အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃...
By daddyzhanghan
71K 6.1K 23
Godly Stay-Home Dad Author -Shan Wang Zhang အင်မော်တယ်ဖေဖေ ဘာသာပြန် - K Eros ဘာသာပြန်နှုန်း - တစ်ရက် ၂ ပိုင်း... More
Synopsis
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၈)
အပိုင်း(၁၅၀)
အပိုင်း(၁၅၁)
အပိုင်း(၁၅၂)
အပိုင်း(၁၅၃)
အပိုင်း(၁၅၄)
အပိုင်း(၁၅၅)
အပိုင်း(၁၅၆)
အပိုင်း(၁၅၇)
အပိုင်း(၁၅၈)
အပိုင်း(၁၅၉)
အပိုင်း(၁၆၀)
အပိုင်း(၁၆၁)
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅)
အပိုင်း(၁၆၆)
အပိုင်း(၁၆၇)
အပိုင်း(၁၆၈)
အပိုင်း(၁၆၉)
အပိုင်း(၁၇၀)
အပိုင်း(၁၇၁)
အပိုင်း(၁၇၂)
အပိုင်း(၁၇၃)
အပိုင်း(၁၇၄)
အပိုင်း(၁၇၅)
အပိုင်း(၁၇၆)
အပိုင်း(၁၇၇)
အပိုင်း(၁၇၈)
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁)
အပိုင်း(၁၈၂)
ဆက်ရန်....
အပိုင်း(၉၃)
352 32 1
By daddyzhanghan
အပိုင်း(၉၃)
"အဲ့ဒါ တကယ်ဖြစ်နိုင်ပါ့မလား?"
ဇီယန် တုံ့ဆိုင်းစွာပြောသည်။ နောက်ဆုံးတစ်ခေါက်တုန်းက ကျန်းဟန် ဤစကားပြောခဲ့သည့်အချိန်က ရှောင်ဟေး၏အမွှေးများမှာ အများနှင့်ခြားနားနေသောကြောင့် သူမ ဘာမှမပြောတော့ချေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ အကောင်သုံးဆယ်ကျော်နီးပါးရှိပြီး နည်းနည်းတော့ လွန်လွန်းသည့်ပုံရသည်။
"ငါဘာလို့ မင်းကို လိမ်ရမှာလဲ?"
ကျန်းဟန် ရယ်ရခက် ငိုရခက်ဖြင့် ဇီယန်ကို ကြည့်ကာ
"ငါမင်းကို မလိမ်ပါဘူး။ တကယ်လို့ မင်းစိတ်ပူနေတယ်ဆိုရင် ခွေးလေးတွေကို သွားကိုင်ကြည့်လိုက်ပါလား"
"ဟွန့်"
ဇီယန်သည် ကျန်းဟန်အား မျက်စောင်းထိုးလိုက်ပြီး
"ရှင့်က လူတွေကိုလှည့်စားတဲ့နေရာမှာ အရမ်းတော်တာကို၊ ရှင်အမှန်ပြောလား လိမ်ပြောလားဆိုတာ ဘယ်သူကသိမှာလဲ?"
