(Unicode)
ကောင်းကင်ယံထက်အဖြူရောင်တိမ်စိုင်ငယ်လေးပမာ ဖြူစင်လွန်းသည့်ဦးငယ်။
ထိုအဖြူရောင် တိမ်စိုင်ငယ်လေးကိုမှ ဖမ်းဆုပ်ကာအရောင်စုံခြယ်သခွင့်ရှိလေမလား။
____________
လှိုင်းလုံးလေးတွေက ကမ်းစပ်ရဲ့ ခရီးသည်လေးပင်။
ထိခတ်ကာရိုက်ခတ်သွားပေမဲ့ ပြန်လည်ဆုတ်ခွာသွားတတ်ကြသည်။
လောကကြီးထဲက လူသားလေးတွေသည်လည်း
အချစ်ရဲ့ ကျေးကျွန်လေးတွေဖြစ်ကြသလို
ခနတာသာ။
ပွယောင်းယောင်း ဆံနွယ်လေးတွေကို လက်သွယ်သွယ်လေးတို့ကာ ထပ်ကာထိုးဖွလိုက်လေသည်။
တိုက်တေနီယန်မျက်မှန်လေးကို လက်နဲ့တစ်ချက်တွန်းတင်လိုက်လေသည်။
မလိုမကျစွာ မျက်ခုံးလေးကို တွန့်ချိုးလိုက်တော့
ထိလုစဲ မျက်ခုံးလှလှလေးတွေ။
ရှပ်အင်္ကျီဖြူဖြူဖွေးဖွေးလေးကိုမှစတိုင်ပန်အသားရောင်ခပ်ပွပွလေးနှင့်အတူ ဝတ်ဆင်ထားသည်။
ခန့်ညားမှုနှင့်အတူလှပခြင်းဆိုတာပါတစ်နေရာတည်း စုံစည်းနေစေသည်ပင်။
လက်ပ်တော့တစ်ခုဖြင့် စာရိုက်လိုက် ပြန်ဖျက်လိုက်လုပ်နေလေသည်။
စိတ်တွေကစုစည်းလို့မရတာပင်။
" ဦးငယ်!..."
အိမ်ထဲကို ဒုန်းဆိုင်ဝင်လာလေသည်။
သူ့ရဲ့အသံလေးက တစ်အိမ်လုံးကြားနေသည်။
နောက်တော့ အသံတွေနဲ့အတူ ခြေသံတွေကပါ
မီးဖိုခန်းအနား နီးကပ်လာနေပြီ။
ထင်တဲ့အတိုင်းပင်။သူ့အရှေ့ရောက်လာလေသည်။
" ဦးငယ်!...ဒါက ဘာသဘောလဲ..."
လက်ထဲမှ မင်္ဂလာဖိတ်စာလေးကို ကိုင်ထားလေသည်။
" ဘာဖြစ်လာတာလဲ..."
"ဒါကဘာလဲ! ..."
စားပွဲပေါ် ပစ်ကာတင်ပေးလေသည်။
မျက်မှန်လေးချွတ်ကာကြည့်လိုက်မိတော့
စားပွဲပေါ်မှ ဖိတ်စာလေး။သူပြုံးလိုက်လေသည်။
ဒါကြောင့်ဒီကလေးဒေါသတွေထွက်နေရတာလား။
" အဲ့တာက ဖိတ်စာလေ..."
" သိတယ်လေ... ဦးငယ် မင်္ဂလာဆောင်တော့
မှာ ကျနော့်ကို မပြောဘဲနဲ့ပေါ့..."
" ဒါကို ဘယ်ကရလာတာလဲ..."
ဒေါသတွေဖြစ်နေသည့် ထိုကလေးငယ်။
ဒူးထောက်ထိုင်ချလိုက်ကာ သူ့ခါးကိုဖက်ထားတော့လေသည်။တကယ့်ကို အချွဲလေးပင်။
" ခနနေပါအုံး..."
" ဦးငယ် လက်မထပ်ရဘူး...လုံးဝလက်မထပ်ရဘူး..."
ပြောရင်းပိုတိုးလို့ဖက်ထားသည်။
တစ်ရှုံ့ရှုံ့ငိုသံလေးကိုလည်း ကြားလိုက်ရလေသည်။စိတ်ထဲ ကမ္ဘာပျက်ရသလိုဖြစ်သွားခဲ့လေပြီ။ဒီကလေးငိုရင် သူကနေမရတဲ့သူ။
"ဦးငယ်ကိုကြည့်ပါအုံး..."
" လက်မထပ်ပါနဲ့...ဦးငယ်လက်ထပ်ရင် ရူးသွားလိမ့််မယ်..."
သက်ပြင်းသာချလိုက်မိသည်။ဖိတ်စာမြင်တာကြောင့်ဒီလောက်ငိုနေပြီ။တကယ်များ လက်ထပ်ရင် ဘယ်လိုပုံဖြစ်သွားမလဲ။
" April Fool လေ အရူးလေးရဲ့..."
Jungkook အဲ့တော့မှ Taehyung ကိုမော့ကြည့်လာတော့သည်။
မျက်ရည်တွေနဲ မျက်ဝန်းတွေ။
လက်လေးနဲ့ခပ်ဖွဖွသုတ်ပေးလေတော့ မျက်စောင်းလေးကထိုးလေပြန်သည်။
ဒီနေ့က April Fool နေ့လေးမို့လို့စနောက်မိတာအခုတော့ချော့ရတော့မည်။
Taehyung မနက်စောစောထကာ Jungkook အိပ်ခန်းထဲမှ စားပွဲခုံပေါ်ဖိတ်စာလေးသွားတင်ခဲ့သည်။
" ကလေး..."
