အပိုင်း(၁၀၄)
"မဟုတ်ဘူး မုန့်မုန့်က ဝက်မဟုတ်ဘူး။ ဖေဖေကမှ ဝက်။ ဟွန့် ဖေဖေ့ကို မချစ်တော့ဘူး" မုန့်မုန့်သည် စိတ်ထဲက မပါဘဲ ပြောလိုက်သည်။ မင်းသမီးလေးမှာ အလွန်အမင်းပင် ချစ်စရာကောင်းနေတော့သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ" ကျန်းဟန်သည် ရယ်မောကာ ခွင့်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ "ဖေဖေမှားသွားပါတယ်။ မုန့်မုန့်က ဝက်ကလေးမဟုတ်ဘူး။ ဖေဖေကမှ ဝက်"
"ဟေးဟေး ဖေဖေက ဝက်ကလေး ဝက်ကလေး..." မုန့်မုန့်သည် သူမ၏လက်ကလေးကို ပျော်ရွှင်စွာဝှေ့ယမ်းက ကလေးဆန်သောအသံကလေးဖြင့် ပြောပြီးကာမှ တစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။ နောက်အသက်ရှူကြိမ်တွင် သူမလေး၏နူးညံ့သည့်အသံလေးဖြင့် "ရုပ်ချောတဲ့ဖေဖေက ဝက်ကလေးမဟုတ်ဘူး" ဟု ပြောလိုက်သည်။
"သမီးရဲ့ဖေဖေက ဝက်ကလေးမဟုတ်ဘူးလား။ ဒါဆို ဘယ်သူက ဝက်ကလေးလဲ?"
ကျိုးဖေးသည် မုန့်မုန့်နှင့်ကစားသည့်အနေဖြင့် တစ်ပြိုင်နက်မေးလိုက်သည်။
"အန်တီလေ။ အန်တီဖေးဖေးက ဝက်ကလေး။ အန်တီက အစာစားပြီးပြီးချင်း တစ်ခါတည်းတန်းပြီးတော့ လှဲချအိပ်နေတာ။ အန်တီ အရမ်းပျင်းတာပဲ" မုန့်မုန့်သည် လေးနက်စွာဖြန်င့ ပြန်ပြောသည်။
ကျိုးဖေး၏မျက်နှာမှာ ကျောက်တုန်းကဲ့သို့ မာကျောသွားပြီး နဖူးမှာ အနက်ရောင်မျဉ်းကြောင်းများပင် ပေါ်နေသည်။
"ဟားဟား...." ဇီယန်နှင့် ကျန်းလီမှာ သဘောကျစွာ ရယ်မောလိုက်ကြသည်။
"ကောင်းပြီ ဒါဆိုရင် အန်တီဖေးဖေးက မုန့်မုန့်ကို မချစ်တော့ဘူးနော်။ ဝက်ကလေးက ဘယ်သူလဲဆိုတာကိုပြောဖို့ သမီးကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်" ကျိုးဖေးသည် မုန့်မုန့်အား စိုက်ကြည့်ကာ ဟန်မူရာပိုကာဖြင့် ပြောလိုက်သည်။
"ဟွန့်!" ကျိုးဖေးကို ကြောက်ရွံ့ခြင်းမရှိဘဲ မုန့်မုန့်သည် ဇီယန်၏ရင်ခွင်ထဲသို့ တိုးဝင်ကာ "အဲ့ဒါ အန်တီဖေးဖေးပဲ။ အန်တီဖေးဖေးက ဝက်ကလေး" ဟု ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆိုရင် အန်တီဝက်ကလေးက မင်းကို ဘယ်လိုမျိုးအပြစ်ပေးမလဲကြည့်လိုက်တော့" ကျိုးဖေး၏လက်များသည် မုန့်မုန့်၏ကိုယ်ပေါ်တွင် ပြေးလွှားကာ ကလိထိုးလိုက်ရာ အိမ်ထဲတွင် ရယ်မောသံများဖြင့် ပြည့်လွှမ်းသွားသည်။
ဤစားသောက်ဆိုင်၏ ဆိုင်ဖွင့်ချိန်မှာ တစ်နာရီသာ ရှိသော်လည်း တန်းစီစောင့်ဆိုင်းနေကြသည့် လူများ ပြန်သွားရန် နှစ်နာရီကျော်ကြာခဲ့သည်။
