အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...

By daddyzhanghan

70.7K 6.1K 23

Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More

Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....

အပိုင်း(၉၉)

344 31 0
By daddyzhanghan

အပိုင်း(၉၉)

အခြားတစ်ဖက်တွင် မုန့်မုန့်သည် သူမလေး၏လက်ကလေးကိုမြှောက်ကာ ပြောလိုက်သည်။
"မုန့်မုန့်လည်း ဟော့ပေါ့ကြိုက်တယ်။ ခေါက်ဆွဲစားရတာလည်း ကြိုက်တယ်"

"မုန့်မုန့်ကလည်း ခေါက်ဆွဲကြိုက်တာလား?" ကျန်းဟန်၏တုံ့ပြန်မှုမှာ စောစောကထက် ပို၍ အားသန်လာသည်။ သူသည် မုန့်မုန့်အားကြည့်ကာ မဆိုင်းမတွပင် ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ငါတို့ နေ့လည်စာကို ခေါက်ဆွဲစားကြမယ်"

ထိုစကားများက ဇီယန်ကို အနည်းငယ် မနာလိုဖြစ်သွားစေခဲ့သည်ကို သူ နည်းနည်းလေးမှ မသိခဲ့ချေ။

ဘာလို့ သူအဲ့လိုနေနိုင်ရတာလဲ? ဘာလို့ ငါ့ကိုကျလုံးဝမမေးတာလဲ? အိမ်ရှင်မကို လစ်လျူရှုတာလား?

ဇီယန်၏စိတ်အခြေအနေမှာ ချက်ချင်းပင် အောက်ခြေထိ ကျဆင်းသွားသည်။ မနာလိုဖြစ်နေရသလို သူမ အနည်းငယ် မပျော်မရွှင်လည်းဖြစ်နေသည်။

ဒီအကောင်ကတော့ ငါ့ကို အဲ့လိုလေး မေးဖို့တောင် သတိမရဘူးလား? ဝတ္တရားအရ တုံ့ပြန်မှုလေးတောင် မလုပ်ဘူးလား?

ဟွန့် နောင်ကျရင် သူ့ကို လစ်လျူရှုထားမယ်! သူက ငါ့ကို ဒီလိုမျိုး လာစမ်းချင်တယ်ပေါ့။ စောင့်ကြည့်စမ်းပါ။ ခေါင်းမာတဲ့အကောင်!

ဇီယန်သည် ကျန်းဟန်အား လူသတ်ချင်စိတ်များဖြင့် ကြည့်နေသော်လည်း ကျန်းဟန်သည်တော့ ဘာတွေဖြစ်နေသလဲမသိချေ။ ထိုအစား မုန့်မုန့်ကို ကြည့်ကာ သူ့ကိုယ်သူပင် ရေရွတ်လိုက်သည်။

"ဒါဆို မုန့်မုန့်က ဘာခေါက်ဆွဲစားချင်လဲ? ပေါင်းထားတဲ့ခေါက်ဆွဲလား? လက်လုပ်ခေါက်ဆွဲလား? ဝမ်တန်လား? ဒါမှမဟုတ် တခြား တစ်ခုခုလား?"

ခေါက်ဆွဲအမျိုးအစားများစွာရှိပေသည်။ ကျန်းဟန် ဘာလုပ်ရမှန်းမသိတော့ချေ။ ထို့ပြင် အဓိကပြဿနာမှာ ပါဝင်ပစ္စည်းအများအပြားမရှိ၍ ကန့်သတ်ချက်အလွန်များပေသည်။

ဥပမာအားဖြင့် ပေါက်စီ၊ ဖက်ထုပ်၊ အမဲသားပေါက်စီ၊ ဝက်သားပေါက်စီနှင့် အခြား အသားပေါက်စီများပင်။ ၎င်းတို့အတွက် ကြက်ဥနှင့်သခွားအစာသွပ်၊ ကြက်ဥနှင့်ကြက်သွန်မြိတ်အစာသွပ် အစရှိသဖြင့် ရှိသည်။

"သမီး ဟိုဟာစားချင်တယ်၊ ဟိုခေါက်ဆွဲလေ၊ အမ်...ပါးပါးလေးနဲ့လေ....မေမေ...အဲဒါက ဘာလဲ?"
မုန့်မုန့်သည် ခဏလောက်ကြာအောင် ရှင်းပြနေသော်လည်း သူမလေးသည် ယခင်ကစားခဲ့ဖူးသော ခေါက်ဆွဲအမျိုးအစားကို မသိချေ။