"ဟွန့်...လာမခေါ်နဲ့ ဦးငယ်ကိုစိတ်ဆိုးတယ်..."
စိတ်ဆိုးတယ်သာပြောတယ်။ဒီကလေးက အခုထိ ကျနော့်ကို ဖက်ထားတုန်း။ဒါလား စိတ်ဆိုးတဲ့သူ။
ချော့မှာကျနော့်တာဝန်ဖြစ်နေလေပြီ။
ပြန်ဖက်ထားလိုက်တော့သည်။
" မောင်..."
အသံလေးတိုးတိုးလေးဖြင့်ခေါ်လိုက်တော့
Jungkook ကျေနပ်နေလေသည်။
ငယ်ငယ်လေးကတည်းကကျနော် မောင်လို့
ခေါ်မှသာပြန်ထူးလေ့ရှိတဲ့ထိုကလေးငယ်။
မိဘတွေနဲ့သိနေသည့်အပြင် မောင် ငယ်ငယ်လေးကတည်းက ကျနော်က ထိန်းလာတာပင်။
ဘယ်လောက်ထိဆိုးလဲဆို မောင်လို့မခေါ်ရင်
ကျောင်းမသွားဘူး။ထမင်းလည်းမစား။အိပ်လည်းမအိပ်။ဂျစ်ကန်ကန်လုပ်တတ်သည်။
အဲ့လိုကို ဆန္ဒပြတော့တာ။ဒါကြောင့် ကျနော် မောင်လို့သာခေါ်နေရတော့သည်။
စစချင်းဆိုခေါ်ရတာတစ်မျိုးဖြစ်ပေမဲ့။တဖြည်းဖြည်းခေါ်ရင်းနဲ့ နှုတ်ကအကျင့်ဖြစ်သွားတာပင်။
သို့သော် မောင့်ရဲ့မိဘတွေက ကျနော်သူတို့သားလေးကို မောင်လို့ခေါ်တာကို မကြိုက်ကြ။
" မောင်...April Fool လေကွာ...ငိုစရာလို့လား..."
" တကယ်ထင်သွားတာလေ...ဦးငယ်နောက်တခါ
April Fool လုံးဝမလုပ်ရဘူး... မောင် မကြိုက်ဘူး... "
" ဟုတ်ပါပြီ... ကဲ အရင်ထပါအုံး..."
မျက်နှာခပ်တည်တည်လုပ်ထားကာ မတ်တပ်ရပ်လေသည်။စိတ်ဆိုးနေသေးသည်ဆိုတဲ့သဘော။
လက်လေးကို ကိုင်လိုက်တော့ ဖယ်ထုတ်လေသည်။ဆောင့်အောင့်နေပြန်သည်။
" မောင်..."
" မခေါ်နဲ့ဗျာ..."
"ခေါ်မှာပဲ..."
" မောင့်ကို မနက်စောစီး ငိုအောင်လုပ်တယ်...ဦးငယ်မကောင်းဘူး..."
စားပွဲဝိုင်းလေးတွင် Taehyung ဘေးနားကပ်ထိုင်ကာ မျက်နှာထား ခပ်တင်းတင်းလုပ်ထားသည့် Jungkook
စိတ်ဆိုးနေတယ်ချော့တော့ ဆိုသည့်မျက်နှာအနေအထား။
" မောင်စိတ်ဆိုးပြေအောင် ဦးငယ်ဘာလုပ်ပေးရမလဲ..."
" popo ပေး..."
မျက်နှာကို အနားကပ်လာကာ ပါးကိုထိုးပေးဘေသည်။ဒီကလေးကတော့ တကယ်ကိုမနိုင်စိန်လေးပင်။ငယ်ငယ်ကတည်းက အလိုလိုက်မှန်းသိလို့ ဆိုးချင်နေတာ။
" ဟုတ်ပါပြီဗျာ..."
Taehyung Jungkookပါးပြင်လေးကို ထိကပ်ကာနမ်းလိုက်လေသည်။
အဲ့တော့မှ မျက်နှာမှာအပြုံးပန်းတွေဝေ လာလေသည်။
" ဦးငယ် လုပ်တာမောင် ဘယ်လောက်စိတ်ပူသွားရလဲ သိရဲ့လား..."
စားပွဲပေါ်လက်လေးထောက်ကာ ကျနော့်ကိုစကားပြောနေလေသည်။
တကယ်လည်း လေပေါလေး။တနေ့တနေ့ပြောလိုက်တဲ့စကား။
ဒါလေးကိုမှလည်းကျနော်က ချစ်နေရတာလေ။
ဖြူစင်စွာပေါ့။
လက်ပ်တော့လေးကိုပိတ်လိုက်ကာ မျက်ရိုးလေးကို ဖိကိုင်ထားသည်။
မနက်အစောကြီးကတည်းက စာရေးဖို့အာရုံစိုက်နေတာဘယ်လိုမှ မရခဲ့။
အခုတော့ မောင့်ကြောင့်ပိုဆိုးလေပြီ။
စာရေးချင်စိတ်တောင် ကြက်ပျောက်ငှက်ပျောက်။
" ဦးငယ်...မျက်ရိုးကိုက်နေတာလား..."
" အင်း...နည်းနည်းပါ..."
" တွေ့လား...မောင်ပြောသားပဲ...စာတွေချည်းရေးမနေပါနဲ့ဆို..."
