"အရှင့်သား!!!!!"
အထိန်းတော် Chou Tzuyu မှ ပြေး၍အော်လိုက်ခြင်းဖြစ်ပါတယ်။
Son Chaeyoung ဆိုတဲ့ မင်းကြီး Son Eun Min နှင့် မိဖုရား Kim Se Joo တို့ရဲ့ သားတော်အကြီးဖြစ်ပြီး 23နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုဆွန်းရဲ့အနာဂတ်ဘုရင်လောင်း အိမ်ရှေ့စံ ရုပ်ရည်ရူပကာ အလွန်ချောမောပြီး တိုက်ခိုက်ရေးမှာလဲကျွမ်းကျင်လှသည် မာနလဲကြီးသလို စိတ်ထားလဲကောင်းသည် အယ်..တစ်ခုပဲ အရပ်လေးမဆိုသလောက်ပုတာလေးပါ။ အိမ်ရှေ့စံSon Chaeyoung ဆိုတာနှင့် အသေရရ အရှင်ရရ လက်ဆက်ချင်ကြသည့်မင်းသမီးများနှင် သမက်တော်ချင်ကြသည့်ဘုရင်များဟာ များပြားလွန်းလှသည်။ အဲ့ဒီအထဲမှာမှဆိုးရွားတာကတော့ အနာဂတ်မိဖုရားလောင်းရာထူးကိုမက်၍သူ့ဟာဖြားယောင်းသည့် မိန်းမငယ်များလဲရှိသည်။
"အထိန်းတော် Chou ဘယ်လိုဖြစ်ပြီးအလောတကြီးပြေးလာရတာတုန်း"
ထိုသို့ပြောလိုက်ပေမဲ့ အထိန်းတော် Chou အားမကြည့်ပဲ ပြစ်လက်စမြှားကိုသာ ပြစ်မှတ်သို့ချိန်နေသည်။
"အရှင့်သား မင်းကြီးနဲ့မိဖုရားကြီးက မနက်ဖြန်ကျရင် Lee Sunတိုင်းပြည်ကိုချစ်ကြည်ရေးကိစ္စနဲ့သွားရမယ် ဆိုပြီးမိန့်လိုက်လို့လာအကြောင်းကြားတာပါ"
"ဟာ...ခမည်းတော်နဲ့မယ်တော်တို့ကတော့ လုပ်လိုက်ပြန်ပြီ ဒါချစ်ကြည်ရေးတစ်ခုထဲမဟုတ်ဘူးဆိုတာငါသိတယ်"
လေးနှင့်မြှားအားချလိုက်ပြီး လက်ကိုအနောက်ပြစ်ကာ အရှေ့ကနေမျက်မှောင်ကြုတ်ပြီးထွက်သွားသော အိမ်ရှေ့စံနောက်ကို အထိန်းတော် Chou Tzuyuတစ်ယောက်လိုက်ရပါတော့သည်။
Chou Tzuyuသည် တခြားတိုင်းပြည်ကဖြစ်ပြီး သူ၁၂အရွယ်မှာ သူ့နိုင်ငံကစစ်ဖြစ်သဖြင့် မိဘတွေရဲ့အသက်ကိုမကယ်လိုက်နိုင်သည့်အပြင် တစ်ယောက်ထဲထွက်ပြေးလာရသည် ၂ရက်လောက်ကြာတော့ တိုင်းပြည်တစ်ခုကိုရောက်လာသည် မြို့ထဲသိုဝင်ကြည့်တော့ မုန့်ဆိုင်တွေ၍ ဗိုက်ဆာသဖြင့်အသပြာကမရှိတော့ မု့န်ဆိုင်ကမု့န်ကိုလုပြေးလေသည် အနောက်ကနေထိုဆိုင်ပိုင်ရှင်ကလိုက်လာသဖြင့်ပြေးရင်း ကောင်လေးတစ်ယောက်နှင့်ရေကန်ဘေးဝင်တိုက်မိသည်။ ထိုကောင်လေးက လဲကျသွားတဲ့သူ့ကိုလက်လှမ်းပေးလေသည် သူကတော့ကြောက်ကြောက်ဖြင့်ကိုင်လိုက်ပြီး အားပြုကာထလိုက်သည်။ထိုနောက် ထိုကောင်လေးမှ
"မင်းကဘယ်သူတုန်း ဘာလို့အလျင်လိုနေရတာလဲ"
ထိုအချိန် ဆ်ိုင်ရှင်ဦးလေးကြီးမှရောက်လာပြီ
"သူခ်ိုးကောင် မင်းကိုမိပြီ ဟင်...အရှင့်သား"
ထိုလူကြီးမှထိုသို့ခေါ်လိုက်တော့ ဘုရင့်သားတော်ဆိုတာ သူသဘောပေါက်သွားသည်
"ဦးလေးကြီး ရော့ အသပြာ ဒီတစ်ယောက်ရဲ့မုန့်ဖိုးကျွနိုပ်ပေးတာ"
"ကျေးဇူးပါ အရှင့်သား"
ထိုဆိုင်ရှင်ဦးလေးကြီးဟာ အသပြာယူပြီးထွက်သွားလေသည်
"မင်း ငါမေးတာမဖြေသေးဘူးနော်"
"ဟို...ကျွန်တော်မျိုးနာမည်က Chou Tzuyu ပါ။ တစ်ခြားတိုင်းပြည်ကပါ အရှင့်သား။"
"မင်းကဘာလို့အခုလို့ခိုးရတာလဲ မင်းမိဘတွေကရော"
Tzuyuလဲဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့
"ငါနာမည်က Son Chaeyoungပါ။ အိမ်ရှေ့စံပေါ့။ မင်းမှာ နေစရာမရှိဘူးဆိုတော့ ငါနဲ့နန်းတော်ကိုလိုက်ခဲ့မလား"
"ဗျာ...ကျေးဇူးတော်အထူးတင်ပါတယ် အရှင့်သား ကျွန်တော်မျိုးအရှင့်သားခိုင်းတာ ဘာမဆိုလုပ်ပါ့မယ်"
"မင်းသေချာလား"
"မင်းငါ့ရဲ့အထိန်းတော်ရယ် ငါ့ရဲ့သူငယ်ချင်းရယ်လုပ်ပေးမလား"
"ကျွန်တော်မျိုး အဆင်သင့်ပါ"
Tzuyu မျက်ရည်များကျ၍ပျော်ရွှင်နေသည် ထိုနောက်အရှင့်သားက သူ့လိုနံ့စော်ညစ်ပတ်နေတဲ့လူကိုဖက်လိုက်တော့ သူကအနောက်ဆုတ်ကာခေါင်းငုတ်လိုက်ရင်
"စိုးရွံ့မိပါတယ် အရှင့်သား ကျွန်တော်မျိုးကညစ်ပတ်နေပါတယ် မသင့်တော်ပါဘူး"
"ငါကိုယ်တော်က ကိုယ့်မိတ်ဆွေကိုတောင်မနှစ်သိမ့်ရတော့ဘူးလား"
"မခံဝံ့ပါ ကျွန်တော်မျိုး...."
