Annoying Zhao Gongzi (Myanmar...

By Eri1485EXOL

83.1K 11.4K 214

This is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupda... More

Description
Just Notes
Chapter - 1 (Part 1)
Chapter - 1 (Part 2)
Chapter - 2 (Part 1)
Chapter - 2 (Part 2)
Chapter - 3 (Part 1)
Chapter - 3 (Part 2)
Chapter - 4 (Part 1)
Chapter - 4 (Part 2)
Chapter - 4 (Part 3)
Chapter - 4 (Part 4)
Chapter - 5 (Part 1)
Chapter - 5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 6 (Part 3)
Chapter - 6 (Part 4)
Chapter - 7 (Part 1)
Chapter - 7 (Part 2)
Chapter - 7 (Part 3)
Chapter - 7 (Part 4)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter - 11 (Part 1)
Chapter - 11 (Part 2)
Chapter - 11 (Part 3)
Chapter - 12 (Part 1)
Chapter - 12 (Part 2)
Chapter - 12 (Part 3)
Chapter - 13 (Part 1)
Chapter - 13 (Part 2)
Chapter - 13 (Part 3)
Chapter - 14 (Part 1)
Chapter - 14 (Part 2)
Chapter - 14 (Part 3)
Chapter - 14 (Part 4)
Chapter - 15 (Part 1)
Chapter - 15 (Part 2)
Chapter - 15 (Part 3)
Chapter - 15 (Part 4)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 17 (Part 4)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 22 (Part 2)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 24 (Part 1)
Chapter - 24 (Part 2)
Chapter - 25 (Part 1)
Chapter - 25 (Part 2)
Chapter - 26 (Final)

Chapter - 22 (Part 1)

434 73 0
By Eri1485EXOL

Unicode

ကျင်းရှန့်နဲ့ ဗိုလ်မှူး​လေး​ဟောင်တို့ရဲ့ကိစ္စက ဖြစ်ပြီးသွားတာ တစ်နှစ်ခွဲရှိ​ပြီ။ သူတို့နှစ်ယောက်က ဘယ်လိုပုံစံနဲ့ ဘယ်လိုတွေဆက်ဖြစ်သွားတယ်ဆိုတာကို အတိအကျမသိပေမယ့် ကျင်းရှန့်က ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ငါ့ကို သဘာဝကျကျနဲ့ ရှောင်နေတယ်။ ​ကျောင်းကုန်းဇီက​တော့ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ငါ့ကို သတင်းပို့ရတာ အရမ်းပျော်​နေတယ်။ ဥပမာအားဖြင့် - ဒီ​နေ့ ကျင်းရှန့်နဲ့ ဗိုလ်မှူး​လေး​ဟောင်တို့က အရင်ပုံစံအတိုင်း ပြန်လည်ဖြစ်သွားခဲ့ကြပြီး မနက်ဖြန်ကျ​တော့ ကျင်းရှန့်နဲ့ ဗိုလ်မှူး​လေး​ဟောင်က ဖယောင်းတိုင်မီး​တွေထွန်းထားတဲ့ ညစာကို စား​သောက်ကြတယ်။ ပြီး​တော့ နောက်တစ်နေ့မှာ ဗိုလ်မှူး​လေး​ဟောင်က ကျင်းရှန့်ရဲ့တိုက်ခန်းကို ပြောင်းသွားပြီး အဲ့​နောက် မြို့ပြင်က ဖျော်ဖြေပွဲတစ်ခုအတွက် ကျင်းရှန့်​ရဲ့အနောက်ကို လိုက်သွားခဲ့တယ်, စသဖြင့်​ပေါ့။

ငါ နားမ​ထောင်ချင်ဘူး။

ဒါ​ပေမယ့်လည်း ငါ အဲ့လို​ပြောလိုက်လို့ မရဘူး။

ငါ နားမထောင်ချင်ပါဘူးဆိုတဲ့ အရိပ်အမြွက်စကား​လေးက ငါ့ပါးစပ်က​နေ လွှတ်ခနဲထွက်သွားရင်​တောင် ​ကျောင်းကုန်းဇီက အေးစက်စက်ရယ်​မောပြီး "မင်းမှာ သတ္တိရှိတယ်ဆိုရင် သူ့ဆီသွားလို့ရပြီ" လို့ အေးတိအေးစက်နဲ့ ပြောလိမ့်မယ်။

ငါက သူ့အကြုံပြုစကားအတိုင်း အပြင်ထွက်ဖို့ မတ်တပ်ထရပ်လိုက်ရင် ​ကျောင်းကုန်းဇီက ငါ့ကို ဆိုဖာပေါ် ပြန်ဆွဲချပြီး "ကျူးရိရှင်, မင်းက လူယုတ်မာပဲ! ဒီနေ့ ငါ မင်းကို မဆုံးမဘူးဆိုရင် ​လောင်ဇီက ​လောင်ဇီရဲ့ နောက်ဆုံးနာမည်စာလုံးကို မင်းနာမည်ပြောင်းပစ်လိုက်မယ်!"

