Hey...My Son!

By _Haruki-97_

36.5K 2.6K 226

ငါ့သားရဲ့အကြည့်တွေကထူးဆန်းနေတယ်။ ကျက်သီးထစရာအကြည့်တွေ။ ဒီကောင့်လက်မှာတက်တူးတွေဘယ်ကတည်းကရောက်လာတာလည်။ ဟ...သောက... More

မိတ်ဆက်..
Part-1
Part-2
တောင်းပန်လွှာ
Part-3
Part-4
Part-6
Part-7
ကြားဖြတ်
Part-8
Part-9
Part-10

Part-5

2.2K 207 11
By _Haruki-97_

<Unicode>
"ဆော့ငယ်..
ဆေးသောက်ရအောင်နော် မောင်တိုက်မယ်"

ဆေးထည့်ထားသောလင်ဗန်းငယ်အားကိုင်ကာ အကြင်သူအား နမ်ဂျွန်ဝမ်းနည်းရိပ်သန်းနေသောမျက်ဝန်းတစ်စုံဖြင့်ကြည့်နေမိသည်။

ဆော့ဂျင်မှာ သူ့အားကျောပေးပြီး ပြတင်းပေါက်အပြင်ဘက်ကိုငေးနေခဲ့သည်။ မျက်ရည်များမခြောက်သောမျက်ဝန်းတစ်စုံမှာ ကျိန်းသေနီရဲနေမည်ကို နမ်ဂျွန်သိပြီးသားပင်။

ဆေးဗန်းလေးအား ကုတင်ဘေးရှိစားပွဲခုံပေါ်ချထားလိုက်ပြီး အကြင်သူ၏နောက်ကျောအား နမ်းရှုတ်ကာ ခါးအား ခပ်တင်းတင်းလေးဖက်ထားလိုက်သည်။

ပုခုံးထက်တွင်စိုစွတ်လာသောအထိအတွေ့ကြောင့် နမ်ဂျွန်ငိုနေမှန်း ဆော့ဂျင်သိလိုက်သည်။

"သားငယ်ကိုရှာတွေ့ခဲ့ရဲ့လားမောင်"

မိမိဘက်မျက်နှာချင်းဆိုင်လှည့်လာကာ မေးလာသောအကြင်သူ​ကြောင့် နမ်ဂျွန်မှာ ရင်ထဲနစ်ကနဲပင်။

"မေးနေတယ်လေမောင် သားငယ်ကိုရှာတွေ့ခဲ့လားလို့"

"တောင်းပန်ပါတယ်ဆော့ငယ်"

မျက်ဝန်းထက်မှ ကြွေဆင်းလာသည့်မျက်ရည်တစ်ပေါက်နှင့်အတူ စားပွဲပေါ်တွင်တင်ထားသော ရေခွက်အားယူပြီး နံရံထက်သို့ အားပါပါဖြင့်ဆော့ဂျင်ပစ်ပေါက်လိုက်သည်။

ခွက်အကွဲအပိုင်းအစလေးများမှာ လွှင့်ထွက်လာပြီး နမ်ဂျွန်၏ပါးထက်၌ ကန့်လန့်ခြစ်ရာလေးမှာထင်းကနဲ။

"15နှစ်ပြည့်တော့မယ်မောင်!!
သားငယ်ကိုရှာပေးမယ်ဆိုပြီး မောင်ကတိတွေအထပ်ထပ်ပေးနေခဲ့တာ15နှစ်တောင်ပြည့်ပြီး မောင်မတွေ့သေးဘူး!!!

ငါသီးခံနိုင်တဲ့အတိုင်းအတာကျော်သွားပြီး!
အဲ့တော့ ငါကိုယ်တိုင်ထွက်ရှာမယ်!!"

ဆော့ဂျင်မှာ နမ်ဂျွန်ကိုယ်အား တွန်းဖယ်လိုက်ပြီး ထွက်သွားဖို့ပြင်နေချိန် တင်းကနဲဖြစ်သွားသောလက်ကောက်ဝတ်တစ်စုံနှင့်အတူ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင်ပြိုလဲကျသွားသည်။

"လွှတ်စမ်း လူယုတ်မာ!

ဂျွန်နမ်ဂျွန်! ခင်ဗျားကိုလွှတ်လို့ပြောနေတယ်လေ!!"