"တော်တော့ ဒါအမိန့်"
ဟုဆို၍ လာဖက်ကာကျောလေးကိုပုတ်လေသည်။သူလဲနောက်ဆုံးတော့ပြန်ဖက်လိုက်ပြီး သိလိုက်ရတာက အရှင့်သားဟာ အရမ်းကိုစိတ်ထားကောင်းပြီး သူ့ရဲ့ကျေးဇူးရှင်ဆိုတာပါပဲ သူထိုကျေးဇူးရှင်ကို အသက်နဲ့ရင်းပြီးပေးဆပ်ကာကွယ်သွားပါမည်။
အိမ်ရှေ့စံSon Chaeyoung တစ်ယောက် သူ့ခမည်းတော်နဲ့မယ်တော်တို့ဆီကိုသွားလေသည်။ ထို့သိုရောက်တော့ တံခါးဝရှေ့မှအပျိုတော်တစ်ယောက်က
"အိမ်ရှေ့စံကြွလာပါတယ် မင်းကြီး"
"ဝင်စေ"
ထို့နောက် Chaeyoung အထဲသို့ဝင်သွားလိုက်သည်။အထိိန်းတော် Chouကိုတော့အပြင်မှာနေခိုင်းခဲ့သည်။အထဲရောက်တော့ မင်းကြီးနှင်မယ်တော်အားဂါရဝပြုပြီး မင်းကြီးကထိုင်ခိုင်းသဖြင့်ထိုင်လိုက်ကာ
"ခမည်းတော်တို့ ဘာလို့ထပ်ပြီးအခုလိုစီစဉ်ရတာလဲ"
"ငါကိုယ်တော် နတ်ရွှာမစံခင်လေးမှာတော့ သားတော်ကိုပျော်ရွှင်စရာမိသားစုလေးနဲ့မြင်ချင်တယ် နောက်ပြီး မြေးလဲချီချင်သေးတယ် သားတော်ရဲ့ ညီငယ် Son Jeong Hoonကတော့ စိတ်ပူစရာမရှိဘူး"
"ဟုတ်တယ် သားတော် သားတော်ကိုသင့်မြတ်တဲ့မိန်းကလေးနဲ့ပဲတွေ့စေချင်လို့ပါ"
"ဒါပေမဲ့ သားတော်ချစ်မြတ်နိုးတဲ့လူက်ိုမှမတွေ့သေးတာကို"
"ငါကိုယ်တော် နတ်ရွှာစံမှတွေ့မှာလား"
"ခမည်းတော်ကလဲ သားတော်လဲ...."
"ဘာမှမပြောနဲ့တော့ သားတော် မနက်အတွက်ပြင်ဆင်ထားပါ"
"ဟုတ်ကဲ့ သားတော်ကိုသွားခွင့်ပြုပါအုံး"
"ကောင်းပါပြီ"
Son Chaeyoung လဲ စိတ်မသက်မသာဖြစ်သဖြင့် နန်းဆောင်ကိုပြန်ရောက်တော့ ရေချိုးသန့်စင်ပြီး ဝတ်ရုံအဖြူလေးကိုဝတ်ကာ ပန်းချီဆွဲရင်းအချိန်ကုန်တော့သည်။ နေဝင်တာတောင်မသိတော့သည်အထိပေါ့။ အပျိုတော်တွေ ညစာစားပွဲလာပို့တော့မှပြန်သတိဝင်လာသည်။ညစာစားပြီးတော့ နန်းတော်ထဲမှကြာရေကန်တံတားပေါ်သို့လမ်းလျှောက်လေညှင်းခံရန် အထိန်းတော်Chouနှင့်ထွက်လာခဲ့သည်။ အထိန်းတော်Chouဟာ သူအယုံကြည်ရဆုံးလူဖြစ်သည်။ အများရှေ့မှာဆိုရင်တော့ အထိန်းတော် ထည့်ခေါ်ပေမဲ့ နှစ်ဦးတဲဆိုလျှင် ပေါ့ပေါ့ပါးပါးသာခေါ်သည်။ ညီအကိုဆိုရင်လဲမမှား မိတ်ဆွေဆိုလဲမမှား သောကြောင့်ပါ။