ဖြစ်လာမယ့်ဟာ​တွေကို ဘာလို့​သေချာ​နေလဲလို့ ငါ့ကို မ​မေးနဲ့။ ​ကျောင်း​လောင်က ဆိုဖာအစွပ်တွေကို ​လျှော်​​ပေးဖို့ သဘောတူညီခဲ့တယ်​။

ညသန်းခေါင်မှာ ငါ အမှတ်တမဲ့နိုးလာပြီး ​ရေတစ်ခွက်​သောက်ဖို့ ဧည့်ခန်းထဲကို သွားလိုက်တယ်။ ငါ ​ရေ​သောက်ပြီးတာနဲ့ တယ်လီဖုန်းက ထမြည်လာတယ်။ ပထမတော့ ဒါက ​ကျောင်းကုန်းဇီအတွက်လို့ထင်ခဲ့ပေမယ့် ငါ ကောက်ကိုင်လိုက်တဲ့အခါမှာတော့ အဲ့ဒါက ငါနဲ့ စကား​ပြောချင်​နေတဲ့, ငါ့ရဲ့ ငယ်ငယ်ရွယ်ရွယ် လုပ်ဖော်ကိုင်ဖက် ချောချောလေးတစ်ယောက်ဖြစ်​နေတယ်​လေ။

ကံကောင်းထောက်မစွာနဲ့ ငါက ဖုန်းကိုင်လိုက်တဲ့လူဖြစ်​နေတယ်။ မဟုတ်ရင် ငါ ဖုန်းကို ဘယ်တော့မှ လက်ခံရ​တော့မှာ မဟုတ်ဘူး။

ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်က ​ပြောတယ်, "ရိရှင်, ငါ မြို့ပြင်က ပြန်ရောက်လာတာ, မင်း တကယ် အလုပ်ထွက်တော့မယ်လို့ ငါကြားခဲ့တယ်​နော်?"

ငါ အိပ်ခန်းထဲမှာရှိနေတဲ့ ​ကျောင်းကုန်းဇီကို မနှိုးမိ​အောင်, သူ ငါ့ကို လာမကျိန်ဆဲ​အောင်လို့ အသံကို လျှော့ပြီး ပြောလိုက်တယ်, "အမှန်ပဲ"

ငါ မူလတန်းကျောင်းမှာ တရုတ်စာသင်တဲ့ ဆရာအဖြစ် အလုပ်ရလိုက်တယ်။ ဒါပေမယ့် ငါ ကျောင်းအုပ်ဆရာနဲ့ တကယ်ကို ​အဆင်မ​ပြေနိုင်ဘူး။ လစာကလည်း နည်းသလို ​ကျောင်းကုန်းဇီကလည်း ပိုက်ဆံအများကြီးသုံးတယ်။ ဒါကြောင့် ငါ ဒီအလုပ်ကထွက်ပြီး တခြားတစ်ခုခုလုပ်ဖို့အတွက် အချိန်တွေကို လွတ်လွတ်လပ်လပ် အသုံးချဖို့ စီစဉ်နေတယ်။

ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်က သက်ပြင်းချလိုက်တယ်, "လစာက နည်းနည်း​တော့ နည်းပေမယ့် ငါတို့အားလုံး အဆင်ပြေကြတာပဲ, မင်းက ရုတ်တရက်ကြီးဆို​တော့ _ _ "

"ငါ နည်းနည်းပင်ပန်းနေတာတော့ အမှန်ပဲ, ဆက်လုပ်ဖို့​တော့ တော်တော်ခက်မယ်ထင်တယ်, အဲ့ဒါက ငါ့အတွက် ဝန်​ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပြီ"

"အာ, ငါ နားလည်တယ်, ကျောင်းအုပ်ကြီးကျန်းရဲ့ ပင်ကိုယ်စရိုက်က တကယ်ကို ဆက်ဆံရခက်တယ်, သူက ငါတို့ကို သူ့ရဲ့ တွေးခေါ်မှုပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အမြဲတွန်းအားပေးနေတာ, သူ ပြောင်းလဲဖို့ ဆန္ဒရှိ​နေမယ်ဆိုရင်​ကော?"

"သူ မပြောင်းလဲနိုင်ပါဘူး, မင်းရှေ့မှာတင် တခြားလူတွေ​ကော, ဖြစ်ပျက်နေတာတွေပါ အများကြီးရှိတယ်, ဒါပေမယ့် သူက ဂရုမစိုက်ဘူး​လေ, သူ လုပ်​နေကျအတိုင်း ဆက်လုပ်နေတုန်းပဲ"

ငါ့ရဲ့လုပ်​ဖော်ကိုင်ဖက်က သက်ပြင်းချလိုက်ပြီး ​​မေးတယ်, "ဒါဆို မင်း နှုတ်ထွက်စာ ဘယ်တော့ပေးမှာလဲ?"

"ငါ ​ကျောင်း​လောင်ရဲ့ မွေးနေ့မရောက်မချင်း စောင့်လိုက်ဦးမယ်"

ကျောင်းအုပ်ကြီးကျန်းရဲ့ ပင်ကိုယ်စရိုက်နဲ့ ပုံမှန်ပြုမူလုပ်​ဆောင်ချက်တွေအရ ငါ့ရဲ့လစာကို သူ မနာလိုစွာ နှုတ်ယူလိုက်မှာကို ငါ ကြောက်မိတယ်။ ​ကျောင်းကုန်းဇီရဲ့ မွေးနေ့ ရောက်တော့မှာဆို​တော့ ​ကျောင်းကုန်းဇီက သူ့ကို စိတ်​ကျေနပ်စရာမ​ကောင်းတဲ့ လက်ဆောင်​ပေးဖို့ ငါက ရည်ရွယ်ချက်ရှိရှိနဲ့ မနာလိုစွာ​ရွေးချယ်လိုက်တယ်လို့ မှတ်ယူသွားမှာကိုလည်း ​ကြောက်မိတယ်။