ထိုသို့ဖြင့် ဇီယန်သည် မုန့်မုန့်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားပြီး မိန်းကလေးနှစ်ဘောက်သည် ခွေးကလေးများနှင့် အချင်းချင်းပြေးလွှား ခုန်ကစားနေကြပါတော့သည်။
ကျန်းဟန်သည် ဘေးမှရပ်နေကာ သူတို့နောက်သို့လိုက်ပါစီးမျောနေသည်။ ဤအခိုက်အတန့်တွင် မြက်ခင်းပြင်တွင် ဆော့ကစားနေကြသည့် သားအမိကို ကြည့်ရင်း သူ၏နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။
"ကျန်းဟန် ကျွန်မကို အိတ်ပေး"
ခဏလောက် ကစားခဲ့ပြီးနောက် ဇီယန်သည် ခေါင်းလှည့်ကာ ကျန်းဟန်ထံသို့ လက်ဆန့်လိုက်ရင်း ပြောလိုက်သည်။
ကျန်းဟန်သည် အိတ်ကို ကမ်းပေးလိုက်ပြီး ဇီယန်သည် အိတ်ထဲမှ နှစ်မီတာအချင်းရှိသော ကူရှင်အဝိုင်းတစ်ခုကို ထုတ်၍ မြက်ခင်းပြင်ပေါ်တွင် ခင်းလိုက်ရင်း မုန့်မုန့်ဆီသို့ လက်ဝှေ့ယမ်းကာ
"မုန့်မုန့်ရေ လာ ဒီမှာခဏလာနားလှည့်ဦး" ဟု အော်လိုက်သည်။
"ဟမ်...ဟာ မုန့်မုန့် မမောပါဘူး"
မုန့်မုန့်၏မျက်နှာမှာ ချွေးသီးများက ဖုံးလွှမ်းနေသည်။ မင်းသမီးလေးသည် စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် ရှောင်ဟေးကို စီးကာ အလုပ်များနေသဖြင့် ဇီယန်ကို ခေါင်းလှည့်မကြည့်ဘဲ ဖြေလိုက်သည်။
"မရဘူး။ မုန့်မုန့်ရေ ဒီကို မြန်မြန်လာ။ သမီးချွေးတွေရွှဲနေပြီ။ မေမေ သမီးကို ချွေးအရင်သုတ်ပေးမယ်" ဇီယန် ထပ်ပြောလိုက်သည်။
မုန့်မုန့်သည် အလွန်နာခံနေဆဲဖြစ်ပြီး သူမလေးသည် ရှောင်ဟေး၏ကိုယ်ကို လက်ဖြင့်ရိုက်ကာ
"ဝူး..ရှောင်ဟေး မေမေဆီသွားကြရအောင်"
"အာဝု...."
မုန့်မုန့်လေး သူ၏ကိုယ်ပေါ်မှ ပြုတ်ကျသွားမည်ကို အလွန်ကြောက်ရွံ့သဖြင့် ရှောင်ဟေးသည် ဂရုတစိုက်ဖြင့် နောက်သို့လှည့်လိုက်ကာ ဇီယန်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။
"ခစ်ခစ်..."
၎င်းကိုမြင်သည့်အခါ ဇီယန် မရယ်ဘဲမနေနိုင်ချေ။ ကျန်းဟန်အားကြည့်ကာ
"ရှင် ဒီလို မှော်ဆန်တဲ့ခွေးတစ်ကောင် ဘယ်ကရလာတာလဲ? အရမ်းအံ့ဩဖို့ကောင်းတာပဲ။ သူက လူ့သဘာဝကို နားလည်တယ်"
"အမ်...ဟမ့် ရှောင်ဟေးက...အဲဒီ...အဲ...ရွှေရောင်မြေကြီးအင်ပါယာခွေးပါ"
မုန့်မုန့်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူမလေးသည် အချိန်အတော်ကြာ စဉ်းစားသော်လည်း ရှောင်ဟေး၏ နာမည်အပြည့်အစုံကို စဉ်းစား၍မရသေးချေ။
၎င်းကိုမြင်သည့်အခါ ကျန်းဟန် ရယ်လိုက်ပြီး
"သမီးကို ဖေဖေပြောခဲ့တာ ရွှေရောင်သံမဏိချပ်ဝတ်အင်ပါယာခွေး။ သူ့နာမည်က ရှောင်ဟေး လို့လေ"