ဆော့ဂျင်မှာ နမ်ဂျွန်၏ရင်ဘတ်အား တစ်ဘုန်းဘုန်းထုနေကာ ငိုအော်နေမိသည်။ စိတ်ခံစားချက်ပြင်းထန်လွန်းလို့ထင်ပါရဲ့။
အားပျော့သွားသောလက်တစ်စုံနှင့်အတူ ခန္ဓာကိုယ်ငယ်မှာ ပျော့ခွေကျသွားသည်။

နမ်ဂျွန်မှာလည်း အကြင်သူအားပွေ့ချီကာ ကုတင်ထက်သို့ပြန်တင်ပေးပြီး စောင်အားခြုံပေးကာ နဖူးအား ဖွဖွလေးနမ်းလိုက်သည်။

ထို့နောက်တံခါးအားပိတ်ကာ အခန်းပြင်သို့ရောက်သည်နှင့် နမ်ဂျွန်၏မျက်နှာမှာ ခက်ထန်သွားပြီး မျက်ဝန်းတစ်စုံမှာ သွေးရောင်လွှမ်းသွားသည်။

"ဆိုးလ်ကိုသွားမယ်!"

တိကျပြတ်သားသောစကားကြောင့် အစေခံများမှာ အလိုလိုခေါင်းငုံ့သွားသည်။ သခင်ကြီးနမ်ဂျွန်၏ဒေါသမှာ ကင်ဆော့ဂျင်ကလွှဲပြီး တစ်ခြားသူများအပေါ်မီးလောင်တိုက်သွင်းနိုင်ခြင်းကြောင့်ပင်။

"ကျွန်တော်ခုချက်ချင်းပြင်ဆင်လိုက်ပါ့မယ်"

ဂျက်စတင်ဆိုသော ကောင်လေးမှာ နမ်ဂျွန်အားအရိုအသေပေးပြီး ဧည့်ခန်းထဲမှထွက်သွားသည်။
နမ်ဂျွန်၏ အတွေးများမှာလည်း အတိတ်သို့မျောလွှင့်လျက်....

"ကင်ဆော့ဂျင် မင်းသူ့ကိုလက်မထပ်ရဘူး!!"

မဲနက်နေသောမျက်ဝန်းတစ်စုံနှင့်အတူ ခပ်ချောချောအမျိုးသားတစ်ဦးက စိတ်ဝိညာဥ်နှုတ်ဓားအားကိုင်ကာ မဂ်လာခန်းမထဲသို့ဝင်လာသည်။

သူ့ပုံစံမှာ ယူကြုံးမရဖြင့် တစ်စုံတစ်ခုအားဆုံးရှုံးရမှာကြောက်နေခဲ့သည့်ဟန်။

"ငါမင်းကို နှစ်ပေါင်း50တိတိ ချစ်ခဲ့ရတာ!
အဲ့ဒီဂျွန်နမ်ဂျွန်ဆိုတဲ့ တစ်ယောက်ထက် မင်းကိုငါကအရင်ချစ်ခဲ့ရတာ!!
မင်းသူ့ကိုလက်ထပ်ရဲလက်ထပ်ကြည့်!
အကုန်လုံးကိုငါဂူသွင်းပစ်မယ်"

မဂ်လာခန်းမထဲရှိလူများအားကြည့်ကာ အော်ဟစ်နေသည့် ဒိုဂျွန်ဒုံ။
အဆင့်မြင့်Vampireတစ်ကောင်မှာ ကင်ဆော့ဂျင်ဆိုသည့် အားနည်းသည့်Vampireထံတွင်ကျရှုံးခဲ့သည်။

"ဆော့ဂျင်..
ကိုယ့်ဆီလာခဲ့ပါနော်..နော်.
မင်းမရှိလို့မဖြစ်ဘူးကွ!!"

ငိုတစ်လှည့်ရီတစ်လှည့်ဖြင့် စိတ်လွှတ်ခါနီးဖြစ်နေသောသူကြောင့် နမ်ဂျွန်တစ်ယောက် ဆော့ဂျင်၏လက်ကောက်ဝတ်အားဆွဲယူကာ သူ့နောက်ကျောဘက်သို့ပို့လိုက်သည်။

"ထွက်သွား"

အေးစက်စက်အသံကြီးမှာ မဂ်လာခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။
ဒိုဂျွန်ဒုံး၏ မျက်ဝန်းအရောင်မှာ လက်ကနဲဖြစ်သွားပြီး တိုက်ခိုက်ရန် လေအလျှင်ဖြင့်ရှေ့သို့တိုးလာသည်။

နမ်ဂျွန်လည်း ဂျက်စတင်ကို ဆော့ဂျင်အနားနေပေးရန်မျက်ခြေတစ်ချက်ပြပြီး ဂျွန်ဒုံအား စတင်တိုက်ခိုက်တော့သည်။
Demon Vampireကို ဘယ်အဆင့်မြင့်Vampireမှယှဥ်နိုင်မည်မဟုတ်ပေ။

တိုက်ခိုက်ချိန်ကြာလာတော့ ဂျွန်ဒုံမှာ အားနည်းလာပြီး အထိနာလာသည်။
ခြေထောက်အား ချွန်ထက်သောလက်သည်းဖြင့်အကုတ်ခံလိုက်ရသောကြောင့် နမ်ဂျွန်ရှေ့တွင်ပင် ဒူးထောက်ကျသွားသည်။