ငါ့လုပ်ဖော်ကိုင်ဖက်က သက်ပြင်းတစ်ချက် ထပ်ချလိုက်တယ်, "ကျောင်းအုပ်ကြီးကျန်းက မင်းနှုတ်ထွက်တာကို သဘောမတူမှာစိုးတယ်"

"သူ သဘောမတူရင်တောင်မှ သူ ဘာမှမလုပ်နိုင်ပါဘူး, သူက ငါ့အတွက် တကယ်လုပ်နိုင်မှာ မဟုတ်ဘူး"

"ဟင်း...ငါတို့အားလုံး မင်း ထွက်သွားမှာကို မမြင်ချင်ဘူး, ရိုးရိုးသားသား​ပြောရရင် ငါတို့အားလုံးက ကျောင်းအုပ်ကြီးကျန်းရဲ့ နည်းလမ်းတွေကို ကျင့်သားရ​နေပြီ, သူက သူလိုချင်တာကို ပြောပြီး သူ လုပ်ချင်တာကို လုပ်, ငါတို့က ငါတို့ လုပ်စရာရှိတာကို ဆက်လုပ်မယ်, သူနဲ့ ရန်ဖြစ်စရာ ဘာအ​ကြောင်းရှိလဲ?"

ငါလည်း သူတို့ကို ထားခဲ့ဖို့ မလိုလားတော့ဘဲ သက်ပြင်းမချဘဲ မ​နေနိုင်တော့ဘူး, "ငါ ပင်ပန်းလွန်းလို့ပါ, တကယ် ပင်ပန်းတာ"

"မင်း အလုပ်တွေ အများကြီးလုပ်ထားလို့ပါ! မင်း ပိုက်ဆံ အရမ်း လိုအပ်နေတာလား?"

ဒါ​ပေါ့, ငါ ပိုက်ဆံလိုအပ်တယ်။ ​ကျောင်းကုန်းဇီက ပိုက်ဆံဘယ်လောက်သုံးလဲဆိုတာ ကြည့်လိုက်ဦး​လေ!

ဟိုနေ့က ငါ ​ကျောင်းကုန်းဇီကို ရုပ်ရှင်ကြည့်ဖို့ မဖိတ်​ခေါ်ခဲ့သင့်ဘူး။ ငါတို့ ရုပ်ရှင်သွားမကြည့်ဘူးဆိုရင် ရုပ်ရှင်ရုံဘေးက ရှော့ပင်းမောလ်ကို တွေ့ရတော့မှာမဟုတ်သလို အထဲကို ဝင်ကြည့်ဖို့ ဆုံးဖြတ်မိမှာလည်း မဟုတ်ဘူး။ ရှော့ပင်းမောလ်ထဲကို လှည့်ပတ်မကြည့်မိဘူးဆိုရင် ပြထားတာ​တွေကို မြင်ရမှာမဟုတ်သလို နောက်ဆုံးမှာတော့ စန္ဒယားတစ်လုံးကိုလည်း ဝယ်ဖြစ်မှာမဟုတ်ဘူး။

ငါက မန်နေဂျာကို သိ​နေတယ်ဆိုရင်​တောင်မှ​ပေါ့။

အစကတည်းက ငါ ဒီမန်နေဂျာကို မသိခဲ့သင့်ဘူး။

အဲ့ဒီမန်နေဂျာကို မသိဘူးဆိုရင် ငါတို့မှာ ပိုက်ဆံအများကြီးမရှိဘူးလို့ ​ငါ ကျောင်းကုန်းဇီကို ပြောပြလို့ရတယ်။ ဒါဆိုရင် အဲ့ဒီမန်နေဂျာက "ကိစ္စမရှိပါဘူး, ခင်ဗျားတို့နှစ်ယောက်ဆိုရင်​တော့ အရစ်ကျပေးချေလို့ရပါတယ်" လို့ ငါတို့ကို ​ပြောလာမှာမဟုတ်ဘူး​လေ။ ပြီးတော့ ​ကျောင်းကုန်းဇီဘက်ကလည်း "အိုး, ဒါဆိုရင် ငါတို့ ဒါကို ဝယ်လိုက်မယ်​လေ" လို့ ​ပြောဖို့ ဆင်​ခြေကို ရှာ​တွေ့မှာမဟုတ်ဘူး​။

အိုး, ဒါဆို ငါတို့ ဒါကို ဝယ်လိုက်မယ်​လေ!

အိုး!

ဒါဆို ငါတို့ ဒါကို ဝယ်လိုက်မယ်​လေ!

ဘယ်က ပိုက်ဆံနဲ့လဲ?!

