𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑�...

By Vante_Jeon_

68.6K 4K 62

Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim T... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9(1)
Part 9(2)
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19
Part 20(Final!)
တောင်းပန်စာ

Part 14

2.4K 152 0
By Vante_Jeon_

Unicode

"Kim"
Taehyungအိမ်ထဲဝင်ခါနီးကြားလိုက်ရသောခေါ်သံလေးကြောင့်တောင့်တောင့်ကြီးရပ်နေမိသည်။ Taehyungသူ့ကိုတကယ်လွမ်းနေခဲ့တာ၊ သူ့ရဲ့ခေါ်သံလေးကိုရော၊ သူ့ရဲ့ကြင်နာမှုတွေနဲ့ပြည့်နေတဲ့မျက်ဝန်းလေးတစ်စုံကိုရောနောက်ပြီးသူ့ရဲ့နွေးထွေးတဲ့ထွေးပွေ့မှုလေးရောပေါ့။ ခေါ်နေသည်ကိုပြန်မထူးပဲနောက်လှည့်ကာထိုလူသား၏ရင်ခွင်ထဲသို့တိုးဝင်မိသည့်အခိုက် လိုချင်နေသောနွေးထွေးမှုတစ်စုံတစ်ရာရရှိလိုက်သလို၊ တန်းတူဖြစ်နေသောအရပ်အမောင်းကြောင့်ရင်ခွင်ထဲတိုးဝင်၍မရသော်လည်းပခုံးပေါ်သို့ခေါင်းအားမှောက်ထားကာ သူ့ခါးအား လွှင့်ထွက်တော့မည့်အရာတစ်ခုအားဖမ်းဆုပ်ထားသလို တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။

ကိုယ်တစ်ဦးတည်းသာပိုင်သောအမည်နာမလေးအားခေါ်လိုက်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပဲတောင့်တောင့်ကြီးရပ်နေသောလူသားလေးကြောင့်စိတ်ဆိုးနေသည်အထင်နှင့်ထပ်ခေါ်ရန်ပြင်လိုက်သော်လည်း ရင်ခွင်ထဲတိုးဝင်လာသောကိုယ်လုံးလေးကြောင့်ကြောင်အသွားခဲ့ရသည်။ နွေးထွေးမှုပေးသောလက်နှစ်ဖက်ကလေထဲ၌မြှောက်လျက်နေ၍ရင်ခွင်ထဲရောက်လာသောကိုယ်လုံးလေးအားကြောင် အ ကာငေးမောကြည့်မိနေစဥ် သူ့ခါးအားလွှင့်ထွက်မတက်ဖက်ထားသောထိုလူသားလေးကြောင့် သတိပြန်ဝင်လာကာစိတ်ပင်ပန်းနေသောမြတ်နိုးရသူ၏ကျောလေးကခပ်ဖွဖွပွတ်ပေးမိသည်။ ညီလေးကိစ္စအားဖခင်ဖြစ်သူကိုသွားရှင်းပြပြီးပြန်လာသောသူ့ကို သူငယ်ချင်းဖြစ်သူWoojinက မြတ်နိုးရသူရဲ့အကြောင်းမှန်သမျှကိုပြောပြဖြင့်အလောတကြီးဒီလူသားလေးရှိရာသို့ရောက်လာခြင်း။ စိတ်ရှုတ်စွာနှင်ထုတ်မည်ဟုတွေးထင်ထားသော်လည်း မေတ္တာငတ်နေသည့်ကလေးတစ်ယောက်သဖွယ်ရင်ခွင်ထဲအတင်းတိုးဝင်နေသူလေးကြောင့်ရင်ခွင်ထဲရှိကိုယ်လုံးငယ်လေးအားပိုတိုး၍ဖက်လိုက်ရင်း ရှာဖွေနေသည့်နွေးထွေးမှုတစ်စုံတစ်ရာအားအပြည့်အဝထုတ်ပေးနေမိသည်။ ကျွန်တော်ရဲ့စစ်မှန်သောချစ်ခြင်းတရားတွေကြောင့်မြတ်နိုးရတဲ့ဒီလူသားလေးစိတ်ပင်ပန်းမှုတွေပျောက်ကွယ်ပါစေ။ ထိုစဥ် ကောင်းကင်ပေါ်မှကြွေဆင်းလာသောကြယ်တစ်လုံး၊ ကြည့်ရတာချစ်တက်လွန်းသူ၏ဆုတောင်းအားအမှောင်ယံညများအားအလင်းပေးနေသူကကြားသွား၍ထင်သည်။
.
.
.
.
.
"Kimအဆင်ပြေရဲ့လား"
စကားပြန်ပြောခြင်းမရှိပဲဖြေးညင်းစွာခေါင်းညိမ့်ပြသောလူသားလေးအားJungkookအမှန်တကယ်ပင်စိတ်ပူနေပါသည်။ ကိုယ်ရေးကိုယ်တာကိစ္စအားဝင်စွပ်ဖက်၍မကောင်းလို့သာ၊ မဟုတ်ရင်ဖြစ်သမျှအကုန်မေးပြီးဒီလူသားလေးကိုစိတ်ဆင်းရဲအောင်လူမှန်သမျှကိုငရဲထက်ဆိုးတဲ့ဘဝကိုခံစားရစေချင်တာ။

