ဒီအသံက ရူဒယ်ကို ချိန်းခြောက်နေတဲ့ အသံပဲ။ ကျောရိုးတစ်လျှောက် စိမ့်တက်လာတယ်။ ကျွန်တော် လှည့်ကြည့်ဖို့ ကြိုးစားပေမဲ့ ခန္ဓာကိုယ်က လှုပ်မရခဲ့ဘူး။
ရုတ်တရက် ကျွန်တော့်နောက်ကျောကနေ အားပြင်းပြင်းနဲ့ ဆွဲလှည့်ခံလိုက်ရတယ်။ ဝတ်ထားတဲ့ ရှပ်အင်္ကျီလည်ပင်းက ဆွဲခံရမှုကြောင့် ဖရိုဖရဲနဲ့ ကျယ်သွားတယ်။ ကျွန်တော် အစောပိုင်းက မြင်ခဲ့ရတဲ့ ရွှေအိုရောင် မျက်လုံးတွေက ကျွန်တော့်ရှေ့မှာ တလက်လက် တောက်ပနေကြတယ်။ ဟေးလ်ဗာဒီ၊ ကျွန်တော်နဲ့ ခန္ဓာကိုယ် အရွယ်အစားကော၊ မျက်နှာပါ ချွတ်စွတ်တူတဲ့ လူတစ်ယောက် ရောက်နေခဲ့တယ်။
မူလဟေးလ် - “မင်းနည်းနည်းလေး ပြောင်းလဲသွားရုံနဲ့ ဘဝင်မြင့်မနေနဲ့”
မူလဟေးလ်ဗာဒီရဲ့ လက်က ကျွန်တော့်လည်ပင်းကို ရစ်ပတ်ထားတယ်။ သူ ဘယ်အချိန်မှာ လည်ပင်းကို ချိုးပစ်မလဲဆိုတာ မသိနိုင်ဘူး။ ဒါပေမဲ့လည်း ကျွန်တော် ပြန်ဖြေလို့ မရဘူး။ အခုလက်ရှိ အခြေအနေက လက်မခံချင်စရာပဲ။
‘မင်းက သနားစရာကောင်းနေသေးတယ်။’ ဟေးလ်ဗာဒီက တိုးဖွဖွ ရေရွတ်လိုက်ရင်း မျက်မှောင်ကြုံ့ထားတယ်။ ကျွန်တော်တို့က တွေ့ဖူးကြတာလား? တွေးကြည့်လိုက်ရင်တော့ သူ့ကို(မူလဟေးလ်ဗာဒီ) အိပ်မက်ထဲမှာ တစ်ခါ မြင်ဖူးထားတယ်။ ကျွန်တော် သေချာတော့ မမှတ်မိဘူး။ ဟေးလ်ဗာဒီက ကျွန်တော့်ကို သူ့နားရောက်တဲ့အထိ အင်္ကျီကော်လံကနေ ဆွဲလိုက်တယ်။ ကျွန်တော်နဲ့တူတဲ့ ရွှေရောင်မျက်လုံးတွေက ဆိုးဆိုးရွားရွားကို တဖျတ်ဖျတ် လက်နေတာ။
လက်ရှိဟေးလ် - “လောကကြီးမှာ ရှောင်ရှားလို့ရတဲ့ အရာတွေနဲ့ ရှောင်ရှားမရတဲ့ အရာတွေ ရှိပြီးသား”
ကျွန်တော် အသက်ရှူမရလို့ အသံက အက်ကွဲနေတယ်။ ပြီးတဲ့နောက် မူလဟေးလ်ဗာဒီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ကိုယ်ကို လှည့်လိုက်တယ်။ အားကုန်သုံး ကြိုးစားပြီး ရုန်းထွက်လိုက်မှ ဟေးလ်ဗာဒီရဲ့လက်ကနေ လွှတ်သွားတော့တယ်။ ကျွန်တော် အငမ်းမရ အသက်ရှူနေတာ မြင်တော့ ဟေးလ်ဗာဒီရဲ့ နှုတ်ခမ်းစွန်းတွေ ကော့တက်သွားတယ်။ ပြီးတော့ အနိမ့်သံနဲ့ ထပ်ပြောလာတယ်။
မူလဟေးလ် - [မင်းက ‘မူရင်းဝတ္ထု’အကြောင်း ပြောနေတာလား?]
