလိုလုပ္ေပးသည္ဆိုေတာ့ ေသခ်ာေတာ့စဥ္းစားရမည္။

သို႔ေပမယ့္ ျပန္သတိရလာကတည္းကအခုခ်ိန္ထိ ဦးမာန္ခြန္းစစ္ကိုလုံးဝ မေတြ႕ရေသး။ ေဆး႐ုံကဆင္းမွသာ ေက်းဇူးတင္ေၾကာင္း သြားေျပာေတာ့မည္ဟုပဲစဥ္းစားထားလိုက္သည္။

ဦးမာန္ခြန္းစစ္ႏွင့္သူ ျပန္ေျပလည္သြားေၾကာင္း ခြန္းကေျပာေတာ့ေျပာျပထားသည္။ ခြန္းကိုသိခဲ့ရသေလာက္ သည္လိုလြယ္လြယ္ႏွင့္ ျပန္အဆင္ေျပသြားမည့္ပုံေတာ့ မေပၚေပ။
သူမသိေသးေသာ တစ္ခုခု အလယ္မွာျဖစ္ပ်က္သြား၍သာ ထိုသားအဖ ဆက္ဆံေရး ကျပန္ေျပလည္သြားတာျဖစ္နိုင္သည္။

'' အကို႔...အကို႔...''

'' ဟမ္...ဘာေျပာလိုက္တာလဲ ''

တိမ္တိုက္အေတြးေတြထဲ လြင့္ေျမာေနတာေၾကာင့္ သုတေခၚတာမၾကား။ သုတက ႏွစ္ေခါက္သုံးေခါက္ဖိေခၚေတာ့မွ ၾကားေတာ့သည္။

'' အကိုေမ့ေနရင္း ဘာလို႔ၿပဳံးၿပဳံးေနတာလဲေမးတာ ''

'' ငါၿပဳံးမိလို႔လား ''

'' အင္းေလ ကြၽန္ေတာ္ဆို လန့္ေတာင္လန့္တယ္ အကို ထထၿပဳံးလို႔။ ၿပီးေတာ့ တစ္ခါတေလ မ်က္ရည္ကလည္းက်ေသးတယ္.. မဟုတ္မွလြဲရင္ အကိုသတိေမ့ေနတုန္း တစ္ျခားကမၻာမ်ားေရာက္သြားေသးလား  ''

'' သုတ မင္းဇာတ္ကားၾကည့္တာမ်ားသြားၿပီထင္တယ္။ မဟုတ္ပါဘူးကြာ ''

သုတေျပာ၍ ျပန္စဥ္းစားေသာ္လည္း မွတ္ဉာဏ္က ဗလာသက္သက္ ။ သူ႕မွတ္ဉာဏ္က လွည္းတန္းတြင္ လမ္းျဖတ္ကူးရန္ေစာင့္ေနခ်ိန္ အထိသာရွိသည္။

'' ဟိုေလ အကိုတိမ္တိုက္ ။ကြၽန္ေတာ္ေမးလည္းေမးခ်င္တယ္ ေမးလည္းမေမးရဲဘူးျဖစ္ေနတာ ''

'' ရတယ္ ဘာလဲေျပာေလ ''

သုတ ခြက္ထဲကေကာ္ဖီလက္က်န္ကိုေမာ့ခ်လိဳက္သည္။

'' ဟိုေလ...ကိုခြန္းနဲ႕ အကိုတိမ္တိုက္ က ခ်စ္သူေတြမလား ''

'' အင္းေလ ''

'' ဒါဆို အကိုရွန္မင္း နဲ႕ကေရာဟင္ ''

သုတတစ္ေယာက္ေမးခ်င္ေနတာအေတာ္ေလးၾကာေနၿပီျဖစ္သည္။ တစ္ခါတေလ ခ်စ္သူျဖစ္သည့္ခြန္းထက္ သူက တိမ္တိုက္ကိုပိုကဲေနတတ္သည္။

'' အကိုတို႔က အခ်စ္ဆုံး ငယ္သူငယ္ခ်င္း ေတြေလ ။ ဘာျဖစ္လို႔လဲ ''

'' ဟင္ ဟုတ္လား ကြၽန္ေတာ္က အကိုရွန္မင္းက အကို႔ကိုမ်ား ဟိုလို မ်ားလားလို႔ထင္မိလို႔ေလ။ အကိုေမ့ေနတုန္းကဆို ကိုခြန္းထက္ သူကဒီကိုပိုလာတတ္တယ္။ အကို႔အႀကိဳက္ဆိုၿပီး greentea ကို set လိုက္ဝယ္ဝယ္လာေပးတတ္တယ္ ။ ၿပီးေတာ့ေလ တစ္ခါတေလက်ရင္ အကိုရွန္မင္းက အကို႔လက္ကိုကိုင္ၿပီး ငိုခ်င္ငိုေနတာ ။ ''

'' ဟား...ဟား...ဟုတ္လား။ ဒီေကာင္ ဒရမ္မာေတြရိုက္ခဲ့တာေပါ့ ''

''. .....''

'' သုတ ကိုယ္တစ္ခုေျပာျပမယ္။ အခ်စ္ဆိုတာကေလ တစ္စုံတစ္ေယာက္ဆီမွာပဲ အကုန္စုၿပဳံေနတတ္တာမဟုတ္ဘူးကြ။ အခုမင္းထင္ေနတာကိုယ္သိတယ္ ။
ရွန္မင္းေလာက္ ကိုခြန္းက အကို႔ကိုမခ်စ္ဘူး ဆိုသည့္သေဘာမ်ိဴးေပါ့ ''

'' .....''