"အဲဒါက ခေါက်ဆွဲခြောက်ပါ" ဇီယန်သည် သူမ၏လှပါးသောမျက်လုံးလေးများက ကျန်းဟန်အား မျက်စောင်းထိုးရင်း ပြောလိုက်သည်။

ဇီယန်သည် ဟင်းမချက်တက်ပေ။ သူမ ကလေးနှင့်အတူနေသည့်အချိန်တွင် အများအားဖြင့် ကလေးထိန်းက ချက်ပြုတ်သည်။ မဟုတ်ပါက စားသောက်ဆိုင်သို့ ထွက်စားလေ့ရှိသည်။ တစ်ခါတစ်ရံ အနောက်တိုင်းအစားအစာများကို စားတတ်သလို တစ်ခါတစ်ရံ ခေါက်ဆွဲပြုတ်များလည်း စားပေသည်။ သို့သော် တကယ်တမ်းပြောရလျှင် အချိန်အများစုတွင် သူမ ဟော့ပေါ့စားလေ့ရှိသည်။

ဇီယန်သည် ခေါက်ဆွဲကြိုက်ပေသည်။ မုန့်မုန့်သည်လည်း ငယ်ငယ်ကတည်းက ခေါက်ဆွဲကြိုက်သည်။ ထိုခေါက်ဆွဲခြောက်သည် ဇီယန် လုပ်တတ်သည့် တစ်ခုတည်းသော ချက်ပြုတ်နည်းဖြစ်သည်။ သူမ ယခင်က မုန့်မုန့်အား အကြိမ်အနည်းငယ် ချက်ပြုတ်ကျွေးခဲ့သည်။ ကလေးရော လူကြီးပါ ၎င်းကို အလွန်ကြိုက်ကြသည်။

"ဟုတ်တယ် ဟုတ်တယ် ခေါက်ဆွဲခြောက်ပဲ" မုန့်မုန့်သည် ရယ်မောလိုက်သည်။

"ဒါဆို ဖေဖေတို့ နေ့လည်စာကို မုန့်မုန့်အတွက် ခေါက်ဆွဲပါးပါးလေးတွေလုပ်ကြမယ်" ကျန်းဟန် မုန့်မုန့်၏ခေါင်းလေးကို ပွတ်ကာ ရယ်လိုက်သည်။

"ဟွန့် ကျွန်မ အပေါ်သွားတော့မယ်" ဇီယန် ကျန်းဟန်အား နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်သည်။

၎င်းက ကျန်းဟန်ကို အလွန်စိတ်ရှုပ်သွားစေသည်။ အဘယ်ကြောင့် အမြဲတမ်း ဤမိန်းကလေး သူ့အား အလွန်စိမ်းကားနေရသနည်း။

အမှန်တော့ ထိုကဲ့သို့ "စိမ်းကားသည့်" စိတ်ထားများရှိခြင်းက ကောင်းသည့်အရာတစ်ခုဖြစ်ကောင်း ကျန်းဟန်သိပေသည်။ ၎င်းက သူ၏ကောင်မလေးတွင် ဒေါသကြီးသည့်စိတ်ရှိသည်ဟု ပြောနေသလိုပင်။ တစ်ခါတစ်ရံ သူမ၏ကောင်လေးက ပြဿနာလုပ်မိ၍ သူ့ကိုယ်သူ နောင်တရနေသော်လည်း သူ၏ကောင်မလေးက ထိုသို့ လုပ်ချင်နေခဲ့မည်ကိုတော့ သူ မသိခဲ့ချေ။

သို့သော် သူသည် အမှန်တကယ်တခြားသူများနှင့် စိတ်တို စိတ်ကောက်နေပါက သူသည် လမ်းခွဲခြင်းနှင့် ဝေးကွာနေမည်မဟုတ်ချေ။

ကျန်းဟန်လည်း ဤကိစ္စကို သိပေသည်။ တစ်ခါတစ်ရံတွင် ဇီယန်သည် သူ့အား အခြားသူများနှင့် ခြားနားစွာ ဆက်ဆံပေသည်။ ၎င်းမှာ အမှန်တကယ်ကောင်းမွန်သည့် အစပျိုးမှုဖြစ်သည်။ ကျန်းဟန် ဒါကိုပင် မသိပါက သူ၏ အီးကျူမှာ အလွန် နိမ့်လွန်းသွားပေမည်မဟုတ်ပါလား?