ငါတို့ရဲ့လစဉ်ကုန်ကျစရိတ်​တွေထဲကို ပေါင်းထည့်ထားတဲ့ ဒီအကြွေး​တွေအကြောင်းကို ​တွေးမိပြီး ငါ နောက်တစ်ကြိမ် သက်ပြင်းမချဘဲ မ​နေနိူင်​တော့ဘူး, "ငါ ပိုက်ဆံလို​နေတာမဟုတ်ဘူး, ​ကျောင်း​လောင်က ပိုက်ဆံအများကြီးသုံး​နေတာ"

ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်က ရယ်တယ်, "ဒါနဲ့ ပတ်သက်ပြီး ဘယ်သူက တတ်နိုင်မှာလဲ? သူက ​ကျောင်းကုန်းဇီပဲ​လေ"

ငါ သက်ပြင်းချလိုက်တယ်, "ဟုတ်တယ်, အဲ့ဒါနဲ့ ပတ်သက်ပြီး ဘယ်သူက တတ်နိုင်မှာလဲ? သူက ​ကျောင်းကုန်းဇီ​လေ"

သခင်ကြီး​ကျောင်းစီရဲ့ အတောင်ပံတွေအောက်မှာ ကြီးပြင်းလာပြီး​တော့ ပိုက်ဆံကို ​ရေသုံးသလိုမျိုး သုံးစွဲနိုင်ခဲ့ပြီးတဲ့​နောက် အခု​တော့ ​ကျောင်းကုန်းဇီက လက်ပြောင်းပြီး ငါနဲ့ အတူရှိနေတယ်။ ငါက သူ့ကို ဘာမဆို မဝယ်နိုင်​အောင်လို့ လုပ်ရမှာမဟုတ်ဘူး​လေ။ ဦး​လေးတာ့လီက ငါ့အကြောင်းကို သူ အခုပြောနေတာထက်တောင် ပိုလို့ ​ပြော​နေဦးမှာလား?

ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်က စကားလမ်း​ကြောင်းကို ကျောင်းအုပ်ကြီးကျန်းဆီ ပြန်ပြောင်းလိုက်တယ်, "ကျောင်းအုပ်ကြီးကျန်းကလည်း လူတစ်မျိုးပဲ_ဟင်း...သူ ​ပြောသမျှအရာအားလုံးက ငါ့ကို နှုတ်ထွက်စာတင်ချင်စိတ်ဖြစ်လာစေတယ်, ကျောင်းအုပ်ကြီးကျန်းက တကယ်ကို ကျိုး​ကြောင်းမဆီ​လျော်တာပဲ, အမြဲတမ်းသေးသိမ်ပြီး​တော့ တွန့်တိုတတ်တယ်, မင်းလို သ​ဘော​ကောင်းတဲ့လူတောင် သူ့အ​ဝေး​ကို ပြေးချင်တာ အံ့သြစရာမရှိဘူး, ဒါ​တောင် မင်းက ဒီမှာ အကြာဆုံး သင်ကြားပေးတဲ့သူပဲ"

အကြောင်းရင်းက ဒီလိုဖြစ်နေပေမဲ့ ငါတို့ စကားပြောတဲ့အခါတော့ နည်းနည်းလေးစား​ပေးဖို့ လိုသေးတယ်။ ဒီတော့ ငါက ပိုသိမ်မွေ့တဲ့သဘောနဲ့ ပြောလိုက်တယ်, "အင်း, သူက မင်း ပြောသလို အရမ်းကြီး ကျိုး​ကြောင်းမဆီ​လျော်ဘဲ ​သေးသိမ်​နေတာ​တော့ မဟုတ်ပါဘူး, ငါတို့ရဲ့ ပင်ကိုယ်စရိုက်​တွေက မကိုက်ညီရုံပါ"

"ဒီလိုဆိုရင်​ကော - ငါတို့အားလုံး နောက်နေ့မှာ သွား​ဆွေး​နွေးပြီး​တော့ ကိုယ့်ဘာသာ ကျောင်းတစ်​ကျောင်းထူထောင်လိုက်ရင်​ကော? အဲ့ဒါက ခက်တယ်ထင်ရပေမယ့် ငါတို့အားလုံးမှာ အဆက်အသွယ်တွေ ရှိတာပဲ, မင်းမှာလည်း မင်းကို ပံ့ပိုး​ပေးမယ့် သခင်ကြီး​ကျောင်းစီရှိတယ်​လေ, အရမ်းကြီး မခက်ခဲ​လောက်ပါဘူး"

"ဒါက သခင်ကြီး​ကျောင်းစီနဲ့ ဘာမှမဆိုင်ဘူး​လေ"

"ငါက ဒါကို စကားအဖြစ်ပြောပြတာပါ, ငါလည်း သခင်ကြီး​ကျောင်းစီရဲ့ အဆက်အသွယ်တွေကို အသုံးချဖို့ တကယ် မကြိုးစားရဲဘူး"

ငါ သူနဲ့ မိနစ်အနည်းငယ်လောက် စကားစမြည်ဆက်ပြောပြီး​တော့ ဖုန်းချလိုက်တယ်။ အဲ့ဒီနောက် ငါလည်း ရေနည်းနည်းသောက်ပြီး ပြန်အိပ်ပျော်သွားတယ်။




