အပိုင်း(၈၅)
အလွန်လျင်မြန်စွာဖြင့်ပင် ကျန်းဟန်သည် ကိုလာတစဘူးနှင့် ဘီယာတစ်ဘူးယူလာပေးသည်။
"ရော့ သောက်လိုက်ပါဦး"
ကျန်းဟန် ဘူးကိုဖောက်လိုက်ပြီး ဇီယန်အား ကမ်းပေးလိုက်သည်။ ထို့နောက် သူသည် ဘီယာပုလင်းကိုမြှောက်လိုက်ပြီး ဇီယန်၏ကိုလာဘူးနှင့် ဘူးချင်းတိုက်လိုက်သည်။
ဇီယန်သည် ပြုံးနေသည့်ကျန်းဟန်အား အူကြောင်ကြောင်ဖြင့် ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကျန်းဟန်သည် အမှန်တကယ်ချောမောသည်ဟု သူမခံစားရသည်။
မာနထောင်လွှားသော ပေကျင်း၏သခင်လေး ၄ ယောက်အနက်မှ တစ်ယောက်ဖြစ်သည့် ကျန်းဟန်သည် ဤကဲ့သို့ ဂရုစိုက်တတ်သည့်သူတစ်ယောက်ဖြစ်လာသည်က ဇီယန်ကို အနည်းငယ်စိတ်လှုပ်ရှားသွားစေသည်။
ဂလွတ် ဂလွတ်
ကိုလာ နှစ်မော့သောက်လိုက်ပြီးနောက် ဇီယန်သည် သူမ၏စိတ်ထဲမှာ ရှုပ်ထွေးမှုများကို လုံးဝ မြိုသိပ်လိုက်ကာ သူမတစ်ကိုယ်လုံး လန်းဆန်းသွားသည်။
"ဟင်း..."
ဇီယန် မတ်တပ်ထရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။ ထိုနောက် သူမ ပျင်းရိစွာ ပြောလိုက်သည်။
"ဒီရက်တွေအတွင်းမှာ အရမ်းအလှုပ်ရှုပ်နေခဲ့တာ။ နောက်ဆုံးတော့ ငါ အနားယူနိုင်ပြီ"
သူမကျန်းဟန်း၏ရှေ့တွင် အကြောဆန့်လိုက်မိသည်ကိုတော့ နည်းနည်းလေးမှ သတိမထားမိလိုက်ပေ။ သူမ၏ ညှို့ယူနိုင်စွမ်းမြင့်မားသော ရှေ့သို့မို့နေသည့် ရင်နှစ်မွှာနှင့် လုံးဝန်းသည့်တင်ပါးတို့ဖြင့် အင်္ဂလိပ်အက္ခရာ အက်စ်(S) ပုံသဏ္ဍာန် အမို့အမောက် အကွေ့အကောက်များကား ပြီးပြည့်စုံနေပြီး သူမ၏ သူမတူအောင်လှပလွန်းလှသည့် မျက်နှာလေးနှင့် လိုက်ဖက်ညီစွာ ထွက်ပေါ်လာသည်။
သူမ....
ကျောက်စိမ်းမိန်းမပျို၏ရုပ်ရည်နှင့်ယှဉ်လျှင်ပင် သူမလုံးဝ နိမ့်ကျမည်မဟုတ်ပေ။
ကျန်းဟန် သူ၏စိတ်ထဲမှာ ချီးကျူးလိုက်သည်။ အချိန်ကိုကြည့်လိုက်သည့်အခါ မနက်တစ်ရာရီခန့်ရှိပြီဖြစ်ပြီး ကျန်းဟန် အနည်းငယ် စဉ်းစားလိုက်ကာ ဇီယန်အား သူမ၏လည်ဆွဲပေါ်မှ အိုစီသလင်းကျောက်အကြောင်းကို မေးရန် ပြင်လိုက်သည်။
"ဟင်?" ဇီယန် ရုတ်တရက်အော်လိုက်ပြီး
"ရှင် မုန့်မုန့်ရဲ့ ဓာတ်ပုံရိုက်ထားတာလား? အရမ်းလှတာပဲ!"