ထို့အပြင် ရက်အတော်ကြာ ပြင်ဆင်ပြီးနောက် ကျန်းဟန်၏စားသောက်ဆိုင်သို့ လာစားကြသောလူများမှာ သူတို့၏ကိုယ်ပိုင် အသိုင်းအဝိုင်းများနီးပါးရှိကြသည်။ တစ်ခါတစ်ရံတွင် သူတို့သည် အဖွဲ့လိုက်ပင်လာကြပြီး မုန့်မုန့်စားသောက်ဆိုင်ဆက်သွယ်ရေးအဖွဲ့ ဟုခေါ်သော ဆက်သွယ်ရေးအဖွဲ့အများအပြားပင် ရှိကြသည်။
အကြောင်းအရာအများစုမှာ အစားအသောက်အပေါ်တွင် အဓိကထားကြသည်။ ထို့ကြောင့် နေ့လည်ခင်းတွင် အသစ်ပေါ်လာသော ခေါက်ဆွဲပြုတ်ကို စားပြီးသွားသူများ၏ တစ်ဆင့်စကားဖြင့် ပျံ့နှံ့သွားကာ ပြင်းပြင်းထန်ထန်ပင် တုန့်ပြန်ကြသည်။
အဓိကအားဖြင့် နို့ပမာဏကြောင့် စားသောက်ဆိုင်တွင် တစ်ဦးချင်းစီ၏သုံးစွဲမှုမှာ ယွမ် ၁၀၀၀ ကျော်သည်။ လူတော်တော်များများသည် ခွက်များမှာသေးငယ်သောကြောင့် တစ်ခါတစ်ခါစားသည့်အကြိမ်တိုင်း အနည်းဆုံးသုံးခွက်လောက် သောက်ကြသည်။
တစ်ကျိုက်နှစ်ကျိုက်သောက်ပြီးသည်နှင့် ခွက်ထဲရှိ နို့မှာ ကုန်သွားပြီဖြစ်သည်။ တစ်ခွက်တည်းဖြင့် မလောက်သည်မှာ သေချာသလောက်ပင်။
စားသောက်ဆိုင်တွင် စားသောက်ပြီးနောက် တစ်နေ့လုံး အားမာန်တက်ကြွနေသလို ခံစားကြရသော်လည်း စားသုံးမှုနှုန်း မြင့်မားလွန်းသဖြင့် လူအများစုသည် ဤဆိုင်သို့ အမြဲလာမစားနိုင်ကြပေ။
ဟာရီကိန်းမုန်တိုင်းကဲ့သို့ပင် ခေါက်ဆွဲပြုတ်သတင်းသည် ထိုသူများ၏ သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းများကြားတွင် ပျံ့နှံ့သွားပြီး စားသောက်ဆိုင်သို့ လာရောက် စားသောက်ကြရန် လူအများအပြားမှာ အသင့်ဖြစ်နေခဲ့ကြသည်။ အတူတူသွားမစားကြသည့် အတန်းဖော်၊ လုပ်ဖော်ကိုင်ဖက်နှင့် အခန်းဖော်များပင် အနည်းအကျဉ်းသာ ရှိသည်။
ရုတ်တရတ်ဆိုသလိုပင် စားသောက်ဆိုင်မှာ သာမန်မဟုတ်သည့် ခပ်မိုက်မိုက်မြင်ကွင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်သလိုပင်။
နေ့လည်စာ စားပြီးနောက် ကျန်းလီနှင့် ကျိုးဖေးသည် အပေါ်ထပ်တွင် သန့်ရှင်းရေးလုပ်ရန် လုပ်အားပေးကြပြီး ကျောက်ဖုန်းနှင့် ကျောက်ဒါဟူတို့မှာ အောက်ထပ်တွင် သန့်ရှင်းရေးလုပ်ကြသည်။
"အိုး ဖေဖေ၊ မေမေ သမီးတို့ သမုဒ္ဒရာပန်းခြံမသွားကြဘူးလား?" မုန့်မုန့်သည် တစ်နေလုံး စောင့်မျှော်နေခဲ့သော် ခရီးစဉ်ကို ရုတ်တရက် သတိရသွားပြီး ချက်ချင်းထထိုင်ကာ သူမလေး၏ကြည်လင်တောက်ပသော မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ မေးလိုက်သည်။
"ဟုတ်တယ်" ဇီယန်သည် အသာအယာ ခေါင်းညိတ်လိုက်ပြီး နာရီကိုကြည့်ကာ
"ကျွန်မတို့ အနားယူပြီးသွားပြီ။ ဆိုတော့ အခု သွားကြတော့မလား?"