လက်ရှိဟေးလ် - “မင်းဘယ်လိုလုပ်...”
မူလဟေးလ်ရဲ့ စကားကြောင့် ကျွန်တော် အံ့အားတကြီး မော့ကြည့်လိုက်တယ်။ စွဲမက်ဖွယ်ကောင်းလောက်အောင် ပြုံးနေတဲ့ ဟေးလ်ဗာဒီပုံစံက ရင်းနှီးနေသလိုပဲ။ ဒီအငွေ့အသက်က၊ ကျွန်တော် တစ်နေရာရာမှာ အကြိမ်ရေ အများကြီး ခံစားဖူးတယ်...။
အဲ့ဒီ့အချိန်မှာပဲ ပတ်ပတ်လည်က အနက်ရောင်ထုထည်ကြီး တဖြည်းဖြည်း အက်ကွဲပြီးရင်း အက်ကွဲလာတယ်။ ဟေးလ်ဗာဒီက အံ့အားသင့်စွာနဲ့ ကျွန်တော့်ကို စကားပြောဖို့ ပါးစပ်ဟလိုက်တယ်။
“ဟေးလ်”
တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ယောက်ရဲ့ အသံက ပဲ့တင်ထပ်လာတယ်။ ထူးဆန်းစွာ ဟေးလ်ဗာဒီရဲ့ အသံနဲ့ ရောနှောနေတဲ့ အသံtoneငြိမ်ငြိမ် နူးနူးညံ့ညံ့လေးကို ကြားလိုက်ရတယ်။ ကလေးလို ပြုံးနေတဲ့ မျက်နှာနဲ့ အသာအယာ မျက်တောင်ခတ်နေပုံက တစ်စုံတစ်ယောက်နဲ့ ဆင်လွန်းတယ်။ ကျွန်တော် ကောင်းကောင်းသိတဲ့ တစ်စုံတစ်ယောက်။ အိပ်မက်ကမ္ဘာကတော့ အသံတစ်ခုမှ မထွက်တော့ပဲ ပျက်စီးသွားပြီ။
“Hey, hey”
“ဟမ်!”
ကျွန်တော် နေရာကနေ ခုန်ထလိုက်တယ်။ ကျွန်တော့်နောက်ကျော တစ်ခုလုံး ချွေးတွေ ရွှဲနစ်နေတာပဲ။
“အဆင်ပြေရဲ့လား?”
ဒါက ကျွန်တော် အိပ်မက်,မက်နေတုန်း ကြားလိုက်ရတဲ့ အသံပဲ။ နူးညံ့ ညင်သာတဲ့ အသံလေး။ အီဗန်။ အီဗန်က စိုးရိမ်နေတဲ့ မျက်နှာလေးနဲ့ ကျွန်တော့်ကို လှုပ်နှိုးနေပြီး ချွေးတွေစို့နေတဲ့ အင်္ကျီလက်က ပင့်တင်ပေးတယ်။
“ဒီမှာ ရေ”
ကျွန်တော့်ဆီ ကမ်းပေးလာတဲ့ရေခွက်ကို ယူပြီး အမြန်မော့သောက်လိုက်တော့ ရေအေးတွေက လည်ချောင်းတစ်လျှောက် စီးဆင်းသွားတယ်။ ကျွန်တော့် ပါးစပ်ထဲ မဝင်တော့တဲ့ ရေတွေကတော့ မေးစေ့အထိ စီးကျလာတယ်။ အလျင်စလို ရေသောက်လိုက်ပြီးတဲ့နောက် နှုတ်ခမ်းကနေ ခွက်ကို ခွာလိုက်ပြီးချင်းချင်းမှာပဲ ချောင်းဆိုးတော့တယ်။
“ဖြည်းဖြည်းသောက်မှပေါ့”