"Tzuyu မင်းအချစ်ရှိတယ်ဆိုတာကိုယုံလား"
Chaeyoung သည် ထိန်ထိန်သာနေသောလမင်းအားငေးမော၍မေးလိုက်သည်
"အရှင့်သား လူတိုင်းမှာအချစ်ဆိုတာရှိပါတယ် ဒါပေမဲ့ တစ်ချို့ကျတော့အချစ်ကိုကြောင်မက်ဖွယ်လို့မြင်တယ် တစ်ချို့ကျပြန်တော့လဲ နူးညံ့မှုလို့မြင်ကြတယ်"
"ငါကိုယ်တော်ကတော့လေ အချစ်ကိုဘယ်တော့မှရှာတွေ့မလဲမသိဘူး"
"ဧကန်မုချရှာတွေ့မှာပါ အရှင့်သား"
"ဟားဟား မင်းကတော့ကွာ"
"အရှင့်သား ဒီမှာလေစိမ်းတိုက်တယ် ပြီးတော့ မနက်ဖြန်ပင်ပန်းအုံးမှာဆိုတော့ စောစောအနားယူသင့်ပြီ"
"အေး"
အိမ်ရှေ့စံနှင့်သူ့အထိန်းတော်Chouတို့လဲ နန်းဆောင်ကိုပြန်လာကာ အိမ်ရှေ့စံလဲမနက်ဖြန်အတွက်ကြိုစိတ်မသက်မသာမှုကိုခဏမေ့ကာ အိပ်စက်အနားယူတော့လေသည်။
______________________________________
မနက်နေမင်းကြီးရဲ့စူးရှတဲ့အလင်းရောင်ဟာ Chaeyoung ၏မျက်နှာပေါ်သို့အတားဆီးမဲ့စွာအလိုအလျောက်ကျဆင်းလာသည်။Chaeyoung လဲ နိုးလာကာ ပထမဦးဆုံးကြားရတာကတော့ Tzuyuရဲ့ အသံပါ
"အရှင့်သား နိုးပြီလား"
"အေး ဝင်ခဲ့"
"အရှင့်သား မနက်စာသုံးဆောင်ရပါဦးမယ် ပြီးရင် ခရီးထွကဖို့အတွက်ပြင်ဆင်ရပါမယ် ရေချိုးသန့်စင်ပြီးထွက်ခဲ့ပါ"
"ကောင်းပြီ"
Chaeyoung တစ်ယောက်ရင်လေးစွာနဲ့ပဲရေချိုးသန့်စင်ရဲ့ထွက်သွားပါတော့သည်။ရေချိုးသန့်စင်ပြီးထွက်လာတော့ပြင်ဆင်ထားတဲ့အပျိုတော်များနှင့်အထိန်းတော်Chouမှစောင့်နေလေသည်။ မနက်စာကိုအရင်သုံးဆေားင်ပြီးတော့အဖြူရောင်လက်ရှည်နှင်ဘောင်းဘီရှည်တို့ကိုဝတ်ဆင်ထားသည့်အိမ်ရှေ့စံအား အပေါ်မှနက်ပြာရောင်နှင့်ပုခုံးနှစ်ဖက် ကျောဘက်နှင့်ရင်ဘက်တွင် ရွှေများဖြင့်ထွင်းထားသည့်နဂါးပုံပါဝတ်ရုံကိုဝတ်ပေးပြီး လက်နှစ်ဖက်တွင်လဲလက်ပတ်ပတ်လေးလိုက်လေသည်။(ဝတ်ရုံကိုမှမြင်းစိီးရင်လွတ်လပ်မှုရှိအောင်လို့ပါ)
ထို့နောက်ဆံပင်ပါထုံးကာ အိမ်ရှေ့စံဆိုတဲ့ နက်ပြာရောင်နှင့်နဂါးပုံပါခေါင်းပတ်အားချည်ပြီးပတ်ပေးလိုက်သည်။ ခါးတွင်လဲရွှေသားဖြင့်ပြုလုပ်ထားသော နဂါးပုံပါခါးပတ်အားဝတ််ပေးလေသည်။အားလုံးပြင်ဆင်ပြီးသွားတော့ နောက်ပြီး ခုံပေါ်မှထင်ထားသည့် နဂါးပုံပါဓားရှည်ကိုယူကာ ထွက်လာခဲ့သည်။ နန်းဆောင်ရှေ့တွင် စစ်သည်တော်အနည်းငယ်နှင့်