ဇီယန်သည် မုန့်မုန့်ကို တစ်ခါတည်း ပွေ့ချီသွားသည်။ မုန့်မုန့်၏အလေးချိန်ကို သူမ ခံစားလိုက်ရသည့်အခါ သူမ ရယ်မောကာ မုန့်မုန့်၏တင်ပါးလေးကို အကြိမ်အနည်းငယ် ရိုက်လိုက်သည်။

"မုန့်မုန့် က ခါတိုင်းထက်ပိုပြီးလေးနေသလိုပဲ။ ကြည့်ရတာ နည်းနည်းလောက်ကြာရင် မေမေတော့ သမီးကို ပွေ့ချီနိုင်မှာမဟုတ်တော့ဘူး"

"ဟမ့် ဟမ့် အဲ့ဒါမဟုတ်ဘူး။ မေမေက မုန့်မုန့်ကို ချီနိုင်တယ်"

မင်းသမီးလေးသည် မေမေ၏လက်မောင်းထက်တွင် လှုပ်ရွနေသည်။

ကျိုးဖေးသည် ခဏလောက်စဉ်းစားလိုက်ပြီး နောက်မှလိုက်သွားသည်။ ကျန်းလီနှင့် ကျောက်ဖုန်းသည် ပထမထပ်တွင်သာ နေခဲ့သည်။

"အစ်ကို နင် ယောင်းမနဲ့ ဘယ်တုန်းက ပြတ်သွားတာလဲ? ဘယ်လိုလုပ် နင်နဲ့ သူမနဲ့ဆက်ဆံရေးကို ငါ ဘယ်တုန်းကမှမကြားဖူးရတာလဲ" ကျန်းလီ ထိုကိစ္စကို အလွန်သိချင်နေသည်။

ကျန်းလီ မုန့်မုန့်ကို သိခဲ့သည့်အချိန်ကတည်းက ဇီယန်သည် သူမ၏မိသားစုနှင့်ကွဲသွားသည့်အခါတွင် ကိုယ်ဝန်ရှိနေပြီမှန်း သူမ ခန့်မှန်းနိုင်သည်။ ထိုအချိန်က ကျန်းဟန်သည် ကောင်းကင်က နေမင်းကြီးကဲ့သို့ပင် သူသည် အမြဲတမ်း လူလည်ကျတတ်သည့်ပုံစံရှိနေသည်။ အကယ်၍ ထိုအချိန်က ဇီယန်နှင့် အတူရှိနေခဲ့ပါက သူ၏အကျင့်အရ ဘေကျင်းတစ်ခွင်တွင် ဇီယန်နှင့် သေချာပေါက် လျှောက်လည်မည်မှာ သေချာသည်။

"အာ!"

ကျန်းလီ ရုတ်တရက် တိုးတိုးလေး အော်လိုက်သည်။ ထိုအချိန်က ကျန်းဟန်သည် ချောင်လောလောနှင့် တွဲနေသေးသည့်အချိန်ဖြစ်နိုင်ကြောင်း သတိရလိုက်သည်။ ထို့ကြောင့် ကျန်းလီသည် အထိတ်တလန့်ဖြင့်
"အစ်ကို နင် အဲဒါအချိန်တုန်းက ချောင်လောလောနဲ့ တွဲနေတာလေ။ ဇီယန်နဲ့နင်က တိတ်တိတ်လေးတွဲနေခဲ့တာလား...? နင် လှေနံနှစ်ဖက်နင်းတာလား?"

သူမ ထိုစကားများပြောလိုက်သည့်အချိန်တွင် ကျောက်ဖုန်း အံ့အားသင့်သွားပြီး သူ၏ရှေ့မှမြင်ကွင်းကိုကြည့်ကာ ဂရုတစိုက်ဖြင့် နားစွင့်ထားလိုက်သည်။ နည်းနည်းလေးတော့ အတင်းအဖျင်းပြောသလိုဖြစ်နေသော်လည်း ကျန်းဟန်၏အခြေအနေကို သူအလွန်စပ်စုချင်နေခဲ့သည်။

"မဟုတ်ဘူး"
ကျန်းဟန် ရယ်ရခက် ငိုရခက်ဖြင့် ပြောလိုက်သည်။
"အဲဒါက မတော်တဆတစ်ခုပဲ"