"ကျွန်တော်တကယ်အဆင်ပြေသွားပြီ ​နောက်ကျနေပြီလေJeon အိမ်ကစိတ်ပူနေဦးမယ်"

"ကိုယ်က ကလေးမဟုတ်တော့ဘူးလေKimရဲ့"
ရယ်သံလေးနဲ့ပြောလာသောJeonစကားလေးကြောင့်Taehyungပြုံးမိသွားပါသည်။ဟုတ်ပါရဲ့ကုမ္ပဏီကိုတောင်ဦးစီးနိုင်တော့မည့်လူတစ်ယောက်အား ကလေးတစ်ယောက်လိုဆက်ဆံမိလိုက်သလိုဖြစ်သွားတာပဲ။ ဒါပေမဲ့လည်းခုဏကရင်ခွင်ထဲတိုးဝင်မိသည့်အဖြစ်ကိုပြန်တွေးမိတော့မျက်နှာဟာပူခနဲပင်။ ရုတ်တရက်ကိုယ်မျှော်နေသည့်လူတစ်ယောက်၏အသံကိုကြားလိုက်ရ၍Taehyungစိတ်ထဲပျော်သွားသလို၊ အားကိုးရာတစ်ခုအားအပိုင်စားရသွားသလို ထိုကဲ့သို့အမျိုးမျိုးဖြစ်နေသောစိတ်ကြောင့်ဘာမှတွေးချိန်မရပဲထိုလူ့စီအတင်းတိုးဝင်သွားခဲ့တာ ဘာကိုမှစဥ်းစားနိုင်စွမ်းမရှိတော့တဲ့အထိလေ။ အဲ့လောက်ထိထိုလူကTaehyungစိတ်အားအပိုင်စားရနေခဲ့ပါသည်။

"Kimအခုဖြစ်နေတဲ့ပြဿနာကို ကိုယ်ဂဃနဏမသိပေမဲ့ကိုယ်ကူညီပေးနိုင်တာရှိရင်ကိုယ့်ကိုပြောလို့ရတယ်နော်"

"ကျွန်တော့်ကိုဘာလို့အဲ့လောက်ကူညီနေရတာလဲဟင်"
ဖြတ်ခနဲကြည့်လိုက်မိတဲ့မျက်ဝန်းတွေထဲမှာအဓိပ္ပါယ်ဖော်မရသောစကားလုံးများပြည့်နှက်နေသည်ကိုJungkookတွေ့မြင်လိုက်ရပါသေးသည်။ ကိုယ်ဖွင့်ပြောသင့်လားKim. ကြည့်ရတာကိုယ့်ခံစားချက်ကိုKimကနားလည်နေသလိုပါပဲ ဒါပေမဲ့Kimကိုယ်တွန့်ဆုတ်နေမိတယ်။ မြတ်နိုးရတဲ့Kimကို ကိုယ့်အပိုင်လေးဖြစ်စေချင်နေပေမယ့် အခြားတစ်ဖက်မှာလည်းKimက ကိုယ့်ကိုငြင်းရမယ်ဆိုရင်ဆိုတဲ့အတွေး၊ Kim ကိုဆုံးရှုံးလိုက်ရလျှင်ဆိုတဲ့အတွေးတွေကကိုယ့်နှလုံးသားကိုဆူးချွန်နဲ့ထိုးနေသလိုပါပဲ။