"ဟုတ်တယ် ဟုတ်တယ်။ အဲဒီ သံအိတ်စွပ် အင်ပါယာခွေး။ ရှောင်ဟေးက တကယ်အံ့ဩဖို့ကောင်းတယ်" မုန့်မုန့်သည် ရှောင်ဟေးကို စီးကာ ရှေ့သို့ရောက်လာပြီး ရှောင်ဟေး၏ကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း မြေပြင်ပေါ် ဆင်းလိုက်သည်။ မုန့်မုန့်သည် ဘေးမှ လျှောချလိုက်ပြီး ဇီယန်ဆီသို့ ဝမ်းသာအားရပြေးသွားသည်။
"မုန့်မုန့် ခဏထိုင်ပြီး နားပါဦး"
ဇီယန်သည် သူမအောက်ရှိ ကူရှင်ခေါ် ဖျာကို ပုတ်ပြလိုက်သည်။
မုန့်မုန့်သည် လျှောက်လာပြီး ဖျာပေါ်တွင် ဖင်ထိုင်ချလိုက်သည်။ ဇီယန်၏အမူအရာကို အတုခိုးပြီး ဖျာကို အကြိမ်အနည်းငယ် ပုတ်ပြကာ
"ဖေဖေ ခဏထိုင်ပြီး နားပါဦး" ဟု ပြောလိုက်သည်။
မင်းကိုမြင်သည့်အခါ ကျန်းဟန် ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး မုန့်မုန့်၏ညာဘက်တွင် ဝင်ထိုင်လိုက်သည်။
"ကြည့်စမ်းပါဦး ဘယ်လိုတွေကစားနေတာလဲ။ အရူးမလေးကျနေတာပဲ"
ဇီယန်သည် တစ်ရူးစက္ကူကို ထုတ်ကာ မုန့်မုန့်၏နဖူးပေါ်မှ ချွေးစက်များကို သုတ်ပေးလိုက်ပြီး ဦးထုပ်နှစ်လုံးထုတ်လိုက်သည်။
တစ်ခုမှာ ဇီယန်၏ဆောင်းနေကျပုံစံအတိုင်း ပန်းရောင်ဦးထုပ်ဖြစ်ပြီး အခြားတစ်ခုမှာ ချစ်စရာကောင်းသည် ပန်းရောင်ဦးထုပ်လေးဖြစ်သည်။
"လာ မုန့်မုန့် သမီးဦးထုပ်ဆောင်းလိုက်။ ဒါမှ သမီးနေမပူတော့မှာ"
ဇီယန်သည် ဦးထုပ်ကို ပေးလိုက်သည်။
"အမ်....ဟမ့် မဆောင်းဘူး။ မေမေကလည်း ဦးထုပ်ကို ဆောင်းလိုက်ရင် မုန့်မုန့်ရဲ့ ဆံပင်တွေ ရှုပ်ပွကုန်မှာပေါ့"
မင်းသမီးလေးသည် ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေဆဲဖြစ်ပြီး သူမလေး၏ကြည်လင်ကြီးမားသောမျက်လုံးများကို မှိတ်ကာ လေးနက်စွာ ပြောလိုက်သည်။ ကျန်းဟန်သည် ပုံမှန်အားဖြင့် သူမလေး၏ဆံပင်ကို သပ်သပ်ရပ်ရပ်မလုပ်တတ်ဘူးဆိုသည်ကို မေ့သွားသည့်ပုံရသည်။
"ပိုနီတေး(မြင်းမြီးဆံပင်ပုံစံ)က ဦးထုပ်ဆောင်းလိုက်ရင် မရှုပ်သွားပါဘူး။ ဒီမှာကြည့် မေမေ ဦးထုတ်ချွတ်ပြမယ်။ ရှုပ်မသွားဘူးမလား"
ဇီယန် ကိုယ်တိုင်လက်တွေ့သရုပ်ပြလိုက်ပြီး မေမေ၏ဆံပင်များ ရှုပ်ပွမသွားသည်ကို တွေ့သည်နှင့် ဦးထုပ်ကို ယူကာ ဆောင်းလိုက်သည်။
ဦးထုပ်ကို လူတိုင်းမဆောင်းနိုင်ကြပေ။ အချို့မှာ ဦးထုပ်ဆောင်းထားပါက ကြည့်မကောင်းကြ။ သို့သော် ဇီယန်နှင့် မုန့်မုန့်တို့ကဲ့သို့ သင့်တင့်သည့်ဦးခေါင်းအရွယ်အစားရှိသူများအတွက် ဦးထုပ် ၉၀ရာခိုင်နှုန်းကျော်ကို ဆောင်းနိုင်ကြပေသည်။