"ဟွန့် အစ်ကို နင် ငါ့ကို လာလိမ်မနေနဲ့။ ဘယ်လိုမတော်တဆမှုက အိပ်ယာပေါ်မှာဖြစ်မှာလဲ? ဘယ်မတော်တဆမှုက ကလေးတစ်ယောက်မွေးလာမှာလဲ?" ကျန်းလီ ပေါ့ပေါ့ပါးပါးနှာခေါင်းရှုံ့ကာပြောသည်။

ကျန်းဟန်ပြုံးကာ ‌ခေါင်းယမ်းလိုက်သည်။

"ငါ ကျန့်ချမ်းရဲ့ အရိုက်ခံရတဲ့အချိန်နဲ့ တစ်ချိန်တည်းပဲ"

"ဟမ်?" ကျန်းလီ စူးစိုက်ကြည့်လိုက်ပြီး "ယောင်းမကြောင့် နင် သူ့ကိုရိုက်ခဲ့တာလား?"

"ဟုတ်တယ်။ အဲဒီတုန်းက ငါ သောက်တာများသွားတယ်..." ကျန်းဟန် ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။

တစ်ချိန်တုန်းမှာပင် သူ၏အတွေးများက ထိုအချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။

ဇီယန်သည် ထိုအချိန်က အလွန်နာမည်ကြီးသည့်အချိန်ဖြစ်ပြီး နောက်နှစ်တွင် ရုပ်ရှင်ဘုရင်မအဖြင် ဆုရရှိရန် အခွင့်အရေး ရှိခဲ့သည်။ ဇီယန်သည် ဘေကျင်းသို့ ‌ရောက်သည့်အချိန်တွင် သူမအား SARFT ၏ အဆင့်မြင့်အရာရှိတစ်ဦး၏မိတ်ဆက်ပေးမှုဖြင့် ကျန့်ချမ်း၏ဘုတ်အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

ကျန့်ချမ်းသည် ကွမ်းမင်အုပ်စု၏ ဥက္ကဌဖြစ်သည်။ သူသည် အသက် ၃၀ သာရှိသေးပြီး ဘေကျင်း၏ ကျန့်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသည့် သူဖြစ်သည်။ သူသည် ရာထူးမြင့်မားပြီး ထိုစဉ်က ကျန်းဟန်ထက် အနည်းငယ် ပို၍ မြင့်မားသည့် အနေအထားရှိသည်။

သို့သော် ကျန့်ချမ်းသည် ပြတ်သားသည့်သူတစ်ယောက်ဖြစ်သည်။ သူသည် ဇီယန်ကို တစ်နှစ်ကျော်ခန့်ကြံစည်ခဲ့ပြီး နောက်ဆုံးတွင် သူတို့ကော်ပိုရေးရှင်း၏ပူးပေါင်းမှုဖြင့် ဇီယန်၏ဝိုင်းခွက်ထဲသို့ ဆေးခတ်ရန် အခွင့်အ‌ရေးရခဲ့ပြီး ဇီယန်မှာ ဆေးရှိန်ကြောင့် စိတ်များ ရှုပ်ထွေးဝေဝါးနေခဲ့သည်။

ချောင်လောလောနှင့်လမ်းခွဲခဲ့သည့်ကျန်းဟန်သည် စိတ်ထဲတွင် အလွန်ခံပြင်းဒေါသထွက်နေခဲ့သည်။ ထိုနည်းဖြင့် လမ်းခွဲခြင်းသည် ကျန်းဟန်အတွက် ကြီးမားသော ထိုးနှက်ချက်အဖြစ် ယူဆနိုင်သည်။

ထိုအချိန်တွင် ဘေကျင်း ကြည်လင်ကောင်းကင် ဖျော်ဖြေရေးကလပ်၏ အမြင့်ဆုံးနေရာတွင် ကျန်းဟန်သည် အရက်အလွန်အကျွံသောက်ပြီး မှုန်ဝါးဝါးဖြင့် အခန်းမှားကာ ဝင်သွားခဲ့သည်။ ရုန်းကန်လှုပ်ရှားနေသော ဇီယန်နှင့် ကျန့်ချမ်း၏ယုတ်မာရက်စက်သည့်မျက်နှာကို သူတွေ့လိုက်ရသည်။