သုတ ေခါင္းေလး တၿငိမ့္ၿငိမ့္လုပ္ျပကာ သူထင္တာ ဟုတ္သည္ဟု ေထာက္ခံသည္။ တိမ္တိုက္ ျပန္နိုးလာသည့္အခ်ိန္တြင္ သိပ္မသိသာေတာ့ေသာ္လည္း တိမ္တိုက္ေမ့ေနခ်ိန္တြင္ေတာ့ ရွန္မင္းက ခြန္းထက္ သည္းသည္းလႈပ္သည္။ သုတျပဳစုေပးသည့္အခ်ိန္ စိတ္တိုင္းမက်ျဖစ္ေနသည္ကလည္းရွန္မင္းခက္ပင္။ ထိုစဥ္ကထင္ခဲ့သည္က ရွန္မင္းက တိမ္တိုက္ႏွင့္ပတ္သတ္မႈတစ္ခုခုရွိလိမ့္မည္ဟုပင္။

'' ရွန္မင္းက အကိုမေမ့ခင္ကတည္းက သူ႕မွာ ရည္းစာရွိၿပီးသား။ ဒါေပမယ့္ သူကအက်င့္ျဖစ္ေနတာကြ ။အကိုက ငယ္ငယ္ကတည္းက အားနည္းတယ္။ အဲ့ဒါေၾကာင့္ အနီးစပ္ဆုံးျဖစ္တဲ့ရွန္မင္းက အၿမဲဂ႐ုစိုက္ေပးေနခဲ့တာ။ သူရည္းစားရတာေတာင္ အဲ့အက်င့္ကျပင္မရေတာ့လို႔ သူ႕ရည္းစားက လက္ခံေပး ထားရတဲ့ အေျခအေနပဲ ''

'' အဲ့တာဆို ကိုခြန္းကေရာ ''

'' ကိုခြန္းကက်ေတာ့ သူ႕ကိုနားလည္တဲ့သူမွ သူ႕အခ်စ္ကိုျမင္ရတာ။ သူ႕အခ်စ္က သာမန္လူေတြလို မသိသာဘူး။ သူေပးထားတယ္ဆိုတဲ့အခ်စ္ေတြက ကိုယ့္ဘာသာရွာရတာ။ ျမင္ျမင္သာသာမရွိဘူးေပါ့။ အယ္...မင္းနားလည္ေအာင္ေျပာရရင္ မခ်စ္ျပတတ္ဘူးေပါ့ကြာ ''

''. ....''

'' ႏွစ္ေယာက္လုံးက အကို႔ကို မတူညီတဲ့ခ်စ္ျခင္းေတြနဲ႕ခ်စ္ၾကတာပါ။ ဒီေလာကႀကီးမွာေလ ခ်စ္တယ္လို႔မေျပာပဲ ရွင္သန္ေနတဲ့အခ်စ္ေတြမွ တစ္ပုံႀကီး ''

'' အင္း ကြၽန္ေတာ္ အကို႔ေလာက္ မေတြးတတ္ေသးေပမယ့္ နားလည္သလိုလိုေတာ့ရွိလာၿပီ ''

'' ဪ ေအးပါကြာ ။ ဒါနဲ႕မင္းေရာ အၿမဲအိပ္ေနတဲ့ ကိုယ့္နားေနရတာမပ်င္းဘူးလား ''

'' အမေလးဗ်ာ ပ်င္းခ်ိန္မရွိပါဘူး။ ကြၽန္ေတာ့္မွာ တစ္ပတ္ကိုေလးရက္ေလာက္ ေခါင္းက်ိန္းခဲ့ရတာ။ အကိုရွန္မင္း နဲ႕ကိုခြန္းတို႔ လာမယ့္ေနဆို ကြၽန္ေတာ္ သတိထားေနရၿပီပဲ ။ တစ္ခါကဆို ေဆာင္းတြင္းတစ္ခု အေအးပတ္မွာစိုးလို႔ ေစာေစာေရပတ္တိုက္ေပးမလို႔လုပ္ေနတာကို အကိုရွန္မင္းေရာက္လာၿပီး ေရပတ္တိုက္ေပးလို႔ဆိုၿပီး ေထာင္းေရာ ''

'' ဟမ္ ဘယ္လို ''

'' ဒီလိုေလ အကို႔ကို သန့္ရွင္းေရးလုပ္ေပးတဲ့ကိစၥကို ကြၽန္ေတာ့္မလုပ္ခိုင္းဘူး။သူတို႔ဘာသာလုပ္မယ္လို႔ ေျပာထားတာ။ ''

'' ဪ ''

'' အဲ့တာနဲ႕ ကြၽန္ေတာ္လည္း ေနာက္ရက္ေတြ သတိထားရေတာ့တာေပါ့။ တစ္ရက္ ေဆာင္းတြင္းပဲ သူတို႔အလာကိုေစာင့္ရင္း ညေနေစာင္းသြားေရာ...ကိုခြန္းကေရာက္လာၿပီး ေနာက္က်ေနၿပီ ေအးကေအးနဲ႕ ဘာလို႔ေစာေစာ သန့္ရွင္းေရးမလုပ္ေပးထားတာလဲတဲ့ ။ ကဲ ကြၽန္ေတာ္ ဘာလုပ္ရမလဲ ''

'' ဟား...ဟား...ဟား... ''

တိမ္တိုက္ သေဘာက်ကာဗိုက္ႏွိပ္ၿပီးရီပါေတာ့သည္။ တကယ္ကို သုတတစ္ေယာက္ ရွန္မင္းႏွင့္ခြန္းေၾကာင့္အၾကပ္ေတြ႕ခဲ့ပုံရသည္။

'' ေနာက္ေတာ့လည္း သူတို႔အက်င့္ေတြနဲ႕အသားက်သြားတာပါပဲ။ သူတို႔ကေလ ကြၽန္ေတာ္ဘာလုပ္လုပ္ သေဘာကိုမက် က်တာ ''

'' ဒါေပမယ့္ မင္းကိုေက်းဇူးပါကြာ သည္းခံေပးခဲ့လို႔ ဟား...ဟား.. ''

တိမ္တိုက္ကေတာ့သေဘာက်ေနကာ သုတကေတာ့ သူခံခဲ့ရသည္မ်ားကိုျပန္ေတြးကာစူပုတ္ေနေတာ့သည္။

ေနာက္ေတာ့ ညဥ့္နက္ေနၿပီမို႔ ႏွစ္ေယာက္လုံး စကားဝိုင္းသိမ္းကာ အိပ္လိုက္ၾကေတာ့သည္။

သုတကအိပ္ေပ်ာ္သြားေသာ္လည္း တိမ္တိုက္က ကုတင္ေပၚေမွးကာ ဟိုေတြးဒီေတြး။

ဘဝ၏ငယ္႐ြယ္ႏုပ်ိဴခ်ိန္မ်ားကို ေဆး႐ုံကုတင္ေပၚတြင္ျဖတ္သန္းခဲ့ရသည့္အတြက္ ဝမ္းလည္းသာသလို ဝမ္းလည္းနည္းရသည္။ ဝမ္းသာရသည္က ခြန္းေစာင့္ခိုင္းေသာ ၃ႏွစ္ကို ဘာမွ် မလြမ္းမေဆြးရပဲနဲ႕ အသာေလးေက်ာ္ျဖတ္ၿပီးသြားၿပီျဖစ္သည္။ နိုးလာခ်ိန္တြင္ အကုန္လုံး ကအဆင္ေျပေခ်ာေမြ႕ေနၾကၿပီး အသင့္ျဖစ္ေနသည္။