"မေမေ ဒီဦးထုပ်လေးက မုန့်မုန့်နဲ့ကြည့်လို့ကောင်းလား" မုန့်မုန့်သည် မျှော်လင့်ချက်များပြည့်နေသည့်မျက်နှာဖြင့် မေးလိုက်သည်။
"ကောင်းတယ် အရမ်းကောင်းတယ်" ဇီယန် ပြုံးကာ ပြောလိုက်သည်။
"ဖေဖေ ဒီဦးထုပ်နဲ့လှလား" မုန့်မုန့်သည် တခစ်ခစ်ရယ်မောကာ ကျန်းဟန်အားကြည့်၍မေးသည်။
"ဒါပေါ့ မုန့်မုန့်က ဦးထုပ်ဆောင်းထားရင်တောင်မှ ကမ္ဘာပေါ်မှာ အလှဆုံးမင်းသမီးလေးပဲ" ကျန်းဟန် ပြုံး၍ ပြန်ပြောသည်။
"ခစ်ခစ် မေမေက အရမ်းလှတယ်။ ဖေဖေကလည်း အရမ်းချောတယ်။ ပြီးတော့ မုန့်မုန့်လည်း အရမ်းလှတယ်"
မုန့်မုန့်သည် သူမလေး၏မျက်လုံးကြီးများကို မှိတ်တုတ်မိုတ်တုတ်လုပ်လိုက်သည်။ သူမ၏ဘယ်ဘက်လက်ကလေးက ဇီယန်၏ညာဘက်လက်ဖဝါးကို ဆွဲလိုက်ပြီး ညာဘက်လက်ကလေးက ကျန်းဟန်၏ဘယ်ဘက်လက်ဖဝါးကို ဆွဲကိုင်လိုက်သည်။
ဇီယန်သည် နောက်အခိုက်အတန့်တွင် ဘာတွေဖြစ်မည်ကို သိလိုက်ပြီး သူမ၏နှလုံးသားသည် နားမလည်နိုင်လောက်အောင် တင်းကျပ်လာသည်။ သို့သော်လည်း မုန့်မုန့်အား သူမ၏လက်ကို ဆုပ်ကိုင်ခွင့်ပြုထားသည်။
မုန့်မုန့်၏လက်ကလေးနှစ်ဖက်မှာ တဖြည်းဖြည်း ပို၍ နီးကပ်လာသည်။ တဖြည်းဖြည်းချင်း လက်ဖဝါးလေးခု ပေါင်းစပ်လိုက်သည်နှင့် ဇီယန်၏နူးညံ့လှပသော လက်ဖဝါးလေးက ကျန်းဟန်၏ လက်ဖဝါးနှင့် ထိတွေ့သွားသည်။ ဇီယန်သည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမ စိတ်လှုပ်ရှားနေရုံသာမက လက်ဖဝါးလေးပင် ထုံကျင်လာသည်ကို ခံစားလိုက်ရသည်။
"အာ...ဖေဖေ မေမေ့ရဲ့လက်ကို ကိုင်ထားလေ"
သူတို့လက်များမှာ မည်သို့မျှ မလှုပ်ရှားသည်ကိုသည့်အတွက် မုန့်မုန့်သည် စိတ်မရှည်စွာ ပြောလိုက်သည်။
ကျန်းဟန်သည် ညင်သာစွာပြုံးလို်ပြီး ဇီယန်၏ဖြူဖွေးနူးညံ့သော လက်ကလေးများကို သူ၏လက်ဝါးအတွင်းသို့ ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တွင် ဇီယန်၏ခန္ဓာကိုယ်မှာ အနည်းငယ်ထုံကျင်သလို ခံစားလိုက်ရသည်။ ၎င်းမှာ ကြောက်ရွံ့စိတ်လှုပ်ရှားသည့်ခံစားချက်မျိုး၊ မရင်းနီးသည့်ခံစားချက်မျိုး၊ ရှုပ်ထွေးသည့်ခံစားချက်မျိုး ဖြစ်သည်။
မြှားနတ်မောင် ခေါ် အချစ်နတ်ဘုရား ကျူးပစ် ထက်ပင် ပိုတော်သော အကောင်းဆုံးသော အောင်သွယ်တော်လေးဖြစ်သည့် မုန့်မုန့်သည်တော့ သူမလေး၏လက်နှစ်ဖက်ကို ရစ်ပတ်ဆုပ်ကိုင်ထားသည့် လက်ဖဝါးကြီးနှစ်ဖက်ကို ကြည့်ပြီး ဝမ်းသာအားရဖြင့်
"ရေး...ဖေဖေ နဲ့ မေမေ က မုန့်မုန့်နဲ့အတူတူ လိုက်ပြီး လုပ်ပေးတယ်။ မုန့်မုန့် အရမ်းပျော်တာပဲ...."