Jungkook ထမင်းစားခန်းထဲမှ နံရံကပ်ဗီဒို ဆွဲတံခါးလေးကိုဖွင့်ကာ ဆေးသေတ္တာလေးရှာနေလေသည်။
Taehyung ကိုငယ်ငယ်လေးကတည်းက ခင်တွယ်နေရှာတာပင်။
အသက်ငါးနှစ်အရွယ် Jungkook လေးက
အသက်ဆယ့်ငါးနှစ်အရွယ် Taehyung ကိုမြင်တာနဲ့ ပြေးဖက်ကာ ဦးငယ်လို့စခေါ်ခဲ့သည်။
မိဘတွေမရှိတော့သည့် Taehyung က
Jungkook တို့အိမ်မှာပဲအတူလာနေခဲ့ရသည်။
သူ့ရဲ့အသက်ဆယ့်ငါးနှစ် အရွယ်က မိဘတွေ
ကားအက်ဆီးဒန့်ကြောင့်ဆုံးပါးသွားခဲ့ရသည်။
ထိုအချိန် ဆွေမျိုးတွေလည်း မရှိသည့် Taehyung ကို Jungkook မိဘတွေက ခေါ်ကာစောင့်ရှောက်ခဲ့သည်။
" ဦးငယ်..."
အရှေ့ကိုရောက်လာသည့် ရေခွက်လေးနှင့်အတူ
ဆေးလုံးလေး။
" သောက်လိုက်... ခေါင်းအရမ်းကိုက်လာရင်လမကောင်းဘူး..."
" အင်း..."
ဆေးလေးယူကာ သောက်လိုက်လေသည်။
ထိုင်နေရာမှ ထကာလက်ပ်တော့လေးကို ယူရင်း
အိပ်ခန်းထဲဝင်သွားသည်။
အနောက်ကနေ တောက်လျှောက်ကပ်ပါလာသည်က Jungkook ပင်။
လှည့်ကြည့်လိုက်မိတော့ ကျနော့်နောက်ကနေကပ်ပါလာပြန်လေပြီ။
မနက်မိုးလင်းတာနဲ့ တောက်တက်လေးလိုကပ်နေလေသည်။
" မောင်ဘာလုပ်မလို့လဲ...ဦးငယ် ခနလှဲမလို့လေကွာ..."
" ဦးငယ်နဲ့အတူနေချင်လို့ပါဆို..."
Jungkook Taehyung ကုတင်ပေါ် ပစ်ကာလှဲအိပ်လိုက်သည်။
" လာလေ ဦးငယ်... အတူတူလှဲအိပ်ရအောင်... "
" မောင်ရယ် လိမ်မာပါတယ်...ဦးငယ်တစ်ယောက်တည်းနားချင်တယ်လေနော်...ခေါင်းလေးကလည်း နည်းနည်းကိုက်နေလို့ပါ..."
" တော်တန်တိတ်!...ဒီလာအိပ်!..."
သူ့ဘေးနားကနေရာလွတ်လေးကို ပုတ်ပြကာ
လှမ်းခေါ်လေသည်။
Taehyung မသက်သာတော့သည့်အဆုံး
ဝင်လှဲကာအိပ်လိုက်ရတော့သည်။
ချက်ချင်းပင်လက်လေးတွေက ပွေ့ဖက်လာလေသည်။
တွန်းထုတ်လိုက်မိသည်။
" ကလေးလည်း မဟုတ်တော့ဘူး...မောင်ဘာဖြစ်နေတာလဲ... "
" ဦးငယ်နဲ့ငယ်ငယ်ကလိုအိပ်ချင်လို့လေဗျာ..."
တဖန်ပြန်ကာ ဖက်တွယ်လာလေသည်။
ဒီကြားထဲ ခွပါခွထားသေးသည်။
" တော်တော့...ဦးငယ်စိတ်ဆိုးလာပြီနော်..."
" စိတ်ဆိုးရင် popo ပေးမယ်..."
ပြောရင်းဆိုရင်းနဲ့ နှုတ်ခမ်းကို ထိကပ်နမ်းလာလေသည်။
ကျောက်ရုပ်ပမာအေးခဲသွားလေသည်။
ငယ်ငယ်ကအတိုင်းလုပ်နေတာ။ဒါပေမဲ့အခုအသက်တွေကြီးနေပြီလေ။မသင့်တော်ဘူး။
" မောင်!..."
" ဗျာ ဦးငယ်..."
" ဘယ်လိုလုပ်လိုက်တာလဲ..."
" popo ပေးလိုက်တာလေ...ငယ်ငယ်ကလည်းပေးနေကြကို..."
" အဲ့တာငယ်ငယ်ကလေ...အခုက..."
Taehyung ဘယ်လိုဆက်ပြောရမှန်းမသိတော့ချေ။
အခုက အသက်တွေကြီးနေပြီ မသင့်တော်ဘူးပြောလိုက်ရင်လည်း ကျနော့်ကို တစ်မျိုးထင်သွားမည်။
" အခုက ဘာဖြစ်လို့လဲ ဦးငယ်... "
ရင်ခွင်ထဲ တိုးဝင်လာလေသည်။
" နောက်တခါနမ်းတော့မယ်ဆို ဦးငယ်ကို အရင်ပြောရမယ်နော် မောင်... ရုတ်တရက်ကြီးတေမေလုပ်ရဘူး ကြားလား..."
ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်။
" ဟုတ် ဦးငယ်..."