Chaeyoung၏မြင်းဖြူကြီးတို့စောင့်ကြိုနေလေသည်။
Chaeyoung လဲ မြင်းဖြူပေါ်တက်လိုက်သည်နှင့် အထိန်းတော်Chouကလဲသူ့၏မြင်းပေါ်တက်လိုက်ပြီး ခရီးစတင်ပါတော့သည်။ 4နာရီလောက်ကြာခရီးနှင်လာရင် တောထဲကရေတံခွန်တစ်ခုကိုရောက်တော့ ခနအနားယူကြလေသည်။
"ငါတို့တွေ ဒီမှာခနနားကြမယ် မင်းတို့လဲပင်ပန်းရောပေါ့ နောက်တစ်တောင်လောက်ကျော်ပြီးရင်တော့ရောက်ပါပြီ"
"အမိန့်တိုင်းပါ အိမ်ရှေ့စံ"
"အေး... အထိန်းတော်Chou ငါကိုယ်တော်နဲ့ခနလိုက်ခဲ့ပေး ဟိုဘက်နားလေးမှာအေးဆေးအနားယူချင်လို့"
"ဟုတ်ကဲ့ပါ အရှင့်သား"
Chaeyoung လဲ အထိိန်းတော်Chouနဲ့ရေတံခွန်ဘေးတွင်လက်လျှောက်နေရင်း အရာတစ်ခုကသူ၏အမြင်အာရုံအားဖမ်းစားလိုက်လေသည်။အဲ့တာကတော့ ကောင်မလေးတစ်ယောက် အပင်တူးနေခြင်းပေ။ သူမကိုမြင်တော့ အိမ်ရှေ့စံတစ်ယောက်အကြည့်တောင်မဖယ်ပဲ သေချာကြည့်နေမိသည်။ဝတ်ထားတာလေးကလဲရိုးရိုးရှင်းရှင်းပါပဲ ဒါတောင်ဘေးတစ်စောင်းလေးမြင်တွေ့ရတာပါ။ ရုပ်တည်လေးနှင့်စိတ်ဝင်တစားအပင်ကိုတူးနေတာဟာ တကယ်ကိုကြည့်ကောင်းသည် ပြီးတော့ ဖြူပြီးသွယ်လှတဲ့လက်ချောင်းလေးတွေ လှပတဲ့မျက်ဝန်းတွေ ရဲရဲလေးနှင့်လှပတဲ့နှုတ်ခမ်းပါးလေးတွေ မသိမသာဖောင်းနေတဲ့ပါးလေး နှာတံလေးပေါ်ကမှဲ့လေး သူမရဲ့ကျက်သရေရှိသည့်အလှဟာ သူ၏အိပ်စက်နေသောနှလုံးသားကိုလှုပ်နှိုးလိုက်ပါတော့သည်။သူမကတော့သူ့ကိုသတိထားမိပုံမပေါ်ပါဘူး။
"အရှင့်သား"
"အရှင့်သား"
"အရှင့်သား"
Son Chaeyoung တစ်ယောက်အငေးကောင်းတာ အနောက်မှခေါ်နေသည့် အထိန်းတော်Chou၏အသံကိုတောင်မကြားနိုင်တော့ပါဘူး။ နောက်ဆုံးတော့ လက်တို့ပြီးခေါ်လိုက်တော့မှ အသိပြန်ဝင်လာပြီး
"ဘာဖြစ်တာတုန်း လန့်လိုက်တာ"
"အော်...ဟိုလေ ခရီးဆက်လိုက်ရအောင်လို့ အငေးလွန်းပြီး လာရင်းကိစ္စမေ့နေမှာဆိုးလို့ပါ ဟိဟိ"
အထိန်းတော်Chouတစ်ယောက် အရှင့်သားအားစနောက်လိုက်တော့ အရှင့်သားမှာရှက်လို့လားမသိဘူး ပါးပြင်ဖြူဖြူလေးတွေကရဲလာပါတော့သည်။