အီဗန်က ခွက်ကို ယူလိုက်ပြီး နောက်ကျောကို ညင်ညင်သာသာ ပုတ်ပေးတယ်။ ချောင်းဆိုးတာက တဖြည်းဖြည်း သက်သာလာပေမဲ့ ပေါက်ကွဲမတတ် ချောင်းဆိုးမှုကြီးကြောင့် အသက်ရှူကြပ်ပြီး မောဟိုက်နေတဲ့ အသက်ရှူသံကတော့ မပျောက်သေးဘူး။ ပိုဆိုးတာက ကျွန်တော် မျက်လုံးပါ ကောင်းကောင်း ဖွင့်မရတော့ဘူး (မျက်လုံးတွေ ပြာလာတာ)။ အီဗန်က ကျွန်တော့် တစ်ကိုယ်လုံး တုန်ယင်ပြီး ရင်ဘတ်တစ်ခုလုံး ပိန်လိုက်ဖောင်းလိုက်ဖြစ်တာမြင်တော့ ကျွန်တော် သောက်နေတဲ့ရေကို ယူသောက်လိုက်တယ်။
နူးညံ့တဲ့ အထိအတွေ့လေးက ကျွန်တော့်နှုတ်ခမ်းစွန်းကို လာပြီးထိတွေ့တယ်။ နူးညံ့တဲ့ နှုတ်ခမ်းလွှာတွေ လစ်ဟသွားပြီး ရေအေးအေးလေးက အဟလေးကနေ ဝင်ရောက်လာတယ်။ ကျွန်တော် နည်းနည်းချင်းစီ လည်ချောင်းထဲ စီးဝင်စေလိုက်တယ်၊ ရေသီး,သွားပြီး မလန့်ရအောင်ပေါ့။
အိပ်မက်ဆိုး မက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ စိတ်ကို လည်ချောင်းထဲ စီးဝင်လာတဲ့ အေးစိမ့်မှုက တည်ငြိမ်လာစေတယ်။ ကျွန်တော် သေချာမမြင်ရတာမို့ ကျွန်တော့်အာရုံ အလုံးစုံက ကျွန်တော့်ကိုယ်ထဲ ဝင်ရောက်လာတဲ့ အေးစိမ့်မှုဆီ ရောက်ကုန်တယ်။ ဒါက ပထမဆုံးအကြိမ် ဒီလိုပြင်းပြင်းထန်ထန် ခံစားဖူးတာဖြစ်ပြီး အီဗန်နဲ့ နမ်းတဲ့အချိန် အမြဲပူလောင်တတ်ရာကနေ သက်တောင့်သက်သာ ခံစားရတာကလည်း ပထမဆုံး အကြိမ်ပဲ။ ကျွန်တော် ဒီလို လုံခြုံမှုရတဲ့ ခံစားချက်ကို ပိုလိုချင်လာတယ်။
သတိမထားမိတော့ဘဲ အီဗန်ရဲ့ ကော်လံကနေ ဆွဲပြီး ကျွန်တော့်နား တိုးကပ်လာစေလိုက်တယ်။ ဒီလိုဖြစ်လာမယ်မှန်း မသိဘဲ တုန့်ဆိုင်းနေတဲ့ အီဗန်က ဆွဲခေါ်ရာနောက် ပါလာတယ်။ အီဗန့်ပါးစပ်ထဲက ရေတွေအကုန် ကုန်သွားတော့မှ နှုတ်ခမ်းချင်း ခွာလိုက်တော့တယ်။
(T/N : ကိုကြီးဟေးလ်ကတော့ အီဗန့်ခေါင်းအနောက်ကနေ ဆွဲပြီးနမ်းရမှာကို အီဗန့်အင်္ကျီကော်လံကနေ ဆွဲနမ်းတယ်တဲ့ ><)
“ဘာဖြစ်တာလဲ? အိပ်မက်ဆိုး မက်တာလား?”
“အိပ်မက်ဆိုးဆိုတာထက် နည်းနည်း ကြောက်ဖို့ကောင်းတဲ့ဟာကို...”