မွှေးပျံ့ပြီး နွေးထွေးတဲ့ဦးငယ်ရဲ့ရင်ခွင်။
အရင်ကလိုတော့ ကျနော့်အတွက်ရင်ခွင်ကြီးက
ကျယ်မနေတော့။
ကျနော်လူကောင်ပိုထွားလာတာကြောင့်လည်း ပါမည်။
Jungkook Taehyung ခါးလေးကို ဖက်ထားလိုက်ရင်း...
" ဦးငယ်~..."
" အင်း..."
" ချစ်တယ်..."
Taehyung ပြုံးလိုက်ရင်း Jungkook ဆံနွယ်လေးတွေကို ငယ်ငယ်ကချော့သိပ်သည့်အတိုင်းသပ်ပေးနေသည်။
တနေ့တခါ ချစ်တယ်လို့မပြောဘဲမနေ။
" ဦးငယ်လည်း ချစ်ပါတယ် ဗျာ..."
" ဘယ်လိုချစ်တာလဲ..."
" တိမ်တိုက်လေးလို ချစ်တာ..."
ကျနော်ထင်ပြီးသားပါ။ဦးငယ်ရဲ့အဖြေကိုပေါ့။
အဲ့လိုချစ်တာမျိုးမလိုချင်ခဲ့။
ရင်ခုန်တတ်တဲ့အရွယ်ကစပြီး ဦးငယ်ကို အရောင်တွေခြယ်ချင်ခဲ့တာ။
ဦးငယ်ရဲ့နှုတ်ခမ်းဖျားလေးကနေ ချစ်တယ်ပြောလိုက်တိုင်းအကြိမ်ကြိမ် ကြေကွဲခဲ့ရတယ်။
ကျနော် ချစ်တယ်ဆိုတာ ဦးငယ်ကို ဒီတိုင်း
သာမာန်ဖြူစင်စွာမဟုတ်ဘူး။
ရယူချင်တယ်။အပိုင်လိုချင်တယ်။
တသက်လုံး ကျနော်နဲ့အတူဖြတ်သန်းစေချင်တယ်။အချစ်တွေနဲ့အတူ အိပ်ယာထဲညတိုင်းဖြတ်သန်းချင်တယ်။
တခြားသူတွေလက်ထဲပါသွားမှာကိုလည်း ကြောက်မိပြန်သည်။
" ဦးငယ်ကို မောင်ပိုင်တာ..."
" ဟုတ်ပါပြီဗျာ..."
Taehyung ဘက်က ရိုးသားစွာကလေးငယ်တစ်ယောက်လိုချစ်တာပင်။သို့သော် Jungkook
ကတော့ ခံစားချက်တွေရှေ့ဆက်တိုးနေလေပြီ။
ဦးငယ်မျက်လုံးလေးတွေက မှိတ်သွားလေတော့ ရင်ခွင်က ကျနော်က ဦးငယ်ရဲ့ရင်ဘတ်လေးကိုတစ်ဖွဖွနမ်းနေမိသည်။
ချစ်သော ဦးငယ်။မောင့်ရဲ့ အချစ်တွေကိုမြင်ပေးပါ။ကျေးဇူးပြုပြီးတော့ပေါ့။
တိမ်လေးတွေလိုချစ်ခြင်းနဲ့မချစ်ဘဲနဲ့ ရောင်စုံပန်းခင်းကြီးပမာ ချစ်ခြင်းတွေနဲ့ ဦးငယ်ချစ်လာပေးဖို့မျှော်လင့်မိတယ်။
အကယ်၍များ ဦးငယ်သာပြန်မချစ်ဘူးဆို
ကျနော်ကိုယ်တိုင် အရောင်တွေဆိုးရတော့မည်။
ကြမ်းတမ်းစွာပေါ့။
လွတ်လပ်စွာ ကလေးငယ်တစ်ယောက်ကို
ရင်ခွင်ထဲ ထည့်အိပ်နေသည့် Taehyung
ထိုကလေးငယ်ရဲ့ အတွင်းစိတ်ထဲက စကားသံတွေသာကြားသွားခဲ့မယ်ဆို ဘယ်လိုတုံ့ပြန်လေမလဲ။
အသက်သုံးဆယ်ဖြစ်နေသည့် ဦးငယ်ဆိုသည့်
အမျိုးသားတစ်ဦးကို အသက်နှစ်ဆယ်အရွယ် ကောင်လေးငယ်တစ်ယောက်က ခံစားချက်တွေရှိနေခဲ့ပြီ။
သူတို့နှစ်ဦးအသက်တွေကဆယ်နှစ်ကွာခြားပေမဲ့အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုသာသာ။တကယ်ချစ်မိရင်ပေါ့။
___________
Nora Rosalia
Vote Plz
6.7.2022
>>>>>>
(Zawgyi)
ေကာင္းကင္ယံထက္အျဖဴေရာင္တိမ္စိုင္ငယ္ေလးပမာ ျဖဴစင္လြန္းသည့္ဦးငယ္။
ထိုအျဖဴေရာင္ တိမ္စိုင္ငယ္ေလးကိုမွ ဖမ္းဆုပ္ကာအေရာင္စုံျခယ္သခြင့္ရွိေလမလား။
___________________
လွိုင္းလုံးေလးေတြက ကမ္းစပ္ရဲ႕ ခရီးသည္ေလးပင္။
ထိခတ္ကာရိုက္ခတ္သြားေပမဲ့ ျပန္လည္ဆုတ္ခြာသြားတတ္ၾကသည္။
ေလာကႀကီးထဲက လူသားေလးေတြသည္လည္း
အခ်စ္ရဲ႕ ေက်းကြၽန္ေလးေတြျဖစ္ၾကသလို
ခနတာသာ။
ပြေယာင္းေယာင္း ဆံႏြယ္ေလးေတြကို လက္သြယ္သြယ္ေလးတို႔ကာ ထပ္ကာထိုးဖြလိုက္ေလသည္။
တိုက္ေတနီယန္မ်က္မွန္ေလးကို လက္နဲ႕တစ္ခ်က္တြန္းတင္လိုက္ေလသည္။
မလိုမက်စြာ မ်က္ခုံးေလးကို တြန့္ခ်ိဳးလိုက္ေတာ့
ထိလုစဲ မ်က္ခုံးလွလွေလးေတြ။
ရွပ္အကၤ်ီျဖဴျဖဴေဖြးေဖြးေလးကိုမွစတိုင္ပန္အသားေရာင္ခပ္ပြပြေလးႏွင့္အတူ ဝတ္ဆင္ထားသည္။
ခန့္ညားမႈႏွင့္အတူလွပျခင္းဆိုတာပါတစ္ေနရာတည္း စုံစည္းေနေစသည္ပင္။
လက္ပ္ေတာ့တစ္ခုျဖင့္ စာရိုက္လိုက္ ျပန္ဖ်က္လိုက္လုပ္ေနေလသည္။
စိတ္ေတြကစုစည္းလို႔မရတာပင္။
" ဦးငယ္!..."