ဒေါသထွက်နေသော ကျန်းဟန်သည် ၎င်းကိုမြင်သည့်အခါ ဝိုင်ပုလင်းကိုကောက်ကိုင်ကာ ကျန့်ချမ်း၏ခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ရာ ချက်ချင်း သတိမေ့သွားခဲ့သည်။ ဇီယန်ကို ဆွဲခေါ်ကာ အနီးအနားရှိ ဟိုတယ်တစ်ခုတွင် ဗွီအိုင်ပီခန်းတစ်ခုကို ဘွတ်ကင်လုပ်လိုက်သည်။

ထိုအချိန်အတွင်း၍ ဇီယန်သည် သတိကင်းမဲ့နေကာ အဝတ်အစားများပင် ချွတ်ချင်နေခဲ့သည်။ ကျန်းဟန်သည် မိန်းမလှလေးများကို နှစ်သက်သူဖြစ်သော်လည်း သူ့တွင် အရှက်တရားရှိပြီး လမ်းတစ်လျှောက်တွင် ဇီယန်၏လက်ကို ချုပ်ကိုင်ထားခဲ့သည်။

ဟော်တယ်ရှိ သူ၏အခန်းတွင် ကျန်းဟန်သည် အရက်အများအပြားသောက်ထားခြင်းကြောင့် စိတ်များရှုပ်ထွေးသွားလာသလို ဇီယန်သည်သည်း သူ့ထက်ပင် ပို၍ ရှုပ်ထွေးနေခဲ့သည်။

ကျန်းဟန် ချက်ချင်း ထွက်သွားချင်ခဲ့သော်လည်း ဇီယန်၏နူးညံ့ချောမွေ့သည့် လက်ဖဝါးလေးက ကျန်းဟန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျန်းဟန်အား ကုတင်ပေါ် ပြန်ဆွဲတင်လိုက်သည်။

ထိုသို့ဖြင့် ပန်းအိုးကွဲသည့် ညတစ်ည ကုန်လွန်သွားခဲ့သည်။

ကျန်းဟန်သည် အစပိုင်းတွင် မူးနေသော်လည်း ထိုညက စွဲမက်ဖွယ်ကောင်းသည့်မြင်ကွင်းကို မှတ်မိနေသေးသည်။ ဇီယန်၏ ချောမောလှပသည့် အသွင်အပြင်လေးကို သူ စွဲလန်းနေခဲ့သေးသည်။

နောက်တစ်နေ့ မနက်ခင်း မြင်ကွင်းများကို ပြန်တွေးမိသည့်အခါ ကျန်းဟန် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

သို့သော် ထိုစကားလုံးများသည် သူ၏စိတ်ထဲတွင် တွေးနေရုံသာရှိပြီး ကျန်းဟန်သည် ကျန်းလီအား ရှင်းမပြခဲ့ချေ။ ဇီယန်ကို ကျန့်ချမ်း၏လက်ထဲမှာ ကယ်တင်ပေးခဲ့သည်ဟုသာ ပြောခဲ့သည်။

"ဒါဆို အဲဒီတုန်းက သူဌေးက မိန်းမလှလေးကို ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းပဲ" ကျောက်ဖုန်းသည် ပေါ့ပါးစွာပြုံးကာ ပြောသည်။

ထိုကဲ့သို့ မိန်းမလှလေးကိုကယ်တင်ပေးသည့် သူရဲကောင်းဇာတ်လမ်းမှာ အလွန်ချိုမြန်သည့် ဇာတ်လမ်းလေးပင်ဖြစ်သည်။

"မိန်းမလှလေးကို ကယ်တင်တဲ့ သူရဲကောင်းဆိုတာက ဂုဏ်ယူဖို့ ထိုက်တန်တဲ့ကိစ္စတစ်ခုပါ။ ငါ့အစ်ကိုလိုချောမောတဲ့သူက ဧကရီသခင်မအတွက်မဟုတ်ခဲ့ရင် သူတို့ ဘယ်လိုအတူတူနေနိုင်မှာလဲ?" ကျန်းလီသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

သူမ၏အမြင်တွင် သူရဲကောင်းတစ်ဦးသည် မိန်းမလှလေးကိုကယ်တင်ရန် အခြေအနေပေးခဲ့ပြီး ထိုအခြေအနေတွင် သူရဲကောင်းယောက်ျားမှာလည်း အတန်သင့်ချောမောသင့်ပေသည်။