ဇီယန်၏အကြည့်များသည် စန္ဒယားဘက်ခြမ်းနံရံရှိ ဓာတ်ပုံများပေါ်သို့ ရောက်ရှိသွားပြီး သူမစိတ်ဝင်စားမှုကြောင့် လျှောက်သွားလိုက်သည်။
"အင်း...ပြီးခဲ့တဲ့ ရက်နည်းနည်းက ရိုက်ထားတာ"
ကျန်းဟန် ဘီယာဘူးကို ချလိုက်ပြီး သူမနောက်သို့လိုက်သွားသည်။
"အရမ်းလှတယ်"
ဇီယန်၏မျက်ဝန်းများတွင် ချစ်မြတ်နိုးမှုများ ပြည့်လွှမ်းနေသည်။ သူမ၏သမီးလေးမှာ အလွန်လှပနေရာ အမေတစ်ယောက်အနေဖြင့် သူမအလွန်ပျော်ရွှင်ပေ၏။
သို့သော်လည်း ကျန်းဟန်နှင့်မုန့်မုန့်တို့၏ ပုံကို တွေ့လိုက်ရသည့်အခါ သူမရုတ်တရက် မှင်တက်သွားသည်။
"ရှင်တို့ နှစ်ယောက်အတူတူရိုက်ထားတာလည်း ကြည့်လို့ကောင်းတယ်" ဇီယန် နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
ထိုဓာတ်ပုံ အလွန်လှပသည်မှာ အမှန်တကယ်ဖြစ်ပြီး ဇီယန် မနာလိုပင်ဖြစ်သွားသည်။
အခန်းထဲတွင် မုန့်မုန့်နှင့်ကျန်းဟန်၏ပုံများသာရှိပြီး သူမ၏ပုံမရှိချေ။
မုန့်မုန့်သည် သူမ၏သမီးဖြစ်ပြီး သူမသည် မုန့်မုန့်၏မေမေဖြစ်သည်။၊ ဓာတ်ပုံများသည်တော့ သူမနှင့်သက်ဆိုင်သည့်အရာ တစ်ခုမှမရှိပေဘူးလား?
"ကျွန်မပုံ ဘယ်မှာလဲ?" ဇီယန် ခဏလောက် တိတ်ဆိတ်နေပြီး ရုတ်တရက် ပြောလိုက်သည်။
"ဘာပုံလဲ?"
ကျန်းဟန် ဇီယန်ကိုကြည့်ကာ မေးလိုက်သည်။
"ကျွန်မရဲ့ပုံကိုလည်း ဘောင်နဲ့ထည့်ထားပါ" ဇီယန် နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး ကျန်းဟန်အားကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ မနက်ဖြန် ဓာတ်ပုံဘောင် နည်းနည်းဝယ်ပြီး မင်းရဲ့ပုံတွေကို ဒုတိယထပ်မှာ ချိတ်ထားလိုက်မယ်"
ကျန်းဟန် ပေါ့ပေါ့ပါးပါးပင် ပြုံးကာ ပြောလိုက်၏။
"အဲ့လိုမရဘူး။ ကျွန်မ ပထမထပ်မှာပဲ ချိတ်ချင်တယ်"
ဇီယန် နှုတ်ခမ်းလေးစူကာ လေသံမာဆတ်ဆတ်ဖြင့် ပြောသည်။
"ပထမထပ်က ပုံတွေပြည့်နေပြီလေ။ ဒီပုံတွေအကုန်လုံးက မုန့်မုန့်နဲ့ကိုယ်နဲ့ သေချာရွေးထားတာတွေချည်းပဲ" ကျန်းဟန် သူမအား ထူးထူးဆန်းဆန်းကြည့်လိုက်သည်။
ဒုတိယထပ်မှာ ချိတ်တာလည်း အတူတူပဲ မဟုတ်ဘူးလား?