အိမ္ထဲကို ဒုန္းဆိုင္ဝင္လာေလသည္။
သူ႕ရဲ႕အသံေလးက တစ္အိမ္လုံးၾကားေနသည္။
ေနာက္ေတာ့ အသံေတြနဲ႕အတူ ေျခသံေတြကပါ
မီးဖိုခန္းအနား နီးကပ္လာေနၿပီ။
ထင္တဲ့အတိုင္းပင္။သူ႕အေရွ႕ေရာက္လာေလသည္။
" ဦးငယ္!...ဒါက ဘာသေဘာလဲ..."
လက္ထဲမွ မဂၤလာဖိတ္စာေလးကို ကိုင္ထားေလသည္။
" ဘာျဖစ္လာတာလဲ..."
"ဒါကဘာလဲ! ..."
စားပြဲေပၚ ပစ္ကာတင္ေပးေလသည္။
မ်က္မွန္ေလးခြၽတ္ကာၾကည့္လိုက္မိေတာ့
စားပြဲေပၚမွ ဖိတ္စာေလး။သူၿပဳံးလိုက္ေလသည္။
ဒါေၾကာင့္ဒီကေလးေဒါသေတြထြက္ေနရတာလား။
" အဲ့တာက ဖိတ္စာေလ..."
" သိတယ္ေလ... ဦးငယ္ မဂၤလာေဆာင္ေတာ့
မွာ က်ေနာ့္ကို မေျပာဘဲနဲ႕ေပါ့..."
" ဒါကို ဘယ္ကရလာတာလဲ..."
ေဒါသေတြျဖစ္ေနသည့္ ထိုကေလးငယ္။
ဒူးေထာက္ထိုင္ခ်လိဳက္ကာ သူ႕ခါးကိုဖက္ထားေတာ့ေလသည္။တကယ့္ကို အခြၽဲေလးပင္။
" ခနေနပါအုံး..."
" ဦးငယ္ လက္မထပ္ရဘူး...လုံးဝလက္မထပ္ရဘူး..."
ေျပာရင္းပိုတိုးလို႔ဖက္ထားသည္။
တစ္ရႈံ႕ရႈံ႕ငိုသံေလးကိုလည္း ၾကားလိုက္ရေလသည္။စိတ္ထဲ ကမၻာပ်က္ရသလိုျဖစ္သြားခဲ့ေလၿပီ။ဒီကေလးငိုရင္ သူကေနမရတဲ့သူ။
"ဦးငယ္ကိုၾကည့္ပါအုံး..."
" လက္မထပ္ပါနဲ႕...ဦးငယ္လက္ထပ္ရင္ ႐ူးသြားလိမ့္္မယ္..."
သက္ျပင္းသာခ်လိဳက္မိသည္။ဖိတ္စာျမင္တာေၾကာင့္ဒီေလာက္ငိုေနၿပီ။တကယ္မ်ား လက္ထပ္ရင္ ဘယ္လိုပုံျဖစ္သြားမလဲ။
" April Fool ေလ အ႐ူးေလးရဲ႕..."
Jungkook အဲ့ေတာ့မွ Taehyung ကိုေမာ့ၾကည့္လာေတာ့သည္။
မ်က္ရည္ေတြနဲ မ်က္ဝန္းေတြ။
လက္ေလးနဲ႕ခပ္ဖြဖြသုတ္ေပးေလေတာ့ မ်က္ေစာင္းေလးကထိုးေလျပန္သည္။
ဒီေန႕က April Fool ေန႕ေလးမို႔လို႔စေနာက္မိတာအခုေတာ့ေခ်ာ့ရေတာ့မည္။
Taehyung မနက္ေစာေစာထကာ Jungkook အိပ္ခန္းထဲမွ စားပြဲခုံေပၚဖိတ္စာေလးသြားတင္ခဲ့သည္။
" ကေလး..."
"ဟြန့္...လာမေခၚနဲ႕ ဦးငယ္ကိုစိတ္ဆိုးတယ္..."
စိတ္ဆိုးတယ္သာေျပာတယ္။ဒီကေလးက အခုထိ က်ေနာ့္ကို ထက္ထားတုန္း။ဒါလား စိတ္ဆိုးတဲ့သူ။
ေခ်ာ့မွာက်ေနာ့္တာဝန္ျဖစ္ေနေလၿပီ။
ျပန္ဖက္ထားလိုက္ေတာ့သည္။
" ေမာင္..."