ဇီယန်သည် ကျန်းဟန်ဘက်သို့ ကြည့်လိုက်ပြီး အပြင်မထွက်မီတွင် ခင်ပွန်းဖြစ်သူ၏ အကြံဉာဏ်ကို တောင်းနေသည့် ဇနီးလိမ္မာလေးကဲ့သို့ မေးမြန်းသည့် လေသံဖြင့် မေးလိုက်သည်။
"ဒါဆို..." ကျန်းဟန်သည် မုန့်မုန့်ကို ပြုံး၍ကြည့်လိုက်ကာ ပြောလိုက်သည်။
"သွားတော့မလား?"
"သွားမယ် သွားမယ် သွားကြမယ်။ သမုဒ္ဒရာပန်းခြံကို သွားကြမယ်။ ရေး....." မုန့်မုန့်သည် အမှန်တကယ်ပျော်ရွှင်နေပြီး ဆိုဖာပေါ်တွင် ခုန်ပေါ်နေသည်။
သို့ဖြင့် မိသားစုသုံးယောက် အပြင်ထွက် ဆော့ကစားကြရန် ပြင်နေရင်းဖြင့် ပြဿနာက ပေါ်လာတော့သည်။
"ကျန်းဟန် ကျွန်မ ဘာဝတ်သင့်တယ်ထင်လဲ?" ဇီယန်သည် အိပ်ခန်းဆီသို့ လျှောက်သွားရင်း သူမ၏ နှုတ်မှ စကားများ သဘာဝအလျောက် ထွက်ပေါ်လာသည်။
"ဘာပဲဖြစ်ဖြစ်ပါ" ကျန်းဟန် ပြန်ပြောလိုက်၏။
"ဟမ့် ရှင်က ဝတ်ကျေတမ်းကျေနိုင်လိုက်တာ။ တကယ်လို့ ကျွန်မကို မှတ်မိသွားကြရင် ကျွန်မတို့ အဝိုင်းခံနေရမှာ။ အရင်ဆုံး ရုပ်ဖျက်ဖို့ အရင်လုပ်ရမှာပေါ့" ဇီယန် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"မိတ်ကပ်လား?"
ကျန်းဟန်သည် နာရီကိုကြည့်လိုက်ရာ နှစ်နာရီ ထိုးနေပြီဖြစ်သည်။ ဇီယန် မိတ်ကပ်လိမ်းရင် အချိန်ဖြုတ်းနေမည်ကို သူကြောက်ရွံ့မိသည်။
"ဘာပဲဖြစ်ဖ...."