စိတ်တွေ ငြိမ်သွားပြီးနောက် ကျွန်တော် မျက်လုံးကို ဖြည်းဖြည်းလေး ဖွင့်ကြည့်လိုက်တယ်။ အီဗန်ရဲ့ အပြုံးကို မြင်လိုက်ရတဲ့အခါမှာတော့ ပြောနေတာကို ရပ်လိုက်မိသွားတယ်။ အဲ့ဒီ့အပြုံးက ကျွန်တော် အစောပိုင်း အိပ်မက်ထဲမှာ မြင်ခဲ့တဲ့ ဟေးလ်ဗာဒီနဲ့ ဆင်တူတယ်လို့ ခံစားနေရတယ်။ ကျွန်တော် စကားဆက်မပြောနိုင်တော့ အီဗန်က ပါးပေါ်က ချွေးစက်တွေကို သုတ်ပေးရင်း ပြောလာတယ်။
“အခု အဆင်ပြေသွားပြီလား?”
အီဗန့်ရဲ့ ညင်သာတဲ့ အထိအတွေ့နဲ့ အကြည့်တွေကြောင့် ကျွန်တော့်နှလုံးသားတစ်ခုလုံး အရည်ပျော်သွားတယ်။ ခွေးအိပ်မက်ကြီးကို ပစ်ထုတ်လိုက်ပြီး အီဗန်ကို ဘာမှ မဟုတ်ပါပဲ စိတ်ပူစေမိတာကို တွေးမိတော့ ခေါင်းကုတ်လိုက်တယ်။ ကျွန်တော့်ရဲ့ ချွေးတွေ ချွဲနေတဲ့ဆံပင်က သူ့ရဲ့လက်ချောင်းကို ကပ်ကုန်တယ်၊ ဒါပေမဲ့ အဲ့တာကပဲ ပိုပြီး စိတ်သက်သာရာရစေတာ။
“အင်း ကျေးဇူး”
ကျွန်တော့်အသက်ရှူသံ ပုံမှန်ပြန်ဖြစ်လာတာ မြင်တော့ အီဗန်က စိတ်သက်သာရာရပြီး ပြုံးတယ်။ ကျောချမ်းစရာ အိပ်မက်ကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေက အီဗန့်အပြုံးတစ်ခုနဲ့တင် ပြေလျေ့ာကုန်တယ်။ အီဗန်က ကျွန်တော့်ဘေးမှာ ဝင်ထိုင်ပြီး ပုခုံးပေါ် ခေါင်းတင်မှီလာတယ်။
“အနာဂတ်မှာ မင်းအိပ်မက်ဆိုး မက်ခဲ့ရင် ငါမင်းကို ချက်ချင်း နှိုးပေးမယ်နော်”
“ရပါတယ်။ မင်းပင်ပန်းနေရောပေါ့”
“မင်းအတွက်သာဆို ငါလုံးဝ မပင်ပန်းနေဘူး”
ကြည်ကြည်နူးနူး၊ နွေးနွေးထွေးထွေး ခံစားချက်လေးက ကျွန်တော့်ရင်ထဲ ပျံ့နှံ့သွားတယ်။ အဲ့ဒီ့နောက် ပင်ပန်းမှုတွေက အစားထိုးဝင်ရောက်လာတယ်။ ကျွန်တော့်ရဲ့ မှိတ်ကျလာတဲ့ မျက်ခွံတွေကို အတင်းတွန်းအားပေး ဖွင့်နေတုန်း အီဗန်က ကျွန်တော့်မျက်လုံးတွေကို သူ့လက်ဖဝါးလေးနဲ့ အုပ်လိုက်တယ်။
“မင်းအိပ်ချင်သေးရင် ထပ်အိပ်လိုက်။ ဒီနေ့ ကောင်းကောင်း မအိပ်ခဲ့ရဘူးမလား?”