သို႔ေသာ္ ၃ႏွစ္အတြင္း ခြန္း၏ ေျပာင္းလဲလာေသာပုံစံကို မျမင္လိုက္ရ၍ အနည္းငယ္ ေတာ့ ဝမ္းနည္းရသည္။ ခြန္းေျပာျပသည့္ ခြန္း၏ က်ဴရွင္ ကိုလည္းေရာက္ဖူးခ်င္ေနသည္။ အျပင္ကိုလည္းထြက္ခ်င္ေနသည္။ သူေမ့ေနေသာကာလအတြင္းေျပာင္းလဲသြားသည့္အရာေတြအတြက္ ရင္ခုန္ေနရသည္။

ညေကာင္းကင္တြင္ အေတြးတိမ္တိုက္တို႔ ဟိုတစ္စသည္တစ္စ လြင့္ေမ်ာေနခ်ိန္ အခန္းတံခါးမွာ ေဂ်ာက္ခနဲပြင့္လာ၍ မ်က္လုံးကိုဖတ္ခနဲ ျပန္မွိတ္လိုက္ကာ အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။ တိုးလ်ေသာေျခသံက တိတ္ဆိတ္ေနေသာအခန္းတြင္း တျဖည္းျဖည္း လွမ္းေနသည္။ ရင္းႏွီးေနေသာကိုယ္သင္းနံ႕တစ္ခုက ညင္သာစြာ သူ႕ႏွာေခါင္းဝဆီ ေရာက္လာေတာ့ အသာေလးၿပဳံးမိလိုက္ေသးသည္။ မ်က္လုံးမဖြင့္ၾကည့္လွ်င္ေတာင္ ဘယ္သူဘယ္ဝါမွာ တန္းသိနိုင္ေအာင္ကို ထိုရနံ႕က ရင္ထဲစိမ့္ဝင္ေနတာပင္။
ထိုသူက တိမ္တိုက္၏ ႏွစ္ေယာက္မရွိနိုင္ေသာ ခ်စ္သူ ခြန္းမာနေမာင္။

ဘာဆက္လုပ္မလဲသိခ်င္၍ မ်က္လုံးမဖြင့္ပဲ အသာၿငိမ္ေနလိုက္သည္။ ခြန္းတစ္ေယာက္ အခုတေလာ က်ဴရွင္မွာသာ အိပ္သည္။ တိုက္ခန္းကိုမျပန္ျဖစ္ေတာ့။ စာေမးပြဲက သိပ္မလိုေတာ့တာေၾကာင့္ ခြန္းအေပၚ pressure ေတြ တျဖည္းျဖည္း ပိလာသည္။ ကေလးေတြက အကုန္အဆင္သင့္ျဖစ္ေနတာကိုနားလည္သည္။ သို႔ေသာ္ ဆရာတို႔ထုံးစံအတိုင္း စိတ္ပူေနရသည္။

ဝါရင့္သဘာရင့္တစ္ေယာက္မွ မပါေသာ သူတို႔လူငယ္ေတြလက္ထဲ ယုံယုံၾကည္ၾကည္အပ္လာေသာ မိဘေတြကိုလည္းစိတ္ပ်က္ေစလို႔မျဖစ္။

အပင္ျမင့္ေလ ေလတိုက္ေလ ဆိုသည့္အတိုင္း အခ်ိန္တိုအတြင္း ေအာင္ျမင္မႈရလာေသာ သူတို႔အဖို႔ တစ္ခ်က္မွားတာ
ႏွင့္ ေအာက္ထိ ဝိုင္းဆြဲခ် ၾကေတာ့မွာပင္။ အရည္အခ်င္းမရွိပဲ မိဘအားကိုးႏွင့္ တက္လာသည္ဟုေျပာၾကေသာ လူတစ္စု
ပါးစပ္ပိတ္သြားေအာင္လည္း ႀကိဳးစားျပရဦးမည္။

ဟင္း....

ခြန္း သက္ျပင္းခ်သံက အဝါေရာင္ ညမီးအိမ္ေလးသာဖြင့္ထားေသာ အခန္းေလးအတြင္း ပင္ပန္းစြာ ထြက္လာသည္။

ေနာက္ ႏြေးေနေသာ ခြန္း၏လက္ေလးတစ္ဖက္က တိမ္တိုက္နဖူးေပၚမွာဝဲက်ေနေသာ ဆံပင္တို႔အား အသာသပ္တင္ေပးေနသည္။ ၿပီးေတာ့ ကုတင္ေပၚက တိမ္တိုက္ လက္ေမာင္းေဘးနားသို႔ သူ႕ေခါင္းကို ေမွာက္ခ်လိဳက္သည္။ လက္ကလည္း တိမ္တိုက္ လက္တစ္ဖက္ကို ဆုပ္ကိုင္ထားရင္း မိနစ္အနည္းငယ္အၾကာတြင္ ခြန္း အသက္ရႉသံ မွန္မွန္ေလးျဖင့္ အိပ္ေပ်ာ္သြားေတာ့သည္။ ဘယ္ေလာက္ေတာင္ပင္ပန္းေနခဲ့တာမို႔ ခနေလးနဲ႕အိပ္ေပ်ာ္သြားရတာလဲ

ထိုေတာ့မွ မ်က္လုံးအသာဖြင့္ကာ လက္ေမာင္းနားကခြန္းကိုၾကည့္ရင္း အသာၿပဳံးမိသည္။

' ေမာင့္ကို နားအလည္ဆုံးကေလ ကြၽန္ေတာ္ပဲ...
ေမာင္ ဘယ္ေလာက္ကြၽန္ေတာ့္ကိုခ်စ္လဲဆိုတာ ကြၽန္ေတာ္ကလြဲရင္ ဘယ္သူကပိုသိမွာတဲ့လဲ ... အဆိုးဆုံးအေျခအေနေတြမွာေတာင္မွ ေမာင္ေပးတဲ့အခ်စ္ေတြ ကြၽန္ေတာ္ ျမင္နိုင္ေသးတာပဲ... ေမာင္က ကြၽန္ေတာ့္ကိုသိပ္ခ်စ္တာ ကြၽန္ေတာ္သိတာေပါ့ '

' ေမာင္က ေလျပည္ဆို ကြၽန္ေတာ့္ကို
သယ္ေဆာင္သြားပါ...
ေမာင္ထားရာေန ေစရာလြင့္မယ့္
ေမာင့္တိမ္တိုက္ေလးက ကြၽန္ေတာ္ေပါ့.... '

...................