"ကျွန်မဂရုမစိုက်ဘူး။ ကျွန်မရဲ့ပုံတွေကို ပထမထပ်မှာ ချိတ်ချင်တယ်"
ဇီယန် အသက်ခပ်ပြင်းပြင်းရှူကာ ကျန်းဟန်အား လုံးဝ အလျှော့မပေးသည့်အကြည့်ဖြင့် တည့်တည့်စိုက်ကြည့်လိုက်သည်။
"အဲ့လိုလုပ်လို့မဖြစ်ဘူး။ ငါသဘောတူရင်တောင် မုန့်မုန်က သဘောတူမှာမဟုတ်ဘူး"
ကျန်းဟန် ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းပယ်လိုက်သည်။
"မုန့်မုန့် သဘောတူလိမ့်မယ်။ ကျွန်မရဲ့ပုံတွေကို ဒီမှာပဲ ချိတ်ရမယ်"
ဇီယန်သည် ကျန်းဟန်အား သူမ၏ကြီးမားဝိုင်းစက်ပြီး ကြည်လင်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူမ၏မျက်လုံးများက သူသာ သဘောမတူလျှင် ဒီနေရာတွင်ပဲ ဆက်၍ ငြင်းခုံနေလိမ့်မည်ဟု ပြောနေသည့်ပုံပင်။
သို့သော် သူမ၏မျက်လုံးများတွင် မကျေနပ်မှုနှင့် စိတ်ဓာတ်ကျမှုတို့လည်း ရှိနေသည်။ ဤစားသောက်ဆိုင်တွင် သူမဓာတ်ပုံချိန်ထားပါက သူမတွင် အိမ်ရှင်မတစ်ယောက်၏အသွင်အပြင်ဖြစ်သွားနိုင်သလား?
ကြည့်ရတာ...သူမက. သဌေးကတော်မဟုတ်သေးဘူးပဲ။
ကျန်းဟန်သည် ဇီယန်အား ကြည့်ကာ အရှုံးပေးလိုက်သည်။
"ကောင်းပြီ ကောင်းပြီ မင်းရဲ့ပုံတွေကို ဒီမှာ ချိတ်လိုက်မယ်။ ဒါပေမဲ့ ဒီမှာ ဓာတ်ပုံဘောင်ခြောက်ခုရှိတယ်။ အကုန်လုံးတော့ မလိုဘူးမလား။ ငါမင်းအတွက် ဓာတ်ပုံဘောင်တစ်ခုပေးမယ်"
"တစ်ခုလား"
ဇီယန်၏မျက်လုံးများ တဖြည်းဖြည်းပြူးကျယ်လာပြီး သူမ ခပ်ရေးရေးနှာမှုတ်လိုက်ကာ
"တစ်ခုတည်းနဲ့ ဘယ်လိုရမှာလဲ။ ကျွန်မ အနည်းဆုံး ၄ ခုလိုတယ်..."
"လေးခုက အရမ်းမများဘူးလား? မင်းမှာ ဘာလို့ ဓာတ်ပုံအများကြီးရှိနေရတာလဲ?"
ကျန်းဟန် ပြန်ပြောသည်။
"ဘာဖြစ်လဲ? ရှင်ကျွန်မကို မုန်းလို့လား? ကျွန်မက မလှလို့လား? ကျွန်မပုံလေးနည်းနည်းချိတ်တာကို ဘာဖြစ်နေလို့လဲ?"
ဇီယန်သည် ကျန်းဟန်အား ဒေါသတကြီးကြည့်လိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး...."
ကျန်းဟန် ခေါင်းတစ်ခုလုံးပေါက်ကွဲတော့မတတ်ခံစားနေရသည်။
ဇီယန်နှင့်ခဏတာစကားပြောရသည်မှာ ဈေးဆစ်ကြမ်းသည့်သူနှင့် ငြင်းခုံနေရသကဲ့သို့ပင်။ နောက်ဆုံးတွင်တော့ ဇီယန်၏ပုံပါသော ဓာတ်ပုံဘောင်နှစ်ခုကို ချိတ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။
ဟမ့်..ကျွန်မရှင့်ကို ဓာတ်ပုံတွေ့ အခု ပို့ပေးလိုက်မယ်။ ရှင် ဒါတွေကို ပုံထုတ်ပြီးတော့ တစ်ခုကို ဘယ်ဘက်မှာချိတ် တစ်ခုကို ညာဘက်မှာချိတ်ထားလိုက်။ နားလည်တယ်မလား?