အီဗန်ရဲ့အသံက သားချော့တေးလေးလိုပဲ။ သူ့လက်ဖဝါးဆီက အနွေးဓာတ်က ကျွန်တော့်မျက်လုံးနား ကပ်ညှိနေပြီး ပို,ပိုပင်ပန်းလာစေတယ်။ ကျွန်တော် တဖြည်းဖြည်း အိပ်ရာပေါ် ပြန်လှဲချလိုက်တယ်။ တူညီတဲ့ အိပ်မက်,မက်မိမှာကို စိုးရိမ်နေတဲ့စိတ်က အီဗန့်ရဲ့ လက် ကျွန်တော့်ဆံပင်ကို ဖွဖွလေး ထိုးဖွပေးမှုကြောင့် ပျောက်ကွယ်သွားတယ်။ ကျွန်တော်တဖြည်းဖြည်း အသိစိတ်လွတ်သွားတယ်။
***
အပြင်မှာ လုံးဝလင်းကျင်းနေပေမဲ့ အခန်းကတော့ မှောင်မိုက်နေတုန်းပဲ။ ခန်းစီးစအဟလေးကြားကနေ တိုးဝင်နေတဲ့ နေရောင်ခြည်က နေ့ခင်းချိန်ဆိုတာ ညွှန်ပြနေတယ်။ ဟေးလ်ဗာဒီက အခန်းထောင့်က ကုတင်ပေါ်မှာ လှဲလျောင်းနေတယ်။ ဂွမ်းကပ်အခင်းပေါ်မှာ ပျံ့ကျဲနေတဲ့ ငွေရောင်ဆံပင်တွေက အီဗန်ပရီစတင်ရဲ့ လက်ကြောင့် ပွယောင်းယောင်းဖြစ်နေတယ်။
“အခုဆို ဟေးလ်က ငါ့ဆီကို နည်းနည်းလေး ကြမ်းကြမ်းတမ်းတမ်းနဲ့ နီးစပ်လာပြီ။ ပျော်လိုက်တာ”
ကျွန်တော့်နှုတ်ခမ်းပေါ်က အစိုဓာတ်ကို တမင် ချန်ထားတာ(မသုတ်ဘဲ)။ အဲ့တာက အစောပိုင်း ဟေးလ်ဗာဒီ ကျွန်တော့်နှုတ်ခမ်းကို တပ်တပ်မက်မက် နမ်းနေတုန်းက ကိုက်ထားတဲ့ အရာလေ။ အဲ့ဒီ့လို ချစ်စရာကောင်းတဲ့အရာလေးကို ကျွန်တော် မသုတ်ပစ်နိုင်ပါဘူး။
အီဗန်ပရီစတင်က ဟေးလ်ရဲ့ ‘ငါမင်းကို သဘောကျတယ်’ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ စဥ်းစားနေခဲ့တယ်။ သူ(အီဗန်) အဲ့ဒီ့နေ့က ဖြစ်ခဲ့သမျှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိပါသေးတယ်။ သူ(ဟေးလ်) သဘောကျကြောင်း ပြောတဲ့အသံတိုးတိုးလေး၊ ဟေးလ်ဗာဒီရဲ့နောက်ဖက်မှာ ဝဲကျလာတဲ့ သစ်ရွက်အရေအတွက်၊ နှင်းဆီရောင်မျက်နှာလေး၊ အနည်းငယ် တုန်ယင်နေတာလေးတောင် ပါတဲ့ အရာအားလုံးပဲ။
မသိလိုက်ပါပဲ ပျော်ရွှင်မှုကြောင့် ပြုံးနေမိတဲ့ မျက်နှာပေါ်က နှုတ်ခမ်းတွန့်ကွေးလေးကို ကြောင်အ,အနဲ့ ထိကြည့်လိုက်သေးတယ်။ သူ(အီဗန်)ဘယ်အချိန်ကစ အဲ့ဒီ့လို သဘာဝအတိုင်း ပြုံးနိုင်ခဲ့တာလဲ? ကျွန်တော် ဘယ်လို ပြုံးရမလဲဆိုတာတောင် မေ့နေခဲ့တာ အတော်ကြာပြီ။ မဟုတ်သေးဘူး၊ ဟေးလ်နဲ့မတွေ့ခင်အထိ ကျွန်တော့်ဘာသာ ရယ်တောင် ရယ်ခဲ့ဖူးလို့လား?