မနက္နိုးလာေတာ့ မ်က္လုံးဖြင့္ဖြင့္ခ်င္း ေဘးကိုၾကည့္မိေတာ့ ခြန္းမရွိေတာ့။ ညကဘယ္ခ်ိန္အိပ္ေပ်ာ္သြားမွန္းမသိလိုက္ေပ။ အခန္းထဲေဝ့ဝိုက္ၾကည့္လိုက္ေတာ့ သုတတစ္ေယာက္ကိုသာေတြ႕သည္။

'' သုတ ''

'' ဗ်ာ အကို..နိုးၿပီလား ''

'' ကိုခြန္းေရာ ''

'' ဗ်ာ ဒီေန႕မလာဘူး မဟုတ္ဘူးလား ''

'' မဟုတ္ဘူးေလ ညက ကိုခြန္းလာတယ္ေလ ''

'' အကို အိပ္မက္ မက္ေနတာေနမွာပါ ကြၽန္ေတာ္နိုးကတည္းက အခန္းထဲမွာ အကိုနဲ႕ ကြၽန္ေတာ္ ႏွစ္ေယာက္ပဲရွိတာ ''

တိမ္တိုက္မယုံၾကည္စြာ ခြန္းဆုပ္ကိုင္သြားေသာ သူ႕လက္ကို နမ္းၾကည့္ေတာ့ ခြန္း ကိုယ္သင္းနံ႕ေတာင္က်န္ေနေသးသည္။ ဒါဆို ဘယ္သူမွ မနိုးခင္ ျပန္သြားတာလား။

ေတာင္!!

ေတြးေနရင္း မက္ေဆ့ခ်္ ဝင္လာ၍ ၾကည့္လိုက္ေတာ့

Morning Mg's Cloudy <3

ခြန္းဆီမွ စာျဖစ္သည္။ မနက္တိုင္းပို႔ေနက်ျဖစ္ၿပီး အိပ္ခါနီးတိုင္းလည္း Goodnight ဆိုၿပီး ပို႔ေလ့ရွိသည္။

တိမ္တိုက္လည္း ေခါင္းရႈပ္ခံမေနေတာ့ပဲ မ်က္ႏွာသစ္ရန္ သုတကိုအကူအညီေတာင္းလိုက္သည္။ သိပ္မၾကာခင္ ေဒၚယုယၿမိဳင္ တစ္ေယာက္ မနက္စာေလးကိုင္ကာ ဝင္လာသည္။

'' သား ေမေမ ခ်င္းျပည္နယ္ ဘက္ အလုပ္ကိစၥနဲ႕ ခရီးခနထြက္ရမယ္။ သိပ္မၾကာပါဘူး ၂ရက္ ၃ ရက္ပဲ ။ ''

'' ေမေမ တစ္ေယာက္တည္းလား ''

တိမ္တိုက္ ဝယ္လာေပးေသာ မနက္စာကို ပလုတ္ပေလာင္းစားရင္းေမးသည္။ သူ႕အေမ ေဒၚယုယၿမိဳင္က အရင္လို ရိုးရိုးေအးေအးေ႐ႊဆိုင္ပိုင္ရွင္မဟုတ္ေတာ့။အခုတကယ့္ကို ထက္ျမက္တဲ့သူေဌးမႀကီးတစ္ေယာက္ျဖစ္ေနၿပီ။

'' မဟုတ္ဘူး ဆိုင္က ကေလးမေလး ၂ေယာက္ပါမယ္ ''

'' အင္း အင္း သြားေလ။ ေဒၚယုယၿမိဳင္တို႔မ်ားေနာ္..သူေဌးမႀကီးျဖစ္ေနၿပီဆိုေတာ့ အလုပ္ခရီးေတြဘာေတြနဲ႕။ ပိုက္ဆံက ေျဖးေျဖးရွာပါ ခြန္မယ့္ရယ္ ဒီမွာျဖဳန္းေပးမယ့္ သားကတစ္ေယာက္တည္းရွိတာေနာ္ ''

'' အမေလး ျဖဳန္းစမ္းပါေတာ္ ။ မင္းနိုးလာရင္ ျဖဳန္းရေအာင္ အျပည့္ရွာထားေပးတယ္ ''

'' အား..အရမ္းခ်စ္တာ ၃ႏွစ္ေလာက္ လွဲေနလိုက္တာ အေတာ္ေလးအက်ိဴးရွိတာပဲ။ ျပန္နိုးလာေတာ့ အားလုံးရယ္ဒီပဲ။ဘာအလုပ္မွ မလုပ္ဘူးေနာ္ ထိုင္စားမွာ ရွာေကြၽးမယ့္သူႏွစ္ေယာက္ေတာင္ ရွိတာ ဟဲဟဲ ''

ေဒၚယုယၿမိဳင္ တိမ္တိုက္ကို အံႀကိတ္ကာ မ်က္ေစာင္းထိုးေတာ့ တိမ္တိုက္ သူ႕သြားတက္ေလးေတြေပၚေအာင္ရီျပသည္။

'' ေအးပါ ေအးပါ ငါ့သားႀကီးကိုေတာ့ ခိုင္းစားဖို႔မႀကံေလနဲ႕ တိမ္တိုက္ ''

ပလုတ္ပေလာင္းျဖင့္ မ်က္လုံးႏွစ္ဖက္ကိုပိတ္ကာ လွ်ာထုတ္ျပၿပီးေျပာင္ျပလိုက္ေသးသည္။

'' ဒါနဲ႕ ေမေမ က တကယ္သေဘာတူတာလား ''

'' တူေတာ့မတူခ်င္ပါဘူး သားခြန္းကို သနားလို႔ တူေပးလိုက္တာ။မဟုတ္ရင္ ငါကငါ့သားႀကီးကို ဘယ္သူနဲ႕မွ သေဘာမတူဘူး ။ ''

'' ဪ ေက်းဇူးပါ ေဒၚယုယ ။ ကြၽန္ေတာ့္ကို အခုလိုခ်စ္ေပးတဲ့အတြက္ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ခင္ဗ်ာ ''