အသံေလးတိုးတိုးေလးျဖင့္ေခၚလိုက္ေတာ့
Jungkook ေက်နပ္ေနေလသည္။
ငယ္ငယ္ေလးကတည္းကက်ေနာ္ ေမာင္လို႔
ေခၚမွသာျပန္ထူးေလ့ရွိတဲ့ထိုကေလးငယ္။
မိဘေတြနဲ႕သိေနသည့္အျပင္ ေမာင္ ငယ္ငယ္ေလးကတည္းက က်ေနာ္က ထိန္းလာတာပင္။
ဘယ္ေလာက္ထိဆိုးလဲဆို ေမာင္လို႔မေခၚရင္
ေက်ာင္းမသြားဘူး။ထမင္းလည္းမစား။အိပ္လည္းမအိပ္။ဂ်စ္ကန္ကန္လုပ္တတ္သည္။
အဲ့လိုကို ဆႏၵျပေတာ့တာ။ဒါေၾကာင့္ က်ေနာ္ ေမာင္လို႔သာေခၚေနရေတာ့သည္။
စစခ်င္းဆိုေခၚရတာတစ္မ်ိဳးျဖစ္ေပမဲ့။တျဖည္းျဖည္းေခၚရင္းနဲ႕ ႏႈတ္ကအက်င့္ျဖစ္သြားတာပင္။
သို႔ေသာ္ ေမာင့္ရဲ႕မိဘေတြက က်ေနာ္သူတို႔သားေလးကို ေမာင္လို႔ေခၚတာကို မႀကိဳက္ၾက။
" ေမာင္...April Fool ေလကြာ...ငိုစရာလို႔လား..."
" တကယ္ထင္သြားတာေလ...ဦးငယ္ေနာက္တခါ
April Fool လုံးဝမလုပ္ရဘူး... ေမာင္ မႀကိဳက္ဘူး... "
" ဟုတ္ပါၿပီ... ကဲ အရင္ထပါအုံး..."
မ်က္ႏွာခပ္တည္တည္လုပ္ထားကာ မတ္တပ္ရပ္ေလသည္။စိတ္ဆိုးေနေသးသည္ဆိုတဲ့သေဘာ။
လက္ေလးကို ကိုင္လိုက္ေတာ့ ဖယ္ထုတ္ေလသည္။ေဆာင့္ေအာင့္ေနျပန္သည္။
" ေမာင္..."
" မေခၚနဲ႕ဗ်ာ..."
"ေခၚမွာပဲ..."
" ေမာင့္ကို မနက္ေစာစီး ငိုေအာင္လုပ္တယ္...ဦးငယ္မေကာင္းဘူး..."
စားပြဲဝိုင္းေလးတြင္ Taehyung ေဘးနားကပ္ထိုင္ကာ မ်က္ႏွာထား ခပ္တင္းတင္းလုပ္ထားသည့္ Jungkook
စိတ္ဆိုးေနတယ္ေခ်ာ့ေတာ့ ဆိုသည့္မ်က္ႏွာအေနအထား။
" ေမာင္စိတ္ဆိုးေျပေအာင္ ဦးငယ္ဘာလုပ္ေပးရမလဲ..."
" popo ေပး..."
မ်က္ႏွာကို အနားကပ္လာကာ ပါးကိုထိုးေပးေဘသည္။ဒီကေလးကေတာ့ တကယ္ကိုမနိုင္စိန္ေလးပင္။ငယ္ငယ္ကတည္းက အလိုလိုက္မွန္းသိလို႔ ဆိုးခ်င္ေနတာ။
" ဟုတ္ပါၿပီဗ်ာ..."
Taehyung Jungkookပါးျပင္ေလးကို ထိကပ္ကာနမ္းလိုက္ေလသည္။
အဲ့ေတာ့မွ မ်က္ႏွာမွာအၿပဳံးပန္းေတြေဝ လာေလသည္။
" ဦးငယ္ လုပ္တာေမာင္ ဘယ္ေလာက္စိတ္ပူသြားရလဲ သိရဲ႕လား..."
စားပြဲေပၚလက္ေလးေထာက္ကာ က်ေနာ့္ကိုစကားေျပာေနေလသည္။
တကယ္လည္း ေလေပါေလး။တေန႕တေန႕ေျပာလိုက္တဲ့စကား။
ဒါေလးကိုမွလည္းက်ေနာ္က ခ်စ္ေနရတာေလ။
ျဖဴစင္စြာေပါ့။
လက္ပ္ေတာ့ေလးကိုပိတ္လိုက္ကာ မ်က္ရိုးေလးကို ဖိကိုင္ထားသည္။
မနက္အေစာႀကီးကတည္းက စာေရးဖို႔အာ႐ုံစိုက္ေနတာဘယ္လိုမွ မရခဲ့။
အခုေတာ့ ေမာင့္ေၾကာင့္ပိုဆိုးေလၿပီ။
စာေရးခ်င္စိတ္ေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္။
" ဦးငယ္...မ်က္ရိုးကိုက္ေနတာလား..."
" အင္း...နည္းနည္းပါ..."
" ေတြ႕လား...ေမာင္ေျပာသားပဲ...စာေတြခ်ည္းေရးမေနပါနဲ႕ဆို..."