"ဟုတ်တာပေါ့။ သူဌေးက တကယ်ကိုချောတယ်" ကျောက်ဖုန်း ပြန်ပြောသည်။

စကားပြောနေစဉ်တွင် လျန်မုန့်ချီနှင့်အခြားနှစ်ယောက်သည် သုတ်သုတ် သုတ်သုတ်ဖြင့် ဝင်လာကြသည်။ ကျောက်ဖုန်းသည် ထမင်းစား စားပွဲတွင် ထိုင်ပြီး ကျန်းဟန်တို့နှင့်စကားပြောနေသည်ကိုတွေ့လိုက်ရာ လျန်မုန့်ချီပြုံး၍ ပြောလိုက်သည်။

"အာ...ကျောက်ဖုန်း ရှင် အစောကြီးကို လာတာပဲ"

"ကျွန်တော် မနက်ကတည်းက မပြန်တာ" ကျောက်ဖုန်း ပြန်ပြောသည်။

"အွန်း" လျန်မုန့်ချီ ခေါင်းညိတ်သည်။

ကျောက်ဒါဟူနှင့် ယူချင်းချင်းတို့သည် ကျန်းဟန်ကို နှုတ်ဆက်လိုက်ပြီး ထုံးစံအတိုင်းပင် သူတို့၏စားပွဲတွင် ထိုင်ကြသည်။

"ချက်ပြုတ်ချိန်ရောက်ပြီ"

ကျန်းဟန်သည် နာရီကိုကြည့်လိုက်သည်။ ၁၀ နာရီ မိနစ် ၄၀ ရှိပေပြီ။ ထို့နောက် သူမတ်တပ်ထရပ်ပြီး နေ့လည်စာပြင်ရန် မီးဖိုချောင်ဘက်သို့လျှောက်သွားသည်။

ကျန်းဟန်သည် ထမင်းကို ပထမဆုံးချက်ပြီး ခါတိုင်းကဲ့သို့ပင် လခြမ်းတောင်၏စိတ်ဝိဉာဉ်ရေကို သုံးသည်။ ထိုရေမှာ အကောင်းဆုံးအရည်အသွေးရှိသည်ဆိုသည့် ရေများကိုပင် အလွယ်တကူ အနိုင်ယူနိုင်ပြီး ထမင်းချက်ရန်အတွက်မူ ပြောနေစရာပင်မလိုတော့ချေ။

အမှန်ပင် လခြမ်းတောင်၏ ဂျုံနှင့်ဆန်မှာလည်း တူညီသည့်အနေအထားတွင်ရှိသည်။ ၎င်းတို့သည် လခြမ်းတောင်တွင်ပင် တူညီသည့်ပတ်ဝန်းကျင်အနေအထား၌ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး သာမန်မဟုတ်ချေ။

ထမင်းချက်နေရင်း တစ်ချိန်တည်းတွင် ကျန်းဟန်သည် ကြက်ဥကို ခေါက်လိုက်သည်။ ကြက်ဥထမင်းကြော် တစ်နပ်စာချက်လျှင် ကြက်ဥ အလုံး ၃၀ ခန့် လိုအပ်သည့်အတွက် ရလဒ်အနေဖြင့် ကြက်ဥလက်ကျန်မှာ တဖြည်းဖြည်း လျော့နည်းလာသည်။

မူလက ကျန်းဟန်သည် ကြက်ဥများကို ကုန်ခါနီးသည့်အချိန်တွင် လျော့ရောင်းရန် စီစဉ်ထားသော်လည်း လခြမ်းတောင်၏လက်ရှိအခြေအနေဖြင့်ဆိုလျှင် စိုးရိမ်နေရန် မလိုတော့ပေ။

သန့်စင်သောယန်ရေမှာ အရန်သင့်ရှိနေဆဲဖြစ်ပြီး လီတာ ၂၀ ခန့်ပင် ကျန်သေးသည်။ ၎င်းမှာ အချို့ အရွယ်ရောက်ပြီး ကြက်မများ၊ နွား၊ ဝက်များ၊ သိုးများ စသဖြင့် ကျွေးမွေးရန်အတွက် လုံလောက်ပေသည်။

ကြက်ဥခေါက်ပြီးသွားသည့်နောက် ကျန်းဟန်သည် အာလူးကြီးကြီးအနည်းငယ်ကို စတင်ရွေးထုတ်လိုက်သည်။