"အဟက်!
ငါမင်းကိုမနိုင်ဘူးပဲ ဂျွန်နမ်ဂျွန်ရ"

ခပ်တေ့တေ့လှောင်ပြုံးနှင့် အတူ ဂျွန်ဒုံမှာ နမ်ဂျွန်အားမော့ကြည့်လာပြီး မျက်ဝန်းတစ်စုံမှာ တောက်နေခဲ့သည်။

ထို့နောက်ဖြတ်ကနဲပင် ဂျွန်ဒုံမှာခန်းမထဲမှပျောက်ကွယ်သွားသည်။

"စောင့်နေ!!   မင်းတို့ပျော်ပျော် မနေထိုင်ရစေရဘူး!.
ငါပြန်လာအုံးမှာ"

ဂျွန်ဒုံ၏အသံမှာ ခန်းမထဲတွင်ဟိန်းထွက်လာပြီး ခန်းမတစ်ခုလုံးအမှောင်ကျသွားခဲ့သည်။

မည်သူကထင်မည်နည်း?။
ဂျွန်ဒုံတစ်ယောက် အယုတ်မာဆုံးနည်းကိုသုံးခဲ့လိမ့်မယ်လို့။

နမ်ဂျွန်နှင့် ဆော့ဂျင်တို့ အိမ်ထောင်သက်1နှစ်အကြာတွင်ဆော့ဂျင်မှာကိုယ်ဝန်ဆောင်ခဲ့သည်။
ပျော်ရွှင်မှုများနှင့်အတူ သွေးသားလေးတစ်ဦးမှာ သူတို့ကမ္ဘာထဲသို့ဝင်လာခဲ့သည်။

"သားလေးကို ဂျွန်ဂျောင်ကုလို့နမယ်ပေးမယ်"

သခင်ကြီးနမ်ဂျွန်၏ သြဇာပါသောအသံနှင့်အတူ ကင်ပွန်းတပ်မဂ်လာကို LAမှာပင် ခမ်းခမ်နားနားကျင်းပခဲ့သည်။

သူတို့၏ကမ္ဘာမှာလည်း သားငယ်တစ်နှစ်မပြည့်ခင်အချိန်အထိ ပျော်ပျော်ရွှင်ရွှင်ရှိခဲ့သည်။

ညသန်းခေါင်ယံတွင်ပေါ်ထွက်လာသောရယ်သံကြီးနှင့်အတူ သားငယ်မှာပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့သည်။

"ဒိုဂျွန်ဒုံ!!!!!"

ဂျွန်နမ်ဂျွန်၏ ဒေါသများဖြင့်ပြည့်နှက်နေသည့်အသံကြောင့် စံအိမ်တစ်ခုလုံးတုန်ခါသွားသည်။

"သားငယ်ကို ပြန်ရှာပေး!!!
သားငယ်ကိုပြန်ရှာပေးပါမောင်! "

ငိုရင်းငိုရင်းဖြင့် သတိလစ်သွားသော အကြင်သူအား ပွေ့ဖက်ကာ နမ်ဂျွန်အသံတိတ်မျက်ရည်ကျမိသည်။

"မောင်..."

အကြင်သူ၏အသံကြောင့်နမ်ဂျွန်မှာအသိပြန်ဝင်လာပြီး ထိုင်နေရာမှထရပ်ကာ အကြင်သူနားသို့လျှောက်သွားပြီး လက်အားဆုပ်ကိုင်ကာနမ်းလိုက်သည်။

"ခုဏကအတွက် ငယ်တောင်းပန်ပါတယ်"

"အဟားးး မောင့်အသက်ကတော့ကွား မောင်တို့ကVampireပဲလေ ထိရာရှရာသေးသေးလေးက မောင်တို့ကိုဘာလုပ်နိုင်မှာမို့လို့လည်းကွား"

"မောင်ရယ်..."

နမ်ဂျွန်မျက်နှာအားအုပ်ကိုင်လာသည့်ခပ်နွေးနွေးလက်ဖဝါးထက်တွင် နမ်ဂျွန်မျက်နှာကိုအပ်ထားမိသည်။

"မောင်တို့ဆိုးလ်ကိုခဏသွားကြမယ် LAမှာမောင်တို့ 14နှစ်လောက်အထိရှာခဲ့ပြီးပြီး ဆော့ငယ်ရဲ့မွေးရပ်မြေဖြစ်တဲ့ဆိုးလ်မှာ သွားထပ်ရှာကြမယ်လေ"

"ဟုတ်..မောင်"

ရင်ခွင်ထဲတိုးဝင်လာသော ကိုယ်ငယ်လေးအား နမ်ဂျွန်ခပ်တင်းတင်းဖက်ထားမိသည်။
ဒီလူသားကို သူအသက်ထက်မက မြတ်နိုးရပါ၏။

.........

"သားသား..ဖေကြီးဝင်လာပြီးနော်.."