Jungkook ထမင္းစားခန္းထဲမွ နံရံကပ္ဗီဒို ဆြဲတံခါးေလးကိုဖြင့္ကာ ေဆးေသတၱာေလးရွာေနေလသည္။
Taehyung ကိုငယ္ငယ္ေလးကတည္းက ခင္တြယ္ေနရွာတာပင္။
အသက္ငါးႏွစ္အ႐ြယ္ Jungkook ေလးက
အသက္ဆယ့္ငါးႏွစ္အ႐ြယ္ Taehyung ကိုျမင္တာနဲ႕ ေျပးဖက္ကာ ဦးငယ္လို႔စေခၚခဲ့သည္။
မိဘေတြမရွိေတာ့သည့္ Taehyung က
Jungkook တို႔အိမ္မွာပဲအတူလာေနခဲ့ရသည္။
သူ႕ရဲ႕အသက္ဆယ့္ငါးႏွစ္ အ႐ြယ္က မိဘေတြ
ကားအက္ဆီးဒန့္ေၾကာင့္ဆုံးပါးသြားခဲ့ရသည္။
ထိုအခ်ိန္ ေဆြမ်ိဳးေတြလည္း မရွိသည့္ Taehyung ကို Jungkook မိဘေတြက ေခၚကာေစာင့္ေရွာက္ခဲ့သည္။
" ဦးငယ္..."
အေရွ႕ကိုေရာက္လာသည့္ ေရခြက္ေလးႏွင့္အတူ
ေဆးလုံးေလး။
" ေသာက္လိုက္... ေခါင္းအရမ္းကိုက္လာရင္လမေကာင္းဘူး..."
" အင္း..."
ေဆးေလးယူကာ ေသာက္လိုက္ေလသည္။
ထိုင္ေနရာမွ ထကာလက္ပ္ေတာ့ေလးကို ယူရင္း
အိပ္ခန္းထဲဝင္သြားသည္။
အေနာက္ကေန ေတာက္ေလွ်ာက္ကပ္ပါလာသည္က Jungkook ပင္။
လွည့္ၾကည့္လိုက္မိေတာ့ က်ေနာ့္ေနာက္ကေနကပ္ပါလာျပန္ေလၿပီ။
မနက္မိုးလင္းတာနဲ႕ ေတာက္တက္ေလးလိုကပ္ေနေလသည္။
" ေမာင္ဘာလုပ္မလို႔လဲ...ဦးငယ္ ခနလွဲမလို႔ေလကြာ..."
" ဦးငယ္နဲ႕အတူေနခ်င္လို႔ပါဆို..."
Jungkook Taehyung ကုတင္ေပၚ ပစ္ကာလွဲအိပ္လိုက္သည္။
" လာေလ ဦးငယ္... အတူတူလွဲအိပ္ရေအာင္... "
" ေမာင္ရယ္ လိမ္မာပါတယ္...ဦးငယ္တစ္ေယာက္တည္းနားခ်င္တယ္ေလေနာ္...ေခါင္းေလးကလည္း နည္းနည္းကိုက္ေနလို႔ပါ..."
" ေတာ္တန္တိတ္!...ဒီလာအိပ္!..."
သူ႕ေဘးနားကေနရာလြတ္ေလးကို ပုတ္ျပကာ
လွမ္းေခၚေလသည္။
Taehyung မသက္သာေတာ့သည့္အဆုံး
ဝင္လွဲကာအိပ္လိုက္ရေတာ့သည္။
ခ်က္ခ်င္းပင္လက္ေလးေတြက ေပြ႕ဖက္လာေလသည္။
တြန္းထုတ္လိုက္မိသည္။
" ကေလးလည္း မဟုတ္ေတာ့ဘူး...ေမာင္ဘာျဖစ္ေနတာလဲ... "
" ဦးငယ္နဲ႕ငယ္ငယ္ကလိုအိပ္ခ်င္လို႔ေလဗ်ာ..."
တဖန္ျပန္ကာ ဖက္တြယ္လာေလသည္။
ဒီၾကားထဲ ခြပါခြထားေသးသည္။
" ေတာ္ေတာ့...ဦးငယ္စိတ္ဆိုးလာၿပီေနာ္..."
" စိတ္ဆိုးရင္ popo ေပးမယ္..."
ေျပာရင္းဆိုရင္းနဲ႕ ႏႈတ္ခမ္းကို ထိကပ္နမ္းလာေလသည္။
ေက်ာက္႐ုပ္ပမာေအးခဲသြားေလသည္။
ငယ္ငယ္ကအတိုင္းလုပ္ေနတာ။ဒါေပမဲ့အခုအသက္ေတြႀကီးေနၿပီေလ။မသင့္ေတာ္ဘူး။
" ေမာင္!..."
" ဗ်ာ ဦးငယ္..."
" ဘယ္လိုလုပ္လိုက္တာလဲ..."
" popo ေပးလိုက္တာေလ...ငယ္ငယ္ကလည္းေပးေနၾကကို..."
" အဲ့တာငယ္ငယ္ကေလ...အခုက..."
Taehyung ဘယ္လိုဆက္ေျပာရမွန္းမသိေတာ့ေခ်။
အခုက အသက္ေတြႀကီးေနၿပီ မသင့္ေတာ္ဘူးေျပာလိုက္ရင္လည္း က်ေနာ့္ကို တစ္မ်ိဳးထင္သြားမည္။
" အခုက ဘာျဖစ္လို႔လဲ ဦးငယ္... "
ရင္ခြင္ထဲ တိုးဝင္လာေလသည္။
" ေနာက္တခါနမ္းေတာ့မယ္ဆို ဦးငယ္ကို အရင္ေျပာရမယ္ေနာ္ ေမာင္... ႐ုတ္တရက္ႀကီးေတေမလုပ္ရဘူး ၾကားလား..."