“အင်း...”
သူ့ရဲ့ဆံပင်ကို ထိုးဖွနေတဲ့ လက်တွေက အားပါလာတော့ ဟေးလ်က ညည်းညူလာတယ်။ ကျွန်တော့်လက်ချောင်းမှာ ညှိနေတဲ့ ဟေးလ်ရဲ့ဆံပင်ကို ဂရုတစိုက် ဖြည်လိုက်ပြီး နောက်တစ်ကြိမ် အသာအယာ ပုတ်ပေးနေလိုက်တယ်။ ဟေးလ် သက်တောင့်သက်သာဖြစ်တဲ့ မျက်နှာလေးနဲ့ အိပ်မောကျနေတာကို မြင်ရတာ အရမ်းချစ်ဖို့ကောင်းတယ်။ ဒါကလည်း ဟေးလ်နဲ့ မတွေ့ခင်အထိ မသိခဲ့တဲ့ ခံစားချက်ပဲ။
ကျွန်တော် အရင်က ဒီခံစားချက်ကို တော်တော် မုန်းခဲ့တာ။ ‘အချစ်’ဆိုတဲ့ ခံစားချက်။ အဲ့တာကြောင့် ကျွန်တော် တစ်စုံတစ်ယောက်နဲ့ ချစ်မိသွားလိမ့်မယ်လို့ လုံးဝ အိပ်မက်မမက်ခဲ့ဖူးဘူး။ ဒါက အရမ်းကောင်းတဲ့ ခံစားချက်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ဟေးလ်ကို တွေးမိလိုက်တာနဲ့ ကျွန်တော်ပြုံးမိပြီး ပျော်ရွှင်မှုကို ခံစားနေမိတယ်။ တစ်ခါတစ်ရံဆို စိတ်တောင် လှုပ်ရှားသေးတယ်။
ဟေးလ် အသက်ရှူရခက်တဲ့အထိ မောဟိုက်နေပုံကို မြင်ယောင်ကြည့်လိုက်။ သူ(ဟေးလ်) အဲ့ဒီ့ သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်ကြီးနဲ့တောင် ဘာလုပ်ရမယ်မသိဘဲ ကျွန်တော့်ကို အသနားခံနေတာကို မြင်ချင်တယ်။ အဲ့ဒီ့လို အလိုဆန္ဒတွေက ရောက်,ရောက်လာတတ်တယ်။
ဒါပေမဲ့ ကျွန်တော် အဲ့တာကို ထိဖို့ စိတ်ကူးမရှိသေးဘူး။ ကျွန်တော် ဟေးလ်သူ့ရဲ့ စိတ်နဲ့ ခန္ဓာ ပြင်ဆင်ပြီးတဲ့အထိ စောင့်ပေးနေအုန်းမှာ။ ဟေးလ်ရဲ့ တုန့်ပြန်ပုံတွေကို ကြည့်ရင် သူ့ကိုသူ ကျောက်တုံးလို ‘အထက်’က လူလို့ ထင်နေပုံပဲ။
အဲ့ဒီ့လိုမဟုတ်ဘဲ ပြောင်းပြန်ဆိုတာ သိသွားရင် ဘယ်လို ပျော်စရာကောင်းလိုက်မလဲလေ။ အကြမ်းအားဖြင့် ခန့်မှန်းကြည့်ရုံပါ။ ကျွန်တော့်စိတ်တွေ မတည်ငြိမ်ခင်အထိ ထွက်ပြေးနေရမှာပဲ။ ဘာလို့ဆို ဒီလိုမျိုးတွေ မစဥ်းစားထားသင့်ဘူးလေ။ ကျွန်တော် ပြေးတိုင်းလိုက်တိုင်း ကစားရတာ အကြိုက်ကြီး မဟုတ်လို့ ဒီအတိုင်းအရှုံးပေးပြီး လက်ခံလိုက်တတ်တဲ့ အကျင့်ရှိတယ်။ အင်း၊ နည်းနည်းလောက် ထွက်ပြေးတာကလည်း ချစ်ဖို့ကောင်းမှာပါပဲ။