အဆုံးသတ်တွင် ဇီယန်သည် အောင်နိုင်သူတစ်ယောက်၏အပြုံးကို ထုတ်ဖော်ကာ အလွန်လှပသည့် ဓာတ်ပုံနှစ်ပုံကို ကျန်းဟန်ထံ မက်ဆေ့ပို့လိုက်သည်။
ကျန်းဟန် တစ်ချက်ကြည့်လိုက်ပြီးနောက် ယခင်ဓာတ်ပုံစတူဒီယိုဝန်ထမ်းဆီသို့ ယွမ်ငါးရာတန် စာအိတ်နီ တစ်ခုပို့ပေးကာ နောက်တစ်နေ့တွင် ဓာတ်ပုံပို့ပေးရန် ပြောလိုက်သည်။
ဤကိစ္စကို ဖြေရှင်းပြီးနောက် ဇီယန် စိတ်ကျေနပ်သွားသည်။သူမသည် စန္ဒယားရှေ့ရောက်သည်အထိ အနည်းငယ်လမ်းလျှောက်လိုက်သည်။
"ရှင် စတိန်းဝေးကို ဘယ်လိုဝယ်ခဲ့တာလဲ?"
ဇီယန်သည် သူမ၏နူးညံ့သည့်လက်ချောင်းလေးများကို ဆန့်ထုတ်ကာ စန္ဒယားကို ညင်သာစွာပွတ်လိုက်သည်။
"အလှဆင်ဖို့လို့ ဘယ်သူကပြောလဲ?"
ကျန်းဟန် အကူအညီမဲ့စွာ ရယ်လိုက်သည်။ အဘယ်ကြောင့် ဇီယန်၏မျက်လုံးထဲတွင် သူသည် ဘာမှသုံးမရသည့်ပုံပေါက်နေရသနည်း။
"ဘာလဲ? ရှင့်ရဲ့လေသံအရတော့ ရှင်ကစန္ဒယားတီးတတ်တာလား?"
ဇီယန်သည် ကျန်းဟန်အား လှပသည့်မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာပြောရမှန်းတောင်မသိတော့ဘူး"
ကျန်းဟန် ခေါင်းယမ်းလိုက်ပြီး
"ငါ အသက် ၁၁ နှစ် တုန်းက စန္ဒယားမှာ အဆင့် ၁၀ ရောက်နေပြီ။ အဲ့ထက်ပိုပြီးမတီးတတ်တော့ဘူး"
"ရှင်တကယ်ကြီး ပြောနေတာလား?"
စန္ဒယားကို အဆင့် ၁ မှ ၁၀ အထိ သတ်မှတ်ထားပြီး ၎င်းမှာ အပျော်တမ်းအဆင့်အမျိုးအစားခွဲခြားမှုသာဖြစ်သည်။ အဆင့် ၁၀ သို့ရောက်ရှိရန် မခက်သော်လည်း ထိုအဆင့်သို့တက်နိုင်ရန် ဂီတအကယ်ဒမီမှ ဘွဲ့ရကျောင်းသားတစ်ယောက်ဖြစ်ရန်လိုသည်။
သို့သော်လည်း သူသည် အပျော်တမ်းတစ်ယောက်ဖြစ်လျှင်ပင် အဆင့် ၁၀ မှာ အထင်ကြီးလောက်စရာဖြစ်နေဆဲပင်။ ကျန်းဟန်သည် စန္ဒယားတီးတတ်ပြီး ဂီတကို မြတ်နိုးသည့်အတွက် သူနှင့် တူညီသည့်အရာတစ်ခု ရှိသင့်သည်ဟု သူမခံစားမိသည်။
ပြောရလျှင် စန္ဒယားတီးတတ်သည့်ယောက်ျားမှာ မိုက်ပေသည်။
"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ?"