ကျန်းဟန်သည် စကား၏အစတွင်ပင် ရပ်တန့်လိုက်သည်။ လောလောဆယ်တွင် သူမကို ဘယ်သူကမှ မသိကြသေးဘူးဟု ပြောလိုက်ချင်သည်။
သို့သော် ကျန်းဟန် ထိုသို့ပြောလိုက်ပါက ဇီယန်၏ မကျေမနပ်မှုကို ခံရမည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူသည် စကားကို လှည့်ကာ ပြောလိုက်သည်။
"မင်းလုပ်ရမှာက ဦးထုပ်ဆောင်းထားဖို့ပဲ"
"အဲ့ဒါပဲ လုပ်ရမှာလား?" ဇီယန် တုံ့ဆိုင်းနေသည်။
သူမ၏စိတ်ထဲဝွင် လက်ရှိ၍ သူမသည် လူသိများသည်မဟုတ်သော်လည်း လူများသည် သူမအား သိကြသည်။ သူမအား မှတ်မိသွားပါက ဒုက္ခများနေမည်။
"ကောင်းပြီ ငါမင်းကို ပြင်ပေးမယ်"
ကျန်းဟန်သည် အသုံးမဝင်သော ကြေးဒင်္ဂါးပြားလေးကို တွေးလိုက်မိသည်။ ကြေးနီဒင်္ဂါးလေးဖြင့် ဇီယန်၏အသွင်အပြင်ကို အခြားသူများ၏အမြင်၍ အနည်းငယ် ပြောင်းလဲသွားစေရန်မှာ လွယ်ကူသည်။
"ရှင်လား? ထားလိုက်ပါတော့။" ဇီယန် ခေါက်းယမ်းကာ သူ့အား အယုံအကြည်မရှိကြောင်း ပြသလိုက်သည်။
လာနောက်နေတာလား? သူ့လိုခေါင်းမာတဲ့ယောက်ျားက ဘယ်လို မိတ်ကပ်ပြင်တတ်မှာလဲ...
"မိတ်ကပ်လေးပဲကို" ကျန်းဟန်သည် ဇီယန်၏လက်ကို ဆွဲကာ အိပ်ခန်းထဲသို့ ခေါင်သွားသည်။
ဝှစ်!
ဇီယန်သည် ပထမတွင် အံ့ဩသွားပြီး ခဏအတွင်း၍ မျက်နှာမှာ နီရဲသွားသည်။
သူဘယ်လိုတောင် ဆရာကြီးလုပ်တာလဲ။
ဇီယန်သည် သူမ၏လက်ကို ပြန်ဆွဲလိုက်ချင်သော်လည်း နောက်ဆုံးတွင် ဘာမှမလုပ်တော့ဘဲ ကျန်းဟန်အား သူမ၏လက်ကို အိပ်ခန်းထဲသို့ ဆွဲခေါ်ခွင့်ပြုလိုက်သည်။
"အိုး...အိုး...အိုး...ဘာတွေလုပ်နေကြတာလဲ။ နေ့ခင်းကြောင်တောင်ကြီးကို မဟုတ်တာလုပ်ဖို့ အိပ်ခန်းထဲသွားနေကြတာ။ အာ...ရှက်လိုက်တာ" ကျိုးဖေးသည် အပေါ်ထပ်သို့ တက်လာသည်နှင့် ထိုမြင်ကွင်းကိုမြင်လိုက်ပြီး အော်လိုက်သည်။
ကျိုးဖေးသည် ကျန်းဟန် သူမ၏အစာအိမ်ကို အနိုင်ယူသွားသည့်အတွက်ကြောင့်သာမကဘဲ မုန့်မုန့်အတွက်ပါ စဉ်းစားမိပြီး ကျန်းဟန်နှင့် ဇီယန်အား အတူတူတွဲနေနိုင်မည်ဟု သူမ၏စိတ်ရင်းမှန်ဖြင့် မျှော်လင့်ထားသည်။
ကျိုးဖေးသည် မုန့်မုန့်အား အလွန်ချစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်မှာ ထိတွေ့ဆက်ဆံမှုများလေလေ စုံတွဲပုံစံပို၍ပေါက်လေလေဟု တွေးမိသည်။
"ဟိဟိ.." ကျန်းလီသည် လာမှမပြောလဲ ပါးစပ်ကိုအုပ်က ရယ်လိုက်သည်။