(T/N : အီဗန်က ဟေးလ် အဆင်သင့်မဖြစ်ခင်အထိ ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး ဝေးဝေးမှာ နေမယ်။ အမှောင်ခန်း မဝင်သေးပါဘူးပေါ့။ အမှောင်ကိစ္စတွေလည်း မစဥ်းစားထားသင့်ဘူးတဲ့လေ။ အီဗန်က ဟေးလ်နေရာမှာ သူဆိုရင်တော့ ထွက်မပြေးချင်လို့ ဒီအတိုင်း လက်ခံမယ်တဲ့၊ ဒါပေမဲ့ ဟေးလ် နည်းနည်းလေး ပြေးဖို့ကြိုးစားတာကလည်း ချစ်ဖို့ကောင်းမှာပါတဲ့။ >< အဟိ ကိုယ်တော့ ဟေးလ်ကို ခပ်ဝဝ ယုန်ဖြူဖြူလေး ကိုယ်လာလို့ ပြေးဖို့ကြိုးစားနေတဲ့ပုံလေးနဲ့ မြင်ယောင်ပြီး အီဗန်နဲ့ အတွေးတူတယ်။ အရမ်းချစ်ဖို့ကောင်း!! ဒီအပိုဒ်လေး မလည်ရှုပ် ဖြစ်မှာစိုးလို့ ပြန်ရှင်းပြတာရယ် ><)
အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ကျွန်တော့်နှလုံးသားလေးက မီးတောက်လို ခုန်လှုပ်နေတာ ခံစားမိလိုက်တယ်။ ဟေးလ်ဗာဒီကို တွေးမိလိုက်တာနဲ့ နှလုံးသားက ဒီလို ခုန်လှုပ်နေတော့တာပဲ။ ကျွန်တော့်ဘဝကို ရပ်တန့်ချင်ခဲ့ဖူးတယ်၊ အခုတော့ ကျွန်တော် အသက်ရှင်နေတာ ဘယ်လောက်ကံကောင်းသလဲ သိကြမှာ မဟုတ်ဘူး။ အရာအားလုံးက သူကျွန်တော့်နား ရှိနေခဲ့လို့။
“မင်း ငါ့နဲ့အတူ ရှိနေပါ့မယ်လို့ ပြောလိုက်ကတည်းက အရာအားလုံး ပိုပြီး လှပလာတယ်”
ပြေးလွှားနေတဲ့ အချိန်ယန္တရားကြားထဲမှာ (ရှင်သန်မှုဘဝ)အဓိပ္ပါယ် ရှိလာတယ်။ ဟေးလ်နဲ့အတူ ကုန်ဆုံးရတဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်းက လှပလိုက်တာ။ အဲ့လိုတွေ တွေးမိတော့ ကျွန်တော် ဒီအတိုင်း မနေနိုင်တော့ဘဲ အိပ်ပျော်နေသူရဲ့ နဖူးလေးကို နမ်းလိုက်တယ်။
အီဗန်ပရီစတင် ခေါင်းပြန်မော့လိုက်တော့ သူ့မြင်ကွင်းထဲကို အနက်ရောင် ဖုန်းတစ်လုံးက ဝင်လာတယ်။ တွေးကြည့်မှ ဟေးလ် စိတ်ဝင်စားဖို့ ကောင်းတာလေး ရှာကြည့်သေးတာပဲ။ ကျွန်တော် သူ့ဖုန်းဆီ ပြေးသွားပြီး ဘာဖြစ်တာလဲ မေးတော့ ဟေးလ်ဆိုတဲ့ အဆိုးလေးဆီက ရယ်သံထွက်လာတယ်။ သူ့အဲ့လိုအရာကို ရှာကြည့်လိမ့်မယ်လို့ မထင်ထားဘူး။ သူအဲ့တာတောင် မဖုံးကွယ်နိုင်ဘူးလေ။