ကျန်းဟန် ပြောစရာစကားမဲ့သွားသည်။
ဇီယန်နှင့်ထိတွေ့ဆက်ဆံသည့်အချိန်ကတည်းက သည်ကောင်မလေးသည် အဘယ်ကြောင့် သူ့အား မယုံကြည်ရသနည်း။
"ဒါဆို မနက်ဖြန်ကျရင် ကျွန်မအတွက် စန္ဒယားတီးပေး"
ဇီယန် အနည်းငယ် ရှက်သွေးဖြာရင်း ပြောလိုက်သည်။
"ကောင်းပြီ"
ကျန်းဟန် ချက်ချင်း သဘောတူလိုက်သည်။ အချိန်မှန်ရောက်ပြီဟု သူယူဆလိုက်သောကြောင့် အိုစီသလင်းကျောက်လေးကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။
ဇီယန် သူ၏အကြည့်ကိုမြင်လိုက်ရသည့်အခါ သူမ၏ကိုယ်မှာ ရုတ်တရက် တောင့်တင်းလာသည်ကို ခံစားလိုက်ရသည်။ သူမ၏သေးသွယ်သွယ်ခါးလေးကို လိမ်လိုက်ကာ အော်လိုက်သည်။
"ရှင်ဘာကြည့်နေတာလဲ?"
သူမ၏စကားမှာ မှန်သော်လည်း ဇီယန် သူမကိုယ်သူမ အနည်းငယ် ဂုဏ်ယူနေမိသေးသည်။ သူမ ဤကဲ့သို့ ဝတ်ဆင်လာရသည့်အကြောင်းအရင်းမှာလည်း အစ်ကိုဝက်ကြီးကျန်းဟန်၏ယခု တုံ့ပြန်မှုကို မြင်တွေ့ချင်သည့်အတွက်ကြောင့်ပင်မဟုတ်ပါလား။
"အဟမ်း...အဟမ်း"
ကျန်းဟန် ချောင်းဟမ့်လိုက်ပြီး
"မင်းရဲ့ လည်ဆွဲက တော်တော်လှလို့ကြည့်နေတာ" ဟု ပြောလိုက်သည်။
"ဟွန့် တော်တော်အပြောကောင်း"
ဇီယန် ဟွန့်ခနဲ့လုပ်လိုက်ပြီး ဆိုဖာဆီသို့ ပြန်သွားလိုက်၏။ ထိုင်ချလိုက်ပြီးနောက် ကိုလာတစ်မော့သောက်ကာ ကျန်းဟန်အား မျက်စောင်းထိုးလိုက်သည်။
သူမ၏အမြင်တွင် ကျန်းဟန်၏ရှင်းပြချက်သည် သူမ ကြည့်ကောင်းသည်ကို ဖုံးကွယ်ရန် အကြောင်းပြချက်ပင်ဖြစ်သည်။ သူမတွင် မျက်စိများကောင်းနေပါလျက်နှင့် အဘယ်ကြောင့် သူက အတိတ်တုန်းကကဲ့သို့ သစ်တုံးကြီးနှင့် တူနေရသနည်း။
ကျန်းဟန်သည် ဇီယန်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် တစ်ခါတည်းတန်းပြောချလိုက်သည်။
"မင်းရဲ့လည်ဆွဲကို ငါ့ကို ပေးလို့ရမလား?"
"လည်ဆွဲလား?"
ဇီယန်အနည်းငယ် ကြောင်အသွားပြီး မသိစိတ်ကမေးလိုက်မိသည်။
"ရှင်က ဘာအတွက်လိုချင်တာလဲ?"
"အဲ့ဒါက ငါ့အတွက်အသုံးဝင်တယ်"
ကျန်းဟန် အမှန်တိုင်းပင် ပြောလိုက်သည်။
ကျန်းဟန် နောက်ပြောင်နေခြင်း မဟုတ်သည်ကိုမြင်တော့ အမှန်တကယ်လည်ဆွဲလှပသည့်အကြောင်း တကယ်ကြီးပြောနေသည်ကို ဇီယန်နောက်ဆုံးတွင် နားလည်သွားသည်။
ဤအချက်ကိုတွေးမိရင်း ဇီယန် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။
"အင်း..."