စာလုပ်နေတုန်း အပေါ်ပိုင်းဗလာဖြင့်ဝင်လာသည့် ဖေကြီးကြောင့် ဂျောင်ကုတံတွေးပင်သီးသွားသည်။

"ဖေ..ဖေကြီး..ဘာ..ဘာလာလုပ်"

"အာ...ဖေကြီးရဲ့ရေချိုးခန်းက ရေပိုက်က ပျက်နေတာလေ အဲ့တာ မင်းရေချိုးခန်းခဏပေးသုံး ဟီးဟီး"

သွားတစ်ဖြီးဖြီးဖြင့်ရေချိုးခန်းထဲဝင်သွားသည့်ဖေကြီးအားကြည့်ကာ ဂျောင်ကုမျက်လုံးအဝိုင်းသားဖြင့်ရင်ဘတ်အားဖိကာ တံတွေးမြိုချမိသည်။

ပန်းနုရောင်သန်းနေသည့် ချယ်လီသီး
သေသပ်လှပသည့် ညှပ်ရိုးရပ်ဝန်းငယ်
ခပ်ချပ်ချပ်လေးဖြစ်နေသော ဗိုက်သားလေးများက ဂျောင်ကု မျက်လုံးထဲတွင်တစ်ရိပ်ရိပ်ပေါ်လာသည်။

ဘယ်လောက်တောင်အတွေးထဲမျောနေလိုက်မှန်းမသိ ဖေကြီး၏ခေါ်သံကြားမှ အသိပြန်ဝင်လာသည်။

"ဂျောင်ကုရေ..ငုတ်တုတ်သေနေပြန်ပြီလာ"

ဖေကြီးအားပြန်ကြည့်မိတော့ ဂျောင်ကုထွက်ပြေးချင်စိတ်ပင်ပေါက်သွားရပြန်သည်။

အဖြူရောင် ရှပ်လက်ရှည်မှာ တင်ပါးအထိဖုံးနေပြီး ဘောင်းဘီမှာတိုသောကြောင့် ရှပ်အောက်တွင်ဖုံးသွားသည်။ ရုတ်တရက်ကြည့်လျှင် ဘောင်းဘီဝတ်ထားမှန်းတောင်မသိသာပေ။
ကြယ်သီးမှာလည်းနှစ်လုံးခန့်ဖြုတ်ထားပြီး လှပသောညှပ်ရိုးလေးများမှာလည်း ထင်းကနဲ။

"ဖေ..ဖေကြီး ဘယ်လိုတွေဝတ်ထားတာလည်းဗျား"

ဂျောင်ကုအမေးကြောင်ထြယ်ယောင်းမှာဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး ဂျောင်ကု၏ကုတင်ပေါ်သို့ မှောက်လျက်ပင်ခုန်တက်လိုက်သည်။

"ဒီနေ့အရမ်းပူနေလို့ကွ
ပြီးတော့ ဖေကြီးက ဒီလိုဝတ်ရတာကြိုက်တယ် လွတ်လွတ်လပ်လပ်ရှိသလိုခံစားရတယ်။

ဂျောင်ကုမှာနှုတ်ခမ်းထက်တွင်စိုစွတ်လာသောကြောင့် လက်ဖြင့်ထိကြည့်လိုက်လျှင် နီရဲရဲသွေးများထွက်လာသည်။

"သားသားနှာခေါင်းသွေးတွေလျှံနေတယ်
ရာသီဥတုပူလို့ဖြစ်မယ် အဆင်ရောပြေရဲ့လာ?"

ထယ်ယောင်းမှာ ဂျောင်ကု၏ ဖက်ခေါင်းအုံးလေးအား ခွထားကာခေါင်းထောင်ပြီးပြန်ပြောနေသောကြောင့် ဂျောင်ကုမှာ ဘောပင်အားချပြီး ရေချိုးခန်းထဲသို့ပြေးဝင်ရတော့သည်။

ထယ်ယောင်း၏အော်ရီသံကိုတော့ ဂျောင်ကုသေသေချာချာပင်ကြားလိုက်ရသည်။
..
.

<Zawgyi>
"ေဆာ့ငယ္..
ေဆးေသာက္ရေအာင္ေနာ္ ေမာင္တိုက္မယ္"

ေဆးထည့္ထားေသာလင္ဗန္းငယ္အားကိုင္ကာ အၾကင္သူအား နမ္ဂြၽန္ဝမ္းနည္းရိပ္သန္းေနေသာမ်က္ဝန္းတစ္စုံျဖင့္ၾကည့္ေနမိသည္။

ေဆာ့ဂ်င္မွာ သူ့အားေက်ာေပးၿပီး ျပတင္းေပါက္အျပင္ဘက္ကိုေငးေနခဲ့သည္။ မ်က္ရည္မ်ားမေျခာက္ေသာမ်က္ဝန္းတစ္စုံမွာ က်ိန္းေသနီရဲေနမည္ကို နမ္ဂြၽန္သိၿပီးသားပင္။