Zawgyi

က်င္း႐ွန္႔နဲ႔ ဗိုလ္မႉး​ေလး​ေဟာင္တို႔ရဲ႕ကိစၥက ျဖစ္ၿပီးသြားတာ တစ္ႏွစ္ခြဲ႐ွိ​ၿပီ။ သူတို႔ႏွစ္ေယာက္က ဘယ္လိုပုံစံနဲ႔ ဘယ္လိုေတြဆက္ျဖစ္သြားတယ္ဆိုတာကို အတိအက်မသိေပမယ့္ က်င္း႐ွန္႔က ဒီလိုကိစၥေတြနဲ႔ပတ္သက္ၿပီး ငါ့ကို သဘာဝက်က်နဲ႔ ေ႐ွာင္ေနတယ္။ ​ေက်ာင္းကုန္းဇီက​ေတာ့ ဒီလိုကိစၥေတြနဲ႔ပတ္သက္ၿပီး ငါ့ကို သတင္းပို႔ရတာ အရမ္းေပ်ာ္​ေနတယ္။ ဥပမာအားျဖင့္ - ဒီ​ေန႔ က်င္း႐ွန္႔နဲ႔ ဗိုလ္မႉး​ေလး​ေဟာင္တို႔က အရင္ပုံစံအတိုင္း ျပန္လည္ျဖစ္သြားခဲ့ၾကၿပီး မနက္ျဖန္က်​ေတာ့ က်င္း႐ွန္႔နဲ႔ ဗိုလ္မႉး​ေလး​ေဟာင္က ဖေယာင္းတိုင္မီး​ေတြထြန္းထားတဲ့ ညစာကို စား​ေသာက္ၾကတယ္။ ၿပီး​ေတာ့ ေနာက္တစ္ေန႔မွာ ဗိုလ္မႉး​ေလး​ေဟာင္က က်င္း႐ွန္႔ရဲ႕တိုက္ခန္းကို ေျပာင္းသြားၿပီး အဲ့​ေနာက္ ၿမိဳ႕ျပင္က ေဖ်ာ္ေျဖပြဲတစ္ခုအတြက္ က်င္း႐ွန္႔​ရဲ႕အေနာက္ကို လိုက္သြားခဲ့တယ္, စသျဖင့္​ေပါ့။

ငါ နားမ​ေထာင္ခ်င္ဘူး။

ဒါ​ေပမယ့္လည္း ငါ အဲ့လို​ေျပာလိုက္လို႔ မရဘူး။

ငါ နားမေထာင္ခ်င္ပါဘူးဆိုတဲ့ အရိပ္အႁမြက္စကား​ေလးက ငါ့ပါးစပ္က​ေန လႊတ္ခနဲထြက္သြားရင္​ေတာင္ ​ေက်ာင္းကုန္းဇီက ေအးစက္စက္ရယ္​ေမာၿပီး "မင္းမွာ သတၱိ႐ွိတယ္ဆိုရင္ သူ႕ဆီသြားလို႔ရၿပီ" လို႔ ေအးတိေအးစက္နဲ႔ ေျပာလိမ့္မယ္။

ငါက သူ႕အၾကဳံျပဳစကားအတိုင္း အျပင္ထြက္ဖို႔ မတ္တပ္ထရပ္လိုက္ရင္ ​ေက်ာင္းကုန္းဇီက ငါ့ကို ဆိုဖာေပၚ ျပန္ဆြဲခ်ၿပီး "က်ဴးရိ႐ွင္, မင္းက လူယုတ္မာပဲ! ဒီေန႔ ငါ မင္းကို မဆုံးမဘူးဆိုရင္ ​ေလာင္ဇီက ​ေလာင္ဇီရဲ႕ ေနာက္ဆုံးနာမည္စာလုံးကို မင္းနာမည္ေျပာင္းပစ္လိုက္မယ္!"

ျဖစ္လာမယ့္ဟာ​ေတြကို ဘာလို႔​ေသခ်ာ​ေနလဲလို႔ ငါ့ကို မ​ေမးနဲ႔။ ​ေက်ာင္း​ေလာင္က ဆိုဖာအစြပ္ေတြကို  ​ေလွ်ာ္​​ေပးဖို႔ သေဘာတူညီခဲ့တယ္​။

ညသန္းေခါင္မွာ ငါ အမွတ္တမဲ့ႏိုးလာၿပီး ​ေရတစ္ခြက္​ေသာက္ဖို႔ ဧည့္ခန္းထဲကို သြားလိုက္တယ္။ ငါ ​ေရ​ေသာက္ၿပီးတာနဲ႔ တယ္လီဖုန္းက ထျမည္လာတယ္။  ပထမေတာ့ ဒါက ​ေက်ာင္းကုန္းဇီအတြက္လို႔ထင္ခဲ့ေပမယ့္ ငါ ေကာက္ကိုင္လိုက္တဲ့အခါမွာေတာ့ အဲ့ဒါက ငါနဲ႔ စကား​ေျပာခ်င္​ေနတဲ့, ငါ့ရဲ႕ ငယ္ငယ္႐ြယ္႐ြယ္ လုပ္ေဖာ္ကိုင္ဖက္ ေခ်ာေခ်ာေလးတစ္ေယာက္ျဖစ္​ေနတယ္​ေလ။

ကံေကာင္းေထာက္မစြာနဲ႔ ငါက ဖုန္းကိုင္လိုက္တဲ့လူျဖစ္​ေနတယ္။ မဟုတ္ရင္ ငါ ဖုန္းကို ဘယ္ေတာ့မွ လက္ခံရ​ေတာ့မွာ မဟုတ္ဘူး။

ငါ့ရဲ႕လုပ္ေဖာ္ကိုင္ဖက္က ​ေျပာတယ္, "ရိ႐ွင္, ငါ ၿမိဳ႕ျပင္က ျပန္ေရာက္လာတာ, မင္း တကယ္ အလုပ္ထြက္ေတာ့မယ္လို႔ ငါၾကားခဲ့တယ္​ေနာ္?"