"သူတို့ မဟုတ်တာ မလုပ်ပါဘူး"
ဆိုဖာပေါ်မှ ခုန်ချရင်းမုန့်မုန့်က ပြောလိုက်သည်။
"ဖေဖေက မေမေကို မိတ်ကပ်ပြင်ပေးတော့မှာ"
"အိုး!" ကျိုးဖေးသည် စနောက်သည့်လေသံဖြင့် "သူတို့က မိတ်ကပ်လိမ်းပေးတဲ့ အဆင့်ကို ရောက်နေပြီပေါ့။ ဘယ်လောက် မြန်လိုက်လဲ"
နောက်ဘက်မှ စကားသံများကိုကြားသည့်အခါ ဇီယန်သည် ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာမှာ နီရဲနေပြီး ခေါင်းပင် မမော့တော့ပေ။ ဇီယန်၏ပုံစံမှာ အလွန်ချစ်စရာကောင်းသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ လှပနေခဲ့သည်။
အိပ်ခန်းထဲသို့ဝင်ပြီးနောက် ဇီယန်သည် တံခါးကို ပိတ်လိုက်သည်။ သို့သော် သူမသည် ထိုသို့လုပ်လိုက်ပြီးသည်နှင့် ချက်ချင်းနောင်တရသွားသည်။ ၎င်းက သူမနှင့်ကျန်းဟန်သည် အိပ်ခန်းထဲတွင် ရှက်စရာကိစ္စကို လုပ်တော့မလို ဖြစ်သွားစေသည်။
ထိုအတွေးကြောင့် ဇီယန်သည် သူမ၏လက်ကို ပြန်ဆွဲယူလိုက်သည်။ သူမသည် ကျန်းဟန်အား လှပသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ "အဲ့ဒါအကုန်လုံး ရှင့်အမှားပဲ။ ရှင်ကြောင့် သူတို့တွေအကုန်လုံး ကျွန်မကို ဟာဟလုပ်နေကြပြီ"
"အဲ့တော့ ဘာဖြစ်လို့လဲ?" ကျန်းဟန် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။
သူသည် သူမအား တခြားဘာမှလုပ်ရန်စိတ်ကူးမရှိဘဲ ပေါ့ပေါ့ပါးပါးပင် အချိန်မကုန်စေရန် မိတ်ကပ်ပြင်ပေးချင်ရုံသာရှိသည်။
"ငါ့ကို မင်းရဲ့ အလှပြင်အိတ်ပေးပါ" ကျန်းဟန်သည် ဇီယန်၏ရှက်ရွံ့နေသည့်ပုံစံလေးကိုကြည့်ကာ ရယ်၍ပြောလိုက်သည်။
"ငါမင်းကို ရိုးရိုးရှင်းရှင်းနဲ့ တခြားသူတွေ မင်းကို မမှတ်မိတော့အောင် ပြင်ပေးမယ်။ မြန်မြန်လုပ်ရအောင်။ မဟုတ်ရင် မုန့်မုန့်အတွက် အချိန်ကောင်းလေးရှိတော့မှာမဟုတ်ဘူး"
"ရှင်ဘာလို့ မုန့်မုန့်ကိုဘဲ ဂရုစိုက်နေနိုင်ရတာလဲ" ဇီယန်သည် ကျန်းဟန် ဘာကြောင့် သူမအား ဤကဲ့သို့ ဆက်ဆံရသလဲ မေးရန် ရည်ရွယ်လိုက်သော်လည်း သူမသည် သမီးနှင့်ပြိုင်နေသည့်ပုံစံပေါက်သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် စကားကိုအမြန်ရပ်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
"ဟမ်..ရှင်တကယ် မိတ်ကပ်ပြင်တတ်တာလား?"