ကျန်းဟန် သက်ပြင်းတစ်ချက်ချလိုက်ပြီး အကူအညီမဲ့သည့်လေသံဖြင့် ပြောလိုက်သည်။
"ဒါက ငါ့အတွက်တင် မဟုတ်ဘူး မုန့်မုန့် ၊ မင်းနဲ့ တခြားဘယ်သူ့အတွက်မဆို အသုံးဝင်တယ်"
အိုစီသလင်းကျောက်ဖြင့် မီးကျောက်စိမ်းနှင်းစက်ကို ဒုတိယအဆင့်စိတ်ဝိဉာဉ်ရတနာအဖြစ်သို့ မြှင့်တင်နိုင်ရုံသာမက သန့်စင်သောယန်ရေကိုလည်း ပြောင်းလဲပေးနိုင်သည်။ သူ့တွင် ရေပမာဏမှာ အဆပေါင်းများစွာ တိုးပွားလာနိုင်သည်။ ဤနည်းဖြင့် ကျန်းဟန်သည် နွားနှင့်သိုးကဲ့သို့သော အရွယ်ရောက်ပြီးသား တိရစ္ဆာန်များကို ဝယ်ယူကာ သန့်စင်သောယန်ရေကို တိုက်ရိုက်တိုက်ကျွေးနိုင်သည်။ ရေကို အချိန်အတော်ကြာ မသောက်သုံးလျှင်ပင် နယ်မြေ၏စိတ်ဝိဉာဉ်မြေဆီလွှာနှင့်ရေကိုလည်း သွယ်ဝိုက်၍ အာဟာရဖြည့်ပေးနိုင်သည့်အတွက် ၎င်း၏အသုံးဝင်မှုမှာ အလွန်ကြီးမားနေသေးသည်။
"ဒါဆို ဒါကို ဘာအတွက်သုံးရတာလဲ ကျွန်မကိုပြောပါဦး"
ဇီယန်၏လေသံမှာ အနည်းငယ် တုံ့ဆိုင်းနေသည်။ မုန့်မုန့်နှင့်ပတ်သက်လျှင် သူမ အကြီးမားဆုံး တတ်နိုင်သမျှလိုက်လျောပေးလိုက်မည်ဖြစ်သည်။
"ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို သွယ်ဝှိုက်ပြီးတော့ တိုးတက်စေနိူင်တယ်ဆိုပဲ မင်းသိထားဖို့ လိုပါတယ်"
ကျန်းဟန် အနည်းငယ်ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မရဘူး"
ဇီယန် သူ့အား နောက်တစ်ကြိမ် ငြင်းဆန်လိုက်ပြန်သည်။
"ဘာလို့လဲ?"
ဇီယန်ကို ကြည့်ရင်း ကျန်းဟန် ရယ်ရမလား ငိုရမလားပင် မသိတော့။
"ရှင်ကျွန်မကို ဘာလက်ဆောင်မှတောင် မပေးရသေးဘူး။ ကျွန်မက ဘာလို့ အရင်ပေးရမှာလဲ? ပြီးတော့ ဒီလည်ဆွဲက ငယ်ငယ်တုန်းက အဖိုးပေးခဲ့တဲ့ အမှတ်တရလက်ဆောင်"
ဇီယန် နှုတ်ခမ်းလေးစူလိုက်ပြီး သူမ၏မကျေနပ်ချက်ကို ထုတ်ဖော်လိုက်သည်။ ရက်အတော်ကြာ တွေ့ဆုံခဲ့ပြီးနောက် ကျန်းဟန်သည် သူမအား မည်သည့်လက်ဆောင်မျှမပေးဖူးသလို ဂရုစိုက်သည့်စကားလုံးများပင် မပြောခဲ့ဖူးချေ။
"လက်ဆောင်....အိုး ဟုတ်သားပဲ။ မုန့်မုန့်နဲ့ငါ ဈေးဝယ်ထွက်တုန်းက သိပ်မဆိုးတဲ့အင်္ကျီတစ်ထည်ကို တွေ့ခဲ့လို့ မင်းအတွက် ဝယ်ခဲ့တယ်"
ကျန်းဟန် မတ်တပ်ထရပ်လိုက်ပြီး ဒုတိယထပ်သို့ လျှောက်သွားသည်။
မုန့်မုန့် သူ့အား ဝယ်ခိုင်းသည့် အင်္ကျီမှာ အသုံးပြုရတော့မည်ဖြစ်သည့်ပုံပင်။
ခဏအကြာတွင် ကျန်းဟန်သည် လက်ထဲတွင် အဝတ်အစားအိတ်ကိုကိုင်ကာ လျှောက်လာသည်။
"ကြည့်ကြည့်ပါဦး"