"ဘာဖြစ်လို့လဲဆိုတော့.. Kimဖြစ်နေလို့ပေါ့Kimရယ်"
ခပ်ဆွေးဆွေးစကားသံများနှင့်အတူမျက်ဝန်းမှိုင်းမှိုင်းဖြင့်မြတ်နိုးရသူအားကြည့်မိလေတော့ ထိုလူသားလေးကလည်းသူဖွင့်မပြောရဲတာကိုနားလည်သည်ထင် 'အဆင်ပြေပါတယ်' ဟုမျက်ဝန်းကနေတဆင့်ပြောနေသယောင်။  မျက်ဝန်းညိုလေးရဲ့စွဲငင်အားကြောင့်Jungkook Taehyungဘေးနားသို့ဖြေးညင်းစွာတိုးကပ်သွားပြီးနောက် နဖူးပြင်ပြေပြေလေးအားအနမ်းလေးတစ်ပွင့်။ မြတ်နိုးမှုအားသိပါစေKim. ကိုယ့်မြတ်နိုးရသူအပေါ်ထားတဲ့ကိုယ့်မေတ္တာကိုKimတစ်ယောက်သိရှိပါစေဟူသောရည်ရွယ်ချက်ဖြင့်...။
.
.
.
.
.
.
"အား....ဆေးပေး ငါ့ကိုဆေးပေးကြစမ်း"
ဝုန်း ဒုန်း
ဆေးရုံရဲ့ Privateအခန်းတွင်း၌သောင်းကျန်းနေသူတစ်ဦး။ အခန်းအတွင်းထဲ၌ဆူညံသံတွေကြောင့်ရောက်လာသောဆရာဝန်နှင့်သူနာပြုများ။ သူနာပြုဟုယူဆရသူများကလူနာဝတ်ဆုံဝတ်ဆင်ထားသောအမျိုးသားအားချုပ်ကိုင်၍ဆရာဝန်ဟုယူဆရသောသူကလက်မောင်းအားဆေးတစ်လုံးထိုးပေးလိုက်လေသည်။ မကြာခင်ထိုလူမှာငြိမ်ကျသွားကာအခန်း၏ကုတင်အပေါ်၌ခေတ္တခဏအိပ်ပျော်သွားလေသည်။ ထိုသူကတော့Jeon Groupရဲ့ဒုတိယသားဟုခေါ်တွင်ကြသောJeon Dohyun. Jeon Group မှပိုင်ဆိုင်သောဆေးရုံအတွင်းသို့ပို့ထားတာဆေးစွဲနေသည်ကိုကုသပေးနေခြင်းဖြစ်ပေသည်။ ကုသရေးအချိန်အတော်အတန်ကြာမြင့်၍Jeonသခင်ကြီးအားအကြောင်းကြားကာ လူနာရဲ့ကျန်းမာရေးအခြေအနေကိုပြောရန်ကြံနေတုန်းမှာပင်ယခုလိုရုတ်တရက်စိတ်ဖောက်လာခြင်း။ ဆရာဝန်များ၏ခေါင်းထဲ၌မေးခွန်းများပြည့်နှက်လျက်ရှိသည်။ ဆေးစွဲမှုအားကုသပေးပြီးသက်သာကာစအချိန်တွင်ရုတ်တရက်စိတ်ဖောက်လာကာဆေးတောင်းသည့်ယခုလိုအခြေအနေအားတစ်ခါမျှမကြုံဖူး၍။

ထိုအခြေအနေအားဆက်သွယ်ကာပြောပြရန်တိုင်ပင်နေတုန်းရောက်ရှိလာသော Jeon groupရဲ့အမွေဆက်ခံသူ Jeon Jungkook. အလုပ်ကတန်းရောက်လာသည့်ပုံစံဖြစ်ပြီး အပေါ်ထပ်ကုတ်အားချွတ်ထားကာရိုးရိုး shirtအင်္ကျီအဖြူနှင့် styleဘောင်းဘီရှည်အားဝတ်ထားသော Jeon သခင်လေး၏ပုံစံမှာအဝေးကကြည့်ရုံဖြင့်ပင် တည်ကြည်ကာချောမောမှုကအထင်းသားဖြင့်။ အနားသို့ရောက်လာသောJeonသခင်လေးအား ဆရာဝန်များသားမကသူနာပြုလေးများကပါစုပြုံ၍ကြည့်နေတော့...

"ဒေါက်တာ ညီလေးအခြေအနေ"
ထိုအခါမှသာတာဝန်ခံဆရာဝန်လေးမှာအသိစိတ်ဝင်လာဟန်

"Jungkook shii လူနာJeon Dohyun ရဲ့အခြေအနေကအကောင်းအတိုင်းပြန်ဖြစ်ဖို့ရက်အနည်းငယ်လောက်ဆေးရုံမှဆက်နေလိုက်ရင်ရပါပြီ။ ဒါပေမဲ့ဒီနေ့မှရုတ်တရပ်ကြီးစိတ်ဖောက်လာတယ်။ အကြောင်းအရင်းကိုတော့ကျွန်တော်တို့ရှာဖွေနေတုန်းပါ"

ဆရာဝန်ပြောလာသောစကားကြောင့်Jungkookတွေးစစဖြစ်သွားရသည်။

"ညီလေးကိုလူနာလာကြည့်တဲ့လူရှိလား"
မေးလိုက်သောမေးခွန်းမှာရိုးရိုးရှင်းရှင်းလေးသာ။ သို့ပေမဲ့အသံမှာရန်သူအားဒူးထောက်စေလောက်သည်အထိဂုဏ်ရှိန်ကြီးမားသောဘုရင်တစ်ပါးသကဲ့သို့။