"ငါမင်းကို ဘာလို့လိမ်ရမှာလဲ?" ကျန်းဟန်သည် ခေါင်းယမ်းကာ ပြောလိုက်သည်။
"အလှပြင်အိတ်သွားယူလိုက်ပါ။ ပြီးမှ မိတ်ကပ်ပြင်တတ်လား မပြင်တတ်ဘူးလားဆိုတာ သိလိမ့်မယ်"
"ကောင်းပြီ" ဇီယန်သည် နှုတ်ခမ်းကို ကိုက်ကာ ပြန်ပြောလိုက်သည်။ အလှပြင်အိတ်ကို ထုတ်ရန် သူမ၏ခရီးဆောင်အိတ်ဘက်ကိုလှည့်လိုက်သည်။
"လာ ဒီမှာထိုင်" ကျန်းဟန်သည် ကုတင်ဝိုင်းကြီးအနားသို့လျှောက်သွားကာ ရှေ့မှာ မွေ့ယာကို ပုတ်ကာ ပြောလေိုက်သည်။
ဇီယန်သည် စိတ်ထဲတွင် ကျန်းဟန်၏စကေးကို စိုးရိမ်နေကာ သတိဖြင့် ထိုင်ချလိုက်သည်။
ကျန်းဟန်သည် လက်ထဲတွင် အလှပြင်အိတ်ကို ကိုင်လိုက်ပြီး မျက်ခုံးမွှေးဆွဲတံတစ်ချောင်းကို ထုတ်လိုက်သည်။ ဇီယန်သည် သူ၏ ကိုယ်နေဟန်အရ အမှန်တကယ် မိတ်ကပ်ပြင်တတ်နိုင်လောက်သည်ဟု ခံစားမိသည်။
သို့သော်ငြား။
ကျန်းဟန်၏မျက်လုံးများကို လှန်ကြည့်လိုက်ရာ သူ၏ကိုယ်မှာ သူမအနီးသို့ ပို၍ ပို၍ နီးကပ်လာသည်နှင့်အမျှ ဇီယန်သည် ရုတ်တရက် ရင်ဖိုလာကာ နှလုံးခုန်သံများကိုပင် ခံစားနေရသည်။
"ဒါဆို စပြီနော်။ မင်းရဲ့မျက်နှာက နည်းနည်းတော့ တက်လာလိမ့်မယ်" ကျန်းဟန်သည် မျက်ခုံးမွှေးဆွဲတံကိုကိုင်ကာ သတိပေးလိုက်သည်။
ဇီယန်၏နှုတ်ခမ်းများမှာ အနည်းငယ်တွန့်သွားပြီး မသိစိတ်က သူမ၏ခေါင်းကို နီးကပ်လာစေသည်။ အကွာအဝေးမှာ ပို၍နီးကပ်လာပြီး ဇီယန်သည် ကျန်းဟန်၏ အသက်ရှူသံကိုပင် ခံစားနိုင်သည်။
ယောက်ျားတစ်ယောက်၏ပြင်းပြသည့် အသက်ရှူသံ ဝင်သက်ထွက်သက်ကို ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ သူမ၏မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။ သူမ၏ ရှည်လျားသော မျက်တောင်လေးများက အဆက်မပြတ် တုန်ခါနေပြီး ထိုအချိန်တွင် သူမ၏စိတ်ပင်ပန်းမှုကို မည်သူမဆိုမြင်နိုင်သည်။
"စိတ်မလှုပ်ရှားနဲ့ စိတ်ကိုလျော့ထား။ ခဏနေရင် အဆင်ပြေသွားလိမ့်မည်"
ကျန်းဟန်သည် သူ၏ဘယ်လက်ဖြင့် ဇီယန်၏မေးစေ့ကို ညင်သာစွာ ကိုင်မကာ နူးညံ့စွာပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏မျက်နှာကို အနည်းငယ် မြှင့်မ လိုက်သည်။
သူတို့၏မျက်နှာများမှာ မျက်နှာချင်းဆိုင်နေပြီး ဇီယန်၏နူးညံ့သိမ်မွေ့သောမျက်နှာလေးကို သူကြည့်လိုက်သည့်အခါ ကျန်းဟန်မှာ အနည်းငယ် အေးခဲသွားသည်။
ဇီယန်၏နဖူး၊ မျက်လုံး၊ နှာခေါင်း၊ သူမ၏နူးညံ့သည့်နှုတ်ခမ်းလေးတို့ကိုကြည့်ကာာ ကျန်းဟန်သည် ထိုညက အဖြစ်အပျက်ကို မတွေးမိဘဲ မနေနိုင်။ သူမ၏နှုတ်ခမ်းလေးကို နမ်းရန် စိတ်အားထက်သန်လာသည်။
ကျန်းဟန်သည် သူမကို အချိန်ခဏလောက် ကြည့်နေခဲ့သည်။ ဇီယန်သည် ပုံမှန်မဟုတ်သည်ကို ခံစားမိပြီး သူမ၏မျက်လုံးကြီးများမှာ တဖြည်းဖြည်းပွင့်လာသည်။
ကျန်းဟန်၏မျက်လုံးများက သူမ၏နှုတ်ခမ်းရဲရဲများကို စူးစိုက်နေသည်ကိုတွေ့လိုက်ရသည့်အခါ သူမ၏ရင်ခုန်သံများမှာ ပို၍ မြန်လာပြီး စိုးရိမ်စိတ်များ ပို၍ ပို၍တိုးလာခဲ့သည်။
"ရှင်...ရှင် စနေပြီလား...."