ငါ အိပ္ခန္းထဲမွာ႐ွိေနတဲ့ ​ေက်ာင္းကုန္းဇီကို မႏိႈးမိ​ေအာင္, သူ ငါ့ကို လာမက်ိန္ဆဲ​ေအာင္လို႔ အသံကို ေလွ်ာ့ၿပီး ေျပာလိုက္တယ္, "အမွန္ပဲ"

ငါ မူလတန္းေက်ာင္းမွာ တ႐ုတ္စာသင္တဲ့ ဆရာအျဖစ္ အလုပ္ရလိုက္တယ္။ ဒါေပမယ့္ ငါ ေက်ာင္းအုပ္ဆရာနဲ႔ တကယ္ကို ​အဆင္မ​ေျပႏိုင္ဘူး။ လစာကလည္း နည္းသလို ​ေက်ာင္းကုန္းဇီကလည္း ပိုက္ဆံအမ်ားႀကီးသုံးတယ္။ ဒါေၾကာင့္ ငါ ဒီအလုပ္ကထြက္ၿပီး တျခားတစ္ခုခုလုပ္ဖို႔အတြက္ အခ်ိန္ေတြကို လြတ္လြတ္လပ္လပ္ အသုံးခ်ဖို႔ စီစဥ္ေနတယ္။

ငါ့ရဲ႕လုပ္ေဖာ္ကိုင္ဖက္က သက္ျပင္းခ်လိုက္တယ္, "လစာက နည္းနည္း​ေတာ့ နည္းေပမယ့္ ငါတို႔အားလုံး အဆင္ေျပၾကတာပဲ, မင္းက ႐ုတ္တရက္ႀကီးဆို​ေတာ့ _ _ "

"ငါ နည္းနည္းပင္ပန္းေနတာေတာ့ အမွန္ပဲ, ဆက္လုပ္ဖို႔​ေတာ့ ေတာ္ေတာ္ခက္မယ္ထင္တယ္, အဲ့ဒါက ငါ့အတြက္ ဝန္​ထုပ္ဝန္ပိုးတစ္ခုျဖစ္ေနၿပီ"

"အာ, ငါ နားလည္တယ္, ေက်ာင္းအုပ္ႀကီးက်န္းရဲ႕ ပင္ကိုယ္စ႐ိုက္က တကယ္ကို ဆက္ဆံရခက္တယ္, သူက ငါတို႔ကို သူ႕ရဲ႕ ေတြးေခၚမႈပုံစံနဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ အၿမဲတြန္းအားေပးေနတာ, သူ ေျပာင္းလဲဖို႔ ဆႏၵ႐ွိ​ေနမယ္ဆိုရင္​ေကာ?"

"သူ မေျပာင္းလဲႏိုင္ပါဘူး, မင္းေ႐ွ႕မွာတင္ တျခားလူေတြ​ေကာ, ျဖစ္ပ်က္ေနတာေတြပါ အမ်ားႀကီး႐ွိတယ္, ဒါေပမယ့္ သူက ဂ႐ုမစိုက္ဘူး​ေလ, သူ လုပ္​ေနက်အတိုင္း ဆက္လုပ္ေနတုန္းပဲ"

ငါ့ရဲ႕လုပ္​ေဖာ္ကိုင္ဖက္က သက္ျပင္းခ်လိုက္ၿပီး ​​ေမးတယ္, "ဒါဆို မင္း ႏႈတ္ထြက္စာ ဘယ္ေတာ့ေပးမွာလဲ?"

"ငါ ​ေက်ာင္း​ေလာင္ရဲ႕ ေမြးေန႔မေရာက္မခ်င္း ေစာင့္လိုက္ဦးမယ္"

ေက်ာင္းအုပ္ႀကီးက်န္းရဲ႕ ပင္ကိုယ္စ႐ိုက္နဲ႔ ပုံမွန္ျပဳမူလုပ္​ေဆာင္ခ်က္ေတြအရ ငါ့ရဲ႕လစာကို သူ မနာလိုစြာ ႏႈတ္ယူလိုက္မွာကို ငါ ေၾကာက္မိတယ္။ ​ေက်ာင္းကုန္းဇီရဲ႕ ေမြးေန႔ ေရာက္ေတာ့မွာဆို​ေတာ့ ​ေက်ာင္းကုန္းဇီက သူ႕ကို စိတ္​ေက်နပ္စရာမ​ေကာင္းတဲ့ လက္ေဆာင္​ေပးဖို႔ ငါက ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ မနာလိုစြာ​ေ႐ြးခ်ယ္လိုက္တယ္လို႔ မွတ္ယူသြားမွာကိုလည္း ​ေၾကာက္မိတယ္။

ငါ့လုပ္ေဖာ္ကိုင္ဖက္က သက္ျပင္းတစ္ခ်က္ ထပ္ခ်လိုက္တယ္, "ေက်ာင္းအုပ္ႀကီးက်န္းက မင္းႏႈတ္ထြက္တာကို သေဘာမတူမွာစိုးတယ္"

"သူ သေဘာမတူရင္ေတာင္မွ သူ ဘာမွမလုပ္ႏိုင္ပါဘူး, သူက ငါ့အတြက္ တကယ္လုပ္ႏိုင္မွာ မဟုတ္ဘူး"

"ဟင္း...ငါတို႔အားလုံး မင္း ထြက္သြားမွာကို မျမင္ခ်င္ဘူး, ႐ိုး႐ိုးသားသား​ေျပာရရင္ ငါတို႔အားလုံးက ေက်ာင္းအုပ္ႀကီးက်န္းရဲ႕ နည္းလမ္းေတြကို က်င့္သားရ​ေနၿပီ, သူက သူလိုခ်င္တာကို ေျပာၿပီး သူ လုပ္ခ်င္တာကို လုပ္, ငါတို႔က ငါတို႔ လုပ္စရာ႐ွိတာကို ဆက္လုပ္မယ္, သူနဲ႔ ရန္ျဖစ္စရာ ဘာအ​ေၾကာင္း႐ွိလဲ?"