ေဆးဗန္းေလးအား ကုတင္ေဘးရွိစားပြဲခုံေပၚခ်ထားလိုက္ၿပီး အၾကင္သူ၏ေနာက္ေက်ာအား နမ္းရႈတ္ကာ ခါးအား ခပ္တင္းတင္းေလးဖက္ထားလိုက္သည္။

ပုခုံးထက္တြင္စိုစြတ္လာေသာအထိအေတြ႕ေၾကာင့္ နမ္ဂြၽန္ငိုေနမွန္း ေဆာ့ဂ်င္သိလိုက္သည္။

"သားငယ္ကိုရွာေတြ႕ခဲ့ရဲ႕လားေမာင္"

မိမိဘက္မ်က္ႏွာခ်င္းဆိုင္လွည့္လာကာ ေမးလာေသာအၾကင္သူ​ေၾကာင့္ နမ္ဂြၽန္မွာ ရင္ထဲနစ္ကနဲပင္။

"ေမးေနတယ္ေလေမာင္ သားငယ္ကိုရွာေတြ႕ခဲ့လားလို႔"

"ေတာင္းပန္ပါတယ္ေဆာ့ငယ္"

မ်က္ဝန္းထက္မွ ေႂကြဆင္းလာသည့္မ်က္ရည္တစ္ေပါက္ႏွင့္အတူ စားပြဲေပၚတြင္တင္ထားေသာ ေရခြက္အားယူၿပီး နံရံထက္သို႔ အားပါပါျဖင့္ေဆာ့ဂ်င္ပစ္ေပါက္လိုက္သည္။

ခြက္အကြဲအပိုင္းအစေလးမ်ားမွာ လႊင့္ထြက္လာၿပီး နမ္ဂြၽန္၏ပါးထက္၌ ကန္႔လန္႔ျခစ္ရာေလးမွာထင္းကနဲ။

"15ႏွစ္ျပည့္ေတာ့မယ္ေမာင္!!
သားငယ္ကိုရွာေပးမယ္ဆိုၿပီး ေမာင္ကတိေတြအထပ္ထပ္ေပးေနခဲ့တာ15ႏွစ္ေတာင္ျပည့္ၿပီး ေမာင္မေတြ႕ေသးဘူး!!!

ငါသီးခံႏိုင္တဲ့အတိုင္းအတာေက်ာ္သြားၿပီး!
အဲ့ေတာ့ ငါကိုယ္တိုင္ထြက္ရွာမယ္!!"

ေဆာ့ဂ်င္မွာ နမ္ဂြၽန္ကိုယ္အား တြန္းဖယ္လိုက္ၿပီး ထြက္သြားဖို႔ျပင္ေနခ်ိန္ တင္းကနဲျဖစ္သြားေသာလက္ေကာက္ဝတ္တစ္စုံႏွင့္အတူ တစ္စုံတစ္ေယာက္၏ ရင္ခြင္ထဲတြင္ၿပိဳလဲက်သြားသည္။

"လႊတ္စမ္း လူယုတ္မာ!

ဂြၽန္နမ္ဂြၽန္! ခင္ဗ်ားကိုလႊတ္လို႔ေျပာေနတယ္ေလ!!"

ေဆာ့ဂ်င္မွာ နမ္ဂြၽန္၏ရင္ဘတ္အား တစ္ဘုန္းဘုန္းထုေနကာ ငိုေအာ္ေနမိသည္။ စိတ္ခံစားခ်က္ျပင္းထန္လြန္းလို႔ထင္ပါရဲ႕။
အားေပ်ာ့သြားေသာလက္တစ္စုံႏွင့္အတူ ခႏၶာကိုယ္ငယ္မွာ ေပ်ာ့ေခြက်သြားသည္။

နမ္ဂြၽန္မွာလည္း အၾကင္သူအားေပြ႕ခ်ီကာ ကုတင္ထက္သို႔ျပန္တင္ေပးၿပီး ေစာင္အားၿခဳံေပးကာ နဖူးအား ဖြဖြေလးနမ္းလိုက္သည္။

ထို႔ေနာက္တံခါးအားပိတ္ကာ အခန္းျပင္သို႔ေရာက္သည္ႏွင့္ နမ္ဂြၽန္၏မ်က္ႏွာမွာ ခက္ထန္သြားၿပီး မ်က္ဝန္းတစ္စုံမွာ ေသြးေရာင္လႊမ္းသြားသည္။

"ဆိုးလ္ကိုသြားမယ္!"