"ငါကိုယ်တော်က ဘာကိုငေးနေလို့လဲ"
"ဟိုးကအပင်တူးနေတဲ့မိန်းကလေးကိုငေးနေတယ် ထင်နေတာပါ"
"မင်းကတော့.... တော်ပြီ ခရီးဆက်မယ်"
"ဟုတ်ကဲ့ပါ"
သည်လိုနှင့် Chaeyoung ကိုခရီးဆက်ခဲ့ကျရာ Lee Sun တိုင်းပြည်ကိုရောက်လာခဲ့သည်။ သိုသော် အိမ်ရှေ့စံကတော့ စိတ်နဲ့လူနဲ့မကပ်တော့ပါ စိတ်ကတော့စောနတွေ့ခဲ့မိန်းကလေးကိုသာတွေးနေခဲ့တော့သည်။
ခရီးနှင်လာခဲ့ရာ Lee Sun ပြည်နယ်ကိုရောက်လာခဲ့သည်။ နန်းတော်ထဲကိုဝင်ဝင်ချင်း ဘုရင် Jeon Go Bin မိဖုရား Yeon Soul Ji တို့နှင့် သူတို့၏သမီးတော် Jeon Somi တို့ကစောင့်နေကျသည် ။ Chaeyoungလဲမြင်းပေါ်ကဆင်းလိုက်သည်။
"အိမ်ရှေ့စံSon Chaeyoung တွေ့ရတာဝမ်းပါတယ်"
"ဟုတ်ကဲ့ ကျွနိုပ်လဲတွေ့ရတာဝမ်းသာပါတယ် မင်းကြီး"
"အိမ်ရှေ့စံSon ခရီးပန်းလာပြီဆိုတော့ အရင်နားလိုက်ပါ အပျိုတော်တို့ အိမ်ရှေ့စံSon နဲ့ စစ်သည်တွေအတွက်နားဖို့ပြင်ဆင်ပြေးလိုက်ပါ"
"ဟုတ်ကဲ့အရှင်"
"ကျေးဇူးတင်ပါတယ် မင်းကြီး"
Chaeyoung လဲနှုတ်ဆက်ပြီးထွက်လာခဲ့သည် သို့သော် သူမထွက်လာခင် မင်းသမီးသူ့ကိုကြည့်လိုက်သောအကြည့်ကိုသူနားလည်သော်လဲမသိသလိုသာထွက်လိုက်သည်။လာလမ်းတစ်လျှောက်တွင်လဲ အပျိုတော်တစ်ချို့၏"အို....ချောလိုက်တာ၊ ခန့်လိုက်တာ" စသဖြင့်ချီးကျူးစကားများကိုကြားရသည်။ ပြင်ဆင်ပေးထားသောအခန်းသို့ရောက်သောအခါ
"အိမ်ရှေ့စံSon လိုအပ်တာရှိရင်ခေါ်လိုက်ပါ"
"ကောင်းပါပြီ"
"ကဲ...အထိန်းတော်Chouလဲ နားတော့လေ ငါလဲခရီးပန်းလို့ခနအိပ်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ အရှင့်သား"
Chaeyoung ဝတ်ရုံကိုချွတ်ပြီးချိတ်လိုက်ကာ ဖိနနပ်ချွတ်ပြီးအိပ်ယာပေါ်လှဲလိုက်၍မျက်လုံးကိုမှိတ်လိုက်သည်။သို့သော် အိပ်မပျော်ခဲ့ပါ ဘာကြောင့်လဲဆိုတော့ သူ၏အာရုံထဲမှာမနက်ကတွေ့ခဲ့သည့်မိန်းကလေးကိုပဲမြင်နေမိသည်။ထို့နောက်မျက်လုံးကိုဖွင့်ကာ ခေါင်းကိုတစ်ချက်ခါလိုက်ကာ
"ငါစိတ်ဆွဲနေလို့ဖြစ်မှာပါလေ"
ထိုမျှသာတွေလိုက်ပြီး အိပ်စက်လိုက်လေသည်။
#yovinchaeng