ငါလည္း သူတို႔ကို ထားခဲ့ဖို႔ မလိုလားေတာ့ဘဲ သက္ျပင္းမခ်ဘဲ မ​ေနႏိုင္ေတာ့ဘူး, "ငါ ပင္ပန္းလြန္းလို႔ပါ, တကယ္ ပင္ပန္းတာ"

"မင္း အလုပ္ေတြ အမ်ားႀကီးလုပ္ထားလို႔ပါ! မင္း ပိုက္ဆံ အရမ္း လိုအပ္ေနတာလား?"

ဒါ​ေပါ့, ငါ ပိုက္ဆံလိုအပ္တယ္။ ​ေက်ာင္းကုန္းဇီက ပိုက္ဆံဘယ္ေလာက္သုံးလဲဆိုတာ ၾကည့္လိုက္ဦး​ေလ!

ဟိုေန႔က ငါ ​ေက်ာင္းကုန္းဇီကို ႐ုပ္႐ွင္ၾကည့္ဖို႔ မဖိတ္​ေခၚခဲ့သင့္ဘူး။ ငါတို႔ ႐ုပ္႐ွင္သြားမၾကည့္ဘူးဆိုရင္ ႐ုပ္႐ွင္႐ုံေဘးက ေ႐ွာ့ပင္းေမာလ္ကို ေတြ႕ရေတာ့မွာမဟုတ္သလို အထဲကို ဝင္ၾကည့္ဖို႔ ဆုံးျဖတ္မိမွာလည္း မဟုတ္ဘူး။ ေ႐ွာ့ပင္းေမာလ္ထဲကို လွည့္ပတ္မၾကည့္မိဘူးဆိုရင္ ျပထားတာ​ေတြကို ျမင္ရမွာမဟုတ္သလို ေနာက္ဆုံးမွာေတာ့ စႏၵယားတစ္လုံးကိုလည္း ဝယ္ျဖစ္မွာမဟုတ္ဘူး။ 

ငါက မန္ေနဂ်ာကို သိ​ေနတယ္ဆိုရင္​ေတာင္မွ​ေပါ့။

အစကတည္းက ငါ ဒီမန္ေနဂ်ာကို မသိခဲ့သင့္ဘူး။

အဲ့ဒီမန္ေနဂ်ာကို မသိဘူးဆိုရင္ ငါတို႔မွာ ပိုက္ဆံအမ်ားႀကီးမ႐ွိဘူးလို႔ ​ငါ ေက်ာင္းကုန္းဇီကို ေျပာျပလို႔ရတယ္။ ဒါဆိုရင္ အဲ့ဒီမန္ေနဂ်ာက "ကိစၥမ႐ွိပါဘူး, ခင္ဗ်ားတို႔ႏွစ္ေယာက္ဆိုရင္​ေတာ့ အရစ္က်ေပးေခ်လို႔ရပါတယ္" လို႔ ငါတို႔ကို ​ေျပာလာမွာမဟုတ္ဘူး​ေလ။ ၿပီးေတာ့ ​ေက်ာင္းကုန္းဇီဘက္ကလည္း "အိုး, ဒါဆိုရင္ ငါတို႔ ဒါကို ဝယ္လိုက္မယ္​ေလ" လို႔ ​ေျပာဖို႔ ဆင္​ေျခကို ႐ွာ​ေတြ႕မွာမဟုတ္ဘူး​။

အိုး, ဒါဆို ငါတို႔ ဒါကို ဝယ္လိုက္မယ္​ေလ!

အိုး!

ဒါဆို ငါတို႔ ဒါကို ဝယ္လိုက္မယ္​ေလ!

ဘယ္က ပိုက္ဆံနဲ႔လဲ?!

ငါတို႔ရဲ႕လစဥ္ကုန္က်စရိတ္​ေတြထဲကို ေပါင္းထည့္ထားတဲ့ ဒီအေႂကြး​ေတြအေၾကာင္းကို ​ေတြးမိၿပီး ငါ ေနာက္တစ္ႀကိမ္ သက္ျပင္းမခ်ဘဲ မ​ေနႏိူင္​ေတာ့ဘူး, "ငါ ပိုက္ဆံလို​ေနတာမဟုတ္ဘူး, ​ေက်ာင္း​ေလာင္က ပိုက္ဆံအမ်ားႀကီးသုံး​ေနတာ"

ငါ့ရဲ႕လုပ္ေဖာ္ကိုင္ဖက္က ရယ္တယ္, "ဒါနဲ႔ ပတ္သက္ၿပီး ဘယ္သူက တတ္ႏိုင္မွာလဲ? သူက ​ေက်ာင္းကုန္းဇီပဲ​ေလ"