"အာ ဟုတ်ကဲ့ လူနာJeon Dohyun ရဲ့မိခင်ဖြစ်သူJeon JiAh ကမကြာခဏလာလေ့ရှိပါတယ် Jungkook shiiနဲ့Jeon ကတော်ကလွဲရင်ဒီကိုဘယ်သူမှမလာကြပါဘူး"

သဘောပေါက်သွားပါပြီး။ Jeonကတော်ကဘာကြောင့်သားဖြစ်သူကိုပျက်စီးစေချင်နေရတာလဲ။ နောက်ကွယ်မှာအကြောင်းတစ်စုံတစ်ရာများရှိလေမလား။ Jungkook စုံစမ်းရန်လိုနေလေပြီ။ ထို့နောက်ညီလေးအတွက်သက်တော်စောင့်များစွာထားခဲ့ပေးပြီး Jeonကတော်သာမက မည်သူ့ကိုမျှDohyun၏ဆေးရုံအခန်းအတွင်းအားဝင်ခိုင်းခြင်းမပြုရန်ခိုင်းစေလိုက်သည်။ အကြောင်းအရင်းအားမမေးကြသော်လည်း ထိုသို့ပြုလုပ်ခြင်းသည်တစုံတယောက်ရန်မှကာကွယ်ရန်ဖြစ်သည်ကိုဆရာဝန်များကနားလည်ဟန်။

အိမ်ပြန်လမ်းအားအတွေးများနေသောသူ့အားသူငယ်ချင်းဖြစ်သူကစကားစလာလေသည်။

"Jungkook မင်းနဲ့Kim သခင်လေးကဘာတွေလဲ"

"မသိသေးဘူး ငါတို့ဆက်ဆံရေးကိုအမည်တပ်လို့မရသေးဘူး"

"မင်းတို့ကိုတော့နားမလည်နိုင်တော့ဘူး"
'အင်းငါကိုယ်တိုင်လည်းနားမလည်တော့ဘူး' ထိုစကားကိုတော့Jungkookစိတ်ထဲကနေသာပြောလိုက်တော့သည်။ သူတို့ဆက်ဆံရေးကိုဘယ်လိုခေါ်ရမလဲ Just friendလို့ခေါ်ရအောင်လည်း သူငယ်ချင်းတွေကလည်းမဟုတ်တော့..။

"Woojin.... တချို့ဆက်ဆံရေးတွေကပါးစပ်ကထုတ်မပြောပဲနဲ့လည်းသိနိုင်ပါတယ်"

သူငယ်ချင်းဖြစ်သူကတော့ထိုစကားအားနားမလည်ဟန်စဥ်းစားနေပြီးမှနောက်ဆုံးသဘောကျသလို တဟားဟား ရယ်နေတော့သည်။

ချစ်တယ်လို့တစ်ယောက်ကိုတစ်ယောက်ဖွင့်ပြောနေမှချစ်သူတွေဖြစ်နိုင်တာမှမဟုတ်တာပဲလေ။ မျက်ဝန်းကနေတဆင့်လည်းသိနိုင်သလို အပြုအမူတွေကနေလည်းတစ်ယောက်ကိုဂရုစိုက်နိုင်တာပဲ။ ချစ်တယ်တဖွဖွပြောပြီးနောက်ကွယ်မှာဖောက်ပြန်နေတာထက်စာရင် ချစ်ကြောင်းတွေမပြောပဲအမြတ်တနိုးဂရုစိုက်ပေးနေရတဲ့ဆက်ဆံရေးကိုပိုသဘောကျတယ်။ ပြီးတော့ Kim ဘက်က ကိုယ့်အပေါ်ခံစားချက်တစ်ချို့ကိုလည်းကိုယ်နားလည်နေတာပဲ။

TBC...
**Thanks for reading**




Zawgyi

"Kim"
Taehyungအိမ္ထဲဝင္ခါနီးၾကားလိုက္ရေသာေခၚသံေလးေၾကာင့္ေတာင့္ေတာင့္ႀကီးရပ္ေနမိသည္။ Taehyungသူ႕ကိုတကယ္လြမ္းေနခဲ့တာ၊ သူ႕ရဲ႕ေခၚသံေလးကိုေရာ၊ သူ႕ရဲ႕ၾကင္နာမႈေတြနဲ႕ျပည့္ေနတဲ့မ်က္ဝန္းေလးတစ္စုံကိုေရာေနာက္ၿပီးသူ႕ရဲ႕ႏြေးေထြးတဲ့ေထြးေပြ႕မႈေလးေရာေပါ့။ ေခၚေနသည္ကိုျပန္မထူးပဲေနာက္လွည့္ကာထိုလူသား၏ရင္ခြင္ထဲသို႔တိုးဝင္မိသည့္အခိုက္ လိုခ်င္ေနေသာႏြေးေထြးမႈတစ္စုံတစ္ရာရရွိလိုက္သလို၊ တန္းတူျဖစ္ေနေသာအရပ္အေမာင္းေၾကာင့္ရင္ခြင္ထဲတိုးဝင္၍မရေသာ္လည္းပခုံးေပၚသို႔ေခါင္းအားေမွာက္ထားကာ သူ႕ခါးအား လႊင့္ထြက္ေတာ့မည့္အရာတစ္ခုအားဖမ္းဆုပ္ထားသလို တင္းတင္းၾကပ္ၾကပ္ဖက္ထားမိသည္။