သူမလေးပြောနေရင်းဖြင့် မုန့်မုန့်သည် သူမ၏ဦးခေါင်းလေးကို သူတို့နှစ်ယောက်၏လက်ဖဝါးပေါ်သို့ မှီအိပ်လိုက်သည်။ မင်းသမီးလေးသည် ဤမြင်ကွင်းကို အမြဲစောင့်မျှော်နေခဲ့ခြင်းဖြစ်ပြီး ဖေဖေနှင့်မေမေတို့ အတူတူရှိနေကြသည်မှာ အပျော်ရွှင်ဆုံးကိစ္စပင်ဖြစ်သည်။
ဇီယန်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ ကျန်းဟန်ကို ကြည့်လိုက်သည့်အခါ ကျန်းဟန်လည်း သူမကို ကြည့်နေသည်အား တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြရင်း ကမ္ဘာကြီးမှာ ရပ်တန့်သွားသည့်ပုံရသည်။
သူ၏မျက်လုံးထဲမှ နွေးထွေးမှု၊ မျှော်လင့်ချက် နှင့် ရှက်ရွံ့မှု အရိပ်အယောင်တို့ကို သူမ တွေ့လိုက်ရသည်။
တစ်ယောက်ကို တစ်ယောက် ၁၀ စက္ကန့်ကြာသည့်တိုင် ကြည့်နေခဲ့ပြီး‌နောက် ဇီယန်မှာ လျင်မြန်စွာ ခေါင်းငုံ့သွားသည်။ သူမ၏ မျက်တောင်ရှည်များက အနည်းငယ် တုန်နေပြီး သူမ လုံးဝ တည်ငြိမ်မှုမရှိနေကြောင်း ဖော်ပြေနေသည်။
ကျန်းဟန်၏ နှလုံးသားထဲတွင်လည်း ထူးခြားမှုတစ်စုံတစ်ရာ ရှိနေသည်။ အလွန်ပျော်ရွှင်နေသည့် မုန့်မုန့်ကို ကြည့်လိုက်ရင်း သူ၏နှလုံးသားမှာ နူးညံ့လာသည်။
တကယ်တော့...ဒီတိုင်းလေးပဲ ဆက်ပြီးလုပ်နေလိုက်တာ ကောင်းပါတယ်...