ဇီယန်သည် ခြင်တစ်ကောင်ပျံနေသကဲ့သို့ အသံလေးဖြင့် သတိပေးလိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။
"အင်း...ကောင်းပြီ ငါစပြီ"
ကျန်းဟန်သည် အသာအယာချောင်းဟမ့်လိုက်ပြီး စတင်ရန် ပြင်လိုက်သည်။
ဇီယန်၏မျက်လုံးများ မှိတ်ထားစဉ်တွင် သူမ၏နှာခေါင်းမှာ တိုးညှင်းသာယာသည့် အသံရှုသံလေး ထုတ်လွှတ်နေသည်။ စိတ်တင်းထားမှုကြောင့် သူမ၏အသားအရေမှာ ပို၍ နီမြန်းလာပြီး စွဲမက်ဖွယ်ကောင်းလာသည်။
သူ...သူ ငါ့ကို နမ်းချင်နေတယ်...
ထိုအခိုက်အတန့်တွင် ဇီယန်သည် ကျန်းဟန်၏မျက်လုံးများမှတဆင့် သူဘာတွေးနေသလဲဆိုသည်ကို တွေ့လိုက်သည်။ ၎င်းက သူမ ဘာကြောင့် စိုးရိမ် စိတ်လှုပ်ရှားနေရသလဲဆိုသည့်အကြောင်းပင်။ အမှန်တကယ်တွင် သူမသည် ၎င်းကို ဘယ်လိုဖြေရှင်းရမှန်းမသိသည့် ပြဿနာတစ်ခုရှိသည်။ သူမသည် အနည်းငယ် မူးနောက်နောက်ဖြစ်နေပြီး စိတ်ရှုပ်ထွေးနေသည်။
သူငါ့ကို နမ်းရင် ငါ ဘာလုပ်ရမလဲ...
မရဘူးလို့ပြောလိုက်ရမှာလား။ ငါ အဲ့ဒါကို လက်မခံနိုင်ဘူး...
ဒါပေမဲ့...ဒါပေမဲ့...
ရုတ်တရုက် သူမ၏စိတ်ကူးအတွေးများမှာ အရိုင်းဆန်သွားသည့်အချိန်တွင် သူမ၏နှုတ်ခမ်းအား တစ်စုံတစ်ရာ လာထိသလို ခံစားလိုက်ရသည်။
ဇီယန်၏နူးညံ့သိမ်မွေ့သည် ကိုယ်ခန္ဓာလေးသည် တုန်ခါသွားပြီး သူမ၏နှလုံးသားထဲတွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသလို ခံစားချက်များ ဖြစ်ပေါ်သွားသည်။
သူ... သူ...ငါ့ကိုနမ်းလိုက်တယ်...
ထို အတွေးများကပေါ်လာသည်နှင့် ရုတ်တရက် သူမ၏နှုတ်ခမ်းပေါ်တွင် တစ်စုံတစ်ရာမှာ လှုပ်ရှားသွားသည်။
အထိအတွေ့ ခံစားချက်များက တဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ ဇီယန်သည် ၎င်းက ဘာလဲဆိုတာကို သိလိုက်သည်။
-အပိုင်း(၁၀၄) ပြီး
wunzinnosp