တိမ္တိုက္ ႐ြဲ႕ကာေျပာေတာ့ ေဒၚယုယၿမိဳင္ အားပါးတရ ရီေတာ့သည္။ သည္လိုေပါက္ကရေတြျပန္ေျပာနိုင္ဖို႔ သူမ ဘယ္ေလာက္ ေမွ်ာ္လင့္ခဲ့ရသလဲ။
ဘာေတြပဲ ပုံေပးရ ေပးရ သည္ကေလး ျပန္နိုးလာဖို႔ အႀကိမ္ႀကိမ္ ေမွ်ာ္လင့္ခဲ့တာပင္။

'' ဟိုတေန႕က မမသက္တို႔လာေသးတယ္ သိလား။ ေနာက္လထဲ သူေတာင္မဂၤလာေဆာင္ေတာ့မွာ တဲ့ ''

'' အင္းဟုတ္တယ္။ ေမေမ့ဆိုင္မွာပဲ လက္ထပ္လက္စြပ္လာမွာသြားတယ္ ။ သူအလုပ္ကထြက္လိုက္ၿပီတဲ့လားသား ။ ''

'' ထြက္လိုက္ၿပီတဲ့...ေယာက်ာ္း လုပ္စားပဲထိုင္စားေတာ့မွာတဲ့ ''

'' အနားရတာေပါ့ကြယ္ သူလည္းမငယ္ေတာ့ဘူး ''

ေဒၚယုယၿမိဳင္ တစ္ေယာက္ ေထာက္ခံသလိုေျပာေတာ့

'' ဟိုေလ ခြန္မယ့္ သားလည္း မငယ္ေတာ့ဘူးေနာ္ ဟဲဟဲ ''

မရဲတရဲေလး ေျပာရွာေသာ ကေလးေပါက္စ ။

'' ဟယ္တိမ္တိုက္ရယ္ နင္ဘယ္လိုယြေနတာတုန္း။ သူ႕ၾကည့္ေတာ့ ေဆး႐ုံကိုအိမ္လိုေနေနၿပီးေတာ့ လင္က ယူခ်င္ေသးတယ္ ''

တိမ္တိုက္ တစ္ေယာက္ မ်က္ႏွာကို တည္လိုက္ၿပီး ေခါင္းတရမ္းရမ္းသာလုပ္ေနလိုက္ေတာ့သည္။ ခြန္း ကိုသိပ္သေဘာက်ေနပုံရေသာ ေဒၚယုယၿမိဳင္ေၾကာင့္ တိမ္တိုက္ ကိုယ့္ေပါင္ကိုယ္လွန္မေထာင္းခ်င္ေတာ့။

ေန႕လည္ေလာက္က်ေတာ့ ေဒၚယုယၿမိဳင္ျပန္သြားၿပီး အဆုမတို႔ သူငယ္ခ်င္း တစ္စု တိမ္တိုက္ ဆီဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာၾကသည္။ မုန့္ေတြ သစ္သီးေတြလည္း တစ္ပုံတစ္ပင္ပါလာသည္။

မည္သို႔ပဲ ျဖစ္ျဖစ္ သည္သုံးေယာက္ကေတာ့ အၿမဲေပၚေပၚလာတတ္သည္။ ရင္းႏွီးသည္ေတာ့မဟုတ္ပဲ ဒီတိုင္းေတြ႕လွ်င္ေတာ့ ဟက္ဟက္ပက္ပက္ရွိၾကသည္။ ေမ့ေနတုန္းကလည္း သုံးေလးငါးခါေလာက္ လာၾကသည္ဟု သုတက ေျပာျပသည္။ ေျပာျပတုန္းကဆိုလွ်င္ သုတက '' အရပ္ပုပု ဆံပင္ေကာက္ေကာက္ နဲ႕ မ်က္ႏွာကခ်စ္စရာေလးေလ '' ဆိုၿပီး ေျပာျပတုန္းကအေတာ္
စဥ္းစားလိုက္ရသည္။ ေနာက္မွ အဆုမတို႔ျဖစ္မွန္းသိတာပင္။

၂၄ႏွစ္အ႐ြယ္ မိန္းမပ်ိဴေလးမ်ားျဖစ္သည့္ သူတို႔အုပ္စုကေတာ့ ဘြဲ႕ရၿပီးကတည္းက ဝါသနာပါရာ လမ္းေၾကာင္းကိုေ႐ြးခ်ယ္ေလွ်ာက္လွမ္းေနၾကတာျဖစ္သည္။

ယခုဆိုလွ်င္ အဆုက ေအာင္ျမင္ေနေသာ စာေရးဆရာမေပါက္စေလးျဖစ္ေနၿပီျဖစ္သည္။ သူေရးေသာ စာမ်ားက ရသ စာေပမ်ားျဖစ္ၿပီး လူသားႏွစ္ဦး အခ်စ္ကိုအေျခခံကာ အမ်ိဴးမ်ိဴးေရးဖြဲ႕ထားေသာစာေပမ်ားျဖစ္သည္။ ထိုလူသားႏွစ္ဦးက ေယာက်ာ္း မိန္းမ လည္းျဖစ္ခ်င္ျဖစ္မည္။ ေယာက္်ား.. ေယာက္်ား ခ်င္းလည္းျဖစ္ခ်င္ျဖစ္မည္။ မိန္းမ...မိန္းမ ခ်င္းလည္းျဖစ္ခ်င္ျဖစ္ မည္။

အေက ကေတာ့ နိုင္ငံျခားထြက္ဖို႔ျပင္ဆင္ေနၿပီး အျပည့္ကေတာ့ ဒီဇိုင္နာ သင္တန္းတက္ေနေလသည္။

အေက - ဟဲ့ အဆု ဟိုးကအဆင္က နင့္ကိုရွိတ္ေနတယ္ေနာ္...

အဆု - သိတယ္ အသာေန...