ကျန်းဟန် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဤကဲ့သို့သော အတွေးမျိုး သူ၏စိတ်ထဲတွင် အမှန်တကယ် ပထမဆုံးအကြိမ်ဖြစ်သည်မှာ အမှန်ပင်။
နှစ်ယောက်သား နှစ်မိနစ်ခန့် လက်ကို ဆုပ်ကိုင်ထားကြသည်။ မုန့်မုန့်သည် လက်ကလေးနှစ်ဖက်ကို ဝှေ့ယမ်းကာ သီချင်းပင် ဆိုနေသည်။ ဇီယန်သည် တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့နေသည်။ ကျန်းဟန်သည်တော့ သားအမိနှစ်ယောက်အား နူးညံ့သည့်အကြည့်ဖြင့် ကြည့်နေသည်။
ကျန်းဟန်သည် လက်ဖဝါးမှ ချွေးများထွက်လာသည့်အခါ သူမ သူနေမလား စိတ်လှုပ်ရှားနေမလား မသိသဖြင့် ဇီယန်၏လက်ကို လွှတ်ပေးလိုက်သည်။ သူသည် ပြုံးကာ မုန့်မုန့်၏ခေါင်းကို ပွတ်ပေးရင်း
"မုန့်မုန့် ဖေဖေ အလုပ်တစ်တစ်ခုခုလုပ်တော့မယ်။ သမီးမေမေနဲ့ ဒီမှာ ကစားနေနော်"
"အမ်...ဟမ့် ဟမ့် ကောင်းပြီ။ မြန်မြန်လေးလုပ်နော် ဖေဖေ"
မုန့်မုန့်သည် သူမ၏အကောင်းဆုံးထောက်ပံ့မှုဖြင့်ပင် သူတို့ အချိန်ကြာကြာ လက်မကိုင်ထားကြဘူးဆိုသည်ကို ခံစားလိုက်ရသဖြင့် နှုတ်ခမ်းလေးစူကာ ပြန်ပြောသည်။
သူမလေးသည် ကျန်းဟန်အား မျက်လုံးကြီးများဖြင့် ကျန်းဟန်အား ကြည့်ကာ လက်ကလေးကို ဝှေ့ယမ်းပြလိုက်သည်။
"ကောင်းပါပြီဗျာ"
ကျန်းဟန် ရယ်မောလိုက်မိသည်။
ထရပ်လိုက်ပြီးနောက် သူမတို့အတွက် ပါရာဆိုထီးကြီးကို အရင်ဆုံးတပ်ဆင်ပေးလိုက်သည်။ ပြီးမှ တောင်ထပ်ရှိ ယန်မိုးကြိုးသစ်ပင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
"ဟူး..."
ကျန်းဟန်ထွက်သွားပြီးနောက်တွင် ဇီယန်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သူမ၏နှလုံးခုန်သံများမှာတော့ မြန်နေဆဲဖြစ်သည်။
လက်ကိုင်ထားရုံပဲမဟုတ်ဘူးလား...ဇီယန် နင်ဘာလို့ အရမ်းရှက်နေရတာလဲ....
ငါ ဘာတွေဖြစ်နေတာလား....
ဘာလို့ သူနဲ့လက်ကိုင်ထားရတာက မိုးကြိုးပစ်သလိုမျိုး ခံစားနေရတာလဲ။ အဲဒီတုန်းအချိန်တုန်းကဆို သူနဲ့ငါ....
ထိုသို့မဟုတ်လျှင် မုန့်မုန့်လည်း ပေါ်လာလိမ့်မည်မဟုတ်ပေ။ ထိုအချိန်တွင် သူတို့ နှစ်ဦးလုံး မှင်တက်သွားခဲ့ကြပြီး မသိစိတ်က အရာအားလုံးကို အတူတကွပြီးဆုံးသွားစေခဲ့သည်။ ထိုအချိန်က ခံစားချက်မှာ ယခုထိ မရှင်းမလင်းပင်ရှိသေးသည့်အတွက် သူမနှင့်ကျန်းဟန်တွင် ထူးဆန်းသည့်ခံစားချက်တစ်ခု ရှိနေဆဲဖြစ်သည်။
အားလုံးသိကြသည့်အတိုင်းပင်။
စုံတွဲတစ်တွဲသည် လက်ချင်းချိတ်၊ ပွေ့ဖက်၊ နမ်းရှုံ့ ကြသည့်အခါ လုံးဝ မမေ့နိုင်သည့် အခိုက်အတန့်ပင်ဖြစ်ကြသည်။ မူရင်းဆရာက အားလုံးသိကြသည့်အတိုင်းပင် ဟု ဆိုထားသော်ငြားလည်း FA ကောင်တွေတော့ သိကြမည် မထင်ပေ။ ထို့အတူ ဘာသာပြန်သူ ကျွန်တော်လည်း မသိပါပေ။