တိက်ျပတ္သားေသာစကားေၾကာင့္ အေစခံမ်ားမွာ အလိုလိုေခါင္းငုံ႔သြားသည္။ သခင္ႀကီးနမ္ဂြၽန္၏ေဒါသမွာ ကင္ေဆာ့ဂ်င္ကလႊဲၿပီး တစ္ျခားသူမ်ားအေပၚမီးေလာင္တိုက္သြင္းႏိုင္ျခင္းေၾကာင့္ပင္။

"ကြၽန္ေတာ္ခုခ်က္ခ်င္းျပင္ဆင္လိုက္ပါ႔မယ္"

ဂ်က္စတင္ဆိုေသာ ေကာင္ေလးမွာ နမ္ဂြၽန္အားအ႐ိုအေသေပးၿပီး ဧည့္ခန္းထဲမွထြက္သြားသည္။
နမ္ဂြၽန္၏ အေတြးမ်ားမွာလည္း အတိတ္သို႔ေမ်ာလႊင့္လ်က္....

"ကင္ေဆာ့ဂ်င္ မင္းသူ့ကိုလက္မထပ္ရဘူး!!"

မဲနက္ေနေသာမ်က္ဝန္းတစ္စုံႏွင့္အတူ ခပ္ေခ်ာေခ်ာအမ်ိဳးသားတစ္ဦးက စိတ္ဝိညာဥ္ႏႈတ္ဓားအားကိုင္ကာ မဂ္လာခန္းမထဲသို႔ဝင္လာသည္။

သူ့ပုံစံမွာ ယူႀကဳံးမရျဖင့္ တစ္စုံတစ္ခုအားဆုံးရႈံးရမွာေၾကာက္ေနခဲ့သည့္ဟန္။

"ငါမင္းကို ႏွစ္ေပါင္း50တိတိ ခ်စ္ခဲ့ရတာ!
အဲ့ဒီဂြၽန္နမ္ဂြၽန္ဆိုတဲ့ တစ္ေယာက္ထက္ မင္းကိုငါကအရင္ခ်စ္ခဲ့ရတာ!!
မင္းသူ့ကိုလက္ထပ္ရဲလက္ထပ္ၾကည့္!
အကုန္လုံးကိုငါဂူသြင္းပစ္မယ္"

မဂ္လာခန္းမထဲရွိလူမ်ားအားၾကည့္ကာ ေအာ္ဟစ္ေနသည့္ ဒိုဂြၽန္ဒုံ။
အဆင့္ျမင့္Vampireတစ္ေကာင္မွာ ကင္ေဆာ့ဂ်င္ဆိုသည့္ အားနည္းသည့္Vampireထံတြင္က်ရႈံးခဲ့သည္။

"ေဆာ့ဂ်င္..
ကိုယ့္ဆီလာခဲ့ပါေနာ္..ေနာ္.
မင္းမရွိလို႔မျဖစ္ဘူးကြ!!"

ငိုတစ္လွည့္ရီတစ္လွည့္ျဖင့္ စိတ္လႊတ္ခါနီးျဖစ္ေနေသာသူေၾကာင့္ နမ္ဂြၽန္တစ္ေယာက္ ေဆာ့ဂ်င္၏လက္ေကာက္ဝတ္အားဆြဲယူကာ သူ့ေနာက္ေက်ာဘက္သို႔ပို႔လိုက္သည္။

"ထြက္သြား"

ေအးစက္စက္အသံႀကီးမွာ မဂ္လာခန္းမတစ္ခုလုံး ပ်ံ႕ႏွံ႔သြားသည္။
ဒိုဂြၽန္ဒုံး၏ မ်က္ဝန္းအေရာင္မွာ လက္ကနဲျဖစ္သြားၿပီး တိုက္ခိုက္ရန္ ေလအလွ်င္ျဖင့္ေရွ႕သို႔တိုးလာသည္။

နမ္ဂြၽန္လည္း ဂ်က္စတင္ကို ေဆာ့ဂ်င္အနားေနေပးရန္မ်က္ေျခတစ္ခ်က္ျပၿပီး ဂြၽန္ဒုံအား စတင္တိုက္ခိုက္ေတာ့သည္။
Demon Vampireကို ဘယ္အဆင့္ျမင့္Vampireမွယွဥ္ႏိုင္မည္မဟုတ္ေပ။

တိုက္ခိုက္ခ်ိန္ၾကာလာေတာ့ ဂြၽန္ဒုံမွာ အားနည္းလာၿပီး အထိနာလာသည္။
ေျခေထာက္အား ခြၽန္ထက္ေသာလက္သည္းျဖင့္အကုတ္ခံလိုက္ရေသာေၾကာင့္ နမ္ဂြၽန္ေရွ႕တြင္ပင္ ဒူးေထာက္က်သြားသည္။

"အဟက္!
ငါမင္းကိုမႏိုင္ဘူးပဲ ဂြၽန္နမ္ဂြၽန္ရ"

ခပ္ေတ့ေတ့ေလွာင္ၿပဳံးႏွင့္ အတူ ဂြၽန္ဒုံမွာ နမ္ဂြၽန္အားေမာ့ၾကည့္လာၿပီး မ်က္ဝန္းတစ္စုံမွာ ေတာက္ေနခဲ့သည္။