ကိုယ္တစ္ဦးတည္းသာပိုင္ေသာအမည္နာမေလးအားေခၚလိုက္ေသာ္လည္း ျပန္လည္ေျဖဆိုျခင္းမရွိပဲေတာင့္ေတာင့္ႀကီးရပ္ေနေသာလူသားေလးေၾကာင့္စိတ္ဆိုးေနသည္အထင္ႏွင့္ထပ္ေခၚရန္ျပင္လိုက္ေသာ္လည္း ရင္ခြင္ထဲတိုးဝင္လာေသာကိုယ္လုံးေလးေၾကာင့္ေၾကာင္အသြားခဲ့ရသည္။ ႏြေးေထြးမႈေပးေသာလက္ႏွစ္ဖက္ကေလထဲ၌ျမႇောက္လ်က္ေန၍ရင္ခြင္ထဲေရာက္လာေသာကိုယ္လုံးေလးအားေၾကာင္ အ ကာေငးေမာၾကည့္မိေနစဥ္ သူ႕ခါးအားလႊင့္ထြက္မတက္ဖက္ထားေသာထိုလူသားေလးေၾကာင့္ သတိျပန္ဝင္လာကာစိတ္ပင္ပန္းေနေသာျမတ္နိုးရသူ၏ေက်ာေလးကခပ္ဖြဖြပြတ္ေပးမိသည္။ ညီေလးကိစၥအားဖခင္ျဖစ္သူကိုသြားရွင္းျပၿပီးျပန္လာေသာသူ႕ကို သူငယ္ခ်င္းျဖစ္သူWoojinက ျမတ္နိုးရသူရဲ႕အေၾကာင္းမွန္သမွ်ကိုေျပာျပျဖင့္အေလာတႀကီးဒီလူသားေလးရွိရာသို႔ေရာက္လာျခင္း။ စိတ္ရႈတ္စြာႏွင္ထုတ္မည္ဟုေတြးထင္ထားေသာ္လည္း ေမတၱာငတ္ေနသည့္ကေလးတစ္ေယာက္သဖြယ္ရင္ခြင္ထဲအတင္းတိုးဝင္ေနသူေလးေၾကာင့္ရင္ခြင္ထဲရွိကိုယ္လုံးငယ္ေလးအားပိုတိုး၍ဖက္လိုက္ရင္း ရွာေဖြေနသည့္ႏြေးေထြးမႈတစ္စုံတစ္ရာအားအျပည့္အဝထုတ္ေပးေနမိသည္။ ကြၽန္ေတာ္ရဲ႕စစ္မွန္ေသာခ်စ္ျခင္းတရားေတြေၾကာင့္ျမတ္နိုးရတဲ့ဒီလူသားေလးစိတ္ပင္ပန္းမႈေတြေပ်ာက္ကြယ္ပါေစ။ ထိုစဥ္ ေကာင္းကင္ေပၚမွေႂကြဆင္းလာေသာၾကယ္တစ္လုံး၊ ၾကည့္ရတာခ်စ္တက္လြန္းသူ၏ဆုေတာင္းအားအေမွာင္ယံညမ်ားအားအလင္းေပးေနသူကၾကားသြား၍ထင္သည္။
.
.
.
.
.
"Kimအဆင္ေျပရဲ႕လား"
စကားျပန္ေျပာျခင္းမရွိပဲေျဖးညင္းစြာေခါင္းညိမ့္ျပေသာလူသားေလးအားJungkookအမွန္တကယ္ပင္စိတ္ပူေနပါသည္။ ကိုယ္ေရးကိုယ္တာကိစၥအားဝင္စြပ္ဖက္၍မေကာင္းလို႔သာ၊ မဟုတ္ရင္ျဖစ္သမွ်အကုန္ေမးၿပီးဒီလူသားေလးကိုစိတ္ဆင္းရဲေအာင္လူမွန္သမွ်ကိုငရဲထက္ဆိုးတဲ့ဘဝကိုခံစားရေစခ်င္တာ။

"ကြၽန္ေတာ္တကယ္အဆင္ေျပသြားၿပီ ​ေနာက္က်ေနၿပီေလJeon အိမ္ကစိတ္ပူေနဦးမယ္"