ဇာတ်လမ်းသို့ ပြန်သွားရသော်။
၎င်းမှာ မေ့မရနိုင်သည့် အတွေ့အကြုံ့တစ်ခုဖြစ်ပြီး စိတ်ပိုင်စိတ်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများမှာ ပို၍ပင် ပြင်းထန်လာကြသည်။ ဥပမာဆိုရသော်၊ လက်ဖဝါးချင်း၊ ခန္ဓာကိုယ်ချင်း၊ အသားချင်းထိမိသည့်အခါ ဓာတ်လိုက်သကဲ့သို့ ထုံကျင်သည့် ခံစားချက်ကို ပေးစွမ်းသည်။ လူအများစုက ၎င်းမှာ အရူးအမူးစွဲလမ်းသည့်ကာလဟု ခေါ်ဆိုကြသည်။
သူတို့နှစ်ဦးမှာ မုန့်မုန့်ရှိသော်လည်း အမှန်တကယ်သမီးရည်းစားများမဟုတ်ကြပေ။ အချို့သော တုံ့ပြန်မှုများမှာ ပုံမှန်ပင်ဖြစ်သည်။
ကျန်းဟန်သည်တော့ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ ဤအခိုက်အတန့်တွင် သူသည် ယန်မိုးကြိုးသစ်ပင်အောက်ခြေသို့ လျှောက်သွားပြီး အိမ်မွေးတိရိစ္ဆာန်ဧရိယာတွင် ထိုင်နေသည့် ဇီယန်နှင့် မုန့်မုန့်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ဖဝါးကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
အနည်းငယ်နောင်တရစရာကောင်းပေသည်။ ဇီယန်၏ဖြူဖွေးနူးညံ့နေသည့်လက်ကမှာ အလွန် နူးညံ့ပြီး ကိုင်လို့ကောင်းပေသည်။
"ကဲ အလုပ်လုပ်လိုက်ရတာပေါ့"
ကျန်းဟန် ရယ်မောကာ ခေါင်းယမ်းလိုက်သည်။ ထိုနောက် အိတ်ကပ်ထဲမှ လည်ဆွဲကို ထုတ်ယူလိုက်၏။
"အနာဂတ်မှာ...." ကျန်းဟန် လည်ဆွဲကို ကြည့်လိုက်ပြီးနောက် ဇီယန်ဘက်သို့လှည့်ကြည့်လိုက်ကာ နူးညံ့စွာ ရေရွတ်လိုက်သည်။
"ကိုယ် မင်းကို မိုးကောင်းကင်တခွင်မှာ အကောင်းဆုံးလည်ဆွဲကို ပေးမယ်"
ကျန်းဟန်နှင့် ဇီယန် နှစ်ယောက်လုံးသည် လွတ်လပ်ကာ ဖွံ့ဖြိုးသည့်အတွေးအမြင်ကိုယ်စီရှိကြပြီး အနာဂတ်တွင် သူတို့နှစ်ယောက် ဆက်ဆံရေးမှာ အောင်မြင်မည်လားဆိုသည်ကို မသိရသေးသော်လည်း ကျန်းဟန်၏အမြင်တွင် သူတို့နှစ်ယောက် သဘာဝအတိုင်းပင် အောင်မြင်သွားမည်ဖြစ်သည်။ မသိလိုက်စွာပင် ကျန်းဟန်သည်ကို ဇီယန်ကို လက်ခံလိုက်ပြီးသွားပြီဖြစ်ပြီး၊ ဇီယန်၏သဘောထားကိုကြည့်ရသည်မှာ သူမလည်း ကျန်းဟန်အား လက်ခံတော့မည်ဖြစ်သည်။
၎င်းမှာ အနည်းနှင့်အများဆိုသလို ဇီယန်နှင့်ကျန်းဟန်တို့စိတ်ထဲတွင်ရှိပေသည်။
ကျန်းဟန်သည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး လည်ဆွဲကိုကိုင်ထားသည့် လက်ထဲမှာ စွမ်းအင်အချို့ကို အသုံးပြုလိုက်သည်။ လည်ဆွဲကြိုးလေးမှာ ကျိုးပဲ့သွားပြီး မြေပြင်ပေါ်ပြုတ်ကျသွားသည်။ အသည်းနှလုံးပုံသဏ္ဍာန် ကျောက်တုံးလေးကို ဆုပ်ကိုင်ထားသည့် ကျန်းဟန်၏လက်မှာ ရုတ်တရက် ပွင့်ဟလာပြီး ယန်မိုးကြိုးသစ်ပင်ပေါ်သို့ ဖိချလိုက်သည်။
"အိုစီသလင်းကျောက်!"