ထို႔ေနာက္ျဖတ္ကနဲပင္ ဂြၽန္ဒုံမွာခန္းမထဲမွေပ်ာက္ကြယ္သြားသည္။

"ေစာင့္ေန!!   မင္းတို႔ေပ်ာ္ေပ်ာ္ မေနထိုင္ရေစရဘူး!.
ငါျပန္လာအုံးမွာ"

ဂြၽန္ဒုံ၏အသံမွာ ခန္းမထဲတြင္ဟိန္းထြက္လာၿပီး ခန္းမတစ္ခုလုံးအေမွာင္က်သြားခဲ့သည္။

မည္သူကထင္မည္နည္း?။
ဂြၽန္ဒုံတစ္ေယာက္ အယုတ္မာဆုံးနည္းကိုသုံးခဲ့လိမ့္မယ္လို႔။

နမ္ဂြၽန္ႏွင့္ ေဆာ့ဂ်င္တို႔ အိမ္ေထာင္သက္1ႏွစ္အၾကာတြင္ေဆာ့ဂ်င္မွာကိုယ္ဝန္ေဆာင္ခဲ့သည္။
ေပ်ာ္ရႊင္မႈမ်ားႏွင့္အတူ ေသြးသားေလးတစ္ဦးမွာ သူတို႔ကမၻာထဲသို႔ဝင္လာခဲ့သည္။

"သားေလးကို ဂြၽန္ေဂ်ာင္ကုလို႔နမယ္ေပးမယ္"

သခင္ႀကီးနမ္ဂြၽန္၏ ၾသဇာပါေသာအသံႏွင့္အတူ ကင္ပြန္းတပ္မဂ္လာကို LAမွာပင္ ခမ္းခမ္နားနားက်င္းပခဲ့သည္။

သူတို႔၏ကမၻာမွာလည္း သားငယ္တစ္ႏွစ္မျပည့္ခင္အခ်ိန္အထိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိခဲ့သည္။

ညသန္းေခါင္ယံတြင္ေပၚထြက္လာေသာရယ္သံႀကီးႏွင့္အတူ သားငယ္မွာေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားခဲ့သည္။

"ဒိုဂြၽန္ဒုံ!!!!!"

ဂြၽန္နမ္ဂြၽန္၏ ေဒါသမ်ားျဖင့္ျပည့္ႏွက္ေနသည့္အသံေၾကာင့္ စံအိမ္တစ္ခုလုံးတုန္ခါသြားသည္။

"သားငယ္ကို ျပန္ရွာေပး!!!
သားငယ္ကိုျပန္ရွာေပးပါေမာင္! "

ငိုရင္းငိုရင္းျဖင့္ သတိလစ္သြားေသာ အၾကင္သူအား ေပြ႕ဖက္ကာ နမ္ဂြၽန္အသံတိတ္မ်က္ရည္က်မိသည္။

"ေမာင္..."

အၾကင္သူ၏အသံေၾကာင့္နမ္ဂြၽန္မွာအသိျပန္ဝင္လာၿပီး ထိုင္ေနရာမွထရပ္ကာ အၾကင္သူနားသို႔ေလွ်ာက္သြားၿပီး လက္အားဆုပ္ကိုင္ကာနမ္းလိုက္သည္။

"ခုဏကအတြက္ ငယ္ေတာင္းပန္ပါတယ္"

"အဟားးး ေမာင့္အသက္ကေတာ့ကြား ေမာင္တို႔ကVampireပဲေလ ထိရာရွရာေသးေသးေလးက ေမာင္တို႔ကိုဘာလုပ္ႏိုင္မွာမို႔လို႔လည္းကြား"

"ေမာင္ရယ္..."

နမ္ဂြၽန္မ်က္ႏွာအားအုပ္ကိုင္လာသည့္ခပ္ေႏြးေႏြးလက္ဖဝါးထက္တြင္ နမ္ဂြၽန္မ်က္ႏွာကိုအပ္ထားမိသည္။

"ေမာင္တို႔ဆိုးလ္ကိုခဏသြားၾကမယ္ LAမွာေမာင္တို႔ 14ႏွစ္ေလာက္အထိရွာခဲ့ၿပီးၿပီး ေဆာ့ငယ္ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ဆိုးလ္မွာ သြားထပ္ရွာၾကမယ္ေလ"

"ဟုတ္..ေမာင္"

ရင္ခြင္ထဲတိုးဝင္လာေသာ ကိုယ္ငယ္ေလးအား နမ္ဂြၽန္ခပ္တင္းတင္းဖက္ထားမိသည္။
ဒီလူသားကို သူအသက္ထက္မက ျမတ္ႏိုးရပါ၏။

.........

"သားသား..ေဖႀကီးဝင္လာၿပီးေနာ္.."