"ကိုယ္က ကေလးမဟုတ္ေတာ့ဘူးေလKimရဲ႕"
ရယ္သံေလးနဲ႕ေျပာလာေသာJeonစကားေလးေၾကာင့္Taehyungၿပဳံးမိသြားပါသည္။ဟုတ္ပါရဲ႕ကုမၸဏီကိုေတာင္ဦးစီးနိုင္ေတာ့မည့္လူတစ္ေယာက္အား ကေလးတစ္ေယာက္လိုဆက္ဆံမိလိုက္သလိုျဖစ္သြားတာပဲ။ ဒါေပမဲ့လည္းခုဏကရင္ခြင္ထဲတိုးဝင္မိသည့္အျဖစ္ကိုျပန္ေတြးမိေတာ့မ်က္ႏွာဟာပူခနဲပင္။ ႐ုတ္တရက္ကိုယ္ေမွ်ာ္ေနသည့္လူတစ္ေယာက္၏အသံကိုၾကားလိုက္ရ၍Taehyungစိတ္ထဲေပ်ာ္သြားသလို၊ အားကိုးရာတစ္ခုအားအပိုင္စားရသြားသလို ထိုကဲ့သို႔အမ်ိဳးမ်ိဳးျဖစ္ေနေသာစိတ္ေၾကာင့္ဘာမွေတြးခ်ိန္မရပဲထိုလူ႕စီအတင္းတိုးဝင္သြားခဲ့တာ ဘာကိုမွစဥ္းစားနိုင္စြမ္းမရွိေတာ့တဲ့အထိေလ။ အဲ့ေလာက္ထိထိုလူကTaehyungစိတ္အားအပိုင္စားရေနခဲ့ပါသည္။

"Kimအခုျဖစ္ေနတဲ့ျပႆနာကို ကိုယ္ဂဃနဏမသိေပမဲ့ကိုယ္ကူညီေပးနိုင္တာရွိရင္ကိုယ့္ကိုေျပာလို႔ရတယ္ေနာ္"

"ကြၽန္ေတာ့္ကိုဘာလို႔အဲ့ေလာက္ကူညီေနရတာလဲဟင္"
ျဖတ္ခနဲၾကည့္လိုက္မိတဲ့မ်က္ဝန္းေတြထဲမွာအဓိပၸါယ္ေဖာ္မရေသာစကားလုံးမ်ားျပည့္ႏွက္ေနသည္ကိုJungkookေတြ႕ျမင္လိုက္ရပါေသးသည္။ ကိုယ္ဖြင့္ေျပာသင့္လားKim. ၾကည့္ရတာကိုယ့္ခံစားခ်က္ကိုKimကနားလည္ေနသလိုပါပဲ ဒါေပမဲ့Kimကိုယ္တြန့္ဆုတ္ေနမိတယ္။ ျမတ္နိုးရတဲ့Kimကို ကိုယ့္အပိုင္ေလးျဖစ္ေစခ်င္ေနေပမယ့္ အျခားတစ္ဖက္မွာလည္းKimက ကိုယ့္ကိုျငင္းရမယ္ဆိုရင္ဆိုတဲ့အေတြး၊ Kim ကိုဆုံးရႈံးလိုက္ရလွ်င္ဆိုတဲ့အေတြးေတြကကိုယ့္ႏွလုံးသားကိုဆူးခြၽန္နဲ႕ထိုးေနသလိုပါပဲ။