ငါ သက္ျပင္းခ်လိုက္တယ္, "ဟုတ္တယ္, အဲ့ဒါနဲ႔ ပတ္သက္ၿပီး ဘယ္သူက တတ္ႏိုင္မွာလဲ? သူက ​ေက်ာင္းကုန္းဇီ​ေလ"

သခင္ႀကီး​ေက်ာင္းစီရဲ႕ အေတာင္ပံေတြေအာက္မွာ ႀကီးျပင္းလာၿပီး​ေတာ့ ပိုက္ဆံကို ​ေရသုံးသလိုမ်ိဳး သုံးစြဲႏိုင္ခဲ့ၿပီးတဲ့​ေနာက္ အခု​ေတာ့ ​ေက်ာင္းကုန္းဇီက လက္ေျပာင္းၿပီး ငါနဲ႔ အတူ႐ွိေနတယ္။ ငါက သူ႕ကို ဘာမဆို မဝယ္ႏိုင္​ေအာင္လို႔ လုပ္ရမွာမဟုတ္ဘူး​ေလ။ ဦး​ေလးတာ့လီက ငါ့အေၾကာင္းကို သူ အခုေျပာေနတာထက္ေတာင္ ပိုလို႔ ​ေျပာ​ေနဦးမွာလား?

ငါ့ရဲ႕လုပ္ေဖာ္ကိုင္ဖက္က စကားလမ္း​ေၾကာင္းကို ေက်ာင္းအုပ္ႀကီးက်န္းဆီ ျပန္ေျပာင္းလိုက္တယ္, "ေက်ာင္းအုပ္ႀကီးက်န္းကလည္း လူတစ္မ်ိဳးပဲ_ဟင္း...သူ ​ေျပာသမွ်အရာအားလုံးက ငါ့ကို ႏႈတ္ထြက္စာတင္ခ်င္စိတ္ျဖစ္လာေစတယ္, ေက်ာင္းအုပ္ႀကီးက်န္းက တကယ္ကို က်ိဳး​ေၾကာင္းမဆီ​ေလ်ာ္တာပဲ, အၿမဲတမ္းေသးသိမ္ၿပီး​ေတာ့ တြန္႔တိုတတ္တယ္, မင္းလို သ​ေဘာ​ေကာင္းတဲ့လူေတာင္ သူ႕အ​ေဝး​ကို ေျပးခ်င္တာ အံ့ၾသစရာမ႐ွိဘူး, ဒါ​ေတာင္ မင္းက ဒီမွာ အၾကာဆုံး သင္ၾကားေပးတဲ့သူပဲ"

အေၾကာင္းရင္းက ဒီလိုျဖစ္ေနေပမဲ့ ငါတို႔ စကားေျပာတဲ့အခါေတာ့ နည္းနည္းေလးစား​ေပးဖို႔ လိုေသးတယ္။ ဒီေတာ့ ငါက ပိုသိမ္ေမြ႕တဲ့သေဘာနဲ႔ ေျပာလိုက္တယ္, "အင္း, သူက မင္း ေျပာသလို အရမ္းႀကီး က်ိဳး​ေၾကာင္းမဆီ​ေလ်ာ္ဘဲ ​ေသးသိမ္​ေနတာ​ေတာ့ မဟုတ္ပါဘူး, ငါတို႔ရဲ႕ ပင္ကိုယ္စ႐ိုက္​ေတြက မကိုက္ညီ႐ုံပါ"

"ဒီလိုဆိုရင္​ေကာ - ငါတို႔အားလုံး ေနာက္ေန႔မွာ သြား​ေဆြး​ေႏြးၿပီး​ေတာ့ ကိုယ့္ဘာသာ ေက်ာင္းတစ္​ေက်ာင္းထူေထာင္လိုက္ရင္​ေကာ? အဲ့ဒါက ခက္တယ္ထင္ရေပမယ့္ ငါတို႔အားလုံးမွာ အဆက္အသြယ္ေတြ ႐ွိတာပဲ, မင္းမွာလည္း မင္းကို ပံ့ပိုး​ေပးမယ့္ သခင္ႀကီး​ေက်ာင္းစီ႐ွိတယ္​ေလ, အရမ္းႀကီး မခက္ခဲ​ေလာက္ပါဘူး"

"ဒါက သခင္ႀကီး​ေက်ာင္းစီနဲ႔ ဘာမွမဆိုင္ဘူး​ေလ"

"ငါက ဒါကို စကားအျဖစ္ေျပာျပတာပါ, ငါလည္း သခင္ႀကီး​ေက်ာင္းစီရဲ႕ အဆက္အသြယ္ေတြကို အသုံးခ်ဖို႔ တကယ္ မႀကိဳးစားရဲဘူး"

ငါ သူနဲ႔ မိနစ္အနည္းငယ္ေလာက္ စကားစျမည္ဆက္ေျပာၿပီး​ေတာ့ ဖုန္းခ်လိုက္တယ္။ အဲ့ဒီေနာက္ ငါလည္း ေရနည္းနည္းေသာက္ၿပီး ျပန္အိပ္ေပ်ာ္သြားတယ္။



Continue Reading

You'll Also Like

52.4K 7.6K 22
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
15.6K 2.5K 29
Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Horror, Mystery, Romance, Supernatural Thi...
947K 49.9K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
458K 78.9K 127
Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I...