စာလုပ္ေနတုန္း အေပၚပိုင္းဗလာျဖင့္ဝင္လာသည့္ ေဖႀကီးေၾကာင့္ ေဂ်ာင္ကုတံေတြးပင္သီးသြားသည္။

"ေဖ..ေဖႀကီး..ဘာ..ဘာလာလုပ္"

"အာ...ေဖႀကီးရဲ႕ေရခ်ိဳးခန္းက ေရပိုက္က ပ်က္ေနတာေလ အဲ့တာ မင္းေရခ်ိဳးခန္းခဏေပးသုံး ဟီးဟီး"

သြားတစ္ၿဖီးၿဖီးျဖင့္ေရခ်ိဳးခန္းထဲဝင္သြားသည့္ေဖႀကီးအားၾကည့္ကာ ေဂ်ာင္ကုမ်က္လုံးအဝိုင္းသားျဖင့္ရင္ဘတ္အားဖိကာ တံေတြးၿမိဳခ်မိသည္။

ပန္းႏုေရာင္သန္းေနသည့္ ခ်ယ္လီသီး
ေသသပ္လွပသည့္ ညႇပ္႐ိုးရပ္ဝန္းငယ္
ခပ္ခ်ပ္ခ်ပ္ေလးျဖစ္ေနေသာ ဗိုက္သားေလးမ်ားက ေဂ်ာင္ကု မ်က္လုံးထဲတြင္တစ္ရိပ္ရိပ္ေပၚလာသည္။

ဘယ္ေလာက္ေတာင္အေတြးထဲေမ်ာေနလိုက္မွန္းမသိ ေဖႀကီး၏ေခၚသံၾကားမွ အသိျပန္ဝင္လာသည္။

"ေဂ်ာင္ကုေရ..ငုတ္တုတ္ေသေနျပန္ၿပီလာ"

ေဖႀကီးအားျပန္ၾကည့္မိေတာ့ ေဂ်ာင္ကုထြက္ေျပးခ်င္စိတ္ပင္ေပါက္သြားရျပန္သည္။

အျဖဴေရာင္ ရွပ္လက္ရွည္မွာ တင္ပါးအထိဖုံးေနၿပီး ေဘာင္းဘီမွာတိုေသာေၾကာင့္ ရွပ္ေအာက္တြင္ဖုံးသြားသည္။ ႐ုတ္တရက္ၾကည့္လွ်င္ ေဘာင္းဘီဝတ္ထားမွန္းေတာင္မသိသာေပ။
ၾကယ္သီးမွာလည္းႏွစ္လုံးခန္႔ျဖဳတ္ထားၿပီး လွပေသာညႇပ္႐ိုးေလးမ်ားမွာလည္း ထင္းကနဲ။

"ေဖ..ေဖႀကီး ဘယ္လိုေတြဝတ္ထားတာလည္းဗ်ား"

ေဂ်ာင္ကုအေမးေၾကာင္ၾထယ္ေယာင္းမွာဟက္ဟက္ပက္ပက္ရယ္လိုက္ၿပီး ေဂ်ာင္ကု၏ကုတင္ေပၚသို႔ ေမွာက္လ်က္ပင္ခုန္တက္လိုက္သည္။

"ဒီေန႔အရမ္းပူေနလို႔ကြ
ၿပီးေတာ့ ေဖႀကီးက ဒီလိုဝတ္ရတာႀကိဳက္တယ္ လြတ္လြတ္လပ္လပ္ရွိသလိုခံစားရတယ္။

ေဂ်ာင္ကုမွာႏႈတ္ခမ္းထက္တြင္စိုစြတ္လာေသာေၾကာင့္ လက္ျဖင့္ထိၾကည့္လိုက္လွ်င္ နီရဲရဲေသြးမ်ားထြက္လာသည္။

"သားသားႏွာေခါင္းေသြးေတြလွ်ံေနတယ္
ရာသီဥတုပူလို႔ျဖစ္မယ္ အဆင္ေရာေျပရဲ႕လာ?"

ထယ္ေယာင္းမွာ ေဂ်ာင္ကု၏ ဖက္ေခါင္းအုံးေလးအား ခြထားကာေခါင္းေထာင္ၿပီးျပန္ေျပာေနေသာေၾကာင့္ ေဂ်ာင္ကုမွာ ေဘာပင္အားခ်ၿပီး ေရခ်ိဳးခန္းထဲသို႔ေျပးဝင္ရေတာ့သည္။

ထယ္ေယာင္း၏ေအာ္ရီသံကိုေတာ့ ေဂ်ာင္ကုေသေသခ်ာခ်ာပင္ၾကားလိုက္ရသည္။
..
.

Continue Reading

You'll Also Like

871K 46K 32
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
107K 3.9K 35
There's no way you're hitting on me right now. ━ Lando Norris x Fem!OC © KissLeclerc , April 2024
640K 30.5K 54
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1.5M 49.9K 66
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...