အျပည့္ႏွင့္ တိမ္တိုက္တို႔ စကားေျပာေနစဥ္အေနာက္က အဆုတို႔ႏွစ္ေယာက္ကေတာ့ တိုးတိုးတိုးတိုးႏွင့္ တြတ္ထိုးေနသည္။

အေက - ငယ္မယ့္ပုံပဲေနာ္

အဆု - ေအးေလ ေမာင္ေပါ့ အဟိ

အျပည့္ - ဟဲ့နင္တို႔ႏွစ္ေယာက္က တိမ္တိုက္ဆီလာတာလား ဟိုနားကကေလးဆီလာၾကတာလား

တိုးတိုးေလးေျပာေနေပမယ့္ အကုန္ၾကားေနရေအာင္ကို ေျပာတတ္ၾကေသာ အဆုတို႔အား အျပည့္ဝင္ဟန့္ရေတာ့သည္။
အျပည့္အသံထြက္လာမွ သုတလည္း အဆုကိုေငးေနရာမွ မ်က္စိလႊဲေတာ့သည္။

ေနာက္ေတာ့ စကားေတြ ေျပာၾက ကာ သုံးေယာက္သားျပန္လာၾကေတာ့သည္။
အဆုတို႔ျပန္သြားတာႏွင့္ သုတကအနားေရာက္လာၿပီး အဆု အေကာင့္ကိုအတင္းေတာင္းေတာ့သည္။ တိမ္တိုက္လည္း ျပလိုက္ၿပီး

'' လင္လိုခ်င္ရင္ေတာ့ သူနဲ႕ေပါင္း ။ ''

'' ဗ်ာ ''

'' အဆုက ရည္းစားမထားဘူးေလ သူထားမယ့္ရည္းစားကို သူမ်ားေကြၽးပစ္တာ။ မင္း လင္လိုခ်င္ရင္ေတာ့ သူကို လိုက္ ဟား...ဟား... ''

'' ဟာ အကိုကဗ်ာ ''

သုတ တစ္ေယာက္ရွက္သြားကာ အခန္းထဲက ထြက္သြားေတာ့သည္။ တိမ္တိုက္ကေတာ့ ရီေမာလ်က္ပင္အခန္းထဲ က်န္ခဲ့ေတာ့သည္။

..................

သိပ္မၾကာခင္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲႀကီး က်င္းပသည့္အခ်ိန္သို႔ေရာက္လာေတာ့သည္။ K'Cloudy တြင္ေတာ့ စာေမးပြဲအတြက္လိုအပ္သည္မ်ားကို ေသခ်ာမွာတမ္းေႁခြေနေသာ ခြန္းႏွင့္ အေလးအနက္နားေထာင္ေနၾကေသာ ကေလးမ်ားရွိၾကသည္။

ဆရာဆရာမမ်ားကလည္း ကိုယ္တာဝန္ယူထားရသည့္ ဘာသာအတြက္ အစြမ္းကုန္ႀကိဳးစားေနၾကသည္။ တစ္ဘာသာၿပီးတစ္ဘာသာ ေျဖၿပီးတိုင္း ဝန္ထုပ္ဝန္ပိုး တစ္ခု ေလ်ာ့သြားသလိုပင္။ ကိုယ့္ 'ဘာသာ' ၿပီးသြားေသာဆရာ ဆရာမမ်ားက နားရေသာ္လည္း ခြန္းကေတာ့ ဘာသာတိုင္းအတြက္ စိတ္ပူကာ မနားရေပ။

အရင္ႏွစ္က ေအာင္ခ်က္မဆိုးလွေသာ္လည္း ဒီႏွစ္ပိုေကာင္းေအာင္ ႀကိဳးစားရမည္ျဖစ္သည္။ အရင္ႏွစ္ကထက္ က်သြားလို႔မျဖစ္။ ထို႔ေၾကာင့္ စိတ္ေရာလူေရာပင္ပန္းကာ ခြန္းတစ္ေယာက္ နည္းနည္းေတာင္ပိန္သြားသည္။

နာရီလက္တံက ၁၂ သို႔ေရာက္ခ်ိန္တြင္ ေက်ာင္းတြင္း Alarm က ထျမည္ၿပီးေနာက္ ေပ်ာ္႐ႊင္ေနၾကသည္ကို ဟန္မေဆာင္နိုင္ေသာ အၿပဳံးတို႔က ေက်ာင္းေပါက္ဝမွထြက္လာေသာ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားတြင္ ေတြ႕ရသည္။
တစ္ခ်ိဴ႕ က အားမလိုအားမရျဖစ္စြာထြက္လာၾကသည္။ တစ္ခ်ိဴ႕က ေက်နပ္ေနေသာ အၿပဳံးျဖင့္ ထြက္လာၾကသည္။

ခြန္းက်ဴရွင္က ေက်ာင္းသားမ်ားကေတာ့ အတိုင္းအထက္အလြန္ကို ေပ်ာ္႐ႊင္စြာပင္ထြက္လာၾကတာကို ေတြ႕ရသည္။ စာေမးပြဲ ေျဖနိုင္လို႔လား ဒါမွမဟုတ္ စာေမးပြဲ ၿပီးလွ်င္ ခြန္းပို႔ေပးမည့္ Trip ေၾကာင့္လားေတာ့ မသဲကြဲ။

ခြန္းက စာေမးပြဲႀကီးၿပီးသည္ႏွင့္တစ္ရက္နားခိုင္းၿပီး ႏွစ္ရက္ေျမာက္ေန႕တြင္ အပန္းေျဖခရီးတစ္ခုခု ပို႔ေပးမည္ဟု ေျပာထားေသာေၾကာင့္ျဖစ္သည္။

'' ဆရာ သဘက္ခါေနာ္ ဟိဟိ ''

စာစစ္ဌာန ေက်ာင္းေရွ႕မွာ ရပ္ေစာင့္ေနေသာ ခြန္းနား ဝိုင္းလာၾက ကာ တစ္ေယာက္တစ္ေပါက္ ေမးၾကေတာ့သည္။

'' ကဲ ကဲ အကုန္ ကားေပၚတက္..ဆရာေျပာမယ္... က်ဴရွင္ကို အရင္ျပန္ ။
ဆရာရွန္မင္း ေစာင့္ေနလိမ့္မယ္။ အဲ့မွာ အစီအစဥ္ ကို အေသးစိတ္နားေထာင္သြား ။ ဟုတ္ၿပီလား ''

'' ေရး...''