အာလူးများသည် ဝိုင်းဝိုင်းဖောင်းဖောင်း‌လေးများဖြစ်သည်။ သာမန်အခြေအနေတွင် အချို့ အပြင်တွင် ရောင်းနေကြသည့် အာလူးများမှာ အလုံးလှခြင်းမရှိပဲ ပိန်ပိန်ရှုံ့ရှုံ့နှင့်ဖြစ်ပြီး လခြမ်းတောင်၏အာလူးများမှာတော့ အလုံးလှလှနှင့် လုံးလုံးဝိုင်းဝိုင်းလေးများဖြစ်သည်။

ကျန်းဟန်သည် ဓားကိုလျင်မြန်စွာထုတ်လိုက်ပြီး ဝှေ့ယမ်းလိုက်၏။

ရွှမ်း ရွှမ်း ရွှမ်း...

အာလူးအခွံသည် အလုံးမှ လျင်မြန်စွာဖြင့်ပင် ကွာကျသွားသည်။

စားသောက်ဆိုင်ထဲတွင် အစားသောက်များမှာ အလွန်အရသာရှိရုံသာမက ကျန်းဟန်၏ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်သည်လည်း အလွန်လှပပေသည်။ ဟင်းပွဲပြင်ဆင်မှုကို ကြည့်ရှုနှုန်းမှာ လည်းအလွန်မြင့်မားပေသည်။ ဒက်ဒီကျန်းဟန်သာ ယူကျူ့ဘာ လုပ်ပါက ခဏလေးဖြင့် ဆေးဗားဘော်တွန်ရပေလိမ့်မည်။ သို့သော်လည်း ကျွန်ုပ်တို့ မီယမ်မာပြည်တွင် လာလုပ်ပါက ဒက်ဒီကျန်း၏စကေးကြောင့်တော့ ကြည့်ရှုနှုန်းမြင့်မည်မဟုတ်ဘဲ သူ၏ချောမောမှုကြောင့်သာ မြင့်မားပေလိမ့်မည်။ ဟင်းချက်နေစဉ် မာမီ ဇီယန်ကိုသာ ဘေးတွင်ခေါ်ထားပါက တစ်ရက်တည်းနှင့်ပင် ဂိုးဘော့တွန်ရပေမည်။

အာလူးကို ပြင်ဆင်ပြီးနောက်တွင် ကြက်သွန်နီနှင့်အခြားပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်သည်။

ကြိုတင်ပြင်ဆင်မှုများ ပြီးသည့်အခါ မွန်းတည့်ချိန်ကျော်နေပြီဖြစ်သည်။ စားသုံးသူများ တစ်ယောက်ပြီးတစ်ယောက် ‌ရောက်ရှိလာပြီး ပြတင်းပေါက်အနီးစားပွဲတွင် လူခြောက်ယောက်ပြည့်သွားသည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ ထိုခြောက်ဦးမှာ ဘေးချင်းကပ် စီချွမ်စားသောက်ဆိုင်မှ ဝန်ထမ်းများဖြစ်ကြသည်။ ဟင်းလျာများကို မြည်းစမ်းပြီးသည့်အခါတွင် သူတို့ကိုယ်သူတို့ ယခင်ကမလာခဲ့မိသည့်အတွက် အားမလိုအားမရဖြစ်ကာ နေ့လည်စာစားရန် အမြဲတမ်းလာကြသည်။

"သူဌေး ဒီနေ့ ကျွန်မတို့ တခြားတစ်ခုခု စားရမှာလား?"
ကျန်းဟန် အာလူးနှင့်သခွားသီးများ ပြင်ဆင်ထားသည်ကိုတွေ့သည့်အခါ လျန်မုန့်ချီ၏မျက်လုံးများ တောက်ပလာသည်။

"အင်း" ကျန်းဟန် ခေါင်းသာ ညိတ်ပြလိုက်သည်။

"အဲ့ဒါ ဘာတွေလဲ?" လျန်မုန့်ချီ လျင်မြန်စွာမေးလိုက်သည်။

"တို့ဟူးနဲ့ သခွားသီး" ကျန်းဟန် ပြန်ပြော၏။

-C 99 End

Continue Reading

You'll Also Like

219K 8.2K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
258K 16.7K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
88.7K 15.4K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
295K 12.2K 39
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...