"ဘာျဖစ္လို႔လဲဆိုေတာ့.. Kimျဖစ္ေနလို႔ေပါ့Kimရယ္"
ခပ္ေဆြးေဆြးစကားသံမ်ားႏွင့္အတူမ်က္ဝန္းမွိုင္းမွိုင္းျဖင့္ျမတ္နိုးရသူအားၾကည့္မိေလေတာ့ ထိုလူသားေလးကလည္းသူဖြင့္မေျပာရဲတာကိုနားလည္သည္ထင္ 'အဆင္ေျပပါတယ္' ဟုမ်က္ဝန္းကေနတဆင့္ေျပာေနသေယာင္။  မ်က္ဝန္းညိုေလးရဲ႕စြဲငင္အားေၾကာင့္Jungkook Taehyungေဘးနားသို႔ေျဖးညင္းစြာတိုးကပ္သြားၿပီးေနာက္ နဖူးျပင္ေျပေျပေလးအားအနမ္းေလးတစ္ပြင့္။ ျမတ္နိုးမႈအားသိပါေစKim. ကိုယ့္ျမတ္နိုးရသူအေပၚထားတဲ့ကိုယ့္ေမတၱာကိုKimတစ္ေယာက္သိရွိပါေစဟူေသာရည္႐ြယ္ခ်က္ျဖင့္...။
.
.
.
.
.
.
"အား....ေဆးေပး ငါ့ကိုေဆးေပးၾကစမ္း"
ဝုန္း ဒုန္း
ေဆး႐ုံရဲ႕ Privateအခန္းတြင္း၌ေသာင္းက်န္းေနသူတစ္ဦး။ အခန္းအတြင္းထဲ၌ဆူညံသံေတြေၾကာင့္ေရာက္လာေသာဆရာဝန္ႏွင့္သူနာျပဳမ်ား။ သူနာျပဳဟုယူဆရသူမ်ားကလူနာဝတ္ဆုံဝတ္ဆင္ထားေသာအမ်ိဳးသားအားခ်ဳပ္ကိုင္၍ဆရာဝန္ဟုယူဆရေသာသူကလက္ေမာင္းအားေဆးတစ္လုံးထိုးေပးလိုက္ေလသည္။ မၾကာခင္ထိုလူမွာၿငိမ္က်သြားကာအခန္း၏ကုတင္အေပၚ၌ေခတၱခဏအိပ္ေပ်ာ္သြားေလသည္။ ထိုသူကေတာ့Jeon Groupရဲ႕ဒုတိယသားဟုေခၚတြင္ၾကေသာJeon Dohyun. Jeon Group မွပိုင္ဆိုင္ေသာေဆး႐ုံအတြင္းသို႔ပို႔ထားတာေဆးစြဲေနသည္ကိုကုသေပးေနျခင္းျဖစ္ေပသည္။ ကုသေရးအခ်ိန္အေတာ္အတန္ၾကာျမင့္၍Jeonသခင္ႀကီးအားအေၾကာင္းၾကားကာ လူနာရဲ႕က်န္းမာေရးအေျခအေနကိုေျပာရန္ႀကံေနတုန္းမွာပင္ယခုလို႐ုတ္တရက္စိတ္ေဖာက္လာျခင္း။ ဆရာဝန္မ်ား၏ေခါင္းထဲ၌ေမးခြန္းမ်ားျပည့္ႏွက္လ်က္ရွိသည္။ ေဆးစြဲမႈအားကုသေပးၿပီးသက္သာကာစအခ်ိန္တြင္႐ုတ္တရက္စိတ္ေဖာက္လာကာေဆးေတာင္းသည့္ယခုလိုအေျခအေနအားတစ္ခါမွ်မႀကဳံဖူး၍။

ထိုအေျခအေနအားဆက္သြယ္ကာေျပာျပရန္တိုင္ပင္ေနတုန္းေရာက္ရွိလာေသာ Jeon groupရဲ႕အေမြဆက္ခံသူ Jeon Jungkook. အလုပ္ကတန္းေရာက္လာသည့္ပုံစံျဖစ္ၿပီး အေပၚထပ္ကုတ္အားခြၽတ္ထားကာရိုးရိုး shirtအကၤ်ီအျဖဴႏွင့္ styleေဘာင္းဘီရွည္အားဝတ္ထားေသာ Jeon သခင္ေလး၏ပုံစံမွာအေဝးကၾကည့္႐ုံျဖင့္ပင္ တည္ၾကည္ကာေခ်ာေမာမႈကအထင္းသားျဖင့္။ အနားသို႔ေရာက္လာေသာJeonသခင္ေလးအား ဆရာဝန္မ်ားသားမကသူနာျပဳေလးမ်ားကပါစုၿပဳံ၍ၾကည့္ေနေတာ့...

"ေဒါက္တာ ညီေလးအေျခအေန"
ထိုအခါမွသာတာဝန္ခံဆရာဝန္ေလးမွာအသိစိတ္ဝင္လာဟန္

"Jungkook shii လူနာJeon Dohyun ရဲ႕အေျခအေနကအေကာင္းအတိုင္းျပန္ျဖစ္ဖို႔ရက္အနည္းငယ္ေလာက္ေဆး႐ုံမွဆက္ေနလိုက္ရင္ရပါၿပီ။ ဒါေပမဲ့ဒီေန႕မွ႐ုတ္တရပ္ႀကီးစိတ္ေဖာက္လာတယ္။ အေၾကာင္းအရင္းကိုေတာ့ကြၽန္ေတာ္တို႔ရွာေဖြေနတုန္းပါ"

ဆရာဝန္ေျပာလာေသာစကားေၾကာင့္Jungkookေတြးစစျဖစ္သြားရသည္။

"ညီေလးကိုလူနာလာၾကည့္တဲ့လူရွိလား"
ေမးလိုက္ေသာေမးခြန္းမွာရိုးရိုးရွင္းရွင္းေလးသာ။ သို႔ေပမဲ့အသံမွာရန္သူအားဒူးေထာက္ေစေလာက္သည္အထိဂုဏ္ရွိန္ႀကီးမားေသာဘုရင္တစ္ပါးသကဲ့သို႔။