ေခါင္းေလးတၿငိမ့္ၿငိမ့္ျဖင့္။
" ဟုတ္ ဦးငယ္..."
ေမႊးပ်ံ့ၿပီး ႏြေးေထြးတဲ့ဦးငယ္ရဲ႕ရင္ခြင္။
အရင္ကလိုေတာ့ က်ေနာ့္အတြက္ရင္ခြင္ႀကီးက
က်ယ္မေနေတာ့။
က်ေနာ္လူေကာင္ပိုထြားလာတာေၾကာင့္လည္း ပါမည္။
Jungkook Taehyung ခါးေလးကို ဖက္ထားလိုက္ရင္း...
" ဦးငယ္~..."
" အင္း..."
" ခ်စ္တယ္..."
Taehyung ၿပဳံးလိုက္ရင္း Jungkook ဆံႏြယ္ေလးေတြကို ငယ္ငယ္ကေခ်ာ့သိပ္သည့္အတိုင္းသပ္ေပးေနသည္။
တေန႕တခါ ခ်စ္တယ္လို႔မေျပာဘဲမေန။
" ဦးငယ္လည္း ခ်စ္ပါတယ္ ဗ်ာ..."
" ဘယ္လိုခ်စ္တာလဲ..."
" တိမ္တိုက္ေလးလို ခ်စ္တာ..."
က်ေနာ္ထင္ၿပီးသားပါ။ဦးငယ္ရဲ႕အေျဖကိုေပါ့။
အဲ့လိုခ်စ္တာမ်ိဳးမလိုခ်င္ခဲ့။
ရင္ခုန္တတ္တဲ့အ႐ြယ္ကစၿပီး ဦးငယ္ကို အေရာင္ေတြျခယ္ခ်င္ခဲ့တာ။
ဦးငယ္ရဲ႕ႏႈတ္ခမ္းဖ်ားေလးကေန ခ်စ္တယ္ေျပာလိုက္တိုင္းအႀကိမ္ႀကိမ္ ေၾကကြဲခဲ့ရတယ္။
က်ေနာ္ ခ်စ္တယ္ဆိုတာ ဦးငယ္ကို ဒီတိုင္း
သာမာန္ျဖဴစင္စြာမဟုတ္ဘူး။
ရယူခ်င္တယ္။အပိုင္လိုခ်င္တယ္။
တသက္လုံး က်ေနာ္နဲ႕အတူျဖတ္သန္းေစခ်င္တယ္။အခ်စ္ေတြနဲ႕အတူ အိပ္ယာထဲညတိုင္းျဖတ္သန္းခ်င္တယ္။
တျခားသူေတြလက္ထဲပါသြားမွာကိုလည္း ေၾကာက္မိျပန္သည္။
" ဦးငယ္ကို ေမာင္ပိုင္တာ..."
" ဟုတ္ပါၿပီဗ်ာ..."
Taehyung ဘက္က ရိုးသားစြာကေလးငယ္တစ္ေယာက္လိုခ်စ္တာပင္။သို႔ေသာ္ Jungkook
ကေတာ့ ခံစားခ်က္ေတြေရွ႕ဆက္တိုးေနေလၿပီ။
ဦးငယ္မ်က္လုံးေလးေတြက မွိတ္သြားေလေတာ့ ရင္ခြင္က က်ေနာ္က ဦးငယ္ရဲ႕ရင္ဘတ္ေလးကိုတစ္ဖြဖြနမ္းေနမိသည္။
ခ်စ္ေသာ ဦးငယ္။ေမာင့္ရဲ႕ အခ်စ္ေတြကိုျမင္ေပးပါ။ေက်းဇူးျပဳၿပီးေတာ့ေပါ့။
တိမ္ေလးေတြလိုခ်စ္ျခင္းနဲ႕မခ်စ္ဘဲနဲ႕ ေရာင္စုံပန္းခင္းႀကီးပမာ ခ်စ္ျခင္းေတြနဲ႕ ဦးငယ္ခ်စ္လာေပးဖို႔ေမွ်ာ္လင့္မိတယ္။
အကယ္၍မ်ား ဦးငယ္သာျပန္မခ်စ္ဘူးဆို
က်ေနာ္ကိုယ္တိုင္ အေရာင္ေတြဆိုးရေတာ့မည္။
ၾကမ္းတမ္းစြာေပါ့။
လြတ္လပ္စြာ ကေလးငယ္တစ္ေယာက္ကို
ရင္ခြင္ထဲ ထည့္အိပ္ေနသည့္ Taehyung
ထိုကေလးငယ္ရဲ႕ အတြင္းစိတ္ထဲက စကားသံေတြသာၾကားသြားခဲ့မယ္ဆို ဘယ္လိုတုံ႕ျပန္ေလမလဲ။
အသက္သုံးဆယ္ျဖစ္ေနသည့္ ဦးငယ္ဆိုသည့္
အမ်ိဳးသားတစ္ဦးကို အသက္ႏွစ္ဆယ္အ႐ြယ္ ေကာင္ေလးငယ္တစ္ေယာက္က ခံစားခ်က္ေတြရွိေနခဲ့ၿပီ။
သူတို႔ႏွစ္ဦးအသက္ေတြကဆယ္ႏွစ္ကြာျခားေပမဲ့အသက္ဆိုတာ ကိန္းဂဏန္းတစ္ခုသာသာ။တကယ္ခ်စ္မိရင္ေပါ့။
___________
Nora Rosalia
Vote Plz
6.7.2022