တစ္အုပ္စုလုံး ေအာ္ကာ ဖယ္ရီ Bus ေပၚအသီးသီးတက္ၾကသည္။ ခြန္းကေတာ့ ထိုခရီးတြင္ပါဝင္လိမ့္မည္မဟုတ္။ ဘာလို႔ဆို သူ႕တိမ္တိုက္ကို သူပစ္ထားတာၾကာေနၿပီမို႔ တိမ္တိုက္ကိုအခ်ိန္ေပးရမည့္အလွည့္ျဖစ္သည္။

ခြန္း သူ႕ကားေပၚတက္ကာ ေဆး႐ုံဘက္သို႔ ထြက္လာလိုက္သည္။ လမ္းတြင္ ရွန္မင္းတို႔ကို ဖုန္းဆက္ကာ မွာစရာရွိသည္မ်ားထပ္မွာသည္။

'' ခရီးမွာ ဘာျပသာနာမွ မျဖစ္ေစခ်င္ဘူး ရွန္မင္း။ နည္းနည္း ဂ႐ုစိုက္ေပး။ အခုအခ်ိန္ အကုန္လုံး ကအေပ်ာ္လြန္ေနၾကတာ။ ကိုယ္အကုန္စီစဥ္ၿပီးသား ဟိုေရာက္ရင္ တည္းမယ့္ေနရာလည္းဘိုကင္ယူၿပီးၿပီ။ ညေနက် ကိုယ္ လိုတာေတြ mail ပို႔လိုက္မယ္ ''

တစ္ဖက္က ဖုန္းခ်သြားခ်ိန္တြင္ ေဆး႐ုံဝင္းထဲသို႔ ေကြ႕ဝင္ကာ ပါကင္ထိုးလိုက္ၿပီး တိမ္တိုက္ရွိရာအခန္းသို႔တက္လာလိုက္သည္။

ထိုအခ်ိန္ တိမ္တိုက္ တစ္ေယာက္ ကုတင္ေပၚက ဆင္းၾကည့္ရန္ ႀကိဳးစားေနသည္။ ယခုဆိုလွ်င္ ႏွစ္လနီးပါးျဖစ္ေနၿပီ...အကူမပါပဲ လမ္းမေလွ်ာက္နိုင္ေသး။ ေျခေထာက္ေတြက မရဲတရဲ ျဖစ္ေနေသးသည္။ ထို႔ေၾကာင့္ကိုယ့္ကိုယ္ကို အားမရသလို စိတ္ဓာတ္ကလည္း က်ခ်င္ေနၿပီျဖစ္သည္။

ခါတိုင္း သုတက အနားရွိေနသျဖင့္ အကုန္ကူညီေပးေနတာေၾကာင့္ အဆင္ေျပေနတာျဖစ္ေသာ္လည္း ကိုယ့္အစြမ္းအစႏွင့္က ဘာမွ မျဖစ္လာေသးေပ။ လမ္းေလွ်ာက္ရတာအဆင္မေျပ၍ စိတ္ဓာတ္က်ေနသည္ကတစ္ေၾကာင္း...ခြန္းကပါ မေရာက္လာသည္မွာ တစ္ပတ္နီးနီး ရွိေနၿပီျဖစ္ေသာေၾကာင့္ အားငယ္တာက တစ္ေၾကာင္း....တိမ္တိုက္စိတ္တြင္းသို႔ သိမ္ငယ္ျခင္းမ်ား တြတ္ထိုးဝင္ေရာက္လာသည္။

သည္လိုနဲ႕ တကယ္လမ္းမေလွ်ာက္နိုင္ေတာ့ရင္ေကာ....ဆိူသည့္စိတ္ေၾကာင့္ ယခု သုတမရွိတုန္း ကိုယ့္ဘာသာႀကိဳးစားၾကည့္သည္။ ကုတင္ေအာက္ ေျခေထာက္ကို စုံရပ္ကာ မတ္တပ္ရပ္ၾကည့္သည္။ တုန္ေနေသာ်လည်းအဆင်ပြေတာမို့ တစ္ဖက္ကိုအားယူကာ ေရွ႕ကိုတစ္လွမ္းလွမ္းၾကည့္သည္။ ဒူးတို႔ပိုတုန္လာသည္။ ေနာက္တစ္လွမ္းလွမ္းၾကည့္သည္။ ေျခေထာက္မ်ား နာၿပီး တဆတ္ဆတ္တုန္လာေတာ့သည္။ နာလြန္း၍ က်ေတာ့မည့္ မ်က္ရည္စကိုျပန္သိမ္းကာ ေနာက္တစ္လွမ္းလွမ္းလိုက္ခ်ိန္တြင္

ဝုန္း! !

မခံနိုင္ေတာ့ေသာ ေျခေထာက္မ်ားေၾကာင့္ တိမ္တိုက္ ၾကမ္းျပင္ေပၚကို ဝုန္းခနဲလဲၾကသည္။ ထိုအေျခအေနေၾကာင့္တိမ္တိုက္ ကိုယ့္ကိုယ္ကို စိတ္ပ်က္သြားသည္။

ထိုစဥ္...

'' တိမ္တိုက္ ''

စိုးရိမ္တႀကီးေခၚကာ ေျပးလာသူေၾကာင့္ ထိန္းထားေသာ မ်က္ရည္တို႔အား တားဆီးမရေအာင္ ထြက္က်လာေတာ့သည္။

ခြန္း တံခါးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ေသြးပ်က္မတတ္။ အားမရွိစြာ ၾကမ္းျပင္ေပၚသို႔ပုံက်ေနေသာ တိမ္တိုက္က သူ႕ေျခေထာက္ေတြကိုဖိႏွိပ္လ်က္။

'' ေမာင့္...အီး....ေျခေထာက္က အီး..ဟီး.....ေလွ်ာက္လို႔မရဘူး ''

'' အို... ကေလးရယ္... ''

တိမ္တိုက္ ကိုယ္လုံးေလးကို ရင္ခြင္ထဲဆြဲေပြ႕ထားကာ ဆံပင္တို႔အားဖြဖြသပ္ေပးကာေခ်ာ့ျမဴေလသည္။

'' ေလွ်ာက္လို႔ရမွာပါကြာ.... ''

'' အီး...ဟင့္ ဘယ္ေလာက္ၾကာေနၿပီလဲ ။ ဒီေျခေထာက္ ျဖန္း..ျဖန္း ဒီေျခေထာက္က သုံးစားမရေတာ့ဘူး ။ ''

သူ႕ေျခေထာက္ သူတျဖန္းျဖန္းရိုက္ကာ ငိုရင္း ေျပာေလေတာ့ ခြန္းတစ္ေယာက္ မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္ကုန္သည္။ တိမ္တိုက္၏ သည္လိုပုံစံက သူ႕ရင္ေတြကို အစိမ္းလိုက္ခြဲေနသလိုပင္။

'' ေမာင္လာၿပီေလကြာ... ေမာင္နဲ႕အတူႀကိဳးစားၾကမယ္ေနာ္...။ ေမာင့္ကိုယုံတယ္မလား ''