"အာ ဟုတ္ကဲ့ လူနာJeon Dohyun ရဲ႕မိခင္ျဖစ္သူJeon JiAh ကမၾကာခဏလာေလ့ရွိပါတယ္ Jungkook shiiနဲ႕Jeon ကေတာ္ကလြဲရင္ဒီကိုဘယ္သူမွမလာၾကပါဘူး"

သေဘာေပါက္သြားပါၿပီး။ Jeonကေတာ္ကဘာေၾကာင့္သားျဖစ္သူကိုပ်က္စီးေစခ်င္ေနရတာလဲ။ ေနာက္ကြယ္မွာအေၾကာင္းတစ္စုံတစ္ရာမ်ားရွိေလမလား။ Jungkook စုံစမ္းရန္လိုေနေလၿပီ။ ထို႔ေနာက္ညီေလးအတြက္သက္ေတာ္ေစာင့္မ်ားစြာထားခဲ့ေပးၿပီး Jeonကေတာ္သာမက မည္သူ႕ကိုမွ်Dohyun၏ေဆး႐ုံအခန္းအတြင္းအားဝင္ခိုင္းျခင္းမျပဳရန္ခိုင္းေစလိုက္သည္။ အေၾကာင္းအရင္းအားမေမးၾကေသာ္လည္း ထိုသို႔ျပဳလုပ္ျခင္းသည္တစုံတေယာက္ရန္မွကာကြယ္ရန္ျဖစ္သည္ကိုဆရာဝန္မ်ားကနားလည္ဟန္။

အိမ္ျပန္လမ္းအားအေတြးမ်ားေနေသာသူ႕အားသူငယ္ခ်င္းျဖစ္သူကစကားစလာေလသည္။

"Jungkook မင္းနဲ႕Kim သခင္ေလးကဘာေတြလဲ"

"မသိေသးဘူး ငါတို႔ဆက္ဆံေရးကိုအမည္တပ္လို႔မရေသးဘူး"

"မင္းတို႔ကိုေတာ့နားမလည္နိုင္ေတာ့ဘူး"
'အင္းငါကိုယ္တိုင္လည္းနားမလည္ေတာ့ဘူး' ထိုစကားကိုေတာ့Jungkookစိတ္ထဲကေနသာေျပာလိုက္ေတာ့သည္။ သူတို႔ဆက္ဆံေရးကိုဘယ္လိုေခၚရမလဲ Just friendလို႔ေခၚရေအာင္လည္း သူငယ္ခ်င္းေတြကလည္းမဟုတ္ေတာ့..။

"Woojin.... တခ်ိဳ႕ဆက္ဆံေရးေတြကပါးစပ္ကထုတ္မေျပာပဲနဲ႕လည္းသိနိုင္ပါတယ္"

သူငယ္ခ်င္းျဖစ္သူကေတာ့ထိုစကားအားနားမလည္ဟန္စဥ္းစားေနၿပီးမွေနာက္ဆုံးသေဘာက်သလို တဟားဟား ရယ္ေနေတာ့သည္။

ခ်စ္တယ္လို႔တစ္ေယာက္ကိုတစ္ေယာက္ဖြင့္ေျပာေနမွခ်စ္သူေတြျဖစ္နိုင္တာမွမဟုတ္တာပဲေလ။ မ်က္ဝန္းကေနတဆင့္လည္းသိနိုင္သလို အျပဳအမူေတြကေနလည္းတစ္ေယာက္ကိုဂ႐ုစိုက္နိုင္တာပဲ။ ခ်စ္တယ္တဖြဖြေျပာၿပီးေနာက္ကြယ္မွာေဖာက္ျပန္ေနတာထက္စာရင္ ခ်စ္ေၾကာင္းေတြမေျပာပဲအျမတ္တနိုးဂ႐ုစိုက္ေပးေနရတဲ့ဆက္ဆံေရးကိုပိုသေဘာက်တယ္။ ၿပီးေတာ့ Kim ဘက္က ကိုယ့္အေပၚခံစားခ်က္တစ္ခ်ိဳ႕ကိုလည္းကိုယ္နားလည္ေနတာပဲ။

TBC...
**Thanks for reading**




Continue Reading

You'll Also Like

4.6M 290K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
20.1K 1.1K 21
'' ဘယ္သူနဲ႔ဆိုင္ဆိုင္ကိုယ္သာပိုင္ရရင္အသက္အရြယ္ဆိုတာအခ်စ္မွာကန္႔သတ္ထားတဲ့ဥပေဒတစ္ရပ္ေတာ့မဟုတ္ '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာ...
40.8M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
14.4K 1K 13
ကျွန်တော့်ရဲ့တစ်နေ့တာဟာ မောင်နဲ့စလို့ မောင်နဲ့ဆုံးခဲ့ပြီး ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာဟာလည်း မောင်နဲ့စလို မောင့်ဆီမှာပဲ အဆုံးသတ်ခဲ့ပါသည်။ Started dat...