(T/N : အဲ့ဒီ့အပိုင်းမှာတုန်းက ဟေးလ် ရယ်နေတာမှ မပါဘဲနော်)
“သူ မင်းကို ဆက်သွယ်နေတာကို ငါသိနေတော့ ငါက အဲ့တာထင်သွားတာ”
ရယ်မောနေတဲ့ သာယာနာပျော်ဖွယ် အသံလေး ပြတ်တောက်သွားတယ်။ ဒါပေမဲ့ သူ့ဆံပင်ကို ထိုးဖွနေတဲ့ နူးညံ့တဲ့ လက်ကတော့ မရပ်တန့်သွားဘူး။
“ဟေးလ်ဆီမှာက လူတွေကို ညှို့နိုင်စွမ်း ရှိတယ်လေ။ အဲ့တာကြောင့် အဲ့ဒီ့လူကပါ မင်းဆီမှာ ဆွဲဆောင်ခံလိုက်ရတာ နေမှာ”
‘မင်းကို ချစ်မိသွားတဲ့ ငါ့လိုပေါ့’
“အဲ့တာကြောင့် ဖမ်းဆုပ်ထားဖို့ အရမ်းခက်ခဲနေတာ”
အီဗန်ပရီစတင်က အခြားလက်တစ်ဖက်နဲ့ ဖုန်းအနက်ရောင်လေးကို ကိုင်ထားတယ်။ ဖုန်းဖွင့်လိုက်တော့ အခန်းက ပိုလင်းလာတယ်။ ဟေးလ်နဲ့ သူရိုက်ထားတဲ့ ဓာတ်ပုံကို wallpaperထား,ထားတာ မြင်တော့ ခဏလောက် ပြုံးသွားပြီး passwordရိုက်ထည့်လိုက်တယ်။ အဲ့ဒီ့နောက် သူ့လက်ကို message boxဆီ ရွှေ့လိုက်တယ်။
ဟေးလ်ဗာဒီရဲ့ message boxက အခြားသူတွေနဲ့ ယှဥ်ရင်တော့ ရှင်းလင်းနေတာပဲ။ အဲ့တာ ဘာကြောင့်လဲဆိုရင် ဟေးလ်ဗာဒီရဲ့ ဆက်ဆံရေးနယ်ပယ် ကျဥ်းမြောင်းလို့ ဖြစ်လောက်တယ်။ ဟေးလ်ရဲ့ အကျင့်စရိုက်မှာ ပြဿနာ ရှိတာ ဖြစ်နိုင်တယ်၊ ဟေးလ်ရဲ့ အရမ်းရှက်တတ်တဲ့ အကျင့်လေ၊ ဒါပေမဲ့ သူ့ရဲ့ ဆက်ဆံရေးနယ်ပယ် ကျဥ်းမြောင်းသွားတာက ကျွန်တော့်မှာ တာဝန်ရှိတယ်။ ဘာလို့ဆို သူ့ဆီကို ဘယ်သူ့ကိုမှ နီးကပ်ခွင့် ကျွန်တော် မပေးထားလို့ပဲ။
အဲ့တာကြောင့် ဟေးလ်ရဲ့ message boxထဲမှာ ကျောင်းက ကြေညာစာတွေရယ်၊ ဗာဒီအိမ်တော်က အတွင်းရေးမှူးနဲ့ စာတိုတွေရယ်နဲ့ ကာမန်ဟိုင်မွန်နဲ့ ပြောထားတဲ့ ပေါက်တတ်ကရ စာတွေပဲရှိတယ်။ အင်း၊ အဲ့တာ အခုရှိနေတာပေါ့လေ။
အရင်က ရူဒယ်ရှားဘတ်ဆီက ရခဲ့တဲ့ စာတိုတစ်စောင်လည်း ရှိခဲ့ဖူးတယ်။
Part – {39} The End~
March 24, 2022
T/N : Paidမှာတော့ 46အထိ တင်ပြီးပါပြီ ><
Thanks for reading~
By Ophelia ♡。