ေခါင္းလုံးလုံးေလးအား အေပၚမွ တစ္ခ်က္နမ္းရွိုက္လိုက္ကာ ေျပာေတာ့ မ်က္ရည္ေတြ႐ႊဲေနေသာ မ်က္လုံးဝိုင္းေလးမ်ားျဖင့္ ေမာ့ၾကည့္လာသည္။
ခြန္း တိမ္တိုက္ကို ဒေကာက္ေကြးမွ ေပြ႕ခ်ီၿပီး ကုတင္ေပၚျပန္တင္ေပးလိုက္ကာ မ်က္ရည္တို႔ကို သုတ္ေပးလိုက္သည္။

'' ေမာင္ ပစ္ထားမိသြားတယ္ ကေလးရယ္။ အခုကစၿပီး ေမာင္ ရွိေနမွာမို႔ အားမငယ္နဲ႕ေတာ့ေနာ္။ ေမာင္တို႔ အတူတူႀကိဳးစားရင္ လမ္းျပန္ေလွ်ာက္နိုင္မွာပါ ''

ဒီလိုပါပဲ... ေမာင္ေပးတဲ့ ယုံၾကည္မႈနဲ႕ အသက္ဆက္ေနရတာ။

................

အဲ့သည့္ေနကစလို႔ ခြန္းက တိမ္တိုက္နဲ႕သာ တစ္ခ်ိန္လုံး လာေနေနသည္။ ဦးမာန္ခြန္းစစ္ေခၚမွသာ သြားေလ့ရွိၿပီးက်န္အခ်ိန္မ်ားတြင္ေဆး႐ုံမွာသာေနေတာ့သည္။ ေန႕တိုင္း တိမ္တိုက္ႏွင့္ လမ္းကူေလွ်ာက္သည္။

ထူးဆန္းသည္ ႏွစ္လနီးပါး သူမ်ားေတြႏွင့္ ေလ့က်င့္လာေသာေျခေထာက္က ခြန္းႏွင့္ တစ္ပတ္သာသာ ေလ့က်င့္ၿပီးခ်ိန္တြင္ အေတာ္တိုးတက္လာသည္။ ခါတိုင္းခြန္းကတြဲေပးရေသာ္လည္း ယခုအခါ တြဲေပးစရာမလိုေတာ့ပဲ ေလွ်ာက္နိုင္ေနၿပီ။ အၾကာႀကီးေတာ့ေလွ်ာက္လို႔မရေသးေပ။ ေလွ်ာက္လိုက္ နားလိုက္လုပ္ေနရသည္။

တစ္ရက္ အခန္းအတြင္း လမ္းေလွ်ာက္ေနစဥ္ သက္တန့္ေရာင္ ေရာက္လာသည္။ ခြန္းက ခုံမွာ တိမ္တိုက္ကို ထိုင္ၾကည့္ေနသည္။

'' တိမ္တိုက္ေတာင္ လမ္းေကာင္းေကာင္းေလွ်ာက္ေနၿပီပဲ ''

'' ဪ သက္တန့္ ဘယ္ကလွည့္လာတာလဲ။.... ေမာင္ေရ ကူပါဦး ''

သက္တန့္ကိုစကားလွည့္ေျပာၿပီး ခုံမွာ ထိုင္ခ်င္သည့္အတြက္ ခြန္းကိုအကူအညီလွမ္းေတာင္းသည္။ ခြန္းက လာတြဲေပးကာ ေနရာခ်ေပးၿပီး ေဘးမွာ ဝင္ထိုင္လိုက္သည္။

'' လာႏႈတ္ဆတ္တာ တိမ္တိုက္ရဲ႕။ တို႔ နိုင္ငံျခားသြားေတာ့မွာမို႔ ''

'' ဟင္ ႐ုတ္တရက္ႀကီးပါလားကြာ။ ပညာေတာ္သင္လား အလုပ္ကိစၥလား ''

'' ပညာေတာ္သင္ေပါ့။ ''

'' အင္း ေကာင္းပါတယ္ ။ ''

သက္တန့္ႏွင့္ စကားေတြေျပာေနၾကရင္း ခြန္းက ဖုန္းဝင္လာသျဖင့္ အခန္းျပင္ထြက္ေျပာသည္။

'' တိမ္တိုက္က အရမ္းကံေကာင္းတယ္ေနာ္။ ေကာင္းမြန္တဲ့ခ်စ္ျခင္းေတြက ယူ႕ဆီမွာပဲ အကုန္လာစုေနတာ ''

'' မဟုတ္တာ သက္တန့္ ရယ္။ ကံေကာင္း မေကာင္းက ကိုယ့္ေ႐ြးခ်ယ္မႈေပါ့မွာပဲမူတည္တာပါ။ သက္တန့္က လူေ႐ြးမွားခဲ့႐ုံေလးပါ။ တစ္ေန႕ ထိုက္တန္တဲ့သူေပၚလာမွာ ''

'' ဪ ခ်စ္သူေတြလို႔ မေျပာရဘူး တစ္ေလသံထဲ ''

'' ဟုတ္လား ဟား...ဟား... ''

ႏွစ္ေယာက္လုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ အားရပါးရရီၾကေတာ့သည္။ ထိုအခ်ိန္ အခန္းတြင္းသို႔ထပ္ဝင္လာသူက ရွန္မင္းႏွင့္ကိုကို။
သက္တန့္မ်က္ႏွာခ်က္ခ်င္းတည္သြားၿပီး

'' ဒါဆို တို႔ျပန္ဦးမယ္တိမ္တိုက္။ ေနာက္တစ္ပတ္ထဲ ထြက္ျဖစ္မွာ ႀကိဳလာႏႈတ္ဆတ္တာ။ ဘိုင့္ဘိုင့္ေနာ္ ''

သက္တန့္ ကိုကိုတို႔ကို တစ္ခ်က္ၿပဳံးျပၿပီး ထိုေနရာမွထြက္လာခဲ့ေတာ့သည္။

ကိုယ့္အတြက္မဟုတ္သည့္ ရပ်ဝန်းတွေဆိီက ျပတ္ျပတ္သားသားပင္ ႐ုန္းထြက္လိုက္ခ်င္ၿပီ

တစ္ခ်ိဴ႕အရာေတြကေလ ျပတ္သားလိုက္ဖို႔ ထိုက္တန္တာမို႔
ေနာက္ဆံမတင္းတာ အေကာင္းဆုံးပဲ

27.6.2022

Continue Reading

You'll Also Like

43.7K 4.1K 133
acc ထဲမှာ 1 ရှိပါတယ်
532K 29.2K 81
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
649K 36.1K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
100K 12.6K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...