ကျန်းဟန် မျက်လုံးမှေးစင်းသွားသည်။ သူ၏ကိုယ်ထဲရှိ စိတ်ဝိဉာဉ်စွမ်းအင်များကို လက်ဖဝါးအတွင်းသို့ အဆက်မပြတ်စုစည်းကာ အိုစီသလင်းကျောက်မှ စွမ်းအင်များကို ဆွဲယူနေသည်။
"ဘန့်!"
အလွန်တိုးညှင်းသည့်အသံတစ်ခုထွက်ပေါ်လာပြီး မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုသည် ယန်မိုးကြိုးသစ်ပင်ကို ဝန်းရံသွားသည်။ ထိုနောက် ၎င်းလှိုင်းလုံးကြီးမှာ ယန်မိုးကြိုးသစ်၏ စုပ်ယူခြင်းခံလိုက်ရသည်။
အိုစီသလင်းကျောက်၏စွမ်းအင်များသည် ယန်မိုးကြိုးသစ်ပင်ဆီသို့ စီးဆင်းသွားသည်။ ငါးမိနစ်အကြာတွင် အိုစီသလင်းကျောက်၏စွမ်းအင်များသည် လုံးဝပျောက်ကွယ်သွားပြီး အသည်းနှလုံးပုံသဏ္ဍာန်ကျောက်တုံးလေးသည် လေနုအေးကလေးနှင့်အတူ အမှုန့်များအဖြစ်သို့ ပြောင်းလဲကာ လွင့်မျောသွားသည်။
အိုစီသလင်းကျောက်မှထွက်လာသည့် စွမ်းအင်များသည် ယန်မိုးကြိုးသစ်ပင်နှင့်ပြည့်လျှံနေသည်။
"သန့်စင်စမ်း!"
ရုတ်ချည်းပင် သလင်းကျောက်စွမ်းအင်များကို စိတ်ဝိဉာဉ်စွမ်းအင်များအဖြစ်ဆွဲယူလိုက်သည့်အတွက် ကျန်းဟန်၏အကြည့်များသည် စူးရှသွားသည်။ စွမ်းအင်များမှာ မီးကျောက်စိမ်းနှင်းစက်ပေါ်တွင် အဆက်မပြတ်စုစည်းသွားပြီး ၎င်းကို သန့်စင်တော့သည်။
အညစ်အကြမ်းများရှိနေသည့် မီးကျောက်စိမ်းနှင်းစက်မှာ အဖြူရောင်နှင့်အစိမ်းရောင် ရောနှောနေသည်။ သလင်းကျောက်စွမ်းအင်၏ ကျူးကျော်ဝင်ရောက်မှုအောက်တွင် အစိမ်းရောင်အညစ်အကြေးများမှာ တဖြည်းဖြည်း လျော့နည်းလျော့နည်းလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားကာ အညစ်အကြေးများကင်းစင်သွားသည့် နို့နှစ်ဖြူရောင်မီးကျောက်စိမ်းနှင်းစက်ကို ချန်ရစ်ထားခဲ့သည်။ ဤမီးကျောက်စိမ်းနှင်းစက်သည် ဒုတိယအဆင့် စိတ်ဝိဉာဉ်ရတနာဖြစ်သွားချေပြီ။
မီးကျောက်စိမ်းနှင်းစက်ကို သန့်စင်ခြင်းမှာ သလင်းကျောက်စွမ်းအင် သုံးပုံ နှစ်ပုံ သုံးလိုက်ရသည်။ ကျန်ရှိသည့် တစ်ပုံကိုတော့ ယန်မိုးကြိုးသစ်ပင်ထဲတွင် ယာယီသိုလှောင်ထားလိုက်သည်။
-C 93 End
Continue Reading
You'll Also Like
223K 5.5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
103K 16.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
234K 6.2K 64
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 52.4K 45