ကျန်းဟန် ပြုံးကာ ကမ်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည်အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရသည်။ မုန့်မုန့်သည် သူ့အား ဤအဝတ်အစားတစ်စုံကို အတင်းဝယ်ခိုင်းသည်ဟုသူတွေးခဲ့ပြီး ယခုလိုတစ်ခါမှ မတွေးခဲ့ဖူးချေ။
"ရှင် တကယ် ကျွန်မအတွက် လက်ဆောင်ပြင်ဆင်ထားတာလား"
ဇီယန်၏မျက်လုံးများမှာ ဖျတ်ခနဲ့ တောက်ပသွားသည်။ အနည်းငယ်ပျော်ရွှင်နေသည့်အမူအရာဖြင့် သူမသည် အဝတ်အစားအိတ်ကို ယူလိုက်ပြီး အတွင်းမှ အဖြူရောင်သားမွှေးအင်္ကျီကို ထုတ်ကြည့်လိုက်သည်။ သူမသည် ကျန်းဟန်အား လေးစားသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဟွန့် ရှင့်ရဲ့အမြင်ကတော့ မဆိုးပါဘူး။ ရှင်ဝယ်လာတဲ့ အင်္ကျီက အရမ်းလှတယ်။ ကျွန်မတကယ်ကြိုက်တယ်။ ကျေးဇူးပါ"
ကျန်းစန်သည် နားထောင်ရုံသာနားထောင်ပြီး မည်သည့်စကားမျှမပြောဘဲ ပြုံးကာ ခေါင်းယမ်းလိုက်သည်။
ဇီယန်သည် အင်္ကျီကို ယူပြီး ခဏလောက်လှည့်ကြည့်လိုက်သည်။ ထို့နောက် အင်္ကျီများကို ချွတ်ကာ သူမ၏အနီရောင်ဆက်စီနှုတ်လမ်းလေးများကို တွန့်လိုက်ရင်း သူမဘာသာသူမ တိုးတိုးလေးရေရွတ်နေသည်။
နောက်ဆုံးတွင် သွယ်လျသောလက်ကလေးများကို မြှောက်လိုက်ပြီး လည်ပင်းမှ ဆွဲကြိုးကို ချွတ်လိုက်သည်။ ထိုနောက် တွန့်ဆုတ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါဆို ကျွန်မ ဒီလည်ဆွဲ ရှင့်ကိုပေးလိုက်မယ်"
"ကောင်းပြီ"
ကျန်းဟန်သည် ဟန်ပင်မဆောင်နိုင်တော့ဘဲ ချက်ချင်း လှမ်းယူလိုက်သည်။ အနက်ရောင်အသည်းနှလုံးပုံစံကျောက်တုံးလေးကို ကြည့်ပြီး သူ၏နှာခေါင်းနားတွင်တေ့ကာ ရတနာအနံ့ခံနှာခေါင်းကို မသိစိတ်က နှိုးဆွလိုက်ပြီး ရှည်လျားစွာ ရှူရှိုက်လိုက်သည်။
အိုစီသလင်းကျောက်...
သလင်းကျောက်၏အငွေ့အသက်က ကျန်းဟန်နှင့်အလွန်ရင်းနီးသည်။ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏မျက်နှာတွင် စွဲလန်းသည့်ခံစားမှုအပြည့်ရှိနေသည်။
ဇီယန်သည် သူ၏အပြုအမူကိုမြင်သည့်အခါ ထိတ်လန့်သွားပြီး သူမ၏ချစ်စရာကောင်းသည့်မျက်နှာလေးမှာ နီးမြန်နေကာ မျက်လုံးလှလှလေးများကို ပုတ်ခတ်ပုတ်ခတ်ဖြင့် အခြားတစ်ဖက်သို့ လှည့်လိုက်သည်။
သူ ဘာလုပ်နေတာလဲ?
သူ ငါ့ကိုယ်နံ့ကို ရှူနေတာလား?
သူ ဘာလို့ ဒီလောက်တောင် အရှက်မရှိ မျက်နှာပြောင်ရတာလဲ!
ကျန်းဟန်၏အပြုအမူကြောင့် ဇီယန်သည် ခဏတာမျှ သူမ၏နှလုံသားထဲတွင် အနည်းငယ် ဖရိုဖရဲဖြစ်သွားခဲ့ရသည်။
-C 85 End
wunzinnosp